← Chapters

အခန်း (၁၀၀၃-၁၀၀၅)

Vol. 67 Ch. 1003-1005

အခန်း (၁၀၀၃-၁၀၀၅)

Vol. 67 Ch. 1003-1005

အခန်း(၁၀၀၃) နတ်အဆင့် ပဥ္စမအဆင့်အထွတ်အထိပ်

နတ်အဆင့် ပဉ္စမအဆင့်သို့ တက်လှမ်းပြီးနောက် ချူးယွင်ဖန်း၏ စွမ်းရည်များသည် ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။ ယခင်ကနှင့် ယှဉ်လျှင် သူသည် လုံးဝ အဆင့်သစ်တစ်ခုသို့ ရောက်နေပြီဖြစ်သည်။

ဤအောင်မြင်မှုက တစ်လခန့်ကြာခဲ့သည်ဖြစ်ရာ ယင်းကို အလွန်ချောမွေ့သည့် အဆင့်ဖြတ်ကျော်မှုဟု ယူဆနိုင်သည်။

ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် အခြေအနေတစ်ခုတွင် လူမည်မျှ ပိတ်မိနေမည်နည်း။

ယခုမှသာလျှင် ချူးယွင်ဖန်းသည် အမွေအနှစ်ပုလဲ၏ မှော်ဆန်သည့်အကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ ပုလဲတွင်ပါရှိသော ကြီးမားသောစွမ်းအားသည် ဆဲလ်တိုင်းတွင် ပြန့်ကျဲနေကာ ခွန်အားတိုးစေသည်။ စွမ်းအားကို စုပ်ယူသူသည် ၎င်းကို အပြည့်အဝ မချေဖျက်နိုင်လျှင်ပင် ၎င်းတို့ကိုယ်တိုင် ဖြည်းညှင်းစွာ ချေဖျက်နိုင်သည်။

ဤစွမ်းအင်သည် သဘာဝ ဝိညာဉ်စွမ်းအင်ကဲ့သို့ မသန့်စင်ရသေးသော စွမ်းအင်မျိုးမဟုတ်ဘဲ အကြိမ်ထောင်ပေါင်းများစွာ သန့်စင်ထားသည့် သန့်စင်သောစွမ်းအင်တစ်မျိုးဖြစ်သည်။

၎င်း၏ကိုယ်ပိုင်စွမ်းအင်နှင့် လုံး၀သဟဇာတမဖြစ်နိုင်သော်လည်း ၎င်းကိုအသုံးပြုသည့်အခါတွင် ကြီးမားသောတိုးတက်မှုကို ရရှိနိုင်သည်။

အထွတ်အထိပ်သို့ရောက်လိုသော ချူးယွင်ဖန်းကဲ့သို့သောသူတစ်ယောက်သာ ဤကဲ့သို့သောအရာများကို အထူးအာရုံစိုက်မည်ဖြစ်သည်။

ထို့အပြင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သူဖြစ်သဖြင့် သဘာဝအတိုင်း အလွန်မြင့်မားသည့် အားသာချက်တစ်ခုရှိနေသည်။

ဤစွမ်းအားကို စုပ်ယူစားသုံးခြင်း၏ ထိရောက်မှုသည် သာမန်လူတို့ထက် များစွာသာလွန်သည်။

သို့ထိတိုင် အမွေအနှစ်ပုလဲထဲမှ စွမ်းအားများစွာ ထွက်နေသေးသည်။

ချူးယွင်ဖန်းက တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သီးသန့်လေ့ကျင့်မှုမှ မထွက်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် သူ့မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

ထိုအချိန်တွင် ထျန်ဟဲမြို့တော်သခင်၏အိမ်တွင် လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့သည် ဖခင်၏အခန်းအပြင်ဘက် တံခါးရှေ့တွင် အကြိမ်ကြိမ်အခါခါ ဖြတ်သွားဖြတ်လာလုပ်နေကြသည်။

"သူ မထွက်လာတာကြာပြီ အဖေ အောင်မြင်သလား၊ မအောင်မြင်ဘူးလား" လင်းဟောက်ရန်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။

“အဖေ သေချာပေါက် အောင်မြင်မှာပါ” လင်ချန်ရှီက အခိုင်အမာပြောသည်။

ချူးယွင်ဖန်း၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် တောက်ပလာသည်။ အောင်မြင်ရန် အခွင့်အလမ်း ခုနစ်ဆယ်ရာခိုင်နှုန်းရှိသည်ဟု ဆရာဖြစ်သူက ပြောခဲ့သောကြောင့် ပြဿနာအထူးတလည်မရှိသင့်ပေ။

"နင်ပြောတာ မှန်တယ်" လင်းဟောက်ရန်က ခေါင်းညိတ်လိုက်သည်။

သူ အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။ ဤသည်က သူတို့၏မိသားစုအတွက် မည်မျှအရေးကြီးသည်ကို သူတို့ကိုယ်တိုင်သာလျှင် သိသည်။

ယခုလည်း နောက်ဆုံးတွင် သီးသန့်လေ့ကျင့်မှုမှထွက်းန် အချိန်တန်ပြီဖြစ်သည်။ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုသည် ဤရွေ့လျားမှုတစ်ခုပေါ်တွင်မူတည်ကာ အနာဂတ်တွင် လင်းဟောက်ရန်က နတ်အဆင့်သို့ တက်လှမ်းနိုင်၊ မလှမ်းနိုင်ကိုပင် သက်ရောက်မှုရှိမည်ဖြစ်သည်။

ရုတ်တရက်ဆိုသကဲ့သို့ ကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအင်သည် မမြင်နိုင်သောစွမ်းအားတစ်ခုဖြင့် စုစည်းနေသကဲ့သို့ ပြင်းထန်စွာလှုပ်ခတ်လာသည်။

လင်းဟုန့်ဖုန် သီးသန့်ကျင့်ကြံနေသော နေရာ၏ အထက်မှ ဝိညာဉ်စွမ်းအင်သည် အိမ်ကြီးတစ်ခုလုံး၏အရွယ်အစားနီးပါး ကြီးမားသောမျက်နှာကျက်ကို ဖန်တီးပေးခဲ့သည်။

"ဖေဖေ လုပ်လိုက်တာ” လင်းဟောက်ရန်က စိတ်တည်ငြိမ်မှု ပျောက်ဆုံးလုနီးပါး ရွှင်မြူးသွားသည်။ သူ အလွန် စိတ်လှုပ်ရှားနေမိသည်။ နတ်အဆင့်သို့ မရောက်ဖူးသော်လည်း နတ်အဆင့်ကို ဖြတ်ကျော်သွားသောအခါ ဖြစ်ပေါ်လာမည့် ဖြစ်စဉ်အချို့ကို သူသိသည်။

သူ့ဦးခေါင်းထက်တွင် ဖုံးအုပ်ထားပုံက လူ့လောက၏ ရှင်ဘုရင်ကဲ့သို့ပင်ဖြစ်ရာ ဤသည်ကား နတ်အဆင့် အောင်မြင်မှု မြင်ကွင်းဖြစ်သည်။

ယထု ဤကဲ့သို့ ထူးဆန်းသော ဖြစ်စဉ်တစ်ခုက ကမ္ဘာပေါ်တွင် ပေါ်လာပြီဖြစ်သဖြင့် သူ့အဖေ အဆင့်တက်သွားသည်မှာ သံသယဖြစ်စရာ မရှိပေ။

ဖခင်ဖြစ်သူ၏ အောင်မြင်မှုနှင့်အတူ၊ ၎င်းတို့၏ မိသားစု၏ အုပ်ချုပ်မှု အနေအထားမှာ တည်ငြိမ်လာခဲ့သည်။ မြို့သူမြို့သားတိုင်းသည် နတ်အဆင့်တွင်မရှိကြသဖြင့်

၎င်းတို့အတွက် ဤအရာက အံ့ဖွယ်တစ်ခုကဲ့သို့ပင်ဖြစ်၏။

လင်းချန်ရှီကလည်း ကောင်းကင်ယံကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေသည်။

နောက်ထပ်တစ်နာရီခန့်ကြာစောအခါ အလင်းများ ပျောက်သွားသည်။ ဆိုလိုသည်မှာ လင်းဟုန့်ဖုန်သည် နောက်ဆုံးတွင် နတ်အဆင့်သို့ ဖြတ်ကျော်ရန် စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်နေ့များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ မောင်နှမနှစ်ယောက် ယခုအချိန်တွင် မည်သည့်စိတ်ဒုက္ခကိုမျှ မခံစားရပေ။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် အချိန်ကုန်သွားသည်ဟု ခံစားနေရသည်။

"ဟားဟားဟား”

ရယ်မောသံနှင့်အတူ လင်းဟုန့်ဖုန်က အခန်းအပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ တံခါးအပြင်တွင် စောင့်နေသော သူ့ကလေးများကို ကြည့်လိုက်သောအခါ သူ့မျက်နှာထက်၌ သက်သာရာရကြောင်း အရိပ်အမြွက်များ ဖော်ပြလာသည်။

"ဖေဖေ၊ အဆင့်တက်သွားပြီလား"

"အင်း ငါနတ်အဆင့်ကို ဖြတ်ပြီးသွားပြီ။"

"ငါတို့ဘိုးဘေးတွေပြီးရင် လင်းမိသားစုထဲက တစ်ယောက်ယောက်က နောက်ဆုံးတော့ ကွဲပြားအောင်လုပ်နိုင်ခဲ့ပြီ။ မကြာခင် မင်းအလှည့်ရောက်တော့မယ်"

"အဲ့တာ အရမ်းကောင်းတယ်!" လင်းချန်ရှီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သူမ၏ လှပသော မျက်နှာက သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

"ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါတွေအားလုံးက လူကြီးမင်းချူးရဲ့ ကျေးဇူးပဲ၊ ငါတို့ သူ့ဆီက အများကြီးရခဲ့တယ်"

သို့သော် လင်းဟုန့်ဖုန်က အမွေအနှစ်ပုလဲမရှိလျှင် ချူးယွင်ဖန်း၏အောင်မြင်မှုက နှောင့်နှေးလိမ့်မည်ဟု မခံစားရပေ။ အခြားတစ်ဖက်တွင်မူ သူ့တွင် နတ်စွမ်းအင်ဖြည့်တင်းဆေးမရှိပါက…

၎င်းတို့ကြားမှ ခြားနားချက်က ကောင်းကင်နှင့် မြေကြီးကြားက ကွာခြားချက်ကဲ့သို့ပင်ဖြစ်သည်။

လင်းဟုန့်ဖုန်သည် ယခုမှပင် အဆင့်တက်သွား၍ ယခုအခါ ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို သွားနိုင်သည်ဟု ခံစားမိသည်။

သို့သော်လည်း ဘေးအိမ်က အခန်းမှ ချူးယွင်ဖန်း၏ ရောင်ဝါ ထွက်လာသည်ကို သူ ခံစားလိုက်ရသည်။ ရှင်းရှင်းလင်းလင်း မသိရ၍ အတွင်းပိုင်းအခြေအနေကို ယောင်ဝါးဝါးသာ ခံစားနိုင်သော်လည်း ရောင်ဝါသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ပင် နားမလည်နိုင်အောင်ဖြစ်ခဲ့ရသည်။

သူ မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိခဲ့စဉ်က ချူးယွင်ဖန်းမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မခံစားနိုင်ခဲ့ပေ။ ထိုစဉ်က သူသည် ဘက်တီးရီးယားတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ရာ သမုဒ္ဒရာ၏ ကျယ်ပြောလှသော ခမ်းနားမှုကို မည်သို့ ခံစားနိုင်မည်နည်း။

၎င်းတို့က ကမ္ဘာတစ်ခုတည်းတွင် မရှိခဲ့ကြပေ။

ယခုမူ လင်းဟုန့်ဖုန်သည် နတ်အဆင့်သို့ တက်လှမ်းခဲ့၍ သူ၏ခွန်အား ကြီးမားသောပြောင်းလဲမှုကို ရင်ဆိုင်ပြီးနောက်၊ သူနှင့် ချူးယွင်ဖန်းကြားကွာဟချက် လျော့နည်းသွားသည်ဟု သူထင်ရမည့်အစား သူတို့ကြားက ကွာဟချက်က ပိုကြီးလာသည်ဟု ခံစားခဲ့ရသည်။

နတ်အဆင့်သို့ ရောက်ခဲ့သော်လည်း ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေသေးသည်။

ချူးယွင်ဖန်းက အလိုရှိလျှင် တစ်ချက်တည်းဖြင့် ပုတ်သတ်လိုက်နိုင်သည်။

"အင်း မင်း ငါခိုင်းတဲ့ ဆေးဖက်ဝင်အပင်တွေကို စုပြီးပြီလား" လင်းဟုန့်ဖုန်က မေးသည်။

“အားလုံးပြီးပါပြီ၊ ဒါပေမယ့် နတ်သားရဲရဲ့ အတွင်းအူတိုင်ကိုတော့ မရနိုင်ခဲ့ပါဘူး” လင်းဟောက်ရန်က ပြောသည်။

ပြည်ထောင်စုတွင် ကူညီရန် နတ်ဘုရားမရှိသော်လည်း၊ ၎င်းတို့သည် ပေးဆောင်ရန်ဆန္ဒရှိသရွေ့ နည်းပညာမြင့်လက်နက်များကို အသုံးပြု၍ နတ်သားရဲတစ်ကောင်ကို သတ်နိုင်သေးသည်။ သို့သော် နတ်ကုန်းမြေ၌ တူညီသောအဆင့်မရှိသူများသည် နတ်သားရဲများကို မည်သို့မျှ မလုပ်ဆောင်နိုင်ပေ။

"ကောင်းပြီ။" လင်းဟုန့်ဖုန်က မျှော်လင့်ထားခဲ့ပြီးဖြစ်၍ အထူးတလည်မအံ့ဩနေမိပေ။

"လူတိုင်းကို ကြိုတင်ပြင်ဆင်ပြီး နတ်သားရဲတွေကို ခြေရာခံခိုင်းလိုက် ငါကိုယ်တိုင် ဦးဆောင်ပြီး အမဲလိုက်မယ်။"

"ဟုတ်ကဲ့ ဖေဖေ” လင်းဟောက်ရန်က စိတ်လှုပ်ရှားစွာပြောသည်။

ထျန်ဟဲရှိလူတိုင်းက နတ်သားရဲများကို ရှာဖွေနေကြစဉ် ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်က တဖြည်းဖြည်း တိုးလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် နောက်ထပ်နှစ်လ ကုန်ဆုံးသွားသည်။

နှစ်လအကြာတွင် ချူးယွင်ဖန်းသည် နတ်အဆင့် ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူ၏ ကျင့်ကြရေး အရှိန်အဟုန်မြင့်လာရာ နောက်ဆုံးတွင် အမွေအနှစ်ပုလဲရှိ စွမ်းအင်အားလုံးကို စုပ်ယူနိုင်ခဲ့သည်။

ရုတ်တရက် ဤအချိန်တွင်၊ ကျယ်လောင်သောဟောက်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသောဖိအားတစ်ခုက အဝေးမှရောက်လာကာ ထျန်ဟဲဆီသို့ တန်းတန်းမတ်မတ်ပြေးလာခဲ့သည်။

အခန်း(၁၀၀၄) ဓားချက်တစ်ချက်

ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်သည်။

ရုတ်တရက် မူလက သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့နေသော စွမ်းအင်များက အမျိုးမျိုးသော ဖြစ်စဥ်များကို ဖြတ်ကျော်ကာ လုံးလုံးလျားလျား သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။

သူ၏ ကိုယ်ပိုင်စွမ်းအင်ကို ထိန်းချုပ်နိုင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ချူးယွင်ဖန်းသည် အမွေအနှစ်ပုလဲ၏ စွမ်းအားကို လုံးလုံးလျားလျား စုပ်ယူပြီးနောက် ပိုမိုအားကောင်းလာခဲ့သည်။ နတ်အဆင့် စတုတ္ထအဆင့် အထွတ်အထိပ်မှ ပဥ္စမအဆင့်သို့ ဖြတ်ကျော်ခဲ့သည်။

ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ်က သာမန်လူများထက် ဖြတ်ကျော်ရန် စွမ်းအားများစွာ လိုအပ်သောကြောင့် ဖြစ်သည်။ သာမာန်နတ်အဆင့်တစ်ယောက်ဖြစ်ပါက ထိုစွမ်းအင်ဖြင့် အဆင့်နှစ်ဆင့် ဆက်တိုက်ဖြတ်ရန် လုံလောက်ပေလိမ့်မည်။

အကယ်၍ လူတစ်ဦးသည် နတ်အဆင့်သို့ ဝင်ရောက်ခဲ့မည်ဆိုလျှင် အဆင့်သုံးဆင့်ကို ဆက်တိုက်ဖြတ်ကျော်ရန် ၎င်းတို့အတွက် ထူးဆန်းမည်မဟုတ်ပေ။

ဤခြေလှမ်းက ချူးယွင်ဖန်းကို နှစ်အနည်းငယ် သက်သာစေသည်။

သူ၏ လက်ရှိခွန်အားဖြင့်၊ သူသည် နတ်အဆင့်နဝမအဆင့်ကိုပင် ကာကွယ်နိုင်သည်။ သူသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို သွားနိုင်သည်။

ဤအခိုက်အတန့်တွင်လည်း သူသည် မြို့ပြင်မှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီးနောက် ထျန်ဟဲမြို့သော ကြီးမားသော လေပြင်းကြီးတစ်ခု တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

ချူးယွင်ဖန်းသည် အခန်းတွင်းမှ ပြေးထွက်လာကာ ထျန်ဟဲအထက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ထိုအချိန်တွင်ပင် ကောင်းကင်၌ အဆုံးမဲ့ မွန်းစတားစွမ်းအင်များ ပွက်ပွက်ဆူလာသည်ကို သူမြင်လိုက်ရသည်။

သူက နတ်ဆိုးရောင်ဝါ၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရာ မြို့ပြင်မှ ထွက်လာသည်ကို မြင်လိုက်ရသည်။ လေထဲတွင် မွန်းစတားတို့၏ ရောင်ဝါသည် တိမ်တိုက်ထဲသို့ စိမ့်ဝင်သွား၍ ကြီးမားသော အနီရောင် မီးပုံးကြီးနှစ်လုံးနှင့်တူသော ကြီးမား ပြင်းထန်သော အနီရောင် မျက်လုံးနှစ်လုံးကို ဖန်ဆင်းလိုက်သည်။

'မွန်းစတားတစ်ကောင်'

ချူးယွင်ဖန်းသည် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေနိုင်သော တစ်ခုတည်းသော မွန်းစတားမှာ နတ်အဆင့်နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သေချာနေသည်။

ကြီးမားလှသည့် ဤမွန်းစတားကြီးရှေ့၌ သနားဖွယ်ကောင်းသော အနေအထားဖြင့် အဝေးသို့ ပြေးထွက်လာသည့် အချို့ပုဂ္ဂိုလ်များရှိသည်။ ချူးယွင်ဖန်းက အနီးကပ်ကြည့်လိုက်ပြီးနောက် ဦးဆောင်လာသူမှ ထျန်ဟဲမြို့သခင်လင်းဟုန့်ဖုန်မှလွဲ၍ အခြားသူမဟုတ်ကြောင်း တွေ့လိုက်ရသည်။

လင်းဟုန့်ဖုန်သည် အလင်းအလွှာကို နင်းကာ ထျန်ဟဲဆီသို့ အရူးအမူးပြေးသွားခဲ့သည်။ သူ့ဘေးတွင် လင်းဟုန့်ရန်နှင့် လင်းချန်ရှီတို့အပြင် အခြားမွေးဖွားခြင်းနယ်မြေအဆင့် လူများလည်းရှိသည်။

မှန်သည်။ ဤလူများက ကိုယ်တိုင်မပျံသန်းနိုင်ကြပေ။ ၎င်းတို့ ယခု ပျံသန်းနိုင်ရခြင်းမှာ လင်းဟုန့်ဖုန်၏ စွမ်းအားကြောင့်ပင်ဖြစ်၏။

၎င်းတို့နောက်မှ မွန်းစတားစွမ်းအင်များ ရစ်ပတ်ထားသည့် ကြောက်မက်ဖွယ် စွမ်းအင်များ အဆက်မပြတ် ပေါက်ကွဲနေသည်။ လင်းဟုန့်ဖုန်သည် ၎င်းတို့ထဲမှ အချို့ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အကြိမ်အနည်းငယ် အတိုက်ခံရသေးသည်။ သူသည် အကြိမ်အနည်းငယ် တုန်လှုပ်သွားပြီး ချောင်းဆိုးကာ သွေးများပါလာသည်။

လူတိုင်း၏ မျက်နှာများသည် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤကြောက်မက်ဖွယ် ဖြစ်တည်မှုမျိုးကို ရင်ဆိုင်ကြရလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။

ရုတ်တရက်၊ အလွန်ကြီးမားသော သားရဲခြေသည်းတစ်ချောင်းက ကြီးမားသော မွန်းစတားစွမ်းအင်တိမ်တိုက်ကြီးကြားမှထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ကို ဖြတ်ကျော်၍ ရက်စက်စွာဖြင့် ကုတ်ခြစ်လိုက်သည်။

လင်းဟုန့်ဖုန်သည် သားရဲခြေသည်းကို ရပ်တန့်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်တွင် ရပ်တန့်ရန် ခွန်အားများစွာမရှိသဖြင့် လွင့်ထွက်သွားခဲ့သည်။

'ငါသေတော့မယ်' လင်းဟုန့်ဖုန်စိတ်ပျက်အားငယ်စွာတွေးလိုက်သည်။

အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ခုခံရန်နည်းလမ်းမရှိပေ။ သူသည် နတ်အဆင့်သို့သာလှမ်းနိုင်ရုံသာရှိသေးသဖြင့် သူ၏ ဘုန်းတန်ခိုးကြီးသော သက်တမ်းက ယခုမှသာ စတင်ခဲ့သော်လည်း ယခုမူ သေရတော့မည်ဖြစ်သည်။

အဖွဲ့တစ်ဖွဲ့ လှုပ်ရှားရန် လုပ်နေစဥ်တွင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု လွင့်ပျံသွားသည်။

သားရဲ၏ ခြေသည်းကို ဓားအလင်းထိမှန်ကာ သွေးများ ထွက်ကျလာသည်။ ကြီးမားသော ခြေသည်းကြီးသည် ကောင်းကင်မှ ပြုတ်ကျ၍ မြေပြင်ကို ထိသွားသည်။

ဘမ်း

အလွန် လေးလံသော အလေးချိန်သည် မြေတွင်း၌ ကြီးမားသောတွင်းကို ဖန်တီးခဲ့သည်။

"ဝေါင်းး"

၎င်း၏ခြေသည်းကို ဖြတ်ခံရပြီးနောက် မွန်းစတားစွမ်းအင်တိမ်တိုက်ရှိ သားရဲသည် ကောင်းကင်ယံ၌ ဟိန်းဟောက်ခဲ့ရာ မရေမတွက်နိုင်အောင် များပြားသည့် မွန်းစတားစွမ်းအင်များ ပြန့်ကျဲသွားခဲ့သည်။

နောက်ဆုံးတွင် ၎င်း၏ရုပ်သွင်အမှန်ကို ထွက်ပေါ်လာသည်။ ယင်းသည် တောင်ကုန်းကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ရှိသော ငွေရောင် သားရဲတစ်ကောင်ဖြစ်သည်။ ၎င်းသည် တောခွေးတစ်ကောင်နှင့်တူသော်လည်း ခေါင်းနှစ်လုံးပါရှိကာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ဤထိတ်လန့်ဖွယ် ဓားအလင်းကြောင့် ၎င်း၏ရှေ့ခြေသည်းတစ်ခုလုံး ပြတ်တောက်သွားသဖြင့် ဤသားရဲခွေးက ထပ်ခါတလဲလဲ ဟိန်းဟောက်လျက်ရှိသည်။

အောင်မြင်ခါနီးတွင်မှ ကျဆုံးသွားခဲ့ရသည်။

သေခြင်းတရားကို စောင့်မျှော်နေကြသည့် လင်းဟုန့်ဖုန်နှင့် တခြားသူများက ၎င်းတို့ တကယ်ပင် အဆင်ပြေကြောင်းရုတ်တရက် တွေ့လိုက်ကြရသဖြင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်ထားသူတစ်ဦး ၎င်းတို့ရှေ့၌ပေါ်လာသည်ကို သိလိုက်ကြရသည်။

"ဆရာ" လင်းချန်ရှီက ထိုသူ၏ အမည်ကို အံ့အားသင့်စွာ အော်လိုက်သည်။

ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။

ထိုအချိန်တွင် ထိုသူ၏အမည်ကို အတည်ပြုပြီးနောက် လင်းဟုန့်ဖုန်နှင့် အခြားသူများက သက်ပြင်းတစ်ချက်ချလိုက်သည်။

ဆုတ်ခွာသွားစဉ်အတွင်း တိုက်ခိုက်မှုအများစုသည် သူ့အပေါ်ကျရောက်ခဲ့သည်။ သူ အကောင်းဆုံး လုပ်ထားပြီးဖြစ်ကာ အကယ်၍ ချူးယွင်ဖန်းသာ ခြေတစ်လှမ်းနောက်ကျနေခဲ့ပါက ဤမွန်းစတား၏ လက်ထဲ၌ ကြေကွဲဖွယ်အဆုံးသတ်တစ်ခုဖြင့် သေဆုံးသွားရပေလိမ့်မည်။

"ကျုပ်အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် လူကြီးမင်းချူး"

လင်းဟုန့်ဖုန်သည် ဒဏ်ရာများကြားမှ အမြန်ထကာ လက်ခုပ်တီးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ" ချူးယွင်ဖန်းက မေးသည်။

ထိုမှသာ လင်းဟုန့်ဖုန်က မည်သည့်အရာများဖြစ်ပျက်နေကြောင်း ရှင်းပြသည်။ ၎င်းက ချူးယွင်ဖန်း ယခင်က ပြောခဲ့သည့် နတ်စွမ်းအင်ဖြည့်တင်းဆေးနှင့် ဆက်စပ်နေပသည်။ ဆေး၏ အရေးကြီးဆုံး ပါဝင်ပစ္စည်းများမှာ နတ်မွန်းစတား၏ အတွင်းအူပင် ဖြစ်သည်။

ထို့ကြောင့် လင်းဟုန့်ဖုန်သည် နတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် မကြာမီတွင်ပင်

နတ်မွန်းစတားတစ်ကောင်ကို လိုက်ရှာရန် စီစဉ်ခဲ့သည်။ တစ်ခုရှာရန်ပင် မလွယ်ခဲ့ပေ။

နာကျင်စွာ ပေးဆပ်ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့ သတ်နိုင်ခဲ့သည်။ ဤသို့သော ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင်က ချက်ချင်း ထပ်မံထွက်လာလိမ့်မည်ဟု မည်သူက သိမည်နည်း။

သူ၏ ခန့်မှန်းချက်များအရ၊ သူသတ်ခဲ့သော နတ်မွန်းစတားသည် ၎င်းတို့ရှေ့မှမွန်းစတားဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။

တကယ်တမ်းတွင် ၎င်းတို့သည် မျိုးနွယ်တူများဖြစ်ကာ သူသတ်ခဲ့သည့် ခေါင်းနှစ်လုံးတောခွေးက ဤအကောင်ထက် များစွာ သေးငယ်သည်။ ထို့ကြောင့် ၎င်းတို့ကြားမှ ဆက်ဆံရေးကို ခန့်မှန်းရန် မခက်ခဲပေ။

၎င်းတို့က ဤမွန်းစတားကို ဒေါသဖြစ်စေခဲ့ကြသောကြောင့် ဤနေရာသို့ တောက်လျှောက်လိုက်လာခဲ့ကြခြင်းဖြစ်သည်။

"ဟုတ်လား။ ကျုပ်တို့ ဒီအကောင်ကို သတ်ပြီးရင်စကားပြောမယ်"

သူပြောပြီးသည်နှင့် တပြိုင်နက်မွန်းစတားကြီးက ပြေးလာသည်။ တောင်ကုန်းငယ်ကဲ့သို့ ကြီးမားသော ၎င်း၏ကိုယ်ခန္ဓာသည် မည်သူမျှ မတားဆီးနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သယ်ဆောင်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားစွမ်းအင်များသည် လွင့်ထွက်ကာ ကောင်းကင်တစ်ခုလုံးကို နစ်မြုပ်လုနီးပါးဖြစ်ခဲ့သည်။

အရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်း၏လက်ချောင်းထိပ်မှ ဓားအလင်းတစ်ခုထွက်လာပြီးနောက် တောရိုင်းခွေး၏ ခေါင်းကို တိုက်ရိုက်ထိမှန်သွားသည်။

ဘမ်း

ခွေးရိုင်း၏ ဦးခေါင်းက နေရာ၌ပင် ပေါက်ကွဲသွားကာ ကျန်ခေါင်းမှာမူ ရွှေရောင်ဓားအလင်းရှေ့၌ ပေါက်ကွဲသွားသည်။

၎င်းက ချက်ချင်းပင်သေဆုံးသွား၏။

အခန်း(၁၀၀၅) ထိုက်နင်မြို့

၎င်းတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ၎င်းတို့ကို အဆုံးသတ်ထိ လိုက်၍ သတ်ရန်ကြိုးစားနေသော စွမ်းအားကြီး မွန်းစတားများကို သတ်ဖြတ်နိုင်သော ချူးယွင်ဖန်းကိုကြည့်၍ ထိတ်လန့်သွားမိကြသေးသည်။

ခွန်အားကွာဟချက်က ကြီးမားလွန်းလှသဖြင့် ချူးယွင်ဖန်းကမည်သို့တုံ့ပြန်ရမည်ကိုပင်မသိတော့ပေ။

ယခင်က၊ မွေးဖွားခြင်းနယ်မြေအဆင့် နှင့် နတ်အဆင့်အကြား ခြားနားချက်သည် ကောင်းကင်နှင့် ကမ္ဘာကြား ကွာခြားချက်ကဲ့သို့ပင်ဟု သူခံစားခဲ့ရသည်။ သို့သော် ယနေ့တွင် နတ်အဆင့်တစ်ခုစီ၏ ခြားနားချက်သည် အလွန်ကြီးမားကြောင်း သူသဘောပေါက်ခဲ့သည်။

ချူးယွင်ဖန်းသည် မွန်းစတား၏အလောင်းကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်ပြီးနောက် လှည့်၍ လင်းဟုန့်ဖုန်နှင့် အခြားလူများကို ကြည့်လိုက်သည်။

"ကျုပ်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းချူး" လင်းဟုန့်ဖုန်၏ မျက်နှာထက်၌ ခါးသက်သော အပြုံးပေါ်လွင်လာသည်။ ဤအချိန်တိုအတွင်း၌ ချူးယွင်ဖန်းက သူ့ ကို အကြိမ်မည်မျှ ကယ်ခဲ့သနည်း။

"ကောင်းပါတယ်၊ ကိစ္စသေးသေးလေးပဲ" ချူးယွင်ဖန်းသူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

လင်းဟုန့်ဖုန်၊ လင်းဟောက်ရန်နှင့် အခြားသူများက မည်သို့ပြောရမည်ကို မသိကြတော့ပေ။ ၎င်းတို့အတွက်မူ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနှင့် သက်ဆိုင်သော ကိစ္စပင်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ သူ့လက်ကို မြှောက်လိုက်ရုံသာဖြစ်သည်။

"စကားမစပ်၊ ခင်ဗျား သတ်ခဲ့တဲ့ သားရဲရဲ့ အတွင်းအူတိုင်ကို ရခဲ့လား။ ကျုပ် သီးသန့်ကျင့်ကြံတဲ့နေရာကို ပို့ထားလိုက်ပါ။ ခင်ဗျားတို့အတွက် သန့်စင်ပေးမယ်”

ချူးယွင်ဖန်း၏ ရှင်းလင်းပြတ်သားသော အသံကို ကြားနိုင်သော်လည်း သူ့ပုံစံမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လင်းဟုန့်ဖုန်သည် လူတိုင်းကို လျင်မြန်စွာ ဦးဆောင်ကာ ထျန်ဟဲဘက်သို့ ပျံသန်းသွားသည်။

မကြာမီတွင် လင်းဟောက်ရန်သည် နတ်စွမ်းအင်ဖြည့်တင်းဆေးကို ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများကို ပို့ဆောင်ရန် လူများကို ကိုယ်တိုင်ကိုယ်ကျလိုက်လံကွပ်ကဲခဲ့ရာ ချူးယွင်ဖန်း၏ သီးသန့်ခန်းအပြင်တွင် ကိုယ်တိုင်ကိုယ်ကျ စောင့်ဆိုင်းနေခဲ့သည်။

ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်၏ သဘောထားကို ကျေနပ်သဖြင့် ဆေးဖော်စပ်ခြင်းက မခက်လှဘဲ သုံးရက်အတွင်းတွင်ပြီးသွားသည်။

သို့သော် သူကဆေးတစ်လုံးတည်း ဖော်စပ်ခဲ့ခြင်းမဟုတ်ပေ။

မွန်းစတားအတွင်းအူတိုင်းများကို နတ်စွမ်းအင်ဖြည့်တင်းဆေးအဖြစ်ပြောင်းလဲရန် စီစဥ်ခဲ့သည်။ ခြုံခိုတိုက်ခိုက်ခံခဲ့ရခြင်းကြောင့် သူမအောင်မြင်ခဲ့ပေ။ ယခုမူ ဤအခွင့်အရေးကို အခွင့်ကောင်းယူနိုင်ပြီဖြစ်သည်။

လင်းဟောက်ရန်ကို ကူညီ၍ နတ်စွမ်းအင်ဖြည့်တင်းဆေးပြုလုပ်ပေးခြင်းသည် ချူးယွင်ဖန်း အတွက် လမ်းကြုံလုပ်ပေးသော ကိစ္စတစ်ခုသာဖြစ်သော်လည်း လင်းဟောက်ရန်ကမူ ဆေးကိုရလိုက်သည်နှင့် သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားလျက်ရှိသည်။

သူက ချူးယွင်ဖန်းကို အလွန် ကျေးဇူးတင်လျက်ရှိသည်။

ချူးယွင်ဖန်းက ဆေးလုံးများပြုလုပ်ပြီးသည်နှင့် မကြာမီတွင် ဝိညာဉ်ကျောက်မိုင်း၏ နောက်ဆုံးခွဲဝေမှုတွင် ပါဝင်ရန် ရွေးချယ်ခံထားရသော ထျန်ဟဲမှ အဖွဲ့နှင့်အတူ စတင်ထွက်ခွာသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် လင်းဟုန့်ဖုန်နှင့်လင်းဟောက်ရန်အပြင် လင်းချန်ရှီလည်း ၎င်းတို့နှင့်အတူ လိုက်ပါခဲ့သည်။ ယခုတစ်ကြိမ်တွင် လင်းဟုန့်ဖုန်သည် သူ၏နတ်စွမ်းအင်များကို အသုံးမပြုဘဲ လူအစုအဝေးကြီးကို ခေါ်ဆောင်လာခဲ့သည်။

ချူးယွင်ဖန်းက အလျင်စလိုမဟုတ်ပေ။ သူသည် ရထားလုံးပေါ်တွင်ထိုင်ကာ လင်းချန်ရှီကို ညွှန်ကြားလျက်ရှိသည်။

လင်းချန်ရှီက ထက်မြက်သည်။ လုံလောက်သော ကျင့်ကြံရေးအရင်းအမြစ်များနှင့် ချူးယွင်ဖန်း၏ လမ်းညွှန်မှုဖြင့်၊ သုံးလအတွင်း သူမသည် နောက်ထပ် ခြေတစ်လှမ်း တိုးကာ မွေးဖွားခြင်းနယ်မြေ တတိယအဆင့်သို့ ဝင်ရောက်ခဲ့သည်။

ဤကျင့်ကြံရေးအဆင့်က ချူးယွင်ဖန်း၏ညီမ ချူးချင်ရွှမ်ထက်ပင် သာလွန်သွားခဲ့သည်။ သို့သော် ချူးချင်ရွှမ်သည် ခိုင်မာသောအခြေခံအုတ်မြစ်ကိုတည်ဆောက်နိုင်ခဲ့သူ လင်းချန်ရှီနှင့်မတူဘဲ နောက်ကျမှစတင်ခဲ့ရခြင်းဖြစ်သည်။

သုံးရက်အကြာတွင် အဖွဲ့သည် အစည်းအဝေးကြီးကျင်းပရာ ထိုက်နင်မြို့သို့ ရောက်ခဲ့ကြသည်။

ထျန်ဟဲနှင့်နှိုင်းယှဥ်ပါက ထိုက်နက်က ပိုကြီးကာ ပို ချမ်းသာသည်။ တစ်ချိန်တည်း၌ပင် ၎င်းသည် အိမ်နီးချင်းမြို့များ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ဝိညာဉ်ကျောက်မိုင်းကို ပြန်လည်ခွဲဝေသည့်အခါတိုင်း ထိုက်နင်သည် ပထမဆုံးဖြစ်ကာ အခြားမြို့များက နောက်မှလိုက်ရသည်။

ချူးယွင်ဖန်းနှင့် သူ့အဖွဲ့က ထိုက်နင်သို့ ရောက်ရှိလာသောအခါတွင် ၎င်းတို့နေရမည့် တည်းခိုခန်းသို့ ချက်ချင်း ပို့ဆောင်ခဲ့သည်။

ဤတည်းခိုခန်းသည် ထိုက်နင်တွင်စျေးအကြီးဆုံးဖြစ်သည်။ သို့သော်လည်း အခြားမြို့များမှ ကိုယ်စားလှယ်များအား ခစားရန် အခန်းများအားလုံးကို မြို့က ကြိုတင်စာရင်းပေးထားသည်။

ချူးယွင်ဖန်းဧည့်ခန်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူသည် စွမ်းအားကြီးသော နတ်အဆင့်များ၏ အငွေ့အသက်များစွာကို ချက်ချင်း ခံစားလိုက်ရသည်။ ကောင်းစွာ ဝှက်ထားသော်လည်း သူ့ကို မဖုံးကွယ်နိုင်ပေ။

နတ်အဆင့်အာရုံအချို့က ၎င်းတို့ဘက်သို့ချက်ခြင်းရောက်သွားသော်လည်း နတ်အဆင့်သို့ရောက်နေပြီဖြစ်သော လင်းဟုန့်ဖုန်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။ ချူးယွင်ဖန်းအနေနှင့်မူ သာမန်လူတစ်ဦးမျှသာဖြစ်ကြောင်း ခံစားမိသောကြောင့် ၎င်းတို့သည် သဘာဝအတိုင်း ဆက်လက်မစူးစမ်းတော့ပေ။

မှန်သည်။ ဤအရာများအားလုံးကို လျှို့ဝှက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိလူများထဲတွင် ချူးယွင်ဖန်းတစ်ဦးတည်းသာ သိသည်။ လင်းဟုန့်ဖုန်သည် တစ်စုံတစ်ယောက်က ၎င်းတို့ကို စူးစမ်းနေသည်ဟု ခံစားနိုင်သော်လည်း ချူးယွင်ဖန်းကဲ့သို့ ရှင်းလင်းစွာမသိပေ။

"ဟမ့်" လင်းဟုန့်ဖုန်သည် အေးစက်စွာ နှာခေါင်းရှုံ့၍ နတ်အာရုံများကို လွင့်ထွက်သွားစေသည်။

ဤနတ်အာရုံများကို လွှတ်လိုက်သူများသည် မည်သည့်အချိန်တွင် ရပ်ရမည်ကို သိကြ၍ လင်းဟုန့်ဖုန်ကို နောက်ထပ်နှောက်ယှက်ရန် ရည်ရွယ်ချက်မရှိပေ။ ဤတစ်ခုဖြင့်ပင် လုံလောက်သည်ဖြစ်ရာ အချက်အလက်များကို များစွာ ရထားနှင့်ပြီးဖြစ်သည်။

ထိုအချိန်တွင်၊ ထိုက်နင်မြို့တော်သခင်၏ ရုံးခန်းတွင် လေးထောင့်ပုံစံ ကြံ့ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပိန်ပိန်ပါးပါး ရိုးရိုးသာမန်အဘိုးအိုတစ်ဦး၏ အစီရင်ခံစာကို နားထောင်နေသည်။

"ကျုပ်တို့ စုံစမ်းမှုတွေအရ ထျန်ဟဲ မြို့သခင် လင်းဟုန့်ဖုန်က နတ်အဆင့်ကိုရောက်နေပြီ” ပိန်ပါးသော အဘိုးအိုကပြောသည်။

ဤအဘိုးအိုသည် လင်းဟုန့်ဖုန်ကို စူးစမ်းရန် သူ၏နတ်အာရုံကို အသုံးပြုခဲ့သည့် နတ်အဆင့်ပုဂ္ဂိုလ်ဖြစ်သည်။

"တွေ့လား။ အံ့သြစရာမရှိပါဘူး" လူလတ်ပိုင်းအရွယ်

ယောက်ျားက ထူးမခြားနားပြောလိုက်သည်။

ထိုက်နင်ပြည်သူများက ဤလူကိုမြင်လျှင် ဤလူလတ်ပိုင်းလူသည် ထိုက်နင်မြို့သခင် ကျိုးပုယီဖြစ်ကြောင်း သိကြပေလိမ့်မည်။

“သူဘာလို့ ဒီကို လာရဲလဲဆိုတာ ကျုပ်သိချင်နေတာ” ကျိုးပုယီက အေးစက်စွာပြောသည်။

“ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းရဲ့ အကာအကွယ်မပါဘဲ ထျန်ဟဲက အခြားသူတွေရဲ့ ဝါးမြိုတာ မခံရတာနဲ့တင် တော်သေးတာကို ဒီလာပြီး ကိုယ့်သေတွင်းကိုယ်တူးနေတာလား”

“ဒါပေမယ့် လင်းဟုန့်ဖုန်က နတ်အဆင့်ကိုရောက်သွားပြီဆိုတော့ သူပါဖို့ အဆင့်မှီပါတယ်”

ကျိုးပုယီက စကားမဆက်ခင် ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"ဒါပေမယ့် ကျုပ်တို့ သူ့အတွက် စိတ်ပူစရာ မလိုပါဘူး။ သူက နတ်အဆင့်ရောက်သွားပေမယ့် အခုမှ ပထမအဆင့်ပဲရှိသေးတာဆိုတော့ ကျုပ်တို့ကို အဲ့လောက်လည်း မခြိမ်းခြောက်နိုင်ပါဘူး။ အနည်းဆုံးတော့ သူ လက်ရှိဝေစုကို ထိန်းထားနိုင်ရုံပါပဲ”

"တကယ့်ပြဿနာက ထို့ရှန်မြို့ပဲ။ အဲ့က မြို့သခင်လုရှု့ကျိုးက အသေးအဖွဲ့မဟုတ်ဘူး။ ကျုပ် ဒီ အချက်အလက်ရဖို့ သူလျှိုတချို့ကို စတေးလိုက်ရတယ်။ ကြည့်ရတာ ဒီတစ်ခါတော့ အရမ်းစွမ်းအားကြီးတဲ့ သခင်တစ်ယောက်ကို ဖိတ်ထားကြတဲ့ပုံပဲ”

"အဆင်ပြေပါတယ်။ ကျုပ်ရှိရင် ပြဿနာမရှိပါဘူး။ ဒီမြေမှာ ကျုပ်ကိုယှဥ်နိုင်မယ့်သူမရှိဘူး” အဘိုးအိုက ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။

"ကောင်းလိုက်တာ။ အခု မိုင်းကို စည်းချိပ်ပိတ်ပြီးပြီ။ ဘယ်သူပထမရရ သူတို့ အရင်ဝင်ရလိမ့်မယ်။ ကျုပ် မိုင်းတွင်းကို ရက်နည်းနည်းလောက် စည်းချိပ်ပိတ်ထားလို့ရတယ်။ ခင်ဗျား မြန်မြန်လုပ်နိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်” ကျိုးပုယီက ပြောသည်။

"စိတ်မပူပါနဲ့၊ ကျုပ်တို့ရဲ့ သဘောတူညီချက်အရ၊ ကျုပ်တို့ တစ်ယောက်စီက အကျိုးခံစားခွင့် တက်ဝက်လောက်ရလိမ့်မယ်”

ဝိညာဉ်ကျောက်မိုင်းရဲ့ ၏ အနက်ရှိုင်းဆုံးနေရာ၌ ရှိသော အရာတစ်ခုကို တွေးလိုက်မိသောအခါ အဖိုးအို၏ မျက်လုံးများက တောက်ပလာသည်။ ဤမိုင်းတွင်း၌ ဤကဲ့သို့သော ရတနာများ ထွက်လာနိုင်လိမ့်မည်ဟု ဘယ်သောအခါကမှ သူမထင်ခဲ့ပေ။

All Chapters