← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း(၄၉၉) : ရက်စက်ခြင်း

လက်ရှိလောကတွင် စွမ်းအားရှိသောခန္ဓာကိုယ်များစွာရှိပေသည်။ ရှုလင်၏ ရေခဲကြွက်သားခန္ဓာကိုယ်ကဲ့သို့သော ခန္ဓာကိုယ်များဖြစ်ပြီး ဤခန္ဓာကိုယ်များမှာ လူတစ်ယောက်၏ သွေးမျိုးဆက်ဖြင့် အသက်သွင်းရခြင်းဖြစ်သည်။ ဤခန္ဓာကိုယ်ပိုင်ရှင်များမှာ ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်များလဲ ဖြစ်ပေသည်။ သို့သော် အကျိုးကျေးဇူးများရှိသည်ဆိုသော်ငြားလဲ တစ်ခါတစ်ရံတွင် သွေးမျိုးဆက်စွမ်းအားမှာ အသုံးမဝင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကြိုးစားကျင့်ကြံမှသာ လူတစ်ယောက်အား မည်သို့မျှမနှိုင်းယှဉ်နိုင်သည့် အမြင့်သို့ရောက်စေနိုင်မည်ဖြစ်သည်။ ဤသည်မှာသိုင်းလောက၏ စည်းမျဉ်းဖြစ်ကြောင်းအားလုံးသိကြပေသည်။ ယခုလိုဆိုသော်ငြား ပါရမီရှိသောသူများမှာ သာမန်လူများကဲ့သို့ပင် ကြိုးစားကျင့်ကြံကြပေသည်။ ထို့အပြင် ခရစ်မှာ စစ်နတ်ဘုရားတပ်ရင်း၏ ကျောင်းသားတစ်ယောက်ဖြစ်သည်။

ဤနေရာတွင်ပါရမီတစ်ခုတည်းရှိရုံဖြင့်မလုံလောက်ပေ။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ပါရမီရှိသူအများအပြားရှိပေရာ အောင်မြင်လိုပါက လူတစ်ယောက်မှာ ကြိုးစားကျင့်ကြံရမည်သာဖြစ်သည်။ မဟုတ်ပါက စစ်နတ်ဘုရားတပ်ရင်းသို့ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင်ရှိနေသော လူအများစုမှာ ခရစ်သည် ဤတိုက်ပွဲတွင် အနိုင်ရနိုင်ချေများသည်ဟု ခန့်မှန်းနေကြခြင်းဖြစ်သည်။

ဤသည်မှာ သူ၏လက်ရှိစွမ်းအားကြောင့်သာမက သွေးမျိုးဆက်စွမ်းအားနှင့် သူ၏မိသားစုနောက်ခံကြောင့်လဲဖြစ်သည်။ ခရစ်၏မိသားစုမှာ အနောက်တိုင်းတွင် သိုင်းပညာရှင်မိသားစုဖြစ်ပြီး ရှုမိသားစုကဲ့သို့သော ကြီးမားသောမိသားစုအချင်းအချင်းပင်ယှဉ်နိုင်ပြီး ရှုမိသားစုထက်ပင် များစွာပို၍သန်မာပေသည်။

“ငါတော့ ခရစ်နိုင်မယ်လို့ထင်တာပဲ”

“ငါတို့အားလုံးသူ့ရဲ့စွမ်းအားကိုသိတာပဲလေ ကျိုးဟောင်ကလဲ ပါရမီရှင်ဆိုပေမယ့်လဲ ပါရမီရှင်တိုင်းက ပြိုင်ဘက်ကင်းတာမဟုတ်ဘူးမလား”

“ဟုတ်တယ်၊ ငါလဲဒီလိုပဲထင်တယ် ငါတို့ကျိုးဟောင်ရဲ့တိုးတက်လာတာကို မြင်လိုက်ရပေမယ့် သူခရစ်ကိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး”

ဤလူများမှာ တိတ်တဆိတ်ပြောဆိုနေကြခြင်းဖြစ်သောငြား လုံးဝမပြောပဲနဲ့တော့မနေနိုင်ပေ။

“ပုံမှန်အခြေအနေမှာဆိုရင်တော့ သူသေချာပေါက် ခရစ်ကို နိုင်မှာမဟုတ်ဘူး ဒါပေမယ့် ကျိုးဟောင်က အံဖွယ်ဖြစ်ရပ်တွေကို ဖန်တီးနေရာမှာတော်တယ်”

“ဟုတ်တယ် ပေါလ်၊ ရှောင်ရောဘတ် ပြီးတော့ စမစ် အားလုံးက ကျိုးဟောင်ထက်သန်မာကြတယ် ဒါပေမယ့်သူတို့ကျတော့ အားလုံးပဲ ရှုံးသွားကြတာပဲ မဟုတ်ဘူးလား”

ထိုစကားကြားပြီးနောက် လူအများစုမှာ ခေါင်းညိတ်လာခဲ့ကြသည်။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ ကျိုးဟောင်မှာ အမှန်တကယ်ပင် အံဖွယ်ဖြစ်ရပ်များကိုဖန်တီးနိုင်သူတစ်ယောက်ပင်ဖြစ်သည်။ သူ့ထက်သန်မာသော ဤသူများပင် သူ့အားရှုံးနိမ့်ခဲ့ရသည်မဟုတ်ပေလော။

ထိုသူများထဲမှာ ကျိုးဟောင်ထက် မသန်မာသူ မပါရှိပေ။ သူတို့သည် ယခုတွင်ကျိုးဟောင်လောက်စွမ်းအားမကြီးသော်ငြား ကျိုးဟောင်အားစိန်ခေါ်ခဲ့စဉ်က ကျိုးဟောင်ထက်စွမ်းအားကြီးခဲ့ကြသူများဖြစ်သည်။

လူအတော်များများသည် ပြိုင်ပွဲတော်တော်များများတွင် ကျိုးဟောင်အားအထင်မကြီးခဲ့ကြပေ။ သို့သော် ကျိုးဟောင်မှာ အမြဲတမ်းအနိုင်ရခဲ့သည်။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ ဤတစ်ချက်နှင့်ပင် အားလုံး၏ ပါးစပ်ကိုပိတ်ရန်လုံလောက်ပေသည်။

ပုံရိပ်ယောင်လောကတွင် ကျိုးဟောင်နှင့်ခရစ်မှာ ပေါ်လာခဲ့ပြီး အချင်းချင်း ကြည့်နေခဲ့ကြသည်။ ခရစ်၏မျက်နှာမှာ အေးစက်နေခဲ့ပြီး စကားတစ်ခွန်းဆိုလာခဲ့သည်။

“ကျိုးဟောင် ဒီတိုက်ပွဲကို စောင့်နေတာကြာခဲ့ပြီ ဒီတစ်‌ခေါက် မင်းကိုငါ့ခြေထောက်အောက်မှာ နင်းချေပြမယ်”

ခရစ်မှာ ကျိုးဟောင်အား ရန်တန်းစမိမည်ကို စိုးရိမ်နေသော်ငြား ယခုလိုပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုနှင့်ပတ်သက်ပြီး မည်သူမျှ ဘာမှဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။ ထို့အပြင် သူသည် တစ်ဖက်လူအား ရန်စသည်ကို ကြောက်နေရန်ပင် အကြောင်းမရှိပေ။

သူ၏ မကျေနပ်ချက်အား ထုတ်ဖော်ပြသခွင့်ရှိပေသည်။ ထို့အပြင် ကျိုးဟောင်မှာ သူ၏မိန်းကလေးကို ခိုးသွားခဲ့သည်ဟု သူ့စိတ်ထဲတွင်ခံစားရလေရာ ဤအချက်ဖြင့်ပင် ခရစ်မှာ အလွန်ဒေါသဖြစ်နေပေသည်။

“ကောင်းပြီလေ စကြတာပေါ့”

ကျိုးဟောင်မှာ အချိန်ဖြုန်းနေရန် စိတ်ကူးမရှိပေ။ သူသည်လဲ ခရစ်အား မုန်းတီးလှလေသည်။ ယခုလိုအချိန်အကြာကြီးအထိ ဤလူမှာ သူ့အားပြဿနာရှာလေ့ရှိပေသည်။ ၎င်းမှာ စစ်နတ်ဘုရားတပ်ရင်းသို့ စဝင်ကတည်းဟုပင်ဆိုနိုင်ပေသည်။ စစ်နတ်ဘုရားတပ်ရင်းအားဝင်စဉ်ကတည်းက ကျိုးဟောင်ကြုံတွေ့ခဲ့ရသော ပြဿနာအားလုံးမှာ ခရစ်မှဖန်တီးခဲ့ခြင်းဖြစ်သည်။

ကျိုးဟောင်မှာ ဤအချက်အား သတိထားမိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော်ဘာမှမလုပ်ပဲထားသည်မှာ ခရစ်အား ဂရုမစိုက်ခြင်းကြောင့်ဖြစ်သည်။ သို့သော် ခရစ်သည် သူ့အားစိန်ခေါ်လာသောကြောင့် ကျိုးဟောင်မှာ ထိန်းချုပ်နေစရာမလိုတော့ပေ။ ခရစ်မှာ နှာခေါင်းရှုံ့လိုက်ကာ သူ၏ လှံအားထုတ်လိုက်သည်။

သူသည် အနောက်တိုင်းသိုင်းပညာရှင်တစ်ယောက်ဖြစ်သော်ငြား ဟွာရှားလှံအား အသုံးပြုရသည်ကို အကြိုက်ဆုံးဖြစ်သည်။ ဤလက်နက်သည် ရှည်လျားပြီး ဖျက်စီးနိုင်စွမ်းမြင့်ပေရာ သူ့အားအလွန်ပင်သဘောကျစေသည်။

သူ၏အရှိန်နှုန်းဖြင့်ပေါင်းစပ်လိုက်ပါက ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပင်ဖြစ်သည်။ ကျိုးဟောင်မှာ မျက်လုံးများ ကျဉ်းမြောင်းကာကြည့်နေခဲ့သည်။ တဖက်လူမှာလှံအသုံးပြုသူဖြစ်မည်ဟု သူမထင်ထားခဲ့ပေ။ ကျိုးဟောင်တွင်လဲ နဂါးနက်လှံရှိပေသည်။ သို့သော် ယခုလိုအခြေနေတွင် မသုံးနိုင်ပေရာ ယနေ့တွင် ခရစ်အား ဓါးဖြင့်အဆုံးသတ်ရန်သာ ဆုံးဖြတ်လိုက်သည်။

လက်ထဲတွင် လှံတံရောက်ရှိသွားသော ခရစ်၏ အငွေ့အသက်မှာချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ သူ၏စွမ်းအားကြီးသော အငွေ့အသက်မှာ ပျံ့နှံ့လာခဲ့သည်။ ထိုအငွေ့အသက်မှာ ကောင်းကင်အား ထိုးဖောက်တော့မည့် ဓားအိမ်မှာထွက်လာသည့်ဓားတစ်ချောင်းကဲ့သို့ ထက်ရှလှပေသည်။

ကျိုးဟောင်မှာ ဤမြင်ကွင်းအားကြည့်ပြီး နှလုံးသားထဲတွင် ခေါင်းညိမ့်လိုက်ပေသည်။ စိတ်ထဲမှာလဲ ခရစ်မှာ စိတ်ရှုပ်စရာကောင်းသော်ငြား အလွန်စွမ်းအားကြီးသူဖြစ်သည်ဟုတွေးလိုက်မိသည်။ အနည်းဆုံးသူ၏လှံသိုင်းမှာ ထိပ်တန်းအဆင့်တွင်ရှိပေသည်။

အရည်ခန္ဓာနှင့်ပတ်သက်၍ သိထားသော်လည်း ကျိုးဟောင်မှာ သူကိုယ်တိုင်မြင်တွေ့ချင်နေပေသည်။ တဖက်လူ၏အမြန်နှုန်းမှာ သူ၏အရှိန်နှုန်းနှင့်မည်မျှယှဉ်နိုင်မည်ဖြစ်ကြောင်းသိချင်နေပေသည်။ ကျိုးဟောင်မှာ လက်ထဲတွင်ဓါးကိုင်ကာ အေးဆေးသောအမူအရာဖြင့် ရပ်နေခဲ့သည်။ ခရစ်သည် ကျိုးဟောင်ကို ကြည့်ကာ နှာခေါင်းရှုံ့ရင်းပြောလိုက်သည်။

“ကျိုးဟောင် ငါမင်းအကြောင်းကောင်းကောင်းသိတယ် မင်းရဲ့ခန္ဓာကိုယ်က အရမ်းသန်မာတယ် မင်းရဲ့အရှိန်နှုန်းကလဲ အရမ်းမြန်တယ် မင်းရဲ့ဓါးသိုင်းကလဲ ထိပ်တန်းအဆင့်ပဲ ဒါပေမယ့် ဒါတွေအားလုံးက အသုံးမဝင်ဘူး ငါ့ရဲ့အရည်ခန္ဓာရဲ့တိုးမြှင့်ပေးမှုနဲ့ဆိုရင် ငါ့ရဲ့အဝတ်စကိုတောင် မင်းထိနိုင်မှာမဟုတ်ဘူး မင်းလုံးဝငါ့ကိုမနိုင်နိုင်ဘူး”

ကျိုးဟောင်မှာ ခရစ်ကိုကြည့်ကာ ပြောလိုက်သည်။

“အဲ့လိုလား ဒါဆိုရင်လဲ မင်းရဲ့အရည်ခန္ဓာကိုယ်ကို ငါ့ကိုပြကြည့်ပေါ့”

ကျိုးဟောင်၏ စကားဆုံးသည်နှင့် ခရစ်မှာချက်ချင်းပင် ပြုံးလိုက်သည်။ ထို့နောက်ခရစ်၏ခန္ဓာကိုယ်မှ ထူးခြားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည်ထိုနေရာတွင် မတ်တပ်နေသော်ငြား ပုံရိပ်ယောင်ပုံစံကဲ့သို့ဖြစ်လာခဲ့သည်။

ကျိုးဟောင်မှာ ခေတ္တမျှ မင်သက်သွားခဲ့ပြီး ရုတ်တရက် အန္တာရယ်ကြီးသည့်အငွေ့အသက်တစ်ခုအားခံစားလိုက်ရသည်။ စကားတစ်ခွန်းမှမဆိုဘဲ ခရစ်သည် ချက်ချင်းပင် အော်ဟစ်လိုက်သည်။ ထိုသို့အော်ဟစ်လိုက်သည့်အချိန်မှာပင် ခရစ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ကျိုးဟောင်၏အရှေ့မှာ ပေါ်လာခဲ့သည်။ သူ၏လှံတံမှာလဲ ကျိုးဟောင် အစောပိုင်းက ရပ်နေသည့်နေရာသို့ရက်စက်စွာတိုက်ခိုက်လာခဲ့သည်။

ကျိုးဟောင်မှာ ထိတ်လန့်သွားခဲ့သည်။ အပေါ်သို့မော့ကြည့်လိုက်ရာ ခရစ်၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ၏အရှေ့တွင်ပေါ်လာသော ခန္ဓာကိုယ်မှာ ခရစ်၏တကယ့်ခန္ဓာကိုယ်ပင်ဖြစ်သည်။

“မြန်လိုက်တာ သူရဲ့တကယ့်ခန္ဓာကိုယ်နဲ့တိုက်ခိုက်နေတဲ့အချိန်မှာတောင်အနောက်မှာပုံရိပ်ယောင်တစ်ခု ချန်ခဲ့နိုင်တယ် ဒီအရည်ခန္ဓာကိုယ်က တကယ့်ကိုစွမ်းအားကြီးတာပဲ တကယ်လို့ ငါရဲ့စွမ်းအားကြီးတဲ့စိတ်စွမ်းအားကြောင့်သာမဟုတ်ဘူးဆိုရင် အစောပိုင်းကလှုပ်ရှားမှုက ငါ့ကိုသတ်ဖို့လုံလောက်တယ်”

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ ဤအရည်ခန္ဓာကိုယ်မှာ အလွန်စွမ်းအားကြီးလှပြီး အရှိန်မှာလဲ အလွန်ထိတ်လန့်စရာကောင်းသည်ကို စိတ်ထဲမှာတွေးလိုက်မိသည်။

“မင်းရှောင်လိုက်တာလား ကျိုးဟောင် ကြည့်ရတာမင်းလဲ အရမ်းစွမ်းအားကြီးတဲ့ပုံပဲ”

ခရစ်မှာ စဉ်းစားရင်း အရမ်းအံ့ဩသွားခဲ့သည်။ သူသည် အစောပိုင်းက လှုပ်ရှားမှုကို အကြိမ်ပေါင်းများစွာသုံးခဲ့ဖူးသည်။ အကြိမ်တိုင်းအောင်မြင်သည်ဟု ပြောနိုင်ပေသည်။

သို့သော် ကျိုးဟောင်မှာ ဤတိုက်ခိုက်မှုကို ရှောင်နိုင်မည်ဟု မထင်ခဲ့ပေ။ သို့သော် ကျိုးဟောင်မှာ ခပ်ရေးရေး ပြုံးလိုက်ကာ သူ့စကားအား လျစ်လျူရှုထားပြီး လက်ထဲမှ ဓါးအားဆုပ်ကိုင်ကာ ကောင်းကင်တခွင် ပြည့်နှက်နေသောဓါးအလင်းတန်းများ ထုတ်လွှတ်လိုက်ကာ စတင်တိုက်ခိုက် လိုက်သည်။

“အရမ်းနှေးလွန်းတယ်”

ခရစ်မှာ ခေါင်းရမ်းလိုက်ပြီးနောက် ခရစ်၏ ခန္ဓာကိုယ်မှာ ထူးဆန်းသောစွမ်းအားတစ်ခုထွက်ပေါ်လာခဲ့ပြီး ပုံရိပ်ယောင်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ နေရာပေါင်းစုံတွင် ပေါ်လာခဲ့ပြီး အရိပ်များစွာလဲ ပေါ်လာခဲ့သည်။

ဤသို့ဖြစ်ရသည့်အကြောင်းမှာ ခရစ်၏အရှိန်နှုန်းသည် အလွန်မြန်၍ဖြစ်ကြောင်း ကျိုးဟောင်လဲ သိပေသည်။ ထိုပုံရိပ်များကိုကြည့်ပြီး ကျိုးဟောင်မှာအလွန်အံ့ဩနေခဲ့သည်။ သို့သော် စိတ်ထဲတွင် များများစားစားမစဉ်းစားပေ။

ဤသို့မစဉ်းစားရခြင်းမှာ ကျိုးဟောင်၏ စွမ်းအားကြီးမား‌သော စိတ်စွမ်းအားကြောင့်ဖြစ်သည်။ တစ်ဖက်လူအား မျက်လုံးဖြင့်မမြင်နိုင်ဘူးဆိုတိုင်း တစ်ဖက်လူ၏ လှုပ်ရှားမှုအား မခံစားနိုင်ဟု မဆိုလိုပေ။ ဤသည်မှာ မျက်မမြင်သိုင်းပညာရှင်အချို့ တိုက်ခိုက်နိုင်သကဲ့သို့ပင်ဖြစ်သည်။ သူတို့သည် သူတို့၏ စွမ်းအားကြီးသော စိတ်စွမ်အားအပေါ် အားကိုးကာတိုက်ခိုက်ကြခြင်းဖြစ်ပေသည်။

သူ၏မျက်လုံးများမှာလှည့်စားခံနိုင်ရသော်လည်း စိတ်စွမ်းအားယူဆချက်မှာတော့ အထင်မမှားနိုင်ပေ။ ကျိုးဟောင်မှာ ခရစ်အားကြည့်ကာ ရုတ်တရက် ဉာဏ်များသည့်အကြံမျိုးပေါ်လာခဲ့သည်။

“ငါရက်စက်ဖို့ကြိုးစားနေတာတော့မဟုတ်ပါဘူးဒါပေမယ့် သူကဒီလောက်မြန်နေမှတော့ သူငါ့ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအားကို လေ့ကျင့်ပေးဖို့ ကူညီပေးလို့ရတာပဲ”

ကျိုးဟောင်မှာ ဓါးကို ပြန်သိမ်းလိုက်သည်။ထို့နောက် ချက်ချင်းမျက်လုံးအားမှိတ်လိုက်ပြီး သူ၏စိတ်စွမ်းအားကို ကောင်းကင်တစ်ခွင်ဖြန့်ကျက်ကာ မျက်နှာပြင်အနှံ့သို့ပျံ့နှံ့စေပြီး ဘေးရှိနေရာအများစုအား ဖုံးလွှမ်းစေလိုက်သည်။

ထိုအချိန်တွင် ခရစ်၏ တကယ့်ခန္ဓာကိုယ်အစစ်မှာ သူ၏အာရုံတွင်ရှင်းလင်းစွာပေါ်လာခဲ့ပြီး လှောင်ပြောင်လိုသောအပြုံးဖြင့်လှံအားကိုင်၍ မတ်တပ်ရပ်နေသော ခရစ်အား မြင်လိုက်ရသည်။

....................................................................................

အခန်း(၄၉၉) ပြီးပါပြီ။

အခန်း (၅၀၀) : အကြွင်းမဲ့မျှတမှုဆိုတာမရှိဘူး

ခရစ်အား အာရုံခံပြီးနောက် ကျိုးဟောင်သည်လည်း ပြုံးလိုက်သည်။ တစ်ဖက်တွင်လည်း ခရစ်မှာ ကျိုးဟောင်၏ ပုံစံကိုလှမ်းမြင်သောအခါ ပဟေဋိဖြစ်နေသော အမူအရာဖြစ်သွားခဲ့သည်။ ကျိုးဟောင်မှာ ဘာကြောင့်ဒီလိုဖြစ်နေမှန်းသူနားမလည်ပေ။ သူနှင့်တိုက်ခိုက်နေသောအချိန်တွင် ကျိုးဟောင်မှာ ဘာကြောင့်မျက်လုံးအားမှိတ်ထားရပါသနည်း။

“ဟမ့် ဟန်ဆောင်နေလိုက်တာ”

ပြောရင်း သူ၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လှံအလင်းတန်းများမှာ ပျံ့နှံ့လာခဲ့ပြီး ကျိုးဟောင်ရှိရာ နေရာသို့ ရက်စက်စွာတိုက်ခိုက်လိုက်သည်။ ကျိုးဟောင်မှာ မျက်လုံးများမှိတ်လိုက်ပြီး ပို၍အာရုံစိုက်လိုက်ပေရာ သူ၏စိတ်လောကရှိ ပုံရိပ်မှာလဲ ပို၍ပင်ထင်ရှားလာခဲ့သည်။

“ဟုတ်တယ် ငါတခြားသူတွေတိုက်ဖို့ ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို သုံးခဲတယ် ဒါက ငါလေ့ကျင့်လို့ရမဲ့ အခွင့်အရေးပဲ ငါ့မှာအရမ်းစွမ်းအားကြီးတဲ့ စွမ်းအားရှိတယ်ဆိုပေမယ့် သုံးဖို့တော့ခက်နေသေးတယ် ငါဒီနေ့ခရစ်ကိုအသုံးချပြီး ဒါကိုကောင်းကောင်းပုံသွင်းရမယ်”

ကျိုးဟောင်မှာ ကောင်ကင်တွင်ပြည့်နှက်နေသော လှံအလင်းတန်းများအား အာရုံခံကာ စတင်ရှောင်ရှားတော့သည်။ အစပိုင်းတွင် အနည်းငယ်ခက်ခဲသော်ငြား သူ၏စိတ်စွမ်းအားကိုထိန်းချုပ်ရာတွင် ပို၍အကျွမ်းဝင်လာသည်နှင့်အမျှ ရှောင်ရှားရသည်မှာ ပို၍လွယ်ကူလာခဲ့သည်။

ခရစ်၏ အမူအရာမှာမူ ပို၍ပင် ပျက်ယွင်းလာခဲ့သည်။ မူလက ကျိုးဟောင်မှာရုန်းကန်နေရကြောင်း သူခံစားပေသည်။ အစကကျိုးဟောင်မှာ သူ၏တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်သော်ငြား ဤကဲ့သို့ရှောင်ရှားရသည်မှာ ခက်ခဲသည့်ပုံပေါ်သော်ငြား ယခုတွင် ဘာကြောင့်မှန်းမသိ ကျိုးဟောင်မှာ ပို၍အေးဆေးဖြစ်လာသည်ဟု ခံစားလာရပေသည်။

“ဒီကောင်စုတ်က သူ့စိတ်စွမ်းအားကိုလေ့ကျင့် နေတာလား”

ခရစ်မှာအလွန်ဒေါသဖြစ်သွားခဲ့သည်။ ကျိုးဟောင်မှာတကယ်ပင် မကောင်းသောကောင် တစ်ကောင်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင်ပင်သူသည် ခရစ်အား အသုံးချဝံ့ပေသည်။ ခရစ်မှာ လုံးဝကို ရူးသွပ်သွားပြီဖြစ်သည်။

ထို့နောက် မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ သူ၏အမြင့်ဆုံးသိုင်းဖြစ်သည့် တိမ်လွင့်မျောလှံသိုင်း အားသုံးလိုက်သည်။ ဤသိုင်းအားသုံးလိုက်သည်နှင့် ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်အောင်များပြားသည့် အလင်းတန်းများမှာ ချက်ချင်းပင်ပေါ်လာခဲ့သည်။ ဤလှံအလင်းတန်းများ အားလုံးမှာ ၉ဆင့်မြောက်မူလအဆင့်ပညာရှင်တစ်ယောက်၏ စွမ်းအား အပြည့်အဝကိုသယ်ဆောင်ထားပေသည်။

များစွာသောလှံအလင်းတန်းများပေါ်လာသည်ကို မြင်သောအခါ ကျိုးဟောင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် စကားတစ်ခွန်းမျှ မဆိုပဲ နတ်ဘုရားသတ်သိုင်း နှင့်ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအား အသက်သွင်းလိုက်သည်။သူ၏ကျင့်ကြံဆင့်မှာလဲ မူလအဆင့်ကိုးဆင့်သို့တိုးမြှင့်သွားခဲ့သည်။ သူ၏အငွေ့အသက်များ ထွက်ပေါ်လာသည်နှင့် ခရစ်၏ အမူအရာမှာလဲ ပျက်ယွင်းသွားခဲ့သည်။ ကျိုးဟောင်မှာ သူ၏ကျင့်ကြံစဉ်အားတိုးမြှင့်နိုင်သည့် နည်းလမ်းရှိကြောင်းခရစ်သိထားပေသည်။

ထို့အပြင် သူ၏ကျင့်ကြံစဉ်အား အားကိုးပြီးကျိုးဟောင်အား အနိုင်ပိုင်းလို့မရမှန်းခရစ်သိသည်။ ကျိုးဟောင်အား အရှိန်နှုန်းဖြင့်သာ အနိုင်ယူရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျင့်ကြံဆင့်တူသည့် လူနှစ်ယောက်၏တိုက်ပွဲတွင် အနိုင်ရလိုပါက တစ်ဖက်မှာ တစ်နေရာတွင် သာနေရမည်ဖြစ်သည်။

အရှိန်နှုန်းမှာ အမြဲတမ်း ခရစ်၏အားသာချက်ပင်ဖြစ်သည်။ ထို့ကြောင့် စိတ်မပူပဲ လက်ထဲရှိ လှံတံအား ဝှေ့ယမ်းလိုက်သည်။ ကျိုးဟောင်မှာ ခရစ်နှင့်ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ကျိုးဟောင် မင်းရဲ့တိုက်ခိုက်ရေး စွမ်းအားက အားမနည်းဘူးဆိုပေမဲ့ ငါ့ရဲ့အရှိန်ကို မင်းလိုက်မှီမယ်ထင်နေတာလား အိပ်မက် မက်နေလိုက်”

ခရစ်မှာအေးစက်စွာ နှာခေါင်းရှုံရင်း အချိန်ဖြုန်းမနေတော့ပဲ စွမ်းအားအပြည့် အဝအားသုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာချက်ချင်းပင် မြောက်များစွာသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

“အဲဒီလိုလား”

ကျိုးဟောင်မှာ ပြုံးကာ တဖက်လူက သူ့ကိုယ်သူမြန်သည်ဟု တွေးလိုက်မိသည်။ ကျိုးဟောင်မှာ ရွှေကျီးလွတ်မြောက်ရေးသိုင်းအား အသက်သွင်းလိုက်သည်။ ထိုမျှသာမက သူ၏အမြန်နှုန်းကို တိုးလာစေရန် မူလကျောက်စာ၏ စွမ်းအားကိုလဲ သုံးလိုက်သည်။ ထိုအခါကျိုးဟောင်၏ အရှိန်နှုန်းမှာ ပို၍ပင်မြန်လာခဲ့သည်။ ကျိုးဟောင်၏ အရှိန်မှာ ခရစ်ကို မမှီနိုင်သော်ငြား ခရစ်နီးနီး မြန်ပေသည်။ ဤအမြန်နှုန်းသည် ခရစ်အား ထိတ်လန့်သွားစေခဲ့သည်။

“မင်းရဲ့အမြန်နှုန်း”

သူသည် ကျိုးဟောင်အား သူ၏အရှိန်ကို အမှီလိုက်နိုင်မည်ဟု မထင်ထားသော်လည်း ကျိုးဟောင်မှာပြုံးလိုက်သည်။

“ခရစ် မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ငါနဲ့ ဆင်တယ် မင်းအရမ်း ဂုဏ်ယူနေတဲ့ အရှိန်နှုန်းမျိုးကို ငါလိုက်မှီနိုင်တယ် ဒါကြောင့်မင်းငါ့ကို မနိုင်နိုင်ဘူး”

ခရစ်မှာ ထိုစကားကိုကြားသောအခါ နှာခေါင်းရှုံ့လိုက်သည်။

“ဟင်း ငါ့ကိုနိုင်မယ် စဉ်းတောင်မစဉ်းစားလိုက်နဲ့”

ကျိုးဟောင်မှာ ထိုစကားကိုကြားသောအခါပို၍ပင် ရယ်မောလာခဲ့သည်။

“မင်းမှားနေပြီ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းထက် တစ်နေရာမှာ သာနေတယ်”

“ဘာ..”

ခရစ်မှာထိုစကားကြားသောအခါ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် ချက်ချင်းပင် ကျိုးဟောင်မှာ သူ၏ ဓါးအားသိမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာလဲစွမ်းအားကြီးသော သွေးအနှစ်သာရစွမ်းအားများဖြင့် ဖုံးလွှမ်းလာခဲ့သည်။ ထိုသွေးအနှစ်သာရ စွမ်းအားမှာ ချက်ချင်းပင် နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ဤနေရာအား ဖျက်စီးလိုသည့်စွမ်းအားများပင် ထွက်ပေါ်လာနေသည်။

“ငါလဲ ခန္ဓာကိုယ်သိုင်းကျင့်စဉ် ကျင့်ကြံနေသူ တစ်ယောက်ပဲ”

ပြောရင်း ကျိုးဟောင်မှာ လက်သီးဖြင့် တစ်ချက်ထိုးလိုက်လေရာ အသံတစ်ခုထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခုဖြစ်ပေါ်လာကာ ခရစ်ထံသို့ ပြေးဝင်သွားခဲ့သည်။

ခရစ်၏ အမူအရာမှာ ကြောက်ရွံ့မှု မယုံကြည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။

“မင်း..မင်း တကယ်ကိုဒါဘယ်လိုဖြစ်နိုင်မှာလဲ စမစ် ပြောတာ သူမင်းကို မရိုက်နိုင်လို့ အရှုံးပေးခဲ့တယ်လို့ပြောတာ”

“ဒါသူ့ရဲ့ခန္ဓာကိုယ်က မင်းကိုမယှဉ်နိုင်လို့မဟုတ်ဘူး မင်းကဘယ်လိုဖြစ်ပြီး ခန္ဓာကိုယ်သိုင်းကျင့်စဉ်ကျင့်ကြံနေသူဖြစ်ပြီး အခုလောက်စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်မျိုးရှိနေရတာလဲ”

ခရစ်မှာလုံးဝ ထိတ်လန့်သွားခဲ့သည်။

“စမစ် မင်းကိုမပြောခဲ့ဘူးလားလွန်ခဲ့တဲ့ရက်ပိုင်းက ငါရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အသုံးချပြီး သူ့ကိုအနိုင်ယူခဲ့တယ်ဆိုတာ”

ကျိုးဟောင်မှာ လှောင်ပြုံးပြုံးလိုက်သည်။ စမစ်မှာ ကျိုးဟောင်ရဲ့ အနိုင်းပိုင်းသမျှ ခံလာရသူဖြစ်ပြီး သေချာပေါက် ဘာမှပြောမည်မဟုတ်ပေ။ ခရစ်အမူအရာမှာ ပို၍ပင် ပျက်ယွင်းသွားခဲ့သည်။ ကျိုးဟောင်တွင် ဤကဲ့သိုသော စွမ်းရည်မျိုးရှိနေသည်ကို သူမသိခဲ့ပေ။ ကျိုးဟောင်မှာ ဓါးအားသိမ်းလိုက်ပြီးနောက် သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင်သူ၏ခန္ဓာကိုယ်မှာ အကောင်းဆုံးလက်နက်ဖြစ်သည်။ ထပ်ဆောင်းအနေဖြင့် သူ၏အမြန်နှုန်းမှာလဲ ခရစ်ထက် မနိမ့်ကျပေရာ ခရစ်မှာ ကျိုးဟောင်အား ခုခံနိုင်သည့်စွမ်းရည်မျိုးမရှိတော့ပေ။ အကြောင်းမှာ ဓါးအားသိမ်းလိုက်ပြီးနောက် ကျိုးဟောင်၏တိုက်ခိုက်မှုများမှာ ပို၍လျင်မြန်လာခြင်းကြောင့်ဖြစ်သည်။

သူ၏ လက်ဖြစ်စေ ခြေထောက်ဖြစ်စေ တံတောင်ဖြစ်စေ အားလုံးမှာ သူ၏လက်နက်များသာဖြစ်သည်။ ယခုလို တိုက်ခိုက်မှုမျိုးကို လှံတစ်ချောင်း ဖြင့်မခုခံနိုင်ပေ။

“ဘာ…ဘာလို့မင်းဒီလောက်စွမ်းအားကြီးနေရတာလဲ။မင်းကဘယ်သူမလို့လဲ ငါက စွမ်းအားကြီးမိသားစုက ဆင်းသက်လာတဲ့ ပါရမီရှင်တစ်ယောက်”

“ငါက အနောက်တိုင်းသိုင်းပညာရှင်တွေထဲက ထိပ်တန်းပါရမီရှင်တစ်ယောက် မင်းမှာနောက်ခံမရှိသလို ငါ့လို အသိုင်းအဝိုင်းကြီးတဲ့မိသားစုလဲမရှိဘူး မင်းကဘယ်လိုဖြစ်ပြီး ငါ့ထက်ပိုသန်မာနေရတာလဲ”

ထိုအချိန်တွင် ခရစ်မှာ လုံးဝ စိတ်လွတ်သွားပြီဖြစ်သည်။ ဤလူသည်သူ့အား ဘာကြောင့်ဆက်တိုက်ဆန့်ကျင်နေလဲ သူနားမလည်ပေ။ ထို့အပြင် ဤလူသည် ဘာကြောင့်ဤမျှစွမ်းအားကြီးနေရပါသနည်း။ သူလုံးဝကို နားမလည်နိုင်ပေ။ ဤအချက်သည် လုံးဝ မတရားမှုဟု ခရစ်၏စိတ်ထဲတွင်ခံစားလာရသည်။

ခရစ်သည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး စွမ်းအားကြီးသည့်မိသားစုမျိုးဆက်ဖြစ်သည်။ ငယ်စဉ်ကတည်းက သူ၏ ကျင့်ကြံရေးအတွက် မြောက်များစွာသော အရင်းအမြစ်များအားရရှိခဲ့သည်။ သို့သော် ဘာကြောင့် ဤလူမှာ သူ့ထက် ပိုသန်မာနေရပါသနည်း။ ဤသည်မှာလုံးဝ တရားမျှတမှုမရှိပေ။ ကျိုးဟောင်မှာ ခရစ်အား ကြည့်ကာ ကောင်းကောင်းနားလည်ပေသည်။

အကယ်၍ ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲကြောင့် မဟုတ်ပါက ကျိုးဟောင်သည်လည်း သူ၏လက်ရှိကျင့်ကြံရေး အဆင့်ထိ ရောက်ရှိလာမည်မဟုတ်ပေ။ ကျိုးဟောင်မှာ သက်ပြင်းသာချလိုက်မိသည်။ ၎င်းမှာ တကယ်ကို မတရားပေ။ သို့သော် ဤသည်မှာ လောကကြီး၏ စည်းမျဉ်းပင်ဖြစ်သည်။ ယခုလိုမိသားစုတွင် မွေးဖွားလာရသည်မှာ တရားမျှတပေသည်လော။ လောကကြီး၏ တရားမျှတမှုမှာညီမျှပေသည်လော။ ခရစ်မှာ ယခုလို မိသားစုမှာ ကြီးပြင်းလာရသကဲ့သို့ပင် သူ့ထံတွင် မျှတမှုမရှိသော အကျိုးသက်ရောက်မှုများလဲရှိပေသည်။ မည်သို့ပင်ဖြစ်စေ သူ၏စမှတ်မှာ တခြားသူများထက် များစွာသာပေသည်။

လောကကြီးသည် တကယ်ကိုမတရားပေ။ သို့သော်တရားမျှတမှုရှိသည်မှာ လူတစ်ယောက်၏ ကြိုးစားမှုသည် ထိုလူ၏ ကံကြမ္မာအား ပြောင်းလဲနိုင်ခြင်းပင်ဖြစ်သည်။ ဤအချက်သည်တကယ်ကို တရားမျှတမှုရှိပေသည်။

ကျိုးဟောင်ထံတွင်ရှိသောစွမ်းအား၏ ရာခိုင်နှုန်းတော်တော်များများမှာ ကျိုးဟောင်၏ ကြိုးစားမှုကြောင့်သာရရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော် ဤအရာသည် လက်တွေ့ပင်ဖြစ်သည်။ ယခုလိုကိစ္စနှင့်ပတ်သက်ပြီး တရားမျှတမှုဆိုသည်မှာမရှိပေ။ လူတစ်ယောက်သည် သာလွန်ကြီးမြတ်မှုများအား နှစ်သက်နေပါက တရားမျှတမှုနှင့်ပတ်သက်ပြီး မည်သို့မျှပြောနေမည် မဟုတ်ပေ။ ဆုံးရှုံးမှုနှင့်ကြုံရမှာသာလျှင်တရားမျှတမှုအကြောင်းပြောမည် ဖြစ်သည်။ ဤသည်မှာ လောကကြီး၏ နိယာမပင်ဖြစ်သည်။

....................................................................................

အခန်း(၅၀၀) ပြီးပါပြီ။

အခန်း (၅၀၁) : စိတ်ဝိညာဉ်အားဖျက်ဆီးခြင်း

ကျိုးဟောင်မှာသက်ပြင်းချပြီး ခရစ်အားကြည့်လိုက်လေသည်။

" ခရစ်ငါမေးပါရ‌စေဦး မင်းအတွက်မျှတမှုဆိုတာဘယ်လိုအဓိပ္ပာယ်လဲ"

ကျိုးဟောင်၏မေးခွန်းကြောင့်ခရစ်မှာမှင်တက်သွားလေသည်။ထို့နောက်ပြင်းပြင်းထန်ထန်စူးစိုက်ကြည့်လိုက်ပြီးအော်ဟစ်မေးလိုက်လေသည်။

"မင်းဘာစကားပြောတာလဲ"

သူအတွက်ကျိုးဟောင်အတွက်အန္တရာယ်မဟုတ်တော့ပေ။ သူ့အနေဖြင့်ကျိုးဟောင်အားအနိုင်ယူနိုင်ဖို့မဖြစ်နိုင်ချေ။ ကျိုးဟောင်သာတကယ်စိတ်ပိုင်းဖြတ်လိုက်ပါကသူ့အားအချိန်မရွေးအနိုင်ယူပစ်လိုက်နိုင်ပေသည်။

သို့သော်ထိုအခြေအနေမရောက်ခင် ကျိုးဟောင်မှာသူ့အားတခုခုပြောချင်နေလေသည်။ချမ်းသားကြွယ်၀သောနောက်ခံအင်အားနှင့် သူများတွေစိတ်ကူးတောင်မယဉ်နိုင်သောဘ၀တွင်နေထိုင်ခဲ့သူကတရားမျှတမှုအကြောင်းမပြောသင့်ပေ။ဒါကအရမ်းကိုကြောင်သူတောင်ယောင်ဆောင်နိုင်လွန်းလေသည်။

"မင်းမဖြေနိုင်ဘူးပေါ့ ကဲဒါဆိုငါမင်းကို‌ထပ်မေးကြည့်မယ်"

ကျိုးဟောင်မှာလက်ပိုက်ပြီး အေးစက်စွာကြည့်ရင်းပြောလိုက်သည်။

" မင်းကချမ်းသာတဲ့မိသားစုမှာမွေးလာပြီး အကျိုးရလဒ်များစွာခံစားခဲ့တဲ့သူကမျှတမှုအကြောင်းမစဉ်းစားဖူးဘူးမှတ်လား"

"မင်းမှာ သာမန်ထက်ထူးခြားတဲ့သွေးမျိုးရိုးရှိတာ ကြောင့် အထူးကောင်းမွန်တဲ့ကိုယ်ခန္ဓာရုပ်သွင်ကို နှိုးထနိုင်ချိန်မှာ မျှတမှုအကြောင်းတွေးမိရဲ့လား"

"သာမန်လူတွေရဲ့အသက်ကို လိုသလိုဆုံးဖြတ်နိုင်ပြီး မင်းအတွက်အလုပ်အကျွေးပြုဖို့လူအမြောက်အမြားကိုအမိန့်ပေးချိန်တွေမှာရော တရားမျှတမှုအကြောင်းတွေးခဲ့ဖူးလား မင်းက သူများမရနိုင်တဲ့အကျိုးကျေးဇူးတွေပျော်မွေ့နေပြီး မင်းဘ၀မှာတရားမျှတမှုအကြောင်းကိုတခါလေးတောင်တွေးဖူးရဲ့လား"

ကျိုးဟောင်၏စကားများက ခရစ်၏ရင်၀ကိုမိုးကြိုးနဲ့ပစ်လိုက်သလိုဖြစ်သွားပြီး ခရစ်တယောက်မှင်တက်နေလေသည်။

"မင်းမှာ စစ်မှန်တဲ့ ခွန်အားနဲ့အရည်အချင်းရှိပါတယ် ဒါကလည်း သူများတွေမရနိုင်ခဲ့တဲ့အရင်းအမြစ်တွေကြောင့်ပဲမဟုတ်လား။ မင်းကိုယ့်ကိုယ်ကိုပြန်မေးဖူးလား မင်းရဲ့လက်ရှိစွမ်းအားတွေက မင်းကိုယ်တိုင်ရယူထားတာလား ဒါမှမဟုတ် မင်းမိသားစုကပေးခဲ့တာလား"

"တကယ်တော့မင်းကဘာမှမဟုတ်ပါဘူး ဒီအတိုင်းသာမန်လူတယောက်ဖြစ်ပြီး ဘာမှ မထူးခြားဘူး။ မင်းကသူများတွေမရနိုင်တဲ့အရာတွေပျော်မွေ့ပြီးနေခဲ့တဲ့သူတယောက်ပဲ။ တခြားသူတွေအတွက်ဘယ်လောက်မမျှတလဲဆိုတာကိုရော မင်းတွေးကြည့်ခဲ့ဖူးလား"

ကျိုးဟောင်က လှောင်ပြုံးပြုံးရင်းပြောလိုက်လေသည်။

"ပြီးတော့မင်းကအရမ်းမောက်မာသေးတယ်။ မင်းကချမ်းသာတယ်၊ မျိုးရိုးမြင့်တယ်၊ အရည်အချင်းရှိတယ်ဆိုတိုင်း စိတ်ကြီး၀င်ပြီးထင်ရာစိုင်းလို့ရတယ်ထင်နေတာလား"

"ရယ်စရာကောင်းလိုက်တာခရစ်ရယ် မင်းကမင်းမိသားစုသာမရှိရင်ဘာမှမဟုတ်ဘူး။ မင်းကငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှင်ဖြစ်လာပြီး ချမ်းသာကြွယ်၀တာကြောင့် မင်းလိုနောက်ခံအင်အားမရှိတဲ့လူတွေအပေါ်အထင်သေးတယ်မှတ်လား"

ကျိုးဟောင်၏မျက်လုံးထဲတွင်စိတ်ပျက်မှုများဖြင့်ပြည့်နေလေသည်။ သူသည် ခရစ်လိုလူမျိုးများအားကြုံခဲ့ဖူးလေသည်။

"မင်းက အထူးသွေးမျိုးရိုးမရှိတဲ့သာမန်သိုင်းပညာရှင်ခံစားရတဲ့ စိတ်‌သောကမျိုး ဒါမှမဟုတ် သိုင်းပညာရှင်ဖြစ်မလာနိုင်တဲ့သာမန်လူတယောက်ရဲ့စိတ်အားငယ်မှုမျိုးတွေကိုမင်းမခံစားဖူးပါဘူး"

"မင်းက ကျင့်ကြံရေးနည်းစနစ်တွေလဲလှယ်နိုင်ဖို့ အသည်းအသန်အမှတ်တွေစုဆောင်းရတာတွေ။ အသက်ရှင်နိုင်ဖို့အတွက်ခက်ခက်ခဲခဲရုန်းကန်ရတာတွေကို မကြုံဖူးပါဘူး"

ကျိုးဟောင်ကခရစ်ကိုကြည့်ပြီးပြောနေလေသည်။

ကျိုးဟောင်အနေနဲ့ဒီလိုစကားမျိုးတွေပြောဖို့ အရည်အချင်းမပြည့်မှီသေးသော်လည်း သူသည်တခါမှအခြားသူများအပေါ်တွင်အထင်အမြင်သေးတာမျိုးလုပ်ခဲ့ခြင်းမရှိပေ။ ကျိုးဟောင်၏စကားများက ခရစ်၏နားထဲတွင်မိုးခြိမ်းသံကဲ့သို့ဖြစ်နေလေသည်။

ရိုးရိုးသားသားပြောရလျှင်ခရစ်သည် ကျိုးဟောင်ပြောသောအရာများကိုတခါမှမတွေးခဲ့ဖူးပေ။ သူလိုချင်တာမှန်သမျှကိုအလွယ်လေးရယူနိုင်ခဲ့လေသည်။ သူ့အတွက်ပိုက်ဆံနှင့်ကျင့်ကြံရေးနည်းစနစ်များက အလွယ်တကူရရှိနိုင်ပေသည်။သူ့အနေဖြင့်ကျင့်ကြံရေးအပေါ်တွင်သာ အာရုံစိုက်ထားနိုင်ခဲ့လေသည်။

သို့ပေမဲ့ သူ့လိုအခွင့်အရေးများစွာရရှိခဲ့သူက ကျိုးဟောင်အားမယှဉ်နိုင်သည့်အပေါ် နားမလည်နိုင်အောင်ဖြစ်နေလေသည်။

"ခရစ် မင်းဒီနေ့ပြောခဲ့တာတွေကိုမမေ့ပါနဲ့။ မင်းမေ့သွားလည်းကိစ္စမရှိပါဘူး ဒါကမင်းကိစ္စပဲလေ။ ဒါပေမဲ့မင်းလူတွေအပေါ်အထင်အမြင်ဆက်သေးနေဦးမယ်ဆိုရင်တော့ ‌တနေ့ကျနောင်တရရလိမ့်မယ်"

ကျိုးဟောင်ကပြောပြီးနောက်သူ့လက်ထဲတွင်ဓားတချောင်းပေါ်လာလေသည်။ထို့နောက်ဓားကိုမြှောက်လိုက်ပြီး‌ပိုင်းချလိုက်လေသည်။

အပြင်ဘက်ရှိစောင့်ဆိုင်းနေသူများမှာလည်းစိတ်လောနေကြလေသည်။ မကြာမီပင်အေးစက်သောအသံတခုထွက်ပေါ်လာလေသည်။

" ကျောင်းသားကျိုးဟောင်အနိုင်ရရှိပါပြီ"

ထိုကြေငြာချက်ကြောင့်အားလုံးတုန်လှုပ်သွားကြလေသည်။ ထိုအချိန်မှာပဲ ကျိုးဟောင်၏ပုံရိပ်ယောင်အခန်းတံခါးမှာပွင့်လာခဲ့ပြီး ကျိုးဟောင်ကအေးအေးလူလူထွက်လာခဲ့လေသည်။

လော့လီနှင့်အခြားသူများမှာ အရမ်းစိတ်လှုပ်ရှားနေကြလေသည်။ ကျိုးဟောင်ကခရစ်ကိုပင်အနိုင်ယူနိုင်ခဲ့လေပြီ။လက်ရှိကျိုးဟောင်မှာ အဆင့်၃၀နှင့်ညီသော ကျင့်ကြံရေးမျိုးပိုင်ဆိုင်နေပြီဖြစ်သည်။

နှစ်၀က်အတွင်းထိုကဲ့သို့အခြေအနေမျိုးကိုရောက်လာသောကြောင့်အားလုံးက အံ့အားသင့်နေကြလေသည်။ ကျိုးဟောင်နှင့်ယှဉ်ရင် သူတို့ကိုယ်သူတို့ပါရမီရှင်များလို့ခေါ်ရန်မသင့်ပေ။

"ကျိုးဟောင်ကအရမ်းစွမ်းအားကြီးတာပဲ။ ငါမပြောခဲ့ဘူးလား ကျိုးဟောင်ကထူးခြားဆန်းကြယ်တာတွေကိုလုပ်ပြနိုင်တယ်လို့"

"ဟုတ်တယ် ဒါကအရမ်းကို....."

သူတို့အားလုံးမှာအရမ်းကိုတုန်လှုပ်နေကြလေသည်။ စုန့်ခွင်း ၊လော့လီနှင့်အခြားလူများကတော့ အေးဆေးတည်ငြိမ်နေကြ‌လေသည်။သူတို့လည်းအစကစိတ်ပူခဲ့ကြသော်လည်းကျိုးဟောင်အနိုင်ရပြီဟူသောကြေငြာချက်ကိုမြင်ပြီးနောက်ဘာမှထပ်မတွေးကြတော့ပေ။အကြောင်းပြကျိုးဟောင်ကအမြဲထူးဆန်းသောအရာများကိုလုပ်ပြတတ်သောကြောင့်ကျင့်သားရနေခဲ့ကြလေသည်။

ကျိုးဟောင်ထွက်လာပြီးသိပ်မကြာခင်မှာပဲ ခရစ်လည်းပုံရိပ်ယောင်အခန်းထဲမှထွက်လာလေသည်။ သူ့မျက်နှာပေါ်တွင် ဒေါသထွက်နေသောအမူအရာမျိုးမရှိဘဲ ဘာမှမခံစားချက်မရှိဘဲ စိတ်လွတ်နေသောပုံစံဖြစ်နေလေသည်။

အနောက်တိုင်းသိုင်းပညာရှင်များမှာခရစ်၏ပုံစံကိုကြည့်ပြီး စိတ်ပူကာအပြေးရောက်လာကြလေသည်။ ပေါလ်ကဘာတွေဖြစ်ပျက်ခဲ့သလဲမေးသော်လည်းခရစ်ကဘာမှပြန်မဖြေဘဲ တယောက်ထဲလမ်းလျှောက်ထွက်သွားခဲ့လေသည်။

အနောက်တိုင်းသိုင်းပညာရှင်များမှာလည်း ခရစ်ရဲ့ပုံစံကိုကြည့်ပြီး အံ့ဩကာ နားမလည်နိုင်ဖြစ်နေကြလေသည်။

"ကျိုးဟောင်ဘာဖြစ်ခဲ့တာလဲ သူစိတ်ဒဏ်ရာရသွားတာလား ဒါကဒီအတိုင်းရှုံးနိမ့်မှုတခုသက်သက်ပဲလေ အဲ့လောက်အရမ်းခံစားနေစရာမလိုဘူးမှတ်လား"

လော့လီကလည်းမေးလာလေသည်။

"အထဲမှာ ကျွန်တော်သူနဲ့ တရားမျှတမှုအကြောင်းအနည်းငယ်ဆွေးနွေးခဲ့ကြတာပါ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

ကျိုးဟောင်စကားဆုံးသောအခါလော့လီမှာအံ့ဩသွားလေသည်။ ဘာကြောင့်ဒီလိုဖြစ်သွားမှန်း သူမအခုထိနားမလည်နိုင်သေးပေ။ စုန့်ခွင်းကတော့ခေါင်းညိတ်နေလေသည်။

" ပြောရရင် ကျိုးဟောင်က သူ့ခန္ဓာကိုယ်ကိုသာမက သူ့စိတ်ကိုပါအနိုင်ယူခဲ့တာပဲ"

စုန့်ခွင်း၏စကားကြောင့် လော့လီလည်းသဘောပေါက်သွားပြီးထပြောလိုက်‌လာလေသည်။

"သူ့စိတ်ဝိညာဉ်ကိုပါဖျက်ဆီးလိုက်တာပေါ့"

လော့လီစကားကြောင့် ကျိုးဟောင်မှာပြုံးလိုက်မိလေသည်။

" အစ်မလော့ ဘာတွေတွေးနေတာလဲ သူတန်ဖိုးထားတဲ့အရာတွေမှားယွင်းနေလို့ နည်းနည်းလောက်လမ်းကြောင်းတည့်ပေးခဲ့တာပါ"

ကျိုးဟောင်မှာ အတော် စိတ်ညစ်သွားရလေသည်။

" မင်းစကားတွေက သူ့ကိုအတော်ထိသွားပုံပဲ"

လော့လီက ခရစ်ကို လှမ်းကြည့်ရင်း သူမ၏နှုတ်ခမ်းလေးကိုတွန့်ကာပြုံးလိုက်လေသည်။

....................................................................................

အခန်း(၅၀၁)ပြီးပါပြီ။

All Chapters