← Chapters

အခန်း (၁၀၆၀-၁၀၆၂)

Vol. 71 Ch. 1060-1062

အခန်း (၁၀၆၀-၁၀၆၂)

Vol. 71 Ch. 1060-1062

အခန်း (၁၀၆၀) နတ်အဆင့် အဏ္ဏဝါမွန်းစတားတဲ့လား။ အဲ့လောက်လည်း မဟုတ်ပါဘူး

ချူးယွင်ဖန်းက ဦးဆောင်၍ စစ်မြေပြင်သို့ ချီတက်ခဲ့သည်။ တိုက်ပွဲထဲသို့ သူ ဝင်ရောက်သွားသည်နှင့် မရေတွက်နိုင်သော မွန်းစတားများသည် သူ့အပေါ် ခုန်အုပ်လာကြသည်။

"သေကြောင်းကြံစည်နေကြတာပဲ"

ချူးယွင်ဖန်းသည် ကောင်းကင်ယံရှိ ထောင်ပေါင်းများစွာသော ဝေဟင် မွန်းစတားများကို အေးစက်စွာ ကြည့်လိုက်သည်။ မည်သူမျှ မသိလိုက်ချိန် သူ၏လက်ထဲတွင် ကြေးဝါရှည်လေးတစ်စင်း ပေါ်ပေါက်လာသည်။ အက်ကွဲကြောင်းများ ဖုံးလွှမ်းကာ ခြောက်သွေ့နေသည့် သွေးများဖြင့် စွန်းထင်းနေသော်လည်း လေးကြိုးမပါရှိသည့် ထူးဆန်းသော လေးတစ်စင်းဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏နတ်စွမ်းအင်အားလုံးကို နေမင်းပစ်ခတ်သူထဲသို့ သွန်းလောင်းလိုက်ရာ၊ ၎င်းသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ ဖွဲ့စည်းမှုများအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် နေမင်းပစ်ခတ်သူကို ပထမဆုံး ရရှိသည့်အချိန်ကနှင့် လုံးလုံးလျားလျား မတူညီပေ။ စွမ်းအင်၏ တိုက်တွန်းမှုအောက်တွင် သူ၏လက်ထဲတွင် မြှားအလင်းတန်းကြီးတစ်ခု ပေါ်ပေါက်လာသည်။

ဘုံး

မြှားသည် လေးလံသော အမြောက်ကြီးတစ်ခုကဲ့သို့ လွတ်ထွက်သွားခဲ့သည်။ မြှား အလင်းတန်းကြီးသည် ချက်ချင်းဆိုသလိုပင် ကျယ်ပြန့်လာ၍ ဆယ်မီတာကျော်ရှိသည့် ကြောက်မက်ဖွယ် မြှားတစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။ မြှားအလင်းတန်းသည် လွင့်ထွက်သွားခဲ့သည်။

ဘုံး

လေးလံသည့် အမြောက်ကဲ့သို့သော မြှားသည် ကြောက်မက်ဖွယ် ဒီရေလှိုင်းများကို ဖြစ်ပေါ်သွားစေသည်။ မြှားရှည်ကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မီတာရာနှင့်ချီ ကျယ်ဝန်း၍ မီတာထောင်ပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ်ရာ လေဟာနယ်ဇုန်ကြီး ဖြစ်ပေါ်လာခဲ့သည်။ ထိပ်တိုက် ထိမှန်သွားသော မွန်းစတားများသည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် ချက်ချင်း အငွေ့ပျံသွားကာ မြှားအလင်းရောင် သယ်ဆောင်လာသော အလင်းရောင်ဖြင့် တိုက်ခတ်ခံရသော မွန်းစတားများအားလုံးသည် အသားစိုင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ချူးယွင်ဖန်းသည် တစ်ချက်လှုပ်ရှားရုံဖြင့် မွန်းစတားအကောင် တစ်သောင်းထက်မနည်းသော အရေအတွက်ကို သတ်ပစ်ခဲ့သည်။ ဤကြောက်မက်ဖွယ်စွမ်းအင်သည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ ဤအရာသည် မွန်းစတားများ ခုန်အုပ်လာခြင်းနှင့် သက်ဆိုင်သော်လည်း ထောင်သောင်းချီသော မွန်းစတားများကို ချေမှုန်းပစ်နိုင်သည့် မြှားတစ်စင်း၏ စွမ်းအင်သည် နှစ်ဖက်စလုံးကို ထိတ်လန့်စေခဲ့သည်။ တခဏအတွင်းမှာပင် စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ထိုအချိန်တွင် စစ်မြေပြင်ရှိ ပြည်ထောင်စု၏ စစ်သည်များသည် ထိုပုဂ္ဂိုလ်က မည်သူဖြစ်သည်ကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သိသွားကြသည်။ သူသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူ ချူးယွင်ဖန်းဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြည်ထောင်စုသည် အထူးစစ်ဆင်ရေးဌာနတွင် သစ္စာဖောက်တစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရ၍ ပြည်ထောင်စု၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည့် အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင် ချူးယွင်ဖန်းသည် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော် ယခုအခါ ထိုကောလဟာလများသည် လုံးလုံးလျားလျား မမှန်ကန်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် ဤနေရာတွင် ရပ်တည်နေဆဲကြောင်း ၎င်းတို့ မတွေ့ကြခြင်းဖြစ်သလော။ ချူးယွင်ဖန်း၏ ဖြစ်တည်မှုသည် ပြည်ထောင်စုတပ်မတော်၏ စိတ်ဓာတ်ကို ထုံးစံအတိုင်း မြှင့်တင်ပေးခဲ့ရာ၊ ၎င်းတို့တွင် ရုတ်တရက် အနိုင်ရနိုင်ခြေ များပြားလာသည်။

ချူးယွင်ဖန်း တိုက်ပွဲထဲသို့ ဝင်ရောက်ပြီးနောက် နတ်ကုန်းမြေ၏ နတ်အဆင့်ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်သည်လည်း တိုက်ပွဲတွင် ပါဝင်လာကြသည်။ တခဏချင်းမှာပင် စစ်မြေပြင်ရှိ အခြေအနေများ ပြောင်းလဲဖြစ်သွားခဲ့သည်။ လူတိုင်းကို အခက်တွေ့စေသည့် နတ်မွန်းစတားများသည် ဤနတ်အဆင့်များ၏ ထိန်းချုပ်မှုအောက်တွင် ပြဿနာမဟုတ်တော့ပေ။

အထူးသဖြင့် သက်ရှည်ယုံကြည်ခြင်းဂုဏ်း၊ လမင်းတံခွန်ဂိုဏ်းနှင့် အဆုံးမဲ့စခန်းတို့ ဖြစ်ကြသည်။ ၎င်းတို့သည် နတ်ကုန်းမြေ၏ ကိုယ်စားလှယ်အဖွဲ့အဖြစ် ၎င်းတို့၏ အကြီးအကဲများကို စေလွှတ်ခဲ့ကြ၍ ၎င်းတို့၏ ကျင့်ကြံမှုအားလုံးသည် နဝမမြောက် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းတို့သည် နတ်အဆင့် အထွတ်အထိပ်သို့ မရောက်ခဲ့ကြသော်လည်း စစ်မြေပြင်တစ်ခုလုံးအတွက် နျူဗုံးပေါက်ကွဲခြင်းနှင့် ထူးမခြားနားပေ။ မကြာမီတွင် အထက်အရာရှိများထံမှ သတင်းများ ထွက်ပေါ်လာသည်။ မတော်တဆမှုတစ်ခုနှင့် ကြုံခဲ့ရသည်ဟု ယူဆရသော ချူးယွင်ဖန်းသည် ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာရုံသာမကဘဲ အခြေအနေကို ပြောင်းပြန်လှန်ရန် လုံလောက်သည့် နတ်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်ကိုလည်း ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

တခဏအတွင်းမှာပင် ရာနှင့်ချီသော စစ်သင်္ဘောနှင့် မရေတွက်နိုင်သော စက်လက်နက်များအတွင်းရှိ ပြည်ထောင်စု၏ စစ်သားများသည် အလွန် ပျော်ရွှင်သွားကြသည်။ ထင်မှတ်ထားသည့်အတိုင်း နတ်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ထက်မနည်း အားဖြည့်လာသောအခါ တိုက်ပွဲတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားလေသည်။ လူတိုင်းအတွက် အခက်တွေ့ရဆုံးဖြစ်ခဲ့သည့် နတ်အဆင့် မွန်းစတားများသည်လည်း ၎င်းတို့ကို အနှောင့်အယှက် မပေးနိုင်တော့ပေ။

"ကျန်တာတွေ ခင်ဗျားတို့ကို အပ်ခဲ့မယ်" ချူးယွင်ဖန်းက အော်ပြောလိုက်သည်။

သူသည်လည်း ဤနေရာတွင် တိုက်ခိုက်ချင်သော်လည်း ယခု အရေးကြီးဆုံးအရာသည် နက်ရှိုင်းသော ပင်လယ်၏ အပျက်အစီးများထဲတွင် ပျောက်ဆုံးနေသူများဖြစ်ကြောင်း သူ သိသည်။ မိနစ်တိုင်းနှင့် စက္ကန့်တိုင်းသည် အလွန်အရေးကြီးနေသည်။ ပြီးနောက် သူ၏ပုံရိပ်သည် တဖျပ်ဖျပ် လှုပ်ခတ်သွားကာ နက်ရှိုင်းသော ပင်လယ် အပျက်အစီးများဆီသို့ ပျံသန်းသွားခဲ့သည်။

"ခေါင်းဆောင်ချူးအတွက် လမ်းကြောင်းဖွင့်ပေးဖို့ မင်းတို့ရဲ့စွမ်းအင်အားလုံးကို အသုံးချကြ"

ဦးဆောင်နေသည့် စစ်သင်္ဘောကြီးရှိ အရာရှိ၏ ကွပ်ကဲမှုအောက်တွင် ရာနှင့်ချီသည့် အခြားသော စစ်သင်္ဘောများသည် ၎င်းတို့၏ ပင်မအမြောက်များကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။ ထိုပစ်ခတ်မှုများသည် ချူးယွင်ဖန်း၏လမ်းကြောင်းတွင် ကျရောက်လာကြ၍ ၎င်းတို့သည် နက်ရှိုင်းသော ပင်လယ်၏ အပျက်အစီးများဆီ ရောက်ရှိနိုင်မည့် လမ်းကြောင်းကို ရှင်းလင်းရန် ကြိုးစားနေကြသည်။

သို့ရာတွင်၊ အဏ္ဏဝါမျိုးနွယ်စုနှင့် အနန္တနတ်ဆိုးတောင်တို့သည် ချူးယွင်ဖန်း၏ အစီအစဉ်ကို နားလည်သဘောပေါက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် မွန်းစတားများစွာသည် သူ့ဆီ ဆက်တိုက် ချီတက်လာကြသည်။ ကောင်းကင်ယံရှိ ဝေဟင် မွန်းစတားများသည် အမိန့်တစ်ခုခုကို လက်ခံရရှိထားပုံပေါ်သည်။ ၎င်းတို့သည် တစ်စုပြီး တစ်စု ချီတက်၍ အုပ်စုဖွဲ့ကာ ခုန်အုပ်လာကြသည်။

ကောင်းကင်ယံရှိ ဝေဟင် မွန်းစတားများသာမကဘဲ အဏ္ဏဝါမွန်းစတားများလျှင်ပင် ရူးသွပ်သွားပုံရသည်။ ၎င်းတို့အားလုံးသည် ရေထဲမှ ပြေးထွက်လာပြီးနောက် ၎င်းတို့၏ သွေးရောင် ပါးစပ်ကြီး ဖွင့်ဟကာ ချူးယွင်ဖန်းကို ကိုက်ဖြတ်ရန် ကြိုးစားနေလေသည်။

ချူးယွင်ဖန်းသည် ကောင်းကင် အမြင့်တွင် ရောက်ရှိနေသော်လည်း အဆိုပါ အဏ္ဏဝါမွန်းစတားများသည် အံ့သြဖွယ် ခုန်နိုင်စွမ်းများရှိနေသည်။ ၎င်းတို့သည် တစ်ချက်တည်းဖြင့် အမြင့်ပေထောင်ချီ၍ ခုန်နိုင်ကြသည်။ ဂရုမစိုက်ဘဲ ပြုမူမိပါက စက်လက်နက် အများအပြားသည် အပိုင်းပိုင်း ကိုက်ဖြတ်ခံရပေလိမ့်မည်။

"ဟား" ချူးယွင်ဖန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။

သူ၏ခြေထောက်အောက်မှ မိုးကြိုးစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ပတ်ဝန်းကျင်ကို မိုးကြိုးနယ်ပယ်အဖြစ် ချက်ချင်း ပြောင်းလဲသွားစေ၍ ၎င်းအတွင်း၌ မိုးကြိုး နဂါးများစွာ ကူးခပ်နေကြသည်။ ချူးယွင်ဖန်းဆီ ခုန်ပေါက်နေသည့် အဏ္ဏဝါမွန်းစတားများသည် သူ့ကို မထိနိုင်ကြပေ။ ၎င်းတို့သည် မိုးကြိုးနဂါးများကြောင့် ကျွမ်းလောင်သွားကြကာ ပင်လယ်ထဲသို့ ပြင်းထန်စွာ ပြန်ကျသွားလေ၏။

ချူးယွင်ဖန်းသည် အလွန် မြန်ဆန်လှသည်။ သူသည် မိုးကြိုးများကို စီးနင်းပြီးနောက် တစ်ဖက်တွင် လေထုကို ဖမ်းဆုပ်၍ တစ်ဖက်တွင် လက်တစ်ဆုပ်စာမျှသော မိုးကြိုးစွမ်းအင်ကို ဆုပ်ကိုင်လိုက်သည်။ ၎င်းကို ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲပြီးနောက် ကောင်းကင်ကိုပင် ပြည့်နှက်သွားစေသည့် ဓားအလင်းရောင်ကို လွှင့်ပစ်လိုက်သည်။ မရေတွက်နိုင်သော စက်လက်နက်များအတွက် များစွာအခက်တွေ့စေသည့် ဝေဟင် မွန်းစတားများသည် သူ၏ အနားသို့ မကပ်နိုင်ခဲ့ပေ။ ၎င်းတို့သည် ဓားအလင်းနှင့် ထိမိသောအခါ အပိုင်းပိုင်း ပြတ်ထွက်သွားကြသည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် တစ်ဖက်သတ် သုတ်သင်ခြင်းနှင့် ဆင်တူသည်။ ခွန်အားကွာခြားချက်သည် အလွန် ကြီးမားလှ၍ သူ့ကို မည်သည့်အရာကမျှ မတားဆီးနိုင်ခဲ့ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့် သို့မဟုတ် နတ်အဆင့် မွန်းစတားဖြစ်ပါစေ ရလဒ်သည် တူညီကြသည်။ ဓားချက်တစ်ချက်သည် ရာနှင့်ချီသော မွန်းစတားတို့ကို ချေမှုန်းပစ်ခဲ့သည်။ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ချူးယွင်ဖန်းသည် ပြည်ထောင်စုတပ်မတော်ကို တစ်လက်မမျှပင် မချီတက်နိုင်အောင် တားဆီးထားခဲ့သည့် ဝေဟင် မွန်းစတားများ အဏ္ဏဝါမွန်းစတားများစွာဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးလမ်းကြောင်းကို ခဏလေးအတွင်းမှာပင် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် သူ၏ အရှိန်အဝါကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။

ထိုအချိန်တွင် ပင်လယ်ပြင်ထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းသည် နတ်အဆင့် ပင်လယ်သားရဲကြီးတစ်ကောင့်ဖြစ်၍ တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားပြင်းထန်သည့် ပင်လယ်သားရဲတစ်ကောင်ဖြစ်သည်။ သားရဲသည် ၎င်း၏သွေးရောင် ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်နှင့် ၎င်းအနက်မှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာ၍ ချူးယွင်ဖန်းဆီ ပစ်လွှတ်လာသည့် ကြောက်မက်ဖွယ် စွမ်းအင်ဗုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဟမ်း" ချူးယွင်ဖန်းက အေးစက်စွာ လှောင်ရယ်ပြီးနောက် သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်သည်။

ရိုက်ခတ်လာသော စွမ်းအင်သည် သူ့ကိုမထိခင် မမြင်နိုင်သည့် ဒိုင်းတစ်ခုကို ထိမှန်သွားသကဲ့သို့ သဲလွန်စမရှိစွာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ချူးယွင်ဖန်းသည်လည်း သူ၏စွမ်းအင်ကို မထိန်းချုပ်ထားခဲ့ပေ။ သူသည် သူ၏လက်ထဲရှိ မိုးကြိုးဓားကို ဝှေ့ယမ်းလိုက်ရာ၊ ဓားအလင်းရောင် ဖြတ်သန်းသွားသည် နေရာတိုင်းရှိ နတ်အဆင့် မွန်းစတားများ ထက်ခြမ်းကွဲထွက်သွားလေသည်။ နတ်အဆင့်ရှိ အဏ္ဏဝါ မွန်းစတားများလျှင်ပင် သူ၏ ထိုးနှက်ချက်တစ်ချက်ကို မခုခံနိုင်ကြပေ။

အခန်း (၁၀၆၁) အရေးကြီးသော အခိုက်အတန့်တွင် ကောင်းကင်ကို တုန်လှုပ်စေသည့် ဓားချက် ကျရောက်လာခြင်း

ချူးယွင်ဖန်း၏ပုံရိပ်သည် အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက် အပျက်အစီးများထဲသို့ ဝင်ရောက်သွားခဲ့သည်။ အပျက်အစီးများ တစ်ခုလုံး သွေးရောင် ပါးစပ်ကြီး ဖွင့်ဟထားသကဲ့သို့ ထင်မှတ်ရစေသည်။ ချူးယွင်ဖန်းသည် ထိုနေရာသို့ ဝင်ရောက်လာသောအခါ အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏လက်ချောင်းများကို မမြင်တွေ့နိုင့်သည် ပင်လယ်နက်ထဲသို့ ဝင်ရောက်သွားခြင်း မတူဘီပေ။ ယင်အစား၊ ငှက်ကလေးများ၏ တေးဆိုသံများနှင့် ပန်းပွင့်များ၏ ရနံ့များနှင့် ပြည့်နှက်နေသည်။ ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုကဲ့သို့ထင်မှတ်ရစေသည်။ ဤအရာသည် အင်အားကြီးမားသူတစ်ဦး ချန်ရစ်ခဲ့သည့် အထွတ်အမြတ်လှိုဏ်ဂူတစ်ခုဖြစ်နိုင်ကြောင်း သူ ချက်ချင်း နားလည်သွားသည်။ ဤဂူ၏ အတိုင်းအတာသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းသည်။

သို့သော် ချူးယွင်ဖန်းသည် ရှုခင်းကို တန်ဖိုးထားလိုစိတ်မရှိပေ။ သူ၏စိတ်နှလုံးသည် စိုးရိမ်သောကများနှင့် ပြည့်နေသောကြောင်း လေပြင်းများကဲ့သို့ အပြေးနှင်လေ၏။ အပျက်အစီးများ၏ ဝင်ပေါက်နှင့် မနီးမဝေးတွင် အကြေးခွံများ ဖုံးလွှမ်းနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည့် ဂူထဲသို့ ဝင်ရောက်ရန် လူတိုင်း ဖြတ်သန်းသွားရမည့် ဤနေရာကို စောင့်ကြပ်နေကြသည်။

၎င်းတို့သည် မည်သူမျှ လျစ်လျူမရှုဝံ့သည့် ကြောက်မက်ဖွယ် အရောင်အဝါများရှိကြသည်။ ၎င်းတို့သည် သာမန် နတ်အဆင့်မျှသာမကဘဲ အင်အားကြီး နတ်အဆင့်များဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ထွက်ပြေးသွားသော နတ်အဆင့်လူသားများ သို့မဟုတ် သေလုမြောပါးဖြစ်နေသည့် လူသားများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို လွှင့်တင်ခဲ့ခြင်းကြောင့် အင်တာနက်ပေါ်တွင် နာမည်ကြီးနေကြသည်။

၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြည်ထောင်စုတွင် ကျော်ကြားမှုများစွာရရှိခဲ့သည်။ အမှန်တကယ်ပင်၊ ကျော်ကြားမှုသည် နာမည်ဆိုးနှင့် ကျော်ကြားခြင်းမျိုးဖြစ်သော်လည်း ၎င်းတို့ဘက်မှ ဂရုမစိုက်ကြပေ။ ရုတ်တရက်ဆိုသလိုပင် အပျက်အစီးထဲမှ ပုံရိပ်တစ်ခု ပြေးထွက်လာ၍ ၎င်းတို့ရှေ့တွင် ပေါ်ပေါက်လာသည်။ ထိုပုံရိပ်သည် ၎င်းတို့ကို မြင်သောအခါ အေးခဲတောင့်တင်းသွားသည်။

"ချီးပဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သက်တံရောင်မြွေဝိညာဉ်ဘုရင်မနဲ့ ကျားငမန်းဘုရင်" ပုံရိပ်သည် ထိုနှစ်ဦးကို ချက်ချင်း မှတ်မိသွားသည်။

ကြီးကျယ်ခမ်းနားသည့် အသွင်အပြင်ရှိသော အမျိုးသားသည် ကျားငမန်းဘုရင်ဖြစ်၍ ကျန်အမျိုးသမီးသည် သက်တံရောင်မြွေဝိညာဉ်မျိုးနွယ်စု၏ သက်တံရောင်မြွေဝိညာဉ်ဘုရင်မဖြစ်သည်။ ယခင်အချိန်က ပြည်ထောင်စုက အဏ္ဏဝါ ကျွမ်းကျင်သူများအကြောင်း သိပ်မသိခဲ့ကြပေ။ သို့သော် ဤကာလနောက်ပိုင်းတွင် ၎င်းတို့အားလုံး ပိုမို သိရှိလာကြသည်။

အဏ္ဏဝါမျိုးနွယ်စုများကိုယ်တိုင်က အချက်အလက်အများအပြားကို ဖော်ပြခဲ့ကြ၍ လူသားများသည် အဏ္ဏဝါမျိုးနွယ်စုတွင် ကြောက်မက်ဖွယ် ကျွမ်းကျင်သူများစွာရှိနေကြောင်း ရုတ်တရက် သိရှိသွားကြသည်။ အရေအတွက်နှင့် အင်အားအရဆိုလျှင် ၎င်းတို့သည် ပြည်ထောင်စုထက် အလွန် သာလွန်ပေသည်။

ပြည်ထောင်စုသည် သိုင်းပညာတွင် လွန်ခဲ့သည့် နှစ်ပေါင်းရာဂဏန်းမျှသာ တိုးတက်နေခြင်းဖြသ်သည်။ အခြားတစ်ဖက်တွင်မူ အဏ္ဏဝါမျိုးနွယ်စုသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ကြသည်။ ပုံမှန်အားဖြင့်၊ ၎င်းတို့သည် တူညီသောအခြေအနေဖြင့် ဖော်ပြရန်မရပေ။

"တကယ်ပဲ ပိုက်ထဲက လွတ်သွားတဲ့ငါး ရှိနေတာကို။ ကျွတ်၊ ကျွတ်" ကျားငမန်းဘုရင်က လှောင်ရယ်ပြီးနောက် မတ်တပ်ထရပ်၍ သူ့အရှေ့ရှိ ပုံရိပ်ကို ကြည့်လိုက်သည်။

"ကျုပ် ခင်ဗျားအကြောင်း ဖတ်ပြီးပြီ။ ခင်ဗျားက ပြည်ထောင်စုရဲ့ ကြီးကျယ်ခမ်းနားတဲ့ မိသားစုရှစ်စုထဲက တစ်ခုဖြစ်တဲ့ လီမိသားစုရဲ့ ဘိုးဘေးပဲ"

"ကျွတ်၊ ကျွတ်၊ ခင်ဗျားက ပြည်ထောင်စုမှာ သူရဲကောင်းတစ်ယောက်လို့ သတ်မှတ်ခံရပေမယ့် ဒီအဆုံးမဲ့ နက်နဲတဲ့ ပင်လယ်ထဲတော့ ခင်ဗျားလိုလူတွေ တစ်ပုံကြီးပဲ"

လီမိသားစုဘိုးဘေးကြီးသည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေပုံရသည်။ သူသည် သွေးထွက်သံယို တိုက်ပွဲတစ်ခုအပြီး လွတ်မြောက်နိုင်ခဲ့ရာ၊ အဝင်ဝတွင် ဤစူပါ လူသတ်နတ်ဘုရား နှစ်ပါးနှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။

ဘုံး

ကျားငမန်းဘုရင်က ကြောက်မက်ဖွယ် အရောင်အဝါများကို ထုတ်လွှတ်၍ ပြောလိုက်သည်။

"ကျုပ် တာဝန်ထားလိုက်။ တော်တော်လေး ပျင်းနေတာနဲ့ အတော်ပဲ။ ပြည်ထောင်စုက နေ့တစ်ဝက်လောက် ကြွားလုံးထုတ်ခဲ့တဲ့ သမ္မတလို့ ခေါ်တဲ့ နံပါတ်တစ် ကျွမ်းကျင်သူက နောက်ဆုံးတော့လည်း ပျောက်ကွယ်သွားတာပဲ။ ချူးယွင်ဖန်းတောင် သေသွားတာကြာပြီ။ ပျင်းစရာကောင်းလိုက်တာ"

"နှမြောစရာပဲ၊ ချူးယွင်ဖန်းသာ ဒီမှာရှိနေရင် အဲဒီလူတွေရှေ့မှာ ကျုပ် သူ့ကို ခေါင်းဖြတ်ပစ်မယ်။ ဘာကို ပြည်ထောင်စုရဲ့ သောက်ကျိုးနည်း နံပါတ်တစ် ကျွမ်းကျင်သူလဲ၊ တောင်ပေါ်မှာ ကျားတွေမရှိမှသာ မျောက်တွေ ဘုရင်ဖြစ်လာနိုင်တာ"

ကျားငမန်းဘုရင်သည် သိသာထင်ရှားစွာ နှိမ့်ချနေခဲ့သည်။ ပြည်ထောင်စု၏ ထိပ်တန်း ကျွမ်းကျင်သူနှစ်ဦးကို မတိုက်နိုင်ခဲ့သည့်အတွက် နှမြောစရာကောင်းသည်ဟု သူ ခံစားနေရသည်။

'သတ္တမမြောက် နတ်အဆင့်'

လီမိသားစုဘိုးဘေးကြီး၏ မျက်ခုံးများ တွန့်တက်သွားလေသည်။ သူသည် တောင်ကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ လက်ရှိပြည်ထောင်စုအတွက် သတ္တမမြောက် နတ်အဆင့် တစ်ဦးကို ကိုင်တွယ်ရန် မဖြစ်နိုင်သလောက် ခက်ခဲပေသည်။ မျိုးဆက်ဟောင်းများ၏ နတ်အဆင့် ကျွမ်းကျင်သူ၏ ကျင့်ကြံမှုလျှင်ပင် စတုတ္ထမြောက် နတ်အဆင့်ကိုသာ ကျော်လွန်ရုံရှိသေးသည်။ သူ သိရသလောက်၊ ကျန်ရစ်သည့် မြင့်မြတ်သော မိသားစုကြီး ရှစ်ခု၏ ဘိုးဘေးကြီးများအားလုံးသည် ဤအဆင့်၌သာရှိနေသည်။

ဤအဆင့်သည် ပြည်ထောင်စု၌ အလွန်မြင့်မားသည်ဟု ယူဆရနိုင်သည်။ မြင့်မြတ်သော မိသားစုကြီး ရှစ်ခု မကျဆုံးရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် လုံလောက်စွာ သန်မာနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း ဤခွန်အားသည် ခွန်းလွန်နယ်မြေတစ်ခုလုံးတွင် နှိုင်းယှဉ်ရန် မထိုက်တန်ခဲ့ပေ၊ အထူးသဖြင့် ကျွမ်းကျင်သူများစွာရှိနေသည့် အဏ္ဏဝါမျိုးနွယ်စုနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် မဖြစ်နိုင်ပေ။

အခြားတစ်ဖက်တွင်မူ လှုပ်ရှားမှု မပြုလုပ်ရသေးသော သက်တံရောင်မြွေဝိညာဉ်ဘုရင်မ၏ အရောင်အဝါသည် ကျားငမန်းဘုရင်အောက် အားမနည်းလှပေ။ သူမသည် ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာရှိသောကြောင့် လျှော့တွက်၍မရနိုင်ပေ။

"ကျွန်မလည်း လှုပ်ရှားချင်ပေမယ့် ရှင်က အရင်ပြောခဲ့မှတော့ ရှင့်ကိုပဲ ပေးလိုက်မယ်" သက်တံရောင်မြွေဝိညာဉ်ဘုရင်မက လှောင်ပြောင်လိုက်သည်။

အဏ္ဏဝါမျိုးနွယ်စုသည် လူသားအားလုံးကို သတ်ပစ်ရန်အတွက် အလွန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ သတ္တမမြောက် နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦးသည် အဏ္ဏဝါမျိုးနွယ်စုကြားတွင် အမည်မသိသူများဖြစ်သော်လည်း ၎င်းတို့သည် အပျက်အစီး၏ ဝင်ပေါက်ကို စောင့်ကြပ်ရာတွင် တာဝန်ပေးအပ်ခံခဲ့ရသည်။

တစ်ဖက်တွင်၊ ထွက်ပြေးလာမည့် ငါးများကို တားဆီးရန်ဖြစ်၍ အခြားတစ်ဖက်တွင် ပြည်ထောင်စု၏ လူသားတပ်မတော် အပြင်ဘက်မှ ဖောက်ထွင်းဝင်ရောက်ခြင်းကို တားဆီးရန်ဖြစ်သည်။

"ဒါပေမယ့် ရှင် မြန်မြန်တော့ လုပ်ရမယ်။ အချိန်အများကြီး မဖြုန်းနဲ့" သက်တံရောင်မြွေဝိညာဉ်ဘုရင်မက ရက်စက်စွာ ရယ်မောလိုက်သည်။ အကြေးခွံများဖြင့် ဖုံးအုပ်ထားသော သူမ၏ မျက်နှာသည် အလွန် ရက်စက်ကြမ်းကြုတ်လှသည်။

"သိပ်မကြာပါဘူး"

ကျားငမန်းဘုရင်သည် လီမိသားစု ဘိုးဘေးကြီးကို အနည်းငယ်မျှ စိတ်နှလုံးသွင်းခြင်းမရှိပေ။ ထိုအမျိုးသားသည် ယခုကဲ့သို့ ဒဏ်ရာအပြင်အထန်ရှိထားချိန် မဆိုနှင့် သူ၏ အထွတ်အထိပ် အခြေအနေ၌ပင် သူ့ကို မယှဉ်နိုင်ခဲ့ပေ။

ဘုံး

လီမိသားစုဘိုးဘေးကြီးသည် ပထမဆုံး လှုပ်ရှားလိုက်သည်။ သူ့ထက်သာလွန်သည့် စွမ်းအင်ရှိသူနှစ်ဦးနှင့် ရင်ဆိုင်ရသောအခါ သူ့တွင်ရွေးချယ်စရာ သိပ်မရှိပေ။ သူသည် ဦးစွာ တိုက်ခိုက်ရန်သာ တတ်နိုင်သည်။

သူသည် တုန်လှုပ်ချောက်ချားဖွယ် ဓားအလင်းရောင်ကို ပစ်လွှတ်လိုက်၏။ ဓားအလင်းရောင်သည် ကောင်းကင်ကို ဖြတ်သန်း၍ မည်သူမျှ တိုက်ရိုက် မကြည့်နိုင်သည်အထိ စူးရှစွာ တောက်လောင်နေသည်။ ဤသည်မှာ အလွန် လင်းလက်တောက်ပ၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဓားအလင်းသည် ကျားငမန်းဘုရင်ဘက်သို့ ရောက်ရှိသွားသော်လည်း သူသည် လှောင်ရယ်ပြီးနောက် သူ၏လက်ဖဝါးဖြင့် ပုတ်ထုတ်လိုက်သည်။

ဘန်း

ကျားငမန်းဘုရင်သည် ကောင်းကင်ကိုပင် ခွဲခြမ်းနိုင်သည့် ဓားအလင်းရောင်ကို ဖြိုခွဲပစ်လိုက်သည်။ ၎င်းသည် သူ့ကို ခြိမ်းခြောက်မှု တစ်စုံတစ်ရာမျှ မပြုလုပ်နိုင်ခဲ့ပေ။

"အသုံးမကျလိုက်တာ။ လူသား သိုင်းပညာက တော်တော်အားနည်းတာပဲ။ ကျင့်ကြံဖို့ မသင့်တော်တဲ့ မျိုးနွယ်တွေက ဒီလောက်ကျယ်ပြောတဲ့ နေရာကို ဘယ်လိုလုပ် သိမ်းပိုက်ထားရတာလဲ" ကျားငမန်းဘုရင်သည် ယုတ်ညံ့စွာ ပြုံးလိုက်ပြီးနောက် အကြေးခွံများ ဖုံးလွှမ်းနေသည့် သူ၏လက်ဖဝါးသည် ရုတ်တရက် ရိုက်ချလာသည်။

ဘုံး

သူ၏လက်ဖဝါးသည် အလွန် ကျယ်ပြန့်လာ၍ မျက်လုံးတစ်မှိတ်အတွင်းမှာပင် တောင်ငယ်တစ်ခု အရွယ်အစားအထိ ကြီးထွားလာကာ လီမိသားစု ဘိုးဘေးကြီးထံ ပြုတ်ကျသွားလေသည်။ လီမိသားစု ဘိုးဘေးကြီးသည် ကျားငမန်းဘုရင်၏အရှိန်အဟုန်ကို လိုက်မမီနိုင်သဖြင့် မိမိကိုယ်ကို ကာကွယ်ရန် အချိန်မရှိပေ။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်သည် အလွန် ကြီးမားလှသည်။

လီမိသားစု ဘိုးဘေးကြီးသည် တစ်ချက်တည်းဖြင့် လွင့်ပျံထွက်သွား၍ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ခန္ဓာကိုယ်လုံး ပြိုလဲကျသွားဟန်ရှိသည်။ သူ၏ ရင်ဘတ်၌ ကြီးမားသော အသားစိုင်ကြီးတစ်ခု စုတ်ပြဲခံရသကဲ့သို့ဖြစ်နေ၍ သူသည် ထိုးဖောက်ခံခဲ့ရသည်။

"အရမ်းပျင်းဖို့ကောင်းတာပဲ။ နောက်လှုပ်ရှားမှုက ခင်ဗျားအသက်ကို နှုတ်ယူသွားလိမ့်မယ်" ကျားငမန်းဘုရင်က စူပုပ်ပြီးနောက် သူ၏ လက်ဖဝါးကို ထပ်မံ ရိုက်ချလိုက်သည်။

လီမိသားစု ဘိုးဘေးကြီးကို ထိုတိုက်ခိုက်မှုဖြင့် ထိမှန်ခါနီးတွင် တုန်လှုပ်ချောက်ချားဖွယ် ဓားအလင်းရောင်တစ်ခုသည် ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာကာ ကျားငမန်းဘုရင်၏လက်ကို ခုတ်ထစ်ပစ်လိုက်သည့် ထိတ်လန့်ဖွယ် အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

အခန်း (၁၀၆၂) ကျားငမန်းဘုရင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ခြင်း

ဤတိုက်ခိုက်မှုသည် ထိတ်လန့်ဖွယ်ကောင်းလှသည်။ အကြေးခွံများနှင့် ဧရာမ လက်ကြီးသည် ဤထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းနှင့်အတူ ကောင်းကင်ယံမှ ပြုတ်ကျသွားသည်။

ဘုံး

ဧရာမ လက်ကြီးသည် ပေပေါင်းများစွာ မြင့်မားသော ဖုန်မှုန့်လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေသည်အထိ မြေကြီးပေါ်သို့ အပြင်းအထန် ကျရောက်လာသည်။ ဒဏ်ရာမှ သွေးများ စီးကျလာပြီးနောက် မြေပြင်တစ်ခုလုံးကို အနီရောင်ဖြစ်သည်အထိ အရောင်ဆိုးလိုက်လေ၏။

"ဘယ်သူလဲ" ကျားငန်းဘုရင်သည် သူ၏လက်မောင်း ပြတ်ထွက်သွားသည့် နေရာကို ဆုပ်ကိုင်လိုက်ရာ၊ သူ၏မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုအခါ အဝေးမှ အလင်းတန်းတစ်ခုပေါ်တွင် စီးနင်းနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ထိုလူသည် မည်သူမည်ဝါဖြစ်သည်ကို ကျားငန်းဘုရင် မသိနိုင်သော်လည်း ထိုလမ်းကြောင်းမှ မည်သူတစ်ဦးတစ်ယောက်မှ ရောက်လာရန် မဖြစ်နိုင်ပေ။

သူသည် အပြင်မထွက်ခဲ့သော်လည်း အပျက်အစီးများ၏ ဝင်ပေါက်တွင် အဏ္ဏဝါမျိုးနွယ်စုနှင့် အနန္တနတ်ဆိုးတောင်တန်းတို့၏ နတ်အဆင့် မွန်းစတားများစွာဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးစည်းတစ်ခုရှိနေ၍ ပြည်ထောင်စု၏ စစ်ကူများကို အထဲသို့ မဝင်နိုင်ရန် တားဆီးနေကြောင်း သူ သိရှိထားသည်။

နတ်အဆင့် ကျွမ်းကျင်သူလျှင်ပင် ကာကွယ်ရေးစည်းကို ဖြတ်ကျော်ရန်ပင် မဖြစ်နိုင်ပေ။ အနည်းဆုံးလျှင် မိမိသည် ၎င်းကာကွယ်ရေးစည်းကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ အပြင်ဘက်တွင် နတ်အဆင့် မွန်းစတား အကောင်နှစ်ဆယ်ကျော်ရှိနေသောကြောင့် ဖောက်ထွင်းဝင်ရောက်ခြင်းသည် ကောင်းကင်သို့ တက်လှမ်းရခြင်းကဲ့သို့ ခက်ခဲလှပေသည်။ ထို့အပြင် ပြည်ထောင်စု၏ ကျွမ်းကျင်သူအားလုံးနီးပါးသည် အပျက်အစီးများထဲတွင်ရှိနေကြသောကြောင့် အပြင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

သို့သော် ရောက်ရှိလာသူကို မြင်လိုက်ရသောအခါ သူ့ဆံပင်များ အဆုံးထိ ထောင်မတ်သွားကြောင်း ခံစားလိုက်ရသည်။ သူသည် မှားယွင်းစွာ မြင်တွေ့ခဲ့ခြင်း မဖြစ်နိုင်ပေ။ ထိုလူသည် အပျက်အစီးတစ်ခုနှင့် ကြုံဆုံခဲ့ရခြင်းအတွက် နှမြောစဖွယ်ကောင်းသည်ဟု သူ ကနဦးတွင် ပြောခဲ့ဖူးသည့် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူ ချူးယွင်ဖန်းဖြစ်သည်။

"ချူးယွင်ဖန်း"

မျှော်လင့်ချက်များကို စွန့်လွှတ်ခဲ့ကာ သေဆုံးတော့မည်ဟု ထင်မှတ်ခဲ့သည့် လီမိသားစု ဘိုးဘေးကြီးသည်လည်း ထိုလူကို အသိအမှတ်ပြုမိသွားသည်။ ဤနေရာတွင် ချူးယွင်ဖန်းနှင့် အမှန်တကယ် တွေ့ဆုံရန် သူ မမျှော်လင့်ခဲ့ပေ။ သူသည် ယခုအခါ ရှင်သန်ရန် အခွင့်အလမ်းရှိလာခဲ့သည်။ ချူးယွင်ဖန်းသည် လီမိသားစု ဘိုးဘေးကြီးအနားသို့ ဆင်းသက်လာပြီးနောက် သူ့အိပ်ကပ်ထဲရှိ ဆေးလုံးကို ထုတ်ယူ၍ ဘိုးဘေးကြီးထံ ပေးလိုက်သည်။

လီမိသားစု ဘိုးဘေးကြီးသည် ၎င်းကို အလျင်အမြန် မျိုချလိုက်ရာ၊ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာကြောင်း ခံစားလိုက်ရသည်။ သူသည် အလွန် အံ့ဩသွားသည်။ သူ၏ကျင့်ကြံအဆင့်တွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ကြောက်မက်ဖွယ်ကောင်းသောကြောင့် သာမန်ဒုံးပျံများက ၎င်းတို့ကို ထိခိုက်ရန် ခက်ခဲပေသည်။ သို့သော်လည်း ၎င်းတို့သည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားသည်နှင့် သာမာန် နည်းလမ်းများဖြင့် ကုသရန် မရနိုင်ပေ။

နတ်အဆင့်ကို ကုသနိုင်သည့် ဆေးများသည် အလွန်နည်းပါးလှသည်။ သူ ကိုယ်တိုင်ပြင်ဆင်ထားသည် ဆေးအနည်းငယ်သည် နှစ်အတော်ကြာ စုဆောင်းခဲ့ရ၍ ယခုအခါ ဤတိုက်ပွဲတွင် အကုန်အသုံးပြုခဲ့ရသည်။ ထို့သို့မှ မဟုတ်လျှင် သူ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။ ချူးယွင်ဖန်းပေးခဲ့သည့် ဆေးလုံးကို မျိုချလိုက်ပြီးနောက် ဆေး၏ အာနိသင်သည် သူစုဆောင်းထားသည့် ဆေးများထက် အနည်းဆုံးလျှင် အဆပေါင်းများစွာ ပိုမိုကောင်းမွနခကြောင်း သူ သိလိုက်ရသည်။ ဤသည်မှာ ပစ္စည်း၊ ပစ္စည်းချင်း နှိုင်းယှဉ်သည့် အကြောင်းကိစ္စဖြစ်သည်။

သူသည် ဤကျေးဇူးတရားကို ထာဝရအမှတ်ရနေမည်ဟု ကတိသစ္စာပြုခဲ့သည်။ ယခင်က ချူးယွင်ဖန်းကို မနှစ်သက်ခဲ့ဘူးဟုဆိုလျှင် ယခုအခါ သူ၏အမြင်များ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ လီမိသားစု ဘိုးဘေးကြီးသည် အခြေမယိုင်ရန် အစွမ်းကုန် ရပ်တည်နေရသည်။

သူသည် ချူးယွင်ဖန်းနှင့်အတူ တိုက်ပွဲဝင်လိုခဲ့သည်။ ကျားငန်းဘုရင်နှင့် သက်တံရောင်မြွေဝိညာဉ်ဘုရင်မတို့သည် မည်မျှကြောက်မက်ဖွယ်သည်ကို သူ ကောင်းစွာသိသည်။ သူ၏ ခွန်အားဖြင့်လျှင်ပင် ကျားငန်းဘုရင်၏ လှုပ်ရှားမှု အနည်းငယ်ကို ကြာကြာခုခံနိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်မျှ အံ့သြဖွယ်ကောင်းသည်ကို စိတ်ကူးကြည့်ရန် လွယ်ကူပေသည်။ သို့သော် ချူးယွင်ဖန်းတွင် သူနှင့် တူညီသော သဘောထားမျိုး မရှိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

"ခင်ဗျား ဒဏ်ရာရထားတဲ့အတွက် အရင်ဆုံး ပြန်ကုသလိုက်တာ ကောင်းလိမ့်မယ်။ ဒီလူယုတ်မာလေးတွေကို ခင်ဗျား ဖြေရှင်းစရာ မလိုပါဘူး မိတ်ဆွေ"

လီမိသားစု ဘိုးဘေးကြီးသည် ဤစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။ သို့သော် ယခင်က ထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းရောင်ကို တွေးမိသွားသောကြောင့် ချူးယွင်ဖန်းကို သူ မငြင်းဆိုခဲ့ပေ။

"သတိထားပါ" လီမိသားစု ဘိုးဘေးကြီးသည် ထိုသို့သာ ပြောလိုက်သည်။

သူနှင့်ဆန့်ကျင်ဘက်တွင်ရှိနေသော ကျားငန်းဘုရင်သည် ချူးယွင်ဖန်း၏စကားများကို ကြားပြီးနောက် အလွန် ဒေါသထွက်သွားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

"သိပ်ကောင်းတယ်။ ချူးယွင်ဖန်း၊ ခင်ဗျားရဲ့ ခေါင်းကို ကိုယ်တိုင် မလိမ်ချိုးနိုင်လို့ အရမ်းနောင်တရနေခဲ့တာ၊ ဒါပေမယ့် အခုတော့ အခွင့်အရေးရပြီ" ကျားငန်းဘုရင်သည် လက်ဖြင့် စည်းတံဆိပ်တစ်ခုကို ဖန်ဆင်းခြင်းဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်အားလုံးကို အသက်သွင်းလိုက်သည်။

လက်မောင်း ဖြတ်တောက်ခံထားရသည့် နေရာမှ လက်အသစ်တစ်ချောင်း လျင်မြန်စွာ ထွက်ပေါ်လာလေသည်။ ၎င်းသည် ယခင်လက်မောင်းနှင့် တစ်ပုံစံတည်း တူညီလှသည်။ ဤမျိုးနွယ်စုများ၏ မိမိကိုယ်ကို ပြန်လည်ကုသနိုင်စွမ်းသည် အမှန်တကယ် သန်မာ၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းလျှင်ပင် ပြတ်ထွက်သောလက်ကို အလွယ်တကူ ပြန်ထွက်လာအောင် မပြုလုပ်နိုင်သောကြောင့် ဤအရာသည် နတ်စွမ်းအင်နယ်ပယ်နှင့် မသက်ဆိုင်တော့ပေ။ ဤသည်မှာ ၎င်းတို့မျိုးနွယ်စုများ၏ မွေးရာပါ စွမ်းရည်ဖြစ်သည်။

"ခင်ဗျားတို့က အဲဒီဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို တင်ခဲ့တဲ့ နှစ်ယောက်လား" ချူးယွင်ဖန်းက မေးလိုက်သည်။

"ဟုတ်တယ်၊ ကျုပ်တို့ပဲ။ ကျွတ်၊ ကျွတ် လူသားတွေ လုံးဝ ပျက်ဆီးသွားတော့မယ် ထင်တယ်၊ အချိန်ကိုက်ပဲ ခင်ဗျားကိုပါ သတ်ပြီး အရေအတွက်ထဲ ထပ်ထည့်ရတာပေါ့" ကျားငန်းဘုရင်သည် ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။

"အဏ္ဏဝါမျိုးနွယ်စု ရုတ်တရက် စည်းလုံးသွားတာ နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိရမယ်။ အဲဒီလူက ဘယ်သူလဲ" ချူးယွင်ဖန်းက ဘာသိဘာသာ မေးလိုက်သည်။

"ဟားဟားဟား၊ ချူးယွင်ဖန်း၊ ကျုပ်က ခင်ဗျားကို ပြောပြမယ်လို့ ထင်နေတာလား" ကျားငန်းဘုရင်က အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ လူသားတွေက ခွန်းလွန်နယ်မြေရဲ့ ကျယ်ပြောတဲ့ နေရာတွေကို သိမ်းပိုက်ထားခဲ့တာ၊ အခု ဒါတွေကို ပြန်ထွေးထုတ်ဖို့ အချိန်တန်ပြီ၊ ခင်ဗျားတို့အတွက် အဆုံးသတ်က တစ်ခုပဲရှိတယ်၊ ဒါက သေခြင်းတရားပဲ"

"ကျုပ်ကို ဘာမှမပြောဘူးဆိုမှတော့ ခင်ဗျား အသက်ဆက်ရှင်နေလည်း အသုံးမဝင်တော့ဘူး" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောသည်။

ချူးယွင်ဖန်းက ထိုသို့ပြောပြီးသည်နှင့် ကျားငန်းဘုရင်သည် ဦးစွာ လှုပ်ရှား၍ တိုက်ခိုက်မှုကို စတင်လိုက်သည်။ ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ ကျယ်လောင်စွာ ဟိန်းဟောက်လျက် သူ၏လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် ရိုက်ခတ်မှုသည် တုနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ကျားငါးမန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ပေရာနှင့်ချီ အရွယ်အစားရှိ၍ ချူးယွင်ဖန်းကို ချက်ချင်းပင် နစ်မြုပ်လုနီးပါးဖြစ်သွားစေသည်။ သို့သော် ချူးယွင်ဖန်းသည် တုံ့ပြန်ရန်အချိန်ပင် မရှိသကဲ့သို့ ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။

"အိုး မဖြစ်ဘူး"

လီမိသားစု ဘိုးဘေးကြီးသည် အခြေအနေ မကောင်းကြောင်း ချက်ချင်း သိရှိသွားခဲ့သည်။ ချူးယွင်ဖန်းသည် အလွန် ဝံ့ကြွားခဲ့ပုံပေါ်သည်။ ကယ်တင်ရန် သွားရောက်ခါနီးတွင် ချူးယွင်ဖန်းကို မျိုချခါနီး ကျားငါးမန်းသည် သံပန်းကန်တစ်ခုကို ထိမိသကဲ့သို့ တစ်စ တစ်စ ကွဲထွက်သွားကြောင်း ရုတ်တရက် သိရှိလိုက်ရသည်။ ၎င်းသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ် သုံးလက်မ တစ်ဝိုက်ရှိ ပြင်းထန်သောလေထုကို ထိမိသောအခါ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်နှင့် မနီးကပ်နိုင်ဘဲ ကွဲထွက်သွားလေသည်။

ဘုံး

ရိုက်ခတ်မှု စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ကျားငါးမန်းသည် ချက်ခြင်းပင် ပြိုကျသွား၍ ချူးယွင်ဖန်းကို ထိခိုက်မှုအနည်းငယ်မျှပင် မဖြစ်စေခဲ့ပေ။

"ကျုပ် အလှည့်ပဲ" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ် အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်နှင့် အလင်းရောင်သည် ကောင်းကင်ကိုပင် ဆုတ်ပြဲသွားစေသည်။ ပြီးနောက် သူ၏လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်လိုက်ရာ၊ လက်ချောင်းများကြားမှ မရေတွက်နိုင်သော စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည်နှင့် လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။

ဘုံး

ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာ၍ ကောင်းကင်ကို ဖြတ်သန်းသွားလေ၏။

"သေစမ်း"

ကျားငန်းဘုရင်သည် တစ်ခုခုမှားနေကြောက်း ချက်ချင်း သဘောပေါက်သွားသည်။ သူ၏ ကျင့်ကြံမှုသည် လက်ရှိကမ္ဘာပေါ်တွင် အလွန် အင်အားကြီးသည်ဟု ယူဆထားနိုင်သည့် သတ္တမမြောက် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ၎င်းသည်လည်း အသုံးမဝင်ခဲ့ပေ။ ချူးယွင်ဖန်း၏ လက်သီးချက်အရှေ့တွင် အဓိပ္ပာယ်မဲ့နေပုံရသည်။ ကျားငန်းဘုရင်သည် သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကြက်ခြေခတ် သဏ္ဌာန် ဖုံးအုပ်လိုက်သည်။ သူ၏လက်များသည် အကန့်အသတ်မဲ့ အလင်းရောင်များဖြင့် တောက်ပနေ၍ သူ့အတွင်း၌ အဆုံးမဲ့ နတ်စွမ်းအင်များ ဆူပွက်လာသည်။ သူသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် အတားအဆီးတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။

ဘုံး

ကျယ်လောင်သော အော်ဟစ်ညည်းညူသံနှင့်အတူ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ လက်သီးချက်သည် အတားအဆီးကို ဖြတ်သန်း၍ ကျားငန်းဘုရင်၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ကျားငန်းဘုရင်သည် သွေးများ လွင့်စဉ်ထွက်လာပြီးနောက် လွင့်ပျံသွားခဲ့သည်။ သူသည် လက်သီးတစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့သည်။

All Chapters