← Chapters

အခန်း (၁၀၉၃-၁၀၉၅)

Vol. 73 Ch. 1093-1095

အခန်း (၁၀၉၃-၁၀၉၅)

Vol. 73 Ch. 1093-1095

အခန်း (၁၀၉၃) မွန်းစတားဂိုဏ်းခေါင်းဆောင်ကို အလွဲသုံးစားလုပ်ခြင်း

မွန်းစတားဂိုဏ်းခေါင်းဆောင်သည် လှုပ်ရှားမှုကို ဦးစွာပြုလုပ်လိုက်သည်။ သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်ပေါက်လာ၍ ၎င်းသည် အဆုံးမရှိ တစ္ဆေစွမ်းအင်ဖြင့် ဆူပွက်နေသည်။ ဤတစ္ဆေစွမ်းအင်သည် ပေရာနှင့်ချီရှည်လျားသော ကြောက်မက်ဖွယ် ဓားအလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဓားရှည်ကို ကိုင်ဆောင်ထားသည့် ဂိုဏ်းခေါင်းဆောင်သည် ကမ္ဘာကြီးကို ဖိနှိမ်နေသည့် တစ္ဆေဘုရင်တစ်ပါးနှင့် ဆင်တူသည်။

"မွန်းစတားဂိုဏ်းခေါင်းဆောင်၊ ခင်ဗျား အဲဒီနေ့က နေမင်းပစ်ခတ်သူကြောင့် ဒဏ်ရာရခဲ့တယ်။ ဒီနေ့မှာ ခင်ဗျားကို တူညီတဲ့လက်နက်နဲ့ပဲ ငရဲပြည်အရောက် ပို့ပေးမယ်"

ဦးစွာ တိုက်ခိုက်ခဲ့သော မွန်းစတားဂိုဏ်းခေါင်းဆောင်ကို ရင်ဆိုင်ရာတွင် ချူးယွင်ဖန်း၏အမူအရာသည် တည်ငြိမ်နေသည်။ ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ထဲတွင် လေးတစ်စင်း ပေါ်ပေါက်လာသည်။ ၎င်းသည် ကြေးဝါရောင် လေးတစ်ချောင်းဖြစ်သည်။ လေးပေါ်ရှိ အက်ကွဲကြောင်းများသည် ၎င်းကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ် တိုက်ပွဲများ၊ ၎င်းနှိမ်နင်းခဲ့ဖူးသော ရန်သူများနှင့် ပြင်းထန်စွာ ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်များကို ပြောပြနေပုံပေါ်သည်။

ချူးယွင်ဖန်းသည် သူ၏နတ်စွမ်းအင်များကို လေးထဲသို့ သွန်းလောင်းလိုက်သည်နှင့် လေးညှိ့ကြို့ မရှိသောနေရာသည် အလင်းတန်းတစ်ခုဖြင့် ချိတ်ဆက်သွားလေ၏။ ဤအလင်းတန်းမှတစ်ဆင့် ရွှေကျီးကန်းတစ်ကောင် ပျံထွက်သွားသည်။ သူသည် အလင်းကြိုးကို လျင်လျင်မြန်မြန် ဆွဲထုတ်လိုက်သည်နှင့် ကျီးကန်းသည် ပိုပို၍ကြီးမားလာသည်။ ရွှေကျီးကန်းက အတောင်ပံများ လှုပ်ခတ်၍ ပျံသန်းခါနီးတွင် ကြောက်မက်ဖွယ်ကောင်းသော ၎င်း၏မီးတောက်များသည် ကောင်းကင်ကိုပင် လောင်ကျွမ်းသွားစေ၏။

"ဒါက ဘယ်လိုမှော်လက်နက်မျိုးလဲ"

ဤမြင်ကွင်းကြောင့် အောက်ခြေရှိ နတ်အဆင့်ကျွမ်းကျင်သူများအားလုံး ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ရွှေကျီးကန်းထံမှ ကြောက်မက်ဖွယ် ခံစားချက်ကို အာရုံခံနိုင်ကြသည်။

အထူးသဖြင့် လမင်းတံခွန်၏ ဂိုဏ်းခေါင်းဆောင်သည် သူမ၏ နှလုံးခုန်သံများ အလွန်ပြင်းထန်ကြောင်း ခံစားလိုက်ရသည်။ အကယ်၍ ထိုနေရာတွင် သူမသာဆိုလျှင် ပစ်ချက်တစ်ခုတည်းဖြင့် အသတ်ခံရပေလိမ့်မည်။

ချူးယွင်ဖန်းသည် ယခင်တိုက်ပွဲတွင် သူ၏ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ကြောင်း ယခုအချိန်မှသာ သူမ သဘောပေါက်သွားခဲ့သည်။ သူသည် ထိုရာပေါင်းများစွာသော နတ်အဆင့် ကျွမ်းကျင်သူများကို ဖျက်ဆီးရာတွင် နျူကလီးယားဗုံး အသုံးပြုရန်ပင် မလိုအပ်ပေ။

ဘုံး

ချူးယွင်ဖန်းသည် အလင်းကြိုးကို လွှတ်လိုက်သည်နှင့် ကျီးကန်းသည် မြည်တွန်လျက် ပျံသန်းထွက်ခွာသွား၏။ ၎င်းသည် လေထုထဲတွင် ကြီးထွားလာခဲ့ရာ၊ တခဏချင်းမှာတွင် တောင်ငယ်တစ်ခု အရွယ်အစားအထိ ကြီးထွားလာလေ၏။ နေမင်းပစ်ခတ်သူ၏ စွမ်းအင်သည် အသုံးပြုသူပေါ်မူတည်၍ ကွဲပြားလေ့ရှိသည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်း၏ ခွန်အားသည် ဆယ်ဆမျှ ပို၍ အားကောင်းလာခဲ့သည်။ ဤသည်မှာ ကြီးမားကွဲပြားသည့် အပြောင်းအလဲတစ်ခုဖြစ်သည်။

နောက်ထပ် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။ ဤသည်မှာ တိုက်ခိုက်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးဖြစ်သည်။ ရွှေကျီးကန်းသည် ဂိုဏ်းခေါင်းဆောင်ဆီ ချီတက်လိုက်သည်။ ဂိုဏ်းခေါင်းဆောင်သည် ရှောင်မပြေးနိုင်သောကြောင့် ထိပ်တိုက် ပစ်ခတ်ခံလိုက်ရသည်။

ဘုံး

ရုတ်တရတ်ဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်သွားလေ၏။ ဂိုဏ်းခေါင်းဆောင်သည် နျူကလီယားဗုံးဖြင့် ပစ်ခတ်ခံလိုက်ရသွားသကဲ့သို့ ခံစားလိုက်ရ၍ ကြောက်မက်ဖွယ် မှိုတိမ်တိုက်ကြီး တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

နတ်အဆင့် ကျွမ်းကျင်သူများစွာတို့သည် ဤမြင်ကွင်းကို မြင်သောအခါ ပင့်သက်ရှိုက်မိသွားသည်။ အကယ်၍ ၎င်းတို့သာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်နေရပါက တစ်ချက်တည်းဖြင့် သုတ်သင်ခံလိုက်ရနိုင်သည်။ ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်စဉ်ဖြစ်သည်။ ၎င်းတို့အတွက် သိုင်းပညာ၏ခြိမ်းခြောက်မှုသည် နည်းပညာ၏ခြိမ်းခြောက်မှုထက် များစွာကြီးမားလှသည်။ ၎င်းတို့သည် နျူကလီးယားဗုံး ပစ်လွှတ်ခြင်းကို ကြိုတင်သိမြင်နိုင်သော်လည်း ဤနည်းလမ်းသည် ၎င်းတို့၏ ခံယူချက်ထက် ကျော်လွန်နေခဲ့သည်။

"မွန်းစတား ဂိုဏ်းခေါင်းဆောင် သေသွားပြီလား" လမင်းတံခွန်ဂိုဏ်း အမွေဆက်ခံသူက ပြောလိုက်သည်။ တန်ခိုးကြီးသော မွန်းစတား ဂိုဏ်းခေါင်းဆောင်သည် ထိုကဲ့သို့ သေဆုံးသွားခြင်းကို သူမလျှင်ပင် မယုံကြည်နိုင်ဖြစ်နေသည်။

အကယ်၍သာ ထိုနေရာတွင် သူမသာဖြစ်ခဲ့ပါက ပစ်ချက် တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော် လူတိုင်းက သက်ပြင်းချတော့မည့်အချိန်တွင် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပစ်ချက်ကြောင့် ဂိုဏ်းခေါင်းဆောင် ကွယ်လွန်သွားပြီဟု လူတိုင်းက ထင်မှတ်လိုက်ချိန်တွင် မှိုတိမ်တိုက်ထဲမှ အသွင်အပြင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ချူးယွင်ဖန်း၊ မင်း လက်ထဲမှာ အရင်က ကျရှုံးခဲ့ဖူးတာတောင် အခု ကျုပ်ဘက်က ဘာမှမပြင်ဆင်ထားဘူးလို့ ထင်နေတာလား။ ကျုပ် မင်းကို သတ်ပစ်မယ်"

ဂိုဏ်းခေါင်းဆောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်းအရှေ့သို့ ရောက်ရှိလာသည်။ သူသည် မသေဆုံးခဲ့ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည် လူတိုင်း မျှော်လင့်ထားသကဲ့သို့ ဒဏ်ရာပြင်းပြင်းထန်ထန်ပင် မရရှိခဲ့ပေ။ သူသည် မထိခိုက်သွားသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် ပျက်စီးနေ၍ ၎င်း၏ အလယ်တွင် အပေါက်ကြီးတစ်ခုရှိနေသည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို တားဆီးကာ မွန်းစတားဂိုဏ်း ခေါင်းဆောင်ကို ကယ်တင်ခဲ့သည့်အရာသည် ဤချပ်ဝတ်တန်ဆာဖြစ်သည်။ မွန်းစတား ဂိုဏ်းခေါင်းဆောင်သည် မည်သို့သော လူမျိုးဖြစ်သနည်း။ ပထမဆုံးအကြိမ် ကြီးမားသော ဆုံးရှုံးမှုကြီးဖြင့် ကြုံတွေ့ခဲ့ရသည်မှာ ချူးယွင်ဖန်းကြောင့်ဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏ ဝှက်ဖဲကို မြင်တွေ့ပြီးကတည်းက ဤတစ်ခေါက် တိုက်ခိုက်မှုအတွက် အပြည့်အဝ ပြင်ဆင်လာခဲ့သည်။

ဂိုဏ်းခေါင်းဆောင်၏ မျက်နှာသည် အလွန်ဝံ့ကြွားနေဆဲဖြစ်သော်လည်း သူ၏စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူသည် ချူးယွင်ဖန်း၏မျှားချက်ကို ဖြေရှင်းရန်အတွက် ခွန်းလွန်နယ်မြေတစ်ခုလုံးတွင် ဤချပ်ဝတ်တန်ဆာကို ရှာဖွေခဲ့ရသည်။ ချပ်ဝတ်တန်ဆာသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ချူးယွင်ဖန်းက မည်မျှ သန်မာအားကောင်းသည်ကို သိထားသော်လည်း ထိုချပ်ဝတ်တန်ဆာကြောင့်သာ ယခုကဲ့သို့ လာရောက်ပြဿနာရှာရန် ယုံကြည်မှုရှိခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်း၏ ပစ်ချက်တစ်ချက်သည် သူ၏ချပ်ဝတ်တန်ဆာကို အပိုင်းပိုင်းကွဲထွက်စေကာ သူ၏ အကြံအစည်များ ပျက်စီးသွားမည်ကို မည်သူသိမည်နည်း။ သူသည် ဒဏ်ရာမရရှိခဲ့သော်လည်း သူ၏ ယခင် အစီအစဉ်များ ပျောက်ဆုံးသွားခဲ့သည်။

ဂိုဏ်းခေါင်းဆောင်သည် သူ၏ တစ္ဆေဓားသွားကို ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားသွားအလင်းရောင်သည် တိမ်ပင်လယ်ကို ထက်ပိုင်းခွဲဖြတ်ပြီးနောက် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် အနည်းငယ်မျှ ပျာယာခတ်ခြင်း မရှိပေ။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သောကြောင့် ဓားသွားသည် လက်ကို ဖြတ်တောက်သွား၏။

ဘုံး

သို့သော် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် လူများစွာ မျှော်လင့်ထားသည့်အတိုင်း ချူးယွင်ဖန်း၏လက်ကို မဖြတ်တောက်နိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏လက်ဖြင့် ဓားသွားကို ဖမ်းဆုပ်လိုက်သည်။

ဘန်း

ချူးယွင်ဖန်းက ဓားသွားကို ဖမ်းဆုပ်လိုက်သည်နှင့် တစ္ဆေလက်နက်သည် အပိုင်းပိုင်းကွဲသွားခဲ့သည်။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။ ချူးယွင်ဖန်းသည် ဤသို့ ပြုလုပ်နိုင်လိမ့်မည်ဟု သူမည်သည့်အချိန်ကမှ မတွေးခဲ့ဖူးပေ။

ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်သည် နတ်အဆင့် အထွတ်အထိပ်သို့ မရောက်ရှိသေးဘဲ သူ့အောက် အဆပေါင်းများစွာ နိမ့်ကျနေကြောင်း သူ ခံစားရနိုင်သည်။ သို့သော် ချူးယွင်ဖန်း၏ နတ်စွမ်းအင်သည် အလွန်သိပ်သည်းနေသည်။ ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုကို တားဆီးကာ အလွယ်တကူ ချေမှုန်းနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသော ဓားအပိုင်းအစများကို မွန်းစတားဂိုဏ်းခေါင်းဆောင်ထံ ရုတ်တရက် ပစ်လွှတ်လိုက်သည်။

ဘုံး

ကောင်းကင်တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲသွားပြီးနောက် ထိုအပိုင်းအစများသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် လွင့်ထွက်ကာ ဂိုဏ်းခေါင်းဆောင်ကို ထိမှန်သွားလေ၏။ ဂိုဏ်းခေါင်းဆောင်သည် နီးကပ်လွန်းသဖြင့် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ တိုက်ရိုက်ထိမှန်သွားခဲ့သည်။

မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ ချက်ခြင်းပင် လွင့်ပျံသွားလေ၏။ မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် မေဘယ်ရွက်မြို့တော်မှ လွင့်ထွက်သွားကာ မြို့အပြင်ဘက်ရှိ တောင်တန်းကြီးတစ်ခုနှင့် တိုက်မိသွားခဲ့သည်။

ဘုံး

တောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွား၍ ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ဓားအပိုင်းအစများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းထွက်ခွာသွားသည်နှင့် နတ်အဆင့် ကျွမ်းကျင်များသည်လည်း အချင်းချင်း လှည့်ကြည့်ပြီးနောက် လိုက်ပါသွားကြ၏။

ချူးယွင်ဖန်းသည် ဧရာမတောင်တန်းကြီးပေါ်မှ ဆင်းသက်ရန် ရုန်းကန်နေသော ဂိုဏ်းခေါင်းဆောင်ကို မြင်တွေ့လိုက်ရပြီးနောက် ဂိုဏ်းခေါင်းဆောင်သည် ပြုံးရယ်လျက် ပြောလာသည်။

"ချူးယွင်ဖန်း၊ မင်း ကျုပ်ကို မသတ်နိုင်ပါဘူး။ ကျုပ်က အင်မော်တယ်ဖြစ်နေပြီ။ မင်း ကျုပ်ကို လုံးဝ မသတ်နိုင်ဘူး"

ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် ပျောက်ကင်းသွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။

အခန်း (၁၀၉၄) တကယ် လှုပ်ရှားမှု သုံးခု၊ မွန်းစတားဂိုဏ်းခေါင်းဆောင် သေဆုံးခြင်း

ဂိုဏ်းခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တစ္ဆေမြက်ပင်ကို မျိုချလိုက်ပြီးကတည်းက သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံများ ပြောင်းလဲသွား၍ သူ၏ခွန်အားတင်မကဘဲ အရာအားလုံး တိုးတက်လာခဲ့ပေ။ ၎င်းသည် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပင် အသွင်ပြောင်းလဲသွားစေ၍ သူ့ကို တစ္ဆေတစ်ပိုင်း လူတစ်ပိုင်းသတ္တဝါအဖြစ် ပြောင်းလဲသွားစေ၏။ ဤနေရာတွင် သာမန်လူတစ်ဦးသာဖြစ်ပါက မသေဆုံးလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေလိမ့်မည်။ မွန်းစတားဂိုဏ်း ခေါင်းဆောင်ကဲ့သို့ လွယ်လွယ်ကူကူ ပြန်ကောင်းမွန်လာရန် မဖြစ်နိုင်ပေ။

"ချူးယွင်ဖန်း၊ မင်းပြောတော့ လှုပ်ရှားမှုသုံးခုဆို ကျုပ်ကတော့ မင်း လုပ်နိုင်မယ်လို့ မထင်ဘူး”

ဂိုဏ်းခေါင်းဆောင်က အလွန်ဝံ့ကြွား၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ချူးယွင်ဖန်းကို ရန်ဆွရန် ကြိုးစားနေခြင်းသည်။ နှစ်ကြိမ် လှုပ်ရှားပြီးနောက် သူသည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ကြောင်း သိပ်မထက်မြက်လှသူတစ်ဦးပင် မြင်တွေ့နိုင်သည်။ ထို့အပြင် သူသည် တုံးအသူမဟုတ်ဘဲ အလွန်ထက်မြတ်သူဖြစ်သည်။

သူသည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုသုံးခု ကတိပြုချက်ကို အတင်းအကြပ် ဝန်ခံခိုင်းခြင်းဖြင့် ဒဏ်ရာအနာတရာမရှိဘဲ လွတ်မြောက်နိုင်မည်ဖြစ်သည်။ မိမိလျှင်ပင် ရယ်ဖွယ်ရာကောင်းသည်ဟု ခံစားမိသည်။ ယခင်က လှုပ်ရှားသုံးခု၏ ကတိပြုချက်ကို နှလုံးမသွင်းခဲ့သော်လည်း ယခုအခါ သူ၏အသက်ကို ကယ်တင်ရန်အတွက် ၎င်းကို အားကိုးခဲ့ရသည်။

သူသည် ချူးယွင်ဖန်း၏ အင်အားကို လျှော့တွက်ထားခဲ့သည်။ သူသည် နောက်တစ်ကြိမ်တွင် ချူးယွင်ဖန်းကို အလွတ်မပေးဘဲ သတ်ဖြတ်ပစ်ရပေလိမ့်မည်။ ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများသည် မုန်းတီးစိတ်များ ဒေါသများဖြင့် တောက်ပနေသည်။

"ကျုပ်က လှုပ်ရှားမှုသုံးခုလို့ဆိုမှတော့ လှုပ်ရှားမှုသုံးခုပေါ့၊ ခင်ဗျားရဲ့အသက်ကို လှုပ်ရှားမှုသုံးခုအတွင်း နှုတ်ယူပြမယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

သူ၏အမြင်အရ မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် အလွန်ကိုင်တွယ်ရ ခက်ခဲသည်။ သူသည် သာမန်နတ်အဆင့် ကျွမ်းကျင်သူများထက် ကိုင်တွယ်ရ အလွန် ခက်ခဲသည်ဟုပင် ဆိုနိုင်သည်။ သို့သော် ခက်ခဲသည်ဟုဆိုသော်လည်း မဖြစ်နိုင်ခြင်း မဟုတ်ပေ။

"အသူရကာယ် လက်သီး"

ချူးယွင်ဖန်း၏ နတ်စွမ်းအင်များအားလုံး ပေါက်ကွဲကာ ဆူပွက်သွားသည်။ သူသည် လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်လိုက်ရာ လက်သီးစွမ်းအင်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားလေ၏။ ထိုအခါ လက်သီးစွမ်းအင်များ ဆူပွက်လာ၍ သူ၏အနောက်တွင် ရွှေရောင်အသူရကာယ်တစ်ပါး ပေါ်ပေါက်လာခဲ့သည်။ ဤအသူရကာယ်သည် ယခင်ကနှင့် မတူညီပေ။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမရွှေရောင် မိုးကြိုးသွားကြီးကဲ့သို့ မိုးကြိုးစွမ်းအင်များဖြင့် လွှမ်းခြုံထား၏။

ဘုံး

ချူးယွင်ဖန်းသည် လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားခဲ့သည်။ ဤလက်သီးချက်သည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဝင်ရောက်ကာ တိမ်ပင်လယ်ကြီးကို ဖြိုခွဲပစ်လိုက်သည်။

ဂိုဏ်းခေါင်းဆောင်၏ ပထမဆုံး တုံ့ပြန်မှုသည် ထွက်ပြေးရန်ဖြစ်သည်။ ဤသို့ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မျိုးသည် သူ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာမဟုတ်ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းက မည်သို့ကြောင့် ဤမျှယုံကြည်မှုရှိနေရသည်ကို သူ နားလည်သွားခဲ့သည်။ ချူးယွင်ဖန်း ပိုင်ဆိုင်သော ခွန်အားသည် သူ၏စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေသည်။

သို့သော် သူသည် ချူးယွင်ဖန်း၏ အင်အားကြီး နတ်အာရုံဖြင့် ပိတ်လှောင်ခံထားရကြောင်း ချက်ချင်းဆိုသလိုပင် ခံစားလိုက်ရသည်။ ပိတ်လှောင်ခံရသည်နှင့် မည်သို့ ထွက်ပြေးရန် ကြိုးစားနေပါစေ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သူ သိသွားခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် သူ့အရှေ့တွင် ဒိုင်းတစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်သည်။

ဘန်း

ဤလက်သီးချက်သည် တစ္ဆေဦးခေါင်း ဒိုင်အကာကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ဤဒိုင်းအကာသည် မှော်လက်နက်တစ်ခုဖြစ်၍ ကနဦးတွင် ဂိုဏ်းခေါင်းဆောင် ဝတ်ဆင်ခဲ့သည့် ချပ်ဝတ်တန်ဆာကဲ့သို့ မကောင်းမွန်သော်လည်း အလွန်အစွမ်းထက်နေဆဲဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ အသူရကာယ်လက်သီးချက်ဖြင့် ထိမှန်ပြီးနောက် လုံးလုံးလျားလျား မခုခံနိုင်ဘဲ ချက်ချင်းပင် ပြိုလဲသွားခဲ့သည်။ ၎င်းသည် စက္ကူတစ်ရွက်ကဲ့သို့ တခဏချင်းမှာပင် ပြိုကျသွားလေ၏။ ပြီးနောက် ချူးယွင်ဖန်း၏ လက်သီးစွမ်းအင်များသည် အရာအားလုံးကို ဆုတ်ဖြဲကာ ဂိုဏ်းခေါင်းဆောင်ကို ထိမှန်သွားလေသည်။

ဘုံး

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချူးယွင်ဖန်း၏လက်သီးချက်သည် ဂိုဏ်းခေါင်းဆောင်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် အဆက်မပြတ် တုန်ခါနေဆဲဖြစ်၍ ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။

မွန်းစတားဂိုဏ်း ခေါင်းဆောင် အလွန် ဂုဏ်ယူခဲ့ရသည့် သူ၏ ပြန်လည်ကုသနိုင်စွမ်းသည် ချူးယွင်ဖန်း၏ လက်သီးချက်ဖြင့် ရင်ဆိုင်ရာတွင် လုံးလုံးလျားလျား အသုံးမဝင်ခဲ့ပေ။ ဤပျက်စီးမှုအဆင့်သည် ဂိုဏ်းခေါင်းဆောင် ပြန်လည်ကုသနိုင်သည့် ကန့်သတ်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။

ဘုံး

ဂိုဏ်းခေါင်းဆောင်သည် လေထုထဲတွင် ပေါက်ကွဲသွားပြီးနောက် သွေးမြူမှုန်များအဖြစ် ပြောင်းလဲကာ တခဏချင်း သေဆုံးသွားခဲ့သည်။ သုံးကြိမ်သာ လှုပ်ရှားပြီးနောက် ဂိုဏ်းခေါင်းဆောင်သည် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ကတိကို မဖျက်ခဲ့ပေ။ ချူးယွင်ဖန်းဘက်မှ သုံးကြိမ် လှုပ်ရှားရုံမျှဖြင့် ဂိုဏ်းခေါင်းဆောင်သည် မခုခံနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

မှန်ကန်စွာ ပြောရမည်ဆိုလျှင် ကနဦး ချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်ပါက၊ မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် နေမင်းပစ်ခတ်သူကြောင့် သေဆုံးသွားပြီဖြစ်သည်။ မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် သူ့ကို တားဆီးရန်အတွက် စကားလုံးများ အသုံးပြုခဲ့ကြောင်း နားလည်နိုင်သော်လည်း မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် သူ၏ခွန်အားကို လျှော့တွက်ခဲ့သည်မှာ သိသာထင်ရှားသည်။

ဂိုဏ်းခေါင်းဆောင်၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော ခွန်အားများသည် အလွန်ပြင်းထန်ပုံရသော်လည်း အမှန်မှာ၊ သူ၏အခြေခံအုတ်မြစ်သည် မတည်မြဲခဲ့ပေ။ သာမာန်နတ်အဆင့် ကျွမ်းကျင်သူများသည် သူ၏ ထူးဆန်းသော လှုပ်ရှားမှုများကို ရင်ဆိုင်ရာတွင် အမှန်တကယ် ခက်ခဲစေနိုင်သော်လည်း ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ခဲ့ပေ။ ဤသည်မှာ ချူးယွင်ဖန်းက လှည့်ကွက်များ အသုံးမပြုသောကြောင့်ဖြစ်သည်။ သူသည် သူ၏ အင်အားကြီးမားသော ခွန်အားဖြင့် ဂိုဏ်းခေါင်းဆောင်ကို အနိုင်ယူနိုင်ခဲ့သည်။

မွန်းစတားဂိုဏ်း ခေါင်းဆောင်သည် တစ္ဆေသိုင်းပညာသို့ ပြောင်းလဲခဲ့သော်လည်း ၎င်းကို မကျွမ်းကျင်သေးသည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူ့ကို လုံးလုံးလျားလျား ဖိနှိမ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံထားသောကြောင့် ဤမွန်းစတားများကို လုံးလုံးလျားလျား မကြောက်ပေ။

အပြေးနှင်လာကြသွားသော နတ်အဆင့် ကျွမ်းကျင်သူများသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည့် ချူးယွင်ဖန်း၏ အပြုအမူကိုသာ မြင်တွေ့လိုက်ရသည်။ ၎င်းတို့အားလုံး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

မွန်းစတားဂိုဏ်း ခေါင်းဆောင်၏ ခွန်အားကို ၎င်းတို့အားလုံး မျက်မြင်တွေ့ခဲ့ကြရသည်။ သူသည် အမှန်တကယ် အစွမ်းထက်လွန်းသော ကျွမ်းကျင်သူဖြစ်သည်။ သို့သော် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် ထိုးချက် တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။ မှော်လက်နက်ဖြင့်သော်လည်းကောင်း ခွန်အားဖြင့်သော်လည်းကောင်း ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်၏ အထက်တွင် လုံးလုံးလျားလျား တည်ရှိနေသည်။

"ချူးယွင်ဖန်းရဲ့ ခွန်အားအရဆိုရင် သူက တကယ့်ကို နံပါတ်တစ် ကျွမ်းကျင်သူပဲ"

"ဟုတ်တယ်။ သူ့ကို နတ်အဆင့် ကျွမ်းကျင်သူတွေထဲမှာ နံပါတ်တစ်လို့ ပြောရင်တော့ မှန်လောက်တယ်။ အနည်းဆုံးတော့ သူ့ထက် သန်မာတဲ့ နတ်အဆင့် ကျွမ်းကျင်သူမျိုးကို ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး"

"လူသားမျိုးနွယ်မှာ ဒီလို ကျွမ်းကျင်သူမျိုးရှိနေတာက တကယ့် ကောင်းချီးတစ်ခုပဲ"

လူအုပ်ကြီးသည် ၎င်းတို့အားလုံး အလွန် ကံကောင်းသည်ဟူသော ခံစားချက်ဖြင့် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ နတ်ကုန်းမြေ၏ ကျွမ်းကျင်သူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ၎င်းတို့၏ယခင်က ဆုံးဖြတ်ချက်များ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ နတ်ကုန်းမြေ၏ အကောင်းဆုံးရွေးချယ်မှုသည် ပြည်ထောင်စုထဲသို့ ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူကို ရန်ဆွမိပါက၊ နတ်ကုန်းမြေသည် လုံးလုံးလျားလျား ပျက်သုဉ်းသွားနိုင်သည်။

"သွားကြစို့" ချူးယွင်ဖန်းက ဂိုဏ်းခေါင်းဆောင်၏ အလောင်းကို တောင်မြစ်ပန်းချီထဲသို့ ထည့်ပြီးနောက် ထိုသို့ပြောလိုက်သည်။

"ပြဿနာတွေ ဖြေရှင်းပြီးပြီဆိုတော့ ပြန်ပြီး သွားသောက်ကြတာပေါ့။ ဒီလိုအသေးအမွှားကိစ္စလေးတွေကြောင့်နဲ့ ပျော်ရွှင်စရာတွေ ပျက်စီးသွားလို့ ဘယ်ဖြစ်ပါ့မလဲ"

ချူးယွင်ဖန်း၏ အမူမထားသော အပြုအမူကို မြင်လိုက်ရသောအခါ လူတိုင်း ဆွံ့အသွားကြသည်။ အစောပိုင်းတွင် နျူကလီးယားဗုံးများ ပြုတ်ကျလာစဉ်က ထိုအကြောင်းအရာသည် ၎င်းတို့အတွက် သေရေးရှင်ရေး အခိုက်အတန့်ကဲ့သို့ဖြစ်စေခဲ့ရာ၊ အများစုသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်မှုကို ခံစားနေရဆဲဖြစ်သည်။

သို့သော် ချူးယွင်ဖန်း၏မျက်လုံးထဲတွင်တော့ သေးငယ်သောကိစ္စတစ်ခုသာဖြစ်ခဲ့သည်။ လူအများအပြားက စကားမပြောနိုင်ဖြစ်နေကြသည်။ ဤသည်မှာ ချူးယွင်ဖန်းက ယခုကဲ့သို့ အစွမ်းထက်နေရသည့် အကြောင်းရင်းဖြစ်သည်ဟုသာ ၎င်းတို့ သတ်မှတ်နိုင်ကြသည်။ သူ၏ အပြုအမူတစ်ခုတည်းကပင် ၎င်းတို့ထက် သာလွန်ကောင်းမွန်နေသည်။

ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို ဖြေရှင်းပြီးနောက် အင်တာနက်တစ်ခုလုံး ပေါက်ကွဲသွားလေ၏။ ကနဦးတွင် သူ၏ စေ့စပ်ပွဲအခမ်းအနားသည် ပြည်ထောင်စုတစ်ခုလုံး၏ အာရုံကို စွဲဆောင်စေခဲ့သည်။ ပင်မ အခမ်းအနားပွဲသို့ မဝင်ရောက်နိုင်ခဲ့သော်လည်း အပြင်ဘက်တွင် အခမ်းအနားပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသည့် သတင်းထောက်များစွာ ရှိနေဆဲဖြစ်သည်။

ဤထုတ်လွှင့်မှုသည် ကနဦး အန္တရာယ်ရှိနေသော အခြေအနေများကို ဆက်တိုက်ပြသခဲ့သည်။ ထိုနျူကလီးယားဗုံးများ ပြုတ်ကျလာချိန် မေပယ်ရွက်မြို့တော်တစ်ခုလုံး ဖျက်ဆီးကာ ချူးမိသားစုသည်လည်း အဆုံးသတ်တော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်၌ ချူးယွင်ဖန်း ထွက်ပေါ်လာ၍ ထိုနျူကလီးယားဗုံးများကို လင်းလက်တောက်ပသော နည်းလမ်းများဖြင့် ဖြေရှင်းခဲ့သည်။ သို့သော်လည်း ထိုနောက်ပိုင်း ပေါ်ပေါက်လာသူသည် အင်တာနက်တစ်ခုလုံးကို ပေါက်ကွဲသွားစေသည်။ ထိုလူသည် ကောလာဟလထဲရှိ ဖမ်းဆီးရန် ခက်ခဲသည့် လူသားများ၏ အိပ်မက်ဆိုးဖြစ်သည်။

အခန်း (၁၀၉၅) နှစ်ဝက်ခန့် ကြာမြင့်သွား၍ စစ်ပွဲဖြစ်ပွားလာခြင်း

မွန်းစတားဂိုဏ်းခေါင်းဆောင်နှင့်ပတ်သက်၍ ပြည်ထောင်စုအတွင်း ပျံ့နှံ့နေသည့် ဒဏ္ဍာရီများစွာရှိခဲ့သည်။ ၎င်းသည် ပြည်ထောင်စု၏ ကောင်းကင်ကို ဖုံးလွှမ်းနေသည့် အရိပ်မည်းကြီးတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။ မွန်းစတားဂိုဏ်း၏ အမျိုးမျိုးသော အကြောင်းကိစ္စများစွာကို လူတိုင်း ကြားသိဖူးကြသည်။ ၎င်းတို့သည် ယုတ်ညံ့၍ ကောက်ကျစ်သည့်အပြင် ရက်စက်ကြမ်းကြုတ်သူများဟုလည်း ဆိုနိုင်သည်။

လူပေါင်းများစွာ၏ မိသားစုဝင်များသည် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် မွန်းစတားဂိုဏ်း၏ ယဇ်ကောင်များအဖြစ် လေ့ကျင့်ခံခဲ့ရသောကြောင့် လူအမြောက်အမြားသည် မွန်းစတားဂိုဏ်းကို မုန်းတီးနေကြသည်။ သို့သော် အမုန်းတရားဖြင့် အံကြိတ်နေရုံမျှဖြင့် ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ရန် မလုံလောက်ကြောင်း သိသာထင်ရှားသည်။ ယခုမူ ချူးယွင်ဖန်းသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်လိုက်သည့်အတွက် ကြီးစွာသော ကသောင်းကနင်း ဖြစ်စဉ်များ ဖြစ်ပေါ်သွားစေသည်။ ပြည်ထောင်စုသည် ရုတ်ရုတ်သဲသဲဖြစ်နေပြီဟုပင် ဆိုနိုင်သည်။

ကြမ္မာဆိုးဖြင့် ကြုံခဲ့ရသော မိသားစုများစွာသည် ချူးယွင်ဖန်းကို အသက်ရှည်စေရန်အတွက် အောက်မေ့ဖွယ် ကျောက်စာတိုင်ဖြင့် ပူဇော်ရန်ပင် မစောင့်ဆိုင်းနိုင်တော့ပေ။ မွန်းစတားဂိုဏ်းသည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာကြာ အပျက်အစီးများ ပြုလုပ်ခဲ့ကြသည်။ ပြည်ထောင်စု၏ အရွယ်အစားကြောင့် ကြီးမားသော ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်သော်လည်း မွန်းစတားဂိုဏ်း၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရသူအများအပြားရှိမည်မှာ သေချာသည်။

ဂိုဏ်းခေါင်းဆောင် သေဆုံးသွားသောအခါ ပြည်ထောင်စုသည် မွန်းစတားဂိုဏ်းကို အကြွင်းမဲ့တန်ပြန်တိုက်ခိုက်မှုများ စတင်ခဲ့သည်။ မွန်းစတားဂိုဏ်းကို သုတ်သင်ရန်အတွက် ပြည်ထောင်စုအတွင်းနှင့် ပြင်ပဘက်ရှိ ဆိုင်ရာဌာနအသီးသီးထံ အမိန့်များ ပေးအပ်လိုက်ကြသည်။ ပြည်ထောင်စုသည် ကနဦးတွင် မွန်းစတားဂိုဏ်း၏ အမာခံ အခြေစိုက်စခန်းများကို သိရှိထားသော်လည်း ၎င်းတို့သည် ဂိုဏ်းခေါင်းဆောင်ကို ကြောက်ရွံ့သောကြောင့် သူနှင့် လုံးလုံးလျားလျား ရန်ငြိုးဖွဲ့ရန် ဆန္ဒမရှိခဲ့ပေ။

မွန်းစတားဂိုဏ်းတစ်ခုလုံးကို စုစည်းမည်ဆိုလျှင်ပင် ပြည်ထောင်စုကို ဖျက်ဆီးရန် မဖြစ်နိုင်သော်လည်း ၎င်းတို့၏ အခြေစိုက်မြို့များကို တိုက်ခိုက်သည့် အတိုင်းအတာအထိ ဘေးဒုက္ခများစွာ ဖြစ်ပေါ်စေနိုင်သည်။

ဂိုဏ်းခေါင်းဆောင် ကျဆုံးသွားသောအခါ ပြည်ထောင်စု၏ နောက်ဆုံးအကြောက်တရားများ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့သည် သဲလွန်စများနောက်လိုက်ပါ၍ မွန်းစတားဂိုဏ်း၏ အမာခံနယ်မြေများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်ကြသည်။ အစိုးရနှင့် စစ်တပ်အတွင်း၌ မွန်းစတားဂိုဏ်းနှင့် ပတ်သက်သူမှန်သမျှကို သံသယဖြစ်ဖွယ်ရှိရုံဖြင့်ဆိုလျှင်ပင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းလိုက်ကြသည်။

ထိုသို့သော အခြေအနေအောက်တွင် မွန်းစတားဂိုဏ်းသည် လုံးလုံးလျားလျား အဆုံးသတ်သွားခဲ့သည်။ အလွန်နက်နဲစွာ ပုန်းအောင်းနေသူများရှိလျှင်ပင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပေ။ မွန်းစတားဂိုဏ်းသည် ဂိုဏ်းခေါင်းဆောင်မရှိပါက လုံးလုံးလျားလျား ခြိမ်းခြောက်မှုမရှိနိုင်ပေ။

မွန်းစတားဂိုဏ်းသည် ကြောက်ရွံ့ရမည့် ဂိုဏ်းခေါင်းဆောင်မရှိပါက ပြည်ထောင်စု၏ အင်အားအရ၊ လက်ဖြင့် လှန်လှောရုံဖြင့် ပျက်စီးသွားနိုင်သည်။ ချူးယွင်ဖန်းထွန်းကားလာသည်နှင့် ပြည်ထောင်စု၏အခြေအနေများ သိသိသာသာ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသဖြင့် လူအများက အံ့အားသင့်သွားကြသည်။

အချိန်အကြာကြီး တည်တံ့မည်ဟု ၎င်းတို့ထင်မှတ်ခဲ့သည့် အင်အားစုအများအပြားသည် ရှုံးနိမ့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ဤအဓိက အင်အားစုများ၏ ကပ်ဘေးဆိုးတစ်ခုကဲ့သို့ဖြစ်နေသည်။ သူ့ကို နှိုးဆော်ဝံ့သူတိုင်းသည် ပျော်ရွှင်ဖွယ် နိဂုံးဟူ၍ ရှိနိုင်မည် မဟုတ်ပေ။

လူအများ၏အမြင်အရ၊ ချူးယွင်ဖန်းတွင် တားမြစ်ချက်ဟူ၍ မရှိပေ။ သူသည် နတ်အဆင့် ကျွမ်းကျင်သူကို ဖမ်းဆီး၍ ထိပ်တန်းအဆင့်မှ ဆွဲချခြင်းဖြင့် ရုံးတင်စစ်ဆေးခြင်းကဲ့သို့သော ယခင်က မည်သူတစ်ဦးတစ်ယောက်မျှ မပြုလုပ်ရဲသည့်အရာများကို ပြုလုပ်ခဲ့သည်။

သူသည် မွန်းစတားများနှင့် အဏ္ဏဝါမျိုးနွယ်စုများကို နျူကလီးယားဗုံးများဖြင့် အကျယ်တဝင့် တန်ပြန်တိုက်ခိုက်ရန်လည်း အမိန့်ပေးခဲ့သည်။ ဤအရာအားလုံးကြောင့် သူသည် စည်းမျဉ်းစည်းကမ်းများ လိုက်နာသူမဟုတ်ကြောင်း သက်သေပြနေသည်။ ချူးယွင်ဖန်းကို ဧရာမ အင်အားစုကြီးတစ်ခု၏ လုပ်ကြံသတ်ဖြတ်သူအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် လူများစွာ၏အမြင်အရ၊ ချူးယွင်ဖန်းသည် ပြည်ထောင်စုအတွက် ကြီးမားသော အကျိုးဆောင်မှုများ ပြုလုပ်ပေးခဲ့သောကြောင့် ဤသည်မှာ ပြည်ထောင်စုအတွက် ကောင်းမွန်သော အပြောင်းအလဲတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် မွန်းစတား ဂိုဏ်းခေါင်းဆောင်ကို သတ်လိုက်သည်ဟူသည့် သတင်းများ နေရာအနှံ့သို့ ပျံ့နှံ့ခြင်းမရှိသေးသော်လည်း ချူးမိသားစု ဘိုးဘေးအိမ်တော်ရှိ ချူးယွင်ဖန်း၏ စေ့စပ်ပွဲသည် ပုံမှန်အတိုင်း ကျင်းပနေဆဲဖြစ်သည်။ ထိုကဲ့သို့ ထိတ်လန့်ဖွယ်ရာ တိုက်ပွဲကို ကြုံတွေ့ခဲ့ရသော်လည်း မွန်းစတားဂိုဏ်းခေါင်းဆောင် သေဆုံးသွားပြီးနောက် မေဘယ်ရွယ်မြို့တော်၏ ကာကွယ်ရေးစနစ်ကို ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ ထိုအချိန်တွင် နျူကလီယားဗုံးဖြင့် တိုက်ခိုက်ခံရလျှင်ပင် ၎င်းတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

လူတိုင်းသည်လည်း သဘာဝအတိုင်း စေ့စပ်ပွဲသို့ ဆက်လက်တက်ရောက်ရန် ဆန္ဒရှိကြ၍ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းသည် မရေတွက်နိုင်သော လူများကြားတွင် အကျော်ကြားဆုံး အကြောင်းအရာဖြစ်လာခဲ့သည်။ အထူးသဖြင့်၊ ချူးယွင်ဖန်း၏ ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်လိုက်သည့် အပြုအမူသည် နားရွက် ဖုံးအုပ်ရန် အချိန်မရရှိမီ ရုတ်တရက်ကျရောက်လာသည့် မိုးခြိမ်းသံတစ်ခုနှင့် ဆင်တူသည်။ ဤသည်မှာ လူတိုင်းအတွက် မျက်စိပွင့် နားပွင့် အတွေ့အကြုံတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းနှင့် တန်စီယုတို့၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် တစ်နေကုန် ပင်ပင်ပန်းပန်း ဧည့်ခံပြီးနောက် အလွန်ပင်ပန်းနေကြသည်။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာအရမဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းသွားကြ၏။ သို့သော်လည်း ဤလောကတွင် နေထိုင်သောအခါ လူတို့သည် လောက၏ စည်းမျဉ်းစည်းကမ်းများကို လုံးလုံးလျားလျား လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း ၎င်းတို့နှစ်ဦးစလုံး နားလည်ထားသောကြောင့် မကျေမနပ်ဖြစ်ခဲ့ကြပေ။

ထိုညတွင် ၎င်းတို့နှစ်ဦးသည် အကြင်လင်မယားတို့ ပြုသင့်ပြုထိုက်သော အကြောင်းကိစ္စများအပြီးတွင် တစ်ဦးကိုတစ်ဦး ပွေ့ဖက်၍ အိပ်ပျော်သွားကြသည်။ ချူးယွင်ဖန်းသည် တန်စီယုနှင့် စေ့စပ်ပြီးနောက် သူမ၏ လက်ရှိစွမ်းအင်များကို ချေဖျက်၍ အထွတ်အထိပ် နတ်အဆင့် ခွန်အားကို ထိန်းချုပ်ရာတွင် ကူညီပေးရန်အတွက် သီးသန့်ကျင့်ကြံမှုသို့ ဝင်ရောက်သွားခဲ့သည်။

သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေသောကြောင့် သူ၏စီမံချက်များသည် ဤခေတ်၏ လူသားများထက် များစွာသာလွန်သည်။ တန်စီယု ကြုံတွေ့ခဲ့ရသော ပြဿနာများသည် ချူးယွင်ဖန်း၏အမြင်တွင် အလွယ်တကူ ဖြေရှင်းနိုင်သော အကြောင်းအရာများဖြစ်သည်။

သို့သော်လည်း ပြည်ထောင်စုအတွင်းနှင့် အပြင်ဘက်ရှိ လေထုအခြေအနေတစ်ခုလုံးသည် တဖြည်းဖြည်း ဖရိုဖရဲဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် မွန်းစတားများနှင့် အဏ္ဏဝါမျိုးနွယ်စုများ၏ လှုပ်ရှားများသည် ပိုပို၍ များပြားလာသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ရေနက်ပိုင်း အပျက်အစီးများအတွင်းရှိ တိုက်ပွဲအပြီး၌ပင် မချုပ်တည်းခဲ့ကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် နှစ်ဖက်စလုံးရှိ တပ်များ ပေါင်းစည်းမှုသည် ပိုပို၍ သိသာထင်ရှားလာသည်။ သာမန်ပြည်သူများက သိပ်မသိနိုင်သော်လည်း ပြည်ထောင်စု၏ ထိပ်တန်းအရာရှိများသည် ၎င်းတို့၏သတ်ဖြတ်ချင်စိတ်များကို ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။ စစ်တပ်အသီးသီး၏ စည်းရုံးလှုံ့ဆော်မှုများသည်လည်း တဖြည်းဖြည်း ပိုမိုများပြားလာသည်။

နတ်ကုန်းမြေရှိ ဂိုဏ်းခွဲများနှင့် အင်အားစု အသီးသီး၏ ပြောင်းရွှေ့နေရာချထားမှုများကို အရှိန်အဟုန် မြှင့်တင်လာကြ၏။ ၎င်းတို့သည် မတူညီသော ကမ္ဘာများတွင်ရှိနေသောကြောင့် ရွေ့လျားရန် တယ်လီပို့ဖွဲ့စည်းပုံကို အသုံးပြုခဲ့ရသည်။ တယ်လီပို့စနစ်ဖွဲ့စည်းပုံ၏ သုံးဆွဲမှုသည် ကြီးမားလွန်းသောကြောင့် လူများ ပို့ဆောင်ရန်ဆိုလျှင်ပင် စီမံချက်ကြီးတစ်ခုဟု ဆိုနိုင်သည်။

ဂိုဏ်းတစ်ခုပြီးတစ်ခု ပြောင်းရွှေ့မှုနှင့်အတူ ပြည်ထောင်စု၏ အင်အားသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ဤဂိုဏ်းများသည် ပြည်ထောင်စုနှင့် အပြည့်အဝ မပေါင်းစည်းသေးသော်လည်း နတ်အဆင့် ကျွမ်းကျင်သူပေါင်း နှစ်ရာကျော် တိုးပွားလာခြင်းသည် ပြည်ထောင်စု၏ လက်ရှိ အင်အားအတွက် များစွာ အကျိုးရှိမည်ဖြစ်သည်။ အရာအားလုံးသည် စည်းစနစ်တကျ လည်ပတ်နေခဲ့သည်။

မွန်းစတားများနှင့် အဏ္ဏဝါမျိုးနွယ်စုများကြားရှိ သေးငယ်သော လှုပ်ရှားမှုများ ပိုမို များပြားလာ၍ နှစ်ဖက်ကြားရှိ စစ်ပွဲများ နီးကပ်လာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်ခန့် ကြာမြင့်သွားထဲ့သည်။ လွန်ခဲ့သော ခြောက်လခန့်က ရေပန်းစားခဲ့သည့် ချူးယွင်ဖန်းနှင့် တန်စီယု၏ စေ့စပ်ပွဲသည် ကာလရှည်ကြာသော ပုံပြင်ဟောင်းတစ်ခု ဖြစ်လာခဲ့သည်။

လွန်ခဲ့သော ခြောက်လအတွင်း အကြီးမားဆုံး သတင်းသည် သုတ်သင်ရှင်းလင်းမှုများဖြစ်သည်။ ပြည်ထောင်စုအတွင်းနှင့် အပြင်ဘက်တွင် သစ္စာဖောက် အများအပြားရှိနေကြရာ၊ ၎င်းတို့အနက် နတ်အဆင့် ကျွမ်းကျင်သူများကို ဆန့်ကျင်ရန် ကြံစည်နိုင်သည့် မြင့်မားသော အဆင့်များပင် ရှိနေသည်။ ပြည်ထောင်စု၏ ထိပ်တန်းအရာရှိများသည် ဤနာကျင်ဖွယ် အတွေ့အကြုံများမှ သင်ခန်းစာယူခဲ့ရသည်ဟု ဆိုနိုင်သည်။ ဤသို့ ဆက်သွားမည်ဆိုလျှင် ပြည်ထောင်စုကြီး ဒုက္ခရောက်ရပေလိမ့်မည်။

အထူးသဖြင့် ယခုကဲ့သို့ စစ်ပွဲကြီး ကျရောက်ခါနီးအချိန်အခါတွင် ထိုသို့ဖြစ်ပွားခဲ့ရသည်။ ဤပြဿနာများကို မဖြေရှင်းပါက ပြည်ထောင်စုအတွက် အကြီးမားဆုံးသော ပြည်တွင်း ခြိမ်းခြောက်မှုများ ဖြစ်လာမည်ဖြစ်သည်။

ပြည်ထောင်စု၏ အဆင့်မြင့်အရာရှိများသည် သုတ်သင်ရှင်းလင်းမှုများ လုပ်ဆောင်ကာ မွန်းစတားများ၊ အဏ္ဏဝါမျိုးနွယ်စုများနှင့် စွန်ပစ်နယ်မြေများမှ အခြားအင်အားစုများရှိ သူလျှိုများကို ပြင်းပြင်းထန်ထန် စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။

၎င်းစုံစမ်းစစ်ဆေးမှုတွင် မွန်းစတားဂိုဏ်းကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေး၍ ချေမှုန်းခြင်းဟူသော တာဝန်များလည်း ပါဝင်သည်။ ထိုသို့မစုံစမ်းရန် အမှန်တကယ် မဖြစ်နိုင်တော့ပေ။ သို့သော်လည်း စုံးစမ်းစစ်ဆေးရေး ပြုလုပ်လိုက်သည့်အခိုက်တွင် ၎င်းတို့အားလုံး ထိတ်လန့်သွားကြသည်။ ပြည်ထောင်စုသည် ဆန်ခါပေါက်တစ်ခုဖြစ်သည်အထိ အင်အားမျိုးစုံ၏ ထိုဖောက်ဝင်ရောက်မှုကို ခံစားခဲ့ရသည်။ ထိုဆူးပင်များကို ဤနှစ်ဝက်တွင် တဖြည်းဖြည်း ဖယ်ရှားခဲ့သောကြောင့် မကောင်းသော အကြံအစည်များရှိနေသည့် လူယုတ်မာများကို တားဆီးနိုင်ခဲ့ကြသည်။ သို့သော်လည်း စစ်ပွဲသည် ရုတ်ချည်းဆိုသလို ဖြစ်ပွားခဲ့လေသည်။

All Chapters