← Chapters

အခန်း (၁၀၀၀-၁၀၀၂)

Vol. 67 Ch. 1000-1002

အခန်း (၁၀၀၀-၁၀၀၂)

Vol. 67 Ch. 1000-1002

အခန်း(၁၀၀၀) အမွေအနှစ်ပုလဲ

ဓားဖြင့် အပြင်းအထန်တိုက်ခိုက်ခံရ၍ လီယန်သေဆုံးသွားပြီးနောက် မြို့တော်သခင်၏ အိမ်တော်တွင် အသည်းတလှုပ်လှုပ်ဖြစ်နေခဲ့ကြသည့် ထျန်ဟဲအရာရှိများက နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြသည်။

၎င်းတို့က ချူးယွင်ဖန်းကို ထပ်မံကြည့်သောအကြည့်များအားလုံးပြောင်းလဲသွားကာ ယခင်ကနှင့်မတူတော့ပေ။ ၎င်းတို့က ချူးယွင်ဖန်းကို ဘယ်သောအခါတွင်မှ လျှော့တွက်ခဲ့ခြင်းမရှိခဲ့သည့်တိုင် အလေးအနက်လည်းမထားခဲ့ကြပေ။ သို့သော် အရာအားလုံးက ယခုအချိန်တွင် ကွာခြားသွားသည်။ ချူးယွင်ဖန်းက သူ၏ ခွန်အားကို အပြည့်အဝပြသခဲ့သည်ဖြစ်ရာ လူတိုင်း၏ လောကအမြင်များ ပြောင်းပြန်လန်သွားရသည်။

ထိုအချိန်၌ ထျန်ဟဲမြို့သခင် လင်ဟုဖုန်သည် နောက်ဆုံး၌ အနည်းငယ် သက်သာလာခဲ့သည်။

သူ့မျက်လုံးများတွင် သက်သာရာရသွားသည့် အရိပ်အယောင်များ ရှိနေသည်။ ဤတစ်ကြိမ်တွင် သမီးဖြစ်သူက မမျှော်လင့်ဘဲ ကောင်းစွာစွမ်းဆောင်နိုင်ခဲ့သည်။ သူမ၏ ဇွဲကြောင့်သာမဟုတ်လျှင်

ချူးယွင်ဖန်းထွက်သွားသည်မှာ ကြာပြီဖြစ်သည်။ ဤသို့သာဖြစ်ခဲ့ပါက ၎င်းတို့ ယနေ့ လွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်ပေ။

လီယန်ဖြစ်စေ ပေါင်အန်းကျစ်ဖြစ်စေ ၎င်းတို့က ကိုင်တွယ်၍ ရနိုင်သည့်သူများမဟုတ်ကြပေ။

ချူးယွင်ဖန်းက မြေပြင်ပေါ်သို့ ပြန်ဆင်းသက်လာသောအခါ လင်းဟုန့်ဖုန်က တာဝန်ရှိသူများနှင့်အတူ လျင်မြန်စွာ ဦးညွှတ်လိုက်ကြသည်။

“ဒီနေ့ ကျုပ်တို့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းချူး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ ဦးညွတ်တာကို လက်ခံပေးပါ”

ချူးယွင်ဖန်းက ငြင်းဆန်ခြင်းမရှိဘဲ အရိုအသေပေးမှုကို လက်ခံပြီးနောက် သူက ပြောလိုက်သည်။

“အရမ်းယဥ်ကျေးလွန်းနေပါပြီ သခင်လင်း၊ ကျုပ်က ချန်ရှီရဲ့ဆရာဆိုတော့ ခင်ဗျားတို့ ခံနေရတာကို မကြည့်ရက်ပါဘူး”

လင်းချန်ရှီက ချူးယွင်ဖန်းက သူမအမည်ကိုထည့်ပြောလိုက်သည်ကို ကြားလိုက်သည်နှင့် ရင်ဘတ်ကိုကော့ကာ ဂုဏ်ယူစွာကြည့်လိုက်သည်။

ယနေ့ နေ့လည်စာစားပွဲကို မကျင်းပနိုင်တော့သည့်တိုင် တာဝန်ရှိသူများက ပိုသက်တောင့်သက်သာရှိလာသည်။ ချူးယွင်ဖန်း၏တည်ရှိမှုကြောင့် ထျန်ဟဲသည် ယခုအခါ ထိုက်တောင်ကဲ့သို့ လုံခြုံနေပြီဖြစ်သည်။

သို့သော်၊ ၎င်းတို့၏အကြီးဆုံးကျောထောက်နောက်ခံဖြစ်သည့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ချူးယွင်ဖန်းကြောင့် ပျက်စီးသွားသည်ကို ၎င်းတို့မသိခဲ့ကြပေ။

လူများစွာက ချူးယွင်ဖန်း၏ လမ်းညွှန်မှုအောက်သို့ ၎င်းတို့၏ သားသမီးများကို လင်းချန်ရှီကဲ့သို့ စေလွှတ်ရန်စိတ်ကူးရှိခဲ့ကြသည်။ ထိုသို့ ကြီးမြတ်သော ဆရာဖြစ်သူနှင့် ဆက်သွယ်နိုင်ပါက ၎င်းတို့၏ အနာဂတ်အဆင့်အတန်းကို အာမခံနိုင်မည်ဖြစ်သည်။

"ဟိတ်ကောင်တွေ ဒီကောင်တွေကို ဆွဲထုတ်ပြီး ခေါင်းဖြတ်!"

လင်းဟုန့်ဖုန်၏ အမိန့်အရ လီယန် ခေါ်ဆောင်လာသော တပည့်များကို ဆွဲထုတ်ကာ ခေါင်းဖြတ်လိုက်သည်။ သခင်၏ အကာအကွယ်မပါသဖြင့် ၎င်းတို့က ယခင်ကကဲ့သို့ ၎င်းတို့၏ ခွန်အားကို မပြသနိုင်ကြဘဲ ကြောက်လန့်လျက်ရှိကြသည်။ နတ်ဘုရားကဲ့သို့ ရိုသေလေးစားခဲ့ကြရသည့် ၎င်းတို့၏ သခင်ကို ချူးယွင်ဖန်းကက တစ်ချက်တည်းထိုးသတ်လိုက်ခြင်းက မယုံနိုင်ချင်စဖွယ်ကောင်းလှ၏။

“လူကြီးမင်းချူး၊ ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ” လင်းဟုန့်ဖုန်က ပြောသည်။

လင်းဟုန့်ဖုန်သည် ချူးယွင်ဖန်းကို လျှို့ဝှက်ခန်းထဲသို့ ခေါ်သွားခဲ့သည်။ သူကလျှို့ဝှက်ခန်း၏ နံရံကို ခေါက်လိုက်ရာ ရုတ်တရက် ရှေးဟောင်း သေတ္တာတစ်ခု နံရံမှ ထွက်ပေါ်လာသည်။

လင်းဟုန့်ဖုန်က သေတ္တာကို ထုတ်ယူ၍ ချူးယွင်ဖန်းကို ပေးလိုက်သည်။

"လူကြီးမင်းချူး ကျုပ်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ပြန်ဆပ်ဖို့ နည်းလမ်းမရှိဘူး၊ လူကြီးမင်းရဲ့ ကျင့်ကြံရေးအတွက် ဒါကရိုးရှင်းတဲ့အရာတစ်ခု ဖြစ်နိုင်ပေမယ့် ကျုပ်တို့ တစ်မိသားစုလုံးအတွက် အသက်ကယ် ပစ္စည်းပဲ"

"ကျုပ်တို့မြို့က အရမ်းမချမ်းသာပါဘူး။ ကျုပ်တို့ပေးတဲ့ အရင်းအမြစ်တွေကလည်း လူကြီးမင်းအတွက် သိပ်အသုံးဝင်မှာမဟုတ်ဘူး။ ဒါပေမယ့် လူကြီးမင်း ဒါကို အသုံးချသင့်တယ်လို့ ထင်ပါတယ်”

လင်းဟုန့်ဖုန်၏စကားကိုကြားပြီးနောက် ချူးယွင်ဖန်းက သိချင်စိတ်ဝင်လာသဖြင့် သေတ္တာကိုယူ၍ ဖွင့်ကြည့်လိုက်ရာ သူ့မျက်စိရှေ့တွင် လက်သီးဆုပ်အရွယ်ရှိသော ပုလဲတစ်လုံးကို မြင်လိုက်ရသည်။

ချူးယွင်ဖန်းက ဤပုလဲတွင် အစွမ်းထက်သော စွမ်းအင်ပါရှိသည်ကို ချက်ချင်းနီးပါး ခံစားသိရှိနိုင်ခဲ့သည်။

"ဒါက... အမွေအနှစ်ပုလဲလား" ချူးယွင်ဖန်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ ဤပုလဲကအလွန် ပုံပျက်နေသော်လည်း ချူးယွင်ဖန်းသည် ၎င်းကို ချက်ချင်းမှတ်မိနိုင်သေးသည်။

ယင်းသည်ကားအမွေအနှစ်ပုလဲပင်ဖြစ်ရာ တန်စီယုတွင်ရှိသောအရာနှင့်အတူတူပင်ဖြစ်သည်။ ၎င်းတို့နှစ်ခုလုံးက အမွေအနှစ်ပုလဲများဖြစ်ကြသည်။ တန်စီယုတွင်ပြီးပြည့်စုံသောလမ်းညွှန်မှုနည်းလမ်းမရှိသော်လည်း အမွေအနှစ်ပုလဲကမူ မူလအတိုင်းပင်ဖြစ်သည်။

ချူးယွင်ဖန်ရှေ့ရှိ အမွေအနှစ်ပုလဲသည်မူ ပျက်စီးနေခဲ့ပြီဖြစ်ရာ အတွင်းစွမ်းအင်များကိုချိတ်ပိတ်ထားသော စည်းချိပ်ကြောင့်သာမဟုတ်ပါက အတွင်းစွမ်းအင်များက လုံးလုံးလျားလျား ပျောက်ကွယ်သွားပေလိမ့်မည်။

“မဆိုးပါဘူး လူကြီးမင်းချူးက မျက်စိကောင်းပါတယ်” လင်းဟုန့်ဖုန်က ခေါင်းညိတ်၍ ဆက်ပြောသည်။

“ဒါက တကယ့်ကို အမွေအနှစ်ပုလဲပါ။ ရိုးရိုးသားသားပြောရရင် ကျုပ်တို့ ဘိုးဘေးတွေက နတ်အဆင့်မှာ တစ်ချိန်ကရှိခဲ့ဖူးပါတယ်။ ကျုပ်တို့ မိသားစုကို အခု လက်ရှိ ထျန်ဟဲအုပ်ချုပ်သူတွေအဆင့်ရောက်လာအောင် ဆွဲခေါ်ပေးနိုင်ခဲ့တာ ဒီ ဘိုးဘေးပါပဲ”

"ဒါက သူချန်ထားခဲ့တဲ့ အရာပါ။ အကြီးအကဲတွေ လက်ဆင့်ကမ်းခဲ့တဲ့ နောက်ဆုံးစကားအရ ဒီပုလဲက နည်းနည်းတော့ပျက်ဆီးနေပေမယ့် လမ်းပြနည်းလမ်းမလိုအပ်တာကြောင့် လုံးဝစုပ်ယူလို့ရပါတယ်။ နတ်တွေအတွက် အရမ်းအသုံးဝင်တယ်” လင်းဟုန့်ဖုန်က ပြောသည်။

“လူကြီးမင်းချူးက ကျုပ်တို့ မိသားစုရဲ့အသက်ကိုကယ်ခဲ့တဲ့အတွက် ဒီပုလဲအပြင်ပြန်ပေးစရာ ဘာမှမရှိတော့ပါဘူး”

လင်းဟုန့်ဖုန်ရဲ့ နှလုံးသားက နာကျင်နေသော်လည်း မိသားစု၏ အသက်များနှင့်မူယှဥ်၍မရပေ။

တကယ်တမ်းတွင် ဤပုလဲက သူ့လက်ထဲ၌နှစ်အတန်ကြာတည်ရှိခဲ့ပြီးသော်လည်း တစ်ကြိမ်တစ်ခါမှ အသုံးမပြုခဲ့ပေ။ အခြေခံအကြောင်းအရင်းမှာ ထိုဘိုးဘေးပြီးနောက် မည်သူမျှ နတ်အဆင့်သို့မ‌ရောက်ရှိခဲ့ဖူးသောကြောင့်သာဖြစ်သည်။

ထို့ကြောင့် စွမ်းအင်များကို စုပ်ယူရန်မဆိုနှင့် စည်းချိပ်ကိုပင် မချိုးဖျက်နိုင်ကြပေ။

ထိုသို့ဖြစ်သဖြင့် ဤကျေးဇူးကို ပြန်ဆပ်ရန် ချူးယွင်ဖန်းအား ပေးလျှင် ပိုကောင်းပေလိမ့်မည်။ နောက်ဆုံးတွင်မူ ၎င်းတို့အတွက် အမွေအနှစ်ပုလဲက အသုံးမဝင်ပေ။ သို့သော် ချူးယွင်ဖန်းအတွက်မူ ဤသည်က ကွဲပြားသောကိစ္စတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းက ခေတ္တခဏ စဥ်းစားပြီးနောက် တိုက်ရိုက်ပြောလိုက်သည်။

“ဒါဆိုရင် ကျုပ် အားနာမနေတော့ပါဘူး”

အကယ်၍ ချူးယွင်ဖန်း၏ လက်ရှိကျင့်ကြံရေးအဆင့်နှင့် အခြားအရာများကို ဂရုစိုက်မည်မဟုတ်သော်လည်း ဤပုလဲကမူ အချိန်တိုအတွင်း သူ၏ ခွန်အားကိုတိုးမြင့်စေနိုင်သည်။

ဤသည်က သူ့အတွက် ယခုအချိန်တွင် အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ကျန်သောအရာများအားလုံးသည်မူ လေထဲမှ တိမ်များသာသာသာဖြစ်သည်။

လက်ရှိအချိန်တွင် သူက နတ် စတုတ္ထအဆင့်သို့ရောက်နေပြီဖြစ်၍ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ပဥ္စမအဆင့်သို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် ထိပ်ဆုံးသို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

သို့သော် ဤအဆင့်သည် ဖြတ်ကျော်ရန် အလွန်ခက်ခဲသည်။

သို့ပေကား ယခု အမွေအနှစ်ပုလဲဖြင့် အခက်အခဲအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဖြစ်သည်။

ရှေးဟောင်းလူသားကာလတွင် တစ်စုံတစ်ဦးသည် အမွေအနှစ်ပုလဲတစ်လုံးကိုရရှိခဲ့လျှင် ၎င်းတို့၏ စွမ်းအားက တစ်ညတာလုံးအရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့သည် ကမ္ဘာပေါ်တွင်ထိပ်တန်းဖြစ်လာခဲ့သည်။

သို့သော် ချူးယွင်ဖန်းက ဤအမွေအနှစ်ပုလဲပျက်ဆီးနေသည်ကို မြင်နိုင်သည်။ သို့ထိတိုင် ၎င်း၏စွမ်းအားက မပျောက်ကွယ်သွားသေးပေ။ စည်းချိပ်ကြောင့် ပျက်ဆီးခြင်းမရှိခြင်းဖြစ်ရာ စည်းချိပ်ဖွင့်လိုက်သည်နှင့် အတွင်းရှိ စွမ်းအင်များက စီးဆင်းလာသည်။

ထို့ကြောင့် ၎င်းသည် တန်စီယု၏လက်ထဲတွင်ရှိသော ထပ်ခါထပ်ခါ အသုံးပြုနိုင်သည့် အမွေအနှစ်ပုလဲနှင့်မတူပေ။

သို့သော်ငြားလည်း လက်ရှိ ချူးယွင်ဖန်းအတွက်မူ နှင်းတောထဲသို့ မီးသွေးပို့လိုက်သကဲ့သိုပင်ဖြစ်သည်။

“အပြန်အလှန်အရ ခင်ဗျားကို နတ်အဆင့်ရောက်အောင် ကူညီပေးပါမယ် သခင်လင်း” ချူးယွင်ဖန်းက ခေတ္တမျှ စဥ်းစားပြီးနောက် ပြောလိုက်သည်။

"ဘာကြီး" လင်းဟုန့်ဖုန်သည် ထိုစကားကိုကြားသောအခါတွင် သူသည် တခဏမျှ ထိတ်လန့်သွားပြီးနောက် စိတ်လှုပ်ရှားလာသည်။

အခန်း(၁၀၀၁) အဆင့်တက်ဖို့ အချိန်ပဲ

လင်းဟုန့်ဖုန်က အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။ နတ်အဆင့်သို့ တက်လှမ်းခြင်းသည် ၎င်းတို့၏ မျိုးနွယ်စုအတွက် မျှော်လင့်ချက်တစ်ခုဖြစ်သည်။ သူ၏ နတ်ဘိုးဘေးများက နတ်အဆင့်သို့ရောက်ရှိခဲ့ပြီးခဲ့ချိန်မှစ၍ ယခုအချိန်အထိ မည်သူမျှ ထိုအဆင့်သို့ မရောက်နိုင်ခဲ့ပေ။

ဘိုးဘေးက နတ်အဆင့်သို့ရောက်သွားသည်မှာလည်း မတော်တဆသာဖြစ်သည်။ ၎င်းတို့တွင် ပြီးပြည့်စုံသော အမွေဆက်ခံမှုမရှိသောကြောင့် သားစဉ်မြေးဆက်များက အဆက်မပြတ် နတ်အဆင့်သို့ဝင်ရောက်နိုင်သည့် အမွေဆက်ခံနိုင်စွမ်းရှိသော ဂိုဏ်းများနှင့်မတူပေ။

ယခု လင်းဟုန့်ဖုန်က နတ်အဆင့်သို့ ဝင်ရောက်ခွင့်ရှိပြီဖြစ်ရာ နတ်အဆင့်က ထျန်ဟဲအတွက် မည်သို့ဆိုလိုခြင်းဖြစ်ကြောင်းသံသယဖြစ်ဖွယ်ပင်မရှိပေ။ သူ့တွင် နတ်အဆင့်စွမ်းအားများရှိပါက ဤမျှလောက်ထိ လီယန်ကို ဦးညွတ်နေရလိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင်မူ ပေါင်အန်းကျစ်သည်ပင်

ဆွဲထုတ်ခံလိုက်ရသည်။

သူ့အတွက် ဤကတိက အခြားအရာများထက် ပိုအရေးကြီးသည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ လင်းဟုန့်ဖုန်၏ စိတ်လှုပ်ရှားမှုကို သူနားလည်နိုင်သည်။ သူ နတ်အဆင့်သို့မရောက်မီတွင် ၎င်းက အဆင့်သစ်တစ်ခုဖြစ်သောကြောင့် တစ်နေ့တွင် ဤအဆင့်သို့ဝင်ရောက်နိုင်ရန် တောင့်တခဲ့သည်။

သို့သော် ဤအမွေအနှစ်ပုလဲနှင့်နှိုင်းယှဉ်ပါက နတ်စွမ်းအင်ဖြည့်ဆေး၏တန်ဖိုးသည် ဘာမှမဟုတ်ပေ။ သူ့လက်ထဲတွင် နတ်စွမ်းအင်ဖြည့်ဆေးအများအပြားရှိသော်လည်း အမွေအနှစ်ပုလဲကို လွယ်လွယ်ကူကူ မရနိုင်ပေ။

“ကျုပ်မှာ နတ်စွမ်းအင်ဖြည့်ဆေးလို့ခေါ်တဲ့ ဆေးတစ်မျိုးရှိတယ်။ ခင်ဗျားရဲ့ လက်ရှိ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျင့်ကြံရေးနဲ့ဆိုရင် နတ်အဆင့်ကို တက်နိုင်ဖို့ အနည်းဆုံး ၇၀%အခွင့်အလမ်းရှိတယ်”

လင်းဟုန့်ဖုန်က စိတ်လှုပ်ရှားနေရာမှ ပြန်လည်အသိဝင်လာ၍ ခဏမျှစဥ်းစားလိုက်သည်။

“သခင်ချူး အခြားတစ်ယောက်ကို အဲ့ဆေးပေးလို့ရမလား”

"ဘယ်သူ့ကို ပေးချင်တာလဲ" ချူးယွင်ဖန်းက မေးသည်။

"ငါ့သား လင်းဟောက်ရန်" လင်းဟုန့်ဖုန်က ပြတ်ပြတ်သားသားပြောသည်။

ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်၏ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ကြည့်လိုက်သည်။ လင်းဟုန့်ဖုန်အတွက် နတ်အဆင့်သို့ဝင်ရောက်ရန် သွေးဆောင်မှုသည် ကြီးမားသော်လည်း၊ ဤအခွင့်အရေးကို သူ့သားအား ပေးလိုသောဆန္ဒရှိခဲ့ပါသည်။ ဒါက မိဘတွေလိုပါပဲ။

လင်းချန်ရှီကို အဘယ်ကြောင့်မပေးခိုင်းသည့်အကြောင်းပြချက်ကိုမူ ခန့်မှန်းရလွယ်သည်။ လင်းချန်ရှီက သူ့တပည့်ဖြစ်သည်ကို လူတိုင်းသိသည်။ ချူးယွင်ဖန်းက သူ့တပည့်ကို ဒုက္ခပေးလိမ့်မည်မဟုတ်ပေ။

မဖြစ်နိုင်ကြောင်း သိသာလှသည်။

ချူးယွင်ဖန်း၏ မိဘများသည်လည်း အလားတူပင်ဖြစ်ရာ တတ်နိုင်လျှင် သူ့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ပေလိမ့်မည်။

ဤသည်ကိုတွေး၍ ချူးယွင်ဖန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“ကိစ္စမရှိပါဘူး ကျုပ်ပေးလိုက်မယ်။ ဘယ်သူ့ကို ပေးမယ်ဆိုတာကတော့ ခင်ဗျားကိစ္စပဲလေ”

“ကျေးဇူးတင်ပါတယ် လူကြီးမင်းချူး” လင်းဟုန့်ဖုန်က ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။ ကျုပ်အတွက် ဒီ ပုလဲရဲ့ တန်ဖိုးက နတ်စွမ်းအင်ဖြည့်ဆေးထက် အဆပေါင်းများစွာ သာပါတယ်" ချူးယွင်ဖန်းက ပြုံးလျက်ပြောသည်။

"မိဘတိုင်းက သားသမီးကို ချစ်တတ်တာ နှမျောစရာပဲ။ နတ်စွမ်းအင်ဖြည့်ဆေးကို ခင်ဗျားအတွက်သိမ်းထားလိုက်ရင်ရော ဘယ်လိုလဲ။ ကျုပ် ခင်ဗျားကို နောက်တစ်ခုလုပ်ပေးလို့ရတယ်။ ဒါပေမယ့် လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေကို ခင်ဗျားမြို့က စုဆောင်းရမယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ နတ်သားရဲရဲ့ အတွင်းအူတိုင်ပဲ။ ခင်ဗျားသာ နတ်အဆင့်ရောက်သွားရင် တစ်ကောင်ကို ရနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။"

ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်၏ စကားကြောင့် ထိမိသွားသဖြင့် သူ့အတွက် နောက်ထပ် ဆေးတစ်လုံး ပြုလုပ်ပေးရန် ဆန္ဒရှိလျက်ရှိသည်။ နောက်ဆုံးတွင် အဓိကနှင့် ဖြည့်စွက်ပါဝင်ပစ္စည်းများအားလုံးကို ထျန်ဟဲမှ စုဆောင်းနိုင်သည်။ သူ၏ ကျင့်ကြံရေးအဆင့်ဖြင့် နတ်စွမ်းအင်ဖြည့်ဆေးကို သန့်စင်ရန် ခက်ခဲမည်မဟုတ်ပေ။

"တကယ်လား။ အရမ်းကောင်းတယ် ကျေးဇူးပါ လူကြီးမင်းချူး”

လင်းဟုန့်ဖုန်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ ဤသို့ မထင်မှတ်ဘဲ အံ့ဖွယ်ဖြစ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ လင်းဟောက်ရန်အပေါ်သို့ သူ၏ ချစ်ခြင်းမေတ္တာက ချူးယွင်ဖန်းကို ပြောင်းလဲသွားစေလိမ့်မည်ဟု သူမသိခဲ့ပေ။

"သြော်၊ လူကြီးမင်းချူး အခုကစပြီး သုံးလအတွင်းမှာ အိမ်နီးချင်းမြို့တစ်ခုမှာ ပူးတွဲပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မယ်။ လူကြီးမင်း အဆင်ပြေရင်…” လင်းဟုန့်ဖုန်က ချူးယွင်ဖန်းကို ညှိုးငယ်သောအမူအရာဖြင့် ကြည့်လိုက်သည်။

"ခင်ဗျား ကျုပ်ကို ဝင်ပါစေချင်တာလား အခြေအနေက ဘယ်လိုလဲ” ချူးယွင်ဖန်းက ပြောသည်။

လင်းဟုန့်ဖုန်က ဇာတ်လမ်းတစ်ခုလုံးကို ပြောပြသည်။ အနီးအနားတွင် ဝိဉာဥ်ကျောက်တွင်းတစ်ခု ရှိကြောင်း သိလိုက်ရသည်။ ဤသတ္တုတွင်းသည် အနီးနားရှိမြို့များစွာ၏ အသက်သွေးကြောဖြစ်သည်။ အနီးနားရှိ သိုင်းပညာရှင်များ ကျင့်ကြံရန် အသုံးပြုသော ဝိညာဉ်ကျောက်တုံး အများစုကိုထိုနေရာမှရရှိနိုင်သည်။

တစ်ချိန်တည်းတည်း၌ပင် ၎င်းသည် ဤမြို့ကြီးများအတွက် အရေးအကြီးဆုံး ဓနအင်အားလည်း ဖြစ်သည်။ အစောပိုင်းနှစ်များတွင် ဤမြို့များသည် မိုင်းတွင်း၌ အချင်းချင်း တိုက်ခိုက်ခဲ့ကြရာ ပြည်ပတပ်များ၏ ဖျက်ဆီးခြင်းခံရလုနီးပါးဖြစ်ခဲ့သည်။

ထိုအချိန်မှစ၍ ဤဝိဥာဉ်ကျောက်တွင်အား ပူးပေါင်းစီမံခန့်ခွဲရန် မြို့အများအပြား သဘောတူညီမှု ရရှိခဲ့ကြသည်။ ၎င်းတို့က စီမံခန့်ခွဲရန် လူများကို စေလွှတ်ကာ သတ္တုတွင်းကို အတူတူ လုပ်ကြသည်။ နောက်ဆုံးထွက်ကုန်များကို သတ်မှတ်ထားသော အချိုးအစားအလိုက် ပိုင်းခြားခွဲဝေယူကြသည်။

မည်သို့ခွဲမည်ဆိုသည်မှာ သုံးနှစ်တစ်ကြိမ်ကျင်းပသော ပြိုင်ပွဲအပေါ်တွင် မူတည်သည်။ သဘာဝကျစွာဖြင့် သန်မာသူသည် ပို၍ ရနိုင်သော်လည်း အင်အားနည်းသူကမူ အနည်းဆုံးရပေလိမ့်မည်။

ဝိညာဉ်ကျောက်တုံးများသည် သိုင်းပညာရှင်တစ်ဦး၏ ကျင့်ကြံမှုနှင့် ဆက်စပ်နေသည်။ အကယ်၍ ၎င်းတို့သည် တစ်ကြိမ်တွင် ဝိညာဉ်ကျောက်တုံးများ နည်းပါးလာပါက၊ နောက်တစ်ကြိမ်တွင် ၎င်းတို့သည် သဘာဝအားဖြင့် အင်အားနည်းသွားမည်ဖြစ်သည်။ ဝိဉာဥ်ကျောက်တုံး နည်းနည်းရလေလေ သံသရာက ပို၍ ဆိုးလေလေဖြစ်သည်။

အဆုံးတွင် သန်မာသူများသည် သန်မာနေမည်ဖြစ်၍ အားနည်းသူများသည် အားနည်းနေမည့် အခြေအနေတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ယခင်က ထျန်ဟဲ၏ ကိုယ်စားလှယ်သည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ကျွမ်းကျင်သူများဖြစ်ခဲ့သည်။ သို့သော် ယခုမူ ချူးယွင်ဖန်းက နတ်အဆင့်ပုဂ္ဂိုလ်များကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ခဲ့သောကြောင့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ပျက်ဆီးသွားပြီဖြစ်ကာ ထျန်ဟဲကို ဆက်လက် မကာကွယ်ပေးနိုင်တော့ပေ။

ဤသည်က အဘယ်ကြောင့် လီယန်ကို တန်ကြေးမြင့်မြင့်ပေးကာ ဝင်ပါခိုင်းခဲ့သည့် အဓိကအကြောင်းအရင်းပင်ဖြစ်သည်။ ထျန်ဟဲတွင် နတ်အဆင့်မရှိပါက စကားပြောခွင့်ရှိတော့မည်မဟုတ်ပေ။ ယင်းတွင် ပါဝင်ပတ်သက်ခွင့်ရခြင်းသည် အကျိုးအမြတ်များခွဲဝေခြင်းအပေါ် များစွာ အကျိုးသက်ရောက်မှုရှိသည်။

ယခင်ကလည်း တူညီသော အကြောင်းအရာများဖြစ်ပျက်ခဲ့သောကြောင့် လင်းဟုန့်ဖုန်က အလွန် စိုးရိမ်လျက်ရှိသည်။

“ကျုပ်သိပါပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်၍ ပြော၏။

"ကိစ္စမရှိပါဘူး လူကြီးမင်းချူး ခင်ဗျား ဘာမှလုပ်စရာမလိုပါဘူး။ ရှေ့ကတိုက်ပွဲတွေအားလုံးက ကျွမ်းကျင်သူတွေကြားပဲဖြစ်မှာပါ။ နောက်ဆုံးခွဲဝေမှုကို နတ်အဆင့်တွေက ဆုံးဖြတ်တာပါ။ သုံးလတောင်ကျန်သေးတယ်ဆိုတော့ ခင်ဗျားပေးမယ့် နတ်စွမ်းအင်ဖြည့်တင်းဆေးနဲ့ဆိုရင် နတ်အဆင့်ကို ကျုပ်လည်းတက်နိုင်လိမ့်မယ်။ အချိန်ကျလာရင် ကျုပ်ကို နည်းနည်းလေး ထောက်ပံ့ပေးဖို့ အပူကပ်ရရုံပါပဲ” လင်းဟုန့်ဖုန်က အမြန်အဆန်ပြောလိုက်သည်။

သူက ပထမနေရာအတွက် တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ လက်ရှိရနေသော ရှယ်ယာကိုသာ ထိန်းသိမ်းထားနိုင်ရန် ကြိုးစားလိုခြင်းဖြစ်သည်။ ဤသို့သောအ ခြေအနေတွင် သူတစ်ယောက်တည်း ကိုင်တွယ်နိုင်မည်ဟု ခံစားရသည်ဖြစ်ရာ ချူးယွင်ဖန်းကမူ အာမခံသက်သက်မျှသာဖြစ်သည်။

“ဒီလိုဆိုရင် ကျုပ်သွားပြီး တစ်ချက်ကြည့်ပေးမယ်လေ” ချူးယွင်ဖန်းက မငြင်းဆိုဘဲ ခပ်တိုးတိုးပြောလိုက်သည်။ နောက်ဆုံးတွင်မူ ဤနေရာသို့ သူရောက်လာရခြင်းမှာ ၎င်းတို့ကို ထောက်ပံ့ပေးရန်သာဖြစ်သည်။

နတ်ကုန်းမြေသို့ သူရောက်လာခဲ့သောကြောင့် ထိုနေရာကို ပိုမို၍ နက်နက်နဲနဲနားလည်ရန် လိုအပ်သည်။

ထို့အပြင် လအနည်းငယ်အတွင်းတွင် သူ၏ ခွန်အားက ပို၍ တိုးတက်လာနိုင်သည်။ ထိုအချိန်သို့ရောက်ပါက နတ်ကုန်းမြေတွင် သူ့ ကို ရင်ဆိုင်နိုင်မည့်သူ အများအပြားမရှိသင့်တော့ပေ။ အကယ်၍ ဤပြိုင်ပွဲတွငက် တစ်စုံတစ်ယောက်က ပြဿနာရှာနိုင်လျှင်ပင် ကိစ္စကြီးကြီးမားမားဖြစ်မည်မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် လူကြီးမင်းချူး” လင်းဟုန့်ဖုန်က သူ ယနေ့ အလွန် ကံကောင်းနေသည်ဟုခံစားရလျက် အမြန်ပြောလိုက်သည်။

“ဒါက နတ်စွမ်းအင်ဖြည့်တင်းဆေးပဲ” ချူးယွင်ဖန်းက ပြောသည်။

“ကျုပ် မနက်ဖြန် ခင်ဗျားတို့ဆီမှာ နေရာခဏငှားပြီး သီးသန့်ကျင့်ကြံရမယ်။ ကျုပ်တိုးတက်လာဖို့ အချိန်ပဲ”

အခန်း(၁၀၀၂) နတ်အဆင့် ပဥ္စမအဆင့်ကို ဖြတ်ကျော်ခြင်း

“ပြဿနာမရှိပါဘူး။ ကျုပ်ချက်ချင်း စီစဥ်လိုက်ပါ့မယ်။ ဘယ်သူမှ ခင်ဗျားကို နှောက်ယှက်နိုင်မှာမဟုတ်ပါဘူး လူကြီးမင်းချူး” လင်းဟုန့်ဖုန်က အမြန်ပြောလိုက်သည်။

ယနေ့ ရရှိလာသော ပစ္စည်းများက အလွန်ကောင်းမွန်လွန်းလှသဖြင့် ဝါးမြိုရန် အချိန်လိုအပ်သည်။

လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့က ဖခင်ထံမှ နတ်စွမ်းအင်ဖြည့်တင်းဆေးအကြောင်းကြားလိုက်ရသောအခါ အလွန်တုန်လှုပ်သွားကြသည်။

နတ်ကုန်းမြေ၌ပင်လျှင် ကံမကောင်းပါက နတ်အဆင့်သို့ရောက်နိုင်ရန် အလွန်ခက်ခဲလှသည်။

ယခုမူ ချူးယွင်ဖန်းက ပေးသည့် နတ်စွမ်းအင်ဖြည့်တင်းဆေးသည် ထိုအခွင့်အရေးကို

ခုနစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်နေပြီဖြစ်သဖြင့် ဤသည်က အလွန် အံ့သြဖွယ်ကောင်းလှသည်။

မှန်သည်။ ချူးယွင်ဖန်းက ၎င်းတို့နှင့်နောက်ပြန်ရန် မလိုအပ်ကြောင်း ကျိန်းသေသိထားကြသည်။ သူ၏ နောက်ပြောင်ခြင်းခံရရန်အထိ ၎င်းတို့က အရည်အချင်းမရှိပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ချူးယွင်ဖန်းတွင် အမှန်ပင် ထိုသို့သော လုပ်နိုင်စွမ်းရှိသည်သာဖြစ်သည်။

လင်းဟုန့်ဖုန်က လင်းချန်ရှီကိုကြည့်၍ စိတ်အားထက်သန်စွာပြောလိုက်သည်။

"ချန်ရှီ၊ နောင်ကျရင် လူကြီးမင်းရွှယ်ကို ပိုပြီး လေးစားရမယ်။ သူက နတ်ဘုရားတွေကြားမှာ ကျွမ်းကျင်သူတစ်ယောက်ဆိုတာ ငါမြင်နိုင်တယ်။ သမီး သုံးဘဝလောက် ကောင်းကောင်း လေ့ကျင့်ပြီး သူ့တပည့်ဖြစ်လာတာ ကောင်းချီးတစ်ခုပဲ။ အရမ်း ဟော့ဟော့ရမ်းရမ်းမနေပါနဲ့။ နားလည်လား”

“သမီး နားလည်ပါတယ်။ ဒါပေမယ့် သမီး ဘယ်တုန်းက ဟော့ဟော့ရမ်းရမ်းနေလို့လဲ” လင်းချန်ရှီက ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်းကို သူမပိုနားလည်လေလေ ဤဘဝ၏ ကံကောင်းမှုအားလုံးက ဤအခိုက်အတန့်တစ်ခုသို့ စုပြုံနေသည်ဟု ခံစားရလေလေဖြစ်သည်။

လင်းဟောက်ရန်က ညီမဖြစ်သူကို မနာလိုစွာကြည့်နေသည်။ ဆရာကောင်းတစ်ယောက်ရှိရန် မည်မျှ အရေးကြီးကြောင်း သူ ကောင်းစွာသိသည်။ ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်ကဲ့သို့ အပြင်လူကို နတ်အဆင့်သို့ရောက်ရန် ကူညီပေးလိုပါက တပည့်အရင်းဖြစ်သော လင်းချန်ရှီသည်လည်း အနာဂတ်တွင် မလွဲဧကန် နတ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။

ဤသည်က လူများစွာ မနာလိုဖြစ်နေရသည့် အကြောင်းပင်ဖြစ်၏။

လင်းဟုန့်ဖုန်က အလွန် ထိမိသွားသည်။ ယခင်ကလည်း ချူးယွင်ဖန်းနှင့် ပူးပေါင်းရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။ ယခုမူ သူသည် ၎င်းကို တုံ့ဆိုင်းခြင်း သို့မဟုတ် နောင်တမရရန် ဆုံးဖြတ်ချက်ချခဲ့သည်။

အကယ်၍၎င်းတို့ မိသားစု သုံးယောက်သာ နတ်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်နိုင်ပါက ၎င်းတို့သည် ချူးယွင်ဖန်းဘက်တွင် ရပ်တည်နေနိုင်မည်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် လင်းမိသားစု သမိုင်းတွင် အခမ်းနားဆုံး အခိုက်အတန့်ဖြစ်လာပေလိမ့်မည်။

“ဟောက်ရန် ကျန်တာကို မင်းနဲ့အပ်ထားခဲ့မယ်။ လူကြီးမင်းချူးကို ဘယ်သူ့ကိုမှ မနှောင့်ယှက်စေနဲ့။ နောက်ပြီး လူကြီးမင်းချူး ပေးတဲ့စာရင်းထဲက ဆေးဖက်ဝင်အပင်တွေကို စုဆောင်းပါ။ ဒါက မင်းနတ်အဆင့်ကို ဝင်နိုင်မလားဆိုတာနဲ့ သက်ဆိုင်တယ်ဆိုတော့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းပြနေစရာမလိုဘူးလို့ မျှော်လင့်ပါတယ်" လင်းဟုန့်ဖုန်ကပြောသည်။

လင်းဟုန့်ဖုန်၏ မျက်နှာသည် သူ့ကလေးများအပေါ် ချစ်ခင်တွယ်တာမှုအပြည့်ရှိသည်။ သူ့အတွက် သူသည် အသက်ကြီးနေပြီဖြစ်၍ နတ်အဆင့်သို့ လှမ်းရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် သူ၏အနာဂတ်အလားအလာသည် သူ့သားနှင့်သမီးကို နှိုင်းယှဉ်၍မရပေ။မိသားစု၏အနာဂတ်သည် သူ့ကလေးနှစ်ယောက်အပေါ်တွင် မှီခိုနေရသည်။

"သားနားလည်ပါတယိ ကျန်တဲ့ကိစ္စကို သားနဲ့ထားခဲ့ပါ” လင်းဟုန့်ရန်က ခိုင်မာစွာပြောသည်။

ဤသည်ကို မည်သူကိုမျှ ဖျက်ဆီးခွင့်မပေးနိုင်ပေ။ ဤသည်က နတ်အဆင့်သို့ ဝင်ရောက်ရန် သူ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။

***

ချူးယွင်ဖန်းသည် လင်းမိသားစု စီစဉ်ပေးသော အခန်းထဲသို့ ဝင်လိုက်သည်။

အလွန်ကျယ်ဝန်းသော ဆိတ်ငြိမ်သည့် ကျင့်ကြံရေးအခန်းတစ်ခုဖြစ်သည်။ သာမာန်အားဖြင့် လင်းဟုန့်ဖုန်ကသာ သုံးလေ့ရှိသည်ဖြစ်ရာ အခင်းအကျင်းများနှင့် အတားအဆီးများစွာကို ၎င်းပတ်ဝန်းကျင်တွင် ထည့်သွင်းထားသည်။

ချူးယွင်ဖန်းဝင်လာပြီးနောက် လုံခြုံရေးရည်ရွယ်ချက်အတွက် အတားအဆီးတစ်ခုကို တိတ်တဆိတ် ထူထောင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ သီးသန့်ကျင့်ကြံမည့် နေရာမှာ တောင်မြစ်ပန်းချီကားအတွင်းတွင်ဖြစ်သောကြောင့်ပင်ဖြစ်၏။

တောင်မြစ်ပန်းချီကားတွင် ချူးယွင်ဖန်းသည် လေထုအလယ်၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခန္ဓာကိုယ်သည် ဆွဲငင်အား လုံးဝကင်းစင်နေကာ သူ့ရှေ့တွင် ကျိုးပဲ့နေသော ပုလဲတစ်လုံးရှိသည်။

ချူးယွင်ဖန်းက သူ၏နတ်ဘုရားကျင့်စဉ်ကို ဖြန့်ကျက်နေချိန်၌ အမွေအနှစ်ပုလဲအောက်၌ လက်တစ်ဖက်ဖြင့် ခံထားသည်။ ချက်ချင်းပင် အမွေအနှစ်ပုလဲကို ဖုံးအုပ်ထားသည့် အတားအဆီးက အက်ကွဲသွားကာ အတွင်းမှ စွမ်းအင်များ အဘက်ဘက်သို့ ပျံ့နှံ့လာသည်။

ချူးယွင်ဖန်းက ပါးစပ်ကိုအနည်းငယ်ဟကာ အရှိန်ပြင်းသော စုပ်ယူအားကို ချက်ချင်းဖွဲ့စည်းလိုက်သည်။ ပြည့်လျှံနေသော စွမ်းအင်များက ရှည်လျားသော မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားကာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ဘမ်း

ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ကြီးမားသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ ဤစွမ်းအင်သည် သဘာဝ၏ ဝိညာဉ်စွမ်းအင်ထက် များစွာ သန့်စင်ပါ၏။

သဘာဝဝိဉာဉ်စွမ်းအင်သည် တိုက်ရိုက်သုံး၍မရသော အသန့်စင်ဆုံး ကုန်ကြမ်းဖြစ်သည်။ ကျင့်ကြံသူတစ်ဦးက ၎င်းကိုအသုံးပြုလိုပါက ၎င်းတို့သည် ၎င်းကို ၎င်းတို့၏ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲကာ စီမံဆောင်ရွက်ရမည်ဖြစ်သည်။ ကျင့်ကြံရေးစနစ် အားကောင်းလေလေ၊ လုပ်ငန်းစဉ်က ပိုလေးနက်လေလေဖြစ်၍ ၎င်းအား အံ့ဩဖွယ်ရာ စွမ်းအားများကို ပို အသုံးချနိုင်လေလေ ဖြစ်သည်။

ဤအမွေအနှစ်ပုလဲရှိ စွမ်းအင်သည် အကြိမ်ရေမရေမတွက်နိုင်အောင် ပြုပြင်ထားသည့် သဘာဝ ဝိညာဉ်စွမ်းအင်ဖြစ်ကာ အရည်အသွေးမြင့်မားသည်။

ဤသည်မှာ အမွေအနှစ်ပုလဲမှ စွမ်းအင်ရရှိသူများ အချိန်တိုအတွင်း ၎င်းတို့၏ ကြီးမားသော တိုးတက်မှု ရရှိစေသည့် အကြောင်းရင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သဘာဝ ဝိညာဉ်စွမ်းအင်ကို သန့်စင်ခြင်းသည် အချိန်ကုန်ဆုံး လုပ်ငန်းစဉ်ဖြစ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် ဤစွမ်းအင်ကို အမွေဆက်ခံသူ၏ ခွန်အားက သဘာဝအတိုင်း အလွန်လျင်မြန်စွာ ခုန်တက်သွားနိုင်ခြင်းဖြစ်သည်။

သို့သော် ၎င်းသည် အတွင်းစွမ်းအင်ကို စုပ်ယူရုံဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။ စွမ်းအင်အလွန်အကျွံရှိနေပါက ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ နေ့ချင်းညချင်း တိုးတက်လာသည်ဟု ကောလဟာလများ ထွက်နေတဲ့သူများသည် ယင်းကို အလွန်အကျွံ စုပ်ယူကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လုံးလုံးပေါက်ကွဲ၍ မသေလျှင်ပင် နောက်ထပ်တိုးတက်နိုင်ခြေကို ဆုံးရှုံးသွားရပေလိမ့်မည်။

သာမာန်လူတစ်ယောက်သည် ဤစွမ်းအင်ကို စုပ်ယူရန် အချိန်အတော်ကြာယူရမည်ဖြစ်သော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်းက ဧကရာဇ်ကိုယ်ခန္ဓာ၊ မိုးကြိုးကိုယ်ထည်နှင့် နတ်ဘုရားကျင့်စဉ်တို့ကို အပြည့်အဝထုတ်သုံးနိုင်သည်။

ချူးယွင်ဖန်းသည် ပုလဲ၏စွမ်းအင်ကို ရူးသွပ်သောအရှိန်ဖြင့် သန့်စင်လိုက်သည်။ သူ၏ သန့်စင်မှုအမြန်နှုန်းသည် သာမန်လူများထက် အဆများစွာ ပိုမြန်သည်။ စွမ်းအင်ကို စုပ်ယူပြီးနောက် အနည်းငယ်မျှ အတားအဆီးမရှိဘဲ သူ့ကိုယ်ပိုင်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။

သို့သော် စွမ်းအင်များစွာရှိ၍ အရာအားလုံးက သူ့ဆီသို့ ဝိုင်းအုံလာသဖြင့် ချူးယွင်ဖန်းက အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ၊ သူသည် ဤစွမ်းအင်ကို တစ်ဖြည်းဖြည်း ဝါးမျိုသွားကာ ၎င်းကို သူ့ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲလျက် ကျန်အချိန်များကို နတ်အဆင့် ပဥ္စမအဆင့်သို့ ဖြတ်ကျော်ရန် ကြိုးစားနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားသည်။ တောင်မြစ်ပန်းချီပါးတွင် ချူးယွင်ဖန်းသည် ရုတ်တရက် မျက်လုံးပွင့်လာကာ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

သူသည် နတ်အဆင့် စတုတ္ထအဆင့် အထွတ်အထိပ်၏ အတားအဆီးများကို ကျော်လွန်ခဲ့သည်။

လှိုင်းလုံးကြီးတစ်ခုက ပြင်းထန်သော ဒီရေအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျံတက်သွားသည်။

"နောက်ဆုံးတော့ ငါပဥ္စမအဆင့်ကို ရောက်သွားပြီ"

ချူးယွင်ဖန်းသည် မျက်လုံးများကိုဖွင့်ကာ ဖြည်းညှင်းစွာ အသက်ရှုထုတ်လိုက်ပြီးနောက် ဓားဖြူတစ်လက်အဖြစ်သို့ ပြေးထွက်သွားသည်။

All Chapters