အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အခန်း (၅၁၇): ကျိုးဟောင်၏ ခွန်အားကိုစမ်းသပ်ခြင်း
နိုင်ငံတကာလေလံစံအိမ်တော်မှာ ဘယ်လောက်ဩဇာကြီးကြောင်းနှင့် စုညီအစ်မလေးယောက်မှာဘယ်လောက်ပုံရိပ်မြင့်မားကြောင်းကို လူတိုင်းသိကြလေသည်။ဒါကြောင့် စုမျိုးနွယ်ကသမီးတယောက်ရောက်ရှိနေခြင်းက လူတိုင်းကိုစိတ်လှုပ်ရှားသွားစေလေသည်။
မျိုးနွယ်ကြီး၆ခု၏ကိုယ်ရေးအချက်အလက်များမှာပျောက်ဆုံးသွားခဲ့သည်မှာ အတော်ကြာပြီဖြစ်ပြီး သူတို့ကိုယ်သူတို့တောင် မျိုးနွယ်ကြီး၆ခု၏တစိတ်တပိုင်းသက်ဆိုင်ကြောင်းကိုသာသိကြလေသည်။ မျိုးနွယ်၀င်ဖြစ်ကြောင်းသေချာသက်သေပြရန်အထောက်အထားများခိုင်လုံစွာမရှိတော့ပေ။
ယခု နိုင်ငံတကာလေလံအိမ်တော်၏သမီးမှာရောက်လာခဲ့ခြင်းကြောင့် သူတို့အားလေလံအိမ်တော်မှ ထောက်ချောက်ဆင်မည်ကိုစိုးရိမ်နေကြလေသည်။ဒါ့အပြင်၀တ်စုံအပြည့်ဖြင့်အမျိုးသားမှာ စုညီအစ်မတို့ထကိမနိမ့်ကျပဲ သူမတို့၏ပုံရိပ်ထက်ပင်သာလွန်သော လေလံအိမ်တော်ကိုပိုင်ဆိုင်သည့်အချမ်းသာဆုံးမိသားစု၏ အကြီးဆုံးသားဖြစ်လေသည်။ထိုသူ၏နာမည်မှာ ရွှယ်ယွမ်ကွေ့ဖြစ်လေသည်။
သူတို့နှစ်ယောက်လုံးရောက်လာခဲ့ခြင်းကြောင့်ဝူနှင့်၀မ်တို့၏အမူအရာမှာ အကျည်းတန်သွားရလေသည်။
"ကျွန်မဖုံးကွယ်ထားချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ကျွန်မဘယ်သူဖြစ်ကြောင်းကို ထုတ်ပြဖို့အဆင်မပြေလို့ပါ။ အထင်လွဲတဲ့ကိစ္စမျိုးတွေမဖြစ်အောင်ရှောင်ချင်လို့ပါ။ ကျွန်မတို့အတူတူသေတဲ့အထိကြိုးစားဖို့ဆုံးဖြတ်ပြီးတာတောင်မှ ကျွန်မဘယ်သူလဲဆိုတာဖော်ပြတာကောင်းတဲ့အရာမဟုတ်ဘူးလို့ထင်လို့ပါ"
စုမိန်းကလေးကပြုံးပြီးပြောလာခဲ့သော်လည်း သူတို့နှစ်ယောက်၏သံသယကိုတော့မဖြေဖျောက်ပေးနိုင်ခဲ့ပေ။
ထိုအချိန်မှာပင် လခြမ်းကွေးသဏ္ဌာန်အလင်းတန်းကြီးတခုပေါ်လာပြီး ထိုအလင်းတန်းကနေ တရုတ်ရိုးရာ၀တ်စုံကို၀တ်ဆင်ထားသည့်လူအိုကြီးတယောက်အဖြစ်ပြောင်းလဲသွားလေသည်။သူသည် စုမိန်းကလေးနှင့် ရွှယ်ယွမ်ကွေ့ကိုမြင်လိုက်သောအခါ သူ့အမူအရာမှာချက်ချင်းအကျည်းတန်သွားလေသည်။
" ဘာလို့ငါတို့ကိုအလောတကြီးစုစည်းလဲသိချင်နေခဲ့တာ တကယ်တော့ လေလံအိမ်တော်ကစကြ၀ဠာမူလသစ်ပင်အတွက်အကြံအစည်တွေရှိနေတာပဲ"
တရုတ်ရိုးရာ၀တ်စုံနှင့်လူကြီးက ဒေါသတကြီးပြောလာခဲ့လေသည်။သို့သော်လည်း စုမိန်းကလေးကပြုံးပြီးပြန်ပြောလိုက်လေသည်။
" ကျိုးဟန် မနောက်ပါနဲ့ ဒီတကြိမ်တော့ကျွန်မနဲ့အကိုရွှယ်က လေလံစံအိမ်တော်ကိုကိုယ်စားမပြုပါဘူး။ မျိုးနွယ်ကြီး၆ခုကိုသာကိုယ်စားပြုတာပါ။လေလံအိမ်တော်ကကိစ္စတွေကကျွန်မတို့အတွက်အရေးပါသလို မျိုးနွယ်ကြီး၆ခုရဲ့အမွေဆက်ခံမှုကလည်းကျွန်မတို့အတွက်အရေးကြီးတဲ့အရာပါပဲ"
သူမ၏စကားကြောင့် သူတို့၃ယောက်၏အမူအရာများပြေလျော့သွားလေသည်။ဒါ့အပြင်သူတို့အနေနဲ့ စကြ၀ဠာမူလသစ်ပင်ကိုရခဲ့ပါက ဒီခရီးကအလဟဿမဟုတ်တော့ပေ။
"ကဲအချိန်ကျပြီမှတ်လား ၀င်ကြရအောင်"
ရွှယ်ယွမ်ကွေ့က ပြောလာခဲ့လေသည်။
"အလျင်မလိုပါနဲ့ဦး တယောက်ကျန်ပါသေးတယ်"
စုမိသားစု၏အငယ်ဆုံးသမီးကပြန်ပြောလာခဲ့ပေသည်။နောက်ဆုံးလူဆိုသောစကားကိုကြားသောအခါသူတို့၏အမူအရာများပြန်ပြောင်းသွားခဲ့ကြလေသည်။
"နှစ်အတော်ကြာအောင် ၆ခုမြောက်မျိုးနွယ်က ပေါ်မလာခဲ့ဖူးဘူး။ ဒါပေမဲ့ဒီတခါတော့ ဒီမိုရိုတွေရဲ့ပိုင်နက်ထဲရောက်မှပေါ်လာခဲ့တာက တခုခုတော့မူမမှန်သလိုပဲ"
ဒီတခေါက်ပြောလာခဲ့သူက အကြီးအကဲချင် ဆိုသူဖြစ်လေသည်။ ဒီနှစ်တွေအတွင်း သူတို့မျိုးနွယ်ကြီး၆ခုမှ အကြိမ်အတော်များများဆုံတွေ့ဖူးကြပြီး များသောအားဖြင့် သူတို့၅ယောက်တည်းသာဖြစ်လေသည်။
ထိုတိုကင်မှာ အချိန်အတော်အကြာအောင်ပျောက်နေခဲ့ပြီး ယခုတကြိမ်တွင်မှပေါ်လာခဲ့သောကြောင့်သူတို့အားလုံးထူးဆန်းနေကြလေသည်။
စုမိသားစု၏အငယ်ဆုံးသမီးကတောင် အံ့ဩနေလေသည်။ သူမအနေဖြင့် ထိုနောက်ဆူံလူရုတ်တရက်ပေါ်လာသည့်အပေါ် ပဟေဠိဖြစ်နေလေသည်။
"သူနှစ်အတော်ကြာအောင်ပေါ်မလာခဲ့ခြင်းအကြောင်းကိုကျွန်မ သေချာမသိပေမဲ့ အခုမှပေါ်လာပုံရရင်တော့ သူ့စွမ်းအားတွေအပေါ်ယုံကြည်ချက်ရှိလာလို့ဖြစ်မယ်။ ကျွန်မတို့အနေနဲ့သူ့ကိုစောင့်လို့အကျိုးမယုတ်ပါဘူး။ ကျွန်မတို့ရဲ့အောင်မြင်မှုက သူ့အပေါ်လည်းမူတည်သေးတယ်"
သူမ၏စကားကြောင့် မျိုးရိုးနာမည်၀မ်နှင့်အသက်လတ်အမျိုးသမီးက မနှစ်မြို့သောလေသံဖြင့်ပြောလာလေသည်။
"ညီမလေးစု ဟာသတွေမပြောပါနဲ့။ ငါတို့အားလုံးကကိုးဆင့်မြောက်မူလပညာရှင်အဆင့်ကိုရောက်နေတဲ့သူတွေချည်းပဲ တနည်းပြောရရင် ကောင်းကင်ဘုံအဆင့်တ၀က်ကိုတောင်ခြေတဖက်လှမ်းနေကြတဲ့သူတွေပါ။ ညီမလေးက ဒီနောက်ဆုံးလူက ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်တယ်လို့ပြောချင်တာလား"
တခြားလူများကလည်းထိုမေးခွန်းကိုပင်မေးချင်နေကြလေသည်။ဤနောက်ဆုံးလူမှာ ဘယ်လောက်စွမ်းအားကြီးပါသနည်း။
ထိုအချိန်မှာပင် အမဲရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားသည့်ကျိုးဟောင်မှာရောက်လာခဲ့ပြီး သူတို့ငါးယောက်လုံးကိုမြင်လိုက်သောအခါအံ့ဩသွားလေသည်။
"သူတို့အားလုံးက သူတို့ရဲ့ပုံစံအစစ်တွေကိုထုတ်ပြထားကြပြီပဲ"
ကျိုးဟောင်မှာအံ့ဩသွားခဲ့လေသည်။သူတို့အားလုံးဘာကြောင့် သူတို့ရဲ့သရုပ်မှန်တွေကိုရုတ်တရက်ထုတ်ပြကြမှန်းကျိုးဟောင်မသိပေ။သို့သော်သူလည်း ၀တ်ရုံကိုချက်ချင်းဖယ်လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။
"အားလုံးပဲနောက်ကျသွားလို့တောင်းပန်ပါတယ်"
ကျိုးဟောင်ကပြုံးပြီးသူတို့အားလုံးအားကြည့်ကာပြောလိုက်လေသည်။ စုမိသားစု၏သမီးကိုမြင်လိုက်သောအခါ သူမှင်တက်သွားလေသည်။
"စုရှောင်းဖူလား စုရှောင်းယွီလား...."
ကျိုးဟောင်မှာ အံ့ဩနေခဲ့လေသည်။သို့သော်ထိုမိန်းကလေးကသူ့အားမထူးဆန်းသလိုကြည့်နေပြီး သူသေချာအာရုံခံကြည့်သောအခါ ထိုမိန်းကလေး၏အရှိန်အဝါမှာ သူတွေ့ဖူးသူနှစ်ယောက်နှင့်မတူပေ။
သူမမှာ အလွန်နှစ်လိုဖွယ်ကောင်းသောအလှအပမျိုးရှိသော်လည်း အနည်းငယ်မိန်းကလေးဆန်ပြီးရှက်တတ်ပုံရလေသည်။ သူမသည် စုရှောင်းဖူရောစုရှောင်းယွီရောမဟုတ်ဘဲ အငယ်ဆုံးသမီး စုရှောင်းဖေး ဖြစ်လေသည်။
"ဟမ် ဆဌမအဆင့်မူလပညာရှင်လား.... ဒီလိုအမှိုက်စကြ၀ဠာမူလသစ်ပင်ရှိတဲ့အံဖွယ်နေရာကိုလိုက်မှာဟုတ်လား"
အမျိုးသမီး၀မ်ကအေးစက်စွာပြောလာလေသည်။
"သူ့အင်အားက အရမ်းအားနည်းလွန်းတယ်"
ဝူအမျိုးသားကလည်းဆိုလာလေသည်။
ကျင့်ကြံဆင့် ဆဌမမြောက်မူလပညာရှင်ဆိုသည်မှာအရမ်းနိမ့်ကျလေသည်။သူတို့ထဲတွင်အားအနည်းဆုံးက အဌမမြောက်မူလပညာရှင်ဖြစ်ပြီး ကျိုးဟောင်ကသူတို့အတွက် အမှိုက်သာသာဖြစ်နေလေသည်။
"ကြည့်ရတာ ၆ယောက်မြောက်လူပါတာ မပါတာကအရေးမပါတော့ပုံပဲ။ ၆ဆင့်မြောက်မူလပညာရှင်တယောက်ကငါတို့ရဲ့ အသေခံတပ်သားဖြစ်ဖို့တောင်မတန်ဘူး"
၀မ်ကရှေ့တိုးလာပြီးကျိုးဟောင်ကိုကြည့်ကာပြောလိုက်လေသည်။
"တကယ်လို့မင်းပါချင်တယ်ဆိုရင် ငါ့တိုက်ခိုက်ချက်ကိုမင်းရဲ့အားကုန်သုံးပြီးကာကြည့်စမ်းပါ။ တကယ်လို့မင်းအောင်မြင်ခဲ့ရင်အဖွဲ့ထဲပါ၀င်ခွင့်ရမယ်။ မအောင်မြင်ခဲ့ရင်တော့ မင်းအသက်ကကံစီမံရာအတိုင်းပေါ့"
၀မ်အမျိုးသမီးကပြောပြီးသည်နှင့် သူမ၏လက်ကိုဝှေ့ယမ်းလိုက်လေသည်။ သူမ၏ကိုးဆင့်မြောက်မူလပညာရှင်ကျင့်ကြံဆင့်မှာပေါက်ကွဲထွက်လာပြီး သူမ၏အရှိန်အဝါမှာအရမ်းကိုစွမ်းအားကြီးမားလေသည်။
သူမမှာ ချွန်ထက်သောအလင်းတန်းများကိုကျိုးဟောင်ဆီသို့ပစ်လွှတ်လိုက်လေသည်။ ကျိုးဟောင်ကထိုအရာများကို တချက်ကြည့်လိုက်သည်။
ဝူအမျိုးသားက ဂရုမစိုက်ဟန်ဖြင့်မျက်စိမှိတ်ထားလေသည်။ လူအိုကြီးကလည်း သူနှင့်မသက်ဆိုင်သလိုအမူအရာဖြင့်ကြည့်နေလေသည်။ ရွှယ်ယွမ်ကွေ့ကလည်း အထင်အမြင်သေးသည့်အမူအရာဖြင့်ကြည့်နေခဲ့လေသည်။
စုရှောင်းဖေးတယောက်ကသာ ကျိုးဟောင်အားစူးစမ်းလိုစိတ်အပြည့်ဖြင့်ကြည့်နေပြီး ဒီလိုကျင့်ကြံဆင့်လောက်ဖြင့်ဘာကြောင့်သူတို့နဲ့တွဲလုပ်ခဲ့သလဲဆိုသည်ကိုတွေးနေလေသည်။
"လောကကြီးက အမြဲကြီးနိုင်ငယ်ညှင်းသဘောပါပဲ။ ရှင်သန်ဖို့အတွက် စွမ်းအားတွေမရှိလို့မရပေ။"
ထိုအချက်ကိုကျိုးဟောင်ကောင်းစွာသဘောပေါက်လေသည်။သူသည်ထိုအလင်းတန်းများကိုရှောင်ဖို့မကြိုးစားဘဲ လက်သီးဖြင့်ထိုးလိုက်လေသည်။
သူသည်တတိယမြောက်အသက်ပုံစံကိုရောက်ရှိနေသူဖြစ်ပြီး သူတို့အားလုံးထက်စွမ်းအားကြီးသူဖြစ်လေသည်။ သူ့ကျင့်ကြံရေးကိုထုတ်မသုံးပဲနှင့်တောင်ထိုအမျိုးသမီး၏တိုက်ခိုက်မှုများကိုဖယ်ရှားနိုင်လေသည်။
"မင်းကငယ်သလောက် အတော်ဘ၀င်မြင့်တာပဲ"
၀မ်အမျိုးသမီးက ဒေါသတကြီးပြောလာလေသည်။
"ဟဲဟဲ...."
ကျိုးဟောင်က ရယ်လိုက်ပြီး သူ၏ကိုယ်ခန္ဓာစွမ်းအားများကိုလွှင့်ထုတ်လိုက်လေသည်။သူ့လက်သီးတချက်တည်းနှင့်ပင် ထိုအမျိုးသမီး၏ အရှိန်အဝါများကိုဖယ်ရှားလိုက်ပြီး အလွန်ထူးခြားသောစွမ်းအားများသူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာလေသည်။
ထိုခွန်အားကို၀မ်အမျိုးသမီးကဂရုမစိုက်ခဲ့သော်လည်း သူမ၏အကာအကွယ်ကိုဖောက်ပြီး သူမအနားသို့ရောက်လာသောအချိန်တွင် သူမ၏ အမူအရာမှာပျက်ယွင်းသွားလေသည်။
အခြားသူများလည်း မျက်လုံးများပြူးသွားပြီး ကျိုးဟောင်အား မယုံနိုင်ဖွယ်ကြည့်နေကြလေသည်။
....................................................................................
အခန်း(၅၁၇)ပြီးပါပြီ။
အခန်း (၅၁၈) : မြို့ထဲသို့ဝင်ရောက်ခြင်း
ကြီးမားသောပေါက်ကွဲသံတစ်ခုမှာချက်ချင်းပင်ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးမှာလည်းဤအားပြင်းသောအားကြောင့်လွင့်ထွက်သွားခဲ့သည်။ သူမ၏ကိုယ်မှာမီတာ ၁၀၀ ခန့်နောက်ပြန်ရောက်သွားခဲ့သည်။ တစ်ဖက်တွင်ကျိုးဟောင်မှာ လုံးဝမရွေ့သွားဘဲ လက်သီးကိုပင်ပြန်ရုပ်လိုက်သည်။
သူ၏ပုံစံမှာတကယ်ကိုအပူအပင်မရှိပုံပေ။
"တကယ်လို့မင်းငါ့ကိုစမ်းသပ်ချင်ရင် ငါကလည်းမင်းကိုပြန်စမ်းသပ်ချင်တယ် မင်း ငါကျိုးဟောင်နဲ့ အဆင့်တူမလားဆိုတာ ငါကြည့်ချင်တယ်"
ကျိုးဟောင်မှာစကားပြောပြီးနောက် သူ၏ခန္ဓာကိုယ်မှာရွေ့လျားသွားခဲ့သည်။ သူသည်ကျင့်ကြံရေးသိုင်းအားမသုံးဘဲ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာသုံးပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။
တတိအဆင့် အသက်ပုံစံဖြစ်လာပြီးနောက် ကျိုးဟောင်၏ခန္ဓာကိုယ်မှာအထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နှင့်ပင်ယှဉ်နိုင်လာခဲ့သည်။
ဤခန္ဓာကိုယ်ဖြင့်ဆိုပါက ကောင်းကင်ဘုံအဆင့်အောက်တွင် ကျိုးဟောင်အားယှဉ်နိုင်သူမရှိပေ။
ထိုမြင်ကွင်းအားကြည့်ပြီး ဝမ်မျိုးရိုးအမျိုးသမီး၏ အမူအရာမှာအတော်လေးပျက်ယွင်းသွားခဲ့ကာ အလွန်ကြောက်လန့်သွားခဲ့သည်။ ဤလူမှာ တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းဖြင့် သူမအားလန့်အောင်လုပ်နိုင်စွမ်းရှိပေသည်။
ကျိုးဟောင်မှာလုံးဝတွေဝေမနေပေ။ သူသည်လက်သီးတစ်ချက်ထိုးလိုက်ပေရာ အလွန်စွမ်းအားကြီးသောအငွေ့အသက်တစ်ခုထွက်လာခဲ့သည်။
ဤလက်သီး၏ခွန်အားမှာကောင်းကင်အားနှစ်ခြမ်းခွဲရန်ပင်လုံလောက်ပေသည်။ ဝမ်မျိုးရိုးအမျိုးသမီးမှာ စကားတစ်ခွန်းမှမဆိုဘဲ ခုခံရန်သူမ၏ကျင့်ကြံရေးစွမ်းအားအားလည်ပတ်ထားလိုက်သည်။ သို့သော် တကယ်တမ်းတွင်ကျိုးဟောင်၏လက်သီးမှာ သူမ ခုခံနိုင်သောအရာမဟုတ်ပေ။
ချက်ချင်းပင်လက်သီး၏စွမ်းအားမှာ သူမကိုယ်ပေါ်ကျရောက်လာခဲ့ပြီး သူမသည်လည်းသွေးတစ်ပွက်အန်ကာလွင့်ထွက်သွားခဲ့သည်။
တစ်ဖက်တွင်ကျိုးဟောင်မှာလုံးဝမလှုပ်ဘဲ အေးဆေးပင်ရပ်နေလေသည်။
ဤမြင်ကွင်းမှာလူတိုင်းအားကြက်သေသေသွားစေခဲ့သည်။
ဤတိုက်ခိုက်ရေးစွမ်းအားသည် တကယ်ပင် ၆ဆင့်မြောက်မူလအဆင့်ပညာရှင်တစ်ယောက်၏စွမ်းအားပေလော။ ဘာကြောင့် ၈ဆင့်မြောက်မူလပညာရှင်ထက် ပိုမိုအားကောင်းနေရပါသနည်း။
သူတို့ အားလုံးမှာကျိုးဟောင်နှင့်မပြိုင်နိုင်သလိုပင်ခံစားလာရသည်။
စုရှောင်းဖေးမှာ အလွန်အံ့သြနေဟန်ဖြင့် ပါးစပ်အားလက်ဖြင့်အုပ်ထားပေသည်။ သူမရှေ့ရှိမြင်ကွင်းအား မယုံရဲပေ။ ဤလူသည်အလွန်စွမ်းအားကြီးလှပေသည်။
သူမဆိုလျှင်ပင် ထိုအမျိုးသမီးအားအလွယ်တကူအနိုင်မယူနိုင်ပေ။
ကျိုးဟောင်မှာဝမ်မျိုးရိုးအမျိုးသမီးအားကြည့်ကာမထူးဆန်းသလိုပြောလိုက်သည်။
"ခုနကလက်သီးမှာ ငါ့အားရဲ့ ၆၀ ရာခိုင်နှုန်းကိုပဲသုံးထားတာ"
ကျိုးဟောင်၏ဤစကားမှာကြွားပြောခြင်းမဟုတ်ပေ။ သူသည်နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအားမသုံးထားပေရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အမြင့်ဆုံးအဆင့်တွင်ရှိမနေပေ။
အကယ်၍ထိုသိုင်းနှစ်မျိုးအားသုံးလိုက်ပါက ဤမိန်းမအားချက်ချင်းသတ်ပစ်နိုင်ပေသည်။
အားလုံးမှာထိုစကားကြားပြီး မျက်လုံးပြူးသွားကြသည်။ နောက်ဆုံးတွင်ကျိုးဟောင်မည်မျှစွမ်းအားကြီးကြောင်း သူတို့မြင်တွေ့ခဲ့ရပြီဖြစ်သည်။
သူ၏ရုပ်ပိုင်းဆိုင်ရာမှာအလွန်စွမ်းအားကြီးလာကြောင်း ကျိုးဟောင်လည်းခံစားမိပေသည်။ မည်မျှထူးခြားသည့်ကျင့်ကြံရေးသိုင်းဖြစ်ပါစေ သူ့လက်သီးတစ်ချက်တည်းဖြင့်ဖျက်ဆီးနိုင်ပေသည်။
"....ခုနက....ခုနကရှင့်ကိုဆန့်ကျင်မိလို့တောင်းပန်ပါတယ် ကျေးဇူးပြုပြီးစိတ်ထဲမမှတ်ထားပါနဲ့ မိတ်ဆွေ ဒီပစ္စည်း....အလျော်ပေးတယ်လို့သဘောထားလိုက်ပါ"
ဝမ်မျိုးရိုးမှာအလွန်ကြောက်လန့်သွားပြီဖြစ်ပေရာ ချက်ချင်းပင်ကျောပိုးအိတ်ထဲမှရတနာတစ်ခုအားထုတ်ကာကျိုးဟောင်အားပေးလိုက်သည်။
သူမသည်အတော်လေးဉာဏ်ကောင်းသည်ဟုဆိုနိုင်ပေသည်။ ကျိုးဟောင်မှာတွေဝေမနေဘဲချက်ချင်းယူကာ ကျောပိုးအိတ်ထဲသို့ထိုးထည့်လိုက်ကာ အားလုံးကိုကြည့်လိုက်သည်။
"အခုအရည်အချင်းမီပြီလား"
ကျိုးဟောင်စကားဆုံးသည်နှင့် အားလုံး၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။
"ဒီလူကကြည့်တော့သာ ၆ဆင့်မြောက်မူလပညာရှင်ဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ၉ဆင့်မြောက်မူလအဆင့်ပညာရှင်တောင် သူ့ပြိုင်ဘက်မဟုတ်ဘူး သူ့စွမ်းအားကကောင်းကင်ဘုံအဆင့်တစ်ဝက်နီးနီးရှိတယ် မဟုတ်မှဒီလူက.....ကျင့်ကြံဆင့်ကိုဖုံးကွယ်ထားတာများလား"
အကြီးအကဲချင်မှာစိတ်ထဲမှတွေးရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
"အဲဒီလက်သီး...ဘာစွမ်းအင်အနှစ်သာရမှမပါဘူး ရုပ်ပိုင်းဆိုင်ရာစွမ်းအားပဲသုံးထားတာ မဟုတ်မှသူ့ခန္ဓာကိုယ်ကိုပြုပြင်ထားတာလား မဟုတ်ရင်ဘယ်လိုလုပ်ဒီလောက်စွမ်းအားကြီးမှာလဲ"
ရွှယ်ယွမ်ကွေ့မှာလည်းတိတ်တဆိတ်ခန့်မှန်းနေခဲ့သည်။
"သေချာတာပေါ့"
ထိုအချိန်တွင်စုရှောင်းဖေးမှပြုံးကာပြောလိုက်သည်။
"ကျွန်မကစုရှောင်းဖေး နိုင်ငံတကာလေလံအိမ်တော် စုမိသားစုက အငယ်ဆုံးသမီး ဒါကနိုင်ငံတကာလေလံအိမ်တော် ရွှယ်မိသားစုကအကြီးဆုံးသား ပြီးတော့ဒါကအစ်မဝမ် အစ်ကိုဝူ ဒီဘက်ကအကြီးအကဲချင် ကျွန်မတို့ ၅ယောက်လုံးကမျိုးနွယ် ၆ခုရဲ့ မျိုးဆက်တွေပဲ အစ်ကိုကြီးရဲ့နာမည်ကိုပြောပြပေးလို့ရမလားမသိဘူး"
ကျိုးဟောင်မှာ စုရှောင်းဖေးအားကြည့်ကာ ကြိတ်ပျော်သွားခဲ့သည်။
ကံကောင်း၍ သူဘာမှမပြောမိခဲ့ပေ။ ဤအမျိုးသမီးသည်တကယ်ပင်စုရှောင်းယွီမဟုတ်ဘဲ စုရှောင်းဖေးဖြစ်နေခဲ့သည်။
"ငါ့နာမည်ကကျိုးဟောင်"
ကျိုးဟောင်မှာချက်ချင်းပြောလိုက်သည်။ သို့သော်သူ့စကားဆုံးသည်နှင့် ကျန် ၅ယောက်မှာ ကြက်သေသေသွားခဲ့သည်။
မျိုးနွယ် ၆ခု၏နောက်ဆုံးကျန်ရှိသောမျိုးနွယ်မှာ ထန် မျိုးရိုးဖြစ်သလားမသေချာသော်ငြား မျိုးနွယ် ၆ ခုထဲတွင် ကျိုးမျိုးရိုးပါကြောင်းကိုတော့ တစ်ခါမှမကြားဖူးပေ။
သို့သော်တစ်ယောက်မှ မည်သည့်စကားမျှမဆိုပေ။
"အစ်ကိုကျိုးရောက်လာပြီဆိုမှတော့ ကျွန်မတို့မှာအချိန်သိပ်မရှိဘူး သွားကြတာပေါ့"
စုရှောင်းဖေးမှလျင်မြန်စွာပြောလာခဲ့သည်။
သို့သော်ထိုအချိန်တွင်အကြီးအကဲချင်ထံမှစကားသံထွက်လာခဲ့သည်။
"မိန်းကလေးစု ဒီစကြဝဠာမူလသစ်ပင်ကပျောက်နေတာကြာလှပြီ ဒီနေရာမှာရှိတယ်ဆိုတာ မင်းဘယ်လိုသိလဲ ပြီးတော့ဒီကိစ္စအောင်မြင်ပြီးရင်ရော ငါတို့ကပစ္စည်းကိုဘယ်လိုခွဲယူကြမှာလဲ"
ထိုစကားအားကြားပြီးနောက် ဝူမျိုးရိုးသည်လည်းခေါင်းညိတ်လာခဲ့သည်။
"ကျုပ်လည်းသိချင်တယ်"
စုရှောင်းဖေးမှာပြုံးကာရှင်းပြလာခဲ့သည်။
"ဒီစကြဝဠာမူလသစ်ပင်က အရမ်းအရေးကြီးတယ် ကိုယ်မသိတာနဲ့ပဲတခြားလူတွေမသိဘူးလို့ပြောမရဘူးလေ"
ပြီးတော့ ကျွန်မတို့စကြဝဠာမူလသစ်ပင်ကိုတောင်မရသေးဘူး ခုဆွေးနွေးနေတော့ရောဘာအသုံးဝင်မှာလဲ ရပြီးမှဆွေးနွေးရင်လည်းနောက်မကျပါဘူး ဟုတ်တယ်မလား"
"အခုအချိန်ကအရမ်းအဖိုးတန်နေတာ ဒီတော့..အကောင်းဆုံးအသုံးချတာကောင်းတယ်"
စုရှောင်းဖေးမှာတကယ်ပင်စကားကြွယ်လှပေသည်။ သူမသည်စကားအများကြီးပြောပြီးသည့်တိုင် ဘာမှမဆုံးဖြတ်ရသေးပေ။ တကယ်ပင်ဉာဏ်ကောင်းသောအမျိုးသမီးတစ်ယောက်ဖြစ်သည်။
သို့သော် ဤစကားများမှာအသုံးမဝင်ကြောင်းအားလုံးသိသော်ငြားစိုးရိမ်မနေပေ။ သူတို့၏ကျင့်ကြံဆင့်များမှာမကွာပေရာ အထူးတလည်စိုးရိမ်နေခြင်းမရှိပေ။
သူတို့အဖွဲ့ထပ်မပြောတော့သည်ကိုမြင်ပြီး စုရှောင်းဖေးမှာပြုံးကာ ရှေ့မှဦးဆောင်ထွက်သွားတော့သည်။
သိပ်မကြာမီယဇ်ပလ္လင်တစ်ခုအားမြင်လိုက်ရသည်။ ဤယဇ်ပလ္လင်မှာအတော်လေးကြီးပြီးရှားပါးလှကာ သူတို့အားမျိုးနွယ် ၆ခု၏ ဇာစ်မြစ်ရှိရာနေရာသို့ခေါ်ဆောင်ပေးသွားမည့်အရာလည်းဖြစ်သည်။
ဤမြို့၏အပြင်ဘက်တွင် သင်္ကေတ ၆ခုဖြင့်ပြည့်နေသော ယဇ်ပလ္လင် ၆ခုရှိနေပေသည်။ ဤအရာများမှာမျိုးနွယ် ၆ခုအားကိုယ်စားပြုကြောင်းပြောနေစရာပင်မလိုပေ။ ကျိုးဟောင်မှာစဉ်းစားနေပြီး အလောတကြီးမလုပ်ပေ။ အကြောင်းမှာထန်မိသားစု၏သင်္ကေတအားသူမသိ၍ဖြစ်သည်။ သို့သော်အခြားလူများမှာမတူပေ။
ထို့ကြောင့်ထို၅ယောက်သက်ဆိုင်ရာယဇ်ပလ္လင်များဆီရောက်ချိန်၌ ကျိုးဟောင်မှာချက်ချင်းပင်နောက်ဆုံးတစ်ခုစီတန်းသွားလိုက်သည်။
သူတို့အဖွဲ့ယဇ်ပလ္လင်အားရောက်ရှိပြီးနောက် ထူးဆန်းသောဆွဲငင်အားတစ်ခုအားရုတ်တရက်ခံစားလိုက်ရသည်။ ၎င်းမှာယဇ်ပလ္လင်မှထွက်ပေါ်နေသည့်စွမ်းအားပင်ဖြစ်သည်။
"ဒီယဇ်ပလ္လင်ကိုအသက်မသွင်းနိုင်ရင် မြို့ထဲကိုဝင်လို့မရဘူး"
ကျိုးဟောင်သဘောပေါက်လိုက်သည်။ဤသည်မှာသရုပ်မှန်အားအတည်ပြုသည့်နောက်ထပ်ပုံစံတစ်ခုဖြစ်သည်။ ဤယဇ်ပလ္လင်မှဝင်မသွားမီလူတစ်ယောက်မှာအတည်ပြုရန်လိုပေသည်။ အကယ်၍မျိုးနွယ် ၆ ခုကလူမဟုတ်ပါက ဖြတ်သန်းသွားနိုင်မည်မဟုတ်ပေ။
သို့သော်ကျိုးဟောင်မှာမျိုးနွယ် ၆ခုမှလူမဟုတ်ပေရာ မည်သို့သက်သေပြရမည်နည်း။
ကျိုးဟောင်မှာအတော်လေးစိတ်ညစ်သွားခဲ့သည်။ သူဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပင် ရွှယ်ယွမ်ကွေ့မှာပြုံးရင်းပြောလာခဲ့သည်။
"ဘာလဲ ညီနောင်ကျိုးကဒီယဇ်ပလ္လင်ကိုတကယ်ကြီးမဖွင့်နိုင်တာလား ဒါကစိတ်မဝင်စားတာလား စွမ်းရည်မရှိတာလား"
ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာဒေါသဖြစ်သွားခဲ့သော်ငြား ထိုအချိန်တွင်ချက်ချင်းဆိုသလိုပင် ကျိုဟောင်၏ခန္ဓာကိုယ်၌ထူးဆန်းသောစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ကာ ယဇ်ပလ္လင်နှင့်ချိတ်ဆက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ယဇ်ပလ္လင်မှာချက်ချင်းပင်အရောင်တောက်လာပြီး စွမ်းအားဖျော့ဖျော့တစ်ချို့ထွက်ပေါ်လာခဲ့သည်။
"ကျစ် မျိုးနွယ်အတုလုပ်တာများ ကိစ္စကြီးကျလို့ အေးဆေးပဲ"
ထိုအချိန်တွင် နတ်ဘုရားမြေဆီလွှာမှဘဝင်မြင့်သည့်လေသံနှင့်ပြောလာခဲ့ပေရာ ကျိုးဟောင်မှာထိုစကားအားကြားပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ အချိန်အကြာကြီးစောင့်ပြီးနောက် ကျိုးဟောင်မှာချွေးပင်ထွက်လာခဲ့သည်
....................................................................................
အခန်း(၅၁၈) ပြီးပါပြီ။
အခန်း (၅၁၉) : နှစ်ဖက်လုံးမှ မေးခွန်းထုတ်ခြင်း
ကျိုးဟောင်မှာ ထိုစကားအားကြားပြီးနောက် ချက်ချင်းပင်သက်ပြင်းချလိုက်သည်။ ထို့နောက်ရွှယ်ယွမ်ကွေ့အားကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်ပြုံးကာပြောလိုက်သည်။
"မျိုးနွယ်သိုင်းပညာကိုကြာလှပြီဆိုတော့ မေ့သွားပြီ တောင်းပန်ပါတယ်"
သူတို့အဖွဲ့မှာ ကျိုးဟောင်အားစိုက်ကြည့်နေခဲ့ကြသော်လည်းယဇ်ပလ္လင်အားအသက်သွင်းနိုင်သည်ဆိုကတည်းက ကျိုးဟောင်မှာဝင်ရောက်ရန်အရည်အချင်းပြည့်မီသည်ဟူသောသဘောပင်ဖြစ်ပေရာ မည်သည့်စကားမျှမဆိုလာတော့ပေ။
"ယဇ်ပလ္လင်ပွင့်သွားပြီဆိုတော့ အထဲဝင်ကြတာပေါ့"
အပြောနှင့်အတူစုရှောင်းဖေးမှာယဇ်ပလ္လင်မှပျောက်ကွယ်သွားခဲ့သည်။ အခြားသူများမှာလည်းအတူတူပင်ဖြစ်သည်။ ထို့နောက်ကျိုးဟောင်သည်လည်းအာကာသထဲသို့ဝင်ရောက်သွားခဲ့သည်။
သူတို့ဝင်ရောက်သွားသည်နှင့် ရှေ့ရှိမြင်ကွင်းမှာသိသိသာသာပြောင်းလဲသွားခဲ့ပြီး ကြီးမားသောအာကာသထဲသို့ရောက်ရှိလာခဲ့သည်။
ဤအာကာသမှာအလွန်အဆင့်မြင့်လှသော်ငြား စည်စည်ကားကားမရှိပေ။ ဆိုးရွားသောအနံ့အသက်နှင့် သေမင်းနယ်မြေတစ်ခုသဖွယ်ခံစားရပေသည်။
ကျိုးဟောင်၏ရှေ့တွင်နတ်ဘုရားရုပ်ထု ၆ ခုရှိနေခဲ့သည်။ ဤနတ်ဘုရားရုပ်ထုများမှာအလွန်ကြီးမားပေရာ ကျိုးဟောင်ပင်မြင်လိုက်ရသည့်အချိန်၌ မအံ့သြဘဲမနေနိင်ပေ။
"ဒါကကျွန်မတို့မျိုးနွယ် ၆ ခုရဲ့အုတ်မြစ်ဖြစ်တဲ့ ရှေးဟောင်းနတ်ဘုရားရုပ်ထုပဲ ဒီနတ်ဘုရားရုပ်ထုမှာ အရမ်းစွမ်းအားကြီးတဲ့ခွန်အားမျိုးရှိတယ် တကယ်လို့အသက်သွင်းလိုက်ရင်လောကကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တယ် အဲဒီတုန်းက ဒီနတ်ဘုရားရုပ်ထု ၆ ခုကြောင့်သာ ကျွန်မတို့မျိုးနွယ် ၆ခုလည်း အခုချိန်ထိရပ်တည်နေနိုင်တာ တကယ်လို့အခုကျွန်မတို့နတ်ဘုရားရုပ်ထုကိုထိန်းချုပ်နိုင်ရင် ကျွန်မတို့ကလောကကြီးမှာပြိုင်ဘက်ကင်းဖြစ်နေဦးမှာပဲ...."
"ဒါပေမဲ့ဒီရုပ်ထုကိုထိန်းချုပ်တဲ့နည်းလမ်းကပျောက်ကွယ်သွားတာကြာလှနေပြီ ကျွန်မတို့ထပ်ပြီးမသုံးနိုင်မှာဘဲစိုးရတယ်"
စုရှောင်းဖေးမှာသက်ပြင်းချကာပြောလိုက်သည်။
အခြားလူများမှာလည်းသက်ပြင်းချလိုက်ကြသည်။ အချို့မှာမလိုလားဟန်ပေါ်ကာ အချို့မှာဆန္ဒမရှိပုံပေါ်ပေသည်။
ရွှယ်ယွမ်ကွေ့မှာ လက်လျှော့ရန်စိတ်ကူးမရှိပေရာ သူ၏မျက်လုံးများတွင်ရည်မှန်းချက်များဖြင့်ပြည့်နေသည်မှာ ချက်ချင်းပင်ဤခွန်အားအားအသုံးပြုချင်နေပုံပေါ်ပေသည်။
အကြီးအကဲချင်မှာမူသက်ပြင်းသာချလိုက်သည်။ သူသည်မူလကတည်းကဤကိစ္စအားဂရုမစိုက်ပေ။ သူစိုးရိမ်သည့်အရာမှာ သူ၏မျိုးဆက်များကိုသာဖြစ်သည်။ ဤမျိုးနွယ် ၆ ခုအားသူဂရုမစိုက်ပေ။ သူယခုတစ်ကြိမ်ထွက်လာရခြင်းသည်မိသားစုအားစိတ်ပူ၍သာဖြစ်သည်။
အကယ်၍သူသာစကြဝဠာမူလသစ်ပင်အားတကယ်ရရှိခဲ့ပါက သူတို့မိသားစုအတွက်ကြီးမားသောအကျိုးကျေးဇူးရရှိမည်ဖြစ်သည်။ ကျိုးဟောင်မှာထိုစကားအားကြားလိုက်သောအခါခေါင်းညိတ်လိုက်သည်။ အကယ်၍ ဤအရာအားအသက်သွင်းနိုင်ပါက တကယ်ပင်သာမန်ထက်ထူးကဲမည်ဖြစ်သည်။
ထိုအချိန်တွင် ရွှယ်ယွမ်ကွေ့မှာကျိုးဟောင်အားကြည့်ကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"ညီနောင်ကျိုး ကျွန်တော်အရမ်းသိချင်နေတာတစ်ခုရှိတယ် ဒီမျိုးနွယ် ၆ ခုကအရင်ကတည်းက တည်ဆောက်ထားခဲ့တာ ပြီးတော့ ကျိုးဆိုတဲ့မျိုးနွယ်နဲ့ဟာတစ်ခါမှမကြားဖူးဘူး ယဇ်ပလ္လင်ရဲ့အသိအမှတ်ပြုမှုကို ခင်ဗျားဘယ်လိုရခဲ့တာလဲ"
ထိုစကားအားပြောပြီးနောက် အားလုံးမှာစဥ်းစားသလိုပုံမျိုးဖြစ်သွားကြပြီ ကျိုးဟောင်ဘယ်နေရာကလာခဲ့ကြောင်းကိုသိချင်သွားကြသည်။ ထို့အပြင်ကျိုးဟောင်သည်တကယ်ပင်မျိုးနွယ် ၆ခု၏ မျိုးဆက်ပေလောဟုစိတ်ထဲတွေးမိသွားကြပေသည်။
သူတို့သည် ၆ ယောက်မြောက်လူအားအချိန်ကြာမြင့်စွာရှာဖွေခဲ့ပြီး တစ်ဖက်လူမှာထန်မိသားစုမှဖြစ်ကြောင်းသာအတည်ပြုနိုင်ခဲ့သည်။ သို့သော်ထိုလူသည် ဘာကြောင့်ရုတ်တရက်ကျိုးဟောင်ဖြစ်သွားကြောင်း တကယ်ကိုနားမလည်နိုင်ကြပေ။
သေချာပေါက်ခန့်မှန်းချက်များလည်းရှိပေသည်။ အကယ်၍ကျိုးဟောင်သာတကယ်ကိုမျိုးနွယ် ၆ ခု၏မျိုးဆက်ဖြစ်ပါက လက်ရှိနာမည်မှာ သူ၏နာမည်အရင်းမဖြစ်နိုင်ပေ။
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ပြုံးလိုက်သည်။ သူသည်မျိုးနွယ် ၆ ခုကလူမဟုတ်ကြောင်းသူသိပေသည်။ သို့သော် ယဇ်ပလ္လင်၏အသိအမှတ်ပြုမှုအားရခဲ့ကာ ဤနေရာအားရောက်လာသည်ဆိုကတည်းက အားလုံးကိုရှင်းပြရန်လုံလောက်ပေသည်။
ထို့အပြင် ကျိုးဟောင်မှာသူတို့အားကြည့်ကာတစ်ခုကိုနားလည်လိုက်သည်။ အားလုံးမှာ စကြဝဠာမူလသစ်ပင်ကြောင့် ဤနေရာအားရောက်လာခဲ့သော်ငြား အားလုံးထံတွင်အတွေးကိုယ်စီရှိပေသည်။
သို့သော် အားလုံးမှာကျိုးဟောင်နှင့်ပတ်သက်ပြီး မပြောဘဲသိသာသောရှုပ်ထွေးသည့်နားလည်မှုမျိုးရှိနေပေသည်။
"ဟဟ ကျွန်တော်ဘာပဲပြောပြောအသုံးဝင်မှာမှမဟုတ်တာ ကျွန်တော်အားလုံးကိုမေးချင်တယ် အဲဒီယဇ်ပလ္လင်ကိုဖြတ်ကျော်လာဖို့အတွက် ကျွန်တော်ကမျိုးနွယ် ၆ ခုရဲ့မျိုးဆက်ဖြစ်ဖို့လိုလို့လား"
ကျိုးဟောင်ဤမေးခွန်းအားမေးလိုက်ချိန်တွင် တစ်ချို့မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ စုရှောင်းဖေးမှာမူသူမ၏ပါးစပ်အားလက်ဖြင့်အုပ်ကာ ပြုံးလိုက်သည်။
"သေချာတာပေါ့ အဲဒီယဇ်ပလ္လင်ကိုရှေးဟောင်းသိုင်းတစ်ခုနဲ့ဖန်တီးထားတာ ဘယ်သူမှမထိုးဖောက်နိုင်ဘူး အဲဒီမျိုးနွယ် ၆ခုကမျိုးဆက် ဒါမှမဟုတ် ပညာရှင် ဒါမှမဟုတ် သူတော်စင်ဘုံအဆင့်ပညာရှင်တွေမဟုတ်ရင် တခြားဘယ်သူမှ ဒါကိုမထိုးဖောက်နိုင်ဘူး"
စုရှောင်းဖေးမှရှင်းပြလိုက်သည်။
"ဒီလိုဆိုညီနောင်က ဘာကြောင့်ကျွန်တော့်ကို ဒီမေးခွန်းမေးရတာပါလဲ"
ကျိုးဟောင်မှပြုံးကာမေးလိုက်သော်ငြား သူ၏စကားမှာအားလုံးကိုပြောစရာစကားမရှိဖြစ်သွားစေခဲ့သည်။ သူ့စကားနောက်ကွယ်ရှိအဓိပ္ပာယ်မှာ သူသည်တကယ်ပင်မျိုးနွယ် ၆ ခုမှလူလားဆိုသည့်မေးခွန်းအားမေးရန်မလိုအပ်ဘူးဟုပြောလိုခြင်းဖြစ်သည်။ အရေးကြီးသည်မှာ သူ၏သရုပ်မှန်အား ယဇ်ပလ္လင်အားဖြတ်ကျော်လာခဲ့ခြင်းဖြင့် သက်သေပြခဲ့ပြီးပြီဖြစ်သည်။
ထိုအချိန်တွင် စုရှောင်းဖေးမှပြုံးကာစကားတစ်ခွန်းအားဆိုလာခဲ့သည်။
"ကောင်းပြီလေ ဘာမှအမှားအယွင်းမရှိဘူးဆိုမှတော့ ဝင်ကြတာပေါ့ "
စုရှောင်းဖေးမှာပြောပြီး လမ်းလျှောက်ဝင်သွားခဲ့သည်။
အားလုံးမှာလည်းအရည်အချင်းပြည့်မီကြပေရာ ဤအာကာသအားချောမွေ့စွာရောက်ရှိလာခဲ့ပြီး အလျင်အမြန်ပင်စင်တာသို့ရောက်ရှိလာခဲ့ကြသည်။
ဤနေရာမှာ မူလကမြို့တစ်မြို့ဖြစ်ပေရာ ပျက်စီးနေသောအဆောက်အဦးပေါင်းများစွာနှင့် အုတ်ဂူများစွာအားမြင်တွေ့နေရပေသည်။
ဤအဆောက်အဦးအပျက်များအား တစ်စစီဖျက်ဆီးခဲ့သည့်အရာမှာ ကြီးမားသောလက်ရာကြီးတစ်ခုဖြစ်သည်။
ဤလက်ရာကြီးမှာ မြေပြင်ပေါ်တွင် ၁၀ မီတာအနက်မျှရှိသောတွင်းနက်ပင်ဖြစ်ပေါ်စေပြီး ကြီးမားသောလက်ရာကြီးမှာ ဤမြို့လောက်ပင်ကြီးမားပေသည်။
ထိုမြင်ကွင်းအားကြည့်ကာ ကျိုးဟောင်မှာအေးစက်သွားသလိုပင်ခံစားလိုက်ရသည်။
တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ မည်မျှလောက်အထိမြင့်မားပါသနည်း။ သူသည်လက်တစ်ဖက်တည်းဖြင့် မြို့တစ်ခုအားဖျက်ဆီးပစ်ခဲ့ပေသည်။
"လက်တစ်ဖက်....လက်တစ်ဖက်တည်းနဲ့ မျိုးနွယ် ၆ ခုရဲ့ရှေးဟောင်းမြို့တော်ကိုဖျက်ဆီးပစ်ခဲ့တယ်.....ဒါက....ဒါကအရမ်း...."
အားလုံးမှာထိတ်လန့်နေကြပြီး မယုံရဲကြပေ။
ထိုအချိန်တွင် လက်ဝါးရာကြီး၏အလယ်တွင်ခြေရာလက်ရာမပျက်ရှိနေသောမျှော်စင်တစ်ခုရှိနေပေသည်။ ၎င်းမှာဤလက်ဝါးကြီး၏ဖျက်ဆီးမှုအားမခံခဲ့ရပေ။
ဤမျှော်စင်အားကျိုးဟောင်မြင်သလို အခြားလူများလည်းမြင်ကြပေသည်။
"ဒါက.....မျိုးနွယ် ၆ခု ရှေးဟောင်းမျှော်စင်လား"
အားလုံးမှာတီးတိုးရေရွတ်နေကြပြီး အတော်လေးအံ့ဩနေခဲ့ကြသည်။ ကျိုးဟောင်မှာဤအရာအကြောင်းဘာမှမသိသော်ငြား ဤအရာသည်မျိုးနွယ် ၆ ခုအတွက်အလွန်အဖိုးတန်မှန်းတော့သိပေသည်။
"ငါ့ရဲ့မျိုးနွယ် ၆ခုကဒီလက်ဝါးတစ်ချက်တည်းနဲ့ဖျက်ဆီးခံခဲ့ရပေမဲ့ ဒီမျှော်စင်ကတော့ တကယ်ကိုခြေရာလက်ရာမပျက်ရှိနေသေးတာပဲ...."
အကြီးအကဲချင်မှစိတ်လှုပ်ရှားစွာပြောလိုက်သည်။
ထိုအချိန်တွင်စုရှောင်းဖေးမှာအလျင်အမြန်ပင်တစ်စုံတစ်ခုအားထုတ်ယူလိုက်ကာ မျှော်စင်နှင့်ယှဉ်ကြည့်လိုက်သည်။။
"ဒီမျှော်စင်ထဲမှာ....စကြဝဠာမူလသစ်ပင်က ဒီမျှော်စင်ထဲမှာ"
သူမသည်စိတ်လှုပ်ရှားစွာပြောလိုက်ပြီး အားလုံးမှာလည်းထိုစကားအားကြားသောအခါ ချက်ချင်းပင်မျှော်စင်၏အပြင်ဘက်သို့ရောက်ရှိသွားခဲ့ကြသည်။
အစောပိုင်းက အကွာအဝေးမှာအလွန်ဝေးနေ၍သေချာမမြင်ရသော်ငြား နီးကပ်လာပြီးနောက် ဤမျှော်စင်မှာတကယ်ပင်သာမန်ထက်ထူးခြားပြီး ကြီးကျယ်သောကောင်းကင်လမ်းစဉ်စွမ်းအင်အငွေ့အသက်အများအပြားရှိနေကြောင်းသိလိုက်ကြရပေသည်။
သို့သော် မျှော်စင်မှာအကောင်းတိုင်းရှိနေသည်မဟုတ်ပေ။ တံခါးပေါ်တွင် ၁၀ မီတာအကျယ်ရှိသောအပေါက်ကြီးတစ်ပေါက်ရှိနေပေသည်။
"မျှော်စင်လည်း....ဖျက်ဆီးခံလိုက်ရပြီ တံခါးကိုကြည့် ဖြစ်နိုင်တာတစ်ယောက်ယောက်ကအထဲကဟာတွေအကုန်လုံးကို ယူသွားလောက်ပြီ"
ပထမဆုံးစကားပြောလာသူမှာ ဝမ်မျိုးရိုးပင်ဖြစ်သည်။
"အဲဒီတုန်းကဘာဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှသေချာမသိဘူး ဟင်း....အခုပြောလို့လည်းဘာမှအသုံးမဝင်ဘူး စကြဝဠာမူလသစ်ပင်ကအထဲမှာရှိနေသေးလားဆိုတာအမြန်သွားကြည့်ကြတာပေါ့"
သူတို့အဖွဲ့ချဉ်းကပ်လာပြီးနောက် ရုတ်တရက်ဆိုသလိုပင်မျှော်စင်မှရှေးဟောင်းအငွေ့အသက်တစ်ခုထွက်ပေါ်လာခဲ့ကာ ထိုအငွေ့အသက်မှာအလွန်စွမ်းအားကြီးလှပေသည်။ ထို့နောက်မမြင်ရသောအတားအဆီးတစ်ခုပမာဖြစ်ပေါ်သွားပြီး သူတို့အဖွဲ့အားပိတ်ဆို့ထားလိုက်သည်။
"ဒါက....ဒါကမျှော်စင်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစိတ်စွမ်းအားပဲ သူ့ရဲ့စိတ်စွမ်းအားကအရမ်းစွမ်းအားကြီးတယ် ဘယ်လိုလုပ်ကြမလဲ ထိုးဖောက်လို့ရပါ့မလား"
ရွှယ်ယွမ်ကွေ့မှာအလျင်အမြန်ပြောလိုက်သည်။ ကျိုးဟောင်မှာမူမျက်မှောင်ကြုတ်သွားခဲ့ပြီး မျှော်စင်အားကြည့်လိုက်ပေရာ ရုတ်တရက်ဆိုသလို ဝင်ပေါက်တွင်မူလကျောက်စာတစ်ခုအားတွေ့လိုက်ရသည်။
ဤမြင်ကွင်းသည်သူ၏အမူအရာအား သိသိသာသာပြောင်းလဲသွားစေခဲ့သည်။
"မဟုတ်ဘူးကြည့် ပျက်နေတဲ့တံခါးမှာအနီရောင်သင်္ကေတတစ်ခုရှိတယ် ဒီတွန်းအားက မျှော်စင်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစိတ်စွမ်းအားကနေထွက်လာတာ ဒီသင်္ကေတကနေထွက်လာတာ"
ဝူမျိုးရိုးမှရုတ်တရက်ပြောလာခဲ့ပေရာ အားလုံးမှာ မော့ကြည့်လိုက်ကြပြီး ပင့်သက်ရှိူက်လိုက်မိသည်။
....................................................................................
အခန်း(၅၁၉) ပြီးပါပြီ။