← Chapters

ဂုဏ်ပြုပေးကြခြင်း

Vol. 185 Ch. 2772

ဂုဏ်ပြုပေးကြခြင်း

Vol. 185 Ch. 2772

နဝမမြောက်ဓားတောင်ထွတ်ကို ဖန်တီးရခြင်းသည် ဆူဇီမိုတွေးထင်ထားသည်ထက် များစွာ ပိုမိုဒုက္ခများလေသည်။

အဲဒါက အလွန်ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လေသည်။

တောင်ထွတ်ရှစ်ခု၏ တည်ဆောက်ပုံသည် နှစ်ပေါင်းများစွာ အဆင့်ဆင့်ဖြတ်သန်းလာခဲ့ပြီသားဖြစ်သည်။

လူတစ်ယောက်က အပေါ်စီးကနေ ကြည့်ရှုမည်ဆိုလျှင် တောင်ထွတ်ရှစ်ခု တည်ရှိသော ကုန်းမြေတိုက်သည် ဓားတစ်လက်ပုံစံ ကုန်းမြေဖြစ်သည်ကို သူတို့က ခပ်ရေးရေးတွေ့မြင် နိုင်ပေမည်။

ဓားပုံသဏ္ဌာန်တောင်ထွတ်ရှစ်ခုနှင့် အသင်္ချေကုန်းမြေကြားမှာ သာမန်မျက်လုံးဖြင့် တွေ့မြင်ဖို့ခက်ခဲသော မရေမတွက်နိုင်သည့် ဝင်္ကပါလမ်းကြောင်းများရှိလေသည်။ သူတို့သည် ကြယ်တာရာကောင်းကင်ထဲမှာ ယှက်ဖြာနေပြီး စွမ်းအားကြီးမားသော ဓားဝင်္ကပါတစ်ခုကို ဖြစ်ပေါ်လာစေ၏။ အဲဒါကို အပြည့်အဝအသက်သွင်းမိသည်နှင့် ဓားကမ္ဘာတစ်ခုလုံးသည် ပြင်ပကမ္ဘာများကို ခုခံရန် အလွန်တရာကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုကို ထုတ်ဖော်ပေလိမ့်မည်။

သို့သော် ယခုအချိန်မှာ ဓားတောင်ထွတ်ရှစ်ခု၏ အပြင်ဘက်တွင် နဝမမြောက်ဓားတောင်ထွတ်ကို တည်ဆောက်ရမည်ဖြစ်သည်။

သူတို့သည် နဝမမြောက်ဓားတောင်ထွတ်ကို ဓားဝင်္ကထဲသို့ ထည့်သွင်းပေါင်းစည်းရမည်ဆိုလျှင် သူတို့သည် မူလဝင်္ကပါကို ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။

ဝင်္ကပါလမ်းကြောင်းများစွာကို ပယ်ဖျက်ကာ ပြန်လည်စီစဉ်ရပေမည်။

ဤဓားဝင်္ကပါကို ခင်းကျင်းသော ကျင့်ကြံသူများက အနည်းဆုံး အင်မော်တယ်ဘုရင်ပညာရှင်များဖြစ်ကြသည်။

ကြယ်တာရာကောင်းကင်ထဲရှိ လေထုထဲမှာ ကြီးမားသော ကုန်းမြေတိုက်တစ်ခုကို ဖွင့်လှစ်ရခြင်းသည် ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခက်ခဲလေသည်။

ဓားကမ္ဘာ၏ ဧကရာဇ်ပညာရှင်များသည် ကြယ်သေများနှင့် အထက်ဘုံလောက၏ အခြားသောဒေသများမှာ အသက်မဲ့ကုန်းမြေတိုက်များကို သယ်ယူပို့ဆောင်ရလေသည်။ ယူဆောင်လာသော ကြယ်တစ်စင်းချင်းစီက နဂါးအသူတရာချောက်နက်ကြယ်ထက် မနိမ့်ကျပေ။

သို့သော်လည်း ဓားကမ္ဘာ၏ နဝမမြောက်တောင်ထွတ်၏ အတိုင်းအတာသည် နဂါးအသူတရာချောက်နက်ကြယ်ထက် များစွာပိုမို ကြီးမားရလေသည်။ အနည်းဆုံးတော့ ၎င်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် ယှဉ်နိုင်ရပေသည်။ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်အရွယ် တောင်ထွတ်တစ်ခုကို စုဖွဲ့ရန် ကြယ်ပေါင်းသန်းချီကို လိုအပ်နိုင်လောက်သည်။

ဤမျှများပြားသောကြယ်များကို အတူတကွပေါင်းစည်းရန်အတွက် ဧကရာဇ်ပညာရှင်များသည် ထိုကြယ်များကို အတူပူးပေါင်းခြေမွှကာ သိပ်သည်းစုဖွဲ့ရပေမည်။

တကယ်တမ်းမှာ ဖြစ်စဉ်တစ်ရပ်လုံးသည် နဝမမြောက်ဓားပုံသဏ္ဌာန်ကုန်းမြေတိုက်ကို အနှိုင်းမဲ့ အင်မော်တယ်ဓားတစ်လက်အဖြစ်ပုံသွင်းရန် ဧကရာဇ်ပညာရှင်များ၏ ပူးပေါင်းအားထုတ်မှု ပါဝင်လေသည်။ ကြယ်တစ်သန်းကို စုစည်းကာ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုဖွဲ့ရခြင်းသည် ဧကရာဇ်ဆယ်ပါးကျော်ကို ပူးပေါင်းစေဖို့လိုအပ်လေသည်။

အဲဒါက ဘယ်လောက်ခက်ခဲမလဲ စဉ်းစားကြည့်နိုင်လေသည်။

နဝမမြောက်ဓားပုံသဏ္ဌာန်ကုန်းမြေတိုက်၏ စုဖွဲ့ပုံအတွက် နှစ်လေးရာကျော် အချိန်ယူခဲ့ရသည်။ ထို့နောက် ကုန်းမြေတိုက်၏ အလယ်ဗဟိုမှာ မိုးကောင်းကင်ထက် ငွားငွားစွင့်စွင့် မြင့်မားနေသော တောင်ထွတ်တစ်ခုကို ဖန်တီးရသည်။ ဆူဇီမိုက ထိုဓားတောင်ထွတ်ပေါ်မှာ ဓားသင်္ချိုင်းတာအို၏ အမွေအနှစ်နှင့် ဓားစိတ်ဆန္ဒကို စုဖွဲ့ပြီး အဲဒါကို ကုန်းမြေတိုက်တစ်ခုလုံးနှင့် ပေါင်းစည်းပေးရလေသည်။

ထိုအခါမှသာ နဝမမြောက်တောင်ထွတ်က အမှန်တကယ်ရုပ်လုံးပေါ်လာခဲ့သည်။

ဓားသင်္ချိုင်းတာအိုကို နားလည်ဆင်ခြင်လိုသော မည့်သည့်ဓားကျင့်ကြံသူမဆို အဲဒါကို ကိုယ်တိုင်ပြုလုပ်ရန် ဤဓားတောင်ထွတ်သို့ လာရောက်ရပေမည်။

ဤဖြစ်စဉ်အတောအတွင်း ဆူဇီမိုသည် နဝမမြောက်ဓားတောင်ထွတ်၏ ဆင့်ကဲပြောင်းလဲပုံကို စောင့်ကြည့်ရင်း ကျင့်ကြံနေခဲ့သည်။ သူ့အနေဖြင့် အဲဒါကို ပုံသွင်းရန် ဧကရာဇ်များ၏ ပူးပေါင်းကြိုးစားအားထုတ်မှုကို စောင့်ကြည့်နိုင်သည်မှာ ရှားရှားပါးပါး အခွင့်အရေးတစ်ရပ်ဖြစ်လေသည်။

တကယ်တော့ နဝမမြောက်တောင်ထွတ်၏ ဖွဲ့စည်းပုံက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

သူတို့သည် နဝမမြောက်တောင်ထွတ်ပေါ်မှာ ဓားဝင်္ကပါအင်းကွက်များကို ခင်းကျင်းရမည်ဖြစ်ပြီး ထို့နောက် အဲဒါကို အခြားသော တောင်ထွတ်ရှစ်ခုနှင့် အသင်္ချေဓားနန်းတော်နှင့် ပေါင်းစည်းပြီးမှ အဲဒါက အမှန်တကယ်ပြီးဆုံးပေမည်။

ဆူဇီမိုသည်လည်း ဝင်္ကပါအစီအရင်များမှာ နှံ့စပ်မှုရှိခဲ့သည်။ သို့သော်လည်း သူသည် ဤအဆင့်ဓားဝင်္ကပါတစ်ခုမှာ ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။

ဤမျှအတိုင်းအတာနှင့် ဤအဆင့် ဝင်္ကပါအင်းကွက်များကို ခင်းကျင်းရန် ရှည်ကြာသောအချိန်ကာလတစ်ခုယူရမည်ကို ပြောနိုင်လေသည်။

အဲဒါက အနည်းဆုံးနှစ်ပေါင်းရာချီကြာမြင့်ပေလိမ့်မည်။

နောက်ပိုင်းမှာ ဆူဇီမိုသည် နဝမမြောက်ဓားတောင်ထွတ်ပေါ်တွင် သူ၏ ကိုယ်ပိုင်လိုဏ်ဂူခန်းဝါကို တည်ဆောက်ပြီး ထိုနေရာသို့ တရားဝင် ဝင်ရောက်ခဲ့လေသည်။

နဝမမြောက်တောင်ထွတ်ကို ဓားသင်္ချိုင်းတောင်ထွတ်ဟူ၍ တရားဝင်အမည်ပေးခဲ့သည်။ အရင်ဆုံးပေမင်ရွှယ်က သူမ၏ လိုဏ်ဂူခန်းဝါကို ဓားသင်္ချိုင်းတောင်ထွတ်သို့ ရွှေ့ပြောင်းလာခဲ့လေသည်။ သူမသည် အစကတည်းက ဆူဇီမို၏ တပည့်ကြီးဖြစ်ပြီး သူမအနေဖြင့် ဓားသင်္ချိုင်းတောင်ထွတ်၏ တပည့်တစ်ယောက်ဖြစ်လာသည်မှာ နားလည်လက်ခံ၍ ရလေသည်။

သို့သော်လည်း အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်လုယွင်သည် အဲဒါကို ချက်ချင်းလက်မခံနိုင်ခဲ့ပေ။ သူသည် ဆူဇီမိုကို ကြိမ်ပေါင်းများစွာ စောဒက တက်ခဲ့သော်လည်း ပေမင်ရွှယ်က သူမ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲခြင်းမရှိပေ။ နောက်ဆုံးမှာ သူက အဲဒါကို လက်လျှော့လိုက်ရလေသည်။

ပေမင်ရွှယ်အပြင် တောင်ထွတ်ရှစ်ခု တောင်ထွတ်သခင်များသည် ယခုတင်တည်ဆောက်ထားခါစဖြစ်သော နဝမမြောက်ဓားတောင်ထွတ်ကို တိတ်ဆိတ်ခြောက်ကပ်မနေစေရန် သူတို့ထံမှ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ် သာမန်တပည့်တချို့ကို စေလွှတ်ပေးခဲ့လေသည်။ သို့သော်လည်း မည်သည့်အမွေခံတပည့်ကမှ ဓားသင်္ချိုင်းတောင်ထွတ်သို့ မလာရောက်လိုကြပေ။

တစ်ဘက်မှာ ဆူဇီမိုသည် အာကာသသက်ရှိ ပကတိအင်မော်တယ်တစ်ဦးသာ ဖြစ်လေသည်။

ဓားတောင်ထွတ်ရှစ်ခုမှ အမွေခံတပည့်ထက်ဝက်ကျော်သည် သူနှင့် ကျင့်ကြံမှုနယ်ပယ်တူ သို့မဟုတ် သူ့ထက်ပိုမိုမြင့်မားသော ကျင့်ကြံမှုနယ်ပယ်များမှာ ရှိကြလေသည်။

ထိုအမွေခံတပည့်များအနေဖြင့် ဆူဇီမို၏ တပည့် ဖြစ်လာချင်ကြလိမ့်မည်မဟုတ်ပေ။

ကျန်ပေါင်းစည်းခြင်းပကတိအင်မော်တယ်များမှာလည်း သူတို့၏ ဆရာများအဖြစ် အင်မော်တယ်ဘုရင်ပညာရှင်များရှိကြလေသည်။ သူတို့အနေဖြင့် ဓားသင်္ချိုင်းတောင်ထွတ်သို့ လာရောက်ကာ အာကာသသက်ရှိ ပကတိအင်မော်တယ်တစ်ဦး၏ တပည့်လုပ်လိုကြလိမ့်မည် မဟုတ်ပေ။

တစ်ဘက်မှာ ပကတိအင်မော်တယ်နယ်ပယ်ထိ ကျင့်ကြံနိုင်သော ဓားကျင့်ကြံသူများသည် ဓားကမ္ဘာမှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး သူတို့၏ သက်ဆိုင်ရာ တောင်ထွတ်များနှင့် တာအိုရောင်းရင်းတပည့်ဂိုဏ်းသားများနှင့် ကောင်းကောင်းအသားကျနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့က အခြားသော အဖွဲ့အစည်းများသို့ အလွယ်တကူ မပြောင်းလိုကြပေ။

ထိုသို့ဖြင့် နဝမမြောက်တောင်ထွတ်သည် အောင်မြင်စွာ တည်ဆောက်နိုင်ပြီး တောင်ထွတ်သခင်ရှစ်ဦးကနေ အတင်းအကျပ်ပို့ဆောင်ပေးလိုက်သည့် သာမန်တပည့်တချို့ရှိသော်လည်း ထိုတောင်ထွတ်က တိတ်ဆိတ်ခြောက်ကပ်နေဆဲဖြစ်သည်။

ဓားသင်္ချိုင်းတောင်ထွတ်မှာ ပကတိအင်မော်တယ်နှစ်ယောက်သာ ရှိလေသည်။

ဆူဇီမိုနှင့် ပေမင်ရွှယ်…။

တစ်ယောက်က ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးဖြစ်ပြီး နောက်တစ်ယောက်က အာကာသသက်ရှိပကတိအင်မော်တယ်တစ်ဦးဖြစ်လေသည်။

အခြားသော ဓားကျင့်ကြံသူများ၏ မျက်လုံးထဲမှာ ထိုနေရာသည် အလွန်တရာနိမ့်ကျ၍ အနည်းငယ်ပင် ဝမ်းနည်းစရာကောင်းနေသည်။

ဓားသင်္ချိုင်းတောင်ထွတ်ပေါ်မှာ ပကတိအင်မော်တယ်နှစ်ဦးကတော့ အဲဒါနှင့် ပတ်သက်၍ များစွားစဉ်းစားတွေးတောခြင်း မရှိကြပေ။

တကယ်ဆို သူတို့က အဲဒါနှင့်ပတ်သက်၍ ကျေနပ်မိလေသည်။

ဆရာနှင့်တပည့်သည် စိတ်ရောကိုယ်ပါနှစ်မြှုပ်၍ ကျင့်ကြံနေကြပြီး လူနည်းလေပိုကောင်းလေဟုပင် တွေးနေကြသည်။

မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေက ပို၍ပင် တည်ငြိမ်အေးချမ်းမှုရှိလေသည်။

နဝမမြောက်ဓားတောင်ထွတ်ကို ဖွင့်လှစ်လိုက်သည့်သတင်းက ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

ဤအချိန်အတောအတွင်း အခြားသောကမ္ဘာများမှ ကျင့်ကြံသူများသည် ဂုဏ်ပြုစကားများပြောဆိုရန်နှင့် လက်ဆောင်တချို့ကိုပင် ပေးပို့ရန် ရံဖန်ရံခါ ရောက်ရှိလာတတ်ကြလေသည်။

ဤလူအများစုသည် ဘေးပတ်ဝန်းကျင်ရှိ သာမန်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှ လာရောက်ကြခြင်း ဖြစ်လေသည်။

အပြာရောင်တိမ်စိုင်ကမ္ဘာ၊ အင်မော်တယ်ဆေးကမ္ဘာ၊ ရတနာကမ္ဘာနှင့် ခုနှစ်စင်ကြယ်ဓားကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာများမှာ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဧကရာဇ်နယ်ပယ်ပညာရှင်များ မရှိကြပေ။

ထိုကမ္ဘာများမှာ အသန်မာဆုံးသူများက အင်မော်တယ်ဘုရင်များဖြစ်ကြသည်။

ထိုသို့ဆိုလျှင်တောင် ဓားကမ္ဘာ၏ ခွန်အားနှင့် လွှမ်းမိုးနိုင်စွမ်းကို ကောင်းကောင်းတွေ့မြင်နိုင်လေသည်။

ဤသာမန်ကမ္ဘာများသည် အထက်ဘုံလောကမှာ ရှင်သန်နေထိုင်လိုသည်ဆိုလျှင် သူတို့သည် ထိပ်တန်းကမ္ဘာကြီးများကို မှီခိုအားထားရပေလိမ့်မည်။ သို့မဟုတ် သူတို့သည် ဘေးပတ်ဝန်းကျင်ရှိ ထိပ်တန်းကမ္ဘာများ သို့မဟုတ် အဆင့်မြင့်ကမ္ဘာများနှင့် ဆက်ဆံရေးကောင်းတည်ဆောက်ထားရပေမည်။

မဟုတ်ပါက ပဋိပက္ခတစ်ခုခု သို့မဟုတ် မထင်မှတ်ထားသော ကိစ္စတစ်ခုခု ပေါ်ထွက်လာမည်ဆိုလျှင် ဤအဆင့်နိမ့်ကမ္ဘာများက ဖျက်ဆီးခံရနိုင်သည်။

မည်သို့ပင်ဆိုစေ ထိပ်တန်းအင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးကပင် အဆင့်နိမ့်ကမ္ဘာတစ်ခုကို ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်လေသည်။

သူတို့၏ စိတ်ရင်းမှန်ကန်မှုကို ဖော်ပြရန် ဤအဆင့်နိမ့်ကမ္ဘာအများစုသည် ဂုဏ်ပြုလက်ဆောင်များနှင့်အတူ အင်မော်တယ်ဘုရင်ပညာရှင်များကို ကိုယ်တိုင် စေလွှတ်ခဲ့ကြလေသည်။

နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်က အာကာသက်ရှိပကတိအင်မော်တယ် လူငယ်တစ်ဦးသာ ဖြစ်သည်ကို သူတို့တွေ့ရသောအခါ သူတို့က ကြောင်အမှင်တက်၍ တုန်လှုပ်သွားကြ၏။ ဆူဇီမိုသည် လုယွင်နှင့် အခြားသောတောင်ထွတ်သခင်များနှင့် ဘေးချင်းယှဉ် ထိုင်နေခြင်းကြောင့်သာမဟုတ်လျှင် ဤအင်မော်တယ်ဘုရင်ပညာရှင်က အဲဒါကို ယုံကြည်မိကြလိမ့်မည်မဟုတ်ပေ။

ဆူဇီမို၏ သရုပ်သကန်ကို အတည်ပြုသွားပြီးနောက် သူတို့သည် အင်မော်တယ်ဘုရင်ပညာရှင်များဖြစ်ကြလျှင်တောင် ဤလူများက သူ့အပေါ် ယဉ်ကျေးစွာ ဆက်ဆံကြဆဲဖြစ်လေသည်။

သူတို့က အံ့အားသင့်သွားသော်လည်း အင်မော်တယ်ဘုရင်ပညာရှင်များသည် အထင်သေးမှုတစ်စုံတစ်ရာကို ထုတ်ဖော်ပြသရဲခြင်း မရှိပေ။

ဆူဇီမိုသည် ပကတိအင်မော်တယ်တစ်ဦးသာဖြစ်သော်လည်း သူ့ကို ဓားကမ္ဘာတစ်ခုလုံးက နောက်ခံပေးထားသည်။ ဤသည်က နဝမမြောက်တောင်ထွတ်သခင်၏ အဆင့်အတန်းဖြစ်လေသည်။

အဲဒီမှာ ထူးဆန်းသော ခံစားချက် တစ်ခုဖြစ်ပေါ်လာသည်။

ဆူဇီမိုသည် အာကာသက်ရှိ ပကတိအင်မော်တယ်တစ်ဦးသာ ဖြစ်သော်လည်း အလည်အပတ်ရောက်ရှိလာသော အင်မော်တယ်ဘုရင်များက သူ့ကို လေးစားသမှုဖြင့် ဆက်ဆံကြရသည်။

တောင်ထွတ်သခင်တစ်ဦး၏ အဆင့်အတန်းသည် သူ့အတွက် ကာကွယ်ရေးအဆောင်ဖြစ်သည်ဟု လုယွင်ပြောခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။

အနည်းဆုံးတော့ အဆင့်နိမ့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှာ သူ့ကို မည်သူကမှ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။

တစ်ခုသောရှုထောင့်ကနေကြည့်မည်ဆိုလျှင် ဆူဇီမို၏ လက်ရှိအဆင့်အတန်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ တက္ကသိုလ်ဂိုဏ်းချုပ်ထက်ပင် ပို၍ မြင့်မားလာပြီဖြစ်သည်။

All Chapters