အခန်း (၁၀၃၉-၁၀၄၁)
Vol. 70 Ch. 1039-1041
အခန်း(၁၀၃၉) ယန့်လေ့၏ အဆုံးသတ်
ချူးယွင်ဖန်းက ထွက်လာ၍ ကွင်းထဲသို့ ဝင်လိုက်သည်။
"ဟားဟား၊ ကောင်းပြီ၊ ဒါက ကောင်းလိုက်တာ။ မင်း ဘယ်လောက်ကြာကြာ ထိန်းထားနိုင်လဲဆိုတာ ငါကြည့်ချင်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံး ကျိုးသွားတဲ့အခါ မင်း ဒီလောက်ထိ မခံမရပ်နိုင်ဖြစ်နိုင်မလား ကြည့်ချင်သေးတယ်"
ယန်လေ့၏ မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။
“ဟဲ့ ရှင်ဘာလုပ်နေတာလဲ။ ရှင့်ကိုယ်ရှင် သတ်သေဖို့ ကြံစည်နေတာလား” နျဲ့စီမင်က အမြန်အော်လိုက်သည်။
ချူးယွင်ဖန်း ရုတ်တရတ် အပြေးအလွှား ပြေးလာသည်ကို မြင်လိုက်ရသည်နှင့် သူမ ရုတ်တရက် အလွန်စိုးရိမ်လာသည်။
နျဲ့စီမင်က လင်းချန်ရှီကို အမြန်ကြည့်ကာအော်လိုက်သည်။
“ရှီရှီ သူ့ကို မြန်မြန်ဆွဲပါဦး သူသေတော့မယ်”
"စိတ်မပူပါနဲ့မမမင် သမီးဆရာကအရမ်းသန်မာပါတယ်” လင်းချန်ရှီက နျဲ့စီမင်၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။
“ သူကအရမ်းသန်မာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ရှီရှီ၊ ယန်လေ့က ထျန်ဟဲမှာရှိတဲ့ပါရမီရှင်တွေနဲ့မတူဘူး။ သူက ဒီ့ထက်တောင်သန်မာတယ်။ နင့်အဖေတောင် သူ့ကို တားနိုင်မှာမဟုတ်ဘူး” နျဲ့စီမင်က ကမန်းကတန်းပြောသည်။
လင်းချန်ရှီက တကယ့်စစ်မှန်သော ကျွမ်းကျင်သူများကို တစ်ခါမျှ မတွေ့ဖူးခြင်းဖြစ်မည်ဟု သူမထင်ခဲ့သည်။
‘ယန်လဲ့ကို ထျန်ဟဲလို ဝေးလံခေါင်သီတဲ့ နေရာက ပါရမီရှင်တစ်ယောက်လိုသဘောထားနေတာပဲ”
ယန်လဲ့သည် သူနှိုင်းယှဥ်နိုင်သောသူမဟုတ်ပေ။ နတ်ကုန်းမြေတစ်ခုလုံးတွင် နတ်အဆင့်ပုဂ္ဂိုလ်များက စွမ်းအားကြီးဖြစ်တည်မှုများဖြစ်သည်။
“စိတ်မပူပါနဲ့မမမင် ဆရာက အရမ်းသန်မာတာ ညီမလေး သိပါတယ်။ အဲ့လူက ဆရာ့ကို မယှဥ်နိုင်ပါဘူး”
“ငရဲမီးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ယန်လဲ့က နတ်အဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် သူက ဘာအဆင့်မှမဟုတ်တဲ့ကောင်ကို စိန်ခေါ်နေတာလား” လီကျန်းလျန်က ဘေးတွင်ထိုင်နေသော နတ်ငရဲဆက်ခံသူကိုပြောလိုက်သည်။
“ဟမ် သူလုပ်တာ ငါနဲ့ဘာဆိုင်လို့လဲကွ” နတ်ငရဲဆက်ခံသူက အေးစက်စွာပြောသည်။ သူက ယန်လဲ့နှင့် ဆက်ဆံရေးမကောင်းပေ။ ၎င်းတို့ အတိတ်က ပြိုင်ဘက်များဖြစ်ခဲ့ကြကာ အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြဖူးသည်။
နောက်ပိုင်းတွင် နတ်ငရဲဆက်ခံသူက ပို၍ တော်လွန်ထက်မြက်သည်ကို သက်သေပြနိုင်ခဲ့သောကြောင့် တဖြည်းဖြည်းနေရာရလာကာ ယန်လဲ့ကနောက်တွင် ကျန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ယန်လဲ့က နတ်အဆင့်သို့ဝင်ရောက်ခဲ့ကာ သူနှင့် အဆင့်တူလုနီးနီးဖြစ်နေပြီဖြစ်သောကြောင့် အလိုအလျောက်ပင် ပျော်ရွှင်မနေနိုင်ပေ။
အခြားသူများက နားမလည်သည်ကို မြင်သောအခါ ယန်လဲ့ကပြောလိုက်သည်။
“ခင်ဗျားတို့တွေ မသိလောက်ဘူး။ ဒါပေမယ့် ဒီကောင်က ပါရမီရှင်ခြောက်ဦးက ဘာမှမဟုတ်ဘူးလို့ ပြောခဲ့တဲ့ကောင်ပဲ”
ဤစကားကိုကြားသောအခါ အားလုံးက အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည်။ ယင်းမတိုင်ခင် ၎င်းတို့အားလုံးသည်ယန်လဲ့က အဘယ်ကြောင့် ဤသို့ပြုမူနေရခြင်းဖြစ်ကြောင်း သိချင်ခဲ့ကြသည်။ သို့သော် ယခုမူ ၎င်းတို့က ချူးယွင်ဖန်းကို ရန်လိုစွာကြည့်လာကြပြီဖြစ်၏။
အထူးသဖြင့် မူလက မာန်တက်ကာ အခြားသူများနှင့် မတူသလိုနေနေသည့် ပါရမီရှင်ခြောက်ပါးက ဤကိစ္စကို စိတ်မဝင်စားခဲ့သေသာ်လည်း ဤအကြိမ်တွင်မူ အားလုံးက ချူးယွင်ဖန်းကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။
ချူးယွင်ဖန်းက ၎င်းတို့ကို အထင်ရဲဝံ့ခြင်းသည် ၎င်းတို့ကိုအလွန်အမင်း ဒေါသဖြစ်စေသောအရာဖြစ်သည်။ ၎င်းတို့ စတင်ကျင့်ကြံခဲ့စဥ်မှစ၍ မည်သူကမျှ ဤကဲ့သို့ အထင်သေးစွာပြောဆိုခဲ့ဖူးခြင်းမရှိပေ။
“မှန်တယ် ငါအဲ့လိုပြောခဲ့တယ်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ သူသည် ယင်းကိုပြောခဲ့နှင့်ပြီးဖြစ်သဖြင့် ယခုအချိန်တွင်မှ ဖုံးကွယ်နေစရာအကြောင်းမရှိပေ။
အားလုံးက အုတ်အော်သောင်းတင်းဖြစ်ကုန်ကြသည်။
‘ဘယ်လိုတောင် ဒီလူက ပါရမီရှင်ခြောက်ယောက်ကို အထင်သေးရဲတာလဲ’
‘သူဘယ်တောင်ကလာတာလဲ’
‘ကောင်းကင်နဲ့မြေကြီးကြားက ကွာဟချက်ကို နားမလည်ဘူးထင်တယ်’
“သူ ပြီးပြီ။ သူသေပြီ” နျဲ့စီမင်က ပြောသည်။
သူမ၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် လမ်းလျှောက်နေသော လူသေတစ်ကောင်နှင့် မကွာခြားလှပေ။
“ဒါ ငါ့ကိစ္စပါ မင်းကိစ္စလား။ မင်း ငါ့ကို သတ်ချင်တယ်လို့ ဆက်ပြောနေရင် ငါ့ဆရာနဲ့ သူ့ဝမ်းကြွကြောင့်သာမဟုတ်ရင် မင်း အဲ့မှာရပ်ပြီး စကားဆက်ပြောနိုင်ဦးမယ်ထင်နေလား” ချူးယွင်ဖန်းက ယန်လေ့ကိုအေးစက်စွာကြည့်၍ပြောလိုက်သည်။
တခြားသူများ၏ အကြည့်များကို သူ လုံးဝ ဂရုမစိုက်ပေ။
"သူ ရူးနေပြီ" ချူးယွင်ဖန်းကိုကြည့်ရင်းဖြင့် လမင်းတံခွန်ဂိုဏ်းဆက်ခံသူက ပြောသည်။
"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ လူတိုင်းက ငါမာနကြီးတယ်လို့ ပြောကြပေမယ့် ဒီကောင်က ငါ့ထက်တောင် မာနကြီးပုံရတယ်" ကျန်းခွမ်က ဖြည်းညှင်းစွာပြောသည်။
"ကောင်းပြီ၊ မင်းဘယ်လိုသေလဲဆိုတာ ကြည့်ရအောင်" ယန်လေ့က ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။
သူပြောပြီးသည်နှင့် ယန်လေ့က စတင် လှုပ်ရှားလိုက်သည်။ သူသည် ကောင်းကင်သို့ ပျံတက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များက ခန္ဓာကိုယ်မှ ထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲက ငရဲမီးတောက်များထွက်လာရာ ယင်းသည်ကား
ငရဲမီးလျှံဖြစ်သည်။ ငရဲ့ကျင့်ကြံနည်းက်ု သင်ယူခြင်းဖြင့်သာ သင်ယူနိုင်သော မီးတောက်တစ်ခုဖြစ်၏။
ဘမ်း
မျက်စိတစ်မှိတ်အတွင်း၌ပင် မီးတောက်များက ချူးယွင်ဖန်းကို ပြင်းပြင်းထန်ထန် လောင်မြိုက်သွားခဲ့သည်။
သူက ချူးယွင်ဖန်းကို သတ်ပစ်ရန် ကြံစည်နေခြင်ရဖြစ်ကာ သူ့မျက်လုံးများက ရူးသွပ်မှုအရိပ်အမြွက်များပြည့်လျက် ရက်စက်ကြမ်းကြုတ်သော စရိုက်များ ထွက်ပေါ်လာသည်။
"အိုး မဖြစ်ဘူး"
ဘေးမှကြည့်နေသော နျဲ့မင်စီက အလွန်စိုးရိမ်နေသော်လည်း ရှေ့သို့မလှမ်းဝံ့ပေ။ နတ်အဆင့် နှင့် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကြား ကွာဟချက်မှာ အလွန်ကြီးမားသည်။
သူမရှေ့ကို လှမ်းရဲပါက သေခြင်းတရားက သူမကို စောင့်ကြိုနေသည့် တစ်ခုတည်းသော အရာဖြစ်ပေမည်။
အထူးသဖြင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်တွင်သာ ရှိနေပြီဟု လူအများက ထင်နေကြခိုက် ယန်လေ့၏ တိုက်ခိုက်မှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤတိုက်ခိုက်မှုသည် နတ်အဆင့်တွင်ရှိနေပြီဖြစ်၍ သာမန်ထက်သာလွန်သည်။
လင်းချန်ရှီကသာ အလွန်တည်ငြိမ်လျက်ရှိသည်။ ချူးယွင်ဖန်းနှင့် အတူရှိစဉ်အတွင်း အရာများစွာကို သူမတွေ့ခဲ့ရသည်။
ဤထက်ပိုကြီးသော အရာများကို သူမြင်ဖူးခဲ့သောကြောင့်
သဘာဝအတိုင်း မည်သို့မျှမခံစားရပေ။
ချူးယွင်ဖန်းကမူ ခပ်ဖျော့ဖျော့ပြုံး၍ သူ့လက်ချောင်းများကို ပေါ့ပေါ့ပါးပါးလှုပ်ရှားလိုက်ရာ ကောင်းကင်မှ ကျလာသော မီးတောက်များသည် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
ချူးယွင်ဖန်း၏ လှုပ်ရှားမှုသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ မူလက မည်သည်ကိူမျှ မတွေးထားသည့် ပါရမီရှင်ခြောက်ဦး၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။
"ယန်လေ့ မင်းရဲ့ရက်စက်မှုတွေကြောင့် မင်းနာမည်ကြီးတယ်။ လူတော်တော်များများက မင်းဟာ အံ့သြစရာကောင်းတယ်လို့ ပြောကြပေမယ့် နောက်ဆုံးမှာတော့ မင်းအားနည်းသွားပြီ။ အရမ်းစိတ်ပျက်စရာကောင်းတယ်" ချူးယွင်ဖန်းက အေးစက်စွာပြောသည်။
ထိုအချိန်တွင် ယန်လေ့၏ အမူအရာ ပြောင်းသွားသည်။ သူသည် မာနကြီးသော်လည်း မတုံးအပေ။ ချူးယွင်ဖန်းသည် ရိုးရှင်းသောလူမဟုတ်ကြောင်း သူသဘာဝကျကျသိနိုင်သည်။
သို့သော် ယခုအချိန်တွင် သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။ သူသည် သူ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအားအားလုံးကို ရုတ်ချည်း ရှည်လျားသော ဓားသွားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်အထိ ပေါင်းစည်းလိုက်သည်။
ဤမီးတောက်နေသောဓားကို ချက်ချင်းပင် ခုတ်ပိုင်းလိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး တစ်ဝက်တစ်ပျက် ဖြတ်သွားသည့်အလားပင်ဖြစ်၏။
ချူးယွင်ဖန်းကမူ မီးတောက်ဓားကို ရိုးရိုးရှင်းရှင်း ဆုပ်ကိုင်လျက် ညင်သာစွာ တုံ့ပြန်လိုက်သည်။
ဘမ်း
မီးတောက်ဓားသည် လေထုအလယ်တွင် ကွဲအက်သွားသည်။
"မင်းက သိပ်တော်ပါတယ် အခု ငါ့အလှည့်ပဲ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
သူသည် လက်ငါးချောင်းကို လက်သီး ဆုပ်ထားကာ တစ်ချက် ထိုးချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်များက လေထဲသို့ ပျံ့လွင့်သွားကာ ယန်လေ့ကို ချက်ချင်းပင် ထိမှန်သွားသည်။
ဤလက်သီးချက်၏အရှိန်သည် မြန်ဆန်ကာ ပြင်းထန်သည်။ သာမာန်လူများ စိတ်ကူးနိုင်သော ပမာဏထက် ပိုမြန်သည်ဖြစ်ရာ မျက်စိတစ်မှိတ်အတွင်း၌ပင် ယန်လေ့ကို ထိမှန်သွားသည်။ သနားစရာကောင်းသည့် အော်ဟစ်သံနှင့်အတူ သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်လျက် ကြေကွဲစရာကောင်းစွာ သေဆုံးသွားခဲ့သည်။
ဤအရာများအားလုံးက မြန်လွန်းလှသည်။ တစ်ခဏအတွင်း၌ပင် ကမ္ဘာ့ဘုရင်အဖြစ် ပြုမူခဲ့သော ယန်လေ့သည် ချူးယွင်ဖန်း၏လက်၌ ကြေကွဲဖွယ်သေဆုံးသွားခဲ့သည်။
သေခြင်းတရား၏ တိတ်ဆိတ်မှုတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားသည်။ လူတိုင်း လုံးဝ ကြောင်အကုန်၏။ နတ်အဆင့်သည် ချက်ခြင်းအသတ်ခံရသည်။
ချူးယွင်ဖန်းမည်မျှ သန်မာသနည်း။
အခန်း (၁၀၄၀) မာန်တက်နေတယ်ဟုတ်လား သူက တကယ်သန်မာတာ
ယန်လေ့ကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်လိုက်ရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
တိတ်ဆိတ်သွားပြီးနောက် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အားလုံးက ချူးယွင်ဖန်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ယန်လေ့သည် သန်မာကာ နတ်အဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း နတ်ကုန်းမြေ၌ သူ့ကို သတ်နိုင်သော လူများစွာရှိသည်။ သို့သော် သူသည် ယခုအချိန်အထိ လုံခြုံနေခဲ့သည်။
သူသည် လမင်းတံခွန်ဂိုဏ်းဆက်ခံသူကို တိုက်ခိုက်ရန် တစ်ကြိမ် ကြိုးပမ်းခဲ့ဖူးသော်လည်း သူမသည် သူ၏ လက်တစ်ဖက်တည်းကိုသာ ဖြတ်တောက်နိုင်ခဲ့ကာ လွတ်မြောက်သွားခဲ့သည်။
ယန်လေ့၏ နောက်၌ ငရဲမီးဂိုဏ်း ရှိနေသောကြောင့်ပင်ဖြစ်သည်။ ၎င်းတို့သည် နတ်ကုန်းမြေတစ်ခုလုံးတွင် ကျော်ကြားသော နတ်ဆိုးဂိုဏ်းတစ်ခုဖြစ်သောကြောင့် မည်သူမျှ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်ရဲကြပေ။
သို့သော် ဤ ချူးယွင်ဖန်းသည် ကွဲပြားသည်။ သူသည် ငရဲမီးကို လေးစားခြင်းမရှိပေ။ ငရဲမီးဟုခေါ်သော အရာသည် သူ့မျက်လုံးထဲတွင် မည်သည့်အဆင့်မျှမရှိနေခြင်း ဖြစ်နိုင်သည်။
"ယန်လေ့ကိုသတ်တာလား" နျဲ့စီမင်က အနည်းငယ် ထိတ်လန့်သွားကာ မယုံကြည်နိုင်ဖြစ်နေဆဲပင်ဖြစ်သည်။
ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်၌ အများဆုံးဖြစ်နိုင်သည်ဟု သူမထင်ခဲ့သော်လည်း ယခု ချူးယွင်ဖန်းက လှုပ်ရှားလိုက်ရုံနှင့် နတ်အဆင့် ယန်လေ့က သူ့ဆီမှ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိတော့ကြောင်း သူမမြင်လိုက်ရသည်။
ဤအခိုက်အတန့်တွင် သူမ၏ ဆရာက အလွန်စွမ်းအားကြီးသည်ဟု ဝမ်းကွဲညီမက ပြောခဲ့သောစကားများကို သူမ သဘောပေါက်သွားခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ၎င်းသည် သာမန်စွမ်းအားတစ်မျိုးမဟုတ်ပေ။
ဤသည်က ရိုးရိုးရှင်းရှင်း ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
သူမနှလုံးသားထဲက ပါရမီရှင်ခြောက်ဦးကပင် ယန်လေ့ကို ချက်ထျင်း အနိုင်မယူနိုင်ပေ။
ထို့နောက် သူမက လင်းချန်ရှီကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လင်းချန်ရှီသည် ဤအရာကို အသားကျနေသကဲ့သို့ ပြုမူခဲ့သည်။
နျဲ့စီမင်၏ ချောမောလှပသော မျက်နှာသည် ရုတ်တရက် အနည်းငယ်နီလာလာကာ သူမ လူရွှင်တော်ကဲ့သို့ ပြုမူခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူမဝမ်းကွဲအတွက် ပိုကောင်းသော ဆရာကို ရှာပေးချင်ခဲ့သော်လည်း ချူးယွင်ဖန်းက အလွန်အံ့ဖွယ်ကောင်းလိမ််မည်ဟု သူမမသိခဲ့ပေ။
တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်းသည် သူမနှင့် အသက်ရွယ်တူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့် တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း သူမသည် လျင်မြန်စွာပင် စိုးရိမ်ပူပန်လာပြန်သည်။ သာမာန်အချိန်တွေတုန်းကဆိုလျှင် အဆင်ပြေသည်။ သို့သော် ယခုအချိန်တွင်မူ ပါရမီရှင်ခြောက်ယောက်ထဲမှအများစုက ဤနေရာတွင်ရှိနေကြသည်။
ထိပ်တန်း ကျွမ်းကျင်သူများ အားလုံး ဤနေရာတွင် ရှိကြသည်။
ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်က အလွန်မြင့်မားသော်လည်း ပါရမီရှင် ခြောက်ယောက်နှင့် နှိုင်းယှဉ်လျှင်ပင် ကျွမ်းကျင်သူများ၏ အမြင်တွင်မူ မည်သည့်အဆင့်မျှမရှိသေးပေ။ ဤ ပါရမီရှင် ခြောက်ယောက်သည် ငယ်ရွယ်သေးကာ အပြည့်အဝ မရင့်ကျက်သေးသောကြောင်ြပင်ဖုစ်၏။
သို့သော်လည်း သူမက နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိသော ချူးယွင်ဖန်းကိုကြည့်သောအခါတွင် ခွန်အားမရှိသကဲ့သို့ ခံစားလိုက်ရသည်။ ဤကိစ္စသည် သူမ ဝင်ရောက်စွက်ဖက်နိုင်သော ကိစ္စမဟုတ်ပေ။
နတ်ငရဲဆက်ခံသူသည် ထိုင်ခုံမှ ချက်ချင်းထလာသည်။ သူသည် ယန်လေ့နှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိသော်လည်း ချူးယွင်ဖန်း၏ လုပ်ရပ်များက သူ့မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ပင်ဖြစ်သည်။
"ငရဲမီးရဲ့တပည့်ကို မင်းဘယ်လိုသတ်ရဲတာလဲ"
နတ်ငရဲဆက်ခံသူ၏ ဟောက်သံက တောင်များကို တုန်လှုပ်စေနိုင်သည်။
အားလုံး၏ မျက်လုံးများက ချူးယွင်ဖန်းဘက်သို့ လှည့်သွားကြသည်။ ယခုအချိန်တွင် သူ့ကိုယ်သူ ယုံကြည်မှုပြင်းနေသည်ဟု မည်သူမျှ မထင်ကြဘဲ အရည်အချင်းမပြည့်မီဟု မည်သူမျှ ထင်မည်မဟုတ်ပေ။
"မင်းဘာလုပ်နိုင်လဲ" ချူးယွင်ဖန်းင နတ်ငရဲဆက်ခံသူကို လှောင်ပြောင်ကာ မော့ကြည့်လိုက်သည်။
သူဤနေရာသို့ ဒီနေ့ရောက်လာကာ လူသတ်ပွဲအတွက် ပြင်ဆင်ထားခဲ့သည်။ ငရဲမီး၏ တပည့်တစ်ဦးကို သတ်ခြင်းက ကိစ္စကြီးသလော။
ထို့အပြင် သူနောက်ကျနေသော်လည်း လွန်ခဲ့သည့်လအနည်းငယ်ခန့်ကအကြောင်းများကို လုံးဝမသိလိုက်ပေ။ ထျန်ဟဲတွင်ရှိသော သူ၏ အဆက်အသွယ်များမှတစ်ဆင့် အခြေအနေအသေးစိတ်အချက်အလက်များကို မသိရှိရသော်လည်း ယေဘုယျအခြေအနေကို သူသိနေသေးသည်။
စွမ်းအားရှင်ခြောက်ဦးအနက် သုံးဦးသည် ပြည်ထောင်စုသို့ ဝင်ရောက်ရန် ထောက်ခံအားပေးသော ရှေ့တန်းတပ်သားများ ဖြစ်သည်။ ၎င်းတို့မှာ ဝေ့မိသားစု ငရဲမီးနှင့် အစိမ်းရောင်နယ်မြေတို့ဖြစ်သည်။
ကျန်ငုံးယောက်ကမူ စောင့်ကြည့်ချင်ကြသေးသည်။ ပြည်ထောင်စုထဲသို့ ဝင်ရန် ရည်ရွယ်ချက်မရှိကြခြင်းမဟုတ်သော်လည်း သဘောထားမတိုက်ဆိုင်ကြပေ။
သို့သော် ချူးယွင်ဖန်းအတွက် လုံလောက်သည်။ အရေးကြီးဆုံးမေးခွန်းမှာ မည်သူကရန်သူ မည်သူက မိတ်ဆွေနည်းသာ ဖြစ်သည်။
သူသည် ငရဲမီး၏ သဘောထားကို တိကျစွာ သိထားသောကြောင့် တစ်စုံတစ်ခုသော နှောင့်ယှက်မှုမရှိဘဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"ဒီလောက် သတ္တိကောင်းတယ်။ မင်း ယန်လေ့ကို သတ်လိုက်လို့ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်လို့ မင်းထင်နေတာလား။" နတ်ငရဲဆက်ခံသူက အေးစက်စွာပြောသည်။
"ယန်လေ့က ဘယ်သူလဲ၊ ငါ့မျက်လုံးထဲမှာ သူက ခွေးတစ်ကောင်ပဲ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ "နတ်ငရဲဆက်ခံသူ မင်းက နတ်ကုန်းမြေမှာနေတာ ကြာနေပြီလို့ ငါထင်ပါတယ်။ မင်းဟာ ရေတွင်းအောက်ခြေက ဖားတစ်ကောင်လိုပါပဲ။ မင်းမပြောနဲ့ မင်းဆရာ ငရဲမီးဘုရင်ကိုတောင် ငါမကြောက်ဘူးကွ"
ချူးယွင်ဖန်းက ပြောသော်လည်း မလှုပ်ရှားပေ။ သူသည် နတ်အဆင့်ဆဠမမြောက်အထွတ်အထိပ်သို့ ရောက်ရှိနိုင်ရန် သူ၏ဧကရာဇ်နည်းလမ်းကို အသုံးပြုနေဆဲဖြစ်သည်။
"ဘာလဲ"
နတ်ငရဲဆက်ခံသည် တစ်စုံတစ်ခုကို သတိပြုမိပုံဖြင့် ကြည့်လိုက်ရာ ချူးယွင်ဖန်းက ကွင်းထဲတွင် ကျင့်ကြံနေသည်ကို သူတွေ့ရှိခဲ့သည်။
"သတ္တိရှိလိုက်တာ၊ ဒီအချိန်မှာတောင် မင်းဒီမှာ ကျင့်ကြံဖို့ သတ္တိရှိလား။ မင်းအဆင့်တက်နိုင်အောင် ကြိုးစားနေတာလား။" နတ်ငရဲဆက်ခံသူ၏ ကျယ်လောင်သော အော်သံကြောင့် လူတိုင်း၏ မျက်လုံးများသည် ချူးယွင်ဖန်းကို အာရုံစိုက်လာပြန်သည်။
ဤအရာကို ၎င်းတို့ နောက်ဆုံး သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် နောက်ဆုံးအောင်မြင်မှုဆီသို့ နီးကပ်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါက တဖြည်းဖြည်း အားကောင်းလာသည်။
ချူးယွင်ဖန်းသည် အောင်မြင်မှုတစ်ခု၏အလယ်တွင် ရှိနေသည်ကို လူတိုင်းနားလည်ကြသည်။
အထူးသဖြင့် နျဲ့စီမင်က ယခင်က ချူးယွင်ဖန်းအဘယ်ကြောင့် ဤမျှထူးဆန်းသောပုံပေါက်သည်ကို နောက်ဆုံးနားလည်သဘောပေါက်ခဲ့သည်။ သူ အဆင့်တက်ရန်ကြိုးစားနေခြင်း ပေါ်လွင်လာသည်။ သူ၏ ရောင်ဝါက မတည်မငြိမ်ဖြစ်နေသည်မှ အံ့ဩစရာမရှိပေ။
"ဘယ်လောက် အစွမ်းထက်တဲ့လူလဲ”
"သူ့မှာ အရည်အချင်းတချို့ရှိတယ်၊ ဒါပေမယ့် သူက မောက်မာလွန်းတယ်။ ကွင်းထဲမှာ အဆင့်တက်ဖို့ ငါတောင် မလုပ်ရဲဘူး"
အဆုံးမဲ့စခန်းဂိုဏ်းမှ ကျန်းခွမ်ကလည်း အံ့အားသင့်သွားသည်။
နတ်ငရဲဆက်ခံသူက ချူးယွင်ဖန်း မည်သည့်အဆင့်ထိ ဖြတ်ကျော်သွားသည်ကို မသိသော်လည်း ဤသည်က တိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ကို သူသိသည်။ ထို့ကြောင့် နတ်ဆိုးပညာကို ကျင့်ကြံသူတစ်ဦးအနေဖြင့် မဆိုင်းမတွ တိုက်ခိုက်ခဲ့သည်။
မရေမတွက်နိုင်သောငရဲမီးများက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လောင်ကျွမ်းသွားကာ ကောင်းကင်ကို ချက်ချင်းလောင်ကျွမ်းလျက် မီးတိမ်များဖြစ်ပေါ်လာသည်။
မီးတိမ်များက ချူးယွင်ဖန်းဆီသို့ ပြေးလာသည်။
"နတ်ငရဲဆက်ခံသူက တကယ်ကို ပါရမီရှင်ခြောက်ဦးထဲပါနေတာ အံ့ဩစရာမဟုတ်ဘူးပဲ။ ငရဲမီးကိုသုံးနိုင်တဲ့ သူရဲ့ နတ်အဆင့်က အဲ့ဂိုဏ်းက အကြီးအကဲတွေနဲ့ တန်းတူပဲ" ဝေ့ဝူကော်က မှတ်ချက်ပေးခဲ့သည်။
ယခုရောက်ရှိနေသော လူအပေါင်းတို့တွင်၊ အခြားသော ပါရမီရှင် ခြောက်ပါး၏ ကျွမ်းကျင်သူများပင်လျှင် နတ်ငရဲဆက်ခံသူနှင့် တူညီသော ကျင့်ကြံရေးအဆင့်တွင်သာ ရှိကြ၍ သူ့ကို အကဲဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဝေ့ဝူကော်သာလျှင် ခြားနားကာ အခြားသူများထက် အနည်းငယ်သာလွန်သည်။
"ဒီလူ ဘယ်လောက်ပဲ သန်မာနေပါစေ သူ့အတွက် တစ်ခုတည်းသော ရလဒ်ကတော့ သေခြင်းပဲ" ဝေ့ဝူကော်က ချူးယွင်ဖန်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းသည် သေခြင်းမှ မလွတ်မြောက်နိုင်ပုံရသည်။ သို့သော် ယင်းကို တွေးကြည့်လျှင် အဓိပ္ပါယ်ရှိသည်။ ယခုအချိန်၌ အဆင့် ဖြတ်ကျော်ရန် သတ္တိရှိနေခြင်းက ကိုယ့် သေမင်းကိုယ် ရှာနေခြင်းမဟုတ်သလော၊
"အသေးအဖွဲလှည့်ကွက်တွေ"
ချူးယွင်ဖန်းက မတုန်လှုပ်ဘဲ လက်ချောင်းများဖြင့် ခြေသည်းတစ်ချောင်းကို ဖန်တီးကာ လေထဲသို့ ဖြိုခွင်း၍ မီးတိမ်ကို ချက်ခြင်း ခွဲထုတ်ပစ်လိုက်သည်။
"ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့။ ဝေ့ဝူကော်၊ လီကျန်းလျန် မင်းတို့လည်း သူနဲ့ အတူတူ လာတိုက်လို့ရတယ်။ ငါ့အချိန်တွေကို မဖြုန်းနဲ့" ချူးယွင်ဖန်းက ကျယ်လောင်စွာပြောသည်။
ထိုအချိန်တွင် ဝေ့ဝူကော်၏ အမူအရာ ပြောင်းသွားသည်။ ယခင်က သူတို့၏ သဘောထားများ လုံးဝ ကွဲပြားသွားသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သာမန်ထက်သာလွန်သည်။
"မင်းကိုယ်မင်း ဘာကောင်လို့ထင်နေလဲကွ"
အခန်း(၁၀၄၁) လူနှစ်ယောက်ဆက်တိုက် သတ်တာ အချိုပွဲလောက်ပါပဲ
ဝေ့ဝူကော်၏ ကျယ်လောင်သော ကြွေးကြော်သံကို ကြားလိုက်ပြီးနောက် လူတိုင်း၏ အာရုံစိုက်မှုက ဤကိစ္စကို အာရုံစိုက်လာခဲ့သည်။
ချူးယွင်ဖန်းသည် ဝေ့ဝူကော်၊ နတ်ငရဲဆက်ခံသူ နှင့် လီကျန်းကျန်းတို့ကို ၎င်း၏ပြိုင်ဘက်များအဖြစ် အမည်တပ်လိုက်ရာ ယခုအချိန်မှ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းမဖြစ်နိုင်ပေ။ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပေလိမ့်မည်။
ဒီလူက ဘယ်သူမှမဖြစ်နိုင်ဘူး။
တကယ်တမ်းတွင် ဝေ့ဝူကော်က ချူးယွင်ဖန်း၏ မျက်နှာကို ဝိုးတဝါး မြင်လိုက်ရုံသာဖြစ်ကာ သူယခင်က သတိမထားမိပေ။
ဖြစ်နိုင်ခြေတစ်ခုသာ ရှိကြောင်း ယခု သူနားလည်ခဲ့သည်။ ယင်းမှာ ချူးယွင်ဖန်းက သူ့ကို မမြင်စေချင်ခြင်းပင်ဖြစ်၏။ ဝူဝေ့ကော်က သူ့ကို မမှတ်မိစေရန် သူ့မျက်နှာပုံသဏ္ဍာန်ကို ကမောက်ကမဖြစ်စေရန် သူ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုခဲ့သည်။
ဝေ့ဝူကော်၏ အမူအရာက ချက်ချင်းပင် လေးနက်သွားခဲ့သည်။
သူ့နှင့် မဝေးသော နေရာမှ လီကျန်းလျန်သည်လည်း ချူးယွင်ဖန်းက တိုက်ခိုက်ရန် စိန်ခေါ်လာသဖြင့် အမူအရာက လေးနက်လာသည်။
"မင်းတို့ ငါ့ကိုဝိုင်းပြီး ဖမ်းဖို့လုပ်ဖူးတယ်လေ။ အခုမှ ငါ့ကိုမြင်ဖူးတာလို့မပြောနဲ့” ချူးယွင်ဖန်းသည် နတ်စွမ်းအင်ကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော သူ၏မျက်နှာပုံသဏ္ဍာန်ကို ဂရုမစိုက်ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။
ယခုမှသာ လူတိုင်းက လူတိုင်းက သူ့အသွင်အပြင်ကို မြင်လာကြသည်။
သူ့ပုံသဏ္ဍာန်ကို လူတိုင်းမသိကြသော်လည်း တက်ရောက်လာကြသူ အများအပြားသည် အမျိုးမျိုးသော စွမ်းအားမြင့် အရာရှိများဖြစ်ကြသောကြောင့် အများစုက သူ့ကို ချက်ချင်း အသိအမှတ်ပြုကြသည်။
"ချူးယွင်ဖန်း၊ ဒါ ချူးယွင်ဖန်း” တစ်ယောက်ယောက်က အော်လိုက်သည်။
ဤအခိုက်အတန့်တွင် လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။
ဤအချိန်အတောအတွင်း၊ ဤစေ့စပ်ညှိနှိုင်းမှုအပြင် လူတိုင်း၏ အာရုံမှာ ချူးယွင်ဖန်းဖြစ်သည်။
ချူးယွင်ဖန်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ပေါ်မလာသောကြောင့် လူတိုင်းက သူ့ကို တဖြည်းဖြည်းမေ့သွားကြသည်။ သူတို့ထင်မြင်ယူဆချက်အရ ချူးယွင်ဖန်းပေါ်လာရန် မဝံ့ရဲခြင်းဖြစ်ပေမည်။
သူသေချာပေါက် ပေါ်လာလိမ့်မည်မဟုတ်ဟု လူတိုင်းက ထင်နေကြချိန်တွင် ဘယ်သူက ဤသို့ပေါ်လာမည်ဟု ထင်လိမ့်မည်နည်း။
ထို့ကြောင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် နတ်ငရဲကာကွယ်သူဖြစ်စေ၊ လီကျန်းလျန် သို့မဟုတ် ဝေ့ဝူကော် ဖြစ်စေ၊ ချူးယွင်ဖန်းက ၎င်းတို့ကို တိုက်ရိုက်ခေါ်သောအခါတွင် ၎င်းတို့ သုံးဦးစလုံး ဆံပင်များ ထောင်သွားသည်ကို ခံစားခဲ့ရသည်။
ချူးယွင်ဖန်းသည် ဝေ့မျိုးနွယ်၏ ပထမဆုံးအကြီးအကဲကို တစ်ကြိမ်သတ်ခဲ့ကြောင်း သူတို့အားလုံးသိကြသည်။
ဝေ့အကြီးအကဲကြီး၏ အစွမ်းသတ္တိကို သူတို့ ကောင်းကောင်းသိသည်။ သူသည် ၎င်းတို့ထက် အဆပေါင်းများစွာ သန်မာသည်။
သို့သော် ထိုကဲ့သို့ စွမ်းအားကြီးသော အကြီးအကဲတစ်ဦးသည် ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားခဲ့သည်။ ဤအရာက ကိစ္စများကို ပို၍ရှင်းလင်းစေသည်။
အင်အားကြီး ဝေ့မျိုးနွယ်စုပင်လျှင် ချူးယွင်ဖန်းနှင့် ပြဿနာရှာရန် မဝံ့ရဲခဲ့ပေ။ ဤသည်ကိုတွေးကြည့်၍ ၎င်းတို့သုံးယောက်သည် ပြိုင်ဘက်ကင်းသားရဲတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
ချူးယွင်ဖန်းက နာမည်မခေါ်ခဲ့သည် ကျန်းခွမ်၊ လမင်းတံခွန်ဂိုဏ်းဆက်ခံသူ နှင့် နာမည်မဖော်သည့် သက်ရှည်ယုံကြည်မှုဂိုဏ်းဆက်ခံသူပင်လျှင် ဆံပင်များ ထောင်မတ်သွားသည်ဟု ခံစားမိနေ၏။
ချူးယွင်ဖန်းက ၎င်းတို့ကို နာမည်မတပ်ခဲ့သော်လည်း ချူးယွင်ဖန်း၏ တစ်ဖက်ခြမ်းတွင် ၎င်းတို့ ရပ်နေကြဆဲဖြစ်သည်။
"မင်းတို့ ငါ့ဆီ အမြဲလာချင်နေတာ မဟုတ်လား ငါဒီမှာလေ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ထိုအချိန်တွင် ဝေ့ဝူကော်နှင့် အခြားနှစ်ယောက်တို့သည် ရုတ်တရက် သတိပြန်ဝင်လာကြသည်။ ချူးယွင်ဖန်းက အဘယ်ကြောင့် ၎င်းတို့သုံးယောက်ကို ရွေးသနည်း။ ၎င်းတို့၏ ဂိုဏ်းသုံးခုက သူ့ကို တိုက်ခိုက်ရန်ပြင်ဆင်နေသည့်အကြောင်းများကို သူကြားခဲ့သည်မှာ သေချာသည်။
"ချီးပဲ ဒီကနေ ထွက်သွားရအောင်"
နတ်ငရဲဆက်ခံသူက တစ်ခုခုမှားနေပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကာ သူ့၏ပထမဆုံးတုံ့ပြန်မှုက ထွက်ပြေးရန်သာဖြစ်သည်။
သူထွက်ပြေးသွားသော လမ်းကြောင်းသည် ရာထူးကြီး တပ်ဖွဲ့ခေါင်းဆောင်များရှိရာ တောင်ထိပ်ဖြစ်သည်။
အထွတ်အထိပ်သို့ ရောက်ရန် အချိန်တိုလေးသာ လိုအပ်သည်။
ဘမ်း
နတ်ငရဲဆက်ခံသူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။ သူသည် အလင်းတန်းတစ်ခုပေါ် တက်နင်းကာ လွတ်မြောက်ရန် ကြိုးစားသည်။
"အခု ထွက်ပြေးဖို့ စဉ်းစားနေတာလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ သူသည် လေကို ဖမ်းဆုပ်လျက် မိုးကြိုးစွမ်းအင်လုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ စွမ်းအင်သည် မိုးကြိုးလှံအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝှစ်
မိုးကြိုးလှံသည် ကောင်းကင်ကို ဖြတ်၍ နတ်ငရဲဆက်ခံသူဆီ ပျံသန်းသွားသည်။
မိုးကြိုးလှံက လျှပ်စီးကြောင်းအတိုင်း သူ့ထံရောက်လာကြောင်းကို နတ်ငရဲဆက်ခံသူက ချက်ချင်းသိလိုက်ရကာ တုန်လှုပ်သွားသည်။
ချူးယွင်ဖန်းက သူ့ကို ထွက်ပြေးခွင့်မပေးပေ။ သူ လှည့်ကြည့်လိုက်ရုံဖြင့် ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲက နတ်စွမ်းအင်များ ဆူပွက်သွားကာ သူ့ပတ်ဝန်းကျင်ရှိ မီးတောက်များက မိုးကြိုးလှံဆီသို့ လွင့်ထွက်သွားသည်။
ဘမ်း
မိုးကြိုးလှံသည် မီးတောက်များကြားသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားရာ နတ်ငရဲဆက်ခံသူကို ဖောက်ထွက်လျက် တောင်ပေါ်သို့ သံမှိုကဲ့သို့ စိုက်ထားလိုက်သည်။ ထိုအခိုက်အတံ့၌ နာကျင်စွာ အော်ဟစ်သံများကို အဆက်မပြတ် ကြားနေရ၏။
မကြာခင်၌ပင် နတ်ငရဲဆက်ခံသူက သေဆုံးသွားခဲ့သည်။
ချူးယွင်ဖန်း၏ မိုးကြိုးလှံ၏ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။
နတ်ငရဲဆက်ခံသူသည် နတ်အဆင့်သို့ ဝင်ရောက်ခဲ့ကာ စတုတ္ထအဆင့်၎၌ပင် ရှိသည်။ ထိုသို့သော ကျင့်ကြံရေးအခြေခံသည် နတ်အင်ေ့များကြား၌ အားနည်းသည်ဟု ယူဆ၍မရပေ။
သို့သော် တစ်ချက်တည်းဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဤသည်က မည်မျှ တုန်လှုပ်စရာကောင်းသနည်း။
လီကျန်းလျန်နှင့် ဝေ့ဝူကော်တို့၏ မျက်နှာများ ဖြူဖျော့သွားသည်။ နတ်ငရဲဆက်ခံသူဆီမှ သင်ယူခဲ့သော သင်ခန်းစာကြောင့် ၎င်းတို့ ထွက်ပြေးရန် မဝံ့ရဲကြပေ။
နှစ်ယောက်သား တိတ်တဆိတ် အကြည့်ချင်းဖလှယ်ကြကာ အချိန်ဆွဲထားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ယခုအခါတွင် သက်ဆိုင်ရာ ဂိုဏ်းပေါင်းစုံမှ အကြီးအကဲများသည် နတ်တောင်ကုန်းထိပ်၌ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်နေကြသောကြောင့် ဤကဲ့သို့သော ကြီးမားသော လှုပ်ရှားမှုကြီးကို မကြာမီ ၎င်းတို့ သတိပြုမိမည်ဖြစ်သည်။
ပိုမိုတိကျစွာပြောရပါက ၎င်းတို့ကို ချက်ချင်းသတိပေးမည်ဖြစ်သည်။ ၎င်းတို့က ခဏမျှသာ ထိန်းထားရန်လိုအပ်သည်။
၎င်းတို့၏ခန္ဓာကိုယ်တွင်းရှိ နတ်စွမ်းအင်က စတင်လောင်ကျွမ်းလာသည်။ ပထမ ဝေ့အကြီးအကဲကို သတ်နိုင်ခဲ့သည့် ချူးယွင်ဖန်းရှေ့တွင် ၎င်းတို့အတွက် အချိန်ကုန်ခံရန်ပင် ခက်ခဲသည်။
၎င်းတို့နှစ်ယောက်လုံးက အစွမ်းရှိသမျှသုံးကာ ခုခံရေးကို တိုက်ခိုက်ခြင်းနှင့် အစားထိုးရန် စီစဉ်ခဲ့ကြသည်။ တခဏချင်း၌ပင် လီကျန်းလျန်၏ ကျောပေါ်ရှိ ဓားရှည်က
ဓားအိမ်မှထွက်လာ၏။
ဓားသည် တုန်လှုပ်ချောက်ချားဖွယ် ဓားအလင်းကို ချက်ချင်း ထုတ်ပစ်လိုက်ရာ ဓားအလင်းသည် ပေရာနှင့်ချီသော အလင်းတန်းများကို လွှင့်ထုတ်၍ ကောင်းကင်ယံကို ဆုတ်ဖြဲကာ ချူးယွင်ဖန်းဆီသို့ ပေါက်ကွဲသွားသည်။
သူအချိန်အတန်ကြာ တိုက်ပွဲဝင်နေချိန်တွင် ဝေ့ဝူကော်က တစ်ဖက်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သည်။
လီကျန်းလျန်၏ ကျင့်ကြံရေးအဆင့်က နတ်ငရဲဆက်ခံသူထက် မနိမ့်သော်လည်း ချူးယွင်ဖန်းအတွက် အသုံးမဝင်ပေ။
ချူးယွင်ဖန်းက လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ပေရာနှင့်ချီရှည်လျားသော ဓားအလင်းတစ်ခု ထွက်ပေါ်လာ၍ လီကျန်းလျံဆီ ဦးတည်သွားသည်။
၎င်းသည် လီကျန်းလျန်၏ ဓားအလင်းကို တစ်ချက်ထိမှန်ကာ ချက်ချင်း ဖြိုခွဲပစ်လိုက်၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
လီကျန်းလျန်သည် သူ၏ သန်မာသော ဓားဖြင့် တိုက်ခိုက်မှုက ချူးယွင်ဖန်းကို မည်သို့မျှ မထိခိုက်စေနိုင်ခဲ့သည်ကို မယုံနိုင်ဖြစ်နေသည်။
သို့သော် ချူးယွင်ဖန်းက သူ့ကို တုံ့ပြန်ရန် အချိန်မပေးပေ။ ဓားအလင်းက သူ့ခေါင်းပေါ်ကျလာသည်။
လီကျန်းလျန်က တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သွေးမြူခိုးများကဲ့သို့ ပေါက်ကွဲသွားသည်။
လီကျန်းလျန် ၏တိုက်ခိုက်မှုမှ သူသေဆုံးချိန်အထိ အချိန်အနည်းငယ်သာ ကြာခဲ့သည်။
အားလုံးပြီးသွားသည်။
တစ်နေရာလုံး တိတ်ဆိတ်သွားသည်။