အခန်း (၄၉၀-၄၉၂)
Vol. 33 Ch. 490-492
အခန်း (၄၉၀) : ဓားသိုင်းလေ့ကျင့်ခြင်း
ရှောင်ရောဘတ် လက်ထဲရှိဓားမှာပိုမိုထက်ရှလာခဲ့ပြီး။ များစွာသောဓားအလင်းတန်းများခွဲဖြာထွက်သွားသည်မှာ ကျိုးဟောင်အားကြီးမားသောပိုက်ကွန်ကြီးဖြင့် ဝါးမျိုထားသည့်အတိုင်းပင်။
ကျိုးဟောင်မှာဤတိုက်ခိုက်မှုအားကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည်ဤရှောင်ရောဘတ်အားအထင်သေးခဲ့မိသည်ဟုပင် ခံစားလိုက်ရပေသည်။
ဤလူသည်ဘဝင်မြင့်သော်ငြား ထိုသို့ဘဝင်မြင့်နိုင်လောက်သည့်စွမ်းရည်မျိုးလည်းရှိပေသည်။ မည်သို့ပင်ဖြစ်စေ စစ်နတ်ဘုရားတပ်ရင်းတွင်အားနည်းသူတစ်ယောက်မှမရှိပေ။ ထိုအစား ပညာရှင်များသာရှိပေသည်။
"ဒါကပိုစိတ်ဝင်စားစရာကောင်းသွားပြီ"
ကျိုးဟောင်မှာပြုံးလိုက်သည်။ တစ်ဖက်လူ၏နည်းလမ်းများမှာထူးကဲလှပေရာ ဤနည်းကိုသုံးကာသူ၏ကိုယ်ပိုင်ဓားသိုင်းအားလေ့ကျင့်လို့ရပေသည်။
ထိုသို့တွေးရင်းကျိုးဟောင်မှာ ဤတိုက်ခိုက်မှုအားခုခံရန်အရိပ်ဓားခုနစ်ချောင်းသိုင်းအား ချက်ချင်းသုံးလိုက်သည်။
ကျိုးဟောင်၏အရိပ်ဓားခုနစ်ချောင်းမှာ ထိုကျင့်ကြံရေးသိုင်း၏ အဆုံးစွန်အဆင့်ထိရောက်ရှိနေပြီဟုဆိုနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ၎င်း၏အဆင့်မှာအလွန်မမြင့်မားပေရာ ရှောင်ရောဘတ်၏သိုင်းအား လိုက်မမီနိုင်သေးပေ။
သို့သော်ကျိုးဟောင်မှာ သူ၏ဤကျင့်ကြံရေးသိုင်းမှာအလွန်မကောင်းသော်ငြား ဤအခွင့်အရေးအားအသုံးချပြီး သူ၏တကယ့်တိုက်ခိုက်ရေးစွမ်းရည်များအား လေ့ကျင့်နိုင်သည်ဟုခံစားရပေသည်။
ကျိုးဟောင်သူ့အားတိုက်ခိုက်လာသည့်အချိန်တွင် ရှောင်ရောဘတ်မှာပို၍ပင်အေးဆေးဖြစ်လာခဲ့သည်။
"ဟဟဟ ကျိုးဟောင် ဒီတော့တကယ်တမ်းကျမင်းကစောက်ရမ်းအားနည်းတာပဲ မင်းရဲ့ဓားသိုင်းကငါ့သိုင်းကိုမီဖို့အဝေးကြီးလိုသေးတယ် ငါဒီဓားသိုင်းကိုလေ့ကျင့်လာတာ နှစ်ပေါင်း ၂၀ကြာပြီ ဒါကမင်းရဲ့ဓားသိုင်းကယှဉ်နိုင်တဲ့ဟာမျိုးမဟုတ်ဘူး"
ရှောင်ရောဘတ်မှာကျယ်လောင်စွာရယ်မောနေပြီး အလွန်ကျေနပ်နေပေသည်။ သူ့လက်ထဲရှိဓားမှာလည်းအဆတ်မပြတ်ပြောင်းလဲနေပြီး သူ၏တိုက်ခိုက်မှုနှင့်လှုပ်ရှားမှုများမှာ ကျိုးဟောင်၏မျက်လုံးများအား အရောင်တောက်လာစေခဲ့သည်။
ကျိုးဟောင်မှာချက်ချင်းအသတ်ခံရမည့်အရေးမှကာကွယ်နေရင်း တစ်ဖက်လူ၏နည်းလမ်းများအားတုပကာ လိုက်လံသင်ယူနေပေသည်။
တဖြည်းဖြည်းနှင့် ကျိုးဟောင်၏ဓားသိုင်းအားအသုံးပြုပုံမှာ ပို၍အဆင်ချောလာခဲ့သည်။ အချိန်ကုန်လာသည်နှင့် အသာစီးရနေသောရှောင်ရောဘတ်မှာ တစ်ခုခုမှားယွင်းနေကြောင်းခံစားမိလိုက်ပေသည်။
ကျိုးဟောင်မှာအခြေအနေမကောင်းသော်ငြား တစ်ဖက်လူနှင့်တန်းတူယှဉ်တိုက်နိုင်သေးပေသည်။ တကယ်တမ်းတွင် ကျိုးဟောင်သည်ဆိုးရွားနေသည့်အခြေအနေမှ တဖြည်းဖြည်းချင်းလွတ်မြောက်လာပြီဖြစ်ပြီး သူ၏ဓားသိုင်းနှင့်ပိုမိုကျွမ်းဝင်ကာ ကျွမ်းကျင်လာပြီဖြစ်သည်။
"ဘယ်လိုဖြစ်တာလဲ ဘာလို့သူကငါ့ကိုလေကျင့်ဖို့အသုံးချနေတယ်လို့ခံစားနေရတာလဲ"
ရှောင်ရောဘတ်၏ခေါင်းထဲသို့ ထူးဆန်းသောအတွေးများဝင်လာခဲ့သည်။ ထိုအတွေးအားတွေးမိလိုက်သည်နှင့် အလွန်ထိတ်လန့်သွားကာ ချွေးစေးများပင်ထွက်လာခဲ့သည်ယ
လက်ရှိအချိန်တွင် ရောဘတ်သည်ကျိုးဟောင်တိုက်ခိုက်ရန်အသုံးပြုသောနည်းလမ်းနှင့် သိုင်းတို့အားဂရုတစိုက်လေ့လာနေပေသည်။ တကယ်ပင်ကျိုးဟောင်၏သိုင်းမှာသူ၏သိုင်းနှင့်ဆင်တူပေသည်။
"သေစမ်း သူကဓားသိုင်းကျင့်ဖို့ငါ့ကိုအသုံးချနေတာပဲ"
နောက်ဆုံးတွင် ကျိုးဟောင်၏နည်းလမ်းများမှာ သူနှင့်အတော်လေးဆင်သည်ကိုတွေ့ရှိပြီးနောက် ရောဘတ်မှာသဘောပေါက်သွားခဲ့သည်။
"ကျိုးဟောင် မင်းကတကယ်ဘဝင်မြင့်နေတာပဲ ငါ့ကိုအသုံးချရဲတယ်"
ရှောင်ရောဘတ်မှာအလွန်ဒေါသဖြစ်သွားခဲ့ပေရာ မည်သည့်စကားမျှထပ်မဆိုတော့ဘဲ ချက်ချင်းပင်စွမ်းအားပြည့်သုံးကာတိုက်ခိုက်တော့သည်။
ရောဘတ်မှာမိမိ၏ရင်ဘတ်အားရက်စက်စွာရိုက်ချလိုက်ပြီး ဓားသွားပေါ်သို့သွေးစက်အချို့အားထွေးထုတ်လိုက်သည်။
"ဒါကငါ့ရဲ့အသန်မာဆုံးဓားသိုင်း သွေးသောက်ဓားသိုင်းပဲ ငါဒီသိုင်းကိုသုံးပြီးမင်းခေါင်းကိုဖြတ်ပစ်မယ်"
ရှောင်ရောဘတ်မှာထိတ်လန့်နေခဲ့ပေသည်။ ကျိုးဟောင်သရုပ်ဆောင်နေသလားသူမသိသော်လည်း ယခုပုံအတိုင်းဆက်သွားနေပါက သူရှုံးတော့မည်ဖြစ်သည်။
ထို့ကြောင့်လက်ရှိအချိန်တွင် သူ၏အသန်မာဆုံးဓားသိုင်းအားသုံးကာ ကျိုးဟောင်နှင့်ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သို့သော်အံ့ဩစရာကောင်းစွာပင် ကျိုးဟောင်မှာသူ၏ဓားအားဘေးသို့ချကာပြုံးရင်းပြောလာခဲ့သည်။
"ရှောင်ရောဘတ် နောက်ဆုံးတော့သိသွားပြီပေါ့ ကြည့်ရတာမင်းလည်းတုံးတော့မတုံးဘူးပဲ ငါဒီနေ့မင်းဆီကအများကြီးသင်ယူခဲ့ရတယ် ဆုအနေနဲ့ငါမင်းခေါင်းကိုတစ်စစီလုပ်ပစ်ချင်တယ်"
ကျိုးဟောင်မှာစကားဆုံးသည်နှင့် ဘာကိုမှဖုံးကွယ်မနေတော့ပေ။ ချက်ချင်းပင်နတ်ဘုရားသတ်သိုင်းနှင့်ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအားသုံးလိုက်ပေရာ သူ၏အငွေ့အသက်မှာ ချက်ချင်းပင်မြင့်တက်လာခဲ့သည်။
သူ၏ကျင့်ကြံဆင့်သည်လည်း ချက်ချင်းပင်ဆဌမမြောက်မူလအဆင့်သို့ထိုးတက်သွားခဲ့သည်။ ယခုတက်လာသောစွမ်းအားသည် ကျိုးဟောင်ကျင့်ကြံရေးအဆင့်အစစ်အမှန်အားဖိနှိပ်ထားသည့်အခြေအနေတွင်ဖြစ်သည်။ မဟုတ်ဘဲ သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံဆင့်အားထုတ်ပြလိုက်ပါက ရှောင်ရောဘတ်အားသရဲတစ်ကောင်မြင်လိုက်ရသည်ဟုတွေးမိအောင် လုပ်ရန်လုံလောက်ပေသည်။
စွမ်းအားကြီးသောရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာ ထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်၏တစ်ကိုယ်လုံးမှာအလင်းတို့ဖြင့်တောက်ပနေပေသည်။ ထို့နောက်ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးလိုက်ပေရာ ချက်ချင်းပင်နေရာမှပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်စက္ကန့်အကြာတွင် ကျိုးဟောင်မှာရှောင်ရောဘတ်၏ရှေ့တွင်ပေါ်လာခဲ့ကာ စကားတစ်ခွန်းမှမဆိုဘဲ လက်သီးဖြင့်ထိုးချလိုက်သည်။
ထိုလက်သီး၏စွမ်အားမှာရှောင်ရောဘတ်လက်ထဲရှိဓားအားချက်ချင်းပင် တစ်စစီဖြစ်သွားစေခဲ့ပြီး ရောဘတ်၏ကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလ်ိုပင် စွမ်းအားကြီးသောအားတစ်ခုမှာသူ၏ခန္ဓာကိုယ်အားထိုးဖောက်သွားခဲ့သည်။
ထိတ်လန့်နေဆဲမှာပင် သူ၏ခန္ဓာကိုယ်မှာကြီးမားသောထိုးနှက်ချက်တစ်ခုအားခံစားလိုက်ရပေသည်။
"ငါ....ငါဘယ်လိုရှုုံးသွားတာလဲ"
ရှောင်ရောဘတ်မှာ အရှုံးအားလက်မခံနိုင်ပေ။ ကျိုးဟောင်၏စွမ်းအားကြီးသောအစွမ်းအားကြည့်ပြီး အဆုံးတွင်ကြက်သေသေသွားခဲ့သည်။
တီ!
"ကျိုးဟောင်အနိုင်ရရှိပါတယ်"
ရှောင်ရောဘတ်၏ခန္ဓာကိုယ်တိုက်ခိုက်ခံလိုက်ရသည့်အချိန်တွင် စိတ်စွမ်းအားမှာမှာပုံရိပ်ယောင်လောက၏အပြင်သို့ကန်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။ လှဲနေရာမှထလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအေးစက်သောချွေးများဖြင့်ပြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်အေးစက်သောစနစ်၏အသံသည်လည်း ကောင်းကင်မျှော်စင်တွင်ထွက်ပေါ်လာပေရာ ရောဘတ်၏အမူအရာမှာထိတ်လန့်သွားခဲ့သည်။
အပြင်ဘက်ရှိလူများမှာလည်းပြိုင်ပွဲ၏ရလဒ်အားကြားပြီး အံ့ဩနေခဲ့ကြသည်။
"သူ....သူနိုင်သွားတာလား"
"ကျိုးဟောင်ထပ်ပြီးနိုင်သွားပြန်ပြီလား"
"ဒါ....ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
"ဘုရားရေ"
အရှေ့တိုင်းသိုင်းပညာရှင်များသာမက အနောက်တိုင်းသိုင်းပညာရှင်များသည်လည်း အတော်လေးထိတ်လန့်နေကြပေသည်။
"ဝါး...ကျိုးဟောင်နိုင်ပြီ မိုက်လိုက်တာ"
ပထမဆုံးထခုန်သူမှာလော့လီဖြစ်ပြီး သူမသည်အလွန်ပျော်ရွှင်နေခဲ့သည်။ စုန့်ခွင်းသည်လည်းပြုံးနေခဲ့ပေသည်။
"ငါသိသားပဲ ကျိုးဟောင်ကဉာဏ်များတဲ့ကောင်စုတ်လေးပဲ သူယုံကြည််ချက်မရှိတဲ့တိုက်ပွဲတစ်ခုကို ဘယ်တော့မှတိုက်မှာမဟုတ်ဘူး ကျိုးဟောင်နိုင်မယ်ဆိုတာငါအစောကြီးကတည်းကသိသားပဲ"
စုန့်ခွင်းမှာဘာကြောင့်ယခုလိုတွေးမိမှန်းမသိသော်လည်း ကျိုးဟောင်တို့နှစ်ယောက်ပြိုင်မည့်ကိစ္စအားတွေးမိလိုက်ချိန်တွင် ကျိုးဟောင်နိုင်မည်ဟုသာစိတ်ထဲယုံကြည်နေခြင်းဖြစ်သည်။
အကယ်၍ကျိုးဟောင်ရှုံးသွားခဲ့လျှင်ဘယ်လိုလုပ်မလဲဆိုသည့်အတွေးမျိုးတွေးဖို့ပင်မလွယ်ပေ။
ရလဒ်ကြေငြာသံအားကြားပြီးနောက် ခရစ်တို့အဖွဲ့၏အမူအရာများမှာနေရာတွင်ပင်အေးစက်သွားခဲ့ကြသည်။ ရှောင်ရောဘတ်ရှုံးလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့ပေ။
သူ၏ကျင့်ကြံဆင့်သည် စတုတ္ထနှင့်ပဉ္မမ မြောက်မူလအဆင့်ကြားရှိပြီး တစ်ဖက်တွင်ကျိုးဟောင်မှာ ဒုတိယမြောက်မူလအဆင့်သာရှိသည်။ သူတို့ကြားရှိကွာခြားချက်မှာ ၂ဆင့်ဖြစ်ပေရာ ဘာကြောင့် ရောဘတ်သည်ရှုံးသွားရပါသနည်း။
"ချီးပဲ ဘယ်လိုဖြစ်တာလဲ"
ခရစ်မှာဤရလဒ်အားမမျှော်လင့်ထားပေရာ အလွန်ဒေါသထွက်နေခဲ့ပေသည်။
ထိုအချိန်တွင်ကျိုးဟောင်သည်လည်း ပုံရိပ်ယောင်လောကထဲမှထွက်လာခဲ့သည်။ ရှောင်ရောဘတ်၏ စိတ်ဓာတ်ကျနေသောအမူအရာအားကြည့်ကာ ခေါင်းယမ်းရင်း တံခါးသာဖွင့်ကာအခန်းထဲမှထွက်လာခဲ့သည်။
"ကျိုးဟောင်"
"ကျိုးဟောင်ကအရမ်းစွမ်းအားကြီးတာပဲ"
အရှေ့တိုင်းသားသိုင်းပညာရှင်များမှာ ကျိုးဟောင်ထွက်လာသည်ကိုမြင်သောအခါ ချက်ချင်းပင်အော်ဟစ်လာကြကာ ဝိုင်းဖွဲ့လာခဲ့ကြသည်။
ကျိုးဟောင်သည် အဆင့် ၇၃နေရာတွင်ရပ်တည်နေသော်ငြား အဆင့် ၅၉နေရာမှလူအားအနိုင်ယူနိုင်ခဲ့ပေရာ အရှေ့တိုင်းသားသိုင်းပညာရှင်များ၏ဂုဏ်သတင်းအားထပ်မံမြှင့်တင်ပေးနိုင်ခဲ့ပေသည်။
အားလုံးပျော်ရွှင်နေသည်ကိုကြည့်ပြီး ကျိုးဟောင်လည်းပြုံးနေခဲ့သည်။
ထိုအချိန်တွင်ရှောင်ရောဘတ်မှာဖြူဖတ်ဖြူလျော်မျက်နှာနှင့်ထွက်လာခဲ့ပြီး ခရစ်တို့အဖွဲ့မှာအလျင်အမြန်ပင် ရောဘတ်အနားသို့ရောက်သွားခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ ဘယ်လိုလုပ်ပြီးရှုံးသွားတာလဲ ဂရုမစိုက်မိလို့လား"
ခရစ်မှာ ရောဘတ်၏လက်အားဆုပ်ကိုင်ကာ မေးခွန်းများဆက်တိုက်မေးနေခဲ့သည်။
ရောဘတ်မှာစိတ်လွတ်နေဆဲဖြစ်သော်လည်း ခရစ်၏မေးခွန်းများကိုတော့ ရှင်းရှင်းလင်းလင်းကြားရသေးပေရာ ခေါင်းသာယမ်းပြလိုက်သည်....
"မဟုတ်ဘူးငါစွမ်းအားအပြည့်သုံးခဲ့တယ် ပြီးတော့ငါ့ရဲ့သွေးသောက်ဓားသိုင်းကိုပါသုံးခဲ့သေးတယ် ဒါပေမဲ့ရှုံးသွားတယ်...."
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ခရစ်၏မျက်နှာတွင်မယုံကြည်နိုင်မှုများဖြင့်ပြည့်နေခဲ့သည်။ ရှောင်ရောဘတ်၏သွေးသောက်ဓားသိုင်းအားသူသိပေသည်။ ယခင်က သူနှင့်ရှောင်ရောဘတ် ကျင့်ကြံဆင့်သိပ်မကွာသည့်အချိန်တွင်ပင် ရောဘတ်၏ဤသိုင်းအား ထိပ်တိုက်ရင်မဆိုင်ဝံ့ပေ။
သို့သော် ရှောင်ရောဘတ် ကျိုးဟောင်အားရှုံးသွားမည်ဟုမထင်ထားခဲ့ပေ။
"ကျိုးဟောင်....သူငါကို့အနိုင်ယူသွားရုံတင်မကဘူး သူငါ့ရဲ့စိန်ခေါ်မှုကိုလက်ခံခဲ့တဲ့အကြောင်းအရင်းက...သူ့ရဲ့ဓားသိုင်းကိုကျင့်ဖို့ဆိုတာပါသိခဲ့ရတယ်"
ရှောင်ရောဘတ်မှာတည့်ပင်ပြောလိုက်ပေရာ ခရစ်တို့မှာပို၍ပင်ပဟေဠိဖြစ်သွားခဲ့သည်။
"ဘာအဓိပ္ပာယ်လဲ ရောဘတ် ရှင်းရှင်းပြော ဘာဖြစ်ခဲ့တာလဲ"
....................................................................................
အခန်း(၄၉၀) ပြီးပါပြီ။
အခန်း (၄၉၁) : အလောင်းအစား
ရှောင်ရောဘတ်မှာမည်သည့်ကိစ္စကိုမျှဖုံးကွယ်ထားမနေဘဲ အစောပိုင်းကဖြစ်ပျက်ခဲ့သည့်ကိစ္စအားလုံးအားပြောပြလိုက်သည်။
ကျိုးဟောင်မှာသူ၏ဓားသိုင်းအားတုပရုံသာမက သူ့ထက်ပို၍ပေါ့ပါးကာဉာဏ်လည်းများပေသည်။ ကျိုးဟောင်မှာသူ့အားစွမ်းအားကြီးသောကျင့်ကြံရေးသိုင်းဖြင့်အနိုင်ယူကာ လက်သီးတစ်ချက်တည်းဖြင့်မျက်စိတစ်မှိတ်အတွင်းသတ်ခဲ့ကြောင်းကိုလည်းပြောပြလိုက်ပေသည်။
"ငါ့အထင်တော့သူအစကတည်းက ငါ့ကိုလက်သီးတစ်ချက်တည်းနဲ့ ချက်ချင်းသတ်လို့ရတယ် ဒါပေမဲ့ဓားနဲ့တိုက်ဖို့ပဲရွေးချယ်ခဲ့တယ် ဒါကြောင့် ငါ့ကိုဓားသိုင်းကျင့်ဖို့အသုံးချချင်တယ်ဆိုတာကလွဲလို့ ငါတခြားဟာစဉ်းစားလို့မရဘူး"
ပြန်စဉ်းစားကြည့်ရင်း ရောဘတ်မှာပိုမိုစိတ်ဖိစီးလာခဲ့သည်။
စင်စစ်တွင်စိတ်ဖိစီးနေရုံသာမဟုတ်ဘဲ ကြောက်လန့်နေခြင်းပါဖြစ်သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ သူ....သူကဒုတိယမြောက်မူလအဆင့်ပဲရှိသေးတာကို မဟုတ်မှသူလိမ်ပြီးပြိုင်တာလား"
ခရစ်မှမေးလိုက်သည်။
"လိမ်တယ် ပုံရိပ်ယောင်လောကထဲမှာ အားလုံးရဲ့ခန္ဓာကိုယ်တွေကအတူတူပဲ ကျင့်ကြံရေးသိုင်းနဲ့ စိတ်စွမ်းအားပဲသုံးလို့ရတာ ဘယ်လိုလိမ်နိုင်မှာလဲ"
ရှောင်ရောဘတ်မှခရစ်အားမော့ကြည့်ကာပြောလာခဲ့သည်။
ခရစ်လည်းဤအချက်အားသိပေသည်။ သို့သော်ကျိုးဟောင်နိုင်သွားရသည့်အကြောင်းအား တွေးကြည့်လို့ပင်မရပေ။
"ချီးပဲ ဘယ်လိုတောင်လဲ"
ခရစ်မှာအလွန်ဒေါသထွက်နေခဲ့သည်။ ပထမပွဲတွင်ပင်ရှုံးနိမ့်ခဲ့သည်မှာ အားလုံး၏ရင်ထဲတွင်အတော်လေး ကသိကအောက်ဖြစ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော်သူတို့လုပ်နိုင်တာဘာမှမရှိပေရာ လက်တွေ့အားရင်ဆိုင်ရန်သာတတ်နိုင်ပေသည်။
တစ်ဖက်တွင်ကျိုးဟောင်၏ဆက်သွယ်ရေးကိရိယာမှာ အသံမြည်လာခဲ့ပြီး သန်း ၅၀၀ မှာအကောင့်တွင်းသို့ဝင်လာခဲ့သည်။
"စားသောက်ဆိုင်ကိုသွားကြတာပေါ့"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ သူ၏စိတ်သည်လည်းအလွန်ပေါ့ပါးနေခဲ့ပေရာ အောင်ပွဲခံရန်အားလုံးအားခေါ်လာခဲ့သည်။ ဤမြင်ကွင်းသည်ရောဘတ်၏ နှလုံးအားသွေးစိမ်းရှင်ရှင်ကျစေပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့အောင်ပွဲခံရာတွင်သုံးမည့်ပိုက်ဆံမှာ သူ့ပိုက်ဆံဖြစ်ပေသည်။
အောင်ပွဲခံပြီးနောက် ကျိုးဟောင်မှာလေ့ကျင့်ရေးအခန်းထဲတွင်ဆက်လက်လေ့ကျင့်နေခဲ့သည်။
"ရှောင်ရောဘတ်ရဲ့ဓားသိုင်းကတကယ်ကို စွမ်းအားကြီးတာပဲ နည်းပြချန်းရဲ့သိုင်းကိုမီဖို့တော့အဝေးကြီးလိုသေးတယ်ဆိုပေမဲ့ ငါ့ဓားသိုင်းထက်တော့ အများကြီးပိုအားကောင်းတယ်"
"သူ့ဓားကသူနဲ့ပေါင်းစပ်ထားသလိုပဲ ဒီလောကကြီးကတကယ်ကိုအဆုံးထိရောက်ဖို့ခက်တာပဲ ငါဒီနေ့သူနဲ့တိုက်တာကနေအများကြီးသင်ယူခဲ့ရတယ်"
ကျိုးဟောင်မှာဓားအားကိုင်ကာ ရောဘတ်နှင့်တိုက်ပွဲအားပြန်လည်ပုံဖော်နေခဲ့ပြီး ခေတ္တမျှကြာပြီးနောက် စတင်လေ့ကျင့်တော့သည်။
"ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်က ဒုတိယမြောက်မူလအဆင့်ကိုရောက်နေပြီ သိပ်မကြာခင် ငါတတိယ ဒါမှမဟုတ် စတုတ္ထမြောက်မူလအဆင့်ကိုတောင်ရောက်နိုင်မယ်ထင်တယ် ဘာပဲဖြစ်ဖြစ် ဘယ်သူမှဂရုစိုက်မှာမှမဟုတ်တာ"
"ရှေးဟောင်းအပျက်အစီးထဲမဝင်ခင် ငါ့ရဲ့စွမ်းအားကို ပဉ္စမမြောက်မူလအဆင့်မှာဖုံးထားနိုင်ရင်အကောင်းဆုံးပဲ ဒီလိုဆို ကောင်းကင့်ဘုံအဆင့်တစ်ဝက်တိုက်ခိုက်ရေးစွမ်းအားထုတ်သုံးရင်တောင် ဘယ်သူမှဂရုစိုက်တော့မှာမဟုတ်ဘူး"
ကျိုးဟောင်သည်တစ်ချိန်လုံး ယခုလိုစီစဉ်နေခဲ့ခြင်းဖြစ်ပြီး သူအားလုံးအားအံ့ဩသွားအောင်လုပ်ချင်ပေသည်။
ကျိုးဟောင်၏ကျင့်ကြံဆင့်မှာနိမ့်သော်ငြား တိုက်ခိုက်ရေးစွမ်းအားမှာအလွန်စွမ်းအားကြီးကြောင်းအားလုံးကိုသိစေလိုခြင်းဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အနည်းဆုံး ၂ဆင့် ၃ဆင့်ထိကျော်တိုက်နိုင်ပေသည်။
ဒီလိုမှသာ တစ်နေ့သူ့စွမ်းအားအစစ်အမှန်အားသုံးချိန်တွင်ပင် အများအတွက်ကြောက်စရာကောင်းမနေမည်ဖြစ်သည်။
အချိန်တစ်ခုအထိကျင့်ကြံပြီးနောက် ကျိုးဟောင်မှာလေ့ကျင့်ရေးအခန်းမှထွက်လာခဲ့ပြီး ထွက်လာချိန်မှာပင်ဂျင်နီနှင့်တွေ့လိုက်ရသည်။ သူမ၏ပုံစံမှာအလွန်ပျော်ရွှင်နေပုံပင်။
သူမသည်တစ်ခုခုကြားခဲ့၍သာ ယခုတစ်ကြိမ်တွင်ကျိုးဟောင်အားလက်လျှော့ရန်မတောင်းဆိုဘဲ အဆုံးထိတိုက်ရန်အားပေးနေခြင်းဖြစ်နိုင်သည်။
"ကျိုးဟောင်တိုက်ခိုက်ရမဲ့ နောက်တစ်ယောက်က စမစ်ဒီခိုင်ပဲ သူ့ရဲ့ကျင့်ကြံဆင့်က ဆဌမမြောက်မူလအဆင့် အဆင့်၊ အဆင့်(၄၈) နေရာမှာရပ်တည်နေတဲ့သူ သူကလက်ဗလာနဲ့တိုက်ခိုက်တဲ့နေရာမှာအကောင်းဆုံးပဲ ပြီးတော့နွားတစ်ကောင်လိုသန်မာစေတဲ့ကျင့်ကြံရေးသိုင်းတွေလည်း လေ့ကျင့်ထားတယ် ကြံ့ခိုင်တဲ့ပညာရှင်တစ်ယောက်ပဲ နင်သတိထားရမယ်နော် သဘောပေါက်လား"
ကျိုးဟောင်မှာဂျင်နီပြောပြသည့်အချက်များထဲမှအနည်းအကျဉ်းအားသိထားသော်လည်း သူမလောက်တော့စုံစုံလင်လင်မသိပေ။
သို့သော်ကျိုးဟောင်သည်ဂျင်နီယခုလိုကူညီပေးသည့်အပေါ်ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုသည်အားမစဉ်းစားတတ်တော့ပေရာ အလွန်လမ်းပျောက်နေပြီဖြစ်သည်။
ကံကောင်းသည်မှာ ဂျင်နီသည်မိန်းမကောင်းတစ်ယောက်ဖြစ်ကာ ကျိုးဟောင်သူမနှင့်ရည်းစားဖြစ်ရန်အတွေးလုံးဝမရှိကြောင်းကိုသိပေသည်။ ထို့ကြောင့် သတိထားရန်မှလွဲအခြားစကားမပြောပေ။
ကျိုးဟောင်မှာသူမပြောသမျှအားလုံးအားမှတ်သားပြီးနောက် သဘောပေါက်သွားခဲ့သည်။
ဤစမစ်ဒီခိုင်၏အနီးကပ်တိုက်ခိုက်ရေးသိုင်းမှာအလွန်စွမ်းအားကြီးပြီး တိုက်ဆိုင်စွာပင် ဤသိုင်းသည်ကျိုးဟောင်ထံ၌မရှိသောသိုင်းဖြစ်သည်။
သူ့ထံတွင်နတ်ဘုရားသတ်သိုင်းနှင့်ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းရှိပြီး သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာလည်းအလွန်စွမ်းအားကြီးလှသော်ငြား စနစ်ကျသောမည်သည့်သိုင်းကိုမျှမသင်ယူခဲ့ဖူးပေ။ ယခုတစ်ခါတိုက်ပွဲတွင် စမစ်ဒီခိုင်ထံမှအများအပြားသင်ယူနိုင်လောက်ပေသည်။
လေ့ကျင့်ရေးနေ့ရက်များမှာအလွန်ပျင်းရိဖွယ်ကောင်းလှပေသည်။ သန္ဓေပြောင်းသားရဲများအားသတ်သည့်ကိစ္စအပြင်ကျိုးဟောင်မှာ လေ့ကျင့်သာနေပြီး တစ်ခါတစ်ရံကောင်းကင်မျှော်စင်အားသွားရောက်စိန်ခေါ်ပေသည်။
လက်ရှိအချိန်တွင်သူ၏မျှော်စင်အမှတ်မှာ ၂.၅ သို့ရောက်ရှိနေပြီဖြစ်ပြီး လူအတော်များများအားကျော်သွားပြီဖြစ်သည်။ သူ၏အဆင့်မှာလည်း ၅၁ သို့ရောက်ရှိနေပြီဖြစ်ကာ ၅၀ သို့ဝင်ရောက်ရန် တစ်ဆင့်သာလိုတော့ပေသည်။ ကျိုးဟောင်မှာဤကိစ္စနှင့်ပတ်သက်ပြီး အများကြီးမစဥ်းစားသော်ငြား အခြားလူများမှာမှင်တက်နေကြပေသည်။
ဤဂဏန်းနှစ်လုံးသည်သေလောက်ပေသည်။ စစ်နတ်ဘုရားတပ်ရင်းအားရောက်သည်မှာ နှစ်ဝက်ပင်မပြည့်သေးသူသည်အဆင့် ၅၀ အတွင်းရောက်ဖို့အလွန်နီးကပ်နေပြီဖြစ်သည်။ ထိပ်ဆုံးအယောက် ၅၀ မှာအခြားလူများနှင့်မတူပေ။ ထိုအယောက် ၅၀ သည်စစ်နတ်ဘုရားတပ်ရင်း၏တကယ့်ပညာရှင်များစုဝေးနေရာနေရာဖြစ်ပြီး ဤလူများမှာအားလုံးအလွန်တန်ဖိုးရှိသည်ဟုယူဆခံထားရသူများဖြစ်သည်။
"၅၁ ကြည့်ရတာငါကြိုးစားပြီးအဆင့် ၅၀ထဲအမြန်ဆုံးဝင်အောင်လုပ်ရတော့မဲ့ပုံပဲ"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ တစ်လအတွင်းသူ၏ကျင့်ကြံဆင့်အား တတိယမြောက်မူလအဆင့်သို့တိုးမြှင့်ပြီးပြီဖြစ်သည်။ လူအများစုမှာ ဤကိစ္စအားဂရုမစိုက်ပေ။ ထို့အပြင်စစ်နတ်ဘုရားတပ်ရင်းတွင်ကျိုးဟောင်၏ဂုဏ်သတင်းမှာ ပိုပိုပြီးကျော်ကြားလာပြီဖြစ်သည်။
စစ်မှန်သောပါရမီရှင်တစ်ယောက်အတွက်အဆင့်ကျော်ကာအခြားလူများအားစိန်ခေါ်သည်မှာ သာမန်ပင်ဖြစ်သည်။
အများစုမှာနောက်တစ်ကြိမ်တွင် မည်သူအနိုင်ရမလဲဆိုသည်ကိုပင်စတင်ဆွေးနွေးနေကြပြီဖြစ်သည်။
ထိုမျှသာမကပေ အခြားလူမျာမှာလည်းအချင်းချင်းကြားလောင်းကြေးထပ်နေကြပြီဖြစ်သည်။
ကျိုးဟောင်မှာဤကိစ္စအားသိလိုက်ရချိန်တွင် ခါးသီးစွာသာပြုံးမိတော့သည်။
"ကျိုးဟောင် နင်ကစစ်နတ်ဘုရားတပ်ရင်းမှာနာမည်ကြီးနေပြီ နင်သိလားလူအတော်များများနင်ရဲ့နောက်ပြိုင်ပွဲအတွက် လောင်းကြေးတွေထပ်နေကြတာ စစ်နတ်ဘုရားတပ်ရင်းရဲ့အင်တာနက်ပေါ်မှာ လောင်းလို့ရမဲ့ကဏ္ဍတောင်လုပ်ထားပြီးပြီ"
"အတော်များများစလောင်းနေကြပြီး အခုလောင်းကြေးက ၈၀ ဘီလီယံအထိတောင်ရောက်နေပြီ"
လော့လီမှာ ကျိုးဟောင်အားကြည့်ကာစိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဟမ်"
ကျိုးဟောင်မှာအလွန်ထိတ်လန့်သွားခဲ့သည်။ လောင်းကြေးသည် ၈၀ ဘီလီယံပင်ရောက်နေပေပြီ။
"သူတို့အလောင်းများတာက စမစ်လား ကျွန်တော်လား"
ကျိုးဟောင်မှာသိလိုစိတ်ဖြစ်ပြီး မေးလိုက်သည်။
"သေချာပေါက်စမစ်ပေါ့ နင်ကအံ့ဖွယ်ဖြစ်ရပ်တွေလုပ်ပြနိုင်တယ်ဆိုပေမဲ့ စမစ်ကတကယ်စွမ်းအားကြီးတာ သူရဲ့တိုက်ခိုက်ရေးစွမ်းအားကအနည်းဆုံး ထိပ်ဆုံး ၃၀နဲ့ယှဉ်နိုင်တယ် ဒါပေမဲ့စိတ်စွမ်းအားကောင်းတဲ့သိုင်းပညာရှင်တစ်ချို့ကိုတော့ သူမနိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူတွေကလည်းစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာအားကောင်းကြတဲ့လူတွေပဲ"
"စမစ်ကအနီးကပ်တိုက်ပွဲမှာအားကောင်းတယ် ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုခုခံနိုင်ဖို့ကတော့ အဝေးကြီးလ်ိုသေးတယ်"
"အဲဒီပုံရိပ်ယောင်လောကမှာ နင်စိတ်စွမ်းအားများများစားစားမှမလိုတာ အဲဒါကြောင့် နင်ရှုံးနိုင်ခြေအရမ်းမြင့်တယ်လို့ထင်ကြတာ"
ကျိုးဟောင်မှာလော့လီဘာကြောင့် ယခုလိုပြောမှန်းနားလည်သလို လက်လည်းလက်ခံနိုင်ပေသည်။
"ဒါပေမဲ့ငါ့အတွက်နင်သေချာပေါက်နိုင်ရမယ်နော် နားလည်လား တကယ်လို့ငါနင့်ဘက်ကလောင်းရင် ငါရမဲ့ပိုက်ဆံက ၃ဆ တစ်ဖက်မှာနင်စမစ်ဘက်ကလောင်းလိုက်ရင် နင်ရမဲ့ပိုက်ဆံက ၅ဆ တစ်နည်းပြောရရင် နင်နိုင်ရင်ငါ ၆ဘီလီယံရမယ်"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
"စီနီယာအစ်မ အစ်မလည်းလောင်းတာလား"
"သေချာတာပေါ့ ငါက ၂ဘီလီယံပဲလောင်းတာ စုန့်ခွင်းက ၅ဘီလီယံတောင်လောင်းတာ ငါတို့ပိုက်ဆံတွေအလကားမဖြစ်စေနဲ့နော်"
လော့လီမှပြောလာခဲ့ပြီး စုန့်ခွင်းသည်စကားဝိုင်းထဲဝင်မပါဘဲရယ်သာနေခဲ့သည်။
"ဂျူနီယာမောင်လေး နင့်ကိုယုံထားလိုက်မယ်နော်"
ကျိုးဟောင်မှာဘာပြန်ပြောရမလဲပင်မသိတော့ပေ။ သူ၏စီနီယာအစ်ကိုအစ်မများသည် ပိုက်ဆံရှာရန်သူ့အားအသုံးချနေကြပေသည်။
"ပြောချင်တာကတကယ်လို့ကျွန်တော်စမစ်ဘက်က ၁၀ဘီလီယံလောင်းရင် နိုင်ရင် ၅၀ ဘီလီယံရမှာပေါ့ အဲဒီလိုလား"
ကျိုးဟောင်မှရုတ်တရက်ထမေးလိုက်သည်။
....................................................................................
အခန်း(၄၉၁) ပြီးပါပြီ။
အခန်း (၄၉၂) : စွမ်းအားကြီးသောခန္ဓာကိုယ်
ထိုစကားအားကြားသောအခါ လော့လီမှာကြက်သေသေသွားခဲ့သည်။
"ဟမ့်နင်အိပ်မက်မက်နေလိုက် ဒီအချက်ကိုဘယ်သူမှမစဉ်းစားမိဘူးထင်နေတာလား အဲဒါကြောင့်နင်နဲ့စမစ်လောင်းခွင့်မရှိဘူး နားလည်လား"
"ဒါပေမဲ့လွတ်ပေါက်တော့ရှိပါသေးတယ် တခြားလူတွေကိုနင့်ကိုယ်စားလောင်းခိုင်းလို့ရတယ်"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ ဤအကြံမှာအကြံကောင်းပင်ဖြစ်သည်။
"တော်ပြီ အကြံတွေထုတ်မနေနဲ့တော့ မင်းအကြံထုတ်နေရင် ဒီပွဲရှုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"
ထိုအချိန်တွင်စုန့်ခွင်းမှပြောလာခဲ့သည်။ ကျိုးဟောင်ဘာကြောင့် စိန်ခေါ်မှုများစွာအားလက်ခံခဲ့ကြောင်းကိုသူသဘောပေါက်ပေသည်။ အကယ်၍ သူအရှုံးခံပါက အနာဂတ်ပြိုင်ပွဲများတွင်လည်း ယခုလိုသာလုပ်မည်မဟုတ်ပါလော။
ကျိုးဟောင်မှာထိုစကားအားကြားချိန်တွင် ခေါင်းညိတ်ပြလိုက်သည်။ တကယ်တမ်းတွင်ကျိုးဟောင်လည်းထိုသို့မလုပ်နိုင်ပေ။ မဟုတ်ပါက တိုးတက်နိုင်မည့်အခွင့်အရေးအား လက်လွှတ်လိုက်ရမည်ဖြစ်သည်။
မကြာမီ ပြိုင်ပွဲနေ့ရက်သို့ရောက်ရှိလာခဲ့သည်။ ယခုတစ်ကြိမ်တွင် ပို၍ပင်စည်ကားနေပေသည်။ အားလုံးသည်လောင်းကြေးများအား အင်တာနက်ပေါ်တွင်လောင်းထားကြပြီဖြစ်ပေရာ ပြိုင်ပွဲကျင်းပရာနေရာသို့လာပြီး ပြိုင်ပွဲရလဒ်အားလာကြည့်ကြသည်မှာ သဘာဝကျပေသည်။
ကျိုးဟောင်ရောက်လာသည်နှင့် ရုတ်တရက်လူတစ်ယောက်မှထအော်လိုက်သည်။
"ကျိုးဟောင် အသားကုန်ချပြီးစမစ်သွားတွေမြေပေါ်ကျွတ်ထွက်သွားတဲ့အထိချပစ်လိုက် ငါမင်းဘက်က ၁ ဘီလီယံလောင်းထားတာ မရှုံးစေနဲ့"
"ကျိုးဟောင်ကြိုးစားထား ငါတစ်ကျော့ပြန်ထနိုင် မထနိုင်ကမင်းအပေါ်မူတည်တယ်"
"ကြိုးစားထားကျိုးဟောင် ငါ ၃ဘီလီယံလောင်းထားတယ် မင်းနိုင်ရင် ငါမင်းကိုတစ်ဝက်ပေးမယ်"
ဤလူများမှာတစ်ယောက်တစ်ခွန်းထအော်လာကြပေရာ ကျိုးဟောင်ပင်ရယ်ချင်သွားခဲ့သည်။
ထိုအချိန်တွင်ဂျင်နီသည်လည်းကျိုးဟောင်ထံလျှောက်လာခဲ့သည်။
"ကျိုးဟောင် နင်သေချာပေါက်နိုင်ရမယ်နော် ငါနင့်ဘက်က ၁၀ ဘီလီယံလောင်းထားတာ"
၁၀ဘီလီယံဟူသောပမာဏသည် ပမာဏနည်းနည်းမဟုတ်ပေ။
ကျိုးဟောင်မှာထိုစကားအားကြားသောအခါမနေနိုင်ဘဲမေးလိုက်သည်။
"မင်းဘာလို့ဒီလောက်ရဲတင်းရတာလဲ ငါနိုင်ပါ့မယ်လို့အာမမခံနိုင်ဘူး"
ရလဒ်မှာအစောကတည်းကဆုံးဖြတ်ပြီးသားဖြစ်ကာ သူမရှုံးနိုင်မှန်းကျိုးဟောင်သိသော်ငြား သူမတို့သည်သူ့အားယုံကြည်သည်မှာ ရဲတင်းလွန်းသည်ဟုခံစားရပေသည်။
"ဘာမှမဖြစ်ဘူး ငါနင့်ကိုယုံတယ်"
ဂျင်နီမှချစ်စဖွယ်ကောင်းအောင်ပြုံးကာပြောပြီး ထွက်သွားခဲ့သည်"
လော့လီမှာထိုမြင်ကွင်းအားအစအဆုံးမြင်လိုက်ရပေသည်။ ဂျင်နီထွက်သွားချိန်တွင်သူမသည်မနေနိုင်တော့ဘဲပြောလိုက်သည်။
"ကျွတ် ကျွတ် ငါအရင်ကမသိခဲ့ဘူး ဒါပေမဲ့ငါ့ရဲ့လိမ္မာတဲ့မောင်လေးကတကယ်ကိုနာမည်ကြီးနေတာပဲ ဂျင်နီကအခုထိလက်လျှော့ချင်ပုံမပေါ်ဘူး ၁၀ဘီလီယံတောင်ရင်းတာ တကယ်ကိုရဲတင်းတာပဲ ဒါကသေချာပေါက်အချစ်စစ်ပဲ"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ မျက်ဖြူသာလှန်လိုက်မိတော့သည်။
ထိုအချိန်တွင်ခရစ်တို့အဖွဲ့လမ်းလျှောက်ဝင်လာခဲ့သည်။ ထိုအဖွဲ့ထဲရှိခန္ဓာကိုယ်ထွားထွားနှင့်စမစ်ကိုလည်း ကျိုးဟောင်တွေ့လိုက်ရပေသည်။။
မတိုက်ခိုက်ရသေးခင်မှာပင် စမစ်ထံမှစွမ်းအားကြီးသောအငွေ့အသက်တစ်ခုအားခံစားလိုက်ရပေသည်။
ဤလူမှာ....တကယ်ပင်အလွန်စွမ်းအားကြီးလှပေသည်။
ဆဌမမြောက်မူလအဆင့်ကျင့်ကြံရေးနှင့်စွမ်းအားကြီးသောခန္ဓာကိုယ်အားပိုင်ဆိုင်ထားသည့်ဤလူမှာ တကယ့်ကိုလူသတ်စက်ပင်ဖြစ်သည်။
စိတ်စွမ်းအားအားနည်း၍မဟုတ်ပါက ဤလူမှာသေချာပေါက် ထိပ်ဆုံးအယောက် ၃၀ ထဲဝင်နိုင်ပေသည်။
ထိပ်ဆုံးအယောက် ၂၀ သို့မဟုတ် ၁၀ယောက်အတွင်း ဝင်နိုင်သောစွမ်းအားပင်ရှိပေသည်။
ခရစ်မှာကျိုးဟောင်အားအေးစက်စွာကြည့်ပြီး စမစ်အားပြောလိုက်သည်။
"စမစ် ဒီတစ်ခေါက်သေချာပေါက်မင်းသူ့ကိုချက်ချင်းသတ်ပစ်ရမယ် နားလည်လား ဒီကျိုးဟောင်ကအရမ်းဉာဏ်များတယ် ငါတို့သူ့ကိုအခွင့်အရေးပေးလို့လုံးဝမဖြစ်ဘူး ဒီတိုင်သေအောင်သာရိုက်သတ်လိုက်"
"စိတ်ချပါ ငါအဲဒီလိုပဲလုပ်မှာပါ သူ့လိုကောင်မျိုးကိုလက်သီးတစ်ချက်တည်းနဲ့ ဖြေရှင်းလို့ရတယ်"
စမစ်၏အသံဩဩတွင် ယုံကြည်မှုတို့ဖြင့်ပြည့်နှက်နေခဲ့သည်။
ကျိုးဟောင်မှာစမစ်အားကြည့်ကာ ဘာမှမပြောဘဲ ချက်ချင်းပင်ပုံရိပ်ယောင်အခန်းငယ်ထဲသို့ဝင်သွားကာ ခေါင်းဆောင်းဆောင်းလိုက်သည်။
စမစ်သည်လည်းနောက်မှလိုက်ဝင်သွားခဲ့သည်။ သူ၏တုတ်ခိုင်သောခန္ဓာကိုယ်မှာ ကြီးမားသောဆိုဖာနှင့်ပင်မဆံ့ချင်ပေရာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဤတိုက်ပွဲသည်လွယ်ကူမည်မဟုတ်ကြောင်းကို ကျိုးဟောင်ခံစားလိုက်ရပေသည်။
သို့သော် မလွယ်ကူမှသာပို၍စိတ်ဝင်စားစရာကောင်းမည်မဟုတ်ပါလော။
"ကျိုးဟောင် မင်းကရှောင်ရောဘတ်ကိုတောင်အနိုင်ယူနိုင်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး အဲဒီကောင်စုတ်လေးရဲ့တိုက်ခိုက်ရေးစွမ်းအားကအားမနည်းသလို သူ့ဓားသိုင်းကလည်းလေတောင်လွတ်ဖို့မလွယ်ဘူး သူ့ကိုနိုင်ဖို့ဆိုငါတောင်အားကုန်သုံးရမှာ"
စမစ်မှာကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။
"တကယ်လို့ငါသူ့ကိုဘယ်လိုအနိုင်ယူခဲ့လဲသိချင်ရင် ပုံရိပ်ယောင်လောကထဲလာခဲ့လိုက်လေ မင်းသိသွားလိမ့်မယ်"
ကျိုးဟောင်မှာပြုံးကာပြောရင်းမျက်လုံးမှိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပုံရိပ်လောကထဲတွင် ကျိုးဟောင်၏ခန္ဓာကိုယ်ပေါ်လာခဲ့သည်။
စမစ်သည်လည်းအတူတူပင်ဖြစ်ကာ သူ၏ခန္ဓာကိုယ်မှာအပြင်ကလိုပင် တုတ်ခိုင်ကြီးမားလှပေသည်။
ကျိူးဟောင်မှာစမစ်၏ကြီးမားသောခန္ဓာကိုယ်အားကြည့်ပြီး ဖိအားများလာသလိုပင်ခံစားလိုက်ရပေသည်။
အကယ်၍သူတို့နှစ်ယောက်သည် သိုင်းပညာရှင်မဟုတ်ဘဲ သာမန်လူများဆိုပါက ကျိုးဟောင်မှာသေချာပေါက်စမစ်အားရှောင်မည်သာဖြစ်သည်။
သို့သော် သိုင်းပညာရှင်များအတွက်မူ ယခုလိုမဖြစ်မနေတူညီကြသည်တော့မဟုတ်ပေ။ ခန္ဓာကိုယ်ထွားသည်နှင့် ပိုမိုစွမ်းအားကြီးမည်ဟုမဆိုနိုင်ပေ။
စမစ်မှာလည်ပင်းချိုးကာ လက်များအားဖြေလျှော့နေသည်မှာ တဂျွတ်ဂျွတ်အသံများထွက်နေပြီး သူ၏ပုံစံမှာရက်စက်ပုံပေါ်နေပေသည်။
"ငါမင်းကိုခဏနေရင် အသားနှစ်ဖြစ်အောင်ရိုက်ပစ်မယ်"
စမစ်မှလှောင်ပြုံးပြုံးလိုက်သည်။
ထိုအချိန်တွင်စနစ်၏အေးစက်သောအသံထွက်ပေါ်လာခဲ့သည်။
"ကျောင်းသားကျိုးဟောင် ကျောင်းသားစမစ် စတင်လို့ရပါပြီ"
စနစ်ထံမှစကားသံဆုံးသည်နှင့် ပထမဆုံးစတင်တိုက်ခိုက်လာသူမှာ စမစ်ဖြစ်သည်။ သူသည်ခရစ်ပြောခဲ့သောစကားအားစဉ်းစားမိပြီး ကျိုးဟောင်အားအသက်ရှူရန်အချိန်မပေးဘဲ တိုက်ပွဲအားတတ်နိုင်သမျှအမြန်အဆုံးသတ်လိုခြင်းဖြစ်သည်။
ထို့ကြောင့် စမစ်သည်ချက်ချင်းပင်သူ၏ခြေထောက်အားဆောင့်လိုက်ပေရာ ပုံရိပ်ယောင်လောကပင်တုန်ခါသွားသလိုခံစားလိုက်ရပေသည်။
ဤအား၏အကူအညီဖြင့် သူ၏ခန္ဓာကိုယ်မှာ လူသားအမြှောက်ဆံတစ်ခုကဲ့သို့ကျိုးဟောင်ရှိရာသို့ တစ်ရှိန်ထိုးပြေးဝင်လာခဲ့သည်။
အရှိန်မှာအလွန်လျင်မြန်လှပေရာ ဝှစ် ဟူသောအသံကြားလိုက်ရပြီးနောက်တွင် စမစ်မှာကျိုးဟောင်၏အရှေ့တွင်ပေါ်လာခဲ့သည်။
"ဒီလက်သီးနဲ့မင်းအသက်ကိုယူမယ်"
စမစ်မှာဤလက်သီးတွင်သူ့စွမ်းအား၏ ၇၀ ရာခိုင်နှုန်းအားသုံးထားပြီဖြစ်ပြီး အရှိန်မှာလည်းအလွန်လျင်မြန်လှပေသည်။ သာမန်သိုင်းပညာရှင်များဆိုပါက ဤလက်သီးအားလုံးဝထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်ပော
သို့သော်ကျိုးဟောင်မှာသက်ပြင်းချကာ စမ်းကြည့်ရန်ပြင်ဆင်လိုက်သည်။
ထို့ကြောင့်ကျိုးဟောင်မှာတွေဝေမနေဘဲ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းနှင့် နတ်ဘုရားသတ်သိုင်းအားသုံးကာ ကျင့်ကြံဆင့်အား ဆဌမမြောက်မူလအဆင့်ထိတိုးမြှင့်လိုက်သည်။ ထို့နောက်သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာလည်း ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်း၏ ပထမပြောင်းလဲမှု ၃သွယ်ကြောင့် အလွန်စွမ်းအားကြီးသည့်အဆင့်သို့ရောက်လာခဲ့ပေသည်။ ကျိုးဟောင်သည်လည်းလက်သီးဆုပ်ကာ လက်အားဆန့်ထုတ်လိုက်ပြီး စမစ်၏လက်သီးချက်အားထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ထိုမြင်ကွင်းအားကြည့်ပြီး စမစ်မှာချက်ချင်းပင်ပြုံးလိုက်သည်။
"ဟဟဟ မင်းကအရမ်းအထက်စီးဆန်တာပဲ ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာငါနဲ့ယှဥ်တာက ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ"
စမစ်မှာကျိုးဟောင်၏ပိန်ပိန်ပါးပါးလက်အားကြည့်ကာ လုံးဝဂရုစိုက်ပုံပေါ်ပေ။
...................................................................................
အခန်း(၄၉၂) ပြီးပါပြီ။