← Chapters

အခန်း (၉၉၇-၉၉၉)

Vol. 67 Ch. 997-999

အခန်း (၉၉၇-၉၉၉)

Vol. 67 Ch. 997-999

အခန်း (၉၉၇) နတ်ကုန်းမြေ၏ ဝေ့မိသားစုအကြောင်း ထပ်မံ ကြားသိရခြင်း

ပုံရိပ်တစ်ခုသည် ကြည်လင်ပြတ်သားသော အသံနှင့်အတူ ဘေးနားမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ ၎င်းသည် ချူးယွင်ဖန်းဖြစ်သည်။ လူတိုင်း၏ မျက်လုံးများသည် ပေါင်အန်းကျစ် ပေါ်ပေါက်လာမှုကြောင့် သူ့ထံ စူးစိုက်လာကြရာ၊ ချူးယွင်ဖန်းကို မေ့သွားကြသည်။ ရာနှင့်ချီသော ကျွမ်းကျင်သူများသည် တခဏချင်းမှာပင် အသတ်ခံခဲ့ရသည်။

အရာရှိများ အားလုံး ထိတ်လန့်သွား၍ နာကြည်းမှုများပင် ခံစားလိုက်ရသည်။ ထျန်ဟဲမြို့၏ အဆင့်မြင့်အရာရှိများ ဖြစ်လာနိုင်သူများသည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်နှင့် ၎င်းအထက်တွင်ရှိနေ၍ အချို့သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်၌ပင် ရှိနေသည်။ သို့ရာတွင် ဤနတ်အဆင့်များနှင့် ရင်ဆိုင်ရာတွင် ထိုမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် အလွန် အားနည်းလွန်းလှသည်။

ချူးယွင်ဖန်း၏ ဖိနှ်ပ်မှုကြောင့် သေဆုံးခဲ့ရသော ကျန်းဝေဖြစ်ပါစေ၊ ပေါင်အန်းကျစ်၏ အရောင်အဝါကိုပင် မတားဆီးနိုင်သည့် လင်းဟုန့်ဖုန်ဖြစ်ပါစေ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကြားတွင် လူသိများသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်များသည် နတ်အဆင့် ကျွမ်းကျင်သူများ၏ အရှေ့တွင် ပုရွက်ဆိတ်များနှင့် ထူးမခြားနားပေ။ ရာနှင့်ချီသော ကျွမ်းကျင်သူများ တခဏချင်း ပျောက်ကွယ်သွားသည့် မြင်ကွင်းသည် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

“နတ်အဆင့်၊ ဒါက နတ်အဆင့်ရဲ့ တန်ခိုးပဲ၊ ကျုပ်တို့ ဒီမှာ ဘာရပ်လုပ်နေဦးမှာလဲ"

"ဟုတ်တယ်။ နတ်အဆင့်တွေက အရာအားလုံးကို လွှမ်းမိုးနိုင်တယ်"

"နောက်ဆုံးတော့ ကမ္ဘာကြီးကို ဒီအင်အားကြီးပုဂ္ဂိုလ်တွေက အဆုံးဖြတ်ပေးနေတုန်းပဲ"

အရာရှိများက တစ်ဦးပြီး တစ်ဦး ထိုသို့ ပြောလိုက်ကြသည်။ ၎င်းတို့အားလုံး စိတ်ပျက်သွားကြသည်။ ဤနတ်အဆင့်များရှေ့တွင် ၎င်းတို့သည် ပုရွက်ဆိတ်များသာဖြစ်ကြသည်။

“ခင်ဗျားကများ…” ပေါင်အန်းကျစ်သည် ချူးယွင်ဖန်းကို သတ်ချင်စိတ်များ ပြည့်နှက်နေသည့် သူ၏မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ငါ့ ညီ၊ ကျုပ်သိသလောက် ခင်ဗျားက ဒီကလေးမလေးရဲ့ဆရာပါ၊ ဒါအတွက်နဲ့ ကိုယ့်ကိုယ်ကို စတေးဖို့ လိုအပ်လို့လား" ပေါင်အန်းကျစ်က အေးစက်စွာ ပြောလိုက်သည်။

ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် အရာရှိများကိုသာမကဘဲ သူ့ကိုပင် ထိတ်လန့်သွားစေသည်။ နတ်အဆင့်တစ်ဦးတွင် ထိုသို့သော ခွန်အားများ ရှိနိုင်သည်ဟု အရာရှိများက ထင်မြင်ကြသော်လည်း မိမိလျှင်ပင် ရာနှင့်ချီသော မရီးဒျန်သန့်စင်ခြင်းနှင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို သာမာန်ဓားချက်ဖြင့် မသတ်ဖြတ်နိုင်ကြောင်း သိလေသည်။ ထို့ကြောင့် သူသည် သတ်ဖြတ်လိုစိတ်ကို ဖိနှိမ့်၍ မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူ၏ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်အရ တိုက်ခိုက်မှုကို စတင်နေပြီဖြစ်သည်။

"တစ်ရက်တာ ဆရာဖြစ်သွားရင် တစ်သက်လုံး ဖခင်တစ်ဦးဖြစ်တာနဲ့ အတူတူပဲ။ ဒီသဘောတရားကို ခင်ဗျား နားလည်သင့်မယ် ထင်ပါတယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

"ဒါ့အပြင် ကျုပ်ခင်ဗျားကို သိပ်မကြိုက်ဘူး။ အမြန်ဆုံး သေတဲ့သူတွေက ရုပ်ဆိုးတဲ့ဗီလိန်တွေပဲဆိုတာကို ခင်ဗျား မသိဘူးလား"

ပေါင်အန်းကျစ်၏ မျက်နှာအမူအရာ ပို၍ပင် တွန့်လိမ်သွားလေသည်။ ချူးယွင်ဖန်း၏ စိတ်ထဲရှိ မထီမဲ့မြင်ပြုမှုသည် သူ၏ ဒေါသကို ပေါက်ကွဲလုနီးပါး ဖြစ်သွားစေသည်။

"ခင်ဗျား စနောက်နေတာပဲဖြစ်မယ်၊ ငါ့ ညီ" ပေါင်အန်းကျစ်က တစ်ခွန်းချင်းစီ ပြောလိုက်သည်။

"ကျုပ် ထျန်ဟဲမြို့ကို ထိန်းချုပ်ရမှာမို့လို့ လူအင်အား လိုအပ်တယ်၊ ဒီအမှိုက်တွေ သေသွားတာနဲ့ ကိစ္စမရှိတော့ဘူး။ ခင်ဗျား ကျုပ်နဲ့ လက်တွဲမယ်ဆိုရင် ထျန်ဟဲမြို့ရဲ့ အမြတ်တစ်ဝက်ကို ကျုပ် ပေးနိုင်တယ်။ ဘယ်လိုထင်လဲ"

ပေါင်အန်းကျစ်၏ ထိုစကားများကြောင့် ချူးယွင်ဖန်းက သူ့ကို အမြင်သစ်တစ်ခုဖြင့် ကြည့်မိသွားစေသည်။ သူသည် ချူးယွင်ဖန်း၏ လှောင်ပြောင်မှုများကို ခံနိုင်ရည်ရှိခဲ့ခြင်းအရ၊ အမှန်တကယ် မရိုးရှင်းလှပေ။ ခွေးလေခွေးလွင့်တစ်ဦးအဖြစ်မှ နတ်အဆင့်သို့ ပြောင်းလဲသွားနိုင်ခြင်းသည် အံ့ဩဖွယ်ရာ မဟုတ်ခဲ့ပေ။ ချူးယွင်ဖန်းသာ ယနေ့ ဤနေရာတွင် မရှိခဲ့လျှင် ပေါင်အန်းကျစ်၏ လက်စားချေမှုများ အမှန်တကယ် အောင်မြင်သွားပေလိမ့်မည်။ ပေါင်အန်းကျစ်ကို ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်ရမည်ဖြစ်သည်။

"ဟားဟား၊ ထျန်ဟဲမြို့ရဲ့ အကျိုးအမြတ်တွေက ပုံမှန်လောက်ပဲ ရှိတာပါ။ ခင်ဗျားက ကျုပ်ကို တစ်ဝက်ပေးပြီး လီယန်ကို တစ်ဝက် ပေးမယ်ဆိုတော့ ခင်ဗျားက မလိုချင်တော့ဘူးလား" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။

"ကျုပ် ပြန်လာရတဲ့ အဓိကရည်ရွယ်ချက်က ကလဲ့စားချေဖို့ပါ။ အမှန်တိုင်း ပြောရရင်၊ ထျန်ဟဲမြို့ရဲ့ အကျိုးအမြတ်တွေကို ကျုပ် ဂရုမစိုက်ဘူး" ပေါင်အန်းကျစ်က ဆိုသည်။

"ခင်ဗျားကို အကြံတစ်ခုပေးပါရစေ။ ကျုပ် ခင်ဗျားနဲ့ စကားပြောချင်နေတုန်း ကျုပ်စကားကို နားထောင်လိုက်တာ ပိုကောင်းမယ်။ ကျုပ်က တစ်ယောက်တည်း လှုပ်ရှားနေတယ်လို့ ထင်နေတာလား။ ကျုပ် နောက်ကွယ်မှာ နတ်ကုန်းမြေရဲ့ နံပါတ်တစ်မိသားစုဖြစ်တဲ့ ဝေ့မိသားစုရှိနေတာ"

ပေါင်အန်းကျစ်သည် သူ၏နောက်ကွယ်ရှိ အင်အားစုကို ထုတ်ပြောလိုက်သောအခါ သူ၏မျက်နှာထက်တွင် ဘဝင်ခိုက်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။ သူသည် ခွေးလေခွေးလွင့်တစ်ကောင်ကဲ့သို့ အမြဲတစေ စိုးရိမ်သောက ရောက်ခဲ့ရသည့် လွန်ခဲ့သော ဆယ်စုနှစ်များဆီသို့ ပြန်တွေးမိသွားသည်။ သူသည် ဝေ့မိသားစုထံ ဝင်ရောက်ခဲ့သောကြောင့် ယနေ့ကဲ့သို့ ဘုန်းအာနုဘော်များကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းမှလွဲ၍ ကျန်လူများအားလုံး ပင့်သက်ရှိုက်မိသွားသည်။ ဝေ့မိသားစုသည် နတ်ကုန်းမြေတွင် တစ်ခုသာရှိခဲ့၍ ၎င်းသည် နတ်ကုန်းမြေ၏ နံပါတ်တစ် မိသားစုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စွမ်းအားဖြင့် ထိပ်တန်းဂိုဏ်းများနှင့်ပင် ယှဉ်ပြိုင်နိုင်သည်အထိ တိုးတက်အောင် ပြုလုပ်နိုင်ခဲ့ကြသည်။ ဤသည်မှာ အင်အားကြီးမားသော အင်အားစုမျိုးဖြစ်လေသည်။

ဝေ့မိသားစု၏ ခွန်အားဖြင့်ဆိုလျှင် ၎င်းတို့၏ စကားလုံးတစ်လုံးတည်းဖြင့် ထျန်ဟဲမြို့ကို ဖျက်ဆီးနိုင်မည်ဖြစ်သည်။ အားလုံးက ပေါင်အန်းကျစ်ကို ကြည့်လိုက်ကြသည်။ သူ၏ တစ်ကျော့ပြန် ပြုလုပ်နိုင်မှုသည် အံ့ဩဖွယ် မဟုတ်ခဲ့ပေ။ သူသည် ဝေ့မိသားစုဝင်တစ်ဦး ဖြစ်နေသောကြောင့်ဖြစ်ရာ၊ အရာအားလုံးသည် အဓိပ္ပာယ်ရှိပေသည်။

"အခု ဝေ့မိသားစုက ထျန်ဟဲမြို့အပါအဝင် ဒီနယ်မြေကို အုပ်ချုပ်တော့မယ်။ ခုခံတဲ့လူမှန်သမျှ သေရလိမ့်မယ်။ အစက ခင်ဗျားတို့ အားလုံးကို သတ်ပစ်ချင်ခဲ့တာ၊ ဒါပေမယ့် အမှိုက်အားလုံး သေသွားပြီဆိုတော့ ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးပေးနိုင်ပါတယ်။ လိုလိုလားလား အညံ့ခံရင် အရင်က ဖြစ်ခဲ့တာတွေကို အတိတ်မှာပဲ ထားခဲ့ပေးမယ်"

ပေါင်အန်းကျစ်သည် စကားများများပြောလာလေ၊ ယုံကြည်မှုများ ပို၍ ရှိလာလေဖြစ်သည်။ မှန်သည်၊ သူ၏နောက်ကွယ်တွင် အင်အားကြီးသော ဝေ့မိသားစုရှိနေသောကြောင့် မည်သည်ကို ကြောက်ရွံ့ရမည်နည်း။ အရာရှိများ၏ စိတ်သဘောထားများ ခဏတာ ယိမ်းယိုင်သွားကြသည်။ အင်အားစုကြီးကဲ့သို့သော ဝေ့မိသားစုနှင့် မည်သူက နှိုင်းယှဉ်နိုင်မည်နည်း။ ဝေ့မိသားစု၏အရှေ့တွင် နတ်အဆင့်များလျှင်ပင် ပါမွှားများဖြစ်ကြသည်။

"မရဘူး၊ ကျုပ်သူ့ကို သတ်ကို သတ်ရမယ်" လီယန်သည် ချူးယွင်ဖန်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

"လီယန်၊ အရှင့်ရဲ့အကြံအစည်တွေကို ဖျက်ဆီးဖို့ မကြိုးစားနဲ့။ ကျန်းဝေက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်မှာပဲရှိတဲ့ တပည့်တစ်ယောက်ပါ။ ခင်ဗျား နောက်ထပ် တပည့်တစ်ယောက်ကို လက်ခံလို့ရပါတယ်။ အရှင့်ရဲ့အကြံအစည်ကို ဖျက်ဆီးရင် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို ခင်ဗျား သိမှာပါ" ပေါင်အန်းကျစ်က လီယန်ကို ပြစ်တင်ရှုတ်ချလိုက်သည်။

"ဟမ်း" လီယန်သည် မည်သည့်စကားကိုမျှ မဆိုဘဲ ချူးယွင်ဖန်းကို ခက်ထန်စွာ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ယုံကြည်မှုဖြင့် စိတ်ချစွာ စကားပြောနေသော ပေါင်အန်းကျစ်မှလွဲ၍ လူတိုင်း တိတ်ဆိတ်နေကြသည်။ လင်းဟုန့်ဖုန်၌ပင် ပြောစရာမရှိခဲ့ပေ။ ၎င်းတို့သည် ပေါင်အန်းကျစ်ကိုသာမကဘဲ မည်သူမျှ မနှိုးဆော်ဝံ့သည့် ဝေ့မိသားစုလည်း ရင်ဆိုင်နေရသည်။

"ဒါဆို ဝေ့မိသားစုပေါ့" ချူးယွင်ဖန်းသည် တိတ်ဆိတ်မှုကို လှောင်ပြောင်မှုများဖြင့် ဖြိုခွင်းလိုက်သည်။

သူနှင့် ဝေ့မိသားစုသည် ပြိုင်ဘက်ဟောင်းများဟု ယူဆနိုင်သည်။ ဝေ့မိသားစုသည် သူ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်၊ အထူးသဖြင့် ဝေမျိုးနွယ်စုသည် နတ်ကုန်းမြေ၏ ပြည်ထောင်စုကို ကျူးကျော်တိုက်ခိုက်ရာတွင် ရှေ့ပြေးအင်အားစုတစ်ခု ဖြစ်သောကြောင့် ၎င်းတို့ကြားတွင် ပြန်လည်သင့်မြတ်နိုင်ချေ မရှိပေ။

"ဘယ်လိုလဲ" ပေါင်အန်းကျစ်က အောင်ပွဲခံစွာ မေးမြန်းလိုက်သည်။

"ဝေ့မိသားစုရဲ့ နာမည်အရှေ့မှာ လူတိုင်းက ခေါင်းငုံ့ထားရမှာပဲ"

"မဟုတ်ဘူး၊ ခင်ဗျားသာ ဝေ့မိသားစုနဲ့ ပတ်သက်တယ်လို့ မပြောရင် ကျုပ် ခင်ဗျားကို သတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားက သူတို့နဲ့ ပတ်သက်နေမှတော့ ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားက သေကြောင်းကြံစည်နေတာပဲ"

ပေါင်အန်းကျစ်သည်လည်း ချူးယွင်ဖန်း၏ အပြုအမူများ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ဒေါသထွက်လာသောကြောင့် သူ၏ အရောင်အဝါများအားလုံးကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ နတ်အဆင့်များ ပိုင်ဆိုင်သည့် အရောင်အဝါများသည် မြို့ပိုင်ရှင် အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

အခန်း (၉၉၈) ပေါင်အန်းကျစ်ကို သတ်ဖြတ်ရန် လက်သီးတစ်ချက်

နတ်အဆင့်တစ်ဦး ပိုင်ဆိုင်သော အရောင်အဝါများသည် မြို့ပိုင်ရှင်၏ အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဤသည်မှာ ကျန်းဝေကဲ့သို့ နတ်အဆင့် အတုမျိုး မဟုတ်ဘဲ စစ်မှန်သော နတ်အဆင့်တစ်ဦး၏ အရောင်အဝါဖြစ်သည်။

"ခင်ဗျားက သေချင်နေမှတော့ ခင်ဗျားရဲ့ဆန္ဒကို ကျုပ်ဖြည့်ဆည်းပေးမယ်" ပေါင်အန်းကျစ်၏ အမူအရာသည် ချက်ချင်း အေးစက်သွားသည်။

ပေါင်အန်းကျစ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တုန်လှုပ်ချောက်ချား သက်တံတစ်စင်းသည် ဓားအိမ်မှ ချက်ချင်း လွင့်ထွက်သွားလေသည်။ ထိုအခါ အံ့ဩဖွယ်ရာ ဓားအလင်းများ ပြည့်လျှံလာခဲ့သည်။ ၎င်းသည် လူအများကို မျက်လုံးများ မဖွင့်နိုင်သည်အထိ စူးရှလွန်းလှသည်။ လင်းလက်လှသော အလင်းရောင်များသည် ပေါင်အန်းကျစ်ကို ဓားအင်မော်တယ်တစ်ဦးနှင့် ဆင်တူစေ၍ သူ၏ သတ်ဖြတ်ချင်စိတ် အရောင်အဝါများ ထွက်ပေါ်လာစေသည်။

"သေစမ်း" တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ဤဓားအလင်းရောင်သည် အလွန်ထက်မြက်လှရာ၊ ၎င်းတို့ကို ရည်ရွယ်ခြင်း မဟုတ်သော်လည်း ၎င်းတို့၏အရေပြားများကို ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ ထိုကြောင့် လူအများက ချက်ချင်း ဆုတ်ခွာသွားကြသည်။ ထိုအချိန်တွင် လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့သည် ပြင်းထန်စွာ ဒဏ်ရာရနေသော လင်းဟုန့်ဖုန်ကို လျင်မြန်စွာ ထောက်ကူပြီး ဘေးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။

လင်းချန်ရှီသည် ချူးယွင်ဖန်းကို စိုးရိမ်မှုများဖြင့် ကြည့်လိုက်သည်။ နတ်အဆင့် ရန်သူများကို မည်သို့ တိုက်ခိုက်ရမည်ကို သူမ မသိသော်လည်း ဤဓားအလင်းရောင်သည် မည်မျှ အံ့ဩဖွယ်ကောင်းသည်ကို သူမ ခံစားနိုင်သေးသည်။

ဓားသည် ရှည်လျားသော သက်တံတစ်စင်းဖြစ်လာ၍ ချူးယွင်ဖန်းကို ခုတ်ထစ်လိုက်သည်။ ကောင်းကင်ယံရှိ ကြယ်များလျှင် ဤဓားချက်အောက်တွင် ဗလာနတ္ထိအဖြစ် ပြောင်းလဲနိုင်ပုံရသည်။ ဓားသည် ကျယ်လောင်စူးရှသော လေတိုက်သံနှင့်အတူ ချူးယွင်ဖန်းကို ခုတ်လှဲလိုက်သည်။

"အသေးအဖွဲ လှည့်ကွက်တွေ။ ကျုပ်တို့နှစ်ယောက်စလုံးက နတ်အဆင့်တွေဖြစ်တာနဲ့ ခင်ဗျားက ကျုပ်နဲ့တန်းတူဖြစ်ဖို့ အရည်အချင်းပြည့်မီမယ်လို့ ခင်ဗျား ထင်နေတာလား။ ကျုပ်တို့ကြားက ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတာ ကျုပ် ပြမယ်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် လက်ငါးချောင်းကို လက်သီးအဖြစ် ကျစ်ကျစ်ဆုပ်လိုက်သောအခါ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအင်များသည် ဆူပွက်လာ၍ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ လူအများသည် ၎င်းတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြရာ၊ မျက်တောင်ပင် မခတ်ရဲကြပေ။ ချူးယွင်ဖန်းသည် ၎င်းတို့၏ နောက်ဆုံး မျှော်လင့်ချက်ဖြစ်သည်။

ယင်းမတိုင်မီက ချူးယွင်ဖန်းသည် နတ်အဆင့်၌ အမှန်တကယ် ရှိမရှိနှင့်ပတ်သက်၍ လူတိုင်း သံသယရှိခဲ့ကြသည်။ အဆုံးတွင် သူသည် သူ၏ ကျင့်ကြံမှု အစစ်အမှန်ကို ရံဖန်ရံခါမျှသာ ထုတ်ဖော်ခဲ့သည်။ ယခုမူကား နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှု အစစ်အမှန်ကို ထုတ်ဖော်ခဲ့သည်။ သူ၏ အံ့ဩဖွယ်ရာ စွမ်းအင်များ တစ်ဟုန်ထိုးစီးဆင်းလာ၍ ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ ပျံ့နှံ့သွားလေသည်။ ချူးယွင်ဖန်း၏ လက်သီးသည် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေကာ ကြောက်ရွံ့ခြင်းမရှိဘဲ ဓားအလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

"ခင်ဗျားက သေချင်နေတာပဲ" ပေါင်အန်းကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်လုံးထဲတွင် ချူးယွင်ဖန်း၏ လုပ်ရပ်များသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်းဖြစ်သည်။

ဘုံး

လက်သီးချက်သည် လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖြတ်သန်း၍ ကြောက်မက်ဖွယ် ဓားအလင်းရောင်ကို ရိုက်ခတ်လိုက်သည်။ ကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားသော စွမ်းအင်သည် လေပြင်းတိုက်ခတ်နေသကဲ့သို့ ပြန့်ကျဲသွားကာ လူတိုင်းကို အနောက်ဘက်သို့ ဆုတ်ခွာသွားသည်အထိ တိုက်ထုတ်လိုက်လေသည်။ လူများစွာသည် ပေါက်ကွဲထွက်လာသော ဓားအလင်းရောင်များကို လွင့်စဉ်သွားစေရန်အတွက် အထပ်ထပ်အခါခါ တိုက်ခိုက်လိုက်ရသည်။

ပေါင်အန်းကျစ်၏ ဓားချက်မှ ဖြစ်ပေါ်လာသညိ့ ဓားအလင်းရောင်များသည် အမှန်တကယ် အချွန်အတက် အပိုင်းအစများဖြစ်ကြောင်း လူတိုင်း မြင်တွေနိုင်သည်။ ဤသို့ဆိုလျှင်ပင် ဤအပိုင်းအစများသည် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများ၏ လက်များကို ထုံထိုင်းသွားစေရန် လုံလောက်ပေသည်။ ၎င်းတို့အားလုံး တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

ဤနတ်အဆင့်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပြီးနောက် လက်သီးစွမ်းအင်နှင့် ဓားစွမ်းအင်တို့ တိုက်မိသွားသောအခါ လူတိုင်း၏ အံ့အားသင့်မှုအရ ကွဲကြေသွားသောအရာသည် ချူးယွင်ဖန်း၏လက်သီးချက် မဟုတ်ခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏လက်သီးစွမ်းအင်သည် ဓားစွမ်းအင်ကို အပိုင်းပိုင်းကွဲထွက်သည်အထိ ဆုတ်ဖြဲပစ်လိုက်သည်။

"မဖြစ်နိုင်ဘူး"

ချူးယွင်ဖန်းသည် သူ၏ အစွမ်းထက်ဆုံးသော ဓားချက်ကို အမှန်တကယ် ဖျက်ဆီးခဲ့မှုအပေါ် မယုံကြည်နိုင်ဖြစ်နေသည်။ သို့သော် ချူးယွင်ဖန်း၏ ထိုးချက်သည် မရပ်တန့်ခဲ့သည့်အပြင် အနည်းငယ်မျှ မရပ်တန့်သွားခဲ့ပေ။ သူသည် လက်သီးတစ်ချက်ဖြင့် ပေါင်အန်းကျစ်၏ ခံစစ်ကို ထိုးဖောက်သွားကာ ရင်ဘတ်ပေါ် တိုက်ရိုက် ထိမှန်သွားလေသည်။ ပေါင်အန်းကျစ်သည် နတ်အဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၍ အဆင့်နှစ်၌ပင်ရှိခဲ့သော်လည်း ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ခဲ့ပေ။

ဘန်း

ပေါင်အန်းကျစ်၏ ခုခံမှုအားလုံးကို ချက်ချင်း ထိုးဖောက်သွားကာ သူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ ပြီးနောက် သူသည် လေးလံသော အမြောက်တစ်ခုကဲ့သို့ လွင့်ပျံသွားကာ နေ့လယ်စာစားပွဲ၏ ကြမ်းပြင်တွင် အပေါက်ကြီးတစ်ခုဖြစ်သည်အထိ ပြင်းထန်စွာ ကျရောက်သွားလေသည်။

အားလုံးက ပေါင်အန်းကျစ်ကို ကြည့်လိုက်ကြသည်။ အလွန်မောက်မာသော ပေါင်အန်းကျစ်သည် ယခုအခါ ကြမ်းပြင်ပေါ်တွင် ဝေဒနာဖြင့် တွန်လိမ်နေလေသည်။ သူသည် မတ်တပ်မရပ်နိုင်တော့ပေ။ သူ၏ရင်ဘတ်တစ်ဝက်မျှကိုပင် ပြည့်နှက်သွားစေသည့် အပေါက်ကြီးတစ်ခုရှိနေ၏။

နတ်အဆင့်ကျွမ်းကျင်သူလျှင်ပင် ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာမှ သေခြင်းတရားကို လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ပေါင်အန်းကျစ်၏ အသက်ဓာတ်များသည် လျင်မြန်စွာ ယုတ်လျော့သွားကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သူ့ကို မည်သူမျှ လာရောက် မကယ်တင်ပါက ခဏအတွင်း သေဆုံးသွားပေလိမ့်မည်။

နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ခန်းမတစ်လျှောက်တွင် ပင့်သက်ရှိုက်သံများသာ ကြားနေရသည်။ ပေါင်အန်းကျစ်သည် သူ၏အရောင်အဝါဖြင့် လင်းဟုန့်ဖုန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသည့်အထိ တိုက်ခိုက်ခဲ့ချိန်တွင် တင်းမာသော မာန်မာနများ ရှိခဲ့ဖူးသည်။ သူသည် ထျန်ဟဲမြို့၏ အရာရှိအားလုံးကို သူ၏ခွန်အားဖြင့် သတ်ပစ်ချင်ခဲ့သည်။ ယခုမူကား သူသည် ထိုကဲ့သို့ သေဆုံးသွားခဲ့သည်။ သူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို တစ်ချက်မျှပင် မတားဆီးနိုင်ခဲ့ပေ။ နှစ်ဦးနှစ်ဘက်ကြားရှိ အင်အားကွာခြားချက်သည် အလွန် ကြီးမားလှသည်။

'ဒါက ချူးယွင်ဖန်းရဲ့ ခွန်အား အစစ်အမှန်ပဲ။ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေတယ်ဆိုတာ ဘာလဲ။ ဒါက ကိုယ့်ကိုယ်ကို နှိမ့်ချတာပေါ့။ ဒီလောက်ခွန်အားနဲ့တောင် နည်းနည်းလေးမှ မကြွားဝါခဲ့ဘူး' လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။

ကျန်းဝေသာ သူ့ကို တွန်းအားမပေးခဲ့ပါက ချူးယွင်ဖန်းသည် စကားတစ်ခွန်းမျှ မပြောမည့်အပြင် မည်သည့် လှုပ်ရှားကိုမှ ပြုလုပ်ခဲ့မည် မဟုတ်ပေ။ ကနဦးတွင် ချူးယွင်ဖန်း၏ အပြုအမူကို မလှုပ်ရှားဝံ့ခြင်းကြောင့်ဟု လူအများက ထင်မှတ်ခဲ့သော်လည်း ယခုအခါ မလှုပ်ရှားချင်ခြင်းကြောင့်သာဖြစ်ကြောင်း နားလည်လာကြသည်။

လီယန်နှင့် တပည့်ဖြစ်သူတို့၏ သရုပ်ပြမှုကို ကြည့်ရခြင်းသည် မျောက်ပြပွဲတစ်ခုကို ကြည့်ရှုရခြင်းနှင့် ဆင်တူပေသည်။ လူများစွာသည် သက်ပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးနောက် ၎င်းတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားလိုက်ရသည်။ ယခင်က လီယန်နှင့် ပေါင်အန်းကျစ်တို့၏ ရန်လိုမှုသည် ၎င်းတို့ကို စိတ်ပျက်အားငယ်လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုမူကား ၎င်းတို့သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။

ချူးယွင်ဖန်းသည် ပေါင်အန်းကျစ်ကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်ပြီးနောက် မရပ်တန့်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရောင်အဝါများ ဆက်လက် မြင့်တက်လာကာ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ လီယန်ဆီ လွင့်စဉ်သွားခဲ့သည်။ ချူးယွင်ဖန်း၏ မျက်နှာအမူအရာ ကင်းမဲ့နေပြီးနောက် လီရန် လှောင်ရယ်ကာ ပြောလိုက်သည်။

"အခု ခင်ဗျားအလှည့်ရောက်ပြီ၊ ခင်ဗျားသေဖို့ အဆင်သင့်ဖြစ်ပြီလား"

"မစ္စတာချူး၊ ခင်ဗျားက ဝေ့မိသားစုကို ဆန့်ကျင်ချင်တာလား" လီယန်သည် ချူးယွင်ဖန်း၏ မျက်လုံးများကို မြင်လိုက်ရသောအခါ သူ၏ဆံပင်များ အဆုံးထိ ထောင်မတ်သွားကာ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ဤခံစားချက်သည် သူ့ကို အလွန် စိတ်မသက်မသာဖြစ်စေခဲ့သည့်အပြင် ချူးယွင်ဖန်းသည် ပေါင်အန်းကျစ်ကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်ခဲ့ခြင်းသည် အံ့အားသင့်စရာပင် ဖြစ်သည်။ ယခုအခါ သူ တွေးတောနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးသည် ချူးယွင်ဖန်းကို နှိမ်နင်းရန်အတွက် ဝေ့မိသားစုကို အသုံးပြုခြင်းဖြစ်သည်။

"ဝေ့မိသားစုကို ဆန့်ကျင်တော့ရော ဘာဖြစ်လဲ။ ကျုပ် ဒီလိုလုပ်လာတာ တစ်ရက်နှစ်ရက်တည်း မဟုတ်ဘူး"

ချူးယွင်ဖန်း၏စကားများသည် အလွန် အံ့ဩဖွယ်ကောင်းလှသည်။ သူသည် ဝေ့မိသားစုနှင့် တိုက်ခိုက်ခဲ့သည့် အမှန်တကယ် အံ့အားသင့်ဖွယ် သတင်းတစ်ခုရှိနေ၍ ဤသည်မှာ တစ်ရက် နှစ်ရက်တည်းသာ မဟုတ်ခဲ့ပေ။ ဤချူးယွင်ဖန်းသည် မည်သူဖြစ်သနည်ဒ။

"ခင်ဗျားလိုလူမျိုး မပြောနဲ့ ဝေ့မိသားစုရဲ့ မျိုးဆက်တွေ ဒီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ရင်တောင် ကျုပ် သူတို့ကို သတ်ပစ်မှာ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

လီယန်၏ ပထမဆုံးတုံ့ပြန်မှုသည် ထွက်ပြေးရန်သာ ဖြစ်သည်။ သူသည် ပေါင်အန်းကျစ်ထက် သန်မာသော်လည်း ပေါင်အန်းကျစ်ကို အလွယ်တကူ မသတ်ဖြတ်နိုင်ပေ။ ချူးယွင်ဖန်း၏ အင်အားသည် သူ့ထက်သာလွန်နေသည်မှာ သိသာထင်ရှားသည်။

"အခုမှ ထွက်သွားဖို့က နောက်ကျလွန်းနေပြီ"

ချူးယွင်ဖန်းက ရယ်မောပြီးနောက် လီယန် အနောက်သို့ ချက်ချင်း ပြေးလိုက်ကာ သူ့ကို ပိတ်ဆို့လိုက်သည်။

"ကျုပ် ခင်ဗျားကို သတ်ပစ်မယ်"

လီယန်သည် သူ၏ ဆုတ်ခွာမှု လမ်းကြောင်း ဖြတ်တောက်ခံလိုက်ကြောင်း မြင်တွေ့သောအခါ ချက်ခြင်း ပေါက်ကွဲထွက်သွားလေသည်။ ပေါင်အန်းကျစ်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော သူ၏ခွန်အားများ ပေါက်ကွဲထွက်သွားခဲ့သည်။

အခန်း (၉၉၉) သိုင်းပညာ လေ့လာခြင်း၊ လီယန်ကို ခုတ်ဖြတ်ခြင်း

နောက်ဆုံးရလဒ်သည် ဤသို့ဖြစ်လာလိမ့်မည်ဟု လီယန် မည်သည့်အချိန်ကမျှ မတွေးခဲ့ဖူးပေ။ သူသည် ထျန်ဟဲမြို့ကို သိမ်းပိုက်ရန် ပေါင်အန်းကျစ်နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ပေါင်အန်းကျစ်၏ နောက်ကွယ်တွင် ဝေ့မိသားစုရှိနေသောကြောင့် ထျန်ဟဲမြို့၏ အကျိုးအမြတ်များကို လျစ်လျူရှုနိုင်သော်လည်း လီယန်က ထိုသို့ မပြုလုပ်နိုင်ခဲ့ပေ။

နတ်အဆင့်သို့ ရောက်ရှိလာသောအခါ လိုအပ်သည့် အရင်းအမြစ်များသည် မွေးဖွားခြင်းနယ်မြေအဆင့်ထက် အဆတစ်ရာ ပို၍ များပြားပေသည်။ နတ်အဆင့်သို့ ရောက်ပြီးနောက် အင်အားတစ်ခု၏ ပံ့ပိုးမှုမပါရှိဘဲ ရှေ့ဆက်ရန် မဖြစ်နိုင်ပေ။ လိုအပ်သော အရင်းအမြစ်အားလုံးကို ၎င်းတို့ကိုယ်တိုင် စုဆောင်းရမည်ဆိုလျှင် တာဝန်များ ပြီးမြောက်ရန် မဖြစ်နိုင်ပေ။

ကျင့်ကြံခြင်းသည် အဆုံးမရှိသော်လည်း လူတစ်ဦး၏ သက်တမ်းတွင်မူ ကန့်သတ်ချက်ရှိသည်။ နတ်အဆင့်များ၏ သက်တမ်းသည် သာမန်လူများထက် အနည်းငယ် ပို၍ ရှည်လျားသော်လည်း ၎င်းတို့သည် အင်မော်တယ်များ မဟုတ်ကြပေ။ ဝေ့မိသားစု၏ ဂုဏ်သတင်းအပြင် ထိုအကြောင်းအရာများကြောင့် လီယန်သည် ပေါင်အန်းကျစ်နှင့် လက်တွဲဆောင်ရွက်ရန် သေချာလုနီးပါးပင် ဖြစ်သည်။

မည်သို့သော အလှည့်အပြောင်းမျိုးမျှ မဖြစ်ပေါ်သင့်ပေ။ လင်းဟုန့်ဖုန်သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်တွင် ပိတ်မိနေဆဲဖြစ်သည်၊ သို့ရာတွင် လင်းဟုန့်ဖုန်သည် နတ်အဆင့်သို့ ဝင်ရောက်ခဲ့လျှင်ပင် လီယန်သည် သူ့ကို နှိမ်နင်းနိုင်ဆဲဖြစ်သည်။ ထို့အပြင် ပေါင်အန်းကျစ်သည် သူနှင့်အတူ အတူပူပေါင်း လုပ်ဆောင်နေခဲ့သည်။ သို့သော် ၎င်းတို့ရောက်ရှိလာသောအခါ ထျန်ဟဲမြို့တွင် နတ်အဆင့် ဖြစ်ပုံပေါ်သော ကျွမ်းကျင်သူတစ်ဦးရှိနေမည်ဟု မည်သူ သိသနည်း။ သူသည် မြို့ပိုင်ရှင်၏ သမီးငယ်၏ ဆရာသာဖြစ်သော်ငြားလည်း လင်းဟုန့်ဖုန် ဘက်တွင်ရှိနေပါက ၎င်းတို့၏အကြံအစည်ကို များစွာထိခိုက်စေမည်မှာ သေချာသည်။

ထို့ကြောင့် ကျန်းဝေသည် ချူးယွင်ဖန်းကို မောင်းထုတ်ရန်အတွက် ပြောင်ပြောင်တင်းတင်း ရန်ဆွခဲ့ခြင်းဖြစ်သည်။ မှန်သည်၊ ချူးယွင်ဖန်းကို သတ်ဖြတ်နိုင်ပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သို့သော် နတ်အဆင့် ဝင်ရောက်ခါစ ကျွမ်းကျင်သူဟုသာ ထင်မှတ်ထားသည့် ဤမျှ အန္တရာယ်ကင်းပုံရသော ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူ၏ ဤဝေဖန်ပိုင်းခြားမှုသည် အသက်အရွယ်ပေါ် မူတည်ခဲ့သည်။ ချူးယွင်ဖန်းသည် ငယ်ရွယ်လွန်းလှသည်။ ဤအသက်အရွယ်တွင် နတ်အဆင့်သို့ ဝင်ရောက်ခြင်းသည် တုန်လှုပ်ဖွယ် ကောင်းနေပြီဖြစ်သည်။ ၎င်းသည် အံ့ဖွယ် ဖြစ်စဉ်တစ်ခုဖြစ်၍ ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ဖုံးကွယ်ထားမည်ဟု တွေးပင်မတွေးဝံ့ပေ။ ဤသို့ လွဲမှားသော စီရင်ချက်လေးတစ်ခုသည် သူ၏အသက်ကို ဆုံးရှုံးစေခဲ့လေသည်။

ထိုအချိန်တွင် လီယန်သည် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ၏အရောင်အဝါများ ပေါက်ကွဲထွက်လာခဲ့ရာ၊ ပေါင်အန်းကျစ်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် စတုတ္ထမြောက် နတ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ အင်အားကြီး အရောင်အဝါများ ပေါက်ကွဲလာ၍ ထျန်ဟဲမြို့၏ ထက်ဝက်ကျော်ခန့်ကို ဖုံးလွှမ်းသွားလေသည်။ ထျန်ဟဲမြို့ရှိ သိုင်းပညာရှင် အများအပြားသည် တုန်လှုပ်ခြောက်ခြားသွားကြသည်။

နတ်အဆင့်ရှိ ဖိအားများသည် ကနဦးကတည်းက မြို့ပိုင်ရှင်၏ စံအိမ်ထံမှ ပေါက်ထွက်နေခဲ့ခြင်းဖြစ်ရာ၊ နတ်အဆင့် တစ်ဦးထက်မက ရောက်ရှိနေကြောင်း သိသာထင်ရှားလှသည်။ လူများစွာသည် ယင်းကဲ့သို့ ဖြစ်သည့်အခါတိုင်း မြို့ပိုင်ရှင် အသစ်ကို ရွေးချယ်ခံရဖွယ်ရှိသည်ဟု ၎င်းတို့၏ဘိုးဘေးများထံမှ ဒဏ္ဍာရီများကို သတိရမိသွားလေသည်။

နတ်ကုန်းမြေရှိ မြို့အသီးသီး၏ မြို့ပိုင်ရှင်ရာထူးသည် အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ပေ။ ဂရုတစိုက် မပြုမူပါက မြို့ပိုင်ရှင်များသည်လည်း မောင်းထုတ်ခံရနိုင်သည်။ အုပ်ချုပ်မှု အပြောင်းအလဲရှိသည့်အခါတိုင်း သွေးရောင် မုန်တိုင်းများ ဖြစ်ပေါ်စေလိမ့်မည်။ အဆုံးတွင် အပြောင်းအလဲဖြစ်ပွားရန် အချိန်တန်ခြင်းဖြစ်လေသလော။

ဘုံး

ကောင်းကင်ယံသို့ အလင်းတန်းကြီးတစ်ခု မြင့်တက်လာ၍ အပေါ်ရှိ တိမ်ဖြူများ လွင့်စင်သွားခြင်းကို ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် အံ့မခန်းဖြစ်လှပေသည်။ ပြီးနောက် လင်းလက်တောက်ပမှုများအပေါ်ရှိ လေဖိနည်းအားရပ်ဝန်းမှ လှံတစ်စင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မရေတွက်နိုင်သော လင်းလက်တောက်ပမှုများ၏ ပေါင်းစည်းခြင်းဖြစ်လေသည်။ လှံရှည်သည် လေထုထဲတွင် ပို၍ ကျယ်ပြန့်၍ ပိုမို ရှည်လျားလာခဲ့သည်။ ခဏအကြာတွင် မီတာရာနှင့်ချီသည်အထိ ရှည်လျား၍ ကျယ်ပြန့်သော ကြောက်မက်ဖွယ် လှံတစ်စင်း ဖြစ်လာလေ၏။

၎င်းသည် သာမန်သိုင်းပညာ နယ်ပယ်ကို ကျော်လွန်၍ နတ်စွမ်းအင်အဆင့်သို့ပင် တိုးမြင့်လာခဲ့သည်။ ၎င်းကို နတ်အဆင့်မှ ကျွမ်းကျင်သူများသာ ပြုလုပ်နိုင်ကြသည်။ လူအများအပြားက ပို၍ပင် သေချာသွားသော အကြောင်းအရာမှာ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် အမှန်တကယ် လှုပ်ရှားနေခဲ့သည်။ မြို့ပိုင်ရှင် အိမ်တော်ရှိ လူများမဆိုနှင့် ထျန်ဟဲမြို့ရှိ လူတိုင်းသည်လည်း မြင်ဖူးခဲ့ကြသည်။ လှံရှည်သည် ၎င်းတို့ပတ်ဝန်းကျင်ရှိ လေထုအားလုံးကို အေးခဲသွားအောင် ပြုလုပ်ခဲ့သကဲ့သို့ ၎င်းတို့ကို အသက်ရှူရ ခက်ခဲစေသည်။

"ကျုပ်ကို ဒီအခြေအနေအထိ တွန်းပို့ခဲ့တဲ့အတွက် ခင်ဗျား ပေးဆပ်စေရမယ်"

လီယန်သည် လေထုထဲတွင် မြင့်မားစွာ ပျံသန်းလိုက်သည်။ သူ၏လက်တစ်ဖက်ကို မြှင့်တင်လိုက်ပြီးနောက် ရုတ်တရက် အောက်ဘက်သို့ ပစ်လွှဲလိုက်သည်။ ဧရာမ လှံကြီးသည် လျှပ်စီးကဲ့သို့သော အလျင်ဖြင့် ရုတ်တရက် ဆင်းသက်လာ၍ ချူးယွင်ဖန်းဆီ ပြင်းထန်စွာ ကျရောက်လာသည်။

"ကောင်းကင်တည်ငြိမ်ခြင်း လှံ"

ချူးယွင်ဖန်းသည် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ဘဲ ဧရာမ လှံကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။ မရေတွက်နိုင်သော အချက်အလက်များစွာသည် သူ၏မျက်လုံးထဲသို့ ခုန်ဝင်လာသကဲ့သို့ ထင်မှတ်ရစေသည်။

'မကောင်းတဲ့သိုင်းပညာတော့ မဟုတ်ဘူး။ ဒါပေမယ့် မပြည့်စုံတာက နှမြောစရာပဲ'' ချူးယွင်ဖန်းက ထိုသို့ တွေးလိုက်မိသည်။

သူက စွမ်းအင်လုံးကို ဖမ်းဆုပ်ကာ တိုက်ခိုက်ရန် လက်နက်အဖြစ် ပြောင်းလဲခြင်းကို နှစ်သက်ခဲ့သော်လည်း ၎င်းသည် သူ၏ ပြင်းထန်သော အတွင်းစွမ်းအင်များကို အတင်းအကျုပ် ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤကောင်းကင်တည်ငြိမ်ခြင်း လှံသည် ထူးခြားသော သိုင်းပညာတစ်ခုဖြစ်သည်။

ထိုအချိန်တွင် နတ်ဘုရားဝိညာဉ်သည် ချူးယွင်ဖန်း၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းသည် အရာအားလုံးကို သူ၏မျက်လုံးများမှတစ်ဆင့် မြင်တွေ့နေသကဲ့သို့ ထင်မှတ်ရစေသည်။ မရေတွက်နိုင်သော သတင်းအချက်အလက် အပိုင်းအစများ ထွက်ပေါ်လာကာ သူ၏ဦးနှောက်ထဲသို့ တိုးဝင်သွားခဲ့သည်။ တခဏအတွင်းမှာပင် သူသည် ကောင်းကင်တည်ငြိမ်ခြင်း လှံ၏ နည်းလမ်း အမျိုးမျိုးကို လျင်မြန်စွာ ပိုင်းခြားစိတ်ဖြာခြင်း၊ ၎င်း၏ ချို့ယွင်းချက်များကို တွေ့ရှိကာ ၎င်းတို့ကို အဆက်မပြတ် တိုးမြှင့်နေခဲ့သည်။ သူသည် တခဏချင်းမှာပင် ၎င်းကို အကြိမ်ပေါင်း ထောင်ချီ လေ့ကျင့်ခဲ့ရသကဲ့သို့ ဖြစ်နေသည်။

အဆုံးတွင် ချူးယွင်ဖန်းသည် ဤသိုင်းပညာကို ကျွမ်းကျင်တတ်မြောက်သွားခဲ့သည်။ သူသည် နည်းလမ်းဟောင်းများကို ဖယ်ရှား၍ နည်းလမ်းအသစ်များကို ဖန်တီးခဲ့သောကြောင့် နည်းပညာကို ပို၍ပင် အားကောင်းသွားစေသည်။ သူသည် ၎င်း၏ ချို့ယွင်းချက်အားလုံးကို စွန့်ပစ်၍ ပြီးပြည့်စုံသော နည်းလမ်းတစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တည်ငြိမ်ခြင်း လှံသည် သူ၏ခေါင်းပေါ်သို့ ကျရောက်လာလေသည်။ လှံ၏ စူးရှတောက်ပမှုသည် သူ့ကို ထိုးစိုက်တော့မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် လွတ်မြောက်နိုင်မည် မဟုတ်ဟု တွေးတော၍ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်နေကြချိန်၌ လှံသည် ချူးယွင်ဖန်းနှင့် သုံးလက်မအကွာတွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရပုံပေါ်သည်။ ထို့အပြင် လှံသည် တစ်စ တစ်စ ကွဲအက်စ ပြုလာသည်။ ခဏလေးအတွင်းမှာပင် လုံးလုံးလျားလျား ပြိုကျကာ ကောင်းကင်ယံသို့ ပြန့်ကျဲသွားသော လင်းလက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ အလင်းရောင်သည် အလွန်လှပ၍ ဆန်းကြယ်သော်လည်း ၎င်းသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"ချီးပဲ၊ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီယန်၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။

သူသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန်အတွက် ရှိသမျှ စွမ်းအင်အားလုံးကို အသုံးပြုခဲ့သော်လည်း ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။ ဤအခိုက်အတန့်တွင် ပေါင်အန်းကျစ် ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုကို သူ အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်။

"သိုင်းပညာက မဆိုးပါဘူး၊ ခင်ဗျားလက်ထဲမှာ အလဟသဖြစ်သွားတာတော့ နှမြောစရာပေါ့" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားက ကျုပ်ကို ဒီလောက်ကောင်းတဲ့ သိုင်းပညာကို သင်ပေးခဲ့မှတော့ ခင်ဗျားရဲ့ အကောင်းဆုံး သိုင်းပညာအောက်မှာ ခင်ဗျားကို သေခွင့်ပေးလိုက်မယ်"

ချူးယွင်ဖန်းသည် ထိုသို့ ပြောနေစဉ် သူ၏ညာလက်ကို မြင့်မားစွာ မြှောက်တင်၍ လက်ဖဝါးကို ဖြန့်ထုတ်လိုက်သည်။ မရေတွက်နိုင်သော အလင်းတန်းများသည် တခဏအတွင်းမှာပင် သူ၏လက်ထဲတွင် စုစည်းလာကာ ဓားသွားအဖြစ် ပြောင်းလဲသွားလေသည်။ ဤဓားသွားသည် မီတာတစ်ရာ အရှည်လျားသည်အထိ လေထုထဲတွင် လျင်မြန်စွာ ကြီးထွားလာသည်။ ကြောက်မက်ဖွယ် အလင်းရောင်တစ်ခုသည် တခဏချင်းမှာပင် နေရာပေါင်းစုံကို လွှမ်းခြုံသွားစေသည်။

၎င်းသည် လီယန် အသုံးပြုခဲ့သည့် ကောင်းကင်တည်ငြိမ်ခြင်း လှံနှင့် အတိအကျ ဆင်တူနေသည်။ ထိုနတ်အဆင့် သိုင်းပညာနှစ်ခုသည် ဆင်တူသည်ဟု ဆိုသင့်သော်လည်း ဤတစ်ခုသည် အဆင့်မြှင့်တင်ထားပုံပေါ်သည်။ တစ်ခုတည်းသော ခြားနားချက်သည် လှံမဟုတ်ဘဲ ဓားတစ်ချောင်း ဖြစ်နေခဲ့သည်။ ဓားသွားမှ ထုတ်လွှတ်လာသော ဖိအားသည် ထျန်ဟဲမြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် လီယန်၏ ကောင်းကင်တည်ငြိမ်ခြင်း လှံထက် များစွာ ပြင်းထန်လှသည်။

"မဖြစ်နိုင်ဘူး... အရမ်းမြန်လွန်းတယ်" လီယန်သည် မယုံကြည့်နိုင်ဖြစ်နေသည့်အပြင် မယုံကြည်ချင်ခဲ့ပေ။ ချူးယွင်ဖန်းသည် အချိန်တိုအတွင်းမှာပင် သူ၏ အစွမ်းထက်ဆုံး သိုင်းပညာကို သင်ယူတတ်မြောက်နိုင်ခဲ့သည်။

"ကျုပ်က ဒီလှုပ်ရှားမှုကို ကောင်းကင်ဖျက်ဆီးခြင်း ဓားသွားလို့ ခေါ်မယ်" ချူးယွင်ဖန်းသည် သူ၏ ညာဘက်လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ၊ မီတာတစ်ရာမျှ ရှည်လျားသော ဓားသည် ကျရောက်လာခဲ့သည်။ လီယန်သည် ခုခံရန် သို့မဟုတ် တုံ့ပြန်ရန်ပင် အချိန်မရှိခဲ့ဘဲ တိုက်ရိုက် ထိမှန်သွားလေ၏။

"အား" လီယန်သည် စူးရှစွာ အော်ဟစ်ပြီးနောက် လေထုထဲတွင် ပေါက်ကွဲသွားလေသည်။

All Chapters