အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း (၅၃၅) : ခိုကိုးရာမဲ့သော
ကျိုးဟောင်မှာလက်ရှိအချိန်တွင်ဘာကိုမှမစဥ်းစားပေ။ သူ့ဘေးတွင်မတ်တပ်ရပ်နေသည့် ရွှေရောင်ခြင်္သေ့ဘုရင်၏စွမ်းအားကိုခံစားမိပြီး သူ၏အမူအရာမှာအလွန်ပျက်ယွင်းသွားသည်။
အကြောင်းမှာသူ၏စွမ်းအားကြီးသောစိတ်စွမ်းအားကြောင့်ဖြစ်သည်။ ကျိုးဟောင်မှာရွှေရောင်ခြင်္သေ့ဘုရင်၏တိုက်ခိုက်မှုတွင် ထူးဆန်းသောစွမ်းအားတစ်ခုအားခံစားမိပေသည်။ ဤစွမ်းအားသည်လူသားတို့၏အသက်စွမ်းအင်ကိုစုပ်ယူနိုင်စွမ်းရှိပုံပေါ်သည်။
"ကျိန်စာလား ဒီဘလူးကသူညီကူရုထက်အများကြီးပိုသန်မာလောက်တယ်"
သူ၏ခန္ဓာကိုယ်ထဲမှဆွဲယူခံနေရသောသက်ရှိစွမ်းအင်အားခံစားမိလိုက်ချိန်တွင် ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူလိုက်မိသည်။
ကံကောင်းသည်မှာသူ့ထံတွင်မူလသစ်ပင်ရှိနေ၍ သူ၏ကိုယ်တွင်းရှိစွမ်းအင်အနှစ်သာရအား အဆက်မပြတ်ပြန်လည်ဖြည့်တင်းနိုင်ပေသည်။
"ဒီလူရဲ့ခန္ဓာကိုယ်ကအရမ်းစွမ်းအားကြီးတယ် သူ့ကိုယ်ထဲကစွမ်းအင်အနှစ်သာရက တကယ်ကိုပေါများလွန်းတယ် ရွှေခြင်္သေ့ဘုရင်ကဒီလောက်စွမ်းအင်အနှစ်သာရတွေအများကြီးစုပ်ယူသွားတာတောင် သူ့ပုံကလုံးဝပင်ပန်းတဲ့ပုံမပေါ်ဘဲနဲ့ သူကပိုပိုပြီးရဲရဲဝင့်ဝင့်နဲ့တိုက်နေတာ"
ထိုအချိန်တွင်နင်ယွမ်ဖုန်းမှာကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။ သူသည်ကျိုးဟောင်အားကြည့်ရင်းစိတ်ထဲမှလည်းစဥ်းစားနေပေသည်။
"ဒီလူမှာသေချာပေါက်ရတနာရှိရမယ် မဟုတ်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး သူ့ရဲ့ကျင့်ကြံဆင့်က ၆ ဆင့်မြောက်မူလအဆင့်ပဲရှိတာ ဒါပေမဲ့သူ့မှာရှိနေတဲ့စွမ်းအင်အနှစ်သာရပမာဏကငါတောင်ယှဥ်မရဘူး တကယ်လို့ရတနာကြောင့်မဟုတ်ရင် ဒါဆိုအကြောင်းပြချက်ကဘာဖြစ်နိုင်လဲ"
သူသည်တစ်ခုခုများစဥ်းစားမိလေမလားဟူသောရည်ရွယ်ချက်ဖြင့်တစ်ယောက်တည်းတီးတိုးရေရွတ်နေပေသည်။
"ဒီလူကတကယ်ကိုစွမ်းအားကြီးတယ်"
ဖုန်းပိုင်ချွမ်းမှာ စွမ်းအင်အနှစ်သာရအများကြီးစုပ်ယူခံလိုက်ရပြီးနောက်ပိုမိုအားနည်းလာရမည့်ကျိုးဟောင်မှာ ပိုမိုသန်မာလာသည်ကိုကြည့်ကာ တွေဝေလာခဲ့သည်။
ချိုက်မက်မိသားစုမှ ဝီလီယံသည်လည်းတွေဝေနေခဲ့သည်။
ကျိုးဟောင်မှာအားအပြည့်နှင့်တိုက်ခိုက်နေပေသည်။ လက်ရှိအချိန်တွင် မူလသစ်ပင်၏အကူအညီဖြင့် ဘလူးစုပ်ယူလိုက်သောစွမ်းအင်အနှစ်သာရပမာဏနည်းနည်းလေးမှာ မပြောပလောက်ပေ။
"ဟမ့် မင်းဒီလောက်ပဲရတာလား ဒါဆိုရင်တော့ငါ့ကိုအပြစ်မတင်နဲ့တော့"
ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်ကာဂရုစိုက်မနေဘဲ ချက်ချင်းပင်လှံအားထုတ်လိုက်သည်။ ၎င်းမှာနဂါးနက်လှံမဟုတ်ပေ။
သို့သော် ဤလှံသည်လည်းအလွန်စွမ်းအားကြီးကာ အရည်အသွေးကောင်းမွန်လှပေသည်။
ကျိုးဟောင်လှံအားကိုင်လိုက်သည့်အချိန်တွင် ကောင်းကင်တွင်လျှပ်စီများဖြင့်ပြည့်နေပြီး အဆုံးမရှိသောအစိမ်းရောင်မုချီများအားသယ်ဆောင်ထားပေသည်။
"မင်းဒီတိုက်ခိုက်မှုကိုဘယ်လိုကိုင်တွယ်မလဲဆိုတာကြည့်ရသေးတာပေါ့"
ကျိုးဟောင်မှာကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင်လှံအလင်းတန်းများအားလေထဲတွင်ဖွဲ့စည်းကာလျှပ်စီးကြောင်းများတလက်လက်ဖြင့် ဆင်းသက်လာပေသည်။
ဘလူး၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ သူပင်အလေးအနက်ထားရလောက်တဲ့အထိဤလှံ၏စွမ်းအားမှာဤမျှလောက်အထိစွမ်းအားကြီးမည်ဟုမယုံကြည်ပေ။
ထို့နောက်ကြုံးဝါးလိုက်ကာလက်ဖဝါးနှစ်ဖက်အားပူးလိုက်သည်။ အနောက်ဘက်ရှိ ရွှေရောင်ခြင်္သေ့ဘုရင်မှာလည်းပို၍ပင်ထင်ရှားလာခဲ့သည်။
"ရွှေရောင်ခြင်္သေ့ဘုရင် ခြင်္သေ့ဘုရင်ရဲ့စွမ်းအား"
ဘလူးကြုံးဝါးပြီးသည်နှင့် ရွှေရောင်ခြင်္သေ့ကြီးမှာကျိုးဟောင်ထံရက်စက်စွာပြေးဝင်လာခဲ့သည်။
ရွှေရောင်ခြင်္သေ့မှာ သူ၏ကြီမားသောလက်သည်းကြီးအားမြှောက်ကာတိုက်ခိုက်လာပေရာ ၎င်းမှာအရာအားလုံးအားဖျက်ဆီးပစ်နိုင်သည့်အဆုံးမရှိသည့်စွမ်းအားများရှိနေသည့်အတိုင်းပင်။
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာအော်ဟစ်လိုက်သည်။
"ဖျက်ဆီးစမ်း"
ကျိုးဟောင်၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာအလွန်စွမ်းအားကြီးကာ တိုက်ခိုက်ရေးစွမ်းအားမှာလည်းဘလူးထက်မနိမ့်ပေ။ ထို့ကြောင့်ကျိုးဟောင်မှာရွှေရောင်ခြင်္သေ့ဘုရင်၏စွမ်းအားဟုခေါ်သောအရာကိုလည်းဂရုစိုက်မနေပေ။
သူ၏လှံအောက်တွင် ခြင်္သေ့၏လက်သည်းအားတစ်စစီဖျက်ဆီးပစ်လိုက်ပြီး လက်အားဆန့်ထုတ်ကာရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးလိုက်သည်။ ကျိုးဟောင်မှာနေရာမှပျောက်သွားကာ ဘလူး၏ရှေ့တွင်ပေါ်လာခဲ့ပြီး လက်သီးဖြင့် ကြမ်းကြုတ်စွာတိုက်ခိုက်လိုက်သည်။
ဤလက်သီးချက်မှာအတော်လေးစွမ်းအားကြီးလှသည်။ ကျိုးဟောင်၏ခန္ဓာကိုယ်မှာလည်း သာမန်လူများယှဉ်နိုင်သောအရာမဟုတ်ပေ။
ထပ်ပြောရလျှင် သူ၏တိုးသွားသောကျင့်ကြံဆင့်မှာကောင်းကင်ဘုံအဆင့်တစ်ဝက်နီးပါးရောက်ရှိသွားသည်မှာ ဘလူး၏အမူအရာအားလုံးဝပြောင်းလဲသွားစေခဲ့သည်။ အစောပိုင်းကလက်သီးတွင်အဆုံးမရှိသောစွမ်းအားများပါဝင်နေသလိုဘလူးခံစားလိုက်ပေရာ တွေဝေမနေဘဲအိတ်ထဲမှရတနာတစ်ခုအားထုတ်လိုက်သည်။
ထိုအရာမှာအုတ်တစ်လုံးလိုပင်ဖြစ်ကာ သန့်စင်သောစွမ်းအင်တို့ဖြင့်လွှမ်းခြုံနေကာထူးဆန်းသောအလင်းရောင်များတောက်ပနေပေသည်။
"ဒါကငါ့ရဲ့ရှေးဟောင်းအီဂျစ်အုတ်ပဲ မင်းဒါကိုဘယ်လိုကိုင်တွယ်မလဲကြည့်ရသေးတာပေါ့"
ဤအုတ်သည်ပိရမစ်မှဖြစ်ပြီး နှစ်ပေါင်းထောင်ချီကြာသည့်တိုင်ပျက်စီးသွားခြင်းမရှိပေ။ ပိရမစ်၏နတ်ဘုရားအလင်းအောက်တွင် ၎င်းမှာရတနာတစ်ခုဖြစ်လာခဲ့ပြီး သာမန်လူများမှာဤကဲ့သို့သောပစ္စည်းအပေါ် လက်ပင်မတင်နိုင်ပေ။
ဘလူးလက်ထဲတွင်ဤပစ္စည်းရှိနေရသည့်အကြောင်းအရင်းမှာသူသည်အီတာယွီမိသားစု၏အကြီးဆုံးသားဖြစ်ရုံသာမက မိသားစု၏အမွေဆက်ခံသူဖြစ်နေ၍လည်းဖြစ်သည်။ သူသည်ဤအုတ်အားဖခင်ဖြစ်သူထံမှအမွေဆက်ခံထားခြင်းဖြစ်သည်။
သို့သော်ကျိုးဟောင်မှာသူ့အားလျစ်လျူရှုထားသည်။ သူ၏အငွေ့အသက်မှာသက်တန့်တစ်ခုလိုပင်။ လက်ရှိအချိန်တွင်ကျိုးဟောင်မှာလှံအားသိမ်းကာ ရုပ်ပိုင်းဆိုင်ရာစွမ်းအားအားထုတ်လိုက်သည်။
နတ်ဘုရားသတ်သိုင်းဖြစ်စေ၊ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းဖြစ်စေ နှစ်ခုလုံးမှာရုပ်ပိုင်းဆိုင်ရာအတွက် ကျင့်ကြံရေးသိုင်းများဖြစ်သည်။ ထို့အပြင်ကျိုးဟောင်၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာသူ၏ကျင့်ကြံသိုင်းအားလုံး၏အဆင့်အားကျော်လွန်နေပြီဖြစ်သည်။
အစောပိုင်းကလက်သီးချက်သည် ကောင်းကင်အားနှစ်ခြမ်းခွဲပစ်ရန်ပင်လုံလောက်ပေသည်။
ဘုန်း
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီးနောက် ဘလူး၏မျက်နှာမှာဖြူလျော်သွားပြီး နောက်သို့ခြေလှမ်းတစ်ရာမျှဆုတ်လိုက်ရသည်။ ထိုမျှသာမကနှုတ်ခမ်းထောင့်တွင်လည်းသွေးတို့စီးကျနေပေသည်။
တစ်ဖက်တွင်ကျိုးဟောင်မှာနည်းနည်းမှမရွေ့လျားသွားဘဲ နေရာမှာရပ်နေဆဲပင်။ ဤမြင်ကွင်းမှာအားလုံးအားကြက်သေသေသွားစေခဲ့သည်။
အားလုံးမှာထိတ်လန့်သွားခဲ့ကြပြီး ယခုလိုဖြစ်မည်ဟုဘယ်တုန်းကမှမယုံကြည်ခဲ့ကြပေ။
ကြီးကျယ်သောကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်မှာ အမည်မရှိသော ၆ဆင့်မြောက်မူလပညာရှင်ထံတွင် ဖိနှိပ်ခံနေရပေသည်။
ဤအချက်မှာ ဘယ်လိုဖြစ်နိုင်မည်နည်း။
စုရှောင်းယွီပင်ထိတ်လန့်သွားရသည်။ ကျိုးဟောင်စွမ်းအားကြီးမှန်းသူမ သိသော်ငြား ထိုမျှလောက်စွမ်းအားကြီးလိမ့်မည်ဟုတော့မထင်ထားခဲ့ပေ။
ဤစွမ်းအားသည်မည်ကဲ့သို့သောစွမ်းအားမျိုးပါနည်း။
ဘလူးမှာကျိုးဟောင်အားထိတ်လန့်စွာကြည့်နေခဲ့ပြီး နှုတ်ခမ်းထောင့်မှသွေးများအားသုတ်လိုက်သည်။ စိတ်ထဲတွင်လည်းမယုံနိုင်ဖြစ်နေသည်။
ကျိုးဟောင်တိုက်ခိုက်လိုက်သောစွမ်းအားများအား အုတ်မှစုပ်ယူသွားခဲ့ကာ အများစုအားခုခံလိုက်သော်ငြား အဆုံးတွင်သွေးအန်ရသည်အထိ ထိခိုက်သွားခဲ့သေးသည်။ အကယ်၍ထိုလက်သီးချက်သာသူ့ကိုယ်ပေါ်တိုက်ရိုက်ရောက်လာပါက အသက်ပင်သေမည်မဟုတ်ပါလော။
ဘလူးမှာအလွန်စိတ်ညစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် သူသည်ဤအမည်မသိသောလူ၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်းသဘောပေါက်လိုက်ပြီဖြစ်သည်။
ထို့ကြောင့်ခေတ္တမျှတွေဝေနေပြီးနောက် စကားဆိုလာခဲ့သည်။
"မင်းတို့သုံးယောက် ငါမင်းတို့ကိုအကူအညီတောင်းချင်တာရှိတယ် ငါ့ကိုဒီလူ့ကိုသတ်ဖို့ကူညီပေးတဲ့ဘယ်သူ့ကိုမဆို ချစ်ပ်ပြားယူဖို့ကူညီပေးမယ် ငါဒီလူကိုပဲသတ်ချင်တာ ချစ်ပ်ပြားကိုမင်းတို့ကိုပေးလို့ရတယ်"
ဘလူးစကားအားကြားသောအခါ ကျိုးဟောင်မှာစိတ်ညစ်သွားခဲ့သည်။
ဤလူသည်ပြဿနာရှာရာတွင်တကယ်ပင်တော်လှသည်။ သူ၏ညစ်ပတ်သောအလုပ်အားလုပ်ရန်တကယ်ပင်အခြားလူ၏လက်အားငှားချင်နေပေသည်။
နင်ယွမ်ဖုန်းမှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးလိုက်သည်။
"ဒီလူကိုဖြေရှင်းဖို့ငါတို့ကမင်းကိုကူညီရမယ်လို့ပြောနေတာလား ဟဟ...ဘလူးမင်းကအရမ်းသုံးစားမရတာပဲ မင်းတကယ်ကြီးလူတစ်ယောက်ကိုဖြေရှင်းဖို့အတွက်ငါတို့ကိုကူညီစေချင်နေတာ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ"
"ကောင်းပြီ မင်းကလက်လျှော့ဖို့ကတိပေးမှတော့ ငါ့ကိုလွှဲထားလိုက်"
နင်ယွမ်ဖုန်းမှာလှောင်ပြုံးပြုံးလိုက်သည်။ ကျိုးဟောင်သည်မည်သည့်ရတနာကြောင့်သူ၏စွမ်းအင်အနှစ်သာရအားအဆက်မပြတ်ပြန်လည်ဖြည့်တင်းနိုင်ကြောင်းကိုသူတကယ်သိချင်ပေသည်။
သို့သော်မတိုက်ခိုက်ခင် ပြုံးကာဖုန်းပိုင်ချွမ်းနှင့် ဝီလီယမ်အားကြည့်လိုက်သည်။
"အစ်ကိုဖုန်း ဝီလီယမ် ကျွန်တော်တိုက်ပြီးတဲ့နောက်ပိုင်း အစ်ကိုတို့သိက္ခာမရှိတဲ့လုပ်ရပ်တွေမလုပ်ဖို့မျှော်လင့်တယ်"
နင်ယွမ်ဖုန်းမှာ သူကျိုးဟောင်နှင့်တိုက်ခိုက်နေချိန်တွင် ထိုနှစ်ယောက်ချစ်ပ်ပြားအားယူသွားမည်ကိုစိုးရိမ်နေပေသည်။
ဖုန်းပိုင်ချွမ်းမှာ ချက်ချင်းပင်သရော်ပြုံးပြုံးကာပြောလိုက်သည်။
"ညီလေးနင် ငါ့ရဲ့စွန်းမိသားစုကဂုဏ်ရှိတဲ့မိသားစုတစ်ခု သေချာပေါက်ဒီလိုကိစ္စမျိုးမလုပ်ဘူး"
"ဟဟဟ နင်ယွမ်ဖုန်းစိတ်ချပါ ငါဝီလီယမ်ကစက်ဆုပ်စရာကောင်းတဲ့အလုပ်မျိုးလုပ်မဲ့လူမဟုတ်ပါဘူး"
ဝီလီယမ်ချိူက်မက်မှာလည်းပြုံးနေခဲ့သည်။
"ဒါပေမဲ့ တကယ်လို့မင်းသူ့ကိုမနိုင်ရင် ဒါဆိုငါ့ကိုဒီလူ့ကိုဖမ်းခွင့်ပေး သူ့ရဲ့ သွေးနှစ်သာရကအရမ်းအားပြည့်လွန်းတယ် ငါသူ့ကိုဖမ်းပြီး သွေးတွေခြောက်သွားအောင်စုပ်ချင်လို့"
ဝီလီယမ်ချိုက်မက်မှာကျိုးဟောင်အားကြည့်ကာလျှာသပ်ရင်းပြုံးလိုက်သည်။ သူသည်ကျိုးဟောင်အားစားကောင်းသောက်ဖွယ်တစ်ခုလိုသဘောထားနေပုံပင်။
ကျိုးဟောင်မှာဤမြင်ကွင်းအားကြည့်ပြီး ချက်ချင်းပင်မျက်နှာပျက်ယွင်းသွားခဲ့သည်။
"သေစမ်း ငါဘယ်သူ့ကိုများအပြစ်လုပ်မိလို့လဲ ဘာလို့ဒီလောက်လူတွေအများကြီးကငါနဲ့လာရှုပ်ချင်နေကြတာလဲ"
....................................................................................
အခန်း ( ၅၃၅) ပြီးပါပြီ။
အခန်း (၅၃၆) : ရှေးဟောင်းတိုက်ပွဲချပ်ဝတ်
နင်ယွမ်ဖုန်းမှာပြုံးပြီးကျိုးဟောင်အားလှည့်ကြည့်လိုက်သည်။
"ငါ့ကိုပြော မင်းဘယ်သူလဲ ငါလူတစ်ယောက်ကိုနာမည်မသိဘဲမသတ်ဘူး"
နင်ယွမ်ဖုန်းမှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏စကားများမှာကြီးစိုးရာကျပြီးယုံကြည်ချက်လည်းအပြည့်ရှိပေသည်။
ကျိုးဟောင်မှာပြုံးကာဖြည်းဖြည်းချင်းပြောလိုက်သည်။
"စစ်နတ်ဘုရားတပ်ရင်းက ကျိုးဟောင်"
ထိုစကားအားကြားလိုက်ရချိန်တွင် နေရာတွင်ရှိနေသောလူများအားလုံးမှာထိတ်လန့်သွားခဲ့ကြသည်။
ဤအချိန်ကာလအတောအတွင်း စစ်နတ်ဘုရားတပ်ရင်းမှပါရမီရှင်ကျိုးဟောင်အကြောင်းသူတို့ကြားဖူးကြပေသည်။ ကျိုးဟောင်သည်စစ်နတ်ဘုရားတပ်ရင်းသို့ဝင်ရောက်တာနှစ်ဝက်လောက်သာရှိသေးသော်ငြား ထိပ်ဆုံးအယောက် ၅၀ ထဲရောက်နေပြီဖြစ်ကြောင်းအားလုံးသိထားကြပေသည်။
ဤတိုးတက်မှုနှုန်းမှာ တကယ်ပင်မကောင်းဆိုးဝါးဆန်လွန်းလှသည်။
အားလံးမှာထိတ်လန့်နေကြသော်ငြား ဖုန်းပိုင်ချွမ်းမှာထိုစကားအားကြားသောအခါ အမူအရာမှာပြောင်းလဲသွားခဲ့သည်။
"ဒီလူကကျိုးဟောင်လား သူကညီမလေးယွဲ့ရှာနေတဲ့လူလား"
သူသည်ကျိုးဟောင်အား ဆိုးဝါးသောမနာလိုမှု ဒေါသတရားများဖြင့် မကျေမချမ်းကြည့်နေခဲ့သည်။
"ညီလေးနင် ဒီလူက.......ငါလည်းအရမ်းစိတ်ဝင်စားတယ် တကယ်လို့မင်းသူ့ကိုမကိုင်တွယ်နိုင်ရင် ငါလည်းသူနဲ့တိုက်ချင်တယ်"
ဖုန်းပိုင်ချွမ်းယခုလိုပြောရသည့်အကြောင်းအရင်းမှာ သူကျိုးဟောင်အားသတ်ချင်၍ဖြစ်သည်။
ကျိုးဟောင်နှင့်စွန်းယွဲ့ကြားဘာဖြစ်ပျက်ခဲ့မှန်းသူမသိသော်ငြား လွှတ်ပေးမည့်အစားသတ်ပစ်ဖို့ကိုသာရွေးချယ်မည်ဖြစ်သည်။
သို့သော်သူ၏စကားမှာလူအားလုံးကိုထိတ်လန့်သွားစေခဲ့သည်။
"ဒီတော့သူကကျိုးဟောင်ပေါ့ သူဒီလောက်လူတွေအများကြီးအပေါ်အပြစ်ပြုမိအောင်ဘာလုပ်ခဲ့တာလဲ"
"ဟုတ်တယ် ဘလူးကလည်းသူ့ကိုသတ်ချင်တယ် နင်ယွမ်ဖုန်းကလည်းသူနဲ့တိုက်ချင်တယ်ပြီးတော့ ဝီလီယမ်ချိုက်မက်လည်းရှိသေးတယ် အခုဖုန်းပိုင်ချွမ်းပါပါလာပြီ ဒီလူကတစ်ယောက်ယောက်ရဲ့ဘိုးဘေးအုတ်ဂူကိုဖောက်ခဲ့တာများလား"
အားလုံးမှာအချင်းချင်းရှုပ်ထွေးစွာဖြင့်ကြည့်နေကြသည်။
"ဒီတော့မင်းကကျိုးဟောင်ပေါ့ ငါမင်းအကြောင်းကြားဖူးတယ် ဒါပေမဲ့ငါတို့ကတိုက်ခိုက်ကြတော့မှာဆိုတော့ ငါကညှာနေမှာမဟုတ်ဘူး ပြီးတော့မင်းခဏနေရင်အားအပြည့်နဲ့တိုက်ရမှာ မကျေနပ်မဖြစ်နဲ့"
နင်ယွမ်ဖုန်းမှာလုံးဝဂရုမစိုက်ပေ။ ကျိုးဟောင်၏သရုပ်မှန်သည် စစ်နတ်ဘုရားတပ်ရင်း၏ပါရမီရှင်ကျောင်းသားမကလို့ မည်သည့်အရာပဲဖြစ်နေပါစေသူလုံးဝဂရုမစိုက်ပေ။ နင်ယွမ်ဖုန်း၏ရှေ့တွင်မည်သူမျှထုတ်ပြောဖို့မထိုက်တန်ပေ။
မည်သည့်ပါရမီရှင်ဖြစ်ပါစေသူနှင့်ယှဥ်ပါကဆီနှင့်ရေသာဖြစ်သည်။
"ဟဟအဲဒီလိုလား ငါတို့ဒီအခြေအနေထိရောက်နေမှတော့ ငါလည်းမင်းတို့ကိုပြောလိုက်မယ်ငါဒီတစ်ခေါက်ချစ်ပ်ပြားကိုရအောင်ယူဖို့ဆုံးဖြတ်ထားပြီးသား မင်းကိုဖြေရှင်းပြီးရင် သူတို့ကိုဖြေရှင်းမယ်"
ကျိုးဟောင်မှာလည်းအေးစက်စွာအော်ပြောလိုက်သည်။ အားလုံးသည်ကျိုးဟောင်၏အထက်စီးဆန်သောစကားများအားမယုံကြပေ။
ကျိုးဟောင်သည်ယခုရင်ဆိုင်နေရသူများအားမသိသည်လော။ ထိုလူများမှာကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်သုံးယောက်ပင်ဖြစ်သည်။
"ဟဟ အရမ်းကောင်းတယ် ငါနင်ယွမ်ဖုန်း အခုလိုယုံကြည်ချက်ရှိတဲ့လူမျိုးတစ်ခါမှမမြင်ဖူးဘူး ကောင်းပြီလေ မင်းရဲ့စွမ်းရည်ကိုကြည့်ကြရတာပေါ့"
နင်ယွမ်ဖုန်းမှာကြုံးဝါးလိုက်ပြီး ချက်ချင်းပင်စွမ်းအားထုတ်လိုက်သည်။ စိုးမိုးနိုင်စွမ်းရှိသောအငွေ့အသက်တစ်ခုသည်လည်း သူ့နောက်တွင်ဖွဲ့စည်းလာခဲ့ပြီး မုန်တိုင်းတစ်ခုသည်လည်းချက်ချင်းပေါ်လာခဲ့သည်။ ၎င်းမှာအလွန်စွမ်းအားကြီးလှသည်။
"ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ဆို ကောင်းကင်ဘုံအဆင့်ကိုရောက်တာကြာလှပြီ ငါကိုယ်တိုင်ကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အနေနဲ့ပဲနေဖို့ရွေးချယ်ခဲ့တာ တမင်သက်သက်လုံလောက်တဲ့စွမ်းအင်စုဆောင်းဖို့ငါအဆင့်ချိုးဖောက်မှာကိုဖိနှိပ်ထားတာ"
"အဲဒါကြောင့်မင်းငါ့ကိုနိုင်နိုင်တဲ့ အခွင့်အရေးမရှိဘူး"
စကားဆုံးသည်နှင့်ကျိုးဟောင်အားလက်ညှိုးထိုးလိုက်ရာ စွမ်းအားပြင်းသောအားတစ်ခုထွက်ပေါ်လာခဲ့သည်။
ဤစွမ်းအားမှာအနည်းငယ်စွမ်းအားကြီးပေရာ ကျိုးဟောင်မှာမျက်မှောင်ကြုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာချက်ချင်းပင်ဖျက်ခနဲပျောက်သွားခဲ့သည်။
ဤစွမ်းအားမှာအားကြီးသော်ငြား တစ်ဖက်လူမှာကျိုးဟောင်အားလက်ဖြင့်ညွှန်ရုံဖြင့်အနိုင်ယူနိုင်မည်ဟုယုံကြည်နေခြင်းသည် အလွန်ဘဝင်မြင့်ရာကျပေသည်။
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာလက်သီးတစ်ချက်ထိုးလိုက်သည်။ ကျိုးဟောင်မှာမည်သည့်အထူးကျင့်ကြံရေးသိုင်းမှမသုံးထားသော်ငြား ရိုးရှင်းသောတိုက်ခိုက်မှုဟုတွေးကာ အထင်သေးလို့မရပေ။မျက်စိကျစရာကောင်းသော ကျင့်ကြံရေးသိုင်းအားလုံးမှာ စွမ်းအားကြီးသောခွန်အားရှေ့တွင်ဘာမှအသုံးမဝင်ပေ။
ကျိုးဟောင်၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားပြီး ချက်ချင်းပင်ရှောင်လိုက်သည်။ နင်ယွမ်ဖုန်းမှာထိုမြင်ကွင်းအားကြည့်ပြီးပြုံးလိုက်သည်။
"ကြည့်ရတာမင်းကအရည်အချင်းတော့ရှိပုံပဲ ဒါပေမဲ့အရမ်းနှေးနေသေးတယ်"
နင်ယွမ်ဖုန်းမှာပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်သည်လည်းနေရာမှချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။ ပြန်ပေါ်လာချိန်တွင်ကျိုးဟောင်၏အနောက်သို့ရောက်နေပြီဖြစ်ပြီး ကျိုးဟောင်အားကန်လိုက်သည်။
နင်ယွမ်ဖုန်း၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာအားမကြီးသော်ငြား သူသည်ကောင်းကင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပေရာ သာမန်ထက်တော့ထူးခြားပေသည်။
ကျိုးဟောင်မှာနင်ယွမ်ဖုန်း၏အရှိန်အားအံ့သြနေပြီး အချိန်မီမတုံ့ပြန်နိုင်လိုက်ပေရာအကန်ခံလိုက်ရပြီးအမူအရာမှာလည်းပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာနောက်သို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ပြုက်ကျသွားကာတွင်းပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့သည်။
ကျိုးဟောင်၏အမူအရာမှာအတော်လေးပျက်ယွင်းသွားခဲ့သည်။
"ဒီလူကအရမ်းမြန်တယ် သူကခရစ်ထက်တောင်မြန်မလားမသိဘူး"
ကျိုးဟောင်မှာအနည်းငယ်ထိတ်လန့်သွားခဲ့သော်ငြား ဒဏ်ရာများများစားစားရမသွားခဲ့ပေ။ သူ၏စွမ်းအားကြီးသောခန္ဓာကိုယ်နှင့်မူလသစ်သား၏အနှစ်သာရစွမ်းအားအားဖြည့်ပေးမှုတို့ဖြင့် ချက်ချင်းပင်မူလအခြေအနေသို့ပြန်ရောက်သွားခဲ့သည်။
နင်ယွမ်ဖုန်း၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။သူသည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူ့ကန်ချက်သည်ကျိုးဟောင်အားမသေစေလျှင်ပင်အနည်းဆုံးသွေးအန်အောင်တော့လုပ်နိုင်ပေသည်။ သို့သော်အချိန်ခဏမျှသာဖရိုဖရဲဖြစ်သွားပြီးမူလအခြေအနေသို့ပြန်ရောက်သွားခဲ့သည်။ ဘာဖြစ်နေသလဲဆိုသည်ကိုနင်ယွမ်ဖုန်းတစ်ယောက်နားမလည်နိုင်ပေ။
"ဘလူးသူ့ကိုမနိုင်တာမဆန်းတော့ဘူး အခုလိုရုပ်ပိုင်းဆိုင်ရာစွမ်းအားနဲ့ဆို သာမန်လူတွေသူ့ကိုတကယ်မနိုင်လောက်ဘူး ပြီးတော့ သူ့ရဲ့ဒဏ်ရာပြန်ကုသတဲ့နှုန်းကလည်းအရမ်းစွမ်းအားကြီးတယ် သေချာပေါက်သူ့ကိုယ်ပေါ်မှာရတနာတစ်ခုခုရှိရမယ် ဒီတိုက်ပွဲကတကယ်ကိုတိုက်ဖို့ခက်တယ်"
နင်ယွမ်ဖုန်းမှာချက်ချင်းပင်ခန့်မှန်းလိုက်ကာအသက်ပြင်းပြင်းရှူပြီး ကျောပိုးအိတ်ထဲမှချပ်ဝတ်အားထုတ်လိုက်သည်။
ထိုချပ်ဝတ်မှာအနက်ရောင်ဖြစ်ကာရှေးဟောင်းအငွေ့အသက်တစ်ခုရပေသည်။ အပေါ်တွင်ရှေးဟောင်းမူလကျောက်စာများပင်ပါသေးသည်။
အားလုံးမှာထိုချပ်ဝတ်အားမြင်ပြီးနောက်အံ့သြသွားကြသည်။ ချပ်ဝတ်မှလှုပ်ရှားနေသည့်စွမ်းအားအတက် အကျအား အားလုံးခံစားမိပေသည်။
ဤပစ္စည်းသည်သာမန်မဟုတ်လောက်ပေ။
"ဒါက.....ရှေးဟောင်းချပ်ဝတ်လား အရင်လူသားမျိုးနွယ်ရဲ့ပစ္စည်းလား"
"ဟုတ်တယ် ဒါသေချာပေါက်ရှေးဟောင်းချပ်ဝတ်ဖြစ်ရမယ်ငါကြားတာတော့နင်မိသားစုကရှေးဟောင်းသိုင်းပညာရှင်မိသားစုတဲ့ လျှို့ဝှက်နက်နဲတဲ့နိုင်ငံတစ်ခုရှိတယ်တဲ့ ဒီလျှို့ဝှက်နက်နဲတဲ့နိုင်ငံကသူတို့ရဲ့အမွေတဲ့ ဒီပစ္စည်းကသေချာပေါက်အဲဒီကလာတာဖြစ်မယ်"
အားလုံးမှာပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်ဖြစ်နေကြပေသည်။
အားလုံးအံ့သြသွားရသည့်အကြောင်းအရင်းမှာဤပစ္စည်းသည်သာမန်ထက်ထူးခြား၍ဖြစ်သည်။ သို့သော်ကျိုးဟောင်အံ့သြသွားရသည့်အကြောင်းအရင်းမှာ ဤချပ်ဝတ်ပေါ်တွင်တကယ်ပင်မူလကျောက်စာတစ်ခုဆွဲထား၍ဖြစ်သည်။
"နောက်ထပ်မူလကျောက်စာ....ကြည့်ရတာဒီမူလကျောက်စာကတကယ်ကိုနေရာတိုင်းမှာရှိနေတာပဲ"
ကျိုးဟောင်မှာဤချပ်ဝတ်အကြောင်းမသိသော်ငြား ၎င်းသည်သေချာပေါက်ထူးခြားသည့်ပစ္စည်းဖြစ်ကြောင်းကိုတော့သိပေသည်။မဟုတ်ပါက နင်ယွမ်ဖုန်းမှာထိုပစ္စည်းအားထုတ်မည်မဟုတ်ပေ။
"ငါဒီချပ်ဝတ်ကိုထုတ်တာမင်းဂုဏ်ယူသင့်တယ်ကျိုးဟောင်"
နင်ယွမ်ဖုန်းမှာသရော်ပြုံးပြုံးကာ ဤပွဲ၏အနိုင်ရသူအားဆုံးဖြတ်ပြီးသည့်ပုံနှင့်ပြောလိုက်သည်။
ထို့နောက်ချပ်ဝတ်အားချက်ချင်းဝတ်လိုက်သည်။ ထိုပစ္စည်းမှာအရုပ်နှင့်တူသော်ငြား ဝတ်လိုက်ချိန်တွင်ကွက်တိကျပေသည်။ သူ၏ခန္ဓာကိုယ်ထက်ကိုယ်ကျပ်ဝတ်စုံတစ်ခုဝတ်ဆင်ထားသလိုပင်။ မျက်လုံးနှင့်နှာခေါင်းသာဖော်ထားပြီးတစ်ကိုယ်လုံးမဲနက်နေပေရာ ကြည့်ရပင်ဆိုးပေသည်။
ကျိုးဟောင်မှာဤမြင်ကွင်းအားမြင်သောအခါ အနည်းငယ်လေးနက်သွားခဲ့သည်။ သို့သော်စိုးရိမ်နေခြင်းတော့မရှိပေ။ သူ့အားဤပစ္စည်းလောက်ဖြင့်သတ်ရန်ကြံနေခြင်းသည် အရူးအိပ်မက်မက်နေသလိုသာဖြစ်သည်။
"ငါတိုက်ခိုက်တော့မယ် ကျိုးဟောင်မင်းသတိထားတော့"
ထိုစကားအားပြောပြီးနောက် နင်ယွမ်ဖုန်းမှာချက်ချင်းပင်လှုပ်ရှားလာတော့သည်။ ယခုတစ်ကြိမ်တွင်သူ၏အရှိန်မှာပို၍ပင်မြန်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကျိုးဟောင်၏အမြင်မှပျောက်ကွယ်သွားကာ ဘေးတွင်ပေါ်လာခဲ့သည်။
လက်ထဲရှိချပ်ဝတ်မှာအနက်ရောင်ဓားအဖြစ်ပြောင်းလဲသွားကာချက်ချင်းပင်ကျိုးဟောင်၏အသားအားဖြတ်တောက်သွားခဲ့ပေရာ သွေးများစီးကျလာခဲ့သည်။
ကျိုးဟောင်၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ သူသည်လက်အားဝေ့ယမ်းလိုက်ကာ သစ်တောစိမ်းသိုင်းအားသုံးလိုက်ပေရာ များစွာသောနွယ်ပင်များပေါ်ထွက်လာပြီး နင်ယွမ်ဖုန်းအားလွှမ်းခြုံသွားခဲ့သည်။
သို့သော်ချက်ချင်းဆိုသလိုပင် အမဲရောင်ပုံရိပ်မှာထိုနွယ်ပင်များအားဖျက်ဆီးပစ်လိုက်ပြီး နွယ်ပင်အပိုင်းအစများကြားမှလမ်းလျှောက်ထွက်လာခဲ့သည်။
....................................................................................
အခန်း (၅၃၆) ပြီးပါပြီ။
အခန်း (၅၃၇) : အရှိန်အားယှဥ်ခြင်း
ကျိုးဟောင်၏အမူအရာမှာအလွန်ပျက်ယွင်းသွားခဲ့သည်။ ရှေးဟောင်းချပ်ဝတ်ဝတ်ထားသည့်နင်ယွမ်ဖုန်းမှာ တကယ်ပင်စွမ်းအားကြီးလှသည်။ သူ၏အရှိန်မှာအလွန်မြန်ပြီး တိုက်ခိုက်ရေးစွမ်းအားမှာလည်းအလွန်မြင့်သည်။ ထို့အပြင်တိုက်ခိုက်ရေးစွမ်းအားမှာလည်းခန့်မှန်းလို့မရပေ။
ကျိုးဟောင်မှာအနည်းငယ်လေးနက်သွားခဲ့သော်လည်း လက်ရှိအချိန်တွင် အလွန်စိုးရိမ်နေခြင်းမရှိပေ။ အကြောင်းမှာသူ၏သိုင်းပညာအတော်များများအားထုတ်မသုံးရသေးပေ။
"ခုလိုအချိန်မှာဒီလိုလုပ်တာကနည်းနည်းအန္တရာယ်များပေမဲ့ ဒါကတကယ်ကိုအခွင့်အရေးကောင်းတစ်ခုပဲ"
ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူပြီးမျက်လုံးအားမှိတ်လိုက်သည်။ ထို့နောက်ချက်ချင်းပင်အတွေးအားအကောင်အထည်ဖော်လိုက်သည်။ ထို့နောက်စိတ်စွမ်းအားအားချက်ချင်းပင်သုံးလိုက်သည်။ သူယခုလုပ်နေသည်မှာ နင်ယွမ်ဖုန်းအားအသုံးချကာသူ၏စိတ်စွမ်းအားလေ့ကျင့်ရန်ကြိုးစားနေခြင်းဖြစ်သည်။
ဤသည်မှာကျိုးဟောင်အမြဲတမ်းလုပ်ချင်သောအရာဖြစ်ပြီး အမြဲတမ်းလိုက်နာသောစည်းမျဥ်းလည်းဖြစ်သည်။ လေ့ကျင့်ရန်အခွင့်အရေးရနေချိန်တွင် သူသည်သေချာပေါက်စိတ်ပျော့နေမည်မဟုတ်ပေ။ ထို့ကြောင့် အကယ်၍ခရစ်နှင့်အခြားလူများသာ လက်ရှိအချိန်ရှိသူ့အားမြင်ပါက သေချာပေါက်ဒေါသထွက်ကြမည်ဖြစ်သည်။
ယခုလိုအချိန်တွင်သူဘာကြောင့်ဒီလိုလုပ်နေရပါသနည်း။ သို့သော်ဤအရာသည်ကျိုးဟောင်၏ ရပ်တည်ချက်ဖြစ်သည်။ သူ၏စွမ်းအားတိုးလာစေရန် အသက်ကိုစွန့်ရပေမည်။ ကျိုးဟောင်မှာသူ၏စိတ်စွမ်းအားအားလှည့်ပတ်လိုက်ကာနင်ယွမ်ဖုန်း၏လှုပ်ရှားမှုတိုင်းကိုအာရုံစိုက်လိုက်သည်။ လက်ရှိအချိန်တွင်နင်ယွမ်ဖုန်း၏ခန္ဓာကိုယ်မှာပုံရိပ်ယောင်များအဖြစ်ပြောင်းလဲသွားပြီးကျိုးဟောင်အားတိုက်ခိုက်လာခဲ့သည်။
ကျိုးဟောင်မှာအလွန်အာရုံစိုက်နေသော်ငြားနင်ယွမ်ဖုန်း၏အရှိန်မှာအလွန်လျင်မြန်လှပေရာ ကျိုးဟောင်လိုက်မမီပေ။ တိုက်ပွဲအတွင်းကျိုးဟောင်၏ခန္ဓာကိုယ်မှာချက်ချင်းပင်ဒဏ်ရာရလာခဲ့ပြီး ဒဏ်ရာများစွာရလာခဲ့ပြီး သွေးတစ်ပွက်အန်လိုက်ရသည်။
"အရမ်းမြန်တယ် ငါ့ရဲ့လက်ရှိစိတ်စွမ်းအားကအမီလိုက်နိုင်ဖို့ဆိုအဝေးကြီးလိုသေးတယ်"
ကျိုးဟောင်မှာအံ့သြသွားသော်ငြားလက်မလျှော့ပေ။ နင်ယွမ်ဖုန်းမှာမျက်မှောင်ကြုတ်သွားခဲ့ပြီးဘာမှမပြောနိုင်ပေ။
"မင်းရဲ့ခန္ဓာကိုယ်ကတကယ်ကိုထူးခြားတယ် ဒါပေမဲ့ တကယ်လို့ငါမင်းကိုတစ်ခါနှစ်ခါဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုရင် အခါရာချီထောင်ချီဒဏ်ရာရအောင်လည်းလုပ်နိုင်တယ် မင်းရဲ့ဒဏ်ရာပြန်ကောင်းတဲ့နှုန်းကအရမ်းစွမ်းအားကြီးပေမဲ့ မင်းရဲ့အရှိန်ကတော့ငါ့ကိုမမီဘူး အဲဒါကြောင့်ဒီတိုက်ပွဲမှာ မင်းရှုံးပြီ"
နင်ယွမ်ဖုန်းမှာရလဒ်အားကြိုသိနေပုံဖြင့် အဆုံးသတ်အားကြေညာလိုက်သည်။
"အဲဒီလိုလား မင်းခုနက ငါရှုံးပြီလို့ပြောလိုက်တာလား"
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာစိတ်ထဲထားမနေပေ။ သူသည်တစ်ဖက်လူအားအပြင်းအထန်တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ သူ၏စိတ်စွမ်းအားကိုသာလေ့ကျင့်လိုခြင်းဖြစ်သည်။ ထို့ကြောင့်တစ်ဖက်လူအားအချိန်ခဏတာမျှ ဘဝင်မြင့်ခွင့်ပေးရန်ဆုံးလိုက်သည်။
"ခေါင်းမာလိုက်တာ ဒီလိုဆိုလည်းသေလိုက်တော့"
နင်ယွမ်ဖုန်းမှာအချိန်ဖြုန်းမနေတော့ပေ။ သူ၏ခန္ဓာကိုယ်မှာပုံရိပ်ယောင်များအဖြစ်ပြောင်းလဲသွားကာ အလွန်လျင်မြန်လှသောအရှိန်နှုန်းဖြင့်တိုက်ခိုက်လာခဲ့သည်။ ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်ကာလှံကိုသုံးပြီးရှိသမျှအားဖြင့်တိုက်ခိုက်မှုအားခုခံလိုက်သည်။ အစပိုင်းတွင်ကျိုးဟောင်မှာလုံးဝမခုခံနိုင်ပေ။ သို့သော် တဖြည်းဖြည်း ကျိုးဟောင်မှာတိုက်ခိုက်မှု ၁၀ ခုတွင် ၃ ခုလောက်အားရှောင်နိုင်လာခဲ့သည်။
ဤတိုးတက်မှုမှာကျိုးဟောင်အတွက်အတော်လေးတန်ဖိုးရှိပေသည်။ အချို့လူများမှာဤမျှလောက်တိုးတက်လာသည်ကိုများများစားစားမတွေးလောက်သော်ငြား ကျိုးဟောင်မှာမူဤတိုးတက်မှုသည်သူ၏ကြိုးစားမှုရလဒ်ဖြစ်ကြောင်းသဘောပေါက်ပေသည်။
"ဟမ့် မင်းဘယ်လောက်ထိခံမလဲကြည့်ရသေးတာပေါ့"
နင်ယွမ်ဖုန်းမှာနှာခေါင်းရှုံ့လိုက်ပြီးညှာတာမှုမရှိပေ။ တစ်ခဏအတွင်းကျိုးဟောင်၏ခန္ဓာကိုယ်မှာသွေးများဖြင့်ဖုံးလွှမ်းနေပြီး ဒဏ်ရာများစွာပေါ်လာခဲ့သည်။
အကယ်၍အခြားတစ်ယောက်ဆိုပါကအစောကြီးကတည်းက သွေးထွက်လွန်ကာသေသွားလောက်ပြီဖြစ်သော်ငြား ကျိုးဟောင်မှာစူးရှသောမျက်လုံးများဖြင့်နင်ယွမ်ဖုန်းအားကြည့်နေဆဲပင်ဖြစ်သည်။ ကျိုးဟောင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာထူးခြားသည့်အပြင် မူလသစ်ပင်၏ဒဏ်ရာကုသနှုန်းမှာလည်းကောင်းမွန်လှပေရာ အချိန်တစ်ခုအထိတော့တောင့်ခံနိုင်သေးပေသည်။
နင်ယွမ်ဖုန်းသည်လည်းဤအချက်အားသိပေရာ အလောတကြီးဖြစ်မနေဘဲ နှာခေါင်းရှုံ့ကာတိုက်ခိုက်လိုက်သည်။ ခပ်ရေးရေးပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာပြီး သူ့လက်ထဲရှိထက်ရှသောဓားသွားမှာ ကျိုးဟောင်၏ အရေပြားမှသွေးအားထုတ်ယူသွားခဲ့သည်။
ကျိုးဟောင်မှာတဖြည်းဖြည်းအသားကျလာခဲ့သည်။ သို့သော်သူ၏စိတ်စွမ်းအားလေ့ကျင့်မှုသည်တစ်နေ့တည်းဖြင့်ပြီးမြောက်နိုင်သောအရာမဟုတ်ကြောင်းကျိုးဟောင်သိပေသည်။ အခြေခံအားဖြင့်ပြောရလျှင်သူ၏စွမ်းအားသည်ယနေ့တွင်အများကြီးထပ်တိုးတက်တော့မည်မဟုတ်ပေ။ ထို့ကြောင့်ပြုံးကာလှံအားသိမ်းလိုက်သည်။
ထိုမြင်ကွင်းအားကြည့်ပြီးနင်ယွမ်ဖုန်းမှာခေတ္တမျှမှင်တက်သွားပြီးနောက်နှာခေါင်းရှုံ့လိုက်သည်။
"ဘာလဲ လက်လျှော့တော့မလို့လား အစောကြီးကတည်းကလက်လျှော့ရမှာ"
နင်ယွမ်ဖုန်းမှာပြုံးကာဘဝင်မြင့်နေသောပုံဖြင့်ပြောလိုက်သည်။
"နင်ယွမ်ဖုန်းမင်းကအရမ်းဘဝင်မြင့်လွန်းတယ် မင်းမှာချပ်ဝတ်ကောင်းကောင်းရှိတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ပြိုင်ဘက်ကင်းတယ်ထင်နေတာလား မင်းမှားသွားပြီ"
အပြောနှင့်အတူကျိုးဟောင်မှာလက်အားဝေ့ယမ်းလိုက်ရာ ငှက်မွေးတစ်ထောင်ချပ်ဝတ်ပေါ်လာပြီး ကျိုးဟောင်၏ကိုယ်ပေါ်သို့ရောက်ရှိသွားခဲ့သည်။
ရှေးဟောင်းချပ်ဝတ်နှင့်မတူဘဲ ကျိုးဟောင်၏ အဖြူရောင်ချပ်ဝတ်မှာကိုယ်ပေါ်တွင်ငှက်မွေးများကပ်နေသည်နှင့်တူပြီး အလွန်ထူးခြားလှပေသည်။
ဤမြင်ကွင်းမှာနင်ယွမ်ဖုန်းအပါအဝင်အားလုံးကိုထိတ်လန့်သွားစေခဲ့သည်။
ကျိုးဟောင်၏ချပ်ဝတ်အားကြည့်ပြီးနောက် နင်ယွမ်ဖုန်းမှာမျက်မှောင်ကြုတ်သွားခဲ့သည်။ချပ်ဝတ်မှထွက်ပေါ်နေသောထူးခြားသည့်စွမ်းအားကိုလည်းခံစားမိလိုက်ပေသည်။
ကျိုးဟောင်မှာပြုံးကာနင်ယွမ်ဖုန်းအားကြည့်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားကာ ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
ထိုအရှိန်အားနင်ယွမ်ဖုန်းပင်မမီပေ။
ငှက်မွေးတစ်ထောင်ချပ်ဝတ်၏တိုက်ခိုက်ရေးစွမ်းအားမှာ ရှေးဟောင်းချပ်ဝတ်ယှဥ်ပြိုင်နိုင်သောအရာမျိုးမဟုတ်ပေ။ ထို့အပြင် ကျိုးဟောင်၏ရွှေကျီးလွတ်မြောက်ရေးသိုင်းပင်အလွန်မြန်နေပြီဖြစ်သည်။ နင်ယွမ်ဖုန်းမှာကျိုးဟောင်၏ပုံရိပ်ကိုသာမြင်လိုက်ရပြီးတကယ့်ခန္ဓာကိုယ်အားမမြင်လိုက်ရပေ။ ကျိုးဟောင်မှာနင်ယွမ်ဖုန်း၏ နောက်တွင်ပေါ်လာခဲ့ပြီး လက်သီးဆုပ်ကာနင်ယွမ်ဖုန်းအားထိုးလိုက်သည်။
"ငါ့အထင်တော့မင်းကအရှိန်ကိုပြိုင်ချင်တာဟုတ်တယ်မလား နင်ယွမ်ဖုန်း ဒါဆိုဘယ်သူပိုမြန်မလဲဆိုတာပြိုင်ကြည့်ကြတာပေါ့"
ကျိုးဟောင်မှာသရော်ပြုံးပြုံးလိုက်သည်။ နင်ယွမ်ဖုန်းမှာထိုလက်သီးချက်အားအလျင်အမြန်ပင်ခုခံလိုက်သော်ငြား သူ၏စွမ်းအားဖြင့်ကျိုးဟောင်၏လက်သီးချက်အားခုခံရန်မှာမဖြစ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းသူ၏ခန္ဓာကိုယ်ပေါ်သို့လက်သီးချက်မှာပြင်းထန်စွာကျရောက်လာခဲ့ပြီး သွေးအန်လိုက်ရကာနောက်သို့လွင့်ထွက်သွားခဲ့သည်။
နင်ယွမ်ဖုန်းမှာကျိုးဟောင်၏အရှိန်အားလိုက်မမီနိုင်ဖြစ်မည်ဟုမထင်ထားခဲ့ပေ။ ဤအချက်သည်သူ့အားအလွန်ဒေါသဖြစ်စေပေသည်။
သူ၏ကိုယ်ပေါ်ရှိရှေးဟောင်းချပ်ဝတ်မှာကြောက်မက်ဖွယ်ရာစွမ်းအင်အတက်အကျတို့ထုတ်လွှတ်နေသည်။ သူ၏အမူအရာမှာမပြောင်းလဲသွားသော်လည်း ကျေနပ်မည်မဟုတ်ကြောင်းကိုတော့တွေးကြည့်ရုံဖြင့်သိပေသည်။
"မင်းငါ့ရဲ့အရှိန်ကိုကျော်နိုင်မယ်လို့ထင်နေတာလား ဒါကမဖြစ်နိုင်ဘူး လက်ရှိအချိန်မှာငါတို့ရဲ့နေရာကပြောင်းသွားပြီ ဒါပေမဲ့မင်းရဲ့ဒဏ်ရာပြန်ကောင်းတဲ့နှုန်းက ငါ့လောက်မြန်ပါ့မလားဆိုတာသိချင်မိတယ်"
ကျိုးဟောင်မှာပြုံးလိုက်ပြီးလှုပ်ရှားသွားကာ လက်သီးဖြင့်ထပ်မံတိုက်ခိုက်လိုက်သည်။
ဤတိုက်ခိုက်မှုတွင်ကျိုးဟောင်မှာစွမ်းအားအပြည့်မသုံးထားပေ။ တစ်ဖက်တွင်ရှေးဟောင်းချပ်ဝတ်၏အကူအညီဖြင့်နင်ယွမ်ဖုန်း၏ခုခံမှုမှာလည်းအလွန်လန့်စရာကောင်းလှသည်။ သို့သော်တစ်ဖက်လူမှာသွေးအန်လိုက်ရပေသည်။
ကျိုးဟောင်၏လက်သီးချက်တိုင်းမှာနင်ယွမ်ဖုန်းအားသွေးအန်စေပြီး အချိန်ကြာလာသည်နှင့်အမျှ အခြေအနေဆိုးလာခဲ့သည်။
"အဟွတ်...."
နင်ယွမ်ဖုန်းမှာသွေးတစ်လုတ်အားအန်လိုက်ရပြီးသူ၏အမူအရာမှာလည်းအတော်လေးဆိုးဝါးနေခဲ့သည်။ သူသည်ဒေါသဖြစ်ချင်သော်ငြား ဒေါသထွက်ရုံဖြင့်ပြဿနာကိုမဖြေရှင်းနိုင်မှန်းသိပေသည်။ ထို့ကြောင့်ဘလူးနှင့်အခြားနှစ်ယောက်အားစကားတစ်ခွန်းမှမဆိုဘဲလှမ်းကြည့်လိုက်သည်။
"အားလုံး ဒီတိုင်းပဲကြည့်နေတော့မှာလား ဒီလူရဲ့တိုက်ခိုက်ရေးစွမ်းအားကိုအားလုံးလည်းမြင်ကြတာပဲ တကယ်လို့ဒီတိုင်းဆက်သွားနေရင်ငါတို့ဘယ်သူမှဒီချစ်ပ်ပြားကိုရတော့မှာမဟုတ်ဘူး မင်းလည်းလက်စားချေနိုင်တော့မှာမဟုတ်ဘူး ပြီးတော့ဝီလီယမ် မင်းလည်းမင်းစုပ်ချင်တဲ့သွေးစုပ်ရမှာမဟုတ်ဘူး"
လက်ရှိအချိန်တွင်နင်ယွမ်ဖုန်းမှာကျိုးဟောင်အားအနိုင်မယူနိုင်မှန်းသိပေရာ ပြင်ပအကူအညီရှာရုံသာတတ်နိုင်တော့သည်။ မည်သို့ပင်ဖြစ်စေရန်သူ၏ရန်သူသည် မိမိ၏မိတ်ဆွေပင်ဖြစ်သည်။
ထိုစကားအားကြားသောအခါ ကျန်သုံးယောက်၏ အမူအရာမှာလည်းပြောင်းလဲသွားခဲ့သည်။
သူတို့အားလုံးတွင်လည်းကျိုးဟောင်အားတိုက်ခိုက်ချင်သောအကြောင်းပြချက်ရှိပေသည်။ တစ်ယောက်သည်လက်စားချေလိုပြီး နောက်တစ်ယောက်မှာသွေးစုပ်ချင်ကာ အခြားတစ်ယောက်မှာမူကျိုးဟောင်အား သူ၏ အချစ်ပြိုင်ဘက်ဟုထင်နေပေသည်။ အတိုချုံးပြောရသော် သုံးယောက်လုံးတွင်အကြောင်းပြချက်ရှိပေသည်။
သို့သော်အားလုံးသည် နာမည်ကြီးပါရမီရှင်များဖြစ်ကြပေရာ ယခုလိုဝိုင်းတိုက်ခိုက်ခြင်းသည် သူတို့၏သိက္ခာအားကျစေပေသည်။
သို့သော်ဘလူးမှာလုံးဝဂရုမစိုက်ပေ။ ပထမဆုံးရှေ့ထွက်လာသူမှာသူဖြစ်ပြီ သူ့နောက်တွင်ဝီလီယမ်ထွက်လာခဲ့သည်။
ခေတ္တမျှတွေဝေနေပြီးနောက် ဖုန်းပိုင်ချွမ်းသည်လည်းရှေ့ထွက်လာခဲ့သည်။ သူတို့လေးယောက်မှာအလျင်အမြန်ပင်ကျိုးဟောင်အားဝိုင်းလိုက်ကြသည်။
...................................................................................
အခန်း (၅၃၇) ပြီးပါပြီ။