← Chapters

ကြောက်စရာ အဆင့် ၁၂ ကောင်းကင်မီးတောက်သားရဲ

Vol. 40 Ch. 549

ကြောက်စရာ အဆင့် ၁၂ ကောင်းကင်မီးတောက်သားရဲ

Vol. 40 Ch. 549

" ချောက်နက် အဆုံးပိုင်းထိ သွားမှာ.... "

ထိုစကားကို ကြားသည်နှင့် ထျန်းယွမ်ကမ္ဘာသခင်ကြီး စိတ်ဝင်စားသွားဟန် တူပါ၏။

" ချောက်ရဲ့ အဆုံးက ဘယ်နားမှာရှိလဲ သခင်ကြီးသိလား "

လောထျန်း မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းယမ်း၍ ပြန်ပြော၏။

" ငါလဲမသိဘူးကွ ။ ငါတို့ ထျန်းယွမ်ကမ္ဘာက ဘိုးဘေးတွေရဲ့ မှတ်တမ်းအရ ဆိုရင်တော့ ရှေးခေတ်တုန်းက ကောင်းကင်မီးတောက် နတ်ဆိုးချောက်ဆီ လာပြီး အဆုံးထိသွားဖို့ ကြိုးစားခဲ့တဲ့သူတချို့ ရှိခဲ့ဖူးတယ်တဲ့ ။ ဒါပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" အဲ့လောက် ထူးဆန်းတာလား.. ။ ဒါဆို ကျုပ်တို့ သွားကြည့်သင့်တယ်... လမ်းတလျှောက်မှာလဲ အဆင့်မြင့် ကောင်းကင်မီးတောက်သားရဲတွေကို သတ်သွားလို့ရတာပေါ့ "

စကားဆုံးသည်နှင့် ချက်ချင်းပင် လောထျန်း ချောက်ထဲသို့ အားကုန်သုံး ပြေးသွားလိုက်သည်။

" ဟင်... ဘာတွေ ဖြစ်နေတာလဲ ။ ဒီနေရာက အဆင့်၇ သားရဲတွေ ကျက်စားတဲ့နေရာပါ ။ အခု ဘယ်လိုဖြစ်ပြီး အဆင့်ကိုးသားရဲတွေ ရှိနေတာလဲ "

ကောင်းကင်မီးတောက် သားရဲချောက် တစ်နေရာတွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူတစ်ယောက်မှာ မလှမ်းမကမ်းမှ ဧရာမသားရဲကြီးကို ကြည့်ရင်း စိတ်ပျက်အားလျော့နေသည့် မျက်နှာထား ဖြစ်သွား၏။

ထိုသားရဲကြီးမှာ ပါးစပ်ထဲတွင် အသားတုံးကြီးတစ်ခုကို ကိုက်ထားပြီး ၎င်းမှလည်း သွေးများ တစက်စက်စီးကျနေသည်။

သူ့တစ်ကိုယ်လုံးလည်း ကြောက်မက်ဖွယ်မီးတောက်များ တဝုန်းဝုန်း တောက်လောင်နေသဖြင့် သူ့ဘေးပတ်လည် ဆယ်ပေအတွင်း သက်ရှိများအတွက် တားမြစ်နေရာကြီးတစ်ခုလို ဖြစ်နေပါ၏။

" ချီး... ဒီကောင်ကြီးကို အားလုံး အတူတူပေါင်းပြီး တိုက်ရအောင်ဟေ့ "

လူတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

ဤမျှ ကြောက်မက်ဖွယ် လူသတ်နတ်ဘုရားကြီးတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သူတို့အားလုံး အတူပူး

ပေါင်းပြီး တိုက်ခိုက်ရန်မှတပါး အခြားရွေးချယ်စရာ မရှိပါ။

သို့သော် တဖက်မှ သားရဲကြီးမှာမူ ရှေ့မှ လူအုပ်ကိုကြည့်ပြီး မည်သို့မှပင် ထူးခြားဟန် မပြပေ ။

ထိုကောင်ကြီးမှာ အသိဉာဏ်မရှိသော လူသတ်လက်နက်ကြီး တစ်ခုသာ ဖြစ်ပါ၏။

ထို့နောက်တွင်..

ဝုန်း..

သားရဲကြီး လှုပ်ရှားလာသည်။

" သွားပါပြီကွာ "

လူများမှာ ၎င်းကိုကြည့်ရင်း ကျောရိုးထဲမှပင် ချမ်းစိမ့်သွားကြ၏။

သူတို့အားလုံးမှာ အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်တွင်သာ ရှိထားသေးသဖြင့် အဆင့်ကိုး ကောင်းကင်မီးတောက်သားရဲနှင့် ရင်ဆိုင်ရာတွင် လုံးဝ ကူကယ်ရာမဲ့နေတော့သည်။

သို့သော် ထိုအချိန်မှာပင်..

" ဖယ်ကြဟေ့... "

အပေါ်ဘက်မှ စူးရှရှ အသံတစ်သံ ထွက်လာပါ၏။

" ဟင်.... "

အားလုံး လန့်သွားကာ အသံလာရာသို့ မော့ကြည့်လိုက်ကြသည်။

တဖက်မှ သားရဲကြီးလည်း ခေါင်းမော့ကြည့်လိုက်ပါ၏။

လူတစ်ယောက်က သားရဲကြီးဆီသို့ ပြေးသွားသည်ကို သူတို့ တွေ့လိုက်ရသည်။

" ဒီလူတော့ သွားပြီ "

အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကံဆိုးလှသော တဖက်လူအပေါ် စိတ်မကောင်း ဖြစ်သွားကြ၏။

အဆင့်ကိုး ကောင်းကင်မီးတောက် သားရဲကြီးဆီသို့သာ ထိုအမြန်နှုန်းဖြင့် ပြေးသွားပါက ကံကောင်းလွန်း၏ အသက်တန်းပြီး မသေလျှင်ပင် သားရဲကြီး၏ ဝါးမြိုခြင်းကို ခံရမည် မလွဲပေ။

သို့သော်... ထိုလူက ကောင်းကင်မီးတောက် သားရဲကြီးနှင့် တိုက်မိသွားချိန်တွင်မူ..

ဝုန်း..

အသံကျယ် တစ်သံနှင့်အတူ သားရဲကြီး အပိုင်းပိုင်း ဖြစ်သွားတော့၏။

" ဘယ်လို.... "

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

ဘာတွေ ဖြစ်နေပါသနည်း..

သူတို့အားလုံးကို သတ်တော့မလို ဖြစ်နေခဲ့သည့် သားရဲကြီးက အပိုင်းပိုင်း ဖြစ်သွားခဲ့သတဲ့လား...

ထိုတခဏ၌ အားလုံး ထိုလူအား လှမ်းကြည့်လိုက်ကြသည်။

" အာ.... အောက်ကိုပျံလာရင်း အရှိန်ထိန်းဖို့ မေ့သွားတာကွာ။ တိုက်မိတာကနေ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ပျက်စီးမသွားတာ တော်သေးတာပေါ့ "

ထိုလူက လက်ဆန့်၍ အပိုင်းပိုင်းဖြစ်နေသော သားရဲအလောင်းဆီမှ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်လုံးကို ကောက်ယူပြီး သူ့ဟင်းလင်းပြင် လက်စွပ်ထဲ ထည့်သိမ်းလိုက်၏။

ထိုသူမှာ လောထျန်း ပါပင်...

" အဆင့်ကိုး နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ပဲ... "

လောထျန်း သိမ်းလိုက်သည့် မီးတောက်လုံးကို ကြည့်နေသူများထံမှ အော်သံအချို့ ထွက်လာသည်။

သူတို့အတွက်မူ ထိုမီးတောက်မှာ ရရန်မဖြစ်နိုင်သော ကောင်းကင်ဘုံမှ ရတနာကြီး တစ်ခုလိုပင်...

" ဟင်... မင်းတို့က ဘာကြည့်နေကြတာလဲ "

လောထျန်း သူ့ဘေးမှ လူအုပ်ကိုကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။

သူ တစ်ခုကိုလည်း ရုတ်တရက် တွေးမိသွား၏။

" ခုနက ကောင်ကြီးက မင်းတို့ လိုက်နေကြတဲ့သားကောင်လား ။ ငါ.. ဝင်ခိုးမိသလို ဖြစ်သွားလား "

အားလုံးမှာ သူ့စကားကြောင့် မှင်သက်သွားကြတော့သည်။

သူတို့ရဲ့ သားကောင်လား.. တဲ့..

အကယ်၍ သူတို့က ယခုထက် ဆယ်ဆပို၍ သတ္တိရှိလျှင်ပင် အဆင့်ကိုး ကောင်းကင်မီးတောက်သားရဲကြီးအား ဝိုင်းပြီး သတ်ရန်မှာ မဖြစ်နိုင်ပါချေ။

" သခင်လေး နားလည်မှု လွဲတာပါ.. "

ထိုစဥ် အမျိုးသမီးတစ်ယောက်က လောထျန်းကိုကြည့်ရင်း ဦးညွှတ်အရိုအသေပေး၍ ဆိုလာ၏။

" ကျွန်မတို့က အဲ့ ကောင်းကင်မီးတောက် သားရဲကြီးရဲ့ လိုက်တာကို ခံနေရတာပါ ။ အခု ကံကောင်းပြီး သခင်လေးက ကျွန်မတို့အသက်ကို ကယ်လိုက်တာပဲ "

ထိုအမျိုးသမီးက ဆိုသည်။

လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" ဒါနဲ့... ဒီနေရာက အဆင့်ကိုး ကောင်းကင်မီးတောက် သားရဲတွေရဲ့ ပိုင်နက်လား "

လောထျန်း မေးလိုက်သည်။

အဘိုးအိုတစ်ယောက်က ချက်ချင်း ဦးညွှတ်၍ ပြန်ဖြေ၏။

" မဟုတ်ဘူးဗျ ၊ ဒီနေရာက အဆင့် ၇ သားရဲတွေရဲ့ ပိုင်နက်ပါ ။ ဒါပေမယ့်.. ဒီနေ့ ကောင်းကင်မီးတောက် သားရဲချောက်ထဲမှာ ပုံမှန်မဟုတ်တာတွေဖြစ်ပြီး ဒီသားရဲကြီး ပေါ်လာတာပဲ "

" ပုံမှန်မဟုတ်တာတွေ... ဘယ်လို ပုံမှန်မဟုတ်တာလဲ "

လောထျန်း ဆက်မေးလိုက်သည်။

လူငယ်တစ်ယောက် ရုတ်တရက် ပြောလာ၏။

" ဘာတွေ ဖြစ်သွားလဲ ကျုပ် သိတယ်ဗျ ။ မီးတောက်နဂါးကြီး ပေါ်လာခဲ့တာကြောင့်... "

ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံး ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

အစောက ပြောခဲ့သည့် အဘိုးအိုက မျက်နှာသုန်မှုန်စွာဖြင့် ဆူ၏။

" ပါးစပ်ပိတ်ထားစမ်း ၊ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ "

လူငယ်က အံကြိတ်၍ ပြန်ပြောသည်။

" ကျုပ် လိပ်နေတာ မဟုတ်ဘူးဗျ ၊ ကျုပ် မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာ ။ သခင်ကြီးတို့က ကျုပ်ကို ဘာလို့မယုံကြတာလဲ "

သို့သော်.. သူ ပြောနေစဥ်မှာပင်.. ဘေးလူများ၏ မျက်နှာထိ မျက်မှာထားများကြောင့် သူ့အသံ တိမ်ဝင်သွားသည်။

သို့သော် လောထျန်းမှာမူ စိတ်ဝင်တစား ဖြစ်သွားပါ၏။

" မီးတောက်နဂါး... အဲ့ဒါ ဘာကြီးလဲ "

သူ မေးလိုက်သည်။

လူငယ်က လောထျန်းအား ကြည့်လိုက်ပြီးနောက်.. သူ့ဘေးမှ လူများဘက် ဆက်ကြည့်ကာ နောက်ဆုံးမှ ပြောရန် ဆုံးဖြတ်လိုက်ပုံဖြင့် စကားစလာ၏။

" အဲ့ဒါ အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲကြီးပဲဗျ ။ ဒီ ကောင်းကင်မီးတောက် သားရဲချောက်ရဲ့ သခင်ကြီးပေါ့ "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲက အမှန်တကယ် ရှိသတဲ့လား ။

သို့ဆိုလျှင် သူ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ရတော့မည်ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား...

သူ အစောလေးက အဆင့်၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို စမ်းပြီး သန့်စင်ကြည့်ခဲ့သေးသော်လည်း သူ့အတွက် မည်သို့မှ အကျိုးမရှိခဲ့ပါချေ။

ထို အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က သူ့စိတ်ဝိဥာဥ်အစွမ်းကို အနည်းငယ်လေး တိုးလာစေနိုင်မည်လား.. ။

သို့သော် သူ့ဘေးမှ အဘိုးအိုက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" သခင်လေး.. အဲ့ကောင်လေးရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်မနေပါနဲ့ဗျာ ။ ဒီ မီးတောက်နဂါးဆိုတာ ကောင်းကင်မီးတောက် သားရဲချောက်ရဲ့ ယုံတမ်းစကားတစ်ခုပဲ ။ အဲ့သားရဲ တကယ်ရှိ မရှိ ဆိုတာတောင် ဘယ်သူမှ သေချာပြောနိုင်တာ မဟုတ်ဘူး ။ ဒီကောင်လေး မြင်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

လူငယ်က မကျေမနပ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

" ကျုပ်ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာဗျ ။ တကယ့်ကို မီးတောက်နဂါး အစစ်မှ အစစ်ပါဗျာ "

ဘေးမှ လူများက လူငယ်အား လှောင်ပြောင်ရန် ပြင်လိုက်ကြ၏။

သို့သော် ထိုအချိန်မှာပင်..

ဝုန်း..

ချောက်နက်ထဲမှ မိုးထစ်ချုန်းသံကြီး ရုတ်တရက် ထွက်လာသည်။

လူငယ်မှာလည်း အောက်ငုံ့ကြည့်ရင်း မျက်နှာထား ရုတ်ချည်း ပြောင်းသွား၏။ ထို့နောက် သူ အောက်သို့ လက်ညိုးညွှန်ပြရင်း အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

" မီးတောက်နဂါးကြီး... မီးတောက်နဂါးကြီး လာနေပြီ "

" ဘယ်လို .. "

အားလုံး အံ့သြတုန်လှုပ်သွားကုန်ကြ၏။

အကယ်၍သာ ဒဏ္ဍာရီကျော် မီးတောက်နဂါးကြီး အမှန်တကယ် လာနေသည်ဆိုလျှင်... သူတို့အားလုံး သေရတော့မည် မဟုတ်ပါလား..

ထိုအချိန်တွင် ချောက်နက်ထဲမှ မီးတောက်အလင်းတန်းတစ်ခု လင်းလက်လာသည်ကို အားလုံး မြင်လိုက်ရသည်။

ပြီး နောက်တစ်ခု.... ပြီး နောက်တစ်ခု...

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ချောက်ကြီးတစ်ခုလုံး သောင်း ၊ သိန်းချီသော မီးတောက်များဖြင့် ပြည့်သွားတော့၏။

အစောက အဘိုးအိုမှာ ၎င်းကိုကြည့်ရင်း စိတ်သက်သာရာ ရသွားဟန်တူပြီး လူငယ်ဘက်လှည့်ကြည့်၍ ဆူလိုက်သည်။

" လျှောက်မပြောပါနဲ့လို့ ငါ မင်းကို ပြောသားပဲ ။ အဲ့ဒါ မီးတောက်နဂါး မဟုတ်ဘူးကွ.. ဒီတိုင်း ကောင်းကင်မီးတောက် သားရဲအုပ်ပဲ "

သို့သော်.. လူငယ်က ဖြူရော်နေသည့် မျက်နှာဖြင့် ထပ်ပြောလာ၏။

" မဟုတ်ဘူးဗျ ၊ ကျုပ် တကယ်ကြီး မြင်ခဲ့တာ "

တဖက်မှ အမျိုးသမီးကလည်း ရုတ်တရက် မျက်မှောင်ကြုံ့၍ ပြောသည်။

" အားလုံး... မီးတောက်နဂါး ဟုတ် ၊ မဟုတ်ကို အခု စိတ်မပူကြပါနဲ့ဦး ။ အဲ့ သားရဲတွေရဲ့ အဆင့်ကို ကြည့်လိုက်ဦး "

အားလုံး အံ့အားသင့်သွားကြပြီး သားရဲများဘက် လှည့်ကြည့်ရင်း မျက်နှာထားများ ရုတ်ချည်း ပြောင်းကုန်ကြ၏။

" အဆင့်ကိုး.... အားလုံးက အဆင့်ကိုး သားရဲတွေလား.. ။ အဆင့်ကိုးသားရဲတွေ သိန်း သောင်းချီပြီး ရှိနေတာ ဖြစ်နိုင်ပါ့မလား "

" ဒါ... ဆို ကျုပ်တို့တွေတော့ သေပြီပေါ့ဗျာ "

အဆင့်ကိုး ကောင်းကင်မီးတောက် သားရဲတစ်ကောင်သည်ပင် သူတို့လူအုပ် တစ်အုပ်လုံးကို အပျောက်ရှင်းပစ်တော့မလို ဖြစ်ခဲ့ရပါသည်။

ယခုတွင်ကား... ထိုသို့သောသားရဲမျိုး ထောင်ပေါင်းများစွာ လာနေသည်ဖြစ်ရာ သူတို့အတွက် လွတ်လမ်း မရှိတော့ပါချေ...

ထိုမျှနှင့် မပြီးသေးဘဲ...

ဝုန်း..

ထိုစဥ် သားရဲအုပ်ကြီး၏ နောက်၌ တောင်တစ်လုံးကဲ့သို့ ကြီးမားသော အနီရောင်မျက်လုံးတစ်လုံး တဖြည်းဖြည်း ပေါ်လာသည်။

All Chapters