အခန်း (၁၀၃၆-၁၀၃၈)
Vol. 70 Ch. 1036-1038
အခန်း(၁၀၃၆) ပါရမီရှင်ကြီးခြောက်ယောက်လား သူတို့က ဘာမှမဟုတ်ဘူး
"ဆရာ စိတ်မဆိုးပါနဲ့၊ ကျွန်မဝမ်းကွဲအစ်မက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူး။ သူ ကျွန်မကောင်းဖို့အတွက် လုပ်ပေးခဲ့တာပါ” လင်းချန်ရှီက ကမန်းကတန်း ပြောလိုက်သည်။
ချူးယွင်ဖန်းက ပြုံး၍ ခေါင်းခါလိုက်၏။ သူသည် မိုက်မဲသူမဟုတ်ပေ။ နျဲ့စီမင်နှင့် ထို ကြီးမြတ်သော ပျော်ရွှင်ခြင်းဂိုဏ်းအကြားရှိ ခြားနားချက်ကို သူပြောပြနိုင်သည်။ ၎င်းတို့က လုံးလုံးလျားလျားကွဲပြားပေဩ။ သူ၏သခင်စိတ်မဆိုးကြောင်းမြင်လိုက်ရသောအခါ လင်းချန်ရှီက သက်ပြင်းတစ်ချက်ချလိုက်သည်။ ချူးယွင်ဖန်း၏ နတ်ဆိုးအမူအရာက သူမကို အလွန်ထိတ်လန့်စေစသည်။ နတ်ကုန်းမြေ၌ ခြေတစ်ချက်ဆောင့်ကာ ကမ္ဘာကြီးကို လှုပ်ခါအောင် လှုပ်ခတ်နိုင်သူများသည် သိုင်းကွက်သုံးကွက်မှငါးကွက်အတွင်း ၎င်းတို့၏ဆရာများထံတွင် အသတ်ခံခဲ့ရခြင်းမျိုးဖြစ်နိုင်သည်။
တစ်ယောက်နှင့်တစ်ယောက်သိသည်မှာ မကြာလှသေးသော်လည်း ဤယုံကြည်မှုက အလွန် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ချူးယွင်ဖန်းသည် စေ့စပ်ညှိနှိုင်းရေးတွင် လူများကို ဆန့်ကျင်ရန် နည်းလမ်းရှိကြောင်း ပြောသောအခါ လင်းချန်ရှီက မဆိုင်းမတွ လိုက်လာခဲ့သည်။ သူ၏ ဝမ်းကွဲက မည်မျှကြောက်နေသည်ကို မြင်လိုက်ရသောအခါ နျဲ့စီမင်က ပို၍ပင် မကျေမနပ်ဖြစ်သွားရသည်။ ချူးယွင်ဖန်းက သူမ၏ဝမ်းကွဲညီမကို လိမ်ညာထားခဲ့ခြင်းဖြစ်နိုင်သည်။ မဟုတ်ပါက သူမဤသို့ဖြစ်လာလိမ့်မည်မဟုတ်ပေ။
“ထားပါတော့ နင်ဒီကိုရောက်နေပြီဆိုမှတော့ ငါနဲ့လိုက်ခဲ့တော့ ငါတို့ တာအိုဆွေးနွေးပွဲလေးတစ်ခုလုပ်ကြမလို့” နျဲ့စီမင်က ပြောသည်။
“အင်အားစုအားလုံးရဲ့ တပည့်တွေလာကြလိမ့်မယ်။ ဖြစ်နိုင်ရင် ဂိုဏ်းပေါင်းစုံက အကြီးအကဲတွေတောင်လာကြမှာ။ စေ့စပ်ရေးမှာပါဝင်တုန်း သူတို့ ဒီတာအိုဆွေးနွေးပွဲလေးကို အာရုံစိုက်လာကြလိမ့်မယ်။ ငါ ဒီဆွေးနွေးပွဲမှာပါဖို့ အကြံပေးချင်တယ်”
နျဲ့စီမင်က မိမိအား လင်းချန်ရှီမှ ဆရာအသစ်ဖြစ်သူနှင့် မိတ်ဆက်ပေးမည်ကို လက်မလျှော့ခဲ့ပေ။
ထို့နောက် သူမက ချူးယွင်ဖန်းကို ဂရုတစိုက်ကြည့်လိုက်ကာ ချူးယွင်ဖန်းက စကားထပ်မပြောဝံ့ဟု
တွေးလျက် သူမ၏ ဝမ်းကွဲ၏ အပြစ်တင်ခြင်းခံရမည်ဆိုလျှင်ပင် သင်ခန်းစာတစ်ခုပေးမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
သူမ၏ စိတ်ထဲတွင် ချူးယွင်ဖန်းသည် လူလိမ်တစ်ယောက်ဖြစ်သည်။ အဓိကအချက်မှာ ချူးယွင်ဖန်းသည် ငယ်လွန်းနေခြင်းဖြစ်သည်။ သူသည် သူမနှင့် အသက်တူသော်လည်း သူ၏ကျင့်ကြံရေးအဆင့်က သူမထက် များစွာနိမ့်နေသည်။
ထိုသို့သောလူသည် သူမ၏ဝမ်းကွဲ၏သခင်ဖြစ်ရန် မည်သို့အရည်အချင်းပြည့်မီနိုင်မည်နည်း။ သူမ၏ဝမ်းကွဲညီမသည် ထျန်ဟဲကဲ့သို့ ဝေးလံခေါင်သီသောနေရာတွင်နေထိုင်၍ ကမ္ဘာကိုတစ်ခါမျှ မမြင်ခဲ့ဖူးခြင်းဖြစ်နိုင်သောကြောင့် ဤ မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်ကျွမ်းကျင်သူကို ဆရာအဖြစ်သတ်မှတ်ထားခြင်းဖြစ်နိုင်သည်။
သို့သော် သူမသည် ခြားနားသည်။ လမင်းတံခွန်ဂိုဏ်း၏ တပည့်အစစ်တစ်ယောက်အနေဖြင့် သူမနှင့် ထိတွေ့နိုင်သော ကမ္ဘာကြီးသည် သူမ၏ ဝမ်းကွဲညီမထက် များစွာ ကြီးမားသည်။
တစ်ဖက်တွင်မူ လင်းချန်ရှီက ချူးယွင်ဖန်းကို ဂရုတစိုက် စိုက်ကြည့်နေသည်။ သူစိတ်မဆိုးကြောင်းမြင်လိုက်ရသောအခါ ခေါင်းညိတ်ပြလိုက်ပြီးနောက် နတ်ကုန်းမြေ၏ ပါရမီရှင်များနှင့်တွေ့ဆုံရန် စိတ်အားထက်သန်လျက်ရှိသည်။
ယခင်က ဤသို့သော ပါရမီရှင်များကို တွေ့ရန် အခွင့်အရေးပင်ရနိုင်မည်မဟုတ်ပေ။
ဤသည်မှာ ထိုပါရမီရှင်များနှင့် သူမ အမှန်တကယ် သိရှိထိတွေ့ခွင့်ရမည့် ပထမဆုံးအကြိမ်ဖြစ်နိုင်သည်။ သူမ၏ ဝမ်းကွဲဖြစ်သူက သဘောတူကြောင်းတွေ့လိုက်ရသဖြင့် နျဲ့စီမင်က လင်းချန်ရှီ၏လက်ကို ချက်ချင်းဆွဲကာ လူအုပ်ထဲသို့ လျှောက်သွားခဲ့သည်။
“ဒါဟာ နှစ်ပေါင်းများစွာ မတွေ့ဖူးတဲ့ ရှားပါးတဲ့ မြင်ကွင်းတစ်ခုပါ။ အမှန်တော့ ဒီပါရမီရှင်တွေက အများအားဖြင့် နေရာတိုင်းမှာ ပြန့်ကျဲနေကြတာ။ ဘယ်လိုမျိုး စည်းဝေးပွဲပဲဖြစ်ဖြစ် ဒီစေ့စပ်ညှိနှိုင်းမှုမှာ တစ်ချိန်တည်းမှာ လူအများကြီးကို ဖိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“နတ်ကုန်းမြေရဲ့ ဒီမျိုးဆက်မှာ ကျွမ်းကျင်သူတွေအများကြီးနဲ့ ကောင်းကင်က ကောင်းချီးပေးထားတဲ့ ပါရမီရှင်တွေအများကြီးရှိတယ်။ ငါတို့ လမင်းတံခွန်ဂိုဏ်းက ဒီ မျိုးဆက်ရဲ့ ဆရာတူအစ်မ လမင်းတံခွန်ဆက်ခံသူအကြောင်းကိုလည်း နင်ကြားဖူးမှာပါ” နျဲ့စီမင်ကပြောသည်။
“ငါကြားဖူးတယ်… ငါကြားဖူးတယ်” လင်းချန်ရှီ၏ မျက်လုံးများ တောက်ပလာသည်။
“ဆရာတူအစ်မ လမင်းတံခွန်ဆက်ခံသူက အများအားဖြင့် သီးသန့်ကျင့်ကြံနေလေ့ရှိတယ်။ ဒီတစ်ခေါက်တော့ စေ့စပ်ညှိနှိုင်းမှုအတွက် သီးသန့်လေ့ကျင့်ရာကထွက်လာတာ။ အခု နတ်အဆင့်ကိုရောက်နေပြီလို့ သိရတယ်” နျဲ့စီမင်က ပြောသည်။
လင်းချန်ရှီက ရုတ်တရက် အံ့သြတကြီး အော်လိုက်မိသည်။ ချူးယွင်ဖန်းနောက်သို့လိုက်ခဲ့ရသော ဤကာလတစ်လျှောက် သူ များများစားစားမသင်ကြားရသေးသော်လည်း ဤအရာများကို ပိုင်းခြားတတ်ရန် သင်ယူခဲ့သည်။
လမင်းတံခွန်ဂိုဏ်းဆက်ခံသူ စီနီယာအစ်မက နတ်အဆင့်ထိ လှမ်းနိုင်ခဲ့သည်မှာ အမှန်ပင် အံ့ဩစရာဖြစ်သည်။
ဆရာဖြစ်သူ၏ အဆိုအရ သူမသည် ငြိမ်းချမ်းစွာ ကျင့်ကြ့နေသမျှ ကာလပတ်လုံး၊ နတ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ သို့သော် သူမတွင် သခင်ကောင်းတစ်ယောက်ရှိသောကြောင့် ထိုစဉ်က ဖခင်က အားထုတ်မှုများစွာ လုပ်ခဲ့သော်လည်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင် ရှိနေဆဲဖြစ်သည်ကို သူမကိုယ်တိုင် မျက်စိဖြင့် မြင်ဖူးသည်။
"လမင်းတံခွန်ဂိုဏ်းရဲ့ ဆရာတူအစ်မကလွဲပြီး အခြားသော တပ်ဖွဲ့ငါးခုရဲ့ စီနီယာညီအစ်ကိုတွေအားလုံး ဒီနေရာမှာရှိနေလိမ့်မယ်”
နျဲ့မင်စီက ဤသို့ပြောလျက် မျက်နှာထက်တွင် ဂုဏ်ယူသော ဟိတ်ဟန်များပေါ်လာသည်။ ဤလူများသည် နတ်ကုန်းမြေတစ်ခွင်၌ ထင်ရှားကျော်ကြားသော ဂုဏ်သတင်းများ ရှိသည်။ ၎င်းတို့သည် မျိုးဆက်သစ်များဖြစ်သော်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာသည် အချို့သော ဂိုဏ်းခွဲများ၏ ဂိုဏ်းခွဲခေါင်းဆောင်များနှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်းတို့အားလုံးသည် နတ်အဆင့်သို့ ဝင်ရောက်ခဲ့ကြကာ ဂိုဏ်းတစ်ခုကို တည်ထောင်ရန် အရည်အချင်းများရှိသည်။
"အံ့ဩစရာကြီး" လင်းချန်ရှီလည်း သူတို့ကို တွေ့ချင်သည်။
ချူးယွင်ဖန်းကဲ့သို့သော ပြင်ပလူများနှင့် မတူဘဲ လင်းချန်ရှီသည် ဤကျော်ကြားသော ပါရမီရှင်များအကြောင်း ကြားကာ ကြီးပြင်းလာခဲ့ရခြင်းဖြစ်သည်။
"ဒါက နတ်အဆင့်ကို တက်နိုင်တာလေးပါပဲ ဘာမှမဖြစ်ပါဘူး။ မင်းကို ငါပေးမယ့်နည်းပညာကို ကျင့်ကြံထားရင် နတ်အဆင့်ကို တက်လှမ်းဖို့က လက်ဝါးဖြန့်သလိုကို လွယ်လိမ့်မယ်။ အဲ့တာတွေအားလုံးကို ကျော်ဖြတ်ဖို့ဆိုတာ အချိန်တစ်ခုပဲ" ချူးယွင်ဖန်းက ပြောသည်။
လင်းချန်ရှီသည် သူ၏အမည်ခံတပည့်သာဖြစ်သော်လည်း၊ သူမသည် သူ့ဘဝတွင် လက်ခံခဲ့သော ပထမဆုံးတပည့်ဖြစ်နေဆဲပင်ဖြစ်ရာ ချူးယွင်ဖန်းက လင်းချန်ရှီကို သင်ကြားရာတွင် စိတ်လျှော့ခြင်းမရှိပေ။
လင်းချန်ရှီ၏ ကိုယ်လုံးကိုယ်ပေါက်ကို အခြေခံ၍ ကျီဝေ့ကောင်းကင်ဘုံကိုစိန်ခေါ်ခြင်းပညာကို သူမအား ပေးအပ်ခဲ့သည်။ ဤသည်မှာ ဆေးဧကရာဇ်တိုက်ပွဲစာအုပ်တွင် မှတ်တမ်းတင်ထားသော သဘာဝအတိုင်း ကျင့်ကြံရေးပညာတစ်ခုဖြစ်သည်။
တစ်ချိန်က အလွန်အစွမ်းထက်သော ပညာရှင်တစ်ဦးမှ ကျင့်ကြံခဲ့သည်။ သို့သော်လည်း သူသည် ဆေးဧကရာဇ်၏ လုပ်ကြံခြင်းကို ခံခဲ့ရပြီးနောက် သူ၏ ကျင့်ကြံနည်းစနစ်ကို ဆေးဧကရာဇ် တိုက်ပွဲ စာအုပ်တွင် မှတ်တမ်းတင်ထား၏။
သူသည် ဆေးဧကရာဇ်ကို ရှုံးသော်လည်း ကျီဝေ့ကောင်းကင်ဘုံကို စိန်ခေါ်ခြင်းပညာက အဆင့်နိမ့်သည်ဟု မဆိုလိုပေ။ တကယ်တမ်းတွင် ဤနည်းပညာသည် စွမ်းအားကြီးသည်ဟု ယူဆနိုင်ကာ ဧကရာဇ်အဆင့် ကြီးမြတ်သောတာအိုကိုပင် စိန်ခေါ်နိုင်သည်။ ယခုခေတ်လူများက ယင်းက ဘာဖြစ်သည်ကို မသိကြပေ။
အကယ်၍ ၎င်းသည် ရှေးဟောင်းလူသားကာလတွင်ဖြစ်ပါက ဧကရာဇ်အဆင့် ကြီးမြတ်သောတာအိုကို စိန်ခေါ်နိုင်သည့် ကျင့်ကြံနည်းစနစ်တစ်ခု ပေါ်လာသည်နှင့်၊ ၎င်းသည် သွေးထွက်သံယို မုန်တိုင်းဖြစ်စေနိုင်ကာ မရေမတွက်နိုင်သော လူများကို တိုက်ခိုက်ကြစေနိုင်မည်ဖြစ်သည်။
လင်းချန်ရှီ၏ ကိုယ်လုံးကိုယ်ပေါက်သည် ကျီဝေ့ကောင်းကင်ဘုံကိုစိန်ခေါ်ခြင်းပညာကို ကျင့်ကြံရန် လိုအပ်ချက်များနှင့် မမျှော်လင့်ဘဲ ကိုက်ညီနေသည်။ ထို့ကြောင့် အချိန်တိုလေးအတွင်းတွင် လင်းချန်ရှီက လအနည်းငယ်အတွင်း၌ အထပ်ထပ် အဆင့်တက်ခဲ့ရာ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဤနည်းပညာကို ကျင့်ကြံခဲ့သော လင်းချန်ရှီသည် နတ်အဆင့်သို့ မတက်လှမ်းမီ အချိန်တစ်ခုလိုပေလိမ့်မည်ဖြစ်ရာ အနာဂတ်တွင် သူမသည် ဤပါရမီရှင်များကို ကျော်တက်ရန် လွယ်ကူလိမ့်မည်။
“စကားကြီးစကားကျယ်တွေပြောနေလိုက်တာ။၊ ပါရမီရှင်ခြောက်ယောက်က နတ်ကုန်းမြေရဲ့ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေပဲ။ သူတို့ကဘယ်လိုလူတွေလဲ ရှင့်ကိုယ်ရှင် ဘာထင်နေလဲ ရှင် ဒီလောက် အရှက်မရှိပြောရဲသေးတယ်ပေါ့ အရိုအသေမဲ့လိုက်တာ”
ရုတ်တရက်ပင် မလှမ်းမကမ်းမှ မောက်မာသောအသံတစ်ခုထွက်လာပြီးနောက် ခပ်သွက်သွက် ခြေသံများ ထွက်လာသည်။ ချူးယွင်ဖန်းက လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်ရုံဝတ် လူငယ်ယောက်ျားလေးနှင့် မိန်းမပျိုတစ်စု ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။
ဤလူအုပ်စုသည် ချူးယွင်ဖန်းကို ကဲ့ရဲ့ရှုတ်ချလျက် အနက်ရောင်ဝတ်လူငယ်က ၎င်းတို့ကို ဦးဆောင်နေကာ ယခု ပြောလိုက်သည့်လူလည်းဖြစ်သည်။
"ဒီစကားတွေကို ဘယ်သူက အရမ်းမောက်မာပြီးပြောနေလဲဆိုတာ ငါကြည့်ချင်တယ်"
အခန်း(၁၀၃၇) ငါဘာလုပ်လုပ် မင်းစောက်လုပ်မဟုတ်ဘူး
ဆူပူအုံကြွမှုက လူအများ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။ အနက်ရောင်ဝတ်လူငယ်ကို လူတစ်ယောက်က မြင်လိုက်သောအခါ ချက်ချင်းအော်လိုက်၏။
“အဲ့တာ ငရဲမီးဂိုဏ်းက ယန်လေ့မဟုတ်ဘတူးလား။ သူကဘာလို့ ဒီကိုရောက်နေရတာလဲ”
လူများစွာက နောက်ဆုတ်သွားကြသည်။ ငရဲမီးဂိုဏ်းသည် နတ်ကုန်းမြေ၌ နာမည်ကောင်းမရှိပေ။ နတ်ကုန်းမြေ၏ နံပါတ်တစ် ဂိုဏ်းအဖြစ် လူသိများသည်။ နတ်ဆိုးလမ်းစဉ်ဂိုဏ်းခွဲများနှင့် နတ်ကုန်းမြေ၏မိသားစုအများအပြားသည် ငရဲမီးကို မှီခိုအားထားခဲ့ကြသည်။
တစ်ဖက်တွင်မူ ငရဲမီး၏ တပည့်များအားလုံးသည် မာန်မာနကြီးကာ အလွန်ရက်စက်ကြမ်းကြုတ်ကြသဖြင့် တွေးပင်မတွေးတောဘဲ သတ်ပစ်ကြလေ့ရှိသည်။ ထို့ကြောင့် လူများစွာတို့က ငရဲမီးဂိုဏ်း၏ တပည့်များကို နှိုးဆော်ရန် ဆန္ဒမရှိကြပေ။
ယန့်လေ့က ငရဲမီးဂိုဏ်း၏ ဦးစီးချုပ် နတ်ငရဲကာကွယ်သူထက်ပင် ပို၍ နာမည်ဆိုးဖြင့်ကျော်ကြားသည်ဖြစ်ကာ ဒေါသအလွန်ကြီး၍ လူများကို မြက်ရိတ်သကဲ့သို့ သတ်ပစ်လေ့ရှိသည်ဟုပြောကြသည်။
“ကြည့်ရတာ သူထပ်သတ်တော့မယ်ထင်တယ်” လူတစ်ယောက်က ထအော်လိုက်သည်။
လူများစွာက ချူးယွင်ဖန်းကို ကြည့်နေကြသည်။ သူပြောလိုက်သည့်စကားကို လူများစွာကကြားလိုက်ကြသောကြောင့် အားလုံးက သိချင်နေကြသည်။ ပါရမီရှင်ခြောက်ယောက်ကို မလေးစားသည့် ဤလူသည် မည်သူနည်း။ ပါရမီရှင်ခြောက်ယောက်ဟူသည် ငယ်ရွယ်သော ပါရမီရှင်မျိုးဆက်တစ်ခုလုံးကို နှိမ်နှင်းခဲ့သော တုနှိုင်းမဲ့ ဖြစ်တည်မှု များဖြစ်သည်။
ယန်လေ့သည် ရှေ့သို့လျှောက်လာ၍ အပြုံးတစ်စပြုံး၍ကြည့်လိုက်သည်။
“ကောင်လေး မင်းကဘယ်သူလဲ။ မင်းနာမည်ကိုပြောပြပါဦး။ ပါရမီရှင်ခြောက်ယောက်ကို ဘယ်ကောင်က အထင်သေးရဲပြီး မောက်မာရဲနေလဲဆိုတာ ငါသိချင်တယ်”
အခြားသူများကလည်း သိချင်လာကြသည်။ နောက်ဆုံးတွင်မူ ပါရမီရှင်ခြောက်ယောက်ကို အထင်သေးရဲသူ အများအပြားမရှိလှပေ။
ချူးယွင်ဖန်း၏အမည်ကို ယခင်က ကြားခဲ့ဖူးကြသော်လည်း သူ့ကို လူချင်းတွေ့ရန် ခဲယဥ်းသည်။
“ငါဘာပြောပြော မင်းစောက်လုပ်မဟုတ်ဘူး”
အခြားသူများ၏ မျက်လုံးထဲတွင် အလွန်စွမ်းအားကြီး၍ ပြင်းထန်ရက်စက်သော ယန်လဲ့ကို ရင်ဆိုင်နေရသော်လည်း ချူးယွင်ဖန်းကို ‘*ာက်’ ဂရုပင်မစိုက်ပေ။ လူတိုင်း တုန်လှုပ်သွားကြသည်။ ယန်လဲ့၏ ရက်စက်မှုသည် သူ၏ကြမ်းတမ်းသော သဘောသဘာဝကြောင့်သာမက သူ၏ခွန်အားကြောင့်လည်းဖြစ်သည်။ နတ်ကုန်းမြေ၌ သူသည် ပါရမီရှင်ခြောက်ပါးတို့နောက် ဒုတိယသာလိုက်သည်။ သို့သော်လည်း ချူးယွင်ဖန်းက သူမျက်စိရှေ့တွင် ဤသို့ရန်စရဲခြင်းက ယန်လဲ့အပေါ် လေးစားမှုမဲ့နေခြင်းပင်ဖြစ်၏။
လူတိုင်း တုန်လှုပ်သွားကြသည်။ ရန်လဲ့၏ ရက်စက်မှုသည် သူ၏ ကြမ်းတမ်းသော သဘာဝကြောင့်သာမက သူ၏ ခွန်အားကြောင့်လည်း ဖြစ်သည်။ နတ်ကုန်းမြေ၌ သူသည် ကြီးမြတ်သော ပါရမီခြောက်ပါးတို့နောက် ဒုတိယဖြစ်သည်။
“မင်း သေချင်နေတာလားကွ”
ယန်လဲ့၏ မျက်နှာက အလွန်ပျက်နေသည်။ သူ့ကို မည်သူကမျှ တစ်ခါမျှ မနှိမ်ချဖူးပေ။
ဘမ်း
ယန်လဲ့၏ အငွေ့အသက်များပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်များက ကောင်းကင်သို့လွင့်ပျံလာကာ ကောင်းကင်တစ်ခုလုံး အေးခဲလုနီးနီးဖြစ်နေသည်။ သူသည်မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်သို့ပြေးတက်သွားပြီး နတ်အဆင့်သို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီဖြစ်သည်။
“ဘာလဲဟ။ ယန်လဲ့ကလည်း နတ်အဆင့်ရောက်သွားတာလား” လူများစွာက အော်လိုက်ကြသည်။
နတ်ကုန်းမြေ၌ နတ်အဆင့်သည် အင်မော်တယ်နှင့် သေမျိုးများကို ပိုင်းခြားထားသည့် စည်းတစ်ခုဖြစ်သည်။
မျိုးဆက်သစ်လူငယ်များကြား၌ နတ်အဆင့်သို့ဝင်ရောက်ရန် မည်သူမဆိုအတွက် အလွန်အရေးကြီဂသည်။ ပါရမီရှင်ခြောက်ဦးတို့သည် ဟိုးရှေးရှေးမှစ၍ နတ်အဆင့်သို့ဝင်ရောက်ခဲ့ကြသည်ဖြစ်ရာ အခြားသူများထက် အဆင့်မြင့်သည်။ လူတိုင်းက ယင်းကို အသားကျနေကြပြီဖြစ်သည်။
သို့သော် ထိုပါရမီရှင်ခြောက်ဦးတို့မှလွဲ၍ အခြားသူများက မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်တွင် ပိတ်မိနေကြပုံကျ၍ ယင်းကိုမဖြတ်ကျော်နိုင်ပေ။ ထို့ကြောင့် ယန်လေ့က နတ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
ဤသို့မာန်တက်စွာပြုမူရဲသည်မှာလည်း အံ့သြစရာမဟုတ်လှပေ။ ဤကျင့်ကြံရေးအဆင့်ဖြင့် သူသည် အသက်ကြီးသော နတ်အဆင့်အချို့ကို ရန်စခဲ့လျှင်ပင် ၎င်းတို့က ငရဲမီးဂိုဏ်းနှင့် ရင်ဆိုင်ရမည်ဖြစ်၍ သူ့အား မည်သို့မျှ အန္တရာယ်ပေးဝံ့မည်မဟုတ်ပေ။
“ဟွန့်”
ယန်လဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ ရယ်မောလိုက်သည်။ သူ့မျက်လုံးထဲ၌ ချူးယွင်ဖန်းက လူသေတစ်ကောင်ကဲ့သို့သာဖြစ်၍ သူ့မျက်လုံးများတွင် သွေးဆာနေသော အလင်းရောင်များဖြင့် တောက်ပနေသည်။
ယန်လဲ့က စတင်လှုပ်ရှားလုဆဲဆဲဖြစ်ကာ ချူးယွင်ဖန်း၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်များဖြင့် တောက်ပနေသည်။ သူက ယန်လဲ့ကို သတ်ဖြတ်ရန် ကြံစည်နေခြင်းပင်ဖြစ်၏။
ယန်လဲ့၏ ခန္ဓာကိုယ်တွင် သွေးအမြောက်အမြားစွန်းထင်းလျက်ရှိသည်။ သူလူမည်မျှ သတ်ဖြတ်နှိပ်စက်ခဲ့သည်ကို မည်သူမျှ မသိနိုင်ကြပေ။ သတ်ဖြတ်ရသည်ကိုပင် ကျေနပ်အားရနေခြင်းဖြစ်နိုင်သည်ဖြစ်ရာ အကယ်၍ ထိုသို့သောလူကို ပြည်ထောင်စုတွင် ထားရှိပါက ထိုသူသည် လူသတ်မှုကြူးလွန်သူပင်ဖြစ်လိမ့်မည်။
ပြည်ထောင်စု၏ ဥပဒေများအရ ငရဲမီးဂိုဏ်း၏ လုပ်ဆောင်ချက်များသည် ၎င်းတို့ကို ဆယ်ကြိမ်တနတ်တန်ပစ်သတ်၍ အပြစ်ပေးရန် လု့လောက်သည်။ ပြည်ထောင်စုတွင် နတ်ဆိုးလမ်းစဥ်ကို ကျင့်ကြံသူများကပင် အခြေခံဥပဒေများကို အာရုံစိုက်ရသည်ဖြစ်ကာ ရူးရူးမိုက်မိုက် မလုပ်ဆောင်ဝံ့ကြပေ။
သို့သော် ချူးယွင်ဖန်းက လှုပ်ရှားရန်လုပ်နေချိန်၌ သူ့ကို အထင်သေးသော နျဲ့မင်စီက အံကြိတ်လျက် ယန်လဲ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“ယန်လဲ့၊ ဒီလူက လမင်းတံခွန်ဂိုဏ်းရဲ့ဧည့်သည်ပဲ။ ရှင်ဒီမှာ ဘာလာလုပ်ဖို့ ကြိုးစားနေတာလဲ”
ယန်လဲ့က နျဲ့စီမင်ကို အထင်သေးစွာဖြင့် စိုက်ကြည့်နေခြင်းက သူမကို အလွန် မသက်မသာဖြစ်စေသည်။
ထို့နောက် ယန်လဲ့က လှောင်ရယ်လိုက်၏။
သူနှင့် နျဲ့စီမင်တို့သည် မူလက အဆင့်တူတွင်ရှိသော်လည်း ယခုမူ နတ်အဆင့်သို့ရောက်သွားပြီဖြစ်၍ ယခု သေမျိုးများက သူ့ကိုယှဥ်နိုင်တော့မည်မဟုတ်ပေ။
သူသည် အလယ်အလတ်အဆင့် ဂိုဏ်းခွဲများ၏ ဂိုဏ်းချုပ်များနှင့် နှိုင်းယှဥ်နိုင်သော်လည်း နျဲ့စီမင်သည် လူငယ်မျိုးဆက်သစ်များကြား၌သာ လူသိများသော သူတစ်ဦးဖြစ်သည်။ မည်သူက သူ့ကို အထင်သေးရဲသနည်း။
“နျဲ့စီမင် ငါမင်းကို ဘေးဖယ်နေဖို့ အကြံပေးလိုက်မယ်။ မင်း ငါ့ကို ပြောပိုင်ခွင့်မရှိဘူး” ယန်လဲ့က နျဲ့စီမင်ကို လှောင်ပြောင်သောအပြုံးဖြင့်ကြည့်ပြီးနောက် ချူးယွင်ဖန်းနောက်တွင်ရပ်နေသော လင်းချန်ရှီကို ကြည့်လိုက်သည်။
သူ့မျက်လုံးများက မှေးမှိန်သွားကာ တက်မက်မှုအရိပ်အမြွက်များ ထွက်ပေါ်လာသည်။
“ယန်လဲ့ လမင်းတံခွန်ဂိုဏ်း ဆက်ခံသူ စီနီယာအစ်မက ရှင်နဲ့ စကားနည်းနည်းလာပြောတာခံချင်တာလား” နျဲ့စီမင်က အော်လိုက်သည်။
လမင်းတံခွန်ဂိုဏ်းဆက်ခံသူဆိုသော စကားလုံးထွက်လာသောအခါ ယန်လဲ့၏ စိတ်ဝိဉာဥ်က တုန်လှုပ်သွားသည်။ တစ်စုံတစ်ခုကိုတွေးနေပုံဖြင့် သူ၏ အမူအရာက ပိုမိုလေးနက်လာသည်။
“နျဲ့စီမင် ဒီနေ့ ငါ လမင်းတံခွန်ဂိုဏ်းကို မျက်နှာသာပေးလိုက်မယ်။ ဒါပေမယ့် ဒီလူကို ငါမှတ်ထားမှယ်။ မင်းတို့ လမင်းတံခွန်ဂိုဏ်းက သူ့ကို တစ်သက်လုံး ကာကွယ်ပေးနိုင်မလားဆိုတာ ကြည့်ရအောင်”
ယန်လဲ့၏အသံက တိုးနေသော်လည်း အေးစက်နေသဖြင့် လူအများကို ကြက်သီးမွှေးညှင်းများ ရုပ်ချည်းထသွားစေသည်။
အထူးသဖြင့် လင်းချန်ရှီသည် သူမတစ်ကိုယ်လုံးမှ ဆံပင်များအားလုံး ထောင်တက်သွားသည်ဟု ခံစားလိုက်ရသည်။ ယန်လဲ့၏အကြည့်ကိုရှောင်ရန် သူမက ချူးယွင်ဖန်း၏ နောက်တွင် ပုန်းနေလိုက်မိသည်။
ယန်လဲ့က လှည့်ထွက်သွားသည်။
နျဲ့စီမင်းက သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် သူမက လှည့်ကြည့်ကာ ချူးယွင်ဖန်းကို
ရွံရှာစွာ ကြည့်လိုက်သည်။
“ငါမင်းကို သတိပေးနေတယ်။ မင်းစိတ်ကြိုက်လုပ်လို့ရတယ်လို့ မင်းထင်နေလား။ မင်းရဲ့ ကိုယ်ကျိုးရှာတဲ့ ကျင့်ကြံရေးဆိုတာ ဒီမှဦ ဘာမှမဟုတ်ဘူး။ ရှီရှီကြောင့်သာမဟုတ်ရင် မင်းအသက်ရှင်နေမလား သေမလားဆိုတာ ငါဂရုမစိုက်မဘူး”
နျဲ့စီမင်သည် ဤပြဿနာကိုဖြစ်စေခဲ့သော ချူးယွင်ဖန်းအပေါ် အမြင်မကြည်သေးပေ။ ယန်လဲ့က အသေးအမွှားဆက်ဆံရမည့်သူမဟုတ်ပေ။ လမင်းတံခွန်ဂိုဏ်းဆက်ခံသူကို သူမမထည့်ပြောခဲ့ပါက ယန်လဲ့ကို မည်သို့ ခြောက်ထုတ်နိုင်လိမ့်မည်နည်း။
လမင်းတံခွန်ဂိုဏ်းအကြောင်း သူမထည့်ပြောရသည့်အကြောင်းအရင်းမှာ ယန်လဲ့သည် လမင်းတံခွန်ဂိုဏ်းကို တစ်ကြိမ်ဝင်တိုက်ရန် ကြိုးစားခဲ့သော်လည်း သူမလက်ထဲ၌ ဆိုးဆိုးရွားရွား အရိုက်ခံရကာ လက်တစ်ဖက်ဆုံးရှုံးပြီးမှသာ လွတ်မြောက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
ယန်လဲ့တုန်လှုပ်နေပုံကိုကြည့်လျှင် သူမမှန်းဆထားသည်မှာ မှန်သည့်ပုံပေါ်သည်။
ချူးယွင်ဖန်းက သူ၏ သာမန်ကျသည်ဟုထင်ရေသာ ကျင့်ကြံရေးအဆင့်ကြောင့် ဤသို့ အထိန်းအကွပ်မရှိ ပြုမူဝံ့သည်ဟု သူမထင်ခဲ့သည်။
“ရှီရှီ နင် ငါ့နောက်ကို တစ်ချိန်လုံးလိုက်လာခဲ့တာ။ အဲ့ယန်လဲ့က အမြဲ ဥပဒေမဲ့ပဲ။ သူ အခု ကြောက်ပြီး ထွက်သွားပေမယ့် နောက်တစ်ကြိမ်ပြန်လာနိုင်တယ်” နျဲ့စီမင်က ပြောသည်။
ဤသို့ပြောပြီးနောက် နျဲ့စီမင်သည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ အေးခဲနေသော မျက်နှာဖြင့်လူအုပ်ကြားထဲသို့ တည့်တည့်လျှောက်သွားသည်။
လင်းချန်ရှီက နျဲ့စီမင်ကိုကြည့်ပြီးနောက် ချူးယွင်ဖန်းကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်သွားသည်။
တစ်ဖက်မှ ချူးယွင်ဖန်းက ပြုံးရုံသာပြုံးလိုက်သည်။ နျဲ့စီမင်သည် အပြင်ဘက်တွ၍် အေးသော်လည်း
အတွင်းပိုင်းတွင် နွေးထွေးသည်။ သူမသည် လူဆိုးတစ်ယောက်မဟုတ်ခဲ့ပေ။
ထို့နောက် ချူးယွင်ဖန်းက လင်းချန်ရှီကိုခေါ်ကာ နျဲ့စီမင်နောက်သို့လိုက်သွားခဲ့သည်။
အခန်း(၁၀၃၈) မင်းသေချင်နေမှာတော့ မင်းဆန္ဒကိုဖြည့်ပေးမယ်
ချူးယွင်ဖန်းနှင့် လင်းချန်ရှီတို့သည် နျဲ့စီမင်ပြောသည့် နေရာအနက်ပိုင်းသို့ လိုက်သွားသောအခါတွင် ပို၍ နက်နဲလာသည်နှင့်အမျှ သခင်များ ပိုများလာသည်ကို တွေ့လိုက်ရသည်။ အလယ်ဗဟိုတွင် ကြီးမားသော ကွင်းပြင်တစ်ခုရှိရာ ထို့အပြင် ဤတာအိုဆွေးနွေးမမှုလေး၏ အစကို စောင့်ဆိုင်းနေသည့်လူအများက ထိုကွင်းပြင်၌ စုဝေးလာကြသည်။
ကွင်းထဲတွင် လူတိုင်း၏အာရုံကို စွဲဆောင်နိုင်သော အခြားကမ္ဘာ သို့မဟုတ် မာနကြီးသော ပုဂ္ဂိုလ်များ ရှိနေသည်။ ချူးယွင်ဖန်းနှင့် အခြားနှစ်ယောက်သည် ထိုနေရာ၏ အစွန်းသို့ အမြန်ရောက်ရှိလာသည်။ ဤအချိန်တွင် အရာအားလုံးက အလွန် ဆူဉံနေပြီဖြစ်သည်။
နတ်တောင်ကုန်း၏ အထွတ်အထိပ်တွင် လုပ်မည့် ညှိနှိုင်းဆွေးနွေးမှုနှင့် နှိုင်းယှဥ်ပါက ဤနေရာရှိ လူအများစုသည် ပါဝင်ရန် အရည်အချင်းမပြည့်မှီကြပေ။ ယင်းသည် ဤနတ်ကုန်းမြေတစ်ခုလုံး၏ စွမ်းအင်အထွတ်အထိပ်ဖြစ်သည်။
ယခုလည်း ဤနေရာသည် အနာဂတ်တွင် နတ်ကုန်းမြေ၏ စွမ်းအားအထွတ်အထိပ်ကို
ကိုယ်စားပြုနိုင်မည်ဖြစ်သည်။ ဤအချိန်၌ ဘေးနားရှိ လူအုပ်ကြီးက အပြင်းအထန်ဆွေးနွေးနေကြသည်။
“အဲ့အစိမ်းရောင်ဝတ်ထားတဲ့သူက စိမ်းလန်းနယ်မြေက ကျန်းလျန်ဖြစ်ရမယ်။ သူ့ဓားကျင့်ကြံရေးက ကမ္ဘာကွဲလောက်တယ်တဲ့။ ငါ ဒီအဝေးကြီးကနေတောင် အဲ့ဖိအားကို ခံစားနိုင်တယ်”
“လမင်းတံခွန်ဂိုဏ်းရဲ့ ဆက်ခံသူလည်းရှိနေတာပဲ။ သူက ကောလဟာလတွေထဲကအတိုင်း တကယ်ကို လှတယ်။ အခုမြင်လိုက်ရတော့ လုံးဝ နောင်တမရတော့ဘူး”
“ညှိနှိုင်းမှုကြောင့်သာမဟုတ်ရင် ပါရမီရှင်တွေ ဒီမှာမရှိနေမှာတောင် စိုးတယ်။ အဲ့တာ အဆုံးမဲ့စခန်းက ကျန်းခွမ်မလား။ သူ့နာမည်ကြားတာနဲ့တင် အရမ်းကြမ်းတမ်းမယ်လို့ ခံစားရတယ်”
“သက်ရှည်ယုံကြည်မှုဂိုဏ်းကရယ်၊ နတ်ငရဲဂိုဏ်းရဲ့ ငရဲမီးရယ်၊ ဝေ့မျိုးနွယ်စုက ဝေ့ဝူကော်တို့လည်းရောက်နေတယ်”
“သူတကယ်လာတာလား။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သက်ရှည်ယုံကြည်မှုဂိုဏ်းဆက်ခံသူကို အနိုင်ယူပြီး သီးသန့်ကျင့်ကြံနေတယ်လို့ ပြောတာ။ သူ့ကို ဒီမှာတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး”
"ဒါက သဘာဝပဲလေ။ ဒီဆွေးနွေးမှုရဲ့ အစပြုသူအနေနဲ့ ဝေ့ဝူကော်က ဒီကိုပေါ်လာရမှာပေါ့"
လူအုပ်ကြီးက အပြင်းအထန် ဆွေးနွေးနေကြကာ ပါရမီရှင်ခြောက်ပါးသည် ဆွေးနွေးမှု၏အဓိကအကြောင်းအရာဖြစ်သည်။
ဝေ့ဝူကော်က ပါရမီရှင်ခြောက်ပါး၏ ပင်မ ဖြစ်ပုံရသည်ကို ချူးယွင်ဖန်းက တွေ့ရှိခဲ့သည်။ ၎င်းတို့အနက် မည်သူက ပို၍ စွမ်းအားကြီးကြောင်း ခွဲခြားရခက်သော်လည်း ဝေ့ဝူကော်၏ ကျင့်ကြံရေးအဆင့်ကမူ အခြားသူများထက် သာလွန်နေသည့်ပုံပေါ်သည်။
ဤအဆင့်ကို အချိန်အတော်ကြာကတည်းက အတည်ပြုထားပြီးဖြစ်ကာ လူတိုင်း၏ ဆွေးနွေးမှု၏ အာရုံမှာ မည်သူမဆို ၎င်း၏အဆင့်ကို စိန်ခေါ်နိုင်၏ မစိန်ခေါ်နိုင်၏ကို သိရန်ဖြစ်သည်။ ဤပါရမီရှင်ခြောက်ပါးသည် နတ်ကုန်းမြေ၏ နောက်မျိုးဆက်တွင် အကောင်းဆုံးဖြစ်ကြောင်းကို လူတိုင်းသိကြကာ နံပါတ်တစ်အဖြစ် သရဖူဆောင်းနိုင်သူသည် ပါရမီရှင်ခြောက်ယောက်၏ နောက်မျိုးဆက်များ၏ ကြီးထွားမှုနှင့် ဆုတ်ယုတ်မှုကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။
သို့သော် မကြာမီ၌ ချူးယွင်ဖန်းက သူနှင့်အခြားသူများ စိုက်ကြည့်ခံနေရသည်ဟု ခံစားလိုက်ရသည်။ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယန်လဲ့က စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“မမ ဒီတာအိုဆွေးနွေးပွဲက တာအိုအကြောင်းချည်းသက်သက်ပဲလား” လင်းချန်ရှီကမေးလိုက်သည်။
“ဒါက ဆွေးနွေးမှုသက်သက်မဟုတ်ဘူး” နျဲ့စီမင်က ရှင်းပြသည်။
“ဒါတွေက ငါတို့ နတ်ကုန်းမြေရဲ့အကောင်းဆုံးတွေပဲ။ ဘယ်သူက ဘယ်သူ့ကိုနိုင်မလဲဆိုတာ ဆုံးဖြတ်ချင်ရင် စကားလုံးတွေနဲ့မရဘူး။ သူတို့ ပြိုင်ကိုပြိုင်ကြရလိမ့်မယ်”
လင်းချန်ရှီက ဤသည်ကို စဥ်းစား၍ သဘောတူလိုက်သည်။ အမွေအနှစ်တိုင်းက ကွာခြားသည်ဖြစ်ရာ စကားပြောနေရုံဖြင့် အခြားသူများယုံကြည်လာရန်မဖြစ်နိုင်ပေ။
“ဒါတွေက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့စစ်မှန်တဲ့ပါရမီရှင်တွေပဲ” နျဲ့စီမင်က ချူးယွင်ဖန်းကိုကြည့်၍ သူသည် ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်သာဖြစ်ကြောင်း နားလည်စေချင်သည်။
ဤလူများ၏ ရောင်ဝါက ၎င်းတို့နှင့် ဤလူများကြားမှ ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကြားက ကွာဟချက်ကဲ့သို့ပင်ဖြစ်ကြောင်း လူတိုင်းနားလည်စေရန်လုံလောက်သည်။
ချူးယွင်ဖန်းက အနည်းငယ်ပြုံးလိုက်သည်။ နျဲစီမင်၏အတွေးများကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း သူစိတ်မဆိုးမိပေ။
ချူးယွင်ဖန်း၏ “မင်းပြောချင်တာပြော ငါအရှုံးကိုလက်မခံဘူး” ဟူသော အမူအရာကိုမြင်သောအခါ နျဲ့စီမင်က ဒေါသဖြစ်လွန်းလှသဖြင့် မနေနိုင်တော့ဘဲ အံကြိတ်လိုက်မိသည်။
“သိုင်းပညာရှင်အချင်းချင်း ဒီနေ့လို စုဝေးဖို့ဆိုတာ ခဲယဥ်းတယ်ဆိုတော့ ဒီတာအိုဆွေးနွေးပွဲလေးကို လုပ်လိုက်ရတာပါ။ မင်းတို့အားလုံးနဲ့ ဒီ့ထက်ပို ရင်းနှီးပြီး တိုးတက်အောင်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ဝူဝေ့ကော်က စတင်၍ စကားပြောခဲ့သည်။ ပါရမီရှင်ခြောက်ဦးသည် လူတိုင်း၏ အဓိက ဆွေးနွေးချက်ဖြစ်လျှင် သူသည် ၎င်းတို့အနက်မှ အဓိက အကြောင်းအရာပင်ဖြစ်သည်။
ဝူဝေ့ကော်က စကားဆုံးသွားသောအခါတွင် လူငယ်ပညာရှင်နှစ်ဦးက ကွင်းလယ်ရှိ စင်မြင့်အလယ်သို့ဝင်ရောက်လာကြသည်။ တစ်ယောက်က ဝေ့မျိုးနွယ်စုမှ ကျွမ်းကျင်သူဖြစ်ကာ ကျန်တစ်ဦးမှာ ငရဲမီးဂိုဏ်းမှ ပါရမီရှင်ဖြစ်သည်။
၎င်းတို့၏ ကျင့်ကြံရေးအဆင့်နှစ်ခုလုံးသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ၎င်းတို့၏ ခြေလက်လှုပ်ရှားမှုတိုင်းတွင် ကြီးမားသော စွမ်းအားများပါဝင်ကာ ထိုကြီးမားသော ဧရိယာရှိ လေထုကို ပြိုကျလာစေသည်။
“အံ့သြစရာပဲ” ဘေးမှကြည့်နေသော လင်းချန်ရှီက အံ့သြစွာအော်လိုက်သည်။
ချူးယွင်ဖန်းသည်လည်း အံ့သြသွားမိသည်။ ဤလူနှစ်ယောက်သည် သူ့မျက်လုံးထဲတွင် စကားထဲထည့်ပြောရန်ပင် မတန်သော်လည်း ၎င်းတို့သည် အလွန်ဆုံး အသက်သုံးဆယ်ဝန်းကျင်တွင်ရှိနေသည့်တိုင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ အကယ်၍ ပြည်ထောင်စုတွင်သာဖြစ်လျှင် ၎င်းတို့သည် ထိပ်တန်းပါရမီရှင် စာရင်းထဲ၌ ပါနိုင်ချေရှိ၏။
သူ၏ဆရာဖြစ်သူသည်ပင် အသက်ငါးဆယ်ကျော်ခဲ့ပြီးဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။ ဤသည်ကိုကြည့်လျှင် ပြည်ထောင်စုက ကျွမ်းကျင်သူများစွာကို မွေးထုတ်ပေးနိုင်သည်ဟုထင်ရသော်လည်း မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူများစွာသာရှိ၍ ဤသည်က စနစ်တစ်ခုလုံးကြောင့်ပင်ဖြစ်သည်။
ထိုနေရာ၌ လူတိုင်းက နဂါးတစ်ကောင်ကဲ့သို့ကျင့်ကြံကြသည်။ ထို့အပြင်ပြည်ထောင်စုတွင် သန်းနှင့်ချီသောလူများစွာရှိသည်။ ကျွမ်းကျင်သူများ၏အချိုးအစားကိုသာ ပြောရမည်ဆိုပါက ပြည်ထောင်စုက များစွာအဆင့်နိမ့်သည်။
"မင်းသူတို့ကို အနှေးနဲ့အမြန်ဆိုသလို ကျော်သွားလိမ့်မယ်။ ဒါက ဘာမှမဟုတ်ပါဘူး" ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
ထိုအချိန်ထိတိုင် ချူးယွင်ဖန်းက ကြွားလုံးထုတ်ရန် မမေ့သေးသည်ကိုကြည့်လျက် နျဲ့စီမင်က ပို၍ပင် ဆွံ့အလာရသည်။ သူမ၏ မျက်လုံးထဲတွင် သူသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်တွင်သာရှိသော်လည်း ကွင်းအတွင်းရှိ ကျွမ်းကျင်သူများကို အထင်သေးရန် သတ္တိရှိနေသေးသည်။
သခင်နှစ်ယောက်ကြားရှိ တိုက်ပွဲပြီးဆုံးပြီးနောက် ကွင်းဘေးတွင်ထိုင်နေသော ယန်လဲ့သည်လည်း မထိုင်နိုင်တော့ပေ။ သူက စင်ပေါ်မှ ခုန်ဆင်းကာ ချူးယွင်ဖန်းကို လက်ညှိုးထိုး၍ အော်လိုက်သည်။
“ဟေ့ မင်း ငါနဲ့တိုက်ဖို့ သတ္တိရှိလား ဒါမှမဟုတ် အဲ့မိန်းမနောက်မှာ ပုန်းနေမှာလား”
အားလုံးက ချူးယွင်ဖန်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကြသည်။
‘ဒီလူက ဘယ်သူလဲ’
သူ၏ ကျင့်ကြံရေးအဆင့်သည် ပါရမီရှင်ခြောက်ဦး၏အောက်တွင်သာရှိသည်။ အကြောင်းတစ်ခုခုကြောင့် သူက ၎င်းတို့မသိသူကို စိန်ခေါ်နေသည်။
၎င်းတို့အနက် ဝေ့ဝူကော်၏ မျက်တောင်များက တင်းတင်းကျပ်ကျပ်ကြုံသွား၏။ ချူးယွင်ဖန်းကို လုံးလုံးလျားလျား မမြင်နိုင်သည်ကိုသူသိလိုက်သည့်အပြင် အနည်းငယ်လည်း ရင်းနှီးနေသည်ဟုခံစားလိုက်ရသည်။
“ယန်လဲ့ မင်းဘာလုပ်နေတာလဲ ရှင် ဒီကိစ္စကို ဆက်ပြီး လုပ်ချင်နေသေးတာလို့ ကျွန်မကိုမပြောနဲ့” နျဲ့စီမင်က ရုတ်တရက် ထအော်လိုက်သည်။
"နျဲ့စီမင် မင်း ဒီလူကို ထာဝရကာကွယ်ပေးနိုင်လား။ သူ့ကို ငါဖမ်းမိရင် သတ်ပေးဖို့တောင်းပန်စေရမယ်”
ယန်လဲ့က ပြုံး၍ပြောလိုက်သော်လည်း သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပြည့်နေသည်။
“မင်း သေချင်နေပြီဆိုတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်လေ”