အခန်း (၁၀၀၉-၁၁၁၁)
Vol. 68 Ch. 1009-1011
အခန်း(၁၀၀၉) ချူးယွင်ဖန်း ထွက်ပေါ်လာခြင်း
လုရှု့ကျိုးသည် ကျိုးပုယီကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။
“ထို့ရှန်မှာလည်း ကျောက်တွင်းကို ထိန်းချုပ်ပိုင်ခွင့်ရှိသင့်တယ်လို့ ကျုပ်ထင်တယ်။ ထိုက်နင်တစ်ခုတည်းဖြစ်စရာမလိုပါဘူး။ သခင်ကျိုးဘယ်လိုထင်လဲ”
လုရှု့ကျိုးသည် ရန်လိုသော်လည်း ဤတစ်ကြိမ်တွင် ထို့ရှန်က သေချာပေါက် ပြင်ဆင်ထားကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် ဤသည်ကို လွယ်လင့်တကူဖြင့် အလျော့ပေးမည်မဟုတ်ပေ။
“အိုး” ရွှီလုံက လုရှု့ကျိုးကို စူးရှစွာကြည့်၍ပြောလိုက်သည်.
“ဘာလဲ ကန့်ကွက်စရာရှိလို့လား သခင်လု။ ကျုပ်ကို တိုက်ဖို့ စီစဥ်နေတာလား” ရွှီလုံက လုရှု့ကျိုးကို အထင်သေးစွာကြည့်လိုက်သည်။
လုရှု့ကျိုးသည်လည်း နတ်အဆင့်သို့တက်လှမ်းနေပြီဖြစ်ကြောင်း သူသိသည်။ သို့သော် ထိုသူက သူ့ကို ယှဥ်နိုင်မည်မဟုတ်ပေ။ သူသည် ထိုက်နင်ကို အကြိမ်ပေါင်းများစွာကာကွယ်ပေးခဲ့သည်ဖြစ်သဖြင့် သာမန်နတ်အဆင့်တစ်ယောက်က သူ့ကို ယှဥ်နိုင်မည်မဟုတ်ပေ။
“ခင်ဗျားက သံသယဝင်စရာမလိုလောက်အောင်စွမ်းအားကြီးပါတယ် သခင်လု” လုရှု့ကျိုးကပြောသည်။
“ကျုပ် ခင်ဗျားကို မယှဥ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ခင်ဗျားကို မယှဥ်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားနဲ့တိုက်ချင်တဲ့လူတွေရှိတယ်”
“ဘယ်သူလဲ ထွက်လာခဲ့” ရွှီလုံ၏ မျက်လုံးများက လူအုပ်ကိုဝေ့ဝိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင်မူ သူ၏ ခွန်အားဖြင့် လုံးဝကြောက်နေရန် မလိုအပ်ပေ။
“အဲ့တာ ကျုပ်ပဲ”
ကောင်းကင်ယံထက်မှ လူတစ်ယောက်က ကျယ်လောင်စွာအော်လျက်ထွက်ပေါ်လာသည်။
၎င်းသည် အသက်ကြီးကြီး ဆံပင်ဖြူနေသော အဘိုးကြီးတစ်ဦးဖြစ်ကာ အလွန်အိုမင်းနေသော်လည်း သူ့မျက်နှာတွင် မည်သည့် အရေးအကြောင်းမှမရှိဘဲ ထူးခြားသော တက်ကြွမှုမျိုးရှိသည်။
“မင်းပဲ” ရွှီလုံက အဘိုးကြီးကို ချက်ချင်းမှတ်မိသည်။
"မဆိုးပါဘူး ရွှီလုံ၊ မင်းငါ့ကို မှတ်မိတယ် မဆိုးဘူး" အဘိုးကြီးက ရွှီလုံကိုပြုံး၍ကြည့်လိုက်သည်။
“ဘာဖြစ်နေတာလဲ။ ဆရာရွှီ ဒါ ဘယ်သူလဲ” ထိုက်နင်သခင် ကျိုးပုယီက တစ်စုံတစ်ခုမှားယွင်းနေပြီဟု သတိထားမိလိုက်သည်။ သူမရေမတွက်နိုင်လောက်အောင် အရင်းအမြစ်များစွာကို အသုံးပြု၍ ဖိတ်ကြားခဲ့သည့် ရွှီလုံ၏ အမူအရာက သိသိသာသာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဤလူသည် ကြီးကျယ်သော ရန်သူဖြစ်ကြောင်း ထင်ရှားလှသည်။
“အဲ့တာ ပျော်ရွှင်မှုရင်းမြစ်ဂိုဏ်းခွဲ လက်ရှိဂိုဏ်းချုပ် လီထောင်းပဲ”
ရွှီလုံ၏ စကားလုံးများက ချက်ချင်းပင် လူထုကို အေးစက်သွားသေည်။ လူအများက လီထောင်းကိုမသိသော်လည်း လက်ရှိ ပျော်ရွှင်မှုရင်းမြစ်ဂိုဏ်းချုပ်ဟူသော ဂုဏ်ပုဒ်က လုံလောက်ပြီဖြစ်သည်။
ပျော်ရွှင်မှုရင်းမြစ် အဓိက ဂိုဏ်းသည် ယခု ဤနေရာတွင်မရှိသော်လည်း ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းနှင့်ယှဥ်၍ ရနိုင်သော ဂိုဏ်းခွဲတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
ပုံမှန်အားဖြင့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းချုပ်ပင်လျှင် အခြားသူများ၏ အမြင်ကို ထည့်သွင်းစဥ်းစားရမည်ဖြစ်သောကြောင့် ဤပြိုင်ပွဲတွင် အလွယ်တကူ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
ယခုမူ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းပျက်ဆီးသွားသဖြင့် အပြင်ဘက်ရှိ ဂိုဏ်းကြီးများ၏ လိုချင်တပ်မက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။ လီထောင်းသည် ပထမဆုံးသူဖြစ်နိုင်သော်လည်း သူက နောက်ဆုံးသူဖြစ်မည်မဟုတ်ပေ။
ကျိုးပုယီက ပင့်သက်ရှိုက်လိုက်မိသည်။ ယခင်က ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည် အမြဲတစေ လူတိုင်း၏ အမြင်တွင် ရှုပ်နေသော်လည်း ယခု ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ တားဆီးမှုမရှိပါက အခြားဂိုဏ်းများစွာက ၎င်းတို့၏ လက်များကို ဆန့်လာလိမ့်မည်ဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။
ပျော်ရွှင်မှုရင်းမြစ်ဂိုဏ်း၏ ဂုဏ်သတင်းကို လူတိုင်းသိကြသည်။ အခြားမြို့သူမြို့သားများက အနာဂတ်တွင် အခြားဂိုဏ်းများနှင့် လက်တွဲလိုက်ပါက အချိန်ကောင်းရနိုင်တော့မည်မဟုတ်ဟု တစ်ဖက်မြို့ များမှ မြို့သခင်များက တွေးထားပြီးဖြစ်သောကြောင့် ကြည့်ကောင်းနေကြလိမ့်မည်မဟုတ်ပေ။
ထို့ရှန်၏ မြို့သခင် လုရှု့ကျိုးကသာ လှောင်ရယ်လိုက်သည်။ သူသည် ထိုက်နင်၏ လက်ဝါးကြီးအုပ်မှုအခြေအနေကို မကျေမနပ်ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ယခုလည်း ဤအရာအားလုံးကို ပြောင်းလဲရန် အချိန်ကျရောက်နေပြီဖြစ်သည်။
"ငါဘယ်သူလဲဆိုတာ မင်းသိတယ်ဆိုတော့ မင်းငါ့ကို တိုက်ရဲသေးလား” လီထောင်းက ရွှီလုံကို အေးစက်စွာကြည့်နေသည်။ ရွှီလုံ၏ မာနကြီးသော သဘောထားနှင့်နှိုင်းယှဥ်လျှင် သူ့သဘောထားက ပို၍ပင် မာန်မာနကြီး၏။
လီထောင်းသည် ရွှီလုံနှင့်ကွာခြားသည်။ ရွှီလုံသည်မူ အမှီအခိုကင်းသောကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ သူကိုယ်တိုင် တစ်ယောက်တည်း၏ အားဖြင့် ဤအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သော်လည်း အမှီအခိုကင်းသော ကျင့်ကြံသူတစ်ဦးက အမှီအခိုကင်းသော ကျင့်ကြံသူတစ်ဦးသာဖြစ်ပေလိမ့်မည်။ လီထောင်းနှင့် သူ ဘယ်သောအခါတွင်မှ နှိုင်းယှဥ်နိုင်မည်မဟုတ်ပေ။
“ခင်ဗျားက စွမ်းအားကြီးပေမယ့် ဂိုဏ်းခွဲချုပ်၊ မတိုက်ဘဲ နောက်ဆုတ်တာ ကျုပ်အကျင့်မဟုတ်ဘူး” ရွှီလုံက လျစ်လျူရှု့ကာပြောသည်။
သူနှင့်တိုင်နင်းကြားက ဆက်ဆံရေးသည် အလွန်နက်ရှိုင်းကြောင်း သူကောင်းကောင်းသိသည်။
သူက အကျိုးကျေးဇူးများစွာရခဲ့သည်ဖြစ်ရာ ထိုသို့ မည်ကဲ့သို့ထွက်သွားနိုင်မည်နည်း။
ဤသည်က စည်းမျဥ်းစည်းကမ်းကို ဆန့်ကျင်နေခြင်းဖြစ်သည်။ ထိုအချိန်၌ သူသည် နတ်ကုန်းမြေတွင် ခြေကုပ်ရှိလိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင် လူများစွာက အလွန် အကျပ်ရိုက်နေကြသည်။ ရွှီလုံကို မကြိုက်ကြသော်လည်း ရုတ်တရက်ပေါ်လာသော ပျော်ရွှင်ခြင်းရင်းမြစ်ဂိုဏ်းခွဲချုပ် လီထောင်းက ကြင်နာတတ်သူမဟုတ်သည်မှာထင်ရှားသည်။
“မင်းကိုယ်မင်း အရမ်းတွက်ထားတာပဲ” လီထောင်းက လှောင်ရယ်၍ ပြောလိုက်သည်။
“ဖေဖေ သား တို့ ဒီအဆင့်ထိရောက်နေပြီပဲ။ ဘာလို့ ဆရာယွီလုံက လှုပ်ရှားချင်နေသေးတာလဲ” လင်းဟောက်ရန်က ခပ်တိုးတိုးပြောလိုက်သည်။
ရွှီလုံနှင့် လီထောင်းအကြား ကွာဟချက်သည် သေးငယ်သည်မဟုတ်ကြောင်း သူပင်မြင်နိုင်သည်။ ဤသို့မဟုတ်ပါက ရွှီလုံ၏ မျက်နှာက ဤမျှထိ ဆိုးရွားနေလိမ့်မည်မဟုတ်ပေ။
“လုပ်စရာရှိလို့ အချိန်ရောက်လာရင် မင်းလုပ်ရမယ်။ ထိုက်နင်က သူ့ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တယ်။ အခုထွက်သွားတာက သူ့အတွက်လွယ်လိမ့်မယ်။ ဒါပေမယ့် သူအခု ထွက်သွားရင် နောင်တစ်ချိန် နတ်ကုန်းမြေမှာ သူနေဖို့နေရာရှိမှာမဟုတ်ဘူး” လင်းဟုန့်ဖုန်က ရှင်းပြသည်။
“ဒါပေမယ့် ဆရာရွှီလုံက လီထောင်းနဲ့ မယှဥ်နိုင်ဘူးဆိုတာ အသိသာကြီးပဲလေ” လင်းဟောက်ရန်က နားမလည်နိုင်သေးပေ။
လင်းဟုန့်ဖုန်က သားဖြစ်သူကိုကြည့်၍ သက်ပြင်းနည်းနည်းချလိုက်သည်။
သူ့သားသည် အလွန်ငယ်ရွယ် နုံအနေသေးသည်။
“ဒါက ရွှီလုံက သူ့အစွမ်းအစကို အတင်းမြှင့်ဖို့ နတ်စွမ်းအင်ကို သုံးတော့မှာမို့လို့ပဲ” ရုတ်တရက် ၎င်းတို့နောက်တွင် လူတစ်ယောက်ပ်ေါလာသည်။
ကနဦးထိတ်လန့်သွားကြပြီးနောက် ယင်းမှာ ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်သောကြောင့် လင်းဟုန့်ဖုန်က အလွန်အမင်း ဝမ်းသာသွားသည်။
ယခင်က သူ စိတ်ထဲ တလှုပ်လှုပ်ဖြစ်နေခဲ့သော်လည်း ယခု ချူးယွင်ဖန်းပြန်ရောက်လာသည်နှင့် နောက်ဆုံးတွင် သူစိတ်သက်သာရာရသွားသည
ချူးယွင်ဖန်း၏အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှီလုံ၏ ရောင်ဝါက ရူးသွပ်စွာဖြာထွက်လာသောကြောင့် လင်းဟောက်ရန်က နောက်ထပ်မေးခွန်းများမေးလာသည်ကို မစောင့်တော့ပေ။ ကန့်သတ်ချက်တစ်ခုကိုကျော်လွန်ပြီးနောက် ယင်းက ထပ်မံ၍ ဖြာထွက်လာရာ နောက်ထပ်အဆင့်တစ်ခုသို့ရောက်သွားသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
သူထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှီလုံက သူ၏ခွန်အားအားလုံးကို အသုံးပြုကာ တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။ သို့ထိတိုင် သူ၏ အမူအရာက အလွန် လေးနက်နေဆဲဖြစ်သည်။
“ဆဌမမြောက် နတ်အဆင့်’ ချူးယွင်ဖန်းက ရွှီလုံကို ပေါ့ပေါ့ပါးပါးစိုက်ကြည့်ကာ စိတ်ထဲမှတွေးလိုက်သည်။
ရွှီလုံက သူ့တွင်ရှိသမျှသော ခွန်အားများကို ထုတ်လွှတ်၍ သူ၏စွမ်းရည်များအားလုံးကို ထုတ်ပြီးနောက် သူသည် ဆဌမမြောက် နတ်အဆင့်သို့ တက်လှမ်းခဲ့သည်။
လူတိုင်းကို သူနှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ တက်ရောက်လာသော ပညာရှင်များက ယေဘုယျအားဖြင့် ဒုတိယမြောက် နတ်အဆင့် သို့မဟုတ် တတိယအဆင့်တွင်ရှိကြသည်။ စတုတ္ထမြောက် နတ်အဆင့်ရှိသူက စွမ်းအားကြီးသည်ဆိုလျှင်ပင် သူ့ခွန်အားက ရွှီလုံနှင့် နှိုင်းယှဥ်ရန် ဝေးသေးသည်။
သို့သော် အစွမ်းရှိသမျှ အသုံးပြုခဲ့သော ရွှီလုံနှင့်ရင်ဆိုင်ရသောအခါတွင်ပင် လီထောင်း၏ အမူအရာက မပြောင်းလဲသေးပေ။
သူက ရိုးရှင်းစွာပြောလိုက်သည်။
“မင်းကို ပထမဆုံး လှုပ်ရှားခွင့်ပေးမယ်။ မဟုတ်ရင် မင်း တိုက်ဖို့အခွင့်အရေးရှိတောင် ရလိုက်မှာမဟုတ်ဘူး”
မိမိကို တစ်ဖက်ပြိုင်ဘက်က အလွန်ရှုံ့ချနေသောကြောင့် ရွှီလုံက မျက်နှာအလွန်ပျက်လျက်ရှိသည်။
ကြုံးဝါးသံနှင့်အတူ သူ၏ တစ်ကိုယ်လုံးရှိ နတ်စွမ်းအင်များ ပွက်ပွက်ဆူလာသည်။ သူက လက်ကို မြှောက်ကာ လက်သီးကို ဆုပ်လျက် လီထောင်းကို ထိုးနှက်လိုက်သည်။
လက်သီးရှိ စွမ်းအင်များက ပြင်းထန်လှကာ ရှည်လျားသောနဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲလျက် လေထုကို ဖြိုခွဲ၍ လီထောင်းဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
အခန်း(၁၀၁၀) ဘာကောင်းကျိုးမှမပေးတဲ့ကောင်တွေကို သတ်မယ်
နတ်စွမ်းအင်များဖြင့် ဖန်ဆင်းထားသော ဤရှည်လျားသော နဂါးသည် ကြောက်မက်ဖွယ်အလင်းရောင်ဖြင့် ပေါက်ကွဲထွက်ကာ လီထောင်းဆီသို့တိုက်ရိုက်ဦးတည်သွားသည်။ ဤလက်သီးချက်ကြောင့် သတ်ဖြတ်ရောင်ဝါများက ကောင်းကင်ယံထိ ဖြာထွက်လာသည်။ ၎င်းတွင်ပါရှိသော ကြောက်မက်ဖွယ်စွမ်းအင်များသည် ကမ္ဘာကြီးကို ခွဲထုတ်နိုင်စွမ်းရှိပုံရသည်။
ရွှီလုံသည် အသက်ကြီးသော်လည်း ချီစွမ်းအင်များ မချို့တဲ့ပေ။ တစ်ချက်ထိုးလိုက်ရုံဖြင့် လီထောင်းက ချက်ချင်းပင် ပေါက်ကွဲသွားသည်။
“မင်းက ကိုယ့်ကိုယ်ကို အများကြီး တွက်ထားတာပဲ”
လီထောင်း၏ အကဲဖြတ်မှုသည် ဤစကားများသာဖြစ်သည်။ နဂါးရှည်ကြီးက သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည့်အခိုက်၌ သူ့လက်များကချက်ချင်းပင် ချွန်ထက်သော ခြေသည်းများအဖြစ်ပြောင်းလဲသွားသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားက လီထောင်းကို အန္တရာယ်မပြုနိုင်ပေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ” ရွှီလုံက မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။
သူက လီထောင်း၏ စွမ်းအားက သူ့ထက်မြင့်ကြောင်း သိနေသော်လည်း သူ၏ စွမ်းအားပြည့် တိုက်ခိုက်မှုကြောင့် လီထောင်းကို မည်သို့မျှ ထိနိုင်လိမ့်မည်မဟုတ်ဟုမထင်ထားခဲ့ပေ။
ကွာဟချက်က သူထင်ထားသည်ထက် များစွာပိုမိုကြီးမားလှသည်။
“ဘာကို မဖြစ်နိုင်တာလဲ။ မင်းက ငါ့ထက် နည်းနည်းပဲ အားနည်းတယ်ထင်နေတာလား” လီထောင်းက လှောင်ရယ်၍ လက်များကို နောက်ကျောဘက်တွင်ယှက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များ ပွက်ပွက်ဆူလာပြီးနောက် ကောင်းကင်တစ်ခုလုံးတုန်လှုပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် သူက ရွှီလုံ၏ အဆင့်သို့ရောက်သွားပြီးနောက် ရွှီလုံကို ဖိနှိပ်အနိုင်ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် သတ္တမမြောက် နတ်အဆင့်သို့ရောက်သွားသည်။
သို့သော် သတ္တမမြောက်နတ်အဆင့်ကပင် သူ၏ ကန့်သတ်ချက်မဟုတ်သေးပေ။
ဆက်တိုက်အောင်မြင်မှုများပြီးနောက်တွင် သူသည် အဌမအဆင့်သို့ တက်လှမ်းခဲ့သည်။ သူသည် ဤအဆင့်၏အစောပိုင်းအဆင့်တွင်ရှိနေသော်လည်း ရွှီလုံကိုချေမှုန်းရန်လုံလောက်သည်။
ကွာဟချက်က ကြီးမားလွန်းလှသည်။
လီထောင်းက ကျင့်ကြံရေးအဆင့် အဌမအဆင့်သို့ရောက်နေသည်ကိုမြင်သောအခါ လင်းဟုန့်ဖုန်၏ တစ်ကိုယ်လုံးတုန်လှုပ်သွားရသည်။ ၎င်းတို့နှစ်ဦးလုံးက နတ်အဆင့်တွင်ရှိနေကြသော်လည်း နတ်အဆင့် ပထမအဆင့်နှင့် အဌမအဆင့်ကြားခြားနားချက်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်ဖြစ်သည်။
လီထောင်းက သူ့ကိုသတ်ချင်ပါက လက်ညှိုးတစ်ချောင်းထောင်လိုက်ရုံမျှသာဖြစ်သည်။
သို့သော် လင်းဟုန့်ဖုန်က ချူးယွင်ဖန်း၏ အေးဆေးတည်ငြိမ်သော အမူအရာကိုမြင်လိုက်ရသောအခါတွင် ပို၍ စိတ်အေးသက်သာရှိလာသည်။ ဤကဲ့သို့ ကျင့်ကြံရေးအဆင့်နှင့်ဆိုပါက ရွှီလုံသည် လီထောင်းနှင့်မယှဥ်နိုင်သော်လည်း ချူးယွင်ဖန်းက မယှဥ်နိုင်ဘဲနေလိမ့်မည်ဟု မဆိုလိုပေ။
“အဌမမြောက်နတ်အဆင့်လား။ မဖြစ်နိုင်ဘူး။ မင်းက ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းထက်တောင် ပိုသန်မာနေသေးတာလား”
ရွှီလုံက မယုံမကြည်နိုင်ဖြစ်သွားသည်။ နတ်ကုန်းမြေတစ်လျှောက်တွင် အဌမမြောက် နတ်အဆင့်ရှိသူများကို အရှင်သခင်များအဖြစ်သတ်မှတ်ခံထားရသည်။ ၎င်းတို့အားလုံးသည် နယ်မြေတစ်ခု၏ အလွန် စွမ်းအားကြီးသော သခင်များဖြစ်ကြသည်။
“မှန်တယ်။ ငါလည်း အခုတင် အဆင့်တက်သွားပြီ။ ဒီနယ်မြေမှာ ငါက ပြိုင်ဘက်ကင်းပဲ။ မင်းငါ့ကို ရန်စရဲတာ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ” လီထောင်းက ခေါင်းညိတ်လိုက်သည်။
“ငါမင်းကို စောစောက အခွင့်အရေးပေးခဲ့တယ် ဒါပေမယ့် မင်းအဲဒါကို တန်ဖိုးမထားဘူး"
လီထောင်း၏ အသံထွက်လာသည်နှင့်တပြိုင်နက် သူ့တစ်ကိုယ်လုံးရှိ နတ်စွမ်းအင်များ ဖြာထွက်လာသည်။ သူက လက်ငါးချောင်းကိုဆုပ်ကာ တစ်ချက်ထိုးလိုက်သည်။
ဘမ်း
ဤလက်သီး၏ စွမ်းအားက မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲသွားသည်။
ရွှီလုံက အံကြိတ်လိုက်သည်။ သူယခု နောက်ပြန်ဆုတ်ရန် နည်းလမ်းမရှိတော့ကြောင်း သူသိသည်။ သူက ခြေထောက်ကို မြေကြီးသို့ဆောင့်ကာ ဟန်ချက်ထိန်းပြီးနောက် မျက်စိတ်စမှိတ်အတွင်း၌ ဝင်လာသည့် လက်သီးချက်ကို လက်သီးပေါင်းများစွာ ပြန်ထိုးပစ်လိုက်သည်။
ဘမ်း ဘမ်း ဘမ်း
ကျယ်လောင်သော အသံများစွာထွက်ပေါ်လာပြီးနောက် ဒါဇင်နှင့်ချီသော လက်သီးများက အလွန်စွမ်းအားကြီးသည်ကို လူတိုင်းမြင်ခဲ့ကြသော်လည်း ၎င်းတို့က ချက်ချင်းပင် ပြန့်ကျဲသွားကြသည်။
လီထောင်း၏ ထိုးနှက်ချက်များကို သူမည်သို့မျှ တားဆီး၍မရပေ။ အဌမအဆင့်ရှိသော နတ်အဆင့်၏ ခွန်အားသည် ၎င်း၏ စွမ်းရည်ကိုလုံးဝတွန်းလှန်ပြီးနောက် ဆဌမအဆင့်တွင်သာရှိသော ရွှီလုံကဲ့သို့ သိုင်းပညာရှင်တစ်ဦးမဟုတ်တော့ပေ။
“ဒါတွေက… အကျိုးဆက်တွေပဲ”
ဤလက်သီးချက်က ရွှီလုံ၏ ခုခံမှုကို ဖြိုခွင်းကာ ခေါင်းသို့တိုက်ရိုက်ထိပြီးနောက် အော်ဟစ်လျက် ပျံတက်သွားသည်။
ဘမ်း
ရွှီလုံသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ ပါးစပ်မှ သွေးများ ထွက်ကျသွားသည်။ ဒီထိုးနှက်မှုက သူ့ခန္ဓာကိုယ်တွင်ရှိသော အရိုးများအားလုံးကို ကျိုးသွားစေသည်။ ခွန်အားကွာဟချက်က ရှင်းလင်းလွန်းလှ၏။
ထိုအတောအတွင်း၊ ထိုက်နင်မြို့ဘုရင် ကျိုးပုယီအံ့အားသင့်သွားသည်။ သူ့တွင်ပြောစရာစကားမရှိပေ။ ရွှီလုံက သူ၏ခွန်အားကို အပြည့်အဝ အကုန်အစင်အသုံးပြုခဲ့သော်လည်း လီထောင်းကို မတားဆီးနိုင်သေးကြောင်းသူမြင်လိုက်ရသည်။
လီထောင်းက သူ၏ စွမ်းအားကို ပြသရန် ရည်မှန်းထားသောကြောင့် အနည်းငယ်မျှ ချန်လှပ်ထားခြင်းမရှိပေ။ သူရဲကောင်းများကို ချိန်းခြောက်ချင်သည်။ ယခု သူသည် အဓိကကစားသမားများအနက်မှ အဓိကကစားသမားဖြစ်နေပြီဖြစ်သည်။
အဌမမြောက် နတ်အဆင့်။
မည်သူက သူ့ကို တားဆီးနိုင်မည်နည်း။
မည်သူက သူနှင့် ယှဥ်နိုင်မည်နည်း။
ထို့ရှန်မြို့သခင် လုရှု့ကျိုးက ပြုံးလိုက်သည်။ ပျော်ရွှင်မှုရင်းမြစ်ဂိုဏ်းခွဲချုပ် လီထောင်းကို ဖိတ်ကြားရန် သူ အခကြေးငွေ အမြောက်အမြားပေးဆောင်ခဲ့ရသည်။ ဤအရာများအားလုံးက အလွန် ထိုက်တန်သွားသည့်ပုံရ၏။
"ငါတို့ကြားက ကွာဟချက်က အရမ်းကြီးတယ်လို့ ငါပြောထားပြီးသားပဲ" လီထောင်းက ထုတ်ဖော်ပြောဆိုသည်။
လီထောင်းအဆင့်တက်သွားခြင်းကိုမဆိုနှင့် ရွှီလုံကို အနိုင်ယူခဲ့ခြင်းကပင် ပျော်နေရမည်အရာတစ်ခုမဟုတ်ပေ။ သူအဆင့်မတက်ခဲ့လျှင်ပင် ရွှီလုံနှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် လက်ညှိုးတစ်ချောင်း မြှောက်ရုံသာဖြစ်သည်။
လုရှု့ကျိုးသည် ထို့ရှန်က လာမည့်နှစ်အနည်းငယ်အတွင်း ကျောက်တွင်းကို ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း ကြေညာရန် မစောင့်နိုင်တော့ပေ။ သို့သော်လည်း လီထောင်း၏ စိတ်ဝင်စားမှုက လျင်မြန်စွာ လျော့နည်းသွားပြီးနောက် သူက ထျန်ဟဲအဖွဲ့ဘက်သို့လှည့်လိုက်သည်။
“မင်းက ထျန်ဟဲမြို့သခင် လင်းဟုန့်ဖုန်လား။ မင်းက ငါ့ဂိုဏ်းရဲ့ တပည့်တွေကို ဘယ်လိုသတ်ရဲတာလဲ။ အဲ့လိုလုပ်ဖို့ မင်းကို ဘယ်သူ သတ္တိပေးခဲ့တာလဲ” လီထောင်းက လင်းဟုန့်ဖုန်ကို အေးစက်စွာစိုက်ကြည့်၍ပြောလိုက်သည်။
သူသည် သီးသန့်ကျင့်ကြံနေရာမှထွက်လာပြီးနောက် တပည့်များအသတ်ခံလိုက်ရကြောင်း သိရှိခဲ့ရသည်။ ဤသည်က ရိုးရှင်းစွာပင် ခွင့်လွှတ်၍ မရနိုင်သော ကိစ္စတစ်ခုဖြစ်သည်။
ဤအချိန်တွင် လင်းဟုန့်ဖုန်က ပျော်ရွှင်မှုရင်းမြစ်ဂိုဏ်း၏ တပည့်များကိုသတ်ခဲ့ကြောင်း လူတိုင်းနောက်ဆုံးတွင် သိလိုက်ရသည်။ အကယ်၍ ၎င်းတို့သည် ယခင်က ကြီးကြီးမားမား မထင်ခဲ့မိပါက၊ ယခုအခါတွင် ပျော်ရွှင်ခြင်းရင်းမြစ်ဂိုဏ်းရောက်ရှိလာ၍ သူ၏ အံ့ဖွယ်အစွမ်းသတ္တိကို ပြသခြင်းမှာ ထျန်ဟဲအတွက် ဘေးဒုက္ခတစ်ခုပင်ဖြစ်သည်။
ထျန်ဟဲအဖွဲ့သည် ရုတ်တရက် ၎င်းတို့အပေါ် အကန့်အသတ်မရှိသော ဖိအားတစ်ခုအား ခံစားလိုက်ရသည်။ ၎င်းတို့ အသက်ရှုမဝလုနီးပါးဖြစ်ကာ မေးခွန်းထုတ်ရုံဖြင့် ပြိုလဲလုနီးပါးခံစားရသည်။
သို့သော် လီထောင်းက မေးခွန်းကိုမေးပြီးနောက် လင်းဟုန့်ဖုန်၏အဖြေကို မစောင့်ဘဲ ထပ်မံတိုက်ခိုက်ခဲ့သည်။ အဖြေကိုစောင့်ရန် ဘယ်သောအခါကမှ ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားသည်။ လင်းဟုန့်ဖုန်က သူ့တပည့်များကို သတ်လိုက်သည့်အချက်ကပင် သတ်ရန်လုံလုံနေပြီဖြစ်သည်။
ကြီးမားသော ချီစွမ်းအင်လက်တစ်စုံက လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ လင်းဟုန့်ဖုန်နှင့် ထျန်ဟဲမှလူများဘက်သို့ ဦးတည်သွားသည်။ လင်းဟုန့်ဖုန်နှင့် အခြားလူများက မလှုပ်ရှားနိုင်ကြပေ။ ၎င်းတို့သည် ထိုရောင်ဝါ၏ ခြိမ်းခြောက်ဖိနှိပ်မှုကို ခံစားခဲ့ကြရကာ ၎င်းတို့ နှလုံးသားထဲမှ ကြောက်ရွံ့မှုများက ၎င်းတို့ကို မလှုပ်ရှားနိုင်ဖြစ်စေခဲ့သည်။
ချီစွမ်းအင်များဖြင့် ပေါင်းစည်းထားသောလက်ကြီးက ထျန်ဟဲမှလူများကို သုတ်သင်ခါနီးတွင် ချီစွမ်းအင်ဓားတစ်စင်းက လေထုအလယ်မှ ထွက်ပေါ်လာကာ လက်ကြီးကို ခုတ်ပိုင်းပစ်လိုက်သည်။
ချီစွမ်းအင်လက်ကြီးက ဖြတ်ပိုင်းခံလိုက်ရပြီးနောက် ပေါက်ကွဲသွားသည်။
“ဘယ်သူလုပ်တာလဲ” လီထောင်းက ပါးစပ်ကို ဖွင့်ကာ ကြုံးဝါးလိုက်သည်နှင့် ရုတ်တရက်
မျက်နှာပြောင်းသွားသည်။
“ဒါ ငါပဲ”
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက နောက်ဆုံး၌ စတင်လှုပ်ရှားလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထျန်ဟဲအဖွဲ့ရှေ့တွင်ရပ်၍ လီထောင်းဆီမှ ၎င်းတို့ကို အကာအကွယ်ပေးလိုက်သည်။
“သူတို့ကို သတ်ပစ်ခဲ့တာ ငါပဲ” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
“မင်း သေချင်နေတာလား” လီထောင်းက ကြုံးဝါးလိုက်၏။
အခန်း(၁၀၁၁) လက်သီးတစ်ချက်
လီထောင်းက ဒေါသထွက်သွားသည်။ သူ့မျက်လုံးများက အေးစက်နေကာ လူသတ်ချင်စိတ် အပြည့်ရှိသည်။
အားလုံး၏မျက်လုံးများသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသည်။
လီထောင်း၏ အင်အားကို သံသယမရှိခဲ့ပေ။ သူသည် ၎င်းတို့အား နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သူဖြစ်ကာ မည်သူမျှ သူ့ကို စိန်ခေါ်ရန် အကြံအစည်မရှိဝံ့ပေ။ ထို့အပြင် ရွှီလုံကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ထိုကဲ့သို့သောလူ၏ ခွန်အားသည် ရိုးရှင်းစွာပင် ကြောက်မက်ဖွယ်ကောင်းသဖြင့် ခုခံမည့်အကြံအစည်များတွေးရန်ပင် မဝံ့မရဲဖြစ်နေကြ၏။
သို့သော် ချူးယွင်ဖန်းက သူ့လည်ပင်းကို ရှေ့သို့တိုးပေးရန် ဆုံးဖြတ်လိုက်သေးသည်။
ဒီလူက ဘယ်သူလဲ။
ယနေ့ အလှည့်အပြောင်းများစွာ ရှိခဲ့သည်။ ပန်းသီးပုပ်ဟု သတ်မှတ်ထားကြသည့်သူကလည်း ဆန့်ကျင်ဘက်ပုံစံကို ပြသနိုင်ခဲ့သည်။ လီထောင်း၏ အလွန်ကြောက်မက်ဖွယ်ကောင်းသောဖိအားက ဤအနက်ရောင်ရှိသော လူငယ်အပေါ် သက်ရောက်မှုအနည်းငယ်မှမရှိပေ။
ချူးယွင်ဖန်းသည် လီထောင်းကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်၍ ပြောလိုက်သည်။
“ခင်ဗျားဆီက မရေမတွက်နိုင်လောက်အောင်များတဲ့လူတွေရဲ့ နာကြည်းမှုတွေကိုကျုပ်ခံစားနိုင်တယ်။ ဒီအဆင့်ရောက်အောင် ခင်ဗျား မိန်းမ ဘယ်နှစ်ယောက်ကို ဖျက်ဆီးခဲ့လဲ”
လီထောင်း၏ မျက်လုံးများက အံ့သြမှုအရိပ်အမြွက်ပြနေသည်။ ချူးယွင်ဖန်းက သူ့အခြေအနေကို မြင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဤသည်က အမှန်တရားသာဖြစ်သည်။
သူ၏ ကျင့်ကြံရေးနည်းလမ်းသည် မရေမတွက်နိုင်အောင်များပြားလှသည့် အမျိုးသမီးများထံမှ ရင်စွမ်းအင်ကို စုပ်ယူကာ ဤအဆင့်သို့ရောက်လာခြင်းအပေါ် အခြေခံထားသည်။
ဗိုလ်ချုပ်တစ်ယောက်၏ အောင်မြင်မှုကို အရိုးပေါင်းတစ်သောင်းပေါ်တွင် တည်ဆောက်ထားသည်။ ဤအဆင့်သို့ရောက်ရန် သူသည် မရေမတွက်နိုင်အောင်များပြားသော အမျိုးသမီးများ၏
ကြေကွဲဖွယ်သေဆုံးမှုများကို ခွေးခြေခုံအဖြစ်အသုံးပြုခဲ့သည်။
ချူးယွင်ဖန်း၏စကားများသည် မိန်းမများကို လူသားသစ်သီးများအဖြစ်အသုံးပြုကာ ၎င်းတို့ကို ဖျက်ဆီး စွမ်းအင်များကို စုပ်ယူ၍ အဆင့်မြင့်လာရသော ပျော်ရွှင်ခြင်းရင်းမြစ်ဂိုဏ်း၏ ကျင့်ကြံရေးနည်းလမ်းကို ပြန်လည် အမှတ်ရစေသည်။
“ဟား” လီထောင်းက အေးစက်စွာ နှာခေါင်းရှုတ်လိုက်သည်။
“မင်း တစ်ယောက်တည်း ငါ့ကို ဆန့်ကျင်နိုင်မယ်ထင်နေတာလား။ မင်းကိုယ်မင်း အလွန်အကြူး တွက်ဆနေတာပဲ”
“ခင်ဗျား အရင် တိုက်ပါ။ နောက်မှ ကျုပ် ခင်ဗျားကို အခွင့်အရေးမပေးဘူးလို့မပြောနဲ့” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။
"ဟားဟားဟား။ ကောင်းလိုက်တာ၊ ငါ့ထက် မာနကြီးတဲ့သူကို တစ်ခါမှ မကြုံဖူးဘူး။ မင်းက ပထမဆုံးပဲ"
လီထောင်းက ချူးယွင်ဖန်း၏ မျက်လုံးများထဲမှ အထင်သေးမှုများကို သတိပြုမိကာ ဒေါသစိတ်ဖြင့် ပူလောင်လာသည်။
"ခင်ဗျား နောင်ကျရင် ဒီလိုလုပ်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
လီထောင်းက လေးနက်လာသည်။ သူ့တစ်ကိုယ်လုံး တောက်ပ၍ လေထုကို လောင်ကျွမ်းစေကာ ခန္ဓာကိုယ်တစ်ဝိုက်တွင်လည်း အလွန်ထူးဆန်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တို့သည် ကောင်းကင်ယံသို့ လွှမ်းခြုံကာ ပြင်းထန်သော ဒီရေကဲ့သို့ ဖြာထွက်နေသည်။
လီထောင်းသည် လက်သီးကိုဆုပ်လျက် သူ၏ခန္ဓာကိုယ်ရှိ မြင့်မြတ်သောစွမ်းအားအားလုံးကို ဤသိုင်းကွက်တွင် ထည့်သွင်းထားသည်။ သူက ရွှီလုံကို ကိုင်တွယ်ခဲ့စဥ်ကကဲ့သို့ စွမ်းအင်များကို ထိန်းချုပ်ထားခြင်းမရှိဘဲ စွမ်းအင်အပြည့်အဝ ထည့်ထားသည်။
ချူးယွင်ဖန်းက သူ့ကို ဒေါသအလွန်ထွက်စေခဲ့သည်။ သူ့ဒေါသကြောင့် ချူးယွင်ဖန်းက အသက်ရှင်လျက်လွှတ်ပေးရန် လုံးလုံးလျားလျား ရည်ရွယ်ချက်မရှိပေ။
တစ်ခဏချင်း၌ပင် လီထောင်း၏ ဆံပင်များက ထောင်လာကာ အဝတ်အစားများ တဖျပ်ဖျပ် လှုပ်သွားသည်။
လူတိုင်း အသက်မရှုနိုင်သကဲ့သို့ ခံစားလိုက်ရသည်။ တစ်ကမ္ဘာလုံးက လီထောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင် ထင်ရသည်။
ဘမ်း
လက်သီးစွမ်းအင်များ ဆူပွက်လာပြီးနောက် ဒီရေကဲ့သို့ပေါက်ကွဲကာ ချူးယွင်ဖန်းဆီသို့ ပေါက်ကွဲသွားသည်။
သို့သော် ချူးယွင်ဖန်းထံမှ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း ချက်ချင်း သိရှိခဲ့ကြပြီးနောက် လီထောင်း၏ ကြောက်စရာကောင်းသော စွမ်းအင်များက လေထုထဲတွင် အေးခဲသွားခဲ့သည်။
ဤခံစားချက်သည် အလွန်ရုတ်ချည်းဖြစ်ကာ မည်သူမျှ စိတ်ကူး၍ မရနိုင်သော အရာတစ်ခုဖြစ်သည်။
တစ်ခဏချင်း၌ပင် အချိန်များ အေးခဲသွားသကဲ့သို့ ထင်လိုက်ကြရသည်။ သို့သော်လည်း
လက်ရှိလူများထဲမှ မည်သူမျှ သာမန်လူများမဟုတ်သောကြောင့် အချိန်ကာလ ရပ်တန့်သွားသည်ကို သဘာဝအတိုင်း မယုံကြည်ခဲ့ကြပေ။ ချူးယွင်ဖန်းက လက်သီးချက်ကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် နောက်ဆုံးတွင် ခြံစည်းရိုးမှ ထွက်လာသကဲ့သို့ပင် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်လာသည်။
"အိုး မဖြစ်ဘူး"
လီထောင်းသည် သူ့နှလုံးသားထဲမှ ပြင်းထန်သော အန္တရာယ်ကို ချက်ချင်းခံစားလိုက်ရကာ အံ့အားသင့်ဖွယ်အရှိန်ဖြင့် လွင့်ထွက်သွားသည်။
သူက နောက်ပြန်ဆုတ်ချင်သော်လည်း သူ့လက်သီးများကို ပြန်ရုတ်သိမ်းရုံသာမက တစ်နေရာတည်းတွင် ထိန်းချုပ်ခံထားရသည်ကို တွေ့လိုက်ကြရသည်။ ဤအရာများအားလုံးက မျက်စိတစ်မှိတ်အတွင်းဖြစ်သွားခြင်းသာဖြစ်သော်လည်း ဤအဆင့်ရှိသော သခင်များကြားတိုက်ပွဲအတွက် လုံလောက်သည်။
သူက အလျင်အမြန် ကြုံးဝါးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များအားလုံး ဆူပွက်သွားသည်။
တခဏချင်းတွင်၊ ဤနားမလည်နိုင်သော နှောင်ကြိုးမှ လွတ်မြောက်သွားသည်။
သို့သော် ချူးယွင်ဖန်းလည်း တိုက်ခိုက်ခဲ့သည်။ ချူးယွင်ဖန်းက တင်းတင်းဆုပ်ထားသော လက်သီးဖြင့် ထိုးနှက်လိုက်၏။
ဘမ်း
မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤလက်သီးချက်ကြောင့် ကမ္ဘာတစ်ခုလုံးကို ထိခိုက်စေခဲ့သည်။
လက်သီးရောင်ဝါသည်လည်း ရွှေရောင် အသူရာအဖြစ်သို့ပြောင်းလဲသွားကာ ဤအသူရာက ဟိန်းဟောက်၍ လီထောင်းကို ထိုးကြိတ်လိုက်သည်။ လီထောင်းသည် လက်သီးကို ရှောင်တိမ်းရန် အလျင်အမြန်ဆုတ်ခွာလိုက်ကြသော်လည်း အခြားနည်းလမ်းမရှိပေ။ သူ့ကို လုံးလုံးလျားလျား ချုပ်နှောင်ထားသည်။
ဤအချိန်တွင်၊ ရွှီလုံ ယခင်က ခံစားခဲ့ရသည့်အရာကို နောက်ဆုံးတွင် သူခံစားခဲ့ရသည်။ သူက ရွှီလုံကို ချေမှုန်းခဲ့ကာ ယခု ချူးယွင်ဖန်းက ရွှီလုံကို ချေမှုန်းနေပြီဖြစ်သည်။
'မဖြစ်နိုင်ဘူး!'
လီထောင်းက မဖြစ်နိုင်ဟု တွေးကာ နောက်ဆုတ်သွားခဲ့သည်။ တုနှိုင်းမရနိုင်သည့် စွမ်းအားမျိုး ရှိနေမည်ဟု သူမယုံကြည်ခဲ့သပေ။ ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် ပဥ္စမမြောက် နတ်အဆင့်တွင်သာရှိကာ သူ့ထက် များစွာနိမ့်ကျသည်။
သို့သော် ချူးယွင်ဖန်း၏ ဤနတ်စွမ်းအင်၏ သိပ်သည်းဆသည် ပဥ္စမမြောက် နတ်အဆင့်တွင် ရှိပုံမပေါ်ပေ။ ယင်းက ဤအဆင့်ကို များစွာကျော်လွန်နေပြီဖြစ်သည်။
သို့သော်လည်း လီထောင်းက လက်ခံချင်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ ဆုတ်ခွာရန် နေရာမရှိပေ။ လက်သီးက သူ့ရှေ့ရောက်နေပြီဖြစ်၏။
ဘမ်း
သူက လက်သီးတစ်ချက်ထိုး၍ ချူးယွင်ဖန်း၏ အသူရာလက်သီးကို တန်ပြန်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ တန်ပြန်တိုက်ခိုက်မှုအားလုံးသည် ချက်ချင်းပင် ကြေမွကွဲကွဲသွားခဲ့သည်။
ဘမ်း
လီထောင်း၏ တိုက်ခိုက်မှုကို ဖြိုခွဲပြီးနောက် ချူးယွင်ဖန်း၏ လက်သီးက နှေးကွေးသွားကာ သူ့ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ သူ့တွင် ရှောင်ရန် အချိန်မရှိသောကြောင့် ပြန်လည်တိုက်ခိုက်၍သာ ရင်ဆိုင်နိုင်ခဲ့သည်။
“သူက သန်မာလွန်းတယ်”
လီထောင်းက ချက်ချင်းပင် သူ၏ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည်။ သူ့အဆင့်တွင် တိုက်ပွဲ၏ ရလဒ်ကို မည်သို့ မခွဲခြားနိုင်ဘဲ နေလိမ့်မည်နည်း။
တာအိုလောကမှ ထွက်လာခဲ့ပြီးစဥ်ကတည်းက ဤသို့ ကြောက်မက်ဖွယ်တည်ရှိမှုမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။ အထူးသဖြင့် သူသည် နတ်အဆင့်သို့ ဝင်ရောက်လာချိန်မှစ၍ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိဟု ခံစားရသောအချိန်မျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။
လီထောင်းရဲ့ အစီအမံက မအောင်မြင်ခဲ့ပေ။ ချူးယွင်ဖန်းက သူ့ထက်ပင် ပို၍မြန်သည်။ ခဏအကြာတွင် ချူးယွင်ဖန်းက သူ့ရှေ့သို့ရောက်လာကာ သူထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်လိုက်သည်။
“မင်း ငါ့ကို ဒီအခြေအနေထိရောက်အောင် ဖိအားပေးမှတော့ မင်းကို သေတဲ့အထိ တိုက်မယ်”
ထိုအချိန်တွင် လီထောင်းသည် အစွန်းစွန်ဆုံး ကန့်သတ်ချက်အထိ ဖိအားပေးခဲ့သည်။ သူ့နှလုံးသားထဲမှ နတ်ဆိုးက လျို့ဝှက် နည်းပညာတစ်ခုအဖြစ် ချက်ချင်းပျံ့နှံ့လာကာ ကြောက်မက်ဖွယ်တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို သတ်ပစ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် အနည်းငယ်မျှ မကြောက်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် သူသည် ကောင်းကင်ယံတွင် ပျံတက်နေသော ရွှေရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် သူ၏ လက်သီးမှ ထွက်လာသော လက်သီးစွမ်းအင်များပင်ဖြစ်သည်။
ထို့နောက် ယင်းက ပေါက်ကွဲထွက်လာကာ လီထောင်း၏ တိုက်ခိုက်မှုအားလုံးကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။
ဘမ်း
ချူးယွင်ဖန်း၏ လက်သီးက လီထောင်းကို တိုက်ရိုက်ထိမှန်သွားသည်။
လီထောင်းက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်လုံး အပိုင်းပိုင်းကွဲကြေကာ ပွဲချင်းပြီး သေဆုံးသွားသည်။