အခန်း (၁၀၁၈-၁၀၂၀)
Vol. 68 Ch. 1018-1020
အခန်း(၁၀၁၈) ဆဌမမြောက် နတ်အဆင့်
တစ်ချက် ထိုးနှက်ရုံဖြင့် ရေနဂါးဝိညာဉ်၏ နောက်ကျောမှ အပေါက်ကြီးတစ်ခု ပေါက်ကွဲသွားကာ ချက်ချင်းပင် ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ချူးယွင်ဖန်းသည် ရေနဂါးဝိညာဉ်ကို အချိန်အတန်ကြာ တိုက်ခိုက်ခဲ့သည်။ ရေ နဂါးဝိညာဉ်သည် သူ့အား မည်သို့မျှ အန္တရာယ်မပြုနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ သူလည်း ၎င်းကို မထိခိုက်စေနိုင်ပေ။
သူ၏ ကျင့်ကြံရေးအဆင့်နှင့် ရေနဂါးဝိဉာဥ်အကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။ သူ အခုအချိန်အထိ ရှင်သန်နိုင်ခဲ့ခြင်းကပင် အံ့အားသင့်ဖွယ်ဖြစ်၏။
ရေနဂါးဝိဉာဥ်၏ စွမ်းအားဖြင့် သာမန်နတ်အဆင့်များပင်လျှင် မယှဉ်နိုင်ပေ။
ချူးယွင်ဖန်းကို ကိုက်သတ်ချင်နေကြသကဲ့သို့ ရေနဂါးဝိဉာဉ်သည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် အတားအဆီးအတွင်း လှုပ်လှုပ်ရွရွဖြစ်ကာ နာကျင်စွာ မြေပြင်ပေါ်တွင် လူးလိမ့်နေသည်။
အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ရေနဂါးဝိညာဉ်က ဟိန်းဟောက်လျက် ချူးယွင်ဖန်းထံ ထပ်မံတိုးဝင်လာသည်။
ချူးယွင်ဖန်းက သူ၏နတ်စွမ်းအင်အားလုံးကို ကျိုင်းထဲသို့ထည့်လိုက်ကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယင်းမှ မိုးကြိုးနဂါးကြီးထွက်ပေါ်လာသည်။
ဘမ်း
မိုးကြိုးနဂါးက ရေနဂါးဝိဉာဥ်၏ ရင်ဘတ်သို့ ထိမှန်သွားသည်။
ဘမ်း
ရေနဂါးဝိဉာဥ်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။
ဤတိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းသည်။ ရေနဂါးဝိဉာဥ်၏ ရင်ဘတ်တွင်ကြီးမားသော ဆုတ်ပြဲဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ မိုးကြိုးနတ်ဘုရားကျိုင်း၏ အစွမ်းသတ္တိကို သံသယဝင်နေရန်ပင်မလိုပေ။
ယခုတစ်ကြိမ်တွင် ရေနဂါးဝိညာဉ်သည် ယခင်ကကဲ့သို့ တန်ပြန်တိုက်ခိုက်ရန် စွမ်းအင်မရှိပေ။ ဤတိုက်ခိုက်မှုသည် ၎င်းအတွက် အကြပ်အတည်းဖြစ်ခဲ့သည်။ မြေပြင်ပေါ်တွင် အတန်ကြာရုန်းကန်နေပြီးနောက်မှ မြေပြင်ပေါ်သို့ပင် လဲကျသွားသည်။
ချူးယွင်ဖန်းသည် ၎င်း၏ ရင်ဘတ်နှင့် နောက်ကျောရှိ ဒဏ်ရာများမှ ကြီးမားသော ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။ ရေနဂါးဝိညာဉ်သည် ၎င်း၏ပုံစံကို ထိန်းသိမ်းရန် မဖြစ်နိုင်သလောက်ပင်ဖြစ်နေပြီဖြစ်၏။ ဤရေနဂါးဝိညာဉ်သည် ပုံသဏ္ဍာန်ဖြစ်လာပုံရသော်လည်း ၎င်းသည် သန္ဓေတည်သည့်ပုံစံတစ်ခုသာဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော သန့်စင်သော စွမ်းအင်အနှစ်သာရဖြင့် ဖွဲ့စည်းထားသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် အပြင်းအထန် မောဟိုက်လာသည်။ ၎င်းသည် နှစ်ကြိမ်သာ တိုက်ခိုက်ခဲ့သော်လည်း နတ်စွမ်းအင်များအားလုံးကုန်ဆုံးသွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူမျှော်လင့်ထားသည့်အတိုင်း အကျိုးသက်ရောက်ခဲ့သည်။
သူသည် ကျိုင်းကို အမြန်ဖယ်၍ လေထဲတွင်တင်ပျဥ်ခွေထိုင်ကာ သတ္တိရှိရှိ ကျင့်ကြံခဲ့သည်။ သူသည် ရေနဂါးဝိညာဉ်မှ စိမ့်ထွက်လာသည့် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ခဲ့သည်။
သန့်စင်သောဝိညာဉ်စွမ်းအင်၏ရင်းမြစ်သည် ချူးယွင်ဖန်း၏ ကျင့်ကြံရေးစွမ်းအင်များကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေခဲ့သည်။
သူ့ခွန်အားပြန်ရရန် အချိန်မကြာလိုက်ပေ။ ထို့နောက် သူက လက်ဖြင့် စည်းချိပ်တစ်ခုပြုလုပ်ရာ မရေမတွက်နိုင်သော နတ်စွမ်းအင်များ ဆူပွက်လာ၍ ကြီးမားသော သံမဏိအပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သံမဏိအပ်များက ကောင်းကင်မှ ပြုတ်ကျလာကာ ရေနဂါးဝိဉာဥ်၏ ပခုံးကို တိကျစွာ ထိုးဖောက်လိုက်သည်။
ရေနဂါးဝိဉာဥ်က ခုခံရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီးနောက် ခုခံနိုင်စွမ်းမရှိခဲ့ပေ။ မြေကြီးပေါ်တွင် သံမှိုရိုက်ခံထားရကာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။
သာမန်သဘာဝဝိဉာဥ်တစ်ခုသာဖြစ်ပါက ပခုံးသို့ သံများထိုးစခိုက်ခံရခြင်းသည် ကိစ္စကြီးတစ်ခုမဟုတ်ပေ။ သို့သော်လည်း သတ္တဝါက ရုပ်ခံရှိနေသောအခါ လူဖြစ်စေ၊ မွန်းစတားဖြစ်စေ ရေနေသတ္တဝါများဖြစ်စေ ပခုံးသို့ သံမှိုရိုက်လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ နတ်စွမ်းအင်များ ချုပ်နှောင်ခံလိုက်ရမည်ဖြစ်ရာ ၎င်းတို့ကြားတွင် ကွာဟချက် ရှိတော့မည်မဟုတ်ပေ။
ချူးယွင်ဖန်းက မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် ရေနဂါးကို ထိလိုက်သောအခါ သူ့ခန္ဓာကိုယ်ရှိ မူလက ငြိမ်နေသော နတ်ဘုရားအသိဉာစ်က အလင်းရောင်တစ်ခုနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းပင် ရေနဂါးဝိဉာဥ်က ကျယ်လောင်စွာ အာခေါင်ခြစ်အော်လျက် ချူးယွင်ဖန်းသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဥ်စွမ်းအင်များကို အံ့အားသင့်ဖွယ်အရှိန်ဖြင့် စုပ်ယူပစ်လိုက်တော့သည်။
ပိုမိုတိကျစွာပြောရလျှင် ၎င်းသည် နတ်ဘာရားအသိဉာဏ်ထဲသို့ စုပ်ယူခံရခြင်းဖြစ်သည်။
အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော နတ်ဘုရားအသိဉာစ်သည် အလွန်နှိုးဆော်ခံရပုံရကာ အလင်းတန်းများ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဤရောင်ခြည်များ၏ အနှစ်သာရကို မြင်နိုင်သည်။ ၎င်းတို့သည် အလင်းရောင်ခြည်များမဟုတ်ဘဲ အလင်းရောင်ခြည်များအဖြစ် ပြောင်းလဲကာ ထွက်လာသည့် မရေမတွက်နိုင်သော အချက်အလက်အပိုင်းအစများဖြစ်သည်။
မရေတွက်နိုင်သော အချက်အလက်များစွာသည် ချူးယွင်ဖန်း၏ စိတ်ထဲသို့ ရုတ်တရက် ဝင်လာသည်။ ၎င်းတို့အားလုံးသည် တာအိုကျင့်ကြံမှု၏ အနှစ်သာရနှင့်ပတ်သက်သည့် အချက်အလက်များဖြစ်ကာ အချို့သော စည်းမျဥ်းများ၏ အစွန်းတစ်ဖက်သို့ရောက်နေသည်။
ချူးယွင်ဖန်း၏ အဆင့်နှင့်မထိသင့်သောအရာဖြစ်သော်လည်း ယခု အရာအားလုံးက သူ့ရှေ့တွင်ဖြစ်ပျက်နေပြီဖြစ်သည်။
ချူးယွင်ဖန်းရရှိခဲ့သော ဆေးဧကရာဇ်၏မှတ်ဉာဏ်မျာနှင့်အတူ ချူးယွင်ဖန်းသည် သူ၏နားလည်နိုင်စွမ်းက အံ့အားသင့်ဖွယ်အရှိန်ဖြင့် တိုးလာသည်ဟု ခံစားမိသည်။
ဤကာလအတွင်း သူ၏ လျင်မြန်စွာ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော မတည်မငြိမ်သော အခြေခံအုတ်မြစ်သည်လည်း အံ့အားသင့်ဖွယ် အရှိန်ဖြင့် တည်ငြိမ်သွားခဲ့သည်။ ကဏ္ဍပေါင်းစုံနှင့် အမျိုးမျိုးသော နားလည်မှုတို့သည် အဆက်မပြတ်တိုးတက်နေသဖြင့် သူ၏အခြေခံအုတ်မြစ်ကို တုနှိုင်းမရအောင် ခိုင်မာစေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံရေးအဆင့် တိုးတက်လာသည်ဟု ခံစားမိသည်။ သူသည် ပဥ္စမမြောက် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုအခါ ဆဌမမြောက်အဆင့်သို့တိုက်ရိုက်ချီတက်နေပြီဖြစ်သည်။
ချူးယွင်ဖန်းက မျက်လုံးများကို စတင်ဖွင့်၍ ရေနဂါးဝိဉာဥ်ကို ဖမ်းဆုပ်ကာ
သန့်စင်သောဝိညာဉ်စွမ်းအင်ကို သူစုပ်ယူခဲ့သည်။
နဂါးဝိညာဉ်သည် ဒေါသတကြီး ဟိန်းဟောက်လျက် ရုန်းကန်နေသော်လည်း ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
ဤအရာသည် နှစ်ထောင်ပေါင်းများစွာကြာအောင် စုစည်းထားသည့် ကျောက်တွင်းတစ်ခုလုံး၏ အနှစ်သာရဖြစ်ကာ ယခုအခါတွင် ၎င်းတို့အားလုံးကို ချူးယွင်ဖန်းက စုပ်ယူသွားခဲ့ပြီဖြစ်သည်။
ပိုမိုတိကျစေရန်အတွက် ၎င်းကို နှစ်ပိုင်းခွဲထားသည်။ အများစုကို နတ်ဘုရားအသိဉာဏ်မှစုပ်ယူခဲ့ကာ အနည်းငယ်မျှသာ ကျန်သောအပိုင်းကို ချူးယွင်ဖန်းကိုယ်တိုင်က စုပ်ယူ၍ ဆဌမမြောက်အဆင့်သို့ဖြတ်ကျော်သွားခဲ့သည်။
ချူးယွင်ဖန်းသည် အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း ကြီးမြတ်သောတာအိုအပေါ် နားလည်နိုင်စွမ်းသည် အခြားအဆင့်သို့ ရောက်ရှိသွားသည်ဟု ခံစားမိသည်။ သူ့အဆင့်တွင် အဆင့်တစ်ခုစီ၏ နားလည်နိုင်စွမ်းမှာ အနည်းငယ်မျှသာမဟုတ်ပေ။ အလွန်ကျယ်ပြန့်သော နယ်ပယ်တစ်ခု၏ နားလည်နိုင်စွမ်းနှင့် နားလည်မှုများစွာ ပါဝင်သည်ဟုပင် ဆိုနိုင်သည်။
ဤနားလည်မှုမျိုးသည် တဖြည်းဖြည်း စုဆောင်းလာရသော်လည်း ချူးယွင်ဖန်းကမူ ဒုံးပျံပေါ်တွင် ထိုင်နေသကဲ့သို့ အလွန်မြန်ဆန်လှသည်။
ထိုသို့သောအခြေအနေမျိုးတွင်၊ သူ၏အခြေခံအုတ်မြစ်က အနည်းငယ်မတည်မငြိမ်ဖြစ်နေမည်မှာ မလွဲမသွေဖြစ်သော်လည်း ဤအချက်ကို ယခုအချိန်အထိ လုံးလုံးလျားလျားတည်ဆောက်ထားပြီးဖြစ်သည်။
ဘမ်း
နောက်ဆုံးတွင် မရေမတွက်နိုင်အောင်များပြားသည့် အဆင့်ကျော်ဖြတ်မှုများပြီးနောက် ချူးယွင်ဖန်း၏ နားလည်နိုင်စွမ်းက ဆက်လက်တိုးတက်လာကာ မူလက တစ်ဆို့နေသည့် သူ၏သိုင်းပညာသည်လည်း လှောင်အိမ်တစ်ခုမှ ဖောက်ထွက်သွားသကဲ့သို့ အဆင့်သစ်တစ်ခုသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
ဆဌမမြောက် နတ်အဆင့်။
ထိုမှသာ ချူးယွင်ဖန်းရပ်တန့်သွားခဲ့သည်။ သူ၏စိတ်ထဲမှ နတ်ဘုရားအသိဉာဏ်သည်လည်း ဝိညာဉ်စွမ်းအင် စုပ်ယူခြင်းကို ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် မူလက ကြီးမားလှသည့် ရေနဂါးဝိဉာဥ်ကြီးက ယခုအခါတွင် ယခင်ကထက် များသွားသေးငယ်သွားခဲ့ရာ ငါးမီတာသာရှည်တော့သည်။ ယခင်ကကဲ့သို့ မာနမကြီးတော့ဘဲ ၎င်း၏ နောက်ဆုံးထွက်သက်ကို ရောက်နေပြီဖြစ်သည်။
တစ်ဖက်တွင် ချူးယွင်ဖန်း၏ ကျင့်ကြံရေးစွမ်းအင်နှင့် အဆင့်သည်လည်း ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ ယခုမှ အဆင့်တက်သွားခြင်းဖြစ်သော်လည်း အကြိမ်ပေါင်းများစွာ အဆင့်ဖြတ်ကျော်သွားသကဲ့သို့ပင်ထင်ရသည်။
ဆဌမမြောက်နတ်အဆင့်သို့ တက်လှမ်းပြီးနောက် သာမန် နဝမမြောက်နတ်အဆင့်ပင်လျှင် သူ့ကို ယှဥ်နိုင်တော့မည်မဟုတ်ပေ။ ခု သူသည် ကမ္ဘာပေါ်တွင် အမှန်တကယ် ထိပ်တန်းရောက်နေသော လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်လာသည်။
ချူးယွင်ဖန်းသည် ဤသို့ဖြင့် ပြိုင်ဘက်ကင်းဖြစ်လာ၏။
အခန်း(၁၀၁၉) အင်အားစုသုံးခု လက်တွဲခြင်း
အခြားအဆင့်သို့ တက်လှမ်းပြီးနောက်၊ ချူးယွင်ဖန်း၏ အလုံးစုံ ခွန်အားများ တိုးလာသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူသည် အမှန်ပင် ပြိုင်ဘက်ကင်းခြင်းမဟုတ်သော်လည်း မည်သူ့ကိုမျှ မကြောက်ပေ။ သူနှင့်အတူ ပခုံးချင်းယှဥ်ရပ်နိုင်သူ အနည်းငယ်မျှသာရှိသည်။
ယခုထက်ပို၍ တိုးတက်လာသည်နှင့်အမျှ သူအောင်မြင်ရန် အချိန်တစ်ခုသာလိုအပ်ပေလိမ့်မည်။
သူ့ရှေ့ရှိ နဂါးဝိညာဉ်သည် လုံး၀ စုပ်ယူခံရနေပြီဖြစ်သည်။ အဓိကအနေဖြင့် ချူးယွင်ဖန်း၏ စိတ်ထဲမှ နတ်ဘုရားအသိဉာဏ်က အလွန်အမင်းစုပ်ယူနေသောကြောင့် တန်ပြန်မတုံ့ပြန်နိုင်ခြင်းဖြစ်သည်။
နတ်ဘုရားအသိဉာဏ်၏ နောက်ထပ်တိုးတက်မှုနှင့်အတူ ချူးယွင်ဖန်းသည် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး ယခုအခါ ကွဲပြားသွားသည်ဟု ခံစားနိုင်သည်။ စကားလုံးများဖြင့်ပြောရမည်ဆိုပါက အပေါ်ယံသက်သက်မဟုတ်ဘဲ သူအရာရာကို ရှု့မြင်ပုံက ပို၍ ထူးခြားလာမည်ဖြစ်သည်။
သူ့မျက်လုံးများမှတဆင့် ခပ်ပါးပါးအလင်းတန်တစ်ခု တစ်ခု စီးဆင်းသွားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ့ရှေ့တွင် သိုင်းပညာရပ်ကို အသုံးပြုပါက၊ ၎င်းကို ချက်ချင်းဖမ်းယူ၊ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်ကာ သူ၏ ကိုယ်ပိုင် ကြီးမြတ်သော တာအိုသို့ စုပ်ယူနိုင်မည်ဖြစ ်သည်။
၎င်းသည် သူ၏ မူလက ဓာတ်ပုံမှတ်ဉာဏ်ထက်ပို၍ ခြေတစ်လှမ်းသာသော စွမ်းရည်တစ်ခုဖြစ်သည်။
အရင်းအမြစ်ကို တိုက်ရိုက်ကြည့်ရှု့နိုင်ခြင်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်းသည် ဤအခြေအနေတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ သူသည် စူပါကွန်ပြူတာကဲ့သို့ အလွန်တည်ငြိမ်စွာဖြင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကို လျင်မြန်စွာ ပိုင်းခြားစိတ်ဖြာသည်။ သူ၏ ကျင့်ကြံရေးအဆင့် တိုးတက်မှုသည် ယခင်ကထက် ပိုမိုလွယ်ကူ မြန်ဆန်လာခဲ့သည်။
၎င်းမှာ ပြန်လည်မွေးဖွားလာသကဲ့သို့ဖြစ်ကာ ၎င်းက သူ၏ ကျင့်ကြံရေးအဆင့်ကိုမြှင့်တင်ပေးရုံသာမက သူ့အတွက်လည်း များစွာအသုံးဝင်သည်။
သူ၏ရောင်ဝါကိုထိန်းချုပ်ထားပြီးနောက် ချူးယွင်ဖန်းက ကျောက်တွင်းမှထွက်လာကာ နေရာတစ်ခုလုံးပရမ်းပတာဖြစ်နေကြောင်း တွေ့လိုက်ရသည်။ အနီးနားတစ်ဝိုက်ရှိ အတားအဆီးများက ပြိုကျလုနီးနီးဖြစ်နေပြီဖြစ်သည်။
ကောင်းကင်တွင် လူသုံးယောက်သည် အတားအဆီးကို အရူးအမူး တိုက်ခိုက်ကာ ချိုးဖျက်ရန် ကြိုးစားနေကြသည်။ ဤတိုက်ခိုက်မှုများအောက်တွင် အတားအဆီးက ပြိုကျလုနီးနီးဖြစ်နေကာ နောက်ထပ်အခိုက်အတန့်တွင် လုံးလုံးလျားလျားပြိုကျသွားသည်။
လင်းဟုန့်ဖုန်က အတားအဆီးကို ထိန်းသိမ်းထားသော်လည်း သူ၏နတ်စွမ်းအင်များက ကုန်ဆုံးလုနီးပါးဖြစ်နေသည်။ ဤမျှကြီးမားသော အတားအဆီးကို ထိန်းသိမ်းခြင်းသည် သူ၏ အရည်အချင်းကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်။
ချူးယွင်ဖန်းက အနီးကပ်ကြည့်လိုက်သောအေခါ ယင်းမှာ သူရဲကောင်းတစ်ဦးဖြစ်သည်ကို တွေ့လိုက်ရသည်။ သူရဲကောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို သံမဏိချပ်ဝတ်တန်ဆာများဖြင့် လွှမ်းခြုံထားသည်။ ၎င်းသည် အရပ်ရှည်ကာ လှံရှည်ကို လက်ထဲတွင်ကိုင်ထားသည်။ အလွန်ရက်စက်ပုံပေါ်သော သွေးနီရောင် စစ်မြင်းတစ်ကောင်ကို စီးနင်းလျက်ရှိ၏။
သူရဲကောင်း၏ ကျင့်ကြံရေးအဆင့်မှာ အလွန်မြင့်မားကာ သူ၏ သွေးနီရောင်စစ်မြင်းကပင် နတ်အဆင့်သို့ဝင်ရောက်နေပြီဖြစ်သည်။ ထိုသို့သော ကျင့်ကြံရေးအဆင့်က အလွန် ကြောက်မက်ဖွယ်ကောင်းသည်ဟူ၍ ဖော်ပြနိုင်သည်။
အခြားတစ်ဖက်မှာမူ ခပ်ပိန်ပိန်အဘွားကြီးဖြစ်ကာ နဂါးခေါင်းပုံ လမ်းလျှောက်တုတ်ကိုကိုင်ထားသည်။ သူမ လှဲချလေိုက်သောအခါတွင် နဂါးရှည်ကြီးအဖြစ်သို့ပြောင်းလဲ၍ အတားအဆီးကို ဖြိုခွင်းပစ်လိုက်ရာ ကြီးမားသော အက်ကြောင်းတစ်ခုပေါ်လာသည်။
နောက်ဆုံးတစ်ယောက်မှာ လေးထောင့်မျက်နှာနှင့် အရပ်ရှည်သည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်သည်။ သူက ရိုးရှင်းသော လက်သီးဖြင့် ကြီးမားသော နေမင်းကဲ့သို့ အတားအဆီးကို ထိုးဖောက်ပစ်လိုက်သည်။
ထိုလူသုံးယောက်မှလွဲ၍ ကြီးမားသောစစ်တပ်ကြီးသည် မြေပြင်ပေါ်တွင် စုရုံးနေကာ ကျောက်တွင်းကို ဝိုင်းရံထားသည်။ အတားအဆီးကျိုးသွားသည်နှင့် ဤစစ်တပ်က အလျင်အမြန်ဝင်ရောက်လာမည်မှာ ထင်ရှားသည်။
"လင်းဟုန့်ဖုန် မင်းကဘာလို့လက်နက်မချတာလဲ။ မင်းသမီးရဲ့ဘဝကို မင်းတန်ဖိုးမထားဘူးလား" အဘွားကြီးက အေးစက်စွာပြောသည်။
"ခင်ဗျားတို့လူတွေက တော်တော် ဆက်စုပ်ဖို့ကောင်းတာပဲ” လင်းဟုန့်ဖုန်က အံကြိတ်၍ပြောသည်။
ယခု နောက်ဆုတ်မည်မဟုတ်ကြောင်း သူသိသည်။ အကယ်၍ သူသာ နောက်ဆုတ်ခဲ့ပါက ကာကွယ်ရေးစည်းတစ်ခုလုံး ပျက်ဆီးသွားရန် အချိန်တစ်ခုသာလိုအပ်ပေလိမ့်မည်။ သူ့နောက်တွင် ထျန်ဟဲမှ ကျွမ်းကျင်ပညာရှင်များနှင့် တပ်ဖွဲ့ဝင်များက အတားအဆီးပြိုကျမည့်အချိန်ကို စောင့်မျှော်လျက် ၎င်းတို့၏လက်နက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြသည်။
ထိုအချိန်တွင် စစ်မှန်သော တိုက်ပွဲ စတင်တော့မည်။
“နဂါးပြာဂိုဏ်းကို ဆန့်ကျင်တဲ့ဘယ်သူမဆို အသတ်ခံရလိမ့်မယ်” သွေးနီရောင် စစ်မြင်းပေါ်ရှိ သူရဲကောင်းက ဟိန်းဟောက်၍ လှံကို မြှောက်ပစ်လိုက်ရာ အတားအဆီးကို ထိမှန်သွားသည်။
စစ်မြေပြင်အစွန်းတွင် ကျွမ်းကျင်သူများစွာက အဝေးမှ ချဉ်းကပ်နေပြီဖြစ်သည်။
“တပ်ဖွဲ့သုံးဖွဲ့က တစ်ပြိုင်နက်တည်းတိုက်နေကြပေမယ့် လင်းဟုန့်ဖုန်ကတော့ ခုခံနေတုန်းပဲ။ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
“ဟုတ်တယ်။ လင်းဟုန့်ဖုန်က နဂါးပြာဂိုဏ်း၊ ကောင်းကင်ဖြိုခွဲသူဂိုဏ်းနဲ့ နတ်သမီးဂိုဏ်းကို မတိုက်ခိုက်နိုင်ပေမယ့် ထိန်းထားဖို့ ကြိုးစားနေသေးတယ်”
“ဒီရေနဂါးဝိဉာဥ်ကြောင့် သူရူးသွားပြီထင်တယ်။ အဲ့တာက သူထိနိုင်တဲ့အရာဟုတ်ရောဟုတ်ရဲ့လားဆိုတာ သူမသိတော့ဘူး”
ဤပညာရှင်များသည် မြို့အသီးသီးမှ လာကြသည်။ အချိန်အတော်ကြာပြီးနောက် တပ်ဖွဲ့ကြီးသုံးဖွဲ့သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ကျောက်တွင်းကို တိုက်ခိုက်ရန် ဆန္ဒရှိလာသည်။ အင်အားကြီးသုံးရပ်၏ ခေါင်းဆောင်များမဟုတ်ကြသော်လည်း ဤသုံးယောက်က အင်အားစုကြီးသုံးခုတွင် နေရာကောင်းမရကြသူများမဟုတ်ပေ။
၎င်းတို့အနက်မှ အခြားတစ်ဦးကို အယုံအကြည်မရှိသောကြောင့် အင်အားကြီးသုံးဖွဲ့က ပေါင်းစည်းကာ သခင်အများအပြားကို ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် အခြားသော အငယ်စားနှင့် အလတ်စား တပ်ဖွဲ့ဝင်များမှ နတ်အဆင့် သခင်များသည် အစွန်းတစ်ဝိုက်တွင် လှည့်လည်သွားလာနေကြသည်။
သေသေချာချာတွက်ကြည့်မည်ဆိုပါက အခင်းဖြစ်ပွားရာနေရာတွင် နတ်အဆင့်တစ်ဒါဇင်ကျော်ရှိသည်။ ထိုသို့သောအတိုင်းအတာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
လင်းဟုန့်ဖုန် ယခုအချိန်အထိ ဆက်လက်ရပ်တည်နိုင်ခြင်းကပင် ကြီးမားသော စွမ်းဆောင်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။ မှန်သည်။ သူက ထိုအတားအဆီးကို အားမကိုးပါက ဤသခင်သုံးယောက်၏ ထိုးနှက်မှုကို ခံနိုင်မည်မဟုတ်ပေ။
နှစ်ဘက်ကြားက ကွာခြားချက်က အလွန်ကြီးမားလှသည်။
သို့သော် ၎င်းတို့သည် စည်း၏ အဆုံးသတ်သို့ သိသာထင်ရှားစွာ ရောက်ရှိလာသည်ကို နားမလည်ခဲ့ကြပေ။ သမီးဖြစ်သူ လင်းချန်ရှီကိုပင် ဖမ်းထားသော်လည်း လင်းဟုန့်ဖုန်က အံကြိတ်၍ ဝင်ခွင့်မပေးဘဲ အတားဆီးကို လျှော့ချပေးရန် ဆန္ဒမရှိပေ။
ဤသည်ကို လူများစွာက နားမလည်နိုင်ကြပေ။ လင်းဟုန့်ဖုန်က အံကြိတ်၍ ခံနိုင်ရည်ရှိပြနေလျှင်ပင် ခဏမျှသာ ခံနိုင်မည်ဖြစ်သည်။ အခြေခံကွာဟချက်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
"မင်းက အရမ်းခေါင်းမာတာပဲ" ကောင်းကင်ဖြိုခွဲသူဂိုဏ်းမှ အရပ်ရှည်သော သက်လတ်ပိုင်း ကျွမ်းကျင်သူသည် လှောင်ပြောင်၍ လက်သီးတစ်ချက်ထိုးလိုက်ရာ သူ၏လက်သီးသည် ကြီးမားသော နေလုံးကြီးကဲ့သို့ အတားအဆီးကို ထိပ်တိုက်ရိုက်ထိမှန်သွားသည်။
အတားအဆီးသည် အက်ကွဲကြောင်းများနှင့်ပြည့်နေ၍ ဤထိုးနှက်မှုကြောင့် ဗလာနတ္ထိအဖြစ်ပျောက်ကွယ်သွားသည်။
"သူတို့အားလုံးကိုသတ်လိုက်ပါ။ ချပ်ဝတ်တန်ဆာတစ်ထည်တောင် မကျန်စေနဲ့" နဂါးပြာသူရဲကောင်းက လှံကိုမြှောက်၍ အော်လိုက်သည်။
အောက်တွင် အချိန်ကြာ စောင့်ဆိုင်းနေသော အဓိက တပ်ဖွဲ့ကြီးသုံးခုမှ ကျွမ်းကျင်သူများက ကျောက်တွင်းဆီသို့ ပြေးသွားကြသည်။
ထွီး
လင်းဟုန့်ဖုန်၏ ပါးစပ်ထဲမှ သွေးများထွက်လာသည်။ အတားအဆီးတချို့ ကျိုးသွားသောကြောင့် တန်ပြန်ခံရကာ နောက်ပြန်လွင့်ထွက်သွား၏။
“အဖေ”
မနီးမဝေးတွင် လင်းဟောက်ရန်က လင်းဟုန့်ဖုန်ကို အမြန်ဖမ်းလိုက်သည်။
"သူတို့ကို တားလိုက် လူကြီးမင်းချူးကို မနှောက်ယှက်စေနဲ့” လင်းဟုန့်ဖုန်က အံ့ကြိတ်ကာပြောလိုက်သည်။
ယခုအချိန်တွင် ချူးယွင်ဖန်းက အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်မှာ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းထိခိုက်မိပါက မည်သူမျှ သူတို့ကို ကယ်တင်နိုင်မည်မဟုတ်ပေ။
"နားလည်ပါပြီ" လင်းဟောက်ရန်က သူ့လက်ထဲတွင် လက်နက်ကို ဆုပ်ထားသည်။
မဟာမိတ်တပ်များက ဒီရေကဲ့သို့လွှမ်းခြုံသွား၏။
သူသေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ချိန်တွင် သူ့နောက်ရှိ ကျောက်တွင်းထဲမှ ထိတ်လန့်ဖွယ် ဓားအလင်းထွက်လာသည်။
ဘမ်း
ဘမ်း
ဘမ်း
ချီတက်လာသော ကျွမ်းကျင်သူများအားလုံးကိုလည်း ဒီရေကဲ့သို့ စွမ်းအင်လှိုင်းလုံးကြီးကရိုက်ခတ်သွားသည်။ လူထောင်ပေါင်းများစွာ ချက်ချင်းပေါက်ကွဲ၍ ကြေကွဲဖွယ်ကောင်းစွာဖြင့် သေဆုံးသွားခဲ့ကြသည်။
အခန်း(၁၀၂၀) သုတ်သင်ခြင်း
ဤရိုးရှင်းသောဓားအလင်းထွက်ပေါ်လာသည်နှင့် ထောင်နှင့်ချီသော ကျွမ်းကျင်သူများသည် မည်သည့်အဆင့်တွင် ရှိနေစေကာမူ အပိုင်းပိုင်း ဖြတ်ခံလိုက်ရသည်။
ရုတ်တရက် တိုက်ခိုက်မှုသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ၎င်းတို့အားလုံးက ကျောက်တွင်းဘက်သို့လှမ်းကြည့်လိုက်သောအခါ အနီရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ယောက်ထွက်လာသည်ကိုတွေ့လိုက်ကြရသည်။
သူသည် မြေပြိုကျလုနီးပါး ဓားချက်ကိုပြုလုပ်ခဲ့သူဖြစ်ကာ သူ့လက်ထဲတွင် ဓားတစ်ချောင်းပင်မရှိခဲ့ပေ။ သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ချီစွမ်းအင်ဖြင့် ဓားဖန်တီးလျက် ပညာရှင်တစ်ထောင်ကျော်ကို သုတ်သင်ပစ်လိုက်သည်။
လူအများ၏ စိတ်ထဲမှ ပထမဆုံးတုံ့ပြန်မှုမှာ…
‘ဒီလူက ဘယ်သူလဲ’
မွေးဖွားခြင်းနယ်မြေအဆင့်ထောင်ပေါင်းများစွာကို ဓားတစ်ချက်ဖြင့် သုတ်သင်ခြင်းသည် သာမန်နတ်အဆင့်ရှိသူတစ်ဦးက မည်သည့်အခါတွင်မှ လုပ်နိုင်မည့်အရာမဟုတ်ပေ။
မြို့အသီးသီးမှ ကျွမ်းကျင်သူများကမူ ချူးယွင်ဖန်းကို အသိအမှတ်ပြုကြသည်။ ယခင်တိုက်ပွဲက ၎င်းတို့အတွက် အလွန် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။
ချူးယွင်ဖန်းထွက်ပေါ်လာမှုက ၎င်းတို့အားလုံးကို အံ့အားသင့်စေခဲ့သည်။ ထျန်ဟဲက ကျောက်တွင်းကို ထိန်းချုပ်ခွင့်ရစေရန် ကူညီပေးခဲ့ကာ တိုက်ပွဲက ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။
“ဒါ လူကြီးမင်းချူးပဲ။ လင်းဟုန့်ဖုန်က ဘာလို့ အတားအဆီးကို ဒီလောက် ထိန်းသိမ်းဖို့ ဒီလောက်အထိ စိတ်ပိုင်းဖြတ်ထားသလဲဆိုတာကို အခု နားလည်သွားပြီ။ လူကြီးမင်းချူးက အထဲမှာ ရှိနေလို့လား။"
"လူကြီးမင်းချူးက ရေနဂါးဝိဉာဥ်ကို ချေမှုန်းဖို့ ကြိုးစားတော့မှာလား။ ဒါက တကယ်စိတ်ဝင်စားစရာပဲ”
“ဒါပေမယ့် လူကြီးမင်းချူးက မာန်တက်နေလွန်းတယ်။ အဓိက အင်အားစုသုံးခုကို သူ့ဘာသာသူ ကိုင်တွယ်နိုင်မယ်လို့ သူထင်သလား။"
လူများစွာက ချူးယွင်ဖန်းကိုတွေ့သောအခါ အိုးတစ်လုံးပေါက်ကွဲ၍ ပွက်ပွက်ဆူနေသကဲ့သို့ စတင်ဆွေးနွေးကြသည်။
မဟာမိတ်တပ်များအနေဖြင့် ချူးယွင်ဖန်းက မည်သူဖြစ်သည်ကို မသိကြသော်လည်း ထိုဓား၏တိုက်ခိုက်မှုစွမ်းအားမှာ အံ့မခန်းပင်ဖြစ်သောကြောင့် အထူးသဖြင့် ရှေ့မတိုးဝံ့သော ကျွမ်းကျင်သူများက ချက်ခြင်း ထိတ်လန့်သွားကြသည်။
၎င်းတို့က သေခြင်းတရားကို မကြောက်ကြသော်လည်း တစ်ချက်တည်းဖြင့် အသတ်ခံရခြင်းသည်မူ ဆိုးရွားလွန်းလှသည်။
ချူးယွင်ဖန်းအတွက် လူမည်မျှပင်ရှိစေကာမူ ၎င်းက အဓိပ္ပါယ်မဲ့ကာ သူ၏တိုက်ခိုက်မှုကို ထိခိုက်စေမည်မဟုတ်ကြောင်း ထင်ရှားသည်။
ချူးယွင်ဖန်းက ရှေ့သို့ တစ်လှမ်းခြင်းလျှောက်လာသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူထောင်ပေါင်းများစွာကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်ပစ်ခဲ့သည်။ ထို့ကြောင့် ဤမဟာမိတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် လုပ်ခြင်းက သူ့အတွက် ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ။ ခွန်းလွန်နယ်မြေတွင် သူ သခင် မည်မျှကို သုတ်သင်ခဲ့သနည်း။
“လူကြီးမင်းချူး သီးသန့်လေ့ကျင့်တာကထွက်လာပြီပဲ။ အရမ်းကောင်းတယ်” လင်းဟောက်ရန်က လှည့်ကြည့်လိုက်သောအခါ ချူးယွင်ဖန်းကိုမြင်လိုက်ရသဖြင့် အလွန်ပျော်ရွှင်သွားသည်။
ဤတစ်ကြိမ်တွင် အပြင်လူများ၏တိုက်ခိုက်မှုကို ရပ်တန့်ရန်နှင့် ချူးယွင်ဖန်းအတွက် အချိန်ဝယ်ရန် ထျန်ဟဲက အလွန်ပေးဆပ်ခဲ့သည်။
"ချန်ရှီဘယ်မှာလဲ" ချူးယွင်ဖန်းမျက်မှောင်ကြုတ်လိုက်သည်။
"နတ်သမီးဂိုဏ်းက ညီမလေးကို ဖမ်းသွားပါတယ်။ သူက ကျွန်တော်တို့ လက်နက်ချဖို့ အတင်းအကြပ် ကြိုစားနေကြတာ”
လင်းဟောက်ရန်က လျင်မြန်စွာ ပြောသည်။
သူ့ညီမဖြစ်သူအဖမ်းခံလိုက်ရစဥ်က စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသော်လည်း သူသည် အလွန် အင်အားနည်းလွန်းလှသည်။ သူ့တွင် မည်သူ့ကိုမျှ ကယ်တင်နိုင်မည့်နည်းလမ်းမရှိပေ။ ယနေ့မတိုင်ခင်အထိ သူ့ရဲ့ စွမ်းအားမဲ့မှုကို တစ်ခါမျှ မမုန်းတီးခဲ့ဖူးပေ။
ချူးယွင်ဖန်းသည် သူနှင့် အသက်အရွယ်တူနေပုံရသော်လည်း လောကကြီးကို အုပ်စိုးနိုင်နေပြီဖြစ်ရာ သူသည်မူ ညီမဖြစ်သူကိုပင် မကာကွယ်ပေးနိုင်သေးပေ။
“ခင်ဗျားတို့ သေချင်နေတာလား” ချူးယွင်ဖန်းက အေးစက်စွာအော်ဟစ်လိုက်ရာ သူ့ဆီမှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားလုနီးနီးဖြစ်နေသည်။
ထို့နောက် သူက လင်းဟုန့်ဖုန်၏ နံဘေးသို့ လျှောက်သွားကာ သူ့ကို စတင်ကုသပေးလိုက်သည်။
လင်းဟုန့်ဖုန်၏ ဒဏ်ရာက မပြင်းထန်လှပေ။ အတားအဆီး ကျိုးပျက်မှု၏ တန့်ပြန်မှုဒဏ်ကိုသာ ခံခဲ့ရသဖြင့် ချူးယွင်ဖန်း၏ ကုသမှုကိုခံယူပြီးနောက် သူ၏ဒဏ်ရာသည် လျင်မြန်စွာသက်သာလာသည်ဟု ခံစားခဲ့ရသည်။ ချူးယွင်ဖန်း၏ နားမလည်နိုင်သော နက်နဲသော ကိုယ်ခံစွမ်းအားကို သူ ခံစားမိသည်။
ယခင်ကနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် ယခုအခါတွင် အတွေးတစ်ခုတည်းဖြင့် သတ်နိုင်သကဲ့သို့ ပိုမိုပြင်းထန်သော ရောင်ဝါကို ထုတ်လွှတ်နိုင်ခဲ့သည်။
“လူကြီးမင်းချူး အဆင့်ထပ်ပြီး ဖြတ်သွားတာလား” လင်းဟုန့်ဖုန်က မဝံ့မရဲမေးလိုက်သည်။ တကဘ်တမ်းတွင် လူတစ်ယောက်က အဆင့်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ၎င်းသည် ကိုယ်ရေးကိုယ်တာသာဖြစ်သည်။
ချူးယွင်ဖန်းက ယင်းကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိသဖြင့် ချက်ချင်းပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ကျုပ် အဆင့်တက်သွားတာ။ ခဏစောင့် ရန်သူတွေကို သတ်ပြီးမှ စကားဆက်ပြောကြတာပေါ့”
ချူးယွင်ဖန်းက စကားပြောနေစဉ်တွင် သူ့ခြေဖဝါးအောက်တွင် အလင်းအလွှာတစ်ခု ပေါ်လာကာ ကောင်းကင်သို့ တည့်တည့် ပျံသန်းသွားသည်။ အင်အားကြီး သုံးခုမှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသည့်တိုင် သူကအနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိဘဲ အေးစက်စွာကြည့်နေလိုက်သည်။
“လင်းချန်ရှီကို ဘယ်သူဖမ်းတာလဲ။"
"မင်းက လူကြီးမင်းချူးဆိုတာလား။ မင်းကို အမျှော်အမြင်ရှိရှိနေဖို့ အကြံပေးမယ်။ ရေနဂါးဝိဉာဥ်က မင်းထိနိုင်တဲ့ အရာမဟုတ်ဘူး၊ မင်း အဲ့တာကို နာခံမှုရှိရှိ လွှဲပေးတာ ပိုကောင်းပါတယ်။ မဟုတ်ရင် မင်းရဲ့ တပည့် အသက်ရှင်မယ် သေမလားဆိုတာ ပြောဖို့ခက်တယ်” အဘွားအိုကပြောသည်။
“ဒါဆို ကျုပ်တပည့်ကို နတ်သမီးဂိုဏ်းက ဖမ်းသွားတာပေါ့” ချူးယွင်ဖန်း အဘွားကြီးကို မျက်စောင်းထိုးလိုက်သည်။
"မှန်တယ်။ မင်းအတွက် အကောင်းအဆိုးကိုမသိဘဲ အဦးဆုံးနတ်သမီးကို တိုက်ခိုက်ဖို့ ရန်စရဲရင် မင်းလည်း အလားတူကံကြမ္မာကို ခံစားရလိမ့်မယ်” အဘွားကြီးက တုံ့ဆိုင်းနေခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။
အစမှအဆုံးထိ သူမသည် ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ပေ။ သူမ၏ နှလုံးသားထဲတွင် နတ်သမီးဂိုဏ်းအကြောင်း ထည့်ပြောသရွေ့ ဤလူကြီးမင်းချူးတွင် နောက်ခံအချို့ရှိလျှင်ပင် ခေါင်းငုံ့ထားရပေလိမ့်မည်။
ခေါင်းမိုးပေါ်တွင် ဖြတ်သွားလျှင်ပင် ခေါင်းငုံ့ထားရပေမည်။
"ဟား ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ ငရဲကို သွား" ချူးယွင်ဖန်းက အေးစက်စွာ အော်လိုက်သည်။
သူက လက်ညှိုးနှင့် လက်ခလယ်ကိုပူးကာ ဓားသဏ္ဍာန်ပုံဖော်လိုနက်သည်။
ရုတ်တရက်၊ နတ်စွမ်းအင်လှိုင်းများထွက်ပေါ်လာကာ ထိတ်လန့်တုန်လှုပ်ဖွယ်ဓားအလင်းတစ်ခု အဖြစ်ပြောင်းလဲသွားသည်။ ဤဓားအလင်းသည် ကီလိုမီတာပေါင်းများစွာရှည်လျားကာ ကောင်းကင်ကြီးကဲ့သို့ သက်ဆင်း၍ နတ်သမီးဂိုဏ်းတပ်ထဲသို့ ချက်ချင်းကျရောက်သွားသည်။
ဘမ်း
ထောင်ပေါင်းများစွာသော နတ်သမီးဂိုဏ်းဝင်များက အော်ဟစ်ပြီးနောက် ချက်ချင်းပင် သွေးမှုန်သွေးမွှားများအဖြစ်ပြောင်းလဲသွားသည်။ ရိုးရှင်းသော ဓားတစ်ချက်တည်းဖြင့် ကျန်ရှိသော ထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများ သေဆုံးသွားကြရသည်။
နေရောင်အောက်တွင် ချူးယွင်ဖန်းသည် နတ်ဘုရားကဲ့သို့ ကောင်းကင်မှ အမြင့်သို့ ပျံသန်းသွားခဲ့သည်။
ဤတိုက်ခိုက်မှုသည် ရိုးရှင်းသော်လည်း ၎င်း၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်။ ခဏအကြာထိ မည်သူမျှ မတုံ့ပြန်နိုင်ဘဲ မြင်ကွင်းက သေလုမျောပါးတိတ်ဆိတ်သွားသည်။
၎င်းတို့အားလုံးက မိမိတို့ရှေ့မှ မြင်ကွင်းကို ကြည့်နေကြသည်။
ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို လူအများသိကာ တိုက်ခိုက်မှုကို ၎င်းတို့မျက်လုံးများဖြင့် မြင်ခဲ့ရသော်လည်း ၎င်းတို့က သူ့ကို လျှော့တွက်ထားကြဆဲဖြစ်သည်။ နတ်သမီးဂိုဏ်းက ကျော်ကြားသော်လည်း ၎င်းတို့ကို တိုက်ခိုက်ရန် ချီတုံချတုံမဖြစ်စေနိုင်ခဲ့ပေ။
ချူးယွင်ဖန်းက ဤကမ္ဘာမှမဟုတ်ကြောင်း ၎င်းတို့မသိကြပေ။ နတ်သမီးဂိုဏ်းက မည်မျှပင် နာမည်ကြီးစေကာမူ သူက မည်သို့မျှ ခံစားရမည်မဟုတ်ပေ။ ထို့အပြင် ပြည်ထောင်စု၏ ကျော်ကြားသော ကျန်းမျိုးနွယ်နှင့် ရင်ဆိုင်ရာတွင်ပင် သူ၏ တိုက်ခိုက်မှုများက အနည်းငယ်မျှ နူးညံ့နေခြေင်းမရှိပေ။
“မင်း… လုပ်ရဲတယ်ပေါ့”
အဘွားကြီးက ဒေါသအလွန်ထွက်လွန်းလှသဖြင့် ရူးသွပ်သွားတော့မည့်အလားထင်ရသည်။ ၎င်းတိုတ့သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း နတ်သမီးဂိုဏ်းမှ လက်ရွေးစင်များဖြစ်ကြသည်။ နောက်ဆုံးတွင်မူ ကျွမ်းကျင်သူများက လေဟာနယ်ထဲမှ ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။
သို့သော် ယခုမူ ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်ဖြစ်ရာ ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
“မင်းသေချင်နေတာလား”
အဘွားကြီးက သူမ၏ နဂါးဦးခေါင်းလမ်းလျှောက်တုတ်ကို ကိုင်မြှောက်ကာ ချူးယွင်ဖန်းဆီသို့ ရိုက်ချလိုက်သည်။
ဘမ်း
ချူးယွင်ဖန်းသည် လက်ကိုမြှောက်ကာ တုတ်ကို လက်ဗလာဖြင့် ဖမ်းလိုက်သော်လည်း သူ့ကိုအနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။
ဝှစ်
ဤအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်း၏လက်မှ ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ အဘွားကြီးသည် ရှောင်ရန်အချိန်မရှိသဖြင့် ချက်ခြင်းပင် ဖောက်ထွင်းခံရကာ ကြေကွဲဖွယ်သေခြင်းတရားဖြင့် သေဆုံးသွားခဲ့၏။