← Chapters

ဓားကျောက်စာတိုင်တေးသံ တစ်ဖန်ထွက်ပေါ်လာခြင်း

Vol. 185 Ch. 2767

ဓားကျောက်စာတိုင်တေးသံ တစ်ဖန်ထွက်ပေါ်လာခြင်း

Vol. 185 Ch. 2767

ဆူဇီမိုသည် ဓားကျင့်စဉ်ကို ရရှိခဲ့စဉ်က တစ်ပိုင်းတစ်ပျက် စာရွက်ပေါ်က ကျင့်စဉ်က လေးနက်သိမ်မွေ့ပြီး ရှုပ်ထွေးသည်ကို သူက အာရုံခံနိုင်ခဲ့၏။ အဲဒါသည် အလွန်တရာအဆင့်မြင့်သော ကျင့်ကြံရေးနည်းစနစ်တစ်ခုမှ လာခြင်းဖြစ်ပုံရသည်။ စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို အသုံးချကာ အစစ်အမှန်ခန္ဓာနှစ်ခုသည်် ဓားကျင့်စဉ်၏ တစ်ပိုင်းတစ်ပျက်စာမျက်နှာကို တစ်ချိန်တည်းမှာ ဖတ်ရှုခဲ့ကြသည်။ သူသည် နားလည်မှုတချို့ရရှိခဲ့သော်လည်း အဲဒါက သူ့အနေဖြင့် တစ်ပိုင်းတစ်ပျက် သုတ္တန်တစ်ခုမျှနှင့် ဓမ္မတာအိုတစ်ခုခုကို နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ပေ။

အစစ်အမှန်ခန္တာနှစ်ခုသည် အဲဒါကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိလျှင် အခြားသူများအနေဖြင့် ပို၍ပင် မဖြစ်နိုင်တော့ပေ။

မဟုတ်ပါက ထိုတစ်ပိုင်းတစ်ပျက်ကို တက္ကသိုလ်၏ လျှို့ဝှက်စံအိမ်ထဲမှာ သာမန်ကာလျှံကာ ချထားလိမ့်မည် မဟုတ်ပေ။

ယခု ဆူဇီမိုသည် ပြီးပြည့်စုံသော အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို ကျင့်ကြံဖို့အခွင့်အရေးရရှိလာပြီး ထိုခံစားချက်က လုံးဝကို ကွဲပြားခြားနားလေသည်။

အရင်တုန်းက သူသည် တစ်ပိုင်းတစ်ပျက်ဓားကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူ့မှာ မေးခွန်းများစွာရှိနေခဲ့သည်။ ထိုအခိုက်အတန့်မှာ သူသည် နားလည်မိသလို ရှိလာလေသည်။

ဆူဇီမိုသည် နက်ရှိုင်းသောအကြည့်နှင့်အတူ အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ကို ကြည့်နေ၏။

သူ၏ လက်ထဲမှာ ဗောဓိစေ့ကို ကိုင်ထားပြီး သူက တဖြည်းဖြည်းနစ်မျောသွားလေသည်။

အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို တွေ့မြင်ရချိန်မှာ ဓားကျင့်စဉ်မှ စကားလုံးများနှင့် ပတ်သက်၍ ပြောစရာမလိုတော့ပေ။

အထွတ်အထိပ်ကောင်းကင်ဘုံသည် အရာရာတိုင်းကို ခြုံငုံထားသည်ဟု ရည်ညွှန်းလေသည်။ ဤဓားကျင့်စဉ်သည် ဓားတာအိုတွင် အားလုံးကို ခြုံငုံထားသော အဆင့်မြင့်ကျွမ်းကျင်မှုတစ်ရပ်ဖြစ်လေသည်။ ထို့ကြောင့် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်သို့ ရောက်ရှိလာသော ဓားကျင့်ကြံသူတိုင်းသည် သူတို့၏ မတူညီသော ကျင့်ကြံမှုများအလိုက် ကွဲပြားခြားနားသော ဓားတာအိုများကို လေ့လာနိုင်ကြသည်။

ပေမင်ရွှယ်သည် အနိဋ္ဌာရုံဓားတောင်ထွတ်၏ လက်အောက်မှာ ကျင့်ကြံနေသော်လည်း သူမ၏ ဓားတာအိုက အမှီအခိုကင်းမဲ့ပြီး အဲဒါသည် ဓားကမ္ဘာ၏ တောင်ထွတ်ရှစ်ခုနှင့် သိသိသာသာ ကွဲပြားခြားနားလေသည်။

ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဖြတ်ကျော်ခဲ့စဉ်က သူမ၏ ဓားတာအိုက ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

သူမအတွက်တော့ ဤတစ်ခေါက် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို နားလည်ဆင်ခြင်ခြင်းသည် သူမ၏ ကိုယ်ပိုင်ဓားတာအိုကို တည်ဆောက်နိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် ဓားတာအိုတွင် အချိန်နှင့်စွမ်းအင်များစွာကို သုံးစွဲခဲ့ခြင်းမရှိပေ။

သူ၏ ကျင့်ကြံမှုက ရှုပ်ထွေးပြီး အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုတို့ ပါဝင်ပတ်သက်နေ၏။

ဓားတာအိုသည် ထိုအထဲမှ အခွဲတစ်ခုမျှသာ ဖြစ်လေသည်။

သူအများဆုံးထိတွေ့မိသည်မှာ မဟာဓားပညာရပ်သုံးခုသာ ဖြစ်လေသည်။ မဟာဓားပညာရပ်သုံးခုကို သူတို့၏ အကန့်အသတ်ထိ နားလည်ဆင်ခြင်မိသည့်အခါ အနိဋ္ဌာရုံဓားတာအိုက မွေးဖွားပေါ်ထွက်လာပေလိမ့်မည်။

သူ့အနေဖြင့် အနိဋ္ဌာရုံဓားတာအိုအပေါ် သူ့မှာ အကြီးမားဆုံး အခွင့်အရေးနှင့် အလွယ်ကူဆုံး နားလည်ဆင်ခြင်မှု ရှိလေသည်။

အနိဋ္ဌာရုံဓားတာအိုနှင့်ဆင်တူစွာ ဓားတာအိုတွင် လေးနက်သိမ်မွေ့မှုပေါင်း ထောင်ချီရှိနေသည်။

သို့သော်လည်း အနိဋ္ဌာရုံသည် ဓားတာအိုကို အများဆုံးကိုယ်စားပြုပေးနိုင်သည့် လေးနက်သိမ်မွေ့မှုဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

ဆူဇီမိုနှင့်ပေမင်ရွှယ်သည် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ရှေ့မှာ တစ်ယောက်က မတ်တတ်ရပ်ကာ တစ်ယောက်က ထိုင်နေ၏။

သူတို့သည် ဓားတာအို၏ တူညီသော ဓားကျင့်စဉ်ကို ကျင့်ပြီး မတူညီသော ဓားတာအိုလေးနက်သိမ်မွေ့များကို ဆက်ခြင်နေရင်း ဓားချီက သူတို့၏ ခန္ဓာကိုယ်များကို ရစ်သိုင်းလာခဲ့၏။

ပေမင်ရွှယ်၏ အော်ရာက ပို၍နက်ရှိုင်းကာ ပို၍လျှို့ဝှက်ဆန်းကြယ်လာခဲ့၏။ သူမသည် အာကာသထဲရှိ တွင်းနက်တစ်ခုနှင့်တူပြီး အရာရာတိုင်းကို အဆက်မပြတ် စုပ်ယူဝါးမြိုနေသည့်အလားပင်။

ဆူဇီမို၏ အော်ရာကတော့ အဲဒါက ပို၍သန်မာ ပို၍ထက်ရှပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ လုယွင်က ထိုသည်ကို တွေ့မြင်သောအခါ အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။

ဆူဇီမို ထုတ်ဖော်ထားသည့် သတ်ဖြတ်ခြင်းဓားစိတ်ဆန္ဒက အလွန်တရာသန့်စင်လေသည်။

ဒါ့အပြင် သူသည် အင်မော်တယ်နှိမ်နင်းဓားကို အရင်ဆုံး နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်သည်။ သူသည် အထွတ်အထိပ် ကောင်းကင်ဘုံဓားကျင့်စဉ်ကို နားလည်ဆင်ခြင်ပြီးနောက် အနိဋ္ဌာရုံဓားတာအိုမှာ ထပ်မံ၍ အဆင့်တက်ဖို့ အခွင့်အရေးရှိလေသည်။

ပေမင်ရွှယ်ကတော့ သူမ၏ ဓားတာအိုက အနည်းငယ်ထူးဆန်းပြီး တောင်ထွတ်သခင်ရှစ်ဦးပင် အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့သော တစ်စုံတစ်ရာဖြစ်သည်။

ယခုအချိန်မှာ ဆူဇီမိုသည် သူ၏ တည်ရှိမှုကို ဘယ်သူကမှ လျစ်လျူမရှုနိုင်သည့် ဖိနှိမ်ချုပ်ချယ်နိုင်သည့် ထက်ရှမှုတစ်ခုနှင့်အတူ ထုတ်ဖော်ထားသော ဓားတစ်လက်ကဲ့သို့ဖြစ်နေသည်။

သို့သော်လည်း ပေမင်ရွှယ်ကို မည်သည့်အရာကမှ လွှမ်းခြုံထားခြင်းမရှိပေ။

မည်သည့်အရာမဆို သူမ၏ ဓားတာအိုဖြင့် ဝါးမြိုခံရပြီး ပျောက်ကွယ်သွားသည့်အလားပင်။

“ကြည့်ရတာတော့ ပေမင်ရွှယ်က ဓားတာအိုအသစ်တစ်ခုကို ဖန်တီးတော့မှာဘဲ”

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

လုယွင်က ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။

“ပေမင်ရွှယ်က ဓားတာအိုမှာ အထူးပြုလေ့လာလိုက်စားတယ်… သူက သူ့ဆရာထက်တောင်မှ ပိုပြီးတော့ ပါရမီအရည်အချင်းရှိလိမ့်မယ်”

ခဏမျှရပ်တန့်ပြီးနောက် လုယွင်က ဆက်ပြောလိုက်၏။

“ဓားတာအိုအသစ်တစ်ခုကို နားလည်ဆင်ခြင်တာက ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခက်ခဲတယ်… ကျင့်ကြံမှုနယ်ပယ်.. အသိအမြင်နဲ့ ဗဟုသုတက လုံလောက်ဖို့ ဝေးကွာလွန်းသေးတယ်… သူက ဒီတစ်ခေါက် အဲဒါကို အောင်မြင်နိုင်ပါ့မလား မသိဘူး”

တောင်ထွတ်သခင်ရှစ်ဦးထဲ မည်သူကမှ ထွက်ခွာမသွားပေ။ ထိုအစား သူတို့သည် အပြင်လူများ ဟန့်တားနှောက်ယှက်ခြင်း မရှိစေရန် ဤနေရာကို စောင့်ကြပ်ပေးနေကြသည်။

သူတို့ရှစ်ယောက်သည် သူတို့၏ စိတ်ဝိညာဉ်များကို အသုံးပြုကာ ဆက်သွယ်ပြောဆိုနေကြသည်။

တကယ်တော့ လုယွင်ပြောသည်မှာ မှန်လေသည်။ ပေမင်ရွှယ်၏ အခြေခံအုတ်မြစ်သည် သိုင်းတာအိုဖြစ်ပြီး သူမ၏ သိုင်းစိတ်ဝိညာဉ်က ဓားတစ်လက်ဖြစ်သည်။ ဓားတာအိုတွင် ပါရမီအရည်အချင်းမှာ သူမသည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက် တကယ်ပင် သာလွန်လေသည်။

သို့သော်လည်း ဆူဇီမို၏ အခြေခံအုတ်မြစ်က အရမ်းကို ခိုင်မာလွန်းသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် အစကတည်းက အရာအားလုံးကို ဝင်ဆံ့စေနိုင်သည်။

အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများကို တစ်ချိန်တည်းမှာ ကျင့်ကြံမည်ဆိုလျှင်တောင် အဲဒါက ပြဿနာရှိလာလိမ့်မည်မဟုတ်ပေ။

ပို၍အရေးပါသည်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဒသမမြောက်ကပ်ဘေးကို ဖြတ်ကျော်ခဲ့စဉ်က ဓားကျင့်ကြံသူတစ်ယောက်၏ ပုံသဏ္ဌာန်ဖြင့် ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခုက ဓားတာအိုနှင့်အတူ ဆင်းသက်လာခဲ့သည်။

သူထင်တာမမှားဘူးဆိုလျှင် ကောင်းကင်ဘုံကပ်ဘေးကနေ စုဖွဲ့ထားသော လူပုံသဏ္ဌာန်သည် အတိတ်ကာလတုန်းက မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံ ဖြစ်ရပေမည်။

တစ်နည်းအားဖြင့်ဆိုသော် မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံက သူ၏ ဓားတာအိုကို ထုတ်ဖော်ခဲ့သည်ကို ဆူဇီမိုက ကိုယ်တိုင်မြင်တွေ့ခဲ့ရလေသည်။

ထိုမျှသာမက သူသည် မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံနှင့် အရင်က တိုက်ခိုက်ခဲ့ဖူးပြီး သူ၏ ဓားတာအိုကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရဖူးလေသည်။

ဆူဇီမိုသည် သူ့ရှေ့မှအထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို ထိုစဉ်တုန်းက အခြေအနေနှင့် ယှဉ်ကြည့်နေသည့်အမျှ မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံက သူ့အား ဓားတာအိုကို ကိုယ်တိုင်သင်ကြားပေးနေသည်နှင့် တူညီလေသည်။

အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်သည် မည်သို့ပင်ဆိုစေ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးနှင့် အရှုပ်ထွေးဆုံးဖြစ်သည်။

ပေမင်ရွှယ်သည် ဤနေရာသို့ အရင်ဆုံးရောက်ရှိလာသည် ဆိုလျှင်တောင် သူမ၏ ပါရမီအရည်အချင်းအရ သူမအနေဖြင့် အချိန်တိုအတွင်းမှာ တစ်စုံတစ်ရာကို နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ပေ။

ပေမင်ရွှယ်သည် သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး ရှုပ်ထွေးနေသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။

ဆူဇီမိုမှာ အရင်တုန်းက ဓားတာအိုကို ထုတ်ဖော်ခဲ့သည့် မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံ၏ ပုံရိပ်များရှိနေသော်လည်း သူသည် အဲဒါကို အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်နှင့် ယှဉ်ကြည့်သည့်အခါ သူ့တွင် မေးခွန်းတချို့ ရှိနေဆဲဖြစ်သည်။

ထိုစဉ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သူ၏ အသိစိတ်ထဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ အဲဒါကို အာရုံခံရင်း အစိမ်းရောင်ရောင်ဝါတစ်ခုက သူ့ရှေ့ပေါ်ထွက်ကာ လွင့်မျောလာ၏။ အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော စတုတ္ထမြောက်ရတနာ ချင်းဖျင်ဓားဖြစ်လေသည်။

အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်က သူ၏ လက်ထဲမှာ ချင်းဖျင်ဓားကို ကိုင်ဆွဲလိုက်သည်။ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်က ဆတ်ခနဲတုန်ယင်သွား၏။ ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်အာရုံခံစိတ်၊ နားလည်သဘောပေါက်မှုနှင့် ဓားတာအိုပေါ် ဆင်ခြင်မှုတို့က ဆပွားများစွာ မြင့်တက်လာပုံရသည်။

ချင်းဖျင်ဓား၏ လေးနက်သိမ်မွေ့မှုက စတင်၍ သက်ရောက်မှုရှိလာခဲ့သည်။ ဆူဇီမိုသည် သူ၏ လက်ထဲမှာ ဗောဓိစေ့ကို ကိုင်ဆွဲထားသည်။ သူ၏ စိတ်ထဲမှာ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်က ချင်းဖျင်ဓားကို ဆုပ်ကိုင်ပြီး မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံက အထွတ်အထိပ်ကောင်းကင်ဘုံဓားတာအိုကို ထုတ်ဖော်ခဲ့သည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်နေ၏။ သူသည် အဲဒါကို သူ့ရှေ့မှ အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်နှင့် တိုက်ကြည့်သောအခါ သူက ဉာဏ်အလင်းပွင့်သွားသလို ခံစားလာရသည်။ စောစောက တွေဝေရှုပ်ထွေးမှုကလည်း ပြေပျောက်သွားလေသည်။

ဇီ…

အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်က ဆတ်ခနဲတုန်ခါသွားပြီး ဓားတေးသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။ အဲဒါက လောကတစ်ခွင် ပဲ့တင်ထပ်သွားစေပြီး ဓားတောင်ထွတ်ရှစ်ခုနှင့် အသင်္ချေဓားနန်းတော်ကို တုန်ခါသွားစေလေသည်။

“ဘာတွေဖြစ်နေတာပါလိမ့်”

“ငါလည်းမပြောတတ်ဘူး… အဲဒါက အသင်္ချေဓားနန်းတော်ဘက်ကနေ လာတာဖြစ်လောက်တယ်”

“ဂျူနီယာညီမပေမင်က တစ်စုံတစ်ရာကို ထပ်ပြီးတော့ နားလည်ဆင်ခြင်သွားနိုင်ပြီလား”

မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ဓားတေးသံထွက်ပေါ်လာရာဘက်ကို ကြည့်နေကြ၏။

အသင်္ချေဓားနန်းတော်ရှိရာဘက်မှာ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အတက်အကျတစ်ခုက ချက်ချင်းပင် အုပ်မိုးကျဆင်းလာ၏။

ဓားကမ္ဘာမှ ရောင်းရင်းအိုကြီးများကပင် ထိတ်လန့်သွားကြလေသည်။

အဲဒါက ပေါ်ထွက်လာတာ ဘယ်လောက်ကြာသေးလို့လဲ။

အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်က ဓားတေးသံကို နောက်တစ်ဖန်ထုတ်ဖော်လာခဲ့သည်။

ဆူဇီမို၏ မျက်လုံးထဲမှာ အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ပေါ်ရှိ စကားလုံးများသည် ဓားကျောက်စာတိုင်ပေါ်ကနေ ကွာထွက်လာပုံရလေသည်။ စကားလုံးများ၏ စုတ်ချက်တစ်ခုချင်းစီတိုင်းက ဓားစိတ်ဆန္ဒကို ကိုယ်စားပြုသည့် ဓားအမှတ်အသားများ ဖြစ်လာခဲ့သည်။

ပုံရိပ်တစ်ခုက အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ပေါ်မှာ အနှိုင်းမဲ့ဓားတာအိုကို ထုတ်ဖော်နေသည့်အလားပင်။

ထိုပုံရိပ်က ကြော့ရှင်းတင့်တယ်စွာ လှုပ်ရှားနေပြီး ဓားအမှတ်အသားများစွာကို ကျန်ရစ်ခဲ့စေသည်။

ဆူဇီမိုသည် သူ၏ နားလည်ဆင်ခြင်မှုမှာ နစ်မျောသွားပြီး သူ၏ စိတ်က ပြေးလွှားနေ၏။ သို့သော်လည်း သူ၏ ဘေးပတ်လည်မှာ တောင်ထွတ်သခင်ရှစ်ဦးသည် ပြူးကျယ်နေသော မျက်လုံးများဖြင့် သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်ကို သူက မသိရှိပေ။

ဘေးမှာရှိသော ပေမင်ရွှယ်ပင်လျှင် သူမ၏ နားလည်ဆင်ခြင်မှုကနေ နိုးထလာခဲ့ပြီဖြစ်သည်။

သူမ၏ နားလည်ဆင်ခြင်မှုသည် အဟန့်အတားတစ်ခုနှင့် ကြုံတွေ့နေရပြီဖြစ်ပြီး ရှေ့ဆက်မတက်နိုင်တော့ပေ။

ထိုစဉ်မှာပင် သူမ၏ နားထဲမှာ ကြည်လင်ရှင်းလင်းသော ဓားတေးသံကို ကြားလိုက်ရသည်။ သူမက သူမ၏ မျက်လုံးနှစ်ဖက်ကို အလိုလိုဖွင့်လိုက်မိပြီး တုန်လှုပ်စရာကောင်းသော မြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူက ချင်းဖျင်ဓားကို ကိုင်ဆွဲထားလေသည်။

သူသည် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ရှေ့မှာ ကြော့ရှင်းတင့်တယ်သော ကိုယ်နေဟန်ထားနှင့် လေးနက်သိမ်မွေ့သော ဓားနည်းစနစ်နှင့်အတူ ကခုန်နေရင်း ထူးဆန်းသော အခြေအနေတစ်ခုမှာ ကျဆင်းနေသည့်အလားပင်။

ဓားချက်တစ်ချက်ချင်းစီက လေထဲမှာ ဓားအမှတ်အသားတစ်ခုချင်းစီကို ကျန်ရစ်ခဲ့စေပြီး အဲဒါက အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ထဲသို့ တဖြည်းဖြည်းဝင်ရောက်ကာ ၎င်းပေါ်ရှိ စာလုံးများနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားလေသည်။

ပေမင်ရွှယ်သည် ဆူဇီမို၏ ဓားတာအိုကို တွေ့မြင်သောအခါ တုန်လှုပ်သွားလေသည်။ သူမသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား ယခုတင် သူမကြုံတွေ့ခဲ့ရသည့် အဟန့်အတားကလည်း ပြေလျော့သွားလေသည်။

All Chapters