← Chapters

အခန်း (၁၀၁၂-၁၀၁၄)

Vol. 68 Ch. 1012-1014

အခန်း (၁၀၁၂-၁၀၁၄)

Vol. 68 Ch. 1012-1014

အခန်း(၁၀၁၂) ဒေသတစ်ခွင် နာမည်ကျော်ကြားခြင်း

တစ်နေရာလုံး သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းအတိပြီးသွားသည်။

တစ်ယောက်ယောက်က ၎င်းတို့၏ လည်ပင်းကို ညှစ်နေသကဲ့သို့ ဖြစ်ကာ လူတိုင်းက အသက်ရှုကြပ်၍ သေတော့မည်ဟုခံစားနေရသည်။ လူတိုင်း အံ့သြသွားကြသည်။ ယနေ့ ဖြစ်ရပ်များအားလုံး

အမျိုးမျိုးဖြစ်ပွားခဲ့ပြီးနောက် လူတိုင်း၏ မျှော်လင့်ချက်များကို ပျက်ပြားစေခဲ့သည်။

မူလက၊ ထို့ရှန်နှင့် ထိုက်နင်တို့သည် အပြင်းအထန်တိုက်ပွဲဖြစ်မည်ဖြစ်သော်လည်း တိုင်နင်းသည် နောက်ဆုံးအနိုင်ရသူဖြစ်မည်ဟု လူတိုင်းကထင်ခဲ့ကြသည်။ ဤသည်က အမြဲဲတမ်းအတွက် အစဥ်အလာပင်ဖြစ်သည်။ သို့သော် လီထောင်းပေါ်လာမှုက ဤအစဥ်အလာကို ချိုးဖျက်ခဲ့သည်။ ဤနယ်မြေတွင် စိုးမိုးနိုင်သည့် စွမ်းအားကြီး ရွှီလုံကို လီထောင်းက အလွယ်တကူ အနိုင်ယူခဲ့သည်။

အဌမမြောက် နတ်အဆင့်တွင်ရှိသော အနိုင်ယူနိုင်လုနီးနီးဖြစ်နေသည့် လီ‌ထောင်းသည် ချူးယွင်ဖန်းဆီတွင် အလွယ်တကူ ရှုံးနိမ့်ခဲ့သည်။

အရာအားလုံးက မှော်ပညာကဲ့သို့ပင်ဖြစ်သဖြင့် မည်သူကမှ မယုံကြည်နိုင်ကြပေ။

၎င်းတို့သည် အထူးသဖြင့် ထို့ရှန်မြို့သခင် လုရှု့ကျိုးအတွက် မှန်ကန်သည်။ လီထောင်းကို ခေါ်ရန် အဖိုးအခ အမြောက်အမြားပေးခဲ့သော်လည်း ချူးယွင်ဖန်းက လီထောင်းကို အလွယ်တကူသတ်ပစ်ခဲ့သည်။

လုရှု့ကျိုး၏ ကြိုးစားအားထုတ်မှုအားလုံးက အလဟဿ ဖြစ်သွားခဲ့ရသည်။ ဘဝ၏ အတက်အကျများက မြန်လွန်းလှသည်ဟု ထင်ရသည်။ ထိုသို့ခံစားရသော အခြားသူတစ်ဦးလည်းရှိသည်။ ၎င်းမှာ ထိုက်နင်မြို့သခင် ကျိုးပုယီဖြစ်သည်။ အောင်ပွဲက သူ့လက်ထဲတွင် ရှိနေပြီဟု ထင်ခဲ့သော်လည်း သူ၏ ကျွမ်းကျင်သူက ဤမျှ မြန်မြန် ရှုံးနိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

ထိုကဲ့သို့ ခံစားရသော အခြားသူတစ်ဦးလည်း ရှိပါသည်၊ ၎င်းမှာ တိုင်နင်း၏သခင် ကျိုးပုယီဖြစ်သည်။

နောက်ဆုံးအောင်နိုင်သွားသူမှာ မြို့၏ စွမ်းအားအကြီးဆုံး ထို့ရှန်မဟုတ်ဘဲ ယခင်က ဂရုပင်မစိုက်ခဲ့သည့် ထျန်ဟဲပင်ဖြစ်သည်။

သူက ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုသည် သူ့ကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်နိုင်သည်။ နောင်တွင် သူ ချူးယွင်ဖန်းကို ဆန့်ကျင်ခဲ့မိလျှင်…။

တကယ်တမ်းတွင် လူတိုင်းတွင် အတွေးတစ်ခုသာရှိသည်။ ယခုအချိန်မှစ၍ ထျန်ဟဲ၏ တိုးတက်မှုက ရပ်တန့်၍ မရနိုင်လုနီးပါးဖြစ်လာပေလိမ့်မည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် နတ်ကုန်းမြေ၌ ဂိုဏ်းတစ်ခုကို တည်ထောင်ကာ ကြီးမြတ်သောဘိုးဘေးတစ်ဦးဖြစ်လာရန် လုံလောက်သည်။ သူသည် နတ်ကုန်းမြေ၌ ရှေ့ဆုံးအဆင့် သတ်မှတ်ခံရနိုင်သည်။

သို့ရာတွင်၊ ၎င်းတို့ကို ပို၍ပင် ထူးဆန်းစေခဲ့သည်မှာ ဤအဆင့်ရှိ ကျွမ်းကျင်သူကို မည်သူမျှ မသိကြခြင်းဖြစ်သည်။ ယခု မည်သည့်ခေတ်ဖြစ်သနည်း။ လူတစ်ယောက်သည် နှစ်ရာချီကျင့်ကြံရန် သစ်တောဟောင်းထဲတွင် နက်နဲသော တောင်ကို ရှာရသည့်‌ ခေတ်မျိုးမဟုတ်တော့ပေ။

အမျိုးမျိုးသော အရင်းအမြစ်များကို ကျင့်ကြံရန်အတွက် အသုံးပြုရုံမျှဖြင့် သီးသန့်ကျင့်ကြံရန် မဖြစ်နိုင်ပေ။

သီအိုရီအရ၊ ဤပညာရှင်သည် အခြားကမ္ဘာမှမဟုတ်ပါက ထိုသို့သောပညာရှင်ရှိနေရန် မဖြစ်နိုင်ပေ။

၎င်းတို့မသိခဲ့သည်မှာ ၎င်းတို့စိတ်ထဲပေါ်လာသော အတွေးက အမှန်တရားဖြစ်နေသည်ကိုသာဖြစ်သည်။

"စည်းမျဉ်းစည်းကမ်းတွေအရ ကျုပ်မှန်ရင် ထျန်ဟဲက အခုပြိုင်ပွဲမှာ နိုင်သွားပြီ"

ချူးယွင်ဖန်း၏စကားများက လီထောင်းကိုသတ်ရုံသာမက စေ့စပ်ညှိနှိုင်းမှုတွင်ပါ အောင်မြင်ခဲ့ကြောင်း လူတိုင်းကို ရုတ်တရက်သဘောပေါက်စေခဲ့သည်။ စည်းမျဉ်းအရ ထျန်ဟဲသည် ချန်ပီယံဖြစ်သဖြင့် ဝေစုအများဆုံးရရှိမည်ဖြစ်သည်။

"ဘယ်သူမှ ကန့်ကွက်စရာမရှိဘူးလို့ ကျုပ်ထင်တယ်" ချူးယွင်ဖန်းကဘာသိဘာသာ ပြောလိုက်သည်။

အခြေအနေများ ဤအထိရောက်နေပြီဖြစ်သောကြောင့် သူက ထျန်ဟဲအတွက် ရပ်တည်ပေးရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့အပြင် စကားအနည်းငယ်မျှသာ ပြောရုံပင်ဖြစ်သည်။

လူတိုင်းကချူးယွင်ဖန်း၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသောကြောင့် သဘာဝအတိုင်း ကန့်ကွက်စရန် မရှိတော့ပေ။ ကျိုးရှု့ကျိုးနှင့် လုရှု့ကျိုးပင်လျှင် ၎င်းတို့၏ သဘောတူညီချက်ကို အမြန်ဖော်ပြလိုက်ကြသည်။

ဤသို့အခြေအနေမျိုးတွင် ၎င်းတို့အားလုံးက အတူတူပူးပေါင်းခဲ့ကြလျှင်ပင် ချူးယွင်ဖန်းထက် သန်မာနိုင်ကြလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် လီထောင်းကို လွယ်လွယ်ကူကူ သတ်ပစ်ခဲ့ကြောင်း ထင်ရှားသည်။

ထျန်ဟဲမှလူများက အလွန်စိတ်လှုပ်ရှားနေပုံရသည်။ ၎င်းတို့သည် ယခင်က ဤအဆင့်အထိ ရောက်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ထားခဲ့ကြပေ။ လင်းဟုန့်ဖုန်ပင်လျှင် သူ၏ ဝေစုကို ထိန်းသိမ်းခဲ့လိုခြင်းသာဖြစ်သည်။ သူသည် ထိုက်နင်နှင့် ထို့ရှန်ကို အနိုင်ယူ၍ ဝေစုအများဆုံးရနိုင်မည်ဟု သူဘယ်သောအခါကမှ မထင်ခဲ့ပေ။

ဤသည်က ရိုးရှင်းစွာပင် ကောင်းကင်မှ ပြုတ်ကျလာသည် ရွှေ အခွင့်အရေးပင်ဖြစ်သည်။

ထျန်ဟဲရုတ်တရက် အဆင့်တက်လာသည့်သတင်းနှင့် ကျောက်တွင်း၏ ဝေစုအများဆုံးကို သိမ်းပိုက်လိုက်သည့်အချက်သည် အံ့သြဖွယ်အရှိန်ဖြင့် အဘက်ဘက်သို့ပျံ့နှံ့သွားသည်။

ဤသတင်းက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ၎င်းတို့အားလုံးက ထိုက်နင်က ပထမနေရာကို ပြန်ရလိမ့်မည်ဟုမျှော်လင့်ခဲ့ကြသည်။

ပွဲအလှည့်အပြောင်းရှိခဲ့လျှင်ပင် ထို့ရှန်ဖြစ်သင့်သည်။ သို့‌သော် တကယ်တမ်းအနိုင်ရသွားသည်မှာ ထျန်ဟဲဖြစ်နေ၏။ ဤရလဒ်သည် လူတိုင်းမျှော်လင့်ထားကဲ့သို့ မဟုတ်ခဲ့ပေ။

လူတိုင်း၏မျက်လုံးများက ထျန်ဟဲမြို့သခင်မဟုတ်ဘဲ မြို့တော်၏ ကာကွယ်သူအသစ်ဖြစ်လာသော ချူးယွင်ဖန်းပေါ်တွင်ရှိနေကြသည်။

လူကြီးမင်းချူးဟူသောလူအကြောင်းကို မည်သူကမျှ ယခင်က မကြားခဲ့ကြဖူးပေ။ သူရုတ်တရက် ထွက်ပေါ်လာပြီးနောက် လူတိုင်းက သူ့ကို စတင်စုံစမ်းခဲ့သော်လည်း မရခဲ့ပေ။ ၎င်းသည် ကျောက်တုံးကြီးတစ်ခုမှ ပေါက်ထွက်လာသကဲ့သို့ပင်ဖြစ်၏။ သူ မည်သည့်နေရာက ထွက်လာခြင်းဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

သူ့နာမည် အပြည့်အစုံကိုပင် မသိကြဘဲ လူကြီးမင်းချူးဟုသာ သိကြသည်။ သူ့နာမည်ကို မည်သူကမျှ မမေးရဲကြသကဲ့သို့ ထျန်ဟဲကလည်း လူကြီးမင်းချူး၏ နောက်ခံအကြောင်းကို ရှင်းရှင်းလင်းလင်းမသိခဲ့ပေ။

၎င်းတို့တွေ့နိုင်သည့် တစ်ခုတည်းသောအရာမှာ လူကြီးမင်းချူးက လမ်းဘေးတွင် လဲကျနေစဥ် ထျန်ဟဲမြို့သခင်၏ သမီးဖြစ်သူ လင်းချန်ရှီက ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်။

ထို့နောက်တွင်၊ ထျန်ဟဲသည် ၎င်းတို့၏ ကျောထောက်နောက်ခံအဖြစ် အထူးကျွမ်းကျင်သူတစ်ဦးကို ရရှိခဲ့ကာ ပြဿနာအမျိုးမျိုးကို အကြိမ်ပေါင်းများစွာ ဖြေရှင်းပေးခဲ့သည်။

ဤအကြောင်းကို သိလိုက်ကြရသောအခါ လူများစွာက ဆွံ့အကုန်ကြသည်။

ယင်းမှာ ကောင်းကင်မှ ရွှေများကျလာသကဲ့သိုပင်ဖြစ်၏။

လူများက လင်းချန်ရှီကို မနာလိုဝန်တိုဖြစ်ခဲ့ကြသည်။

‘ခရီးသွားတုန်း သူ ဘယ်လိုလုပ် အဲ့လို ကျွမ်းကျင်သူမျိုးကို တွေ့ခဲ့တာလဲ’

သို့သော် ၎င်းတို့မသိခဲ့ကြသည်မှာ လူတိုင်းက ချူးယွင်ဖန်းကို ဆန့်ကျင်ကန့်ကွက်နေကြသော်လည်း လင်းချန်ရှီ၏ ဇွဲလုံ့လကြောင့် သူအလွန်ထိမိသွားကာ နောက်ဆုံးတွင် သူမအား လက်ခံလိုက်ခြင်းဖြစ်သည်ကိုသာဖြစ်သည်။

ထိုသို့မှမဟုတ်ပါက ချူးယွင်ဖန်းက ထျန်ဟဲကို ကူဉီကောင်းကူညီနိုင်သော်လည်း သူ ဤမျှထိ လေးလေးနက်နက်ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ တကယ်တမ်းတွင် ထျန်ဟဲ၊ ထိုက်နင် သို့မဟုတ် ထို့ရှန်ဖြစ်စေကာမူ သူ့အတွက် ကျောက်တွင်း၏ ဝေစုများက အသုံးမဝင်ပေ။

ချူးယွင်ဖန်း၏ နောက်ခံသမိုင်းကြောင်းကို ၎င်းတို့မသိနိုင်ကာ၊ သူရုတ်တရက် ကောင်းကင်မှ ပြုတ်ကျသကဲ့သို့ ဖြစ်နေသော်လည်း သူနှင့်ပတ်သက်သည့် ကောလဟာလမျိုးစုံ ထွက်ပေါ်လာသည်။

ထျန်ဟဲ၏မြို့သခင် လင်းဟုန့်ဖုန်ကို မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်မှ နတ်အဆင့်သို့ဖြတ်ကျော်ရန် ကူညီပေးသည့်ကိစ္စ ဖြစ်သည်။ ဤအရာက မရေမတွက်နိုင်သော လူများကို မနာလိုစိတ်ဖြစ်စေခဲ့သည်။

လူတစ်ယောက်က နတ်အဆင့်သို့ရောက်သည်နှင့် ၎င်းတို့၏ ဘဝတစ်ခုလုံး လုံးဝ ကွဲပြားသွားမည်ဖြစ်သည်။

တစ်ဖက်တွင် လင်းဟုန့်ဖုန်သည် လင်းချန်ရှီက ကကြီးမြတ်သောသခင်ကို အရယူထားသောကြောင့် ကံကြမ္မာအပြောင်းအလဲရှိခဲ့သည်။ ဤအချက်က လူအများကို မနာလိုမဖြစ်စေဘဲ မည်သို့နေလိမ့်မည်နည်း။

ကောလာဟလ အမျိုးမျိုး ပျံ့နှံ့နေချိန်တွင် ကျောက်တွင်းဝေစုခွဲမှုက စည်းစနစ်တကျ ဖြစ်နေသည်။

နောက်သုံးရက်အကြာတွင် ထျန်ဟဲသည် ကျောက်တွင်းကို လုံးဝသိမ်းပိုက်ပြီးနောက် သတင်းတစ်ခုက ချူးယွင်ဖန်း၏နားထဲသို့ ရောက်လာသည်။ ကျောက်တွင်း၌ လျှို့ဝှက်ဆန်းကြယ်သော ပစ္စည်းတစ်ခုရှိ၍ ၎င်းကို ကာကွယ်ရန် သူ့ကို လိုအပ်သည်။

အခန်း(၁၀၁၃) ရေနဂါးဝိဉာဥ်

ချူးယွင်ဖန်းသည် ထျန်ဟဲမှ ထွက်ခွာခါနီးတွင် ဝိဉာဥ်ကျောက်တွင်းအတွင်း၌ သာမန်မဟုတ် ထူးခြားသော အရာတစ်ခု ပေါ်လာသဖြင့် ချူးယွင်ဖန်းကိုယ်တိုင်သွား၍ ယင်းကြည့်ရမည်ဟူသော သတင်းက ထျန်ဟဲမှထွက်လာခဲ့သည်။ သူသည် ထျန်ဟဲကို ထောက်ပံ့မည်ဟု ကတိပေးထားသော်လည်း ထျန်ဟဲတွင် အချိန်ကြာကြာနေရင် ရည်ရွယ်ချက်မရှိပေ။ သူ နတ်ကုန်းမြေသို့ရောက်လာပြီဖြစ်သောကြောင့် သဘာဝကျစွာပင် ဤနေရာကို စုံစမ်းရန် လိုအပ်သည်။

သို့သော် ယခု လင်းဟုန့်ဖုန်သည် လင်းချန်ရှီကို လူကိုယ်တိုင်လာရောက်ရန် တောင်းဆိုသောကြောင့် ချူးယွင်ဖန်းက ၎င်းကို အလေးအနက်ထားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူ တုံ့ဆိုင်းမနေဘဲ နတ်ကျောက်မိုင်းဆီသို့ လိုက်သွားခဲ့သည်။

ကျောက်တွင်းသည် မြေအောက်အနက်တွင် နစ်မြုပ်နေကာ အရှေ့မှ အနောက်သို့ ကီလိုမီတာ ရာနှင့်ချီ ရှည်လျားသည်။ ၎င်းသည် အနီးနားရှိမြို့များအားလုံး၏ ကျင့်ကြံရေးအတွက် အကြီးမားဆုံးရင်းမြစ်ဖြစ်ခဲ့သည်။

ထိုအချိန်တွင် မိုင်းဝင်ပေါက်ကို ပိတ်ဆို့ထားသည်။ အခြားမြို့များမှ ပေးပို့သောလူများက အရန်အလုပ်များကိုသာ လုပ်ဆောင်နေချိန်တွင် ထျန်ဟဲမှပေးပို့သောလူများသည် တာဝန်ယူရန်တာဝန်ရှိသည်။ ဤသည်က အမြဲတမ်းအတွက် စည်းကမ်းဖြစ်ခဲ့သည်။ ချူးယွင်ဖန်းသည် လင်းချန်ရှီနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာကာ ကျောက်တွင်းဝတွင် အချိန်အတန်ကြာစောင့်ဆိုင်းနေသော လင်းဟောက်ရန်က ၎င်းတို့ကို ကြိုဆိုရန် အပြေးသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ" ချူးယွင်ဖန်းက မေးသည်။

“လူကြီးမင်း ချူး ခင်ဗျား ကျုပ်တို့နဲ့လိုက်ခဲ့ရင် သိလိမ့်မယ်” လင်းဟောက်ရန်သည် အချိန်တိုအတွင်း ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သောကြောင့်အနည်းငယ် ရှက်ရွံ့သောဟန်ဖြင့်ပြောသည်။

ချူးယွင်ဖန်းသည် လင်းဟောက်ရန်နှင့်အတူ ကျောက်တွင်းထဲသို့ လိုက်သွားခဲ့သည်။ ထိုနေရာကို နှစ်ပေါင်းများစွာ တူးဖော်ခဲ့ခြင်းအပါအဝင် စဉ်ဆက်မပြတ် ချဲ့ထွင်ခြင်းနှင့် ပြန်လည်ပြုပြင်ရေးများ ပြုလုပ်ပြီးနောက်၊ အလွန်ကျယ်ပြန့်ပုံပေါ်နေသည်။ အလုပ်သမားများစွာသည် ဤနေရာတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး နေထိုင်လာသောကြောင့် မြို့ငယ်လေးတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။

သုံးယောက်သား ကျောက်တွင်း၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်သွားကြသည်။ ၎င်းတို့ မနီစပ်ခင်တွင်ပင် ချူးယွင်ဖန်းက ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ ခပ်ဝေးဝေးတွင် တစ်စုံတစ်ခုရှိနေသကဲ့သို့ တစ်နေရာလုံး တုန်ခါသွားသည်။

ဖိအားများသည် လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့ကို စိတ်မသက်မသာဖြစ်စေသည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ဖိအားများမှ လွတ်မြောက်အောင် ကူညီရန် သူ၏ နတ်စွမ်းအင်အချို့ကို အသုံးပြုခဲ့သည်။

မကြာခင်၌ ချူးယွင်ဖန်းက လင်းဟုန့်ဖုန်ကိုမြင်လိုက်ရသည်။

“လူကြီးမင်း ချူး နောက်ဆုံးတော့ ခင်ဗျား ဒီကိုရောက်လာပြီပေါ့”

လင်းဟုန့်ဖုန်က ချူးယွင်ဖန်းကိုမြင်သောအခါ နောက်ဆုံးတွင် အားကိုးရမည့်သူရှိသကဲ့သို့ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ" ချူးယွင်ဖန်းက မေးသည်။

"ကျုပ်တို့ အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ်။ အဲဒါက ကျောက်တွင်း ဝိဉာဥ်ပဲ အဲ့တာ ရှေ့မှတ်တမ်းတွေမှာပဲ တွေ့ဖူးကြောင်းရှိလို့ နည်းနည်းစုံစမ်းပြီးမှပဲ ကျောက်တွင်းဝိဉာဥ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်”

“ကျောက်တွင်းဝိဉာဥ်လား” ချူးယွင်ဖန်း၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

လင်းဟုန့်ဖုန်သည် ရှေးစာအုပ်များတွင် ကျောက်တွင်းဝိဉာဥ်များ၏ မှတ်တမ်းများကိုသာ မြင်ဖူးသောကြောင့် ၎င်းအကြောင်းကို ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် ချူးယွင်ဖန်းကမူ မတူပေ။ သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားသောကြောင့် ကျောက်တွင်းဝိဉာဥ်ဟူသည် မည်သည်ဖြစ်ကြောင်း ကောင်းစွာသိသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဝိညာဉ်များစွာရှိခဲ့သည်။ မည်သည့်အမျိုးအစားဖြစ်စေ ဝိဉာဥ်စွမ်းအင်များ နှစ်ပေါင်းများစွာကြာ နစ်မြုပ်နေပြီးပါက ၎င်းသည် သဘာဝဝိဉာဥ်အဖြစ်ပြောင်းလဲသွားနိုင်သည်။ ဤသဘာဝဝိညာဉ်များသည် သဘာဝ၏အလိုဆန္ဒနှင့် စွမ်းအားများမှ မွေးဖွားလာသောကြောင့် ဘီလူးများနှင့် ကွဲပြားသည်။ ထို့ကြောင့် ဤသဘာဝဝိဉာဥ် အများအပြားမရှိသော်လည်း ၎င်းတို့တစ်ခုစီသည် အလွန်အစွမ်းထက်စွာ တည်ရှိနေသည်။

မှန်သည်။ လောကကြီးက တရားမျှတသည်။ ဤသဘာဝဝိဉာဥ်များသည် အလွန် ထူးချွန် စွမ်းအားကြီးသောကြောင့် မွေးဖွားနိုင်ခြေ အလွန်နည်းပါးသည်။ ထို့အပြင် ဝိဉာဥ်ကျောက်တွင်းတွင်

ရှိသော ကျောက်တွင်းဝိဉာဥ် အရေအတွက်က ပို၍ပင် ရှားသေးသည်။

အကျော်ကြားဆုံး ကျောက်တွင်းဝိညာဉ်များမှာ မြေကြီးတွင်းရှိ နဂါးဝိဉာဥ်များဖြစ်သည်။ တစ်စုံတစ်ယောက်က နဂါးဝိဉာဥ်၏ စွမ်းအားကို ၎င်းတို့ကိုယ်တိုင် ထုတ်ယူသုံးစွဲနိုင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် အချိန်တိုအတွင်း ကြီးကျယ်သော အရာများကို မကြာခဏ ရရှိနိုင်သည်။

ကံကြမ္မာကိုပင် မြှင့်တင်ပေးနိုင်သည်။ ရှေးဟောင်းယဥ်ကျေးမှူကာလတွင် ကံကောင်းခြင်းများကို မြှင့်တင်ပေးနိုင်သော အရာများသည် အလွန်ရှားပါးလှသည်။ ဂိုဏ်းက ပို၍ သန်မာအားကောင်းလေလေ ဤသို့သော ပစ္စည်းများကို ရနိုင်လေလေဖြစ်သည်။

၎င်းတို့အနက် နဂါးဝိဉာဥ်က လူကြိုက်အများဆုံးဖြစ်မည်မှာသေချာသည်။ နဂါးဝိဉာဥ်ကို ဖမ်းနိုင်ပါက ထိုသူသည် ၎င်း၏ စွမ်းအားကို ကိုယ်တိုင်အသုံးပြုနိုင်သည်။ ကံကောင်းခြင်းကိုမြှင့်တင်ပေးနိုင်ရုံမျှမက နဂါးဝိဉာဥ်တည်ရှိရာနေရာသည် သဘာဝ ဝိဉာဥ်စွမ်းအင်များ စုဝေးနေသော နေရာလည်းဖြစ်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းသည် အလွန်အံ့သြဖွယ်ကောင်းသည့် နယ်မြေတစ်ခုအဖြစ် ဖြစ်ပေါ်လာနိုင်သည်။

တကယ်သာ ယင်းက ကျောက်တွင်းဝိဉာဥ်ဖြစ်ပါက အလွန် ထူးခြားသော ကိစ္စတစ်ခုဖြစ်ပေလိမ့်မည်။

“ထို့ရှန်နက လီထောင်းလို ပညာရှင်တစ်ယောက်ကို ဘာလို့ ရုတ်တရက်ဖိတ်ခေါ်တာလဲ အံ့သြနေခဲ့တယ်။ ကျောက်တွင်းဝိဉာဉ်အကြောင်း သူတို့ သိနေကြတာထင်တယ်" လင်းဟုန့်ဖုန်က ပြောသည်။

"ထိုက်နင်ကိုတော့ ထည့်ပြောနေစရာတောင်မလိုပါဘူး၊ သူတို့ ဒီအကြောင်းကို ဟိုးအရင်ကတည်းက သိခဲ့ကြပေမယ့် သတင်းကို မျိုသိပ်ထားကြတယ် ဒီကျောက်တွင်းဝိဉာဥ်ကို လက်ဝါးကြီးအုပ်ချင်ကြတယ်။ အဲ့တာက အရမ်းရွံဖို့ကောင်းတယ်"

လင်းဟုန့်ဖုန်သည် နောက်ဆုံးတွင် ထိုက်နင်နှင့် ထို့ရှန်နှစ်ဦးစလုံးသည် မူလပုံစံအတိုင်းသာဖြစ်သော ယခုနှစ်ပြိုင်ပွဲတွင် အဘယ်ကြောင့် ဤမျှလောက်အားထုတ်ကြိုးပမ်းခဲ့ကြသည်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကဲ့သို့ ကြီးမားသော အကျိုးကျေးဇူးများ ရှိကြောင်း တွေ့ရှိလိုက်ရသည်။ ကျောက်တွင်းကို ချုပ်ကိုင်ခွင့်ရရန် ချူးယွင်ဖန်း၏ ကူညီမှုကြောင့်သာမဟုတ်ပါက အထဲတွင် ထိုသို့သောအရာရှိနေကြောင်း သိခွင့်ပင်ရလိမ့်မည်မဟုတ်ပေ။

လှည့်စားခံရလုနီးပါးဖြစ်နေပြီဟုတွေးကာ လင်းဟုန့်ဖုန်အလွန်ဒေါသထွက်သွားရသည်။

“ကျုပ်လည်းထင်တယ်” ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။

“ဘယ်သူမှ အဲ့တာကို သူများတွေနဲ့ခွဲချင်မှာမဟုတ်ဘူး”

သဘောတူညီချက်အရ ကျောက်တွင်းတွင် မည်မျှပင် တူးဖော်ရရှိစေကာမူ မြို့အချင်းချင်း ညီတူညီမျှ ခွဲဝေရမည်ဖြစ်သည်။ သို့သော် အချိန်ကျလာလျှင် ထိုသို့လုပ်မည့်သူ မည်မျှရှိသနည်း။

“ကျုပ်သွားကြည့်လိုက်မယ်”

ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ကျောက်တွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားခဲ့သည်။ ၎င်းတွင် ဧရိယာကိုကာကွယ်ရန် ကြီးမားသော အတားအဆီးတစ်ခုရှိနေသည်ကို သူမြင်လိုက်ရသည်။

ထို ခရမ်းရောင်အလင်း အတားအဆီးနယ်မြေအတွင်း၌ ဧရာမသားရဲတစ်ကောင်က အလိုလိုပေါ်လာသည်။ အနီးကပ်စစ်ဆေးကြည့်သောအခါ ၎င်းမှာ ရေလွှမ်းမိုးခြင်းနဂါးတစ်ကောင်ဖြစ်နေသည်ကို သိလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝိညာဉ်စွမ်းအင်ဖြင့် ဖုံးအုပ်ထား၍ ကျောက်စိမ်းနှင့်ထွင်းထုထားသည့်အလား အတွင်းသို့ ဖောက်ထွင်းမြင်နေရသည်။

ရေနဂါးဝိညာဉ်သည် ဆယ်မီတာခန့် ရှည်လျားကာ ၎င်း၏ဦးခေါင်းသည် ချူးယွင်ဖန်း၏ထိပ်သို့ရောက်နေသည်။

၎င်းက ချူးယွင်ဖန်းကို စူးစိုက်ကြည့်ကာ ရက်စက်ကြမ်းကြုတ်သော ရောင်ဝါမှတပါး အခြား ငြိမ်းချမ်းမှုကိုမမြင်ရပေ။

ချူးယွင်ဖန်း၏ အမူအရာကလေးနက်နေသည်။ ၎င်းက အမှန်ပင် နဂါးဝိဉာဥ်ဖြစ်ကြောင်း သူပြောနိုင်သော်လည်း ၎င်းသည် အပြည့်အ၀ ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ယင်းက ရေလွှမ်းမိုးနေသော နဂါးအဆင့်သို့သာ ပြောင်းလဲသွားခဲ့ကာ စစ်မှန်သော နဂါးတစ်ကောင်ဖြစ်မလာသေးပေ။

အတားအဆီးသည် ရေလွှမ်းမိုးခြင်းနဂါးထွက်လာခြင်းကို ကာကွယ်ထားရုံသာမက ၎င်းကိုကာကွယ်ရန်လည်းဖြစ်သည်။ အမှန်မှာ သဘာဝဝိဉာဥ်များသည် သာမန်သတ္တဝါများနှင့်ကွဲပြားကာ မိခင်မရှိပေ။

ချူးယွင်ဖန်းက အတန်ငယ်ကံကောင်းသည်ဟုခံစားလိုက်ရသည်။ အကယ်၍ ဤရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်က နဂါးအစစ်ဖြစ်လာပါက လူတိုင်းသေဆုံးသွားပေလိမ့်မည်။ နဂါးအသွင်ဆောင်သော နဂါးဝိဉာဥ်သည် စစ်မှန်သော နဂါးနှင့် ထူးမခြားနားပင်ဖြစ်ရာ နတ်အဆင့်သို့ ကျော်လွန်သွားသော ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုဖြစ်သည်။

၎င်းသည် အပြည့်အဝမဖွံ့ဖြိုးသေးသည့် ရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်မျှသာဖြစ်သော်လည်း ခွန်အားအရမူ နတ်အဆင့်အထွတ်အထိပ်သို့ ရောက်နေသည့်ပုံပေါ်သည်။

မူလက ဤရေနဂါးဝိညာဉ်သည် စစ်မှန်သောနဂါးအဖြစ်သို့ ပြောင်းလဲသွားသည်အထိ နက်ရှိုင်းစွာ အိပ်စက်နေသင့်သည်။ သို့သော် ၎င်းက အောင်မြင်စွာမပြောင်းလဲနိုင်ခင်တွင် တစ်စုံတစ်ဦးကြောင့် နိုးကြားလာခဲ့၍ အသွင်ကူးပြောင်းမှုမှာ မအောင်မြင်ခဲ့ပေ။

ရေနဂါးဝိညာဉ်အတွက်၊ ဤသည်မှာ ရှားပါးသောအခွင့်အရေးဖြစ်သဖြင့် ဤအရာအတွက် နက်ရှိုင်သော နာကြည်းမှုကို ဆုပ်ကိုင်ထားမည်ဖြစ်သည်။ ၎င်း မွေးဖွားပြီးသည်နှင့် သွေးမုန်တိုင်းများနှင့် အဆုံးမဲ့သတ်ဖြတ်ခြင်းကို မလွဲမသေ စတင်လိမ့်မည်ပင်ဖြစ်၏။

အခန်း(၁၀၁၄) နှစ်တစ်ထောင်အတွင်း တစ်ကြိမ် အခွင့်အရေး

မွေးဖွားခြင်းနယ်မြေအဆင့်မှ နတ်အဆင့်သို့ တက်လှမ်းခွင့်ရရှိသူနှင့်တူသော်လည်း ဤအခွင့်အရေးကို တစ်စုံတစ်ဦးမှ ဖြတ်တောက်ပစ်လိုက်သည်။

မည်သူမဆို ဤပြတ်တောက်မှုအတွက် ပြင်းပြင်းထန်ထန် နာကြည်းနေပေလိမ့်မည်ဖြစ်သည်။

ဤရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်သည်လည်း အလားတူပင်ဖြစ်၏။ သဘာဝနတ်ဝိဉာဥ်များမွေးဖွားခြင်းသည် သက်ရှိသတ္တဝါများမွေးဖွားခြင်းထက် များစွာပို၍ ခက်ခဲသည်။

ကျောက်တွင်းတိုင်းက သဘာဝဝိဉာဥ် ဖွဲ့စည်းရန် အခွင့်အရေးမပေးပေ။ ဖြစ်ပေါ်လာသော သဘာဝဝိဉာဥ်သည် ထိုဒေသကို ထိခိုက်စေနိုင်မည်ဖြစ်ရာ ၎င်းက သာမန် နဂါးဝိဉာဥ်တစ်ကောင်မျှသာဖြစ်သော်လည်း ဤနဂါးဝိဉာဥ်အချို့ကသာ ၎င်းတို့၏ အလိုဆန္ဒကို ထုတ်နိုင်သည်။ ယင်းသည်ကား ကျောက်တွင်းဝိဉာဥ်ဖြစ်သည်။

သဘာဝဝိညာဉ်တိုင်း မွေးဖွားခြင်းသည် ဘဝ၏ အံ့ဖွယ်တစ်ပါးဟု ဆိုနိုင်သည်။ အောင်မြင်စွာမွေးဖွားလာသောအခါတွင် ၎င်းတို့သည် အလွန်အထင်ကြီးခံရလေ့ရှိသည်။

ဥပမာအားဖြင့်၊ သဘာဝဝိဉာဥ်သည် နဂါးဝိဉာဥ်မှ အောင်မြင်စွာ အသွင်ပြောင်း၍ လူသားအသွင်ဆောင်သည်နှင့် နဂါးအစစ်ဖြစ်လာမည်ဖြစ်သည်။ စကြာဝဠာတွင်၊ ၎င်းသည် နဂါးမျိုးနွယ်၏ အစွမ်းထက်သော အကိုင်းအခက်တစ်ခုဖြစ်လိမ့်မည်။

သို့သော်လည်း တစ်ချိန်တည်း၌ပင် ဤသဘာဝဝိညာဉ်များ မွေးဖွားခြင်းသည် ဘေးဥပဒ်များနှင့် ပြည့်နှက်နေသည်။ သဘာဝ ဘေးအန္တရာယ်များအပြင် လူသားဘေးအန္တရာယ်များလည်းရှိသည်။

ချူးယွင်ဖန်းနှင့် အခြားသူများသည် ဤရေနဂါးဝိညာဉ်က လူသားများကိုမုန်းတီးနေမည်ဖြစ်ကြောင်း သေချာသိသည်။ ၎င်းတို့သည် ၎င်း၏ အသွင်ကူးပြောင်းရေးလမ်းကြောင်းတွင် အကြီးမားဆုံးအတားအဆီးဖြစ်လာခဲ့သည်။

သို့သော် အရာအားလုံးသည် ဆက်နွယ်နေ၏။ ရေနဂါးဝိဉာဥ်အတွက် ဤသည်မှာ အကြီးကျယ်ဆုံး ဘေးဒုက္ခ ဖြစ်နိုင်သည်။ အနှောက်အယှက်မဖြစ်ပါက စစ်မှန်သော နဂါးကြီးဖြစ်လာကာ ကောင်းကင်သို့ တက်လှမ်းရန် အနှစ်တစ်ထောင်ထက်မနည်း အချိန်ယူရပေမည်။

သို့သော်လည်း ရေနဂါးက သူ၏ ပုံသဏ္ဍာန်ကို စတင်ပုံဖော်ခဲ့ခြင်းဖြစ်၍ အပြည့်အဝပုံပေါ်လာပြီဟု ယူဆ၍မရနိုင်ပေ။ ဤသို့ ပို၍ ဖြစ်လာလေလေ သူ၏နာကြည်းမှုများက ပိုမိုပြင်းထန်လေလေဖြစ်သည်။ လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ချောက်ချားဖွယ် အပြစ်တစ်ခု ဖန်တီးလာမည်မှာ သေချာသည်။ သို့မှသာ နှလုံးသားထဲမှ နာကြည်းမှုကို ငြိမ်းအေးစေနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းအတွက်၊ ဤသည်က ကြီးမားသော အကျပ်အတည်းတစ်ခုဖြစ်သည်။ အန္တရာယ် အတိုင်းအတာက သံသယ ကင်းရှင်းသွာညး၍ ဤရေနဂါးဝိညာဉ်သည် အမှန်တကယ် မဖွဲ့စည်းရသေး၍ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပေါ်လာသော်လည်း ၎င်း၏အစွမ်းသတ္တိသည် နတ်အဆင့်၏ အထွတ်အထိပ်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

၎င်း လွတ်မြောက်လာလျှင် ချူးယွင်ဖန်းကပင်လျှင် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဤသည်က ကြီးမားသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ အပြည့်အဝ ဖွဲ့စည်းပြီးသည့် နဂါးဝိညာဥ်နှင့် ကြုံတွေ့ရပါက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ တတ်နိုင်သမျှ အဝေးသို့ပြေးရန် ဖြစ်သည်။

သို့သော် မဖွဲ့စည်းရသေးသော ဤရေနဂါးဝိညာဉ်သည် ချူးယွင်ဖန်း၏ အကြီးမားဆုံးအခွင့်အရေး ဖြစ်လာခဲ့သည်။

ရှေးဟောင်းလူသားကာလတွင်ပင် ဤသည်မှာ ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ တကယ်တမ်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအတွင်း၌ ဤသို့သော သဘာဝဝိဉာဥ်ကို ဆေးပညာကြီးတစ်ခုအဖြစ် ပြန်လည်သန့်စင်နိုင်သည့် နည်းလမ်းတစ်ခုရှိသည်ဖြစ်ရာ အဆင့်မြန်မြန်တက်ရန်ပင်ဖြစ်နိုင်ခေ‌ြေရှိသည်။

မှန်သည်။ ဤသည်က ထိပ်တန်းဆေးတစ်မျိုးဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအဆင့်၏ဆေးကို မသန့်စင်နိုင်ခဲ့လျှင်ပင် နတ်အဆင့်ကို ကျော်ဖြတ်နိုင်ရန် လုံလောက်ပြီဖြစ်သည်။

ဘမ်း

ဘမ်း

ဘမ်း

ရေနဂါးဝိညာဉ်သည် ချူးယွင်ဖန်းကို မြင်သောအခါ သတ်ဖြတ်ရောင်ဝါများပို၍ပြင်းထန်လာကာ ၎င်း၏ မျက်လုံးများသည် သတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။ ယခုမှသာ အသွင်ပြောင်းခဲံပြီးဖြစ်၍ ၎င်း၏ အသိစိတ်က ဖြစ်ပေါ်လာခဲ့သည်ဖြစ်ရာ ယခု ၎င်းကို သတ်ဖြတ်ရောင်ဝါများက ဝါးမြိုသွား၍ သတ်ဖြတ်ချင်သည့်အတွေးသာကျန်တော့သည်။

၎င်း၏ တစ်ခုတည်းသော အကြံမှာ မြင်မြင်သမျှ သတ္တဝါအားလုံးကို သတ်ပစ်ရန် ဖြစ်သည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးက ယခုအခါ အတားအဆီးကို ဖျက်ပစ်ရန် ကြိုးစားနေသည်။

“လူကြီးမင်း ချူး ဘာဖြစ်နေတာလဲ” လင်းဟုန့်ဖုန်သည် ရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်က ရူးသွပ်စွာ ပျံသန်းသွားသည်ကိုမြင်လိုက်ရသည်။

“ကျောက်တွင်းတူးရင်းနဲ့ ဒီ ရေလွှမ်းမိုးခြင်းနဂါးကို ခင်ဗျား အနှောက်အယှက်ပေးမိတာထင်တယ်”

“ဒီလိုသဘာဝဝိဉာဥ်မျိုး မွေးလာပြီး အသွင်ပြောင်းဖို့ဆိုတာ အရမ်းခက်တယ်။ ဒါက နေ့တိုင်း အန္တရာယ်ကျရောက်နေပြီမို့ ကျရှုံးဖို့ အလားအလာရှိတယ်လို့ပြောနိုင်တယ်။ ဒီအဆင့်အထိ ရောက်လာဖို့ဆိုတာ မလွယ်တာကို ခင်ဗျားက ရုတ်တရက်ကြီး ဖျက်ဆီးလိုက်တယ်။ အခု သူ့အတွေးတွေအကုန်လုံးက သတ်ဖို့ပဲ။ တကယ်လို့ သူလွတ်သွားရင် သွေးမုန်တိုင်းဖြစ်လာမှာ ကျုပ်စိုးရိမ်တယ်”

"ဒါပေမယ့် လက်ရှိစွမ်းအင်စီးကြောင်းအရ ဒီအတားအဆီးက အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အဲ့တာ လွတ်လာဖို့ အချိန်တစ်ခုပဲလိုလိမ့်မယ်”

ချူးယွင်ဖန်းသည် ဝိညာဉ်ကျောက်တုံးများကို တူးဖော်ရာမှ နဂါးဝိဉာဥ်ကို ထိမိရုံဖြင့် ၎င်းကို လေးနက်သော အိပ်စက်ခြင်းမှ လွတ်မြောက်ရန် မလုံလောက်ကြောင်း ချူးယွင်ဖန်းသိသည်။ ထိုက်နင်သည် ကျောက်တွင်းကို အလွန်အမင်း ချုပ်ကိုင်ထား၍ နဂါးဝိဉာဥ်ကို အတင်းနိုးထစေရန် မည်သို့လုပ်ခဲ့မည်ကို သူစိုးရိမ်မိသည်။

ဤသို့လုပ်ခြင်း၏အကျိုးဆက်များက တွေးကြည့်၍ပင် မရနိုင်လောက်အောင်ဖြစ်သည်။

ထိုက်နင်၏ ခွန်အားဖြင့် ဤကဲ့သို့ မလုပ်သင့်ပေ။ နောက်ကွယ်မှာ ထိန်းချုပ်နေသူ တစ်ဦးဦးရှိကောင်းရှိနိုင်သည်။

‘သေစမ်း’ လင်းဟုန့်ဖုန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် ဤရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်၏ ကြောက်မက်ဖွယ်စွမ်းအင်များကို အလိုအလျောက် ခံစားသိရှိနိုင်သည်။ အကယ်၍ သူသာ ၎င်းနှင့် ရင်ဆိုင်ရမည် ဆိုပါက သိုင်းကွက်တစ်ခုပင် ထုတ်ချိန်ရလိမ့်မည်မဟုတ်ပေ။

ထိုကဲ့သို့ကြီးမားသော အဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့သူမှာ ထိုက်နင်မြို့သခင် ကျိုးပုယီဖြစ်သည်။ တွေးကြည့်ပြီးနောက် အလွန်မုန်းတီးကာ အံကြိတ်လိုက်မိ၏။

ကျိုးပုယီဖြစ်စေ၊ လုရှု့ကျိုးဖြစ်စေ သူ့မျက်လုံးထဲတွင် အားလုံးက အတူတူသာဖြစ်သည်။ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဤမျှကြီးမားသော ပြဿနာကို ဖြစ်ပေါ်စေခဲ့သည်။ ရေလွှမ်းမိုးခြင်းနဂါးက

မွေးဖွားပြီးသည်နှင့် ထွက်သွားတတ်သည်။ လူမည်မျှ အသတ်ခံရနိုင်သည်ကို မည်သူ သိလိမ့်မည်နည်း။

၎င်းတို့သည်ရက်စက်ကြမ်းကြုတ်၍ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်လောက်အောင် များပြားလှသော ရန်သူများကို သတ်ခဲ့ကြောင်း သိထားသော်လည်း ထိုသူများသည် ၎င်းတို့၏ ရန်သူများဖြစ်သည်။

သို့သော် ဤရေလွှမ်းမိုးခြင်းနဂါးက လွတ်မြောက်သွားသည်နှင့် ၎င်းသည် လူ့လောကကို ဒုက္ခဆင်းရဲတွင်းသို့ ကျဆင်းသွားစေမည်ဖြစ်သည်။ မရေမတွက်နိုင်အောင် သေဆုံးမှုများနှင့် ဒဏ်ရာများအပါအဝင် အလောင်းတောင်များ နှင့် သွေးပင်လယ်များလည်း ဖြစ်ပေါ်လာစေနိုင်သည်။

လင်းဟုန့်ဖုန်သည် သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့်ပင် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်သည်။

“ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ။ အခြားဂိုဏ်းကြီးတွေကို ဖိတ်လိုက်ရမလား” လင်းဟုန့်ဖုန်က ပြောသည်။

“ကျုပ်တို့ ခွန်အားနဲ့ ဘာမှမလုပ်နိုင်မှာစိုးတယ်။ ထိုက်နင်နဲ့ ထို့ရှန်က ဘာမှအသုံးမဝင်ဘူး။ တစ်ခုတည်းသေသာ နည်းလမ်းက ဂိုဏ်းခွဲကြီးတွေရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေကို ဖိတ်ဖို့ပဲ။ ကျုပ်တို့ တွန်းလှန်နိုင်ဦးမှာပါ။ အခြားနည်းလမ်းမရှိဘူး”

ဤသည်မှာ သူတွေးနိုင်သော တစ်ခုတည်းသော အစီအစဉ်ဖြစ်သည်။

"မဟုတ်ဘူး၊ သူတို့ကို ခေါ်စရာ မလိုဘူး"

ချူးယွင်ဖန်း၏ မျက်လုံးများက ပိုမိုတောက်ပလာခဲ့သည်။ ဤသည်က ကြီးမားသော ကပ်ဆိုးတစ်ခုဖြစ်သော်လည်း ရှားပါးသော အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

“ကျုပ်နဲ့ထားလိုက်။ ကျုပ် နှိမ်နင်းမယ်”

"ဆရာ့မှာ နည်းလမ်းရှိလား" လင်းဟုန့်ဖုန်က ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"အင်း ရှိတယ်" ချူးယွင်ဖန်းကပြောသည်။ သူ ဤအခွင့်အရေးကို ဘယ်သောအခါတွင်မှ လက်လျှော့မည်မဟုတ်ပေ။

“မြန်မြန်လုပ်ကြ။ ဒီကျောက်တွင်ကနေ ထွက်သွားဖို့ လူတိုင်းကို အမိန့်ပေးပြီး ထွက်ပေါက်အားလုံးကို အတားအဆီးနဲ့ပိတ်လိုက်။ ကျုပ်အမိန့်မပေးမချင်း ဘယ်သူမှ ချင်းကပ်ခွင့်မရှိဘူး” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။

“နားလည်ပါပြီ” လင်းဟုန့်ဖုန်က ချက်ချင်းပြောလိုက်သည်။

ချူးယွင်ဖန်းမည်သို့ဆက်လုပ်မည်ကို မမေးကြတော့ဘဲ မိမိတို့ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာမဟုတ်သောကြောင့် လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့နှစ်ဦးလုံး ထွက်သွားကြသည်။ ၎င်းတို့ ပါဝင်ပတ်သက်ပါက အသတ်ခံရနိုင်သည်။

လင်းဟုန့်ဖုန်က ပြန်ဆုတ်ရန် အမိန့်ပေးပြီးနောက်တွင် မကြာမီကျရောက်တော့မည့် ဘေးဥပဒ်ကို သတိမပြုမိသည့်တိုင် ကျောက်တွင်းလုပ်သားများက အမြန်လိုက်ကာ ဆုတ်ခွာသွားကြသည်။ ထျန်ဟဲ၏ကျွမ်းကျင်ပညာရှင်အများအပြားသည် ကျောက်တွင်းကိုပိတ်ရန် စည်းရုံးခဲ့ကြသည်။ သတ္တုတွင်းတစ်ခုလုံးကို စည်းချိပ်ပိတ်ရန် အတားအဆီးများစွာကို စီရင်ချထားခဲ့ကြသည်။

ဤသို့သော သတင်းများကို အခြားမြို့များဆီမှ ဖုံးကွယ်ထား၍မရနိုင်သောကြောင့် အချိန်တိုအတွင်း၌ပင် ဤနေရာ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအားလုံးပျံ့နှံ့သွားခဲ့သည်။

All Chapters