← Chapters

အခန်း (၁၀၄၅-၁၀၄၇)

Vol. 70 Ch. 1045-1047

အခန်း (၁၀၄၅-၁၀၄၇)

Vol. 70 Ch. 1045-1047

အခန်း(၁၀၄၅) နျူကလီးယားဗုံးပေါက်ကွဲခြင်း

ချူးယွင်ဖန်းသည် ဂိုဏ်းချုပ်သုံးဦး၏ စွမ်းအားများနှင့် ဖွဲ့စည်းမှုတစ်ခုလုံးကို အသုံးပြု၍ သူ၏စွမ်းအားကို သန့်စင်စေခဲ့ခြင်းဖြစ်ကာ တစ်ချိန်တည်းတွင်၊ သူသည် ပြင်းထန်သောစွမ်းအင်ကိုစုပ်ယူရန် ဖျက်ဆီးခြင်းပညာကိုအသုံးပြုကာ နတ်အဆင့် ဆဠမအထွတ်အထိပ်သို့ တက်လှမ်းလာခဲ့သည်။

၎င်းတို့သုံးဦးက သူ့ကို ထိပ်တိုက်ရင်ဆိုင်ခိုင်းမည်ဟု လူတိုင်းက ထင်နေခဲ့ကြခြင်းဖြစ်၏ သူတို့၏ စွမ်းအားကို စုပ်ယူယူ သူ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

သူသည် နတ်အဆင့်ဆဠမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိခဲ့သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ဆဠမအဆင့်တွင်ရှိစဉ်ကတည်းက သာမန်အထွတ်အထိပ် နတ်အဆင့်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ယခု... သူသည် ပို၍ပင် စွမ်းအားကြီးလာ၏။

ချူးယွင်ဖန်းသည် ဤခြေလှမ်းကို လှမ်းလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များက အနည်းဆုံး နှစ်ဆတိုးလာသည်ဟု ခံစားနိုင်သည်။ သူ၏ ခွန်အားသည် အံ့မခန်း တိုးမြင့်လာကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုးဖောက်အောင်မြင်မှု မအောင်မြင်ပါက သုံးယောက်က သူ့ကို အလွယ်တကူ အနိုင်ယူသွားနိုင်သည်။

ဤအခိုက်အတန့်တွင် သုံးဦး၏တိုက်ခိုက်မှုများက တစ်ပြိုင်နက်တည်း ကျရောက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများသည် ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။

ဘမ်း ဘမ်း ဘမ်း

အမျိုးမျိုးသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် ချူးယွင်ဖန်းပေါ်သို့ ကျရောက်ခဲ့သော်လည်း ပျက်စီးမှုအားလုံးကို သိမ်းပိုက်နိုင်ခဲ့သဖြင့် တစ်လက်မမျှ မလှုပ်ရှားခဲ့ပေ။

"နောက်ဆုံးတော့ သူသေတော့မယ်”

ဂိုဏ်းချုပ်ဝေ့၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အမြွက်ပေါ်လာသည်။ သူ့စိတ်ထဲတွင် ချူးယွင်ဖန်းသည် ကြောက်စရာကောင်းနေ၏။ နောက်ဆုံးတွင် သူသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားများဖြင့် အဆက်မပြတ် ပေါက်ကွဲခဲ့သည်ဖြစ်ရာ ဂိုဏ်းချုပ်ဝေ့၏မျှော်လင့်ချက်များကို ကျော်လွန်ခဲ့သည်။

သို့သော် ချူးယွင်ဖန်းက တိုက်ခိုက်မှုအားလုံးကို ချေမှုန်းပြီးနောက် ဒဏ်ရာကင်းမဲ့သေးကြောင်း မြင်လိုက်ရသဖြင့် သူ၏ အပြုံးက အေးခဲသွားသည်။

နတ်အဆင့် ဆဠမအဆင့် အထွတ်အထိပ် ဖြတ်ကျော်ပြီးနောက်၊ ချူးယွင်ဖန်း၏ ဧကရာဇ် ကိုယ်လုံးကိုယ်ထည်သည် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။ မိုးကြိုးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲသံချပ်ကာတစ်ခု သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာကာ ထိုတိုက်ခိုက်မှုများက ၎င်းကို မဖြတ်ကျော်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ချူးယွင်ဖန်း၏ ရောင်ဝါက တုန်လှုပ်ချောက်ချားဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ရောင်ဝါက ဘာလို့ဒီလောက် စွမ်းနေသေးတာလဲ”

ဤအခိုက်အတန့်တွင် လမင်းတံခွန်၊ သက်ရှည်ယုံကြည်မှုဂိုဏ်းနှင့် အဆုံးမဲ့စခန်းတို့၏ ဂိုဏ်းခေါင်းဆောင်များပင်လျှင် သိသိသာသာပြောင်းလဲသွားကြသည်။

ချူးယွင်ဖန်း၏ယခင်ခွန်အားသည် ၎င်းတို့နားလည်မှုအတွင်း၌သာရှိနေပါက ဤရုတ်တရက်အရှိန်အဟုန်သည် ယခုအခါ သူတို့ကိုယ်သူတို့ကဲ့သို့ သာမန်နတ်အဆင့်များကို လုံးဝကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ဂိုဏ်းချုပ်ဝေ့၊ ငရဲမီးဘုရင်နှင့် စိမ်းလန်းနယ်မြေသခင်တို့ကို ရင်ဆိုင်သည့်အခါတွင်ပင် အနည်းငယ်မျှ အဆင့်မနိမ့်ပေ။

ချူးယွင်ဖန်းသည် ဤစွမ်းဆောင်မှုကို သူ့အစွမ်းအစဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ရာ ထိုဂိုဏ်းချုပ်သုံးဦးသည်မူ စွမ်းအင်ဖွဲ့စည်းခြင်းနှင့် ရာနှင့်ချီသော နတ်အဆင့်များ၏ ပံ့ပိုးကူညီမှုအပေါ် မှီခိုအားထားခဲ့သည်။ နှစ်ဘက်စလုံးက တူညီသည့်အဆင့်တွင်မရှိပေ။

သက်ရှည်ယုံကြည်မှုဂိုဏ်းချုပ်သည် လွန်စွာ ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။

“သူ့မှာ ဒီအရာတွေကိုပြောင်းပြန်လှန်နိုင်တဲ့ အစွမ်းအစရှိတာလား”

“မဖြစ်နိုင်တာ” အဆုံးမဲ့စခန်း၏ ဂိုဏ်းခေါင်းဆောင်ပင်လျှင် မယုံမကြည်နိုင်ဖြစ်လျက်ရှိသည်။

သို့တိုင် ချူးယွင်ဖန်း၏ ရောင်ဝါက အလွန်လွန်ကဲသို့ အဆင့်သို့ရောက်ရှိသွားခဲ့ပြီဖြစ်ရာ သူ၏ စွမ်းအားအောက်တွင် ရာနှင့်ချီသော နတ်အဆင့်များကိုပင် ဖိနှိပ်ထားနိုင်ကာ မည်သို့မျှ အရေးမနိမ့်နိုင်တော့ပေ။

"သူနဲ့ တိုက်ကြရအောင်။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူက ငါတို့ရဲ့ဖွဲ့စည်းပုံနဲ့ ယှဉ်လို့မရဘူး"

"ဒီဖွဲ့စည်းမှုက ငါ့ကို ထိခိုက်စေတယ်လို့ မင်းထင်လား" ချူးယွင်ဖန်းရယ်လိုက်သည်။

“အခု ဘယ်ခေတ်လဲ ခင်ဗျားတို့သိလား။ အခုထိ လက်တွေ့ကို မမြင်နိုင်ကြသေးဘူး ခွေးအိုကြီးတွေ။ ပြည်ထောင်စုကို ခင်ဗျားတို့ အထင်သေးကြတယ်မလား။ ခင်ဗျားတို့ ပြည်ထောင်စုကို သိမ်းပိုက်နိုင်မယ်လို့ ထင်နေကြလား”

ဂိုဏ်းချုပ်ဝေ့က အံကြိတ်လျက် ကြုံးဝါးလိုက်သည်။

“မှန်တယ်။ ငါမင်းကို မောပြီး သေတဲ့အထိ မတိုက်နိုင်ဘူးဆိုတာ ငါမယုံဘူး”

ရုတ်တရက် စိမ်းလန်းနယ်မြေသခင်၏ ပတ်ဝန်းကျင်မှ ဓားအလင်းများထွက်ပေါ်လာကာ ၎င်းတို့သည် သူ့ကို ဝိုင်းရံလျက် တဖြည်းဖြည်းစုစည်းက ပိုမိုကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ ကိန်းအောင်းနေသည့် ဓားချီတစ်စင်းဖြစ်ပေါ်လာသည်။

ချူးယွင်ဖန်းရယ်ပြန်သည်။

“ငါ မင်းတို့အားလုံး ပြည်ထောင်စုရဲ့စွမ်းအားကိုပြမယ်”

သူ့စကားကြောင့် ဂိုဏ်းချုပ်ဝေ့နှင့် အခြားနှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။ ၎င်းတို့သည် အလွန် မကျေမနပ်မှုများ ပြင်းထန်သည့် ခံစားချက်ကိုပင် ခံစားခဲ့ရသည်။ ယင်းသည် ၎င်းတို့၏ ဆဌမအာရုံဖြစ်ကာ အများအားဖြင့် ၎င်းကို ယုံကြည်ကြသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုက သူတို့နှင့်ယှဥ်နိုင်လျှင်ပင် အန္တရာယ်ကြီးကြီးမားမားရှိနိုင်မည်မဟုတ်ပေ။

သို့သော် ရုတ်တရက် ချူးယွင်ဖန်းက သယ်ဆောင်သွားနိုင်သည့် နျူကလီးယား‌ဗုံးလောင်ချာကို ဆွဲထုတ်လိုက်သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစတင်ရန် သူအသုံးပြုရန် ပြင်ဆင်ထားသည့် နျူကလီယားဗုံးကို အစကတည်းက ဝှက်ဖဲတစ်ခုအဖြစ်သုံးဆည်းထားခဲ့ခြင်းဖြစ်ရာ ယခုမူ အသုံးပြုတော့မည်ဖြစ်သည်။

“နျူကလီးယားဗုံး… သူ နျူကလီးယားဗုံးကို ကိုင်ထားတာ” ဂိုဏ်းချုပ်ဝေ့က ယင်းကိုမြင်လိုက်ရသည်နှင့် ချက်ချင်းတုံ့ပြန်လိုက်သည်။

သူက ပြည်ထောင်စုကို လွှဲပြောင်းသိမ်းပိုက်ရန် ကြိုးစားနေခြင်းဖြစ်သဖြင့် ပြည်ထောင်စု၏ အကြီးကျယ်ဆုံးသောလက်နက်ကို သူ ကောင်းစွာသိထားသည်။ ပြည်ထောင်စု၏ ဒုံးကျည်အများအပြားက ပိုမို အားကောင်းလာခဲ့ရာ အစောပိုင်းခေတ်နျူကလီးယားဗုံးများထက်ပင် အင်အားနည်းသော်လည်း ပြည်ထောင်စု၏ စစ်မှန်သော လူသတ်လက်နက်မှာ နျူကလီးယားဗုံးများပင် ဖြစ်နေဆဲဖြစ်သည်။

လူတိုင်း၏အမူအရာပြောင်းလဲသွားသည်။ ဤအရာများအားလုံးသည်နတ်အဆင့်များဖြစ်သောကြောင့် ပြည်ထောင်စုအကြောင်း သဘာဝကျကျ နားလည်သဘောပေါက်ကြသည်။

ထို့ကြောင့် နျူကလီးယားဗုံး၏ အဓိပ္ပါယ်ကို ၎င်းတို့ သဘာဝကျကျကနားလည်သဘောပေါက်ကြသည်။ နတ်အဆင့်များက အံ့ဖွယ်အမှုများကို ဖန်တီးကာ သေမျိုးလောကကို ကျော်လွှားနိုင်သူများဖြစ်ကြသော်လည်း နျူကလီးယားဗုံးနှင့် ထိမှန်လျှင်မူ သေဆုံးရဆဲပင်ဖြစ်သည်။

အကွာအဝေးက ပစ်ခတ်လိုက်သည့် နျူကလီးယားဗုံးဖြစ်ပါက လျင်မြန်စွာတုံ့ပြန်ကာ ရှောင်တိမ်းနိုင်ရန် အချိန်လုံလောက်မည်ဖြစ်သော်လည်း အများဆုံးအနေဖြင့် ၎င်းတို့ကို နောက်ဆက်တွဲသက်ရောက်မှုများက တစ်ချက်တည်း ချေမှုန်းပစ်လိုက်နိုင်သည်ဖြစ်ရာ၊ ထိပ်တိုက်ရင်ဆိုင်နိုင်ခြေနည်းပါးသည်။

သို့သော် အနီးကပ်နေပါက ၎င်းတို့သည် ချက်ချင်းပင် တုံ့ပြန်၍ ပစ်ခတ်သူအား သတ်ပစ်နိုင်သည်။ သို့တိုင် ချူးယွင်ဖန်း၏ ခွန်အားသည် အားလုံးသိသာထင်ရှားသဖြင့် ထိုမျှ အချိန်တိုအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာမဟုတ်ပေ။

“သူ ရူးသွားပြီ” ဂိုဏ်းချုပ်ဝေ့က ဟိန်းဟောက်လိုက်သည်။

ချူးယွင်ဖန်းက အဘယ်ကြောင့် ဤသို့လုပ်လိမ့်မည်ကို သူနားမလည်နိုင်ပေ။ ဤမျှနီးကပ်သောအကွာအဝေးတွင် ချူးယွင်ဖန်းသည်လည်း သေခြင်းတရာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ နျူကလီးယားဗုံးက သူ့ကို ထိမှန်သွားပေလိမ့်မည်ဖြစ်သည်။

သူ့အကြောင်းကို စဉ်းစားရန် အချိန်မရှိတော့ပေ။ တိုက်ပွဲကို အဝေးမှကြည့်နေသော အခြားကျွမ်းကျင်သူများသည် အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။ နျူကလီးယားဗုံး၏ စွမ်းအားကို သိရှိကြကာ ဖြစ်ပျက်နေသည့်အရာများကို မသိသေးသူများ ထိုလူများနောက်သို့လိုက်ကြသည်။

“ဟားဟားဟား” ချူးယွင်ဖန်းက ရယ်မောကာ ဗုံးကို စတင် ပစ်လွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သေးငယ်သော နည်းဗျူဟာမြောက် နျူကလီးယားဗုံးကို ရွေးချယ်ထားခြင်းမဟုတ်ပေ၊ ဤသည်မှာ ပိုမိုကျယ်ပြန့်သော အကွာအဝေးရှိသော မြို့ကို တိုက်ခိုက်နိုင်သည့် အမျိုးအစားဖြစ်သည်။

ဘမ်း

မှိုတိမ်တိုက်သည် သေးငယ်သော နေရောင်တစ်ခုကဲ့သို့ မြင့်တက်လာသည်။ အပူလှိုင်းက အရာအားလုံးကို လုံး၀ ဝါးမြိုသွားသည်။ ပေါက်ကွဲမှုကြောင့် ပြင်းထန်သော စွမ်းအင်လှိုင်းများ ချက်ချင်းထွက်ပေါ်လာသောအခါ နတ်တောင်ကုန်းတစ်ခုလုံး = ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

အပိုင်း(၁၀၄၆) နျူကလီးယာဗုံး၏ စွမ်းအား

ဘမ်း ဘမ်း ဘမ်း

နတ်တောင်ကုန်းသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် နျူကလီးယားပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားသည် နောက်ဆုံးတွင် သူ့အလိုလို ပေါ်လာသည်။

ဤ အကြီးအကဲများက နတ်ဘုရားများကို ဖျက်ဆီးပစ်ရန် လုံလောက်သော နျူကလီယားဗုံးများအကြောင်း ကြားဖူးသည်။ သို့သော် ဤအရာကိုပထမဆုံးအကြိမ်ကြုံဖူးကြခြင်းဖြစ်သည်။

အဝေးတစ်နေရာတွင် လမင်းတံခွန်ဂိုဏ်း၊ သက်ရှည်ယုံကြည်မှုဂိုဏ်းနှင့် အဆုံးမဲ့စခန်းတို့က

နောက်ဆုံးတွင် ဘေးကင်းသောနေရာသို့ ဆုတ်ခွာသွားခဲ့ပြီးဖြစ်ကာ အလွန် တုန်လှုပ်သွားကြသည်။

အပူလှိုင်းများက ၎င်းတို့၏အရေပြားများသို့ထိမှန်ကာနာကျင်စေသော်လည်း ၎င်းတို့ကို သတ်ရန် မလုံလောက်ပေ။ တိုက်ရိုက်မထိပါက ချက်ချင်းသေရလိမ့်မည်မဟုတ်ပေ။ ထိုပေါက်ကွဲမှုနှင့် ထိပ်တိုက်ထိမှန်ပါက အပြင်းအထန် ဒဏ်ရာရကာ သေပင်သေရနိုင်ပေမည်ဖြစ်သည်။

“ဒါက ပြည်ထောင်စုက ထောက်ပံ့ပေးနေတဲ့ နျူကလီးယားဗုံးလား” လမင်းတံခွန်ဂိုဏ်းခေါင်းဆောင်က သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်မှ ထိတ်လန့် အံ့သြမှုကို မဖုံးကွယ်နိုင်ပေ။

“ကြည့်ရတာ ငါပြောတာမှန်တယ်ထင်တယ်။ ပြည်ထောင်စုရဲ့နျူကလီးယားလက်နက်တွေမှာ စွမ်းအားအဆင့်နဲ့ အကွာအဝေးအတိုင်းအတာ အမျိုးမျိုးရှိတယ်လို့ ကြားတယ်။ ဒီဗုံးဟာ စစ်မြေပြင်မှာအသုံးပြုတဲ့ နည်းဗျူဟာမြောက်နျူကလီးယားဗုံးဖြစ်လောက်တယ်။ မျှော်လင့်ထားသလိုပဲ နတ်အဆင့်တောင် ဒီလိုပေါက်ကွဲမှုမှာ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး”

ဂိုဏ်းကြီးခြောက်ခုမှ ခေါင်းဆောင်များက သာမန်လူများထက် အလိုအလျောက် ပိုသိသည်။ မတူကွဲပြားသော နျူကလီးယာဂဗုံးများအကြောင်း ၎င်းတို့ ကောင်းစွာသိကြသည်။ တကယ်တမ်းတွင် သာမန်နျူကလီးယားဗုံးများနှင့် နည်းဗျူဟာနျူကလီးယားဗုံးများက ကွဲပြားသည်။

ပြည်ထောင်စုသည် နျူကလီးယားဗုံးများကို စွမ်းအားနည်းစေရန် ပြုလုပ်ရာ၌ စဥ်ဆက်မပြတ် ကြိုးစားနေချိန်တွင် စွမ်းအားများ တိုးမြှင့်နိုင်ရန်လည်း အဆက်မပြတ် တိုးမြင့်လာလျက်ရှိသည်။ ၎င်းတို့သည် နျူကလီးယားဗုံးများ၏ အရွယ်အစားကို လျှော့ချရုံသာမက စစ်မြေပြင်တွင်

နည်းဗျူဟာကျကျ အသုံးပြုနိုင်ရန် အကွာအဝေးကိုလည်း ထိန်းချုပ်ထားသည်။

ချူးယွင်ဖန်းပစ်လွှတ်လိုက်သည်မှာ အလတ်စားနည်းဗျူဟာနျူကလီးယားဗုံးဖြစ်ကြောင်း ထင်ရှားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်သောအခါ၌ပင် ၎င်းတို့က ချမ်းစိမ့်မှုကို ခံစားနေရသည်။ လုံလုံလောက်လောက် ခပ်ဝေးဝေးသို့ ဆုတ်ခွာမသွားပါက ၎င်းတို့ကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။

နျူကလီးယားဗုံးတစ်လုံးသာ ပေါက်ကွဲသွားပါက ၎င်းတို့ကို ကွဲကြေသွားစေလောက်အောင်ပင် စွမ်းအားပြင်းလှမည်ဖြစ်သည်။

ဂိုဏ်းသုံးခုမှ ခေါင်းဆောင်များနှင့် ၎င်းတို့နောက်မှ နတ်အဆင့်များအားလုံး သေခြင်းတရားမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်းသိသောကြောင့် အံ့သြတုံ့ဆိုင်းနေကြသည်။

“ဘယ်…ဘယ်လောက်…ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တာလဲ။ အဲ့တာ နျူကလီးယားဗုံးလား”

ထိုအချိန်တွင် နျူကလီးယားဗုံးက လူတိုင်း၏နှလုံးသားထဲ၌ ဖျောက်ဖျက်၍မရသော အထင်အမြင်များ ကျန်ရစ်ခဲ့သည်။ ၎င်းတို့သာဆိုလျှင် သေဆုံးသွားနိုင်သည်။ သို့ရာတွင် ပုံမှန်အခြေအနေအရ ၎င်းက ကြီးမားသောဧရိယာတစ်ခုလုံးကို မဖုံးအုပ်နိုင်ပါက ၎င်းတို့သည် နျူကလီးယားဗုံးမကျရောက်မီတွင် ပြင်းထန်သော ခံစားချက်ကို ခံစားနိုင်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ အာဏာရှိသော ပြည်ထောင်စုတွင် ၎င်းတို့ကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားရှိနေသည်မှာ အစစ်အမှန်ဖြစ်ကြောင်း ငြင်းဆို၍ပင်မရသေးပေ။

“သူကအရူးပဲ။ ဒါက နှစ်ဖက်လုံးအတွက် အရှုံးပေါ်မယ့် အခြေအနေမဟုတ်ဘူးလား”

လူတိုင်း အံ့သြသွားကြသည်။ ချူးယွင်ဖန်း သေပြီဟု လူတိုင်းက ထင်ကြသည်။ သူနှင့် အနီးနားရှိ အကွာအဝေးတွင် နျူကလီးယားဗုံးပေါက်ကွဲခဲ့မည်ဆိုပါက သေခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

“ဆရာ…” လင်းချန်ရှိက အောက်နှုတ်ခမ်းကိုကိုက်လျက် ချူးယွင်ဖန်း၏ ပုံရိပ်ကို ဗုံးက ဝါးမြိုသွားသည်ကိုမြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။

ပေါက်ကွဲမှုက နောက်ဆုံးတွင် ငြိမ်သွားသည်။ ထိုအချိန်၌ ပေါက်ကွဲမှုသည် နတ်အဆင့်နှစ်ရာကျော်တို့ကို လုံးဝနီးပါး ချေမှုန်းပစ်ခဲ့သည်။ ငရဲမီးဘုရင်၊ ဂိုဏ်းချုပ်ဝေ့နှင့် စိမ်းလန်းနယ်မြေသခင်တို့သာ ကျန်ရှိတော့သည်။

ပေါက်ကွဲမှုအပြီးတွင် သုံးယောက်သား အလွန်ဆိုးရွားသောအခြေအနေ၌ ရှိနေပြီဖြစ်သည်။

"အဟွတ်… အဟစ်… အဟက်…”

သုံးယောက်သား အပြင်းအထန် ချောင်းဆိုးနေကြကာ ၎င်းတို့၏အဝတ်အစားများနှင့် ပုံစံများလည်း စုတ်ပြတ်နေသည်။ ၎င်းတို့တစ်ဦးဆီတွင် ရတနာ သံချပ်ကာများရှိသည်ဖြစ်သော်လည်း ယခုအချိန်၌ လုံးလုံးလျားလျား ပြိုပျက်သွားပြီဖြစ်သည်။ အင်အားစုကြီးခြောက်ခုအနက် သုံးခု၏ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ အခြေခံအုတ်မြစ်သည် သာမန်နတ်အဆင့်များက မနှိုင်းယှဥ်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။

၎င်းတို့၏ ဘိုးဘေးများက လနှစ်ပေါင်းများစွာ သန့်စင်ထားသည့် ရတနာချပ်ဝတ်များရှိသည်။ ဤချပ်ဝတ်တန်ဆာများသည် အရည်အသွေးမြင့် မှော်ဆန်သော ရှေးဟောင်းပစ္စည်းများဖြစ်ကြကာ အရေးကြီးသောအခိုက်အတန့်တွင် ၎င်းတို့၏အသက်များကို ကယ်တင်ခဲ့သည်။

မှန်သည်။ ထိုအချိန်တိုအတွင်း၌ ၎င်းတို့သုံးဦးသည် မီတာတစ်သောင်းကျော်အဝေးကို ထွက်ပြေးခဲ့ကြကာ ပေါက်ကွဲမှု၏အလယ်၌ မရှိခဲ့ကြပေ။ ဤသို့မှမဟုတ်ပါက ၎င်းတို့၏ သံချပ်ကာဝတ်ထားလျှင်ပင် သတ်ဖြတ်ခံရပေလိမ့်မည်ဖြစ်သည်။

တကယ်တမ်းတွင် ဤနျူကလီးယားဗုံးက မြို့များကို ချေမှုန်းရန်မဟုတ်ဘဲ အလယ်အလတ်တန်းစား ဗုံးတစ်လုံးမျှသာဖြစ်သည်။ ချူးယွင်ဖန်းက ကျန်နတ်အဆင့်တစ်ဝက်ခန့်ကို သုတ်သင်နိုင်မည့် နျူကလီးယားဗုံးကို ထုတ်နိုင်ရန်မဆိုနှင့် မြို့ဖျက်ဒုံးကျည်တစ်စင်းကို ထုတ်ယူကာ သူကိုယ်တိုင်ပစ်လွှတ်ရန် မဖြစ်နိုင်ပေ။

နျူကလီးယားဗုံးသည် နတ်တောင်ကုန်းတစ်ဝိုက်ဧရိယာကို လုံးလုံးလျားလျား ပြားချပ်သွားစေခဲ့ရာ အလယ်အလတ်တန်းစား နည်းဗျူဟာ နျူကလီးယားဗုံးတစ်ခုမျှသာဖြစ်သော်လည်း နူကလီးယားဗုံး၏အစွမ်းကို လူကိုယ်တိုင်မမြင်ဖူးသော နတ်ကုန်းမြေမှလူများကမူ ထိတ်လန့်အံ့သြနေကြရဆဲဖြစ်သည်။

၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားသည် ကမ္ဘာ၏ အဆုံးနှင့်တူသည်။ ဤကဲ့သို့ လက်နက်မျိုးရှိနေသည့်ပြည်ထောင်စုသည် ၎င်းတို့ထင်ထားသကဲ့သို့ မည်သည့်နည်းဖြင့် အင်အားနည်းနိုင်မည်နည်း။ နတ်အဆင့်များက သတိထားလျှင် ဤနျူကလီးယားဗုံးများက ၎င်းတို့ကို အလွယ်တကူ ဖမ်းချုပ်နိုင်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့၏ လက်အောက်ငယ်သာညးများက ပြည်ထောင်စုကို တိုက်ခိုက်ရန် သတ္တိရှိလျှင် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းဖြစ်ပေလိမ့်မည်။ ရှေးဟောင်းနည်းလမ်းများကို အသုံးပြုနေဆဲဖြစ်သည့် နတ်ကုန်းမြေသည် ပြည်ထောင်စုနှင့် မယှဥ်နိုင်ပေ။

၎င်းတို့က ပြည်ထောင်စုတွင် နတ်အဆင့်အနည်းငယ်သာရှိနေသည်ကို သတိပြုမိကြကာ ထိုသို့ ဤမျှအားကောင်းသော လက်နက်ကို ပိုင်ဆိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

ဤသည်က ပြည်ထောင်စု၏တစ်ခုတည်းသော ဝှက်ဖဲမဟုတ်ပေ။ ပြည်ထောင်စုနှင့်နှိုင်းယှဥ်ပါက နတ်ကုန်းမြေ၏ ဂိုဧ်းကြီးခြောက်ခုသည် လုယူမှုများနှင့် မညီမညာသဘောထားကွဲလွဲမှုများရှိသည်။

“နှမျောစရာပဲ။ ချူးယွင်ဖန်းက ငါမြင်ဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးလူဖြစ်နိုင်ပေမယ့် သူရူးသွပ်သွားပြီး သေခြင်းတရားကို ရွေးချယ်ခဲ့တယ်" လမင်းတံခွန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်က ထိတ်လန့်စွာပြောသည်။

သို့သော်လည်း ပေါက်ကွဲမှုကြောင့် ခေါင်းဆောင် သုံးဦး သေဆုံးခဲ့ခြင်း မရှိသည့်အတွက် ပို၍ပင် ဝမ်းနည်းမိနေသည်။ ယခုအချိန်တွင် ၎င်းတို့ကို သတ်လိုက်ခြင်းကပိုကောင်းပေလိမ့်မည်ဖြစ်ရာ ထို့နောက်တွင် ၎င်းတို့က ဂိုဏ်းကြီးသုံးခု၏ ကျန်ရှိသော စွမ်းအားများကို သဘာဝအတိုင်း သိမ်းပိုက်ကာ အင်အားများ သိသိသာသာ တိုးမြင့်လာမည်ဖြစ်သည်။

ဂိုဏ်းချုပ်ဝေ့က ထပ်ခါထပ်ခါ ဟိန်းဟောက်လိုက်သည်။ မသေသော်လည်း အပြင်းအထန်ဒဏ်ရာရခဲ့သဖြင့် ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်အောင် နှစ်များကြာသည်အထိ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်သည်။

ဝေ့မျိုးနွယ်စုမှ နတ်အဆင့်များ သေဆုံးသွားခဲ့ကြကာ ၎င်းတို့မှာ ဝေ့မျိုးနွယ်စု၏ ကျွမ်းကျင်ပညာရှင်များလည်းဖြစ်ကြသဖြင့် ဂိုဏ်းချုပ်ဝေ့သည် နတ်အဆင့်မရှိသော ဝေ့မျိုးနွယ်စု၏ ကံကြမ္မာကိုတွေးလျက် တုန်လှုပ်သွားသည်။

သူသာမက ငရဲမီးဘုရင်နှင့် စိမ်းလန်းနယ်မြေသခင်တို့၏ မျက်နှာများကလည်း ပြာမှုန်များကဲ့သို့မျက်နှာများရှိကြသည်။ အခြေအနေများက ၎င်းတို့ မျှော်လင့်ထားသည်နှ၍့် လုံးလုံးလျားလျားကွဲလွဲနေသောကြောင့် မည်သည့်အရာများဖြစ်ပျက်ခဲ့ကြောင်းကို သိချင်ကြသည်။ ချူးယွင်ဖန်းသည် သေခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ဟု ထင်မြင်ကြသည်။

ချူးယွင်ဖန်းက ရူးသွပ်သွားသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်နည်းလမ်းကို ရုတ်တရက်အသုံးပြုလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ယခု ချူးယွင်ဖန်းကွယ်လွန်သွားသဖြင့် ဒေါသထွက်နေသော်လည်း ဒေါသပြေရန် မည်သူမျှ ရှာမတွေ့ခဲ့ကြပေ။

"မင်းတို့သုံးယောက် အသက်ရှင်နေသေးလား" အနက်ရောင်ဝတ်ရုံဝတ်ထားသည့် ရုပ်သဏ္ဍာန်တစ်ခုသည် သာယာသော်လည်း အံ့အားသင့်နေသည့် အသံနှင့်အတူ လေထဲတွင် ပေါ်လာသည်။

အခန်း(၁၀၄၇) တစ်ယောက်လာရင် တစ်ယောက်သတ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်

ဤအသံသည် နတ်တောင်ကုန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ ၎င်းတို့ ပုံရိပ်မှားမြင်နေကြသည်ဟုထင်လာကြသည်။

၎င်းတို့ မည်သည့်အရာကို မြင်လိုက်ရခြင်းဖြစ်သနည်း။

၎င်းတို့ ချူးယွင်ဖန်းကိုတွေ့လိုက်ကြရခြင်းဖြစ်သည်။

သူသည် နျူကလီးယားပေါက်ကွဲမှုမှ လွတ်မြောက်ရုံသာမက၊ ပိုအရေးကြီးသည်မှာ ဂိုဏ်းချုပ်ဝေ့၊ ငရဲမီးဘုရင် သို့မဟုတ် စိမ်းလန်းနယ်မြေသခင်ကဲ့သို့ သနားစဖွယ်ကောင်းနေသည့်ပုံမပေါ်ပေ။ သူသည် လုံးလုံးလျားလျား ရှင်းရှင်းလင်းလင်းနှင့် မည်သည့်အရာကမျှ မထိထားသကဲ့သို့ ဖြစ်နေသည်။

နျူကလီးယာဗုံးမထိသေးခင်က သူ့ပုံစံအတိုင်းပင်ဖြစ်သည်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ” မျိုးနွယ်စုခေါင်းဆောင်ဝေ့၏ မျက်လုံးများ ပြူးကျယ်သွားကာ

သူ၏အမူအရာ အေးခဲသွားသည်။ ချူးယွင်ဖန်းသေပြီဟု သူထင်ခဲ့သည်။ ဤမျှကြီးမားသောတန်ကြေးကို ပေးဆောင်ခဲ့ရသော်လည်း သူ အနည်းဆုံးအနေဖြင့် အမြတ်အစွန်းအချို့ ရှိခဲ့သင့်သည်။

သို့သော် ချူးယွင်ဖန်းက အသက်ရှင်နေသေးသည်ဟု မည်သူက ထင်မည်နည်း။ သူ မသေရုံသာမက ပေါက်ကွဲမှုကြောင့် လုံးလုံးလျားလျား ထိခိုက်မှုမရှိသဖြင့် အလွန် ထိတ်လန့်လျက်ရှိကြသည်။

သူတို့သည် ပြင်ပမှ ပေါက်ကွဲခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်နှင့် အဖျက်စွမ်းအားကို ခံစားနိုင်သည်။ မည်သူမျှ မရှင်သန်နိုင်ခဲ့ကြပေ။ ထို့ကြောင့် လူတိုင်းက ချူးယွင်ဖန်း သေရလိမ့်မည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။

“ဆရာ ဘုရားရေ… ကျေးဇူးပါ”

လင်းချန်ရှိက အလွန်ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်နေသည်။ ချူးယွင်ဖန်းသေပြီဟု သူမထင်ခဲ့သည်။ ချူးယွင်ဖန်းအကြောင်း အတွေးများစွာဖြင့် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။ ယခုမူ ၎င်းတို့အားလုံးက သေပြီဟုထင်ခဲ့ကြသော ချူးယွင်ဖန်းကပြန်ပေါ်လာသည်။ ဤသည်ကို ခဏမျှသာ တွေးခဲ့ခြင်းဖြစ်သော်လည်း ရာစုနှစ်တစ်ခုကဲ့သို့ ခံစားခဲ့ရသည်။

ချူးယွင်ဖန်းက လေဟာနယ်ထဲမှ ပြန်ပေါ်လာသည်။ အပူချိန်က အလွန်အမင်း ပူနေဆဲဖြစ်ရာ ပေါက်ကွဲမှု၏ နောက်ဆက်တွဲရလဒ်မှာ ဆိုးရွားနေဆဲဖြစ်သော်လည်း သူကဲ့သို့ ကျင့်ကြံရေးအဆင့်ရှိသူအတွက်မူ ထိခိုက်မှု မရှိခဲ့ပေ။

သူသည် ဂိုဏ်းချုပ်ဝေ့၊ ငရဲမီးဘုရင်နှင့် စိမ်းလန်းနယ်မြေသခင်တို့နောက် မိုင်ထောင်ပေါင်းများစွာသို့ မျက်စိတစ်မှိတ်အတွင်းလိုက်ကာ အံ့သြတကြီးဖြင့် ကြည့်လိုက်သည်။ ၎င်းတို့ သုံးဦးသည် ပေါက်ကွဲမှု ဧရိယာနှင့် အနီးဆုံးဖြစ်ခဲ့သော်လည်း ၎င်းတို့ မသေဆုံးသေးပေ။

သို့သော်လည်း သူသည် ၎င်းတို့ သုံးဦးပေါ်ရှိ ချပ်ဝတ်တန်ဆာ ပျက်ဆီးသွားသည်ကို ချက်ချင်း သတိထားမိသဖြင့် ပြင်းထန်သော ပေါက်ကွဲမှုကို ဟန့်တားရန် ချပ်ဝတ်တန်ဆာကို အသုံးပြုခဲ့ကြောင်း ချက်ချင်း နားလည်ခဲ့သည်။

ထို့အပြင် ၎င်းသည် မြို့တစ်မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် အသုံးပြုသည့် နျူဗုံးအမျိုးအစားမဟုတ်သောကြောင့် ၎င်းတို့အား ပေါက်ကွဲမှု၏ အလယ်ဗဟိုမှ လွတ်မြောက်ကာ ရှင်သန်နိုင်စေခဲ့သည်။ အဓိကမှာ ၎င်းတို့က အခြားသူများထက် ပိုမိုသန်မာသောကြောင့်ပင်ဖြစ်သည်။

အခြားသူများကသာ ချပ်ဝတ်တန်ဆာကို အမြတ်တနိုးဝတ်ထားလျှင် ကျင့်ကြံရေးအဆင့်နိမ့်ကျပါက ပေါက်ကြွမှု၏ အလယ်တွင်ရှိနေလျှင် မလွတ်မြောက်နိုင်ဘဲ သေဆုံးရပေလိမ့်မည်။

ချူးယွင်ဖန်းက လူတိုင်း၏ ထိပ်လန့်တုန်လှုပ်သော အမူအရာများကိုမြင်လိုက်ရကာ သူ့မျက်နှာပေါ်တွင် ကျေနပ်သောအပြုံးတစ်ခုပေါ်လာသည်။ ဤသည်က သူ နျူကလီယားဗုံးကို အသုံးပြုခဲ့ရသည့် အ‌ကြောင်းအရင်းပင်ဖြစ်သည်။

သူ၏ ကျင့်ကြံမှုက တစ်လှမ်းချင်း တိုးတက်ခဲ့ကာ နတ်အဆင့် ဆဌမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ဤသည်က သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ဖွဲ့စည်းမှုကို ဆန့်ကျင်နိုင်သည်။

သို့သော် နျူကလီးယားဗုံးကို မဆိုင်းမတွ ပစ်လွှတ်ခဲ့သေးသည်။ သူသည် ဝင်စွက်ဖက်ခြင်းမပြုရသေးသည့် ကျန်သုံးဂိုဏ်းကို သတိပေးလိုခြင်းလည်းဖြစ်ရာ ပြည်ထောင်စုတွင် သူ့ကို ထိပ်တန်း သခင်တစ်ဦးအဖြစ်ရှိရုံသာမက ၎င်းတို့၏အသတ်များကို သုတ်သင်ပစ်နိုင်သည့် နည်းပညာများလည်း ပါရှိသည်။

အကယ်၍ ပြည်ထောင်စုက ၎င်းတို့နှင့်အတူ အသေခံရန် ရည်ရွယ်ချက်ရှိလျှင် အကြီးစား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဆင်နွှဲရန် မြို့အနှံ့ နျူကလီးယားဗုံးများကို အသုံးပြုနိုင်မည်ဖြစ်သည်။ မည်မျှပင်လျင်မြန်သည်ဖြစ်စေ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ဤကြောက်မက်ဖွယ် လက်နက်၏ ဝါးမြိုမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

၎င်းတို့နှင့် ပြည်ထောင်စုကြားကွာဟချက်ကို နားလည်ခွင့်ပေးမှသာ ယုံကြည်လာကြလိမ့်မည်ဖြစ်သည်။

ထို့အပြင် အကျိုးသက်ရောက်မှုက အမှန်ပင် ထူးခြားလှသည်။

လူတိုင်းက ကြောက်လန့်တကြားဖြစ်နေကြချိန်တွင် စာရွက်ပေါ်က အချက်အလက်များကဲ့သို့သာ သိခဲ့သော နူကလီးယားဗုံးက ၎င်းတို့ သေရန် အနီးနားဆုံးအကွာအဝေးတွင် ပေါက်ကွဲသွားသည်။

၎င်းတို့လုပ်ခဲ့သော လှည့်ကွက်များက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဤနျူကလီးယားပေါက်ကွဲမှုကြောင့် ပြည်ထောင်စုကို သိမ်းပိုက်လိုသည့် ၎င်းတို့၏ ယခင်ကစိတ်ကူးများသည် အလွန်ရိုးရှင်းနေကြောင်း နတ်ကုန်းမြေကို နားလည်စေခဲ့သည်။

'ပေါက်ကွဲတာကို သူဘယ်လိုရှောင်သွားတာလဲ’ လူတိုင်းကတွေးနေကြသည်။

ချူးယွင်ဖန်း၏အသွင်အပြင်ကိုကြည့်လျှင် သူသည် ပေါက်ကွဲအားကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းမဟုတ်ပေ။ နတ်ဘုရားတစ်ပါးကပင် ဤအဆင့်ပေါက်ကွဲမှုကို ထိပ်တိုက်ခံယူရန် မဖြစ်နိုင်ပေ။

ထိုသို့ဆိုပါက သူရှောင်ပြေးသွားခဲ့ခြင်းဖြစ်နိုင်သည်။

သို့သော် မည်သို့နည်း။

“နားလည်ပြီ။ ဒါ နေရာလွတ်ကိရိယာရှိနေတာပဲ” အဆုံးမဲ့စခန်း၏ ဂိုဏ်းခေါင်းဆောင်က အော်သည်။

ချူးယွင်ဖန်းသည် သူ့ကို လူများထံမှ ဖုံးကွယ်ထားနိုင်သော မမြင်နိုင်သော နေရာလွတ်ဆိုင်ရာကိရိယာတစ်ခု ရှိရမည်ကို လူတိုင်း နားလည်ခဲ့သည်။ ၎င်းတို့၏ နက်နဲသောအမွေအနှစ်များရှိသည့် နတ်ကုန်းမြေတွင်ပင် ဤသို့ နည်းပညာမျိုးမရှိပေ။

နတ်ကုန်းမြေတစ်ခွင်တွင် နေရာလွတ်ဆိုင်ရာကိရိယာများစွာရှိသော်လည်း ၎င်းတို့အတွင်း၌ သက်မဲ့အရာဝတ္ထုများကိုသာ ထားနိုင်ကြသည်။ အသုံးပြုသူကိုယ်တိုင် မဆိုထားနှင့် သက်ရှိအရာများကို ထည့်သွင်း၍မရပေ။ ချူးယွင်ဖန်း၏ နေရာလွတ်ကိရိယာအဆင့်သည် မယုံကြည်နိုင်ဖွယ်ဆင့်သို့ရောက်နေပြီဟုပင် ဆိုလိုနိုင်သည်။

လူများစွာ၏မျက်လုံးများသည် လောဘအရိပ်အမြွက်ပြသွားသော်လည်း ၎င်းတို့က လျင်မြန်စွာ ရှင်းလင်းမှုကို ပြန်လည်ရရှိခဲ့ကြသည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိ၍ ၎င်းတို့ ဤအရာကိုတွေ့ရှိခဲ့ပါက ချက်ချင်းပင် လုယူကြမိမည်ဖြစ်သည်။

ယခုမူ ချူးယွင်ဖန်းက ၎င်းတို့ကို အလွယ်တကူ သတ်ပစ်နိုင်သော ကြောက်မက်ဖွယ် ကျွမ်းကျင်သူဖြစ်နေသည်။ ဤသို့သော အတွေးမျိုးကို ၎င်းတို့ မည်ကဲ့သို့ သတ္တိရှိရှိ‌ တွေးနိုင်ကြလိမ့်မည်နည်း။

ဤသည်ကိုတွေးပြီးသည့်နောက် ချူးယွင်ဖန်းက အဘယ်ကြောင့် မဆိုင်းမတွဘဲ နျူကလီယားဗုံးကို သတ္တိရှိရှိ ပစ်လွှတ်လိုက်သည်ကို လူအများ နားလည်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူရှောင်တိမ်းနိုင်ရန် ရာနှုန်းပြည့်သေချာနေသောကြောင့်ဖြစ်သည်။

"မင်းတို့သုံးယောက်က တကယ်ကံကောင်းတာပဲ၊ မင်းတို့ကောင်တွေ ပိုးဟပ်တွေလား" ချူးယွင်ဖန်းက သူတို့သုံးယောက်ကို လှောင်ပြောင်ပြောဆိုသည်။

"ချူးယွင်ဖန်း၊ လူတွေအများကြီးကို သတ်လိုက်တာ နတ်ကုန်းမြေကို ဒေါသဖြစ်စေမှာ မစိုးရိမ်ဘူးလား” စိမ်းလန်းနယ်မြေသခင်က ကြုံးဝါးလိုက်ရာ နတ်တောင်ကုန်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ အခြားနတ်အဆင့်များက ၎င်းတို့ကို ကူညီရန် ဆန္ဒရှိမည်ဟု မျှော်လင့်ထားသည်။ သို့သော် လူတိုင်းက ခေါင်းငုံ့ကာ မသိချင်ယောင်ဆောင်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ဤမျှ ကြောက်မက်ဖွယ်သတ်ဖြတ်နည်းကို ပြသခဲ့ပြီးနောက်တွင် မဆိုနှင့်၊ ယခင်ကတည်းက ရှေ့သို့တိုးရန် ဆန္ဒမရှိခဲ့ကြပေ။

‘သေလူတစ်ယောက်အတွက် ၎င်းတို့အသက်ကိုစွန့်ခိုင်းနေခြင်း… ဟာသပဲ’

"မင်းလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

“လူတစ်ယောက် ထွက်လာဖို့ သတ္တိရှိရင် ငါသတ်ပစ်မယ်။ နှစ်ယောက်ထွက်လာရင် နှစ်ယောက်လုံးကိုသတ်မယ်”

ချူးယွင်ဖန်း၏ စကားလုံးများက ကျန်ရှိသော နတ်အဆင့် ကျွမ်းကျင်သူများကို အနည်းငယ် ဒေါသထွက်စေခဲ့သော်လည်း မည်သူမျှ ရှေ့မတိုးဝံ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စိမ်းလန်းနယ်မြေသခင်ရှေ့သို့ရောက်လာကာ လေထုကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်ပြီးနောက် “ဝှစ်” ဟူသောအသံနှင့်အတူ လေက ဓားအလင်းအဖြစ်သို့ပြောင်းလဲသွားသည်။

ဓားအလင်းသည် စူးစူးရှရှ အေးစက်နေကာ ကြောက်မက်ဖွယ် ဓားရောင်ဝါက စိမ်းလန်းနယ်မြေသခင်၏ အထက်တွင်သာရှိနေသည်။

စိမ်းလန်းနယ်မြေသခင်သည် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ပြင်းထန်စွာဒဏ်ရာရရှိနေပြီဖြစ်သည်။ သူ့တွင် ပြန်လည်ခုခံနိုင်စွမ်းမရှိသည့်အပြင် ချူးယွင်ဖန်းက သူ့ကို အလွယ်တကူသတ်ပစ်လိုက်သည်။

All Chapters