အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း (၅၂၀) : ရှေးအချိန်အားသဏ္ဍာန်ဖော်ခြင်း
သူတို့အဖွဲ့မှာ ရှေ့မှမြင်ကွင်းအားကြည့်ကာမယုံကြည်ရဲကြပေ။
"ဒါဘာသင်္ကေတလဲ သင်္ကေတလေးတစ်လုံးတည်းနဲ့ငါတို့ကိုတားနိုင်တယ် ဒါက....ဒါကအရမ်းမယုံကြည်နိုင်စရာကောင်းတာပဲ"
ရွှယ်ယွမ်ကွေ့မှာအလွန်အံ့ဩသွားခဲ့သည်။
တစ်ဖက်တွင် ကျိုးဟောင်မှာမျက်လုံးများအားကျဉ်းမြောင်းကာတစ်ချက်ကြည့်ပြီးနောက် ဘာမှပြောလိုစိတ်မရှိတော့ပေ။
ထိုအချိန်တွင် မျိုးနွယ် ၆ခုအားဖျက်ဆီးခဲ့သူမှာမည်သူဖြစ်ကြောင်းသိလိုက်ရသလို သူ၏နှလုံးသားထဲ၌အေးစက်မှုအားခံစားလိုက်ရသည်။
ကျိုးဟောင်မှာ သူ ၇ခုမြောက်အက်ကွဲကြောင်းမှအကျပ်အတည်းအားဖြေရှင်းရန်သူမူလကျောက်စာအားသုံးခဲ့စဉ်က သူ့အားဖမ်းချင်ခဲ့သည့်ကြီးမားသောလက်ကြီးအားသတိရသွားခဲ့သည်။
ထိုလက်ပိုင်ရှင်မှာ ဤမျိုးနွယ် ၆ခုအားဖျက်ဆီးသွားခဲ့သည့်လူနှင့် တစ်ယောက်တည်းဖြစ်လောက်ပေသည်။
သူတို့မှာမူလကျောက်စာ၏စွမ်းအားအားသိပုံမပေါ်ပေ ကျိုးဟောင်မှာထိုအရာအားကြည့်ကာစိတ်ထဲအတော်လေးဝမ်းသာနေပေသည်။
"ဟမ် သူဘာလို့ကျောက်စာစာလုံးထားခဲ့တာလဲ မဟုတ်မှသူကတစ်ခြားလူတွေကိုမယူစေချင်လို့ ငါတို့အတွက်ချန်ခဲ့တာလား"
"အဲဒါလည်းမဟုတ်သေးဘူး တကယ်လို့ကျွန်မတို့အတွက်ချန်ထားခဲ့တာဆိုရင် ဒီကျောက်စာချန်ထားခဲ့ဖို့ကပိုတောင်မဖြစ်နိုင်သေးတယ် ဘယ်လိုဖြစ်တာလဲ"
စုရှောင်းဖေးမှာတွေဝေစွာဖြင့်မေးလိုက်သည်။
"တကယ်လို့ဒီကကျောက်စာကိုမဖယ်ရှားနိုင်ရင် ဘယ်လိုဖြစ်ဖြစ်ဝင်ရမှာမဟုတ်ဘူး အားလုံးပဲ ဖြေရှင်းစရာနည်းလမ်းတစ်ခုခုရှိလား"
ရွှယ်ယွမ်ကွေ့မှယာမျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီနေရာကဝင်ပေါက်နဲ့ မီတာတစ်ထောင်ဝေးတယ် ကျုပ်ဒီအကာအကွယ်ကိုယာယီတားဆီးပြီး ကျုပ်တို့ကိုမီတာ ၂၀၀ လောက်ရှေ့ကိုရောက်သွားစေနိုင်တဲ့နည်းလမ်းရှိတယ်"
ထိုအချိန်တွင် ဝူမျိုးရိုးမှပြောလိုက်သည်။
မီတာတစ်ထောင်အတွင်း မီတာနှစ်ရာရှေ့ရောက်သည်မှာ လက်ခံနိုင်လောက်သောအနေအထားဟုသတ်မှတ်နိုင်ပေသည်။
"ငါ့မှာနည်းလမ်းတစ်ခုရှိတယ် ငါ မီတာနှစ်ရာလမ်းလျှောက်နိုင်တယ်"
အဘိုးကြီးချင်မှလည်းပြောလာခဲ့သည်။
"အဲဒီလိုဆို ကြည့်ရတာအားလုံးကကူညီနိုင်တဲ့ပုံပဲ ကျုပ်မှာလည်းမီတာ ၃၀၀ သွားလို့ရအောင်ကူညီပေးနိုင်မဲ့ရတနာပစ္စည်းတစ်ခုရှိတယ်"
ရွှယ်ယွမ်ကွေ့မှပြောလိုက်သည်။ ယခုဆိုသူတို့သွားနိုင်သည့်အကွာအဝေးမှာတစ်စတစ်စဖြင့် မီတာ ၇၀၀ အထိရောက်လာပြီဖြစ်သည်။
တစ်နည်းဆိုရသော်ဝင်ပေါက်အားရောက်ရန်မီတာ ၃၀၀ ကျန်သေးပေသည်။
"ကျွန်မရဲ့ရတနာကလည်းမီတာ ၂၀၀ သွားနိုင်အောင်ကူညီနိုင်တယ်"
ဝမ်မျိုးရိုးမှလည်းပြောလာခဲ့သည်။
တစ်နည်းဆိုရသော် ဝင်ပေါက်အားရောက်ရန်မီတာ ၁၀၀ သာကျန်တော့ပေသည်။
"နောက်ဆုံးမီတာတစ်ရာကိုကျွန်မဖြေရှင်းနိုင်တယ် အဲဒါတင်မကဘူး တစ်မိနစ်လောက်အထိတောင့်ခံပေးနိုင်တယ် ဒါပေမဲ့ဒီကျောက်စာ...."
စုရှောင်းဖေးမှာစကားဆုံးသည်နှင့် ကျိုးဟောင်အားကြည့်လိုက်သည်။
ကျိုးဟောင်ထံတွင် ဤပြဿနာအားဖြေရှင်းနိုင်သည့်နည်းလမ်းရှိပေသည်။ သို့သော်အားလုံးသူ့အားကြည့်နေသည်ကိုမြင်ပြီးနောက် ကျိုးဟောင်မှာစိတ်လိုလက်ရလုပ်ပေးချင်စိတ်မရှိတော့ပေ။
"ဘာလဲ ခင်ဗျားတို့တွေက ကျွန်တော့်ကိုဒီကျောက်စာကိုဖြေရှင်းစေချင်တာလား"
"မီတာ ၂၀၀ ၃၀၀ ဆိုတာဘာမှမဟုတ်ဘူး ဘာပဲဖြစ်ဖြစ်တကယ်လို့ဒီကျောက်စာကိုမဖြေရှင်းနိုင်ရင် ဝင်သွားရင်တောင်အလကားပဲ အားလုံးကကျွန်တော့်လိုလူသစ်လေးကိုအနိုင်ကျင့်ပြီး ဒီခက်ခဲတဲ့ပြဿနာကိုဖြေရှင်းခိုင်းချင်နေတာတော့မဟုတ်ဘူးမလား"
ကျိုးဟောင်သည်ဤစကားများအား အကျိုးတစ်ခုခုလိုချင်၍သာပြောလိုက်ခြင်းဖြစ်ပေသည်။
ကျန်လူများသည်လည်းဤကျောက်စာအားမဖြေရှင်းနိုင်ကြပေ။ ၎င်း၏အလုပ်လုပ်ပုံကိုလည်းမသိပေရာ မဆင်မခြင်မလုပ်ဝံ့ပေ။
"ညီနောင်ကျိုး ခင်ဗျားပြောပုံက ခင်ဗျားပဲဒါကိုဖြေရှင်းနိုင်တဲ့ပုံနဲ့ တကယ်လို့ခင်ဗျားသာဒါကိုဖြေရှင်းနိုင်ရင် ကျုပ်ခင်ဗျားကိုဒါပေးမယ်"
ထိုအချိန်တွင်ရွှယ်ယွမ်ကွေ့မှရတနာတစ်ခုအားထုတ်ကာပြောလိုက်သည်။ ၎င်းမှာထူးဆန်းသောအငွေ့အသက်ရှိသည့်သံလိုက်အိမ်မြှောင်တစ်ခုဖြစ်ပြီး သာမန်ထက်ထူးခြားပေသည်။
"ဘာလျော်ကြေးမှမရှိဘဲ ဒီကျောက်စာကိုဖြေရှင်းဖို့ဆို ဒီထဲကဘယ်သူ့အတွက်ဖြစ်ဖြစ်မတရားဘူး ဒီလိုဆိုမှတော့အဲဒါကိုဖြေရှင်းနိုင်တဲ့ဘယ်သူမဆို ကျွန်မရဲ့အကာအကွယ်ကျောက်စိမ်းဆွဲပြားကိုလက်ဆောင်အနေနဲ့ပေးမယ်"
ထိုအချိန်တွင်စုရှောင်းဖေးမှာသူမလည်ပင်းတွင်ဆွဲထားသောကျောက်စိမ်းဆွဲပြားအားဆွဲထုတ်လိုက်သည်။ ၎င်းထဲမှစွမ်းအင်အတက်အကျလှိုင်းများထွက်ပေါ်နေပြီး ကာကွယ်ရေးရတနာဖြစ်မှန်းသိသာပေသည်။
သို့သော်ဤပစ္စည်းအားထုတ်ပြပြီးနောက် ရွှယ်ကွေ့ယန်မှာမျက်မှောင်ကြုတ်သွားကာ မျက်နှာပျက်သွားခဲ့သည်။ သို့သော်ထိုအမူအရာမှာလျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
"ကျွန်မကနဂါးသလင်းကျောက်ပေးမယ်"
နဂါးသလင်းကျောက်ဟုခေါ်သောအရာမှာ နဂါးသွေးသလင်းကျောက်ဖြစ်ပြီး နဂါးများနှင့်သက်ဆိုင်မှုရှိမရှိတော့မသိရပေ။ သို့သော်ဤပစ္စည်းအားနဂါးသွေးသလင်းကျောက်ဟုခေါ်ရသည့်အကြောင်းအရင်းမှာ သူ့ထဲ၌ပါဝင်သောသွေးအနှစ်သာရအားခန္ဓာကိုယ်ကိုပုံသွင်းရန်အသုံးပြုနိုင်၍ဖြစ်သည်။
ဝမ်မျိုးရိုးမှလည်းပြောလာခဲ့သည်။
"ကျုပ်က 'ကောင်းကင်ဆက်သွယ်လက်ဝါး' ဆိုတဲ့သိုင်းကိုပေးမယ် ဒီကျင့်ကြံရေးသိုင်းကအရမ်းစွမ်းအားမကြီးပေမဲ့ သိပ်လည်းမဆိုးပါဘူး"
သက်ဆိုင်ရာရတနာများအားထုတ်ပြီးနောက် အားလုံးမှာကျိုးဟောင်အားကြည့်လိုက်ကြသည်။
ဤနေရာတွင်ရှိနေသောလူများမှာတုံးအသူများမဟုတ်ကြပေရာ အားလုံးမှာကျိုးဟောင်အကျိုးအမြတ်လိုချင်သည်ကိုသိကြပြီး ကပ်စေးနဲနေခြင်းမရှိပေ။
"ကောင်းပြီလေ ဒီကျောက်စာကိုကျုပ်တာဝန်ထားလိုက်"
"ဒါပေမဲ့အလုပ်ဖြစ်မဖြစ်တော့ကျုပ်လည်းမသိဘူး"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ ကျိုးဟောင်မှာယုံကြည်ချက်အပြည့်မရှိသော်ငြား ကြိုးစားကြည့်ရန်ထိုက်တန်သည်ဟုခံစားရပေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာမူလကျောက်စာသိုင်းအားရရှိခဲ့ပေသည်။
"ကောင်းပြီ အဲဒီလိုဆိုရင်စကြတာပေါ့"
စုရှောင်းဖေးစကားပြောပြီးနောက် ရွှယ်ယွမ်ကွေ့မှာရှေ့တစ်လှမ်းတိုးကာခေါင်းလောင်းတစ်ခုအားထုတ်လိုက်သည်။ ထုတ်ယူလိုက်ပြီးနောက် စွမ်းအားကြီးသောစွမ်းအင်အတက်အကျလှိုင်းတစ်ခုထွက်ပေါ်လာခဲ့သည်။
ဤအတက်အကျပေါ်လာပြီးနောက် ၎င်းမှာချက်ချင်းပင်အကာအကွယ်အားဖယ်ရှားလိုက်သည်။
"ကျုပ်နောက်လိုက်ခဲ့"
အပြောနှင့်အတူရွှယ်ယွမ်ကွေ့မှာ ရှေ့တစ်လှမ်းတိုးသွားပြီး ကျန်လူများမှာလည်းနောက်မှလိုက်ပါလာကာ ချက်ချင်းပင်ရှေ့မီတာ ၃၀၀ သို့ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင်သူ့လက်ထဲရှိရတနာမှာ အရောင်မှိန်သွားခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ပြီး ဝူမျိုးရိုးမှာအော်ဟစ်လိုက်ပေရာ စွမ်းအားကြီးသောကာကွယ်ရေးအငွေ့အသက်မှာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင်လွှမ်းခြုံလာခဲ့ကာ ထိုစွမ်းအားမှာအတော်လေးကြီးစိုးနိုင်စွမ်းရှိပေသည်။ ထို့နောက် သူ၏လက်များအားဆုပ်လိုက်ဖြန့်လိုက်လုပ်ကာ ချက်ချင်းပင်အကာအကွယ်အားဆုတ်ဖြဲကာလမ်းကြောင်းတစ်ခုဖန်တီးပြီး ရှေ့တိုးသွားခဲ့သည်။
သူတို့အဖွဲ့မှာမျက်စိတစ်မှိတ်အတွင်း နောက်ထပ်မီတာ ၂၀၀ ရှေ့ထပ်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် အကြီးအကဲချင်မှာအနီရောင်အလင်းလှိုင်းများထွက်ပေါ်နေသည့် ပုတီးတစ်ကုံးအားထုတ်ယူလိုက်သည်။
ဤအနီရောင်အလင်းမှာအားလုံးအားလွှမ်းခြုံသွားခဲ့ပြီး အကာအကွယ်ထိုးဖောက်ပြီး ချက်ချင်းပင်သူတို့အားရှေ့သို့နောက်ထပ်မီတာ ၂၀၀ ထပ်မံရောက်ရှိသွားစေပြန်သည်။
ထို့နောက်ဝမ်မျိုးရိုးမှာ တာ့ဖန်ရတနာအားထုတ်လိုက်ပေရာ နောက်ထပ်မီတာ ၂၀၀ ရှေ့ရောက်သွားခဲ့ပြန်သည်။
၁၀၀မီတာသာကျန်တော့သည့်အချိန်တွင် စုရှောင်းဖေးမှာရုတ်တရက်သူမ၏လက်အားဝေ့ယမ်းလိုက်ပေရာ သူမ၏ခန္ဓာကိုယ်မှ စိတ်ဝိဉာဉ်အားဖမ်းစားနိုင်သောရနံ့မျိုးရှိသည့် ပန်းရောင်အငွေ့များထွက်ပေါ်လာခဲ့သည်။ သူမသည်လည်းအကာအကွယ်အားထိုးဖောက်ကာချက်ချင်းပင်တံခါးရှေ့သို့ရောက်သွားခဲ့သည်။
"အစ်ကိုကျိုး ကျွန်မတစ်မိနစ်ပဲတောင့်ခံနိုင်မှာ မြန်မြန်"
စုရှောင်းဖေး၏လက်များမှာချွေးများဖြင့်ပြည့်နှက်နေပေရာ သူမသည်ခက်ခက်ခဲခဲတောင့်ခံထားရမှန်းသိသာပေသည်။ ကျိုးဟောင်သည်လည်းအချိန်ဆွဲနေရမည့်အချိန်မဟုတ်မှန်းသိပေရာ အလျင်အမြန်ပင်လျှောက်လာပြီး မူလကျောက်စာ၏စွမ်းအားအားခံစားလိုက်ပြီးနောက် ထိတ်လန့်သွားခဲ့သည်။
"ကောင်လေး ဒီကျောက်စာကမရိုးရှင်းဘူး ဒါပေမဲ့မင်းရဲ့ကျွမ်းကျင်မှုနဲ့ဆိုဒီဟာကိုမဖျက်ဆီးဘဲ စုပ်ယူလိုက်တာပိုကောင်းမယ်"
ထိုအချိန်တွင်ကျိုးဟောင်၏စိတ်ထဲ၌ မုရုံရွှင်း၏အသံအားကြားလိုက်ရသည်။
"ဟမ် ဘာလို့လဲ"
ကျိုးဟောင်မှပဟေဠိဖြစ်သွားခဲ့သည်။
"ကျောက်စာရဲ့ဒီကျန်ခဲ့တဲ့အရာကမရိုးရှင်းဘူး ဒါအရမ်းကိုရှေးကျတဲ့ချိတ်ပိတ်သိုင်းတစ်မျိုးပဲ မင်းဒါကိုစုပ်ယူနိုင်ရင် ဒါကိုသုံးပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ချို့ကိုတောင်ပိတ်ထားလို့ရတယ်"
မုရုံရွှင်းမှာမူလကျောက်စာဆရာတစ်ယောက်ဖြစ်ပေရာ ကျိုးဟောင်မှာသူ၏စကားများအားယုံကြည်ပေသည်။ ထို့ကြောင့်ကျိုးဟောင်မှာ မည်သည့်စကားမျှမဆိုဘဲ မူလကျောက်စာစွမ်းအားအားသုံးရန်ကြိုးစားလိုက်သည်။
ကျိုးဟောင်၏ကိုယ်မှထူးခြားသောစွမ်းအင်အတက်အကျတစ်ခုထွက်ပေါ်လာခဲ့သည်။ မူလကျောက်စာနှင့်ချိတ်ဆက်ပြီးနောက် ချက်ချင်းဆိုသလိုပင်ထိုးတက်လာသော လူသတ်လိုသည့်အငွေ့အသက်အား ခံစားလိုက်ရပေသည်။
ထို့နောက်ကျိုးဟောင်၏အမြင်မှာပြောင်းလဲသွားခဲ့ပြီး ရုတ်တရက်ကောင်းကင်ပေါ်တွင်မတ်တပ်ရပ်နေသည့် လူ ၆ယောက်အားမြင်လိုက်ရသည်။
သို့သော်ထိုလူများမှာတစ်ကိုယ်လုံးသွေးများဖြင့်ဖုံးလွှမ်းနေပြီး အတော်လေးအခြေအနေဆိုးနေပေသည်။ သူတို့ ၆ယောက်၏အပေါ်တွင်မူ အမဲရောင်အငွေ့တို့ဖြင့်ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုရှိနေပေသည်။
ထိုပုံရိပ်၏ဘေးတွင်လည်း များစွာသောမူလကျောက်စာများမှာလွင့်မျောနေပေသည်။
"ဟမ့် မင်းကမနာခံတတ်၊ ဝတ္တရားမကျေတဲ့ ရှက်စရာကောင်းတဲ့လူတစ်ယောက်အပြင်မပိုဘူး ငါတို့ဆရာဟွမ်က လောကကြီးအတွက်သူ့အသက်ကိုစွန့်ခဲ့ရတာတောင် မင်းကဒီနတ်ဘုရားလိုအခွင့်အလမ်းကိုမင်းအတွက်လိုချင်နေသေးတယ် ရွံစရာကောင်းလိုက်တာ"
"ငါတို့ ၆ယောက်တိုက်ပွဲမှာသေသွားခဲ့ရင်တောင် မင်းဆန္ဒမပြည့်စေရဘူး ငါတို့သေရင်တောင် ငါတို့ရဲ့စိတ်ဆန္ဒကအမြဲတည်ရှိနေမှာ ငါတို့ဆရာပြန်လာတဲ့အချိန်ကျ သူသေချာပေါက်မင်းကို နှစ်ပေါင်းသောင်းချီ ပိတ်လှောင်ထားလိမ့်မယ်"
....................................................................................
အခန်း(၅၂၀) ပြီးပါပြီ။
အခန်း (၅၂၁) : သဲလွန်စများ
ထိုလူ ၆ယောက်မှာ ကောင်းကင်ပေါ်သို့ပျံတက်သွားခဲ့သည်။ ထိုအချိန်တွင် အမဲရောင်အငွေ့များဖြင့်ဖုံးလွှမ်းနေသောလူမှာ နှာခေါင်းရှုံ့ကာ လက်တစ်ဖက်အားဖြည်းညှင်းစွာဆန့်ထုတ်လိုက်ပြီး ထိုလက်မှာလည်း အလွန်ကြီးမားလှပေသည်။
"ဒါဆိုလည်း ...သေလိုက်တော့"
အေးစက်သောအသံထွက်ပေါ်လာသည်နှင့် ကျယ်လောင်သောအသံနှင့်အတူကြီးမားသောလက်ဝါးကြီးမှာလည်း လူ ၆ယောက်အပေါ်သို့ကျရောက်သွားခဲ့သည်။
ကျိုးဟောင်မြင်နေရသောမြင်ကွင်းများမှာ ဤနေရာတွင်ရပ်သွားခဲ့ပြီး ကျောက်စာမှာလည်းချက်ချင်းပင်ကျိုးဟောင်လက်ထဲရောက်ရှိလာကာ စုပ်ယူခံလိုက်ရသည်။
မူလကျောက်စာပျောက်ကွယ်သွားသည်နှင့် အကာအကွယ်အားလုံးမှာလည်း အလိုအလျောက်ပျောက်ကွယ်သွားခဲ့သည်။ သို့သော်ကျိုးဟောင်၏ ခန္ဓာကိုယ်မှာတော့ တုန်ယင်နေပေသည်။
ထိုလူမှာ တကယ့်ကိုစွမ်းအားကြီးလှပြီး လူ ၆ ယောက်အားတိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖျက်ဆီးပစ်ခဲ့ပေသည်။
ထိုအချိန်မှနောက်ရှိကျန်လူများမှာလည်း သက်ပြင်းချနိုင်တော့သည်။ သူတို့သည်အကာအကွယ်ပျောက်ကွယ်သွားသည်ကိုကြည့်ပြီးအလွန်ထိတ်လန့်နေကြပေသည်။
ဤကျောက်စာသည်သူတို့အားတားနိုင်သည်ကိုသာမဟုတ်ဘဲ ကျိုးဟောင်ဤအရာအားဖယ်ရှားနိုင်ခြင်းကိုပါ ထိတ်လန့်နေခြင်းဖြစ်သည်။
"အားလုံးပဲ ကိစ္စပြီးသွားပြီဆိုတော့ ကတိတည်ရမဲ့အချိန်ရောက်ပြီမလား"
ကျိဟောင်မှာပြုံးကာပြောလိုက်သည်။
ဝမ်မျိုးရိုးမှာတွေနေခြင်းမရှိဘဲ သူမ၏ရတနာအားကျိုးဟောင်ထံပေးလိုက်သည်။
ဤလူသည်ဆန့်ကျင်လို့ကောင်းသည့်လူမဟုတ်ကြောင်းသူမ သိသလို ပြဿနာလည်းမတက်လိုပေ။
ရွှယ်ယွမ်ကွေ့မှာနှာခေါင်းရှုံ့ကာ ရတနာအားထုတ်ပေးလာသလို အခြားလူများမှာလည်းအတူတူပင်။ ကျိုးဟောင်မှာအားလုံးအားလက်ခံလိုက်ပြီး ကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
စုရှောင်းဖေးမှာပြုံးကာကျောက်စိမ်းလည်ဆွဲအား သူမ၏လည်တိုင်မှချွတ်ကာ ကျိုးဟောင်ထံပေးလိုက်သည်။ ထိုလည်ဆွဲရှိသူမ၏ရနံ့နှင့် နွေးထွေးမှုမှာကျိုးဟောင်ထံရောက်သည့်အချိန်အထိ ပျောက်မသွားခဲ့ပေ။
ရွှယ်ယွမ်ကွေ့မှာဤမြင်ကွင်းအားကြည့်ပြီး သူ၏အမူအရာမှာပို၍ပျက်ယွင်းသွားခဲ့သည်။ သို့သော်၎င်းမှာခေတ္တမျှသာဖြစ်သည်။
သို့သော်ငြားမျက်စိလျင်သောကျိုးဟောင်မှာမူ ထိုအခြင်းအရာအားသတိထားမိလိုက်ပါသေးသည်။
ထို့နောက်သူမတို့နှစ်ယောက်အားအကဲဖြတ်ပြီးနောက် ကျိုးဟောင်၏စိတ်ထဲတွင်သံသယတစ်စွန်းတစ်စထွက်ပေါ်လာခဲ့သည်။
"ရွှယ်ယွမ်ကွေ့ကစုရှောင်းဖေးအပေါ်ထူးခြားတဲ့ခံစားချက်တွေရှိနေမှာစိုးရတယ် ဒါကအရမ်းသိသာလွန်းတယ် ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက အပြည်ပြည်ဆိုင်ရာလေလံအိမ်တော်ကပဲ မဟုတ်မှငါတို့ကိုထောင်ချောင်ဆင်ဖို့သူတို့နှစ်ယောက်ပူးပေါင်းနေတာများလား"
ကျိုးဟောင်မှာတုံးအသူမဟုတ်ပေရာသံသယဝင်လာခဲ့သည်။ ထို့ကြောင့်သူ့သံသယမှန် မမှန်စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။
"မိန်းကလေးစု ခင်ဗျားရဲ့ဒီကျောက်စိမ်းဆွဲပြားကတကယ့်ကိုမဆိုးဘူး ခင်ဗျားကျွန်တော့်ကိုပေးတယ်ဆိုမှတော့ ကူပြီးဆွဲပေးရင်ရောဘယ်လိုလဲ"
ကျိုးဟောင်မှာပြောရင်းရွှယ်ယွမ်ကွေ့ထံမှအကြည့်လွှဲကာ စုရှောင်းဖေးအားသေချာကြည့်လိုက်သည်။
စုရှောင်းဖေးမှာခေတ္တမျှကြက်သေသေသွားပြီးနောက်ပြုံးလာခဲ့သည်။
"အစ်ကိုကျိုးတကယ်ပြောနေတာလား"
သူမ၏အပြုံးမှာအတော်လေးဆွဲဆောင်မှုရှိကာ လှပေသည်။
"သေချာတာပေါ့ ညီမလေးစု မင်းစိတ်မရှိဘူးမလား ငါ့ကိုဆွဲကြိုးလေးကူဝတ်ပေးရုံနဲ့ မင်းသိက္ခာကိုတော့မထိခိုက်ပါဘူးနော် ဟုတ်တယ်မလား"
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။
"သေချာပေါက်ပဲပေါ့ ကျွန်မကအဲဒီလောက်စာအုပ်ကြီးမဆန်ပါဘူး"
စုရှောင်းဖေးမှာပြောရင်း ကျိုးဟောင်အားကူဝတ်ပေးရန်ပြင်လိုက်သည်။ သို့သော်ရွှယ်ယွမ်ကွေ့မှာနှာခေါင်းရှုံ့ရင်းပြောလိုက်သည်။
"ဒါဘာသဘောလဲ ညီနောင်ကျိုး ခင်ဗျားကိုယ်ခင်ဗျားမြင့်မြတ်တယ်ထင်ပြီး ကျုပ်တို့လေလံအိမ်တော်ကလူတွေကိုအနိုင်ကျင့်ဖို့ကြိုးစားနေတာလား"
ထိုစကားအားကြားသောအခါ ကျိုးဟောင်၏အမူအရာမှာပြောင်းလဲမသွားခဲ့ပေ။ သို့သော်စိတ်ထဲတွင်ကျိတ်ကာပြုံးလိုက်သည်။ ယခုအချိန်တွင် သူ၏ယူဆချက်အားစမ်းသပ်ပြီးပြီဖြစ်သည်။
စင်စစ်တွင်ရွှယ်ယွမ်ကွေ့နှင့် စုရှောင်းဖေးတို့တွင်မပြတ်သားသောရည်ရွယ်ချက်ရှိနေကြပေသည်။ ထို့အပြင်စုရှောင်းဖေး၏သဘောထားမှာလည်းမရှင်းလင်းပေရာ သူမတို့ပူးပေါင်းနေသလားဆိုသည့်အချက်အား သူသေချာမသိရပေ။
"ဒါကိုဘယ်လိုလုပ်ပြီး အနိုင်ကျင့်တယ်လို့ခေါ်လို့ရမှာလဲ တကယ်လို့မိန်းကလေးစုဆန္ဒမရှိရင်လည်း ထားလိုက်ပါ"
ကျိုးဟောင်မှာချက်ချင်းပင်သူမလက်ထဲမှကျောက်စိမ်းဆွဲပြားအားယူသွားပြီး ကျောပိုးအိတ်ထဲပစ်ထည့်လိုက်သည်ကိုကြည့်ကာ စုရှောင်းဖေးမှာခေတ္တမျှကြက်သေသေသွားခဲ့သည်။
ကျိုးဟောင်ထံတွင်သူမနှင့်ပတ်သက်သော အတွေးများရှိနေမလားဟုပင် သူမအံ့ဩမိပေသည်။ မည်သို့ပင်ဖြစ်စေ သူမအားစိတ်ဝင်စားသူများမှာမရှားပေ။ သူမ၏ရုပ်ရည်ဖြင့် သူမ၏အလှအားလွန်ဆန်နိုင်သောယောက်ျားမှာ များများစားစားမရှိလောက်ပေ။
"ကောင်းပြီ အကာအကွယ်လည်းပျောက်သွားပြီဆိုတော့ဆက်ပြီး ဘာလုပ်ကြမလဲ"
ထိုအချိန်တွင် ကျိုးဟောင်မှပြောလိုက်သည်။
စုရှောင်းဖေးမှာထိုအချိန်မှသတိပြန်ဝင်ကာ အထဲသို့ကြည့်လိုက်သည်။
ဤတံခါးမှတစ်ဆင့် အထဲတွင်အဆုံးမရှိသောအာကာသတစ်ခုရှိနေကြောင်းခံစားမိပေသည်။ ထိုအာကာသမှာလည်း အလွန်ကြီးကျယ်လှပေသည်။
အထဲသို့ပထမဆုံးဝင်သွားသူမှာ စုရှောင်းဖေးဖြစ်ပြီး ရွှယ်ယွမ်ကွေ့သည်လည်းသူမနောက်မှ ကပ်လျက်လိုက်ပါသွားခဲ့သည်။ ထို့နောက်အခြားလူများမှာလည်း သူမတို့နောက်မှ လိုက်ပါသွားခဲ့သည်။
အထဲဝင်သွားသည်နှင့် ကြီးမားသောအာကာသကြောင့်အားလုံးမှာ မှင်တက်သွားခဲ့ရသည်။
သို့သော်ထိုအချိန်တွင်ရုတ်တရက်ဆိုသလိုပင် အနောက်ဘက်မှအော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ အားလုံးမှာလှည့်ကြည့်ပြီးနောက် ခေါင်းများပင်ယားလာသလိုခံစားလိုက်ရသည်။
လက်ရှိအချိန်တွင်ဝမ်မျိုးရိုးအား လျှပ်စီးများမှဝါးမြိုနေပြီး ထိုလျှပ်စီးများအားမည်သည့်သိုင်းကမျှတားဆီးနိုင်ခြင်းမရှိပေ။ သူမသည်လည်းလျှပ်စီးစွမ်းအားကြောင့် အတင်းအကြပ်ဖျက်ဆီးခံနေရကာ အပိုင်းပိုင်းအစစဖြစ်သွားပြီး ပြုတ်ကျလာခဲ့သည်။
အားလုံးမှာထိတ်လန့်သွားခဲ့သည် မျက်စိတစ်မှိတ်အတွင်းဝမ်မျိုးရိုးမှာသေဆုံးသွားခဲ့ပြီဖြစ်သည်။
စုရှောင်းဖေး၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ သူမသည်လက်တစ်ချက်ဝေ့လိုက်ရာ လက်ကိုင်ပဝါနှင့်တူသောထူးဆန်းသည့်အဝတ်တစ်ခုမှာ သူမ၏ခြေထောက်အောက်တွင်ပေါ်လာခဲ့သည်။ ပေါ်လာပြီးနောက် သူမ၏ပတ်ဝန်းကျင်တွင် တောက်ပသောအလင်းတန်းများထွက်ပေါ်လာပြီး လျှပ်စီးများအားတွန်းကန်နေပေသည်။ ရွှယ်ယွမ်ကွေ့မှာလည်းအတူတူပင် သူ၏ခေါင်းပေါ်တွင်ဓားတစ်ချောင်းလွင့်မျောနေပြီး ထိုဓားမှထွက်ပေါ်နေသောဖိအားမှာ လျှပ်စီးများထံမှကာကွယ်ပေးနေပေသည်။
ဝူမျိုးရိုးနှင့် အကြီးအကဲချင်သည်လည်းရှိသမျှရတနာများအားထုတ်ကာ လျှပ်စီးများအားကာကွယ်နေပေသည်။
"ဒီကလျှပ်စီးတွေကအရမ်းစွမ်းအားကြီးတယ် အားလုံးပဲသတိထားကြပါ"
စုရှောင်းဖေးမှာအော်ပြောလိုက်ပြီး သူမ၏အသံမှာထိတ်လန့်နေကြောင်း သိသာပေသည်။ အခြားလူများမှာပြန်ပင်မဖြေနိုင်ဘဲခေါင်းသာညိတ်ပြလိုက်သည်။
သို့သော်ကျိုးဟောင်မှာဤမြင်ကွင်းအားမြင်ချိန်တွင် သရော်ပြုံးပြုံးလိုက်သည်။
လျှပ်စီးအားခုခံနိုင်ရန်အဖိုးတန်ရတနာများထုတ်သုံးနေရသည့်လူတစ်စုအားကြည့်ကာကျိုးဟောင်၏မျက်လုံးများတွင် ဟာသလုပ်လိုသောအရိပ်အယောင်များဖြင့်ပြည့်နေပေသည်။
"ဟဟ ညီမလေးစု မင်းကတကယ်ရက်စက်တာပဲ"
ကျိုးဟောင်စကားမှာ စုရှောင်းဖေးအားကြက်သေသေသွားစေခဲ့သည်။
"အစ်ကိုကျိုး ဘာပြောလိုက်တာလဲ"
"ပြောတာက.....ဒါကအတော်လေးကောင်းတဲ့အစီအစဉ်ပဲ"
စုရှောင်းဖေး၏မျက်နှာတွင်ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သော်ငြား ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်သူမသည်ကျိုးဟောင်အားကြည့်ကာပြုံးရင်းပြောလိုက်သည်။
"အစ်ကိုကျိုး ဘာပြောချင်တာလဲ ဒီမှာဘာဖြစ်နေလဲဆိုတာကျွန်မလည်းမသိဘူး အစ်မဝမ်ရဲ့သေဆုံးမှုအတွက်ကျွန်မလည်းစိတ်မကောင်းဖြစ်ရပါတယ်"
ကျိုးဟောင်မှာဤစကားအားမယုံကြည်ပေ။ သူဝင်လာကတည်းက ဤလူများမှာတစ်ခုခုမှားယွင်းနေကြောင်းကျိုးဟောင်ခံစားမိပေသည်။ အစပိုင်းကသူ့အားထူးဆန်းသည့်ခံစားချက်ပေးသူမှာ ရွှယ်ယွမ်ကွေ့ဖြစ်ပြီး သူနှင့်စုရှောင်းဖေးကြားသေချာပေါက်တစ်ခုခုမှားယွင်းနေကြောင်းကိုလည်း ရွှယ်ယွမ်ကွေ့မှသက်သေပြခဲ့ပေသည်။
သို့သော်ထိုမှားယွင်းနေသောအကြောင်းအရင်းအတိအကျအား ကျိုးဟောင်မပြောနိုင်သေးပေ။
အပေါက်ဝရှိမူလကျောက်စာစွမ်းအားကိစ္စလည်းရှိသေးပေသည်။ ထိုအချိန်က အားလုံးမှာသူ့အားကြည့်နေခဲ့ပေရာ ကျိုးဟောင်မှာအားလုံးအပေါ်သံသယဝင်လာခဲ့သည်။
ထုတ်မပြောခဲ့ခြင်းသာရှိသည်။
နောက်ဆုံးတစ်ခုမှာ ဝမ်မျိုးရိုး၏သေဆုံးမှုနှင့် ထူးဆန်းသောလျှပ်စီးကြောင်းများဖြစ်သည်။
သူတို့အားလုံးလျှပ်းစီးကြောင်းအားကာကွယ်ပေးနိုင်သည့်ရတနာများယူလာကြသည်မှာ ယုတ္တိမရှိပေ။ ဤအချက်ဖြင့်သူတို့တစ်ခုခုလှုပ်ရှားနေကြောင်းကောက်ချက်ချရန် မလုံလောက်သော်ငြား အားလုံးမှာလျှပ်စီးကြောင်းများမှာတိုက်ခိုက်လာမည်ဖြစ်ကြောင်း ကြိုတင်သိနေသလိုပင်။ ရတနာများအားထုတ်လိုက်သည့်အချိန်တွင်လည်း သူတို့၏လှုပ်ရှားမှုများမှာထပ်တူကျနေခဲ့သည်။
ဤကိစ္စသည်တစ််ခုခုမှားယွင်းနေပေသည်။
အရေးကြီးဆုံးမှာ လျှပ်စီးကြောင်းများရုတ်တရက်ပေါ်လာခြင်းအပေါ် မည်သူမျှစူးစမ်းလိုစိတ်မရှိကြခြင်းပင်ဖြစ်သည်။ လျှပ်စီးကြောင်းများပေါ်လာသည့်အချိန်တွင် ပထမဆုံးစတင်တိုက်ခိုက်သူမှာ စုရှောင်းဖေးဖြစ်သည်။ ယခင်ကသူမသည် တစ်ခုခုဖြစ်ချိန်တိုင်း မေးခွန်းများမေးလေ့ရှိပေသည်။ သို့သော်အစောပိုင်းက သူမသည်လုံးဝသိလိုစိတ်ရှိနေပုံမပေါ်ပေ။
ထိုအချက်ကြောင့် ဤအဖွဲ့သည်တစ်ခုခုမှားနေကြောင်း သဘောပေါက်လိုက်ခြင်းဖြစ်သည်။
"တခြားဘာအဓိပ္ပာယ်မှမရှိပါဘူး ဒီတိုင်း.....ငါ့မှာကာကွယ်ပေးမဲ့ရတနာဘာမှမရှိလို့ ငါ့မှာရှိပေမဲ့အဲဒါကလည်းဒီလျှပ်စီးကြောင်းကိုဆွဲဆောင်နိုင်တဲ့စွမ်းအားမျိုးရှိတယ်"
ကျိုးဟောင်မှာပြောရင်း လှံအားထုတ်လိုက်သည်။ ထိုလှံပေါ်တွင်လျှပ်စီးကြောင်းများတောက်ပနေပြီး ချက်ချင်းပင်လျှပ်စီးကြောင်းများအားဆွဲဆောင်ရင်း စွမ်းအားတို့အားပိုမိုပြင်းထန်လာစေခဲ့သည်။
....................................................................................
အခန်း(၅၂၁) ပြီးပါပြီ။
အခန်း (၅၂၂) : အဖြူအမဲပုတီးစေ့များ
ထိုမြင်ကွင်းမှာ ဤနေရာရှိလူအားလုံးကိုကြက်သေသွားစေခဲ့သည်။
"အစ်ကိုကျိုး ဒါဘာသဘောလဲ"
"အစ်ကိုကျိုး ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ဤလျှပ်စီးကြောင်းများမည်မျှစွမ်းအားကြီးကြောင်း အားလုံးသိကြပေသည်။ အစောပိုင်းက ဝမ်မျိုးရိုးမှာအားကုန်သုံးကာခုခံခဲ့သော်ငြား အသုံးမဝင်ဘဲအဆုံးတွင် သေဆုံးသွားခဲ့ရပေသည်။
အကယ်၍လျှပ်စီကြောင်းများသာသူတို့ကိုယ်ပေါ်ရောက်လာပါက ရတနာရှိလျှင်ပင်ထိခိုက်မှုမရှိဘဲ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"တခြားဘာအဓိပ္ပာယ်မှမရှိပါဘူး ငါကပါရမီမပါတော့ စွမ်းရည်သိပ်မရှိဘူး ဒါပေမဲ့ ငါနဲ့အတူအားလုံးကိုဆွဲချသွားနိုင်တဲ့ နည်းလမ်းတစ်ခုတော့ရှိသေးတယ်"
ကျိုးဟောင်စကားဆုံးသည်နှင့် အားလုံး၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။
အားလုံးမှာဤလျှပ်စီးများမည်မျှစွမ်းအားကြီးကြောင်းသိကြပေရာ မလန့်ဘဲမနေနိုင်ပေ။
"အစ်ကိုကျိုး တကယ်လို့အစ်ကို့မှာကိုယ့်ကိုယ်ကိုယ်ကာကွယ်စရာဘာမှမရှိဘူးဆိုရင် ကျွန်မကူညီပေးလို့ရတယ် "
ထိုအချိန်တွင် စုရှောင်းဖေးမှာမျက်မှောင်ကြုတ်ကာ ချက်ချင်းပင်ပြောလိုက်သည်။
သူမသည်ပြောရင်းရတနာတစ်ခုအားထုတ်ကာ ကျိုးဟောင်အားပေးရန်ပြင်လိုက်သည်။ သို့သော်ကျိုးဟောင်မှာပြုံးကာသူမဘေးသို့လျှောက်လာခဲ့သည်။
"ငါခုနကအားအများကြီးသုံးလိုက်ရလို့ ရတနာကိုအသက်သွင်းဖို့ဘာစွမ်းအင်အနှစ်သာရမှမကျန်တော့ဘူး ညီမလေးစုငါ့ကိုကူပြီးအသက်သွင်းပေးလို့ရမလား"
ကျိုးဟောင်၏အပြုံးမှာအလွန်မုန်းစရာကောင်းလှပေရာ စုရှောင်းဖေး၏မျက်နှာမှာနေရာတွင်ပင်ပျက်ယွင်းသွားခဲ့သည်။
ရွှယ်ယွမ်ကွေ့၏အမူအရာမှာလည်းပျက်ယွင်းသွားခဲ့ပြီးတစ်ခုခုပြောချင်နေပုံပင်။
သို့သော်စုရှောင်းဖေးမှာအလျင်အမြန်ပင်ပြောလာခဲ့သည်။
"အစ်ကိုကျိုးကပင်ပန်းနေမှတော့ ကျွန်မကူညီပေးနိုင်ပါတယ်"
သူမသည်ပြောရင်းလက်အားဝေ့ယမ်းလိုက်ပေရာ သူမအားကာကွယ်ပေးထားသည့်အကာအကွယ်မှာ ဝင်ပေါက်တစ်ခုပေါ်လာပြီးကျိုးဟောင်မှာ ချက်ချင်းပင်လမ်းလျှောက်ဝင်သွားခဲ့သည်။ ကျိုးဟောင်သူမဘေးတွင်ရပ်နေသည်ကိုကြည့်ပြီး စုရှောင်းဖေးမှာအားတင်းပြီးပြုံးပြလိုက်သည်။
"အစ်မဝမ်သေသွားပေမဲ့ အောင်မြင်ဖို့ကခြေတစ်လှမ်းနီးလာပြီ အားလုံးပဲသွားကြစို့"
စုရှောင်းဖေးမှာပြောရင်း သူမ၏ရတနာအားထိန်းချုပ်ကာရှေ့သို့တိုးသွားခဲ့သည်။
လျှပ်စီးစွမ်းအားများမှာလေထဲတွင်ပြည့်နေသော်ငြား ကံကောင်းစွာဖြင့်အားလုံးမှာအလွန်သတိထားကာ လျှပ်စီးကြောင်းများအားလမ်းလွှဲနိုင်ခဲ့သည်။ မကြာမီသူတို့အဖွဲ့မှာ ထိပ်ဆုံးအထပ်သို့ရောက်လာခဲ့သည်။ ဤနေရာတွင်များပြားသောစွမ်းအားအနှစ်သာရအားခံစားမိကာ စင်မြင့်၏အလယ်တွင် အစီအရင်တစ်ခုရှိနေပေသည်၊၊
အစီအရင်ပေါ်တွင် သလင်းကျောက်ဖြင့်ပြုလုပ်ထားဟန်ရှိသည့် ကြည်တောက်နေသည့် သေးငယ်သောသလင်းကျောက်အကိုင်းတစ်ခုရှိနေပေသည်။
ထိုအရာမှထုတ်လွှတ်နေသော ပတ်ဝန်းကျင်ရှိစွမ်းအင်အနှစ်သာရမှာ အလွန်ပင်ထူးခြားလှပေသည်။
အားလုံးမှာထိုမြင်ကွင်းအားကြည့်ကာအံ့သြနေသလို ကျိုးဟောင်သည်လည်းအတူတူပင်။
သို့သော်သူတို့သည်ထိုပစ္စည်းအနားသို့မကပ်ဝံ့ကြပေ။ ဤအစီအရင်မှာအသက်ဝင်နေဆဲဖြစ်ပြီး စကြဝဠာမူလသစ်ပင်၏ဘေးတွင်အဖြူရောင်နှင့် အနက်ရောင်ရှိသောပုတီးစေ့နှစ်လုံးမှာ လှည့်ပတ်ကာဝန်းရံနေကြပေသည်။
အစောပိုင်းကလျှပ်စီးထက်ပိုအားကောင်းသောစွမ်းအင်အတက်အကျတို့ပါဝင်သည့် ထူးဆန်းသောအငွေ့အသက်တစ်ခုသည်လည်းထွက်ပေါ်နေသည်။
"ဒီကာကွယ်ရေးအစီအရင်က မျိုးနွယ် ၆ ခုရဲ့ မျိုးဆက်တွေပဲဖွင့်လို့ရတာ ကျွန်မကအားလုံးကို စုစည်းခဲ့တဲ့လူဆိုတော့ ကျွန်မပဲချိတ်ပိတ်ထားတာကိုဖွင့်ပါရစေ"
စုရှောင်းဖေးမှာထိုအချိန်တွင်ပြောလာခဲ့ပြီး မည်သူမျှကန့်ကွက်သူမရှိပေ။
"ဒီပုတီးစေ့တွေက ရတနာဖြစ်နိင်တယ် သူတို့ကိုအရင်ထိန်းချုပ်ပြီး နောက်မှခွဲဝေယူကြတာပေါ့"
"ကျွန်မ....စုရှောင်းဖေး မျိုးနွယ် ၆ခုထဲမှ စူးမိသားစုဝင်ဖြစ်သူသည် ဒီနေ့အစီအရင်ကိုဖွင့်ဖို့ရောက်ရှိလာခြင်းဖြစ်ပါတယ်ကျေးဇူးပြုပြီး ဘိုးဘေးများ ကာကွယ်ပေးကြပါ"
သူမသည်ပြောရင်း သူမ၏လက်ညှိုးမှသွေးအနှစ်သာရအားထုတ်လိုက်ပေရာ ကျယ်လောင်သောအသံနှင့်အတူ ကြီးမားသောအငွေ့အသက်တစ်ခုထွက်ပေါ်လာခဲ့သည်။
စုရှောင်းဖေး၏အမူအရာမှာ ချက်ချင်းပင်သိသိသာသာပြောင်းလဲသွားခဲ့ပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
"မကောင်းတော့ဘူး ဒီအစီအရင်ကအရမ်းစွမ်းအားကြီးတယ် ကျွန်မအကူအညီလိုတယ်"
စုရှောင်းဖေး၏ပုံစံမှာ ဟန်ဆောင်နေပုံမပေါ်ပေ။ သို့သော်ကျိုးဟောင်သည်ကူညီရန်အစီအစဥ်မရှိပေ။ အစောပိုင်းကမှ သူ၏စွမ်းအားများကုန်ခန်းသွားပြီဟုပြောထားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်ကျိုးဟောင်ထံမှအကူအညီတောင်းရန်မှာလည်းမဖြစ်နိုင်ပေ။ ကျန်လူသုံးယောက်မှာ စုရှောင်းဖေးအားစွမ်းအင်အနှစ်သာရများအား အလျင်အမြန်လွှဲပြောင်းပေးရန်သာတတ်နိုင်ပေသည်။
သူတို့၏စွမ်းအင်အနှစ်သာရ၏အကူအညီဖြင့် စုရှောင်းဖေးမှာချက်ချင်းပင် အဆုံးမရှိသောစွမ်းအားများပြန်လည်ရရှိလာခဲ့သည်။ ထို့နောက်ရုတ်တရက်အော်လိုက်ပေရာ ထိုစွမ်းအားများမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
သူမသည် အစီအရင်ထဲရှိအဖြူရောင်နှင့်အမဲရောင်ပုတီးစေ့များအားလက်ညှိုးညွှန်ကာ ချက်ချင်းပင်အော်ဟစ်လိုက်သည်။
"ဖြိုခွဲစမ်း"
သူမ၏အသံမှာအာကာသအာတုန်ခါသွားစေရုံသာမက အစီအရင်ကိုပါတုန်ခါသွားစေခဲ့သည်။
အနက်ရောင်နှင့်အဖြူရောင်ပုတီးစေ့များမှာပြင်းထန်စွာတုန်ခါလာခဲ့ပြီး ထူးဆန်းသောစွမ်းအားတစ်ခုမှာလည်းပျံ့နှံ့လာခဲ့သည်။ ပုလဲတစ်လုံးမှာ ဝူမျိုးရိုးထံပျံသွားခဲ့ပြီး တစ်လုံးမှာကျိုးဟောင်ထံပျံသွားခဲ့သည်။
စုရှောင်းဖေး၏မျက်နှာမှာ အလွန်ပျက်ယွင်းသွားခဲ့သည်။
"ဒီဟာတွေကအရမ်းကြီးစိုးနိုင်စွမ်းရှိတယ် ကျွန်မချိတ်ပိတ်လို့မရဘူး အားလုံးပဲ သူတို့ကိုလွှတ်ထားလိုက်ပါ ကျွန်မတို့ဒီကိုရောက်လာရတဲ့အဓိကအကြောင်းအရင်းက စကြဝဠာမူလသစ်ပင်ကြောင့်ပဲ ထပ်ပြီးပြဿနာမဖြစ်အောင်နေတာကောင်းမယ်"
သို့သော်သူမ၏စကားများမှာ အသုံးဝင်ပုံမပေါ်ပေ။
အဖြူရောင်နှင့်အနက်ရောင်ပုတီးစေ့များမှာသာမန်ထက်ထူးခြားကြောင်းသိသာပေသည်။ သူတို့ထံတွင် အားလုံး၏ရတနာများထက်ကျော်လွန်သောအားအလွန်ကြီးသည့် စွမ်းအားအတက်အကျမျိုး ရှိပေသည်။
ဝူမျိုးရိုးမှာချက်ချင်းပင်ဖျက်ခနဲလှုပ်ရှားလိုက်သည်။ သူသည်စုရှောင်းဖူ၏ပြောစကားအားလုံးဝဂရုမစိုက်ပေ။
ထို့နောက်အမဲရောင်ပုတီးစေ့နှင့်မလှမ်းမကမ်းနေရာအထိ ပျံသန်းသွားခဲ့သည်။
"အစ်ကိုဝူ အဲဒီဟာကကျွန်မသွေးနဲ့ပေါင်းစပ်ပြီးပြီ အစ်ကိုယူသွားရင်တောင်အသုံးမဝင်ဘူး ဒါမှမဟုတ် စကြဝဠာမူလသစ်သားကိုယူပြီးမှယူကြရင်ရော"
စုရှောင်းဖေးမှာစိုးရိမ်တကြီး ဒေါသသံဖြင့်ပြောလိုက်သည်။
"ဟဟ ညီမလေးစု ငါ့အထင်တော့ငါဒါကိုအရင်ယူရမယ်ထင်တယ် နောက်ကိုငါဒါကိုခွဲယူရမယ်ဆိုရင်တောင် အဲဒါကငါ့အပေါ်မူတည်နေဦးမှာပဲ ညီမလေးစိတ်မပူပါနဲ့"
ဝူမျိုးရိုးမှာစကားပြောရင်း ပုတီးစေ့အားဆုပ်ကိုင်လိုက်သည်။
"ဟဟ အစ်ကိုဝူကျွန်တော်လည်းဒါကိုလိုချင်တယ် တောင်းပန်ပါတယ် အလျှော့မပေးနိုင်လို့"
ရွှယ်ယွမ်ကွေ့မှာလည်း အလောတကြီးရောက်လာခဲ့သည်။ သူတို့နှစ်ယောက်မှာမူလကတည်းက အဆင့်မကွာသူများဖြစ်ကြပေရာ ယှဉ်ပြိုင်ရန်အရည်အချင်းပြည့်မီပေသည်။ အခြားအဖြူရောင်ပုတီးစေ့မှာ ကျိုးဟောင်ထံပျံလာခဲ့ပြီး အနီးဆုံးနေရာအထိရောက်လာခဲ့သည်။
"အစ်ကိုကျိုးကျေးဇူးပြုပြီးမယူပါနဲ့ ကျွန်မတို့နောက်မှခွဲယူကြရအောင်ပါ ရတနာလေးတစ်ခုအတွက် ကျွန်မတို့ကြားခင်မင်မှုကိုမထိခိုက်ပါစေနဲ့"
စုရှောင်းဖေးမှာ ပူပန်စွာပြောလိုက်သည်။
သို့သော်ကျိုးဟောင်မဖြေခင်မှာပင် အကြီးအကဲချင်မှပြောလာခဲ့သည်။
"ညီမလေးစု တောင်းပန်ပါတယ်ဒါပေမဲ့ ဒီပစ္စည်းကိုငါအတော်လေးသဘောကျတယ် မင်းကိုကျေးဇူးတင်ပါတယ်"
ပြောရင်း ကျိုးဟောင်ရှိရာသို့ပျံသန်းသွားခဲ့သည်။
ကျိုးဟောင်မှာပင်ပန်းချင်ယောင်ဆောင်ထားသည့်အတိုင်း မျက်နှာမှာဖြူလျော်နေပြီး အလွန်နှေးကွေးစွာလှုပ်ရှားနေပေသည်။
အကြီးအကဲချင်မှာထိုမြင်ကွင်းအားကြည့်ပြီး ချက်ချင်းပင်ပြုံးလိုက်သည်။
"ကျိုးဟောင် ဒါလုဖို့တိုက်မနေနဲ့တော့ မင်းဒီရတနာကိုသဘောကျမှာငါသိတယ်....ငါလည်းသဘောကျတယ် ငါမင်းကိုတခြားရတနာနဲ့အလဲအလှယ်လုပ်ပေးမယ်လို့အာမခံတယ်"
အကြီးအကဲချင်မှာပြောရင်း ရတနာတစ်ခုအားထုတ်ကာကျိုးဟောင်ထံပစ်ပေးလိုက်သည်။ ထိုအချိန်တွင် ဝူမျိုးရိုးနှင့် ရွှယ်ယွမ်ကွေ့တို့မှာ အမဲရောင်ပုတီးစေ့ရှေ့သို့ရောက်နေပြီဖြစ်ပြီး ချက်ချင်းပင်တိုက်ခိုက်လိုက်ကြသည်။
"ရွှယ်ယွမ်ကွေ့ မင်းကငါ့ပြိုင်ဘက်မဟုတ်ဘူး ငါကကျင့်ကြံဆင့်ကိုဖိနှိပ်ထားတာ တကယ်တော့ငါကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲ တကယ်လို့မင်းမသေချင်ဘူးဆိုရင် ထွက်သွား"
ဝူမျိုးရိုးမှာနှာခေါင်းရှုံ့ကာပြောရင်း သူ၏အငွေ့အသက်မှာချက်ချင်းထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်သာပိုင်ဆိုင်သောအငွေ့အသက်မှာ ကျယ်လောင်သောအသံတစ်ခုဖြင့် လည်ပတ်လာပြီး ချက်ချင်းပင်အာကာသတစ်ခုလုံးအားလွှမ်းခြုံသွားခဲ့သည်။
ဝူမျိုးရိုးမှာချက်ချင်းပင်လက်သီးတစ်ချက်ထိုးလိုက်သည်။ သူ၏စွမ်းအားမှာ အလွန်စွမ်းအားကြီးလှသည်။ ရွှယ်ယွမ်ကွေ့၏အမူအရာမှာသိသိသာသာပြောင်းလဲသွားသော်ငြား ချက်ချင်းပင်ခုခံလိုက်သည်။ သို့သော်အစောပိုင်းကလက်သီးချက်ကြောင့် ကျိုးဟောင်တို့ရှိရာဘက်သို့လွင့်ထွက်သွားခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ပြီး ဝူမျိုးရိုးမှာ ပျော်ရွှင်နေသောအမူအရာဖြင့် ချက်ချင်းပင်အဖြူရောင်ပုတီးစေ့အားကောက်ယူလိုက်သည်။
သို့သော်ထိုအချိန်မှာပင် ထူးဆန်းသောလျှပ်စီးစွမ်းအားတစ်ခုမှာ တိတ်တဆိတ်ချဉ်းကပ်လာခဲ့သည်။ ကျိုးဟောင်မှာအားလုံးအားအာရုံစိုက်နေပေသည်။ ထိုအချိန်တွင် ရွှယ်ယွမ်ကွေ့နှင့် အကြီးအကဲချင် နှစ်ယောက်လုံးမှာသူ့ထံလျှောက်လာနေကြသည်။ ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာ လှောင်ပြုံးပြုံးလိုက်သည်။
....................................................................................
အခန်း(၅၂၂) ပြီးပါပြီ။