← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄): နားလည်မှုလွဲခြင်း

စုရှောင်းယွီက ကျိုးဟောင်အားနမ်းလိုက်လေသည်။သူမ၏မွှေးပျံ့သောရနံ့နှင့်ရှက်သွေးဖြာနေသောမျက်နှာလေးက ပုရိသတိုင်းလွန်ဆန်ဖို့မဖြစ်နိုင်ပေ။

ဖားကလည်းမျက်လုံးများပြူးပြီး စိတ်လှုပ်တရှားကြည့်နေလေသည်။ထိုအချိန်တွင်ဂျယ်လီဖြူကထပြောလာလေသည်။

"လခွမ်း ယောကျာ်းအချင်းချင်းနမ်းတာ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"

ဖားမှာအစကစိတ်လှုပ်ရှားနေသော်လည်းဂျယ်လီဖြူ၏စကားကြောင့် စိတ်တိုသွားလေသည်။

"မင်းရူးနေတာလား အဲ့ဒါမိန်းကလေးကွ မိန်းကလေး...."

"ဒီလောက်ဖြူဖွေးပြီးလှပတဲ့မိန်းကလေးကိုယောကျာ်းလို့မြင်ရလောက်အောင် မင်းရူးနေပြီလား"

ဖားကဒေါသတကြီးပြောလေသည်။

"ဟမ် မိန်းကလေးဟုတ်လား မဖြစ်နိုင်တာတွေ ...."

ဂျယ်လီဖြူကပြန်ငြင်းပြီး မျက်လုံးပြူးကာ စုရှောင်းယွီအား‌‌ ဝေခွဲရ‌ခက်သောအမူအရာဖြင့်ကြည့်လိုက်လေသည်။

စုရှောင်းယွီက ကျိုးဟောင်အားနမ်းနေရင်း ထူးဆန်းသောဖိအားတခုအား ကျိုးဟောင်၏ပါးစပ်မှစုတ်ထုတ်လိုက်လေသည်။ ထိုအရာသည် ကျိုးဟောင်၏ နှလုံးတွင်ပိတ်နေသောကြီးမားသည့်စွမ်းအင်လုံးကြီးဖြစ်လေသည်။

ကျိုးဟောင်မှာ ထိုစွမ်းအင်များကို အကုန်မစုပ်ယူနိုင်သေးခင်ရုတ်တရက်ထတိုက်ခိုက်ခဲ့သောကြောင့် ထိုစွမ်းအင်များမှာ ကျိုးဟောင်၏နှလုံးသားအားသွားပိတ်နေခဲ့လေသည်။

တယောက်ယောက်ကထိုစွမ်းအင်လုံးကိုမထုတ်ပေးရင်တောင်မှ ကျိုးဟောင်၏ကျင့်ကြံဆင့်ကြောင့် ပုံမှန်အခြေအနေသို့ပြန်ရောက်နိုင်လေသည်။ သို့သော် ဖားက စုရှောင်းယွီအား နောက်ပြောင်ပြီး ထိုစွမ်းအင်လုံးကိုစုပ်ထုတ်ခိုင်းခဲ့ခြင်းဖြစ်လေသည်။

ဒါ့ကြောင့် အခြေအနေတွေကယခုလိုဖြစ်သွားခဲ့ခြင်းဖြစ်ပေသည်။ ကျိုးဟောင်၏နှလုံးတွင်တောက်နေသောမီးများပြေပျောက်သွားပြီး ကျိုးဟောင်မှာပြန်လည်သက်သာလာခဲ့ပေသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ လှပပြီး ရှက်သွေးဖြာနေသောမျက်နှာလေးကိုမြင်လိုက်ရလေသည်။သူမမှာ မျက်လုံးများကိုမှိတ်ထားပြီး စိတ်လှုပ်ရှားနေလေသည်။

သူမ၏မျက်နှာလေးမှာအရမ်းကပ်နေသောကြောင့် ကျိုးဟောင်မှာမှင်တက်သွားလေသည်။

"ငါအိပ်မက်မက်နေတာလား ဒီရက်ပိုင်း ဘာရုပ်ရှင်ကားမှလည်းမကြည့်ထားပါဘူး။ ဘာတွေဖြစ်နေတာလဲ ဘာလို့ဒီလိုအိပ်မက်မျိုးမက်နေရတာလဲ"

ကျိုးဟောင်မှာ့သူ့ကိုယ်သူ အိပ်မက်မက်တယ်ထင်နေခဲ့လေသည်။သူတို့နှစ်ယောက်မှာ မျက်နှာချင်းအရမ်းနီးကပ်နေသောကြောင့် ဘယ်သူဘယ်ဝါမှန်း ကျိုးဟောင်မသိပေ။

ကျိုးဟောင်မှာ အိပ်မက်လို့ထင်ပြီး ပိုမိုရဲတင်းလာလေသည်။သူ့နှုတ်ခမ်းအားထိနေသော အေးစက်စက် နှုတ်ခမ်းလေးတခုကိုခံစားလိုက်ရသောကြောင့် သူ့ပါးစပ်ကိုဖွင့်ကာ လျှာကိုအသုံးပြုလိုက်လေသည်။

ထိုလုပ်ရပ်ကစုရှောင်းယွီအား တုန်လှုပ်သွားစေခဲ့လေသည်။ သူမချက်ချင်းပဲ မျက်စိဖွင့်ကြည့်လိုက်သောအခါ သူမကိုကျိုးဟောင်ကတဏှာရာဂအကြည့်များဖြင့်ကြည့်နေ‌သည်ကိုတွေ့လိုက်ရလေသည်။ထို့ကြောင့် သူမလည်းဒေါသထွက်သွားပြီး ကျိုးဟောင်ကိုတွန်းထုတ်လိုက်လေသည်။ ဒါ့အပြင် သူမလက်ကိုမြှောက်ကာ ကျိုးဟောင်အားပါးချလိုက်လေသည်။

ဖြန်း.....

"နင်....နင် နှာဘူးကောင်..."

ထိုဒေါသတကြီးကျိန်ဆဲသံက ကျိုးဟောင်အားအသိပြန်၀င်သွားစေလေသည်။

"လခွမ်း အိပ်မက်မဟုတ်ဘူးလား"

ကျိုးဟောင်၏မျက်နှာမှာ နီရဲသွားလေသည်။ သူချက်ချင်းထပြီးကြည့်လိုက်သောအခါ စုရှောင်းယွီကသူ့အားဒေါသတကြီးကြည့်နေသည်ကိုမြင်လိုက်ရလေသည်။

"ချီးပဲ ငါအခုမှ ပြန်မှတ်မိတယ်။ ငါကျင့်ကြံနေတုန်းမှာ သူမကိုကယ်ဖို့ ရုတ်တရက်ရပ်ခဲ့ရတာပဲ။ ဒါ့ကြောင့် ငါမေ့လဲသွားတာဖြစ်မယ် ဒါ...ဒါပေမဲ့ ငါမေ့လဲနေတာကို ဘာလို့သူမကငါ့ကိုနမ်းနေရတာလဲ။ သူမအရေးပေါ်အသက်ကယ်နည်းကိုလုပ်နေတာလား"

ထိုခဏအတွင်းမှာပဲ ကျိုးဟောင်စိတ်ထဲ အတွေးများစွာဖြင့်ပြည့်နှက်သွားလေသည်။ သို့သော်လည်း သူချက်ချင်းပင်တောင်းပန်လိုက်လေသည်။

"ကျွန်တော် တောင်း....တောင်းပန်ပါတယ် အိပ်မက်တခုလို့ထင်ခဲ့လို့ပါ။ ကျွန်တော်တောင်းပန်ပါတယ်နော် ရှောင်းဖူ"

စုရှောင်းယွီက ကျိုးဟောင်အားသေချာကြည့်ပြီး နှုတ်ခမ်းလေးဆူကာပြောလိုက်လေသည်။

" မျက်စိသေချာဖွင့်ပြီးကြည့်ပါဦး ငါကရှောင်းဖူမဟုတ်ဘူး"

စုရှောင်းယွီမှာ သူမ၏ပထမဆုံးအနမ်းအားခိုးယူခံလိုက်ရသောကြောင့် ဒေါသထွက်ကာ လေသံမှာတင်းမာနေလေသည်။

"ဟမ်.... မင်းကစုရှောင်းဖူမဟုတ်ဘူးလား"

ကျိုးဟောင်မှာရုတ်တရက်မှင်တက်သွားလေသည်။ သူသေချာကြည့်ကြည့်သောအခါ တခုခုကွဲလွဲနေသည်ကိုတွေ့လိုက်ရလေသည်။

စုရှောင်းဖူက နူးညံ့ညင်သာမှုကိုပေးစွမ်းလေသည်။ ဒါ့အပြင် သူမ၌ ထူးခြားသောညှို့ယူဆွဲဆောင်မှုရှိလေသည်။ သူမကိုကြည့်မိသူတိုင်းအကြည့်မလွှဲနိုင်သောထူးဆန်း‌သောဆွဲဆောင်မှုရှိပေသည်။

သို့သော်လက်ရှိသူ့ရှေ့တွင်ရှိနေသော မိန်းကလေးမှာ ညင်သာမှုနည်းပြီး ပိုမိုရှက်တတ်ကာ အနည်းငယ်ခက်ထန်ပေသည်။ ထိုအမူအရာများက စုရှောင်းဖူနှင့်မတူပေ။

"အမ်.... မင်းဘယ်သူလဲ မိန်းမလှလေး"

ကျိုးဟောင်မှာ ပိုပိုပြီးရှက်လာလေသည်။

"ဟွန့် စုရှောင်းဖူကငါ့ရဲ့ဒုတိယညီမလေးပဲ။ ငါကစုရှောင်းယွီ"

စုရှောင်းယွီကသူ့အားမျက်စောင်းထိုးပြီးပြောလိုက်လေသည်။

"ဒါဆို မင်းကမိန်းကလေးယွီပေါ့ မင်းအကြောင်းတွေကြားဖူးတာကြာပါပြီ"

ကျိုးဟောင်မှာ စု‌အိမ်တော်၏ ညီအစ်မလေးယောက်အကြောင်းကြားဖူးခဲ့လေသည်။ သူမသည်ထိုအထဲမှ တယောက်ဖြစ်ကြောင်းသူသိလိုက်ရပေသည်။

"အခုလိုကူညီတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်"

ကျိုးဟောင်ကခေါင်းကိုကုတ်ပြီးပြောလိုက်လေသည်။

"နင်ငါ့ကိုကယ်ခဲ့တာမို့ ငါကနင့်ကိုပြန်ကယ်ပေးတာပဲ။ ဒီအတွက်ဘာမှ ကျေးဇူးတင်စရာမလိုဘူး။ ဒါပေမဲ့ဘာလို့......"

စုရှောင်းယွီမှာ သူ့အားဘာကြောင့်နှာဘူးတကောင်ကဲ့သို့လျှာကိုအသုံးပြုခဲ့တာလဲဆိုသည်ကိုမေးချင်နေလေသည်။သို့သော်သူမ ပြောမထွက်ခဲ့ပေ။

သူမ တခုခုပြောချင်သည့်ပုံပေါ်သော်လည်း ဘာမှ ထပ်ထွက်မလာသောကြောင့်ကျိုးဟောင်အံ့ဩနေလေသည်။

ထိုအချိန်တွင် ကျိုးဟောင်၏သွေးအနှစ်သာရမှာပြန်လည်တည်ငြိမ်သွားပြီး သူ၏ကိုယ်ခန္ဓာမှာလည်းပြောင်းလဲသွားလေသည်။ သို့သော် ခန္ဓာကိုယ်ပုံသွင်းအရည်အနည်းငယ်ကိုတော့ စုရှောင်းယွီက စုပ်ယူသွားခဲ့လေသည်။

သို့ပေမဲ့ ကျိုးဟောင်မှာ ပထမအဆင့်သို့မရောက်ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်မှာ စတုတ္ထအဆင့်ထိရောက်နေသည်ကိုတော့ခံစားလိုက်မိသည်။လက်ရှိတွင် သူ့ခန္ဓာကိုယ်မှာ စကြ၀ဠာကိုယ်ခန္ဓာသိုင်းအားကျင့်ကြံဖို့အဆင့်မှီသွားခဲ့လေပြီ။

ထိုအချိန်တွင် ဖားနှင့်ဂျယ်လီဖြူမှာ ရောက်လာလေသည်။

"ဒီကောင်ကမင်းတို့နှစ်ယောက်ကိုနမ်းခိုင်းခဲ့တာပဲ။ မင်းသွေးအနှစ်သာရပြန်တည်ငြိမ်ဖို့ကအချိန်တခုပဲလိုတာဖြစ်ပြီး တကယ်‌ကမင်းတို့နှစ်ယောက်နမ်းဖို့မလိုဘူး။ ဒီဖားက မင်းတို့နှစ်ယောက်နမ်းတာမြင်ချင်လို့ သူမကိုညာပြီးခိုင်းခဲ့တာ"

ဂျယ်လီဖြူက အခွင့်အရေးရသည်နှင့်ဖားအားလက်စားချေလိုက်လေသည်။ သူ့စကားကြောင့် အခြေအနေမှာပိုမိုတင်းမာသွားလေသည်။

"ဘာ.....မင်းကဒါကိုတမင်လုပ်ခဲ့တာပေါ့..."

ကျိုးဟောင်မှာ ဒေါသထွက်သွားပြီး ဒီကိစ္စတွေအားလုံးမှာ ဖား၏လက်ချက်မှန်း သဘောပေါက်သွားလေသည်။

‌စုရှောင်းယွီမှာလည်း ဒေါသများပေါက်ကွဲလုနီးပါးဖြစ်သွားလေသည်။ သူမသည် ကျိုးဟောင်အားကယ်လိုစိတ်ကြောင့် ဘာမှ မတွေးခဲ့မိသော်လည်း ဖားကထိုအချက်ကိုအခွင့်အရေးယူပြီးသူမအားလိမ်ညာခဲ့လေသည်။

"စောက်ဝိညာဉ်သတ္တဝါ နင့်ကိုငါအခုသတ်မယ်"

စုရှောင်းယွီမှာဒေါသတကြီး သူမလက်ကိုဝှေ့ယမ်းလိုက်သောအခါ အစိမ်းရောင်ဓားတချောင်းသူမလက်ထဲတွင်ပေါ်လာပြီးဖားအားခုတ်ပိုင်းလိုက်လေသည်။

ထိုဓားချက်မှာ အလွန်လျင်မြန်ပြီး အစိမ်းရောင်အလင်းတန်းကိုသာမြင်လိုက်ရလေသည်။ဖားမှာလည်း ကြောက်လန့်တကြားကလေးတယောက်လိုအော်ဟစ်လာလေသည်။

"မိန်းကလေး ဒါ...ဒါက အထင်လွဲတာပါ။ ငါမင်းကို စွမ်းအင်အလုံးကိုသာစုပ်ယူခိုင်းတာပါ သူ့ကိုနမ်းခိုင်းတာမဟုတ်ပါဘူး"

ဖားကိုလက်ကိုကာရင်းပြောလိုက်လေသည်။ ထိုအချိန်တွင် အရိပ်တခုက စုရှောင်းယွီ၏တိုက်ခိုက်ချက်ကိုတားလိုက်လေသည်။

စုရှောင်းယွီမှာ အမူအရာပျက်သွားလေသည်။ သေချာပြန်တွေးကြည့်ရင်လည်း ထိုစကားများကမှန်ပေသည်။ ထိုဖားကသူမကိုနမ်းဖို့မတောင်းဆိုခဲ့ပေ။

ထိုသို့တွေးမိသောအခါ သူမမှာ အရမ်းရှက်သွားပြီး ကျိုးဟောင်ကိုတောင် မကြည့်ရဲတော့ပေ။သူမသည် အထင်လွဲပြီး သူ့ကိုတောင်ပါးချခဲ့သေးလေသည်။ သို့သော်ဖား၏စကားများကြောင့် သူမက လိုလိုလာလားနမ်းခဲ့ခြင်းဖြစ်ကြောင်းပြန်တွေးမိသွားလေသည်။

သူမမှာ အရမ်းရှက်သွားပြီး ထိုနေရာတွင်ဆက်မနေရဲတော့ပေ။ ဘာတခွန်းမှ‌မပြောဘဲ ထိုနေရာမှ အရှိန်တင်ပြီး အဝေးသို့ထွက်သွားခဲ့လေသည်။

....................................................................................

အခန်း(၅၁၄)ပြီးပါပြီ။

အခန်း (၅၁၅) : လျှို့ဝှက်တွေ့ဆုံခြင်း

စုရှောင်းယွီထွက်သွားသည်ကိုမြင်တော့မှ ကျိုးဟောင်လည်း သက်ပြင်းချလိုက်မိသည်။ သူဘာလုပ်သင့်သနည်း။ တကယ်လို့ဒီသတင်းသာပေါက်ကြားသွားပါက သူ့ပုံရိပ်မှာဘာဖြစ်သွားမည်နည်း။

သို့သော်စုရှောင်းယွီကဘာတခုမှမပြောခဲ့ပေ။

သူမ ထွက်သွားပြီးနောက် ကျိုးဟောင်မှာ ဖားနှင့်ဂျယ်လီဖြူကိုကြည့်ပြီးမေးလိုက်လေသည်။

"မင်းတို့ဒါကိုတမင်လုပ်တာမှတ်လား"

ဖားက သူ့မျက်မှန်ကိုပင့်တင်ပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလာလေသည်။

"ကျွတ် ငါတို့တမင်လုပ်တော့ကောဘာဖြစ်လဲ။ ဒါပေမဲ့ မင်းကသာအရှက်မရှိ ဘာလို့လျှာကိုသုံးပြီး နမ်းရဲတာလဲ"

"မင်း......"

ကျိုးဟောင်မှာ ဒေါသအရမ်းထွက်‌သွားသော်လည်း ဘာမှဆက်မပြောလိုတော့ပေ။

မိုရိုတို့၏ထူးခြားဆန်းကြယ်သောနယ်ပယ်မှာ ရက်အနည်းငယ်အကြာတွင်ပွင့်လာလေသည်။ သို့သော်မိုရိုတို့၏ဝိညာဉ်နယ်ပယ်မှာပွင့်ဖို့ရက်အနည်းငယ်လိုသေးကြောင်း ကျိုးဟောင်သိသောကြောင့် ဘာမှ အလောတကြီးမလုပ်သေးပေ။

ကျိုးဟောင်မှာ တခုခုထူးလိုထူးငြား အနီးပတ်၀န်းကျင်တွင်လှည့်လည်သွားလာနေလေသည်။ သို့သော် သူအရှိန်မြင့်သွားလာနေရင်း သတ်ဖြတ်လိုသောအရှိန်အဝါတခု၏တိုက်ခိုက်မှုကိုခံစားလိုက်ရလေသည်။

ကျိုးဟောင်မှာအမူအရာချက်ချင်းပြောင်းသွားပြီး သူ့အားတိုက်ခိုက်လာသည့် တိုက်ခိုက်ချက်ကိုရှောင်ရှားလိုက်လေသည်။ ထို့နောက်သူ့လှံကိုဆွဲထုတ်လိုက်ပြီး ဝှေ့ယမ်းလိုက်လေသည်။ သူ၏‌အားကောင်းလှသောတိုက်ခိုက်ချက်က လေကိုဖြတ်ထွင်းသွားပြီး ထိုနေရာတွင်သွေးစလေးများ ကျကျန်‌သွားစေလေသည်။

"ပုန်းမနေဘဲ ထွက်လာခဲ့တော့ မင်းရှိနေတာ ငါသိပြီးပြီ"

ကျိုးဟောင်မှာနေရာတခုအားစိုက်ကြည့်ပြီးပြောလိုက်လေသည်။ သူ၏စိတ်စွမ်းအားက တခုခုကိုရှာဖွေတွေ့ရှိခဲ့လေသည်။

ကျိုးဟောင်စကားဆုံးသောအခါ နေရာတခုမှ ပတ်၀န်းကျင်နဲ့တသားတည်းဖြစ်နေရာမှ စတင်လှုပ်ခတ်သွားလေသည်။ ပြီးနောက် ပုံရိပ်တခုကတည်ငြိမ်သောအမူအရာဖြင့်ပေါ်လာခဲ့လေသည်။

ကျိုးဟောင်က ထိုလူအားကြည့်လိုက်လေသည်။ထိုလူမှာ ရိုးရှင်းသောအ၀တ်အစားကို၀တ်ဆင်ထားပြီး ထိုအ၀တ်အစားများမှာတရုတ်ရိုးရာ၀တ်စုံနှင့်ဆင်တူသောကြောင့် ကျိုးဟောင်မှာ အံ့ဩသွားလေသည်။

"မိတ်ဆွေ ငါမင်းကို မထီမဲ့မြင်လုပ်ချင်လို့မဟုတ်ပါဘူး။ ကျေးဇူးပြု၍ဒီကိစ္စကိုကျုပ်ရဲ့ရှေးဟောင်းသိုင်းမိသားစုဖြစ်တဲ့ ဟန်မိသားစုစာရင်းထဲထည့်လိုက်ပါ့မယ် ဘယ်လိုသဘောရပါသလဲ"

ထိုတရုတ်ရိုးရာ၀တ်စုံနှင့်လူက ရိုသေစွာပြောလာလေသည်။

တဖက်လူသည် ယဉ်ကျေး‌သောသူမဟုတ်ပေ။ သူသည်ကျိုးဟောင်ကိုမယှဉ်နိုင်မှန်း သဘောပေါက်သောကြောင့် ကြိုတင်အရှုံးပေးခဲ့ခြင်းဖြစ်လေသည်။

"ရှေးဟောင်းသိုင်းမိသားစုဖြစ်တဲ့ဟန်မိသားစုဟုတ်လား။ ငါတော့တခါမှ မကြားဖူးဘူး။ ဒါပေမဲ့ မင်းငါ့ကိုသတ်ဖို့ကြိုးစားခဲ့တာကြောင့် မင်းလည်းသေဖို့ပြင်ထား...."

ကျိုးဟောင်မှာစည်းရုံးသိမ်းသွင်းရလွယ်သူမဟုတ်ပေ။ တဖက်လူသည်သူ့အားသတ်ဖြတ်လိုစိတ်ဖြင့်တိုက်ခိုက်ခဲ့ပြီးမှ ဟန်မိသားစုအပေါ် လွှဲချနေလေသည်။

"မိတ်‌ဆွေ ဟန်မိသားစုအပေါ် မထီမဲ့မြင်ပြုလုပ်တာကောင်းတဲ့ရွေးချယ်‌မှုတော့မဟုတ်ဘူးနော်"

ဟန်ယင်ကအေးစက်စက်လေသံဖြင့်ပြောလိုက်လေသည်။သူသည်ဒီလူအားအနိုင်မယူနိုင်သော်လည်း ကြောက်တော့မကြောက်ပေ။ သူသည်ဟန်မျိုးရိုးမိသားစုမှဖြစ်ပြီး ဂုဏ်သရေရှိသူဖြစ်သောကြောင့်ဖြစ်လေသည်။

"ဟန်မိသားစုလား ငါတော့တကယ်ကိုမကြားဖူးဘူး။ မင်းပြောသလိုစော်ကားတယ်ထင်ရင်လည်း မတတ်နိုင်ဘူး။ အခုတော့မင်းကိုကယ်နိုင်မည့်သူဘယ်သူမှမရှိဘူး"

ကျိုးဟောင်က ပြောပြီးနောက် အချိန်ထပ်ဆွဲမနေတော့ဘဲ သူ၏ကောင်းကင်ဘုံအဆင့်တ၀က်ကျင့်ကြံရေးကိုထုတ်လိုက်လေသည်။တချိန်တည်းမှာပဲ ငှက်မွှေးတထောင်ချပ်၀တ်ကသူ၏ကိုယ်ပေါ်တွင်ပေါ်လာလေသည်။ ကျိုးဟောင်မှာ ငွေရောင်ချပ်၀တ်ကို၀တ်ဆင်ထားသည့်စစ်သည်တဦးနှင့်တူပြီး ရှေ့သို့တိုး၀င်လာလေသည်။

ကျိုးဟောင်ရှေ့ရှိလူမှာ ကိုးဆင့်မြောက်မူလပညာရှင်တယောက်ဖြစ်သော်လည်း သူ၏ပြိုင်ဘက်တော့မဟုတ်ခဲ့ပေ။ သူငှက်မွှေးတထောင်ချပ်၀တ်ကိုထုတ်၀တ်ခဲ့သည်ကလည်း သူ့အားတစုံတယောက်မြင်သွားမည်စိုးသောကြောင့်ဖြစ်လေသည်။

ဟန်ယင်၏အမူအရာမှာလည်း ချက်ချင်းပြောင်းလဲသွားပြီး သူ၏ဆင်တူပုဆိန်နှစ်လက်ကိုထုတ်ကာကျိုးဟောင်ကိုခုခံလေသည်။

သူသည် ကျိုးဟောင်ကို မယှဉ်နိုင်ပေ။ ဒါ့အပြငါကျိုးဟောင်မှာလည်း တိုက်ပွဲအား အမြန်အဆုံးသတ်လိုခြင်းကြောင့် တိုက်ပွဲမှာ ခဏအတွင်းပြီးဆုံးသွားလေသည်။ ကျိုးဟောင်၏လှံကထိုသူအားထိုးဖောက်သွားလေသည်။ ထို့နောက်ကျိုးဟောင်ကခြေရာလက်ရာများကိုရှင်းလင်းလိုက်လေသည်။ထို့နောက်ထိုသူ၏သိမ်းဆည်းရေးအိတ်အားယူဆောင်ကာ သူ့အလောင်းအားမီးရှို့ဖျက်ဆီးလိုက်လေသည်။ပြီးနောက်ထိုနေရာမှအမြန်ထွက်ခွာသွားလေသည်။

"မင်း ဟန်မိသားစုကဟုတ်ဟုတ် မဟုတ်ဟုတ်ဘယ်သူကဂရုစိုက်မှာလဲ။ ပြီးတော့ ငါဘယ်သူလဲဆိုတာလည်းဘယ်သူမှ မသိဘူး။ မင်းငါ့ကိုသတ်ချင်ရင် အ‌စကတည်းကသေအောင်သတ်ခဲ့ရမှာ"

ကျိုးဟောင်မှာ အရမ်းနှလုံးသားနူးညံ့သိမ်မွေ့သူတယောက်မဟုတ်ပေ။ တဖက်လူက သူ့အားသတ်ဖို့ကြိုးစားခဲ့ခြင်းအပေါ် ပြုံးပြီး ခွင့်လွှတ်ဖို့မဖြစ်နိုင်ပေ။ကျိုးဟောင်အဲ့လောက်အထိသဘောမကောင်းနိုင်ပေ။

ထွက်ခွာပြီး အဝေးတနေရာရောက်သောအခါ ကျိုးဟောင်မှာ ထိုလူ၏သိမ်းဆည်းရေးအိတ်အားထုတ်ကြည့်လိုက်လေသည်။ ထိုအိတ်ထဲတွင် ပစ္စည်းများစွာပါရှိပြီး တချို့သုံးမရသောအီလက်ထရောနစ်ပစ္စည်းများကို ဘေးသို့ဖယ်ထားလိုက်လေသည်။သို့သော်တန်ဖိုးကြီးသော အခြားပစ္စည်းများလည်းပါရှိလေသည်။

ကျိုးဟောင်မှာမှာ ပစ္စည်းများကိုစိစစ်ပြီးနောက် တိုကင်တခုကိုတွေ့လိုက်သောကြောင့်အံ့ဩသွားလေသည်။ ထိုတိုကင်မှာထူးခြားပြီး ၎င်းအပေါ်တွင် 'ခြောက်'ဟူသော စာလုံးတခုပါရှိလေသည်။

တိုကင်ကိုလှန်ကြည့်လိုက်သောအခါ စာသားတခုကိုတွေ့လိုက်ရလေသည်။

" ကြီးကျယ်သောမျိုးရိုး၆ခု ၊အမွေဆက်ခံသည့်‌နယ်မြေ ၊ ရှေးဟောင်းဂုဏ်ကျက်သရေပြန်လည်ဖော်ဆောင်ခြင်း ၊ လျှို့ဝှက်တွေ့ဆုံပွဲ"

ထိုစာများကိုကြည့်ပြီး ကျိုးဟောင်ကခေါင်းညိတ်လိုက်မိလေသည်။ ကြည့်ရတာ လျှို့ဝှက်တွေ့ဆုံပွဲတခုရှိပုံပေါ်လေသည်။သို့သော်လည်း လျှို့ဝှက်တွေ့ဆုံပွဲမှာဘာမှန်းမသိသောကြောင့် ကျိုးဟောင်မှာ ထိုတိုက်ကင်အားလွှင့်ပစ်ဖို့ပြင်ဆင်နေလေသည်။ ထိုအချိန်တွင် ဖားကညခုန်၀င်လာပြီး အရောင်၀င်းလက်နေသော မျက်လုံးများဖြင့်ပြောလာလေသည်။

"ဒါက ရှေးဟောင်းသိုင်းမိသားစုတစ်ခုဖြစ်တဲ့ဟန်မိသားစုကလူရဲ့ဟာပဲ။ အဲ့တာက ရှေးဟောင်းမျိုးနွယ်မြင့် ၆ခုထဲကတခုပဲ"

ဖားကထိုတိုကင်နှင့်ပတ်သင်ပြီးတခုခုသိနေလေသည်။

"ဘာလဲ ဒါနဲ့ပတ်သက်ပြီးတခုခုသိထားတာလား"

ကျိုးဟောင်ကမေးလိုက်လေသည်။

"ဒါပေါ့ အရင်တုန်းက ဟွမ်ရဲ့နောက်လိုက်တပည့်အချို့ရှိခဲ့တယ်။ ထိုတပည့်၆ယောက်က မျိုးနွယ်၆ခုကို ချန်ထားခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းထိုမျိုးနွယ်၆ခုမှာ ပါရမီတွေတဖြေးဖြေးတိမ်ကောလာပြီး ပြိုလဲသွားခဲ့တယ်။ အခုအဲ့မျိုးနွယ်ထဲကလူတွေကျန်ပါ့ဦးမလား ငါစိုးရိမ်မိတယ်"

ဖားကရှင်းပြလေသည်။

"မျိုးနွယ်၆ခုဟုတ်လား အဲ့တာကဘာတွေလဲ"

ကျိုးဟောင်ကသိချင်သောကြောင့်မေးလိုက်လေသည်။

"အဲ့တာဟိုးအရင်တုန်းကအကြောင်းအရာတွေပဲ သူတို့ကို မျိုးနွယ်၆ခုလို့သာသိထားကြပြီး တခြားဘာမှထပ်မသိကြ‌ဘူး"

ဖားကပြန်ပြောလေသည်။

"အို....ပြောရရင် ဒါကအသုံးမ၀င်တဲ့ဟာပဲပေါ့"

ကျိုးဟောင်က တိုကင်အပေါ်စိတ်မ၀င်စားတော့ပဲ ထပ်မံလွင့်ပစ်လိုက်လေသည်။

"နေဦး ဘာလို့ ဒီလောက်လောနေတာလဲ"

ဖားကချက်ချင်းတားလိုက်လေသည်။

"ဘာဖြစ်ပြန်ပြီလဲ"

ကျိုးဟောင်ကမေးလိုက်သည်။

"အဲ့ပညာရှင်၆ယောက်က ကောင်းကင်ကိုတောင်အံတုနိုင်တဲ့သူတွေပဲ။ ပြီးတော့ သူတို့က ဟွမ်ရဲ့နောက်လိုက်တွေ ဖြစ်ခဲ့ကြတာ။ အခုထိုပညာရှင်‌ ၆ယောက်မရှိတော့ပေမဲ့ တခုခုတော့ဆက်ဖြစ်နေပုံပဲ။ ငါတို့လည်းအားနေတာဆိုတော့ အခြေအနေတွေသိရအောင်သူတို့အဖွဲ့၀င်ယောင်ဆောင်ပြီး တချက်လောက်သွားကြည့်ရအောင်"

ဖားကရုတ်တရက်ပြောလာလေသည်။

"သွားကြည့်ရမယ်ဟုတ်လား။ ငါ့မျိုးရိုးနာမည်က ဟန်မှမဟုတ်တာ။ သူတို့သိသွားရင်ဘယ်လိုလုပ်မလဲ"

ကျိုးဟောင်က စိုးရိမ်တကြီးပြောလာလေသည်။

"စိတ်မပူပါနဲ့ မင်းဘယ်သူမှန်း သူတို့မသိပါဘူး။ ပြီးတော့ ဟန်မိသားစုကမျိုးနွယ်၆ခုထဲကဆိုတာလည်း ဘယ်သူမှ သေချာသက်သေမပြနိုင်ဘူး။ မင်းကကျိုးမိသားစုကပါဆိုပြီးပြောရရင်တောင် သူတို့ဘာမှချေပနိုင်မှာမဟုတ်ဘူး"

"ဘာလို့လဲဆိုတော့ သူတို့က ကြီးမားတဲ့အပြောင်း အလဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီး တခုမှာချန်မထားခဲ့နိုင်ကြဘူး။ သူတို့မျိုးနွယ်၆ခုလုံး စုစည်းနိုင်ပါ့မလားဆိုတာတောင်မသေချာဘူး"

ဖား၏စကားကြောင့် ကျိုးဟောင်လည်း စိတ်ပြောင်းသွားလေသည်။ သူ့အနေဖြင့် ကြိုးစားကြည့်လို့အရှုံးမရှိပေ။

"ကောင်းပြီလေသွားကြည့်ကြတာပေါ့"

ကျိုးဟောင်လည်းပြောပြီးနောက် အနက်ရောင်၀တ်ရုံကို၀တ်ဆင်လိုက်ပြီးသူ့မျက်နှာကိုသေချာဖုံးအုပ်လိုက်လေသည်။ ထို့နောက်တိုကင်ကပြထားသည့်နေရာအတိုင်းသွားကြည့်လေသည်။

သိပ်မကြာခင်ပင် တောင်ကုန်းငယ်လေးတခုကိုတွေ့လိုက်ရလေသည်။ ထိုတောင်ကုန်းပေါ်တွင် အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားသည့်လူခြောက်ယောက်ထိုင်နေပြီး တယောက်ယောက်ကိုစောင့်နေပုံပေါ်လေသည်။

ကျိုးဟောင်ရောက်ရှိလာသောကြောင့် ထိုလူ၅ယောက်မှာလှည့်ကြည့်လာကြလေသည်။ သို့သော်ဘာတခွန်းမှတော့မပြောပေ။

ကျိုးဟောင်ရောက်ရှိလာသောအခါ လူတယောက်ကထပြောလာလေသည်။

"ငါတို့ မျိုးနွယ်၆ခုမှာ နောက်ဆုံးတော့စုစည်းနိုင်ခဲ့ပြီ။ အခုလိုလူစုံတော့မှပဲ ကျွန်မဘာလို့အလောတကြီး စုစည်းပြောရတာလဲဆိုတဲ့အကြောင်းကိုရှင်းပြပါ့မယ်"

ထိုစကားပြောနေသောသူမှာအမျိုးသမီးတယောက်ဖြစ်ပြီး သူမအသံမှာ သာယာနာပျော်ဖွယ်ကောင်းပေသည်။ ကျိုးဟောင်နှင့်အခြားသူများကလည်း သူမဘာ‌ဆက်ပြောမလဲဆိုသည်ကိုနားစွင့်နေကြလေသည်။

သူမ၏နောက်ထပ်စကားက ကျိုးဟောင်ကလွဲပြီး ဖားနှင့်ကျန်လူများအားလုံးကိုမှင်တက်သွားစေလေသည်။

" ဒီတခေါက်စုစည်း‌ဖို့ပြောရတာ‌ကတော့ အကောင်းဆုံးရတနာဖြစ်တဲ့ စကြာ၀ဠာမူလသစ်‌ပင်ကြောင့်ပဲ"

....................................................................................

အခန်း(၅၁၅)ပြီးပါပြီ။

အခန်း (၅၁၆) : တွေ့ဆုံပွဲ

ထိုစကားလေးက အားလုံး၏အသက်ရှူသံများကို မြန်သွားစေလေသည်။ ထိုရတနာမှာသာမန်ရတနာတခုမဟုတ်ကြောင်းသူတို့အားလုံးသိလေသည်။

ကျိုးဟောင်မှာပဟေဠိဖြစ်သွားသောကြောင့် မှင်တက်နေလေသည်။သို့သော် ဖား၏အသံက သူ့စိတ်ထဲတွင်ပေါ်လာခဲ့လေသည်။

" စကြာ၀ဠာမူလသစ်ပင်... ဘုရားဘုရား အဲ့ရတနာခုချိန်ထိအသက်ရှိဦးမယ်မထင်ခဲ့ဘူး"

ဖား၏စကားက ကျိုးဟောင်အားပိုပြီးအံ့ဩသွားစေလေသည်။ဘယ်လိုကြောင့် ရတနာတခုကိုအသက်ရှိသေးသည်ဆိုရသနည်း။ အဲ့အရာက သက်ရှိတကောင်လား။ ကျိုးဟောင်မှာအံ့ဩနေရလေသည်။

"ငါတို့မျိုးနွယ်ဘက်ကနေ အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာ အဲ့ရတနာက မိုရိုတွေရဲ့ ပိုင်နက်ထဲမှာရှိကြောင်းသိခဲ့ရတယ်။ ငါတို့အားလုံးကမျိုးနွယ်ကြီး၆ခုကနေဆင်းသက်လာတဲ့သူတွေပဲ။ ငါတို့မျိုးနွယ်ကြီး၆ခုကိုပြန်ထူထောင်နိုင်မယ့်အခွင့်အရေးကပေါ်လာခဲ့ပြီ။ ဒါကြောင့် အားလုံးကိုစုဝေးဖို့ပြောရတာပဲ"

ထိုအမျိုးသမီးကပြောပြီးနောက် အားလုံးအားသေချာကြည့်လိုက်လေသည်။ ကျိုးဟောင်ကတော့ဘာမှ ၀င်မပြောဘဲ သူတို့ထဲကလူတယောက်အဖြစ်ဆက်ဟန်ဆောင်နေလေသည်။

"မျိုးနွယ်ကြီး၆ခုကပျောက်ဆုံးသွားခဲ့တာအတော်ကြာပြီ ပြီးတော့ ငါတို့ကလက်ရှိဘ၀နေထိုင်မှုရအောင်ပြုပြင်ပြောင်းလဲခဲ့ရတာ ပြီးတော့ ငါတို့က မျိုးနွယ်တည်ထောင်သူတွေမျိုးဂုဏ်ကျက်သရေပြန်ထင်ပေါ်ကျော်ကြားလာအောင်မလုပ်နိုင်ဘူး။ ပြီးတော့ဒီကိစ္စဟာအန္တရာယ်များတဲ့အတွက် မင်းပြောတာကို‌ငါတော့သဘောမတူဘူး"

အသက်ကြီးကြီးလူတယောက်က အသံဩဩဖြင့်ငြင်းဆိုကြောင်းပြောလာလေသည်။

"ဒီစီနီယာကြီးကမသွားချင်ဘူးဆိုရင်တော့ ကျွန်မအတင်းဖိအားမပေးပါဘူး။ ဒါဆို မဲခွဲပြီးဆုံးဖြတ်ကြရင်ကော ဘယ်လိုသဘောရလဲ"

ထိုအမျိုးသမီးက ဆက်လက်လုပ်ဆောင်ချင်နေလေသည်။ သူမက ပြောပြီးသည်နှင့် လက်ကိုထောင်ပြလိုက်လေသည်။

"သဘောတူတဲ့သူတွေ လက်ထောင်ပေးပါ"

ထိုအမျိုးသမီး၏စကားဆုံးသောအခါအခြားသူများလည်းလက်ထောင်လာကြလေသည်။ကျိုးဟောင်လည်းချီတုံချတုံဖြစ်နေခဲ့ပြီး ခဏလောက်အကြာမှ လက်ထောင်လိုက်လေသည်။

ကျိုးဟောင်မှာ အသက်ကြီးကြီးလူကြီး၏မျက်နှာကိုသေချာမမြင်ရသော်လည်း သူအမူအရာပျက်ယွင်းသွားကြောင်းကိုတော့သတိထားမိလေသည်။

"စီနီယာ ဒါက အဖွဲ့ရဲ့ဆုံးဖြတ်ချက်ပဲ။တကယ်လို့ရှင်က ဒီမျိုးနွယ်ကြီး၆ခုရဲ့အဖွဲ့၀င်ဖြစ်ကြောင်းဆုံးဖြတ်ထားရင်တော့ ကျွန်မတို့ကိုကူညီပါ။ တကယ်လို့ရှင်မသွားချင်ရင်တော့ ဒီအဖွဲ့အကြောင်းကိုမေ့ထားလိုက်ပါတော့။ ဒီကိုလာတဲ့သူအားလုံးက အဖွဲ့အပေါ် လေးစားမှုအသီးသီးပြခဲ့ကြပြီးပါပြီ"

ထိုအမျိုးသမီးကပြောပြီးနောက် ငြိမ်သက်စွာပြန်ထိုင်နေလေသည်။

အသက်ကြီးကြီးလူကြီးမှာ ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှ ပြောလာလေသည်။

" ကဲ ဒါဆိုလည်းသွားကြတာပေါ့"

အသက်ကြီးကြီးလူကြီးကပြောပြီးနောက်သက်ပြင်းချလိုက်လေသည်။ အမျိုးသမီးကတော့ ထိုစကားကြောင့် ပျော်ရွှင်သွားလေသည်။ သူမလက်ကိုဝှေ့ယမ်းလိုက်သောအခါ သတင်းအချက်အလက် ၅စုံမှာ သူတို့ ၅ယောက်လက်ထဲသို့အသီးသီးရောက်လာလေသည်။

"ကျွန်မတို့မနက်ဖြန် ဒီအချိန် ဒီနေရာမှာပဲပြန်ဆုံကြမယ်။ ဒါက သတင်းအချက်အလက်တွေပါတဲ့မြေပုံတခုပဲ"

သူမကပြောပြီးနောက်ထိုနေရာမှ အရင်ဆုံးထွက်သွားလေသည်။ အခြားသူများလည်းအသီးသီးထွက်ခွာသွားကြလေသည်။

ဒီလျှို့ဝှက်တွေ့ဆုံပွဲက သူ့အတွက် အရမ်းရိုးရှင်းလွန်းနေပေသည်။ ယခုလိုလာခဲ့ခြင်းကြောင့်စကြာ၀ဠာမူလသစ်သားဆိုသည့်အရာအကြောင်းကိုသိရှိခဲ့ရလေသည်။

"စကြာ၀ဠာမူလသစ်ပင်ဆိုတာဘာလဲ"

ကျိုးဟောင်ကပဟေဠိဖြစ်နေလေသည်။

"ဟဲဟဲ အဲ့ဒါကအရမ်းအထင်ကြီးစရာပစ္စည်းပဲ။အဲ့စကြာ၀ဠာမူလသစ်‌ပင်ဆိုတာ ဒီအာကာသလောကကြီး စတင်ပေါ်ပေါက်လာတဲ့အချိန်ကတည်းကတည်ရှိခဲ့တဲ့နတ်ဘုရားပစ္စည်းပဲ။ အဲ့ဒါက ကမ္ဘာကြီးရဲ့သက်တမ်းနဲ့အတူတူဖြစ်ပြီး သူ့မှာညှာတံအနည်းငယ်ပဲပါရှိတယ်။ ဟိုးအရင်တုန်းက ဟွမ်က အဲ့ပစ္စည်းကို စကြ၀ဠာကြီးရဲ့အဆုံးကနေယူပြီး ဒီကမ္ဘာမြေပေါ်မှာစိုက်ဖို့ အရမ်းကြိုးစားအားထုတ်ခဲ့ရတယ်။ ဟွမ်က အဲ့အရာကို ဒီကမ္ဘာပေါ်မှာစိုက်နိုင်ခဲ့လို့သာ ကမ္ဘာကြီး၏စွမ်းအင်အနှစ်သာရအဆင့်အတန်းက တိုးတက်လာခဲ့တာ။ အခုလက်ရှိပေါများနေတဲ့ စွမ်းအင်အနှစ်သာရတွေက အဲ့အရာဆီကနေဆင်းသက်လာတာလို့ဆိုနိုင်တယ်"

"ဒါပေမဲ့ နောက်ဆုံးတိုက်ပွဲပြီးကတည်း စကြ၀ဠာမူလသစ်ပင်က အစအနရှာမရအောင် ပျောက်သွားခဲ့တာ။ အဲ့အရာကိုထိန်းသိမ်းစောင့်ရှောက်တဲ့ မျိုးနွယ်ကြီး၆ခုလည်းပျက်စီးသွားခဲ့ရတယ်။ အဲ့အရာကအခုလိုမိုရိုတွေရဲ့ ပိုင်နက်ထဲရောက်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ စိတ်၀င်စားစရာပဲ"

ဖား၏စကားကြောင့် ကျိုးဟောင်မှာတုန်လှုပ်သွားလေသည်။ဒီစကားအတိုင်းဆို ထိုအရာက တကယ့်ကို အထင်ကြီးစရာကောင်းလှပေသည်။

"တကယ်လို့ အဲ့တာကို ကျွန်တော်ရခဲ့မယ်ဆိုရင် ဘာလုပ်လို့ရနိုင်လဲ"

ကျိုးဟောင်ကတိုက်ရိုက်ပင်မေးလိုက်လေသည်။

"အဲ့အရာက အရမ်း အသုံး၀င်တယ်။ မင်းအဲ့တာကိုစုပ်ယူပြီး မင်းခန္ဓာကိုယ်ရဲ့တစိတ်တပိုင်းအဖြစ်ပြောင်းလဲနိုင်ရင်တော့ တတိယအဆင့်အသက်ပုံစံကိုရောက်ရှိသွားလိမ့်မယ်။ဒါ့အပြင်အဲ့တာကမင်းကို စွမ်းအင်အနှစ်သာရတွေဆက်တိုက်ထောက်ပံ့ပေးပြီး အဲ့စွမ်းမင်အနှစ်သာရတွေက မင်း‌ကျင့်ကြံပြီးရလာတာတွေထက်ပိုများလိမ့်မယ်"

"ဒါပေမဲ့ အဲ့အရာမှာ အကန့်အသတ်တော့ရှိတယ်။ စကြ၀ဠာအဆင့်ကို ချိုးဖောက်ပြီးသွားရင်တော့ သူ့စွမ်းအင်ထောက်ပံ့မှုက မင်းအတွက်မလုံလောက်တော့ဘူး။ ဒါပေမဲ့လက်ရှိမင်းအဆင့်နဲ့ဆိုရင်တော့ မင်းကိုပိုပြီးသန်မာလာစေလိမ့်မယ်"

ထိုစကားကြောင့်ကျိုးဟောင်သဘောပေါက်သွားလေသည်။ထိုရတနာသည်တကယ့်ကိုစွမ်းအင်အနှစ်သာရသိုလှောင်ရုံကြီးဖြစ်လေသည်။

"တကယ့်ကိုမယုံနိုင်စရာပဲ ငါအဲ့တာကိုရအောင်ယူရမယ်"

ကျိုးဟောင်ကစိတ်ဆုံးဖြတ်လိုက်လေသည်။

နောက်နေ့တွင် ကျိုးဟောင်မှာချိန်းဆိုထားသောနေရာသို့သွားခဲ့လေသည်။ထိုအချိန်မှာပဲ သူနှင့်မီတာ ၅၀လောက်အကွာရှိ တောင်ထိပ်ပေါ်တွင်လူ၃ယောက်ရပ်နေလေသည်။

သူတို့ထဲရှိလူတယောက်မှာ သိုင်း၀တ်စုံကို၀တ်ဆင်ထားပြီး ငြိမ်သက်စွာရှိနေလေသည်။ သူ့ဆီမှာ ကိုးဆင့်မြောက်မူလပညာရှင်တယောက်၏အရှိန်အဝါများတုန်ခါနေလေသည်။ သူသည်ဘာအမူအရာမှမရှိဘဲ မျက်လုံးမှိတ်လျက်ရှိနေလေသည်။

သူ့အနားတွင် အမျိုးသမီးတယောက်ရပ်နေလေသည်။ သူမမှာ မငယ်ရွယ်တော့သော်လည်း အရင်တုန်းကတော့လှပခဲ့သူဖြစ်လေမည်။ သို့သော် မနီးမဝေးရှိ ဂျင်းဘောင်းဘီနှင့်ကိုယ်ကျပ်၀တ်စုံကို၀တ်ဆင်ထားပြီး ခြုံထည်ကိုလွှမ်းခြုံထားသည့်အမျိုးသမီးကို မနှစ်မျို့သောအကြည့်ဖြင့်ကြည့်နေလေသည်။

ထိုအမျိုးသမီးမှာ အလွန်လှပပြီး လှပသောခန္ဓာကိုယ်အချိုးအစားရှိလေသည်။ ထိုအချိန်တွင် သိုင်း၀တ်စုံနှင့်လူမှာ မျက်လုံးဖွင့်ကြည့်ရင်းပြောလာလေသည်။

"ဘယ်အချိန်ရှိပြီလဲ.....သူတို့အခုထိမရောက်ကြသေးဘူးလား သူတို့မလာတော့တာတော့မဟုတ်ဘူးမှတ်လား"

"အစ်မ၀မ်၊ အကိုကြီးဝူ စိတ်လျော့ပါဦး သတ်မှတ်ထားတဲ့အချိန်ရောက်ဖို့နည်းနည်းလိုပါသေးတယ်။ စိတ်ရှည်ရှည်နဲ့စောင့်ကြရအောင်"

လှပသောမိန်းကလေးက‌ပြန်ဖြေလေသည်။သူမ၏ အသံမှာသာယာပြီးဆွဲဆောင်မှုရှိကာ သူမ၏ အမူအရာများမှာလည်း ညှင်သာပေသည်။သူမစကားကြောင့် သိုင်း၀တ်စုံနှင့်လူကြီးနှင့်အသက်လတ်အမျိုးသမီးမှာဘာမှထပ်မပြောကြတော့ပေ။

ထိုအချိန်မှာပင် လေပြင်းတချက်တိုက်ခတ်လာပြီး အနောက်တိုင်း၀တ်စုံနှင့်သားရေဖိနပ်ကိုစီးထားသည့်အမျိုးသားမှာကောင်းကင်ပေါ်မှဆင်းလာလေသည်။ ထိုလူမှာ ခန့်ညားပြီး ကျက်သရေရှိလေသည်။

"အစ်မ၀မ် အကိုဝူ စောင့်ခိုင်းစေမိလို့တောင်းပန်ပါတယ်။ ညီမလေးစု အကိုနောက်ကျသွားလို့တောင်းပန်ပါတယ်နော်"

ထိုအမျိုးသား၏စကားကြောင့် ဝူနှင့်၀မ်မှာ ခြုံထည်လွှမ်းခြုံထားသည့်မိန်းကလေးကို အံ့ဩစွာကြည့်လိုက်လေသည်။

ထိုအမျိုးသမီးလေးက သက်ပြင်းချကာခေါင်းခါလိုက်ပြီးသူမရုပ်ဖျက်ထားသည့်ခြုံထည်ကိုဖယ်ရှားလိုက်လေသည်။

ခြုံထည်ကြီးကို‌ဖယ်လိုက်သောအခါ သူမ၏ အလှအပမှာပိုမိုပေါ်လွင်လာလေသည်။ သူမသည်ပန်းချီကားတချပ်ကဲ့သို့လှပပြီး ၇၀%နှစ်လိုဖွယ်ကောင်းကာ၃၀% ရှက်ကိုးရှက်ကန်းဖြစ်နေလေသည်။

တကယ်လို့ကျိုးဟောင်သာ အနားတွင်ရှိပါကထိုမိန်းကလေးကိုကြည့်ပြီးတုန်လှုပ်သွားနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော်သူမသည် စုရှောင်းယွီ၊စုရှောင်းဖူနှင့် ၇၀%အထိတူလေသည်။

"ဟမ်ဒါက လေလံစံအိမ်တော်က မိန်းကလေးစုပေါ့ မင်းတို့ညီအစ်မ၄ယောက်အကြောင်းတော့ကြားဖူးပါတယ်။ မင်းကဓာတ်ပုံထဲကထက်ပိုလှတာပဲ"

"မင်းဒီလောက်လှတာကိုဘာလို့မျက်နှာကိုဖုံးထားတာလဲ ငါတို့ကတော့ ငါ့တို့သရုပ်မှန်ကိုထုတ်ပြထားခဲ့တာလေစိတ်တိုစရာပဲ..."

အသက်လတ်အမျိုးသမီးကြီးက အပြစ်တင်ပြောဆိုနေလေသည်။ တကယ်တော့သူမမှာ မနာလိုပြီးစိုးရိမ်နေသောကြောင့်ဖြစ်လေသည်။ တဖက်အမျိုးသမီးလေးက ကမ္ဘာ့ထိပ်ဆုံးလေလံစံအိမ်တော်ကလူ ဖြစ်နေသောကြောင့်ဖြစ်လေသည်။

....................................................................................

အခန်း(၅၁၆)ပြီးပါပြီ။

All Chapters