အပြောင်းအလဲ
Vol. 185 Ch. 2771
ဓားကမ္ဘာက နဝမမြောက်ဓားတောင်ထွတ်ကို တည်ဆောက်တော့မည့်သတင်းသည် တောင်ထွတ်ရှစ်ခုကြားမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကျင့်ကြံသူများကြား ကြီးမားစွာ ရုတ်ရုတ်သဲသဲဖြစ်လာစေ၏။
အသင်္ချေဓားနန်းတော်မှာ ကျင့်ကြံနေသည့် အင်မော်တယ်ဘုရင်ပညာရှင်များပင် တုန်လှုပ်သွားကြသည်။
ကျင့်ကြံသူများကို ပို၍ပင်တုန်လှုပ်စေသည့်အရာမှာ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ကို ရွေးချယ်ပြီးသွားလေပြီ။
အဲဒါသည် အသင်္ချေဓားနန်းတော်မှ အင်မော်တယ်ဘုရင်များစွာမဟုတ်ဘဲ လွန်ခဲ့သည့်သုံးနှစ်ကျော်ကျော်ကမှ ဓားကမ္ဘာသို့ရောက်ရှိလာသည့် အာကာသသက်ရှိ ပကတိအင်မော်တယ်တစ်ဦး ဆူကျူးဖြစ်လေသည်။
ဤရလဒ်သည် ဓားကျင့်ကြံသူများအားလုံး၏ အတွေးအမြင်ထက် များစွာကျော်လွန်သွားလေသည်။
ကျင့်ကြံမှုနယ်ပယ်အရဖြစ်စေ၊ ဝါစဥ် သို့မဟုတ် အဆက်အသွယ်နှင့် အခြေခံအုတ်မြစ်အရဖြစ်စေ ဓားကမ္ဘာတွင် ဆူဇီမို၏ အထက်မှာ ရပ်တည်နေသော ကျင့်ကြံသူများစွာရှိလေသည်။
တောင်ထွတ်သခင်တစ်ဦး၏ အဆင့်အတန်းက အလွန်တရာအရေးပါသည်ကို ပြောစရာမလိုပေ။
အသင်္ချေဓားနန်းတော်မှာ ကျင့်ကြံနေသော အင်မော်တယ်ဘုရင်ပညာရှင်များစွာပင်လျှင် ဤကဲ့သို့သော ပြုမူဆက်ဆံမှုကို မရရှိကြပေ။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အသင်္ချေဓားနန်းတော်မှ အင်မော်တယ်ဘုရင်များသည် တောင်ထွတ်သခင်ရှစ်ဦး၏ လိုဏ်ဂူခန်းဝါများသို့ နေ့တိုင်းအလည်အပတ်ရောက်ရှိလာပြီး ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းနေကြသည်။
သူတို့ရှစ်ယောက်သည် အဲဒါကို ရှင်းရှင်းလင်းလင်းမပြောဆိုနိုင်ဘဲ အဲဒါသည် သံသရဖူဆောင်းအဖိုးအို၏ ဆုံးဖြတ်ချက်ဖြစ်သည်ဟုသာ ပြောနိုင်ကြသည်။
ထိုစကားကိုကြားရပြီးနောက် အင်မော်တယ်ဘုရင်များက ဆက်လက်၍မေးခွန်းမထုတ်ကြတော့ပေ။
ဓားကမ္ဘာမှာ ဆုံးဖြတ်ချက်ချသူ သုံးယောက်ရှိပြီး သံသရဖူဆောင်းအဖိုးအိုက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
သူတို့သုံးယောက်က အိုမင်းနေပြီဖြစ်သော်လည်း သူတို့သည် တစ်ခါက ဓားကမ္ဘာ၏ အသန်မာဆုံးဧကရာဇ်များဖြစ်ခဲ့ကြပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အန္တိမနာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်ခဲ့ကြဖူးလေသည်။
သူတို့သုံးဦးသည် သည်ဘက်မျိုးဆက်မှာ ဓားကမ္ဘာကို ထိပ်တန်းကမ္ဘာတစ်ခု ဖြစ်လာစေသည့်အကြောင်းရင်းများ ဖြစ်သည်။
အသင်္ချေဓားနန်းတော်မှာ ယခုကျင့်ကြံနေသော ပညာရှင်များသည် အင်မော်တယ်ဘုရင်များဖြစ်စေ၊ ဧကရာဇ်များဖြစ်စေ သူတို့သည် သူတို့သုံးဦးထံမှ လမ်းညွှန်မှုကို အနည်းနှင့်အများဆိုသလို ရရှိထားကြလေသည်။
အင်မော်တယ်ဘုရင်ပညာရှင်များသည် သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယာက်ကို သူတို့၏ ရင်ထဲအသည်းထဲကနေ ရိုသေလေးစားမှုရှိကြလေသည်။
တောင်ထွတ်သခင်ရှစ်ဦးကတော့ သူတို့သည် အသင်္ချေဓားနန်းတော်မှ အင်မော်တယ်ဘုရင်များကို ကိုင်တွယ်နေရသည့်အပြင် သူတို့သည် အုန်းအုန်းကျက်ကျက်ဖြစ်နေသည့် ဓားကျင့်ကြံသူပေါင်းသန်းချီကိုလည်း ကိုင်တွယ်နေရလေသည်။
ဓားတောင်ထွတ်တစ်ခုချင်းစီ၏ လက်အောက်မှာ အမွေခံတပည့် တစ်ထောင်ကျော်စီရှိကြလေသည်။
ဓားတောင်ထွတ်ရှစ်ခုကြားမှာ ဆူဇီမို၏ ကျင့်ကြံမှူနယ်ပယ်ထက် ပိုမိုမြင့်မားသော အမွေခံတပည့်အနည်းဆုံး နှစ်ထောင်ကျော်ရှိနေကြသည်။
“အဲဒီဆူကျူးမှာ ဘာရှိနေလို့လဲ... သူက ဂျူနီယာညီမပေမင်ရဲ့ အရင်ဆရာပဲမလား... သူက ဘယ်လိုလုပ်ပြီး တစ်ခဏချင်းမှာ နဝမမြောက်တောင်ထွတ်သခင်ဖြစ်လာရတာလဲ”
“အဲဒီလူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ပြီးသွားပြီလို့ ငါကြားတယ်”
“သူက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်တယ်ဆိုရင်တောင် အဲလောက်ထိ မြင့်မြင့်မားမား သတ်မှတ်ခံရစရာလိုလို့လား... သူ့အတွက် ဘာလို့ နဝမမြောက်ဓားတောင်ထွတ်ကို ဖွင့်လှစ်ပေးရတာလဲ... သူက တောင်ထွတ်သခင်တောင်ဖြစ်လာပြီ”
“တကယ်ပဲ... အဲဒါကိုဘယ်လိုပဲ ကြည့်ကြည့် ဆူကျူးက အဲလောက်ထိအစွမ်းအစရှိတဲ့ပုံမပေါ်ဘူး”
ဝမ်တုန်၊ ကုန်းစွန်းယွီ၊ ဓားအင်မော်တယ်ထိုက်လိုင်၊ ယဲ့ဝူချန်းနှင့် အခြားသော ထိပ်သီးပကတိအင်မော်တယ်များသည် အတူတကွစုစည်းကာ ဤကိစ္စကိုဆွေးနွေးပြောဆိုနေကြသည်။
မိစ္ဆာဓားတောင်ထွတ်၏ လီရွှယ်က မျက်မှောင်ကြုတ်ကာမေးလိုက်၏။
“ညီကိုဝမ်... မင်းဘာသိထားတာရှိလဲ... သူတို့တွေက ဘာလို့ နဝမမြောက်ဓားတောင်ထွတ်ကို ရုတ်တရက်တည်ဆောက်ပြီး အပြင်လူတစ်ယောက်ကို တောင်ထွတ်သခင်ဖြစ်လာစေချင်တာလဲ”
ဝမ်တုန်က ပြောလိုက်၏။
“တာအိုရောင်းရင်း ဆူကျုးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားနိုင်တယ်လို့ပဲ ငါသိထားတယ်... နောက်ပိုင်းမှာ သူ့ကို တောင်ထွတ်သခင်တွေက အသင်္ချေဓားနန်းတော်ကို ခေါ်သွားခဲ့တယ်... အဲဒီနောက်ပိုင်း နဝမမြောက်ဓားတောင်ထွတ်ရဲ့သတင်းက ထွက်ပေါ်လာခဲ့တာပဲ”
ခဏမျှရပ်တန့်ပြီးနောက် ဝမ်တုန်က ခါးသက်စွာပြုံး၍ပြောလိုက်သည်။
“ညီကိုလီ... တာအိုရောင်းရင်းဆူကျူးကို ယခုအချိန်မှာ အပြင်လူတစ်ယောက်လို့ မဆိုနိုင်တော့ဘူး... သူက နဝမမြောက်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာခဲ့ပြီ... ငါတို့တွေက နောက်ပိုင်း သူ့ကိုတွေ့ရင် သူ့ကိုလေးစားသမှုနဲ့ ပြုမူဆက်ဆံရလိမ့်မယ်”
“ဟမ့်”
လီရွှယ်က ပြန်ဖြေခြင်းမရှိဘဲ နှာတစ်ချက်သာမှုတ်လိုက်၏။
ကုန်းစန်းယွီက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဆူကျူးက အသင်္ချေဓားနန်းတော်ကိုရောက်သွားပြီး မကြာခင်မှာပဲ ဓားကျောက်စာတိုင်ကနေ ဓားတေးသံက ထွက်ပေါ်လာခဲ့တယ်... အဲဒီနောက်ပိုင်း ကြောက်စရာကောက်းတဲ့ ဓားစိတ်ဆန္ဒက ဆင်းသက်လာခဲ့တယ်... အဲဒါက နဝမမြောက်ဓားတောင်ထွတ်နဲ့ ပတ်သက်ဆက်စပ်နေမလား”
အာဏာရှင်ဓားတောင်ထွတ်၏ ချင်ကျုံးက အနည်းငယ်မကျေမနပ်ဖြစ်နေပြီး အသံကျယ်ကျယ်ဖြင့်ပြောလိုက်၏။
“ဓားကျောက်စာတိုင်က ဓားတေးသံကို ထုတ်ဖော်တယ်ဆိုတော့ရောဘာဖြစ်လဲ... ဂျူနီယာညီမပေမင်က ကပ်ဘေးဖြတ်ကျော်ခဲ့တုန်းကလည်း ဓားကျောက်စာတိုင်က ဓားတေးသံကို ထုတ်ဖော်ခဲ့တာပဲ... ဒါပေမဲ့ ဘယ်သူကမှ သူ့အတွက် နဝမမြောက်ဓားတောင်ထွတ်ကို ဖွင့်လှစ်ပေးမယ့်အကြောင်း မပြောဆိုခဲ့ကြဘူး”
ဓားအင်မော်တယ်ထိုက်လိုင်က သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
အရေးကြီးဆုံးက အာကာသသက်ရှိပကတိအင်မော်တယ်တစ်ဦးကို တောင်ထွတ်သခင်တစ်ဦး ဖြစ်လာစေဖို့ဆိုတာ အများသူငှာကို လက်ခံယုံကြည်လာစေဖို့ တကယ်ပဲခက်ခဲတယ်... အဲဒါက နဲနဲတော့ရယ်စရာကောင်းမနေဘူးလား”
ချန်းယွဲ့ကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“တခြားသူတွေကို မပြောနဲ့ ငါတို့ထဲကတောင် ဘယ်သူမဆို ကျင့်ကြံမှု၊ အဆင့်မီမှု၊ တိုက်ခိုက်ရည်ခွန်အားနဲ့ အဆက်အသွယ်မှာ ဆူကျူးရဲ့အထက်မှာ ရှိနေကြတာပဲ”
“သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားတယ်ဆိုပေမယ့် သူက ဘာပဲပြောပြာ အာကာသာသက်ရှိနယ်ပယ်မှာပဲ... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က အကန့်အသတ်ရှိတဲ့အတွက် အင်မော်တယ်နှိမ်နင်းဓားရဲ့ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မှာမဟုတ်ဘူး”
“အောမီထောဖော”
ဇင်ဓားတောင်ထွတ်၏ ကိုယ်တော်ကြွယ်ကျန့်ကလည်း ခေါင်းညိတ်ကာပြောလိုက်၏။
“ငါတို့တွေက ပကတိအင်မော်တယ်တွေထဲက တစ်ယောက်ယောက်ကို ရွေးချယ်ရမယ်ဆိုရင်တောင် လင်းရွှင်ကျန်းက အဆင့်အမီဆုံးသူပဲ”
အဆုံးစွန်ဓားတောင်ထွတ်ကပင်ဖြစ်သော ယဲ့ဝူချန်းက မှင်သေသေဖြင့် ပြောလိုက်၏။
“အဲဒီလူရဲ့ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင် မမြင့်မားသေးတာ နှမြောစရာပဲ... သူသာ ငါနဲ့ မျှမျှတတတိုက်ခိုက်ဖို့ အဆင့်မီမယ်ဆိုရင် ငါကသူနဲ့ လက်ရည်စမ်းချင်သေးတယ်”
ပြီးခဲ့သည့်သုံးနှစ်အတွင်း သူတို့က ဆူဇီမိုနှင့် အတော်အတန် ရင်းနှီးမှုရှိလာခဲ့သည်။
သို့သော်လည်း သည့်ယခင်က သူတို့သည် သူ့ကို အဝေးမှလာသောဧည့်သည်တစ်ယောက်အဖြစ်သာ ပြုမူဆက်ဆံပြီး သူတို့နှင့် တူညီသောမျိုးဆက်မှ ရွယ်တူတန်းတူတစ်ယောက်အဖြစ်သာ သတ်မှတ်ခဲ့ကြလေသည်။
သို့သော်လည်း ယခု ဆူဇီမိုသည် တစ်ခါတည်းနှင့် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်လာခဲ့ပြီး သူ၏ အဆင့်အတန်းက သူတို့၏ အထက်ကို ရောက်ရှိလာကာ သူတို့သည် မကျေမနပ်ခံစားလာရလေသည်။
တကယ်တော့ ဝမ်တုန်နှင့် အခြားသူများသည် စောဒကတက်နေခြင်းသာဖြစ်ပြီး သူတို့က သူ့ကိုတကယ်တမ်း ဒုက္ခပေးဖို့ မရည်ရွယ်ကြပေ။
မည်သို့ပင်ဆိုစေ ဤသည်က ဓားကမ္ဘာ၏ ဧကရာဇ်ပညာရှင်တစ်ဦးချမှတ်လိုက်သော ဆုံးဖြတ်ချက်ဖြစ်လေသည်။ သူတို့က မကျေနပ်ဘူးဆိုလျှင်တောင် အဲဒါကိုမပြောင်းလဲနိုင်ပေ။
တောင်ထွတ်သခင်ရှစ်ဦးပင် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘူးဆိုမှတော့ သူတို့ကအဲဒါကို လက်ခံယုံသာရှိတော့လေသည်။
လီရွှယ်က သူ၏ လက်သည်းများကို တချွင်ချွင်ခတ်ပြီး ပြောလိုက်၏။
“သူက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာပေမယ့် သူက ဓားကမ္ဘာမှာ သူ့ကိုယ်သူနာမည်တစ်ခုတည်ဆောက်နိုင်ဖို့ အစွမ်းအစလိုသေးတယ်”
“လျှောက်ရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်... နဝမမြောက်ဓားတောင်ထွတ်က အနာဂတ်မှာ ဘယ်လောက်ထိကျော်ကြားနိုင်သလဲ ငါကြည့်ရသေးတာပေါ့”
တောင်ထွတ်ရှစ်ခုကြားမှာ လက်ရည်စမ်းမှုများနှင့် တိုက်ခိုက်မှုများက မကြာခဏရှိတတ်လေသည်။
ယခု နောက်ထပ်တောင်ထွတ်တစ်ခု နဝမမြောက်ဓားတောင်ထွတ်က ပေါ်ထွက်လာခဲ့လေပြီ။
အဲဒါသည် အမည်အားဖြင့် တောင်ထွတ်ရှစ်ခုနှင့် ယှဥ်နိုင်သော်လည်း ထိုတောင်ထွတ်သည် တောင်ထွတ်များကြား လက်ရည်စမ်းမှုမှာ အမြဲတမ်း နောက်ဆုံးအဆင့်မှာ ရပ်တည်နေမည်ဆိုလျှင် ၎င်းသည် လှောင်ပြောင်ထေ့ငေါ့မှုများစွာကို ပို၍ပင် သေချာပေါက်ရရှိလာပေလိမ့်မည်။
ဤကိစ္စသည် ဓားကမ္ဘာမှာပျံ့နှံ့သွားပြီးနောက် ဆူဇီမိုသည် သူ့အပေါ် ဓားကျင့်ကြံသူများ၏ မသိမသာပြောင်းလဲလာသော စိတ်နေသဘောထားကို အာရုံခံမိလေသည်။
ဝမ်တုန်နှင့် အခြားသူများက သူ့ကိုတွေ့မြင်သည့်အခါ သူတို့သည် စည်းမျဥ်းစည်းကမ်းအရ ဂျူနီယာများအဖြစ် ရိုသေလေးစားမှု ပေးကြဆဲဖြစ်လေသည်။
သို့သော်လည်း သူ့ကို သူတို့ကြည့်ရှုပုံက ပို၍ပင်စိမ်းသက်ကာ အေးစက်လာခဲ့သည်။
ဆူဇီမိုက ဤအပြောင်းအလဲနှင့်ပတ်သက်၍ အံ့အားသင့်မသွားပေ။
တစ်ဘက်မှာတော့ သူ၏သရုပ်သကန် ရုတ်တရက်ပြောင်းလဲမှုကြောင့် သူသည် အဆင့်အတန်းနှင့်ဝါစဥ်မှာ တောင်ထွတ်သခင်ရှစ်ဦးနှင့် ယှဥ်နိုင်လာပြီး ဝမ်တုန်နှင့် အခြားသူများ၏ အထက်ကို ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။ ဝမ်တုန်နှင့် အခြားသူများအနေဖြင့် ထိုအချက်ကို ချက်ချင်းလက်ခံဖို့က ခက်ခဲပေလိမ့်မည်။
သူတို့ကြားမှာ စိမ်းသက်မှုတချို့ရှိလာဖို့က မလွဲမသွေပေ။
တစ်ဘက်မှာတော့ ဝမ်တုန်နှင့် အခြားသူများသည် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်လာခြင်းနှင့်ပတ်သက်ပြီး သူ့ကို သေချာပေါက်မကျေမနပ်ဖြစ်နေကြပေလိမ့်မည်။
ဝမ်တုန်နှင့် အခြားသူများကို အဲဒါအတွက် အပြစ်မတင်နိုင်ပေ။
သူသည် ဓားကမ္ဘာသို့ လွန်ခဲ့သည့်သုံးနှစ်ကျော်ကမှ ရောက်ရှိလာခဲ့ပြီး အာကာသသက်ရှိပကတိအင်မော်တယ်တစ်ဦးသာ ဖြစ်လေသည်။ သူသည် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်နေရာကို မရယူခင် ဓားကမ္ဘာအတွက် တစ်ခုခုအကျိုးဆောင်ပေးခဲ့တာ ဘာမှမရှိပေ။ မည်သူမဆို တွေဝေရှုပ်ထွေးမှုကို ခံစားရပေလိမ့်မည်။
ဤသည်က လူ့သဘာဝဖြစ်သည်။
ဆူဇီမိုသည် ဝမ်တုန်နှင့်အခြားသူများ၏ စိတ်သဘောထားကို နားလည်လက်ခံလေသည်။
ထိုမျှသာမက အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် ဝမ်တုန်နှင့် အခြားဓားကျင့်ကြံသူများအပေါ် ပိုမိုကောင်းမွန်သောထင်မြင်ချက်ကိုပင် ရရှိလာလေသည်။
ဤလူများသည် တွေဝေရှုပ်ထွေး၍ မကျေမနပ်ဖြစ်နေကြသော်လည်း သူတို့သည် သူ့ကို အကွက်ချကြံစည်ခြင်း သို့မဟုတ် သူ့ကိုဒုက္ခပေးခြင်းမရှိကြပေ။
သူတို့ကမကျေမနပ်ဖြစ်နေသော်လည်း ဓားကမ္ဘာ၏ ဆုံးဖြတ်ချက်ကို လေးစားမှုရှိပြီး ဆူဇီမိုကို ဓားကမ္ဘာမှ လူတစ်ယောက်အဖြစ် ပြုမူဆက်ဆံကြလေသည်။
သို့သော်လည်း ဆူဇီမိုသည် ဓားကျင့်ကြံသူများ၏ အသိအမှတ်ပြုမူကို တကယ်ပဲရရှိချင်သည်ဆိုလျှင် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်အဖြစ် သူ၏အဆင့်အတန်းက လုံလောက်မှုမရှိပေ။
ဆူဇီမိုကလည်း အဲဒါနှင့်ပတ်သက်၍ ဂရုစိုက်မနေဘဲ ကိစ္စများစွာကို ပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိပေ။
သူ့အတွက်တော့ အရေးကြီးဆုံးအရာသည် ဓားကမ္ဘာမှာ သူ၏ အချိန်ကို ကောင်းကောင်းအသုံးချကာ သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်ဖို့ဖြစ်လေသည်။
တစ်နေ့မှာ သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် တက္ကသိုလ်သို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ရပေလိမ့်မည်။