← Chapters

ဒါ... ဓားကမ္ဘာလား...

Vol. 40 Ch. 551

ဒါ... ဓားကမ္ဘာလား...

Vol. 40 Ch. 551

လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြံုးလိုက်ပြီး တည်နေရာရွှေ့ပြောင်းကာ သားရဲကြီးရှေ့မှ ပိတ်တားလိုက်၏။

ယခုလေးမှ ထွက်ပြေးလာသည့် ကောင်းကင်မီးတောက် သားရဲကြီးမှာလည်း လောထျန်းကို ထပ်မြင်လိုက်ရသည်နှင့် ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်နေကာ တည်နေရာ ထပ်ရွှေ့ပြောင်းလိုက်သည်။

လောထျန်းကလည်း မည်သို့မှမပြောဘဲ တည်နေရာ ထပ်ရွှေ့ပြောင်းပြီး ဆက်လိုက်သွား၏။

ဤသို့ဖြင့် လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့ အကြိမ်ရေ ရာပေါင်းများစွာ တည်နေရာရွှေ့ပြောင်းပြီး ချောက်နက်ကြီးထဲသို့ ဦးတည်သွားလိုက်ကြတော့သည်။

ထိုအချိန်တွင် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို လောထျန်း သတိထားမိသွားပါ၏။

၎င်းမှာ ... ကောင်းကင်မီးတောက် သားရဲကြီးက တည်နေရာရွှေ့ပြောင်းနိုင်သည် မှန်သော်လည်း သူ တစ်ခါ ​ပြောင်းလိုက်တိုင်း အရောင်အဝါက ပိုပိုအားနည်းလာနေခြင်းပင် ။

ထို့အပြင် သူ ထိုသို့ ရွှေ့​ပြောင်းလေလေ ၊ သူ သွားနိုင်သည့် အကွာအဝေးကလည်း ပိုတိုလာလေ ဖြစ်ပါသည်။

နောက်ဆုံးတွင်ကား ထိုသားရဲကြီး တည်နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ ပေတစ်ရာထက် မပိုတော့ပါ ။

" သူ လုပ်နိုင်တဲ့ အကန့်အသတ်ကို ရောက်သွားပြီနဲ့တူတယ် "

၎င်းကိုကြည့်ကာ လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဆက်လိုက်ချင်စိတ် မရှိတော့ဘဲ ၎င်းနှင့် တိုက်ရိုက်ရှင်းရန်သာ တွေးလိုက်ပါ၏။

ထိုအချိန်မှာပင်...

ဝီ...

မလှမ်းမကမ်းမှ ဓားစွမ်းအင်တစ်ခုက ရုတ်တရက် တိုက်ခိုက်လာသည်။

ထိုဓားစွမ်းအင်မှာ ကျယ်ပြောလှကာ အကန့်အသတ် မဲ့နေပြီး... ဓားတစ်ချက် လွှဲလိုက်ရုံဖြင့် ဓားကမ္ဘာတစ်ခု ပုံပေါ်လာကာ လောထျန်းအား ရစ်ပတ်လာ၏။

" လောထျန်း ၊ သတိထားနော်.. ။ အဲ့ဒါ ဓားကျင့်ကြံသူတွေရဲ့ ဓားကမ္ဘာပဲကွ ။ ဓားသမားတွေရဲ့ တိုက်ခိုက်အစွမ်းက တကယ်ကို ကြောက်စရာကောင်းတယ် ။ ပြီးတော့ ဓားကမ္ဘာဆိုတာ ဓားကျင့်ကြံသူတွေရဲ့ အစွမ်းအထက်ဆုံး အဆင့်ပဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံ လောထျန်းနားထဲ ရောက်လာသည်။

လောထျန်းကလည်း ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ပြီး မျက်မှောင်ကြုံ့ ခေါင်းညိတ်လိုက်၏။

" အဲ့ဒါ ဓားကမ္ဘာလား... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက စိုးရိမ်တကြီး ဆိုသည်။

" အမှန်ပဲကွ ၊ မင်း မြင်ဖူးလား.. မမြင်ဖူးလား မသိပေမယ့် အဲ့ဒါ ဓားကမ္ဘာပဲ ။ အရမ်း အန္တရာယ်များတယ် ။ ဒါပေမယ့်.. ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အဲ့လိုအဆင့်မျိုးရှိတဲ့ ဓားကျင့်ကြံသူ ရှိတယ်လို့ ငါ တစ်ခါမှတောင် မကြားဖူးဘူး "

လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်၏။

" ဟင်... လောထျန်း ၊ မင်းကရော ဓားသမားတစ်ယောက်လား ။ နောက်မနေနဲ့နော်... ဓားကမ္ဘာမှာတော့ ဓားကိုသုံးတာက ဓားအကြောင်းနားလည်ပြီး ဓားနဲ့ပဲပြိုင်မယ်ဆိုတဲ့ သဘောရောက်တယ်။ မင်းအတွက် မကောင်းဘူးကွ "

" အခု တဖက်က တိုက်ခိုက်နေတဲ့သူက ဘယ်သူမှန်း မသိပေမယ့် သူ့ရဲ့ ဓားကမ္ဘာက တော်တော်ကြောက်စရာကောင်းနေပြီ ။ ငါတို့ ခေတ်မှာဆိုရင်တောင် ထိပ်ဆုံးအဆင့်ငါးထဲ ဝင်လောက်တယ် ။ အဲ့တော့ မင်းရဲ့ အရှုပ်အထွေး ခန္ဓာကိုယ်ကိုပဲ သုံးပြီး သူ့ဓားကမ္ဘာကို ချိုးဖျက်ဖို့လုပ်တာ ပိုကောင်းလိမ့်မယ် "

သို့သော်... လောထျန်းကမူ သူ့စကားကို နားဝင်ဟန််မတူပါ ။

လောထျန်းက လက်ထဲမှ ဓားကို ယမ်းလိုက်၏။

ချွှင်..

သူ့လက်မှ ဓားသံတစ်သံ ချက်ချင်းမြည်လာသည်။

ထို့နောက်တွင်ကား ဓားစွမ်းအင်များ နေရာအနှံ့ ပျံ့သွားပြီး တစ်ခုနှင့်တစ်ခု ရောယှက်လာကြ၏။

လောထျန်းက ဓားကို ဆက်ယမ်းလိုက်စဥ်မှာပင် သူ့အနောက်ဘက်၌ ဓားကမ္ဘာတစ်ခုလည်း ပေါ်လာတော့သည်။

ထိုဓားကမ္ဘာထဲတွင်လည်း မရေမတွက်နိုင်သော နတ်ဘုရားဓားများ အရောင်တလက်လက် တောက်နေကာ ပုံရိပ်ယောင်မှ အစစ်... အစစ်မှ ပုံရိပ်ယောင်အဖြစ်သို့ ကူးချည်သန်းချည် ရှိနေကြသည်။

" ဓားကမ္ဘာလား ..... "

၎င်းကို မြင်လိုက်ရသော ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရ၏။

လောထျန်းသည်လည်း ဓားကမ္ဘာအဆင့် ရောက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။

ထို့ထက်ပို အရေးကြီးသည်မှာ ဓားကမ္ဘာချင်း အတူတူဖြစ်သည့်တိုင် လောထျန်း၏ ဓားကမ္ဘာက တဖက်လူ၏ ဓားကမ္ဘာနှင့် လုံးဝ ကွဲနေခြင်းပင် ။

အကယ်၍ အစောက လောထျန်းအား လွှမ်းခြုံလာသည့် ဓားကမ္ဘာက... တဲစုတ်လေးတစ်လုံး ဆိုလျှင်..

လောထျန်း၏ ဓားကမ္ဘာမှာ မသေမျိုးအစွမ်းများ ၊ အရောင်အဝါများဖြင့် ပြည့်နေသည့် တိမ်တိုက်ပေါ်မှ ကောင်းကင်ဘုံ နန်းတော်ကြီးတစ်ခုဟု ဆိုရမလိုပင် ။

ဝုန်း...

လောထျန်း၏ ဓားကမ္ဘာ ပေါ်လာသည်နှင့် အပြင်ဘက်မှ ဓားကမ္ဘာက ချက်ချင်းပင် ပြိုကွဲလာတော့၏။

လောထျန်းက ၎င်းအား အစွမ်းသုံး ဖြိုခွဲခဲ့ခြင်း မဟုတ်ဘဲ.. ဓားသိုင်းကိုသာ သုံး၍ အနိုင်ယူသွားခြင်း ဖြစ်ပါသည်။

" ဒါ... . "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးသူပင် မယုံနိုင် ဖြစ်နေတော့၏။

လောထျန်းမှာ အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်သည်ကို သူ သိထားပြီး ဖြစ်သည့်တိုင်...

ထိုကောင်လေး၏ ဓားသိုင်းကပါ ဤမျှ ကြောက်စရာ ကောင်းနေမည်မှန်း သူ လုံးဝ မျှော်လင့်မထားမိခဲ့ပါ ။

သူ အစောပိုင်းက တဖက်လူ၏ ဓားကမ္ဘာ မည်မျှအစွမ်းထက်မှန်း ချီးကျူးနေခဲ့မိသည်ကိုလည်း ပြန်သတိရကာ ရှက်သွားရတော့သည်။

" သခင်ကြီး ၊ ခုနကဟာက.. တကယ်ကြီး ဓားကမ္ဘာလား.. "

ထိုစဥ် လောထျန်းက သိချင်စိတ်ဖြင့် မေးလာ၏။

" ဟင်... ဘာလို့ အဲ့လိုမေးတာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မေးခွန်းပြန်ထုတ်လိုက်သည်။

လောထျန်းက ပြန်ပြော၏။

" ကျုပ်က တခြားသူတစ်ယောက်ရဲ့ ဓားကမ္ဘာကို တစ်ခါမှ မမြင်ဖူးဘူးဗျ ။ အဲ့ဒါကြောင့်မို့ ဓားကမ္ဘာတွေအားလုံးကို ကျုပ်ရဲ့ ဓားကမ္ဘာနဲ့ တူတူပဲလို့ ထင်နေခဲ့တာ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လုံးဝ ဆွံ့အသွားရတော့သည်။

သူ နှစ်ပေါင်းများစွာကြာ အသက်ရှင်နေထိုင်လာခဲ့စဥ်အတွင်း လောထျန်းကဲ့သို့ အစွမ်းထက်သော ဓားကမ္ဘာမျိုးကို ​မမြင်ဖူးခဲ့သလို ကြားလဲ မကြားဖူးခဲ့ပါ ။

ရှေးခေတ် ထျန်းယွမ်ကမ္ဘာတွင်ပင် လောထျန်း၏ ဓားကမ္ဘာမှာ ထိပ်ဆုံး အဆင့်တစ်အဖြစ် သတ်မှတ်ခံရမည် မလွဲပေ ။

ထိုစဥ် လောထျန်းက စကားဆက်၏။

" ကျုပ်က အစွမ်းတွေအများကြီး ထုတ်မိပြီး ဒီနေရာကို မတော်တဆ ဖျက်ဆီးလိုက်မိမှာ စိုးရိမ်နေတာဗျ။ ဒါ့ကြောင့်မို့လဲ ကျုပ် ခုနက ဓားကမ္ဘာကို အစွမ်းရဲ့ အပုံသုံးဆယ်ပုံ တစ်ပုံလောက်ပဲ သုံးလိုက်တာ ။ သခင်ကြီးက အသိပညာ ကြွယ်ဝတဲ့သူဆိုတော့.. ကျုပ်တစ်ခု မေးချင်လို့ ။ ကျုပ်ရဲ့ ဓားကမ္ဘာက ဓားကျင့်ကြံခြင်းရဲ့ သမိုင်းတလျှောက်မှာ အစွမ်းထက်တယ်လို့ သတ်မှတ်လို့ရလား.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီး : " ................ "

ထိုအချိန်တွင် သူ အလွန်လည်း တုန်လှုပ်နေတော့သည်။

သူ့စိတ်ထဲတွင် လောထျန်း၏ ဓားပညာက ရှေးဟောင်းခေတ်တွင်ပင် အကောင်းဆုံး ဖြစ်နိုင်သည်ဟု တွေးနေတုန်းပင် ရှိပါသေး၏။

သို့သော်.. မျှော်လင့်မထားစွာပင် ၎င်းက သူ့အစွမ်းအစစ်၏ အပုံသုံးဆယ်ပုံ တစ်ပုံပဲ ရှိသေးသတဲ့လား ...

သို့ဆိုလျှင်ကား.. အခြားမရှိတော့ပါ..

လောထျန်း၏ ဓားကမ္ဘာက ထျန်းယွမ်ကမ္ဘာသမိုင်းတလျှောက် အစွမ်းအထက်ဆုံးပင် ။

သူ လောထျန်းအား လျှော့တွက်မိသွားခဲ့လေပြီ ။

" သခင်ကြီး... "

သူ တိတ်နေသဖြင့် လောထျန်းက ထပ်မေးလာ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီး ချက်ချင်း ပြန်ဖြေလိုက်တော့သည်။

" အစွမ်းထက်တယ်... အရမ်းကို အစွမ်းထက်တာ.. "

ထိုစကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" အရမ်းအစွမ်းထက်ရုံ ပဲလား... ဒါပေမယ့် သိပ်တော့ ကိစ္စမရှိပါဘူးလေ ။ ကျုပ် ဓားသိုင်းမှာ ထိပ်ဆုံးကို ရောက်သွားရင် ပိုကောင်းသွားမှာပါ.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ သူ့စကားကို စစကြားချင်း လောထျန်းတစ်ယောက် နားလည်မှု လွဲသွားပြီဟု ထင်ပြီး ရှင်းပြရန် ပြင်လိုက်သေးပါသည်။

သို့သော် လောထျန်း ထပ်ပြောလာသည့်စကားကြောင့် သူ မှင်သက်ကာ ဆွံ့အသွားရပါတော့၏။

သူ့ဓားသိုင်း ထိပ်ဆုံးရောက်သွားရင်တဲ့လား...

၎င်းမှာ.. သူ့ ဓားသိုင်းက အပြည့်အဝ မတိုးတက်သေး ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား..

ထပ်တိုးတက်လာစရာ ရှိနေသေးသတဲ့လား...

ထိုတခဏ၌ ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ ခေါင်းထဲ အတွေးပေါင်းစုံ ဝင်သွားတော့သည်။

သိုင်းပညာအကုန် မတတ်မြောက်သေးခင်ပင် သမိုင်းတလျှောက် အကောင်းဆုံးဖြစ်နေပြီ ဆိုပါက..

အားလုံးကို အောင်အောင်မြင်မြင် တတ်မြောက်သွားလျှင်.. မည်သို့နေမည်နည်း.. ။

သူ အံ့သြတုန်လှုပ်လွန်း၍ ဘာပြောရမည်ကိုပင် မေ့သွားပါတော့သည်။

ထိုအချိန်တွင် ဓားကမ္ဘာက ပြန်ပျောက်ကွယ်သွားပြီဖြစ်ကာ လောထျန်း၏ အာရုံကလည်း ကောင်းကင်မီးတောက် သားရဲကြီးဆီသို့ ပြန်ရောက်သွားသည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ.. မလှမ်းမကမ်းရှိ ချောက်ကမ်းပါးနံရံ၌ အလောင်းတစ်လောင်း ရှိနေသည်ကို မြင်လိုက်ရ၏။

ထိုအလောင်း၏ လက်ထဲတွင်ကား ဓားကိုကိုင်လျက် လောထျန်းဆီသို့ ရွယ်ထားပါသည်။

" ဒါ... "

လောထျန်းမှာ ၎င်းကိုကြည့်ရင်း အနည်းငယ် စိတ်ရှုပ်သွားရ၏။

သူ ထိုသို့ နားမလည်နိုင် ဖြစ်နေသော်လည်း.. ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာမူ တစ်ချက်ကြည့်ရုံဖြင့်ပင် ဇာတ်လမ်းတစ်ပုဒ်လုံးကို နားလည်လိုက်သည်။

" အဲ့လူက သူ့ဘဝသက်တမ်းတလျှောက်မှာ အစွမ်းထက်တဲ့ ဓားသမားတစ်ယောက် ဖြစ်ခဲ့မှာ အသေချာပဲ ။ ဒါပေမယ့်.. သူက ဒီမှာ မတော်တဆ သေသွားခဲ့တယ်နဲ့တူတယ် ။ သူက သေနေပြီဆိုပေမယ့် သူ့ဓားသိုင်းက မသေမျိုးဖြစ်တဲ့အတွက် သူက ဒီကိုလာတဲ့သူမှန်သမျှကို တိုက်ခိုက်နေတာ ။ လောထျန်း ၊ အနားကပ်ပြီး သွားကြည့်လိုက်ပါလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ရှင်းပြလိုက်သည်။

လောထျန်း ခေါင်းညိတ်ကာ အလောင်းဆီသို့ ပျံသန်းသွားလိုက်၏။

" ဒါ.... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အလောင်းကို မြင်သည်နှင့် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

" ဘာဖြစ်လို့လဲ သခင်ကြီး " လောထျန်း မေးလိုက်၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက တုန်လှုပ်စွာ ပြန်ပြောသည်။

" ဒီလူက ကမ္ဘာပေါ်က မသေမျိုးအဆင့်ကို ရောက်ထားတဲ့ ဓားသမားတစ်ယောက်ပဲကွ။ ဒါပေမယ့်.. သူက လက်သီးတစ်ချက်တည်းနဲ့ သေခဲ့ရတဲ့ပုံပဲ ။ ဒါကို ကြည့်ခြင်းအားဖြင့် သူ့ကို သတ်ခဲ့တဲ့သူက အင်မတန်အစွမ်းထက်မှန်း သိသာတယ် ။ အနည်းဆုံးဆိုရင်တောင်... မြေကမ္ဘာနတ်ဆိုး တစ်ယောက် ဖြစ်လိမ့်မယ်... "

" မြေကမ္ဘာ နတ်ဆိုး.. ဟုတ်လား.. "

လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက မြန်မြန်ဆက်ရှင်းပြ၏။

" အဲ့အခေါ်အဝေါ်က ဒီက နတ်ဆိုးကျင့်ကြံသူတွေ ခေါ်တဲ့အခေါ်ပဲကွ။ သူတို့က နတ်ဆိုးစိတ်ဝိဥာဥ်တွေထက် တစ်ဆင့်မြင့်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းက မြေကမ္ဘာနတ်ဆိုးအဆင့်ကို ရောက်နေပြီမို့ မြေကမ္ဘာနတ်ဆိုး လို့ ခေါ်တာ ။ ပြီးတော့ သူတို့တွေက ခန္ဓာကိုယ်အစွမ်းရော ၊ တာအိုအစွမ်းကိုပါ ကျင့်ကြံကြတဲ့အတွက် အဆင့်တူ ကျင့်ကြံသူတွေထဲမှာ ထိပ်ဆုံးပြိုင်ဘက်ကင်းတွေပေါ့ကွာ "

" ရှေးခေတ် ထျန်းယွမ်ကမ္ဘာက ဘိုးဘေးတွေတောင် အဲ့လိုအစွမ်းထက် ကျင့်ကြံသူမျိုးနဲ့ တွေ့တဲ့အခါ သတိမလွတ်ရဲကြဘူး "

All Chapters