အခန်း (၁၀၄၂-၁၀၄၄)
Vol. 70 Ch. 1042-1044
အခန်း(၁၀၄၂) မျက်လုံးရှေ့တင် သတ်ခြင်း
ချူးယွင်ဖန်းက မြန်လွန်းလှသဖြင့် မည်သူကမှ တုံ့ပြန်ရန်အချိန်မရှိလိုက်ပေ။
ချူးယွင်ဖန်းက နတ်ငရဲဆက်ခံသူကို သတ်ခဲ့စဉ်က နတ်ငရဲဆက်ခံသူက သတိလက်လွတ်ဖြစ်သွားသောကြောင့် နောက်ကျောမှ သံမှိုကဲ့သို့ စိုက်လိုက်သည်ဟု ဆို၍ရနိုင်သည်။
သို့သော်လည်း လီကျန်းလျန်သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကြား ကွာဟချက်က ရှင်းသည်။
"သူက ဘယ်လိုတောင် သန်မာနေတာလဲ”
နျဲ့စီမင်က ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူမစိတ်များ ရှုပ်နေသည်ဟု ပြော၍ရ၏။ ချူးယွင်ဖန်းသည် ဤမျှအစွမ်းထက်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ သူ့မျက်လုံးနှင့် မြင်ခဲ့ဖူးသော်လည်း အိပ်မက်မက်နေသကဲ့သို့ ခံစားမိနေတုန်းပင်ဖြစ်သည်။
နျဲ့စီမင်သာမက ဝေ့ဝူကော်သည်လည်း သေလောက်အောင်ကြောက်နေခဲ့သည်။ ၎င်းတို့သည် တွန်းလှန်နိုင်စွမ်းမရှိကြောင်း သူသိသော်လည်း သူ၏ခွန်အားကို သူယုံကြည်သည်။ နတ်ကုန်းမြေတခွင်တွင် ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် သူ့မျိုးနွယ်စုခေါင်းဆောင်နှင့် ကြုံတွေ့ရသော်လည်း၊ သူ၏မျိုးနွယ်ခေါင်းဆောင်သည် ရိုးရှင်းသောဓားဖြင့် သတ်ပစ်ရန် မဖြစ်နိုင်ပေ။
ဤအချက်က ချူးယွင်ဖန်း၏ အင်အားက အထွတ်အထိပ်သို့ ရောက်ရှိသွားကြောင်း သက်သေပြခဲ့သည်။ ယခင်က မျိုးနွယ်စုခေါင်းဆောင်သည် ချူးယွင်ဖန်းနှင့် ပြဿနာရှာရန် အလျင်စလိုမလုပ်စဉ်က မိသားစုမှလူများစွာက သူ၏ဆုံးဖြတ်ချက်ကို သံသယဝင်ခဲ့ကြသည်။ ယခုမူကား သူမှန်သည်ဟု ထင်ရသည်။
လမင်းတံခွန်ဂိုဏ်းဆက်ခံသူ၊ သက်ရှည်ယုံကြည်မှုဂိုဏ်း ဆက်ခံသူနှင့် ကျန်းခွမ်တို့သည် ဤအရာကိုကြည့်ကာ မီတာတစ်ထောင်ကျော်အကွာမှ ချက်ချင်းဆုတ်ခွာသွားကြသည်။ သူတို့က ဆက်မကြည့်ဝံ့ဘဲ အဝေးကို ပုန်းလိုက်ကြ၏။
ယနေ့ချူးယွင်ဖန်းသတ်ရန် စီစဉ်ထားသူ မည်မျှရှိမည်ကို မည်သူသိနိုင်မည်နည်း။ သူက အလွန်အမင်း ဆုံးဖြတ်လျက် အားလုံးကို သတ်လိုက်မည်ဆိုလျှင် မည်သူက တားနိုင်မည်နည်း။
ဝေ့ဝူကော်သည် ချူးယွင်ဖန်းက လူသားမဟုတ်ဘဲ လူ့အရေခွံခြုံထားသော မွန်းစတားတစ်ကောင်ဖြစ်သည်ဟု ခံစားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်သည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကဲ့သို့ အဆုံးမဲ့လှကဋ ၎င်း၏အနက်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။
ယခင်က ချူးယွင်ဖန်းသည် အဆင့်တက်ရန်ကြိုးစားနေသည်ဟု ၎င်းတို့ထင်ခဲ့ကြကာ ဤသည်မှာ အခွင့်ကောင်းတစ်ခုဖြစ်သည်ဟု သူတို့ထင်ခဲ့သည်။ သို့သော် ယခုမူ ၎င်းတို့ မည်မျှ မှားယွင်းနေသည်ကို သိလာကြသည်။
ချူးယွင်ဖန်း၏အဆင့် ကျွမ်းကျင်သူသည် ၎င်းတို့နားလည်နိုင်သောလူမဟုတ်ပေ။
ဤမျှထိတ်လန့်တုန်လှုပ်သွားစေခဲ့သော ချူးယွင်ဖန်းသည် ယင်းနှင့်ပတ်သက်၍ များစွာမခံစားခဲ့ရပေ။ နတ်ငရဲဆက်ခံသူနှင့် လီကျန်းလျန်ကိုသတ်ခြင်းသည် သူ့အတွက် ကိတ်မုန့်တစ်ခုစားသကဲ့သို့ပင်လွယ်ကူလှသည်ဖြစ်ရာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက်နိမ့်ကျရုံသာမက ကျင့်ကြံရေးအဆင့်တွင်လည်း ကွာဟချက်ရှိနေသည်။ တူညီသောအဆင့်တွင် ရှိမနေခဲ့ကြပေ။
ချူးယွင်ဖန်း၏အကြည့်များသည် ဝေ့ဝူကော်ပေါ်သို့ကျလာသောအခါ ဝေ့ဝူကော်က ရေခဲလှိုဏ်ဂူထဲသို့ ချက်ခြင်းရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သေမင်းပြည်သို့ လဲကျသွားသည့်အလားပင်ဖြစ်၏။
"ချူးယွင်ဖန်း၊ မင်းတကယ်ပဲ နတ်ကုန်းမြေတစ်ခုလုံးရဲ့ ရန်သူဖြစ်ချင်နေတာလား" ဝေ့ဝူကော်က ချူးယွင်ဖန်းကို ရပ်တန့်ရန် ကြိုးပမ်းလျက် အော်ဟစ်လိုက်သည်။ အနည်းဆုံးတော့ အချိန်တစ်ခုတော့ ဆွဲထားရပေမည်။
"နတ်ကုန်းမြေရဲ့ရန်သူဟုတ်လား၊ နတ်ကုန်းမြေကို ကိုယ်စားပြုနိုင်တယ်လို့ မင်းထင်နေလား။ ဟုတ်ရင်ရော ဘာဖြစ်လဲ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ "ငါလုပ်ချင်တာကို ဘယ်သူ့မှ မတားနိုင်ဘးး။ ငါ့နောက်လိုက်တဲ့သူတွေ ချမ်းသာမယ်၊ ငါ့ကို ဆန့်ကျင်တဲ့သူတွေ သေလိမ့်မယ်"
ချူးယွင်ဖန်းက ဤစကားကို အော်ဟစ်လိုက်သောအခါ လူတိုင်း၏ နှလုံးသားကို ချက်ချင်း သိမ်းပိုက်လိုက်သည်။ သူ့ကိုလက်အော်ကခံသူတို့သည် ချမ်းသာကြကာ ဆန့်ကျင်သူများသည် သေကြလိမ့်မည်။ ဤစကားလုံးများက မည်မျှထိ လွှမ်းမိုးနိုင်သနည်း။
သို့သော် ထူးဆန်းသည်မှာ သာမန်လူတစ်ယောက်သာဆိုပါက တခြားသူများက မာန်တက်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက ဤသည်ကိုပြောသောအခါ အားလုံးက မှန်ကန်သည့်စကားဟု ခံစားလာရသည်။ မည်သူကမျှ သိချင်စရာများရှိသည်ဟု မခံစားမိကြပေ။
"နတ်ကုန်းမြေတစ်ခုလုံးကို ဆန့်ကျင်လိုက်ရင် မင်းမှာ ကောင်းတဲ့အဆုံးသတ်ရှိမှာမဟုတ်ဘူး" ဝေ့ဝူကော်က အော်လိုက်သည်။
သူ၏အသံသည် ကျယ်လောင်လွန်းသဖြင့် နတ်တောင်ကုန်းတစ်ခုလုံးက ၎င်းကိုကြားနိုင်သည်။ သူသည် အချိန်နှင့်အမျှ တိုက်ပွဲဝင်နေလျက် တောင်ထိပ်ရှိ သူ၏မျိုးနွယ်စုမှ ကျွမ်းကျင်သူများကိုလည်း သတိပေးခဲ့သည်။
ယနေ့သည် သူ့ကိုယ်သူ နာမည်ရနိုင်မည့် အခွင့်အရေးဟု သူထင်ခဲ့သာ် သူ့အသက်မဆုံးရှုံးချင်ပေ။
ချူးယွင်ဖန်းက ဝေ့ဝူကော်၏အစီအစဥ်ကိုမြင်ပြီးဖြစ်သောကြောင့် ပြုံးလိုက်မိသည်။ ဝေ့ဝူကော် အချိန်ဆွဲရန် ကြိုးစားနေသည်မှာ အလွန်ထင်ရှားသည်။
"ဘယ်လောက်တောင် မိုက်မဲနေတာလဲ”
ထိုအချိန်တွင် စွမ်းအားကြီးသော နတ်အဆင့်ပုဂ္ဂိုလ်များစွာက တောင်ထိပ်မှ ဆင်းသက်လာကြသည်။
ဝေ့ဝူကော်က သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်ဆွဲခြင်း၏ ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့သည်။ တောင်ထိပ်ရှိ တပ်ဖွဲ့ခေါင်းဆောင်များသည် တောင်ခြေရှိ အခြေအနေကို သတိပြုမိကြသည်။
ဤအရာအားလုံးသည် အချိန်တိုအတွင်း ဖြစ်ပျက်သွားပုံရသော်လည်း သူ့အတွက် ရာစုနှစ်တစ်ခုကဲ့သို့ ခံစားခဲ့ရသည်။
သို့သော် သူမပြုံးနိုင်ခင်၌ ချူးယွင်ဖန်းက သူ့ရှေ့တွင် ပေါ်လာနေပြီဖြစ်ကြောင်း သူသိလိုက်သည်။ ချူးယွင်ဖန်းသည် သူ့လက်ကြီးကို ဆန့်ထုတ်ကာ ဝေ့ဝူကော်ကို ရုတ်တရက် ထိုးနှက်လိုက်သည်။
ဝေ့ဝူကော်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်းပင် ဖျော့တော့သွားသည်။ ချူးယွင်ဖန်း မည်သည့်အချိန်က ပေါ်လာခြင်းဖြစ်ကြောင်း သူမသိလိုက်ပေ။ ထိုအချိန်တွင် သူသည် အပြင်သို့သာ ထွက်သွားနိုင်သည်။ ဤအရာများ ရောက်ရှိလာနေပြီ ဖြစ်သောကြောင့် သေသည်အထိ တိုက်ပွဲဝင်နိုင်ခဲ့သည်။
ဝေ့ဝူကော်၏ အစွမ်းသတ္တိ အပြည့် ပေါ်လာပြီးသည်နှင့်၊ သူသည် နတ်ငရဲဆက်ခံသူနှင့် လီကျန်းလျန်ထက် သိသိသာသာ အားကောင်းလာသည်။ သူသည် နတ်အဆင့် ပဥ္စမအဆင့်သို့ တက်လှမ်းနိုင်နေပြီဖြစ်၏။
သူ့အရွယ်တွင် သူသည် ဉာဏ်ရည်ထက်မြက်သူဟု သတ်မှတ်ခံရကာ အနာဂတ်တွင် နတ်အဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည်ဟု မျှော်လင့်ထားသည်။
ယခုမူကား သူသည် သူ၏ အဆုံးသတ်ကို တွေ့ကြုံခဲ့ရပေပြီ။ ချူးယွင်ဖန်းက သူ့ထက် များစွာငယ်သော်လည်း ချူးယွင်ဖန်း၏ ခွန်အားက သူ့ထက်သာလွန်သည်။
ဝေ့ဝူကော်က လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားကာ သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်။ မရေမတွက်နိုင်သော နတ်စွမ်းအင်မျဋး ပေါင်းစည်းပြီးနောက် အံ့ဩဖွယ်ရာ ဓားသွားအလင်းအဖြစ် ပြောင်းလဲသွားသည်။ ဓားသွားအလင်းက လွင့်ထွက်သွားကာ ချူးယွင်ဖန်းဆီသို့ ချက်ချင်း ပေါက်ကွဲသွားသည်။
သို့သော် ချူးယွင်ဖန်းက ၎င်းကို တစ်ချက်မျှ မကြည့်ဘဲ သူ့လက်ကို ဆန့်လိုက်၏။
ဘမ်း
ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော တည်ရှိမှုကို ထိမိသွားသကဲ့သို့ ဓားသွားအလင်းသည် ကွဲကြေသွားသည်။ ၎င်းသည် တစ်လက်မချင်း ကွဲထွက်သွားကာ ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ အရပ်ရပ်သို့ ပြန့်ကျဲသွားသော အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"နောက်တစ်ခါ ငါ့အလှည့်”
သူသည် လက်ငါးချောင်းကို လက်သီးတင်းတင်း ဆုပ်ထားလိုက်ပြီးနောက် လျှပ်စီး၏အရှိန်ဖြင့် ထိုးနှက်လိုက်ရာ သူ့နောက်တွင် ကြီးမားသော ရွှေရောင်အဆင်းသဏ္ဍာန်တစ်ခု ပေါ်လာသည်။
ဘမ်း
ဤလက်သီးက သက်ဆင်းသွားသည်နှင့် တပြိုင်နက် ကမ္ဘာပေါ်က အရောင်များအားလုံး ဤလက်သီးထဲသို့ တိုးဝင်သွားသကဲ့သို့ သဘာဝ၏ အရောင်က ပြောင်းလဲသွားသည်။
လူတိုင်းသည် ၎င်းတို့၏ အိပ်မက်များ ကျယ်ပြန့်လာသကဲ့သို့ ခံစားလိုက်ရကာ အသက်ရှုရပ်သွားသည့်အလားပင်ဖြစ်၏။ လက်သီးနည်းစနစ်၏ စွမ်းအားကို လွန်ကဲစွာ မြှင့်တင်လိုက်သောအခါတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားကို ထိန်းထားနိုင်သည်ကို ၎င်းတို့ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဤထိုးဖောက်မှုဖြင့် နတ်တောင်တန်းတစ်ခုလုံးက ကောင်းကင်နှင့်မြေကြီး အရောင်ပြောင်းသွားသည်ကို မြင်တွေ့နိုင်သည်။ လူတိုင်းသည် ဝိညာဉ်စွမ်းအင်များ တုံ့ဆိုင်းသွားခြင်း နှင့် လေထုကွဲအက်ခြင်းတို့ကို ခံစားနိုင်သည်။
ဤလက်သီးချက်က နှေးနေပုံရသော်လည်း တကယ်တမ်းတွင် အလွန်လျင်မြန်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဝေ့ဝူကော်ကို ထိမှန်သွားပြီဖြစ်၏။ ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်ပါက နတ်အဆင့် ပဉ္စမအဆင့်သို့ ရောက်ရှိလာသော်လည်း သူသည် များစွာအဆင့်နိမ့်နေဆဲဖြစ်ရာ ၎င်းကို တားဆီးနိုင်စွမ်းမရှိပေ။
အော်ဟစ်သံနှင့်အတူ သူထိုးနှက်ခံခဲ့ရသည်။
ဘမ်း
ဝေ့ဝူကော်က လေထုထဲတွင် ပေါက်ကွဲသွားကာ သွေးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအရာများအားလုံးက တခဏအတွင်း ဖြစ်သွားခြင်းဖြစ်ရာ တစ်ချိန်တည်း၌ပင် ဒေါသမျက်နှာဖြင့်လူများ တောင်ထိပ်မှ ပြေးဆင်းလာကာ ချူးယွင်ဖန်းကို ဝိုင်းထားသည်။
အခန်း(၁၀၄၃) မိတ်ဆွေနှင့် ရန်သူကို ပိုင်းခြားခြင်း
ထိုပုဂ္ဂိုလ်များက ချူးယွင်ဖန်းကို ဝန်းရံထားကာ တစ်ယောက်စီတွင် အစွမ်းထက်သော ရောင်ဝါရှိသည်။
ကောင်းကင်ယံ၌ ရာနှင့်ချီသော နတ်အဆင့်များ ရောနှောကာ လွှမ်းခြုံထားနေသည်ကို အားလုံးမြင်လိုက်ကြရသည်။ ခေါင်းဆောင်ခြောက်ဦးသည် ကျန်သူများထက် သာလွန်သည်။
၎င်းတို့၏ ရောင်ဝါများက ကမ္ဘာကြီးကို အရောင်ပြောင်းစေနိုင်သည်။ ဤလူများထဲမှ မည်သူသည် နတ်ကုန်းမြေ၏ အရှင်သခင်ဖြစ်သနည်းဟု မေးရန် မလိုအပ်ပေ။ သို့သော် ရာနှင့်ချီသော နတ်အဆင့်များက သူ့ကိုဝိုင်းထားသော်လည်း သူ၏အမူအရာမှာ မပြောင်းလဲသေးပေ။
ယခုအချိန်တွင် သူဘာကိုမျှ ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ ထင်ရှားသော တပ်ဖွဲ့ခေါင်းဆောင်များက သူ့ကို ချက်ချင်း အသိအမှတ်ပြုခဲ့သည်။ ချူးယွင်ဖန်းက ပေါ်လာလိမ့်မည်မဟုတ်ဟုပင် ၎င်းတို့ ယခင်က ပြောခဲ့ဖူးကြသည်။
ချူးယွင်ဖန်းပေါ်လာသည်သာမက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုလည်း စတင်ခဲ့သည်။ ဂိုဏ်းချုပ်ဝေ့၊ ငရဲမီးဘုရင်နှင့် စိမ်းလန်းနယ်မြေဂိုဏ်းခေါင်းဆောင်၏ အမူအရာများက မယုံနိုင်လောက်အောင် ဆိုးရွားလှသည်။
၎င်းတို့၏ဂိုဏ်း သို့မဟုတ် မျိူးနွယ်စု၏ အလားအလာအရှိဆုံး ဂျူနီယာများဖြစ်သည်် ၎င်းတို့၏ဆက်ခံသူအဖြစ် သတ်မှတ်ခံရသူများ သေဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းသည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို တစ်နေ့တည်း ဖျက်ဆီးပစ်လိုက်သည်။ ထိုသို့သော အရည်အချင်းရှိသော ပါရမီရှင်တစ်ဦးကို ရှာဖွေရန်မှာ စိန်ခေါ်မှုဖြစ်သည်။
ထိုပါရမီရှင်ခြောက်ယောက်က နတ်ကုန်းမြေကို လွှမ်းမိုးထားသောကြောင့် ၎င်းတို့သည် အရင်းအမြစ်များ မချို့တဲ့ခဲ့ကြပေ။ သို့သော် ထိုကဲ့သို့သော အရည်အချင်းရှိသော ပါရမီရှင်များသည် အလွန်ရှားပါးသည်။
အထူးသဖြင့် ချူးယွင်ဖန်းက မပြန်ရဲတော့ဟု မျိုးနွယ်စုခေါင်းဆောင် သုံးယောက်က ယခင်က ကတိပြုထားဖူးကာ တိုက်ခိုက်ရန် စစ်တပ်တစ်ခု ဖွဲ့မည်ဟုပင် ကြေညာထားဖူးသည်။ သတိပေးခြင်းမရှိဘဲ သူပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
"ချူးယွင်ဖန်းမင်းမျက်နှာကို ပြရဲလား" မျိုးနွယ်စုခေါင်းဆောင် ဝေ့က ဒေါသအရမ်းထွက်နေသဖြင့် သူ့တစ်ကိုယ်လုံး တုန်ခါနေသည်။ ချူးယွင်ဖန်းပေါ်လာသောအခါ ဝေ့မျိုးနွယ်သည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
သို့သော် သူ၏ ယခင်ဆုံးရှုံးမှုများ ပေါင်းထည့်လိုက်ပါက ဤနှစ်ကြိမ်လောက် မကြီးမားပေ။ တစ်ခုမှာ လက်ရှိ ထိပ်တန်းတိုက်ခိုက်ရေး စွမ်းအားဖြစ်၍ ကျန်တစ်ခုမှာ ဝေ့မျိုးနွယ်၏ အနာဂတ်ဖြစ်သည်။ ဒီဆုံးရှုံးမှုနှစ်ခုက သူ့ကို အသည်းကွဲအောင် ခံစားရစေလုသည်။
"ဘာလို့မလုပ်ရဲတာလဲ။ မင်းငါ့ကိုတိုက်ခိုက်ဖို့ စစ်တပ်တောင်ဖွဲ့နေတာမဟုတ်ဘူးလား ငါဒီကိုရောက်နေပြီ၊ မင်းတို့အလုပ်တောင်မရှုပ်တော့ဘူးလေ"
"မင်း သတ္တိရှိတာ ကောင်းတယ် ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်” စိမ်းလန်းနယ်မြေ ဂိုဏ်းခေါင်းဆောင်က ရယ်မောလိုက်သည်။
ချူးယွင်ဖန်းသည် ကျန်ရှိသော ပါရမီရှင်ခြောက်ယောက်ကို ကြည့်လျက်ပြောလိုက်သည်
"သူတို့သုံးယောက်ကအပြင် မင်းတို့ရော လှုပ်ရှားဖို့ပြင်နေတာလား”
သူ့အမူအရာက မပြောင်းလဲဘဲ သူ့နှလုံးသားတွင် သတ်ပစ်ချင်စိတ်များ ပြည့်နှက်နေသည်။ နတ်ကုန်းမြေကျွမ်းကျင်ပညာရှင်များ၏ ကိုးဆယ်ရာခိုင်နှုန်းသည် နတ်တောင်ကုန်းထက်၌ စုဝေးခဲ့ကြသည်ကို သူမြင်သည်။ ရာနှင့်ချီသော နတ်အဆင့်များက လက်ရှိပြည်ထောင်စုကို ဖြိုခွင်းရန် တွန်းအားတစ်ခုသာဖြစ်သည်။
ပြည်ထောင်စုသည် သိုင်းပညာကျွမ်းကျင်သူများနှင့် ပတ်သက်၍ နတ်ကုန်းမြေနှင့် မနှိုင်းယှဉ်နိုင်ပေ။ ပြည်ထောင်စုက ဤမျှကြီးမားသောအင်အားကို အသုံးမပြုနိုင်လျှင် ချူးယွင်ဖန်းသည် ပြည်ထောင်စုကို ဆန့်ကျင်ရန် ခွင့်မပြုပေ။
သတ်ပစ်ရမယ်ဆိုလျှင်ပင် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းက အလွန်အေးစက်နေသည်။ နတ်ကုန်းမြေ၏အဆင့်မြင့်အရာရှိအားလုံးကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ဤအင်အားစုအား ပြည်ထောင်စုကို ဆန့်ကျင်ရန် ခွင့်မပြုပေ။
"ငါတို့က သူတို့နဲ့ အမြင်မတူဘူး" ကျန်ရှိသော ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းခွဲချုပ်များက ပြောသည်။
ပြည်ထောင်စုကို ကျူးကျော်ရန် စဉ်းစားခဲ့ကြသော်လည်း အလျင်စလို မဖြစ်ခဲ့ကြပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ချူးယွင်ဖန်းကို ကြောက်လျက်ရှိကြကာ သူ့ကို ဆန့်ကျင်လိုစိတ်မရှိခဲ့ကြဘဲ ချူးယွင်ဖန်း၏နောက်ကွယ်တွင် ပြည်ထောင်စုအကြောင်း မပြောလိုပေ။
ကိုင်တွယ်ဖြေရှင်း၍လွယ်သည်ဆိုလျှင် ပြည်ထောင်စု ပျက်သုဉ်းခဲ့ပြီးသည်မှာ ကြာပြီဖြစ်သည်။
ခေါင်းဆောင် သုံးဦးက ချူးယွင်ဖန်းကို တိုက်ခိုက်ရာတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားထားသောကြောင့် ၎င်းတို့သည် စခန်းအသီးသီးသို့ ချက်ချင်းကွဲသွားကြသည်။ ထိုဂိုဏ်းသုံးဂိုဏ်းနှင့် ၎င်းတို့လက်အောက်ရှိ ကျွမ်းကျင်သူများသည် ပါဝင်ရန်ဆန္ဒမရှိဘဲ ဆုတ်ခွာသွားကြသည်။
ထိုအချိန်တွင် ငရဲမီးဘုရင်၊ ဂိုဏ်းချုပ်ဝေ့နှင့် စိမ်းလန်းနယ်မြေဂိုဏ်းခေါင်းဆောင်တို့၏ မျက်နှာများတွင် မကျေနပ်မှုများကို ပြသခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် ဤဂိုဏ်းကြီးသုံးခုကို ဘာမှမလုပ်နိုင်ကြပေ။
ကျန်သုံးယောက်မပါဝင်ပါက မျှော်လင့်ထားတာထက် ပိုခက်ခဲပါလိမ့်မည်။ သို့သော် အနည်းငယ်သာ ပိုရှုပ်ထွေးခဲ့သည်။ အခြားဂိုဏ်းသုံးဂိုဏ်း ဆုတ်ခွာသွားပြီးနောက် ငရဲမီးဂိုဏ်း၊ ဝေ့မျိုးနွယ်စု၊ စိမ်းလန်းနယ်မြေနှင့် ၎င်းတို့၏ တွဲဖက်တပ်များသည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။
နတ်အဆင့် နှစ်ရာကျော်သည် တိုက်ခိုက်ရေးပုံစံတစ်ခုကို ဖွဲ့ကြကာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်စွမ်းအင်များက ချက်ချင်း ချိတ်ဆက်သွားကြသည်။
မြေကြီးကို ဖြိုခွဲနိုင်သော စွမ်းအားသည် အဆများစွာ တိုးပွားလာသည်။
မျိုးနွယ်စုခေါင်းဆောင်ဝေ့သည် ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။ ဤသည်က ချူးယွင်ဖန်းကို ကိုင်တယ်ရန် ၎င်းတို့ ပြင်ဆင်ထားသည့် နည်းလမ်းပင်ဖြစ်သည်။
ယခင်က ချူးယွင်ဖန်းသည် ဝေ့မျိုးနွယ်၏ ပထမဆုံးအကြီးအကဲကို အလွယ်တကူသတ်ပစ်ခဲ့ကာ သူ့ကိုကြောက်လန့်စေသောကြောင့် ဤဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
လူတိုင်း၏ စွမ်းအင်များက မျဉ်းတစ်ခုအဖြစ် ချိတ်ဆက်၍ ခွန်အားအဖြစ် ပြောင်းလဲကာ ဂိုဏ်းချုပ်သုံးဦးဆီသို့ စီးဆင်းသွားသည်။ ၎င်းတို့၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေါက်ကွဲသွားကြသည်။
၎င်းတို့သုံးဦးလုံးက ၎င်းတို့၏ စွမ်းအားများကို အပြည့်အ၀ ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်သည် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယခုအခါတွင် ၎င်းတို့၏ စွမ်းအားများသည် အဆက်မပြတ် မြင့်တက်လာရာ ၎င်းတို့အား အလွန်ကြောက်လန့်စေသည်။
၎င်းတို့၏ လုပ်ဆောင်ချက်တိုင်းကို ကျွမ်းကျင်သူများစွာရဲ့ ခွန်အားနှင့် ချိတ်ဆက်ထားသည်။ ချူးယွင်ဖန်းကို ဝန်းရံရန် ယင်းတို့ကို အသုံးပြုခြင်းသည် ကြောက်စရာကောင်းသော နည်းလမ်းတစ်ခုဖြစ်သည်။
"ချူးယွင်ဖန်း ဒီနေ့ မင်းသေလိမ့်မယ်" ဂိုဏ်းချုပ်ဝေ့က အော်လိုက်သည်။
ရုတ်တရက် ကြီးကျယ်ခမ်းနားသော ချီစွမ်းအင်လက်တစ်ဖက်က ကောင်းကင်၌ ပေါ်လာသည်။ ဤလက်သည် လေဟာနယ်ထဲမှာ ထွက်ပေါ်လာရာ ချူးယွင်ဖန်းကို ချက်ခြင်း ထိမှန်သွားသည်။
ချီစွမ်းအင်များဖြင့်လုပ်ထားသော ကြီးမားလှသည့် လက်ကြီး သက်ဆင်းလာသောအခါ ကောင်းကင်တစ်ခုလုံး ပြိုကျသွားသည်။
ဤအခိုက်အတန့်တွင် အခြားသော ဂိုဏ်းခေါင်းဆောင် သုံးဦးအပါအဝင် လူတိုင်း၏အမူအရာများ ပြောင်းလဲသွားသည်။ ဂိုဏ်းချုပ်ဝေ့နှင့် အခြားနှစ်ယောက်၏ ရောင်ဝါများက အမှန်တကယ် အံ့အားသင့်စရာကောင်းလှသည်။
၎င်းတို့ ထင်ထားသည်ထက် ပိုမိုစွမ်းအားကြီးလှသည်။ လူတိုင်း၏ စွမ်းအားများကို ပေါင်းစပ်ထားသော်လည်း ဤနည်းလမ်းက အံ့မခန်းပင်ဖြစ်သည်။
သူတို့အောက်တွင် နျဲ့စီမင်၊ လင်းချန်ရှီနှင့် အခြားလူများက ကြောက်လန့်တကြား တတ်နိုင်သမျှ အဝေးသို့ ပြေးကြသည်။ အထွတ်အထိပ် နတ်အဆင့်များကြား တိုက်ပွဲမဆိုနှင့် သာမန်နတ်အဆင့်များကြား တိုက်ပွဲများကပင် ၎င်းတို့ကို သတ်ပစ်နိုင်သည်။
လှိုင်းလုံးကြီးတစ်ခုဝင်တိုက်မိလျှင်ပင် သေဘေးက လွတ်မည်မဟုတ်ပေ။
"ဆရာ"
ထိုအချိန်တွင် လင်းချန်ရှီပင် စိတ်ပျက်သွားသည့်အလား ခံစားလိုက်ရသည်။ ကောင်းကင်တွင် ပျံသန်းနေသည့် ကျွမ်းကျင်သူများကို အမီလိုက်နိုင်ရန် သူမ မျှော်လင့်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းက ကြုံးဝါးလျက် သူ့လက်သီးကို တင်းတင်းဆုပ်ကာ အသူရာလက်သီးကို ပစ်သွင်းလိုက်သည်။
ဘမ်း
ချီစွမ်းအင်လက်ကြီးက လေထုထဲတွင် ကွဲကြေသွားသော်လည်း များစွာသောလက်များက ချူးယွင်ဖန်းဆီသို့ ဦးတည်လာသည်။
အခန်း(၁၀၄၄) နတ်အဆင့် ဆဠမအဆင့်အထွတ်အထိပ်
ချူးယွင်ဖန်းအသက်ရှုရန် အခွင့်အရေးပင် မပေးဘဲ ကြီးမားသော လက်များ ပြိုကျလာသည်။ သို့သော် သူသည် သာလွန်ထူးကဲကြောင်း ထင်ရှားသောကြောင့် သဘာဝအတိုင်း လျင်မြန်စွာ မသေနိုင်ပေ။
ချူးယွင်ဖန်းသည် ခွန်အားအရ နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ မဟုတ်ပါက၊ သူသည် နတ်အဆင့်နဝမအဆင့် ရောက်ရှိနေပြီဖြစ်သော ဝေ့မျိုးနွယ်၏ ပထမဆုံးအကြီးအကဲကို အလွယ်တကူ သတ်နိုင်မည်မဟုတ်ပေ။
သို့တိုင် ဂိုဏ်းချုပ်ဝေ့၊ ငရဲမီးဘုရင်နှင့် စိမ်းလန်းနယ်မြေဂိုဏ်းခေါင်းဆောင်တို့သည် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပေပြီ။ ဤဖွဲ့စည်းမှုကို ပေါင်းစည်းခြင်းဖြင့် ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ အသုံးပြုရန်အတွက် နတ်အဆင့်နှစ်ရာကျော်၏ စွမ်းအားကို ရရှိနိုင်မည်ဖြစ်သည်။
၎င်းတို့၏ မူလခွန်အားကို အခြေခံကာ တိုးတက်လာခဲ့သည်ဖြစ်ရာ ချူးယွင်ဖန်းပင်လျှင် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါတွင်ပင် ရုန်းကန်စပြုလာသည်။ အမျိုးမျိုးသော တိုက်ခိုက်မှုများက သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံကာ နှစ်ချလုနီးပါး ဖြစ်ခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် ထိုသို့သောအခြေအနေမျိုးတွင် အနည်းငယ်မျှ မတုန်လှုပ်ဘဲ ခေါင်းဆောင်သုံးဦးကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။
ဘမ်း ဘမ်း ဘမ်း
ပေါက်ကွဲမှုများစွာသည် လေထဲသို့ ပဲ့တင်ထပ်ကာ နောက်ဆက်တွဲ တိုက်ခိုက်မှုများက ချူးယွင်ဖန်းကို လွှမ်းမိုးခဲ့သည်။ ရံဖန်ရံခါတွင် ဂိုဏ်းခေါင်းဆောင်တို့က ပြင်းထန်စွာ တိုက်ခိုက်နေသည့် မြင်ကွင်းကိုမြင်ရာက လူအုပ်ကပင် သူ့ကို မမြင်နိုင်ပေ။
နတ်တောင်ကုန်းကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သဲများနှင့် ကျောက်တုံးများသည် ကမ္ဘာ၏အဆုံးနှင့်တူသည်။ ထိုသို့သော တိုက်ခိုက်မှုသည် ကြီးမားသော တိုက်ချင်းပစ် ဒုံးကျည်မျိုးစုံ ပေါက်ကွဲခြင်းထက်ပင် ပို၍ ပြင်းထန်သည်။
ဝေးကွာနေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများက လူတိုင်းကို အသက်ရှူမဝသလိုဖြစ်ကာ အလွန်စိတ်မချမ်းမသာဖြစ်စေသည်။
"ချူးယွင်ဖန်းသေတာ သေချာတယ်”
ယခုအချိန်တွင် ပြောဆိုရန် ခွန်အားရှိသူများမှာ လမင်းတံခွန်ဂိုဏ်း၊ အဆုံးမဲ့စခန်း နှင့် သက်ရှည်ယုံကြည်မှုဂိုဏ်းတို့၏ ဂိုဏ်းခေါင်းဆောင်များဖြစ်သည်။ ဖွဲ့စည်းမှု အလုံးစုံ ပျက်ပြယ်သွားသည်ကို သူတို့ ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းလည်း ဖြစ်သည်။
ချူးယွင်ဖန်းသည် ယခုအချိန်အထိ ဆက်လက်တည်ရှိနေနိုင်သည့်အချက်မှာ ၎င်းတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူတို့သာ ဖြစ်ခဲ့လျှင် ဤအတိုင်းအတာအထိ ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်ပေ။
“မှန်ပါတယ်။ ချူးယွင်ဖန်းက အခုအချိန်အထိ ထိန်းထားနိုင်တာကို အထင်ကြီးစရာပါပဲ။ ဒါပေမယ့် ပြဿနာကတော့ နတ်ဘုရားနှစ်ရာကျော်နဲ့ မယှဉ်နိုင်တာကြောင့် မြန်မြန်ဆန်ဆန်ရှုံးသွားရပြီပေါ့"
သက်ရှည်ယုံကြည်မှု ဂိုဏ်းခေါင်းဆောင်ကဝင်ပြောသည်။
"အရင်က သူ့ကိုယ်သူ အရမ်း အထင်ကြီးလွန်းတယ်လို့ ထင်ခဲ့တယ်။ သူက စွမ်းအားကြီးပြီး မကြုံစဖူး ပါရမီရှင်လို့ ခေါ်နိုင်ပေမယ့် သူက အရမ်းငယ်ပါသေးတယ်။ ငယ်သေးတာက သူ့ရဲ့ အားနည်းချက်ပဲ"
ဂိုဏ်းခေါင်းဆောင်သုံးယောက်က ချူးယွင်ဖန်းကို အထင်မကြီးကြဘဲ သူရှုံးနိမ့်မှုက အချိန်တစ်ခုသာဖြစ်သည်ဟု ထင်နေကြသည်။ မကြာမီ သတင်းသည် နတ်တောင်ကုန်းထက်ရှိ သခင်များစွာထံ ပျံ့နှံ့သွားသည်။ သူတို့၏မျက်လုံးများတွင် ချူးယွင်ဖန်းသည် ခဏမျှသာ ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု လွဲမှားနေကြောင်းကို တဖြည်းဖြည်း သိရှိလာကြသည်။ ချူးယွင်ဖန်းသည် အချိန်အကြာကြီး ထိန်းထားနိုင်မည်မဟုတ်ဟု သူတို့ထင်ခဲ့ကြသော်လည်း သူတစ်နည်းနည်းဖြင့် ထိန်းနိုင်ခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများနှင့် တိုက်ခိုက်မှုများကြားတွင် သူသည် ခေတ္တမျှ မရပ်တန့်ခဲ့သော်လည်း ရှုံးနိမ့်သည့် အရိပ်အယောင်မျှ မပြသခဲ့ပေ။
ငရဲမီးဘုရင်၊ ဂိုဏ်းချုပ်ဝေ့နှင့် စိမ်းလန်းနယ်မြေ ၏တိုက်ခိုက်မှုဂိုဏ်းခေါင်းဆောင်တို့သည်ပင် သူနှင့်မယှဉ်နိုင်ပေ။ သူအားနည်းချက်ရှိသော်လည်း ပညာရှင်သုံးဦး၏ တိုက်ခိုက်မှုများက သူ့ကို မထိခိုက်စေနိုင်ပေ။
"ဘယ်လိုတောင် ရူးသွပ်ဖို့ကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက် နည်းစနစ်လဲ"
သက်ရှည်ယုံကြည်မှုဂိုဏ်းခေါင်းဆောင်က ရုတ်တရက် ပြောလိုက်သည်။
ပေါက်ကွဲမှုတွင် ချူးယွင်ဖန်းမည်မျှတိုက်ခိုက်ခံခဲ့ရသည်ကို သူကြည့်နေစဉ် သူ့မျက်လုံးများသည် မှုန်မှိန်ဖျော့သွားခဲ့သည်။
တိုက်ခိုက်ရေးပညာရှင်ကြီး သုံးဦးတင်မကဘဲ အခြားသော နတ်ဘုရားနှစ်ရာတို့က တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ သို့သော် မည်သို့ပင် တိုက်ခိုက်မှုများ ရှိပါစေ၊ ၎င်းတို့သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ မထိခိုက်စေနိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုများကို စုပ်ယူနေသော ဧရာမရေကြောင်းတစ်ခုကဲ့သို့ ခံစားရသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနိုင်မှာလဲ"
လမင်းတံခွန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် သူမ၏ လက်ရာမြောက်သော မျက်နှာပေါ်မှ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပေ။
၎င်းတို့သာ ချူးယွင်ဖန်းနေရာတွင် ဖြစ်ခဲ့မည်ဆိုပါက ၎င်းတို့သည် ပြင်းထန်သော တိုက်ခိုက်မှုများအောက်၌ သေဆုံးသွားလိမ့်မည်မှာ ကြာနှင့်ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ချူးယွင်ဖန်းကို အလွန်ကြောက်နေကြခြင်းဖြစ်၏။
ငရဲမီးဘုရင်၊ ဂိုဏ်းချုပ်ဝေ့နှင့် စိမ်းလန်းနယ်မြေ၏ဂိုဏ်းခေါင်းဆောင်တို့က ချူးယွင်ဖန်းကို ကိုင်တွယ်ဖြေရှင်းရန် ထိုနည်းလမ်းကို အသုံးပြု၍ အခြားခေါင်းဆောင်များနှင့် ဆက်ဆံရာတွင်လည်း အလားတူနည်းလမ်းကို အသုံးပြုနိုင်သည်။
ထိုသို့ဖြစ်ခဲ့ပါက ၎င်းတို့တွင် ပြန်တိုက်ရနိ စွမ်းအားရှိမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ၎င်းတို့မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းခဲ့သည်။
အဆုံးမဲ့စခန်း၏ ဂိုဏ်းခေါင်းဆောင်က ဝင်ပြော၏။
"မဟုတ်ဘူး၊ သူက တိုက်ခိုက်မှုတွေကို တားဆီးရုံတင် မဟုတ်ဘူး။ သူက ပိုပိုပြီး အားကောင်းလာတယ်"
ဗုံးကြဲတိုက်ခိုက်မှုကြားတွင် ချူးယွင်ဖန်း၏ ရောင်ဝါက အားနည်းသွားခြင်းမရှိသည်ကို လူတိုင်း သိရှိခဲ့ကြသည်။ ဆန့်ကျင်ဘက်အနေနှင့် ပြာပုံကြားမှ တက်လာသော ဖီးနစ် သို့မဟုတ် ပိုးအိမ်မှ ထွက်လာသော လိပ်ပြာကဲ့သို့ တဖြည်းဖြည်း အားကောင်းလာသည်။
ငရဲမီးဘုရင်၊ ဂိုဏ်းချုပ်ဝေ့နှင့် စိမ်းလန်းနယ်မြေတို့၏ဂိုဏ်းခေါင်းဆောင်တို့ပင်လျှင် တစ်ခုခုလွဲနေပြီဟု သဘောပေါက်သွားကြသည်။
"ဟမ်… ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ငါတို့ရဲ့ တိုက်ခိုက်မှုတွေကို အားကောင်းအောင် ဓားသွေးကျောက်လို လုပ်ပြီး သူ့ကိုယ်သူ အဆင့်တက်အောင်လုပ်နေတာပဲ” စိမ်းလန်းနယ်မြေ၏ ဂိုဏ်းခေါင်းဆောင်က အံ့သြစွာပြောသည်။
ချူးယွင်ဖန်းက ပြန်၍မလာနိုင်တော့သည်အထိ အရိုက်ခံရခြင်းမဟုတ်ကြောင်း သူသိထားပြီးဖြစ်သည်။ အခွင့်အရေးကို အသုံးပြုကာ သူ့ကိုယ်သူ ပိုမိုကြံ့ခိုင်လာစေရန် ကြိုးစားခဲ့ခြင်းဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင်ဝေ့က အနီးကပ်ကြည့်လိုက်သည်။ အမှန်ပင် ချူးယွင်ဖန်းသည် စက္ကန့်တိုင်း အားကောင်းလာသည်။ သူ၏ ခန္ဓာကိုယ်၌ ကြီးမားသော တွင်းနက်ကြီး ဖြစ်ပေါ်လာကာ ၎င်းတို့၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ဝါးမျိုနေပုံရသည်။
၎င်းတို့၏ တိုက်ခိုက်မှုများသည် စွမ်းအင်ဖြစ်သော်လည်း ဝိညာဉ်စွမ်းအင်မဟုတ်ကြောင်း သိထားသင့်သည်။ ချူးယွင်ဖန်းသည် ၎င်းကို စုပ်ယူလိုက်လျှင် ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ဖြစ်မည်ဟုပင် တွေးတောခဲ့ကြသည်။
"သူဘာပဲလုပ်လုပ် ငါတို့မစောင့်နိုင်တော့ဘူး။ ထွက်သွားပြီး သတ်ပစ်လိုက်" ငရဲမီးဘုရင်က အော်ဟစ်လိုက်ရာ သူ့တစ်ကိုယ်လုံးရှိ နတ်စွမ်းအင်များ ဆူပွက်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ငရဲမီးများသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ကာ ရှည်လျားသော ငရဲမီးနဂါးကြီးအဖြစ်သို့ ပြောင်းလဲ၍ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားလေသည်။
မျိုးနွယ်စုခေါင်းဆောင်ဝေ့က သူ၏ဓားကို ဖမ်းကိုင်လိုက်ကာ ခွန်အားကို လွန်ကဲစွာ မြှင့်တင်လိုက်သည်။ ထို့နောက် ခုတ်ပိုင်းလိုက်ရာ ကောင်းကင်ကြီး ပြိုကျ၍ မြေကြီးလည်း ကွဲသွားသည်။
စိမ်းလန်းနယ်မြေ ဂိုဏ်းခေါင်းဆောင်၏နောက်ကွယ်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်များသည် ချူးယွင်ဖန်းကို သတ်ပစ်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သဖြင့် နောက်မဆုတ်တော့ပေ။
၎င်းတို့သုံးဦး၏ စွမ်းအားသည် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖွဲ့စည်းခြင်း၏ ပံ့ပိုးမှုဖြင့် ၎င်းတို့သည် နတ်အဆင့်ကို ကျော်ဖြတ်ကာ မယုံနိုင်လောက်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
လင်းချန်ရှီကအော်လိုက်၏။
"ဆရာ၊ သတိထားပါ”
ဤအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ရောင်ဝါက နောက်ဆုံးတွင် အထွတ်အထိပ်သို့ရောက်ရှိကာ အတားအဆီးကို ဖြတ်ကျော်သွားခဲ့သည်။
နောက်ဆုံးတွင် သူသည် ကန့်သတ်ချက်ကို ချိုးဖျက်၍ နတ်အဆင့် ဆဠမအဆင့် အထွတ်အထိပ်သို့ ဝင်ရောက်ခဲ့သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နတ်အဆင့် သာမန်အထွတ်အထိပ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။