← Chapters

အခန်း (၁၀၂၁-၁၀၂၃)

Vol. 69 Ch. 1021-1023

အခန်း (၁၀၂၁-၁၀၂၃)

Vol. 69 Ch. 1021-1023

အခန်း (၁၀၂၁) မဟာမိတ်စစ်တပ်ကြီး လုံးလုံးလျားလျား သုတ်သင်ခံရခြင်း

အဘွားကြီး၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရချိန်တွင် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ မည်သည့် သတိပေးမှုမျှမရှိဘဲ ရုတ်တရက် သေဆုံးသွားရမည်ဟု သူမ မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။ သူမသည် သူမ၏ ဆဌမမြောက် နတ်အဆင့် ကျင့်ကြံမှုအတွက် အလွန်ဂုဏ်ယူခဲ့သည်။ သို့သော် ၎င်းစွမ်းအင်သည် ချူးယွင်ဖန်း၏ အရှေ့မှာတော့ စာရွက်တစ်ရွက်ကဲ့သို့ဖြစ်နေ၍ သူသည် သူမကို အလွယ်တကူ သတ်ပစ်လိုက်သည်။

ကျင့်ကြံမှုအဆင့်အရ သူမသည် ချူးယွင်ဖန်းနီပါး တူညီလှသည်။ သို့သော်လည်း သူမသည် တိုက်ခိုက်ရေးစွမ်းရည်အရတော့ အလွန် အားနည်းလှသည်။ ၎င်းတို့နှစ်ဦးသည် တူညီသော အဆင့်တွင် ရှိမနေခဲ့ကြပေ။ နတ်အဆင့်၌ပင် အဆင့်တစ်ခုစီကြားက တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်သည် ကောင်းကင်နှင့် ကမ္ဘာကဲ့သို့ဖြစ်နေသည်။

ဘုံး

အဘွားကြီးသည် အသက်သေဆုံး၍ ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်အပျိုစင်စစ်တပ်နှင့် ကျွမ်းကျင်သူများအားလုံး လုံးလုံးလျားလျား ပျက်သုဉ်းသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ ရက်စက်မှုသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်သွားခဲ့သည်။ လူတိုင်းက တံတွေးများ မျိုချနေကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် အသက်ရှူရန်ပင် ခက်ခဲနေသည်ဟု ခံစားလာရကာ အသက်ပင် မရှူဝံ့ကြပေ။

"မစ္စတာချူးက ပိုတောင် သန်မာလာပုံပဲ။ နောက်ဆုံးအကြိမ် တိုက်ခိုက်တုန်းကထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတယ်"

"ဒီလူက ဘယ်သူလဲ၊ ဒီလို ကြောက်စရာကောင်းတဲ့ ပညာရှင်မျိုးက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ"

"တော်တော်လေး ကြောက်စရာကောင်းလွန်းတယ်။ နတ်အဆင့်ကို တစ်ချက်တည်းနဲ့ တိုက်ခိုက်ပြီး ထောင်ချီတဲ့ စစ်တပ်ကို တစ်ချက်တည်း ချေမှုန်းပစ်လိုက်တာ။ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ။ ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ"

လူအများက တိတ်တခိုး ကြောက်လန့်နေကြသည်။ ချူးယွင်ဖန်း၏ နောက်ခံအသိုင်းအဝိုင်းက မည်သည်ဖြစ်သည်ကို ၎င်းတို့မသိသော်လည်း သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသူဖြစ်ပေသည်။ အဘွားကြီးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သော ချူးယွင်ဖန်း၏ အပြုအမူသည် ထိုနေရာရှိ ကောင်းကင်ချိုးဖျက်ခြင်းဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် မိုးပြာရောင်နဂါးဂိုဏ်းမှ သူရဲကောင်းတို့ဖြစ်ကြသည့် အခြားသော ကျွမ်းကျင်သူနှစ်ဦးကို အမှန်တကယ် တုန်လှုပ်သွားစေသည်။

၎င်းတို့နှစ်ဦးသည် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ကျင့်ကြံမှုအရဆိုလျှင် အဘွားကြီးထက် သန်မာမည် မဟုတ်ပေ။ ၎င်းတို့ သုံးယောက်သည် အခြေခံအားဖြင့် တူညီသော အဆင့်တွင် ရှိကြသည်ဟု ဆိုနိုင်သည်။ ယခုအခါ ချူးယွင်ဖန်းသည် အဘွားကြီးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။ အဘွားကြီးသည် စက္ကန့်ပိုင်းမျှ အာရုံမစိုက်ခဲ့သော်ငြား ချူးယွင်ဖန်း၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်သောအချက်သည် ပြဿနာ၏ပြင်းထန်မှုကို ပြသနေပြီဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ၎င်းတို့နှစ်ဦးသာ ချူးယွင်ဖန်းကို ထိပ်တိုက်ရင်ဆိုင်ရလျှင် ရလဒ်သည် ပိုကောင်းလှမည် မဟုတ်ပေ။ ၎င်းတို့သည် အချင်းချင်း ဆက်သွယ်ရန်ပင် မလိုအပ်ဘဲ နှစ်ယောက်သား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကောင်းကင်ချိုးဖျက်ခြင်းဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသားက ဘေးမှ တိုက်ခိုက်နေစဉ် မိုးပြာရောင်နဂါး သူရဲကောင်းက အရှေ့မှ တိုက်ခိုက်လိုက်သည်။

နှစ်ဦးစလုံးသည် အလွန် လျင်မြန်လှရာ၊ တခဏချင်းမှာပင် ချူးယွင်ဖန်း အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ မိုးပြာရောင်နဂါး သူရဲကောင်းသည် အလွန်တရာ မြန်ဆန်လှသည်။ သူ အမိန့်ပေးနေသော စစ်မြင်းသည် နတ်အဆင့် မွန်းစတားတစ်ကောင်ဖြစ်သည်။ သူသည် ချီတက်လိုက်သည်နှင့် သူ၏ အရောင်အဝါများကို လုံးလုံးလျားလျား ထုတ်လွှတ်လာခဲ့သည်။ သူသည် ထောင်နှင့်ချီသော စစ်သားများနှင့် စစ်မြင်းများ၏ တိုက်ခိုက်မှုမှ အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။

ချီတက်မှု လုပ်ငန်းစဉ်တွင်၊ သူ၏ စွမ်းအင်နှင့် အရှိန်အဟုန်သည် ဆက်လက် တိုးတက်နေခဲ့သည်။ သူ သင်ယူခဲ့သည့် သိုင်းပညာသည် သာမန်လူများ သင်ယူခဲ့သည့် သိုင်းပညာနှင့် လုံးလုံးလျား မတူညီဘဲ ၎င်းသည် စစ်မြေပြင် သိုင်းပညာဖြစ်သည်။ သို့သော် ကြံ့ခိုင်မှုအရဆိုလျှင် ဤအခြေအနေ၌ ပို၍ပင် အားကောင်းလာခဲ့သည်။

ချူးယွင်ဖန်း၏ ဘေးနားရှိ ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူသည် လက်သီးဖြင့် ထိုးနှက်လာသည်။ ဤလက်သီးချက်၏ စွမ်းအင်များ ပျံ့လွင့်လာသည်နှင့် ကောင်းကင်၏ထက်ဝက်မျှသည် ပန်းချီကားတစ်ချပ်ကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်လာတော့သည်။

ဘုံး

ဤလက်သီးချက်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း သူ့ကို မထိခိုက်စေနိုင်ဘဲ သူ၏ခန္ဓာကိုယ်ကို ကျောက်စိမ်း အလင်းရောင်များဖြင့်သာ တောက်ပသွားစေခဲ့သည်။

"ဘာလဲဟ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူသည် ထိတ်လန့်တကြား ဖြစ်သွားသည်။ ချူးယွင်ဖန်းသည် အစွမ်းထက်လွန်းကြောင်း သိသော်လည်း ချူးယွင်ဖန်း၏ ခံစစ်စွမ်းအင်သည် မိမိ၏ တိုက်ခိုက်မှုကို မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ခံနိုင်ရည်ရှိသည်အထိ အားကောင်းနေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

"သေစမ်း"

ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူသည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ့အတွက် အခြေအနေမဟန်ကြောင်း သိရှိသွားသောကြောင့် ချူးယွင်ဖန်းကို ရှောင်တိမ်းရန် ကြိုးစားနေစဉ် အလျင်စလို ဆုတ်ခွာသွားလေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်း၏ အာရုံများသည် သူ့အပေါ် ရောက်ရှိနေပြီဖြစ်သည်။ ချက်ချင်းဆိုသလိုပင် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ထိုလူအား လိုက်မှီသွားခဲ့သည်။ ပြီးနောက် လက်ငါးချောင်းကို ကျစ်ကျစ် ဆုပ်၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုံး

ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအင်များ ကောင်းကင်ယံတွင် ပျံ့နှံ့လာသည်နှင့် ကြောက်မက်ဖွယ်ကောင်း၍ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူ၏ ထိုးနှက်မှုထက် အနည်းဆုံးလျှင် အဆများစွာ ပို၍ ပြင်းထန်ပေသည်။ ဤလက်သီးချက်သည် ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူ၏ ခံစစ်အားလုံးကို ဖြိုခွဲပစ်လိုက်ကာ တခဏချင်းမှာပင် လေထုတစ်ခုလုံး ကွဲအက်သွားလေ၏။

ဘုံး

နောက်ဆုံးတွင် လက်သီးချက်သည် ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူကို ထိမှန်သွားခဲ့သည်။ သူသည် ဆိုးရွားစွာ အော်ဟစ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး လေထုအလယ်တွင် ကွဲအက်သွားခဲ့ရာ၊ လုံးလုံးလျားလျား ခံနိုင်ရည် မရှိခဲ့ပေ။ ဤသည်မှာ အလွန် ဆိုးရွားဖွယ်ကောင်းလှသည်။ ထိုအဆင့်ရှိ ကျွမ်းကျင်သူလျှင်ပင် ချူးယွင်ဖန်း၏ ထိုးသတ်မှုကို မတားဆီးနိုင်ခဲ့ပေ။

'သေစမ်း၊ ငါ ဒီကနေ မြန်မြန် ထွက်သွားမှဖြစ်မယ်' မိုးပြာရောင်နဂါး သူရဲကောင်းက ထိုသို့ တွေးလိုက်သည်။

ချူးယွင်ဖန်းသည် သူနှင့် အဆင့်တူသော ကျွမ်းကျင်သူတစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်ခဲ့ပြီးနောက် ကောင်းကင်ချိုးဖျက်ခြင်း ကျွမ်းကျင်သူသည် သူ့ကို ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ပေ။ မိုးပြာရောင်နဂါးသူရဲကောင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာရှိနေ၍ ၎င်းအတွေးသည် ထွက်ပြေးရန်သာဖြစ်သည်။ သူသည် ထိုအချိန်တွင် မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ မိုးပြာရောင်နဂါး၏ ဂုဏ်အသရေသည် ယခုအချိန်တွင် မပြောပါ့လောက်ပေ။ ယခုအချိန်၌ သူ ပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာသည် ထွက်ပြေးရန်သာဖြစ်သည်။

"အခုမှ ထွက်သွားဖို့ ကြိုးစားရင် နောက်ကျသွားပြီ"

ချူးယွင်ဖန်းသည် သူ၏လက်တစ်ဖက်ကို မြှောက်တင်လိုက်သည်နှင့် မရေတွက်နိုင်သော ဓားအလင်းရောင်များ သူ၏လက်ဖဝါးတွင် စတင် စုစည်းလာခဲ့သည်။ ၎င်းတို့သည် ချက်ချင်းဆိုသလိုပင် မီတာရာနှင့်ချီရှည်၍ ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုဓားရှည်သည် လေထုထဲတွင် ကျယ်ပြန့်၍ ပိုမို ကြီးမားလာပြီးနောက် ရုတ်တရက် ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

ဘုံး

ဓားရှည်သည် ကောင်းကင်ကို ပိုင်းဖြတ်သွားဟန်ဖြင့် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို သုတ်သင်ပစ်လိုက်ပြီးနောက် မိုးပြာရောင်နဂါးသူရဲကောင်းကို ထိမှန်သွားလေသည်။ ၎င်းသည် သူရဲကောင်း၏ သံမဏိချပ်ဝတ်တန်ဆာကို အပိုင်းပိုင်း ဖြတ်တောက်လိုက်ပြီးနောက် သူနှင့် သူ၏စစ်မြင်းကို ထက်ပိုင်း ဖြတ်တောက်လိုက်သည်။

သူ၏ နတ်အဆင့် စစ်မြင်းသည်လျှင်ပင် ထက်ပိုင်းဖြတ်တောက်သွား၍ ချက်ချင်း သေဆုံးသွားခဲ့သည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်နှစ်ခြမ်းသည် ကျယ်လောင်သော အသံနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရာ၊ မြေပြင်၌ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ဤအရာအားလုံးသည် အချိန်အတော် ကြာမြင့်ခဲ့ပုံပေါ်သော်လည်း မြန်မြန်ဆန်ဆန် အဆုံးသတ်သွားခဲ့သည်။

လူအများအပြားသည် ကောင်းကင်အပျိုစင်ကို ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သည့် အံ့အားသင့်မှုမှ အသိပြန်မဝင်လာမီ ချူးယွင်ဖန်းက အခြားသော ထိပ်တန်းကျွမ်းကျင်သူ နှစ်ယောက်ကို အလွန် လျင်မြန်စွာ သတ်ပစ်ခဲ့ကြောင်း မြင်တွေ့လိုက်ရသည်။ နတ်အဆင့်ကျွမ်းကျင်သူများသည် သူ၏အရှေ့တွင် အဆင်တန်ဆာများကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်များနှင့် ထူးမခြားနားပုံပေါ်သည်။ သူသည် ၎င်းတို့ကို ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

ပထမဆုံး တုံ့ပြန်လာသူများသည် ကောင်းကင်ချိုးဖျက်ခြင်း၏ဂိုဏ်းနှင့် မိုးပြာရောင်နဂါးဂိုဏ်းတို့၏ စစ်တပ်များဖြစ်ကြသည်။ ၎င်းတို့၏ ခေါင်းဆောင်များ အလွယ်တကူ အသတ်ခံလိုက်ရခြင်းကို မြင်တွေ့လိုက်ရသဖြင့် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ချက်ချင်း လူစုခွဲသွားကြသည်။ ပုံမှန် လေ့ကျင့်မှုသည် အသုံးမ၀င်လှပေ။ လူတစ်ဦးသည် မည်မျှပင် ရဲရင့်နေပါစေ ချူးယွင်ဖန်းကဲ့သို့သော နတ်ဆိုးတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ မည်သို့မျှ အသုံးဝင်မည် မဟုတ်ပေ။ သေခြင်းတရားသည်သာ ၎င်းတို့ကို စောင့်ကြိုနေပေလိမ့်မည်။

သို့သော် ၎င်းတို့၏ ရွံရှာဖွယ် လုပ်ရပ်များကြောင့် ဒေါသထွက်နေသော ချူးယွင်ဖန်းသည် ၎င်းတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ၎င်းတို့ကို သူ၏ဓားဖြင့် နှစ်ကြိမ်မျှ ခုတ်ထစ်လိုက်သည်။ ထိုဓားချက် နှစ်ချက်သည် ကမ္ဘာဖျက်သော ဓားများနှင့် ဆင်တူပေသည်။ ထိုအခါ လူပေါင်း နှစ်ထောင်ကျော်ရှိသော စစ်တပ်နှစ်ခုသည် ချက်ချင်းပင် ကျဆုံးသွားခဲ့သည်။ ၎င်းတို့သည် အငွေ့ပျံ၍ သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားကြရာ၊ သွေးတစ်စွန်းတစ်စမျှပင် မကျန်ရစ်ခဲ့ပေ။

ဤအခိုက်အတန့်တွင် တိုက်ပွဲကို အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ကျွမ်းကျင်သူများအားလုံး အဆုံးတွင် တုံ့ပြန်လာခဲ့သည်။ အဓိက အင်အားစုကြီး သုံးခု၏ မဟာမိတ်တပ်များသည် လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။

အခန်း (၁၀၂၂) ထို့ရှန်မြို့၌ လေထုများ တိမ်တိုက်များ စုစည်းနေခြင်း

အဓိက အင်အားစုကြီးသုံးခု၏ မဟာမိတ်စစ်တပ်များသည် ပေါ့လျော့သော ဓားချက် အနည်းငယ်ဖြင့် လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုစွမ်းရည်ကြောင့် လူအုပ်ကြီးသည် ချူးယွင်ဖန်းကို ဒဏ္ဍာရီလာနတ်ဆိုး နတ်ဘုရားတစ်ပါးအဖြစ် ၎င်းတို့၏ နှလုံးသားထဲတွင် သတ်မှတ်မိသွားစေသည်။

"သူ... သူက လူရော ဟုတ်ရဲ့လား" လူအများအပြားက ကြောက်ရွံ့ထိတ်လန့်စွာ ပြောနေကြသည်။ ဤနတ်ဆိုး နတ်ဘုရား၏အရှေ့တွင် နတ်အဆင့်ကျွမ်းကျင်သူလျှင်ပင် မပြောပါ့လောက်ပေ။

"သူ့မှာ ဒီလိုခွန်အားတွေ ရှိနေတာ အံ့သြစရာ မဟုတ်ပါဘူး၊ အင်အားစုကြီး သုံးခုနဲ့ ရင်ဆိုင်နေတဲ့အချိန် တွန့်တောင် တွန့်မသွားဘူး"

"သူက တော်တော်လေး သန်မာတာပဲ။ ထျန်ဟဲမြို့တော့ အင်အားကြီး ကျောထောက်နောက်ခံကို ရှာတွေ့သွားတာပဲ"

လူအုပ်ကြီးက အပြင်းအထန် ဆွေးနွေးနေကြသော်လည်း အများစုသည် ချူးယွင်ဖန်းက အာရုံစိုက်မည်ကို စိုးရိမ်သောကြောင့် ချူးယွင်ဖန်းကို စေ့စေ့ပင် မကြည့်ဝံ့ကြပေ။ ထိုအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို ကြည့်မိလိုက်ရုံဖြင့် သူ၏ အလွန်အကဲဆတ်သော အာရုံများဖြင့် ၎င်းတို့ကို သိရှိသွားပေလိမ့်မည်။ ထိုအဆင့်ရှိ ကျွမ်းကျင်သူသည် ပါမွှားများ မဟုတ်ကြပေ။

သို့သော် အံ့ဩမှင်သက်ရဆုံးသော လူများသည် ထျန်ဟဲမြို့၏ ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းအတွက် အချိန်ဆွဲပေးရန်အတွက် သေသည်အထိ တိုက်ပွဲဝင်ရန် ကြံစည်ခဲ့ကြသည်။ အဆုံးတွင် ၎င်းတို့၏မိသားစုများသည် ထျန်ဟဲမြို့တွင်ရှိကြသောကြောင့် ၎င်းတို့တွင် နောက်ဆုတ်ရန်လမ်းမရှိပေ။

ချူးယွင်ဖန်းပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧရိယာတစ်ခုလုံးကို ထိန်းချုပ်သွားလိမ့်မည်ဟု မည်သူ ထင်မှတ်မည်နည်း။ ချူးယွင်ဖန်းသည် ရပ်တန့်နိုင်ပုံမပေါ်သည့် မဟာမိတ်စစ်တပ်ကြီးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ယခုအချိန်မှသာ ၎င်းတို့နှင့် ချူးယွင်ဖန်းကြားက ခြားနားမှုကို အမှန်တကယ် ခံစားမိသွားကြသည်။ လူတစ်ဦး၏ ကျင့်ကြံမှု ပို၍ အားကောင်းလေ သေမျိုးတို့၏ နယ်မြေမှ ပိုမို ရုန်းထွက်နိုင်လေဖြစ်သည်။

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိနေပါက၊ ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့်များထံမှ လှည့်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ထောင်ချီသော ၎င်းတို့ကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ နတ်ဘုရားတစ်ပါး၏ အဆင့်နှင့်ပင် နီးစပ်နေပြီဖြစ်သည်။ နတ်အဆင့်များနှင့် မွေးဖွားခြင်းနယ်မြေအဆင့်အကြားတွင် အခြေခံ ကွာခြားချက်တစ်ခု ရှိနေသည်။ ၎င်းသည် သာမာန်ဘဝထက် ကျော်လွန်သည့် ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအင်ကို ရုပ်သိမ်းလိုက်ပြီးနောက် လင်းဟုန့်ဖုန်နှင့် လင်းဟောက်ရန်တို့ အနားသို့ ဆင်းသက်လာသည်။

"အဆင်ပြေကြရဲ့လား" ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်ကို ကြည့်လိုက်သည်။

လင်းဟုန့်ဖုန်က သူ့ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။

"စိတ်ပူစရာ မလိုပါဘူး။ ကျုပ် အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ် မစ္စတာချူး။ မဟုတ်ရင် ကျုပ် ဒီနေ့ သေသွားမှာတောင် ကြောက်ရတယ်"

"ခင်ဗျား ကျုပ်အတွက် အချိန်ဆွဲပေးဖို့ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့တာလေ ဒီလောက်က ကိစ္စမရှိပါဘူး။ အခုအရေးကြီးဆုံးအရာက ချန်ရှီကို ကယ်တင်ဖို့ပဲ" ချူးယွင်ဖန်းက ပြောလိုက်သည်။

လင်းချန်ရှီသည် ချူးယွင်ဖန်း၏ ဟန်ပြတပည့်တစ်ဦးသာဖြစ်၍ တရားဝင်တပည့်အဖြစ် မသတ်မှတ်နိုင်သော်လည်း သူမသည် ချူးယွင်ဖန်း၏ ပထမဆုံး လက်ခံခဲ့သော တပည့်တစ်ဦးဖြစ်နေဆဲဖြစ်သည်။ သူမသည် သူ့အတွက် ထူးခြားသော အဓိပ္ပါယ်မျိုးရှိနေသည်။

"ကောင်းပြီ" လင်းဟုန့်ဖုန်က ခေါင်းညိတ်လိုက်သည်။

သမီးဖြစ်သူ ခေါ်ဆောင်သွားခံရသောအခါ သူသည် စိုးရိမ်စိတ်များဖြင့် ပူလောင်နေခဲ့သည်။ သူမကို ကယ်တင်ရန် အလျင်စလိုမပြုလုပ်ဘဲ အေးအေးဆေးဆေးနေနိုင်ခဲ့သည့် အကြောင်းရင်းသည် သမီးဖြစ်သူကို သူတစ်ဦးတည်း ကယ်တင်ရန် မဖြစ်နိုင်ကြောင်း သိနေသောကြောင့်ဖြစ်၏။ သူ၏တစ်ခုတည်းသောမျှော်လင့်ချက်သည် ချူးယွင်ဖန်းဖြစ်သည်။

"ခင်ဗျား ဒီမှာနေပြီး နောက်ဆက်တွဲအခြေအနေတွေကို ဖြေရှင်းလိုက်ပါ။ ကျုပ် မြို့ပိုင်ရှင်လင်းနဲ့ ချန်ရှီကို သွားကယ်လိုက်မယ်" ချူးယွင်ဖန်းက လင်းဟောက်ရန်ကို ပြောလိုက်သည်။

လင်းဟောက်ရန်က ခေါင်းညိတ်လိုက်သည်။ ယခင်က သူ့အဖေ၏ ဆုံးဖြတ်ချက်များကို သံသယရှိခဲ့မည်ဆိုလျှင် ယခုအချိန်တွင် မည်သည့်သံသယမျှ မရှိတော့ပေ။ သူ့ဖခင်၏ အတွေးများက မှန်ကန်ပေသည်၊ ဤလျှို့ဝှက်ဆန်းကြယ်သော မစ္စတာချူးကို အားကိုးခြင်းဖြင့်သာ သူ၏ညီမငယ်ကို ကယ်တင်နိုင်မည်ဖြစ်သည်။

အားလုံးစီစဉ်ပြီးသည်နှင့် ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်နှင့်အတူ ကောင်းကင်ယံသို့ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။ ဤအချိန်တွင် တိုက်ပွဲကို အဝေးမှစောင့်ကြည့်နေသော ကျွမ်းကျင်သူများက အဆုံးတွင် စိတ်သက်သာရာ ရရှိသွားကြသည်။ ထိုနေရာ၌ ချူးယွင်ဖန်း ရှိနေချိန်တွင် သူသည် မည်သည့် လှုပ်ရှားမှုမျှမရှိခဲ့သော်လည်း မမြင်နိုင်သော ဖိအားကို ခံစားနေရဆဲဖြစ်သည်။ ဤဖြစ်စဉ်သည် ၎င်းတို့ကို အသက်ရှူကျပ်စေခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က ၎င်းတို့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားနေရကာ ယခုအချိန်မှသာ ၎င်းတို့အားလုံး အသက်ပြင်းပြင်းရှူနိုင်တော့သည်။

"မစ္စတာချူးနဲ့ လင်းဟုန့်ဖုန်က ထို့ရှန်မြို့ကို သွားနေတာ ဖြစ်နိုင်တယ်"

"ဟုတ်လောက်တယ်။ ထို့ရှန်မြို့ပဲဖြစ်ရမယ်၊ အခုချိန်ဆိုရင် နဂါးဝိညာဉ်ရဲ့ ပိုင်ဆိုင်သူနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အင်အားစုကြီးသုံးစုက အဲဒီမှာ စုရုံးနေကြပြီ"

"အခု ကောင်းကင်အပျိုစင်တွေက လင်းချန်ရှီကို ဖမ်းထားတာဆိုတော့ မစ္စတာချူးက ဒီကိစ္စကို ဒီအတိုင်း လွှတ်မပေးမှာကို ကြောက်မိတယ်။ ဘာပဲဖြစ်ဖြစ် မစ္စတာချူးက လင်းချန်ရှီကို တပည့်အဖြစ် လက်ခံထားတာဆို မဟုတ်ဘူးလား"

လူအုပ်ကြီးက ထိုအကြောင်းကို ဆွေးနွေးနေချိန် ချူးယွင်ဖန်းနှင့် လင်းဟုန့်ဖုန်တို့က ကောင်းကင်ယံသို့ ပျံသန်းသွားကြပြီဖြစ်သည်။ ဤအချိန်၌ ချူးယွင်ဖန်းက လင်းဟုန့်ဖုန်ထံ အသေးစိတ်အချက်အလက်များကို နောက်ဆုံးတွင် မေးမြန်းလိုက်သည်။

"ချန်ရှီကို ဘယ်မှာ ဖမ်းထားလဲဆိုတာ ခင်ဗျား သိလား"

"သူ့ကို အခု ထို့ရှန်မြို့မှာ ပိတ်လှောင်ထားတာဖြစ်မယ်။ အင်အားစုကြီးသုံးစုက ကျုပ်တို့နယ်မြေမှာ အခြေစိုက်စခန်းမရှိဘူး၊ ဒါကြောင့် သူတို့အားလုံး ထို့ရှန်မြို့မှာ စုရုံးနေကြတယ်။ သူတို့တွေ နဂါးဝိညာဉ်ကို ခွဲဝေဖို့ နည်းလမ်းရှာနေကြတာဖြစ်မယ်" လင်းဟုန့်ဖုန်က စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ထျန်ဟဲမြို့ဆီ ပြန်တဲ့လမ်းမှာ ချန်ရှီကို ဖမ်းသွားကြမယ်လို့ ကျုပ် တကယ် မထင်ထားဘူး" ထိုအကြောင်းကို တွေးမိသောအခါ လင်းဟုန့်ဖုန်က တုန်လှုပ်သွားလေသည်။

"ကျုပ် အရမ်း သတိလက်လွတ်ဖြစ်သွားတာ"

ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။ "မဟုတ်ဘူး၊ အဲဒါ ခင်ဗျားရဲ့ပေါ့လျော့မှုကြောင့် မဟုတ်ဘူး။ သူတို့တွေက ကျုပ်ကို ပစ်မှတ်ထားနေကြတာ ချန်ရှီက တမင်ဆွဲထည့်ခံလိုက်ာတာ။ သူတို့က ကျုပ် အရှုံးပေးလာအောင် ချန်ရှီကို အသုံးချချင်နေကြတာ"

ထိုသို့တွေးမိသောအခါ ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"သူတို့က ကျုပ် ကိုယ်ထင်ပြတာကို လိုချင်နေမှတော့ ကျုပ်ကလည်း သူတို့ကို သွားတွေ့ရတာပေါ့။ သူတို့ ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"

ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်၏ အစီရင်ခံချက်မှ ဤအဓိက အင်အားစုကြီးသုံးခု၏ အခြေအနေများကို သိရှိခဲ့ရသည်။ ကောင်းကင်ချိုးဖျက်ခြင်းဂိုဏ်း၊ ကောင်းကင်အပျိုစင်ဂိုဏ်း သို့မဟုတ် မိုးပြာရောင်နဂါးဂိုဏ်းဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် ဤမြို့အနီးတွင် အသန်မာဆုံး အင်အားစုကြီးသုံးခုဖြစ်ကြ၍ ဤအင်အားစုသုံးခု၏ ခေါင်းဆောင်များသည် ၎င်းတို့၏ ခွန်အားဖြင့် ကျော်ကြားသူများဖြစ်ကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းတို့သည် ဤနေရာကို ဂရုစိုက်ကြမည် မဟုတ်ပေ။ အဆုံးတွင် နတ်ကုန်းမြေရှိ အခြားသော နေရာများနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် ဆင်းရဲနွမ်းပါး၍ ဝေးလံခေါင်သီလှသည်။

ဤနေရာ၌ အဓိကအင်အားစုများ၏ ကြားဝင်စွက်ဖက်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ရသည့် အကြောင်းရင်းသည် ဝင်ရောက်စွက်ဖက်မှုကို ငြင်းပယ်သည့် မြို့များကြားရှိ အပြန်အလှန် နားလည်မှုအပြင်၊ အရေးကြီးဆုံးအချက်မှာ ဤနေရာ၌ အဆိုပါ အင်အားစုများ၏ လိုချင်တပ်မက်မှုကို ဆွဲဆောင်နိုင်သည့် အထူးကြီးမားသော အရင်းအမြစ်များ မရှိခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့်သာ ၎င်းတို့၏လွတ်လပ်ရေးကို ယခုအချိန်အထိ ထိန်းထားနိုင်ခြင်းဖြစ်သည်။

သို့သော် ယခုအခါ မတူညီတော့ပေ။ နဂါးဝိညာဉ် ပေါ်ပေါက်လာသောအခါ အခြားသော အင်အားစုငယ်များ မဆိုနှင့် အဓိက အင်အားစုကြီးသုံးခုပင် ပါဝင်ပတ်သက်လာကြသည်။ အင်အားစုကြီးသုံးခုသည် အခြားလူများမဆိုနှင့် မိုင်း၏ လက်ရှိပိုင်ရှင်များဖြစ်ကြသည့် ချူးယွင်ဖန်း သို့မဟုတ် ထျန်ဟဲမြို့ကိုပင် ဂရုမစိုက်ကြောင်း သိသာထင်ရှားသည်။

အဓိက အင်အားစုကြီးသုံးခုသည် ၎င်းတို့အချင်းချင်း သဘောတူညီချက် တစ်ရပ်ကို ရယူနိုင်သရွေ့ အခြားမည်သူကမျှ ခုခံရန်အခြေအနေမရှိဘူးဟု ယုံကြည်နေကြသည်။ ၎င်းတို့အားလုံးက နဂါးဝိညာဉ်ကို ခွဲဝေယူရန် စေ့စပ်ညှိနှိုင်းနေချိန် ချူးယွင်ဖန်းက နဂါးဝိညာဉ်ကို လက်ခံထားပြီးဖြစ်ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။

"သူတို့က ဒီမှာရောက်နေကြပေမယ့် ထျန်ဟဲမြို့မှာ မဟုတ်ဘဲ ထို့ရှန်မှာ ရှိနေတယ်ပေါ့လေ ဟုတ်လား၊ စိတ်ဝင်စားစရာပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ ဤသတင်းကို မည်သူက ပေါက်ကြားအောင် ပြုလုပ်ခဲ့သည်ကို အကြမ်းဖျင်း တွေးတောပြီးဖြစ်သော်လည်း ယခုအချိန်တွင် ထုတ်ပြောခြင်းက အဓိပ္ပါယ် ရှိမည်မဟုတ်ပေ။

မည်သို့သော အင်အားစုကြီးသုံးခုဖြစ်ပါစေ သူ၏လမ်းကို တားဆီးဝံ့မည်ဆိုပါက အားလုံးကို သတ်ပစ်ရပေလိမ့်မည်။ စကားပြောနေသည့် အချိန်အတွင်း ချူးယွင်ဖန်းသည် ထို့ရှန် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

အခန်း (၁၀၂၃) မဟာမိတ်စစ်တပ် သုတ်သင်ခံလိုက်ရတယ် ဟုတ်လား။ လူတိုင်း အံ့ဩသွားကြခြင်း

ထို့ရှန်မြို့သည် ပြင်ပ အင်အားစုများအတွက် စုစည်းရာ နေရာတစ်ခု ဖြစ်လာခဲ့၍ ကျွမ်းကျင်သူများစွာသည် မြို့ထဲတွင် စုရုံးလာကြသည်။ ကျွမ်းကျင်သူများ ပို၍အားကောင်းလေ၊ ၎င်းတို့၏ သွေးနှင့် ချီများ အားကောင်းလေဖြစ်သည်။ ကောင်းကင်ထက်ရှိ ချူးယွင်ဖန်းသည် ချီနှင့် သွေးများ ကောင်းကင်ယံသို့ မြင့်တက်နေကြောင်း မြင်တွေ့နိုင်သည်။ သာမာန်လူများသည် ၎င်းစွမ်းအင်များကို မတွေ့နိုင်သော်လည်း သူ့မျက်လုံးများတွင်မူ ၎င်းတို့သည် အမှောင်ထဲရှိ မီးပုံးများကဲ့သို့ ဖုံးကွယ်ထား၍ မရနိုင်ပေ။

ချီနှင့် သွေးများ စီးဆင်းမှုအနက် အထူးတလည် အားကောင်းသန်မာသူ အနည်းငယ်ခန့်ရှိနေသည်။ ၎င်းတို့၏ ချီနှင့် သွေးများသည် တိုင်လုံးကြီးများအဖြစ်သို့ စုစည်းနေကြသည်။ သာမန်လူတစ်ယောက်၏ ချီနှင့် သွေးများသည် ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ထိုပုဂ္ဂိုလ်များ၏ ချီနှင့် သွေးများသည် နေမင်းငယ်များကဲ့သို့ဖြစ်နေသည်။

ထိုပုဂ္ဂိုလ်များသည် ၎င်းတို့၏ စွမ်းအင်များကို ချုပ်နှောင်ထားရန် စိတ်ကူးမရှိကြပေ။ ဤကျွမ်းကျင်သူများသည် အလင်း မီးရှူးတန်ဆောင်များကဲ့သို့ဖြစ်နေသည်။ ချူးယွင်ဖန်းသည် မည်သည့်နေရာသို့ သွားရောက်ရမည်ကိုပင် မေးမြန်းနေရန် မလိုအပ်ပေ။ တစ်ချိန်တည်းမှာပင် ထို့ရှန်မြို့၏ မြို့ပိုင်ရှင် အိမ်တော်တွင် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများ စုဝေးနေကြသည်။

မြို့ပိုင်ရှင် လုရှုကျိုးသည် ဧည့်ခန်းမ၏ အစွန်းတွင် ရပ်နေသည်။ သူသည် ဤအဆင့်မြင့်ကျွမ်းကျင်သူများ အရှေ့တွင် စကားပြောပိုင်ခွင့်ပင် မရှိပေ။ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် နတ်အဆင့်ကျွမ်းကျင်သူများ အရှေ့တွင် စကားပြောပိုင်ခွင့် မရှိကြပေ။ သူသည် ၎င်းတို့ထဲရှိ တစ်ဦးတစ်ယောက်ကိုပင် စော်ကားရန် မတတ်နိုင်ပေ။

ပိုင်ရှင်ဖြစ်သော်လည်း ကုလားထိုင်ပင်မရရှိဘဲ ဘေးသို့ မောင်းထုတ်ခံခဲ့ရ၍ နတ်အဆင့် ကျွမ်းကျင်သူများသည် ခန်းမအတွင်း စတင် ငြင်းခုံလာကြသည်။ ဤနတ်အဆင့် ကျွမ်းကျင်သူများ မရည်ရွယ်ဘဲ ထုတ်လွှတ်လိုက်သော စွမ်းအင် အတက်အကျများသည် သူ၏ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။ ၎င်းတို့ကြားရှိ ပေါ့လျော့သော တိုက်ပွဲဖြစ်ပွားမှုလျှင်ပင် သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေနိုင်သည်။ ၎င်းတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်း၍ အစွမ်းထက်လှသည်။

သို့သော် လုရှုကျိုးက နောင်တမရခဲ့ပေ။ အကယ်၍ ဤလူများလက်ထဲသို့ နဂါးဝိညာဉ် ကျသွားခဲ့လျှင်ပင် သူသည် ထို့ရှန်မြို့၏မြို့ပိုင်ရှင် ဖြစ်နိုင်သေးသော်လည်း ထျန်ဟဲမြို့ရှိ လင်းဟုန့်ဖုန် လက်ထဲသို့ ရောက်သွားပါက၊ သူသည် မြို့ပိုင်ရှင်အဖြစ် အေးအေးဆေးဆေး စံမြန်းရန် မဖြစ်နိုင်ပေ။ မြို့များကြား အပြန်အလှန် နားလည်မှုသည် အချင်းချင်း မထိခိုက်နိုင်ခြင်းနှင့် လူတိုင်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခြင်းမျိုး ဖြစ်သည်။ သို့သော် နဂါးဝိညာဉ်ကို ထျန်ဟဲမြို့က ဝါးမြိုသွားပါက၊ ဤချိန်ခွင်လျှာသည် ကျိုးပဲ့သွားနိုင်သည်။

ယခု ဤကျွမ်းကျင်သူများ ဤနေရာတွင် စုရုံးနေကြသော်လည်း ထို့ရှန်မြို့သည် အဓိက အင်အားစုကြီး သုံးခု၏ ခေါင်းဆောင် မဖြစ်နိုင်သောကြောင့် ၎င်းတို့သည် ကြီးမားသော ဝေစုမျိုး မရရှိနိုင်ခြင်းက သဘာဝပင်ဖြစ်သည်။ သို့သော် ဝေစုသည် သေးငယ်သော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့လျှင်ပင် ၎င်းတို့အတွက် လုံလောက်ပေသည်။ ထိုကျွမ်းကျင်သူများအနက် အသန်မာဆုံးကျွမ်းကျင်သူ သုံးဦးရှိနေသည်။ ၎င်းတို့သည် လူစုလူဝေးကြီး၏ ခေါင်းဆောင်များဖြစ်၍ ဆွေးနွေးမှု၏ အဓိက အချက်အချာပုဂ္ဂိုလ်များဖြစ်သည်။

ကောင်းကင်အပျိုစင်များ၏ ပထမ ကောင်းကင်အပျိုစင်ဟူသော အမျိုးသမီးသည် အသက်သုံးဆယ် ဝန်းကျင်ရှိ၍ ဖွံ့ဖြိုးသော အလှတရားမျိုးပိုင်ဆိုင်ထားသူဖြစ်သည်။ သူမသည် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထား၍ ထူးခြားပြောင်မြောက်သော အသွင်အပြင်မျိုးရှိနေသည်။

မိုးပြာရောင်နဂါးများ၏ ဥက္ကဌသည် တိုက်ပွဲသံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသူဖြစ်သည်။ သူသည် ထိုနေရာတွင် ထိုင်နေရုံမျှဖြင့် စစ်မြေပြင်ကဲ့သို့ဖြစ်နေ၍ သံမဏိစစ်မြင်းတစ်ကောင်၏ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ နောက်ဆုံးတစ်ယောက်သည် ကောင်းကင်ချိုးဖျက်သူဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ခမ်းနားထည်ဝါသော ၀တ်စုံကို ၀တ်ဆင်ထားခဲ့ရာ၊ တင့်တယ်၍ မြင့်မြတ်လှပေသည်။ သူ့တွင် ထူးကဲသော အမူအကျင့်မျိုးရှိသော်လည်း သူ ထုတ်လွှတ်နေသော အရောင်အဝါများသည် အေးစက်လွန်းလှသည်။ ဤသုံးဦးသည် ခန်းမတစ်ခုလုံး၏ အချက်အချာပုဂ္ဂိုလ်များဖြစ်ကြသည်။ လူအုပ်ကြီးက မည်သည်ကို ပြောဆိုကြပါစေ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဤသုံးဦးက ချမှတ်ပေလိမ့်မည်။

"ဒီအင်အားစုသုံးခုလုံး အညီအမျှခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"မှန်တယ်။ ခင်ဗျားတို့အားလုံး အသားစားလို့ရပေမယ့် ကျုပ်တို့အတွက် ဟင်းရည်တချို့တော့ ချန်ထားသင့်တယ်"

"နဂါးဝိညာဉ်ကို ခင်ဗျားတို့ချည်း သိမ်းယူမယ်ဆိုရင် လောဘကြီးလွန်းရာ ကျလိမ့်မယ်"

အင်အားစုကြီးသုံးခုသည် နဂါးဝိညာဉ်ကို ၎င်းတို့အချင်းချင်းသာ ခွဲယူရန် ဆုံးဖြတ်၍ ၎င်းတို့ကို ဖယ်ကြဉ်ထားမည်ကို စိုးရွံ့နေသကဲ့သို့ လူတိုင်းက ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နှက်နေကြသည်။

"ခင်ဗျားတို့ ကောင်တွေက တော်တော်တုံးတာပဲ၊ နဂါးဝိညာဉ်အတွက် ပေးဆပ်ရတာက လွယ်ကူမယ်လို့ ထင်နေကြတာလား" မိုးပြာရောင်နဂါးများ၏ ဥက္ကဋ္ဌက လူအုပ်ကြီးကို လှောင်ရယ်လိုက်သည်။

သူ၏စကားများသည် လူတိုင်းကို ငြိမ်သက်သွားစေသည်။ နဂါးဝိညာဉ်သည် ၎င်းတို့လက်ထဲသို့ မရောက်ရှိလာသောကြောင်း နောက်ဆုံးတွင် သတိရသွားကြသည်။ နဂါးဝိညာဉ်သည် သာမန်ရိုးကျမဟုတ်ဘဲ သဘာဝဝိညာဉ်သာဖြစ်သည်။ ၎င်းသည် အပြည့်အဝ မဖွံ့ဖြိုးသေးလျှင်ပင် သာမန်လူများ ကိုင်တွယ်ဖြေရှင်းနိုင်သည် အရာမျိုး မဟုတ်ပေ။ နဂါးဝိညာဉ်ကိုပင် မထိန်းချုပ်နိုင်သည့် အခြေအနေမျိုးတွင် ၎င်းတို့က ဝေစုရရန် ကြိုးစားနေခဲ့ရာ၊ ဤသည်မှာ ရယ်စရာကောင်းလှသည် မဟုတ်သလော။

"ကျုပ်တို့ဆီမှာ ဒီလောက် ကျွမ်းကျင်သူတွေ အများကြီးရှိနေတာ၊ နဂါးဝိညာဉ်က အရမ်း အစွမ်းထက်တယ်ဆိုရင်တောင် ကျုပ်တို့ သတ်နိုင်ပါသေးတယ်။ အဲဒါကို ယူဖို့ အချိန်အတိုင်းအတာတစ်ခုပဲ လိုပါတယ်။ ဒါကြောင့် ခင်ဗျားတို့ဘက်က ရှင်းရှင်းလင်းလင်း ပြောတာကို ကျုပ် သိချင်တာ"

"မှန်တယ်။ ကျုပ်တို့ကို ဖယ်ထုတ်ပြီး နဂါးဝိညာဉ်ကို ခင်ဗျားတို့ချည်း ယူချင်တယ်ဆိုရင် ဒီကိစ္စကို ကျုပ်တို့ သဘောမတူနိုင်ဘူး"

" မိုင်းကို ထိန်းချုပ်ဖို့အတွက် ခင်ဗျား အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေ စေလွှတ်ထားပြီးပြီဆိုတာကို ကျုပ်တို့ မသိဘူးလို့ ထင်နေတာလား"

ဤကျွမ်းကျင်သူများသည် တစ်ဦးပြီး တစ်ဦး အော်ဟစ် ငြင်းခုံနေကြသည်။ ၎င်းတို့သည် တုံးအသူများ မဟုတ်ကြရာ၊ ဤအင်အားစုကြီး သုံးခုက ၎င်းတို့၏ ကြီးမားကျယ်ပြန့်သော လုပ်ရပ်များကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

"နဂါးဝိညာဉ်ကို ထိန်းချုပ်ပြီးမှ ဘယ်လို ဝေစုခွဲရမလဲဆိုတာ ဆွေးနွေးကြတာပေါ့။ အဲဒီမတိုင်ခင် ဒီအကြောင်းကို ပြောရတာက ရယ်စရာကောင်းလွန်းတယ်" ကောင်းကင်အပျိုစင်များ၏ ပထမ ကောင်းကင်အပျိုစင်က ထိုသို့ ပြောလိုက်သည်။

သူမသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူ၏အဆင့်အတန်း သို့မဟုတ် ခွန်အားတို့သည် သာမာန်လူတစ်ဦး နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။ လူတိုင်းက သူမ၏ စကားများကို နားထောင်ရပေလိမ့်မည်။

"မှန်တယ်။ နဂါးဝိညာဉ်ကို ရပြီးမှ ကျုပ်တို့ ဆွေးနွေးကြရအောင်" ကောင်းကင်ချိုးဖျက်ခြင်း ဂိုဏ်းခေါင်းဆောင်က ထောက်ခံလိုက်သည်။

၎င်းတို့သုံးဦးသည် အပြန်အလှန် နားလည်မှုများရရှိပြီးဖြစ်သည်။ ၎င်းတို့သည် သဘောထားကွဲလွဲမှုများ ပြုလုပ်ရန်ပင် အခြားလူများကို အခွင့်အရေးမပေးခဲ့ပေ။ နောက်ဆုံးအခြေအနေက မည်သိုပင်ဖြစ်နေပါစေ၊ ဤအချိန် လူတိုင်းနှင့် အငြင်းပွားရန်မဖြစ်ပေ။ သို့မှမဟုတ်ပါက ဤလူများသည် ၎င်းတို့၏ ပြိုင်ဘက်များ မဖြစ်နိုင်လျှင်ပင် ၎င်းတို့အတွက် ဒုက္ခဖြစ်စေနိုင်မည့် နည်းလမ်းများစွာ ပြုလုပ်နိုင်ဆဲဖြစ်သည်။

အချိန်အတိုင်းအတာအရ ၎င်းတို့ စေလွှတ်လိုက်သည့် ကျွမ်းကျင်သူများ အောင်မြင်ပြီးမြောက်သင့်ပြီဖြစ်သော်လည်း မည်သည့် သတင်းမျှ မရောက်လာသည့်အပြင် စာတစ်စောင်ပင် မရရှိခဲ့ပေ။ ရုတ်တရက်ဆိုသလိုပင် ဓားပျံတစ်စင်းသည် ပင်မခန်းမထဲသို့ တည့်တည့် ပျံသန်းလာသည်။ ၎င်းသည် ဂိုဏ်းခေါင်းဆောင်၏ လက်ထဲသို့ ပျံသန်းလာပြီးနောက် လက်ဖဝါးအရွယ်အထိ ကျုံ့သွား၍ သူ့ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွားခဲ့ရာ၊ သူ၏လက်ထဲတွင် စာတစ်စောင်သာ ကျန်ရစ်ခဲ့သည်။

၎င်းသည် နတ်အဆင့် စွမ်းအင်တစ်ခုဖြစ်သည့် ဓားပျံစာပို့ခြင်းဖြစ်သည်။ သူသည် စာကို ဖွင့်ကြည့်၍ ဖတ်လိုက်သည်။ သူသည် ကနဦးတွင် အမူအရာကင်းမဲ့သော်လည်း စာကို ဖတ်ပြီးနောက် သူ၏အမူအရာတစ်ခုလုံး လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုံးဝသုတ်သင်ခံလိုက်ရတယ်တဲ့လား" ကောင်းကင်ချိုးဖျက်ခြင်း ဂိုဏ်းခေါင်းဆောင်သည် စာကို ဖတ်ပြီးသောအခါ အလွန် တုန်လှုပ်သွားခဲ့သည်။

သူသည် ၎င်းကို မယုံကြည်ချင်သော်လည်း စာကို သူ အလွန် ယုံကြည်ရသူတစ်ဦးက လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ထိုသို့သော အကြောင်းအရာမျိုးမဆိုနှင့် တစ်ဖက်လူသည် သူ့ကို လိမ်ညာခြင်းပင် ပြုလုပ်မည်မဟုတ်ကြောင်း သူ သိနေသည်။

ချူးယွင်ဖန်းသည် မိုင်းအရှေ့တွင် မဟာမိတ်တပ်ဖွဲ့တစ်ခုလုံးကို သတ်ဖြတ်ခဲ့သည်ဟု စာထဲတွင် ရေးသားထားခဲ့သည်။ သူ၏မျက်လုံးများဖြင့် မမြင်တွေ့ရပါက ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သည် အဖြစ်အပျက်မျိုးဖြစ်ပွားခဲ့ခြင်းကို ယုံကြည်ရခက်ခဲနေပေလိမ့်မည်။

သူ့နံဘေးရှိ ပထမ ကောင်းကင်အပျိုစင်နှင့် မိုးပြာရောင်နဂါးများ၏ ဥက္ကဌတို့သည်လည်း စာပါ အကြောင်းအရာများကို ဖတ်ရှုလိုက်သောအခါ ၎င်းတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

"ဘာလဲ။ ဖြစ်နိုင်တာ"

"ချီးပဲ၊ လုံးဝ မဖြစ်နိုင်ဘူး"

All Chapters