← Chapters

နတ်ဆိုးသခင်ကြီး၏ ဆေးပင်ဥယျာဥ်

Vol. 40 Ch. 554

နတ်ဆိုးသခင်ကြီး၏ ဆေးပင်ဥယျာဥ်

Vol. 40 Ch. 554

နတ်ဆိုးနန်းတော် အတွင်းထဲတွင် လျှောက်လမ်းရှည်ကြီး တစ်ခုရှိနေပြီး..

ထိုလျှောက်လမ်းတလျှောက် ရာပေါင်းများစွာသော လက်နက်များ ပြွတ်သိပ်စွာ ရှိနေကြ၏။

လောထျန်းက ထိုအထဲမှ ဓားတစ်လက်ကို ဆွဲထုတ်ကာ မျက်နှာရှေ့တွင်ထား၍ သေချာကြည့်လိုက်သည်။

ထိုဓားမှာ သံချေးများ တက်နေသည့်တိုင် မှိန်ဖျော့ဖျော့ မသေမျိုးအလင်းတန်းတစ်ခု လင်းလက်နေဆဲပင် ။

" မသေမျိုးလက်နက်လား.. "

လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။

သူ ခေါင်းမော့ပြီး သေချာကြည့်လိုက်ချိန်တွင်လည်း လျှောက်လမ်းတွင် ရှိနေသော လက်နက်များအားလုံးက မသေမျိုးလက်နက်များ ဖြစ်သည်ကို တွေ့လိုက်ရ၏။

" အဲ့ပစ္စည်းတွေ အကုန်လုံး မတူတဲ့ ခေတ်အဆက်ဆက်ကနေ ကျန်ခဲ့တဲ့ဟာတွေပဲ ။ ဒါပေမယ့်.. အဲ့ပစ္စည်းတွေရဲ့ ပိုင်ရှင်တွေအားလုံးက အရမ်းအစွမ်းထက်ကြတယ်ဆိုတာ ငါ အာရုံခံလို့ရနေတယ် ။ အဲ့လူတွေက အနည်းဆုံးဆိုရင်တောင် ကမ္ဘာပေါ်က မသေမျိုးအဆင့် ရှိကြလိမ့်မယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြီး ကောင်းကင်မီးတောက် သားရဲဘုရင်ဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

" ဒီလက်နက်တွေရဲ့ ပိုင်ရှင်တွေ ဘယ်လိုဖြစ်သွားကြတာလဲ "

သူ့အမေးကြောင့် ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး ကြောက်လန့်သွားပြီး အသံတုန်တုန်ဖြင့် ပြန်ဖြေ၏။

" သူတို့အားလုံး... နတ်ဆိုးသခင်ကြီးအတွက် သားကောင်တွေ ဖြစ်သွားကြပြီ "

" ထင်တဲ့အတိုင်းပဲ.. "

လောထျန်းမှာ ထိုအဖြေကို မျှော်လင့်ထားပြီးသား ပုံပါပင် ။

သူ ခဏတာမျှ စဥ်းစားနေပြီး နောက်တွင်မူ ထို မသေမျိုးလက်နက်များအား တစ်ခုပြီးတစ်ခု ဆွဲထုတ်ကာ ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

" ခဏ... ခဏလေး နေပါဦးဗျာ.. ၊ အဲ့ဒါတွေအားလုံးက နတ်ဆိုးသခင်ကြီးရဲ့ ဟာတွေဗျ.. "

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး ကြောက်လန့်တုန်လှုပ်သွားတော့သည်။

အမှန်တွင်မူ သူ ထိုလက်နက်များအား မျက်စိကျနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။

သို့သော် နတ်ဆိုးသခင်ကြီးက သူ့အား ၎င်းတို့ကို ထိကိုင်ခွင့်ပင် မပြုခဲ့ပါ။

စက္ကန့်ပိုင်းလေးမျှ ပိုကြည့်မိလျှင်ပင် ပြင်းထန်စွာ အပြစ်ပေးခံခဲ့ရပါ၏။

ယခုတွင်မူ လောထျန်းက ထိုလက်နက်များ အားလုံးကို ယူနေပေသည် ။ နတ်ဆိုးသခင်ကြီးက ၎င်းအား လုံးဝ သည်းခံလိမ့်မည် မဟုတ်ပေ။

သို့သော် လောထျန်းမှာကား သူ့စကားကို အလေးနက်ထားဟန်မတူပါ။

လောထျန်းက ကောင်းကင်မီးတောက် သားရဲဘုရင်ဘက် လှည့်ကြည့်လာပြီး ပြောသည်။

" မင်းတို့ နတ်ဆိုးသခင်ကြီးဆီမှာ ဆေးပင်ဥယျာဥ်လဲ ရှိမှာပေါ့.. "

လောထျန်း၏ တလက်လက်တောက်နေသော မျက်လုံးများကို ကြည့်ရင်း ကောင်းကင်မီးတောက် သားရဲဘုရင်မှာ အနည်းငယ် ကြောက်သွားတော့သည်။

ထိုလူက မသေမျိုးလက်နက်များ အားလုံးရထားသည်နှင့်ပင် မကျေနပ်သေးဘူးတဲ့လား.. ။

" မရှိ.. မရှိပါဘူး.. "

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး ခေါင်းငုံ့သွားပြီး မလုံမလဲ ပြန်ဖြေလိုက်၏။

" သူ လိမ်ပြောနေတာ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလာသည်။

ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွား၏။

" မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့လေ ။ မင်းလိုကောင်က ငါ့အတွက် ဘာအသုံးဝင်မယ် ထင်လို့လဲ ။ ထားပါ.. မင်းရဲ့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုပဲ ထုတ်လိုက်ရုံပေါ့ "

လောထျန်းက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ဆန့်ထုတ်ပြီး သားရဲကြီး၏ ခေါင်းကို ကိုင်လိုက်သည်။

ကောင်းကင်မီးတောက် သားရဲကြီးမှာ အလွန်ကြောက်လန့်တုန်လှုပ်သွားတော့၏။

" မလုပ်.. ကျုပ်ကို မသတ်ပါနဲ့ဗျာ ။ ကျုပ် အားလုံး ပြောပြပါ့မယ် ။ ဆေးပင်ဥယျာဥ် ရှိပါတယ်... ဒီမှာ ဆေးပင်ဥယျာဥ် ရှိပါတယ် "

သူ တုန်တုန်ယင်ယင် ပြန်ပြောလိုက်သည်။

သူ့စကားကြောင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။

ဒီမှာ ဆေးပင်ဥယျာဥ် ရှိသတဲ့လား..

၎င်းမှာ ဤ ကောင်းကင်မီးတောက် သားရဲချောက်ကြီး၏ သခင်ဖြစ်သော.. နတ်ဆိုးသခင်ကြီး၏ ဆေးပင်ဥယျာဥ်ဖြစ်ရာ.. ထူးခြားဆန်းကြယ်မည် မလွဲချေ။

မှော်ဆေးပင်များပင် ရှိနေနိုင်ပါသည်။

လက်ရှိတွင်လည်း သူ့အတွက် သိဒ္ဓိဝင်ဆေးပင် တစ်ပင်သာ လိုအပ်ပါတော့၏။

ထိုတစ်ပင်ကိုသာ ရလိုက်ပါက သူ ကျင့်ကြံခြင်းအဆင့် တက်နိုင်လေပြီ ။

" ငါ့ကို အဲ့ဆီခေါ်သွားပေး... "

လောထျန်း ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ "

ကောင်းကင်မီးတောက် သားရဲဘုရင်မှာ အလွန်ကြောက်ရွံ့နေသည့်တိုင် မည်သို့မှ မတတ်နိုင်ဘဲ လောထျန်းအား ဆေးပင်ဥယျာဥ်ဆီသို့ ခေါ်သွားလိုက်ရသည်။

ဝီ..

ဤသို့ဖြင့် ဆေးပင်ဥယျာဥ်သို့ ရောက်ရန် အတန်ငယ် လိုသေးသည့်တိုင် မွှေးကြိုင်သော ဆေးပင်ရနံံ့များ သူ့ထံသို့ မျောလွင့်လာကြသည်ကို လောထျန်း ခံစားမိလိုက်သည်။

" သန့်စင်လိုက်တဲ့ ဆေးပင်အစွမ်းကွာ.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း ပါးစပ်အဟောင်းသားဖြင့် တအံ့တသြ ရေရွတ်သည်။

" သခင်လေး ၊ ရှေ့နားလေးမှာ နတ်ဆိုးသခင်ကြီးကိုယ်တိုင် လုပ်ထားတဲ့ အတားအဆီးတစ်ခု ရှိတယ်ဗျ ။ အဲ့အတားအဆီးကို ကျော်ပြီး ဝင်လိုက်ရင် ကျုပ် သေချာ​ပေါက် သေသွားရလိမ့်မယ် "

ကောင်းကင်မီးတောက် သားရဲဘုရင်က မျက်နှာငယ်လေးဖြင့် ပြောလာ၏။

လောထျန်း ခေါင်းမော့ကြည့်လိုက်ရာ ဆေးပင်ဥယျာဥ်၏ အပေါ်ဘက် လေထဲတွင် နတ်ဆိုးဓား သုံးဆယ့်ခြောက်လက် လှည့်နေပြီး အစွမ်းထက်သော လူသတ်အရိပ်အငွေ့တစ်ခု ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရသည်။

" ဓား အစီအမံပါလား.. "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

သူ ပြောပြောဆိုဆိုပင် ဆေးပင်ဥယျာဥ်ဆီသို့ ခြေတစ်လှမ်း တိုးလိုက်၏။

" ဒါ... "

ကောင်းကင်မီးတောက် သားရဲဘုရင်မှာ ၎င်းကိုတွေ့ပြီး လန့်လွန်း၍ ထပင်ခုန်မိသွားသည်။

သူ ထိုဓားအစီအမံ၏ အစွမ်းကို တစ်ကြိမ် ကြုံဖူးသဖြင့် ၎င်းမှာ ပေါ့သေးသေးမဟုတ်ကြောင်း သေချာ သိထားပါသည်။

ထို့ကြောင့် သူ လောထျန်းအား သတိလှမ်းပေးရန် တွေးလိုက်၏။ သို့သော် ချက်ချင်းမှာပင်.. အကယ်၍ လောထျန်းသာ ထိုဓားအစီအမံကြောင့် သေသွားလျှင် သူ လွတ်လပ်သွားလိမ့်မည်ဟု တွေးမိလိုက်ပါသည်။

ထိုအတွေးကြောင့် သူ ပြောမည့်စကားကို ချက်ချင်းပြန်မြိုသိပ်ပြီး ပါးစပ်ပိတ်နေလိုက်၏။

ဝုန်း..

ထိုစဥ်မှာပင် လေထဲမှ နတ်ဆိုးဓား သုံးဆယ့်ခြောက်လက်က မြည်သံပေး လှုပ်ရှားလာကြသည်။ ထိုနတ်ဆိုးဓား တစ်လက်စီမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေကာ ကမ္ဘာကြီးကိုပင် ဖြတ်ပစ်တော့မယောင်...

" ဟမ့်... နတ်ဆိုးသခင်ကြီးရဲ့ ဆေးပင်ဥယျာဥ်ကို ဓားပြတိုက်ဖို့ ကြိုးစားတာနဲ့တင် မင်း သေသင့်တယ် "

ကောင်းကင်မီးတောက် သားရဲဘုရင် စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

ဝုန်း..

ထိုစဥ်မှာပင် ပထမဓား အောက်ကျလာ၏။

ထိုနတ်ဆိုးဓားပေါ်မှ နတ်ဆိုးအစွမ်းများမှာလည်း ကြောက်မက်ဖွယ် ကောင်းလွန်းနေသဖြင့် အနည်းငယ်မျှကို အာရုံခံမိရုံဖြင့်ပင် ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး ကြောက်ရွံ့သွားတော့သည်။

ထိုသို့သော ကြောက်စရာဓားမျိုးကို မည်သူက တားနိုင်ပါမည်နည်း ။

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီးမှာ ထိုဓားချက်ကြောင့် လောထျန်း သေရမည်ကို မျှော်လင့်တကြီး ကြည့်နေလိုက်၏။

သို့သော်..

ဝုန်း..

လောထျန်းက လက်တစ်ဖက် ဆန့်ထုတ်ပြီး ဓားနှောင့်ကို ကိုင်ကာ ၎င်းအပေါ် တက်နင်းလိုက်ပါသည်။

ဖျောင်း..

နတ်ဆိုးဓားမှာ ချက်ချင်း ကွေးသွားတော့၏။

ဓားပေါ်မှ နတ်ဆိုးအစွမ်းများလည်း ချက်ချင်း ပြိုကွဲသွားကာ ဓားပေါ် ရေးထားသည့် ထွင်းစာများလည်း ပြိုကွဲပျက်စီးသွားကုန်သည်။

လောထျန်းက သူ့လက်ထဲမှ တဝက်တပျက် ပျက်စီးနေသည့် ဓားကို တစ်ချက်သာကြည့်ပြီး ဟင်းလင်းပြင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။

" လုပ်ထားတဲ့သံက တော်တော်ကောင်းတာပဲ ။ ဒါကို အရည်ကျိုပြီး ဓားအသစ် ပြန်လုပ်လို့ရတယ် "

လောထျန်း ပြော၏။

သူ့ကိုကြည့်ရင်း ကောင်းကင်မီးတောက် သားရဲဘုရင်သာမက ထျန်းယွမ်ကမ္ဘာသခင်ကြီးပါ ဆွံ့အသွားရတော့သည်။

လောထျန်းက ဘာလုပ်နေပါသနည်း..

သံစုတ်သံပျက်များကို စုနေပါသလား..

ထိုအချိိန်တွင် လေထဲမှ အခြားနတ်ဆိုးဓားများကလည်း သူတို့၏ မိတ်ဆွေသေသွားသည်ကို အာရုံခံမိသွားသည့်အလား.. လူသတ်အရိပ်အငွေ့များ အပြည့်ထုတ်လွှတ်၍ လောထျန်းဆီသို့ ဓားတစ်လက်ပြီးတစ်လက် တိုးဝင်လာကြသည်။

ထို နတ်ဆိုးဓား သုံးဆယ့်ငါးလက်ပေါ်တွင်လည်း မဟာလမ်းစဥ်များ စီးဆင်းနေသည့် ထွင်းစာများရှိနေပြီး တစ်ခုနှင့်တစ်ခု ရောယှက်ကာ ကောင်းကင်ဆန့်ကျင် လူသတ်အစီအမံကြီးတစ်ခု ဖော်ဆောင်နေသည်။

သို့သော် လောထျန်းကမူ ၎င်းကို ဂရုပင် မစိုက်ပါချေ။

ဝှစ်..

သူ ဓားတစ်လက်ဘေးသို့ တည်နေရာရွှေ့ပြောင်းသွားလိုက်ပြီးနောက် ဓားနှောင့်ကို ဆုပ်ကိုင်ကာ ​ခြေ

ထောက်ဖြင့် ကန်လိုက်၏။

ထို နတ်ဆိုးဓားမှာလည်း ပထမဓားလိုပင် ကွေးကောက်သွားကာ အမှိုက်ဘဝဖြင့် လောထျန်း၏ ဟင်းလင်းပြင်လက်စွပ်ထဲ ရောက်သွားတော့သည်။

ထို့နောက်.. လောထျန်းက ထိုနည်းအတိုင်း ဆက်လုက်လိုက်၏။ ဤသို့ဖြင့် နတ်ဆိုးဓား သုံးဆယ့်ခြောက်လက်လုံး လွတ်လမ်းမရှိဘဲ သံစုတ်ဘဝသို့ ရောက်သွားကြတော့သည်။

" အင်း.. ဒီသံတွေက တကယ်ကောင်းတာပဲ "

လောထျန်းက နောက်ဆုံးဓားကို ကြည့်ရင်း ခေါင်းအသာညိတ်ပြီး သူ့ဟင်းလင်းပြင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

" တခြား ဘာအတားအဆီးတွေ ရှိသေးလဲ "

သူ ကောင်းကင်မီးတောက် သားရဲဘုရင်ဘက်လှည့်၍ မေးလိုက်၏။

ထိုအချိန်တွင် ကောင်းကင်မီးတောက် သားရဲဘုရင်မှာကား ပါးစပ်ကြီးအဟောင်းသား ဖြစ်နေရှာသည်။

အစောက မြင်ကွင်းက သူ့အပေါ် အကျိုးသက်ရောက်မှု ကြီးစွာဖြစ်သွားခဲ့သည်မှာ အသိသာပင် ။

လောထျန်းက အလွန်အစွမ်းထက်သည်ကို သူ ယခင်တည်းက မြင်ထားပြီး ဖြစ်သည့်တိုင် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ထင်မထားခဲ့ပါ ။

" မရှိ... မရှိတော့ပါဘူး "

ကောင်းကင်မီးတောက် သားရဲဘုရင်က တုန်ယင်စွာ ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြီး ဆေးပင်ဥယျာဥ်ထဲ ခြေလှမ်းလိုက်၏။

ကောင်းကင်မီးတောက် သားရဲဘုရင်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည့်တိုင် လောထျန်းက ဆေးပင်ဥယျာဥ်ထဲ ဝင်လိုက်သည့် မြင်ကွင်းကိုကြည့်ရင်း တုန်လှုပ်သွားဆဲပါပင် ။

ဆေးပင်ဥယျာဥ်ထဲတွင်ကား.. စိတ်စွမ်းအင်သာမက နတ်ဆိုးအစွမ်းများနှင့် မသေမျိုးအစွမ်းများပါ ပေါကြွယ်ဝစွာ ရှိနေကြပါသည်။

မျိုးစုံသော မသေမျိုး အလင်းတန်းများနှင့် မှော်အလင်းတန်းများလည်း လင်းလက်နေကာ တစ်ခုနှင့်တစ်ခု ရောယှက်နေကြ၏။

ဆေးပင်ဥယျာဥ်၏ အလယ်တွင်ကား လူနှစ်ယောက် ရှိနေပြီး တစ်ယောက်ကအဖြူရောင်ဝတ်စုံ ၊ တစ်ယောက်အမဲရောင်ဝတ်စုံဖြင့် စစ်တုရင် ကစားနေကြသည်။

" ဟင်... ဒီမှာ တခြားလူရော ရှိသေးတာလား "

လောထျန်း အံ့အားသင့်သွားရသည်။

" အဲ့ဒါ အသွင်ပြောင်း စိတ်စွမ်းအင်ဆေးပင်တွေပဲ "

အသိပညာဗဟုတုသ ကြွယ်သော ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလာ၏။

သို့သော် သူ့အသံထဲတွင် အံ့သြတုန်လှုပ်မှုတို့ ပါနေသည်မှာ သိသာပါသည်။

ထိုသို့သော အသွင်ပြောင်းနိုင်သည့် စိတ်စွမ်းအင်ဆေးပင်မျိုးကို တွေ့ရန်မှာ အလွန်ခဲယဥ်းသည် မဟုတ်ပါလား ။

လောထျန်းမှာလည်း ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်၏။

" အင်း... ဟို နှစ်တစ်သောင်း ဂျင်ဆင်းပင်ကြီးနဲ့ တူတူပဲပေါ့.. "

သူ ထိုသို့ပြောရင်း မသိစိတ်မှလည်း ကြာပွင့်နီဧကရီအား ပြန်တွေးမိသွားသည်။

ထို့နောက် သူ လူကြီးနှစ်ယောက်ဆီသို့ လျှောက်သွားကာ ပြောလိုက်၏။

" သခင်ကြီးတို့ ၊ ဒီဆေးပင်ဥယျာဥ်ထဲမှာ သိဒ္ဓိဝင်ဆေးတွေများ ရှိလား သိချင်လို့ပါ "

သို့သော်.. မျှော်လင့်မထားစွာပင် ထိုလူကြီးနှစ်ယောက်က လောထျန်းအား လုံးဝ လျစ်လျူရှုထားပြီး သူတို့ချင်း စကားပြော၍ စစ်တုရင်သာ ဆက်ကစားနေကြသည်။

လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး ထပ်မေးလိုက်သည်။

သို့သော် ထိုနှစ်ယောက်က သူ့အား လျစ်လျူရှုထားဆဲပင်..

ဤတစ်ကြိမ်တွင်ကား လောထျန်း ဒေါသထွက်သွားတော့၏။

ဘုန်း..

သူ စစ်တုရင်ခုံအား ကန်လိုက်တော့သည်။

" ကျုပ် မေးနေတယ်လေ ၊ ဒီမှာ သိဒ္ဓိဝင်ဆေးပင်တွေ ရှိလားလို့ ။ ကျုပ်ပြောတာ မကြားဘူးလား "

လောထျန်း ဒေါသတကြီး ပြောလိုက်သည်။

All Chapters