အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း (၅၁၁) : သဲလွန်စများ
ထိုကြီးမားသောစွမ်းအင်လှိုင်းကြီးက မိုရှအား တစစီဖျက်ဆီးပစ်နေလေသည်။ထိုအခြေအနေကိုကြည့်နေရင်း ကျိုးဟောင်မှာထိတ်လန့်နေလေသည်။
"ကြောင်ကြည့်မနေနဲ့ ယူစရာရှိတာတွေအမြန်ယူတော့"
ဖားကရုတ်တရက်ပြောလာလေသည်။ထိုစကားသံကြောင့်ကျိုးဟောင်မှာ ရှေ့သို့တိုးသွားလိုက်လေသည်။ မိုရှ၏စိတ်စွမ်းအားမှာ စိတ်စွမ်းအားသင်္ချိုင်းကြောင့် ပျောက်ကွယ်သွားသော်လည်း သူ့ပိုင်ဆိုင်မှုများက ကျန်ရှိနေသေးလေသည်။
ကျိုးဟောင်မှာ နေရာလွတ်များစွာရှိသည့် သိမ်းဆည်းရေးအိတ်တခုကိုရှာတွေ့ခဲ့လေသည်။ ထိုအိတ်ထဲတွင်ပါ၀င်သောပစ္စည်းများမှာ ဘာမှန်းမသိသော်လည်း သူ့အိတ်ထဲအကုန်ရွှေ့ပြောင်းလိုက်ပြီး ထိုနေရာမှထွက်ခွာဖို့ပြင်လေသည်။
ကျိုးဟောင်တို့ထိုနေရာမှထွက်ရုံပင်ရှိသေးသော်လည်း မိုရှ၏နေရာမှာ စိတ်စွမ်းအားသင်္ချိုင်းမှ တဖြေးဖြေးပျောက်ကွယ်သွားလေသည်။
"ဒီနေရာကတကယ့်ကိုဆိုးရွားလွန်းတာပဲ"
ဖားက စိတ်မထိန်းနိုင်ပဲပြောလိုက်လေသည်။
"လာ နောက်တယောက်ကိုသွားထပ်လှည့်စားရအောင် ဒီတခေါက်လှည့်စားပြီးရင်တော့ ငါတို့ ဒီနေရာကနေ အမြန်ထွက်သွားရမယ်"
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။ယခုသူ၏ဒီနေရာမှ ထွက်သွားလိုစိတ်မှာ ပိုမိုပြင်းထန်လာလေသည်။ ကျိုးဟောင်မှာ အချိန်ဆွဲမနေဘဲ လှိုဏ်ခေါင်းမှ တဆင့် ထူးဆန်းသောနေရာတခုလို့၀င်လိုက်လေသည်။
ထိုနေရာတွင်ဘာမှရှိမနေဘဲ နေရာတခုလုံးမှောင်မည်းကာ ဗလာကြီးဖြစ်နေလေသည်။ အလောင်းတခုသာ လေထဲတွင်မျောနေခဲ့လေသည်။
ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလူကအတော့်ကိုဆင်းရဲတာကြောင့် ဒီနေရာကို ပြင်ဆင်ခြယ်သဖို့မတတ်နိုင်ခဲ့ခြင်းဖြစ်မည်လို့တွေးနေလေသည်။ စောနက နေရာနှစ်ခုမှ သန့်ရှင်းသောရေများ၊တောင်တန်းများ ၊ ပန်းများနှင့်ပြင်ဆင်ခြယ်သထားပြီး ယခုဒီနေရာတွင်တော့ ဘာမှ မရှိကာ ယိုယွင်းပျက်စီးနေလေသည်။
ဖားသည်ထိုပုဂ္ဂိုလ်ကိုမြင်လိုက်သောအခါ ခဏလောက်မှင်တက်သွားပြီး ကျိုးဟောင်ကိုကြည့်ကာပြောလိုက်လေသည်။
" ဒါ....ဒါ ခေါင်းဆောင်မျိုးနွယ်က သခင်ကြီးပဲ။ ဒီလူအိုကြီးဆီမှာ အဖိုးတန်တာတခုခုတော့ရှိကိုရှိမယ်"
ကျိုးဟောင်လည်း အံ့ဩသွားပြီးပြန်မေးလိုက်လေသည်။
"ခေါင်းဆောင်မျိုးနွယ်ဆိုတာဘာလဲ"
"ခေါင်းဆောင်မျိုးနွယ်ဆိုတာ မိုရိုလူမျိုးစုတွေကို အုပ်ချုပ်တဲ့လူတွေပဲ တကယ်ဆို သူကဒီလိုနေရာမှာမရှိသင့်ဘူး ဘယ်လိုဖြစ်တာလဲ"
ဖားမှာ တကယ့်ကိုအံ့အားသင့်နေလေသည်။ သို့သော်သိပ်တော့ဂရုမစိုက်ပေ။ ထိုအချိန်တွင် အခေါင်းမှာတုန်ရီလာပြီး ပွင့်သွားလေသည်။ အဖြူရောင်၀တ်ရုံကို၀တ်ဆင်ထားသည့်လူအိုကြီးတဦးကို ကျိုးဟောင်တို့မြင်လိုက်ရလေသည်။
"စိတိကျန်းမာရေးဆရာလား... ဟားဟာ... မင်းတို့ကိုမတွေ့ရတာ နှစ်အတော်တောင်ကြာပြီပဲ။ ငါ့မျိုးရိုးတွေပျက်စီးသွားခဲ့ပြီးတာတောင်မှ စိတ်ကျန်းမာရေးဆရာတယောက်ရောက်လာလိမ့်မယ်လို့မထင်ထားခဲ့မိဘူး။ စိတ်ဝင်စားစရာပဲ"
ထိုလူအိုကြီးမှာ အခြားသူများနှင့်မတူပေ။ သူ့မျက်လုံးများမှာ ပိတ်နေရမည့်အစားပွင့်လျက်ဖြစ်နေလေသည်။ ဒီခန္ဓာကိုယ်မှာ သူ့တကယ့်ခန္ဓာကိုယ်အစစ်လို့တောင်ခံစားမိနေလေသည်။
ကျိုးဟောင်နှင့်ဖား နှစ်ယောက်လုံးမှာစိတ်လှုပ်ရှားနေရလေသည်။
"လခွမ်း သူ့နောက်လိုက်တွေက သူ့ခန္ဓာအစစ်ကိုဒီမှာမြှုပ်ခဲ့တာပဲ သူကတကယ့်ကိုပညာရှင်တယောက်ဖြစ်ပြီး ငါတို့ဘာလုပ်နေတာလဲဆိုတာကိုလည်းသိနိုင်တယ်"
ဖားမှာ တကယ့်ကိုတုန်လှုပ်နေလေသည်။သို့သော် ထိုလူအိုကြီးအားဖားက စကားစပြောလိုက်လေသည်။
" စီနီယာကြီး ကျွန်တော်တို့က အနှောင့်အယှက်ပေးချင်လို့မဟုတ်ပါဘူး။ အနားယူနေတာအနှောင့်အယှက်ဖြစ်သွားရင်ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ကိုအခက်အခဲဖြစ်အောင်မလုပ်ပါနဲ့"
ဖားမှာ အသက်ရှူသံများပြင်းနေပြီး အနည်းငယ်လည်းစိတ်လှုပ်ရှားနေလေသည်။
လူအိုကြီးက ကျိုးဟောင်အားပြုံးပြီးကြည့်ကာပြောလိုက်လေသည်။
"ရပါတယ် မိုရိုမျိုးနွယ်တွေက ပြိုကွဲနေပြီပဲ။ ငါမင်းတို့ကိုအခက်တွေ့အောင်မလုပ်ပါဘူး"
ထိုစကားကိုကြားလိုက်မှကျိုးဟောင်လည်းစိတ်သက်သာရာရသွားလေသည်။ ထို့နောက်ကျိုးဟောင်မှာ စိတ်ထဲမရှင်းသောကြောင့် မေးလိုက်မိလေသည်။
" စီနီယာ ဒီနေရာက စစ်စွမ်းအားသင်္ချိုင်းမဟုတ်ဘူးမှတ်လား ပြီးတော့ စီနီယာကလည်း စိတ်ဝိညာဉ်ခန္ဓာပဲမဟုတ်ဘူးမှတ်လား"
ကျိုးဟောင်၏မေးခွန်းကြောင့် လူအိုကြီးကရယ်လိုက်လေသည်။
" ဟုတ်တယ် ငါက စိတ်ဝိညာဉ်ခန္ဓာမဟုတ်ဘဲ တကယ့်ကိုယ်ခန္ဓာအစစ်နဲ့ပဲ။ ငါကမိုရိုလူမျိုးစုတွေရဲ့ ၁၁ယောက်မြောက်မျိုးနွယ်ခေါင်းဆောင်ပဲ။ ငါကစိတ်ဝိညာဉ်နဲ့ခန္ဓာကိုပေါင်းစပ်နိုင်ခဲ့တာကြောင့် မင်းအခုမြင်နေရတာ ငါ့ရဲ့ စိတ်ဝိညာဉ်ရော တကယ့်ခန္ဓာကိုယ်ကိုရောပဲ"
စိတ်စွမ်းအား နဲ့ ခန္ဓာကိုယ်ကို အခြားတခုထဲသို့ပေါင်းစည်းခြင်းလား။
ကျိုးဟောင်အနေဖြင့်ထိုကိစ္စကိုအခုမှပထမဆုံးကြားဖူးခြင်းဖြစ်လေသည်။ သူသည်လုံး၀အံ့ဩသွားလေသည်။ ဖားသည်လည်း သူနှင့်အတူတူပင်ဖြစ်လေသည်။
"ကောင်းပြီ ဒါတွေပြောနေလို့ဘာမှအကျိုးမရှိပါဘူး။ အချိန်တွေအတော်ကြာခဲ့ပြီဖြစ်တာကြောင့် ပြင်ပလောကအတော်အံ့ဩဖွယ်ကောင်းလောက်အောင်ပြောင်းလဲသွားလောက်ပြီ။ ဒီနေရာမှာလည်း ဘာမှမရှိတော့ဘူး ဒါပေမဲ့ ငါမင်းတို့ကိုလျှို့ဝှက်ချက်တခုတော့ပြောနိုင်ပါတယ်။ အဲ့လျှို့ဝှက်ချက်ကတော့ စိတ်ဝိညာဉ်အမွေအနှစ်ကျောက် အကြောင်းပဲ"
လူအိုကြီး စကားဆုံးသောအခါ ကျိုးဟောင်မှာခေါင်းရှုပ်လာလေသည်။ ဖားကတော့ရုတ်တရက်ထမေးလိုက်လေသည်။
" ဆရာကြီးပြောနေတာက မိုရိုလူမျိုးတွေရဲ့ အန္တရတနာ စိတ်ဝိညာဉ်ကျောက်ကိုဆိုလိုချင်တာလား"
"ဟုတ်တယ် စိတ်ဝိညာဉ်ကျောက်ပဲ"
လူအိုကြီးကခေါင်းညိတ်ပြီးပြောလိုက်သည်။ဖားမှာလည်းထိုစကားကြောင့်အလွန်အမင်းစိတ်လှုပ်ရှားသွားလေသည်။
"အဲ့စိတ်ဝိညာဉ်ကျောက်က လူတယောက်ရဲ့စိတ်အတိုင်းလက်တွေ့အကောင်အထည်ဖော်နိုင်တယ်။ ပြောရရင် အဲ့တာကအရမ်းအထင်ကြီးစရာကောင်းသလို အရမ်းလည်းစွမ်းအားကြီးတယ်။ ဥပမာ ပြောရရင် မင်းစိတ်ဝိညာဉ်ကို ဖော်ဆောင်ပြီး အရာရာစေခိုင်းလို့ရတယ်။ သတ်ဖြတ်မလား ဘာလုပ်မလဲ အရာအားလုံးလုပ်နိုင်ပြီး မင်းရဲ့စိတ်က မင်းရဲ့ခန္ဓာကိုယ်ထက်ပိုမိုလျင်မြန်လာလိမ့်မယ်။ ဒါ့ကြောင့် စိတ်စွမ်းအားကြီးတဲ့သိုင်းပညာရှင်တွေက ပိုမိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေရှိကြတယ်"
ဖား၏စကားများကိုကြားသောအခါ ကျိုးဟောင်မှာ မယုံကြည်နိုင်လောက်အောင်အံ့ဩသွားလေသည်။
"အဲ့လိုဆိုပေမဲ့ ခုချိန်အထိ စိတ်ဝိညာဉ်ကိုဖန်တီးဖော်ဆောင်နိုင်တဲ့လူမျိုးမတွေ့ဖူးသေးဘူး။ ငါတို့မိုရိုမျိုးနွယ်တွေရဲ့အဆင့်မြင့်ပညာရှင်တွေတောင်မှ စိတ်စွမ်အားနဲ့ခန္ဓာကိုယ်ကိုတခုထဲဖြစ်အောင်ပေါင်းစပ်နိုင်ရုံပဲရှိကြတယ်။ ငါတို့တောင်မှ စိတ်ဝိညာဉ်ကို လွတ်လပ်ပြီးသီးခြားဖြစ်တည်နေတဲ့ဉာဏ်ရည်ထက်မြက်တဲ့အရာဖြစ်အောင် မဖန်တီးနိုင်ကြသေးဘူး"
"အဲ့ စိတ်ဝိညာဉ်ကျောက်တုံးက မိုရိုလူမျိုးစုတွေထဲမှာရှိသေးတယ် ဒါပေမဲ့ အဲ့တာအမွေဆက်ခံမှရနိုင်တဲ့အရာဖြစ်ပြီး ဘယ်သူမှလွယ်လွယ်နဲ့မရနိုင်ဘူး။ ဒါကမိုရိုမျိုးနွယ်ရဲ့ပညာရှင်တွေကအရင်ကတည်းကစီစဉ်ခဲ့တဲ့အရာပဲ။ တကယ်လို့မိုရိုမျိုးနွယ်ကပျက်စီးခဲ့ရင်တောင်မှ အမွေဆက်ခံသူတွေချန်ထားခဲ့နိုင်အောင်ပဲ။ပြီးတော့ အဲ့အမွေအနှစ်ကလည်း မိုရိုတွေရဲ့စိတ်ဝိညာဉ်လောကထဲမှာပဲရှိတာ"
လူအိုကြီးကပြောပြီးနောက် မှိုင်တွေသွားခဲ့သည်။
"ရိုးရိုးသားသားပြောရရင် အဲ့ စိတ်ဝိညာဉ်လောက အချုပ်အနှောင်တခုပဲ။ မိုရိုမျိုးနွယ်ကလူတွေက မသေချင်တာကြောင့် သူတို့၏စိတ်စွမ်းအားတွေ မှတ်ဉာဏ်တွေကို အဲ့စိတ်ဝိညာဉ်ကျောက်ထဲ အကျဉ်းချုံးပြီးစုပေါင်းထည့်ခဲ့ကြတယ်။ အဲ့စိတ်ဝိညာဉ်ကျောက်ကရယူပြီး အမွေဆက်ခံမှုကိုလုပ်နိုင်မှ အဲ့စိတ်ဝိညာဉ်လောကထဲကနေပြန်ထွက်နိုင်မှာ။ မလုပ်နိုင်ခဲ့ရင်တော့ အဲ့စိတ်ဝိညာဉ်လောကထဲမှာပဲ ပျောက်ကွယ်သွားရလိမ့်မယ်"
"ပြီးတော့ အဲ့စိတ်ဝိညာဉ်လောကထဲကို၀င်ဖို့ကလည်း မင်းဘယ်သူလဲဆိုတဲ့အချက်အလက်တွေလိုတယ်။ မင်းရဲ့အသွင်အပြင်ကိုပြောင်းလဲနိုင်ရင်တောင်မှ မင်းရဲ့စိတ်စွမ်းအားအတက်အကျကိုမထိန်းချုပ်နိုင်ဘူး။ မိုရိုတွေရဲ့ပိုင်နက်ထဲမှာ အဲ့စိတ်စွမ်းအားအပိုင်းအစများစွာကိုသိုလှောင်ထားတယ်။ တကယ်လို့ အဲ့စိတ်စွမ်းအားအပိုင်းအစတွေကိုသာရနိုင်ခဲ့ရင်တော့ မင်းစိတ်ဝိညာဉ်လောကထဲကို၀င်နိုင်လိမ့်မယ်"
လူအိုကြီးက ကျိုးဟောင်အားကြည့်ရင်း တည်ကြည်သောအမူအရာဖြင့်ပြောလိုက်လေသည်။
"ငါမင်းကိုမေးဦးမယ် သေပြီးသားအရာတခုကိုပြန်ရှင်အောင်လုပ်တဲ့အကြောင်းကြားဖူးလား"
ကျိုးဟောင်မှာ ရုတ်တရက်ကြောင်သွားလေသည်။ ဒီလူအိုကြီးကဘာကြောင့်သရဲပုံပြင်ကိုပြောလာရသနည်း။
"စီနီယာပြောချင်တာက သရဲပုံပြင်ထဲကလိုလား အဲ့လိုဆိုရင်တော့ ကျွန်တော်ကြားဖူးပါတယ်"
ကျိုးဟောင်ကပြန်ဖြေလိုက်သည်။
"ဟဲဟဲ ပြောရရင် မင်း စိတ်ဝိညာဉ်လောကထဲ၀င်ဖို့က တခြားသူရဲ့စိတ်ဝိညာဉ်ကိုအားကိုးပြီး ၀င်ရောက်ရမှာပဲ။ အဲ့နေရာမှာ ဘယ်သူ့ရဲ့စိတ်ကပိုသန်မာလဲဆိုတာကအရေးကြီးလာပြီ။ မင်းရဲ့စိတ်ဝိညာဉ်ကအားနည်းရင် တခြားသူကဝါးမျိုသွားမှာဖြစ်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကအားကောင်းရင်တော့ စိတ်ဝိညာဉ်လောကထဲမှာ ပြန်နိုးလာလိမ့်မယ်"
"ဒါ့အပြင် စိတ်ဝိညာဉ်ကျောက်နဲ့နီးစပ်တဲ့သူတွေက မျိုးရိုးမြင့်ပုံရိပ်ရှိတဲ့သူတွေပဲ။ မင်းရဲ့လက်ရှိစွမ်းအားနဲ့ဆို မင်းကိုင်တွယ်နိုင်မယ့် ကိုယ်ရေးအချက်အလက်တွေရှိတဲ့သူက ဒီကနေမီတာတစ်ရာဝေးတဲ့ ၅ခုမြောက်တောင်မှာရှိတယ်"
....................................................................................
အခန်း(၅၁၁)ပြီးပါပြီ။
အခန်း (၅၁၂) : စုရှောင်းယွီ
၅ခုမြောက်တောင်.....
ထိုစကားကိုကြားသောအခါ ကျိုးဟောင်မှာ နားမလည်နိုင်ဖြစ်သွားလေသည်။ ဖားကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။
"၅ခုမြောက်တောင် ..... ကြားရတာထူးခြားတဲ့နေရာတခုပဲ...."
ဖားက သူ့မျက်လုံးထဲတွင် အံ့ဩမှုများဖြင့်ပြောလိုက်လေသည်။
"ကောင်းပြီး အတော်တောင်နောက်ကျနေပြီ မြန်မြန်သွားကြတော့ တကယ်လို့ မင်းတို့အခုမသွားရင် တယောက်ယောက်ကမင်းတို့ကိုလိုက်ဖမ်းလိမ့်မယ်"
လူအိုကြီးကပြောပြီးနောက် သူ့မူလပုံစံအတိုင်းပြန်လဲလှောင်းလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ကျိုးဟောင်လည်း ရိုသေစွာဦးညွတ်လိုက်ပြီး ထိုနေရာမှထွက်လာလေသည်။
ကျိုးဟောင်မှာအချိန်ဆွဲမနေဘဲ မိုထျန်းတုမရိပ်မိခင်ထိုနေရာမှအလျင်အမြန်ထွက်လာလေသည်။
"ဖား စီနီယာကြီးပြောတာ အကုန်အမှန်လို့မင်းထင်လား"
ကျိုးဟောင်မှာ ဇဝေဇဝါဖြစ်နေလေသည်။ သူ့အနေဖြင့် ထိုကိစ္စများကိုသေသေချာချာမသိပေ။
"အခြေခံအားဖြင့်တော့မှန်ပါတယ်။ မိုရိုမျိုးနွယ်ရဲ့နည်းလမ်းတွေကိုငါသိတယ်။ သူတို့က စိတ်စွမ်းအားကိုကိုးကွယ်တဲ့လူတွေဖြစ်တာကြောင့် သူတို့ရဲ့အမွေဆက်ခံရေးကလည်း စိတ်စွမ်းအားနဲ့ပဲပတ်သက်နေလိမ့်မယ်"
"သူတို့ကစိတ်၀ိညာဥ်လောကတခုကိုလည်း ချန်ထားခဲ့သေးတယ်။ ဒါ့အပြင်ငါတို့အနေနဲ့ ၀င်ရောက်ဖို့ကိုက်ညီတဲ့သူတယောက်ကိုရှာနိုင်ခဲ့ရင်လည်း အဲ့နေရာကို၀င်လို့ရပြီ။ ဒါပေမဲ့ အဲ့နေရာက၀င်ဖို့လွယ်ပေမယ့်ပြန်နိုးထလာဖို့ကခက်တယ်။ မင်းလမ်းပျောက်သွားရင်တော့ အဲ့နေရာမှာ မင်းတသက်လုံးနေသွားရလိမ့်မယ်"
ဖား၏စကားများကကျိုးဟောင်အားတုန်လှုပ်သွားစေပြီး တုံ့ဆိုင်းသွားစေခဲ့သည်။
"ကျွတ်ကျွတ်... ဘယ်လိုတောင်တွန့်ဆုတ်နေတာလဲ။ တခြားသူတွေအတွက် မနိုးထနိုင်ရင်တောင်မှ မင်းကအဆင်ပြေမှာပါ။ မင်းရဲ့စိတ်စွမ်းအားက အတော်ကောင်းတယ်လို့ဆိုနိုင်တယ်။ ပြီးတော့ ရှေးဟောင်းကျောက်စာရဲ့အုတ်မြစ်လည်းရှိတာကြောင့် တခြားသူထက်မင်းကပိုသာပါတယ်"
ဖားက ကျိုးဟောင်အား စိတ်သက်သာမှုရအောင်ပြောပေးလိုက်သည်။
"ဒါဆိုငါတို့ဘာဆက်လုပ်ကြမလဲ။ ငါတို့၅ခုမြောက်တောင်ကိုသွားကြမလား"
ကျိုးဟောင်ကမေးလိုက်လေသည်။
"အရမ်းစောသေးတယ်။ စိတ်၀ိညာဥ်လောကပွင့်လာတဲ့လက္ခဏာမျိုးတွေမတွေ့ရသေးဘူး။ငါခန့်မှန်းရသလောက်တော့ရက်အနည်းငယ်လောက်လိုဦးမယ်။ မင်းပစ္စည်းကောင်းလေးတွေရခဲ့တယ်မှတ်လား။ အဲ့တာတွေသုံးပြီး မင်းရဲ့ကျင့်ကြံရေးကိုအရင်မြှင့်တင်သင့်တယ်"
ဖားကပြန်ပြောလေသည်။
ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်ပြီး ပစ္စည်းများကိုစစ်ရန်နေရာကောင်းတခုရှာလိုက်လေသည်။မိုထျန်းတီဆီမှသူတို့ပစ္စည်းကောင်းများရခဲ့လေသည်။ ကျိုးဟောင်မှာခန္ဓာကိုယ်ပုံသွင်းအရည်အားစမ်းသုံးစွဲကြည့်လိုက်လေသည်။ ထိုအရာမှာသိပ်မဆိုးလှသောအရည်အသွေးရှိပေသည်။ထို့ကြောင့် ကျိုးဟောင်လည်းတုံ့ဆိုင်းမနေတော့ဘဲ ခန္ဓာကိုယ်ပုံသွင်းအရည်များအားချက်ချင်းသုံးစွဲလိုက်လေသည်။
တနေ့လုံး ကျိုးဟောင်မှာ ထိုနေရာမှာထိုင်နေရင်း ခန္ဓာကိုယ်ပုံသွင်းအရည်၏စွမ်းအားအားခံစားကြည့်နေလေသည်။ ထိုအရာ၏စွမ်းအားကသူ့အားတုန်လှုပ်သွားစေလေသည်။ထိုအရာ၏စွမ်းအားကသူ့ခန္ဓာကိုယ်အား ထပ်ခါတလဲလဲသန့်စင်ပေးနေပြီး သူ့သွေး၊ခန္ဓာကိုယ်နှင့်အရိုးများအထိတောင်သန့်စင်စေလေသည်။ထိုအရာကြောင့်ခံစားရသည့်နာကျင်မှုကလည်း သာမန်လူတယောက်တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ပေ။ကျိုးဟောင်တောင်အံ့ကိုကြိတ်ရင်း တောင့်ခံနေရလေသည်။
ထိုအချိန်တွင် ကျိုးဟောင်နှင့်မီတာ၅၀အကွာအဝေး၌အဖြူရောင်ကိုယ်ကြပ်၀တ်စုံကို၀တ်ဆင်ထားသည့်နတ်သမီးကဲ့သို့လှပပြီးဆွဲဆောင်မှုရှိသောအမျိုးသမီးတယောက်အရှိန်ပြင်းပြင်းနှင့်လာနေသည်။ သူမ၏ပါးစပ်တွင်လည်းသွေးများစီးကျနေခဲ့လေသည်။
သူမ၏နောက်တွင်တော့ သန်မာထွားကြိုင်းပြီးအမဲရောင်၀တ်စုံကို၀တ်ဆင်ထားသည့်အမျိုးသားတယောက်မှာ မိစ္ဆာကဲ့သို့အပြုံးမျိုးဖြင့်နောက်ကလိုက်လာနေခဲ့သည်။
"ဟားဟားဟား... မိန်းကလေးစု ထပ်ပြေးမနေပါနဲ့တော့။ မင်းတို့လေလံအိမ်တော်ကအမျိုးသမီးတွေကနှစ်လိုဖွယ်ကောင်းတဲ့အသွင်အပြင်နဲ့မွေးဖွားလာကြတယ်ဆိုတာလူတိုင်းသိတယ်။ဒီနေ့တော့ မင်းတို့အရှေ့တိုင်းမိန်းကလေးတွေရဲ့ ခန္ဓာကိုယ်က ငါဒဏ်ကိုတောင့်ခံနိုင်မလားသိချင်မိတယ်"
ထိုလူကြီး၏အမူအရာမှာအလွန်ရွံ့စရာကောင်းနေပြီးအပူတပြင်းနောက်ကလိုက်နေလေသည်။ ထိုအဖြစ်အပျက်ကိုကျိုးဟောင်မြင်လိုက်သောအခါ ထိတ်လန့်သွားလေသည်။အဘယ့်ကြောင့်ဆိုသော်ထိုမိန်းကလေးမှာ စုရှောင်းဖူနှင့်၇၀ရာခိုင်နှုန်းလောက်တူလေသည်။
သို့သော်ထိုမိန်းကလေးမှာ စုရှောင်းဖူလိုမျိုးနူးညံ့ညှင်သာမနေဘဲ အနည်းငယ်အေးစက်မာကျောဟန်ရှိလေသည်။ သူမသည်စုရှောင်းဖူမဟုတ်ဘဲ စုရှောင်းယွီဖြစ်လေသည်။
သူမ၏အခြေအနေမှာ အတော်ဆိုးရွားနေပြီး လိုက်လံတိုက်ခိုက်ခံထားရပုံပေါ်လေသည်။ ဒီနေရာမှာ မိုရိုတို့၏စိတ်ဝိညာဉ်လောကဖြစ်ပြီး တားမြစ်ထားသောနေရာများလည်းရှိပေသည်။
သူမ အနေဖြင့်ထိုနေရာများသို့၀င်ရောက်မိပါက စိတ်စွမ်းအားစုပ်ဝဲထဲပါသွားပြီး ဒဏ်ရာအပြင်းအထန်ရနိုင်လေသည်။သူမ အနေဖြင့်ပြန်ထွက်လာသောအခါ ထိုလူမဲအမျိုးသားနှင့်ရင်ဆိုင်တွေ့ပြီး တနေ့လုံးအနောက်ကလိုက်ခြင်းခံနေရလေသည်။သူမအနေဖြင့်ထိုလူမဲအမျိုးသားအားသိလေသည်။ထိုသူသည်အာဖရိကန်လူမျိုးစုမှဖြစ်ပြီး တိုက်ကြီး၃တိုက်၏ခေါင်းဆောင်ဖြစ်သူ၏သားလည်းဖြစ်လေသည်။ ထိုသူသည်တော်၀င်မျိုးရိုးလည်းဖြစ်ပေသည်။
ပုံမှန်ဆို သူတို့နှစ်ယောက်မှာသိပ်အဆက်အဆံမရှိပေ။ သို့သော်သူမအနေဖြင့်ဒဏ်ရာအပြင်းအထန်ရထားသည်ကို တဖက်ကတွေ့သွားသောကြောင့်နောက်ကအတင်းလိုက်နေခြင်းဖြစ်လေသည်။
"မိန်းကလေးစု ပြေးမနေပါနဲ့တော့ ငါမင်းကိုပိုင်ဆိုင်ချင်နေခဲ့တာအတော်ကြာပြီ။ ဒါ့အပြင်မင်းငါ့လက်ကမလွတ်နိုင်ပါဘူး။ မင်းဒဏ်ရာအပြင်းအထန်ရထားတာကြောင့် ငါနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး"
လူမဲအမျိုးသားမှာ ရယ်မောရင်း သူလိုချင်တာရပြီဟုတွေးနေလေသည်။
စုရှောင်းယွီမှာလည်းအရမ်းဒေါသထွက်နေသော်လည်းဘာမှမတတ်နိုင်ပေ။သူမအနေဖြင့်အံကိုကြိတ်ရင်းပြေးနေဖို့သာတတ်နိုင်လေသည်။
သူမနှင့်သိကျွမ်းသောတယောက်ယောက်နှင့်ဆုံနိုင်ဖို့ကိုသာဆုတောင်းနေမိလေသည်။ ဒါမှသာထိုလူမဲအမျိုးသားအားဟန့်တားနိုင်မည်ဖြစ်လေသည်။သို့သော်ကံဆိုးစွာဖြင့် သူမတနေ့လုံးပြေးနေခဲ့သော်လည်း ခုထိတယောက်နှင့်မှမဆုံသေးပေ။ဘာတွေများဖြစ်ကုန်ကြသနည်း။
"ချီးပဲ ဒီလူမဲကြီးရဲ့ မတရားပြုကျင့်ခြင်းကိုတကယ်ပဲခံရတော့မှာလား"
စုရှောင်းယွီမှာ အလွန်ဒေါသထွက်နေလေသည်။သူမသည်ထိုလူမဲအမျိုးသားအားမချစ်မနှစ်သက်သောကြောင့် သူမ၏အပျိုစင်ဘ၀အား မပေးလိုပေ။
"တကယ်လို့ ငါမလွတ်နိုင်တော့ဘူးဆိုရင် ကိုယ့်ကိုယ်သတ်သေလိုက်ပြီး ဒီလူ့ရဲ့အကြံအစည်ကိုမအောင်မြင်အောင်လုပ်ပစ်မယ်"
စုရှောင်းယွီမှာ အံ့ကိုကြိတ်ကာ အရှိန်ကိုမြှင့်တင်လိုက်ပြီး ခြေဦးတည့်ရာပြေးနေလေသည်။
လူမဲကြီးကလည်းထိုမြင်ကွင်းအားဟာသတခုလိုရယ်မောနေလေသည်။ သူမသည်ဒဏ်ရာရနေပြီးကန့်သတ်ချက်ကိုလည်းရောက်နေလေပြီ။ သူ့အနေဖြင့်အလောတကြီးလုပ်နေစရာမလိုပေ။
"မိန်းကလေးစု မင်းကအရမ်းလှပပြီးနှစ်လိုဖွယ်ကောင်းလှတယ်။ မင်းရဲ့အိပ်ရာပေါ်က အရည်အချင်းတွေလည်းကောင်းတယ်မှတ်လား။ မင်းတို့အရှေ့တိုင်းအမျိုးသမီးတွေက သီးသန့်နေတတ်ပြီးအရမ်းရယူဖို့ခက်ခဲတယ်မှတ်လား။ ဒီအချက်တွေပဲ ငါ့ကို မရပ်တန့်နိုင်အောင်ဖြစ်စေတာပဲ"
"ပြီးတော့မင်းကအရမ်းလှပပြီး နှစ်လိုဖွယ်အရမ်းကောင်းတယ်။ မိန်းကလေးစု ပြေးမနေပါနဲ့တော့ ဒီမှာဘယ်သူ့မှမရှိတာကြောင့် မင်းလွတ်နိုင်မှာမဟုတ်ဘူး"
ထိုလူမဲအမျိုးသားမှာစုရှောင်းယွီအား သူ့စိတ်ကြိုက်ပျော်ပါးပြီးနောက် သက်သေမကျန်စေလိုသောကြောင့် သတ်ပစ်ရန်ဆုံးဖြတ်ထားလေသည်။
တကယ်သို့ထိုသတင်းသာပြန့်သွားပါက သူ့အနေဖြင့်အခက်တွေ့မည်ဖြစ်လေသည်။ လေလံစံအိမ်အိမ်တော်၏စွမ်းအားကို သူစိန်မခေါ်ရဲပေ။ တိုက်ကြီး၃တိုက်၏ခေါင်းဆောင်ဖြစ်သူ၏သားဖြစ်ရင်တောင်မှ ရန်များအောင်မပြုလုပ်ရဲပေ။ ဒါ့အပြင်ဟွာရှားသည်လည်း ကမ္ဘာကြီး၏စွမ်းအားအကြီးဆုံးနေရာတခုလည်းဖြစ်ပေသည်။ထိုနေရာမှသူများနှင့်လည်းသူရင်မဆိုင်ရဲပေ။
စုရှောင်းယွီမှာလည်းပြေးလွှားရင်း သူမ၏ခြေလှမ်းများလေးလံပြီးနှေးကွေးလာသည်ကိုခံစားမိလေသည်။
"ငါဒီနေ့တကယ်ပဲသေရတော့မှာလား"
သူမသည်မသေချင်သေးသော်လည်း သေရန်လိုအပ်လာပါကလည်းတွန့်ဆုတ်နေမည်မဟုတ်ချေ။
သို့သော်လည်း လူမဲအမျိုးသားကသေချာအာရုံစိုက်ကြည့်နေလေသည်။ အဘယ့်ကြောင့်ဆိုသော်စုရှောင်းယွီကသူ၏အကြံအစည်မအောင်မြင်စေရန်အဆုံးစီရင်တာမျိုး သူမဖြစ်ချင်ပေ။
သူမအခြေအနေမကောင်းတော့သည်ကိုမြင်သောအခါ လူမဲအမျိုးသားမှာသူ၏အရှိန်ကိုမြှင့်တင်ပြီး အရိပ်မဲတခုအဖြစ်ပြောင်းလဲသွားကာ စုရှောင်းယွီ၏ရှေ့တွင်ပေါ်လာလေသည်။
စုရှောင်းယွီ၏အမူအရာမှာလုံး၀မျှော်လင့်ချက်မဲ့သွားလေသည်။ သူမအနေဖြင့်ဓားမြောင်ကိုထုတ်ပြီးသတ်သေရန်စီစဉ်နေသော်လည်း လူမဲအမျိုးသားကသူမ ရှေ့တွင်ရုတ်တရက်ပေါ်လာခဲ့လေသည်။
....................................................................................
အခန်း(၅၁၂)ပြီးပါပြီ။
အခန်း (၅၁၃) : အဖြေ
လူမဲအမျိုးသားမှာသူမလက်ထဲမှဓားမြောင်အားအဝေးသို့ရိုက်ထုတ်လိုက်သောကြောင့် စုရှောင်းယွီမှာလုံး၀စိတ်ပျက်သွားရလေသည်။ဒါ့အပြင်ထိုလူမဲအမျိုးသားမှာ သူ၏အားကောင်းသော ကျင့်ကြံရေးနည်းစနစ်များကိုအသုံးပြုပြီး စုရှောင်းယွီ၏ လှုပ်ရှားမှုများထိန်းချုပ်လိုက်လေသည်။
"ဟားဟား မိန်းကလေးစု မင်းဒီလိုသတ်သေဖို့ကြိုးစားမယ်ဆိုတာငါသိပြီးသား။ ငါဒီလိုအခွင့်အရေးမျိုးရဖို့အတော်စောင့်ခဲ့ရတာ တနေကုန်မင်းနဲ့လိုက်တမ်းပြေးတမ်းကစားပြီး ဒီလိုဖြစ်ခွင့်ပေးမယ်ထင်နေတာလား"
လူမဲအမျိုးသားက ပျော်ရွှင်စွာရယ်မောနေလေသည်။ထို့နောက်သူသည် စုရှောင်းယွီအားအတင်းပွေ့ဖက်ပြီးမြေပေါ်သို့လှဲချလိုက်လေသည်။
ထိုအချိန်တွင် ကျိုးဟောင်မှာလည်းသူ၏ခန္ဓာကိုယ်ပုံသွင်းခြင်းဖြစ်စဉ်မှာလည်း ပြီးဆုံးသွားခဲ့လေသည်။ သူ့ကိုယ်အတွင်းရှိသွေးအနှစ်သာရမှာလည်းလုံး၀သိပ်သည်းကျစ်လျစ်သွားခဲ့လေသည်။သို့သော် ကြီးမား သောနာကျင်မှုကြောင့် ကျိုးဟောင်မှာဒေါသထွက်နေသည့်ပုံစံဖြစ်နေလေသည်။
" ပြီးတော့မယ်ကျိုးဟောင်ခဏတောင့်ခံထားဦး။ မင်းဒီသွေးအနှစ်သာရတွေအကုန်လုံးကိုစုပ်ယူပြီးတာနဲ့ကျင့်စဉ်ကပြီးသွားလိမ့်မယ်"
ဖားကပြောလာလေသည်။ ဒီခန္ဓာကိုယ်ပုံသွင်းအရည်မှာအတော်ကောင်းပေသည်။ သူ့ခန္ဓာကိုယ်မှာ တရက်နှင့်တညလုံး နာကျင်မှုကိုခံစားရပြီးနောက် ပုံသွင်းခြင်းလုပ်ငန်းစဉ်မှာ ၈၀%အထိပြီးမြောက်သွားခဲ့လေသည်။သူ့အနေဖြင့်နောက်ဆုံးအဆင့်သို့ရောက်ရန်သိပ်မလိုတော့ပေ။
ထိုအချိန်မှာပဲ တခုခုကိုကျိုးဟောင်အာရုံခံလိုက်မိလေသည်။ ထို့ကြောင့် သူမျက်လုံးဖွင့်ပြီးအဝေးသို့လှမ်းကြည့်လိုက်သောအခါ မြင်မကောင်းသောမြင်ကွင်းတခုကိုတွေ့လိုက်ရလေသည်။
လူမဲအမျိုးသားတယောက်က အရှေ့တိုင်းအမျိုးသမီး၏ဓားကိုဖယ်ထုတ်လိုက်ပြီး သူမကိုလည်း မလှုပ်နိုင်အောင်သူ၏ကျင့်စဉ်တခုဖြင့်ချုပ်ထားလေသည်။ ထို့နောက်ထိုအမျိုးသမီးကိုပွေ့ဖက်ပြီးမြေပေါ်သို့လှဲချလိုက်သည်ကိုမြင်လိုက်ရလေသည်။
ကျိုးဟောင်မှာ ငတုံးမဟုတ်သောကြောင့်ဘာဖြစ်နေသလဲသူကောင်းစွာသိပေသည်။သေချာကြည့်လိုက်သောအခါသူ၏အမူအရာမှာခက်ထန်သွားပြီး ပြင်းထန်စွာရေရွတ်လိုက်မိလေသည်။
"စုရှောင်းဖူ......"
ကျိုးဟောင်၏အမူအရာမှာချက်ချင်းပြောင်းလဲသွားလေသည်။သူ့အားစုရှောင်းဖူကိုဂရုစိုက်ရန်စွင်းရွှင်းကပြောခဲ့ဖူးလေသည်။ ကျိုးဟောင်မှာဒီလိုကိစ္စမျိုးတွေကို မျက်နှာလွှဲမနေတတ်သူဖြစ်လေသည်။ ဒါ့ကြောင့် သူ့ခန္ဓာကိုယ်ပုံသွင်းခြင်းဖြစ်စဉ်အားလျစ်လျူရှုလိုက်ပြီး မတ်တပ်ထရပ်လိုက်လေသည်။
ကျိုးဟောင်၏ပါးစပ်မှသွေးများအန်ထွက်လာလေသည်။သူသည် ယခုအခြေအနေတွင်နောက်ဆုံးသွေးအနှစ်သာရကိုပုံသွင်းနေခြင်းဖြစ်ပြီး ထိုသို့မတ်တပ်ထရပ်လိုက်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိသွေးအနှစ်သာရများမှာ ဆူပွက်သွားရလေသည်။
"ဘာဖြစ်လို့လဲ မင်းဘာတွေလျှောက်လုပ်နေတာလဲ အသက်မရှင်ချင်တော့ဘူးလား"
ဖားမှာရုတ်တရက်မှင်တက်သွားလေသည်။ဂျယ်လီကောင်မှာလည်းအတူတူပင်ဖြစ်သည်။
"ဒီသူတောင်းစားလေးရူးသွားတာလား"
ဂျယ်လီကောင်လည်းစိတ်မထိန်းနိုင်ဘဲပြောလိုက်လေသည်။
ထိုအချိန်တွင်စုရှောင်းယွီမှာလည်း စိတ်ပျက်နေပြီး နာကျင်စွာမျက်စိစုံမှိတ်ထားလေသည်။လူမဲကြီးကထိုအရာကိုမြင်သောအခါ ရယ်ပြီးပြောလေသည်။
" မင်းကြောက်နေတာဆိုရင်တော့ မျက်စိမှိတ်ထားတာကောင်းပါတယ်။ မကြာခင် မိန်းမတယောက်ဖြစ်ရခြင်းရဲ့သာယာမှုကိုမင်းခံစားရလိမ့်မယ်"
စုရှောင်းယွီမှာ သူ့အ၀တ်များကို ထိုလူမဲအမျိုးသားကဖယ်နေသည်ကိုခံစားမိပြီး စိတ်ပျက်နေလေသည်။
သို့သော်ထိုအချိန်တွင် တခုခုက လေကိုထိုးခွင်းပြီးလာနေသည်ကိုခံစားလိုက်ရလေသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သွေးများတရစပ်အန်နေသည့် လူတယောက်သူတို့ဆီကိုလာနေသည်ကိုမြင်လိုက်ရလေသည်။ထိုအခြင်းအရာကိုလူမဲကြီးကလည်းသတိထားမိလေသည်။
သူ့သည်အလွန်ဒေါသထွက်သွားပြီးနောက်သို့လှည့်ကြည့်လိုက်သောအခါ သွေးများအန်နေသည့်ကျိုးဟောင်ကိုတွေ့လိုက်ရလေသည်။
"ဘယ်လိုစောက်သုံးစားမရတဲ့ကောင်လဲ ဒီလိုအခြေအနေဖြစ်နေတာတောင်မှ မိန်းမလှလေးကိုကယ်ပြီး သူရဲကောင်းလုပ်ပြချင်နေသေးတယ်"
ထိုလူမဲကြီးကပြောပြီးနောက်အချိန်ဆွဲမနေဘဲ သူ့လက်ကိုဝှေ့ယမ်းပြီးအားကောင်းသောကျင့်စဉ်တခုကိုထုတ်လိုက်လေသည်။
၈ဆင့်မြောက်မူလပညာရှင်၏အစွမ်းကုန်ထုတ်သုံးခြင်းက ကြောက်ခမန်းလိလိပင်ဖြစ်သည်။ သူသည် အနက်ရောင်ခြင်္သေ့ဝိညာဉ်တခုကိုဖန်တီးလိုက်ပြီး ကျိုးဟောင်ဆီစေလွှတ်လိုက်လေသည်။သူ့စိတ်ထဲတွင် ဒီတိုက်ခိုက်မှုဖြင့်ကျိုးဟောင်သေမည်လို့တွေးထားခဲ့လေသည်။
သို့သော် သွေးအန်နေသောလူတယောက်က သူ့အနက်ရောင်ခြင်္သေ့ဝိညာဉ်ကိုတချက်တည်းဖြင့်အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင်လုပ်နိုင်လိမ့်မည်လို့မထင်ထားခဲ့ပေ။ထိုပြင်းထန်သောစွမ်းအားကြောင့် လူမဲအမျိုးသားမှာ ခေါင်းကြိမ်းသွားလေသည်။
"လခွမ်း...."
သူသည်ကြောက်လန့်သွားပြီး နောက်သို့အနည်းငယ်ဆုတ်သွားခဲ့လေသည်။
"သူငယ်ချင်း ငါက အာဖရိကက အီတာယွီ မိသားစုရဲ့အကြီးဆုံးသား ကူရုပဲ။ မင်းလိုချင်တာရှိရင်ငါ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ငါကိုနာအောင်တော့မလုပ်ပါနဲ့"
ကူရုမှာ ငတုံးမဟုတ်သောကြောင့် တဖက်လူကသူ့အားဘာလုပ်ချင်နေသလဲသေချာသိလေသည်။သို့သော်လည်းအားလုံးကနောက်ကျသွားခဲ့လေပြီ။ ကျိုးဟောင်မှာ သူဘယ်သူလဲဆိုသည်ကိုဂရုမစိုက်တော့ပေ။ သူအခုထိုလူအားချက်ချင်းသတ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိမတည်ငြိမ်ဖြစ်နေသောသွေးအနှစ်သာရကိုထိန်းချုပ်ဖို့သာတွေးထားလေသည်။
ထို့ကြောင့်ကျိုးဟောင်မှာသူ၏ကောင်းကင်ဘုံအဆင့်တ၀က်စွမ်းအားကိုချက်ချင်းထုတ်လိုက်လေသည်။ကောင်းကင်တွင်မိုးကြိုးများချိန်းလာပြီး လှံတချောင်းက ကူရုအားချက်ချင်းဖောက်၀င်သွားလေသည်။ ကူရုမှာ ဘာဖြစ်သွားမှန်းမသိဘဲ သေဆုံးသွားခဲ့ရလေသည်။
ထိူလူမဲကြီးအားဖြေရှင်းပြီးနောက် ကျိုးဟောင်မှာ စုရှောင်းယွီအားကြည့်ပြီးမေးလိုက်လေသည်။
"ရှောင်းဖူ အဆင်ပြေရဲ့လား"
ထိုစကားကိုကြားသောစုရှောင်းယွီမှာ မှင်တက်သွားလေသည်။ သို့သော်သူမ ပြန်မဖြေနိုင်ခင်မှာပဲ ကျိုးဟောင်မှာ သွေးများအန်ပြီး သူမ လက်မောင်းပေါ်သို့လဲကျသွားလေသည်။
"ဟေး...ဟေး.....ဘာဖြစ်လို့လဲ"
စုရှောင်းယွီမှာလန့်သွားလေသည်။ သူမ၏ကျင့်ကြံရေးနည်းစနစ်များမှာ ကန့်သတ်ခံထားရသော်လည်း အနည်းငယ်တော့လှုပ်လို့ရသေးပေသည်။သူမကချက်ချင်းပင်ကျိုးဟောင်အားထူလိုက်လေသည်။
ထိုအချိန်မှာပဲ ဖားနှင့်ဂျယ်လီဖြူတို့က အပြေးရောက်လာလေသည်။ဖားကစုရှောင်းယွီကိုတွေ့သောအခါ သူ့၏နေကာမျက်မှန်ကိုဆွဲချွတ်လိုက်ပြီး သူ့၏မျက်လုံးဝိုင်းကြီးများဖြင့်သေချာကြည့်နေလေသည်။ စုရှောင်းယွီ၏လှပသောခန္ဓာကိုယ်အချိုးအစားကိုကြည့်ပြီး ခေါင်းညိတ်လိုက်မိလေသည်။
"မိန်းကလေး အရမ်းမစိုးရိမ်ပါနဲ့။ ကျိုးဟောင်ဒီလိုဖြစ်နေတာက သူ့သွေးအနှစ်သာရတွေကုန်ခမ်းသွားလို့ပါ။ သူအသက်အန္တရာယ်မရှိပါဘူး"
ဖားက ပြုံးပြီးပြောလိုက်လေသည်။ သူ့အပြုံးက မသတီစရာကောင်းနေပေသည်။
စုရှောင်းယွီမှာ လက်ရှိတွင်ကျိုးဟောင်အားစိတ်ပူနေသောကြောင့် ဖားမျက်နှာပေါ်ရှိအမူအရာများကိုသတိမထားနိုင်ပေ။
"ဒါက ကျိုးဟောင်လား ရှင်က သူမွေးထားတဲ့ ဝိညာဉ်သတ္တ၀ါလား"
စုရှောင်းယွီမှာ အံ့ဩသွားလေသည်။ သူမသည် ကျိုးဟောင်ဆိုသောနာမည်ကိုကောင်းစွာကြားဖူးလေသည်။ လွန်ခဲ့သောနှစ်ရက်ကပင် သူမ ကကျိုးဟောင်အကြောင်းပြောခဲ့ဖူးလေသည်။ထိုလူက သူမအား ကယ်တင်လိမ့်မည်လို့ တွေးမထားဖူးပေ။
"ဟုတ်တာပေါ့.....သူကကျိုးဟောင်ပဲ"
ဖားကချက်ချင်းပြန်ဖြေလိုက်လေသည်။
ကျိုးဟောင်မှာ လုံး၀သတိလစ်နေသောကြောင့်သူမမှာ အလွန်စိတ်ပူနေလေသည်။
"သူ တကယ်အဆင်ပြေပါ့မလား"
"ဟမ် သူအသက်အန္တရာယ်တော့မရှိပါဘူး။ သူကအဆင့်ချိုးဖောက်ဖို့အတွက် အပြင်းအထန်ကျင့်ကြံနေတဲ့အချိန်မှာ မင်းကိုကယ်ဖို့အတွက် ရုတ်တရက်ရပ်တန့်လိုက်တာကြောင့် သူ့ခန္ဓာကိုယ်ကဒဏ်ရာရသွားခဲ့တာ။ ပြောရရင် အတွင်းဒဏ်ရာ ကြီးကြီးမားမားရသွားတာပေါ့"
"ဟင်....."
စုရှောင်းယွီမှာထိုစကားကြောင့်အမူအရာလုံး၀ပြောင်းသွားလေသည်။
"သူ့ကိုကယ်နိုင်မယ့်နည်းလမ်းတခုခုမရှိဘူးလားဟင်"
သူမက ချက်ချင်းပြန်မေးလေသည်။
ထိုစကားကိုကြားသောအခါ ဖားက ဂျယ်လီဖြူအားကြည့်ပြီး မျက်စပစ်ပြလိုက်လေသည်။သူတို့နှစ်ယောက်၏မျက်နှာအမူအရာများက မကောင်းတဲ့အတွေးတခုခုကြံနေသည်ပုံကို အထင်းသားမြင်နေရလေသည်။
"အမ်.... နည်းလမ်းတော့ရှိပါတယ် ဒါပေမဲ့ မိန်းကလေးကကျိုးဟောင်ကိုလိုလိုလားလားကူညီချင်ရဲ့လား"
ဖားကရုတ်တရက်မေးလာလေသည်။
"ဒါပေါ့ ကျွန်မကူညီမှာပေါ့ သူက ကျွန်မကိုကယ်ခဲ့တာလေ ဘာလို့မကူညီနိုင်ရမှာလဲ"
စုရှောင်းယွီကလည်းပြန်ဖြေလေသည်။
"ကောင်းပြီ ဒါဆို မင်းလုပ်ဖို့လိုတာက....."
ဖားကစုရှောင်းယွီ၏နားနားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်လေသည်။
စုရှောင်းယွီသည် အစကဖားမှာ နည်းလမ်းကောင်းတခုရှိလိမ့်မည်လို့ထင်ထားခဲ့သော်လည်း ယခုကြားလိုက်ရသောစကားကြောင့် သူမ၏မျက်နှာလေးမှာနီရဲသွားလေသည်။ သူမ၏မျက်လုံးလေးများမှာလည်းပြူးကျယ်သွားကာ ရှက်လည်းရှက်သွားလေသည်။
"အဟမ်းအဟမ်း ဒီနည်းလမ်းက အရမ်းတော့ မသင့်တော်ဘူး။ ဒါပေမဲ့တခြားနည်းလမ်းတော့မရှိဘူး။တကယ်လို့မိန်းကလေးမလုပ်ချင်ရင်တော့ထားလိုက်ပါ"
ဖားကပြောရင်း စုရှောင်းယွီအားကြည့်လိုက်လေသည်။
စုရှောင်းယွီလည်း အချိန်တခုလောက်စဉ်းစားပြီးနောက်စိတ်ဆုံးဖြတ်ကာသူမ၏နှုတ်ခမ်းလေးကိုကိုက်လိုက်လေသည်။ ထို့နောက် ကျိုးဟောင်၏ပါးစပ်လေးကိုဖြည်းညှင်းစွာဖွင့်လိုက်ပြီး နမ်းလိုက်လေသည်။
....................................................................................
အခန်း(၅၁၃)ပြီးပါပြီ။