အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
အခန်း (၅၃၂) : ဖွင့်လှစ်ခြင်း
နင်ယွမ်ဖုန်းပြောသည်မှာမှန်ပေသည်။ သူသည်မွေးကတည်းကပါရမီရှင်ဖြစ်ခဲ့ခြင်းဖြစ်သည်။
မွေးစကသူ၏သွေးမျိုးရိုးမှာမိသားစုထဲရှိအကြီးအကဲများကိုပင်ထိတ်လန့်စေခဲ့ပြီး အမွေဆက်ခံမှုကိုပင်ရရှိခဲ့ပေသည်။
နင်မိသားစုတွင်လည်းမည်သူမျှဝင်ရောက်ခြင်းမပြုနိုင်သောနယ်မြေတစ်ခုရှိပေသည်။ ၎င်းမှာနင်မိသားစုမျိုးဆက်အဆက်ဆက်ဆင်းသက်လာခဲ့ပြီး နင်ယွမ်ဖုန်းမွေးသည့်နေ့တွင် လျှို့ဝှက်နယ်မြေမှာပွင့်သွားခဲ့ပြီး အစောင့်အရှောက်သားရဲတစ်ကောင်ထွက်လာခဲ့သည်။
နင်ယွမ်ဖုန်းအသက် သုံးနှစ်တွင်လျှို့ဝှက်နယ်မြေအားဝင်ကာ ပြန်ထွက်လာချိန်တွင်အသက် ၆နှစ်ရှိပြီဖြစ်ပြီး ဆရာသခင်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ဤကိစ္စအားအတော်လေးဖုံးကွယ်ထားခဲ့ပေရာ သိသူမှာလူနည်းစုသာရှိသည်။ နင်ယွမ်ဖုန်းမှာအသက်ငယ်ငယ်တွင်နာမည်ကြီးလာသော်ငြား ဘဝင်မမြင့်ဘဲရေခဲလွှာပေါ်လမ်းလျှောက်နေရသကဲ့သို့ကြိုးစားလေ့ကျင့်ပေသည်။ အနာဂတ်တွင်သူ၏ဘဝချောမွေ့ရေးအတွက် နင်ယွမ်ဖုန်းမှာ သူ၏ကိုယ်ပိုင်မူများအားဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်းကျင့်ကြံခဲ့သည်။ သူ၏ခွန်အားမှာအလွန်လျင်မြန်စွာတိုးလာခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ကောင်းကင်ဘုံအဆင့်တစ်ဝက်သို့ရောက်နေပြီဖြစ်သည်။
ဤသည်မှာလည်းအဆင့်မချိုးဖောက်နိုင်၍မဟုတ်ဘဲ မချိုးဖောက်ချင်၍သာဖြစ်သည်။ စွမ်းအားအားစုဆောင်းမှသာ ပိုမိုသန်မာလာမည်ဖြစ်ပေရာ ထို့ကြောင့်ဖိနှိပ်ထားခြင်းဖြစ်သည်။
သူသည်ယခုတစ်ကြိမ်ပြန်သွားပါက အဆင့်ချိုးဖောက်ရန်ပြင်ဆင်ထားပေသည်။
သူ၏ထူးချွန်မှုမှာပြိုင်ဘက်ကင်းကာ အထူးအဖွဲ့အစည်းမှပိုင်ရန်ရွှယ်ဖြင့်ပင်စေ့စပ်ကာ လူတိုင်းအားကျရသောလူတစ်ယောက်ဖြစ်လာခဲ့သည်။
အထူးအဖွဲ့အစည်း၏အင်အားမှာ နင်မိသားစုမှယှဥ်ပြိုင်နိုင်သောအရာမျိုး သေချာပေါက်မဟုတ်ပေ။ စေ့စပ်မှုအားအကြံပြုခဲ့သူမှာလည်းနင်မိသားစုသာဖြစ်သည်။
အထူးအဖွဲ့အစည်းမှ မြင့်မြတ်လှသောသခင်မလေးကိုပင် ဇနီးလောင်းဖြစ်လာအောင်လုပ်နိုင်ပေရာ နင်ယွမ်ဖုန်းမည်မျှထူးချွန်ကြောင်းသိနိုင်ပေသည်။
ဤသည်မှာသူထူးချွန်ပြီး နင်မိသားစု၏အဆင့်အတန်းမှထူးခြား၍သာမဟုတ်ဘဲ ပိုင်ရန်ရွှယ်မှာအတိတ်ကတည်းက နင်မိသားစု၏မျက်နှာသာပေးမှုအားရရှိခဲ့၍လည်းဖြစ်သည်။
နင်ယွမ်ဖုန်း၏မျက်လုံးများတွင်မကြုံစဖူးထူးဆန်းသောအရိပ်အယောင်များပေါ်နေကာ အောက်ရှိမြို့အားငုံ့ကြည့်ကာပြုံးလိုက်ပေသည်။
"မနက်ဖြန်ဆိုစပြီ အဲဒီအချိန်ကျ ငါနဲ့ပြိုင်ချင်တဲ့လူဘယ်သူမဆိုလာလို့ရတယ်"
နောက်တစ်နေ့မနက်တွင် ကျယ်လောင်သောအသံတစ်ခုကြားလိုက်ရပြီးနောက် ဗဟိုဧရိယာ၏အကာအကွယ်မှာအစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့သည်။
"အကာအကွယ်ပျက်သွားပြီဆိုတော့နောက်ဆုံးကျ နင်မိသားစုတောင်မတားနိုင်မှာစိုးရတယ် ဒီစစ်ပွဲကအချိန်မရွေးထဖြစ်နိုင်တယ်"
စုရှောင်းယွီမှာ အံ့သြနေပြီးမျက်လုံးထဲတွင်ရယ်မြူးရိပ်များပါသန်းနေပေသည်။
ထိုအချိန်တွင်ကောင်းကင်ဘုံအဆင့်တစ်ဝက်အငွေ့အသက်ပေါင်းများစွာမှာလည်း ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။ ထိုအငွေ့အသက်များထဲမှတစ်ခုမှာ အလွန်သွေးဆာသည့်ခံစားချက်မျိုးရစေပေသည်။ ချက်ချင်းဆိုသလိုပင် ကြီးမားသောလင်းနို့ကြီးမှာ ကောင်းကင်ပေါ်တွင်ပေါ်လာခဲ့သည်။ ဤလင်းနို့ကြီးမှာ ချိုက်မက်မိသားစုမှဖြစ်ကြောင်းပြောနေစရာပင်မလိုပေ။
"နင်ယွမ်ဖုန်း ကျေးဇူးပဲ မင်းတို့အရှေ့တိုင်းကလူတွေဆီမှာ ဒီလိုဆိုရိုးရှိတယ်မလား ရေသောက်တဲ့အချိန်ရေတွင်းတူးတဲ့လူကိုကျေးဇူးတင်ပါဆိုပြီး ငါမင်းကိုတစ်ခါအကြွေးတင်သွားပြီ ဒါပေမဲ့...ချစ်ပ်ပြားအတွက်မင်းနဲ့တိုက်ခိုက်တာကိုတော့ ငါ့ကိုအပြစ်မတင်နဲ့"
ထိုစကားသံများကြားနေရသည့်အချိန်မှာပင် စက်ဆုပ်ဖွယ်ရာကောင်းသောသွေးညှီနံ့တစ်ခုကိုလည်းရလိုက်ပေသည်။
ထိုအချိန်မှာပင် အားကောင်းသောဓားစွမ်းအားတစ်ခုကျရောက်လာခဲ့ကာ လေထဲတွင်ကြီးမားသောဓားကြီးတစ်ချောင်းပေါ်လာခဲ့သည်။
"ဟမ့်မင်းတကယ်လို့ချစ်ပ်ပြားကိုလိုချင်တယ်ဆိုရင် ဝီလီယမ်ချိုက်မက် မင်းငါ့သဘောတူညီချက်ကိုအရင်တောင်းရမှာပေါ့"
ထိုလူမှာအခြားလူမဟုတ် ဖုန်းပိုင်ချွမ်းသာဖြစ်သည်။
သူ့စကားသံဆုံးသည်နှင့် ပြင်းထန်သောအားတစ်ခုပေါ်လာပြီး ကြမ်းတမ်းသောအငွေ့အသက်ဖြင့် ရွှေရောင်ခြင်္သေ့ကြီးမှာ လေဟာနယ်ထဲတွင်ပေါ်လာခဲ့သည်။
ဤခြင်္သေ့မှာအီတာယွီမိသားစုမှဖြစ်ပြီး ရွှေခြင်္သေ့ဘုရင်၏သွေးမျိုးဆက်ဖြစ်သည်။
ဤသွေးမျိုးဆက်မှာ ရှေးဟောင်းအီဂျစ်နှင့်ပိရမစ်များထံမှဆင်းသက်လာကာ အလွန်စွမ်းအားကြီးလှပေသည်။ ထိုစွမ်းအားကြောင့်ပင်အီတာယွီများမှာယခုလိုအဆင့်အတန်းမျိုးအားရရှိနေခြင်းဖြစ်သည်။
"ဟမ့် မင်းတို့ငါနဲ့မပြိုင်ရဲဘူးမလား မဟုတ်လည်းမင်းတို့ကိုစောင့်ကြိုနေတာကသေခြင်းတရားပဲရှိတယ်"
ထိုစကားအားပြောလိုက်သူမှာဘလူးဖြစ်သည်။ လက်ရှိအချိန်တွင်သူသည်ဒေါသထွက်နေသောခြင်္သေ့တစ်ကောင်ပမာပင် အကြောက်အလန့်ကင်းကာစွမ်းအားကြီးလှပေသည်။ အကယ်၍သူ့ရှေ့တွင်စစ်တပ်ကြီးတစ်ခုရှိနေလျှင်ပင် ရှေ့တိုးနိုင်သေးပေသည်။
သူ၏အငွေ့အသက်ပေါ်လာပြီးနောက် နောက်ထပ်အငွေ့အသက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ၎င်းမှာစွမ်းအင်အတက်အကျသိပ်မရှိဘဲ နွေဦးလေနှင့်မိုးလိုညင်သာသောခံစားချက်မျိုးရပေသည်။ သို့သော် ထိုအငွေ့အသက်ထဲရှိစွမ်းအားကိုတော့ ခံစားလို့ရပေသည်။
ဤအငွေ့အသက်ပေါ်လာချိန်တွင် မည်သူမျှစကားမပြောကြပေ။ သိပ်မကြာမီ ကောင်းကင်ပေါ်တွင်ပေါ်လာသည့်လှပသည့်ပုံရိပ်အားအားလုံးမြင်လိုက်ရသည်။ သူမသည်များစွာသောလေပြေနှင့်မိုးတို့အားသယ်ဆောင်ထားသလိုပင် သူမ၏မျက်နှာအားရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
"ဟဟဟ မင်းတို့တွေကအရမ်းတွေယုံကြည်ချက်ရှိနေတာပဲ ကောင်းပြီလေ ငါမင်းတို့ကိုစောင့်နေမယ်"
နင်ယွမ်ဖုန်းမှာကျယ်လောင်စွာရယ်မောလိုက်ပြီး သူ၏အားကောင်းသောကျင့်ကြံစွမ်းအားမှာလည်းထွက်ပေါ်လာခဲ့ကာ ၎င်းမှာအလွန်ထူးခြားလှပေသည်။ သူသည်ကောင်းကင်ပေါ်ရှိလူများအားစိုးမိုးနိုင်သောအငွေ့အသက်ဖြင့်မော့ကြည့်လိုက်သည်။
"ငါတို့နင်မိသားစုကမင်းတို့ကိုကြိုဆိုတယ် ဒါပေမဲ့မင်းတို့ချစ်ပ်ပြားကိုယူနိုင်မယူနိုင်ကတော့ မင်းတို့နည်းလမ်းအပေါ်မှာပဲမူတည်တယ် ငါ နင်ယွမ်ဖုန်းက ကပ်စေးနဲတဲ့လူတစ်ယောက်မဟုတ်ဘူး တကယ်လို့မင်းတို့မှာစွမ်းရည်ရှိရင်ယူသွားလိုက် ငါလုံးဝမကျေမနပ်မပြေဘူး"
အောက်ရှိလူတိုင်းမှာကောင်းကင်ပေါ်ရှိလူများအားထိတ်လန့်တကြားကြည့်နေကြသည်။
"နင်မိသားစုနင်ယွမ်ဖုန်း ချိုက်မက်မိသားစုကဝီလီယမ်၊ စွန်းမိသားစုကဖုန်းပိုင်ချွမ်း၊ အီတမ်လီမိသားစုက ဘလူး၊ ပြီးတော့အထူးအဖွဲ့အစည်းကအိုးယန်ထင်းရွှမ် ဒီလူတွေကလူငယ်မျိုးဆက်ထဲမှာ အသန်မာဆုံးလူတွေဖြစ်နိုင်တယ် အားလုံးကကောင်းကင်ဘုံအဆင့်တစ်ဝက်ရောက်ပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်တွေနဲ့တောင်ယှဥ်နိုင်တယ်"
"သူတို့ဆီကချစ်ပ်ပြားရဖို့ဆိုတာမဖြစ်နိုင်ဘူး"
"ဒီလူနည်းစုကအရမ်းစွမ်းအားကြီးလွန်းလို့ငါတို့လုံးဝမယှဥ်နိုင်ဘူး ကြည့်ရတာငါတို့တော့ဒီတစ်ခေါက်ချစ်ပ်ပြားအတွက်မျှော်လင့်ချက်မရှိတော့ဘူးထင်ပါတယ် အခြေအနေကိုအသုံးချနိုင်ရင်တောင်ခက်ဦးမှာပဲ"
အားလုံးမှာမျှော်လင့်ချက်ကုန်နေကြပြီး စုရှောင်းယွီပင်အတူတူပင်ဖြစ်သည်။
"အစ်မကြီးပဲ သူတို့နဲ့ယှဥ်နိုင်မှာ ကျွန်မကအဝေးကြီးလိုသေးတယ်"
စုရှောင်းယွီမှာသက်ပြင်းချကာကျိုးဟောင်အားကြည့်လိုက်သည်။
"ဒီတစ်ခေါက် ကျွန်မတို့မှာအခွင့်အရေးမရှိတော့ဘူး ဒါမှမဟုတ်ထွက်လိုက်ရင်ရော"
စုရှောင်းယွီမှာယုံကြည်ချက်မရှိသော်ငြားကျိုးဟောင်မှာပြုံးကာပြောလာခဲ့သည်။
"စိတ်ချပါ သူတို့ကိုမနိုင်ဘူးဆိုတာနဲ့ ချစ်ပ်ပြားကိုမရနိုင်တော့ဘူးလို့မှမဆိုလိုတာ ဂုံးနဲ့ရေညှောင့်ငှက်ချကြရင် ငါးမျှားသမားအကျိုးရှိတယ် ပြီးတော့ ဒီလောက်ရေညှောင့်ငှက်တွေ ဂုံးတွေများတာ ငါတို့အခြေအနေကပိုတောင်ကောင်းသေးတယ်"
ထိုအချိန်တွင် ကျိုးဟောင်မှပြောလိုက်သည်။
သူတို့သည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များဖြစ်ပြီးကျိုးဟောင်အနိုင်မပိုင်းနိုင်သောအဆင့်မျိုးမဟုတ်ပေ။ သူ၏လက်ရှိကျင့်ကြံရေးအဆင့်မှာအပေါ်ယံမျှသာဖြစ်သည်။ တကယ့်ကျင့်ကြံရေးအဆင့်နှင့်ငှက်မွေးတစ်ထောင်ချပ်ဝတ်တို့ဖြင့်ပေါင်းလိုက်ပါက ဤလူအားလုံးဝိုင်းတိုက်ခိုက်လျှင်ပင်ကျိုးဟောင်မှာဂရုစိုက်မည်မဟုတ်ပေ။
ထို့ကြောင့်ယခုတစ်ကြိမ်တွင် ချစ်ပ်ပြားရမရသည် ကျိုးဟောင်လိုချင်မလိုချင်ပေါ်သာမူတည်ပေသည်။
လေထဲရှိလူများမှာ ချက်ချင်းပင်အလယ်ဗဟိုဧရိယာထဲသို့ဝင်ရောက်သွားကြသည်။
ဤမြို့သည်မြေအောက်တွင်တည်ရှိပြီး အချိန်အကြာကြီးချိတ်ပိတ်ထားခံခဲ့ရခြင်းဖြစ်သည်။ အထူးတလည်ရတနာများမရှိသော်ငြား စက်ရုပ်မျိုးနွယ်၏ပစ္စည်းများမှာ အလွန်အဖိုးတန်ကာ လက်နက်များသွန်းလုပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။
ထို့ကြောင့်လူအများစုမှာ ချစ်ပ်ပြားအားလက်လျှော့လိုက်ကာ ဤပစ္စည်းများကိုသာအာရုံစိုက်နေတော့သည်။
သူတို့ဝင်သွားသည်ကိုကြည့်ပြီး ကျိုးဟောင်၏မျက်လုံးများမှာအရောင်တောက်သွားကာ ချက်ချင်းပင်ပြုံးလိုက်သည်။
"သူတို့ဝင်သွားပြီ ငါတို့လည်းဝင်ကြစို့ ရှေ့မှာသူတို့လမ်းဖွင့်သွားရင် ငါတို့သူတို့နောက်ကလိုက်ရတာပိုလွယ်လိမ့်မယ် တခြားလူတွေက ငါတို့ပြိုင်ဘက်တွေမဟုတ်ဘူး ငါတို့ဝင်သွားပြီးရင် ရတဲ့ရတနာမှန်သမျှအကုန်ယူမယ်"
ကျိုးဟောင်နှင့်စုရှောင်းယွီမှာချက်ချင်းပင်လိုက်ဝင်သွားလိုက်သည်။ သူတို့၏ကျင့်ကြံဆင့်ဖြင့် အစောပိုင်းကပညာရှင်အနည်းငယ်မှလွဲ အသန်မာဆုံးလူမှာ သူတို့သာဖြစ်သည်။ ထို့ကြောင့်ဤသာမန်လူများမှာ သူတို့အားလုံးဝမခုခံနိုင်ပေ။
သူတို့နှစ်ယောက်မှာနိုင်လိုမင်းထက်ပြုသောနဂါးများပမာ ချက်ချင်းပင်အလောတကြီးနှင့်အခြားသူများရှေ့မှအားသုံးကာဝင်သွားလိုက်သည်။
အထဲသို့ဝင်သွားသည်နှင့်ကျိုးဟောင်မှာပြုံးလိုက်သည်။
ဤနေရာတွင် တကယ်ပင်ရတနာများရှိနေပေသည်။
အစောပိုင်းကလူတစ်စုမှာ အတော်များများအားလုယူသွားကြသော်ငြား ကုန်ကြမ်းအများအပြားကျန်ရှိနေသေးပေသည်။
....................................................................................
အခန်း (၅၃၂) ပြီးပါပြီ။
အခန်း (၅၃၃) : ပဟေဠိ
ကျိုးဟောင်မှာပြောရင်းချက်ချင်းပင်တွေ့သမျှပစ္စည်းများအားကောက်ယူတော့သည်။ ဤနေရာတွင် ကုန်ကြမ်းများနှင့်ထူးဆန်းသောစက်ပစ္စည်းများစွာရှိပေသည်။ သို့သော်ကျိုးဟောင်မှာအသုံးဝင်ဝင် မဝင်ဝင်တွေ့သမျှပစ္စည်းများအားလုံးကိုယူနေပေသည်။ ကျိုးဟောင်၏ပုံစံမှာဟိုဒီပြေးလွှားနေသောကျိုင်းကောင်နှင့်ပင်တူပြီး သွားလေရာလမ်းတစ်လျှောက်တွင်မည်သည့်မြက်ပင်မှချန်ထားခဲ့ခြင်းမရှိပေ။ စုရှောင်းယွီမှာကျိုးဟောင်၏ယခုလိုပုံစံအားမြင်ပြီးမယုံကြည်နိုင်ဖြစ်နေပေသည်။
သူမသည်ရယ်ချင်နေသော်ငြားထိန်းထားပေသည်။
သူမတို့နောက်ရှိလူများဤမြင်ကွင်းအားမြင်ပါက မည်သို့တုံ့ပြန်မလဲဆိုသည်ကိုလည်း သူမမြင်ချင်ပေသည်။
ကျိုးဟောင်မှာမည်သည့်အရာကိုမျှဂရုစိုက်မနေပေ။ မည်သို့ပင်ဖြစ်စေ ဤအရာများအားလုံးသည်အလကားသာဖြစ်သည်။
မကြာမီအနောက်မှလူများဝင်ရောက်လာပြီး ပျက်စီးနေသောမြင်ကွင်းအားမြင်လိုက်ရသောအခါ ကြက်သေသေသွားကြသည်။
သူတို့၏ပါးစပ်များမှာအဟောင်းသားဖြစ်နေပြီး စကားပင်မပြောနိုင်ကြပေ။
"ဒီ....ဒီနေရာကဓားပြတိုက်ခံလိုက်ရတာလား ဘာလို့....ဘာလို့ဒီမှာဘာမှမကျန်တော့တာလဲ"
"ကြည့် မြေပေါ်ကကော်ဇောတွေတောင်မှယူသွားတယ်"
"မျက်နှာကျက်ပေါ်ကမီးဆိုင်းတွေလည်း ခိုးခံလိုက်ရတာလား"
"ပြီးတော့ နံရံပေါ်ကပန်းချီတွေရောအကုန်လုံးယူသွားခံရတာလား"
အားလုံးမှာဒေါသဖြစ်ပြီး စိတ်ဆိုးနေကြပေသည်။
"သေစမ်း ဒီလူကအရင်ဘဝတုန်းကငတ်များသေလာခဲ့တာလား ဘာလို့မြင်မြင်သမျှလိုချင်နေရတာလဲ"
"သူ့နောက်လိုက်ပြီး သတ်ကြ"
ထိုလူများမှာကြုံးဝါးကာ ကျိုးဟောင်နောက်လိုက်ကြတော့သည်။
ကျိုးဟောင်မှာဤအရာများအားစိတ်ထဲထားမနေပေ။ စုရှောင်းယွီမှာပတ်သာကြည့်ပြီးဘာမှမယူသည်ကိုမြင်သောအခါချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။
'အဟမ်း....တကယ်လို့မင်းဒါတွေကိုမကြိုက်ဘူးဆို ငါအားလုံးယူလိုက်မယ်နော်"
စုရှောင်းယွီမှာပါးစပ်အားလက်ဖြင့်အုပ်ကာပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အင်း ယူလိုက်လေ"
သူမသည်ရယ်ချင်စိတ်အားထိန်းမရတော့ပေ။ သူမဘဝတွင်ယခုလိုယောက်ျားမျိုးအား ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
ကျိုးဟောင်မှာပစ္စည်းများအားသိမ်းရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
"တကယ်ကြီး ကို ရှေ့ကလူတွေကရတနာတွေအများကြီးယူသွားပြီဖြစ်ရမယ် ဟင်း....အဲဒီလိုမှန်းသိရင် ငါသူတို့နဲ့တစ်ခါတည်းအတူလိုက်ဝင်ပါတယ်"
ကျိုးဟောင်မှာအလွန်စိတ်ညစ်နေပုံရပြီး မခံမရပ်နိုင်ဖြစ်နေပုံပင်။
ထိုစကားအားကြားလိုက်ရချိန်တွင်စုရှောင်းယွီမှာစိတ်ကုန်နေသော အမူအရာသာလုပ်နိုင်တော့သည်။ တခြားလူများဆိုပါကဤစကားအားပြောခွင့်ရှိသော်ငြား ကျိုးဟောင်မှာဤစကားအားပြောခွင့်ရှိပါသလော အနည်းဆုံးရှေ့မှအဖွဲ့မှာ သူ့အတွက်များစွာချန်ထားခဲ့ပေသည်။
တစ်ဖက်တွင်ကျိုးဟောင်မှာနောက်ရှိလူများအတွက် ဘာမျှကိုမချန်ခဲ့ပေ။
ကျိုးဟောင်မှာစုရှောင်းယွီ၏အတွေးအားမသိဘဲဝေးဝေးမှ လှမ်းပြောလိုက်ပေသည်။
"အရမ်းစိတ်ပူမနေပါနဲ့ သူတို့နဲ့ချစ်ပ်ပြားပြိုင်လုဖို့အဆင်ပြေလောက်မှာပါ သူတို့နဲ့တိုက်ကြတာပေါ့"
ကျိုးဟောင်မှာရိုးသားစွာပြောလိုက်သည်။ သူကောင်းကောင်းသိပေသည်။ ဤလူများမှာသေချာပေါက်ရက်စက်စွာတိုက်ခိုက်ကြမည်ဖြစ်ပြီး အနိုင်ရရှိသူသာချစ်ပ်ပြားအားရရှိနိုင်မည်ဖြစ်သည်။
"ကျွန်မသိပြီ ....ကျွန်မသိပြီ...."
စုရှောင်းယွီမှာခေါင်းညိတ်ပြလိုက်သည်။
သူတို့သည်ရှာဖွေနေရင်း ရှေ့ရှိတပ်သားများနောက်မှလိုက်သွားပေရာ ချက်ချင်းပင်လိုက်မီလာခဲ့သည်။ သူတို့၏ရှေ့တွင် စမ်းသပ်ရေးအခြေစိုက်ဌာနတစ်ခုရှိနေပြီး ဤအခြေစိုက်ဌာန၏အလယ်တွင် လေထဲ၌မျောနေသောချစ်ပ်ပြားတစ်ခုရှိနေပေသည်။
ဤချစ်ပ်ပြားမှာအတော်လေးထူးခြားပြီး စက်ယန္တယားမြို့အရှင်ပိုင်ဆိုင်သည့်အရာဖြစ်နိုင်ပေသည်။ လက်ရှိအချိန်တွင် သူတို့မှာလေထဲတွင်တိုက်ခိုက်နေကြပြီး ပြင်းထန်နေသောအခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ကျိုးဟောင်မှာဘလူး၊ နင်ယွမ်ဖုန်း၊ ဖုန်းပိုင်ချွမ်းနှင့် ဝီလီယမ်တို့သာတိုက်ခိုက်နေကြပြီး အိုးယန်ထင်းရွှမ်မှာမတိုက်ခိုက်ဘဲဘေးမှရပ်ကြည့်နေသည်ကိုမြင်သောအခါ ကျိုးဟောင်မှာခေတ္တမျှမှင်တက်သွားခဲ့သည်။
"မိန်းကလေးအိုးယန်ဝင်မပါတာကိစ္စကောင်းပဲ အဲဒီလိုဆိုငါတို့အထူးအဖွဲ့အစည်းကိုဆန့်ကျင်စရာလည်းမလိုတော့ဘူး နင်ယွမ်ဖုန်း တကယ်လို့မိန်းကလေးအိုးယန်မင်းကိုမကူညီရင် မင်းချစ်ပ်ပြားကိုရနိုင်မှာမဟုတ်ဘူး"
ဝီလီယမ်ချိုက်မက်မှာပြုံးကာပြောလိုက်ပြီး သူ၏နောက်ကျောဘက်တွင်လည်း လင်းနို့တောင်ပံကဲ့သို့သောသွေးရောင်တောင်ပံများပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာသွေးမြူများကြားတွင်ဖုံးကွယ်နေသည်မှာအလွန်ထူးဆန်းလှပေသည်။
ဖုန်းပိုင်ချွမ်း၏လက်ထဲမှစက်ယန္တယားဓားမှာလည်း ပို၍ပင်ထက်ရှလာပြီးအစွမ်းထက်သောအငွေ့အသက်တို့ထုတ်လွှတ်နေပေရာ အလွန်ထူးခြားလှပေသည်။
ဘလူး၏ဘက်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံးမှရွှေရောင်အလင်းတန်းများထွက်ပေါ်နေပြီး ကြီးမားသောရွှေရောင်ခြင်္သေ့ကြီးမှာနောက်တွင်လွင့်မျောနေပြီး အော်ဟစ်နေပေသည်။
နင်ယွမ်ဖုန်းမှမူ သူ၏ခန္ဓာကိုယ်ပတ်လည်တွင်စိုးမိုးနိုင်စွမ်းရှိသောအငွေ့အသက်များထွက်ပေါ်နေပြီး ထိုအငွေ့အသက်မှာနင်မိသားစု၏အထူးကျင့်ကြံရေးသိုင်းတစ်ခုဖြစ်သည့် အရှင်သခင်ချီပိုင်နက် ဖြစ်သည်။
ဤစွမ်းအားသိုင်းမှာ အတိတ်တွင်ပထမတန်းအဆင့်၌ရှိခဲ့ကာ အလွန်ထူးခြားပေသည်။ နင်ယွမ်ဖုန်းမှာထိုသိုင်းအားသုံးလိုက်ချိန်တွင် စိုးမိုးနိုင်သောအငွေ့အသက်ကိုပင် သယ်ဆောင်ထားပေသည်။
သူ၏အငွေ့အသက်မှာကောင်းကင်ဘုံအဆင့်တစ်ဝက်အထွတ်အထိပ်အဆင့်သို့ရောက်နေပြီး ဤနေရာတွင်ရှိနေသောလူများကိုပင် ခပ်ရေးရေးဖိနှိပ်ထားပေသည်။
"မိန်းကလေးအိုးယန်ငါ့ကိုမကူညီဘူးဆိုပေမဲ့ မင်းငါ့ကိုနိုင်မယ်လို့တကယ်ထင်နေတာလား"
နင်ယွမ်ဖုန်းမှာသရော်ပြုံးပြုံးကာ သူတို့အားလုံးဝကြောက်ရွံ့မနေပေ။ သူ၏နည်းလမ်းများမှာသာလွန်ကောင်းမွန်ပြီး အားပြင်းသောစွမ်းအားမျိုးသယ်ဆောင်ထားပေရာ အတော်လေးစိုးမိုးနိုင်စွမ်းရှိပေသည်။
ကျိုးဟောင်မှာထိုအချိန်တွင်စုရှောင်းယွီနှင့်အတူ သူ၏နောက်ဘက်မှဝင်လာခဲ့သည်။ သူတို့နှစ်ယောက်မှာဤရှုပ်ထွေးသောတိုက်ပွဲတွင်ဝင်ရောက်နှောင့်ယှက်ခြင်းမပြုဘဲ နေရာမှာပင်ရပ်တန့်ကာ အိုးယန်ထင်းရွှမ်နှင့်အကွာအဝေးတစ်ခုခြားကာနေနေကြသည်။
"ညီမလေးစုမတွေ့တာကြာပြီ"
အိုးယန်ထင်းရွှမ်မှာ အပြာနုရောင်ကိုယ်ကျပ်အင်္ကျီအားဝတ်ဆင်ထားပြီး မျက်နှာကိုဖုံးအုပ်ထားသည်။ သူမ၏အနက်ရောင်ကေသာများမှာဖြောင့်စင်းနေကာ ပုံစံမှာလည်းအပြစ်ပြောစရာမရှိပေ။ ကျိုးဟောင်ပင်တစ်ကြိမ်မကကြည့်မိပေသည်။
"အစ်မအိုးယန် မတွေ့ရတာကြာပြီ"
စုရှောင်းယွီမှာပြန်လည်နှုတ်ဆက်လိုက်သည်။ အဆင့်အတန်းနှင့်ခွန်အားအရဆိုပါက အိုးယန်ထင်းရွှမ်မှာ သူမထက်မြင့်ကာ လက်ရှိအချိန်တွင်သူမဘက်မှ အရင်စကာနှုတ်ဆက်လာမှုအပေါ် စုရှောင်းယွီမှာအတော်လေးအံ့သြနေခဲ့သည်။ သူမပဟေဠိဖြစ်နေစဥ်မှာပင် အိုးယန်ထင်းရွှမ်မှာကျိုးဟောင်အားကြည့်လာခဲ့သည်။
"ဒါကစစ်နတ်ဘုရားတပ်ရင်းရဲ့ပါရမီရှင်ကျိုးဟောင်ဖြစ်မယ်ထင်တယ် ကျွန်မရှင့်ကိုသိတယ် ဒီနေ့တွေ့လိုက်ရတော့ ရှင်ကတကယ်ကိုသာမန်ထက်ထူးခြားတယ်ဆိုတာသိလိုက်ရတယ်"
အိုးယန်ထင်းရွှမ်မှာထိုစကားအားပြောလိုက်ချိန်တွင် ကျိုးဟောင်နှင့်စုရှောင်းယွီတို့မှာ ကြက်သေသေသွားကြပြီး စုရှောင်းယွီမှာ ထူးထူးဆန်းဆန်းအတွေးပင်တွေးမိသွားသည်။ ထိုအတွေးမှာဤအိုးယန်ထင်းရွှမ်ဤနေရာသို့ရောက်လာရသည့်အကြောင်းအရင်းမှာ သူမနှင့်မဟုတ်ဘဲကျိုးဟောင်နှင့်စကားပြောချင်၍ရောက်လာသည်ဟူသောအတွေးပင်ဖြစ်သည်။
ဤအတွေးမှာသူမအားထိတ်လန့်စေပေသည်။ ကျိုးဟောင်မှာပို၍ပင်ဆိုးပေသည်။ သူသည်ယနေ့မှအိုးယန်ထင်းရွှမ်နှင့်ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ယခုလိုအခြေအနေတွင်သူမဘက်မှကျိုးဟောင်အားစတင်နှုတ်ဆက်လာခြင်းသည်ကျိုးဟောင်အားပြောစရာစကားပင်မရှိဖြစ်စေပေသည်။
"အာ မင်္ဂလာပါ မိန်းကလေးအိုးယန်"
ကျိုးဟောင်မှာအရူးတစ်ယောက်လိုယဥ်ယဥ်ကျေးကျေးပြန်နှုတ်ဆက်ရုံသာတတ်နိုင်ပေသည်။
"ဟဟဟ လူကြီးမင်းကျိုးရှင်လည်းဒီကိုချစ်ပ်ပြားအတွက်လာတာပဲဟုတ်တယ်မလား"
အိုးယန်ထင်းရွှမ်မှာချက်ချင်းပင်မေးလိုက်သည်။
ကျိုးဟောင်မှာဖုံးကွယ်ထားစရာမည်သည့်အကြောင်းမျှမရှိပေရာချက်ချင်းပင်ခေါင်းညိတ်ပြလိုက်ပေသည်။
"ဟုတ်တယ် ကျွန်တော်တကယ်ကိုချစ်ပ်ပြားအတွက်လာခဲ့တာ"
ကျိုးဟောင်မှာအိုးယန်ထင်းရွှမ်ဘာလုပ်ချင်နေမှန်းမသိသော်လည်းသူမကိုတော့ကြောက်ရွံ့မနေပေ။
သို့သော် ကျိုးဟောင်အားပဟေဠိဖြစ်စေသောအရာမှာ အိုးယန်ထင်းရွှမ်မှာကျိုးဟောင်ကြည့်ကာပြုံးရင်းပြောလာခဲ့သည့်စကားပင်ဖြစ်သည်။
"လူကြီးမင်းကျိုးကဒီချစ်ပ်ပြားအတွက်လာတယ်ဆိုမှတော့ ကျွန်မထပ်မပြိုင်တော့ပါဘူး နှုတ်ဆက်ပါတယ်"
အိုးယန်ထင်းရွှမ်မှာပြောပြီးနောက်တွေဝေနေခြင်းမရှိဘဲထွက်သွားလေသည်။
ဤမြင်ကွင်းမှာကျိုးဟောင်အားထိတ်လန့်သွားစေခဲ့သည်။
သူမသည်ယခုအတိုင်းပင်ထွက်သွားသည်လော။ ဤသည်မှာမည်သည့်သဘောအားဆောင်ပါသနည်း။
သူမပြောပုံအရသူမသည်ကျိုးဟောင်ကြောင့်မပြိုင်တော့သည့်သဘောမျိုးသက်ရောက်ပေသည်။
ကျိုးဟောင်မှာအံ့သြနေခဲ့သလို စုရှောင်းယွီသည်လည်းအတူတူပင် သူမသည်ကျိုးဟောင်အားကြည့်ကာမနေနိုင်ဘဲမေးလိုက်သည်။
"ကျိုးဟောင် ရှင်အိုးယန်ထင်းရွှမ်နဲ့သိတာလား မဟုတ်ရင်သူကဘာလို့ရှင့်ကြောင့်ထွက်ရမှာလဲ သူ့စွမ်းအားဒီလေးယောက်ထက်မှမနိမ့်တာ"
စုရှောင်းယွီ၏မေးခွန်းနှင့်ရင်ဆိုင်ရချိန်တွင် ကျိုးဟောင်သည်လည်းဤအဖြေအားသိချင်ပေသည်။ သို့သော်လုံးဝနားမလည်နိုင်ပေ။
"ဒါ....ဒါကငါသူနဲ့ပထမဆုံးအကြိမ်တွေ့ဖူးတာ သူဘာလို့မပြိုင်တော့တာလဲဆိုတာတော့ ငါတကယ်မသိဘူး"
ကျိုးဟောင်မှာလည်းရှုပ်ထွေးကာ ပဟေဠိဖြစ်နေပေသည်။
....................................................................................
အခန်း (၅၃၃) ပြီးပါပြီ။
အခန်း (၅၃၄) : ဖော်ထုတ်ခံရခြင်း
ဘာဖြစ်သွားသလဲဆိုသည်အားကျိုးဟောင်တကယ်ပင်မသိပေ။ သို့သော်သူသည်အိုးယန်ထင်းရွှမ်ထွက်သွားသည်ကိုမြင်သောအခါအလွန်ပျော်ရွှင်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူပြိုင်ရမည့်ပြိုင်ဘက်တစ်ယောက်လျော့သွားပြီဖြစ်သည်။
"အဟမ်း အဟမ်း....အာ ...ထွက်သွားတော့လည်းကောင်းတာပေါ့ ဒီလိုဆိုငါတို့ပြိုင်ဘက်တစ်ယောက်လျော့သွားတာပေါ့"
ကျိုးဟောင်မှာအရှက်မဲ့စွာပြောလိုက်သည်။
"ဟမ့်"
စုရှောင်းယွီမှာနှာခေါင်းရှုံ့ကာကျိုးဟောင်အားလျစ်လျူရှုလိုက်သည်။
လက်ရှိအချိန်တွင်အပေါ်ရှိလူများမှာ အားအပြည့်ဖြင့်တိုက်နေကြပြီဖြစ်သည်။ ကျိုးဟောင်မှာစုရှောင်းယွီအားဘေးသို့ဆွဲလိုက်ကာပွဲထိုင်ကြည့်နေပေသည်။
"သူတို့တွေရက်ရက်စက်စက်တိုက်နေကြတာအေးဆေးနေကြရအောင် ဘယ်သူနိုင်မလဲစောင့်ကြည့်ကြတာပေါ့ အဲဒီတော့မှငါတို့တိုက်ကြမယ်"
ကျိုးဟောင်မှာအလွန်ဉာဏ်များကာ မျက်လုံးထဲတွင်လည်း ဆိုးဝါးသောရည်ရွယ်ချက်များဖြင့်ပြည့်နေပေသည်။ စုရှောင်းယွီမှာကျိုးဟောင်ထံမှစကားအားကြားချိန်တွင်သူမသည်မနိုင်သည့်ပုံဖြင့်ခပ်ရေးရေးသာပြုံးနေတော့သည်။
သို့သော်လက်ရှိအချိန်တွင် သူတို့နောက်ရှိလူများမှာလည်းရောက်ရှိလာကြပြီဖြစ်သည်။ သူတို့ဝင်လာသည်နှင့် ပုန်းနေသောကျိုးဟောင်နှင့်စုရှောင်းယွီအားမြင်လိုက်ရပြီး ချက်ချင်းပင်ဒေါသထွက်သွားခဲ့သည်။
"သေချာပေါက်သူတို့ပဲဖြစ်ရမယ်"
"ဟုတ်တယ် သေချာပေါက်သူတို့ပဲဖြစ်ရမယ်"
"ဒီလူကရူးနေတာ သူရတနာတွေအားလုံးကိုယူသွားတယ် ငါတို့အတွက်ဘာမှမကျန်တော့ဘူး"
"ချီးပဲ သူ့ကိုတိုက်ပြီးတော့ သူ့ရတနာတွေကိုခွဲယူကြမယ်"
ဤလူများ၏မျက်လုံးများမှာနီရဲနေပေသည်။ စက်ယန္တယားမြို့တော်တွင် ရတနာများများစားစားမရှိသော်ငြား အချို့ကုန်ကြမ်းပစ္စည်းများမှာအလွန်တန်ဖိုးကြီးလှပြီး လက်တွေ့ကမ္ဘာတွင်တွေ့ရန်မလွယ်ပေ။ ယခုတစ်ကြိမ်တွင်အများကြီးဆုံးရှုံးလိုက်ရပြီးနောက် သေချာပေါက်ကျိုးဟောင်ထံမှပြန်ယူမှရမည်ဖြစ်သည်။
လက်ရှိအချိန်တွင်ကျိုးဟောင်မှာလည်းထိုလူအုပ်အားမြင်သွားပြီဖြစ်ပြီး သူတို့၏ဒေါသတကြီးကျုံးဝါးသံများအားကြားလိုက်ရချိန်တွင် ကြက်သေသေသွားခဲ့သည်။
တစ်ဖက်တွင်စုရှောင်းယွီမှာယခုလိုဖြစ်မည်မှန်းသိပေရာ မနေနိုင်တော့ဘဲပါးစပ်အားလက်ဖြင့်အုပ်ကာရယ်နေတော့သည်။
"ကျွန်မသိသားပဲ...."
ကျိုးဟောင်မှာဘာမှမတတ်နိုင်သလိုပြောလိုက်သည်။
"အားလုံး.....အားလုံး.....စိတ်လျှော့ကြပါ စိတ်လျှော့ကြပါ ကျွန်တော်တကယ်မယူခဲ့ပါဘူး ကျွန်တော်တကယ်မယူခဲ့ပါဘူး အဲဒါကျွန်တော်မဟုတ်ဘူး"
ကျိုးဟောင်မှာချက်ချင်းပင်ရှင်းပြလိုက်သည်။ သို့သော် သူတို့သည်ကျိုးဟောင်၏စကားအားလုံးဝယုံကြည်ပုံမရပေ။ ရှင်းပြနေလည်းအသုံးမဝင်ပေ။ အကြောင်းမှာ ကျိုးဟောင်နှင့်အခြားလူများအပြင် ကျန်သည့်လူမှာအပေါ်တွင်တိုက်ခိုက်နေသောကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များသာရှိပေရာ ထိုလူများအားလုံးဝမဆန့်ကျင်ဝံ့ပေ။ ထို့ကြောင့်ကျိုးဟောင်ကိုသာတိုက်ခိုက်နိုင်ပေသည်။
ကျိုးဟောင်မှာဘာလုပ်ရမှန်းမသိတော့ပေ။ သူတို့အားယခုလိုပုံနှင့်မြင်ရသည့်အခြေအနေအရ ဤတိုက်ပွဲအားသေချာပေါက်ရှောင်လွှဲလို့ရတော့မည်မဟုတ်ပေ။ ထို့ကြောင့်ကျိုးဟောင်မှာသက်ပြင်းချကာ ချက်ချင်းရှေ့တစ်လှမ်းတိုးလိုက်သည်။
သူ၏အငွေ့အသက်မှာပေါက်ကွဲထွက်လာခဲ့သည်။ သူသည် ၆ဆင့်မြောက်မူလအဆင့်ကျင့်ကြံရေးသာရှိသော်ငြား ဤအငွေ့အသက်မှာထူးခြားနေဆဲပင်ဖြစ်သည်။ စွမ်းအားကြီးသောအငွေ့အသက်မှာ ပျံ့နှံ့သွားပြီး လေထုကိုတုန်ခါစေသည့် လှိုင်းများအဖြစ်ပြောင်းလဲသွားခဲ့သည်။
ကျိုးဟောင်မှာစွမ်းအင်အနှစ်သာရအားသုံးကာခန္ဓာကိုယ်နှင့် သွေးအနှစ်သာရအားပုံသွင်းလိုက်သည်။ လက်ရှိအချိန်တွင်သူ၏ခန္ဓာကိုယ်မှာ သာမန်မူလပညာရှင်များယှဥ်နိုင်သည့်အရာမျိုးမဟုတ်ပေ။ ကောင်းကင်ဘုံအဆင့်ပညာရှင်များကြားတွင်ပင် ကျိုးဟောင်ထက်သန်မာသောခန္ဓာကိုယ်ရှိသည့်လူသိပ်မများပေ။
ဤမြင်ကွင်းမှာအပေါ်ရှိလူတို့၏အာရုံအားဖမ်းစားသွားခဲ့သည်။
နင်ယွမ်ဖုန်းမှာထိုမြင်ကွင်းအားမြင်လိုက်ရသောအခါမျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏အငွေ့အသက်မှာအလွန်မသန်မာသော်ငြား စိတ်ထဲလှုံ့ဆော်ပေးသလိုခံစားရဆဲပင်ဖြစ်သည်။ ထူးခြားသောသွေးအနှစ်သာရစွမ်းအားအားခံစားလိုက်ရပြီးအတော်လေးထိတ်လန့်သွားခဲ့သည်။ ဖုန်းပိုင်ချွမ်းနှင့်ဝီလီယမ်မှာမူ များများစားစားမတွေးပေ။ သို့သော်ဘလူး၏အမူအရာမှာချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။
"ဒီအငွေ့အသက်......ဒီအငွေ့အသက်....ကငါ့ညီငါ့ကိုလွှဲပေးခဲ့တဲ့အငွေ့အသက်ပဲ"
သူ၏အမူအရာမှာချက်ချင်းပင်သိသိသာသာပြောင်းလဲသွားခဲ့ပြီး စွမ်းအားကြီးသည့်ပြင်းထန်သောအငွေ့အသက်မှာခန္ဓာကိုယ်ထဲမှ တိုးထွက်လာခဲ့သည်။
"မင်းပဲ"
"မင်းကငါ့ညီကိုသတ်ခဲ့တဲ့လူပဲ"
သူ၏အသံထွက်ပေါ်လာသည်နှင့်အလွန်စွမ်းအားကြီးသောအားတစ်ခုလည်းထွက်ပေါ်လာခဲ့သည်။ အနောက်ရှိ ရွှေရောင်ခြင်္သေ့ဘုရင်မှာလည်း ဒေါသတကြီးအော်ဟစ်နေပေသည်။ ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်သိသိသာသာပြောင်းလဲသွားပြီး ပေါ်သွားပြီဖြစ်ကြောင်းစိတ်ထဲမှတွေးလိုက်မိသည်။
"ဟမ့် မင်းဘယ်သူပဲဖြစ်နေပါစေ မင်းငါတို့အီတာယွဖိမိသားစုဝင်တစ်ယောက်ကိုသတ်ရဲတဲ့အတွက် ဒီနေ့မင်းသေချာပေါက်သေရမယ်"
ဘလူးမှာကြုံးဝါးလိုက်ပေရာ သူ့နောက်ရှိရွှေရောင်ခြင်္သေ့ဘုရင်မှာမှာလည်းအဆုံးမရှိသောစွမ်းအားများထွက်ပေါ်လာခဲ့သည်။ ထို့နောက်ဘလူးမှာတွေဝေမနေဘဲ ကျိုးဟောင်ထံပြေးဝင်လာခဲ့သည်။
ကျိုးဟောင်မှာသူ၏ညီအားသတ်ခဲ့ပေရာ သူ၏အမုန်းတရားများမှာပင်လယ်တစ်စင်းပမာနက်ရှိုင်းလှပေရာ အချိန်ဖြုန်းမနေတော့ဘဲတိုက်ခိုက်တော့သည်။ ယခုသူလုပ်ချင်သည့်ကိစ္စမှာကျိုးဟောင်အားသတ်ရန်သာဖြစ်သည်။
ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။ သူ့အကြောင်းပေါ်သွားပြီဖြစ်ပေရာ ဘာမှတွေဝေနေစရာမလိုတော့ပေ။ ထို့ကြောင့် စကားတစ်ခွန်းမှမဆိုဘဲ ချက်ချင်းပင်ကျင့်ကြံရေးအစွမ်းအားလည်ပတ်လိုက်ကာ နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအားသုံးလိုက်သည်။
သူ၏အငွေ့အသက်မှာလည်းကောင်းကင်ဘုံအဆင့်တစ်ဝက်သို့ရောက်ရှိသွားပြီး အလွန်အမင်းထူးခြားလှပေသည်။
သွေးအနှစ်သာရစွမ်းအားမှာနေရာအနှံ့ပျံ့နှံ့သွားပေရာအားလုံး၏အမူအရာအားသိသိသာသာပြောင်းလဲသွားစေခဲ့သည်။
"ဒီလူကတကယ်ကိုဒီလောက်ထိစွမ်းအားကြီးတာပဲ ဒီအငွေ့အသက်ကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ထက်မနိမ့်ဘူး"
"ဒီလူခုနကငါတို့နဲ့ထိပ်တိုက်မတွေ့လို့ မဟုတ်ရင်ငါ....ငါတို့သူ့ကိုလုံးဝနိုင်မှာမဟုတ်ဘူး"
"ချီးပဲ ဒီလူကတကယ်ကိုဒီလောက်တောင်စွမ်းအားကြီးတယ်"
အစောပိုင်းကကျိုးဟောင်နှင့်တိုက်ခိုက်ချင်နေသောလူများမှာ ဤမြင်ကွင်းအားမြင်သောအခါ အားလုံးကြောက်သွားကြသည်။
ဘလူးတိုက်ခိုက်လာသည်ကိုမြင်ချိန်တွင်ကျိုးဟောင်မှာအမိမခံပေ။ သို့သော်ဤလူများမှာသူ့အားတိုက်မတိုက်မသိပေရာ အာရုံခွဲကာဘလူးနှင့်တိုက်ခိုက်နေသည်။
"ဟမ့် ကြည့်ရတာမင်းလည်းသာမန်မဟုတ်ဘဲအရည်အချင်းနည်းနည်းတော့ရှိပုံပဲ ဒါပေမဲ့မင်းငါ့ညီကိုသတ်ပြီးတော့ အသက်ရှင်နိုင်မှာမဟုတ်ဘူး ဒီနေ့အီတာယွီမျိုးနွယ်စုကရှေးဟောင်းအီဂျစ်ရဲ့စွမ်းအားကိုအမွေဆက်ခံပြီးနောက်ပိုင်း ဘယ်လောက်စွမ်းအားကြီးလာတယ်ဆိုတာ ငါမင်းကိုပြမယ်"
ဘလူးမှာကြုံးဝါးလိုက်သည်။
"ရွှေရောင်ခြင်္သေ့ဘုရင် ရွှေခြင်္သေ့လည်ဆံမွေး"
သူ၏အသံမှာအလွန်အေးစက်နေကာ သတ်ဖြတ်လိုစိတ်မှာလည်းအဆုံးမရှိပေ။ အနောက်ဘက်ရှိရွှေရောင်ခြင်္သေ့ဘုရင်ထံမှလည်းပြင်းထန်သောအားများထွက်ပေါ်လာခဲ့သည်။
ဤစွမ်းအားမှာရှေးဟောင်းခံစားချက်များဖြင့်ပြည့်နေပြီး ဤလောကကြီးထဲမှစွမ်းအားမဟုတ်သလိုပင်။
"ဒါကအီတာယွီမိသားစုရဲ့ရွှေရောင်ခြင်္သေ့ဘုရင်ရဲ့တကယ့်စွမ်းအားလား တကယ်ကိုထူးခြားတယ် သူတို့ရဲ့အမွေဆက်ခံမှုကလည်းသာမန်မဟုတ်ဘူး ငါ့ဆရာဆီကကြားတာတော့ ဖာရာအိုးတွေရဲ့ကျိန်စာကရွှေရောင်ခြင်္သေ့ဘုရင်ရဲ့အထဲမှာတည်ရှိနေတုန်းပဲတဲ့ သူ့ရဲ့စွမ်းအားကလည်းဒီကျိန်စာနဲ့ရောနေတာ ဘလူးကဒီဟာရဲ့အနှစ်သာရကိုသင်ထားသလားမသိဘူး"
ထိုအချိန်တွင်ဖုန်းပိုင်ချွမ်းမှဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ နင်ယွမ်ဖုန်းမှာရပ်တန့်ကာ ကျိုးဟောင်နှင့်ဘလူးအားသိလိုစွာဖြင့်ကြည့်နေသည်။
အားလုံးမှာပါရမီရှင်များဖြစ်ကြပေရာ ခိုးကြောင်ခိုးဝှက်ကိစ္စမျိုးအားမလုပ်ကြပေ။ ထို့ကြောင့်လက်ရှိအချိန်တွင် အားလုံးမှာတိုက်ပွဲကိုသာစောင့်ကြည့်နေကြပြီး တိုက်ခိုက်ခြင်းမရှိပေ။
ယခုအချိန်တွင်ရှိနေသောလူထဲမှတစ်ယောက်ယောက်မှာ ချစ်ပ်ပြားအားတိတ်တဆိတ်ခိုးသွားရန်ကြိုးစားလျှင်ပင်အသုံးမဝင်ပေ။ ဘလူးအပြင်အခြားလူများပါရှိနေပေသည်။ သူတို့သည် သုံးဦးသုံးဖလှယ်စောင့်ကြည့်နေကြပြီး အလောတကြီးမလှုပ်ရှားပေ။
"အီတာယွီမိသားစုကအာဖရိကမှာတကယ်ကို အရမ်းအားကြီးတဲ့မျိုးနွယ်စုပဲ ငါကြားတာတော့ အာဖရိကမှာဆိုရင်အီတာယွီမိသားစုရဲ့တိုက်ခိုက်ရေးစွမ်းအားက ထိပ်ဆုံးအဆင့် ၅ဆင့်ထဲဝင်တယ်တဲ့ ဒါဘယ်လိုအယူအဆလဲ ငါ့ရဲ့နင်မိသားစုတောင်ဟွာရှားမှာထိပ်ဆုံးအဆင့် ၅ဆင့်ထဲဝင်နိုင်ပါတယ်လို့မပြောရဲဘူး"
"ပြီးတော့ ဒီအီတာလန်မိသားစုရဲ့ကျင့်ကြံရေးသိုင်းကလည်းအရမ်းစွမ်းအားကြီးတယ်တဲ့ တိုက်ခိုက်ရေးစွမ်းအားကြီးတဲ့အပြင် ရှေးဟောင်းအီဂျစ်ဖာရိုတွေရဲ့ကျိန်စာလည်းပါသေးတယ် ဒီကောင်စုတ်လေးခံနိုင်ပါ့မလားဆိုတာငါအံ့သြမိတယ်"
နင်ယွမ်ဖုန်းမှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ လက်ရှိအချိန်တွင်သူ့စကားသံအားကြားလိုက်ရချိန်တွင်သူတိုင်းထိတ်လန့်သွားခဲ့သည်။
အီတာယွီမိသားစုမည်မျှစွမ်းအားကြီးကြောင်းအားလုံးသိကြသော်ငြား ဤမရင်းနှီးသောကောင်စုတ်လေးမှာ ဘလူးအားခုခံရန်မည်သည့်နည်းလမ်းအားသုံးမလဲဆိုသည်ကိုအားလုံးသိချင်နေကြပေသည်။
....................................................................................
အခန်း (၅၃၄) ပြီးပါပြီ။