အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အခန်း (၅၀၈) : စိတ်ကျန်းမာရေးဆရာ
ကျိုးဟောင်ထိတ်လန့်သွားရသည်မှာ ဤကိစ္စအကြောင်းသိသူများများစားစားမရှိသော်ငြား ဤဖားမှာတော့တကယ်ပင်သိနေပေသည်။ ဤဖားသည်မည်မျှစွမ်းအားကြီးကြောင်းသိနိုင်ပေသည်။
မူလကကျိူးဟောင်သည် ဤဖားအားကြွားဝါတတ်သောဝိဉာဉ်သားရဲတစ်ကောင်ဟုသာမှတ်ယူခဲ့သော်ငြား ယခုတွင် သူပြောသည့်အတိုင်းမှန်ပုံပင်။
ကျိုးဟောင်မှာတည်ငြိမ်ဟန်ဆောင်ပြီးထပ်မေးလိုက်သည်။
"သူမူလကျောက်စာကိုသိတယ်ဆိုတာ ခင်ဗျားသိလား"
ဖားမှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးရင်းပြောလိုက်သည်။
"သေချာတာပေါ့ သူမူလကျောက်စာစွမ်းအားကိုရှာဖို့ကူညီခဲ့တဲ့လူကငါပဲ ဒါနဲ့ မင်းမသိလောက်ဘူး မိုရိုမျိုးနွယ်စုက မူလကျောက်စာနဲ့အတော်လေးပတ်သက်နေတယ် ငါအမြဲတမ်းခံစားနေရတာ ဒီမိုရိုမျိုးနွယ်စုက ဝိဉာဉ်မျိုးနွယ်စုရဲ့မျိုးဆက်ဖြစ်ပြီး သူတို့ရဲ့သွေးမျိုးဆက်ကိုအမွေဆက်ခံထားတယ်လို့ ခံစားနေရတယ်"
ကျိုးဟောင်မှာကြားနေရသောစကားအားယုံတောင်မယုံဝံ့ပေ။ ဤဖားထံမှဤကဲ့သို့သောစကားမျိုးထွက်လာသည်ဆိုပါက ထိုစကားသည်အလိမ်အညာမဟုတ်လောက်ပေ။
"ကောင်းပြီ ဒီကိစ္စကိုမပြောတော့ဘူး မင်းဒီမိုရိုမျိုးနွယ်စုရဲ့ပိုင်နက်ကိုလုံးဝနားမလည်ဘူး ဒီလိုလုပ် ငါမင်းကိုနေရာကောင်းတစ်ခုကိုခေါ်သွားပေးမယ် ဘယ်လိုလဲ"
ဖား၏စကားအားကြားသောအခါ ကျိုးဟောင်မှာအတော်လေးမယုံကြည်ရသလိုခံစားလိုက်ရပေသည်။
"ဘယ်ကိုလဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"မိုရိုမျိုးနွယ်စုရဲ့ စိတ်စွမ်းအားသင်္ချိုင်း"
ဖားမှချက်ချင်းပြောလိုက်သည်။
"စိတ်စွမ်းအားသင်္ချိုင်းက ဘာကြီးလဲ"
ဤနေရာအကြောင်း ကျိုးဟောင်သေချာမသိသော်ငြား နာမည်ကြားရုံဖြင့်အနည်းငယ်ကျောချမ်းစရာကောင်းသလိုခံစားရပေသည်။
"ဒါပေါ့ သင်္ချိုင်းပဲ ဒါပေမဲ့မိုရိုမျိုးနွယ်စူကလူတစ်ယောက်သေသွားရင် သူတို့ခန္ဓာကိုယ်က လောင်ကျွမ်းသွားတာ စိတ်စွမ်းအားကတော့ ထိန်းသိမ်းခံထားရပြီးစိတ်စွမ်းအားသင်္ချိုင်းထဲမှာမြှုပ်နှံခံထားရတာ ပြီးတော့ဒီစိတ်စွမ်းအားသင်္ချိုင်းမှာ အားကောင်းတဲ့စိတ်စွမ်းအားဆရာအချို့ရဲ့ စိတ်စွမ်းအားတွေကိုထိန်းသိမ်းပေးထားနိုင်တဲ့ အထူးသံလိုက်စက်ကွင်းတစ်ခုရှိတယ် အဲဒါကိုထာဝရအသက်လို့လည်းခေါ်တယ်"
ကျိုးဟောင်မှာယခုလိုအရာမျိုးတည်ရှိနေလိမ့်မည်ဟုတစ်ခါမှမတွေးထားခဲ့ဖူးပေ။ တကယ်ပင်အလွန်ထူးဆန်းလှပေသည်။
ထာဝရအသက်ဟူသော ဤနာမည်မှာကြားရုံဖြင့်လက်ခံချင်ဖွယ်ရာမရှိပေ။
"ဟမ့် ကောင်စုတ်လေး ဒီလောကကြီးမှာမင်းမမြင်ဖူးတာတွေအများကြီးရှိသေးတယ် သစ်ရွက်တိုင်းကသီးခြားကမ္ဘာဖြစ်နေတဲ့ကြယ်စနစ်တစ်ခုစာအရွယ်အစားရှိတဲ့သစ်ပင်ကိုမြင်ဖူးလား"
"စီးဆင်းနေတဲ့ကြယ်ပင်လယ်ကိုရောမြင်ဖူးလား အထဲကဘယ်ကြယ်မှာမဆို စကြဝဠာအဆင့်သခင်ကြီးတစ်ယောက်နဲ့နှိုင်းယှဉ်လို့ရတဲ့ အမှီအခိုကင်းဘဝပုံစံစွမ်းအားရှိတယ်"
"အားလုံးကိုဝါးမျိုနိုင်ပြီးဒီလောကနဲ့ လုံးဝမတူတဲ့လောကကိုခေါ်သွားပေးနိုင်တဲ့ တွင်းနက်ကြီးကိုရောမြင်ဖူးလား"
"ဒီစကြဝဠာကြီးမှာလိပ်ပြာအကြီးကြီးရှိတာရောသိလား တကယ်လို့ဒီလိပ်ပြာတောင်ပံတစ်ချက်ခတ်လိုက်ရင်နဂါးငွေ့တန်းတစ်ခုလုံးပျက်စီးသွားမှာ သူကနဂါးငွေ့တန်းတွေကိုလည်းဖန်တီးနိုင်တယ် ပြီးတော့ဒါကိုလည်းခေတ်ပေါင်း ၁၀၀မှ တစ်ကြိမ်လုပ်တာ"
ကျိုးဟောင်မှာဤဖြစ်ရပ်များအား စိတ်ကူးယဉ်ဝတ္ထုနှင့် ရုပ်ရှင်များတွင်သာမြင်ဖူးခဲ့ပေသည်။
"အံ့ဩနေပြီလား အံ့ဩနေပြီလား ကလေးမင်းလျှောက်ရမဲ့လမ်းကအရှည်ကြီးကျန်သေးတယ် ပြီးတော့ဒီအရာတွေဆိုတာမင်းအချိန်မရွေးကြုံတွေ့နိုင်တာတွေမဟုတ်ဘူး ဒါပေမဲ့ခုမင်းဘေးမှာငါရှိနေပြီဆိုတော့ အဲဒီဟာတွေကို ဒီတစ်နေ့တည်းနဲ့မြင်ရအောင်ခေါ်သွားပေးမယ်"
ဖားမှာကျိုးဟောင်၏ခေါင်းအားပုတ်ကာ စိတ်အားထက်သန်စွာပြောလိုက်သည်။
ကျိုးဟောင်မှာအံ့ဩနေသော်ငြား ထပ်မေးလာခဲ့သည်။
"ခင်ဗျားဒီလိုပြောတယ်ဆိုမှတော့ စိတ်စွမ်းအားသင်္ချိုင်းထဲမှာ ကောင်းတာတစ်ခုခုရှိရမယ် သွားစို့"
ဖားမှာဦးတည်ရာရှာပြီးထွက်ခွာသွားသည်နှင့် ကျိုးဟောင်သည်လည်းနောက်မှလိုက်ပါသွားခဲ့သည်။ လမ်းတွင်ဖားမှရှင်းပြလာခဲ့သည်။
"ငါစိတ်စွမ်းအားသင်္ချိုင်းကို တစ်ခါရောက်ဖူးတယ် အဲဒီအဘိုးကြီးတွေကအားလုံးစွမ်းအားကြီးပြီးချမ်းသာတဲ့လူတွေကြီးပဲ တကယ်လို့ငါတို့ဘက်ကပစ္စည်းကောင်းတစ်ခုခုထုတ်ပြနိုင်ရင် သူတို့နဲ့လဲလို့ရလောက်တယ်"
"ဟမ် ဘာပြောတာလဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"မိုရိုမျိုးနွယ်ရဲ့စိတ်စွမ်းအားသင်္ချိုင်းမှာ အရင်ကတည်းကအလုပ်လုပ်ခဲ့တဲ့ အထူးကျွမ်းကျင်သူတွေရှိတယ် သူတို့ကိုစိတ်ကျန်းမာရေးဆရာလို့ခေါ်တယ် ဒီလူတွေရဲ့အဓိကတာဝန်က စိတ်စွမ်းအားဆရာတွေရဲ့ စိတ်အခြေအနေကိုဂရုစိုက်ပေးရတာ ဒါပေမဲ့ဒီစိတ်ကျန်းမာရေးဆရာဆိုတာ ပေါ့သေးသေးတော့မဟုတ်ဘူး ဒီစိတ်ကျန်းမာရေးဆရာတွေက စိတ်စွမ်းအားဆရာတွေရဲ့စိတ်စွမ်းအားကို ပြန်ဖြည့်ပေးပြီးတိုင်း သူတို့ကိုပိုက်ဆံပေးရတယ် အဲဒါကြောင့်ငါတို့ဒီနေ့ စိတ်ကျန်းမာရေးဆရာတွေလိုဟန်ဆောင်ကြမယ်"
ထိုစကားအားနားထောင်ပြီးကျိုးဟောင်မှာရှုပ်ထွေးသွားခဲ့သည်။ ဖားပြောသမျှစကားများအားသူတစ်ခုမှမသိပေ။
"ဘယ်လိုလုပ်မှာလဲ"
ကျိုးဟောင်မှချက်ချင်းမေးလိုက်သည်။
"ဘာမှမလုပ်နဲ့ ငါ့ကိုသာလွှဲထားလိုက်"
အပြောနှင့်အတူဖားမှာချက်ချင်းပင်အနီရောင်ဝတ်ရုံအားဖြဲကာ ဂျယ်လီဖြူအားထုတ်လိုက်သည်။
"မြန်မြန်ပြောင်းတော့"
ဂျယ်လီဖြူမှာထိုစကားအားကြားသောအခါ ချက်ချင်းပင်အော်ဟစ်လာသည်။
"မကောင်းတဲ့ဟာ တကယ်ကြီးအဲဒီအရှက်မရှိတဲ့ကိစ္စကိုထပ်လုပ်ချင်ပြန်ပြီလား မင်း...မင်း..."
"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ မြန်မြန်ပြောင်း မဟုတ်ရင်ငါမင်းကိုခန္ဓာကိုယ်ထွားထွားနဲ့လူအုပ်ကြားထဲပစ်ထည့်ပစ်မှာ"
ဖားမှာချက်ချင်းပင်ခြိမ်းခြောက်လိုက်သည်။
ဂျယ်လီဖြူမှာထိုစကားအားကြားသောအခါ ချက်ချင်းပင်လန့်သွားခဲ့သည်။ ထို့နောက်စကားတစ်ခွန်းမှမဆိုဘဲ ချက်ချင်းပင်လူသားပုံစံချပ်ဝတ်အဖြစ်ပြောင်းသွားခဲ့ပြီး ပုံစံမှာအလွန်လက်ရာမြောက်လှပေသည်။
"ဒါကစိတ်ကျန်းမာရေးဆရာတစ်ယောက်ရဲ့ဝတ်စုံပဲ တကယ်လို့ငါတို့ဟန်ဆောင်ချင်တယ်ဆို ပီပြင်အောင်လုပ်ရမှာပဲ"
စကားဆုံးသည်နှင့်ကျိုးဟောင်အားချပ်ဝတ်ထဲဝင်စေသည်။ မူလကအရမ်းလေးမည်ဟုထင်ခဲ့သောကျိုးဟောင်မှာဝင်လ်ုက်ပြီးနောက် အလွန်ပေါ့ပါးနေသည်ကိုခံစားလိုက်ရပေသည်။
"ခဏနေလို့အဲဒီကိုရောက်ရင် စကားတစ်ခွန်းမှမပြောနဲ့ ငါပဲကိုင်တွယ်မယ် မင်းကငါခိုင်းတဲ့အတိုင်းလုပ်နေသရွေ့ အဆင်ပြေမှာပဲ သဘောပေါက်လား"
ဖားကညွှန်ကြားပြီးသည်နှင့်ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီး သိပ်မကြာမီထူးဆန်းသောနေရာတစ်ခုသို့ရောက်လာခဲ့ကြသည်။
မိုရိုမျိုးနွယ်၏စိတ်စွမ်းအားလောက၏နေရာတိုင်းမှာအလွန်စိတ်ကူးယဉ်ဆန်လှပေသည်။ ထိုအချိန်တွင်ကျိုးဟောင်တို့မှာ တြိဂံပုံအဆောက်အဦးတစ်ခုသို့ရောက်လာခဲ့ပြီး ကျိုးဟောင်မှာဘာလုပ်ရမှန်းမသိပေ။
"မကြောက်နဲ့ မင်းတံခါးမှာဆင်းလိုက် အဲဒီမှာစစ်ဆေးတဲ့ကိရိယာရှိလိမ့်မယ် စိတ်ချဒီနတ်ဘုရားမြေဆီလွှာပညာရှင်က ဘယ်လိုအငွေ့အသက်မျိုးမဆိုဖန်တီးနိုင်ပြီး အသိအာရုံတွေအားလုံးကိုရှုပ်ထွေးအောင်လုပ်နိုင်တယ် အခုမင်းကစိတ်ကျန်းမာရေးဆရာပဲစိတ်ချ"
ဖား၏အသံအားကျိုးဟောင်၏ခေါင်းထဲ၌ကြားလိုက်ရသည်။ ကျိုးဟောင်သည်လည်းအားတင်းကာ အဆောက်အဦးဆီလမ်းလျှောက်သွားလိုက်သည်။
ချက်ချင်းပင် အဆောက်အဦးမှအလင်းတန်းတစ်ခုထွက်လာပြီး ကျိုးဟောင်အပေါ်ကျရောက်လာခဲ့သည်။ ထို့နောက် စနစ်၏အသံထွက်ပေါ်လာခဲ့သည်။
"လေးစားရပါသောစိတ်ကျန်းမာရေးဆရာ ကျေးဇူးပြုပြီးဝင်ပါ"
အသံနှင့်အတူအဆောက်အဦးတွင်အပေါက်တစ်ခုပေါ်လာပြီး သံပြားကဲ့သို့သောအရာတစ်ခုပျံထွက်လာခဲ့သည်။
"အဲဒီပေါ်တက်ရပ်လိုက် ငါတို့ကိုခေါ်သွားပေလိမ့်မယ်"
ဖားမှပြောလိုက်သည်။
ကျိုးဟောင်မှာခိုင်းသည့်အတိုင်းလုပ်လိုက်သည်။ အပေါ်တက်လိုက်သည်နှင့် ချက်ချင်းပင်အလင်းအကာအကွယ်တစ်ခုဖြစ်ပေါ်လာပြီး ကျိုးဟောင်တို့အားအထဲသို့ခေါ်ဆောင်သွားခဲ့သည်။
ဝင်သွားပြီးနောက်ပတ်ဝန်းကျင်မှာမဲမှောင်သွားခဲ့သည်။ ကျိုးဟောင်တွေဝေနေသည့်အချိန်မှာပင် ရှေ့တွင်ဖန်သားပြင်တစ်ခုပေါ်လာခဲ့ပြီး အချက်အလက်များစွာပေါ်လာခဲ့သည်။
မိုရိုမျိုးနွယ်၏ ၇ယောက်မြောက်အကြီးအကဲ၊ မိုသုန်းယန် စိတ်အခြေအနေ ၃၀ ရာခိုင်နှုန်း
မိုရိုမျိုးနွယ်တတိယမျိုးဆက် စစ်ရေးသတင်းအဖွဲ့၏ လက်ထောက်စစ်သေနာပတိ မော့ဟိုင်ရွေ့ ၊ စိတ်အခြေအနေ ၁၇ ရာခိုင်နှုန်း
မိုရိုမျိုးနွယ်ပဥ္စမမျိုးဆက်လုံခြုံရေးအဖွဲ့ခေါင်းဆောင်၊ မော့လုံ စိတ်အခြေအနေ ၂၁ ရာခိုင်နှုန်း
မျက်နှာပြင်တွင်နာမည်ပေါင်းများစွာအားပြသထားပြီး စိတ်အခြေအနေ ရာခိုင်နှုန်းများဖြင့်ဖော်ပြထားပေသည်။
ကျိုးဟောင်မှာနားမလည်သော်ငြား ရာခိုင်နှုန်းနည်းသူများ၏အခြေအနေမှာ ပိုမိုဆိုးဝါးမည်ဟုခန့်မှန်းနိုင်ပေသည်။
ဤလူများမှာ သေချာပေါက်သေမည့်လူများဖြစ်မည်မှာပြောနေစရာပင်မလိုပေ။
"လေးစားရပါသောစိတ်ကျန်းမာရေးဆရာ ကျေးဇူးပြုနောက်ထပ်လူနာကိုရွေးချယ်ပေးပါ"
....................................................................................
အခန်း (၅၀၈) ပြီးပါပြီ။
အခန်း (၅၀၉) : အလွန်ဉာဏ်များခြင်း
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ အလောတကြီးမလှုပ်ရှားဘဲ ဖား၏စီမံမှုအားနားထောင်လိုက်သည်။
တကယ်ပင်ဖားမှစကားပြောလာခဲ့သည်။
"ငါတို့ဒီကနေ လူ ၆ ယောက်ရွေးလို့ရတယ် မှတ်ထား ၆ ယောက်ပဲဖြစ်ရမယ် တကယ်လို့အများကြီးရွေးလိုက်ရင် ပြဿနာတွေများလာလိမ့်မယ် ငါတို့ပိုက်ဆံချမ်းသာပြီး စိတ်စွမ်းအားအားနည်းတဲ့လူကိုရွေးလိုက်ရင်ရပြီ ၃၀ ရာခိုင်နှုန်းရှိတဲ့လူတွေက တောင့်ခံနိုင်သေးတယ်ဆိုတော့ ငါတို့ရဲ့တောင်းဆိုမှုကိုအလွယ်တကူလိုက်လျောပေးမှာမဟုတ်ဘူး ဒါကြောင့် ၁၀ ရာခိုင်နှုန်းအောက်ကလူတွေကိုပဲရွေးကြစို့ လက်ရှိအချိန်မှာ သူတို့ကသေချာပေါက် ငါတို့အကူအညီကို အလောတကြီးစောင့်နေမှာပဲ တကယ်လို့ငါတို့အများကြီးတောင်းရင်တောင် သူတို့ဘာမှမတတ်နိုင်ဘူး"
ကျိုးဟောင်မှာဤဖားသည်တကယ်ကိုဉာဏ်များသည်ဟုစိတ်ထဲမှတွေးလိုက်မိသော်လည်း သူ၏ညွှန်ကြားချက်အတိုင်း လိုက်နာလိုက်ကာ နာမည် ၆ခုအားရွေးချယ်လိုက်သည်။
နာမည် ၆ခုအားရွေးချယ်ပြီးနောက်မျက်နှာပြင်မှာပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်အလင်းတန်းတစ်ခုလင်းလာကာ မတူညီသောဦးတည်ရာရှိသည့် လိုဏ်ခေါင်း ၆ခုပေါ်လာခဲ့သည်။
"ငါတို့ကသူတို့ရဲ့စိတ်လောကထဲသွားမှာ သွားစို့ ဘယ်သူဖြစ်ဖြစ်အဆင်ပြေတယ် ငါတို့အစီအစဉ်စကြစို့ ဟီးဟီးဟီး...."
ဖားမှာအလွန်ပျော်ရွှင်နေပုံရကာ ကျိုးဟောင်သည်လည်းလိုဏ်ခေါင်း ၆ခုထဲမှကြုံရာတစ်ခုဆီဦးတည်ဝင်လာလိုက်သည်။
မကြာမီလမ်းကြောင်းအဆုံးသို့ရောက်လာခဲ့ပြီး အလင်းရောင်အားမြင်လိုက်ရသည်။ ထို့နောက်ချက်ချင်းပင်ထူးဆန်းသောနေရာတစ်ခုအားတွေ့လိုက်ရသည်။
ဤနေရာသည်ကောင်းကင်ဘုံတမျှလှပပြီး ထူထပ်စွာပေါက်ရောက်နေသောအစိမ်းရောင်အပင်များရှိနေပြီး ဘေးတွင်အစိမ်းရောင်အခိုးအငွေ့များနှင်က အစိမ်းရောင်ရေများလည်းရှိနေခဲ့သည်။
ဤမသေမျိုးလောကတွင် ရေကန်၊ဥယျာဉ်အပြင် အလွန်ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသောတိုက်လေယာဉ်ကောင်းတစ်စီးပါရှိနေသည့် ကြီးမားသောဗီလာကြီးတစ်လုံးရှိပေသည်။
ဤနေရာသည်တကယ့်ကမ္ဘာအစစ်လား ကျိုးဟောင်မသိသော်ငြား ရောက်လာကတည်းက ယခုအချိန်အထိလမ်းလျှောက်နေရဆဲပင်ဖြစ်သည်။
ကျိုးဟောင်လမ်းလျှောက်ဝင်သွားလိုက်သည်နှင့် နေရာတစ်ခုလုံးမှာအလင်းရောင်များဖြင့်ပြည့်သွားပြီး သလင်းကျောက်အခေါင်းတစ်လုံးမှာ အိမ်ထဲမှလွင့်မျောလာခဲ့သည်။ ထို့နောက်အခေါင်းတံခါးမှာပွင့်လာခဲ့ပြီးမျက်လုံးမှိတ်ထားပြီးညအိပ်ဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်ထွက်လာသည်ကိုတွေ့လိုက်ရသည်။
"ဟမ့် ဘာလို့ဒီလောက်ကြာနေတာလဲ အဲဒီအပြင်ဘက်ကငါ့ရဲ့မကောင်းတဲ့သားတွေက ငါ့အတွက်ပိုက်ဆံမသုံးချင်ကြဘူးလား"
အစောပိုင်းကထွက်လာသည့်လူမှာဒေါသတကြီးပြောနေပေသည်။ အကြောင်းအရင်းအား ကျိုးဟောင်နားလည်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤလူ၏စိတ်အခြေအနေမှာ ၅ ရာခိုင်နှုန်းအောက်ရောက်နေပြီဖြစ်ပြီး မကြာခင်သေတော့မည်ဖြစ်သည်။ ထို့ကြောင့်ဒေါသထွက်သည်မှာ သဘာဝကျပေသည်။
"စိတ်ကျန်းမာရေးဆရာတစ်ယောက်က တစ်ကြိမ်ကို လူ ၆ယောက်ပဲကုပေးလို့ရတယ် အဲဒါကြောင့် ခရီးစဉ်တိုင်းကအရမ်းတန်ဖိုးရှိတယ် ပြင်ပလောကမှာနေနေတဲ့လူတွေက သူတို့လူနာကိုကုသပေးဖို့ ခုလိုစိတ်ကျန်းမာရေးဆရာတွေ အနည်းနဲ့အများအကျိုးအမြတ်တွေထောက်ပံ့ပေးရတယ် လူနာတွေကလည်းပြင်ပလောကကိုအာရုံခံမရသလို ပြင်ပလောကမှာဖြစ်နေတာတွေကိုလည်း မသိကြဘူး ဒီလူကဒီလောက်နှစ်တွေအများကြီးကုသမှုမရဘူးဆိုတော့ အပြင်ကသူ့မျိုးဆက်တွေကသေသွားတာ ဒါမှမဟုတ် သူ့ကိုဂရုမစိုက်တာလို့သေချာပေါက်ထင်မှာပဲ အဲဒါကြောင့်အရမ်းဒေါသထွက်နေတာ"
ကျိုးဟောင်စကားမပြောခင် ဖား၏အသံအားနားထဲတွင်ကြားလိုက်ရသည်။
"လေးစားရပါသောလူကြီးမင်းထျန်းတု ကျွန်တော်ဒီတစ်ခေါက်လူကြီးမင်းအတွက် အရည်အသွေးမြင့်ဝိဉာဉ်ကိုယ်အရည်သုံးမျိုးပြင်လာခဲ့ပါတယ် သဘောကျမယ်လို့ထင်ပါတယ်"
ဖား၏အသံထွက်ပေါ်လာခဲ့သည်။ ထို့နောက်အခြားဘာစကားမှမဆိုဘဲဂျယ်လီဖြူချပ်ဝတ်ထဲမှသေတ္တာတစ်လုံးအား ထုတ်ယူလိုက်သည်။ အထဲတွင်ဆေးလုံးနှင့်တူသောပစ္စည်း ၃မျိုးရှိနေပေသည်။
ကျိုးဟောင်မှာကြည့်ပြီးတွေးလိုက်မိသည်။ ဤပစ္စည်းများမှာသူတို့ထံတွင်ရှိသည့်မူလပစ္စည်းများမဟုတ်ဘဲ ဂျယ်လီဖြူမှဖန်တီးထားသောပစ္စည်းများဖြစ်နိုင်ပေသည်။
တစ်နည်းဆိုရသော် ဤပစ္စည်းများမှာအတုများသာဖြစ်သည်။
ကျိုးဟောင်မှာသက်ပြင်းချရင်း ဤဖား၏ရဲတင်းပုံကိုလည်းတွေးနေမိပေသည်။ ဤဖားသည်သေလူကိုပင်လိမ်ရဲပေသည်။
သို့သော်ဖား၏စကားအားကြားလိုက်ရသည်နှင့် မိုထျန်းတုမှာပျော်ရွှင်သွားခဲ့သည်။
"အရည်အသွေးမြင့်ဝိဉာဉ်ကိုယ်အရည်သုံးမျိုး သိပ်ကောင်းတာပဲ"
ပြောရင်းယူတော့မည့်ဆဲဆဲမှာပင်ဖားမှာလက်အားဝေ့ယမ်းလိုက်ပေရာ ခန္ဓာကိုယ်တစ်ခုလုံးမှ ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခုထွက်ပေါ်လာခဲ့သည်။
"လူကြီးမင်းထျန်းတု တောင်းပန်ပါတယ် ကျွန်တော်ဒီအရည်သုံးမျိုးအတွက် အခကြေးငွေကောက်ခံချင်ပါတယ် အပြင်မှာလူကြီးမင်းထားခဲ့တဲ့မျိုးနွယ်သားတွေကသိပ်အဆင်မပြေဘူး သူတို့ပြောကြတာ လူကြီးမင်းကဒီကိုပစ္စည်းတစ်ချို့ယူလာတာမလို့ လျော်ကြေးအနေနဲ့တောင်းခိုင်းလိုက်ပါတယ်"
ကျိုးဟောင်မှာစကားမပြောဘဲ ဖား၏အဓိပ္ပာယ်မဲ့သောစကားများကိုသာနားထောင်နေခဲ့သည်။ ထိုစကားအားကြားသောအခါ မိုထျန်းတုမှာ ဒေါသအကြီးအကျယ်ထွက်သွားခဲ့သည်။
"ဒီအမှိုက်တစ်အုပ်ကတော့... ငါကအဲဒီတုန်းကမိုရိုမျိုးနွယ်ရဲ့ တတိယအကြီးအကဲ ငါ့အဆင့်အတန်းကမိုရိုမျိုးနွယ်ရဲ့အသန်မာဆုံး ၃နေရာထဲက တစ်နေရာအပါအဝင်ပဲ ငါအားကြိုးမာန်တက်နဲ့ဘဝတစ်လျှောက်လုံးတိုက်ခိုက်ခဲ့ပေမဲ့ ငါ့ရဲ့အသုံးမကျတဲ့မျိုးဆက်တွေကြောင့်ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူး ဆိုးရွားလိုက်တာ ဆိုးရွားလိုက်တာ"
မိုထျန်းတုမှာအလွန်ဒေါသဖြစ်ကာ ကြုံးဝါးနေပေသည်။ ဖားမှာဘာမှမပြောဘဲဘေးတွင်သာရပ်ကြည့်နေခဲ့သည်။
ခေတ္တမျှပြောဆိုပြီးနောက် မိုထျန်းတုမှာအားမရှိတော့ဟန်ဖြင့် မြေပြင်ပေါ်သို့ထိုင်ချကာ သက်ပြင်းချလိုက်သည်။
"ငါအဲဒီပစ္စည်းတွေကို ငါ့ရဲ့စိတ်စွမ်းအားရှင်သန်မှုအတွက်စိတ်ချလို့ရအောင်ပဲယူလာခဲ့တာ မိုရိုမျိုးနွယ်ကငါ့ခန္ဓာကိုယ်ပြန်ဖန်တီးပေးနိုင်မဲ့နည်းလမ်းရှာတွေ့တဲ့တစ်နေ့ကျ ငါဒါတွေကိုသုံးပြီး ပြန်သွားလို့ရမဲ့အခွင့်အရေးနဲ့အလဲအလှယ်လုပ်ဖို့စီစဉ်ထားခဲ့တာ ဒါပေမဲ့ ငါ့အဲဒီမျိုးဆက်တွေက ငါ့ကုသမှုအတွက်စရိတ်တောင်မပေးနိုင်ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး အမှိုက်တွေ"
ပြောရင်းအကူအညီမဲ့ခေါင်းယမ်းကာ လက်အားဝေ့ယမ်းပြီးဘူးတစ်ခုအားထုတ်လိုက်သည်။
"ဒီဘူးထဲမှာ အထူးခန္ဓာကိုယ်ပုံသွင်းအရည်ပါတယ် ဒီပစ္စည်းကအရမ်းအဖိုးတန်တယ် မိုရိုမျိုးနွယ်စုတစ်ခုလုံးမှာ ၃ခုပဲရှိတယ် ငါဒါကိုသိမ်းထားပြီး အစကတော့ငါပြန်ရှင်သန်လာမဲ့အထိတောင့်ခံပြီး ဒီဟာနဲ့ခန္ဓာကိုယ်အသစ်ကိုပုံသွင်းပြီး နောက်ထပ်နှစ်ပေါင်းရာချီနေမယ်လို့တွေးထားခဲ့တာ ဒါပေမဲ့အခုထုတ်သုံးရမယ်လို့မထင်ခဲ့ဘူး အခုဆိုဒီပစ္စည်းဘယ်လောက်အဖိုးတန်မှန်း မင်းသိလောက်ပါပြီ"
ဖားမှာပစ္စည်းအားမြင်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ဒီပစ္စည်းက...တကယ်ကိုအရမ်းအဖိုးတန်တယ် ကျွန်တော်လဲပေးနိုင်ပါတယ်"
"နေဦး"
မိုထျန်းတုမှာချက်ချင်းပင်လက်ယမ်းရင်းစကားဖြတ်ပြောလိုက်သည်။
"ဝိဉာဉ်ကိုယ်အရည်သုံးမျိုးကမလုံလောက်ဘူး အခုလိုရတနာမျိုးက အနည်းဆုံး ၁၀ခုလောက်နဲ့လဲလို့ရတယ်"
ဤလူသည်တကယ်ပင်လောဘကြီးလှပေသည်။
ကျိုးဟောင်မှာလုံးဝဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေအားလုံးမှာအတုများသာဖြစ်သည်။ စင်စစ်တွင်ဂျယ်လီဖြူမှာ ယခုလိုပစ္စည်းမျိုးရာချီတောင်ဖန်တီးနိုင်ပေသည်။
ကျိုးဟောင်မူလကထင်သည်မှာ ဖားသည်ဤတောင်းဆိုမှုအား ချက်ချင်းလက်ခံလိုက်မည်ဟုထင်ခဲ့ခြင်းဖြစ်သော်လည်း မထင်မှတ်ထားစွာပင်ငြင်းဆိုလာခဲ့လေသည်။
"စိတ်မကောင်းပါဘူး လူကြီးမင်းထျန်းတု ကျွန်တော် ၅ခုပဲပေးနိုင်ပါမယ်"
ဤဖားသည်အတုများပေးမည်ကိုပင် အလွန်ကပ်စေးနဲသည်ဟု ကျိုးဟောင်စိတ်ထဲတွေးမိလိုက်ပေသည်။
ကျိုးဟောင်အတွေးအားသိသည့်အလား ဖားမှာစကားပြောလာခဲ့သည်။
"ဝိဉာဉ်ကိုယ်အရည်ကအရမ်းအဖိုးတန်တယ် တကယ်လို့ငါသူ့ကိုတစ်ခါတည်း ၁၀ခုပေးလိုက်ရင် သူသေချာပေါက်သံသယဝင်သွားလိမ့်မယ် ပြီးတော့ငါတို့မှာအခုသူကံကြမ္မာကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ် သူသေချာပေါက်လက်ခံလိမ့်မယ်ငါဒီလိုလုပ်တာငါ့သဘောထားကိုပြဖို့ပဲ စိတ်ကျန်းမာရေးဆရာတွေအားလုံးက အထက်စီးဆန်ကြတဲ့လူတွေကြီးပဲ နားလည်လား"
ဤဖားသည်ဉာဏ်များသည့်နေရာတွင် တကယ်ပင်ကျွမ်းကျင်လှပေသည်။
သို့သော်သူပြောသည်မှာအမှန်ပင်ဖြစ်သည်။ စိတ်ကျန်းမာရေးဆရာများမှာဂုဏ်သိက္ခာကြီးသောလူတစ်စုဖြစ်ပြီး အကယ်၍တူအောင်သရုပ်မဆောင်ပါက တစ်ဖက်လူမှာသေချာပေါက်ဟန်ဆောင်ထားကြောင်းသိသွားမည်ဖြစ်သည်။ ထို့ကြောင့်ယခုလိုလုပ်ခြင်းသည်မမှားပေ။
"၅ခုကအရမ်းနည်းလွန်းတယ် အနည်းဆုံး ၈ခုဆိုရင်ရော"
မိုထျန်းတုမှာချက်ချင်းပြောလိုက်သည်။
"စီနီယာမိုထျန်းတု အများဆုံး ၅ခုပါပဲ"
"၇ခု"
"မရဘူး ၅ခုပဲ"
"၆ခု"
မိုထျန်းတုတောင်းဆိုသောအရေအတွက်မှာတဖြည်းဖြည်းလျော့လာပေသည်။
ထိုအချိန်တွင်ဖားမှရုတ်တရက်ထပြောလာခဲ့သည်။
"စီနီယာမိုထျန်းတု ကျွန်တော်နဲ့စီးပွားရေးလုပ်ဖို့စောင့်နေတဲ့လူတွေအများကြီးရှိတယ် အချိန်မဖြုန်းပါနဲ့ ဒီစိတ်စွမ်းအားသင်္ချိုင်းထဲမှာ ခင်ဗျားတစ်ယောက်ပဲအကြီးအကဲရှိတာမဟုတ်ဘူး ပြီးတော့ခင်ဗျားရဲ့ပစ္စည်းကပြင်ပလောကမှာတကယ်ကိုဈေးကြီးပေမဲ့ ဒီမှာတော့ထည့်ပြောဖို့တောင်မတန်ဘူး"
....................................................................................
အခန်း(၅၀၉) ပြီးပါပြီ။
အခန်း (၅၁၀) : ဒုတိယလူနာ
ဖား၏စကားဆုံးသည်နှင့် မိုထျန်းတု၏အမူအရာများပျက်ယွင်းသွားခဲ့သည်။ ဤသည်မှာတစ်ဖက်လူ၏သက်ညှာပေးမှုဖြစ်ကြောင်းသူသိပေသည်။
ထို့အပြင် ပြင်ပရှိဂျူနီယာများမှာ မယုံကြည်ရပေ။ သူယခုအားထားနိုင်သည့်တစ်ခုတည်းသောအရာမှာ စိတ်ကျန်းမာရေးဆရာသာဖြစ်သည်။
"ကောင်းပြီ ကောင်းပြီ ၅ ခုလည်းရတယ် နောက်တစ်ခါဘယ်တော့လောက်လာမလဲသိလို့ရမလား ဆရာ ကျွန်တော့်မှာ ဒီနေရာမှာရတနာတွေအများကြီးရှိသေးတယ် နောက်တစ်ခါလာပြီးလဲလှယ်လို့ရပါတယ်"
မိုထျန်းတုမှာသေချာစဥ်းစားပြီးနောက် ရိုကျိုးစွာပြောလိုက်သည်။
"ဘယ်လိုရတနာတွေရှိလဲ ကျွန်တော့်ကိုပြပါလား"
ဖားမှချက်ချင်းပင်မေးလိုက်သည်။
"ကျွန်တော့်မှာ လူတစ်ယောက်ရဲ့စိတ်စွမ်းအားကိုလေ့ကျင့်နိုင်ပြီး ဘဝဘုံကိုဝင်ရောက်နိုင်တဲ့ကျင့်ကြံရေးသိုင်းတစ်ခုရှိပါတယ်"
မိုထျန်းတုမှ ချက်ချင်းပင်ပြန်ဖြေလိုက်သည်။
ဖားမှာပြုံးလိုက်သည်။
"စီနီယာမို စိတ်စွမ်းအားကိုလေ့ကျင့်ပေးနိုင်တဲ့ကျင့်ကြံရေးသိုင်းက မိုရိုမျိုးနွယ်စုမှာ စျေးအပေါဆုံးပဲ တောင်းပန်ပါတယ် ဒါနဲ့အရည်အသွေးမြင့်ဝိဉာဥ်အရည်ကို ချက်ချင်းမစုပ်ယူနဲ့ဦးနော် စိတ်အခြေအနေ ၃ ရာခိုင်နှုန်းရောက်တဲ့အချိန်ကျမှ တစ်ခါတည်း ၃ ခုလုံးသုံးလိုက်ရင်ပိုပြီး အကျိုးသက်ရောက်မှုများလိမ့်မယ်"
ပြောရင်းစိတ်ထဲမှကျိုးဟောင်အားပြောလိုက်သည်။
"သွားစို့"
ကျိုးဟောင်မှာ ချက်ချင်းပင်ထွက်သွားခဲ့သော်ငြား စိတ်ထဲတွင်သိချင်နေသည့်မေးခွန်းအားထုတ်မေးလိုက်သည်။
"ခင်ဗျားပြောတာတကယ်လား အမှန်တိုင်းပြောခဲ့တာလား"
"မဟုတ်ဘူး အဲဒီပစ္စည်းက ၆နာရီပဲခံတာ ၆နာရီကြာပြီးရင် မူလပုံစံကိုပြန်ပြောင်းသွားမှာ ငါဒီလိုပြောခဲ့တာက သူအလောတကြီးသုံးလိုက်ရင် ငါတို့အကြောင်းပေါ်သွားမှာစိုးလို့"
"ဒါပေမဲ့ သူတို့အားလုံးကို ၆နာရီအတွင်း အကုန်လုံးကိုအရူးလုပ်နိုင်ပါ့မလား"
ကျိုးဟောင်မှမေးလိုက်သည်။
ဖားမှာထိုစကားအားကြားသောအခါရယ်မောရင်းပြန်ဖြေလာခဲ့သည်။
"ကလေး မင်းကငါ့ထက်လောဘကြီးတယ်ဆိုတာ ငါမသိခဲ့ဘူး ငါတို့လူ ၆ ယောက်ကိုတကယ်လှည့်စားနိုင်မယ်ထင်လား ငါမင်းကိုနာမည် ၆ခုရွေးခိုင်းခဲ့တာက ဒါကစည်းမျဥ်းမလို့ပဲ ငါ့အထင်တော့ ၃ ယောက်လောက်ကိုလှည့်စားနိုင်ရင်ပဲတော်တော်လေးကောင်းနေပြီ ၃ ယောက်လိမ်ပြီးရင် သူတို့မတုံ့ပြန်နိုင်ခင် ငါတို့ဒီနေရာကနေချက်ချင်းထွက်သွားကြမယ် မဟုတ်ရင်တစ်ခုခုဖြစ်ဖို့လွယ်တယ်"
ကျိုးဟောင်မှာထိုစကားအားကြားပြီးနောက် ချွေးပင်ထွက်လာခဲ့သည်။ အကယ်၍မိုထျန်းတုသာ စကားနားမထောင်ပါက သူတို့တော့သွားပြီဖြစ်သည်။
"ကောင်းပြီ ငါတို့လုပ်ပြီးပြီဆိုမှတော့တွေးမနေနဲ့တော့ ငါ့ဘဝမှာလုပ်ပြီးတဲ့ကိစ္စကိုနောင်တမရဘူး နောက်တစ်ယောက်ဆီသွားကြမယ်"
ဖားမှာအလွန်ပွင့်လင်းပေသည်။ ကျိုးဟောင်မှာတိတ်တဆိတ်လေးစားနေမိပေသည်။ ဤဖားသည်သူထင်ထားသည်ထက် များစွာပိုပြီးဥာဏ်များပေသည်။
ကျိုးဟောင်မှာ အခြားလိုဏ်ခေါင်းတစ်ခုထဲသို့ဝင်သွားခဲ့ပြီး နောက်ဆုံးတွင်အလွန်ကြောက်မက်ဖွယ်ရာကောင်းသောနေရာတစ်ခုသို့ရောက်လာခဲ့သည်။ ထိုအချိန်တွင် ရေညှိများဖြင့်ဖုံးလွှမ်းနေသောအခေါင်းတစ်ခုထွက်လာခဲ့ပြီး မိစ္ဆာဝတ်စုံဝတ်ဆင်ထားသောလူတစ်ယောက်ထွက်လာခဲ့သည်။
ထိုလူအားမြင်သောအခါ ဖားမှာစကားတစ်ခွန်းဆိုလာခဲ့သည်။
"မိုရိုမျိုးနွယ်ရဲ့ ကျားဖြူခန်းမကလူဖြစ်မယ်လို့မထင်ထားခဲ့ဘူး"
ကျိုးဟောင်မှာနားမလည်သောကြောင့်မေးလာခဲ့သည်။
"ကျားဖြူဆိုတဲ့နာမည်ကြားရုံနဲ့မင်းသဘောမပေါက်ဘူးလား ဒီလူကရက်စက်တယ် ကိုင်တွယ်ဖို့မလွယ်ဘူး"
"ဒါဆိုလည်း သွားမယ်လေ"
ကျိုးဟောင်မှပြောလိုက်သည်။
"ဘာသွားစရာလိုလို့လဲ ဒီလူကသေချာပေါက်ချမ်းသာတဲ့လူပဲ ကျားဖြူခန်းမကလူတွေကအားလုံးစောက်ရမ်းချမ်းသာတဲ့လူတွေကြီးပဲ သူ့ကိုပဲလိမ်ကြတာပေါ့"
ဖားမှာစကားဆုံးသည်နှင့်အသံပေးလိုက်တော့သည်။
"လေးစားရတဲ့ကျားဖြူခန်းမရဲ့ စီနီယာမိုရှ စီနီယာကိုဝန်ဆောင်မှုပေးရတာ ကျွန်တော်အရမ်းပဲဝမ်းသာမိပါတယ်"
"စိတ်ကျန်းမာရေးဆရာလား ဘာလို့ဒီလောက်အကြာကြီးနေမှလာတာလဲ"
မိုရှပေါ်လာပြီးနောက် ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်သည်။
"တောင်းပန်ပါတယ်စီနီယာ ကျွန်တော်တို့ကတပည့်တစ်ယောက်ပဲလက်ခံတာ စီနီယာလည်းသိတာပဲ အဲဒါကြောင့်အဲဒီကိစ္စနဲ့အတော်လေးရှုပ်နေလို့ပါ"
ဖားမှပြုံးကာပြောလိုက်သည်။ သို့သော်မျက်နှာအားကြည့်ရုံဖြင့်ဤလူအားအတော်လေးကြောက်ရွံ့နေမှန်းသိသာပေသည်။
"အားလုံးဆင်ခြေတွေ မင်းတို့အားလုံးကကျေးဇူးမသိတတ်လူတစ်အုပ်ဆိုတာ ငါမသိဘူးများထင်နေလား ဒီတစ်ခါရောဘာယူလာလဲ"
မိုရှမှာအချိန်ဖြုန်းမနေဘဲ ချက်ချင်းပင်မေးလိုက်သည်။
"စီနီယာမိုရှ ကျွန်တော်ဒီတစ်ခေါက် စီနီယာအတွက် အထူးအဆင့်ဝိဥာဥ်ကိုယ်အရည် ၃ ခု ပြင်လာခဲ့ပါတယ် တကယ်လို့သုံးလိုက်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်းအထိပြန်ကောင်းမွန်လာနိုင်ပါတယ်"
ဖားမှပြောလိုက်သည်။
"အို ၃ ခုပဲလား"
မိုရှမှမေးလိုက်သည်။
"ဟုတ်ပါတယ် ၃ ခုပါပဲ ဒီပစ္စည်းကသန့်စင်ဖို့အရမ်းခက်တယ်ဆိုတာစီနီယာလည်းသိတာပဲ"
ဖားမှ လေးစားစွာပြန်ဖြေလိုက်သည်။
"တခြားဟာတွေကရော ကောင်းတာယူလာသေးလား အလယ်အလတ်အဆင့်တွေ အဆင့်နိမ့်တွေရော"
မိုရှမှာ ဂရုမစိုက်ဟန်ဖြင့်ထပ်မေးလိုက်သည်။
"အားလုံးရှိပါတယ် မိုရှလိုချင်လို့လား"
"အင်း မင်းမှာရှိတာအားလုံးရဲ့တစ်ဝက်ကိုချန်ခဲ့"
မိုရှမှ ချက်ချင်းပင်အမိန့်ပေးလိုက်သည်
"စီနီယာ ကျွန်တော်ပေးလို့ကရပါတယ် ဒါပေမဲ့ဒီပစ္စည်းတွေကစျေးမနည်းဘူး သေချာစဥ်းစားပါဦး"
ဖားမှသတိပေးစကားဆိုလိုက်သည်။
"စျေးမပေါဘူးလား မင်းကင့ါကိုပိုက်ဆံတောင်းရဲသေးတာလား မင်းငါ့ဆီကနေငွေလိုချင်နေတာလား မင်းသေချင်လို့လား"
မိုရှမှာထိုစကားအားကြားသောအခါချက်ချင်းပင်ဒေါသတကြီးပြောလာခဲ့သည်။
"တောင်းပန်ပါတယ်စီနီယာမိုရှ ကျွန်တော်လည်းရှာဖွေစားသောက်နေရတာမလို့ပါ ဒါကြောင့် မတတ်နိုင်ပါဘူး ခွင့်လွှတ်ပေးပါ လိုရင်တော့လဲလို့ရပါတယ် တကယ်လို့မလဲချင်ရင် ဒါဆိုရင်တော့ကျွန်တော့်ကိုခွင့်လွှတ်ပါ"
ဖားမှချက်ချင်းပင်ပြောလိုက်သည်။
"ဟမ့် မင်းရောက်တောင်နေပြီကိုထွက်သွားချင်သေးတာလား မင်းတောင်းဆိုနေမှတော့ငါ့ကိုအပြစ်မပြောနဲ့တော့ မင်းအကုန်လုံးထားခဲ့အောင်ငါလုပ်ပြမယ်"
မိုရှမှာချက်ချင်းပင် သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့်ပြည့်လာခဲ့သည်။ စိတ်လောကတစ်ခုလုံးမှာ ကျယ်လောင်သောအသံဖြင့်ပေါက်ကွဲသွားခဲ့ကာ သွေးနံ့လှိုင်သောစိတ်စွမ်းအားတစ်ခုမှာ ပျံ့နှံ့လာခဲ့သည်။
"စီနီယာမိုရှ ပြန်စဥ်းစားပါဦး ကျွန်တော်ကစိတ်ကျန်းမာရေးဆရာတစ်ယောက်ပါ ဒီလိုလုပ်တာ စည်းမျဥ်းကိုချိုးဖောက်ရာကျနေပြီ"
ဖားမှပြောလိုက်သည်။
"ဘာစည်းမျဥ်းလဲ မင်းကိုယ်မင်းသခင်ကြီးလို့ထင်နေတာလား သေစမ်း"
အပြောနှင့်အတူ မိုရှမှာလက်အားဝေ့ယမ်းလိုက်ပေရာ သိပ်သည်းသောစိတ်မုန်တိုင်းတစ်ခုမှာလေထဲတွင်ပေါ်ပေါက်လာခဲ့ပြီး ကျိုးဟောင်ထံတိုးဝင်လာခဲ့သည်။
ဤမြင်ကွင်းအားမြင်သောအခါ ကျိုးဟောင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။ ဤစိတ်စွမ်းအားမှာအလွန်စွမ်းအားကြီးပြီး အနည်းဆုံး ၁၂ ဆင့်မြောက် ကောင််းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏စွမ်းအားမျိုးရှိပေသည်၊
ဤစွမ်းအားသည် သူ၏စိတ်စွမ်းအား ၁၀ ရာခိုင်နှုန်းအောက်လျော့နေသော အခြေအနေတွင်သုံးလိုက်သောစွမ်းအားဖြစ်သည်။ အကယ်၍အထွတ်အထိပ်အဆင့်တွင်ရှိနေပါက ဘုံအဆင့်မည်မျှထိရောက်မလဲဆိုသည်အားမည်သူမျှမသိပေ။
ကျိုးဟောင်ကြည့်နေစဥ်မှာပင်ဖားမှာ လက်အားဝေ့ယမ်းလိုက်ရာ စွမ်းအင်အတက်အကျလှိုင်းများမှာ ချပ်ဝတ်မှထွက်ပေါ်လာခဲ့ပြီး အဆောက်အဦးနှင့်တိုက်ရိုက်ချိတ်ဆက်ထားသောဆစ်ဂနယ်တစ်ခုမှာပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းပင်အလွန်ရှေးကျသောအငွေ့အသက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ကြီးမားသောလက်ကြီးမှာ ဤနေရာတွင်ဖြစ်ပေါ်လာပြီး မုန်တိုင်းကြီးအားဖျက်ဆီးပစ်လိုက်သည်။
"စီနီယာမိုကတကယ်ကိုမေ့တတ်တာပဲ ကျွန်တော်တို့ စိတ်ကျန်းမာရေးဆရာတွေက စိတ်စွမ်းအားသင်္ချိုင်းထဲမှာ ကောင်းကောင်းကာကွယ်ခံထားရတာ တကယ်လို့ကျွန်တော့်ကိုဒီနေရာမှာသတ်ချင်တယ်ဆိုရင် အိပ်မက်မက်နေတာပဲ ပြီးတော့ ခင်ဗျားဒီမှာတားမြစ်ထားတာကို အစပြုခဲ့တယ် ခင်ဗျားကိုဘယ်သူမှမကယ်နိုင်တော့ဘူး"
ဖားမှနှာခေါင်ရှုံ့ရင်းပြောလိုက်သည်။
"စနစ်လေးတစ်ခုပဲကို ငါ့ကိုဖိနှိပ်နိုင်မယ်လို့ထင်နေတာလား ရယ်စရာပဲ"
မိုရှမှာသတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အသံမှာလည်းကြီးစိုးနိုင်စွမ်းအပြည့်ရှိနေပေသည်။ ထို့နောက် ချက်ချင်းပင်အငွေ့အသက်အားတိုးလိုက်ရာ အစောပိုင်းကမုန်တိုင်းထက် ၅ ဆမျှအားကောင်းသောမုန်တိုင်းတစ်ခုထွက်ပေါ်လာခဲ့သည်။
"မို မိုရှစိတ်စွမ်းအားသင်္ချိုင်းရဲ့စည်းမျဥ်းတွေကိုချိုးဖောက်နေပါတယ် စနစ်မှရှင်းလင်းရေးအမိန့်အားအသက်သွင်းလိုက်ပါပြီ"
အေးစက်သောစနစ်အသံထွက်ပေါ်လာခဲ့ပြီးနောက် အလင်းတန်းပေါင်းများစွာမှာပျံ့နှံ့လာခဲ့ပြီး စွမ်းအားကြီးသောသံကြိုးကြီးများအဖြစ်ပြောင်းလဲသွားပြီး ချက်ချင်းပင်မိုရှ၏ခုခံမှုအားထိုးဖောက်ကာ ချည်နှောင်လိုက်သည်။
ထိုအချိန်တွင်မိုရှ၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားကာ စကားတစ်ခွန်းအားအော်ဟစ်လာခဲ့သည်။
....................................................................................
အခန်း (၅၁၀) ပြီးပါပြီ။