အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အခန်း (၅၀၂) : စွင်းယွဲ့ ၊စုရှောင်းဖူ
ခရစ်ရှုံးနိမ့်သွားသောသတင်းက ဟိုးလေးတကျောါကျော်ဖြစ်နေပြီ လူတိုင်းက ဒီလိုရလဒ်ထွက်လာလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ကြပေ။
ကျိုးဟောင်ဆိုသောနာမည်ကစစ်နတ်ဘုရားတပ်ရင်းတခုလုံးတွင်ပဲ့တင်သံထပ်နေလေသည်။သို့သော်ကျိုးဟောင်ကသိပ်ဂရုမစိုက်ပေ။ရှေးဟောင်းအပျက်အစီးထဲ၀င်ရမည့်စစ်ဘုရင်အန်းဆီမှလျှို့ဝှက်စာကိုလည်း သူလက်ခံရရှိထားလေသည်။
ထိုကိစ္စအတွက်စစ်ဘုရင်အန်းမှာညှိနှိုင်းမှုများပြုလုပ်ထားပြီးဖြစ်လေသည်။သူ့အနေဖြင့်ကျိုးဟောင်မှာ တာ၀န်တခုသွားရောက်လုပ်ဆောင်နေသည်ဆိုပြီး ရိုးရှင်းသောအကြောင်းပြချက်တခုထုတ်ပြန်ထားလေသည်။ ဘယ်သူ့မှလည်း သူ့စကားကို သံသယမ၀င်ကြပေ။
ကျိုးဟောင်အားလာခေါ်သောသူမှာ စစ်ဘုရင်အန်း၏လက်ထောက်ဖြစ်သူ စွင်းရွှင်းဖြစ်လေသည်။ ထိုသူမှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်ပြီး အရမ်းစွမ်းအားကြီးလေသည်။သူက ကျိုးဟောင်အား ပြုံးပြီးကြည့်ကာမေးလိုက်လေသည်။
"မင်းကကျိုးဟောင်လား မင်းက အေးဆေးတည်ငြိမ်တာပဲ ငါမျှော်လင့်ထားသလိုအထက်စီးဆန်ပုံစံမျိုးမရှိဘူးပဲ"
ကျိုးဟောင်မှ ခဏလောက်မှင်တက်သွားပြီး တဖက်ကဘာကြောင့်ဒီလိုပြောသလဲနားမလည်နိုင်ဖြစ်နေလေသည်။တဖက်လူက စစ်နတ်ဘုရားတပ်ရင်းထဲရှိသူ့အကြောင်းများကိုသေချာသိနေသောလူဖြစ်လေသည်။ကျိုးဟောင်မှာ အမြဲအာရုံစိုက်ခံရသောကိစ္စများကိုဖန်တီးတတ်သော်လည်း အေးအေးဆေးဆေးပုံစံသာရှိသူဖြစ်လေသည်။
"အာ.... ဒီအတွက်တော့ကျွန်တော့်ကိုအပြစ်မဆိုပါနဲ့"
ကျိုးဟောင်ကသူ့ခေါင်းကိုကုပ်ရင်းရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်လေသည်။
"ရပါတယ် မင်းကမာနထောင်လွှာထောင်လွှားမနေသရွေ့ မင်းလူငယ်ဘ၀ကိုအလကားဖြုန်းတီးရာမရောက်ပါဘူး။ ကောင်းပြီသွားကြတာပေါ့"
စွင်းရွှင်းကပြောပြီးနောက်ကျိုးဟောင်အား အလွန်လျှို့ဝှက်သောနေရာသို့ဦးဆောင်ခေါ်သွားလေသည်။
ကျိုးဟောင်အနေဖြင့် ဂျက်လေယာဉ်ပျံထဲတွင် တချိန်လုံးရှိနေပြီး အပြင်ကိုမမြင်ရသောကြောင့် သူ့အနေဖြင့် ဘယ်ရောက်နေမှန်းသေချာမသိပေ။
သူတို့ဆင်းသက်သောအခါ အလွန်ကျယ်ပြောသောမြေအောက်ထပ်တခုသို့ရောက်နေသည်ကို ကျိုးဟောင်သတိထားလိုက်မိသည်။ထိုနေရာတွင်သူတို့အားစောင့်နေသူအယောက်၂၀လောက်ရှိလေသည်။
ထိုထဲတွင်ယောကျာ်း၊မိန်းမအစုံပါ၀င်လေသည်။ သူတို့အားလုံးမှာကျိုးဟောင်ကဲ့သို့ပင်စွမ်းအားကြီးကြပေသည်။သို့သော်ကျိုးဟောင်အနေဖြင့်ထိုသူများကိုသေချာမသိပေ။
သူတို့ထဲကအများစုမှာကျိုးဟောင်အားမြင်လိုက်သောအခါနားမလည်သောအမူအရာများဖြစ်သွားကြလေသည်။ သူတို့အားလုံးမှာ ကျိုးဟောင်ဘယ်ကလာသလဲဆိုသည်ကို သေချာမသိကြပေ။
"စွင်းယွဲ့၊ စုရှောင်းဖူ ဒီကိုလာဦး"
စွင်းရွှင်းက ခြေတံရှည်ရှည်နှင့်မိန်းမလှလေး၂ဦးကို လှမ်းခေါ်လိုက်လေသည်။
"အဖေ..."
"ဦးလေးစွင်း..."
ထိုမိန်းမလှလေး ၂ယောက်က စွင်းရွှင်းကိုမြင်သောအခါ နှုတ်ဆက်ကြလေသည်။
ကျိုးဟောင်မှာ ထို၂ယောက်ကိုကြည့်ရင်း အံ့ဩနေလေသည်။ သူ့အနေဖြင့်စွင်းရွှင်း၏သမီးမှာ ဒီနေရာတွင်ရှိလိမ့်မည်လို့မထင်ထားခဲ့ပေ။
"ငါမင်းတို့ကို စစ်နတ်ဘုရားတပ်ရင်းက ကျိုးဟောင်နဲ့မိတ်ဆက်ပေးမယ်"
ထိုစကားကိုကြားသောအခါ မိန်းမလှလေးနှစ်ယောက်လုံးမှာ မျက်လုံးများပြူးသွားကြလေသည်။
"စစ်နတ်ဘုရားတပ်ရင်းက ကျိုးဟောင်.... ဝိုးး.... ဒါဆိုရှင်ကကျိုးဟောင်ပေါ့"
သူတို့နှစ်ယောက်ဆီမှ သံပြိုင်ထွက်လာခဲ့လေသည်။
ကျိုးဟောင်လည်း အနည်းငယ်ရှက်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။
"ကျိုးဟောင်သူတို့ပြောတာကိုစိတ်ထဲမထားနဲ့ဦး။ စစ်နတ်ဘုရားတပ်ရင်းဆိုတာ လူတိုင်း၀င်နိုင်တာမဟုတ်ဘူး။ သူတို့နှစ်ယောက်တောင်မှ မ၀င်နိုင်ခဲ့ဘူးလေ"
"သူတို့နှစ်ယောက်က စစ်နတ်ဘုရားတပ်ရင်းထဲမ၀င်နိုင်ခဲ့ပေမဲ့ အထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုအနည်းအကျဉ်းတော့သိကြတယ်။ အထူးသဖြင့် ဒီနှစ်၀က်အတွင်းမှာ မင်းအကြောင်းတွေက တောမီးလို့ပျံ့နှံ့နေတာလေ"
စွင်းရွှင်းကရှင်းပြလေသည်။ ကျိုးဟောင်လည်း ရှက်ပြီး ဘာပြောရမှန်းမသိဖြစ်နေလေသည်။
"ဟဲလိုကျိုးဟောင် ငါ့နာမည်ကစွင်းယွဲ့ပါ မင်းငါ့ကို ယွဲ့အာလို့ခေါ်လို့ရတယ် တွေ့ရတာ၀မ်းသာပါတယ်"
အနက်ရောင်ကိုယ်ကြပ်၀တ်စုံကို၀တ်ဆင်ထားသော မိန်းမလှလေးကလက်ကမ်းပေးရင်းပြောလာလေသည်။
ကျိုးဟောင်လည်းအမြန်လက်ဆွဲနှုတ်ဆက်လိုက်ပြီးပြောလိုက်လေသည်။
"ဟဲလို ယွဲ့အာ"
"ကျိုးဟောင် ငါ့နာမည်ကတော့ စုရှောင်းဖူပါ နင်နဲ့ဆုံရလို့အရမ်းပျော်ပါတယ်"
စုရှောင်းဖူကပိုပြီးဆွဲဆောင်မှုရှိလေသည်။ သူမ၏အသွင်အပြင်မှာယောကျာ်းတိုင်းသဘောကျမည့်အသွင်အပြင်မျိုးဖြစ်လေသည်။သူမသည် ဖောက်မြင်နိုင်လောက်အောင်ပါးသောဂါ၀န်အရှည်ကို၀တ်ဆင်ထားပြီး ကျိုးဟောင်အနေဖြင့်သူမအား မကြည့်ရဲပေ။
"ကျိုးဟောင် အစ်မစုတို့မိသားစုက ကမ္ဘာ့အကြီးဆုံးလေလံအိမ်တော်ကိုပိုင်ဆိုင်ကြတယ်။ ရှင်တခုခုလိုအပ်တာရှိရင်သူမကိုပြောပြလို့ရတယ်။ သူမက လေလံခေါင်းဆောင်ပဲ ပြီးတော့သူ့မှာနောက်ထပ် ညီမ၃ယောက်လည်းရှိသေးတယ်။ သူတို့ညီအစ်မလေးယောက်ကို လေလံလောကရဲ့နတ်သမီးတွေဆိုပြီးသိကြတယ်"
စွင်းယွဲ့ကပြုံးပြီးပြောပြလေသည်။
ကျိုးဟောင်အနေဖြင့် လေလံစံအိမ်တွေအကြောင်းသိပ်မသိသော်လည်း ကမ္ဘာ့အကြီးဆုံး လေလံစံအိမ်ဆိုသည့်အချက်ကတကယ့်ကိုတုန်လှုပ်စရာပင်ဖြစ်သည်။ထိုတချက်တည်းနှင့်ပင် လူတိုင်းအားအထင်ကြီးအောင်လုပ်နိုင်ပေသည်။
"ပြောရရင် ငါ့အစ်မကြီးရော တတိယနဲ့စတုတ္ထညီမလေး၂ယောက်လုံးရောဒီမှာရှိပါတယ်။ ငါတို့ရှေးဟောင်းအပျက်အစီးထဲ၀င်တဲ့အခါကျမိတ်ဆက်ပေးပါ့မယ်"
စုရှောင်းဖူကပြုံးပြီးပြောပြလေသည်။ကျိုးဟောင်မှာသူတို့၏စိတ်အားထက်သန်မှုကြောင့်အနည်းငယ်ရှက်နေလေသည်။
ကျိုးဟောင်မှာပုံမှန်ဆိုနောက်ပြောင်တတ်သောသူဖြစ်သော်လည်း ထိုမိန်းမလှလေး နှစ်ယောက်ရှေ့တွင်မှ ဘာဟာသမှမလုပ်ရဲပေ။
တယောက်မှာ စွင်းရွှင်း၏သမီးဖြစ်ပြီးနောက်တယောက်မှ ကမ္ဘာ့အကြီးဆုံး လေလံအိမ်တော်ကြီးပိုင်သည့်မိသားစုမှဖြစ်လေသည်။သူမတို့နှစ်ယောက်၏ ပုံရိပ်မှာ သူ့ထက်အဆပေါင်းများစွာကြီးမားလေသည်။
"ကောင်းပြီ ကျိုးဟောင်ငါဒီနေ့ မင်းကိုသူတို့နှစ်ယောက်နဲ့မိတ်ဆက်ပေးရတဲ့အကြောင်းကတော့ရိုးရှင်းပါတယ်။ မင်းတို့ ရှေးဟောင်းအပျက်အစီးထဲ၀င်ပြီးနောက် အန္တရာယ်တခုခုကျရောက်လာတဲ့အခါကျ မင်းသူတို့ကိုကူညီပေးဖို့အတွက်ပါပဲ။ ဒီအတွက်လည်းမင်း ပြန်လာတဲ့အခါကျ မင်းအတွက် တခုခုစီစဉ်ထားပါတယ်။ ရှင်းရှင်းပြောရရင်ငါ့မှာ ဒီသမီးလေးတယောက်ပဲရှိလို့ပါ"
စွင်းရွှင်းကတည်ကြည်စွာပြောလာလေသည်။
ကျိုးဟောင်လည်းချက်ချင်းခေါင်းညိတ်ပြလိုက်လေသည်။ သူတို့အားလုံးမှာအရှေ့တိုင်းသိုင်းပညာရှင်များဖြစ်ကြပြီး တယောက်ကိုတယောက်ရိုင်းပင်းကူညီကြရမည်ဖြစ်ပေသည်။
ဒါ့အပြင်ထိုမိန်းကလေးနှစ်ယောက်လုံးမှာ ၅ဆင့်မြောက်မူလပညာရှင်များဖြစ်ကြပြီး သူ့ထက်အဆင့်နိမ့်သူများမဟုတ်ပေ။ စွင်းရွှင်းတယောက်တခုခုများသိထားလေသလား။
"စိတ်မပူပါနဲ့ အတွင်းရေးမှူးစွင်း ကျုပ်ကူညီမှာပါ"
ကျိုးဟောင်ကပြန်ဖြေလိုက်သည်။
"ဟဟ ဟုတ်ပါပြီ အချိန်ကျပြီ ရှေးဟောင်းအပျက်အစီးထဲ၀င်ဖို့ပြင်ကြတော့"
စွင်းရွှင်းကပြောပြီးထွက်သွားလေသည်။
"ငါတို့ဘယ်လို၀င်ရမှာလဲ"
ကျိုးဟောင်မှာ ဇဝေဇဝါဖြစ်နေသောကြောင့် ထိုမိန်းမပျိုလေး၂ဦးအားမေးလိုက်လေသည်။
"ရှင်မသိဘူးလား ကျွန်မက ရှင်သိမယ်ထင်နေတာ"
"ရှင်တကယ်လို့ရှေးဟောင်းအပျက်အစီးထဲ၀င်ချင်ရင် ရှင့်အနေနဲ့အထူးလှိုဏ်ခေါင်းတခုလိုအပ်တယ်။ ဒီမှာရှင့်ခြေထောက်အောက်ကိုကြည့်ကြည့်လိုက်"
စွင်းယွဲ့၏စကားကြောင့် ကျိုးဟောင်မှာသူ့ခြေထောက်အောက်သို့ငုံ့ကြည့်လိုက်ပြီး အမူအရာများပြောင်းလဲသွားလေသည်။
ထိုနေရာအကျယ်ကြီးတွင် အစီအရင်သဘောမျိုးချထားသောဖွဲ့စည်းပုံအ၀ိုင်းကွက်ကြီးကိုတွေ့လိုက်ရလေသည်။ ထိုစက်ဝိုင်းကြီးပတ်လည်တွင် ရှုပ်ထွေးသောသင်္ကေတများရှိလေသည်။ ကျိုးဟောင်သေချာကြည့်လိုက်သောအခါ ရှေးဟောင်းကျောက်စာ၏ စာလုံးများဖြစ်ကြောင်းသိလိုက်ရလေသည်။
"ငါတို့က ရှေးဟောင်းအပျက်အစီးလို့ခေါ်တဲ့အခြားကမ္ဘာထဲကိုသွားရမှာ ငါတို့သိထားတာကတော့ မိုရိုတို့ရဲ့ပိုင်နက်ပေါ့။ ငါတို့ ဒီကနေ၀င်ရောက်ပြီးရင်တောင်မှ သူတို့ရှုထောင့်နယ်ပယ်ထဲ၀င်မယ့် ၀င်ပေါက်ပွင့်မယ့်အချိန်ကိုထပ်စောင့်ရဦးမှာ"
" ဒီအထူးလှိုဏ်ခေါင်းကအဲ့နေရာကိုချိတ်ဆက်ထားတာပဲ။ ငါတို့ရောက်သွားရင်တောင်မှ ၀င်ပေါက်မပွင့်ခင်ရက်အနည်းငယ်လောက်တွယ်တက်ရဦးမှာဖြစ်တယ်။ အဲ့တာတွေအားလုံးပြီးမှ မိုရိုတွေရဲ့နယ်မြေထဲကိုရောက်မှာ"
စွင်းယွဲ့ကသေချာရှင်းပြလိုက်တော့မှ ကျိုးဟောင်မှာ သဘောပေါက်သွားလေသည်။
"ဒါနဲ့စစ်ဘုရင်အန်းပြောခဲ့တုန်းက လူတွေအများကြီး၀င်ကြမယ်ပြောတယ် ခုကြည့်ရတာ လူဒါဇင်လောက်ပဲရှိသေးတယ် ဒါအကုန်ပဲလား"
ကျိုးဟောင်ကသိချင်သောကြောင့်မေးလိုက်လေသည်။
"ဘယ်ဟုတ်ပါ့မလဲ ဒီလိုဆင်တူတဲ့ အစီအရင်စက်ဝိုင်းတွေ နေရာအတော်များများမှာရှိတယ်။ အခုဆို လူအယောက်၂၀၀လောက်အဲ့နေရာတွေကိုရောက်နေလောက်ပြီ"
စွင်းယွဲ့ကပြုံးပြီးပြန်ပြောလေသည်။
....................................................................................
အခန်း(၅၀၂)ပြီးပါပြီ။
အခန်း (၅၀၃) : လျှို့ဝှက်ဆန်းကြယ်သောလူအိုကြီး
ထိုစကားကြောင့်ကျိုးဟောင်မှာ အံ့ဩသွားရလေသည်။ သူ့အနေဖြင့်ဒီလောက်လူများလိမ့်မည်လို့မထင်ထားခဲ့ပေ။
"လူ၂၀၀ကျော်တောင်ဟုတ်လား....ဒါဆို ငါတို့ကဘာလို့အတူမသွားကြတာလဲ"
ထိုမေးခွန်းကိုမေးပြီးမှ ကျိုးဟောင်တယောက် ကိုယ့်ကိုတုံးလိုက်တာလို့တွေးပြီး နောင်တရနေလေသည်။
ကျိုးဟောင်စကားကြောင့် စွင်းယွဲ့နှင့် စုရှောင်းဖူတို့မှာ ပြုံးစိစိဖြစ်သွားကြလေသည်။
"ဟီးဟီး ကျိုးဟောင်အဲ့လောက်မတုံးစမ်းပါနဲ့ ငါတို့အတူသွားလို့ရနေမှတော့ စစ်နတ်ဘုရားတပ်ရင်းကဘာလို့အားကုန်ခံနေတော့မှာလဲ။ မဖြစ်နိုင်တာတော့မဟုတ်ပေမဲ့ အထူးကူးပြောင်းရေလှိုဏ်ခေါင်းက လူအများကြီးမဆံ့ဘူးလေ။ "
စွင်းယွဲ့က သူမ၏ပါးစပ်လေးကိုရယ်သံမထွက်အောင်အုပ်ပြီးပြောလိုက်သောကြောင့် ကျိုးဟောင်တယောက်စိတ်ညစ်သွားလေသည်။ သူ့ကိုယ်သူလည်းဘာလို့ဒီလောက်တုံးအတဲ့မေးခွန်းကိုမေးရတာလဲဆိုပြီး နောင်တရနေလေသည်။ သူတို့၃ယောက်မှာ အချိန်တခုလောက်ထိစကားပြောနေခဲ့ကြလေသည်။
သူတို့စကားပြောနေစဉ်တွင် ထူးဆန်းသောစွမ်းအင်အတက်အကျလှိုင်းမှာ လေဟာနယ်ထဲမှ ပျံ့လွင့်လာလေသည်။ ထိုအရာမှာ အာကာသနေရာကူးပြောင်းရေး၏စွမ်းအင်လှိုင်းဖြစ်လေသည်။
စွင်းယွဲ့၏ခန္ဓာကိုယ်လေးမှာ လေထဲတွင်မြောလွင့်လာရင်း သူမက မထူးဆန်းသည့်အမူအရာဖြင့်ပြောလိုက်လေသည်။
" ကဲအားလုံးပဲ အာကာသကူးပြောင်းရေးလှိုဏ်ခေါင်းပွင့်ပါပြီ။ ဘေးကင်းသောခရီးတခုဖြစ်ပါစေ"
စွင်းယွဲ့၏စကားဆုံးသွားသောအခါ အားလုံးမှာတည်ကြည်သောအမူအရာများဖြင့်အသင့်ဖြစ်နေကြလေသည်။ သူတို့၏မျက်လုံးထဲတွင်စိုးရိမ်မှု အရိပ်အယောင်များရှိသော်လည်း စိတ်ပိုင်းဖြတ်ထားပုံပေါ်လေသည်။
နောက်စက္ကန့်အနည်းငယ်အကြာတွင် နေရာတခုလုံးလေထဲမျောလွင့်လာပြီး နေရာကူးပြောင်းရေးစွမ်းအင်လှိုင်းတခုလွှမ်းခြုံသွားသည်ကိုကျိုးဟောင်ခံစားလိုက်ရလေသည်။ထိုစွမ်းအင်လှိုင်းထဲတွင် ရှေးဟောင်းကျောက်စာ၏အငွေ့အသက်များပါ၀င်နေလေသည်။
ကျိုးဟောင်လည်း အသက်ပြင်းပြင်းရှူသွင်းရင်း မျက်လုံးများကိုမှိတ်ထားလိုက်လေသည်။ စူးရှသောအဖြူရောင်အလင်းတန်းတခုမှာ ပတ်၀န်းကျင်တခုလုံးအားလွှမ်းခြုံပြီး နေရာကူးပြောင်းရေးဖြစ်စဉ်စတင်လေသည်။ ခဏအကြာတွင်ကျိုးဟောင်မှာ သူ၏ဘေးပတ်၀န်ကျင်တခုလုံး ပြောင်းလဲသွားသည်ကိုခံစားလိုက်ရလေသည်။
ကျိုးဟောင်မှာ ရုတ်တရက်မျက်လုံးဖွင့်ကြည့်ဖို့ကြိုးစားသောအခါစူးရှသောအလင်းတန်းကြောင့် ချက်ချင်းမဖွင့်နိုင်ဖြစ်နေလေသည်။ ခဏအကြာလောက်မှ သူ့မျက်လုံးမှာ အသားကျသွားလေသည်။
သူ့အရှေ့ရှိအရာအားလုံးမှာ ပြောင်းလဲနေပြီး အခြားနေရာအသစ်တခုဖြစ်နေလေသည်။ ထိုနေရာမှာ ငှက်များ သစ်ပင်ပန်းမာန်များဖြင့်ပြည့်နှက်နေပြီး ရှေးဟောင်းအငွေ့အသက်များကိုခံစားရလေသည်။
သစ်ပင်များမှာ သူ့တို့ကမ္ဘာထက်ပိုမိုထူပြီး ပတ်၀န်းကျင်အငွေ့အသက်များမှာလည်း သူတို့ကမ္ဘာထက် ပိုမိုလန်းဆန်းစေလေသည်။ဒါ့အပြင်ကောင်းကင်မှာထူးဆန်းနေပြီး နေ၉လုံးအထိရှိလေသည်။
"နေကိုးလုံးတောင်လား...."
ကျိုးဟောင်မှာ သူ့အမြင်များမှားနေသလားတွေးနေမိလေသည်။ စွင်းယွဲ့နှင့်စုရှောင်းဖူတို့၏အံ့ဩနေသောအမူအရာများကိုမြင်တော့မှ သူအမြင်မမှားကြောင်းသိလိုက်ရသည်။
ကျိုးဟောင်မှာ မယုံကြည်နိုင်သောအမူအရာဖြင့် အရာအားလုံးအားတအံ့တဩလိုက်ကြည့်နေလေသည်။
မဝေးသောနေရာတခုတွင် မီတာတရာနီးပါးမြင့်သောကြီးမားသည့်ကျောက်သား၀င်ပေါက်တခုကိုတွေ့ရလေသည်။ ထို၀င်ပေါက်မှာ ထူးဆန်းသောစွမ်းအင်လှိုင်းများထုတ်လွှင့်နေလေသည်။ ထိုဝင်ပေါက်မှာ ဘာမှန်းမသိသော်လည်း မိုရိုတို့၏ပိုင်နက်ကို၀င်ရောက်ရမည့်နေရာဖြစ်မှန်း ကျိုးဟောင်မှန်းဆမိလေသည်။
သူတို့အနေဖြင့်ထိုကျောက်သား၀င်ပေါက်ကြီးမှ တဆင့်ဖြတ်ကျော်၀င်ရောက်ရမည်ဖြစ်ပြီး ထိုအရာကြီး၏နောက်တွင် မိုရိုတို့၏နယ်မြေဖြစ်လေသည်။ ထိုအချိန်မှာပင် ထူးဆန်းသောအဖြူအလင်းတန်းများကျဆင်းလာလေသည်။ ထိုအလင်းတန်းများမှေးမှိန်သွားသောအခါ လူဒါဇင်နှင့်ချီပေါ်လာလေသည်။ဘေးပတ်လည်တွင်လည်း နောက်ထပ် အဖြူရောင်အလင်းတန်း ၇ခု၈ခုလောက်ပေါ်လာလေသည်။
" ကြည့်ရတာသူတို့အားလုံးလည်းနေရာကူးပြောင်းလို့ပြီးပြီဖြစ်မယ်"
ကျိုးဟောင်မှာ ထိုလူများကိုကြည့်ရင်းတွေးနေလေသည်။စုရှောင်းဖူနှင့် စွင်းယွဲ့လည်းထိုလူများကိုတွေ့လေသည်။
"ကျိုးဟောင်နင်သူတို့အားလုံးကိုသတိထားရမယ်နော်။ တခါတလေသူတို့ကြားမှာ မျိုးနွယ်ခြားတွေရဲ့သူလျှိုတွေပါလာတတ်တယ်။ အဲ့လိုအရာတွေမပါရင်တောင်မှ အရှေ့တိုင်းနဲ့အနောက်တိုင်း သိုင်းပညာရှင်တွေက စည်းလုံးမှုမရှိသာ နင်လည်းသိပြီးသားဖြစ်မှာပါ"
စွင်းယွဲ့၏စကားကြောင့်ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်သည်။ လူတွေအများအပြားရှိလာရင် အဃာတများပါလာတတ်သည်ကိုသူကောင်းစွာသဘောပေါက်လေသည်။
"ကျိုးဟောင် ငါရဲ့မိတ်ဆွေတွေနဲ့သွားတွေ့လိုက်ဦးမယ် မိုရိုတွေရဲ့ပိုင်နက်ထဲရောက်ရင် ငါတို့ သူတို့ဆီကကအကူအညီရမယ်လို့မျှော်လင့်ရတာပဲ"
စွင်းယွဲ့ကရုတ်တရက်ပြောလာလေသည်။ ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်ပြီး သူမထွက်သွားသည်ကိုကြည့်နေလေသည်။
" ၀မ့်ရှားလေလံအဖွဲ့ကလူတွေလည်းရောက်လာကြပြီပဲ ငါသူတို့နဲ့တွေ့ဖို့လိုတယ်။ ကျိုးဟောင်သတိထားနော်"
စုရှောင်းဖူလည်း ကျိုးဟောင်အားနှုတ်ဆက်ပြီး ထွက်သွားလေသည်။
သူမတို့နှစ်ယောက်ထွက်သွားပြီးနောက်ကျိုးဟောင်မှာပျင်းလာလေသည်။ ထိုနေရာတွင်လူများစွာရှိသော်လည်း ကျိုးဟောင်တယောက်ကိုမှမသိပေ။ သို့သော်လည်း တယောက်တည်းပါ၀င်လာသူများလည်းရှိပေသည်။ အရှေ့တိုင်းကပဲဖြစ်ဖြစ် အနောက်တိုင်းကပဲဖြစ်ဖြစ် လူတိုင်းက ခပ်ခွာခွာသာနေကြလေသည်။
၀င်ပေါက်ပွင့်ရန်လည်း ရက်အနည်းငယ်လောက်စောင့်ရဦးမည်ဖြစ်လေသည်။ ကျိုးဟောင်မှာ ထိုနေရာအားလှည့်ပတ်ကြည့်ရှုရန်ဆုံးဖြတ်ထားလေသည်။ ထို့ကြောင့် သူသည် ကျောက်သား၀င်ပေါက်နှင့်အနီးတဝိုက်တွင် မနေတော့ပေ။ကျိုးဟောင်ကဲ့သို့တွေးထားကြသူများစွာလည်းရှိလေသည်။ ထိုသူများသည်လည်း ကောင်းကင်ထက်သို့ပျံသန်းထွက်ခွာသွားကြလေသည်။
ကျောက်သား၀င်ပေါက်ကြီးမှာ အလွန်ကြီးမားပြီး မီတာ၅၀အကွာကနေတောင်ရှင်းရှင်းလင်းလင်းမြင်ရလေသည်။ ဒါ့ကြောင့်သူတို့အားလုံး လမ်းပျောက်သွားမည်ကိုမစိုးရိမ်ကြပေ။
ကျိုးဟောင်လည်း တည်နေရာကိုသေချာမှတ်သားပြီးနောက် ခြေဦးတည့်ရာလျှောက်သွားကြည့်လေသည်။ဒီနေရာမှာ အရမ်းအရမ်းကိုကြီးမားပြီး အဆုံးကိုမမြင်ရပေ။ ထိုနေရာမှာ ကမ္ဘာကြီးထဲမှ သီးခြားနေရာတခုမဟုတ်ဘဲ အခြားကမ္ဘာတခုလို့သာ ကျိုးဟောင်ခံစားမိလေသည်။
ထိုနေရာတွင် အခြားသက်ရှိများကို မတွေ့ရဘဲ အပင်များသာရှိလေသည်။ ကျိုးဟောင်မှာ သူသိသောအပင်များစွာကိုလည်း တွေ့ခဲ့ရလေသည်။ ကျိုးဟောင်မှ အပင်များမှနမူနာများကို ရယူပြီး သူ့သိမ်းဆည်းရေးအိတ်ထဲ ထည့်ထားလေသည်။
ညအချိန်သို့ရောက်လာသောအခါ ကျိုးဟောင်မှာနားစရာနေရာတခုကိုရှာဖွေလိုက်ပြီး မီးစမွှေးလိုက်လေသည်။ ဒီတခေါက်သူ့တွင် အလွန်အရသာရှိသော အစားအသောက်များပါလာလေသည်။ အချို့အစားအစာများမှာ အသင့်စားလို့ရပြီး တချို့အစားအစာများကတော့ ချက်ပြုတ်ရန်လိုအပ်လေသည်။
ယခုသူ့တွင်အချိန်ရသောကြောင့် ကြက်တကောင်အားထုတ်ပြီး ကင်ရန်ဆုံးဖြတ်လိုက်လေသည်။
"ငါ စခန်းခရီးမထွက်ဖြစ်တာတောင်အတော်ကြာပြီပဲ။ ဒီတခေါက်အိမ်ပြန်ခွင့်ရရင် အဖေနဲ့အမေကိုခေါ်ပြီး တခါလောက်သွားရမယ်"
ကျိုးဟောင်ကစဉ်းစားရင်းကြက်အားကင်နေလေသည်။သို့သော်လည်း ထိုအချိန်တွင် ထူးဆန်းသောလေတချက်တိုက်ခတ်ကိုခံစားလိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သောအခါ မှင်တက်သွားရလေသည်။သူ့ဘေးနားတွင် လူတယောက်ကလာထိုင်နေလေသည်။ ရှင်းရှင်းလင်းလင်းပြောရရင် လူအိုကြီးတယောက်ဖြစ်နေလေသည်။
ကျိုးဟောင်မှာ ကြက်အားကင်နေသော်လည်း ဘေးပတ်၀န်းကျင်ရှိအငွေ့အသက်များကို အာရုံစိုက်ထားလေသည်။ ဒါ့အပြင်သူ၏စိတ်စွမ်းအင်ကိုလည်း ဘေးပတ်၀န်းကျင်သို့ဖြန့်ကျက်ထားလေသည်။ သို့သော်ထိုလူအိုကြီးကိုတော့ အာရုံမခံမိလိုက်ပေ။
ထိုအချင်းအရာကြောင့် ကျိုးဟောင်မှာအနည်းငယ်အံ့ဩသွားလေသည်။
"အမ် လူအိုကြီးတယောက်ပါလား...."
ကျိုးဟောင်မှာ စိတ်လှုပ်ရှားသွားလေသည်။ ဒီနေရာအား ၀င်ရောက်နိုင်သည့်သူများမှာ ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်အောက်ပညာရှင်များသာဖြစ်လေသည်။ထိုအဆင့်အောက်ပညာရှင်များဆိုပါက ကျိုးဟောင်၏အာရုံခံစနစ်အားရှောင်လွှဲနိုင်မည်မဟုတ်ပေ။သို့သော် ဒီပုဂ္ဂိုလ်ကရှောင်ရှားပြခဲ့လေပြီ။
သူ့သည် ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ထက်ပိုသောပညာရှင်ဖြစ်နေသလား ဒါမှမဟုတ် သူ့အာရုံခံစနစ်အားရှောင်ရှားနိုင်သည့်နည်းစနစ်ခုခုများအသုံးပြုခဲ့လေသလား။
ကျိုးဟောင်မှာ ထိုလူအိုကြီးအားစိတ်လှုပ်ရှားစွာကြည့်နေလေသည်။ သို့သော်ထိုလူကြီးက သူ၏ ကြက်ကင်ကိုသာကြည့်နေပြီး တံတွေးများမြိုချနေလေသည်။
"ခင်ဗျားစားချင်လို့လား"
ကျိုးဟောင်မှာ ခဏလောက်အံ့ဩသွားပြီးနောက် သူ၏ကြက်ကင်တခြမ်းအားပေးလိုက်လေသည်။
လူအိုကြီးက ကြက်ကင်တခြမ်းကိုလှမ်းယူလိုက်ပြီး အရိုးပါမကျန်အောင် အငမ်းမရစားသောက်နေလေသည်။ ထိုမြင်ကွင်းကြောင့် ကျိုးဟောင်၏စိတ်ထဲတွင် ရယ်စရာကောင်းသောအတွေးတခုပေါ်လာလေသည်။
....................................................................................
အခန်း(၅၀၃)ပြီးပါပြီ။
အခန်း (၅၀၄) : ဥ
ထိုရယ်စရာအတွေးကြောင့်ကျိုးဟောင်တယောက်သက်ပြင်းချလိုက်မိလေသည်။ ကျိုးဟောင်မှာထိုလူအိုကြီးအား စိုးရိမ်စိတ်ဖြင့်သေချာကြည့်နေလေသည်။ ထိုလူအိုကြီး၏အသွင်အပြင်မှာစုတ်ပြတ်နေပြီး သူတို့အပြင်ကမ္ဘာမှ သိုင်းပညာရှင်နှင့်မတူပေ။
သူတို့ရောက်သည်မှာ ရက်ပိုင်းလောက်သာရှိသေးပြီး ဘယ်သိုင်းပညာရှင်မှ ဒီလောက်စုတ်ပြတ်ပြီးဆာလောင်နေမည်မဟုတ်ပေ။ ဒါ့အပြင်ထိုလူအိုကြီး၏ကျင့်ကြံဆင့်မှာ ဖုံးကွယ်ထားသောကြောင့် သူ့အနေဖြင့်အာရုံခံကြည့်လို့မရသေးပေ။ တဖက်လူက ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်အထက်ပညာရှင်ဆိုရင်တောင်မှ သူ့အနေဖြင့်ခံစားလို့ရနိုင်သေးပေသည်။
သို့သော် လေအေးတချက်သာ မတိုက်ခတ်ခဲ့ပါက ကျိုးဟောင်အနေဖြင့်ထိုလူအိုကြီးရောက်လာသည်ကိုတောင်သိလိုက်နိုင်မည်မဟုတ်ပေ။ကျိုးဟောင်မှာ ထိုလူအိုကြီးအားသေချာကြည့်နေရင်း မနာလိုမှုနှင့် အန္တရာယ်များသောခံစားချက်ကိုစိတ်ထဲ၌ခံစားနေရလေသည်။
လူအိုကြီးမှာ ကြက်ကင်တခြမ်းအား အငမ်းမရစားလိုက်ပြီး လျင်မြန်စွာကုန်သွားလေသည်။ ထို့နောက် ကျိုးဟောင်လက်ထဲရှိနောက်ထပ်တခြမ်းအားစိုက်ကြည့်နေလေသည်။
ကျိုးဟောင်လည်း ချက်ချင်းပင် နောက်ထပ်တခြမ်းအားကမ်းပေးလိုက်လေသည်။ လူအိုကြီးမှာလည်းနောက်ထပ်ရောက်လာသောကြက်ကင်တခြမ်းအား ရာစုနှစ်တခုစာလောက် ငတ်ပြတ်နေသောလူကဲ့သို့အငမ်းမရစားလိုက်လေသည်။
သို့သော်လည်း သူစားသောက်လို့ပြီးသောအခါ ထိုလူအိုကြီး လေချဉ်တက်ပြီးအေးဆေးဖြစ်သွားသောအမူအရာမျိုးပြောင်းသွားလေသည်။ ထို့နောက်ကျိုးဟောင်း ပြုံးဖြဲဖြဲနှင့်ကြည့်ကာ ပြောလိုက်လေသည်။
"ကျေးဇူး... ကျေးဇူး... ကျေးဇူး...."
လူအိုကြီးမှာ ထိုစကား၃ခွန်းအား အတော်အားယူပြီးပြောကာ ပြုံးပြလေသည်။ ကြက်ကင်တကောင်လုံးစားလိုက်ရသောကြောင့်ပျော်ရွှင်နေပုံရလေသည်။
ကျိုးဟောင်မှာ ထိုလူအိုကြီးကိုကြည့်ပြီးစိတ်သက်သာရာရသွားလေသည်။ ထိုလူကြီးက သူ့အားအန္တရာယ်ပေးမည့်ပုံမပေါ်ပေ။
ကျိုးဟောင်လည်း အနည်းငယ်စိတ်ရဲလာပြီး ထိုလူအိုကြီးအားမေးလိုက်လေသည်။
"စီနီယာကြီးကဒီနေရာမှာ နေတဲ့သူလား"
"မင်း ဘယ်...ဘယ်လိုထင်လဲ"
လူအိုကြီးကကျိုးဟောင်အားပြုံးပြီးကြည့်ကာ ပြန်ပြောလေသည်။
"ကျွန်တော်ကတော့ ဒီနေရာကလူတို့ထင်ပါတယ်...."
လူအိုကြီးက ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်အားငေးကြည့်နေလေသည်။ သူသက်ပြင်းချလိုက်ပြီး သူ့အကြည့်တွင် မရေရာမှုများဖြင့်ပြည့်နှက်နေလေသည်။
"ပြောင်းလဲသွားပြီ အရာအားလုံးပြောင်းလဲသွားပြီ။ မှားယွင်းနေပြီ .... အကုန်မှားယွင်းနေပြီ။ ဒီနေရာက နမိတ်မကောင်းတဲ့အရပ်ပဲ မင်း... မင်းမလာသင့်ဘူး"
"အတိတ်မှာဘာ....ဘာတွေဖြစ်ခဲ့လဲ ငါ...ငါမမှတ်မိတော့ဘူး။ ငါ... ငါဘယ်သူလဲ ဘယ်...ဘယ်ရောက်နေတာလဲ"
လူအိုကြီးမှာပြောနေရင်း စိတ်လှုပ်ရှားလာလေသည်။ ကျိုးဟောင်လည်း ထိုအချင်းအရာကိုမြင်သောအခါ မျက်မှောက်ကြုတ်လိုက်မိလေသည်။ နောက်စက္ကန့်အနည်းငယ်အကြာတွင် လူအိုကြီးမှာလေထုထဲရုတ်တရက်ပျံတက်သွားလေသည်။
ထိုလူအိုကြီးမှာ စိတ်မမှန်ပုံရပြီး ပြောနေသမျှကလည်း အချိတ်အဆက်မရှိဖြစ်နေလေသည်။ကျိုးဟောင်လည်း စိုးရိမ်သွားပြီး နောက်ကနေ ပျံသန်းလိုက်သွားလေသည်။
သို့သော် ထိုလူအိုကြီးမှာ လေထုထဲတွင် အလွန်လျင်မြန်လေသည်။ သူသည် ပျံသန်းနေခြင်းမဟုတ်ဘဲ လေထဲတွင်လမ်းလျှောက်နေခြင်းဖြစ်လေသည်။
သူခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်းကီလိုမီတာ တဒါဇင်လောက်အထိရောက်သွားလေသည်။ ထိုအမြန်နှုန်းမှာ တကယ့်ကိုကြောက်စရာပင်ဖြစ်သည်။
ကျိုးဟောင်မှာ လူအိုကြီး၏ထူးဆန်းသောခြေလှမ်းများနှင့် အမြန်နှုန်းကြောင့်တုန်လှုပ်နေလေသည်။
"ဒီအမြန်နှုန်းက..."
ကျိုးဟောင်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေပြီး အနောက်ကအမြန်လိုက်လာရလေသည်။သို့သော်လည်း သူ့အမြန်နှုန်းမှာ လူအိုကြီးနှင့်မယှဉ်နိုင်ဘဲ ကြည့်နေရင်းဝေးသထက်ဝေးသွားလေသည်။
ကျိုးဟောင်လည်း သက်ပြင်းချလိုက်ကာ ထိုလူအိုကြီးနောက်လိုက်ခြင်းကိုလက်လျော့လိုက်ပြီး သူစခန်းချရာနေရာသို့ပြန်လာလေသည်။
သို့သော်လည်း သူပြန်ရောက်လာသောအခါ လူအိုကြီးမှာ ထိုနေရာတွင် ပြန်ရောက်နေသည်ကိုမြင်လိုက်သောကြောင့်မှင်တက်သွားလေသည်။သူ့လက်ထဲတွင်ဥတလုံးအားကိုင်ဆောင်ထားလေသည်။ ထိုဥကြီးမှာ အလွန်ကြီးမားပြီး ထူးဆန်းလှပေသည်။
ကျိုးဟောင်လည်း အလျင်အမြန်အနားသို့သွားပြီးပြောလိုက်လေသည်။
"စီနီယာ..."
"ရှူး......"
လူအိုကြီးက တိုးတိုးနေဖို့အမူအရာဖြင့်လုပ်ပြကာ ထိုဥကြီးအားထိုးပြရင်းတိုးတိုးလေးပြောလာလေသည်။
" ကောင်လေး .....ငါ ....အစားမစားရတာအတော်ကြာခဲ့ပြီ ဒါပေမဲ့ မင်းဆီက အလကားတော့မစားချင်ဘူး။ ဒီဥကြီးကမင်းအတွက်ပဲ"
လူအိုကြီးကပြောရင်းဥကြီးအားမြေပေါ်သို့ချလိုက်လေသည်။ နောက်စက္ကန့်အနည်းငယ်အကြာတွင် လူအိုကြီးကရုတ်တရက်ထတိုက်ခိုက်လေသည်။ ကျိုးဟောင်မှာ သူ၏လှုပ်ရှားမှုများကို မဖတ်နိုင်ခင်မှာပဲ သူ့လက်၌ ရှရာတခုဖြစ်ပြီး ဥပေါ်သို့သွေးများကျသွားလေသည်။
ရုတ်တရက်ကျိုးဟောင်ရင်ဘတ်ထဲ၌ထူးဆန်းသောခံစားချက်တခုခံစားလိုက်ရလေသည်။ ထိုသို့လုပ်ပြီးနောက်လူအိုကြီးကပြောလာလေသည်။
"ဒီဥကမင်းအပိုင်ပဲ"
ကျိုးဟောင်ကဥအား နည်းမလည်နိုင်သည့်ပုံဖြင့်ကြည့်နေလေသည်။ လူအိုကြီးက ဘာကြောင့်ဒီလိုလုပ်မှန်း သူနားမလည်နိုင်ဖြစ်နေလေသည်။
သူ့သွေးကို ထိုဥကြီးအား ကျွေးခဲ့လေခြင်းလား..
ထိုဥထဲတွင်ဘာရှိနေသလဲ။ ရုပ်ရှင်ကားများထဲကလို ထိုဥထဲမှာ ဂြိုလ်သားတကောင်ပေါ်ထွက်လာမည်ကိုကျိုးဟောင်စိုးရိမ်နေလေသည်။
"စီ...စီနီယာအထဲမှာဘာရှိတာလဲ"
ကျိုးဟောင်က မနေနနိုင်တော့ဘဲမေးလိုက်လေသည်။ လူအိုကြီးက ကျိုးဟောင်အားကြည့်ကာ အသက်ပြင်းပြင်းရှူရင်းပြောလိုက်လေသည်။
"နတ်ဘုရားတစ်ပါး"
ထိုစကားကြောင့် ကျိုးဟောင်တုန်လှုပ်သွားလေသည်။
"စီနီယာ ကျုပ်ကိုမနောက်ပါနဲ့ ဒီလောကကြီးထဲမှာ နတ်ဘုရားရှိပါ့ဦးမလား"
ကျိုးဟောင်မှာ ဘာသာမဲ့တဦးဖြစ်လေသည်။ သူ့အနေဖြင့် စစ်နတ်ဘုရားဆိုသည့်အရာများကိုကြားခဲ့ဖူးသော်လည်း ဒါတွေက ဂုဏ်ဘွဲ့တခုသာဖြစ်လေသည်။ ကျိုးဟောင်၏အသိထဲတွင် နတ်ဘုရားဆိုသည့်အသွင်အပြင်မှာ ကျောက်စိမ်းဧကရာဇ် (သိကြားမင်း) နှင့် ဗုဒ္ဓတို့လိုသာဖြစ်ရမည်လို့သိထားလေသည်။
ထိုကဲ့သို့ပုဂ္ဂိုလ်များက တကယ့်လောကထဲတွင် ဘယ်ရှိနိုင်ပါမည်နည်း။
"ငါပြောတဲ့နတ်ဘုရားကမင်းသိတဲ့နတ်ဘုရားတွေကိုပြောတာမဟုတ်ဘူး ဒါက ဝိညာဉ်ကိုယ်ခန္ဓာအမျိုးအစားတခုပဲ။ ဒီလောကရဲ့ အဓိကလျှို့ဝှက်ချက်တခုလည်းဖြစ်တယ်။ အတိတ်တုန်းကငါတို့လူအင်အား၁၀၀လောက်က ဒီဥကိုလာရှာခဲ့ကြတာ။ ငါ့အဖော်တွေတယောက်ပြီးတယောက်သေကုန်ပြီး ဘယ်သူမှ ဒီဥကိုမရှာနိုင်ခဲ့ကြဘူး။ ငါတယောက်ပဲရှာတွေ့နိုင်ခဲ့တာ...."
လူအိုကြီး၏စကားကြောင့်ကျိုးဟောင်မှာ အံ့ဩသွားပြီးမေးလိုက်လေသည်။
" ခင်ဗျားစကားအရဆို ခင်ဗျားက ဒီကမ္ဘာကမဟုတ်ဘူးပေါ့ ဒါဆို ခင်ဗျားကဟွာရှားကလား"
"မင်းပြောသလိုပဲ ငါကမင်းနဲ့ကမ္ဘာအတူတူပါပဲ ဒါပေမဲ့ ငါဒီရောက်နေတာ ဘယ်လောက်ကြာနေပြီမှန်းမမှတ်မိတော့ဘူး။ နှစ်တွေတဖြေးဖြေးကြာလာတော့ငါပင်ပန်းလာပြီ။ ငါရဲ့ပြင်းပြတဲ့ရှင်သန်လိုစိတ်ကြောင့်သာမဟုတ်ရင် ငါသေတာကြာလှနေပြီ"
"ဒီဥက မိုရိုလူမျိုးတွေရဲ့အရိုအသေထားရတဲ့ပစ္စည်းတခုပဲ။ အဲ့တာဘာလဲဆိုတာလောက်ငါသိတယ် ကျန်တာတော့သေချာမသိဘူး။ ဒီဥကအရမ်းထူးဆန်းတာကြောင့် ငါအတိအကျပြောဖို့ခက်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းထဲမှာ အဲ့ဥရဲ့နှလုံးခုန်သံကအရမ်းမြန်လာတာကြောင့် မကြာခင်မှာ ပေါက်ဖွားလာတော့မယ်ထင်တယ်"
လူအိုကြီးက သူ့စကားဆုံးသောအခါ ကျိုးဟောင်အားကြည့်လိုက်လေသည်။
"မင်းငါ့အတွက် စိုးရိမ်နေဖို့မလိုပါဘူး ငါ့သွေးမျိုးရိုးက အတော်ကုန်ခမ်းနေပါပြီ။ တကယ်လို့ ငါအပြင်ပြန်ရောက်သွားရင်လည်း သေချာပေါက်သေမှာပဲ။ ပြီးတော့ ဒီနေရာမှာ အကြာကြီးနေခဲ့ရတာကြောင့် ဒီနေရာအပေါ်သံယောဇဉ်ရှိနေပြီ ငါပြန်မသွားချင်တော့ဘူး"
"ပြောရရင် မိုရိုလူမျိုးစုက စိတ်စွမ်းအားကိုအဓိကထားတဲ့လူမျိုးစုပဲ။ သူတို့ရဲ့အမွေကိုဆက်ခံဖို့ဆို စိတ်ခွန်အားကြီးဖို့လိုတယ် ဒီဥက မင်းကိုကူညီနိုင်လိမ့်မယ်။ ဒါ့ကြောင့် ငါမင်းကို ဒီဥကိုလက်ဆောင်အဖြစ်ပေးလိုက်မယ်။ မင်းသူ့အပေါ်ကို သွေးအစက်ချပေးနေသရွေ့ ဥကိုမင်းကိုသူ့သခင်အဖြစ်မှတ်မိနေလိမ့်မယ်"
"ဒါ့ကြောင့်စောနက ငါမင်းကို အဲ့လိုတိုက်ခိုက်ရတာပဲ။ အခု ဥကမင်းအပိုင်ဖြစ်သွားပြီ မင်းကသူ့သခင်ပဲ"
ထိုစကားကြောင့် ကျိုးဟောင်မှာ အံ့ဩသွားပြီး လူအိုကြီးအား ထူးဆန်းစွာကြည့်နေမိလေသည်။
....................................................................................
အခန်း(၅၀၄)ပြီးပါပြီ။