← Chapters

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇-၁၀၅၉)

Vol. 71 Ch. 1057-1059

အခန်း (၁၀၅၇) ပြည်ထောင်စု၏ ဝှက်ဖဲ၊ စူပါစက်လက်နက်

၎င်းတို့၏ ဝိညာဉ်ရေးမဏ္ဍိုများ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံရကြောင်း မြင်တွေ့ရခြင်းသည် ပြည်ထောင်စု၏ စိတ်ဓာတ်အင်အားကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။ ဤသည်မှာ ပြည်ထောင်စုအတွက် နိဂုံးဟုပင် အများစုက ထင်မှတ်လာလိမ့်မည်။ ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်း လွတ်မြောက်သွားလျှင်ပင် ပြင်းထန်စွာ ထိခိုက်သွားနိုင်ဆဲဖြစ်သည်။

အကျိုးဆက်ကို ထည့်သွင်းစဉ်းစား၍ လူအများကြားတွင် ခုခံမှုမဖြစ်စေဘဲ ပြည်ထောင်စုကို လွှဲပြောင်းယူရန် ဆုံးဖြတ်ခဲ့သည့် နတ်ကုန်းမြေနှင့် မတူညီပေ။ သို့ရာတွင်၊ အဏ္ဏဝါမျိုးနွယ်စုများနှင့် အနန္တနတ်ဆိုးတောင်တန်းတို့အတွက် ကွဲပြားခြားနားပေသည်။ ၎င်းတို့သည် ပြည်ထောင်စုကို ဖျက်ဆီးကာ ခွန်းလွန်နယ်မြေရှိ လူသားများကို သုတ်သင်ချင်ကြသည်။ ၎င်းတို့သည် တန်ပြန်တိုက်ခိုက်၍ ကမ္ဘာမြေကို ထိုးဖောက်ဝင်ရောက်ချင်နေကြသည်။

ဤသည်မှာ အပြင်းထန်ဆုံး ရန်သူသာဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စုကို မအုပ်ချုပ်နိုင်သောကြောင့် အကြောင်းကိစ္စ အများအပြားကို ထည့်မစဉ်းစားကြပေ။ ထို့အပြင် ပြည်ထောင်စုကို အုပ်စိုးခြင်းသည် ၎င်းတို့အတွက် အဓိပ္ပာယ်မရှိပေ။ ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောလမ်းကြောင်းသည် ပြည်ထောင်စုကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။

"ဘယ်လိုတောင် ဆိုးရွားတဲ့ အစီအစဉ်လဲ" ချူးယွင်ဖန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"တန်မိသားစုခေါင်းဆောင်နဲ့ ပတ်သက်တဲ့ သတင်းရော တွေ့သေးလား" နောက်ဆုံးတွင် သူ၏ စိတ်ထဲတွင် အမြဲရှိနေခဲ့သည့် မေးခွန်းကို မေးမြန်းလိုက်သည်။

"မတွေ့သေးဘူး၊ အနက်ရောင်နဂါးဘုရင်နဲ့ ပတ်သက်တဲ့ သတင်းကိုပဲ တွေ့ခဲ့တာပါ။ ဒါပေမယ့် ကောလာဟလတွေအရ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်လို့တော့ကြားတယ်၊ အခုလောလောဆယ်တော့ သတင်းကောင်း မရှိသေးပါဘူး။ သတင်းရှိလာတာနဲ့ သူတို့တွေ အင်တာနက်ပေါ်မှာ သေချာပေါက် တင်ကြမှာပါ" ပိုင်ဝမ်က ရှင်းပြသည်။

ချူးယွင်ဖန်းသည် အတန်ကြာစဉ်းစားပြီးနောက် သဘောတူလိုက်သည်။ သူသည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အခြေနေသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ပြန်လည်ပြုပြင်၍ မရနိုင်ခြင်းမဟုတ်ပေ။

“ဒီလိုအရေးကြီးကိစ္စတစ်ခုဖြစ်သွားတာ ရက်တော်တော် ကြာနေပြီ။ ပြည်ထောင်စုအစိုးရအနေက ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလား”

"အဏ္ဏဝါမျိုးနွယ်စုနဲ့ စစ်ပွဲစဖို့ မစဖို့ကို ပြည်ထောင်စုက စဉ်းစားနေတုန်းပဲ။ အခုချိန်မှာ ပြည်ထောင်စုက အင်အားကြီး အနန္တနတ်ဆိုးတောင်တန်းကို တိုက်ခိုက်နေတုန်းလေ။ အဏ္ဏဝါမျိုးနွယ်စုနဲ့ ထပ်ပြီး တိုက်ခိုက်ရင် အနိုင်ရဖို့ အလားအလာနည်းမှာကို စိုးရိမ်မိတယ်" ပိုင်ဝမ်က စိုးရိမ်စွာ ပြောလိုက်သည်။

ပြည်ထောင်စုအစိုးရသည် အဖွဲ့နှစ်ဖွဲ့ ကွဲထွက်နေကြောင်း ချူးယွင်ဖန်း တွေ့ရှိလိုက်ရသည်။ တစ်ဖွဲ့သည် စစ်ပွဲကို လိုလားကြစဉ် ကျန်တစ်ဖွဲ့သည် အဏ္ဏဝါမျိုးနွယ်စုနှင့် ငြိမ်းချမ်းရေးစာချုပ်ကို လိုလားနေကြသည်။ အဏ္ဏဝါမျိုးနွယ်စုနှင့် အနန္တနတ်ဆိုးတောင်တန်းတို့သည် ပြည်ထောင်စုကို ဖိနှိပ်ရန် အင်အားစုများ ပူးပေါင်းခဲ့ကြရာ၊ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဖြစ်သည်။ ရှောင်တိမ်းချင်လျှင်ပင် ရှောင်တိမ်းရန်မဖြစ်နိုင်ပေ။ ယခုအခါ တစ်ခုတည်းသော နည်းလမ်းသည် တိုက်ခိုက်ရန်သာဖြစ်သည်။

ငြိမ်းချမ်းရေး ကြိုးပမ်းသည့် အဖွဲ့ဘက်တွင်မူ လက်ရှိ အားနည်းနေသည့် ပြည်ထောင်စုသည် ယခုအခါ နတ်အဆင့်ကျွမ်းကျင်သူ အများအပြား ကျဆုံးသွားခြင်းကြောင့် အင်အားစုကြီးနှစ်ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် မတတ်နိုင်ပေ။ ၎င်းတို့သည် အလျင်စလို လုပ်ဆောင်ရန် မသင့်ပေ။

“ဒီလိုအချိန်မျိုးမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုက အထောက်အကူဖြစ်မယ်လို့ ထင်နေကြသေးလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

သူသည် ဤလူများ၏ အတွေးများကို နားမလည်သောကြောင့် ဖြစ်နိုင်သည်။ ပြည်ထောင်စုသည် အဏ္ဏဝါမျိုးနွယ်စုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသရွေ့ အဏ္ဏဝါမျိုးနွယ်စုက အနန္တနတ်ဆိုးတောင်၏ဘက်တွင် မရပ်တည်ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ပြည်ထောင်စုကို ဖျက်ဆီးမှုမှ ရရှိလာသည့် အကျိုးအမြတ်သည် ပြည်ထောင်စုက အဏ္ဏဝါမျိုးနွယ်စုကို လာဘ်ထိုးရန် ကမ်းလှမ်းသည့် အကျိုးအမြတ်ထက် ပို၍ အကျိုးရှိနေကြောင်း ထိုလူများ မည်သည့်အခါမှ တွေးမိကြမည် မဟုတ်ပေ။

ထိုသို့ပြုလုပ်ခြင်းသည် ပြည်ထောင်စုနှင့် လုံးလုံးလျားလျား ရန်သူဖြစ်သွားမည်ကို အဏ္ဏဝါမျိုးနွယ်စုက သိထားသည်။ ဤသို့ဆိုလျှင်ပင် ပြုလုပ်ခဲ့သောကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်ရစ်တော့သည်။ ၎င်းတို့သည် နှစ်ဦးနှစ်ဖက် တိုက်ပွဲဆင်နွှဲရန် စီစဉ်ထားပြီးသားဖြစ်ပေသည်။ သို့သော်လည်း ပြည်ထောင်စုသည် ၎င်းတို့၏ခံတပ်ကို ထိန်းသိမ်းမည့် ခေါင်းဆောင် သို့မဟုတ် သြဇာရှိသူတစ်ဦး လိုအပ်သောကြောင့် ဖြစ်လေသည်။ ၎င်းတို့ တစ်ဦးချင်းစီ၏ အတွေးအမြင်များကို သဘောမတူနိုင်ဘဲ အချင်းချင်း ငြင်းခုံနေကြသည်။ ဤသည်မှာ ဒီမိုကရေစီ၏ အားနည်းချက်ဖြစ်သည်။

"ကယ်ဆယ်ရေးလုပ်ငန်းရော စပြီးပြီလား" ချူးယွင်ဖန်းက မေးလိုက်သည်။

"သူတို့ကို ကယ်ဆယ်ဖို့ ကျုပ်တို့ဘက် တတ်နိုင်သမျှ တပ်ဖွဲ့ဝင်တွေကို စုစည်းထားပြီးသားပါ။ ဒါပေမယ့် အနန္တနတ်ဆိုးတောင်တန်းနဲ့ အဏ္ဏဝါမျိုးနွယ်စုက ပြင်ဆင်ထားတာ တော်တော် ကြာနေလောက်ပြီ။ ကျုပ်တို့လူတွေကို အပျက်အစီးတွေရဲ့ အဖျားနားမှာ ကြားဖြတ်တိုက်ခိုက်နေကြတော့ ကျုပ်တို့လူတွေ အထဲကို ဖောက်မဝင်နိုင်ကြဘူး" ပိုင်ဝမ်က စိုးရိမ်တကြီး ပြောလေသည်။

ပြီးနောက် ဗီဒီယိုတစ်ခုကို ချူးယွင်ဖန်းထံ အလျင်အမြန် ပြသလိုက်သည်။ ပြည်ထောင်စုစစ်တပ်ကို စေလွှတ်လိုက်သည့် အဆုံးမဲ့ပင်လယ်၏အထက်တွင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို စတင်လိုက်သည်။ အမျိုးမျိုးသော စစ်သင်္ဘောများ၊ ရေအောက် သင်္ဘောများနှင့် စက်လက်နက်များသည် ကောင်းကင်ကို ဖုံးအုပ်နေခဲ့ရာ၊ နေမင်းကိုပင် မှေးမှိန်သွားစေသည်။

သို့သော် ဤသည်မှာ အဆုံးမဲ့ပင်လယ်၏ ဒေသဖြစ်သည်။ အဏ္ဏဝါမျိုးနွယ်စုများသည် ထိုနေရာတွင် ပို၍ပင် အဆုံးမရှိ များပြားလှပေသည်။ မရေတွက်နိုင်သော ဉာဏ်ရည်နိမ့် ပင်လယ်သားရဲများသည် ပင်လယ်မျက်နှာပြင်တွင် စဉ်ဆက်မပြတ် ပြည့်နှက်နေကာ ပြည်ထောင်စုတပ်မတော်၏ ချီတက်မှုကို ပိတ်ဆို့ထားခဲ့သည်။ ၎င်းတို့အားလုံးကို မြန်မြန်ဆန်ဆန် သတ်ဖြတ်ပစ်ရန် မဖြစ်နိုင်ပေ။

အနန္တနတ်ဆိုးတောင်တန်း၏ လွန်းပျံယာဉ်များသည် ကောင်းကင်ယံတွင် ပေါ်ပေါက်လာကြ၍ ပြည်ထောင်စု၏ ရေတပ်များ အပျက်အစီးထဲသို့ မဝင်ရောက်စေရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေကြသည်။ မရေတွက်နိုင်သော ဝေဟင် မွန်းစတားများသည် နေရာပေါင်းစုံမှ ရောက်ရှိလာကြရာ၊ ၎င်းတို့သည် ကောင်းကင်ကိုပင် လွှမ်းခြုံသွားကြ၍ စက်လက်နက်များစွာကို တိုက်ခိုက်နေကြသည်။

စစ်မြေပြင်သည် အလွန် ဆိုးရွားဖွယ်ကောင်းလှသည်။ မရေတွက်နိုင်သော မွန်းစတားများသည် အချိန်တိုင်းတွင် သေဆုံးသွားကြ၍ စက်လက်နက်အများအပြားသည်လည်း ပေါက်ကွဲသွားကြသည်။ ၎င်းတို့အတွင်းရှိ လူသားကျွမ်းကျင်သူများသည် သားရဲများ၏ဝမ်းထဲသို့ ကျရောက်သွားကြသည်။ မရေတွက်နိုင်သော မွန်းစတားများသည် ရေထဲတွင်ရှိသော စစ်သင်္ဘောများနှင့် ကောင်းကင်ယံရှိ စစ်လွန်းပျံများကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ တစ်ဖက်သည် ကျွမ်းကျင်သူများကို ကယ်တင်ရန် အဆုံးကုန်ကြိုးစားနေကြ၍ အခြားတစ်ဖက်ကမူ ၎င်းတို့ကို တားဆီးရန်အတွက် အသက်စွန့် တိုက်ခိုက်နေကြသည်။

"နတ်အဆင့် မွန်းစတားတွေပါ ပါတာလား" ချူးယွင်ဖန်းက စူးစိုက်၍ ကြည့်လိုက်သည်။

သူသည် စစ်မြေပြင်တွင် ပြည်ထောင်စုတပ်မတော်ကို ရပ်တန့်ရန် အစွမ်းကုန် တိုက်ခိုက်နေသည့် နတ်အဆင့် မွန်းစတားများနှင့် အဏ္ဏဝါမျိုးနွယ်စု ကျွမ်းကျင်သူအများအပြားကို မြင်တွေ့လိုက်သည်။ ဤသို့မှမဟုတ်လျှင် ထိုမွန်းစတားနှင့် ပင်လယ်သားရဲများဖြင့်ပင် ပြည်ထောင်စုတပ်မတော်၏ ချီတက်မှုကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

ထိုနတ်အဆင့် မွန်းစတားများသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ စစ်သင်္ဘောတစ်စင်းက များပြားလှသော အင်အားကြီးအမြောက်ကျည်များဖြင့် တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့သော်ငြား ၎င်းတို့၏ အရိပ်များကို ဖမ်းမိရန်ပင် ခက်ခဲနေသည်။ သာမန် စက်လက်နက်များသည် ပို၍ပင် အားနည်းနေလေ၏။ မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စက်လက်နက်များသည် ဤနတ်အဆင့် မွန်းစတားများအရှေ့တွင် အလွန် ကျိုးပဲလွယ်နေသည်။ ၎င်းတို့သည် နတ်အဆင့် မွန်းစတားများ၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခုခံနိုင်ကြပေ။

ရက်အနည်းငယ် တိုက်ခိုက်မှုအတွင်း ဆုံးရှုံးမှုများသည် တပ်မတော်တစ်ခုလုံး၏ အင်အားထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ နတ်အဆင့် ကျွမ်းကျင်သူများသည် အလွန်အရေးကြီးသောကြောင့် ပြည်ထောင်စုသည် ၎င်းတို့ကို အစွမ်းကုန် ကယ်တင်ရမည်ဖြစ်သည်။ သို့မှမဟုတ်ပါက ဤမျှကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသည်နှင့် စွန့်လွှတ်လိုက်ကြပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရလဒ်များသည် ထိုက်တန်မည် မဟုတ်ပေ။

အမှန်တကယ်ပင်၊ အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုသည်လည်း ဆုံးရှုံးမှု ကြီးမားစွာ ခံစားခဲ့ရသော်လည်း မရေတွက်နိုင်သော မွန်းစတားများနှင့် ပင်လယ်သားရဲများကို စစ်မြေပြင်သို့ ပို့ဆောင်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် အရှုံးမပေးချင်ကြပေ။

"ဟုတ်တယ်။ ဒီနတ်အဆင့် မွန်းစတားတွေက တိုက်ခိုက်ရ ခက်ခဲလွန်းတယ်" ပိုင်ဝမ်က ခေါင်းခါလိုက်သည်။

"ကျုပ်တို့မှာ သူတို့ကို တိုက်ခိုက်ဖို့ စစ်တပ်အင်အား မရှိဘူး"

"သိပ္ပံအကယ်ဒမီမှာ စူပါစက်လက်နက်တွေ တီထွင်တာ အောင်မြင်ခဲ့တယ် မဟုတ်ဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။

သူ၏ရာထူးအဆင့်အတန်းအရ အခြားလူများ မသိသေးသော လျှို့ဝှက်ချက်များစွာကို သဘာဝကျကျ သိရှိထားသည်။ ၎င်းတို့ထဲရှိ တစ်ခုသည် ပြည်ထောင်စုက သုတေသနပြု တီထွင်ထုတ်လုပ်ခဲ့သည့် စူပါစက်လက်နက်များဖြစ်၍ ၎င်းသည် နတ်အဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်ရေးစွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

မှန်ကန်စွာပြောရမည်ဆိုလျှင် ဤကဲ့သို့သော စက်လက်နက်ကို တီထွင်ရန် မခက်ခဲလှပေ။ အမျိုးမျိုးသော အဆင့်မြင့်နည်းပညာများကို စုဆောင်းခြင်းဖြင့် ထိုလက်နက် အနည်းငယ်ကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုတွင် ပြဿနာရှိနေသည်။ နတ်ကုန်းမြေ၊ အနန္တနတ်ဆိုးတောင်တန်း၊ အဏ္ဏဝါမျိုးနွယ်စုနှင့် နှိုင်းယှဉ်ပါက ပြည်ထောင်စု၏ အကြီးမားဆုံး အားသာချက်သည် နည်းပညာမြင့် လက်နက်မျိုးစုံကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စစ်တပ်၏ အံ့သြဖွယ်စွမ်းရည်ဟု လူသိများသည်။

အစုလိုက်အပြုံလိုက် မထုတ်လုပ်နိုင်ခဲ့ပါက ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကွာခြားမှုများစွာရှိလာမည်မဟုတ်ပေ။ ဤစက်လက်နက်အချို့သည် အကြီးစား တိုက်ပွဲများတွင် အဆုံးအဖြတ်ပေးနိုင်မည့် အခန်းကဏ္ဍတွင် မပါဝင်နိုင်ဘဲ အလွန် လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်သော်လည်း ယေဘူယျအားဖြင့်၊ ၎င်းသည် လူသားများ လက်တလော ထုတ်လုပ်နိုင်သည့် ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအင်ဖြစ်သည်။

အခန်း (၁၀၅၈) နျူကလီးယားဗုံးတွေကို ပစ်လွှတ်လိုက်၊ ကျုပ် သူတို့အားလုံး သေတာကို မြင်ချင်တယ်

ထိုသို့သော အခြေအနေမျိုးတွင် တိုက်ပွဲ၌ စူပါစက်လက်နက် အနည်းငယ်ရှိနေခြင်းသည် မရှိခြင်းထက် ပိုကောင်းပေသည်။ ပြည်ထောင်စုတွင် ထိုသို့သော ဝှက်ဖဲကို လူအများစုက မသိကြပေ။ ယခုအခါ ပြည်ထောင်စု၏ စွမ်းအင် မြင့်တက်လာပြီဖြစ်သောကြောင့် စူပါစက်လက်နက်များ အမြောက်အမြား ထုတ်လုပ်ရန် အချိန်လုံလောက်ပါက၊ အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုကို အဆုံးသတ်ရန် အချိန်အတိုင်းအတာတစ်ခုသာ ကျန်ရစ်ပေလိမ့်မည်။

သို့သော်လည်း အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုသည်လည်း တစ်စုံတစ်ခုကို သတိပြုမိခဲ့သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် ပြည်ထောင်စုနှင့် အချိန်ဖြုန်းတီးရန် ရည်ရွယ်ချက်မရှိပေ။ ပြည်ထောင်စု၏ ထူခြားစွာ ခုန်ပျံကျော်လွှား၍ တိုးတက်လာသော နိုင်ငံတော်အာဏာ ဖွံ့ဖြိုးမှုနှင့် နှိုင်းယှဉ်ပါက အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စု၏ တိုးတက်မှုသည် များစွာ သေးငယ်လှသည်။

"ရှေ့တန်းကို စူပါစက်လက်နက်ငါးခု စေလွှတ်ခဲ့ပေမယ့် အခု ငါးခုထဲက သုံးခု ဖျက်ဆီးခံလိုက်ရပါတယ်" ပိုင်ဝမ်က မချိပြုံးပြုံးလျက် ပြောလိုက်သည်။

"စစ်ပွဲမှာ မွန်းစတားတွေ အရမ်းများတယ်။ စူပါစက်လက်နက်တစ်ခုစီတိုင်း နတ်အဆင့် မွန်းစတားတွေနဲ့ ရင်ဆိုင်နေရတော့ စက်လက်နက် ငါးခုထဲက သုံးခုက ရက်အနည်းငယ်အတွင်းမှာပဲ ပျက်စီးသွားခဲ့တယ်။ ကျန်တဲ့နှစ်ခုက စစ်သင်္ဘောတွေနဲ့ လွန်းပျံယာဉ်တွေကို ခုခံကာကွယ်ဖို့ ကူညီပေးနေတော့ တိုက်ခိုက်လို့မရပါဘူး"

"တခြား စူပါစက်လက်နက်တွေကတော့ မတူညီတဲ့ နေရာတွေကို စောင့်ကြပ်နေရပါတယ်။ အနန္တနတ်ဆိုးတောင်တန်းနဲ့ အဏ္ဏဝါမျိုးနွယ်စုတွေရဲ့ တပ်တွေက ဒီနေရာမှာပဲ လှုပ်ရှားနေတာမဟုတ်ဘဲ အဆုံးမဲ့ ပင်လယ်ကမ်းရိုးတန်းနဲ့ လူသား-မွန်းစတား စစ်မြေပြင်မှာလည်း လှုပ်ရှားနေကြတာပါ။ ကျုပ်တို့ စစ်တပ်တွေကို အခုထက် ပိုပြီး စည်းရုံးလို့ မရပါဘူး"

အဆုံးမဲ့ပင်လယ်ပြင်ရှိ အပျက်အစီးများတွင် နတ်အဆင့်များ ပျောက်ဆုံးသွားသဖြင့် ပြည်ထောင်စု၏ ထိပ်တန်းတပ်ဖွဲ့အသီးသီး၏ ဖြန့်ကြက်မှုများ ပါးလွှာလာကြောင်း ချူးယွင်ဖန်း နားလည်နိုင်သည်။

“ထိပ်တန်းကျွမ်းကျင်သူတွေ အများကြီးစုရုံးပြီး သွားကြတာကို အပျက်အစီးထဲမှာ ပျောက်သွားတယ်ဆိုတော့ ကျုပ်တို့ကြားမှာ သူလျှိုတစ်ယောက် ရှိနေရမယ်။ သတင်းဖြန့်တာ ဘယ်သူလဲဆိုတာ ရှာတွေ့ကြပြီလား” ချူးယွင်ဖန်းက မေးလိုက်သည်။

ကျွမ်းကျင်သူများစွာတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုအရ၊ ၎င်းတို့သည် တိကျသော အချက်အလက်အချို့ကို ရရှိထားရပေလိမ့်မည်။ ဤနတ်အဆင့် ကျွမ်းကျင်သူများကို ယုံကြည်သွားစေသည်အထိ ပြုလုပ်နိုင်သူသည် သာမန်လူ မဟုတ်နိုင်ပေ။

"နတ်အဆင့်ကျွမ်းကျင်သူတွေဆီ အကြောင်းကြားခဲ့တဲ့ ပုဂ္ဂိုလ်က တခြားလူမဟုတ်ဘဲ မြင့်မြတ်တဲ့ မိသားစုကြီးရှစ်ခုထဲက တစ်ခုဖြစ်တဲ့ လျို့မိသားစုက ဘိုးဘေးကြီးလို့ ကျုပ်တို့ သိခဲ့ရပါတယ်..." ပိုင်ဝမ်က ခက်ခက်ခဲခဲ ပြောလိုက်သည်။

ချူးယွင်ဖန်းက ဆွံ့အသွားလေသည်။ မြင့်မြတ်သော မိသားစုကြီး ရှစ်ခု၏ ထက်ဝက်ခန့်သည် သုတ်သင်ခံခဲ့ရ၍ ယခုအခါ လျို့မိသားစု ဘိုးဘေးကြီးသည် သံသယဖြစ်မှုအောက်တွင် ရှိနေခဲ့ရာ၊ သူ၏ ကံကြမ္မာသည် ဆိုးရွားနိုင်ခြေရှိသည်။

"စုံစမ်းမှုက မစသေးဘူးလား" ချူးယွင်ဖန်းက ဆက်မေးလိုက်သည်။

"လျို့မိသားစုက ပြည်ထောင်စုအပေါ် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုမျိုရှိနေတာ၊ ဒီလို နားလည်ရခက်တဲ့ စုံစမ်းမှုတွေက ပြည်ထောင်စုအတွင်းရော အပြင်ဘက်ကိုပါ တုန်လှုပ်ခြောက်ခြားသွားစေမှာ စိုးရိမ်မိပါတယ်" ပိုင်ဝမ်သည် ချူးယွင်ဖန်းကို ဂရုတစိုက် စိုက်ကြည့်၍ ပြောလိုက်သည်။

"ဟား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

သူသည် ၎င်းကို မည်သို့မျှ နားမလည်ဘဲနေမည်နည်း။ ဤသည်မှာ ပြည်ထောင်စုအစိုးရ၏ စုံစမ်းစစ်ဆေးမှုကို ဟန့်တားနေသည့် ပြည်ထောင်စုအတွင်းနှင့် ပြင်ပဘက်ရှိ လျို့မိသားစု၏ လွှမ်းမိုးမှုများဖြစ်ရပေလိမ့်မည်။

"ပြည်ထောင်စုက ပြိုလဲတော့မယ်။ ခင်ဗျားက ဘာကိုကြောက်နေတာလဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"အခု ကျုပ်အမိန့်ကို လိုက်နာ။ ဌာနတိုင်းက အကောင်းဆုံး ကျွမ်းကျင်သူတွေကို ရွေးချယ်ပြီး လျို့မိသားစုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ကြ။ ပြဿနာတစ်ခုခုတွေ့ရင် အားလုံးကို ဖယ်ရှားပစ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်" ပိုင်ဝမ်က မြန်မြန် ပြောလိုက်သည်။

နတ်အဆင့်များအားလုံး အပျက်အစီးထဲတွင် ပျောက်ဆုံးနေသည့် လက်ရှိအခြေအနေအရ၊ ချူးယွင်ဖန်း၏စကားများသည် နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်လာသည်။

“ဒါ့အပြင် နျူကလီယားဗုံးတွေသုံးဖို့ ကျုပ် အမိန့်ကို ထုတ်ပြန်လိုက်" ချူးယွင်ဖန်းက ရက်စက်စွာ ပြောလိုက်သည်။

"ကြားဖြတ်တိုက်ခိုက်မှုမှာ ဘယ်နတ်အဆင့် မွန်းစတားတွေနဲ့ ဘယ်အဏ္ဏဝါမျိုးနွယ်စုက သားရဲ့ ပါဝင်ခဲ့တာလဲဆိုတာ ရှာလို့ရမလား"

“အဏ္ဏဝါမျိုးနွယ်စုအသီးသီးရဲ့ ခွန်အား အတိုင်းအတာမြေပုံကို ပြည်ထောင်စုမှာ စုစည်းထားခဲ့တာကို ကျုပ် မှတ်မိတယ်။ နျူကလီးယားဗုံးတွေကို ခွန်အား အတိုင်းအတာမြေပုံမှာ အမှတ်အသားပြုထားတဲ့ ရာထူးတွေအရ ကြဲချဖို့ လုပ်လိုက်။ ဒင်းတို့ မျိုးနွယ်စုအားလုံးကို ကျုပ် အပြတ်ရှင်းပစ်မယ်"

ထိုသို့ကြားသောအခါ ပိုင်ဝမ်၏ အဆုတ်ထဲရှိ လေထုများ အေးခဲသွားခဲ့သည်။ ချူးယွင်ဖန်းသည် ဝိုင်းရံမှုတွင် ပါဝင်ခဲ့သည့် နတ်အဆင့်မွန်းစတားများကို ဖျက်ဆီးရန် နျူကလီးယားဗုံးများကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ ဤသည်မှာ အခြေခံအားဖြင့် ပြီးပြည့်စုံသည့် ရန်ငြိုးဖွဲ့သော အပြုအမူဟု ဆိုနိုင်သည်။

နတ်အဆင့်များသည် ပိတ်ဆို့ခံရခြင်း မရှိပါက၊ အများအားဖြင့် အလွန်အံ့သြဖွယ် ဆဋ္ဌမအာရုံများရှိကြသည်။ နျူကလီးယားဗုံးကို ပစ်လွှတ်လိုက်သည့်အခိုက်အတန့်တွင် နတ်အဆင့်များ သတိပြုသွားပေလိမ့်မည်။ ချူးယွင်ဖန်းကဲ့သို့ အလွန်နီးကပ် အကွာအဝေးမှ အသုံးမပြုပါက၊ မည်သို့သော နျူကလီးယားဗုံးကမျှ ၎င်းတို့ကို ထိခိုက်ရန် မဖြစ်နိုင်ပေ။ ထိုအခါမှာ ၎င်းတို့အားလုံး ထွက်ပြေးရန် မဖြစ်နိုင်ပေ။ မဟုတ်လျှင် ၎င်းတို့ကို သတ်ဖြတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။

သို့သော် အဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ဆိုးများသည် ကွဲပြားခြားနားသည်။ ၎င်းတို့တွင် နျူကလီးယားဗုံးများကို ရှောင်တိမ်းနိုင်စွမ်း မရှိကြပေ။ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုတွင် ပါဝင်ဝံ့သည့်မျိုးနွယ်အားလုံးကို သတ်ဖြတ်၍ ၎င်းတို့ကို သုတ်သင်ရှင်းလင်းလိုခဲ့သည်။

ဤနတ်အဆင့် မွန်းစတားများသည် ၎င်းတို့၏ မျိုးနွယ်စုများ ပျက်သုဉ်းသွားကြောင်း သိလိုက်သည်နှင့် မည်မျှ ရူးသွပ်သွားမည်ကို စိတ်ကူး၍ပင် သိနိုင်သည်။ ၎င်းတို့သည် ပြည်ထောင်စုကို ကြီးလေးစွာ ထိခိုက်စေသည်အထိ ပြည်ထောင်စု၏မြို့များကို အစွမ်းကုန် တိုက်ခိုက်နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုသည် လွန်ကဲသော အခြေအနေမျိုးမဟုတ်ပါက ထိုကဲ့သို့သော နည်းလမ်းကို သုံးလေ့မရှိပေ။ အသုံးပြုပြီးသည်နှင့် ၎င်းတို့နှင့် လုံးလုံးလျားလျား ရန်သူများဖြစ်လာ၍ သေသည်အထိ တိုက်ပွဲဝင်ရမည်ဖြစ်သည်။

"ဒါပေမယ့် ဒီလိုလုပ်လိုက်ရင် အကျိုးဆက်က ခန့်မှန်းရခက်လိမ့်မယ်" ပိုင်ဝမ်က ပြောလိုက်သည်။

"ဒီအခြေအနေကို ရောက်နေပြီဆိုမှတော့ မသေချာမရေရာဖြစ်စရာ ဘာများရှိသေးလို့လဲ၊ မျှော်လင့်ချက်တစ်ခုခုကို စောင့်မျှော်နေတာလို့တော့ ကျုပ်ကို ပြောမှာ မဟုတ်ပါဘူးနော်။ ပြည်ထောင်စုကို ဆန့်ကျင်မှုကနေ ရရှိလာမယ့် အကျိုးဆက်တွေကို လူတိုင်း သိစေရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"နောက်ပြန်ဆုတ်ဖို့ အဆုံးသတ်ဆိုတာ မရှိဘူး။ ဒါက ဧည့်ခံနေတာ မဟုတ်ဘူး။ နောက်ပြန်ဆုတ်တာပဲဖြစ်ဖြစ် အစွမ်းကုန်တိုက်ခိုက်တာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ဒါက မျိုးစိတ်တွေကြားက စစ်ပွဲပဲ။ ကျုပ်တို့ရှုံးသွားရင် ခွန်းလွန်နယ်မြေထဲက လူသားတွေ သုတ်သင်ခံရလိမ့်မယ်။ ခွန်းလွန်နယ်မြေက ကျယ်ပြန့်တယ်ဆိုပေမယ့်၊ ကျုပ်တို့မှာ နောက်ဆုတ်ဖို့ နေရာမရှိဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ပြီးတော့ ဒါအတွက် သူတို့တွေ ဘာမှလုပ်လို့ မရဘူး။ အဲ့ဒီ့နေရာကို ကျုပ် ရောက်သွားရင် သူတို့တွေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

ချူးယွင်ဖန်း၏ အမူအရာသည် ငြိမ်သက်နေသော်လည်း သူ၏လက်သီးများကို တင်းတင်းဆုပ်ထားသည်။ သူ၏ စိတ်သည် မတည်မငြိမ်ဖြစ်နေသည်။ ယခုအခါ တန်စီယု၏ တည်နေရာကို မသိရသေးသည့်အပြင်၊ အသက်ရှင်ခြင်း ရှိ၊ မရှိ မသေချာသဖြင့် အလွန် စိုးရိမ်နေမိသည်။ သို့သော် ယခု စိုးရိမ်ပူပန်ခြင်းက အသုံးမဝင်ကြောင်း သူ သိနေသည်။

"အာ၊ ကျုပ်တို့ဌာနက သူလျှိုအကြောင်းနဲ့ ပတ်သက်ပြီး ဖိုင်တွေနဲ့ အချက်အလက်တွေအားလုံး ခွဲထုတ်ပြီး ကျုပ်ဆီ ပို့လိုက်။ ပြန်လာရင် အဲဒါတွေကို ဖတ်လိုက်မယ်" ချူးယွင်ဖန်းက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်” ပိုင်ဝမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ပြီးနောက် ချူးယွင်ဖန်းသည် နတ်ကုန်းမြေ၏ကိုယ်စားလှယ်များကို သွားတွေ့၍ ပြောလိုက်သည်။

"အားလုံးပဲ၊ ခင်ဗျားရဲ့ပထမဆုံး စမ်းသပ်မှု ရောက်လာပြီ"

ထိုမှတစ်ဆင့် အခြေအနေတစ်ခုလုံးကို ပြောပြလိုက်ရာ၊ ကိုယ်စားလှယ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ၊ နတ်ကုန်းမြေမှ ထွက်ခွာ၍ ခွန်းလွန်နယ်မြေသို့ ရောက်လာသောအခါ ထိုကဲ့သို့ ကြီးမားသော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရမည်ဟု ၎င်းတို့လျှင်ပင် မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ ၎င်းတို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း နားလည်သွားကြသည်။ ၎င်းတို့သာ ဆုတ်ခွာရန် ရွေးချယ်ခဲ့မည်ဆိုလျှင် ပြည်ထောင်စုနှင့် ပေါင်းစည်းရန် မည်သည့်အခါမျှ အခွင့်အရေးရမည် မဟုတ်ပေ။ ထို့အပြင် ချူးယွင်ဖန်းသည် ဤနေရာတွင် ရှိနေသောကြောင့် ၎င်းတို့ ဆုတ်ခွာသွားမည်ဆိုပါက ၎င်းတို့ကို လွှတ်ထားမည် မဟုတ်ပေ။ ၎င်းတို့သည် သူ၏ ရက်စက်ယုတ်မာမှုကို နက်နဲစွာ နားလည်ခဲ့ကြသည်။

"ကျုပ်တို့တွေ အမိန့်ကို လိုက်နာဖို့ ဆန္ဒရှိပါတယ်၊ အကြီးအကဲချူး" သက်ရှည်ယုံကြည်ခြင်းဂိုဏ်း၏ ဆက်ခံသူသည် အရှေ့သို့ လှမ်းလာ၍ ကိုယ်စားလှယ်အဖွဲ့ကိုယ်စား ပြောလိုက်သည်။

“သိပ်ကောင်းတယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

"ပြည်ထောင်စုက လူ့ယဉ်ကျေးမှုအားလုံးရဲ့ မိခင်ပဲ၊ တကယ်လို့ ပြည်ထောင်စုသာ ပြင်းပြင်းထန်ထန် ပျက်စီးသွားရင် ပြည်ထောင်စုနဲ့ ပေါင်းစည်းလိုတဲ့ ခင်ဗျားတို့လည်း အကျိုးရှိမှာ မဟုတ်ဘူး"

"ခင်ဗျားတို့တွေ ပြည်ထောင်စုနဲ့ ပေါင်းစည်းချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ စိတ်ရင်းအမှန်ကို ပြည်ထောင်စုတစ်ခုလုံးဆီ ပြသရမယ်" ချူးယွင်ဖန်းက ဆက်ပြောလိုက်သည်။

"အားလုံး နားထောင်ကြပါ။ နတ်အဆင့်အောက် ကျွမ်းကျင်သူတွေ နတ်ကုန်းမြေ ပေါင်းစည်းခြင်းနဲ့ ပြောင်းရွှေ့ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကျန်ခဲ့ကြပြီး။ နတ်အဆင့် အထက်ကျွမ်းကျင်သူတွေက ကျုပ်နဲ့အတူ စစ်မြေပြင်ကို လိုက်ခဲ့ကြ"

"ရန်သူတွေကို သွားသတ်ကြမယ်"

အခန်း (၁၀၅၉) မျိုးစိတ်စစ်ပွဲ အစစ်အမှန်၊ နတ်ကုန်းမြေရှိ လူများ ထိတ်လန့်သွားခြင်း

နတ်ကုန်းမြေ၏ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လိုက်ပါလာသော နတ်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်သည် ချူးယွင်ဖန်း၏ အမိန့်ကို လိုက်နာ၍ သူနှင့်အတူ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။ လူတိုင်းသည် ၎င်းတို့၏ အရောင်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ နတ်အဆင့် အယောက်နှစ်ဆယ်ကျော်သည် အထူးစစ်ဆင်ရေးဌာနတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်၊ အထူးသဖြင့် ပြည်ထောင်စုရှိ နတ်အဆင့်ကျွမ်းကျင်သူအားလုံးနီးပါးသည် ပင်လယ်နက်အပျက်အစီးများထဲတွင် ပျောက်ဆုံးသွားကြောင်းကို အထူးစစ်ဆင်ရေးဌာနရှိ လူတိုင်း သိနေကြသောကြောင့် ပို၍ပင် ထိတ်လန့်သွားကြသည်။

ယခုအခါ နတ်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်ရှိနေသောကြောင့် ၎င်းတို့အားလုံး အံ့အားသင့်သည့်အပြင် ဝမ်းသာသွားကြသည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် နတ်အဆင့်ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော် ထပ်ပေါင်းထည့်နိုင်သည့်အတွက် အင်အားကြီးမားလာမည်မှာ သေချာသည်။ ဤအဖြစ်အပျက်သည် ရုတ်တရက် ရောက်ရှိလာသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် အဏ္ဏဝါမျိုးနွယ်စုနှင့် အနန္တနတ်ဆိုးတောင်တန်းတို့သည် ပြည်ထောင်စု၏ ကျောရိုးကို ချိုးဖျက်ရန် စီစဉ်ထားကြကြောင်း လူအများ နားလည်လိုက်ကြသည်။

အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်း မရှိခဲ့ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ၎င်းတို့သည် ထိုသို့ပြုလုပ်ရခြင်းကို ပျော်ရွှင်နေကြသည်။ ဤသည်မှာ ပြည်ထောင်စုကို ကြောက်ရွံ့အောင် ပြုလုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူတိုင်း အထိတ်တလန့်ဖြစ်နေချိန်တွင် ချူးယွင်ဖန်း၏ ပြန်လည်ပေါ်ပေါက်မှုသည် ပြည်ထောင်စုတစ်ခုလုံး တည်ငြိမ်သွားစေမှာ သေချာသည်။

နတ်အဆင့်များသည် အရှိန်အပြည့်ဖြင့် ပျံသန်းသောအခါ အလွန် မြန်ဆန်ပေသည်၊ အထူးသဖြင့် အလွန်အမင်း စိုးရိမ်နေသည့် ချူးယွင်ဖန်းသည် အဖွဲ့၏ပျံသန်းမှုကို အရှိန်မြှင့်တင်ရန် လေ့ကျင့်ထားသည့် မိုးကြိုးစွမ်းအင်ကိုပင် ထုတ်လွှတ်လိုက်သည်။ ၎င်းသည် မြန်နှုန်းမြင့် တိုက်လေယာဉ်များထက်ပင် ပို၍ မြန်ဆန်ပေသည်။

၎င်းတို့သည် မကြာမီအချိန်အတွင်း အဆုံးမဲ့ပင်လယ်၏ အစွန်းသို့ ရောက်ရှိလာကြသည်။ အဆုံးမဲ့ပင်လယ်အစွန်းသည် အဓိက စစ်မြေပြင်မဟုတ်သော်လည်း တိုက်ပွဲ၏ သက်ရောက်မှု ရလဒ်များကို ထိုနေရာမှ မြင်တွေ့ရနိုင်သည်။ မမြင်ရနိုင်သော စွမ်းအားအချို့ဖြင့် တွန်းအားပေးခံရပုံပေါ်သည့် အဏ္ဏဝါမွန်းစတားများစွာသည် စစ်မြေပြင်၏ နေရာအနှံ့သို့ အဆက်မပြတ် တိုက်ခိုက်နေကြသည်။

အနန္တနတ်ဆိုးတောင်တန်းရှိ မွန်းစတားများကဲ့သို့ပင်၊ အဏ္ဏဝါမွန်းစတားအများစုသည်လည်း ဉာဏ်ရည် မြင့်မားခြင်းမရှိပေ။ ၎င်းတို့ထဲရှိ မွန်းစတား အနည်းငယ်ကသာ ဉာဏ်ရည် မြင့်မားများဖြစ်ကြ၍ ၎င်းတို့တွင် ခိုင်မာသော ကျင့်ကြံမှုအဆင့်ရှိခြင်း မဟုတ်လျှင် ကံကောင်းမှုများဖြင့် ကြုံတွေ့ခဲ့ရသူများဖြစ်ကြသည်။ အဏ္ဏဝါမွန်းစတားအများစုသည် ဉာဏ်ရည်မြင့်မားခြင်းမရှိဘဲ ဉာဏ်ရည်မြင့်မားသော အဏ္ဏဝါမျိုးနွယ်စုများအတွက် အမြောက်စာများသာဖြစ်ကြသည်။

သို့သော် ၎င်းတို့သည် အမြောက်စာမျှသာဖြစ်သော်လည်း ထိုမွန်းစတားများသည် အလွန်အစွမ်းထက်ကြသည်။ ဤမွန်းစတားများသည် သာမန်လူများအတွက် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်စက်များဖြစ်ပေသည်။ ဤသည်နှာ အဆုံးမဲ့သော အဏ္ဏဝါ မွန်းစတားများနှင့် စပ်လျဉ်း၍ ပို၍ မှန်ကန်လှသည်။ အများစုသည် ကုန်းမြေပေါ်တွင် ရှင်သန်နိုင်စွမ်းရှိသော်လည်း ရေထဲတွင် လွတ်လွတ်လပ်လပ် နေထိုင်သကဲ့သို့ မရှင်သန်နိုင်ကြပေ။

ဤအဏ္ဏဝါမွန်းစတားများ ကမ်းပေါ်ရောက်လာသည်နှင့် ဆိုးရွားသော ဘေးအန္တရာယ်များ ဖြစ်ပွားစေပေလိမ့်မည်။ ချူးယွင်ဖန်းသည် စစ်မြေပြင်ကို ရှာဖွေရန်အတွက် လမ်းပြစနစ်ပင် မလိုအပ်ပေ။ သူသည် မွန်းစတားများနောက်သို့ လိုက်ပါသွားခဲ့သည်။ လူတိုင်းသည် အလွန်လျင်မြန်စွာ ပျံသန်းခဲ့ကြသည်။ စစ်မြေပြင်သည် ပင်လယ်ပြင်၏ နက်ရှိုင်းသောနေရာတွင် ရှိနေသော်လည်း ၎င်းတို့အားလုံး နာရီဝက် မပြည့်မီ စစ်မြေပြင်သို့ ရောက်ရှိသွားကြသည်။

အဝေးမှ မြင်တွေ့ရသော မြင်ကွင်းသည် နတ်ကုန်းမြေရှိ နတ်အဆင့် ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေသည်။ ရာနှင့်ချီသည့် တောင်ကြီးကဲ့သို့သော သားရဲများနှင့် စစ်သင်္ဘော ရာပေါင်းများစွာသည် နှစ်ပိုင်းခွဲကာ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအမျိုးမျိုးတို့သည် ကောင်းကင်ယံ၌ ပျံ့နှံ့နေခဲ့သည်။

ပင်မအမြောက်များ၏ စွမ်းအင်သည် အလွန်ပြင်းထန်သဖြင့် ၎င်းတို့ပင် ခြိမ်းခြောက်မှုကို ခံစားရနိုင်သည်။ ဤရာနှင့်ချီသော စစ်သင်္ဘောများ၏ ပတ်ပတ်လည်တွင် မရေတွက်နိုင်သော စက်လက်နက်များရှိနေ၍ ကောင်းကင်ယံတွင် ပျံသန်းကာ ပင်လယ်ထဲတွင် ကူးခတ်နေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲ အမျိုးမျိုးရှိနေသည်။ ၎င်းတို့သည် အချင်းချင်း အပြင်းအထန် တိုက်ခိုက် သတ်ဖြတ်နေကြ၍ ခေတ္တမျှပင် မရပ်တန့်ကြပေ။

စစ်မြေပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေလေသည်။ ပြည်ထောင်စုတပ်မတော်သည် ၎င်းတို့လုပ်ဆောင်ခဲ့သည့် ခြေလှမ်းတိုင်းအတွက် သွေးများဖြင့် ပေးဆပ်နေရသည်။ အခြားတစ်ဖက်တွင်မူ၊ အဏ္ဏဝါမျိုးနွယ်စုနှင့် အနန္တနတ်ဆိုးတောင်တန်းများသည်လည်း တူညီသော စျေးနှုန်းကို ပေးဆပ်ရမည်ဖြစ်သည်။

ပုံရိပ်ပေါင်းများစွာသည် အချိန်တိုင်းတွင် အပိုင်းပိုင် ဖြတ်တောက်ခံရလျက်ရှိသည်။ နတ်ကုန်းမြေမှ ရောက်ရှိလာသော ၎င်းတို့သည် တန်ခိုးကြီးမား၍ ခွန်းလွန်နယ်ပယ်တွင် ထိပ်တန်းပုဂ္ဂိုလ်များဟု သတ်မှတ်ခံရသော်လည်း နတ်ကုန်းမြေ၏ ကန့်သတ်ချက် အခြေအနေသည် နှစ်ပေါင်းများစွာကြာ တည်မြဲနေခဲ့သည်။ အင်အားစုအသီးသီးသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့ကြသည်။ တိုက်ခိုက်မှုအမျိုးအစားများသည် မရှားပါးလှသော်လည်း လူမျိုးရေးစစ်ပွဲကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

ယခုမှသာလျှင် ၎င်းတို့သည် နတ်ကုန်းမြေနှင့် ပြည်ထောင်စုကြားရှိ ခြားနားချက်ကို အမှန်တကယ် နားလည်လာကြသည်။ နတ်ကုန်းမြေသည် ထိုသို့သော စစ်ပွဲ အသုံးပြုမှု နှုန်းထားကို ပံ့ပိုးပေးနိုင်မည် မဟုတ်ပေ။ ဤအဆင့်ရှိ နောက်ထပ်တိုက်ပွဲ အနည်းငယ်သည် နတ်ကုန်းမြေတစ်ခုလုံးကို ပျက်စီးစေမည်ဖြစ်သည်။

နတ်ကုန်းမြေ၏ စံနမူနာသည် လက်ရွေးစင်များ၏လမ်းစဉ်ဖြစ်သည်။ ဤလက်ရွေးစင် အနည်းငယ်ကို ထောက်ပံ့ရန်အတွက် မရေတွက်နိုင်သော သာမန်လူများကို အသုံးပြုခဲ့ကြသည်။ သို့သော် ဤစံနမူနာသည် ဤကဲ့သို့ ကြီးမားသော လူမျိုးရေးစစ်ပွဲကို ရင်ဆိုင်ရချိန်တွင် အားနည်းချက်ရှိနေသည်။ ၎င်းသည် ပြည်ထောင်စုက တီထွင်ထားသော စူပါစက်လက်နက်နှင့် ဆင်တူသည်။ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်စွမ်းမရှိလျှင် လုံးလုံးလျားလျား အသုံးမဝင်နိုင်ပေ။

ချူးယွင်ဖန်းသည် မီးလျှံကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် အလွန်တရာ ပြည့်ကျပ်သိပ်သည်းနေသော စစ်မြေပြင်ကို ဖြတ်သန်းကြည့်ရှုလိုက်သည်။ စစ်မြေပြင်တွင် နတ်အဆင့် မွန်းစတားအများအပြား သောင်းကျန်းနေခြင်းကို သူ မြင်တွေ့ရနိုင်သည်။ ပြည်ထောင်စု၏ စစ်သင်္ဘောများသည် ထိုမွန်းစတားများ၏ လှုပ်ရှားမှုများကို ပိတ်ဆို့ရန် အလွန်ခက်ခဲနေကြ၍ တစ်ဖက်တွင် ၎င်းမွန်းစတားများသည် ပြည်ထောင်စု၏ စစ်တပ်အင်အား အများအပြားကို နှောင့်နှေးစေခဲ့သည်။

ဤနတ်အဆင့် မွန်းစတားများနှင့် ကိုင်တွယ်ဖြေရှင်းရာတွင် လူသားနတ်အဆင့် ကျွမ်းကျင်သူများက တာဝန်ယူခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။ ထိုမရေတွက်နိုင်သည့် ကြီးမားသော သားရဲများ၏ အနောက်တွင် အပျက်အစီးများဆီ ဝင်ရောက်နိုင်သည့် ဝင်ပေါက်ကြီးတစ်ခုကို ဝါးတားတား မြင်တွေ့နိုင်သည်။ ၎င်းသည် ဤမရေတွက်နိုင်သည့် ဧရာမ သားရဲများ စောင့်ကြပ်နေသည့်အရာဖြစ်သည်။

ထိုအချိန်တွင် ရာနှင့်ချီသော မွန်းစတားအုပ်စုတစ်စုသည် ကောင်းကင်ယံတွင် ပျံဝဲနေသည့် ချူးယွင်ဖန်းတို့အဖွဲ့ကို တွေ့ရှိသွားသည်။ ၎င်းတို့သည် ရုတ်တရက် စူးရှစွာ အော်ဟစ်ပြီးနောက် ၎င်းတို့အုပ်စုရှိရာသို့ ပျံသန်းလာကြသည်။

"သေချင်နေကြတာပဲ"

ချူးယွင်ဖန်းသည် သူ၏လက်ချောင်းကို ခပ်ဖွဖွ တောက်လိုက်သည်။ ပေတစ်ထောင်ကျော် ရှည်လျားသော ဓားရောင်ခြည်များ လွင့်ထွက်သွားကာ ဝေဟင်ယံရှိ ရာနှင့်ချီသော မွန်းစတားများကို ချက်ချင်း သုတ်သင်ပစ်လိုက်သည်။ သူသည် ခေတ္တရပ်တန့်ပြီးနောက် စာပို့ပုံးကို ဖွင့်လိုက်သည်။ ခဏအကြာတွင် စစ်ဗိုလ် ယူနီဖောင်းမျိုး ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် စာပို့ပုံးတွင် ပေါ်ပေါက်လာသည်။

"ချူးယွင်ဖန်း သတင်းပို့ပါတယ်"

"မင်း အဆင်ပြေနေလို့ တော်သေးတာပေါ့၊ ခေါင်းဆောင်ချူး" အဘိုးအိုသည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြောလိုက်သည်။ သူသည် အလွန် စိတ်လှုပ်ရှားနေမိသည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် ချူးယွင်ဖန်း ပေါ်ပေါက်လာခြင်းသည် ခိုင်မာသော အင်အားတစ်ခုဖြစ်သည်မှာ သေချာသည်။

"အထူးစစ်ဆင်ရေးဌာနတွေက ခင်ဗျားကို ဆက်သွယ်ပြီးလောက်ရောပေါ့။ ကျုပ် နတ်အဆင့်ကျွမ်းကျင်သူတချို့ကို လာကူခိုင်းထားတယ်။ မိတ်ဆွေနဲ့ရန်သူ သက်သေခံအချက်ပြမှုကို သတ်မှတ်ပေးပါ" ချူးယွင်ဖန်းသည် အနောက်ဘက်ရှိ နတ်ကုန်းမြေ၏ နတ်အဆင့် ကျွမ်းကျင်သူများကို ညွှန်ပြလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဒီလိုဆို သိပ်ကောင်းတာပဲ။ စစ်မြေပြင်က နတ်အဆင့် မွန်းစတားတွေက ဖြေရှင်းရ ခက်ခဲလွန်းတယ်။ စူပါစက်လက်နက်တွေနဲ့တောင် ကိုယ့်ကိုကိုယ် ခက်ခက်ခဲခဲ ကာကွယ်နေရတယ်" အဘိုးအိုက ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

နတ်အဆင့်ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်ဖြင့် စစ်မြေပြင်ရှိ ၎င်းတို့၏အခြေအနေသည် အလွန် တိုးတက်လာပေလိမ့်မည်။ နတ်အဆင့် မွန်းစတားများကို ထိန်းချုပ်ရန်အတွက် ၎င်းတို့၏ စစ်အင်အားများစွာကို အသုံးပြုရန် မလိုအပ်ပေ။

“ကောင်းပြီ၊ ဒီလောက်ပဲ ပြောရအောင်။ ရန်သူကို သတ်ဖြတ်ဖို့က ပိုအရေးကြီးတယ်"

ချူးယွင်ဖန်းသည် သူ့ဂိတ်ကိုပိတ်လိုက်ပြီးနောက် နတ်ကုန်းမြေရှိ လူများဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"ကျုပ် သူတို့ကို ပြောပြီးပြီ။ အချိန်ကျလာရင် ခင်ဗျားတို့တွေ မဟာမိတ်တွေအဖြစ် အသိအမှတ်ပြုခံရလိမ့်မယ်။ ကိုယ့်ကိုယ်ကို သတိထားသရွေ့ဘာပြဿနာမှရှိမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ချူးယွင်ဖန်းက ဦးဆောင်ကာ စစ်မြေပြင်သို့ ချီတက်လိုက်လေသည်။ နတ်ကုန်းမြေရှိ ကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ပြီးနောက် အံကြိတ်လျက် ချူးယွင်ဖန်း အနောက်သို့ ချက်ခြင်း လိုက်ပါကာ တိုက်ပွဲဝင်သွားကြသည်။

All Chapters