← Chapters

အခန်း (၁၀၀၆-၁၀၀၈)

Vol. 68 Ch. 1006-1008

အခန်း (၁၀၀၆-၁၀၀၈)

Vol. 68 Ch. 1006-1008

အခန်း(၁၀၀၆) တွေ့ဆုံပွဲကြီး၏ အစ

တစ်ချိန်တည်းမှာပင် တည်းခိုခန်း၏ အခြားခြံဝင်းတစ်ခုတွင် ထိုက်နင်က အကြောက်ဆုံးသော ထို့ရှန်မြို့အဖွဲ့သည် ထျန်ဟဲရောက်ရှိလာခြင်းအကြောင်းဆွေးနွေးနေကြသည်။

လျှို့ဝှက်ခန်းတစ်ခုတွင် လူတစ်ဒါဇင်ကျော်ရှိသည်။ ခြွင်းချက်မရှိ၊ ၎င်းတို့အားလုံးသည် အစွမ်းထက်သော ရောင်ဝါများဖြာထွက်နေသည့် သိုင်းပညာရှင်များဖြစ်ကြသည်။

၎င်းတို့အားလုံးတွင် စွမ်းအားအကြီးဆုံးမှာ ဘာဝအားဖြင့် ထို့ရှန်၏မြို့သခင်ဖြစ်သည်။ သူသည် အရပ်ရှည်ရှည် သွယ်လျသော လူလတ်ပိုင်းအရွယ်တစ်ဦးဖြစ်ကာ အနေအေးသည့်ပုံပေါ်သည်။

“ငါစုံစမ်းကြည့်ပြီးပြီ။ ငါတို့ သူလျှိုတွေရထားတဲ့အချက်တွေနဲ့ကိုက်ညီတယ်။ လင်းဟုန့်ဖုန်က နတ်အဆင့်ကိုရောက်သွားပြီကွ” ထို့ရှန်မြို့သခင် လုရှုကျိုးက ပြောသည်။

"ဒါပေမယ့် သူက ငါတို့အတွက် အတားအဆီးဖြစ်မှာ မဟုတ်ဘူး။ ဒီတခေါက် ငါတို့ရဲ့ တကယ့်ပြိုင်ဘက်က ထိုက်နင်က ကျိုးပုယီပဲ သူက အကြမ်ပေါင်းများစွာ ချန်ပီယံဖြစ်ခဲ့တာ။ အခု ဒီတစ်ခေါက်က ငါတို့ အနိုင်ရဖို့ အလှည့်ပဲ”

လုရှုကျိုးက သူ့ရှေ့ရှိ လက်တန်းကို ဆုပ်ကိုင်လိုက်သည်။ ဤဒေသရှိမြို့များကြားတွင် ထိုက်နင်က အမြဲတစေ ပထမဖြစ်ခဲ့ရာ ထို့ရှန်သည် ဒုတိယဖြစ်သည်။ နှစ်ဖက်စလုံးက ကဏ္ဍပေါင်းစုံတွင် ပြိုင်ကြသည်။ သို့သော် ထို့ရှန်သည် အချိန်တိုင်းတွင် ထိုက်နင်၏ ဖိနှိပ်ခြင်းခံခဲ့ရ၏။

လုရှု့ကျိုး၏ ထင်မြင်ချက်အရ ဤကိစ္စများအားလုံးပြောင်းလဲချိန်တန်ပြီဖြစ်သည်။

“ကျိုးပုယီက ကျောက်တွင်းထဲက အကြောင်း ငါမသိဘူးလို့ထင်နေတယ်။ သူက အဲ့တာကို စည်းချိပ်ပိတ်ပြီး ဘယ်ကိုမှမပြောပြထားပါဘူးပေါ့… အရမ်းတုံးအလွန်းတဲ့ကောင်” လုရှု့ကျိုးက လှောင်ရယ်လိုက်သည်။

သူ၏အမြင်တွင် ကျိုးပုယီက အခြား သူများ ယင်းအကြောင်းသိမည်ကို မသိခြင်းမဟုတ်ဘဲ ဂရုမစိုက်ခြင်းသာဖြစ်သည်။ အမျိုးမျိုးသော မြို့များအကြား နားလည်မှုများအရ ၎င်းတို့သည် နောက်ဆုံးဝေစုကို ၎င်းတို့၏ နောက်ဆုံးခွန်အားနှင့် ခွဲဝေရမည်ဖြစ်သည်။

“ဒီတစ်ခါတော့ ထိပ်ဆုံးကိုရောက်ဖို့ ထို့ရှန်အလှည့်ပဲ”

ထျန်ဟဲရောက်ရှိလာခြင်းကြောင့် ထိုက်နင်မြို့တစ်ခုလုံး ကမောက်ကမဖြစ်ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ထျန်ဟဲသည် နောက်ဆုံးရောက်လာသောအဖွဲ့ဖြစ်သောကြောင့်ဖြစ်သည်။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ကာကွယ်မှုကို ဆုံးရှုံးပြီးနောက် ထျန်ဟဲက ဤနေရာသို့ မည်သူ့ကိုမှ ပို့တော့မည်မဟုတ်ဟု လူအများကထင်နေကြသည်။

ခံတပ်ကို ကာကွယ်ရန် နတ်အဆင့်မရှိပါက ၎င်းတို့သည် မိမိတို့၏ ဝေစုကိုပင် ထိန်းထားနိုင်လိမ့်မည်မဟုတ်ဘဲ ၎င်းတို့လာလျှင်ပင် အရှက်တကွဲအကျိုးနည်းဖြစ်ရပေလိမ့်မည်။

ကျောက်တွင်းဝေစုများအတွက် စေ့စပ်ညှိနှိုင်းရေးယန္တရားတစ်ခုရှိသော်လည်း လက်တွေ့တွင်မူ နောက်ဆုံးဝေစုကို အင်အားပေါ်တွင်မူတည်၍ ဆုံးဖြတ်နေဆဲဖြစ်သည်။

နတ်ကုန်းမြေတွင် နတ်အဆင့် အရေအတွက်နှင့် ခွန်အားက ခွန်အားကို ကိုယ်စားပြုသည်။

ခွန်အားမရှိပါက မည်သည့်စကားများပြောနေစေကာမူ အသုံးဝင်မည်မဟုတ်ပေ။

ထျန်ဟဲ၏ ကိုယ်စားလှယ်များ တကယ်လာမည်ကို မည်သူသိသနည်း။ အချိန်ကြာလာသည်နှင့်အမျှ ထျန်ဟဲမြို့သခင် လင်းဟုန့်ဖုန်သည် နတ်အဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းက တောမီးကဲ့သို့ အဘက်ဘက်သို့ပျံ့နှံ့သွားသည်။ လူများစွာက ၎င်းကို သတိပြုမိသောကြောင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

လူများစွာက ဤအဖြစ်အပျက်ကို များစွာ သဘောပေါက်နားလည်သွားကြသည်။

သို့သော် မြို့သည် ဤ ချစ်ကြည်ရေးပြိုင်ပွဲ၏ အဓိက အချက်မဟုတ်သောကြောင့် လူတိုင်း၏ အာရုံစိုက်မှုက ထျန်ဟဲတွင် ခပ်ကြာကြာမခံခဲ့ပေ။

ဤအချိန်တစ်လျောက်တွင် ဤချစ်ကြည်ရေးပြိုင်ပွဲ၏ အဓိက အာရုံစိုက်ခံရမှုက ထိုက်နင်နှင့် ထို့ရှန်ကြားတွင်သာ အမြဲရှိနေခဲ့သည်ဖြစ်ရာ ဘယ်သောအခါတွင်မှ ပြောင်းလဲမည်မဟုတ်ပေ။

ကောလဟာလများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ထျန်ဟဲအဖွဲ့သည် တည်းခိုခန်းတွင် အခြေချနေထိုင်ခဲ့သည်။ Check in ဝင်ပြီးနောက် ချူးယွင်ဖန်းပထမဆုံးလုပ်သောအရာမှာ တည်းခိုခန်းမှ ထွက်သွားခြင်းဖြစ်သည်။ သူ ခပ်ကြာကြာမနေခဲ့ပေ။ ညီလာခံမစတင်သေးသောကြောင့် သူ့တွင် အချိန်အလုံအလောက်ရှိသည်။

တည်းခိုခန်းမှ ထွက်သွားသည်နှင့် တပြိုင်နက် သူ့နောက်သို့ လူတစ်ဦးလိုက်လာသည်ကို ၏ခံစားလိုက်ရသည်။ သို့သော်လည်း သူ့နောက်လိုက်သူသည် မွေးဖွားခြင်းနယ်မြေအဆင့် တွင်သာရှိသောကြောင့် သူ၏ ကျင့်ကြံရေးအဆင့်ဖြင့်၊ ထိုလူသည် သူ့ကိုအမှီမလိုက်နိုင်ပေ။ အနည်းငယ် လမ်းချိုး လမ်းကွေ့များ ဖြတ်ကျော်ပြီးနောက် ချူးယွင်ဖန်းကို ခြေရာမခံနိုင်တော့ပေ။

သို့သော် ၎င်းတို့အမြင်တွင် ချူးယွင်ဖန်းသည် အရေးပါသူတစ်ဦးမဟုတ်သောကြောင့် သူ့ကို မည်သူမျှ ဂရုမစိုက်ပေ။ ချူးယွင်ဖန်းက ဘာလုပ်သည်မလုပ်သည်ကို မည်သူမျှ စိတ်မဝင်စားကြပေ။

ထျန်ဟဲအဖွဲ့ရောက်လာပြီးနောက် ဒုတိယနေ့တွင် ပြိုင်ပွဲစတင်ခဲ့သည်။

ယခုအကြိမ် လဲလှယ်တွေ့ဆုံပွဲကို ကြီးမားသော တိုက်ပွဲကွင်းကြီးတွင် ကျင်းပမည်ဖြစ်ကာ လူတိုင်းအတွက် ဖွင့်လှစ်ထားမည်ဖြစ်သည်။ ဤယန္တရားကို ထိုက်နင်မှအဆိုပြုခဲ့သည်။ ၎င်းတို့သည် အချိန်တိုင်း အောင်နိုင်သူများ ဖြစ်တာကြောင့် ၎င်းတို့၏ ခွန်အားကို ကြေညာရန် ဤနည်းလမ်းကို အသုံးပြုချင်ကြသည်။

လူတိုင်းသည် သက်ဆိုင်ရာစခန်းအလိုက် စတုရန်းပုံစံငယ်များအဖြစ် ပိုင်းခြားထားကာ ကွင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်ကြသည်။

စင်မြင့်အောက်တွင် လူများစွာက ခံနိုင်ရည်မြင့်သည့် စွမ်းဆောင်နိုင်စွမ်းမြင့်မားသော ပုဂ္ဂိုလ်ကြီးများကိုကြည့်ရန် လည်ပင်းများကို မော့ထားကြသည်။

ထိုလူအများစုသည် မြို့အသီးသီးတွင် နေထိုင်သူများဖြစ်သည်။ နောက်ဆုံးတွင်၊ မြို့တစ်မြို့စီသို့ ဖြန့်ဝေထားသော ကျောက်တွင်းဝေစုသည် မြို့သူမြို့သားအများအပြား၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ လူတိုင်းက ကိုယ့်မြို့ကို တိုးတက်စေချင်ကြသည်ဖြစ်ရာ ထိုက်နင်နှင့် ယှဥ်၍ မရနိုင်သော်လည်း တိုးတက်လာခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ပထမက လူများစွာသည် ထျန်ဟဲပေါ်မလာလျှင်ပင် ၎င်းတို့၏ ဝေစုကို ပို၍ များများရလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော် ထိုအရေးကြီးသောအခိုက်အတန့်၌ ထျန်ဟဲ၏ ကိုယ်စားလှယ်ရောက်လာလိမ့်မည်ဟု မည်သူကထင်ထားလိမ့်မည်နည်း။

“ဟုတ်တယ်။ ထျန်ဟဲရဲ့မြို့သခင်ရောက်လာပြီ။ငါ သူမလာလောက်ဘူးလို့ထင်နေတာ။ ဒီတစ်ခါတော့ ထျန်ဟဲက အခမ်းအနားကို လာကြည့်ဖို့ ဘယ်သူမှ လာမှာမဟုန်ဘူး။ မနေ့က ထျန်ဟဲအဖွဲ့ရုတ်တရက်ရောက်လာမယ်လို့ ငါလုံးဝမမျှော်လင့်ထားဘူး”

“မှန်တယ်။ ဒါပေမယ့် ငါကြားတာတော့ အဲ့တာ ထျန်ဟဲမြို့သခင်က နတ်အဆင့်ကို ရောက်သွားလို့တဲ့။ သူတို့ အနည်းဆုံးတော့ ကိုယ့်ဝေစုကိုယ် ထိန်းထားနိုင်မှာပေါ့”

“မြို့သခင်ကိုယ်တိုင် နတ်အဆင့်ရောက်သွားတာလား။ အဲ့တာ ရှားတယ်နော်”

လူများစွာက စတင်ဆွေးနွေးကြသည်။

ထျန်ဟဲ ရုတ်တရက် ပေါ်လာမှုကို ဆွေးနွေးပြီးနောက် လူတိုင်း၏ မျက်လုံးများသည် ထို့ရှန်၏ လုရှုကျိုးနှင့် ထိုက်နင်၏ ကျိုးပုယီတို့အပေါ်တွင်ရှိနေသည်။ လူအများ၏ အမြင်တွင် နောက်ဆုံးအနိုင်ရသူမှာ ကျိန်းသေ ဤအင်အားစုနှစ်ခုကြားမှတစ်ခုဖြစ်လိမ့်မည်ဟုထင်ကြသည်။

ဤတစ်ကြိမ်တွင် မြို့နှစ်မြို့က မည်သို့သော ပညာရှင်များကို ဖိတ်ခေါ်ထားသည်ကို သိချင်ကြသည်။

“အားလုံးပဲ ဒါက တိုင်ပင်ဆွေးနွေးပွဲညီလာခံလေးပါ။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ နတ်ကျောက်တွင်း ဝေစုခွဲတာကို ဆုံးဖြတ်ဖို့အတွက် တော်ဝင်အသံကို အသုံးပြုပါမယ်။ မြို့ပေါင်းစုမဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းအရ၊ ကွင်းအတွင်း ပြဿနာမှန်သမျှကို ဖြေရှင်းရမယ်။ တိုက်ပွဲပြီးရင် ပြိုင်ပွဲရလဒ်အတိုင်း လူတိုင်းက ကျောက်တွင်းကို ခွဲဝေရမယ်။ အပြစ်တင်ခွင့်မရှိပါဘူး။"

ဤအခိုက်အတန့်တွင် ထိုက်နင်မြို့သခင် ကျိုးပုယီက မတ်တပ်ထရပ်၍ ကြေညာလိုက်သည်။ သူသည် နှစ်များတစ်လျှောက် ပြိုင်ပွဲစီစဉ်သူနှင့် ချန်ပီယံဖြစ်ခဲ့သောကြောင့် သူ့တွင် သဘာဝအတိုင်း ပြောဆိုပိုင်ခွင့်ရှိသည်။

"မှန်ပါတယ်၊ ကျွန်တော်လည်း သဘောတူပါတယ်။ အားလုံးကို ကွင်းထဲက ရလဒ်က ဆုံးဖြတ်ပါလိမ့်မယ်။ နိုင်ပွဲက နိုင်ပွဲဖြစ်ပြီး အရှုံးက အရှုံးပါပဲ။ မင်းရဲ့အရှုံးကို လက်ခံဖို့ ဆန္ဒရှိရမယ်" လုရှု့ကျိုးက ရုတ်တရက်ပြောလိုက်သည်။

လူတိုင်း၏ အာရုံက လုရှု့ကျိုးဆီသို့ရောက်သွားကြသည်။ သို့သော် သူသည် ကျိုးပုယီကို မထောက်ခံကြောင်း လူတိုင်းသိသည်။ သူ့တွင် အခြားရည်ရွယ်ချက်များရှိကောင်းရှိနိုင်သည်။

“ဒါဆို စပြိုင်ကြရအောင် လက်သီးတွေ ခြေထောက်တွေအကြောင်းတော့ပြောစရာမရှိပါဘူး။ အချင်းချင်း တိုက်မိရင် အခြားနည်းလမ်းမရှိဘူး။ ကွင်းထဲကို မဝင်ခင် သေချာစဥ်းစားကြပါ”

ထိုသို့ဖြင့် ကျိုးပုယီက ထိုင်ခုံသို့ တည်ငြိမ်စွာဖြင့် ပြန်သွားသည်.

အခြားသော နတ်အဆင့်ပုဂ္ဂိုလ်များနှင့် မြို့သခင်များစွာလည်း ထိုင်လိုက်ကြသည်။

“လင်းဟုန့်ဖုန်… မင်းအရင်က ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းရဲ့ အထောက်အပံ့ကို ရခဲ့တယ်။ မင်းအရမ်းမာန်တက်ခဲ့တယ်လေ။ ဒီနေ့တော့ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းအကူအညီမပါတာကို လာရဲသေးတယ်ပေါ့။ မင်းကိုယ်မင်းအရမ်းယုံကြည်ချက်ပြင်းပျနေတာလားကွ”

အခန်း(၁၀၀၇) တစ္စေမျောက်ဘုရင်၏ ကြေကွဲဖွယ်ရှုံးနိမ့်မှု

ဤအော်သံကိုကြားလိုက်ပြီးသည်နှင့် လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

“ဒါက ထျန်ရှင်းမြို့သခင်ပဲ”

ထိုသူသည် အသက်လေးဆယ်ကျော်ခန့်ရှိသည်ထင်ရကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက တောင့်ခိုင်လျက်ရှိသည်။ သူသည် ခိုင်မာသော လေ့ကျင့်မှုအခြေခံရှိသည့် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

"ထျန်ရှင်းက အောက်ခြေမှာ အမြဲရှိနေခဲ့တာ မဟုတ်ဘူးလား၊ သူတို့က ထျန်ဟဲမြို့တော်သခင်ကို ရန်စရဲတာလား"

"အရင်တုန်းက၊ ထျန်ဟဲမှာ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းရဲ့ အကာအကွယ်တွေရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ သူတို့က အမြဲတမ်း အလယ်အလတ်အဆင့်မှာရှိခဲ့တာ အခု သူတို့အခြေအနေက ညံ့ဖျင်းနေပြီလေ။ ထျန်ရှင်းက ဘာလို့ ဒီအခွင့်အရေးကို မယူဘဲနေမလဲ။ အဆုံးကျတော့လည်း အဆင့်တိုင်းက ဝေစုကို ကိုယ်စားပြုတယ်လေ"

"ဟုတ်ပါတယ်၊ ထျန်ဟဲက လူတော်တော်များများရဲ့အမြင်မှာ အားနည်းတဲ့သားကောင် ဖြစ်လာပြီ!"

လူတိုင်း၏မျက်လုံးများသည် ထျန်ရှင်း နှင့် မြို့သခင်လင်းဟုန့်ဖုန်ဘက် လှည့်သွားကြပြန်သည်။

လင်းဟုန့်ဖုန်မတ်တပ်ထရပ်လိုက်သည်။

"ဘာဖြစ်တာလဲ၊ မင်းငါ့ကို တိုက်ဖို့စီစဉ်နေတာလား။"

လင်းဟုန့်ဖုန်သည် ထျန်းရှင်း၏မြို့သခင်အား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

ထျန်ဟဲသည် မရေရာသော အခြေအနေတွင် ရှိနေသော်လည်း ၎င်း၏ မြို့သခင်က နတ်အဆင့်သို့ ဝင်ရောက်ခဲ့သေးသည်။

သို့သော် ထျန်ရှင်းမြို့သခင်သည်မူ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်တွင်သာရှိသေးသည်။ သူသည် ထို အတားအဆီးကို ဘယ်သောအခါကမှ မကျော်ခဲ့ပေ။ အမှန်မှာ သူက ၎င်းကို မကျော်ဖြတ်နိုင်ခြင်းမှာ ကောင်းကင်နှင့် မြေကြီးအကြား ခြားနားချက်ဖြစ်သည်။

"ဘယ်ဟုတ်ပါ့မလဲ"

လင်းဟုန့်ဖုန်၏အကြည့်အောက်တွင် ထျန်ရှင်းမြို့သခင်သည် အနည်းငယ်ဒေါသထွက်လာသည်။ လင်းဟုန့်ဖုန်၏ မျက်လုံးများမှ အဓိပ္ပါယ်ကို သူဖတ်နိုင်သည်။ သို့သော် သူက ဒေါသကို အမြန် ထိန်းလိုက်သည်။ နောက်ဆုံးအနေဖြင့် ဤသို့သော ပြိုင်ပွဲမျိုးသည် သူ လူကိုယ်တိုင်ဝင်ပါရန် မလိုအပ်ပေ။

'မင်းရှုံးတော့မှ မင်း ငိုလိမ့်မယ်’

ထျန်ရှင်းမြို့သခင်က စိတ်ထဲမှတွေး၏။

ထို့နောက် သူ့အနားတွင် ခပ်တိုတိုအရာတစ်ခု ရုတ်တရက် ခုန်ဆင်းလာကာ လင်းဟုန့်ဖုန်၏ တစ်ဖက်ခြမ်းတွင် ရပ်နေလေသည်။

"ဒါ မင်းပဲ" လင်းဟုန့်ဖုန်က ပြောလိုက်သော်လည်း မအံ့ဩလှပေ။

နောက်ဆုံး ညှိနှိုင်းအစည်းအဝေးတွင် ပါဝင်သူ အများအပြားသာ ရှိခဲ့သည်။ မြို့တစ်မြို့စီတွင် လူများစွာကို ဖိတ်ကြားထားသည်မှာ အံ့သြစရာမဟုတ်ပေ။

ဤလူပုသည် ထျန်ရှင်း၏ ကိုယ်စားလှယ်ဖြစ်သည်။ သူသည် ဦးခေါင်းမှ ခြေဖျားအထိ စွမ်းအင်များ ဖုံးလွှမ်းနေကာ အလွန်အန္တရာယ်များသော ရောင်ဝါတစ်ခု ထုတ်လွှတ်လျက်ရှိသည်။

"တစ္ဆေမျောက်ဘုရင်” လင်းဟုန့်ဖုန်က လူပုလေး၏ နာမည်ကို ပြောလိုက်သည်။

တစ္ဆေမျောက်ဘုရင်သည် သူ့အား နတ်အဆင့်သို့ အမှတ်တမဲ့ဝင်ရောက်နိုင်စေသည့် ကောင်းကင်ဘဏ္ဍာတစ်မျိုးမျိုးကို စားခဲ့သည်ဟုဆိုသည်။ သို့သော်လည်း သူ၏ စွမ်းဆောင်နိုင်ရည် အားလုံးကို ကုန်ဆုံးခဲ့ကာ နှစ်ပေါင်းများစွာ တိုးတက်မှု မရှိခဲ့ပေ။

သို့သော် ၎င်းသည် ထျန်ရှင်း ဖိတ်ခေါ်နိုင်သည့် အဆင့်အမြင့်ဆုံး ကျွမ်းကျင်သူဖြစ်သည်။ မဟုတ်လျှင် ထျန်ရှင်းသည် နှစ်ပေါင်းများစွာ အောက်ခြေတွင် ရှိနေမည်မဟုတ်ပေ။

ယခုမူ ထျန်ရှင်းက နောက်ဆုံးတွင် ပိုမိုတိုးတက်ကောင်းမွန်လာမည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသည်ဖြစ်ရာ ၎င်းမှာ လင်းဟုန့်ဖုန်ကို အနိုင်ယူလိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အဆင့်သတ်မှတ်ချက်က အနည်းငယ်သာ တက်သွားလျှင်ပင် ဝေစုက အနည်းငယ်တိုးလာလိမ့်မည်ဖြစ်သည်။

ဘမ်း

တစ္ဆေမျောက်ဘုရင်က စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်း တိုက်ခိုက်လိုက်ရာ တခဏချင်း၌ပင် ကမ္ဘာကြီးတစ်ခုလုံးက အဆုံးမဲ့ တစ္ဆေစွမ်းအင်များနှင့် ပြည့်နှက်လျက် ရူးသွပ်စွာ လှုပ်ယမ်းသွားသည်။ ထို့နောက်တွင် ထို စွမ်းအင်သည် လင်းဟုန့်ဖုန်ထံ ပြေးသွားကာ အနှိုင်းမဲ့ကြီးမားသော သရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤရွေ့လျားမှု၏အရှိန်သည် အလွန်လျင်မြန်သည်။ တခဏအတွင်း၌ ကွင်းတစ်ခုလုံး ဆူပွက်သွားသည်။ တစ်ခဏချင်း၌ပင် ကွင်းထဲတွင်မြှုပ်ထားသော အကာအကွယ်က အသက်ဝင်လာသည်။

လင်းဟုန့်ဖုန်၏ တုံ့ပြန်မှုအရှိန်မှာလည်း အလွန်မြန်သည်။ ထိုစဉ် သူအဆင့်မတက်ခင်က တစ္ဆေမျောက်ဘုရင်က အလွန်သန်မာသည်ဟု ခံစားခဲ့ရသည်ဖြစ်ရာ ပြင်းထန်လွန်းသဖြင့် ခုခံရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် ယခု သူ ထိုအဆင့်သို့ တကယ်တမ်း ရောက်သွားသောအခါ အရာအားလုံးကို ခံနိုင်ရည်ရှိရန် မခက်ကြောင်း နားလည်သွားသည်။

ဘမ်း

တစ္ဆေမျောက်ဘုရင် နှင့် လင်းဟုန့်ဖုန်တို့သည် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ကွင်းအပြင်ဘက်တွင် လူအများက ရွှင်မြူးစွာ ကြည့်နေကြသည်။ တိုက်ပွဲကွင်းတစ်ခုလုံးတုန်ခါသွားသကဲ့သို့ ခံစားလိုက်ကြရရာ အကာအကွယ်အစီအရင်ကြောင့်သာမဟုတ်ပါက ၎င်းတို့ ဒဏ်ရာရကြရပေလိမ့်မည်။

တစ္ဆေမျောက်ဘုရင်နှင့် လင်းဟုန့်ဖုန်တို့သည် ၎င်းတို့၏ ပထမတိုက်ခိုက်မှု မအောင်မြင်ပြီးနောက် ချက်ချင်းပင် ထပ်မံတိုက်ခိုက်ခဲ့သည်။ ၎င်းတို့၏ အရှိန်က အလွန်လျင်မြန်လွန်းသောကြောင့် သာမန်လူတစ်ယောက်သာဆိုလျှင် ၎င်းတို့၏ စွမ်းအင်အားလုံးကို မျက်လုံးတွင် စုစည်းလိုက်ကြလျှင်ပင် တိုက်ပွဲကို အမှီလိုက်ကြည့်နိုင်လိမ့်မည်မဟုတ်ပေ။

ကျယ်လောင်သော တိုက်ခိုက်သည့်အသံများကိုသာကြားနေကြရသည်။ နှစ်ဖက်စလုံးသည် ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြရာ မည်သည့်ဘက်ကမျှ အသာစီးမရပေ။

လူများစွာက အလွန် အံ့သြခဲ့ကြရသည်။ တစ္ဆေမျောက်ဘုရင်သည် နှစ်ပေါင်းများစွာ ကျော်ကြာခဲ့သည်။ သူ၏ ကျင့်ကြံရေးအဆင့်က များစွာမတိုးတက်လှသော်လည်း ၎င်းကို ဝါရင့်နတ်အဆင့်ဟု သတ်မှတ်၍ ရသည်။

သို့ထိတိုင် လင်းဟုန့်ဖုန်က မကြာသေးမီကမှ နတ်အဆင့်သို့ ဝင်ရောက်ခဲ့သည်ဟုဆိုသော်လည်း သူသည် တစ္ဆေမျောက်ဘုရင်ကို တားဆီးနိုင်ခဲ့သည်။

“ဒါက.. ဘယ်လိုဖြစ်တာလဲ” ထျန်ရှင်းမြို့သခင်၏ အမူအရာကပြောင်းလဲသွားသည်။ ယခင်ကကဲ့သို့ ယုံကြည်မှုမရှိလှတော့ပေ။ လင်းဟုန့်ဖုန်သည် နတ်အဆင့်သို့တက်လှမ်းခဲ့ကာစဖြစ်သည့်တိုင် တစ္ဆေမျောက်ဘုရင်က သူ့ထက်သာလွန်ပုံမရပေ။

လင်းဟုန့်ဖုန်၏ရုတ်တရက် အင်အားပြသမှုကြောင့် မြို့သခင် အများအပြား ထိတ်လန့်သွားကြသည်။ လုရှု့ကျိုးနှင့် ကျိုးပုယီတို့ကသာ စိတ်ထဲ၌ အလေးအနက်မထားကြပေ။ ၎င်းတို့၏ မျက်လုံးထဲတွင် ၎င်းတို့နှစ်ဦးကသာ မိမိတို့အတွက် သန်မာသော ပြိုင်ဘက်များဟု သတ်မှတ်ယူဆကြသည်။ ကျန်သောသူများက မည်သည့်အဆင့်မျှမရှိပေ။

တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ လင်းဟုန့်ဖုန်က ပိုမိုသန်မာလာသည်။ အချိန်တိုအတွင်း၌ပင် သူ၏ အရည်အချင်းများ လုံးဝ တိုးတက်လာခဲ့သည်။ သူ့မိသားစုတွင် နှစ်အတော်ကြာ မည်သူမျှ နတ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း သူ၏ ဘိုးဘေးများသည်မူ နတ်အဆင့်ပုဂ္ဂိုလ်များဖြစ်ကြသည်။

မျိုးနွယ်စုတွင် နတ်ရေးစနစ်များစွာရှိသော်လည်း ၎င်းတို့ကို ကျင့်ကြံရန် မည်သူကမျှ အဆင့်မမှီခဲ့ပေ။ လင်းဟုန့်ဖုန်သည် ဤသိုင်းပညာကို လေ့ကျင့်ခဲ့သည်ဖြစ်ရာ တစ္ဆေမျောက်ဘုရင်ထက်ပင် သူ၏ခွန်အားက အလွန်တိုးတက်ခဲ့သည်။

“ဖေဖေ နိုင်တော့မယ်။ ကောင်းလိုက်တာ” သူမ၏ ဖခင်ဖြစ်သူက အရေးမနိမ့်နေသည်ကိုမြင်သောအခါ လင်းချန်ရှီ၏ နှလုံးသားက နောက်ဆုံးတွင် သက်သာရာရသွားခဲ့သည်။

“ဟုတ်တယ်” လင်းဟောက်ရန်ကလည်း ခေါင်းညိတ်လိုက်သည်။

နတ်ဘုရားတိုက်ပွဲမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းမဟုတ်သော်လည်း ဤတစ်ကြိမ်သည်မူ မတူပေ။ ယင်းတို့ထဲမှ တစ်ယောက်က သူ၏ အရင်းအနှီးဆုံးဆွေမျိုးဖြစ်သည်။

ဘမ်း

တစ်ခဏချင်း၌ပင် လင်းဟုန့်ဖုန်၏ ပေါက်ကွဲအားကြောင့် လူတိုင်းထိတ်လန့်နေကြချိန်တွင် သူ၏တိုက်ခိုက်မှုက တစ္ဆေမျောက်ဘုရင်၏ ရင်ဘတ်ပေါ်သို့ရောက်သွားသည်။

တစ္ဆေမျောက်ဘုရင်သည် လွင့်ထွက်ကာ ကွင်းအကာအကွယ်ဆီသို့ ပြန်လည်ပြုတ်ကျလာလျက် ပါးစပ်ထဲမှသွေးများ အန်ထွက်ကာ ချက်ချင်းရှုံးနိမ့်သွားသည်။

လင်းဟုန့်ဖုန်က အသက်ကိုပြင်းပြင်းထန်ထန်ရှုနေရ၏။ သူ၏ စွမ်းအားများကို သုံးစွဲခဲ့သော်လည်း နောက်ဆုံးတွင်မူ တစ္ဆေမျောက်ဘုရင်ကိုအနိုင်ယူကာ သူ၏ နေရာကို အရယူနိုင်ခဲ့သည်။

ကွင်းအပြင်ဘက်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ အံ့သြတုန်လှုပ်သွားကြသည်။ သို့သော် ကွင်းအတွင်းရှိ နတ်အဆင့်များကမူ ငြိမ်သက်နေကြသည်။ အဆုံးသတ်တွင်မူ တစ္ဆေမျောက်ဘုရင်၏တိုးတက်မှုသည် ကြက်ကန်းဆန်အိုးတိုးခဲ့ခြင်းဖြစ်ကြောင်း သူတို့သိသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို အနိုင်ကျင့်နေလျှင် ကောင်းသည်၊ သို့သော် တူညီသောအဆင့်ရှိ ကျွမ်းကျင်ပညာရှင်နှင့် တွေ့ဆုံရပါက၊ နတ်အဆင့်သို့ ဝင်ရောက်ဖူးသူဖြစ်လျှင်ပင်၊ သူက ၎င်းတို့နှင့် ယှဥ်နိုင်မည်မဟုတ်ပေ။

ထျန်ရှင်းက နှစ်ပေါင်းများစွာ အောက်ခြေတွင် အမြဲရှိနေခဲ့သည်မှာ အကြောင်းပြချက်မရှိဘဲ မဟုတ်ပေ။

'အမှိုက်'

ထျန်ရှင်း၏မြို့တော်သခင်က သူ့စိတ်ထဲတွင် ကျိန်ဆဲသော်လည်း ကျယ်လောင်စွာ မပြောဝံ့ပေ။

သူ့တွင် အခြားဝှက်ဖဲများသာရှိပါက တစ္ဆေမျောက်ဘုရင်စင်ပေါ်တက်ရန် အချိန်တိုင်း တောင်းဆိုနေရန် လိုအပ်မည်မဟုတ်ပေ။ တစ္ဆေမျောက်ဘုရင်က သူ့အတွက် ဝေစုကို ထပ်မံမရယူနိုင်သည့်တိုင် ထိုက်ရှင်က ဖယ်ရှားပစ်ခံရမည်မဟုတ်ကြောင်း အာမခံပေးနိုင်သည်။

ဤသည်ကိုတွေးပြီးနောက် သူအလွန်အမင်းစိတ်ဓာတ်ကျသွား၏။

ဤနှစ်တွင် သူ့၌ အခွင့်အရေးရှိသည်ဟု ထင်ခဲ့သော်လည်း လင်းဟုန့်ဖုန်က ရုတ်တရက်ထလာ၍ သူ၏အတွေးများအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

အခန်း(၁၀၀၈) မြို့နှစ်ခုကြား ထိပ်တိုက်တွေ့ပွဲ

"ထိုက်ရှင် မြို့သခင်၊ ဒီတစ်ခါ မင်းရဲ့အကြံအစည်က အချည်းနှီးဖြစ်ပြီထင်တယ် မင်းအောက်မှာ နာခံမှုရှိရှိ နေတာ ပိုကောင်းလိမ့်မယ်” လင်းဟုန့်ဖုန်က သနားညှာတာခြင်းအလျင်းမရှိဘဲ ပြောလိုက်သည်။

နောက်ဆုံးတွင်မူ ထိုက်ရှင်မြို့သခင်က သူ့ကို ပန်းသီးပုတ်တစ်လုံးအဖြစ်သဘောထားခဲ့စဥ်ကတည်းက နှစ်ဖက်စလုံး၏ ခင်မင် ရင်းနှီးမှုများအားလုံးကို ဖယ်ထုတ်လိုက်ကြပြီဖြစ်သည်။ အကယ်၍ သူရှုံးနိမ့်သွားခဲ့ပါက ထိုက်ရှင်မြို့သခင်ပြောမည့်စကားက ပို၍ပင် မသက်မသာဖြစ်ပေလိမ့်မည်။

သို့သော် တစ္ဆေမျောက်ဘုရင်နှင့် ထိုက်ရှင်မြို့သခင်ကို အနိုင်ယူပြီးသည့်နောက် လင်းဟုန့်ဖုန်အတွက် အခြေအနေ ပိုမို ကောင်းမွန်လာခြင်းမရှိပေ။ လူအများ၏ အမြင်တွင် အောက်ခြေ၌ အမြဲရှိခဲ့သော ထျန်ရှင်းအပြင် ထျန်ဟဲသည် အင်အားအနည်းဆုံးဖြစ်သည်။

ထိုက်ရှင်၏ အစုရှယ်ယာက အနည်းဆုံးဖြစ်သောကြောင့် ၎င်းတို့ကိုသာအနိုင်ယူနိုင်မည်ဆိုပါက ထျန်ဟဲ ၏ ဝေစုကို ထပ်မံရရှိမည်မဟုတ်ပေ။ သို့သော် လင်းဟုန့်ဖုန်သည်မူ မတူပေ။ အကယ်၍ ၎င်းတို့သည် သူ့ကိုသာအနိုင်ယူနိုင်ခဲ့ပါက ၎င်းတို့က နေရာကို အစားထိုးနိုင်ကာ ဝေစုများပိုမိုရရှိနိုင်သည်။

ထို့ကြောင့် ၎င်းတို့အားလုံးက နတ်အဆင့် အစောပိုင်း ကျင့်ကြံရေးအဆင့်သာရှိသော လင်းဟုန့်ဖုန်ကို စိန်ခေါ်ရန် ရွေးချယ်ခဲ့ကြသည်။ သူ့ကို စိန်ခေါ်လာသူများအားလုံးသည် အတွေ့အကြုံရှိသော နတ်ဘုရားများဖြစ်ကြသည်။ ကျင့်ကြံရေးအဆင့်၌ အမှားရှိနေသော တစ္ဆေမျောက်ဘုရင်နှင့် မတူသည်မှာ ၎င်းတို့သည် လင်းဟုန့်ဖုန်ထက် သဘာဝအတိုင်းသန်မာနေသည်သာဖြစ်သည်။

လင်းဟုန့်ဖုန်က ထိုမြို့ကို အနိုင်ယူနိုင်ခဲ့သော်လည်း ၎င်းတို့က မိမိတို့ အောက်တွင်ရှိနေသည်။ အခြားတစ်ဖက်ကို အနိုင်ယူနိုင်ခဲ့သော်လည်း ဝေစုများကို ရနိုင်ရန် မဖြစ်နိုင်ပေ။

အင်အားနည်းသော်လည်း အဆင့်ကောင်းနေသည့် ထျန်ဟဲသည် ၎င်းတို့အမြင်တွင် သဘာဝအတိုင်း ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။

လင်းဟုန့်ဖုန်သည် ထိုနတ်အဆင့်များက သူ့ထက်များစွာသန်မာ၍ ၎င်းတို့ကို လုံးလုံးလျားလျားမကိုင်တွယ်နိုင်ကြောင်း တစ်ချက်တည်းကြည့်ရုံဖြင့်ပြောနိုင်သည်. ထို့ကြောင့်င ရှုံးနိမ့်ကြောင်း ရိုးရှင်းစွာဝန်ခံခဲ့သည်။ ရှုံးနိမ့်ကြောင်းဝန်ခံလိုက်သောအခါတွင် သူ၏အဆင့်များဆက်တိုက်ကျဆင်းသွားရာ နောက်ဆုံးအဆင့်သုံးဆင့်သို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင် မလိုအပ်ပါက မည်သူမျှ လင်းဟုန့်ဖုန်ကို စိန်မခေါ်ကြတော့ပေ။ အချိန်နှင့်စွမ်းအင်ကို ဖြုန်းတီးခြင်းဖြစ်ပေလိမ့်မည်။ တစ်ယောက်ယောက်က လင်းဟုန့်ဖုန်ကို ရန်ငြှိုးထားကာ နစ်နာစေရန် အခွင့်အရေးယူချင်နေလျှင်ပင် လင်းဟုန့်ဖုန်က ရိုးရှင်းစွာဖြင့် အရှုံးကိုဝန်ခံခဲ့သည်။

ထို့ကြောင့် စည်းမျဥ်းစည်းကမ်းများအရ သူ့ကို မည်သို့မျှ အန္တရာယ်ပြု၍မရပေ။

တကယ်တမ်းတွင် ဤစည်းမျဥ်းကို လူတိုင်းက ချမှတ်ထားခြင်းဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်းချိုးဖောက်ရန် မဖြစ်နိုင်ပေ။

ထျန်ရှင်းမြို့တော်သခင်က လင်းဟုန့်ဖုန်ကို ပြင်းထန်စွာ စိုက်ကြည့်နေခဲ့ရာ လင်းဟုန့်ဖုန်၏ အဆင့်ကျဆင်းသွားသည်ကို သူမြင်လိုက်ရသောအခါ အလွန်ကျေနပ်အားရလျက်ရှိသည်။

စလင်းဟုန့်ဖုန်ကမူ ကွင်းထဲတွင် အဆက်မပြတ် တိုက်ခိုက်နေသော ကျွမ်းကျင်သူများကို ခါးသက်သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။ ဤလူများက သူ့ကို ပန်းသီးပုပ်တစ်လုံးအဖြစ်သဘောထားကြသည်။ သူ၏အဆင့်သည် ဆက်လက်ကျဆင်းခဲ့ကာ ဝေစုလည်း ဆက်လည်းနည်းပါးလာခဲ့သည်။ ဤသို့ဖြင့် ဤဖြစ်စဥ်တစ်လျှောက် ဆုံးရှုံးခဲ့သော အကျိုးအမြတ်များက သူ့နှလုံးသွေးများထွက်နေသကဲ့သို့ ခံစားလာရသည်။

သို့သော် သူမည်မျှပင် ဒေါသထွက်နေစေကာမူ ဤသည်က အသုံးမဝင်ပေ။ ၎င်းတို့ကို မည်သူကမျှ ဂရုမစိုက်တော့ပေ။

“လူကြီမင်း ချူး ဘယ်တော့ ပြန်လာမှာလဲ” လင်းဟုန့်ဖုန်က နှလုံးသားထဲမှ ဒေါသများကို ထိန်းထားကာ သူ့ဘေးနားရှိ သမီးဖြစ်သူ လင်းချန်ရှီကိုမေးလိုက်သည်။

“သမီးလည်းမသိဘူး ဆရာက ဘယ်သွားမယ်ဆိုတာလည်းမပြောသွားဘူး။ လမ်းလျှောက်ထွက်မယ်လို့ပဲပြောသွားတာ” လင်းချန်ရှီ၏မျက်နှာထက်၌ ခါးသက်သောအပြုံးပေါ်လာသည်။

ယခုအချိန်သည် အစိုးရိမ်ရဆုံးအချိန်ဟု ဆိုနိုင်သော်လည်း သူမ၏ဆရာကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

“ဟောက်ရန် ချူးလူကြီးမင်းကို ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ တခြားသူတွေကို သတိပေးမနေနဲ့" လင်းဟုန့်ဖုန်က အမိန့်ပေးသည်။

“နားလည်ပါပြီ” လင်းဟောက်ရန်သည်လည်း လျင်မြန်စွာလှည့်၍ ကွင်းထဲမှ ထွက်သွား၏။

လင်းဟုန့်ဖုန်က ခါးသက်စွာ ကြည့်လိုက်သည်။ သူ၏မူလခန့်မှန်းချက်မှာ အကောင်းမြင်လွန်းသည်။ သူ၏ ခွန်အားဖြင့် ထျန်ဟဲ၏ လက်ရှိရှယ်ယာကို ထိန်းသိမ်းရန် ခက်ခဲမည်မဟုတ်ဟု သူထင်ခဲ့သည်။ လုံးဝမဖြစ်နိုင်ကြောင်း မည်သူက သိခဲ့လိမ့်မည်နည်း။ သူသည် နတ်အဆင့်သို့သာ ရောက်ခဲ့သဖြင့် တစ္ဆေမျောက်ဘုရင်ကို အနိုင်ယူရန်မှာ မခက်ခဲလှသော်လည်း အခြားသူများနှင့်ရင်ဆိုင်ရာတွင်မူ ထိုသို့ပြုမူနိုင်စွမ်းမရှိပေ။

မူလက သူသည် ချူးယွင်ဖန်းကို သူ့ဘက်တွင်နေပေးရန်သာ အလိုရှိခဲ့သော်လည်း ယခုတွင်မူ ချူးယွင်ဖန်းဝင်ပါကိုပါရမည်ဟုထင်ရသည်။ ချူးယွင်ဖန်း၏ နတ်ဆိုးခွန်အားကို တွေးရင်းဖြင့် မျှော်လင့်ချက်ရှိသေးသည်ဟု သူရုတ်တရက် ခံစားလိုက်ရသည်။ ဤလူများသည် အလွန်သန်မာလွန်းလှသော်လည်း ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် အလွန်အားနည်းလွန်းသည်။

မွေးဖွားခြင်းနယ်မြေအဆင့်ဆိုသည်ကားအဘယ်နည်း။

နတ်အဆင့်ဟူသည်ကား အဘယ်နည်း။

သူသည် ချူးယွင်ဖန်း၏လက်သီးချက်တစ်ချက်အောက်တွင် အခြားနတ်အဆင့်များသေဆုံးခဲ့သည်ကို မျက်မြင်တွေ့ဖူးသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားမျိုးသည် သူ့နှလုံးသားထဲတွင် နက်နဲသော စွဲလန်းမှုကို ချန်ထားခဲ့သည်။

ချူးယွင်ဖန်းပေါ်လာသရွေ့ အခြေအနေက ပြောင်းပြန်လန်သွားလိမ့်မည်ဟု ယုံကြည်သည်။

မူလက လင်းဟုန့်ဖုန်သည် လူအများအာရုံစိုက်ခံရချင်ခြင်းမရှိခဲ့ပေ။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အကာအကွယ်ပေးမှုကို ဆုံးရှုံးသွားရပြီးနောက် ထျန်ဟဲသည် မကြုံစဖူးကျဆင်းမှုကာလတစ်ခုသို့ ရောက်ရှိသွားပြီဟုဆိုနိုင်သည်ဖြစ်ရာ ချူးယွင်ဖန်းသည်လည်း ထျန်ဟဲတွင် အမြဲတစေမ နေနိုင်ပေ။

ထို့ကြောင့် သူ၏ဝေစုကိုသာ ထိန်းသိမ်း၍ ကျင့်ကြံရေးအဆင့်မြင့်လာသည်ကိုစောင့်ချင်ခဲ့သည်။

ယခုမူကား၊ ဤလူတိုင်းသည် သူ့ကို ပန်းသီးအပုပ်တစ်လုံးကဲ့သို့ သဘောထားကြကာ ထွက်လမ်းလုံးဝမပေးခဲ့သဖြင့် တစ်ယောက်ချင်းစီတိုင်းက သူ့အပေါ်သို့ နင်းကာ အမြင့်သို့ တက်လှမ်းချင်ကြသည်။

‘ကျုပ်ကို မယဥ်ကျေးဘူးလို့ အပြစ်မတင်ကြနဲ့။ မင်းတို့ စောင့်နေကြ။ လူကြီးမင်းချူးပြန်လာရင် မင်းတို့အားလုံးနောင်တရကြလိမ့်မယ်’

ထိုအချိန်တွင် လင်းဟုန့်ဖုန်၏ အမူအရာကို မည်သူမျှ သတိမထားမိဘဲ ကွင်းထဲသို့ကြည့်နေကြသည်။ နတ်အဆင့်များကအလှည့်ကျတိုက်ခိုက်ကြသည်။

နောက်ဆုံးတွင် ကျွမ်းကျင်သူများစွာ အလှည့်ကျ တိုက်ခိုက်ပြီးနောက် ပြိုင်ပွဲ၏ အဓိက ပွဲစဉ် ရောက်ရှိလာသည်။ ထိုက်နင်နှင့် ထို့ရှန်အကြား တိုက်ပွဲသည် ညီလာခံရလဒ်ကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။

ထိုက်နင်မြို့သခင်၏ဘေးရှိ ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်က ဝင်လာကာ ပြောလိုက်သည်။

"ငါကြည့်နေတာကြာပြီ၊ ဒီအရိုးဟောင်းတွေကို ဆွဲဆန့်ရမယ့်အချိန်ရောက်ပြီ"

ဤအဘိုးအို၏အသွင်အပြင်သည် ကွင်းတစ်ခုလုံးကို အေးခဲသွားစေခဲ့သည်။ အားနည်းသော ကျွမ်းကျင်ပညာရှင်များသည် ဤအဘိုးအိုသည် ထိုက်နင်မြို့ နံပါတ်တစ်ကျွမ်းကျင်သူအဖြစ် အမြဲတန်းသတ်မှတ်ခံထားရသော ကျွမ်းကျင်ပညာရှင်ကြီးရွှီလုံဖြစ်ကြောင်း သိကြသောကြောင့် လှုပ်ရှားရန်ပင် မစဥ်းစားဝံ့ကြပေ။

အနီးနားမြို့များတွင် သူ့ကို မသိသောသူ တစ်ဦးတစ်ယောက်မျှမရှိပေ။

မည်သူမျှ ရှေ့သို့မတိုးဝံ့သည်ကိုမြင်လိုက်ရသောအခါ ရွှီလုံ၏မျက်နှာထက်၌ ကျေနပ်သော အပြုံးတစ်ခုပေါ်လာသည်။ ဤသို့သော ဂုဏ်ဒြပ်မျိုးကို မရေမတွက်နိုင်လောက်အောင် များပြားလှသည့်တိုက်ပွဲများမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီအချိန်များတွင် မည်သူမျှ သူ၏အာဏာကို စိန်ခေါ်ဝံ့ခြင်းမရှိပေ။ အခြားမြို့များသည် ၎င်းတို့၏ ရာထူးနှင့် အဆင့်များအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့သော်လည်း ထိုက်နင်ကိုမူ နံပါတ်တစ်နေရာရမည်ဟု အများစုက အသိအမှတ်ပြုထားကြသည်။

“ငါ့မြို့ကို ဘယ်သူကမှ စိန်ခေါ်ဖို့ မလာတဲ့အတွက် စည်းမျဥ်းတွေအရ ထိုက်နင်က ပထမနေရာကိုရောက်သွားပါလိမ့်မယ်။ စည်းမျဥ်းတွေအရပဲ ထိုက်နင်က ကျောက်တွင်းကို ဆက်ပြီးစီမံခန့်ခွဲသွားမှာပါ” ကျိုးပုယီက ကြေညာခဲ့သည်။

“နေဦး”

ရုတ်တရက် ထို့ရှန်မြို့သခင် လုရှု့ကျိုးက စကားစပြောလာသည်။

လူတိုင်း၏ အသက်ရှုသံများ ခဏတာမျှ ရပ်တန့်သွားသည်။ လူတိုင်းက စစ်မှန်သော တိုက်ပွဲတစ်ခု စတင်တော့မည်ဖြ စ်ကြောင်း သိလိုက်ကြသည်။

“ဘာမှားလို့လဲ။ ခင်ဗျား ဒီရလဒ်ကို ကန့်ကွက်ချင်တာများရှိပါသလား မြို့သခင်လု” ကျိုးပုယီကပြောသည်။

“သခင်ကျိုး အတိတ်မှာ မင်မြို့က အသန်မာဆုံးမို့လို့ ကျောက်တွင်းကို အမြဲစီမံခန့်ခွဲခဲ့တယ်။ ကျုပ် ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် ဒီနှစ်ကတော့ကွာပါတယ်။ ကျုပ်တို့က ဝေစုကို ခွန်အားအရခွဲမှာဆိုတော့ ကျုပ်ကတော့ ထို့ရှန်ကလည်း ကျောက်တွင်းကို တာဝန်ယူဖို့ အခွင့်အရေးရသင့်တယ်လို့ထင်ပါတယ်”

ကျိုးပုယီ၏ စူးရှသော အကြည့်အောက်တွင်ပင် လုရှု့ကျိုးက နောက်သို့ပြန်ဆုတ်ခြင်းအလျင်းမရှိပေ။

All Chapters