← Chapters

အခန်း (၁၀၉၀-၁၀၉၂)

Vol. 73 Ch. 1090-1092

အခန်း (၁၀၉၀-၁၀၉၂)

Vol. 73 Ch. 1090-1092

အခန်း (၁၀၉၀) ကြိုးကိုင်ခြယ်လှယ်သူ ပေါ်လာခြင်း၊ မွန်းစတားဂိုဏ်း၏ခေါင်းဆောင်

"နောက်ထပ် နျူကလီးယားဗုံး"

ချူးယွင်ဖန်းဘက်သို့ လှည့်ကြည့်လိုက်စဉ် လူတိုင်း၏နှလုံးသားများ တုန်လှုပ်သွားကြသည်။

"တစ်စုံတစ်ယောက်က ကျုပ် စေ့စပ်ပွဲကို မီးရှူးမီးပန်းကြီးတွေ လွှတ်ပေးချင်နေမှတော့ ကျုပ်က ကျေးဇူးတင်သင့်တာပေါ့" ချူးယွင်ဖန်းက ရယ်မောကာ ပြောလိုက်သည်။

သူသည် လှောင်ရယ်ပြီးနောက် ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ ကောင်းကင်ယံတွင် နောက်ထပ် နျူကလီယားဗုံးသုံးလုံးသည် လင်းဟင်းပြင်မှ ပြုတ်ကျလာသည်။ ၎င်းတို့သည် ခွန်းလွန်နယ်မြေ၏ အစွန်းအဖျားတွင်ရှိနေကြသည်။ ပြည်ထောင်စု၏ ကာကွယ်ရေးသည် အခြေခံမြို့တစ်ခုတည်းတွင်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ ၎င်းတို့သည် ကြီးမားသော ကာကွယ်ရေးကွန်ရက်တစ်ခုကို အခြေစိုက်စခန်းမြို့များကြားတွင် ထူထောင်ထားခဲ့သည်။ ဤနျူကလီးယားဗုံးများသည် ကာကွယ်ရေးကွန်ရက်များကို ရှောင်ရှားရန် အလွန်အမင်း ကြိုးစားနေကြသည်။

နျူကလီယားဗုံးသုံးလုံးသည် ဝေဟင်၌ ဒါဇင်နှင့်ချီသော ထိပ်ဖူးများအဖြစ် ကွဲထွက်သွားကာ မေဘယ်ရွက်မြို့တော်တစ်ခုလုံးဆီ ပစ်ခတ်လာသည်။ ဗုံးအများစုသည် ချူးမိသားစု ဘိုးဘေးအိမ်တော်၏ ဦးတည်ရာသို့ ဆင်းသက်နေကြသော်လည်း အခြားနျူကလီးယားထိပ်ဖူးများ မြို့ထဲ၌ ကျရောက်ခဲ့ပါက အကျိုးဆက်ကို တွေးဆရန် မရနိုင်ပေ။

"ချူးယွင်ဖန်း၊ မင်း ဘယ်လို ကယ်မလဲ ကြည့်ရတာပေါ့"

မေဘယ်ရွက်မြို့တော်၏ အစွန်းအဖျားမှ မောက်မာမှုများဖြင့် ပြည့်နှက်နေသောအသံတစ်ခု ထွက်ပေါ်လာသည်။ ဤအသံသည် ရင်းနှီးပြီးသားဖြစ်သော်လည်း ချူးယွင်ဖန်းသည် အသံပိုင်ရှင်ကို ရှာဖွေရန် အချိန်မရှိပေ။ သူ၏အိတ်ကပ်ထဲမှ အကြွေစေ့ လက်တစ်ဆုပ်စာကို ထုတ်ယူပြီးနောက် ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။ သူ့လက်မောင်းသည် မိုးကြိုးစွမ်းအင် စက်ဝိုင်းများဖြင့် ရစ်ပတ်နေပြီဖြစ်သည်။

ဘုံး

ဘုံး

ဘုံး

ကြောက်မက်ဖွယ် လျှပ်စစ်သံလိုက်အမြောက်များကို ကနဦး ဟင်းလင်းပြင်ထဲသို့ ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ချူးယွင်ဖန်း၏လက်များသည် အလွန်လျင်မြန်သောကြောင့် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မိုးကြိုးနှင့် အလင်းတန်းများသည် ကောင်းကင်ယံတွင် ကြောက်မက်ဖွယ် လျှပ်စစ်သံလိုက်အမြောက်များကဲ့သို့ ဖြာထွက်နေသည်။

"ဗုံး၊ ဗုံး၊ ဗုံး"

ကြောက်မက်ဖွယ်ကောင်းသော နေလုံးငယ်များသည် တခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ချူးယွင်ဖန်းသည် ဤနျူကလီးယားဗုံးများကို အလွန်လျင်မြန်စွာ ကြားဖြတ်ဟန့်တားလိုက်သည်။ လေပြင်းများ တိုက်ခတ်နေသော်လည်း ၎င်းသည် မေဘယ်ရွက်မြို့တော်ကို ခြိမ်းခြောက်ရန် မလုံလောက်ပေ။

ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြီးနောက် သူသည် ကြောက်မက်ဖွယ် လေပြင်းနှင့် ပြင်းထန်သော ပေါက်ကွဲသံအမျိုးမျိုးဖြင့် နစ်မြှုပ်သွားခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ နတ်စွမ်းအင်များ လျင်မြန်စွာ မြင့်တက်လာသောကြောင့် သူ့အတွက် နေရာလွတ်တစ်ခု ဖြစ်ပေါ်လာစေသည်။ သူ၏ လက်ရှိ ကျင့်ကြံရေးအဆင့်အရ နျူကလီးယားဗုံးနှင့် တိုက်ရိုက် မထိမှန်ပါက၊ နောက်ဆက်တွဲ သက်ရောက်မှုမဆိုနှင့် နျူကလီးယား ဓာတ်ရောင်ခြည်များလျှင်ပင် သူ့ကို ထိခိုက်နိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် လှုပ်ရှားမှု ပြုလုပ်ကာ နျူကလီးယားဗုံးများကို ထပ်မံရပ်တန့်ခြင်းဖြင့် မေဘယ်ရွက်မြို့တော်၏ ပြည်သူများကို ကယ်တင်လိုက်သည်။ လူတိုင်း၏ စိတ်နှလုံးများ သက်သာရာရသွားကြသည်။ မြေပြင်ပေါ်ရှိ ချူးမိသားစု ဘိုးဘေးကြီးသည် အလွန် ဒေါသထွက်နေသည်။ ၎င်းတို့၏ မြို့တော်သည် ဤသို့ကြီးမားသော အရှုပ်အထွေးများဖြင့် ကြုံတွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ဤအဆင့်ရှိ အခြေစိုက်မြို့တိုင်းတွင် ပြီးပြည့်စုံသော ကာကွယ်ရေးယန္တရားကို တပ်ဆင်ထားကြသည်။ ယခုမူ အဆိုပါ ကာကွယ်ရေး ယန္တရားများကို လုံးလုံးလျားလျား ပိတ်ထားခဲ့ကြသည်။

အကယ်၍ ဤနျူကလီးယားဗုံးများထဲမှ တစ်ခုသည် မေဘယ်ရွက်မြို့တော်သို့ ကျရောက်ခဲ့ပါက ချူးမိသားစု ဘိုးဘေးအိမ်တော် မဟုတ်လျှင်ပင် ချူးမိသားစုအတွက် အလွန် ဆိုးရွားသော ဆုံးရှုံးမှုတစ်ခုဖြစ်လာပေလိမ့်မည်။ နောက်ဆုံးတွင် မေဘယ်ရွက်မြို့တော်သည် ချူးမိသားစု၏ အခြေစိုက်မြို့တော်ဖြစ်၍ ၎င်းတို့၏ သြဇာအာဏာသည် ပတ်ဝန်းကျင်ဒေသအားလုံးသို့ ပျံ့နှံ့နေသည်။

"အခုချက်ခြင်း စုံစမ်းကြ၊ ဘာတွေဖြစ်နေတာလဲဆိုတာ စုံစမ်းကြစမ်း"

ချူးမိသားစု ဘိုးဘေးကြီး၏ စကားများကို လိုက်နာပြီးနောက် အရေးပေါ်အမိန့်စာအများအပြားကို ချက်ချင်း ညွှန်ကြားလိုက်ကြသည်။

ချူးယွင်ဖန်းသည် မြို့တော်အထက် ကောင်းကင်ယံ၌ ပျံသန်းနေသည်။ သူသည် နတ်စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်သည်နှင့် ရုတ်တရက်ဆိုသလိုပင် သူ၏အာရုံထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

"ဒီကိုရောက်ပြီဆိုမှတော့ ထွက်လာခဲ့ပါလား"

ချူးယွင်ဖန်း၏လက်ချောင်းများမှ မီတာတစ်ထောင်ကျော် ရှည်လျားသော ဓားအလင်းရောင်များ ရုတ်တရက် ပစ်လွှတ်၍ ဟင်းလင်းပြင်ကို ခုတ်ဖြတ်လိုက်သည်။

ဘုံး

ချူးယွင်ဖန်း၏ဓားချက်သည် ကိုယ်ပျောက် စက်လက်နက်ကို ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထက်ဝက်ဖြတ်တောက်လိုက်ရာ ၎င်းအနက် ပုံရိပ်တစ်ခု ပြုတ်ကျလာသည်။

ဤလူ၏ မျက်နှာသည် ယုံကြည်မှုကင်းမဲ့နေသော အကြည့်များဖြင့် ပြည့်နှက်နေသည်။ သူ၏ စက်လက်နက်သည် နောက်ဆုံးပေါ် ကိုယ်ပျောက်စက်လက်နက်နည်းပညာကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်သည်။ ရေဒါဖြင့် မထောက်လှမ်းနိုင်သည့်အပြင် သာမန်မျက်စိဖြင့်လည်း မမြင်နိုင်ပေ။ ချူးယွင်ဖန်း၏ နတ်အာရုံအောက်တွင် မည်သည့်ကိုယ်ပျောက်ကိရိယာကမျှ အသုံးမဝင်ကြောင်း သူ မသိခဲ့ပေ၊ ၎င်းသည် နည်းပညာ မဟုတ်သောကြောင့် နည်းပညာအခြေခံများဖြင့် ရှင်းပြ၍မရနိုင်ပေ။

ချူးယွင်ဖန်းက လှည့်ကြည့်လိုက်သောအခါ ဤလူသည် အလွန်ထူးဆန်းနေကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ဝက်သည် လူသားဖြစ်သော်လည်း ကျန်တစ်ဝက်သည် မွန်းစတားခန္ဓာကိုယ်ဖြစ်သည်။ ၎င်းသည် အကြေးခွံများဖြင့် ဖုံးအုပ်ထား၍ ထူထဲသော ခြေလက်များအပြင် အစိမ်းရောင်မျက်နှာနှင့် အစွယ်များပါရှိသည်။

"ဟားဟားဟား၊ ချူးယွင်ဖန်း၊ မင်း ကျုပ်ကိုရှာတွေ့သွားပြီဆိုမှတော့ ကျုပ်လည်း ပုန်းမနေတော့ဘူး" ၎င်းပုံရိပ်က ရယ်မောလိုက်သည်။

"မွန်းစတားခေါင်းဆောင်၊ ခင်ဗျားက အသက်ရှင်နေသေးတဲ့အပြင် ဒီလိုတစ္ဆေမဟုတ် သရဲမဟုတ်ပုံစံမျိုး ပြောင်းလဲသွားမယ်လို့ ကျုပ် မထင်ထားဘူး" ချူးယွင်ဖန်းသည် ဤလူကို ချက်ချင်း မှတ်မိသွားသည်။

ဤသည်မှာ ချူးယွင်ဖန်းကို တစ်ချိန်က ဧရာမ ခြိမ်းခြောက်မှုကြီးဖြစ်စေသည့် မွန်းစတားဂိုဏ်းခေါင်းဆောင်မှလွဲ၍ အခြားလူမဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းသည် ထိုနေ့တွင် သူ့ကိုနေမင်းပစ်ခတ်သူနှင့် ပစ်သတ်ခဲ့သောကြောင့် ဂိုဏ်းခေါင်းဆောင်သည် ဒဏ်ရာပြင်းထန်စွာ ရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို မတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် သေသွားပြီဟု ထင်မှတ်ခဲ့သည်။ ဂိုဏ်းခေါင်းဆောင်သည် အသက်ရှင်နေသေးမည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် လူသားမကျ တစ္ဆေမကျ သတ္တဝါမျိုးနှင့် ဆင်တူ၍ အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။

သို့သော် ဂိုဏ်းခေါင်းဆောင်ကို တွေ့ပြီးနောက် မေဘယ်ရွက်မြို့တော်၏ ကာကွယ်ရေးစနစ်သည် မည်သို့ကြောင့် ရုတ်တရက် ပျက်စီးသွားရသည်ကို နောက်ဆုံးတွင် ချူးယွင်ဖန်း နားလည်သွားခဲ့သည်။ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်၏ လက်ချက်ဖြစ်နိုင်သည်။ အခြားလူများ၏ လက်ချက်မဖြစ်နိုင်ပေ။ မေဘယ်ရွက်မြို့တော်သည် ချူးမိသားစု၏ ဌာနချုပ်ဖြစ်သည့်အပြင် ချူးမိသားစုသည် ဤနေရာတွင် နှစ်ပေါင်းရာနှင့်ချီ အခြေစိုက်နေထိုင်ခဲ့ကြသည်။ ပြည်ထောင်စုအစိုးရလျှင်ပင် ဤနေရာတွင် လုပ်ပိုင်ခွင့်မရှိနိုင်ပေ။

သို့သော် မွန်းစတားဂိုဏ်းသည် ကွဲပြားခြားနားသည်။ ဤနှစ်များတစ်လျှောက်တွင် မွန်းစတားဂိုဏ်း၏ မရေတွက်နိုင်သော ကျွမ်းကျင်သူများသည် ပြည်ထောင်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ ဤသူလျှိုများ၏ အကူအညီဖြင့် ပြည်ထောင်စု၏မြို့များစွာ ရုတ်တရက် ပြိုကျသွားခဲ့သည်။ မွန်းစတားဂိုဏ်းသည် မေဘယ်ရွက်မြို့တော်တွင်လည်း အလားတူလုပ်ဆောင်ခဲ့ကြောင်း သိသာထင်ရှားသည်။

သူလျှိုများသည် မြို့တွင်းသို့ ဦးစွာ ထိုးဖောက်ဝင်ရောက်ပြီးနောက် ကာကွယ်ရေးစနစ်ကို ဖျက်ဆီး၍ နောက်ဆုံးတွင် ဤအခြေအနေသို့ နျူကလီးယားဗုံးများဖြင့် ဦးဆောင်ခြင်းဖြစ်ပေသည်။

ဤလုပ်ဆောင်ချက်များသည် ကျရှုံးခဲ့သည်ဟု မဆိုနိုင်ပေ။ ချူးယွင်ဖန်းသာ ဤနေရာတွင် ရှိ မနေပါက၊ ၎င်းတို့အကြံအစည်များ အောင်မြင်သွားနိုင်သည်။ ချူးယွင်ဖန်းသည် သူ၏ စေ့စပ်ပွဲကို ကြေညာခဲ့သည်မှာ တစ်လရှိပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ့ကို ကိုင်တွယ်ဖြေရှင်းချင်ပါက ထိုအချိန်အတွင်း အကြောင်းအရာများစွာကို ပြုလုပ်ခဲ့ပြီဖြစ်သည်။

ထိုသို့နားလည်သဘောပေါက်ပြီးနောက် ချူးယွင်ဖန်းက မအံ့သြတော့ပေ။ အခြားပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ဂိုဏ်းခေါင်းဆောင်သည် မည်သည့်နေရာတွင် ပေါ်လာ၍ သူ၏အမိန့်အောက်တွင် လူပေါင်း မည်မျှရှိနေသည်ကို မည်သူမျှ မသိနိုင်သောကြောင့် အမှန်တကယ်ပင် ကိုင်တွယ်ရ ခက်ခဲလှသည်။

ချူးယွင်ဖန်း၏ မျက်လုံးများသည် စူးရှသော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူသည် ယခင်က ဂိုဏ်းခေါင်းဆောင်ကို ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုအခါ ဂိုဏ်းခေါင်းဆောင်သည် သူ့အရှေ့တွင် ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ဤသည်မှာ သုတ်သင်ရှင်းလင်းရမည့် အခွင့်အရေးကောင်းဖြစ်သည်။ ပြည်ထောင်စုကို နှစ်ပေါင်းများစွာကြာ နှောင့်ယှက်သည့် ဤအိပ်မက်ဆိုးကြီးကို အပြီးတိုင် ချေဖျက်ပြီးသည်နှင့် လူသားမျိုးနွယ်သည်လည်း ငြိမ်းချမ်းသောဘဝသို့ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။

"ဒါတွေအားလုံးက မင်း ကျေးဇူးကြောင့်ပေါ့" မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်က ပြုံးလိုက်သည်။

"မင်းကို တတ်နိုင်သမျှ မြန်မြန်မသတ်နိုင်ခဲ့တာ ကျုပ်ရဲ့ အကြီးမားဆုံး အမှားပဲ။ မင်းကြောင့်သာ မဟုတ်ရင် ကျုပ်ရဲ့ ကြီးကျယ်တဲ့ အစီအစဉ်တွေ ပျက်စီးသွားခဲ့မှာ မဟုတ်ဘူး"

အခန်း (၁၀၉၁) နတ်အဆင့်၏အထွတ်အထိပ်တွင်ရှိနေသည့် မွန်းစတားဂိုဏ်း ခေါင်းဆောင်

မွန်းစတားဂိုဏ်း၏ လုပ်ငန်းဆောင်တာများသည် ချူးယွင်ဖန်းကြောင့် မည်သို့ တစ်ခုပြီးတစ်ခု ဖျက်ဆီးသွားသည်ကို တွေးမိသောအခါ ဂိုဏ်းခေါင်းဆောင်က မုန်းတီးစိတ်ဖြင့် အံကြိတ်မိသွားသည်။ ထိုအချိန်တွင် သူသည် ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ပေ။ ထိုအချိန်က ချူးယွင်ဖန်းသည် သူ့အတွက် ငါးသားလောင်းတစ်ကောင်မျှသာရှိသည်။

သို့ရာတွင်၊ သူ၏ ကြီးမားသော အစီအစဉ်များကို အကြီးအကျယ် ဖျက်ဆီးသွားခဲ့သူသည် ဤအရေးမပါသောလူဖြစ်နေသည်။ ၎င်းတို့ကို ဤမျှကြီးလေးသော ဆုံးရှုံးမှုမျိုး ခံစားရသည်အထိ မည်သူကမျှ မပြုလုပ်ဖူးပေ။ ပြည်ထောင်စုဥက္ကဋ္ဌပင် ပြုလုပ်နိုင်ခြင်းမရှိပေ။ ဂိုဏ်းခေါင်းဆောင်က အာရုံစိုက်လာချိန်၌ ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူ၏ မြှားတစ်ချက်ဖြင့် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည်အထိ သန်မာလာခဲ့သည်

သူ့ခန္ဓာကိုယ်၏ တစ်ဝက်မျှသည် ကွဲအက်သွားခဲ့သည်။ အကယ်၍ သူ၏ နက်ရှိုင်းသော ကျင့်ကြံမှုအဆင့်ကြောင့်သာ မဟုတ်ပါက၊ ခံနိုင်ရည်မရှိဘဲ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်က ခံစားခဲ့ရသည့် ဝေဒနာကို ပြန်တွေးမိသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ် ပစ်ခတ်ခံရခြင်းမျှ မရိုးရှင်းခဲ့ပေ။

နေမင်းပစ်ခတ်သူတွင် နေမင်း၏ စင်စစ် မီးစွမ်းအင်များ ပါဝင်နေသည်။ အငွေ့အသက်မျှသာဖြစ်သော်လည်း ပစ်ခတ်ခံရသူ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပူလောင်နေသကဲ့သို့ ခံစားရစေသည်။ ဂိုဏ်းခေါင်းဆောင်သည် ကံကြမ္မာကောင်းနှင့် မတွေ့ဆုံခဲ့ပါက သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် အသက်ရှင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်တစ်ဝက်သည် ယခုကဲ့သို့ ဖြစ်လာခဲ့သည်။ သို့သော် ဤအရာအားလုံးကို မကောင်းသောအရာတစ်ခုအဖြစ် မမြင်မိပေ။ ဂိုဏ်းခေါင်းဆောင်၏ဒဿနသည် အသွင်သဏ္ဍာန်ကို အလေးအနက်ထားခြင်း မရှိပေ။

"ကံမကောင်းစွာနဲ့ပဲ၊ နောင်တအတွက် ဖြေဆေးမရှိဘူး"

ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို ကြည့်၍ လှောင်ရယ်လိုက်သည်။ မွန်းစတားဂိုဏ်းခေါင်းဆောင်၏ ကိုယ်ခန္ဓာ ကွဲပြားခြားနားမှုကို သူ မည်သို့မျှ မမြင်နိုင်ဘဲနေမည်နည်း။ ဂိုဏ်းခေါင်းဆောင်တွင် ယခင်က မွန်းစတားအရောင်အဝါများရှိနေ၍ ယခုအခါ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ဖြစ်နေသည်။

ဂိုဏ်းခေါင်းဆောင်သည် နေမင်းပစ်ခတ်သူ၏ စစ်မှန်သော မီးစွမ်းအင်ကို နှိမ်နင်းနိုင်သည့် ရတနာတစ်ခုကြောင့် အသက်ရှင်ခဲ့ဖွယ်ရှိသည်။ ၎င်းသည် တစ္ဆေတာအို ကျင့်ကြံရာတွင် အသုံးပြုခဲ့သည့် ရတနာတစ်မျိုးဖြစ်ပုံပေါ်သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် အပြန်အလှန် အဆင့်တိုးမြှင့်မှုနှင့် ထိန်းချုပ်မှုဟူ၍ရှိနေသည်။ နေမင်း၏ စင်စစ်မီးအလင်းရောင်ကဲ့သို့ ကြီးစိုး၍ လွန်ကဲသော ယန်စွမ်းအင်လျှင်ပင် နှိမ်နင်းရန် မဖြစ်နိုင်ပေ။ လွန်ကဲသော ရင်နှင့် ယုတ်ညံ့သော အရာများကို နှိမ်နင်းရန် နည်းလမ်းတစ်ခုသာရှိသည်။

မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် ဤသရဲတစ္ဆေ အသွင်အပြင်သို့ ရောက်ရှိသွားပုံအရ ဤနယ်ပယ်တွင် ကံကောင်းမှုများဖြင့် ကြုံတွေ့ခဲ့ပုံပေါ်သည်။ ချူးယွင်ဖန်းသည် ဤအရာအားလုံးကို စက္ကန့်ပိုင်းအတွင် ခန့်မှန်းပြီးပြီဖြစ်ကြောင်း ဂိုဏ်းခေါင်းဆောင် မသိခဲ့ပေ။ မဟုတ်လျှင် သူ အလွန် တုန်လှုပ်သွားပေလိမ့်မည်။ သူသည် ထိုအကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မပြောခဲ့ဖူးသည့်အတွက် မည်သူမျှ မသိဘူးဟု ထင်မှတ်နေသည်။

ချူးယွင်ဖန်းသည် ၎င်းအကြောင်းအရာကို အကြည့်တစ်ချက်ဖြင့် ခန့်မှန်းနိုင်သောကြောင့် သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားမည်မှာ သေချာသည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သော ချူးယွင်ဖန်းသည် ကျယ်ပြန့်သော အသိပညာ ဗဟုသုတများရှိနေခဲ့ရာ၊ ၎င်းသည် မွန်းစတားဂိုဏ်း ခေါင်းဆောင် စိတ်ကူးယဉ်နိုင်သော အရာမဟုတ်ပေ။

“အခု ကျုပ်အမှားအတွက် ပြင်ဆင်တော့မယ်” ဂိုဏ်းခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးများသည် သရဲတစ္ဆေကဲ့သို့ ချီများ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"နျူကလီးယားဗုံးက မင်းကိုမသတ်နိုင်ရင် ကျုပ် မင်းကို သတ်ပစ်မယ်"

ဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းကို အဆိုးဆုံး ရန်သူအဖြစ် သတ်မှတ်နေသည်။ သူသည် ချူးယွင်ဖန်းနှင့် တွေ့ဆုံပြီးကတည်းက သူ၏အကြံအစည်များ ယနေ့ကဲ့သို့ ပျက်ပြားခဲ့ရသည်။ ဤကဲ့သို့ ကြီးမားသော အစီအစဥ်ကို အကောင်အထည်ဖော်ရန် သူ့ဘက်မှ အလွန်ကြိုးစားခဲ့သော်လည်း ၎င်းသည် အဆုံးတွင် မေဘယ်ရွက်မြို့တော်ကို အနည်းငယ်မျှပင် မထိခိုက်ခဲ့ပေ။

မယုံကြည်နိုင်စရာ အကောင်းဆုံးအချက်မှာ ချူးယွင်ဖန်းသည် ၎င်းကို အံ့အားသင့်ဖွယ်နည်းလမ်းဖြင့် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်သည် ဤပြဿနာကို ကိုယ်တိုင်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။

ဘုံး

မွန်းစတားဂိုဏ်းခေါင်းဆောင်၏ နတ်အဆင့်များ ပေါက်ထွက်လာကာ သတ္တမ၊ အဋ္ဌမ၊ နဝမနှင့် နောက်ဆုံးတွင် အထွတ်အထိပ်အဆင့်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။

ကြောက်မက်ဖွယ်ရာ သရဲတစ္ဆေချီများ အရပ်ရပ်သို့ ပျံ့နှံ့သွားကာ မြို့တစ်မြို့လုံးတွင် တစ္ဆေသရဲ အော်ဟစ်သံများနှင့် ဝံပုလွေအူသံများ ကြားနိုင်ပုံပေါ်သည်။ ယုတ်ညံ့သော စွမ်းအင်များ အလွန်သိပ်သည်းနေသဖြင့် ကမ္ဘာကြီးတစ်ခုလုံး သရဲတစ္ဆေနယ်မြေအဖြစ်သို့ ပြောင်းလဲတော့မည့်ဟန်ရှိသည်။

ပတ်ဝန်းကျင်သည် ငရဲအဖြစ် ပြောင်းသွားကာ ဂိုဏ်းခေါင်းဆောင်သည် အလွန်ကြောက်စရာကောင်းသော ငရဲပြည်၏ဒဏ္ဍာရီလာ အရှင်သခင်တစ်ပါးအဖြစ် ထင်မှတ်ရစေသည်။ မေဘယ်ရွက်မြို့တော်ရှိ မရေတွက်နိုင်သော လူများသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလိုပင် အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။ မည်သို့ပင်ဆိုစေကာမူ၊ လူများစွာတို့သည် မွန်းစတားဂိုဏ်းအကြောင်း ကြားသိခဲ့သော်လည်း ဤသည်မှာ ဒဏ္ဍာရီလာ မွန်းစတားခေါင်းဆောင်ကို ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။ လူအများအပြားသည် ကြောက်ရွံ့ဖွယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

"ဒီလို သရဲတစ္ဆေပုံစံပြောင်းလဲသွားအပြင် ခွန်အားလည်း တော်တော် တိုးလာတယ်ဆိုတော့ ခင်ဗျား တစ္ဆေမြက်ပင်ကို စားလိုက်တာများလား" ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို ကြည့်၍ ပြောလိုက်သည်။

မွန်းစတားဂိုဏ်း ခေါင်းဆောင်၏ ကနဦးတွင် အေးစက်၍ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည့် မျက်နှာသည် အံ့အားသင့်နေသော အရိပ်အမြွက်များပြသလာ၏။ မည်သို့ဆိုသော် သူသည် ၎င်းအကြောင်းအရာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောခဲ့ဖူးသောကြောင့်ဖြစ်သည်။ သာမန်လူများ မှန်းဆခဲ့မည်ဆိုလျှင် တစ္ဆေမြက်ပင်အဖြစ် ခန့်မှန်းရန် မဖြစ်နိုင်ပေ။

ဤဆေးပင်သည် အလွန်ရှားပါးသည့်အပြင် အလွန်အေးစက်သော နေရာများတွင်သာ ပေါက်ရောက်လေ့ရှိသည်။ ထို့အပြင် ၎င်း၏ကြီးပြင်းလာရာ နေရာသည် စစ်မြေပြင် သို့မဟုတ် မရေတွက်နိုင်သော လူများကို မြှုပ်နှံထားသည့် သင်္ချိုင်းနေရာမျိုးဖြစ်သည်။ ဤအခြေအနေနှစ်ခုကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်မှသာ ၎င်းဆေးပင် ကြီးထွားလာရန် သေချာသော အခွင့်အလမ်းရှိမည်ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်သည် စစ်မှန်သောမီးစွမ်းအင်၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်မရှိသောကြောင့် ထိုနေရာကို ရှာဖွေခဲ့ရသည်။ သူသည် ဒဏ်ရာကို ပိုမို သက်သာလာအောင်သာ ပြုလုပ်ချင်ခဲ့ရာ၊ တစ္ဆေမြက်ပင်ကို ရှာတွေ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဆေးပင်ကို မျိုချပြီးနောက် ၎င်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ စစ်မှန်သော မီးစွမ်းအင်ကို ဖိနှိပ်လိုက်သည့်အပြင် သူ၏ခန္ဓာကိုယ်သည်လည်း ဤလူသားမဟုတ်၊ တစ္ဆေမဟုတ်သော အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

အရေးအကြီးဆုံးအချက်မှာ သူသည် ထိုအချိန်မှစ၍ မွန်းစတားကျင့်ကြံသူအဖြစ်မှ တစ္ဆေကျင့်ကြံသူအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ ခွန်အားသည် ကျဆင်းမသွားဘဲ နတ်အဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့သည်။

"ထင်ထားတဲ့အတိုင်း အဲ့ဒီ့သောက်ကျိုးနည်းဟာကြောင့်ပေါ့လေ" ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤတစ္ဆေမြက်ပင်သည် မည်သို့သော အရာဖြစ်သည်ကို ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ သူ သိထားသည်။ ၎င်းသည် တစ္ဆေတာအို ကျင့်ကြံမှုအတွက် သဘာဝရတနာတစ်ခုဖြစ်သည်။ ၎င်းကို စားသုံးပြီးနောက် မည်သည့် တာအိုကို ကျင့်ကြံခဲ့ပါစေ တစ္ဆေတာအိုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားကာ စားသုံးသူ၏ ခွန်အားသည်လည်း အလွန်တိုးမြင့်လာမည်ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ ခွန်အားများ ရပ်တန့်ကာ မည်သည့်တိုးတက်မှုမျှ မလုပ်ဆောင်နိုင်တော့ဘဲ ဤကျင့်ကြံမှုအဆင့်တွင် တစ်သက်လုံး ပိတ်မိနေမည်ဖြစ်သည်။ သို့သော် ခွန်းလွန်နယ်မြေ၏ လက်ရှိ အင်အားအရဆိုလျှင် နတ်အဆင့် အထွတ်အထိပ်ဟူသည် အမြင့်ဆုံးအဆင့်ဖြစ်သည်။ ယခုထက်ပို၍ တိုးတက်အောင် မပြုလုပ်နိုင်လျှင်ပင် ဤသည်မှာ လူအများအပြားအတွက် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်နေဆဲဖြစ်သည်။ယ

"ဟားဟားဟား၊ မင်း ပြောတာမှန်တယ်၊ ချူးယွင်ဖန်း။ မင်း ဘယ်လိုသိလဲ ကျုပ် မသိပေမယ့် မင်း ခန့်မှန်းတာ မှန်တယ်။ ကျုပ် အဲ့ဒီ့ဆေးပင်ကို စားခဲ့တာ၊ မင်းရဲ့မြှားချက်က ကျုပ်ကို မသတ်နိုင်တဲ့အပြင် ကျုပ်ရဲ့ ပန်းတိုင်ကို ရောက်အောင် ကူညီပေးခဲ့မယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား" ဂိုဏ်းခေါင်းဆောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကျုပ် အခု မကြုံစဖူး ကြီးမားတဲ့ စွမ်းအင်တွေကို ခံစားနေရတယ်။ အခုချိန် ကျုပ်အရှေ့မှာ သမ္မတရှိနေရင်တောင် ကျုပ် သူ့ကို သတ်ပစ်နိုင်တယ်"

"ခင်ဗျားကလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ခင်ဗျားက လူလည်းမဟုတ် သရဲတစ္ဆေလည်း မဟုတ်တဲ့ အရာမျိုးဖြစ်လာတာကို သမ္မတကြီးနဲ့ ဘယ်လိုပြီး ယှဉ်နိုင်မှာလဲကွ"

"မင်းကိုသတ်ပြီးရင်ရော ဆက်ပြီး ခေါင်းမာနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့" ဂိုဏ်းခေါင်းဆောင်သည် ထိုသို့ ကြားသောအခါ အလွန်ဒေါသထွက်သွား၍ ချူးယွင်ဖန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် မေဘယ်ရွက်မြို့တော်၏ အတားအဆီးသည် ၎င်းတို့အောက်တွင် ပြန်လည်ပေါ်လာကာ မြို့တစ်ခုလုံးကို ကာကွယ်ပေးလိုက်သည်။ ထိုအခါ ဂိုဏ်းခေါင်းဆောင်သည် ချက်ခြင်းသဘောပေါက်သွားသည်။

"မင်းက အချိန်ဆွဲနေတာကို"

မေဘယ်ရွက်မြို့တော်၏ ကာကွယ်ရေးစနစ်ကို ချူးမိသားစု ဘိုးဘေးကြီး ပြန်လည်ထိန်းချုပ်နိုင်စေရန်အတွက် ချူးယွင်ဖန်းက အချိန်ဆွဲရန် ကြိုးစားနေကြောင်း သူ ချက်ချင်း နားလည်သွားခဲ့သည်။

အခန်း (၁၀၉၂) သုံးချက်တည်းနဲ့ ခင်ဗျား မသေခဲ့ရင် ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့်ပေးမယ်

မေဘယ်ရွက်မြို့တော်သည် ချူးမိသားစု၏ ပိုင်နက်ဖြစ်ရာ၊ မွန်းစတားဂိုဏ်းသည် ချူးမိသားစု၏ သတိလက်လွတ်ဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ တစ်စုံတစ်ဦးသည် ရက်တစ်ထောင်တိုင် သူခိုးဖြစ်နိုင်သော်လည်း ထိုသူခိုးကို ရက်ပေါင်းတစ်ထောင်လုံး သတိထားနေရန် အကြောင်းမရှိပေ။

ချူးမိသားစုဘက်မှ ကြိုးစားလုပ်ဆောင်နေသမျှ ၎င်းတို့သည် ကာကွယ်ရေးစနစ်ကို မကြာမီတွင် ပြန်လည်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ၎င်းတို့သည် ကာကွယ်ရေးစနစ်ထဲ ထိုးဖောက်ဝင်ရောက်လာသည့် မွန်းစတားဂိုဏ်း၏ အဖွဲ့ဝင်ကို ချက်ချင်း ရှာဖွေ့ကာ ဖယ်ရှားပစ်ကြမည်ဖြစ်သည်။ ယခုအခါ မြို့တော်၏ ကာကွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်နေပြီဖြစ်ရာ၊ မွန်းစတားဂိုဏ်းက နျူကလီးယားဗုံးဖြင့် ထပ်မံတိုက်ခိုက်လျှင်ပင် ၎င်းကို ဖြတ်ကျော်ရန် လွယ်ကူမည်မဟုတ်ပေ။

ဘုံး

မိုင်တစ်ရာအကွာခန့်ရှိ လေထဲတွင် ကြီးမားသော မှိုတိမ်တိုက်ကြီး ဖြည်းညှင်းစွာ မြင့်တက်လာသည်။ မှိုတိမ်တိုက်ကြီး၏ ပွက်ပွက်ဆူနေသော အလင်းရောင်ကို မြို့အတွင်းမှပင် ခံစားရနိုင်သည်။ ဤသည်မှာ ချူးမိသားစု၏ တန်ပြန်တိုက်ခိုက်မှုဖြစ်ကြောင်း ဂိုဏ်းခေါင်းဆောင်က လှည့်မကြည့်ဘဲ သိရှိနိုင်သည်။ ကောင်းကင်ယံရှိ နျူကလီးယားဗုံး လမ်းကြောင်းမှ မြို့အပြင်ဘက်ရှိ မွန်းစတားဂိုဏ်းအခြေချရာနေရာသို့ ခြေရာခံရန် လွယ်ကူသည်။

အကယ်၍ တိကျသော တိုက်ခိုက်မှုကို လုပ်ဆောင်ပါက အခြေစိုက်စခန်း လုံးလုံးလျားလျား ပျက်စီးသွားမည်ဖြစ်သည်။ ချူးမိသားစု၏ လျင်မြန်သော တန်ပြန်တိုက်ခိုက်မှုသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ပြီးနောက် ချူးယွင်ဖန်း၏ အပြုအမူများသည် အချိန်ဆွဲရန်သာဖြစ်သည်။ သူ၏ အပြုအမူများသည် အယောင်ဆောင်မျှသာထြစ်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့သည့်အပြင် ဂိုဏ်းခေါင်းဆောင်သည် ထိုကဲ့သို့သော လှည့်ကွက်အပေါ် အမှန်တကယ် ကျရှုံးသွားခဲ့သည်။

ဤခံစားချက်သည် ဘဝင်ခိုက်နေသော ဂိုဏ်းခေါင်းဆောင်၏ မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်နှက်လိုက်သကဲ့သို့ ခံစားရစေ၍ သူသည် လုံးလုံးလျားလျား လက်မခံနိုင်ဖြစ်နေသည်။ သူ၏အမြင်၌ ချူးယွင်ဖန်း၏ ခပ်ဖျော့ဖျော့အပြုံးများသည် သူ၏တုံးအမှုကို လှောင်ပြောင်နေပုံပေါ်သည်။

"အား"

မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ဟိန်းဟောက်လိုက်သည်နှင့် မရေတွက်နိုင်သော သရဲတစ္ဆေချီများသည် သူ့ခန္ဓာကိုယ်မှ ပေါက်ထွက်ကာ ကမ္ဘာကြီးတစ်ခုလုံးကို ကြောက်မက်ဖွယ် မြူမှုန်များဖြင့် စွန်းထင်သွားစေ၏။ သူသည် ချူးယွင်ဖန်းကို သွေးရောင်လွှမ်းနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ မင်း ဒီနေ့ သဂြိုဟ်စရာနေရာမရှိဘဲ သေစေရမယ်"

"ဟားဟားဟား၊ ခင်ဗျား လုပ်နိုင်မယ်ထင်ရင် စမ်းကြည့်ပေါ့"

ချူးယွင်ဖန်း၏ ချီနှင့် သွေးများ ပွက်ပွက်ဆူလာ၍ ၎င်းစွမ်းအင်များသည် ထက်မြက်သော ဓားတစ်စင်းကဲ့သို့ တစ္ဆေမြူခိုးများကြားတွင် အက်ကွဲကြောင်းတစ်ခုဖြစ်သည်အထိ ဖြတ်တောက်ပစ်လိုက်သည်။ သူသည် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်သည်။ သူ၏ အနက်ရောင် ဆံပင်များ လေထဲတွင် တဖျပ်ဖျပ် လွင့်ခတ်နေ၍ သူ၏ ခန္ဓာကိုယ်သည် လူသားကမ္ဘာသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ကျောက်စိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်။ ၎င်းအရောင်အဝါများသည် ဟင်းလင်းပြင်ထဲတွင် အချင်းချင်း ဝင်တိုက်မိသွားကာ အလွန် ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ဖန်တီးသွားလေ၏။

"သူတို့နှစ်ယောက်က တော်တော် သန်မာတာပဲ၊ အထူးသဖြင့် မွန်းစတားဂိုဏ်းခေါင်းဆောင်၊ သူ ဘာလို့ ဒီလောက်သန်မာနေတာလဲ" လမင်းတံခွန်၏ဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။

လမင်းတံခွန်ဂိုဏ်း၏ခေါင်းဆောင်သည် နတ်ကုန်းမြေ၏ အင်အားစုကြီးသုံးခုအနက် တစ်ဦးသော ကိုယ်တိုင်လာရောက်သူဖြစ်သည့်အပြင် နတ်ကုန်းမြေကိုလည်း ကိုယ်စားပြုသူဖြစ်သည်၊ သူမသည် ကောင်းကင်ပေါ်ရှိ ထိုလူနှစ်ဦး၏ ကြောက်မက်ဖွယ် စွမ်းအင်ကို ခံစားရနိုင်သည်။

သူမသည် နတ်အဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိခဲ့၍ လက်ရှိ ကျွမ်းကျင်သူများထဲတွင် တန်စီယုပြီးလျှင် ဒုတိယမြောက် သန်မာသူဖြစ်သည်။ သို့သော် မွန်းစတားဂိုဏ်း ခေါင်းဆောင်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူမ ခံစားနိုင်ဆဲဖြစ်သည်။ မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် သူမထက်ပင် အဆင့်တစ်ဆင့်မျှ ပိုမို သန်မာနေသည်။

ထို့အပြင် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေ၍ စွမ်းအင်ကို တိတ်တဆိတ် ဖြန့်ကျက်နေသည့် တန်စီယုကြောင့် နတ်ကုန်းမြေသည် အဆင့်မြင့် နတ်အဆင့်ကျွမ်းကျင်သူအရေအတွက်အရ အားသာချက်သည်ဟူ ထင်မှတ်နေသည့် သူမ၏ အတွေးများ အရေးမပါတော့ကြောင်း သဘောပေါက်သွားခဲ့သည်။

ပြည်ထောင်စုသည် ဝပ်တွားနေသော ကျားများ ပုန်းလျှိုးနေသည့် နဂါးများနှင့် ပြည့်နှက်နေ၍ အမှန်တကယ် ကျွမ်းကျင်သူများစွာရှိနေသည်ဟု ဆိုနိုင်သည်။ သူမလျှင် ထိုကဲ့သို့ ခံစားနေရလျှင် အခြားသော နတ်အဆင့်ကျွမ်းကျင်သူများသည် ပို၍ပင် တုန်လှုပ်သွားကြသည်။ ထိုနေရာရှိ လူအများအပြားသည် မွန်းစတား ဂိုဏ်းခေါင်းဆောင်နှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ဂိုဏ်းခေါင်းဆောင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းတို့သည် ကံကောင်းမှုများဖြင့် ကြုံတွေ့ရပြီးနောက် ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာလေ့ရှိသည်။ ဤအရာမျိုးသည် အထူအဆန်း မဟုတ်ပေ၊ သို့သော် မွန်းစတားဂိုဏ်းခေါင်းဆောင်ကဲ့သို့ပင် အလွန်အမင်း ခုန်ကျော်လွှား၍ တိုးတတ်လာသူသည် အလွန်ရှားပါးလှသည်။

၎င်းတို့အောက်ခြေရှိ တန်စီယုသည် ဝေဟင်ထဲသို့ ပျံသန်းသွားသည်။ သူမသည် ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်အားလုံးကို စုစည်းထားလိုက်သည်။ ချူးယွင်ဖန်းသည် အမှားအယွင်းတစ်ခုခု ပြုလုပ်မိသွားပါက သူမသည် ဂိုဏ်းခေါင်းဆောင်ကို ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။

သူမသည် ယခင်အချိန်က ဝင်ရောက်စွက်ဖက်ရန် အင်အားမရှိသော်လည်း ယခုအခါ ကွဲပြားသွားလေသည်။ သူမသည် ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိသည်။ မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ကံကြမ္မာများစွာကို တွေ့ကြုံခဲ့သော်လည်း သူမသည်လည်း အားကောင်းသန်မာလာခဲ့သည်။

ချူးယွင်ဖန်းသည် ဝေဟင်ယံတွင် လေပြင်းများ တိုက်ခတ်မှုကြောင့် သူ၏အဝတ်အစားများ အလွန်တရာ လှုပ်ခတ်နေသော်လည်း ဘာသိဘာသာ ပြောလိုက်သည်။

"မွန်းစတားဂိုဏ်း ခေါင်းဆောင်၊ ခင်ဗျားနဲ့ ကျုပ်ရဲ့ ဒီရန်ငြိုးက နှစ်တွေအကြာကြီး ညှိတွယ်ခဲ့တာ။ ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ၊ ခင်ဗျားသာ ကျုပ်ရဲ့ လှုပ်ရှားမှုသုံးခုကို ခံနိုင်ရည်ရှိမယ်ဆိုရင် ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့်ပေးလိုက်မယ်"

ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်အား စတင်ဆန့်ကျင်သည့်အချိန်ကို ပြန်တွေးမိသွားသည်။ ဤသည်မှာ မွန်စတားဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုသည် သူ၏ညီမငယ်ကို ဖမ်းဆီးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ မွန်းစတားဂိုဏ်း၏ ဖြစ်တည်မှုကို ပထမဆုံး သိရှိခဲ့ချိန်ဖြစ်၍ အဖွဲ့အစည်းတစ်ခုသည် ပြည်ထောင်စုကို အိပ်မက်ဆိုးတစ်ခုကဲ့သို့ လွှမ်းခြုံနေကြောင်း ပထမဆုံးအကြိမ် သိရှိခဲ့ခြင်းလည်းဖြစ်သည်။ ထိုအချိန်တွင် သူသည် မွန်စတားဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ပစ်မည်ဟု ကတိသစ္စာပြုခဲ့၍ ယခုအခါ ငယ်စဉ်အချိန်က ပြုလုပ်ခဲ့သည့် ကတိသစ္စာကို ဖြည့်ဆည်းရန် အချိန်တန်ပြီဖြစ်သည်။

ချူးယွင်ဖန်း၏ မွန်းစတားဂိုဏ်းကို ဖျက်ဆီးပစ်ရန် စိတ်ပိုင်းဖြတ်ထားသည့်အကြောင်းကား သူ လုံးလုံးလျားလျား ဂရုမစိုက်သည့် အသေးအမွှားကိစ္စတစ်ခုမျှသာဖြစ်မည်ဟု ဂိုဏ်းခေါင်းဆောင် ထင်မှတ်ထားမည် မဟုတ်ပေ။ အဆုံးတွင် မွန်းစတားဂိုဏ်းသည် ပြည်ထောင်စုရှိ မရေတွက်နိုင်သော လူများစွာကို နေ့စဉ်နေ့တိုင်း ပြန်ပေးဆွဲခဲ့ကြသည်။ ပြီးနောက် ဤအရေးမပါသော အကြောင်းအရာသည် ကြောက်မက်ဖွယ် ရန်သူကို ဖြစ်ပေါ်လာစေ၍ မွန်းစတားဂိုဏ်း၏ ပျက်စီးမှုကို စတင်စေခဲ့သည်။

မွန်းစတားဂိုဏ်းခေါင်းဆောင်က လှောင်ရယ်ကာ ပြောလိုက်သည်။

"မင်းကလား။ ရွေ့လျားမှု သုံးခုတဲ့၊ တယ်လည်းကြီးတဲ့ ကြွေးကြော်သံပါလား။ ရွေ့လျားမှု သုံးခုကို ထားလိုက်၊ ရွေ့လျားမှု အခါသုံးရာနဲ့ဆိုရင်တောင် ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

မွန်းစတားဂိုဏ်းခေါင်းဆောင်ထံမှ အစိမ်းရောင် အမျှင်အတန်းများ ထွက်ပေါ်လာ၍ ပြင်းထန်သော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသောကြောင့် သူ၏ယုံကြည်မှုကို ပို၍ လွန်ကဲလာစေသည်။ သူသည် ဤလောက၌ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သည့် နတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ချူးယွင်ဖန်းသည် သူ့ကို ရွေ့လျားမှု သုံးခုတည်းဖြင့် သတ်ဖြတ်ချင်ခြင်းဖြစ်လေသလော။

'တကယ့်ဟာသပဲ'

ဘုံး

နှစ်ဦးနှစ်ဖက်စလုံး၏ ချီစွမ်းအင်သည် လျင်မြန်စွာ မြင့်တက်လာသည်။ ခိုစွမ်းအင်များသည် ၎င်းတို့ကို ဗဟိုချက်အဖြစ်ထားရှိကာ မီတာထောင်ပေါင်းများစွာ မြင့်မားသော ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ကောင်းကင်ယံရှိ တိမ်ပင်လယ်များကို အပိုင်းပိုင်း ဖြိုခွဲပစ်လိုက်သည်။ ချီစွမ်းအင်များ ရိုက်ခတ်မှုသည် နေရာတိုင်းတွင်ရှိနေ၍ ကမ္ဘာအဆုံးသတ် မြင်ကွင်းတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။

၎င်းတို့ထံမှ သတ်ဖြတ်ချင်စိတ်များ တစ်ဟုန်ထိုး တိုးမြင့်လာသည်နှင့် မြေပြင်ပေါ်ရှိ လူအများအပြား၏နှလုံးသားများ တုန်ရင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့နှစ်ဦး၏ အရောင်အဝါများ ကျဆင်းလာသောအခါ မစ္စတာချူးနှင့် ဇနီးဖြစ်သူတို့ စိုးရိမ်ပူပန်လာကြသည်။ ၎င်းတို့နှစ်ဦးသည် ဤစွမ်းအင်နှစ်ခု၏ ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားရနိုင်သည်။

"ဦးလေး၊ အန်တီ စိတ်မပူကြပါနဲ့။ အဲဒီဂိုဏ်းခေါင်းဆောင်က ဆရာနဲ့ မယှဉ်နိုင်ပါဘူး" ၎င်းတို့နံဘေးတွင် ရပ်နေသော လင်းချန်ရှီက အလျင်အမြန် ပြောလိုက်သည်။

လင်းချန်ရှီသည် ချူးယွင်ဖန်း၏ နတ်အဆင့်ကျွမ်းကျင်သူပေါင်း နှစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည့်အပြုအမူကို မြင်တွေ့ပြီးကတည်းက ချူးယွင်ဖန်း၏ ယုံကြည်သူဖြစ်လာခဲ့သည်။ ယခင်က သူပြုလုပ်ခဲ့သည့် အခြေအနေနှင့် နှိုင်းယှဥ်ကြည့်ပါက လက်ရှိအခြေအနေသည် မပြောပါ့လောက်ပေ။ ထိုသို့ ကြားသောအခါ ယန်ယာ့ယွင်က ခေါင်းညိတ်လိုက်သည်။ သူမသည် သားဖြစ်သူ၏ တပည့်မလေးကို အလွန် သဘောကျနေမိသည်။ ကလေးမလေးသည် ငယ်ရွယ်သော်လည်း အလွန်ပါးနပ်၍ ချစ်စဖွယ်ကောင်းလှသည်။

၎င်းတို့သည် တစ်လမျှသာ ရင်းနှီးခဲ့ကြသော်လည်း ယန်ယာ့ယွင်သည် နောက်ထပ် သမီးလေးတစ်ဦးရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ချူးချင်ရွှမ်သည် နေ့စဥ်နေ့တိုင်း အပြင်ဘက်တွင် ကျင့်ကြံခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် ယခုရက်များတွင် သူမကို တွေ့ရခဲသည်။ ၎င်းတို့နှစ်ဦး စကားပြောနေစဉ် ကောင်းကင်ယံရှိ တိုက်ပွဲအရှိန်အဟုန်သည် အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဂိုဏ်းခေါင်းဆောင်သည် ဟိန်းဟောက်၍ ဦးဆောင် တိုက်ခိုက်လိုက်သည်။ တခဏချင်းမှာပင် တိမ်ပင်လယ်ကြီး ပြောင်းလဲသွားလေ၏။

All Chapters