အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
အခန်း (၅၂၃) ပြီးပြည့်စုံသောအခြေအနေ
ကျိုးဟောင်မှာရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး မျက်လုံးများမှာအေးစက်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ကျင့်ကြံဆင့်မှာထွက်ပေါ်လာပြီး အကြီးအကဲချင်အားရက်စက်စွာတိုက်ခိုက်လိုက်သည်။
အကြီးအကဲချင်မှာခေတ္တမျှကြက်သေသေသွားပြီးနောက် သတ်ဖြတ်လိုသောအငွေ့အသက်များပေါ်လာခဲ့သည်။
"ဟမ့် မင်းကငါ့ကိုသတ်ဖို့လုပ်ရဲတယ် ကျိုးဟောင်မင်းကသေလမ်းရှာနေတာပဲ"
"သေလမ်းရှာနေတဲ့လူကခင်ဗျားပဲ"
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာပြောလိုက်သည့်အချိန်မှာပင် သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံဆင့်သည်လည်းထွက်ပေါ်လာခဲ့သည်။ ဤအငွေ့အသက်မှာချက်ချင်းပင်ထိုနေရာတစ်ခုလုံးအားပျံ့နှံ့သွားခဲ့ပြီး အားလုံး၏အမူအရာအားပြောင်းလဲသွားစေခဲ့သည်။
အကြီးအကဲချင်မှာပို၍ပင်ဆိုးပေသည်။ သူ၏မျက်နှာတွင်ကြောက်ရွံ့မှုများ မယုံကြည်နိုင်မှုများဖြင့်ပြည့်နေပြီး ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
"တူလေးရွှယ် ငါ့ကိုမြန်မြန်ကယ်ပါဦး"
သို့သော်အလွန်နောက်ကျသွားပြီဖြစ်သည်။ ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အားချက်ချင်းသတ်ပစ်နိုင်စွမ်းရှိပေရာ ၉ဆင့်မြောက်မူလအဆင့်ပညာရှင်မျှဆိုပါက ပြောနေစရာပင်မလိုပေ။ ထိုအချိန်တွင် အဝေးရှိဝူမျိုးရိုးထံမှလည်း ဆိုးရွားသောအော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ သူသည်ချက်ချင်းပင်လျှပ်စီးကြောင်းများ၏တိုက်ခိုက်ခြင်းအားခံလိုက်ရပြီး များစွာသောလျှပ်စီးစွမ်းအားများမှာ ဝူမျိုးရိုး၏ ခေါင်းပေါ်တွင်ဖွဲ့စည်းလာခဲ့ပြီး ကြီးမားသောလျှပ်စီးကြောင်းတစ်ခုမှာ ကျယ်လောင်သောအသံတစ်ခုနှင့်အတူဆင်းသက်လာခဲ့ကာ ဝူမျိုးရိုး၏ဇီဝိန်အားခြွေယူသွားခဲ့သည်။
သူမသေဆုံးမီ ကူကယ်ရာမဲ့သောကြုံးဝါးသံတစ်ခုလည်းထွက်ပေါ်လာခဲ့သည်။ ကျိုးဟောင်မှာအကြီးအကဲချင်အားသတ်ပြီးနောက်လက်ထဲရှိအဖြူရောင်ပုတီးစေ့အားမယူဘဲ ချက်ချင်းပင်ရှောင်တိမ်းကာ စုရှောင်ဖေးနှင့်ရွှယ်ယွမ်ကွေ့တို့၏မျက်နှာချင်းဆိုင်တွင်ရပ်ကာ အေးစက်စွာကြည့်လိုက်သည်။
"ကောင်းလိုက်တဲ့ပြပွဲမင်းတို့နှစ်ယောက်ကပူးပေါင်းပြီး ဝမ်မျိုးရိုးအမျိုးသမီးနဲ့ ဝူမျိုးရိုးအမျိုးသားကိုသတ်ခဲ့တဲ့အပြင် အခုငါ့ကိုပါသတ်ချင်နေသေးတယ် အရမ်းများတယ်လို့မထင်ဘူးလား"
ကျိုးဟောင်စကားဆုံးသည်နှင့် ရှေ့ရှိနှစ်ယောက်၏ အမူအရာမှာချက်ချင်းပြောင်းလဲသွားခဲ့ပြီး ကျိုးဟောင်အားမယုံကြည်နိုင်သလိုကြည့်ပြီး ထိတ်လန့်နေကြပေသည်။
"ဒီအဖြူရောင်ပုတီးစေ့ကတကယ်ကိုထူးခြားတယ် နှမြောစရာကဝူမျိုးရိုးအမျိုးသားကအရမ်းလောဘကြီးလွန်းတာပဲ သူမင်းတို့သတ်တာခံရတာလည်းတန်ပါတယ် ဟိုဝမ်မျိုးရိုးအမျိုးသမီးကိုတော့ မင်းအစကတည်းကဂရုမစိုက်ခဲ့တာ သူလျှပ်စီးစွမ်းအားကြောင့်မသေရင်တောင် မင်းလက်ထဲမှာသေရမှာပဲ ငါပြောတာမှန်တယ်မလား"
"အခုအကြီးအကဲချင်သေပြီ ဝူမျိုးရိုးသေပြီ ဝမ်မျိုးရိုးလည်းသေပြီ ၆ယောက်မှာ၃ယောက်ပဲအသက်ရှင်တယ် တစ်ခုတည်းသောခြားနားချက်ကတော့ ငါကအသက်ရှင်နေပြီး မင်းတို့အဖော်အကြီးအကဲချင်ကတော့သေသွားပြီ"
"မင်းငါနဲ့ဝူမျိုးရိုးကိုသတ်ဖို့ကြိုးစားခဲ့တဲ့အချိန်ကတည်းကက စကြဝဠာမူလသစ်ပင်ကိုရဖို့ဆို မင်းအနည်းဆုံးလူ ၃ယောက်လောက်လိုမယ်ဆိုတာ ငါသိပြီးသား ဟုတ်တယ်မလား"
ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်ပြောနေပြီးသူ၏စကားများမှာ တစ်ဖက်လူအားထိတ်လန့်စေပေသည်။
စင်စစ်တွင်သူတို့ ၃ယောက်ပူးပေါင်းနေမှန်း ကျိုးဟောင်သံသယဝင်နေသည်မှာကြာပြီဖြစ်သော်လည်း အတည်မပြုနိုင်ခဲ့ပေ။ အကြီးအကဲချင်မှအမဲရောင်ပုတီးစေ့အစားအလဲအထပ်အနေဖြင့်သူ့အားတစ်ခုခုပေးချိန်မှသာ ဆက်စပ်မိသွားခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည်ထိုအချိန်၌အခြေအနေဆိုးနေခဲ့ပေရာ အကြီးအကဲချင်မည်မျှဂရုစိုက်သည်ဖြစ်စေ ယခုလိုလုပ်သည်မှာယုတ္တိမတန်ပေ။
ထို့အပြင်ရွှယ်ယွမ်ကွေ့သည်လည်း တမင်ဝူမျိုးရိုးထံတွင်အရှုံးခံကာ ကျိုးဟောင်ရှိရာဘက်သို့ပျံလာခဲ့ပေရာ ကျိုးဟောင်မှာသဘောပေါက်သွားခဲ့သည်။
သူ့သံသယအားလုံးဝသေချာသွားစေသည့်အချက်မှာ ဝူမျိုးရိုးအမဲရောင်ပုတီးစေ့အားရရှိသွားချိန်တွင် အာကာသထဲ၌ပေါ်လာခဲ့သောထူးဆန်းသည့်စွမ်းအင်အတက်အကျအား ကျိုးဟောင်ခံစားမိခဲ့ခြင်းပင်ဖြစ်သည်။
သူ၏စိတ်စွမ်းအားမှာအခြားလူများထက်သန်မာသည့်အပြင် ဝူမျိုးရိုးအားတောက်လျှောက်အာရုံစိုက်နေခဲ့ပေရာ ထိုစွမ်းအားအားခံစားမိသည်မှာမထူးဆန်းပေ။ နောက်ဆုံးအတည်ပြုချက်အား အကြီးအကဲချင်မှာမသေမီပြောသွားခဲ့သည့်
"တူလေးရွှယ်"
ဟူသောစကားပင်ဖြစ်သည်။
ထိုစကားတစ်ခွန်းမှာ အားလုံးအားရှင်းပြသွားခဲ့ပေသည်။ ဤကိစ္စများအားလုံးမှာရှေ့ရှိနှစ်ယောက်မှစီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ကျိုးဟောင်မှာနှုတ်ခမ်းထောင့်စွန်းတို့ကွေးတက်သွားအောင်ပြုံးနေသော်ငြား အမူအရာမှာမူအေးစက်နေခဲ့သည်။
ဤမျှလောက်အကြံအစည်များပြီး ဉာဏ်ကောင်းမည်ဟုကျိုးဟောင်မထင်ထားခဲ့ပေ။ သူသည်သူမတို့စီစဥ်ထားသမျှအားသိနေပြီး ယခုပြောသွားသောစကားများမှာလည်း အားလုံးအမှန်ပင်ဖြစ်သည်။ အစကတည်းက ရွှယ်ယွမ်ကွေ့၊ စုရှောင်းဖေးနှင့် အကြီးအကဲချင်တို့မှာတစ်ဖွဲ့တည်းဖြစ်ကြသည်။ စင်စစ်တွင်သူမတို့၏သရုပ်ဆောင်မှုအား ပိုမိုယုံကြည်လာစေရန် အကြီးအကဲချင်မှာ တစ်ချိန်လုံးသူမတို့နှင့်စကားပြောခဲလှပေသည်။ ထို့အပြင် သူသည်အစီအစဉ်အားဆန့်ကျင်ဟန်ပင် တမင်ဟန်ဆောင်ခဲ့သေးသည်။
သူမတို့၏သရုပ်ဆောင်မှုမှာ ကျိုးဟောင်မှလွဲ အားလုံးအား အရူးလုပ်နိုင်ခဲ့ပေသည်။
သူမတို့၏အစီအစဉ်မှာပြည့်စုံသည်ဟုထင်ခဲ့သော်ငြား ကျိုးဟောင်မှာထိုအစီအစဉ်အားသိနေပေရာ မလန့်ဘဲမနေနိုင်တော့ပေ။
မူလစကြဝဠာသစ်ပင်အားရရှိရန်အနည်းဆုံး လူ ၃ ယောက်လိုအပ်သော်ငြား သူတို့ ၃ ယောက်တည်းဖြင့်အရယူနိုင်ပါ့မလားမသေချာပေ။ ထို့ကြောင့် လူ ၆ယောက်စုဝေးကာ သူတို့ ၃ယောက်မှာအကျိုးအမြတ််များအားခံစားပြီး ကျန်လူများအားအမြှောက်စာအနေဖြင့် အသုံးချနေခြင်းဖြစ်သည်။
"ဟဟ မင်းကအတော်လေးဉာဏ်ကောင်းတာပဲ ငါနဲ့ငါ့မိန်းမစီစဉ်ထားတဲ့အစီအစဉ်ကိုတောင်မြင်နိုင်တယ် မဆိုးဘူး ဝူကျန်းကွမ်းက အရမ်းကြီးစိုးပြီးဘဝင်မြင့်လွန်းတယ် သူကသူ့ရဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးကို ၉ဆင့်မြောက်မူလအဆင့်အထိဖိနှိပ်ထားတာ သူပြဿနာရှာချင်နေတယ်ဆိုတာငါမသိဘူးများမှတ်နေလား"
"အဲဒီဝမ်မျိူးရိုးကပိုတောင်အမှိုက်ဆန်သေး ရင်သားပဲကြီးပြီးခေါင်းမရှိဘူး လုံးဝတွဲဖက်ကောင်းတစ်ယောက်မဟုတ်ဘူး"
"မင်းကတော့....ငါမင်းကိုများများစားစားတွေးမထားပေမဲ့ ဒီကိစ္စအားလုံးကိုသိမဲ့လူလို့ငါလုံးဝမမျှော်လင်ထားခဲ့ဘူး"
ရွှယ်ယွမ်ကွေ့မှာထိုအချိန်တွင်စကားပြောလာခဲ့ပေရာ ကျိုးဟောင်မှာအံ့သြသွားခဲ့ပေသည်။ သူတို့နှစ်ယောက်သည်တကယ်ပင်ပတ်သက်မှုရှိနေသည့်အပြင် ဇနီးမောင်နှံတွေပါဖြစ်နေပေသည်။ အားလုံးကိုဖြေရှင်းပြီးပြီဖြစ်ရာ စုရှောင်းဖေးမှာပြုံးရင်းစကားဆိုလာသည်။
"အစ်ကိုကျိုးကတကယ်ကိုအကြံများတာပဲ ကျွန်မအရမ်းလေးစားသွားပြီ ယွမ်ကွေ့ရဲ့နောက်ဆုံးလှုပ်ရှားမှုကြောင့်သိသွားတာဖြစ်လောက်တယ် ဒါပေမဲ့ဝူကျစ်ကွမ်းရဲ့သေဆုံးမှုကိုမြင်ပြီး ဦးလေးချင်ရဲ့နောက်ဆုံးစကားကိုနားထောင်ပြီးမှသာ သေချာသွားတာဖြစ်ရမယ် အစ်ကိုကျိုး မထင်ရှားတဲ့ပြစ်ချက်လေး ၃ခုနဲ့ အခြေအနေတစ်ခုလုံးကိုထိုးဖောက်မြင်နိုင်တာ တကယ်ပဲလေးစားမိပါတယ်"
စုရှောင်းဖေးမှာပြောရင်း ကျိုးဟောင်အားဦးပင်အနည်းငယ်ညွှတ်လိုက်သည်။ သူမ၏ဆွဲဆောင်မှုရှိသောသွင်ပြင်မှာလုံးဝဒဏ်ရာမရထားသည့်အတိုင်းပင်။
"အစ်ကိုကျိုးပြောတာမှန်တယ် ဒီနေရာကိုဖွင့်ဖို့အနည်းဆုံးလူ ၃ ယောက်လိုတယ် ကျွန်မတို့ ၃ယောက်ပူးပေါင်းလိုက်ရင် ကန့်သတ်ချက်ကိုချိုးဖောက်နိုင်လိမ့်မယ်"
စုရှောင်းဖေးမှာအလွန်လှသော်ငြား အကြံထုတ်သည့်နေရာတွင်တော့ အလွန်ကြောက်စရာကောင်းလှပေသည်။ သူမသည်နှင်းဆီပန်းလိုပင်။ လှသော်ငြားဆူးအပြည့်နှင့်ဖြစ်သည်။
"ဒီကိစ္စကကျွန်မခင်ပွန်းယွမ်ကွေ့နဲ့ ကျွန်မရဲ့အမှားပါ အစ်ကိုကျိုးကိုတောင်းပန်ပါတယ် ဦးလေးချင်ကိုသတ်လိုက်ကတည်းကကျန်တဲ့လူကရှင်ပဲရှိတော့တယ် ကျွန်မတို့တောင်းပန်တဲ့အနေနဲ့ ဒီလျော်ကြေးလေးကိုလက်ခံပေးပါ"
"ဒါကကောင်းကင်ဘုံအဆင့်ရတနာအရမ်းအဖိုးတန်တယ် အခုဒါရှင့်ကိုပေးလိုက်မယ်"
သူမသည်ပြောရင်း လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကျိုးဟောင်အားရတနာကိုပေးလာခဲ့သည်။
ကျိုးဟောင်မှာဤရတနာအားထုတ်ကာ ကြည့်လိုက်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်ကာ စိတ်အေးသွားခဲ့ပေရာ ထို့နောက် စုရှောင်းဖေးအားကြည့်ကာခေါင်းညိတ်ပြလိုက်သည်။
"ထားလိုက်တော့ သူတို့သေတော့ ရတဲ့ရာခိုင်နှုန်းများတာပေါ့"
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။
တစ်ဖက်တွင် ရွှယ်ယွမ်ကွေ့မှာမျက်မှောင်ကြုတ်ပြီး အမူအရာပျက်နေပေသည်။ သူသည်ကျိုးဟောင်အားရန်လိုစိတ်အပြည့်ဖြင့်ကြည့်နေပေသည်။
"ယွမ်ကွေ့လုပ်ကြစို့ ဒီကိစ္စအောင်မြင်သွားရင် ကျွန်မတို့လက်ထပ်ကြမယ်......ကျွန်မ...ကျွန်မကရှင့်အပိုင်ဖြစ်ပေးမယ် ဟုတ်ပြီလား"
စုရှောင်းဖေး၏စကားအားကြားချိန်တွင် ရွှယ်ယွမ်ကွေ့၏အမူအရာမှာချက်ချင်းပင်ပျော်ရွှင်မှုများနဲပြည့်သွားခဲ့သည်။
"ဟုတ်တယ် ဟုတ်တယ် ငါမင်းအပေါ်ပိုက်ဆံတွေအများကြီးသုံးထားရတာ ဒါပြီးရင် ကိုယ်တို့မြန်လက်ထပ်ရအောင် မ......စောင့်နိုင်တော့ဘူး"
ရွှယ်ယွမ်ကွေ့မှာ စုရှောင်းဖေး၏လှပသောမျက်နှာလေးအားကြည့်နေပြီး မျက်လုံးထဲတွင်မီးတောက်နေသကဲ့သို့ဖြစ်နေပြီး ချက်ချင်းပင် သူမ၏ကိုယ်လေးအပေါ်ခုန်အုပ်ချင်စိတ်များပင်ဖြစ်ပေါ်လာခဲ့သည်။
....................................................................................
အခန်း(၅၂၃) ပြီးပါပြီ။
အခန်း (၅၂၄) : အကူအညီအတွက်ကျေးဇူးတင်ပါတယ်
စုရှောင်းဖေးမှာ ရွှယ်ယွမ်ကွေ့မည်မျှစိတ်ပူနေကြောင်းမျက်လုံးကိုကြည့်ရုံဖြင့်သိပေရာ ပြုံးကာပြောလိုက်သည်။
"ဒီလောက်စိတ်ပူမနေနဲ့ လောစရာမလိုဘူး ဒီကိစ္စပြီးသွားတာနဲ့ ကျွန်မကရှင့်အပိုင်ပဲ"
ရွှယ်ယွမ်ကွေ့မှာအလွန်ပျော်သွားခဲ့သည်။ သို့သော်ကျိုးဟောင်မှာသာယာနေသောလေထုအားဖျက်ဆီးပစ်လိုက်ပေသည်။
"တောင်းပန်ပါတယ်ကိုယ့်လူတို့ မင်းတို့ချစ်ကြည်နူးနေကြတာကို ငါကြည့်ချင်တာမဟုတ်ဘူး သူတို့နဲ့အပေးအယူလုပ်ခဲ့သလိုမျိုး ငါ့ကိုလည်းကိစ္စပြီးသွားရင် ဒီလိုပဲလုပ်မှာလားဆိုတာပဲ သိချင်တာ"
ကျိုးဟောင်မှာပြောရင်းလှံအားလက်ထဲတွင်ကိုင်ထားသည်။ လေထဲတွင်လျှပ်စီးကြောင်းများပြည့်နေပြီး ကမ္ဘာဖျက်နတ်ဘုရားလျှပ်စီးအားအချိန်မရွေးအသက်သွင်းနိုင်ရန် အသင့်ပြင်ထားပေသည်။
"မဟုတ်ပါဘူးညီနောင်ကျိုး စိတ်ချပါ ဒါပေမဲ့ ဒီစကြဝဠာမူလသစ်ပင်ကိုတော့ ရှင်ရမှာမဟုတ်ဘူး ဒါကဖေးအာအတွက် အသွင်းပစ္စည်းမလို့ ဒါပေမဲ့ အစားအနေနဲ့အလျော်ပေးမှာပါ ကောင်းကင်ဘုံအဆင့်ထက်ကျော်တဲ့ကျင့်ကြံရေးသိုင်းကအရမ်းအဖိုးတန်တယ်"
"တကယ်လို့ညီနောင်ကျိုးဆန္ဒမရှိဘူးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့ တကယ်တမ်းတိုက်ခိုက်ကြရင် ကျွန်တော်တို့နှစ်ယောက်ကလည်း ခင်ဗျားကိုကြောက်နေမှာမဟုတ်ဘူး"
ရွှယ်ယွမ်ကွေ့မှာ ချက်ချင်းပြောလာလေရာကျိုးဟောင်မှာအလျင်အမြန်ပင်လက်ခါပြလာခဲ့သည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါ့မှာဒီဟာကိုခံစားဖို့ကံမပါဘူး မင်းတို့ငါ့အသက်ကိုရန်မရှာသရွေ့ရတယ် ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်မကြာခင်လက်ထပ်ကြတော့မှာဆိုတော့ ငါကျိုးဟောင် ဒါကိုလက်ဆောင်ပေးတယ်လို့သဘောထားလိုက်ပေါ့ မင်းတို့နှစ်ယောက်ဘဝခရီးသာယာပါစေလို့ကြိုဆုတောင်းပေးလိုက်တယ် ဘယ်လိုလဲ"
ကျိုးဟောင်၏စကားဆုံးသောအခါ ရွှယ်ယွမ်ကွေ့၏အမူအရာမှာအများကြီး ကောင်းမွန်လာသလို စုရှောင်းဖူမှာမှာလည်းချိုသာစွာပြုံးလာခဲ့သည်။
"ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ် အစ်ကိုကျိုး"
"ဟုတ်တယ် ဒါပေမဲ့အရင်ကိစ္စကြောင့်ငါမင်းတို့ကိုသတိတော့ထားရဦးမှာပဲ မင်းတို့နှစ်ယောက်စိတ်တော့မရှိဘူးမလား"
ကျိုးဟောင်မှာလက်ထဲရှိလှံဖြင့်ရွယ်ကာ တည့်ပင်မေးလိုက်သည်။
"သေချာပေါက်စိတ်ထဲမထားပါဘူး ဒါကလူ့သဘာဝပဲလေ ပြီးတော့ကျွန်မတို့ကအရင်လှည့်စားခဲ့တာကို ဒီလိုသတိထားတာကနည်းလမ်းကျပါတယ် ဒီလိုဆိုရင်တောင်ကျွန်မနဲ့ယွမ်ကွေ့က သေချာကျေးဇူးတင်ရဦးမှာပါ စိတ်ချပါ ကျွန်မတို့ရဲ့လေလံအိမ်တော်က အမြဲတမ်းအစ်ကိုကျိုးရဲ့မိတ်ဆွေအဖြစ်ရှိနေမှာပါ"
ကျိုးဟောင်မှာပြုံးလိုက်သည်။
"ဒီလောက်အားမနာပါနဲ့ ရိုးရိုးသားသားပြောရရင်တကယ်လို့ငါသာမင်းတို့တွေကို သတ်လို့ရရင်လုံးဝတွေဝေနေမှာမဟုတ်ဘူး ဒါပေမဲ့ ငါမင်းတို့ကိုမနိုင်ဘူး ဒါကြောင့်အခွင့်အရေးကိုအသုံးချပြီး စကြဝဠာမူလသစ်ပင်ကိုလက်လျှော့လိုက်တာ ကျေးဇူးပြုပြီးငါ့ကိုခက်ခဲအောင်မလုပ်ပါနဲ့"
ရွှယ်ယွမ်ကွေ့မှာပြုံးနေပြီးဘာမှမပြောပေ။
စုရှောင်းဖေးမှာအလျင်အမြန်ပင်ပြုံးရင်းပြောလာခဲ့သည်။
"အစ်ကိုကျိုးကရိုးသားမှတော့ ကျွန်မတို့လည်းကပ်တွက်မနေပါဘူး ကောင်းပြီ စကားပြောပြီးပြီဆိုတော့ စကြတာပေါ့"
ပြောရင်းစုရှောင်းဖေးမှာ လေးနက်စွာပြောလိုက်သည်။
"ဒီအစီအရင်က အရမ်းထူးခြားတယ် ကျွန်မတစ်ယောက်တည်းမဖြေရှင်းနိုင်ဘူး ဒါကြောင့် အစ်ကို့အကူအညီလိုတယ်"
သူမသည်ပြောရင်း လက်၌စွမ်းအင်တစ်ခုအားဖွဲ့စည်းလိုက်သည်။ ထို့နောက်အားတစ်ခုထွက်ပေါ်လာပြီး အစီအရင်ဖြင့်ချိတ်ဆက်သွားခဲ့သည်။
ကျိုးဟောင်မှာသူမစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိပေသည်။ ထို့ကြောင့်တွေဝေမနေဘဲ ဝိဉာဥ်စွမ်းအားအားသူမထံပေးလိုက်သည်။ ရွှယ်ယွမ်ကွေ့မှာမူ လုံးဝထိန်းချုပ်မထားဘဲ အစွမ်းကုန်ပေးနေပေသည်။ ဤအရာအားလုံးသည်သူချစ်ခင်ရသော စုရှောင်းဖေးဟူသည့် အမျိုးသမီးအတွက်သာဖြစ်သည်။
အားနှစ်ခုမှာစုရှောင်းဖေး၏ကိုယ်တွင်းသို့ဝင်ရောက်သွားခဲ့ပြီး သူမသည်အလျင်အမြန်ပင် သူမ၏လက်တွင်ထူးဆန်းသောအမှတ်အသားတစ်ခုအား ပေါ်လာစေလိုက်သည်။ ထို့နောက် ထိုအစီအရင်မှာပြောင်းလဲလာကာ ကြောက်မက်ဖွယ်ရာအားတစ်ခုမှာ ချက်ချင်းပင်ပျံ့နှံ့လာခဲ့သည်။
စုရှောင်းဖေးမှာချက်ချင်းပင် ဤအား၏တိုက်ခိုက်မှုအားခံလိုက်ရပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူမ၏ပုံစံမှာ လုံးဝဟန်ဆောင်နေပုံမပေါ်ပေ။
"ဖေးအာ"
ရွှယ်ယွမ်ကွေ့၏နှလုံးသားမှာနာကျင်သွားရသည်။
"ယွမ်ကွေ့ ဒီအစီအရင်ကအရမ်းစွမ်းအားကြီးလွန်းတယ် ကျွန်မဝိဉာဥ်စွမ်းအားထပ်လိုတယ် အစ်ကိုကျိုး ထိန်းထားမနေပါနဲ့ ဟုတ်ပြီလား မဟုတ်ရင်ကျွန်မတို့အားလုံးဒီနေရာမှာသေရလိမ့်မယ်"
စုရှောင်းဖေးမှာပြောရင်း စွမ်းအားကြီးသောအားတစ်ခုထွက်ပေါ်လာခဲ့သည်။
သို့သော် စုရှောင်းဖေးယခုလိုအခြေအနေရောက်နေချိန်တွင် သူ့ထံရှိသမျှအားလုံးအားပေးမှရမည်ဖြစ်သည်၊
စုရှောင်းဖေး၏မျက်နှာမှာဖြူလျော်နေပြီး သူမ၏အငွေ့အသက်မှာချက်ချင်းပင်အားနည်းသွားခဲ့သည်။ သူမသည်ဒဏ်ရာပြင်းထန်စွာရထားကြောင်းသိသာပေသည်။
ရွှယ်ယွမ်ကွေ့မှာအလွန်ပူပန်နေပေသည်။လက်ရှိအချိန်တွင် သူသည်လုံးဝထိန်းချုပ်မထားဘဲ သူ၏ဝိဉာဥ်စွမ်းအားအလုံးစုံအားအိတ်သွန်ဖာမှောက်ပေးနေပေသည်။
သို့သော်ထိုအချိန်တွင် စုရှောင်းဖေး၏လက်မှပေါ်ရှိအမှတ်အသားမှာရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး သူမ၏လက်တွင်ထူးဆန်းသောအားတစ်ခုပေါ်လာခဲ့သည်။
၎င်းမှာလျှပ်စီစွမ်းအားဖြစ်သည်။
စွမ်းအားထွက်ပေါ်လာသည့်အချိန်တွင် ကျိုးဟောင်မှာစကားတစ်ခွန်းမှမဆိုဘဲနောက်ဆုတ်သွားခဲ့သည်။ ရွှယ်ယွမ်ကွေ့မှာခေတ္တမျှကြက်သေသေနေခဲ့ပြီး သူမတုံ့ပြန်နိုင်သေးခင်မှာပင် စုရှောင်းဖေးမှာနောက်လှည့်ကာ သူမလက်ထဲရှိလျှပ်စီးစွမ်းအားအား ရွှယ်ယွမ်ကွေ့ထံပစ်သွင်းလိုက်သည်။
အားမှာအလွန်ပြင်းထန်လှပေရာ ရွှယ်ယွမ်ကွေ့၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့ပြီးဖြူဖက်ဖြူရော်ဖြစ်သွားခဲ့သည်။
"ဖေးအာ မင်းဘာလုပ်တာလဲ"
ယွမ်ကွေ့မှာထိတ်လန့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ ဤလျှပ်စီးစွမ်းအားမှာအလွန်စွမ်းအားကြီးကာအလွန်လျင်မြန်သော်ငြား လေလံအိမ်တော်မှအဖွဲ့ဝင်တစ်ယောက်အနေဖြင့် ရွှယ်ယွမ်ကွေ့ထံတွင်အားကိုးစရာရတနာများရှိပေသည်။ သူသည်သေခြင်းတရား၏ ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရချိန်တွင် ချက်ချင်းပင်ရတနာအားထုတ်ကာကာကွယ်လိုက်သည်။
သူထုတ်ယူလိုက်သောရတနာမှာ သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏အငွေ့အသက်မျိုးထွက်ပေါ်နေပြီး ကောင်းကင်ဘုံအဆင့်အောက်တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ပေသည်။
သို့သော်ထိုအချိန်တွင်ကျိုးဟောင်၏မျက်လုံးမှာ ဖျက်ခနဲအရောင်လက်သွားခဲ့ကာ ရှေ့တိုးပြီးလက်ထဲရှိလှံအားဝေ့ယမ်းလိုက်ပေရာ ချက်ချင်းဆိုသလိုပင် နောက်ထပ်လျှပ်စီးစွမ်းအားလှိုင်းတစ်ခုမှာထွက်ပေါ်လာခဲ့သည်။
ရွှယ်ယွမ်ကွေ့မှာမျက်လုံးအပြူးသားဖြင့်ကျိုးဟောင်အားကြည့်နေရင်း ချက်ချင်းသဘောပေါက်လိုက်သည်။
"စုရှောင်းဖေး မကောင်းတဲ့ဟာမ နင်ကကျိုးဟောင်နဲ့ပေါင်းပြီးငါ့ကိုသတ်ချင်နေတာလား"
သူသည်ဒေါသတကြီးကြုံးဝါးနေပြီး ထိုအချိန်တွင်သူ၏အငွေ့အသက်မှာလည်းတကယ်ကိုထူးဆန်းနေခဲ့သည်။ မျက်ခုံးနှစ်ခုကြားအနက်ပိုင်းတွင် ထူးဆန်းသောအားတစ်ခုဖျက်ခနဲပေါ်လာခဲ့သည်။
ထိုစွမ်းအားအားမြင်ပြီး စုရှောင်းဖေး၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့ပြီးအလျင်အမြန်အော်ပြောလိုက်သည်။
"အစ်ကိုကျိုး မြန်မြန်"
ကျိုးဟောင်မှာလုံးဝတွေဝေမနေဘဲ သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေအားထွက်ပေါ်လာစေရုံသာမက နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းကိုပါ ချက်ချင်းသုံးလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ၃ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ထိထိုးတက်သွားခဲ့သည်။ ကျိုးဟောင်မှာဓားအားထုတ်ကာ ချက်ချင်းပင်အရိပ်ဓားခုနစ်ချောင်းသိုင်းအားသုံးလိုက်သည်။ ဓား၏စွမ်းအားကြီးသောအားမှာ ကျယ်လောင်သောအသံတစ်ခုနှင့်အတူရုတ်ချည်းပြေးဝင်သွားခဲ့ပေရာ မပြင်ဆင်ထားသော ရွှယ်ယွမ်ကွေ့၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ ထို့နောက်ဓားချက်မှာခန္ဓာကိုယ်ပေါ်ကျရောက်သွားခဲ့ပြီး သွေးများပြင်းထန်စွာပန်းထွက်လာခဲ့သည်။
ထိုအချိန်တွင်လျှပ်စီးစွမ်းအားနှစ်ခုမှာလည်းကျရောက်လာခဲ့သည်။ သူတော်စင်ဘုံအဆင့်ကာကွယ်မှုနှင့်ဆိုလျှင်ပင် ဤလျှပ်စီးကြောင်းဖြင့်ထိပါက ချက်ချင်းသေရမည်ဖြစ်သည်။
မျက်ခုံးနှစ်ခုကြားရှိစွမ်းအားမှာလည်း မနိုးထနိုင်သေးခင်မှာပင် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည် ရွှယ်ယွမ်ကွေ့၏မျက်ခုံးကြားရှိစွမ်းအားမှာ သူ့အားရင်တုန်စေပေသည်။ ၎င်းမှာ ရွှယ်ယွမ်ကွေ့၏စွမ်းအားလုံးဝမဖြစ်နိုင်ဘဲ ရွှယ်မိသားစုမှစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ချန်ထားခဲ့သော ကာကွယ်ရေးသိုင်းသာဖြစ်မည်ဟု သံသယဝင်နေခဲ့သည်။
သို့သော်ထိုအရာအားအသုံးပြုရန်အခွင့်အရေးမရှိပေ။
ထိုသို့လုပ်ပြီးနောက် စုရှောင်းဖေးမှာချက်ချင်းပင်သက်ပြင်းချကာစိတ်ဓာတ်ကျသည့်ပုံပေါ်သွားခဲ့သည်။
သို့သော်သူမသည်စကြဝဠာမူလသစ်ပင်အား ချက်ချင်းမယူဘဲ ရွှယ်ယွမ်ကွေ့၏အနားသို့သွားကာ လွယ်အိတ်အားဖွင့်ပြီးဆေးလုံးတစ်လုံးထုတ်ကာ ချက်ချင်းစားပစ်လိုက်သည်။
ချက်ချင်းပင်ခရမ်းရင့်ရောင်အငွေ့အသက်များမှာသူမ၏ခန္ဓာကိုယ်တစ်လျှောက်ပေါ်ထွက်လာပြီး ညှီနံ့သင်းသင်းတစ်ခုလည်းထွက်ပေါ်ခဲ့သည်။
ထိုအချိန်ကျမှသာစုရှောင်းဖေးမှာသက်ပြင်းချကာ မြေပြင်ပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
စုရှောင်းဖေးမှာနောက်ဆုံး၌စိတ်အေးသွားပုံပေါ်ကာ ကျိုးဟောင်အားကြည့်ပြီး ပြုံးရင်းပြောလာခဲ့သည်။
"အစ်ကိုကျိုး အကူအညီအတွက်ကျေးဇူးတင်ပါတယ်"
....................................................................................
အခန်း(၅၂၄) ပြီးပါပြီ။
အခန်း (၅၂၅) : မူလတောင်းဆိုချက်
ကျိုးဟောင်မှာစုရှောင်းဖေးအားပြုံးကာကြည့်ရင်း ထိတ်လန့်နေပေသည်။
ဤမိန်းကလေးသည်တကယ်ကိုဉာဏ်ကောင်းပြီး အကြံအစည်လည်းများပေရာ သူပင်အံ့ဩသွားခဲ့သည်။
"ညီမလေးစု မင်းဒီလောက်ရက်စက်တယ် မင်းရဲ့သတို့သားလောင်းကိုသတ်ခဲ့တာလား"
"ကြည့်ရတာဒီခရီးရဲ့အကြီးဆုံးရည်ရွယ်ချက်က မင်းရဲ့ချစ်သူကိုသတ်ဖို့ပေါ့ ဟုတ်လား"
ကျိုးဟောင်မှာအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
စုရှောင်းဖေးမှာကျိုဟောင်၏စကားများအားဂရုမစိုက်ပေ။ ကျိုးဟောင်ယခုလိုလုပ်ရသည့်အကြောင်းပြချက်မှာကြိုတင်သိနေ၍ဖြစ်သည်။
ကျိုးဟောင်အားရတနာပေးခဲ့စဉ်က ကျိုးဟောင်သည်သူမ၏စိတ်စွမ်းအားကိုခံစားမိခဲ့ပြီး စကားတစ်ခွန်းအားကြားခဲ့ရသည်။ ထိုစကားမှာ....
"အစ်ကိုကျိုး ကျေးဇူးပြုပြီးကျွန်မကိုကူပြီး ရွှယ်ယွမ်ကွေ့ကိုသတ်ပေးပါ ဒီကိစ္စပြီးရင် ကျွန်မကိုယ်တိုင်လက်နှစ်ဖက်နဲ့ စကြဝဠာမူလသစ်ပင်ကိုပေးပါ့မယ်"
ဟူသောစကားပင်ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စအားသိလိုက်ရချိန်တွင်ကျိုးဟောင်မှာ စုရှောင်းဖေးအားစိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ဤကိစ္စအားအကြောင်းပြုကာ သူတို့နှစ်ယောက်သည် ရွှယ်ယွမ်ကွေ့အားသတ်ရန် ပူးပေါင်းခဲ့ကြသည်။
"ဟမ့် ဒီရွှယ်ယွမ်ကွေ့ကသူ့ရဲ့ထူးခြားတဲ့အဆင့်အတန်းကိုအားကိုးပြီး ကျွန်မအပေါ်မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတာ ကျွန်မကစုမိသားစုဝင်တစ်ယောက်ဆိုပေမဲ့ စုမိသားစုက နိုင်ငံတကာလေလံအိမ်တော်ရဲ့တကယ့်ပိုင်ရှင်တွေမဟုတ်ဘူး လေလံအိမ်တော်နောက်ကွယ်မှာမိသားစုပေါင်းများစွာရှိတယ် ဒီရွှယ်မိသားစုကအကြီးဆုံးပဲ ကျွန်မတို့စုမိသားစုကသူတို့နဲ့လုံးဝမယှဉ်နိုင်ဘူး"
"ပြီးတော့ဒီရွှယ်ယွမ်ကွေ့ကပိုပြီးတော့တောင်စက်ဆုပ်စရာကောင်းသေးတယ် ကျွန်မကိုရဖို့အတွက်နည်းလမ်းပေါင်းစုံကြိုးစားခဲ့တယ် နောက်ပိုင်းကျသူကျွန်မတို့စုမိသားစုကိုတောင်းဆိုပြီးတော့ အဖေ့ကိုဖိအားပေးဖို့ရွှယ်မိသားစုရဲ့အာဏာကိုတောင်သုံးခဲ့တယ် ကျွန်မအဖေမှာရွေးချယ်စရာမရှိဘဲ ကံတရားကိုလက်ခံခဲ့ရတယ်"
"ဒါပေမဲ့ဒီရွှယ်ယွမ်ကွေ့ကကျွန်မသဘောမတူမှာကိုစိတ်ပူပြီး ကျွန်မကိုအဆိပ်တောင်ခတ်ခဲ့တယ် သူကတကယ်ရွံစရာကောင်းတဲ့လူ ကျွန်မမှာရွေးချယ်စရာမရှိဘူး ကျွန်မအဖေ၊ စုမိသားစု ပြီးတော့ကျွန်မညီအစ်မတွေလည်းကျွန်မကိုမကူညီနိုင်ဘူး ကျွန်မဘာသာနည်းလမ်းစဉ်းစားရုံပဲတတ်နိုင်တယ် အဲဒါကြောင့်ဒီနေ့လိုရလဒ်ရဖို့ကျွန်မ ၃နှစ်လောက် တစ်လှမ်းပြီးတစ်လှမ်းပြင်ဆင်ခဲ့ရတာ"
"ဒီ ၃နှစ်အတွင်းကျွန်မဒီလူကိုဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာဘုရားပဲသိတယ် ကျွန်မသူ့ကိုအလျှော့မပေးနိုင်သလို ဒေါသလည်းဖြစ်လို့မရဘူး သူ့ရှေ့မှာကျွန်မကမိန်းမပျက်လိုပဲ သူ့အလိုကိုလိုက်ရတယ် သူစိတ်ဆိုးပြီးကျွန်မခန္ဓာကိုယ်ကိုထိပါးမှာကြောက်လို့"
"အခုအချိန်ကျလာပြီ ကျွန်မထိန်းမထားနိုင်တာသဘာဝကျပါတယ် ၃နှစ်တာနာကျင်ခဲ့ရတာက ဒီနေ့ပျောက်သွားပြီ တကယ်လို့ကျွန်မသေရမယ်ဆိုရင်တောင် နောင်တမရဘူး"
စုရှောင်းဖေး၏မျက်လုံးများမှာ ရက်စက်မှုတို့ဖြင့်ပြည့်နေပြီး အကြည့်မှာကြောက်မက်ဖွယ်ကောင်းပေသည်။
အငြှိုးကြီးသောမိန်းမတစ်ယောက်အား ပေါ့ပေါ့တန်တန်သဘောမထားသင့်ကြောင်းကိုယနေ့တွင် ကျိုးဟောင်ကိုယ်တွေ့ကြုံလိုက်ရပြီဖြစ်သည်။
စုရှောင်းဖေးမှာထိုင်းမှ်ိုင်းနေသောလေထုအားဖြိုခွဲကာ ကျိုးဟောင်အားကြည့်ပြီးပြောလာခဲ့သည်။
"အစ်ကိုကျိုးကဉာဏ်ကောင်းတာပဲ ကျွန်မအစ်ကို့ကိုဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိပါဘူး ဒါပေမဲ့နားလည်ပေးဖို့မျှော်လင့်ပါတယ် မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်မမှာမှီခိုစရာမရှိဘူး ကျွန်မရဲ့ခိုကိုးရာမဲ့မှုကိုပဲမှီခိုလို့ရတယ် တကယ်လို့တတ်နိုင်မယ်ဆို ဒီကိစ္စတွေအားလုံးမဖြစ်အောင်ရှောင်ခဲ့မှာ"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ သူမ လုပ်ခဲ့သည့်ကိစ္စမှာအလွန်ခက်ခဲပြီးဆက်သွယ်ရခက်ကြောင်းနားလည်ပေသည်။ အကယ်၍အဆင့်တစ်ခုခုတွင်ကျရှုံးသွားပါက အားလုံးကိုဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ စုရှောင်းဖူမှာသန်မာသောမိန်းကလေးတစ်ယောက်ဖြစ်ပေရာ အနည်းဆုံးတော့ကျိုးဟောင်မှာသူမနှင့်ရန်သူမဖြစ်လိုပေ။
"အကြီးအကဲချင်းလည်းဒီကိစ္စကိုသိတယ် ဒါပေမဲ့ကျွန်မသူ့ကိုစကြဝဠာမူလသစ်ပင်ပေးမယ်ပြောခဲ့တာက လိမ်ခဲ့တာ ကျွန်မရဲ့ဒီတစ်ခေါက်အကြီးဆုံးရည်ရွယ်ချက်ကတကယ်ကို ရွှယ်ယွမ်ကွေ့ကိုသတ်ဖို့ပဲ ဒါပေမဲ့ကျွန်မစကြဝဠာမူလသစ်ပင်ကိုလည်းလိုချင်တယ်"
"ဒါပေမဲ့ အစ်ကိုကျိုးနဲ့ဘောတူထားဆိုမှတော့ ကျွန်မစကားပြန်မရုပ်သိမ်းဘူး ကျွန်မအမှန်တိုင်းလည်းပြောပြမယ် ကျွန်မရှင့်ကိုမနိုင်ဘူး ပြီးတော့ကျွန်မရဲ့လက်ရှိအခြေအနေကပိုတောင်ဆိုးသေးတကယ် အဲဒါကြောင့်အရှုံးပေးဖို့ပဲတတ်နိုင်တယ်"
စုရှောင်းဖေးမှာဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ပြီး ယခုလိုရလဒ်မျိုးထွက်လာချိန်တွင် သူမသည်ပျော်ရွှင်နေပေသည်။ ထို့ကြောင့်သူမမူလသစ်ပင်အားမရလျှင်တောင် နောင်တမရပေ။ သူမသည်ကျိုးဟောင်၏အကြံအစည်များမှုကြောင့် အလွန်အံ့ဩနေပေသည်။
ဤလူမှာစကားတစ်ခွန်းမှမဆိုဘဲ အရာအားလုံးကိုသေချာထိုးဖောက်မြင်နိုင်ပေသည်။ အဆုံးတွင် စကြဝဠာမူလသစ်ပင်အားအရယူခြင်းဖြင့် သာမန်ထက်ထူးခြားကြောင်းသက်သေပြနိုင်ခဲ့ပေရာ အလွန်အထင်ကြီးစရာကောင်းပေသည်။
သူမသည်ခိုကိုးရာမဲ့ကာ ဆန္ဒမရှိလျှင်ပင် အမှန်တရားမှာ သူမရှေ့တွင်ရှိနေပေသည်။ယခုအချိန်တွင်သူမအတွက်ကျိုးဟောင်အားဖြေရှင်းရန်မှာမဖြစ်နိုင်တော့ပေ။
"ကောင်းပြီ အစ်ကိုကျိုး ဒီနေ့ကိစ္စအတွက်အစ်ကို့ကိုကျေးဇူးတင်ရဦးမှာပဲ အစ်ကိုကကျွန်မကိုကူညီခဲ့တဲ့လူမဟုတ်သလိုပဲ နောက်ကိုအစ်ကိုလိုအပ်ရင် ကျွန်မကူညီပေးဖို့ အကောင်းဆုံးကြိုးစားပါ့မယ် အစ်ကိုကျိုးကျေးဇူးပြုပြီး ဂရုစိုက်ပါ"
စုရှောင်းဖေးမှာစကားဆုံးသည်နှင့် ဆက်မနေတော့ဘဲထွက်သွားတော့သည်။
သူမထွက်သွားသည်ကိုကြည့်ပြီးနောက်ဆုံးတွင်လှုပ်ရှားလာခဲ့သည်။ ဖားမှာလည်းခုန်ထွက်လာပြီး စကြဝဠာမူလသစ်ပင်အားကြည့်ကား စိတ်လှုပ်ရှားလာခဲ့သည်။
"ဟဟဟ ကောင်းတယ် ကောင်းတယ် ခုမင်းစကြဝဠာမူလသစ်ပင်ကိုရလာခဲ့ပြီ ကောင်လေး အထင်ကြီးစရာပဲ"
ဖားမှာသွားရည်ကျလုနီးပါးပင်ဖြစ်တေပြီး ဤပစ္စည်းမည်မျှတန်ဖိုးရှိကြောင်းကောင်းကောင်းသိပေသည်။
"စကြဝဠာမူလသစ်သားကို ဘာလုပ်ကြမှာလဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"သေချာပေါက်ယူသွားရမှာပေါ့ ငါတို့ဒီမှာအကြာကြီးနေလို့မရဘူး အပြင်ကမူလကျောက်စာအရာကိုမတွေ့ဘူးလား သေချာပေါက်ဒါကိုတစ်ယောက်ယောက်ကထားခဲ့တာ ပြီးတော့ငါတို့ဒီမှာဆက်နေဖို့ကအန္တရာယ်များတယ် ဒီနေရာကနေအမြန်ထွက်သွားကြစို့"
ဖားမှလောလိုက်သည်။
ကျိုးဟောင်မှာလည်းလက်အားဝေ့ယမ်းလိုက်ပြီး စကြဝဠာမူလသစ်သားကိုသာမက ပုတီးစေ့အဖြူနဲ့အမဲကိုပါယူလိုက်ကာ ကျောပိုးအိတ်ထဲပစ်ထည့်လိုက်သည်။ ထို့နောက်ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးကာ ချက်ချင်းပင်နေရာမှထွက်သွားခဲ့သည်။
ကျိုးဟောင်မှာမျှော်စင်ထဲမှတောက်လျှောက်အရှိန်တင်ကာထွက်လာခဲ့ပြီး အပြင်ဘက်သို့ဦးတည်လာခဲ့သည်။
ဝင်လာတုန်းကနှင့်အတူတူပင်ဖြစ်ပေရာ ကျိုးဟောင်မှာတွေဝေမနေဘဲအာကာသထဲမှာထွက်သွားခဲ့သည်။
သို့သော်သူထွက်သွားတော့မည့်အချိန်မှာပင် ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာသူ့ရှေ့ရှိလေဟာနယ်မှာတုန်ခါလာခဲ့ပြီး လေဟာနယ်ထဲမှ အမဲရောင်ဝတ်စုံလွှမ်းထားသည့်လူတစ်ယောက်မှာ ဖြည်းညှင်းစွာလမ်းလျှောက်ထွက်လာခဲ့သည်။
ထိုပုဂ္ဂိုလ်၏အငွေ့အသက်မှာ ကျိုးဟောင်အားချွေးဒီးဒီးကျစေသည်။ ကျိုးဟောင်မှာလူအများအပြားနှင့်ကြုံဖူးခဲ့ပြီး ထိုအထဲတွင်စစ်နတ်ဘုရားပင်ပါဝင်သော်ငြား ယခုလိုဖိအားခံစားရသည်မှာတော့ ပထမဆုံးအကြိမ်ဖြစ်သည်။
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ ခန့်မှန်းစရာမလိုပေ။။ ဤသည်မှာအစောပိုင်းက သူမြင်ခဲ့ရသည့်လူ ၆ယောက်အား တစ်ချက်တည်းဖြင့်သတ်ခဲ့သောရက်စက်သည့်လူပင်ဖြစ်သည်။
သို့သော်ယခုရောက်လာသည့်အရာမှာ သူ၏ခန္ဓာအစစ်မဟုတ်ဘဲ ဝိဉာဉ်ခန္ဓာဖြစ်ပြီး စကြဝဠာမူလသစ်သားအားကာကွယ်ရန်သုံးခြင်းဖြစ်သည်။
ယခုကျိုးဟောင်မှာထိုအရာအားယူသွားပေရာ တစ်ဖက်လူမှာနောက်မှလိုက်လာသည်မှာသဘာဝကျပေသည်။
"အမ်...ဘယ်လိုလုပ်ကြမလဲ"
ကျိုးဟောင်မှာချွေးစေးများထွက်နေသလို ဖားသည်လည်းထိတ်လန့်နေပေသည်။
"သေစမ်း မြန်မြန်သွားကြစို့ သူကဒီတိုင်းနတ်ဘုရားအသိလေးတစ်ခုပဲ ဉာဏ်ရည်မရှိဘူး စကြဝဠာမူလသစ်ပင်ကိုကာကွယ်ရမယ်ဆိုတဲ့သူ့ရဲ့ပင်ကိုအသိစိတ်ပေါ်ပဲအားကိုးနေတာ အဲဒါကြောင့်မြန်မြန်သွားကြစို့ ငါတို့အသက်ရှင်မဲ့အခွင့်အရေးရှိလောက်တယ်"
ကျိုးဟောင်မှာဖားပြောချင်သည့်သဘောအားနားလည်ပေသည်။ ထို့ကြောင့် စကားတစ်ခွန်းမျှမဆိုဘဲ ချက်ချင်းပင်ကိုယ်ပေါ်တွင် ငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်လိုက်ကာ သူ၏တိုက်ခိုက်ရေးစွမ်းအားအားအမြင့်ဆုံးအဆင့်အထိ ထုတ်ထားလိုက်သည်။
သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးမှာထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းတို့ကြောင့် ကျိုးဟောင်၏စွမ်းအားမှာအတော်လေးမြင့်သွားခဲ့သည်။
သို့သော်ဤလူနှင့်ရင်ဆိုင်ရသည့်အချိန်တွင် ရှင်သန်နိုင်သည့်အခွင့်အရေးမရှိသလို ကျိုးဟောင်စိတ်ထဲခံစားနေရပေသည်။
ကျိုးဟောင်၏အရှိန်မှာမြန်သော်ငြား ထိုအနက်ဝတ်လူမှာပိုမြန်ပေရာ မျက်တောင်နှစ်ခတ်စာအချိန်အတွင်း ကျိုးဟောင်ရှေ့သို့ရောက်လာပြီး တိုက်ခိုက်လိုက်သည်။
ထိုလှုပ်ရှားမှုနှင့်ရင်ဆိုင်လိုက်ရချိန်တွင်ကျိုးဟောင်မှာတော်လေးထိတ်လန့်သွားခဲ့သည်။ အကြောင်းမှာထိုလူ၏စွမ်းအားသည်သူ့ထက်အဆပေါင်းများစွာသန်မာနေ၍ဖြစ်သည်။
"သေစမ်း အခုလိုရတနာမျိုးကိုလက်လွှတ်လိုက်လို့မရဘူး မြန်မြန်ပြေးကောင်လေး ဂျယ်လီဖြူနဲ့ငါ့မှာ သူ့ကိုမိနစ်ပိုင်းလောက်ရင်ဆိုင်နိုင်မဲ့နည်းလမ်းရှိတယ် မြန်မြန်ပြေးပြီးတောင်အတွင်းပိုင်းကိုသွားတော့ မင်းရှင်သန်နိုင်တဲ့အခွင့်အရေးကအဲဒီတစ်နေရာပဲရှိတယ် မြန်မြန်သွား"
အပြောနှင့်အတူဖားမှာ ဂျယ်လီဖြူအားဆွဲခေါ်သွားပြီး ချက်ချင်းပင်လေဟာနယ်ထဲ၌ပေါ်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်သည်ကြီးမားသည့်လှောင်အိမ်ကြီးတစ်ခုဖွဲ့စည်းလိုက်ပြီး အနက်ရောင်အရိပ်အားထိုထဲတွင်ပိတ်ထားလိုက်သည်။
ကျိုးဟောင်မှာထိုမြင်ကွင်းအားကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ဖားပြောခဲ့သောနေရာသို့အရှိန်တင်ကာထွက်သွားခဲ့သည်။
မကြာမှ အနောက်မှပြိုင်ဘက်ကင်းသောစွမ်းအင်အတက်အကျလှိုင်းတစ်ခုထွက်ပေါ်လာပြီး ထိုစွမ်းအားမှာကျိုးဟောင်အားအတော်လေးထိတ်လန့်စေပေသည်။
"ဒီဖားနဲ့ ဂျယ်လီဖြူကတကယ်ကိုထူးခြားတာပဲ"
ကျိုးဟောင်မှာထိတ်လန့်နေရင်းကြားမှ နှုတ်မှတီးတိုးရေရွတ်လိုက်သည်။
....................................................................................
အခန်း(၅၂၅) ပြီးပါပြီ။