အခန်း (၁၀၁၅-၁၀၁၇)
Vol. 68 Ch. 1015-1017
အခန်း(၁၀၁၅) နတ်ကုန်းမြေမှ ဝေ့မျိုးနွယ်စု
ကျောက်တွင်းတွင် ဖြစ်ပျက်ခဲ့သမျှကို မြို့တိုင်းက မသိကြပေ။ သို့သော်လည်း ယခုအချိန်တွင် ကျောက်တွင်းကို ချိတ်ပိတ်လိုက်ပြီဖြစ်သောကြောင့် သတင်းများ မည်မျှ နှေးစေကာမူ ၎င်းတို့က တစ်စုံတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း သိနိုင်ကြမည်ဖြစ်သည်။
သို့သော် ၎င်းတို့က မည်သို့ဖြစ်မည်ကို မသိကြပေ။ မြို့တိုင်းမြို့တိုင်းက ကျောက်တွင်းကိုစောင့်ရှောက်ရန် စီစဥ်ထား သော်လည်း အရေအတွက်က မတူပေ။ သို့သော် ကျောက်တွင်း၌ အပြည့်အဝ မပြောင်းလဲသေးသော ရေနဂါးဝိညာဉ်၏ သတင်းသည် မြို့တိုင်းအနှံ့ တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
သာမာန်လူများအတွက်မူ လုံးလုံးမပြောင်းလဲသော ရေနဂါးဝိညာဉ်သည် မည်သည့်အရာကိုဆိုလိုသည်ကို မသိကြသော်လည်း မြို့တိုင်း၏အဆင့်မြင့်အရာရှိများက မည်သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းလင်းစွာသိကြသည်။
ဤသည်မှာ ကြီးမားသော အကျပ်အတည်းတစ်ခုဖြစ်သော်လည်း ဤရေနဂါးဝိညာဉ်ကို နှိမ်နင်းနိုင်လျှင် ယင်းသည် စိတ်ကူး၍ မရနိုင်သော အခွင့်အရေးတစ်ခုဖြစ်မည်မှာ သေချာသည်။
ကျောက်တွင်းကို ချုပ်ကိုင်ထားသူထိုက်နင်သည် ၎င်းတို့ထံမှ ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။ ထို့ရှန်၏ ယခုနှစ်ကျောက်တွင်းကို ထိန်းချုပ်ရန် ကြိုးစားမှုသည် တစ်စုံတစ်ခုကို ဆိုလိုကြောင်း ၎င်းတို့ အနည်းငယ် ရိပ်စားမိကြသည်။
သို့သော် နှစ်မြို့လုံးက ၎င်းတို့ကို ဖုံးကွယ်ထားရန် တိတ်တဆိတ် နားလည်မှုရှိကြသည်။ ရှင်းလင်းစွာပင် ထိုက်နင်နှင့် ထို့ရှန်က ၎င်းတို့ သိသွားမည်ကို မလိုလားခဲ့ကြခြင်းဖြစ်သည်။
၎င်းဆို့ဆီမှ သတင်းများဖုံးကွယ်ထားသည့် မြို့နှစ်မြို့အကြောင်းကို အပြစ်ပြောနေရန် အချိန်မရှိတော့ပေ။ သတင်းသည် အံ့ဖွယ်ကောင်းသောအရှိန်ဖြင့် ပျံ့နှံ့သွားခဲ့၏။
မြို့တိုင်းအတွက် ၎င်းတို့သည် ကိုယ်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ရာ တကယ်တမ်းတွင် ထိပ်တန်းကျွမ်းကျင်သူများမရှိကြပေ။ ၎င်းတို့က အဓိက အင်အားစုများအောက်တွင် လွတ်လပ်ခွင့်ရရန် အတိုင်းအတာတစ်ခုအထိ အဖွဲ့အားလုံး၏ တိတ်တဆိတ်နားလည်မှုအပေါ် အားကိုးအားထားပြုကြသည်။
ပုံသဏ္ဍာန်မရှိသော ရေနဂါးဝိညာဉ် ပေါ်ပေါက်လာခြင်းသည် ၎င်းတို့အတွက် ဘေးဥပဒ်တစ်ခုဖြစ်နိုင်သော်လည်း နတ်ကုန်းမြေ၏ တပ်ဖွဲ့ဝင်များအတွက် ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်သည်မှာ သေချာပါသည်။
မအောင်မြင်သော နဂါးဝိညာဉ်သည်ပင်လျှင် ၎င်းသည် ကြီးမားသော ဆွဲဆောင်မှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။ တစ်ချိန်တည်း၌ပင် ဤဧရိယာအနီးတစ်ဝိုက်ရှိ တပ်ဖွဲ့များက စတင်လှုပ်ရှားလာကြသည်။
အချိန်အတိုင်းအတာတစ်ခုအထိ သတင်းမျိုးစုံ ပျံ့နှံ့သွားသည်။
အချို့သောသူများက ကောင်းကင်ယံထံတွင် များစွာသော ဆန်းကြယ်သားရဲများ ဆွဲယူလာသည့် ကောင်းကင်ဖြိုခွင်းဂိုဏ်းခေါင်းဆောင်၏ ရထားလုံးကို မြင်ကြသည်။
အချို့သူများက နတ်သမီးအိမ်တော်မှ အဦးဆုံးနတ်သမီးက ကောင်းကင်ယံ၌ နှင်းကြာပန်းများပေါ်တွင် ဖြတ်ပြေး၍ ပျံသန်းနေသည်ကို မြင်ခဲ့ကြရသည်။
နဂါးပြာဂိုဏ်းချုပ်သည်လည်း ထင်ရှားသော ပုံစံဖြင့် ပေါ်လာကာ ထို့ရှန်သို့ ပြောင်းရွှေ့ခဲ့သည်။
အနီးနားရှိ တပ်ဖွဲ့ဝင် သုံးဦးအပြင် ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူများနှင့် မင်းမျိုးမင်းနွယ်များမှ ပညာရှင်များလည်း အနီးနားမြို့များတွင် ကျောက်တွင်းထဲ၌ ဖြစ်ပျက်နေမှုများကို မေးမြန်းစုံစမ်းရန် အနီးနားမြို့များသို့ ရောက်ရှိလာခဲ့ကြသည်။
ရှင်းရှင်းလင်းလင်းပြောရလျှင် ကျောက်တွင်းအတွင်း၌ ရှိနေသော ရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်ဟူသည့် ပန်းတိုင်တစ်ခုသာ ၎င်းတို့အားလုံးတွင်ရှိကြသည်။
ဤပုဂ္ဂိုလ်ကြီးများက အလျင်မြန်စွာရွေ့လျားလာကြသည်ဖြစ်ရာ သတင်းက အံ့အားသင့်ဖွယ်အရှိန်ဖြင့်
ဆက်လက်ပျံ့နှံ့လာသည်နှင့်အမျှ ၎င်းသည် ကျွမ်းကျင်သူများကို ပို၍ပို၍ ဆွဲဆောင်နိုင်မည်ဟု ၎င်းတို့နားလည်ခဲ့ကြသည်။ ထို့ကြောင့် မွန်းစတားအိုတချို့ကို ဆွဲဆောင်ရန်မှာမဖြစ်နိုင်ပေ။ နဂါးဝိဉာဥ်ကို
သိမ်းပိုက်နိုင်မှသာ ၎င်းတို့၏ စွမ်းအားများ ပိုမိုတိုးတက်လာနိုင်ခြေရှိသည်။
ဤသည်က ကြီးမားသော အခွင့်အရေးတစ်ခခုဖြစ်၏။ မည်သူက ယင်းကို ပိုင်ဆိုင်ထားနိုင်စေကာမူ ထိုသူသည် အနာဂတ်ကို အုပ်စိုးနိုင်မည်ဖြစ်သည်။
ဤဂိုဏ်းကြီးများ ထွက်ပေါ်လာမှုသည် မြို့တိုင်း၏ အထက်အရာရှိများကို စိုးရိမ်စေသည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် ဤအင်အားစုများကို စော်ကားရန် မတတ်နိုင်ပေ။
ထိုသို့သော အခြေအနေအောက်တွင် မြို့အသီးသီးသည် မဟာမိတ်ဖွဲ့ကြသည်။
ထိုက်နင်မြို့သခင်အိမ်တော်ရှိ လျှို့ဝှက်ခန်းတစ်ခုတွင် မြို့တော်သခင်ကျိုးပုယီနှင့် လေးစားဖွယ်အကြိးအကဲ ရွှီလုံတို့ စကားပြောနေကြသည်။
ထိုက်နင်တွင် ဤအမြင့်မြတ်ဆုံးနှင့် အစွမ်းထက်သော တည်ရှိမှုနှစ်ခုသည် ယခုအခါ ၎င်းတို့၏အမှားများကို ဝန်ခံနေသကဲ့သို့ ခေါင်းငုံ့ကာ ရပ်နေခဲ့သည်။
ထိုအချိန်တွင် လျှို့ဝှက်ခန်းထဲတွင် ထိုင်နေသည့် တစ်ဦးတည်းသောလူမှာ အသက်လေးဆယ်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ကာ ခမ်းနားထည်ဝါသော ၀တ်စုံကို ၀တ်ဆင်ထားလျက် ဒေါသအမျက်ထွက်နေသည်။
"ဘာဖြစ်တာလဲ၊ သတင်းဘယ်လိုထွက်လာတာလဲ"
"ပထမအကြီးအကဲ၊ ကျုပ်တို့သတင်းကို မဖြန့်ခဲ့ပေမယ့် ထို့ရှန်နဲ့ ထျန်ဟဲက အဲ့အကြောင်းကို အရင်တည်းကသိခဲ့ကြတာဆိုတော့… သူတင်းပေါက်ကြားအောင်လုပ်တာ သူတို့ပဲဖြစ်ရမယ်”
ရွှီလုံက ရှက်ရွံ့စွာဖြင့် ထိုသူကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သူ၏ ရောင်ဝါက ယခင်ကထက် ပိုမို အင်အားနည်းလာသည်။ အဘယ်ကြောင့်ဆိုသော် လီထောင်းနှင့် တိုက်ပွဲတွင် ရင်ဆိုင်ခဲ့ရာမှ ရခဲ့သည့် ဒဏ်ရာများသက အပြည့်အဝ ပြန်လည်မသက်သာသေးသောကြောင့်ဖြစ်သည်။
သူက သူ၏ ခွန်အား တစ်စိတ်တစ်ပိုင်းသာ ပြန်လည်ရရှိခဲ့သည်။
လီထောင်း၏ ခွန်အားက သူ့ထက် သာလွန်သွားကာ သူ၏ ဘဝအလားအလာကို လှုံ့ဆော်ရန်
လျှို့ဝှက်နည်းပညာကို အသုံးပြုခဲ့သည်။ ယခုအခါတွင်၊ မတ်တပ်ရပ်၍ စကားပြောနေခြင်းကပင် သူ၏ ကြီးမားသော စွမ်းအားကို သက်သေပြနေခြင်းဖြစ်သည်။
“မှန်တယ် ထျန်ဟဲဆီက ဘာသတင်းမှ မကြားရသေးဘူး။ သူတို့ လျှို့ဝှက်ထားဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လူကြီးမင်းချူးက နဂါးဝိညာဉ်ကို သူ့ကိုယ်သူ ထိန်းသိမ်းထားချင်တာကြောင့် ထို့ရှန်က သတင်းပေါက်ကြားအောင်လုပ်လိုက်တာဖြစ်နိုင်တယ်" ကျိုးပုယီက တိုက်ရိုက်ပြောကြားခဲ့သည်။
သတင်းပြန့်နှံ့သွားပြီးနောက် စုံစမ်းရန် လူများကို ချက်ချင်းစေလွှတ်ခဲ့သည်။ သို့သော်လည်း စုံစမ်းမှု၏ရလဒ်မှာ ထို့ရှန်မှ အချက်အလက်အားလုံး ပေါက်ကြားစေခဲ့ခြင်းဖြစ်သဖြင့် ထို့ရှန်၏ ရည်ရွယ်ချက်မှာ ထင်ရှားသည်။ ထျန်ဟဲက နဂါးဝိဉာဥ်ကို မရသွားစေရန် အထိကရုန်းတစ်ခု ဖန်တီးလိုခြင်းဖြစ်သည်။
ထိုအတွေးက သူ့ကို ဒေါသအောက်တွင်ဆူပွက်သွားစေခဲ့သည်။ ထို့ရှန်က သူ၏ အကြံအစည်များကို အကြိမ်ကြိမ်ပျက်ပြားစေခဲ့သည်။ ၎င်းတို့ကြောင့်သာမဟုတ်ပါက သူသည် ကျောက်တွင်းကို ဟိုအရင်ကတည်းက ချုပ်ကိုင်ထားခဲ့နှင့်ပြီးဖြစ်ရာ ဤမျှ ရှုပ်ထွေးနေမည်မဟုတ်ပေ။
“ဘယ်သူ သတင်းဖြန့်ဖြန့် ငါဂရုမစိုက်ဘူး။ သတင်းပေါက်ကြားတာကိုပဲ မြင်တယ်"
ပထမအကြီးအကဲက အေးစက်စွာပြောသည်။
“ဒီ ရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်က ငါ့ အစ်ကိုကြီးလိုချင်တာလေ။ ငါ့မိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့တာဝန်နဲ့ သက်ဆိုင်တယ်။ ငါတို့ရှုံးရင် ဘာဖြစ်မယ်ဆိုတာ မင်းသိသင့်တယ်"
ပထမအကြီးအကဲ၏ မျက်လုံးများက အေးစက်နေလွန်းလှသဖြင့် ရွှီလုံနှင့် ကျိုးပုယီ ရင်တုန်နေမိသည်။
တကယ်တမ်းကြောက်မက်ဖွယ်ကောင်းသည်မှာ ပထမအကြီးအကဲ၏ နောက်ကွယ်မှ လူဖြစ်သည်။
၎င်းသည် နတ်ကုန်းမြေ၏ နံပါတ်တစ်မိသားစုဟု လူသိများသည့် မျိုးနွယ်စုကြီးတစ်ခုဖြစ်သည်။ ထိုသို့သော မျိုးနွယ်စုကြီးသည် ၎င်းတို့ နှိုးဆွနိုင်သော အရာမဟုတ်ပေ။ ၎င်းတို့ ကို လက်ညှိုးတစ်ချက်မြှောက်ရုံဖြင့်ပင် ချေမှုန်းပစ်လိုက်နိုင်ခြေရှိသည်။ ဤရက်များတွင် ထိုက်နင်က အဘယ်ကြောင့် အနီးအနားရှိ မြို့များအကြားတွင် ထိပ်တန်းရပ်တည်နိုင်ခဲ့သည်ကို အများကမသိကြပေ။
အကြောင်းသည်ကား ဝေ့မျိုးနွယ်စုကဲ့သို့မျိုးနွယ်စုကြီးက ကျောထောက်နောက်ခံပေးထားသောကြောင့်သာဖြစ်ရာ မဟုတ်လျှင် ၎င်းတို့က ဤမျှ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်မဟုတ်ပေ။
သို့သော် ဝေ့မျိုးနွယ်စု၏ ပံ့ပိုးမှုသည် တန်ရာတန်ကြေးရှိသည်။ ယခင်က ဝေ့မျိုးနွယ်စုသည် ရေနဂါးဝိညာဉ်ကို ပြန်လည်ရှင်သန်စေရန် လူများကို စေလွှတ်ခဲ့သည်။ ၎င်းတို့က အနိုင်ရတော့မည်ဟု ထင်ထားခဲ့ကြသော်လည်း ကျောက်တွင်းကို ထိန်းချုပ်ခွင့်အားဆုံးရှုံးလိုက်ရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။
သူ့အစီအစဥ်များအားလုံး ပျက်ပြယ်သွားခဲ့ရသည်။
ပထမအကြီးအကဲ၏မျက်နှာသည် ဒေါသအရိပ်အယောင်ပြနေသည်။ စစ်ဆေးရေးအရှိန်ကို မြှင့်တင်ရန် လိုအပ်သည်။ မဟုတ်လျှင် တပ်ဖွဲ့များပိုမိုများပြားလာပြီးမှဆိုပါက ဝေ့မျိုးနွယ်စုကပင်လျှင် ဝံပုလွေများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အခန်း(၁၀၁၆) အဘက်ဘက်သို့ မိုးတိမ်များ ရွေ့လျားခြင်း
"ကောင်းပြီ။ ဒီလူကြီးမင်းချူးဆိုတာ ဘယ်သူလဲ" ဝေ့မျိုးနွယ်စု၏ ပထမအကြီးအကဲက မေးသည်။
ရွှီလုံနှင့် ကျိုးပုယီပြောစကားအရ ရုတ်တရက်ပေါ်လာသော လူကြီးမင်းချူးသည် သာမန်လူမဟုတ်ကြောင်း ထင်ရှားသည်။ ကျွမ်းကျင်သူများကြာမှ ကျွမ်းကျင်သူဖြစ်ရမည်။
အဌမမြောက် နတ်အဆင့်သို့ ဝင်ရောက်ခဲ့သော လီထောင်းပင်လျှင် ထိုသူ့ထံတွင် ရှုံးနိမ့်ခဲ့သည်။ ဝေ့မျိုးနွယ်စု၏ ပထမဆုံးအကြီးအကဲဖြစ်သော်လည်း ထိုကဲ့သို့ ကျွမ်းကျင်ပညာရှင်ကို အာရုံစိုက်ရပေမည်။
"သူနဲ့ပတ်သက်တဲ့အချက်အလက်ကို ကျွန်တော်တို့ရှာမတွေ့ဘူး။ သူရုတ်တရက် ကောင်းကင်ကနေ ပြုတ်ကျလာသလိုပဲ ဘာကိုမှ ရှာမတွေ့ဘူး" ကျိုးပုယီက ခေါင်းခါသည်။
ထိုအချိန်တွင် ၎င်းတို့သည် လူကြီးမင်းချူး၏ နောက်ခံသမိုင်းကြောင်းကို သိရှိရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် နောက်ဆုံးတွင်မူ ၎င်းတို့က မည်သည့် အချက်အလက်ကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ၎င်းတို့ရှာဖွေနိုင်သည့် တစ်ခုတည်းသော သတင်းအရင်းအမြစ်မှာ လင်းချန်ရှီက ချူးယွင်ဖန်းကို တွေ့ခဲ့ခြင်းဖြစ်သည်။
ဤအရာထက်ပို၍ မည်သည့်အချက်ကိုမျှ မတွေ့ရပေ။
"ဒါက စိတ်ဝင်စားစရာပဲ" ပထမအကြီးအကဲက ပြောသည်။
"ပုံမှန်ဆိုရင်တော့ လူတစ်ယောက်က လေဟာနယ်ထဲက ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့တာ အဓိပ္ပာယ်မရှိဘူး"
ရွှီလုံနှင့် ကျိုးပုယီတို့သည် သူ့အား လိမ်ညာဝံ့မည်မဟုတ်ဟု သူယုံကြည်သောကြောင့် လူကြီးမင်းချူး၏ နောက်ခံနှင့် ပတ်သက်၍ ပြဿနာကြီးတစ်ခုရှိကြောင်းသိလိုက်သည်။
စင်စစ်သော်ကား နတ်ကုန်းမြေ၌ပင် စက္ကန့်ပိုင်းအတွင်း အဌမမြောက် နတ်အဆင့်ကို သတ်နိုင်သူ အများအပြားမရှိပေ။
ချူးယွင်ဖန်းသည် အရှားပါးဆုံးလူများထဲမှ တစ်ဦးဖြစ်ကာ ထိပ်တန်းလူနည်းစုထဲမှ တစ်ဦးဖြစ်သည်။
"ကျုပ်တို့အခု ဘာလုပ်သင့်လဲ။ ထျန်ဟဲကို ချက်ချင်း ကျောက်တွင်း ထိန်းချုပ်ခွင့်လွှဲပေးဖို့ အမိန့်ပေးရမလား” ကျိုးပုယီက ပထမအကြီးအကဲကိုမေးလိုက်သည်။
“နောက်ကျသွားပြီ။ စောစောက လုပ်ခဲ့မယ်ဆိုရင် ပြဿနာ ရှိလာမှာ မဟုတ်ဘူး။ အခု သတင်းပေါက်ကြားသွားပြီလေ။ အဲ့လိုလုပ်ရင် အခြားသူတွေကလည်း စည်းစောင့်နေကြမှာမဟုတ်ဘူး။ ချက်ချင်းလိုက်လာကြမှာ သေချာတယ်” ပထမအကြီးအကဲက မျက်မှောင်ကြုတ်သည်။
"ကောင်းကင်ဖြိုခွဲဂိုဏ်း၊ နတ်သမီးငယ်များနဲ့ အပြာရောင်နဂါးတွေက ခွေးတွေလိုပဲ။ အနံ့ခံကောင်းကြတယ်။ ဒါပေမယ့် ဒါလည်းကောင်းပါတယ်။ သူတို့အရင်သွားခိုင်းပြီး အခြေအနေကို အရင်စစ်ဆေးကြည့်ကြပါစေ”
ပထမအကြီးအကဲက ခုံလက်တင်ပေါ်သို့ လက်ချောင်းများကိုတောက်၍ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဒါပေမယ့် သူတို့က ကျုပ်တို့အရင် ရောက်သွားကြမှာပေါ့" ကျိုးပုယီက ပြောသည်။
ထိုအချိန်တွင် အင်အားသုံးရပ်မှ ချူးယွင်ဖန်းကိုအလေးအနက်ထားခြင်းမရှိပေါ။ ၎င်းတို့အမြင်အရ အနီးတစ်ဝိုက်ရှိ အဓိကအင်အားစုသုံးခုသည် တစ်ချိန်တည်းတွင် ထင်ရှားကျော်ကြားသည့်ပုံစံဖြင့် ပေါ်လာခဲ့သည်ဖြစ်ရာ ဝင်ရောက်စွက်ဖက်လိုကြောင်း ရှင်းရှင်းလင်းလင်းသိရနိုင်၍ ဤသည်က ၎င်းတို့ ရင်ဆိုင်နေရသော ကြီးမားသည့် ပြဿနာကြီးပင်ဖြစ်သည်။
"လူကြီးမင်းချူးကတော့ ရေနဂါးဝိဉာဥ်ကို ထိန်းထားဖို့က မဖြစ်နိုင်ပါဘူး"
"ကိစ္စမရှိပါဘူး အဟက် သူတို့ သုံးယောက် ရန်ဖြစ်ပါစေ။ တိုက်ပွဲက ပိုပြင်းထန်လေ၊ ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးရှာရတာ ပိုလွယ်လေပဲ။ နဂါးကို ဘယ်သူရနိုင်မလဲ ဆိုတာကတော့ သူတို့ရဲ့ ခွန်အားပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲ့ဂိုဏ်းသုံးခုကလည်း ငါနဲ့ ယှဉ်ရင် ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။"
ထိုအချိန်တွင် ပထမအကြီးအကဲ၏ မျက်နှာထက်၌ ကမ္ဘာပေါ်တွင် စွမ်းဆောင်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူကဲ့သို့ အကြွင်းမဲ့ယုံကြည်မှုက ထင်ရှားလာသည်။
"အမိန့်ချလိုက်ပါ။ ကျောက်တွင်းရဲ့ အခြေအနေကို သေချာစောင့်ကြည့်ပေးပါ။ ဖြစ်ပျက်သမျှကို ပထမဆုံးသိချင်တယ်”
“လူကြီးမင်းချူးက ဉာဏ်ကောင်းရင် အခုပြန်ဆုတ်ပြီး သူ့အသက်သူကယ်နိုင်လိမ့်မယ်။ ဒါပေမယ့် သူ ကယောင်ချောက်ခြားတွေလုပ်နေရင်တော့ အဲ့နေရာမှာပဲ သေရလိမ့်မယ်”
ပထမအကြီးအကဲက ကျောက်တွင်းရှိ နဂါးဝိဉာဥ်က မည်မျှ စွမ်းအားကြီးသည်ကို ကောင်းစွာသိသည်။ အခြားသူများကို မဆိုထားနှင့် ဝေ့မျိုးနွယ်စု၏ စွမ်းအားဖြင့်ပင် အလွန်သတိထားရမည်ဖြစ်သည်။
ဤသည်မှာ သူသည် လောလောဆယ် စိတ်မပူရသည့် အကြောင်းအရင်းဖြစ်သည်။ ဒုက္ခရောက်နေသော ရေထဲတွင် ငါးမျှားချင်သည်ဖြစ်စေ နဂါးဝိဉာဥ်ကို သူ့အတွက် အပိုင်လိုချင်သည်ဖြစ်စေ အရာအားလုံးက သူ့အပေါတွင်မူတည်နေသည်။
ယခုအချိန်တွင် ပြင်ပကမ္ဘာကြီးက ရှုပ်ထွေးလျက်ရှိသည်။ ရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်သည် နောက်ဆုံးတွင် ထိုကဲ့သို့သော ဖြစ်ရပ်များကို ဆက်တိုက်ဖြစ်ပေါ်စေလိမ့်မည်ဟု လူများစွာက မမျှော်လင့်ထားခဲ့ကြပေ။
အထူးသဖြင့် အနီးနားရှိ တပ်ဖွဲ့ကြီး သုံးခု၏ ထင်ရှားကျော်ကြားသော ဝင်ရောက်မှုသည် ထိုကိစ္စကို ပို၍ပင် ရှုပ်ထွေးစေခဲ့သည်။
အခြားသော အငယ်စားနှင့် အလတ်စား တပ်ဖွဲ့ဝင်များသည်လည်း ဒုက္ခရောက်နေသော ရေပြင်တွင် ငါးဖမ်းရန် ကြိုးစားခဲ့ရာ အခြေအနေ တစ်ခုလုံး ပိုမို ဖရိုဖရဲ ဖြစ်စေခဲ့သည်။
မုန်တိုင်းတစ်ခုက မလွဲမသေကျရောက်တော့မည်ကို လူတိုင်းခံစားနိုင်သည်။ ဤမုန်တိုင်း၏ဗဟိုချက်အနေဖြင့် ထျန်ဟဲမှလူများသည်ပိုမိုကြီးမားသောဖိအားကိုခံစားခဲ့ရသည်။
မြို့တော်သခင် လင်းဟုန့်ဖုန်သည် ထိုနေရာတွင် ကိုယ်တိုင်ကိုယ်ကျ တပ်စွဲထားသော်လည်း ချွင်းချက်မရှိပေ။ တပ်ဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များသည် ရေနဂါးဝိညာဉ်ကို လွှဲပြောင်းပေးရန် လီဟောင်ဖန်အား ဖြားယောင်းခြိမ်းခြောက်လျက် ရောက်ရှိလာကြသည်။
ဤအချိန်တွင် လင်းဟုန့်ဖုန်သည် ကျောက်တွင်းပိုင်ဆိုင်မှုနှင့်အတူ ကြီးမားသော ဖိအားကို ခံစားလာရသည်.
ဤအချိန်တိုင်းတွင် ၎င်းတို့သည် ဝိဉာဥ်ကျောက် ဝေစုခွဲခြင်းတွင်သာ ပါဝင်ခဲ့ကြဖူးသည်ဖြစ်ရာ ဤဖိအားအောက်တွင် အမှန်တကယ်ရှိခဲ့သူမှာထိုက်နင်ဖြစ်သည်။ ၎င်းတို့သိမ်းပိုက်ပြီးနောက်တွင် လူသတ်နတ်ဘုရားကြီး ချူးယွင်ဖန်း၏ တည်ရှိမှုကြောင့် အခြားမြို့များတွင် မည်သူမျှ မပြောဝံ့ကြပေ။ ချူးယွင်ဖန်း၏ အံ့မခန်းစွမ်းဆောင်ရည်ကြောင့် ၎င်းတို့အားလုံး အံ့အားသင့်သွားကြရသည်။
ယခုမူ ရေနဂါးဝိညာဉ်ကိုအကြောင်းပေါက်ကြားကာ အနီးနားရှိ တပ်ကြီးများ ဝိုင်းအုံလာသဖြင့် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
သာမာန်အားဖြင့် နှိုးဆော်ရန် တတ်နိုင်သူ များများစားစား မရှိပေ။ တကယ်တမ်းတွင် ဤကျောက်တွင်းကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အဓိကမှာ ၎င်းတို့ကြောင့်မဟုတ်ဘဲ ချူးယွင်ဖန်း၏ အင်အားကြောင့်ဖြစ်နေသောကြောင့် ဤသည်က မိမိတို့ကိုယ်မိမိတို့ ယုံကြည်မှုနည်းစေသည်။
"အဖေ၊ သားတို့ ဘာလုပ်ရမလဲ။ အပြာရောင်နဂါးအဖွဲ့က သားတို့ နဂါးဝိဉာဥ်ကိုလွှဲမပေးရင် သင်ခန်းစာပေးမယ်ဆိုပြီး သတိပေးဖို့ လူတွေလွှတ်လိုက်တယ်”
ကျောက်တွင်းအပြင်ဘက်တွင် လင်းဟောက်ရန်က လင်းဟုန့်ဖုန်ကို စိုးရိမ်သောအကြည့်ဖြင့်ကြည့်၍ ပြောနေသည်။
လင်းဟုန့်ဖုန်က ခေါင်းယမ်းလိုက်ပြီးနောက် ခါးသက်စွာပြုံးကာ ဆုံးဖြတ်ချက်ခိုင်မာစွာပြောသည်။
“ဒီအချိန်မှာ ငါတို့ ထျန်ဟဲက ဆုတ်ခွာလို့ရဦးမယ်ထင်လား။ အဲ့လိုလုပ်ရင် ငါတို့ လူကြီးမင်းချူးကို စော်ကားမိရုံတင်မကဘဲ အဲ့လူတွေက ငါတို့ကို သူရဲဘောကြောင်တဲ့ကောင်တွေလို့ သတ်မှတ်လိုက်ကြလိမ့်မယ်”
"ဒါ့အပြင် သူတို့က ငါတို့ကို လက်လွှဲပေးစေချင်တာလား၊ ငါတို့ ဘယ်လို လုပ်ရမှာလဲ၊ အဲ့ ရေလွှမ်းမိုးခြင်းနဂါးဝိဉာဥ်ထွက်သွားရင် အကျိုးဆက်က မှန်းဆလို့ မရဘူး။ ဘယ်သူဖြစ်ပါစေ လူကြီးမင်းချူး ထွက်လာတဲ့အချိန်ထိ စောင့်ရလိမ့်မယ်” လင်းဟုန့်ဖုန်က ပြောသည်။
စိတ်လှုပ်ရှားနေသော လင်းဟောက်ရန်နှင့် နှိုင်းယှဉ်ပါက လင်းဟုန့်ဖုန်သည် အခြေအနေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့ ဆုတ်ခွာရန် နည်းလမ်းမရှိတော့ဘဲ ချူးယွင်ဖန်းနှင့် အတူတူ ရပ်တည်နိုင်ခဲ့သည်။ မဟုတ်ပါက ၎င်းတို့အတွက် လွယ်သောအချိန်မဟုတ်မည်မှာ သေချာသည်။
ထို့အပြင်၊ အပြာရောင်နဂါးဂိုဏ်းချုပ်၊ နတ်သမီးများဂိုဏ်း၏ အဦးဆုံးနတ်သမီးငယ်နှင့် ကောင်းကင်ဖြိုခွဲသူဂိုဏ်းခေါင်းဆောင်အားလုံးသည် ကျော်ကြားကာ ပြိုင်ဘက်ကင်းမျာဖြစ်ကြသည်။ သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော လူကြီးမင်းချူးသည် သာမန်လူမဟုတ်ပေ။ မည်သူက နိုင်၍ မည်သူက ရှုံးမည်ကို မသိနိုင်ပေ။
"အဖေ၊ အစ်ကို၊ စိတ်မပူပါနဲ့။ ဆရာက အရမ်း အစွမ်းထက်ပါတယ်။ အဲ့လူတွေ သူ့ကို မယှဉ်နိုင်ပါဘူး" လင်းချန်ရှီက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
ကျောက်တွင်းထဲတွင်ရှိနေသော ချူးယွင်ဖန်းကမူ အပြင်တွင် လှိုင်းပေါင်းများစွာရိုက်ခတ်နေပြီဖြစ်ကြောင်း မသိခဲ့ပေ။ သူသည် ကျောက်တွင်းတွင် တင်ပျဥ်ခွေထိုင်နေကာ သူ့ရှေ့မှ မိုးကြိုးနတ်ဘုရားကျိုင်းက
တဟုန်ထိုး လွင့်မျောနေသည်။
သူ့လက်ထဲမှ မီးတောက်များက အဆက်မပြတ် တောက်လောင်သည်။
နဂါးဝိဉာဥ်သည် အလွန်စွမ်းအားကြီးလွန်းသည်ဖြစ်သဖြင့် ကျိုင်း၏ အကူအညီဖြင့်သာ ချေမှုန်းနိုင်မည်ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် မျက်လုံးပွင့်လာပြီးသည်နှင့် ကျိုင်းက သူ့လက်ထဲသို့ ပျံတက်သွားသည်။
အခန်း(၁၀၁၇) ရေနဂါးဝိဉာဥ်
ပြင်ပကမ္ဘာ ပရမ်းပတာဖြစ်နေချိန်တွင် ချူးယွင်ဖန်းသည် ကျောက်တွင်းရှိ မိုးကြိုးနတ်ဘုရားကျိုင်းကို အေးဆေးစွာ သန့်စင်လျက်ရှိသည်။ ရေနဂါးဝိဉာဥ် နိုးထလာပြီးနောက် ၎င်းသည် နတ်အဆင့်အထွတ်အထိပ်၌ ရှိနေသောကြောင့် ချူးယွင်ဖန်းထက်ပင် စွမ်းအားကြီးလွန်းမည်ြဖစ်သည်။
ဝိဉာဥ်ကို ဖိနှိပ်လိုပါက သာမန် နည်းလမ်းများဖြင့် ရှင်းရှင်းလင်းလင်းဖြစ်နိုင်မည်မဟုတ်ပေ။ ကျိုင်း၏ အကူအညီဖြင့်သာ အနိုင်ယူ၍ ချေမှုန်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ကျိုင်း၏ အရည်အသွေးသည် အလွန်မြင့်မားသည်။ သူ၏ ခွန်အားနှင့်ပင် ချူးယွင်ဖန်းသည် ၎င်းကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။ ၎င်းသည် နတ်အဆင့်ကို ကျော်လွန်ပြီးသောသူမှသာလျှင် ထိန်းချုပ်နိုင်သော အရာတစ်ခုဖြစ်သည်။=
ကံကောင်းထောက်မစွာဖြင့် ဤကျိုင်း၏ ပြဿနာအရှိဆုံးအပိုင်းမှာ ချူးယွင်ဖန်းက ခန္ဓာကိုယ်ထဲသို့ထည့်ထားသည့် မိုးကြိုးအစီအရင်ပင်ဖြစ်သည်။ ၎င်းဖြင့် ချူးယွင်ဖန်းက ကျိုင်းကို အချိန်ခဏတာ ထိန်းချုပ်နိုင်လိမ့်မည်။
အချိန်တိုမျှသာ ဖြစ်သော်လည်း လုံလောက်သည်။
၎င်းသည် ဤရေနဂါးဝိဉာဥ်ကို နှိမ်နင်းရန် သူ့အတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်ခဲ့သည်။
သူ့ရှေ့တွင်၊ ကျိုင်းမှ မိုးခြိမ်းသံများထွက်ပေါ်လာ၍ ပိုမိုသန်မာအားကောင်းလာသည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးအစီအရင်က ပြန်လည်အသက်ဝင်လာကာ အလင်းရောင်များဖြာထွက်လာ၏။
သူက ကျိုင်းကို ကိုင်ရန် လက်လှမ်းလိုက်သောအခါ ချက်ချင်းဆိုသကဲ့သို့ပင် ကျောက်တွင်းတစ်ခုလုံးကို မိုးခြိမ်းသံများ လွှမ်းခြုံသွားသည်။
သို့သော် ယခုတစ်ကြိမ်တွင်၊ ချူးယွင်ဖန်းသည် မည်သည့်အရာမျှ အမှားအယွင်းမရှိဘဲ ကျိုင်းကို ခိုင်မြဲစွာဆုပ်ကိုင်ထားသည်။
ချူးယွင်ဖန်းသည် ကျိုင်းအတွင်းမှ ပြင်းထန်သော စွမ်းအင်များ ဆူပွက်လာမှုကို ခံစားနိုင်သည်။ တစ်ချိန်တည်း၌ပင် သူက ၎င်းကို သန့်စင်သောအခါတွင် သူအတင်းအကျပ်ချထားသော စည်းချိပ်များ အဆက်မပြတ် ပျက်ဆီးသွားကြောင်းကိုလည်း သူခံစားနိုင်သည်။ သူ့တွင် အချိန်မကျန်တော့မည်ကို စိုးရ၏။
"အချိန်တန်ပြီ။"
ချူးယွင်ဖန်းသည် ကျိုင်းကိုဆုပ်ကိုင်လျက် ရေနဂါးဝိဉာဥ်ကို ကြည့်လိုက်သည်။
ဘမ်း
ဘမ်း
ဘမ်း
ရေနဂါးဝိဉာဥ်သည် အတားအဆီးကို အဆက်မပြတ် ရိုက်ခတ်ကာ အချိန်မရွေးကျိုးကျသွားနိုင်သည့် အက်ကြောင်းများပေါ်လာသည်။
ချူးယွင်ဖန်းက ဖြတ်လျှောက်သွားသည်ကိုမြင်လိုက်ရသောအခါတွင် ရေနဂါးဝိဉာဥ်၏ မျက်လုံးများထဲတွင်
စိုးရိမ်ထိတ်လန့်မှုအငွေ့အသက်များပေါ်လာသည်။ ကျိုင်းမှထွက်ပေါ်လာသည့် စွမ်းအင်အတက်အကျက ၎င်းကို အလွန် ကြောက်လန့်သွားစေ၏။
ယခုမူကား၊ ၎င်း၏ ကျိုးကြောင်းဆီလျော်မှုအားလုံးကို အကန့်အသတ်မဲ့ နာကြည်းမှုက ဝါးမျိုသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းလမ်းလျှောက်လာသည်ကိုမြင်သောအခါ ပို၍ ဒေါသထွက်ကာ ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။
ချူးယွင်ဖန်းကမူ နတ်ဝိဉာဥ်ထံသို့သွား၍ အတားအဆီးထဲသို့ ကျိုင်းဖြင့် ထိုးချလိုက်ရာ အတားအဆီးတွင် အက်ကွဲကြောင်းကြီးတစ်ခုဖြစ်သွားပြီးနောက် ချူးယွင်ဖန်းက ယင်းထဲသို့ဝင်သွားသည်။
နယ်နိမိတ်သို့ဖြတ်ကျော်လိုက်သည်နှင့် ရေနဂါးဝိဉာဥ်က သွေးသံတရဲရဲပါးစပ်ကြီးကို ဖွင့်ဟကာ သူ့ဆီသို့ ခုန်အုပ်လိုက်သည်။
ချူးယွင်ဖန်းသည် လွန်လွန်ကဲကဲ မဖြစ်စေချင်သဖြင့် လက်သီးကိုတင်းတင်းဆုပ်လိုက်ရာ ရွှေရောင်အလင်းတန်းအဖြစ်သို့ပြောင်းလဲ၍ ရေနဂါးဝိဉာဥ်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
ဘမ်း
ရေနဂါးနှင့် ရွှေရောင်အလင်းတန်းက လေထဲတွင် တိုက်မိသွားသည်။ လေသည် ချက်ချင်းပေါက်ကွဲသွားကာ ကျောက်တွင်းတစ်ခုလုံးပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ပေါက်ကွဲထွက်လာသည့် စွမ်းအင်များက အလင်းအဖြစ်သို့ပြောင်းလဲသွားကာ မှောင်မိုက်နေသော ကျောက်တွင်းကိုလင်းထိန်သွားစေသည်။
တစ်ချက်တိုက်ခိုက်ပြီးနောက် ချူးယွင်ဖန်းက နောက်သို့ ခြေလှမ်းများစွာဆုတ်ခဲ့ရကာ သူ့လက်မောင်းကြွက်သားများပင် အနည်းငယ်ထုံသွားသည့်အလားခံစားလိုက်ရသည်။
“မင်းက တကယ့် စွမ်းအားကြီးတဲ့ သားရဲကြီးပဲ”
ချူးယွင်ဖန်းက အံ့သြနေခြင်းမဟုတ်ဘဲ ပျော်ရွှင်နေမိသည်။
ကမ္ဘာပေါ်ရှိ နဂါးများသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ခန္ဓာကိုယ်ကြောင့် လူသိများသည်။ နဂါးဝိဉာဥ်များပင်လျှင် ရက်စက်ကြမ်းကြုတ်သည်ဟု သိကြသည်ဖြစ်သဖြင့် ၎င်းတို့နှင့် တန်းတူပြိုင်ဘက်ကို ရှာတွေ့ရန်ခက်သည်။ ၎င်းသည်၏ နဂါးဝိဉာဥ် တစ်ခုသာဖြစ်သော်လည်း အောင်မြင်စွာဖြင့် ကောင်းကင်သို့ တက်လှမ်းနိုင်ခဲ့ပါက နဂါးမျိုးနွယ်အခွဲတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့က သာမန်နဂါးမျိုးနွယ်စုထက် ပို၍ မဆိုးဘဲနေလိမ့်မည်မဟုတ်ပေ။
တိုက်ခိုက်ပြီးနောက် ချူးယွင်ဖန်းသည် တောင်ငယ်လေးတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဧကရာဇ်ခန္ဓာကိုယ်ကိုကျင့်ကြံပြီးနောက် မိုးကြိုးကိုယ်ထည်နှင့်ပေါင်းစပ်ထားသော်လည်း အကယ်၍ သူသာ သာမန် ပဥ္စမအဆင့် နတ်တစ်ပါးဖြစ်ပါက လွင့်ထွက်ကာ အပိုင်းပိုင်းကွဲထွက်သွားပေလိမ့်မည်ဖြစ်သည်။
နတ်အဆင့်အထွတ်အထိပ်ရှိသူများပင်လျှင် ရေနဂါးဝိဉာဥ်ကို အလွယ်တကူ တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။ ၎င်းက အမျှော်အမြင် နည်းနေခြင်းသာဖြစ်ပေလိမ့်မည်။
သို့သော် ချူးယွင်ဖန်းက သူ့လက်မောင်းများ ထုံကျင်သွားသည်ကိုသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ် မည်မျှ အစွမ်းထက်လာသည်ကို တွေးကြည့်ရ လွယ်ကူသည်။ သူနှင့် ရေနဂါးဝိဉာဥ်သာ အဆင့်တူတွင်ရှိနေပါက အလွန်လွယ်ကူပေလိမ့်မည်ဖြစ်သည်။
ရေနဂါးဝိညာဉ်သည် သာမန်လူများအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အထူးသဖြင့် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက် ဤအရာသည် သူ့ခွန်အားကို စမ်းသပ်ရန် ခြေနင်းကျောက်တစ်ခုမျှသာဖြစ်သည်။
“နောက်တစ်ခေါက်”
ချူးယွင်ဖန်းက ရယ်မော၍ ပျံတက်သွားပြန်သည်။ သူက ရေနဂါးဝိဉာဥ်ကို အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိပေ။
ဘမ်း
ဘမ်း
ဘွန်း
ဘွန်း
ကျောက်တွင်းတစ်ခုလုံးတွင် ရေနဂါးဝိဉာဥ်နှင့် ရွှေအလင်းများကိုသာ တွေ့နိုင်မည်ဖြစ်သည်။ ၎င်းတို့သည် ရှေးခေတ်ကာလများတွင် သားရဲများအကြား တိုက်ခိုက်နေကြသကဲ့သို့ပင်ဖြစ်၏။
အစောပိုင်း ထိပ်တိုက်ရင်ဆိုင်မှုတွင် လုံး၀ အရေးနိမ့်နေခဲ့သော်လည်း ရေနဂါးဝိဉာဥ်က ချူးယွင်ဖန်းကို နာကျင်စေရန် ခက်ခဲသည်။ ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်မှုအပြည့်ကို ပြသလိုက်သည်။
ချူးယွင်ဖန်းထွက်သွားလိုပါက ရေနဂါးဝိဉာဥ်၏ ကျင့်ကြံရေးအဆင့်က သူ့ထက်သာလွန်နေသည့်တိုင် သူ့ကို မည်သို့မျှ ထိခိုက်စေနိုင်မည်မဟုတ်ပေ။
ဤတိုက်ပွဲအပြီးတွင် ချူးယွင်ဖန်းသည် သူ့သွေးများဆူပွက်လာသည်ကို ခံစားလိုက်ရသည်။ တိုက်ပွဲဖြစ်စဉ်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုအပေါ် နားလည်မှု တိုးတက်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း တိုးတက်ရန် အမြန်ဆုံးနည်းလမ်းမှာ တိုက်ပွဲဖြစ်သည်။
"အချိန်သိပ်မကျန်တော့ဘူး"
ချူးယွင်ဖန်းသည် သူ့ရှေ့ရှိ ရေနဂါးဝိဉာဥ်ကိုကြည့်၍ သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သူ့လက်ထဲက ကျိုင်းကို အမြင့်သို့မြှောက်လိုက်သောအခါ ရေနဂါးဝိဉာဥ်က ချက်ချင်း အသိပြန်ဝင်လာသည်။ ရှည်လျားစွာ ဟိန်းဟောက်လိုက်ပြီးနောက် သွေးသံတရဲရဲ မေးရိုးကြီးကို ဟလိုက်သည်။ မရေမတွက်နိုင်အောင်များပြားလှသည့် ဝိညာဉ်စွမ်းအင်များ စုစည်းလာကာ ချူးယွင်ဖန်းဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဗုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအရေးကြီးသောအခိုက်အတန့်တွင် မိုးကြိုးနဂါးကြီးဆင်းသက်လာကာ ဝိဉာဥ်စွမ်းအင်ဗုံးကို ဖြိုခွင်း၍ ရုတ်တရက် ရေနဂါးဝိဉာဥ်ကို တန်ပြန်ထိမှန်သွားသည်။
ဘမ်း
ကြောက်မက်ဖွယ်မိုးခြိမ်းသံက အတားအဆီးအတွင်းရှိ နေရာငယ်လေးတွင် ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဤတိုက်ခိုက်မှုက အရာအားလုံးကို ပျက်သုဥ်းသွားစေကာ ချူးယွင်ဖန်းပင်လျှင် သူ့ရှေ့တွင်အကာအကွယ်စည်းချိပ်တစ်ခုကို ချထားလိုက်ရသည်။
ရေနဂါးဝိဉာဥ်က သွေးများအန်ထုတ်ကာ ကျယ်လောင်စွာအော်လိုက်သည်။ ချူးယွင်ဖန်းက ၎င်း၏နောက်ကျောတွင် ဒဏ်ရာကြီးတစ်ခုရသွားသည်ကိုမြင်လိုက်ရ၏။ ၎င်းသည် မိုးကြိုးနဂါးကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သည်။
ကျိုင်း၏ အစွမ်းသတ္တိက အမှန်ပင် လွတ်မြောက်ထွက်ပေါ်လာပြီဖြစ်ရာ ယခင်က ချူးယွင်ဖန်းသည် ၎င်းနှင့်ထိတွေ့ခဲ့မိသဖြင့် သေလုနီးပါးဖြစ်ခဲ့ရသည်။
ယခုမူ ယင်းကို ခုခံရန် နဂါးဝိဉာဥ်၏ အလှည့်ဖြစ်သည်။