အခန်း (၁၀၇၅-၁၀၇၇)
Vol. 72 Ch. 1075-1077
အခန်း (၁၀၇၅) ကျုပ် မသေဘူး၊ ဆိုလိုတာက ခင်ဗျားတို့အားလုံး ဒီမှာသေရလိမ့်မယ်
ယခင်အချိန်က ဆင်းရဲဒုက္ခတွင်းထဲ ကျရောက်နေသူများသည် ပြည်ထောင်စု၏ လူသားများဖြစ်ကြသည်။ ယခုအခါ ဆင်းရဲဒုက္ခတွင်းထဲ၌ ရောက်ရှိနေသူများသည် အဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ဆိုးများဖြစ်သည်။ ကျွမ်းကျင်သူများ သတ်ဖြတ်ခံရသောကြောင့် ၎င်းတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းသော နာကျင်မှုများ ခံစားနေရသည်။
ထို့အပြင် ၎င်းတို့၏ ကျွမ်းကျင်သူ အများအပြားသည် သတိပေးချက်မရှိဘဲ ချိုင့်ဝှမ်းထဲတွင် သေဆုံးသွားခဲ့သည်။ ဆူညံသံများ စိတ်လှုပ်ရှားမှုများဖြင့် အင်တာနက်ပေါ်တွင် စည်ကားနေစဉ် ချူးယွင်ဖန်းသည် အပျက်အစီး၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ပြီးနောက် အပျက်အစီး၏ အနက်ရှိုင်းဆုံးတွင် အနီရောင်တောက်လောင်နေသော သစ်ပင်ကြီးတစ်ပင်ရှိနေသည်။ ၎င်းသည် အကိုင်းအခက် အရွက်များစွာဖြင့် ပေတစ်ရာကျော်မြင့်မား၍ အလွန်ကြီးမားပုံပေါ်သည်။
ဤနတ်သစ်ပင်သည် စင်ကြယ်သော အရောင်အဝါမျိုး ထုတ်လွှတ်နေသည်။ သစ်ပင်၏ ပတ်ပတ်လည်တွင် ၎င်းကို လုံးလုံးလျားလျား လွှမ်းခြုံထားသည့် အတားအဆီးတစ်ခုရှိနေ၍ ဤသည်မှာ နတ်သစ်ပင်က သူ့သဘောနှင့်သူ ဖွဲ့စည်းထားသည့် အတားအဆီးဖြစ်ပေသည်။ အတားအဆီး၏ အပြင်ဘက်တွင် နတ်အဆင့် အယောက်သုံးဆယ်ခန့်ပါရှိသည့် အုပ်စုတစ်ခုရှိနေသည်။ ၎င်းတို့သည် အဖွဲ့နှစ်ခုအဖြစ် ပိုင်းခြားကာ ဗြဟ္မာသစ်ပင်ကို ဝန်းရံထားလေသည်။
ဤအဖွဲ့နှစ်ခုသည် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်ဝင်များဖြစ်ကြသည်။ အဖွဲ့နှစ်ခုသည် နတ်သစ်ပင်ကို ဝိုင်းရံထားပြီးနောက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ချုပ်ကိုင်ခွင့်မပေးလိုသည့်အတိုင်း ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေတွင်ရှိနေ၏။ ချူးယွင်ဖန်းသည် ဤနတ်သစ်ပင်၌ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည်။
၎င်းတို့အနက် တစ်ဦးသည် အနက်ရောင်နဂါးဘုရင်ဖြစ်သည်။ သူ၏အတောင်ပံတစ်ချောင်း ပြုတ်ထွက်သွားသောကြောင့် ယခုအခါမှ ပြန်ထွက်ခါစသာရှိသေးသည်။ ၎င်းသည် အခြားတောင်ပံများနှင့် သိသိသာသာ ကွဲပြားနေကာ သူ၏ခန္ဓာကိုယ်တွင် အခြား ဒဏ်ရာများရှိနေဆဲဖြစ်သောကြောင့် သူ့ကို အလွန် ခက်ထန်ပုံပေါ်စေသည်။
အနက်ရောင် နဂါးဘုရင်၏အနောက်၌ ချူးယွင်ဖန်း မတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သော တန်စီယုဖြစ်သည်။ တန်စီယုသည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထား၍ သူမ၏ခန္ဓာကိုယ်သည် သေးသွယ်၍ လေထုထဲတွင် လွင့်မျောနေပုံပေါ်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်စင်ကြယ်၍ ကြော့ရှင်းသည့် အလင်းရောင် ဖျော့ဖျော့များဖြင့် ဖျာထွက်နေသည်။
သူမသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော အင်မော်တယ်တစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။ ချူးယွင်ဖန်းသည် တန်စီယု အဆင်ပြေနေကြောင်း တွေ့လိုက်ရသောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း တန်စီယု၏ ခန္ဓာကိုယ်မှ အင်အားကြီး စွမ်းအင်များ ထုတ်လွှတ်နေ၍ ၎င်းစွမ်းအင်များသည် အချိန်တိုင်း ပိုမို သန်မာလာကြောင်း မြင်တွေ့လိုက်ရသည်။
အင်အားကြီး စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်တစ်လျောက် ပျံ့နှံ့နေ၍ ခန္ဓာကိုယ်ကို အသွင်းကူပြောင်းနိုင်စေရန် မြှင့်တင်နေသကဲ့သို့ ထင်မှတ်ရစေသည်။ တန်စီယုသည် ဗြဟ္မာသစ်ပင်ပေါ်တွင် ပေါက်ရောက်နေသော ဗြဟ္မာသစ်သီးကို စားသုံးလိုက်ဟန်ရှိသည်ဟု ချူးယွင်ဖန်း သုံးသပ်လိုက်သည်။ ထိုသို့မှမဟုတ်ပါက မည်သို့ကြောင့် ဤနေရာမျိုးတွင် အဆင့်ဖြတ်ကျော်ရန် ရွေးချယ်ရသည်ကို ရှင်းပြရန် နည်းလမ်းမရှိပေ။
တန်စီယုတစ်ယောက် မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို မသိသော်လည်း ချူးယွင်ဖန်းက သက်ပြင်းချလိုက်ဆဲဖြစ်သည်။ သူမဆီမှ ဖြာထွက်နေသော အရောင်အဝါများအရ သူမသည် သတ္တမမြောက် နတ်အဆင့်တွင်ရှိနေသည်။ သူမသည် နဝမမြောက်အဆင့်သို့ ရောက်ရှိရန် အချိန်အတော်ကြာမြင့်မည် မဟုတ်ပေ။
မှန်သည်၊ ဗြဟ္မာသစ်သီး၏ ဆေးဖက်ဝင် အာနိသင်များကို သူမ လုံးလုံးလျားလျား စုပ်ယူနိုင်သည်အထိ နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများက စောင့်ကြည့်နိုင်ခြင်းဟူသော အဆိုအပေါ်မူတည်သည်။ ချူးယွင်ဖန်းသည် ဗြဟ္မာသစ်ပင်ကို ဘယ်ညာ ဝန်းရံထားသည့် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စု ကျွမ်းကျင်သူများထံ လှည့်ကြည့်လိုက်သည်။
၎င်းတို့အနက် နတ်ဆိုးများ၏ခေါင်းဆောင်သည် အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူသည် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထား၍ စစ်သူကြီးတစ်ဦးကဲ့သို့ အလွန်ခမ်းနားပုံပေါ်သည်။ တစ်ဖက်တွင်မူ အဏ္ဏဝါမျိုးနွယ်စုများ၏ ခေါင်းဆောင်သည် အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ဘာသာရေးတစ်ခုခုနှင့် သက်ဆိုင်ပုံပေါ်သော အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ဂုဏ်သိက္ခာရှိသော အရောင်အဝါများ ပေးစွမ်းနေသည်။ အဏ္ဏဝါမျိုးနွယ်စုအားလုံးသည် ဤအမျိုးသားကို အလွန် လေးစားကြလေသည်။
သို့သော် ချူးယွင်ဖန်းသည် ဤအဏ္ဏဝါမျိုးနွယ်စု၏ခေါင်းဆောင်သည် လျို့မိသားစု ဘိုးဘေးကြီးနှင့် တူညီသော ကျင့်ကြံမှုအဆင့်တွင်ရှိနေသည်ဟု ထက်မြက်စွာ နားလည်လိုက်သည်။ သူသည်လည်း နတ်ကျွန်တစ်ဦး၏ အရောင်အဝါမျိုးရှိနေသည်။
အဏ္ဏဝါမျိုးနွယ်စုများ၏ ခေါင်းဆောင်နှင့် လျို့မိသားစု ဘိုးဘေးကြီးတို့သည် ဇစ်မြစ်မတူသည့်အပြင် မတူညီသော မျိုးနွယ်စုများမှ ဆင်းသက်လာသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် နတ်ကျွန်များ၏ သိုင်းပညာများကို လျှို့ဝှက်စွာ ကျင့်ကြံခဲ့ကြသောကြောင့် တူညီသော အရောင်အဝါများရှိနေကြသည်။
ပြီးနောက် နတ်ကျွန်အဖွဲ့အစည်းကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့သည့် ချူးယွင်ဖန်းသည် ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်သည်။ ပိုင်ဝမ် သူ့ထံ ပြောခဲ့သည့်စကားများကို ပြန်စဉ်းစားမိသွားသည်။ အဏ္ဏဝါမျိုးနွယ်စုများကို တစ်စုံတစ်ယောက်က ပေါင်းစည်းခဲ့ရာ၊ နဂိုက ဖရိုဖရဲ အခြေအနေသည် တွန်းအားပေးမှုကြောင့် စည်းလုံးလာခဲ့သည်။ ချူးယွင်ဖန်းသည် ချက်ခြင်းပင် သုံးသပ်ချက်ချလိုက်သည်။ အဏ္ဏဝါမျိုးနွယ်စုများကို စည်းလုံးညီညွတ်သွားစေသော ပုဂ္ဂိုလ်သည် နတ်ကျွန်များ၏ အရှင်သခင်ဖြစ်နိုင်ဖွယ်ရှိသည်။ နတ်ကျွန်အဖွဲ့အစည်း၏ စွမ်းပကားကို အကဲဖြတ်ခြင်းအရ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
"ဟမ်း၊ နဂါးဖြူ။ ခင်ဗျားသာ ကျုပ်ကို မတားခဲ့ဘူးဆိုရင် ဒီမိန်းမက ကျုပ်ကို ဘယ်လိုလုပ် ရိုက်နိုင်မှာလဲ" အဏ္ဏဝါမျိုးနွယ်စု၏ ခေါင်းဆောင်က ပြောလိုက်သည်။
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နဂါးဖြူက လှောင်ရယ်၍ ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားကို မတားဘဲ ဒီကိုအရင်လာခွင့်ပေးရမှာလား၊ ဘုရင်ယန်။ အဲ့ဒီ့မိန်းမက ဗြဟ္မာသစ်သီးကို စားလိုက်တော့ရော ဘာဖြစ်လဲ။ လူသားတစ်ယောက်ကို ဆေးဘယ်လိုဖော်ရမလဲဆိုတာကို ကျုပ် သိတယ်" နဂါးဖြူက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။
သူသည် ဘုရင်ယန်နှင့် ပတ်သက်၍လည်း ကောင်းကောင်းသိထားသည်။ သူသာ မတားဆီးခဲ့ပါက ဘုရင်ယန်သည် ဗြဟ္မာသစ်သီးကို ယူသွားပေလိမ့်မည်။ သူသည် လူသားအမျိုးသမီးနှင့် ပတ်သက်၍ အနည်းငယ်မျှ စိတ်ပူပန်ခြင်း မရှိပေ။
'အဲ့ဒီ့အမျိုးသမီးက ဗြဟ္မာသစ်သီးကို စားလိုက်တော့ရော ဘာဖြစ်လဲ'
သူသည် လျှို့ဝှက်နည်းပညာကို အသုံးပြု၍ သူမကို ဆေးဝါးအဖြစ် ပြုပြင်ဖော်စပ်နိုင်သည်။ ဤသည်မှာ လူသားတစ်ဦးကို ဆေးပညာရပ်ကြီးတစ်ခုအဖြစ် သတ်မှတ်ကာ ၎င်းတို့ကို လူသားဆေးလုံးအဖြစ် ပြန်လည်ဖော်စပ်ခြင်းဖြစ်သည်။
နဂါးဘုရင်သည် အနန္တနတ်ဆိုးတောင်တန်း၏ နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မထင်ထားခဲ့ပေ။ ဤသည်မှာ လူသားများသည် မွန်းစတားများကို အမဲလိုက်ကာ ၎င်းတို့၏ အတွင်းအူများကို ရယူခြင်းနှင့် ဆင်တူသည်။
"ခင်ဗျား သူ့ကို ဗြဟ္မာသစ်သီးက စွမ်းအင်တွေ ဆက်ပြီး စုပ်ယူခွင့်ပေးလိုက်ရင် ဒီလူသားဆေးကို မဖော်စပ်နိုင်တဲ့အပြင် သူ ထွက်တောင် ထွက်ပြေးသွားနိုင်တယ်" ဘုရင်ယန်က ဆိုသည်။
"ဒီအတိုင်းသာဆက်သွားရင်၊ သူ အနှေးနဲ့အမြန်ဆိုသလို နဝမမြောက် နတ်ဆင့်ကို ဖြတ်ကျော်သွားလိမ့်မယ်။ ဒီလိုဖြစ်လာရင် သူ့ကိုဖမ်းဖို့ လွယ်တော့မှာ မဟုတ်ဘူး။ ကျုပ်တို့ အပေးအယူလုပ်ကြရင် ဘယ်လိုလဲ။ အတားအဆီးကို အရင်ချိုးဖောက်ပြီး သူ့ကို ဖမ်းရအောင်။ ပြီးမှ ဘယ်လိုခွဲယူကြမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”
"သဘောတူတယ်"
ယခုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် လူသားအမျိုးသမီးသည် အခြေအနေကို အမှန်တကယ် အခွင့်ကောင်းယူသွားနိုင်သည်ဟု နဂါးဖြူ ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ဟာသဖြစ်သွားပေလိမ့်မည်။
"ခင်ဗျားတို့နှစ်ယောက်က တော်တော်လေး ပူပင်ကြောင့်ကြမဲ့သား"
ထိုအချိန် စိမ်ပြေနပြေ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ ကျုပ်ရဲ့ အကြံဉာဏ်ကို နားထောင်ဖို့ အကြံပြုချင်မိတယ်။ အခု တိုက်ခိုက်တာကို ရပ်လိုက်ရင်ရော ဘယ်လိုလဲ"
လူတိုင်း၏ နှလုံးသားများ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် ထိုလူ၏ ချဉ်းကပ်မှုကို သတိမထားမိကြပေ။ ချဉ်းကပ်လာသူသည် သာမန်လူမဟုတ်ကြောင်း သိသာထင်ရှားသည်။ အသံပိုင်ရှင်ကို မြင်လိုက်သောအခါ ၎င်းတို့၏ နှလုံးသားများ တင်းကြပ်သွား၍ ဤအမျိုးသားက မည်သူမည်ဝါ ဖြစ်သည်ကို ချက်ခြင်း သိရှိသွားသည်။ ၎င်းသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူ ချူးယွင်ဖန်းမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။
"ချူးယွင်ဖန်း မင်း မသေသေးဘူးလား"
နဂါးဖြူသည် ချူးယွင်ဖန်းကို ချက်ချင်း မှတ်မိသွားကာ သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ် အလင်းရောင်များဖြင့် လင်းလက်သွားသည်။ သူသည် ချူးယွင်ဖန်းကို မြင်သောအခါ ချူးယွင်ဖန်း လက်ချက်ဖြင့် သေဆုံးသွားသော သူ့၏မျိုးနွယ်ဝင်များကို သတိရသွားသည်။ သွေးသန့်နတ်ဆိုးမျိုးနွယ်ဝင် အများအပြားမရှိသော နဂါးပျံတိုင်းပြည်အတွက် အလွန်တရာ နှလုံးနာကျင်ရသော ဖြစ်စဉ်ဖြစ်သည်။
"ဟုတ်တယ်၊ ကျုပ် မသေသေးဘူး။ စိတ်ပျက်သွားပြီလား" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
"ဒါပေမယ့် ကျုပ် မသေသေးဘူးဆိုတော့ ခင်ဗျားတို့အားလုံး ဒီမှာပဲ သေရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ကိုတော့ ခင်ဗျားတို့ မေ့ထားလိုက်ပေါ့"
အခန်း (၁၀၇၆) ကျုပ်သာ သတ်ချင်ရင်၊ ခင်ဗျားကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး
"ဟားဟားဟား၊ ချူးယွင်ဖန်း မင်း တကယ် ရူးသွားပြီပဲ" နဂါးဖြူသည် အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ရယ်မောလိုက်သည်။
ချူးယွင်ဖန်းသည် သူ၏သတ်ဖြတ်ရမည့် စာရင်းတွင် ပါဝင်နေသည်၊ သို့သော်လည်း ဤသည်မှာ ချူးယွင်ဖန်းက နဂါးပျံတိုင်းပြည်၏နတ်ဆိုးများကို သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် သူသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သည်။ နဂါးဖြူသည် ပြည်ထောင်စု၏ အရှိန်အဟုန်ကို ဖျက်ဆီးလိုပါက ချူးယွင်ဖန်းကို သတ်ပစ်ရမည်ဖြစ်သည်။
ချူးယွင်ဖန်းကို ထူးခြားသူဟု သူ မထင်မှတ်ခဲ့ပေ။ အဆုံးတွင် ပြည်ထောင်စု၏ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှသာ ထွန်းကားခဲ့ခြင်းဖြစ်သည်။ သူ ငယ်ရွယ်စဉ်အချိန်ကပင် ပြည်ထောင်စု ပြိုလဲလုနီးပါးအဖြစ်နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ထိုအချိန်တွင် နတ်ဆိုးများသည် ကမ္ဘာနှစ်ခု၏ နယ်နိမိတ်ကို တိုက်ခိုက်ခဲ့၍ ပြည်ထောင်စုသည် ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်။ အကယ်၍ ပြည်ထောင်စုသာ နျူကလီးယားဗုံးအများအပြားဖြင့် နတ်ဆိုးများ၏ ချီတက်မှုကို ရပ်တန့်ရန် အဆောတလျင် ဆုံးဖြတ်ချက်မချခဲ့ပါက ပြည်ထောင်စုတစ်ခုလုံး ပျက်ဆီးသွားနိုင်သည်။
အနန္တနတ်ဆိုးတောင်တန်းမှ နတ်ဆိုးများ၏ သက်တမ်းသည် လူသားများထက် အဆပေါင်းများစွာ မြင့်မား၍ ၎င်းတို့အနွယ်ဝင်များ၏ သက်တမ်းသည် သာမန်နတ်ဆိုးများထက်ပင် မြင့်မားလှသည်။ နဂါးဖြူ၏မျက်လုံးများတွင် လူသားပညာရှင်အားလုံးသည် ပုရွက်ဆိတ်များသာဖြစ်သည်။ အဏ္ဏဝါမျိုးနွယ်စုများထဲရှိ တစ်စုံတစ်ဦးသည် ချူးယွင်ဖန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေသည်။
"မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ" ထိုလူ၏မျက်နှာတွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များ ပေါ်ပေါက်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချူးယွင်ဖန်းကို လုပ်ကြံခဲ့သူသည် သူမှလွဲ၍ အခြားလူ မဟုတ်ပေ။
သူသည် ချူးယွင်ဖန်းကို လှည့်စားနိုင်ခဲ့သည်မှာ သေချာသည်။ တယ်လီပို့စနစ် ဖွဲ့စည်းပုံကို ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့် ချူးယွင်ဖန်းသည် အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် မသေဆုံးရုံသာမကဘဲ သူ၏ ခွန်အားသည်လည်း တိုးတက်လာခဲ့သည်။ ဤသည်မှာ အမှန်တကယ် ထူးဆန်းလှသည်။ ချူးယွင်ဖန်းသည် ထိုအမျိုးသားကို လှည့်ကြည့်လိုက်သည်။ ၎င်းသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် အဏ္ဏဝါမျိုးနွယ်ဝင်တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအချိန်က သူ့ကို တစေ့တစောင်းသာ မြင်တွေ့ခဲ့သော်လည်း မှတ်မိနေဆဲဖြစ်သည်။
"ခင်ဗျား ကျုပ်ကို လုပ်ကြံတဲ့ကိစ္စကိုတောင် မဖြေရှင်းရသေးဘူး။ ခင်ဗျားက ကျုပ် ရှေ့မှာ ပေါ်လာရဲတယ်ပေါ့လေ"
ချူးယွင်ဖန်း၏ မျက်လုံးများသည် စူးရှသော အလင်းရောင်များဖြင့် လင်းလက်လာသည်။ သူသည် ထိုအချိန်တွင် သေခြင်းတရားနှင့် ကြုံတွေ့ရန် အနည်းငယ်သာ လိုအပ်ခဲ့သည်။ သာမာန်လူများထက် များစွာ သန်မာစေသည့် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို မကျင့်ကြံခဲ့ပါက သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူသည် အချိန်အတော်ကြာ ဒဏ်ရာရရှိခဲ့ရသည်။
ဘုံး
ချူးယွင်ဖန်းသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ၊ သူ၏ခြေဖဝါးအောက်မှ လျှပ်စီးများ လင်းလက်လာသည်။ သူသည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ထိုလူဆီ ပျံသန်းသွားခဲ့သည်။
"သူ့ကို တားကြ" ဘုရင်ယန်က အော်ဟစ်လိုက်သည်။
သူ့အမိန့်အရ အဏ္ဏဝါမျိုးနွယ်စုအားလုံး ချူးယွင်ဖန်းထံ ချီတက်လိုက်ကြသည်။ ၎င်းတို့သည် သူ့ကို မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် သူ ပေါ်ပေါက်လာချိန်တွင် ကြားနေအခြေအနေတွင် ရှိနေကြ၍ ယခုမူ ၎င်းတို့အားလုံး ဟိန်းဟောက်လျက် သူ့ထံ ခုန်အုပ်လာကြသည်။
နတ်အဆင့်တစ်ဒါဇင်ကျော်သည် တစ်ပြိုင်နက်တည်း ခုန်အုပ်လာကြရာ၊ ဤသည်မှာ မည်သို့သော မြင်ကွင်းမျိုးဖြစ်သနည်း။ ကောင်းကင်ကြီးပြိုကျကာ မြေကြီးများ ကွဲအက်သွားသကဲ့သို့ ထင်မှတ်ရစေသည်။ တခဏချင်းမှာပင် ကောင်းကင်ကြီး အရောင်ပြောင်းသွား၍ ကြောက်မက်ဖွယ် စွမ်းအင်များ ပြိုဆင်းလာခဲ့သည်။
"ကျုပ်ကို တားမယ်တဲ့လား။ တကယ် လုပ်နိုင်မယ် ထင်နေတာလား"
ဤကမ္ဘာမြေပြိုကျသော မြင်ကွင်းသည် ချူးယွင်ဖန်း၏မျက်လုံးများတွင် ကလေးကစားခြင်းထက် မပိုပေ။ သူသည် နတ်ကုန်းမြေ၌ ယခုထပ် ပို၍များပြားသော လူများစွာကို သတ်ဖြတ်ခဲ့သည်။ သူ၏ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ရာ၊ သူ၏လက်ချောင်းများကြားမှ စွမ်းအင်များ စိမ့်ထွက်လာ၍ ရွှေရောင်အသူရကာယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘုံး
လက်သီးချက်သည် ချက်ခြင်းဆိုသလိုပင် ကမ္ဘာကြီးကို ဖြိုခွင်းပစ်လိုက်သည်။ သူ့ထံ ချီတက်လာသော နတ်အဆင့်တစ်ဒါဇင်ကျော်သာ် သွေးများ အန်ထွက်၍ ဆုတ်ခွာသွားရသည်။ အတိအကျပြောရလျှင် ၎င်းတို့အားလုံး လွင့်ပျံသွားကြသည်။ ချူးယွင်ဖန်း၏ လက်သီးချက်နှင့် ရင်ဆိုင်ရသော နတ်အဆင့်တစ်ဒါဇင်ကျော်သည် အမှိုက်များထက် မပိုပေ။
"မဖြစ်နိုင်ဘူး" ဘုရင်ယန်၏ မျက်လုံးများ ပြူးကျယ်ကာ အံ့အားသင့်သွားလေသည်။
သို့သော် ချူးယွင်ဖန်းက မရပ်တန့်ခဲ့ပေ။ သူသည် လက်ငါးချောင်းကို ဖြန့်၍ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ၏လက်ချောင်းများထိပ်မှ ဓားအလင်းရောင် ငါးချောင်း ထွက်ပေါ်လာသည်။ ဤဓားအလင်းရောင် ငါးချောင်းသည် လေထုထဲတွင် ပေါက်ကွဲထွက်ပြီးနောက် ဓားမိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တခဏအတွင်းမှာပင် မရေတွက်နိုင်သော ဓားမိုးများ သည်းထန်စွာ ရွာချနေသကဲ့သို့ နေရာအနှံ့ လွှမ်းခြုံသွားသည်။ ထိုနေရာရှိ လူတိုင်းသည် ဓားမိုးရွာသွန်းခြင်းကို ခုခံရန်အတွက် ၎င်းတို့၏ အကာအကွယ်များကို တစ်ယောက်ပြီး တစ်ယောက် ထုတ်သုံးနေကြသည်။
အစောပိုင်းတွင် ချူးယွင်ဖန်းကြောင့် လွင့်ပျံသွားသော နတ်အဆင့် အဏ္ဏဝါမျိုးနွယ်ဝင်များသည်လည်း ကံမကောင်းလှပေ။ ၎င်းတို့သည် ဒဏ်ရာအပြင်းအထန်ရရှိနေပြီဖြစ်သော်လည်း ဤဓားမိုးများသည် ၎င်းတို့ကို လွှမ်းခြုံသွားခဲ့သည်။ ဓားမိုး ရွာသွန်းမှုကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များ ချက်ချင်းပင် ဆုတ်ပြဲ၍ သေဆုံးသွားကြသည်။
ချူးယွင်ဖန်းသည် ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် အရှေ့သို့ ခြေလှမ်းကျဲကျဲ လှမ်းကာ အဖြူရောင် ပုရောဟိတ်ဝတ်စုံ ၀တ်ဆင်ထားသည့် အဏ္ဏဝါမျိုးနွယ်ဝင်ထံ ချီတက်လေသည်။
"ကျုပ်သာ သတ်ချင်ရင် ခင်ဗျားတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး”
အခြားလူများသည် ထိုအချိန်တွင် ချူးယွင်ဖန်း ထုတ်လွှတ်လိုက်သော ဓားမိုးများကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်ရှုပ်နေသေးသောကြောင့် ၎င်းတို့၏ အနွယ်ဝင်ကို ကယ်တင်ရန် အချိန်မရှိခဲ့ပေ။ ပုရောဟိတ် အဏ္ဏဝါမျိုးနွယ်ဝင်သည် အလွန် အံ့ဩထိတ်လန့်နေသည်။ ဤအရာအားလုံးသည် အချိန်အတော်ကြာဖြစ်ပွားခဲ့ပုံရသော်လည်း တကယ်တမ်းတွင် ခဏလေးအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။
ချူးယွင်ဖန်းသည် အဏ္ဏဝါမျိုးနွယ်စုကျွမ်းကျင်သူများစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို လက်သီးတစ်ချက်ဖြင့် ဖြိုခွဲခဲ့ပြီးနောက် ၎င်းတို့ကို အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည်။ ပြီးနောက် အဏ္ဏဝါမျိုးနွယ်စု၏ ပုရောဟိတ်ကို နောက်ထပ် လှုပ်ရှားမှုဖြင့် သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။
သူ၏လှုပ်ရှားမှုများသည် ရိုးရှင်း၍ ပြတ်သားသည့်အပြင် အလွန်အမင်း ဆန်းကြယ်သော လှုပ်ရှားမှုမျိုး မရှိပေ။ သို့သော်လည်း ဤရိုးရှင်းသော လှုပ်ရှားမှုများသည် ချူးယွင်ဖန်း၏လက်ထဲတွင် ကြီးမားသည့် ခွန်အားမျိုးရှိနေသည်။
အဏ္ဏဝါမျိုးနွယ်စု၏ ပုရောဟိတ်သည် အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူသည် ကျယ်လောင်သော ဟောက်သံနှင့်အတူ တုနှိုင်းမရသော ဧရာမပင်လယ်သားရဲကြီးအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူ၏ အရွယ်အစားသည် တောင်ငယ်တစ်စင်းပမာရှိ၍ သူ၏မျက်လုံးများသည် မီးအိမ်တစ်စုံကဲ့သို့ နီရဲနေသည်။
၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် မြေပြိုကျလာသကဲ့သို့ ချူးယွင်ဖန်းထံ ချီတက်လာသည်။ ချူးယွင်ဖန်းသည် အဏ္ဏဝါမျိုးနွယ်စု၏ ပုရောဟိတ်ကို လွန်ကဲစွာ တွန်းအားပေးခဲ့သောကြောင့် သူသည် သူ၏ပုံသဏ္ဌာန်အစစ်အမှန်ကို ထုတ်ပြလာသည်။ အဏ္ဏဝါမျိုးနွယ်စု၏ ပုရောဟိတ်သည် သူ၏မူလပုံသဏ္ဌာန်ကို ပြောင်းလဲပြီးနောက် သူ၏ခွန်အားသည်လည်း သိသိသာသာ တိုးမြင့်လာသည်။ သူသည် ပေါင်တစ်ထောင် စွမ်းအင်ရှိသည့် သူ၏ကြီးမားသော ခန္ဓာကိုယ်ဖြင့် ခုန်အုပ်လာသည်။
ဘုံး
သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်မိမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ချူးယွင်ဖန်းသည် သူ၏အရှိန်အဟုန်ကို ရပ်တန့်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လျက် ရောက်ရှိလာသော တိုက်ခိုက်မှုများကို တားဆီးလိုက်သည်။ အဏ္ဏဝါမျိုးနွယ်စု ပုရောဟိတ်၏ ကြီးမား၍ ရက်စက်သော မျက်နှာပေါ်တွင် လုံးလုံးလျားလျား မယုံကြည်နိုင်သော အကြည့်များ ပေါ်ပေါက်လာသည်။ သူသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ချူးယွင်ဖန်းသည် အစွမ်းထက်သည့်အပြင် သူ၏ ခွန်အားသည်လည်း မိမိထက် များစွာ ကြီးမားလှသည်။ သူ၏ အာဒိကပ္ပဝိညာဉ်သည် ကျယ်လောင်သော ကြွေးကြော်သံနှင့်အတူ လေထုထဲတွင် ပုံဖော်ဖွဲ့စည်းလာသည်။ ၎င်းသည် လက်ထဲတွင် လှံကို ကိုင်ဆောင်၍ ချူးယွင်ဖန်းထံ ထိုးစိုက်လိုက်သည်။
ဘုံး
ချူးယွင်ဖန်းက ပေါ့ပါးစွာ ရိုက်ချလိုက်သည်နှင့် လှံသည် လေထုထဲတွင် ကွဲကြေသွားလေ၏။ ပြီးနောက် သူသည် အဏ္ဏဝါမျိုးနွယ်စု ပုရောဟိတ်၏ အာဒိကပ္ပဝိညာဉ်ကို ဖမ်းဆုပ်လိုက်သောကြောင့် ၎င်းသည် အသည်းအသန် ရုန်းကန်နေလေသည်။ တစ်ဖက်တွင် ဘုရင်ယန်နှင့် အခြားလူများသည် နောက်ဆုံးတွင် ချူးယွင်ဖန်း၏ ဓားမိုးရွာသွန်းမှုဒဏ်မှ လွတ်မြောက်လာသောကြောင့် သူ့ထံ ချီတက်နေကြသည်။
၎င်းတို့အားလုံးက အဏ္ဏဝါမျိုးနွယ်စု ပုရောဟိတ်ကို ကယ်တင်ခါနီးတွင် ချူးယွင်ဖန်းသည် လှည့်ပင်မကြည့်ဘဲ အာဒိကပ္ပဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။ အဏ္ဏဝါမျိုးနွယ်စု ပုရောဟိတ်၏ မူလပုံသဏ္ဌာန်သည် အာဒိကပ္ပဝိညာဉ်၏ ပံ့ပိုးမှုမရှိသောကြောင့် မြေကြီးပေါ်သို့ ပြိုကျလာကာ အပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားစေသည်။ သူသည် ပွဲချင်းပြီး သေဆုံးသွားခဲ့၏။ ထိုအခါ နေရာတစ်ခုလုံးသို့ တိတ်ဆိတ်ငြိမ်သက်မှုများ ကျရောက်လာလေ၏။
အခန်း (၁၀၇၇) အနက်ရောင် နဂါးဘုရင်၏ အံ့ဩမှု
"ကျုပ် ပြောခဲ့တယ်လေ ကျုပ်သာ ခင်ဗျားတို့ကို သတ်ချင်ရင် ခင်ဗျားတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူးလို့" ချူးယွင်ဖန်းက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။
အဏ္ဏဝါမျိုးနွယ်စု၏ ပုရောဟိတ်သည် အလွန် သန်မာသည့်အပြင် သတ္တမမြောက် နတ်အဆင့်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ထိုကဲ့သို့ အစွမ်းသတ္တိအရ၊ မျက်မှောက်ကမ္ဘာတွင် သိုင်းပညာရှင်ကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။ သို့သော် သူသည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ခဲ့ပေ။
"ချူးယွင်ဖန်း မင်းက သေလူပဲ" ဘုရင်ယန် သည် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။
"ခင်ဗျားတို့ရဲ့အဖွဲ့အစည်းက တကယ်လည်း ရည်မှန်းချက်ကြီးတာပဲ။ သူ့ရဲ့နတ်ကျွန်တွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်လိုက်ရင် ခင်ဗျားတို့ရဲ့ အရှင်သခင် ခေါင်းထွက်လာမလားဆိုတာ ကျုပ် ကြည့်ချင်သေးတယ်" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။
သူသည် ကနဦးတွင် ဤအရှင်သခင်ဆိုသူက မည်သူဖြစ်၍ မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်သည်ကို စူးစမ်းလိုခဲ့သည်။ ယခုမူကား ဤအရှင်သခင်ဆိုသူသည် အနှေးနှင့်အမြန် ခုန်ထွက်တော့မည်ကို သိရှိသွားသောကြောင့် သူ ဂရုမစိုက်တော့ပေ။
ဤနတ်ကျွန်များသည် လုံးလုံးလျားလျား ဦးနှောက်ဆေးကြောခံခဲ့ရသည့်အပြင် ခွဲရန် ခဲယဉ်းသော အခွံမာသီးများကဲ့သို့ဖြစ်နေသည်။ ၎င်းတို့ဆီမှ သတင်းအချက်အလက် တစ်စုံတစ်ရာ ရရှိရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် နတ်ကျွန်အနည်းငယ်နှင့် ရင်ဆိုင်ရပြီးနောက် ထိုအကြောင်းအရာကို သိရှိပြီးသားဖြစ်သည်။
ချူးယွင်ဖန်းသည် ပစ်မှတ်မရှိဘဲ သတ်ဖြတ်နေခြင်းမဟုတ်ကြောင်း ဘုရင်ယန်က ရုတ်တရက် သဘောပေါက်လိုက်သည်။ သေသေချာချာ ရေတွက်မည်ဆိုလျှင် ချူးယွင်ဖန်းသည် စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမမြောက် နတ်ကျွန်များကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရပေလိမ့်မည်။ ၎င်းတို့အဖွဲ့အစည်းကို ထူထောင်ပြီးကတည်းက ဤမျှကြီးစွာသော ဆုံးရှုံးမှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ သို့သော်လည်း ဘုရင်ယန်သည် နတ်ကုန်းမြေရှိ တတိယမြောက် နတ်ကျွန်သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည့်အကြောင်းကို မသိခဲ့ပေ။
ဤကဲ့သို့ ဆုံးရှုံးမှုသည် အလွန် နှလုံးနာကျင်စေသည်ဟု ဆိုနိုင်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အဖွဲ့အစည်း၏ အဆိုးဝါးဆုံး ရန်သူဖြစ်သည်။ အဖွဲ့အစည်းသည် ကနဦးတွင် ချူးယွင်ဖန်းကို ခေါ်ယူလိုခဲ့သည်။ ချူးယွင်ဖန်း၏ အရည်အချင်းနှင့် ခြိမ်းခြောက်နိုင်စွမ်းကို မြင်တွေ့ပြီးနောက် ၎င်းတို့၏ အဖွဲ့အစည်းထဲသို့ မခေါ်ယူနိုင်ပါက သူ့ကို သတ်ပစ်ရမည်ဟု စိတ်ထဲတွင် စွဲထင်သွားကြသည်။
ထို့ကြောင့် သတ္တမမြောက် နတ်ကျွန်သည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် လိုက်ပါသွားခြင်းဖြစ်သည်။ သို့သော် ပျားအုံကို ထိုးမိသကဲ့သို့ဖြစ်သွားမည်ဟု မည်သူသိမည်လော။ နတ်ကျွန်များသည် ထိုမှတစ်ဆင့် တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံခဲ့ရသည်း။ ချူးယွင်ဖန်းသည် ဤအဖွဲ့အစည်း၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ သူ့အပေါ် သတ်ဖြတ်လိုစိတ်ကို ရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့၏ နတ်ကျွန်များကို ကရုဏာ တစ်စုံတစ်ရာမျှမပြသဘဲ မဆိုင်းမတွ သတ်ဖြတ်ခဲ့သည်။ ဤအဖွဲ့အစည်း၏ အသက်ဓာတ်သည် အလွန်တရာ ပျက်စီးခဲ့ရသည်။
"အခုက ခင်ဗျားအလှည့်ပဲ။ ကျုပ် တတိယမြောက်နတ်ကျွန်ကို သတ်ပြီးပြီ။ ခင်ဗျား အဆင့်က ဘယ်လောက်လဲ" ချူးယွင်ဖန်းက ဘုရင်ယန်ကို ကြည့်လျက် ပြုံးပြလိုက်သည်။
ဘုရင်ယန်၏ သူငယ်အိမ်များ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ သူသည် တတိယမြောက် နတ်ကျွန်အကြောင်း သိရှိထားသည်။ အခြားလူများနှင့်မတူသည်မှာ တတိယမြောက် နတ်ကျွန်သည် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူ့ကို သတ်ဖြတ်နိုင်ဆဲဖြစ်သည်။ ဘုရင်ယန်သည် ချူးယွင်ဖန်းအပေါ်ထားရှိသော ၎င်း၏ယခင် ခန့်မှန်းချက်များအားလုံး အလွန် မှားယွင်းနေကြောင်း ဝန်ခံရမည်ဖြစ်သည်။ ချူးယွင်ဖန်း၏ ကြောက်ရွံ့ဖွယ် ခွန်အားသည် ၎င်းတို့၏ အတွေးများထက် ကျော်လွန်နေခဲ့သည်။
"မင်းက ကျုပ်တို့အရှင်ကို ခြိမ်းခြောက်မှုဖြစ်စေတယ်။ ဒီတော့ မင်းကို ဒီနေရာမှာသတ်ဖို့ ကျုပ် အစွမ်းကုန် ကြိုးစားမယ်"
ဘုရင်ယန်သည် ချူးယွင်ဖန်းကို လျှော့တွက်ရန် ရည်ရွယ်ချက်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်တွင် နဂါးဖြူသည် ဘုရင်ယန်၏ အပြုအမူကို မြင်သောအခါ ချူးယွင်ဖန်းက သာမန်လူမဟုတ်ကြောင်း သဘာဝကျကျ နားလည်သွားခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သည့် ဘုရင်ယန်သည် ပေါ်ထွန်းလာချိန်မှစ၍ အဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ဆိုးများကြားရှိ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ကာ ညွှန်ကြားပေးခဲ့သည်။
ဘုရင်ယန်သည် နောက်ကွယ်က ကြိုးကိုင်သူဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ထိုသို့မဟုတ်ကြောင်း သူ သိရှိသွားခဲ့ရသည်။ ဘုရင်ယန် ၏အနောက်တွင် အခြားသော ကြိုးကိုင်သူ တစ်ဦးရှိနေသေးသည်။ နဂါးဖြူသည် နိုးနိုးကြကြား ပြုမူရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများသည် ပြည်ထောင်စုကို ဖျက်ဆီးရန်အတွက် မဟာမိတ်ဖွဲ့စည်းခဲ့သော်လည်း ၎င်းတို့သည် သဘာဝအားဖြင့် ပြိုင်ဖက်များဖြစ်နေဆဲဖြစ်သည်။
အစီအစဉ်အရ၊ ပြည်ထောင်စုကို ဖျက်ဆီးပြီးနောက် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုတို့သည် ခွန်းလွန်နယ်မြေ၏ ဦးဆောင်သူရာထူးအတွက် တိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို လျှော့တွက်၍မရနိုင်ကြောင်း နဂါးဖြူ သိရှိလိုက်ရသည်။ ဘုရင်ယန်လျှင်ပင် သူ့ကို လေးလေးနက်နက် ရင်ဆိုင်နေလေသည်။
ထို့အပြင် ချူးယွင်ဖန်း၏ အဏ္ဏဝါမျိုးနွယ်စုများကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ သတ်ဖြတ်လိုက်သည့် အပြုအမူသည်လည်း သူ၏ကျောရိုးတစ်လျောက် အေးစက်သွားစေသည်။ ထိုနေရာတွင် နတ်ဆိုးများသာဖြစ်ခဲ့ပါက ၎င်းတို့သည်လည်း တူညီသော ကံကြမ္မာကို ခံစားခဲ့ကြရပေလိမ့်မည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သာမန် နတ်အဆင့် ကျွမ်းကျင်သူများထက် သိသိသာသာ ကျော်လွန်နေသည်။ သာမာန် နတ်အဆင့်ကျွမ်းကျင်သူ အရေအတွက်သည် သူ့အရှေ့တွင် အဓိပ္ပါယ်မဲ့နေသည်။ နဂါးဖြူသည် ချူးယွင်ဖန်း၏ လျှပ်တပြက် တိုက်ခိုက်မှုကို သတိပြုရန်အတွက် နတ်ဆိုးကျွမ်းကျင်သူများထံ စာတိုများ တိတ်တဆိတ် ပေးပို့လိုက်သည်။
သို့သော် ထိုသို့ စာတိုများ ပေးပို့နေရန် မလိုအပ်ပေ။ မည်သို့ဆိုသော် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအင်သည် ၎င်းတို့၏ ထက်ဝက်ကျော်မျှကို အလွန် ကြောက်လန့်သွားစေသောကြောင့်ဖြစ်သည်။ ဤသို့ကြောက်မက်ဖွယ်ကောင်း၍ ကြမ်းတမ်းသော ပုဂ္ဂိုလ်မျိုးသည် လူသားမျိုးနွယ်ထဲတွင် မည်သည့်အချိန်က ပေါ်ပေါက်လာခြင်းဖြစ်သနည်း။
၎င်းတို့သည်လည်း အဏ္ဏဝါမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခြေအနေထက် ပို၍ ကောင်းမွန်မည် မဟုတ်ပေ။ ၎င်းတို့သည် စွမ်းအင်များကို အကန့်အသတ်သို့ ရောက်ရှိသည်အထိ အလိုအလျောက် မြှင့်တင်ထားသည့်အတွက် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။
အတားအဆီးအတွင်း သစ်ပင်တစ်ဝိုက်၌ အဆင့်ဖြတ်ကျော်နေသည့် တန်စီယု နံဘေးတွင် လဲလျောင်းနေသည့် အနက်ရောင် နဂါးဘုရင်သည် အပြင်ဘက်ရှိ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် နောက်ဆုံးတွင် နိုးထလာခဲ့သည်။ တစ်စုံတစ်ခုဖြစ်ပွားနေပြီဟု သူ တွေးထင်လိုက်သော်လည်း သူ့ကို စက္ကန့်ပိုင်းအတွင်း ရှုံးနိမ့်သွားစေသည့် အဏ္ဏဝါမျိုးနွယ်ဝင်အားလုံးကို ချူးယွင်ဖန်းက သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်လိုက်ရမည်ဟု မည်သူသိမည်နည်း။
၎င်းသည် အသီးအရွက်များ ခုတ်ထစ်နေသကဲ့သို့ ထင်မှတ်ရစေသည်။ အနက်ရောင် နဂါးဘုရင်သည် ဤလအနည်းငယ်ကြာပြီးနောက် ချူးယွင်ဖန်း၏ခွန်အားများ ပို၍ကြောက်မက်ဖွယ်ကောင်းလာကြောင်း ခံစားသိရှိနိုင်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သူ့ကို ပထမဆုံး အနိုင်ယူခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်ပါက ခြားနားမှုသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ဖြစ်နေသည်။
ထိုအချိန်တွင် သူသည် ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်သော်လည်း ၎င်းတို့သည် တူညီသောအဆင့်တွင် ရှိနေဆဲဖြစ်သည်။ ယခုမူ ချူးယွင်ဖန်းသည် သူ့ကို လက်တစ်ချောင်းတည်းဖြင့် ဖိနှိပ်နိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။ အနက်ရောင် နဂါးဘုရင်သည် လွန်ခဲ့သော လအနည်းငယ်ကထက် များစွာ သန်မာလာခဲ့သည်။ သူသည် ချူးယွင်ဖန်း ပေးအပ်ခဲ့သည့် ကျင့်ကြံနည်းဖြင့် ဆဌမမြောက် နတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ရာ၊ သတ္တမမြောက် နတ်အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။
သို့သော် သူသည် ချူးယွင်ဖန်းကို ရင်ဆိုင်ရပါက ပြန်လည်ခုခံရန်ပင် ခွန်အားရှိမည်မဟုတ်ကြောင်း သူသိနေသည်။ အမှန်တရားကို နားမလည်သော အခြားလူများနှင့် နှိုင်းယှဉ်ပါက အနက်ရောင် နဂါးဘုရင်သည် သဘာဝကျကျ ပိုသိနေလေ၏။ ချူးယွင်ဖန်းသည် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့သည်ဟူသော ကောလဟာလကို ပြည်ထောင်စုဘက်မှ စတင်ဖြန့်လိုက်ကတည်းက အရာအားလုံးသည် အတုအယောင်များဖြစ်နေကြောင်း သူ သိထားသည်။
သူသည် ချူးယွင်ဖန်း၏ ဖိနှိပ်မှုကို ခံခဲ့ရသောကြောင့် သူ၏ စိတ်နှင့် ဝိညာဉ်သည် ချူးယွင်ဖန်းနှင့် တစ်သားတည်း ဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းက အဆင်ပြေခြင်း မပြေခြင်းကို အခြားလူများ မသိနိုင်သော်လည်း အနက်ရောင် နဂါးဘုရင်က မည်သို့မျှ မသိဘဲနေမည်နည်း။ ချူးယွင်ဖန်း တစ်စုံတစ်ခုဖြစ်ခဲ့ပါက ပထမဦးစွာ သေဆုံးရမည့်လူသည် မိမိသာဖြစ်သည်။ ရက်စက်သည်ဟု ထင်မြင်ရသော်လည်း ဤသည်မှာ အမှန်တရားဖြစ်သည်။ သူ အဆင်ပြေနေပါက၊ ချူးယွင်ဖန်းသည်လည်း အဆင်ပြေနေသည်ဟု ဆိုနိုင်သည်။
သို့သော် ချူးယွင်ဖန်း ပြန်လာသောအခါ သူသည် ကြီးမားသောပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း အနက်ရောင် နဂါးဘုရင် သိရှိလိုက်ရသည်။ သူသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက ယခုအခါ နှစ်ဆခန့် ပို၍ သန်မာနေသည်။
အကယ်၍ အနက်ရောင် နဂါးဘုရင်သာ ယခင်အချိန်က ထွက်ပြေးရန် ကြိုးပမ်းခဲ့မည်ဆိုပါက၊ ယခုအခါ ထိုသို့သော အတွေးများ မရှိတော့ပေ။ သူ၏ အသက်သည် ချူးယွင်ဖန်း၏ လက်ထဲတွင်ရှိနေခြင်းသောကြောင့်သာမကဘဲ ချူးယွင်ဖန်း၏ခွန်အားသည် သူ့ကို လုံးလုံးလျားလျား ကျော်လွန်နေသောကြောင့်ဖြစ်သည်။
ချူးယွင်ဖန်း၏ စွမ်းအင်သည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ထိုသို့သော အရှင်သခင်ကို ခစားခြင်းဖြင့် သူ၏ အနာဂတ်သည် အကန့်အသတ်မရှိဘူးဟု ဆိုနိုင်သည်။ သူသည် နတ်အဆင့်များ၏ ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းကာ ကမ္ဘာ့ထိပ်တန်းသို့ရောက်ရှိရန်ပင် အခွင့်အရေးရှိပေလိမ့်မည်။