အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အခန်း (၅၃၈) : လေးယောက်တစ်ယောက်
ကျိုးဟောင်မှာထိုမြင်ကွင်းအားမြင်သောအခါသူ၏ အမူအရာမှာချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။
"အားလုံးပဲ ကိုယ့်သိက္ခာကိုယ်မငဲ့ဘဲတကယ်ပဲ ငါ့ကိုအတူပူးပေါင်းပြီးတိုက်ကြတော့မလို့လား"
ကျိုးဟောင်၏စကားများမှာသရော်လိုမှုများဖြင့်ပြည့်နေပြီးအဓိပ္ပာယ်မှာသိသာပေသည်။ သူသည်ဤလူအားလုံးအားအရှက်မရှိဘူးဟုပြောလိုခြင်းဖြစ်သည်။
အားလုံးသည်လည်းဤအချက်အားသိကြပေသည်။ မည်သို့ပင်ဖြစ်စေဤနေရာတွင်ရှိနေသူများမှာတုံးအနေကြသူများမဟုတ်ပေ။ အားလုံးမှာကြီးမားသောအဖွဲ့အစည်းကြီးများ၏လူငယ်ပါရမီရှင်များဖြစ်ကြသည်။ သို့သော်လက်ရှိအချိန်တွင်သူတို့သည် စစ်နတ်ဘုရားတပ်ဖွဲ့မှလူတစ်ယောက်အားဖြေရှင်းရန်အတူပူးပေါင်းနေကြပေသည်။ အကယ်၍ဤသတင်းသာပျံ့သွားပါက သိက္ခာကျမည်ဖြစ်သည်။
နင်ယွမ်ဖုန်းမှာနှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ကျိုးဟောင် မင်းကအရမ်းစွမ်းအားကြီးတယ်ဒါပေမဲ့ ဒီလောကကြီးမှာစွမ်းအားကြီးတဲ့သူမရှားဘူး အသက်ရှင်နိုင်တဲ့လူပဲရှားတာ စကားပုံအတိုင်းပဲ သမိုင်းဆိုတာအနိုင်ရတဲ့လူတွေပဲရေးရတာ ဒါကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး မင်းကိုငါတို့အတူပေါင်းတိုက်တာရှက်စရာကောင်းတယ်ဆိုတာသိတယ် ဒါပေမဲ့သတင်းပျံ့သွားတော့ရောဘာဖြစ်လဲ မင်းကတော့သေမှာပဲကို"
နင်ယွမ်ဖုန်းပြောသည်မှာအမှန်ပင်ဖြစ်သည်။ ဤအချက်သည်လက်တွေ့ဖြစ်သည်။ ရှေးခေတ်ကတည်းက အမြဲတမ်းယခုလိုသာဖြစ်သည်။
"မင်းတို့အရှေ့တိုင်းကလူတွေကအဓိပ္ပာယ်မရှိတဲ့စကားတွေတအားပြောကြတာပဲ ဘာတွေပြောနေစရာလိုလို့လဲ သူတော်ကောင်းယောင်တအားဆောင်တယ်"
ဝီလီယမ်ချိုက်မက်မှာသရော်လိုက်သည်။ သူ၏မျက်လုံးများမှာအထင်သေးမှုများဖြင့်ပြည့်နေသည်။ သူတို့၏ အနောက်တိုင်းတွင်ယခုလိုကိစ္စများအားဂရုမစိုက်ကြပေ။
ဘလူးသည်လည်းအတူတူပင်။
"ငါဝေဖန်ခံရရင်တောင်ဂရုမစိုက်ဘူး ကျိုးဟောင် ငါဒီနေ့မင်းကိုသေချာပေါက်သတ်ပစ်မှာ"
ဖုန်းပိုင်ချွမ်းမှာမူစကားမပြောပေ။ သူ့စိတ်ထဲမကျေနပ်ချက်ရှိ၍ကျိုးဟောင်အားသတ်ချင်ပါသည်ဟုပြောရန်မှာလည်းမဖြစ်နိုင်ပေ။
ကျိုးဟောင်မှာအားလုံးကိုကြည့်ပြီး ခပ်လွန့်လွန့်ပြုံးလိုက်ကာချက်ချင်းပင်ပြုံးလိုက်သည်။
"မင်းတို့အားလုံးကဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ့ကိုအပြစ်မတင်နဲ့တော့"
ကျိုးဟောင်မှာသရော်ပြုံးပြုံးလိုက်သည်။ ဤလူများမှာကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များသာဖြစ်သည်။ သူစစ်နတ်ဘုရားတပ်ရင်းသို့မဝင်မီက ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များအားသတ်ရသည်မှာ ခွေးလေခွေးလွင့်များအားသတ်ရသကဲ့သို့ပင်လွယ်ကူပေသည်။ လက်ရှိအချိန်တွင်သူတို့အားသတ်ရန်မှာ အားအများကြီးစိုက်ထုတ်စရာမလိုပေ။
"ဒီလူမှာသူ့ရဲ့ကျင့်ကြံဆင့်ကိုတိုးပေးနိုင်တဲ့သိုင်းရှိတယ် ဘယ်လောက်ခံလဲဆိုတာငါမသိဘူး ဒါပေမဲ့သူ့ကြည့်ရတာလုံးဝအားကုန်သွားတဲ့ပုံမပေါ်ဘူး ငါစိုးရိမ်တာခုနကငါ့ကြောင့်ဒဏ်ရာရထားတဲ့သူ့ကိုယ်ကလည်းပြန်ကောင်းသွားလောက်ပြီ ဒါကြောင့်ငါတို့ဂရုမစိုက်လို့မရဘူး"
နင်ယွမ်ဖုန်းမှပြောလိုက်သည်။
အားလုံးမှာခေါင်းညိတ်ပြကာ စွမ်းအားကြီးသောသိုင်းများအားထုတ်သုံးလိုက်ကြသည်။ နင်ယွမ်ဖုန်းမှာချပ်ဝတ်အားဝတ်ဆင်ထားဆဲပင်ဖြစ်ပြီး သူ့နောက်ရှိလေမုန်တိုင်းမှာလည်းအလွန်စွမ်းအားကြီးလှပေသည်။ ဘလူး၏ နောက်ရှိရွှေရောင်ခြင်္သေ့ဘုရင်မှာလည်းအဆက်မပြတ်အော်ဟစ်နေပြီး ဝီလီယမ်၏နောက်ကျောရှိတောင်ပံများမှာလည်းကြီးမားလာခဲ့ကာ အစွယ်များမှာလည်းကြီးလာခဲ့ပေရာအလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဖုန်းပိုင်ချွမ်းတစ်ယောက်သာသာမန်လိုဖြစ်နေခြင်းဖြစ်သည်။ သူသည်စက်ယန္တယားဓားအားထုတ်လိုက်ကာ ကြောက်မက်ဖွယ်ကောင်းသောရောင်ခြည်များထုတ်လွှတ်နေပေသည်။ သူ့သည်လည်းလျှော့တွက်လို့မရသောပြိုင်ဘက်တစ်ယောက်ဖြစ်သည်။
ကျိုးဟောင်မှာလက်ရှိအချိန်တွင်ထိန်းချုပ်မထားတော့ဘဲ ကျင့်ကြံရေးစွမ်းအားများအားထုတ်လိုက်ပေရာတစ်ရှိန်ထိုးတက်လာခဲ့သည်။ ထိုစွမ်းအားသည်အလွန်စွမ်းအားကြီးလှပေရာအားလုံးကိုထိတ်လန့်သွားစေခဲ့သည်။
"မင်းတို့တွေကသေချင်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့တော့"
ကျိုးဟောင်စကားဆုံးသည်နှင့် သူ၏ကျင့်ကြံဆင့်မှာတစ်ရှိန်ထိုးမြင့်တက်လာပြီး ကောင်းကင်ဘုံအဆင့်အားထိုးဖောက်လုနီးနီးပင်ဖြစ်သွားခဲ့ပေရာ အားလုံးမှာပို၍ထိတ်လန့်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကျိုးဟောင်၏ခန္ဓာကိုယ်မှာပျောက်သွားခဲ့ပြီး များစွာသောနွယ်ပင်များပေါ်လာခဲ့သည်။
ဤသည်မှာကျိုးဟောင်၏သစ်စိမ်းတောသိုင်းဖြစ်သည်။ သူထိုသိုင်းအားသုံးရသည့်ရည်ရွယ်ချက်မှာ သူတို့၏လှုပ်ရှားမှုများအားနှောင့်ယှက်လို၍ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ကျိုးဟောင်၏ပုံရိပ်မှာဘလူး၏ရှေ့တွင်ပေါ်လာခဲ့သည်။
ဤလူမှာသူ့အားအသတ်ချင်ဆုံးလူဖြစ်ပေရာ ကျိုးဟောင်သည်လည်းသူ့အားအလွတ်ပေးမည်မဟုတ်ပေ။
ထို့အပြင်ယခုအချိန်တွင်ဘလူးသည်ဒဏ်ရာအပြင်းအထန်ရထားပေရာ အကယ်၍သူ့အားသတ်ရန်အကောင်းဆုံးကြိုးစားပါကအခွင့်အရေးရှိနိုင်ပေသည်။
ကျိုးဟောင်၏ထွက်ပေါ်လာမှုမှာဘလူး၏အမူအရာအားသိသိသာသာပြောင်းသွားစေခဲ့သည်။ ဘလူးမှာကြုံးဝါးလိုက်ပေရာ နောက်ဘက်ရှိရွှေရောင်ခြင်္သေ့ကြီးမှာ သူ၏ခန္ဓာကိုယ်ပေါ်ဖွဲ့စည်းလာသည်မှာ သူနှင့်တစ်သားတည်းပေါင်းစပ်သွားပုံပင်။
ကိုယ်ပေါ်တွင်အညိုရောင်အမွေးများထွက်လာခဲ့ပြီး ခန္ဓာကိုယ်မှာလည်းသန်မာလာခဲ့သည်။ ကြွက်သားများမှာလည်းကြီးမားလာပေရာ သူ၏ပုံစံမှာပို၍ပင်အားကြီးလာသလိုပင်။
"သေလိုက်တော့"
ဘလူးမှာအော်ဟစ်လိုက်ကာကျိုးဟောင်ထံကြမ်းကြုတ်စွာပြေးဝင်သွားခဲ့သည်။
ဤစွမ်းအားကြီးသည်ဟုထင်ရသောတိုက်ခိုက်မှုမှာကျိုးဟောင်၏မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။ ထိုစွမ်းအားမှာတကယ်ပင်သေးငယ်လှပေသည်။ ကျိုးဟောင်မှာလက်တစ်ဖက်အားဖြေးညှင်းစွာဆန့်ထုတ်လိုက်ပြီး ဘလူး၏လက်ဝါးအားတားဆီးလိုက်သည်။ ဘလူးထိတ်လန့်သွားစဉ်မှာပင်ကျိုးဟောင်မှာရက်စက်စွာတိုက်ခိုက်လိုက်သည်။
"ဘလူး မင်းကငါ့ပြိုင်ဘက်မဟုတ်ဘူး"
ကျိုးဟောင်စကားဆုံးသည်နှင့် စွမ်းအားကြီးသောအားမှာလှိုင်းလှုံးများသဖွယ်သူ၏ခန္ဓာကိုယ်ထဲသို့စီးဝင်သွားခဲ့သည်။ ဘလူးမှာသွေးများပင်အန်လိုက်ရပြီး ခန္ဓာကိုယ်တစ်ဝက်လောက်မှာပျက်စီးသွားခဲ့ကာ နောက်သို့ပြန်ဆုတ်သွားရသည်။ သူ၏ခန္ဓာကိုယ်မှာဒဏ်ရာအပြင်းအထန်ရကာမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။
မူလကကျိုးဟောင်မှာဘလူးအားတစ်ချက်တည်းဖြင့်သတ်လိုခြင်းဖြစ်သော်လည်း ဖုန်းပိုင်ချွမ်း၏ဓားအငွေ့အသက်မှာပျံ့နှံ့လာခဲ့ပြီး ကြီးမားသောဓားကွန်ယက်တစ်ခုအဖြစ်ပြောင်းသွားခဲ့သည်။
ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်ငှက်မွေးတစ်ထောင်ချပ်ဝတ်မှစွမ်းအားကြီးသောမုန်တိုင်းတစ်ခုထွက်ပေါ်လာပြီး သူ၏ဓားစွမ်းအားအားချက်ချင်းပင်ဖျက်ဆီးပစ်လိုက်သည်။ ဖုန်းပိုင်ချွမ်းမှာအလွန်အံ့ဩသွားခဲ့သည်။ ကျိုးဟောင်၏ချပ်ဝတ်ဤမျှစွမ်းအားကြီးမည်ဟု သူမထင်ထားခဲ့ပေ။ ကျိုးဟောင်မှာသူ၏ စွမ်းအားအားတစ်ချက်တည်းဖြင့်ဖျက်ဆီးပစ်လိုက်ပေသည်။
ကျိုးဟောင်မှာဤအချက်အားအံ့သြမနေပေ။သူ၏ငှက်မွေးတစ်ထောင်ချပ်ဝတ်သည် သူတော်စင်ဘုံအဆင့်ချပ်ဝတ်ဖြစ်သည်။ ဤစွမ်းအားမှာသူ့အတွက်သိပ်အားနည်းလွန်းပေသည်။ ကျိုးဟောင်မှာဖုန်းပိုင်ချွမ်းအားတစ်ချက်ကြည့်ကာပြောလိုက်သည်။
"ဖုန်းပိုင်ချွမ်း ဒါကငါတို့ပထမဆုံးအကြိမ်တွေ့တာ ငါတို့ကြားမှာဘာရန်ငြှိုးမှမရှိဘူး ငါမင်းကိုထိခိုက်အောင်မလုပ်ချင်ဘူး စွန်းယွဲ့နဲ့ငါကသူငယ်ချင်းတွေ မင်းကစွန်းမိသားစုကဆိုမှတော့ အထင်မလွဲပါနဲ့"
ကျိုးဟောင်မှာလက်သီးဖြင့် လေလှိုင်းတစ်ခုဖန်တီးလိုက်ကာ ဖုန်းပိုင်ချွမ်းအားအဝေးသို့ပို့လိုက်သည်။ သူ၏အခြေအနေမှာမကောင်းသော်ငြား ဒဏ်ရာပြင်းပြင်းထန်ထန်မရထားပေ။
ထို့နောက်ဝီလီယမ်သည်လည်းတိုက်ခိုက်လာခဲ့သည်။ လက်သည်းများသည်လည်းရှည်ထွက်လာကာ သွေးဆာနေဟန်ဖြင့် ကျိုးဟောင်ထံဝင်လာခဲ့သည်။
ကျိုးဟောင်၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားကာ ထိုလက်သည်းများအားရှောင်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်မှာပျောက်ကွယ်သွားပြီး ဝီလီယမ်၏ နောက်တွင်ပေါ်လာခဲ့သည်။ သူ၏လက်များမှာတောင်ပံများအားခပ်တင်းတင်းဆုပ်ကိုင်ပြီးဆွဲဖြဲပစ်လိုက်သည်။
"အား"
ချက်ချင်းဆိုသလိုပင် နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာခဲ့ပြီး ဝီလီယမ်၏တောင်ပံများမှာကျိုးဟောင်၏လက်ချက်ဖြင့်ဆွဲဖြဲခံလိုက်ရသည်။
"ဘာမဟုတ်တဲ့နိုင်ငံခြားသားတစ်ယောက်ကများ ငါ့သွေးကိုစုပ်ချင်သေးတယ် ဟုတ်လား"
ကျိုးဟောင်မှာဝီလီယမ်အား မြေပြင်ပေါ်သို့ကန်ထုတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာထပ်မံပျောက်ကွယ်သွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကျိုးဟောင်မှာသူတို့အားအဆုံးသတ်လိုက်ပြီဖြစ်သည်။ နောက်တစ်စက္ကန့်တွင် ကျိုးဟောင်မှာနင်ယွမ်ဖုန်း၏ရှေ့တွင်ပေါ်လာခဲ့သည်။ ဤလူသည်ကြည့်ရသည်မှာကျက်သရေရှိပြီး လူကြီးလူကောင်းဆန်သော်ငြား တကယ်တမ်းတွင်ရွံစရာကောင်းသောလူတစ်ယောက်ဖြစ်ပေရာ ကျိုးဟောင်အမုန်းဆုံးလူမျိုးပင်ဖြစ်သည်။ ထိုအချိန်တွင်ကျိုးဟောင်မှာ ထိန်းချုပ်မထားဘဲ ချက်ချင်းပင်လက်သီးဖြင့်ထိုးလိုက်သည်။
နင်ယွမ်ဖုန်းမှာ၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ ဤတိုက်ခိုက်မှုအားစွမ်းအားကုန်သုံးကာကာကွယ်ချင်သော်ငြား ဤတိုက်ခိုက်မှုသည်ကျိုးဟောင်၏စွမ်းအားအပြည့်ပါဝင်နေပေရာ တားဆီးနိုင်စွမ်းမရှိပေ။
ချက်ချင်းဆိုသလိုပင် လက်သီးချက်မှာသူ့ကိုယ်ပေါ်ကျရောက်လာခဲ့ပြီး သွေးအန်လိုက်ရကာ သူ၏အငွေ့အသက်မှာလည်း ချက်ချင်းပင်လျော့ကျသွားခဲ့သည်။ ထိုမျှသာမက သူ၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအပြင်းအထန်ရသွားကာ ခြေလက်များသာမက၊ သွေးကြောများကိုပါဒဏ်ရာရသွားစေခဲ့သည်။
"ငါမင်းကိုမသတ်ချင်ဘူး မင်းကငါတို့အရှေ့တိုင်းလူသားမျိုးနွယ်ရဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်တာကိုထောက်ထားပြီး ဒီတစ်ခေါက် ငါမင်းကိုလွှတ်ပေးလိုက်မယ် ဒါပေမဲ့တကယ်လို့နောက်တစ်ခေါက်ဆိုတာရှိလာခဲ့ရင် ငါသေချာပေါက်မင်းကိုအလွတ်မပေးဘူး"
ကျိုးဟောင်မှာစကားဆုံးသည်နှင့်ချစ်ပ်ပြားအားယူကာ စုရှောင်းယွီနှင့်ထွက်သွားရန်ပြင်လိုက်သည်။
သို့သော်ထိုအချိန်တွင် အလွန်ဆိုးဝါးသောအငွေ့အသက်တစ်ခုမှာရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင်မှာလှည့်ကြည့်လိုက်ပေရာ ထိတ်လန့်စရာမြင်ကွင်းအားမြင်လိုက်ရသည်။
ဘလူး၏နောက်တွင်မံမီတစ်ကောင်ရပ်နေပြီး ၎င်းမှာအဝေးမှနေကာကျိုးဟောင်အားလက်ညှိုးထိုးကာ အလွန်ထူးဆန်းသောစွမ်းအင်လှိုင်းတစ်ခုအားထုတ်လွှတ်နေပေသည်။
"ကျိုးဟောင်ဒါက ငါ့သက်တမ်း၃ပုံပုံ၁ပုံနဲ့လဲပြီးပြောင်းလဲထားတဲ့ စတေးခံကျိန်စာပဲ ငါ့ကျိန်စာအောက်မှာမင်းသေလိုက်တော့"
"သေခြင်းတရားကျိန်စာ"
ထိုအချိန်တွင် ဘလူး၏ရှိရှိသမျှဒွါရပေါက်များထဲမှသွေးများစီးကျလာကာ ကြုံးဝါးလိုက်တော့သည်။
....................................................................................
အခန်း(၅၃၈) ပြီးပါပြီ။
အခန်း (၅၃၉) : ကျိန်စာ
ဘလူးမှာထိုစကားအားပြောပြီးနောက် သူ့နောက်ရှိမံမီထံမှအစိမ်းရင့်ရောင်အငွေ့များထွက်လာပြီး ဘလူး၏ တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျိုးဟောင်မှာဘလူး၏ပုံရိပ်အားမမြင်ရတော့ဘဲ အစိမ်းရောင်မျက်လုံးများကိုသာမြင်ရတော့သည်။
ထိုမျက်လုံးများမှာသတ်ဖြတ်လိုစိတ်၊ ထူးဆန်းသောအငွေ့အသက်တို့ဖြင့်ပြည့်နေပေသည်။
"စဖစ်ကြောင်ရဲ့အမည်နာမနဲ့ ငါမင်းကိုကျိန်စာတိုက်တယ် ကျိုးဟောင် မင်းရဲ့အသားတွေပုပ်ပြီး သွေးအနှစ်သာရခြောက်ခန်းပြီး ဝိဉာဉ်ပျက်စီးပါစေ"
ဘလူး၏ကြုံးဝါးသံအားကြားလိုက်ရပြီးနောက် မံမီ၏မျက်လုံးထဲရှိအစိမ်းရောင်အလင်းတန်းမှာပို၍တောက်ပလာခဲ့သည်။ ထို့နောက်ကျိုးဟောင်မှာမံမီမတ်တပ်ရပ်လာသည်ကိုမြင်လိုက်ရပြီး ၎င်းထံမှပတ်တီးစများစွာထွက်ပေါ်လာကာ ဘလူး၏ကိုယ်ပေါ်သို့ရစ်ပတ်သွားခဲ့သည်။ အနီရောင်မြူခိုးများကိုလည်းစုပ်ယူသွားပြီး အဝေးမှနေ၍ကျိုးဟောင်အားလက်ညှိုးအားထိုးလာခဲ့သည်။
အားလုံးမှာဤမြင်ကွင်းအားမြင်သောအခါ ထိတ်လန့်သွားကြပြီး အမူအရာများမှာချက်ချင်းပြောင်းလဲသွားခဲ့သည်။
"ဘလူးရူးသွားပြီ သူတကယ်ကြီးကျိုးဟောင်ကိုသတ်ဖို့အတွက်နဲ့တင်စဖစ်ကိုသူ့အသက်ရဲ့သုံးပုံပုံတစ်ပုံကိုပေးလိုက်တယ်"
"ဒီစဖစ်ရဲ့ကျိန်စာကခုခံဖို့မဖြစ်နိုင်ဘူး ဒါကရှေးအီဂျစ်မှာအရက်စက်ဆုံးနဲ့ အဆိုးဝါးဆုံးချိတ်ပိတ်သိုင်းပဲ"
"ဒီသိုင်းသုံးခံလိုက်ရတာနဲ့ မင်းဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ ရလဒ်ကိုပြောင်းလဲလို့မရဘူး ကျိုးဟောင်တော့သွားပြီပဲ"
အားလုံးမှာအံ့သြတကြီးပြောနေကြပြီး ထိုထဲတွင်စုရှောင်းယွီလည်းပါပေသည်။ သူမသည်ကျိုးဟောင်အားကူညီပေးချင်သော်ငြား ကူညီလို့မရပေ။ ဤကျိန်စာသည်ဤနေရာတွင်ရှိနေသမျှအရာအားလုံးအားအကျဥ်းချထားပုံပင်။ အားလုံးမှာကျိုးဟောင်အားဝါးမြိုထားသည့်ထူးဆန်းသောအစိမ်းရောင်အငွေ့များအားမြင်နေရပေသည်။
ကျိုးဟောင်၏အမူအရာမှာသိသိသာသာပြောင်းလဲလာခဲ့သည်။ သူသည်ဤတိုက်ခိုက်မှုအားရှောင်ချင်သော်ငြားမရှောင်နိုင်ပေ။ ဤကျိန်စာမှာအလွန်စွမ်းအားကြီးကာသူ၏ခန္ဓာကိုယ်ထဲသို့ချက်ချင်းဝင်ရောက်လာခဲ့ပေသည်။
ထိုအချိန်တွင်ချက်ချင်းဆိုသလိုပင်ကျိုးဟောင်၏ဒွါရပေါက်များထဲမှသွေးများစီးကျလာခဲ့သည်။ ၎င်းမှာချက်ချင်းပင်သူ၏ကိုယ်အားဖျက်ဆီးကာ သွေးအနှစ်သာရများအားခမ်းခြောက်လာစေပေသည်။
ကျိုးဟောင်မှာတစ်ကိုယ်လုံးလောင်ကျွမ်းနေသကဲ့သို့ခံစားနေရပြီး မျက်စိတစ်မှိတ်အတွင်းအသားမျာပဲ့ကျကာ သူ၏အင်္ဂါအစိတ်အပိုင်းများမှာလည်းအလွန်အမင်းနာကျင်နေရပေရာ ကျိုးဟောင်မှာအော်ဟစ်နေပေသည်။ ကျိုးဟောင်သည်မူလသစ်သားအားသုံးကာခုခံချင်သော်ငြား ဤကျိန်စာသည်ခုခံရန်မဖြစ်နိုင်ကြောင်းသိလိုက်ပေသည်။ အကယ်၍လူတစ်ယောက်တွင်လုံလောက်သောစွမ်းအင်အနှစ်သာရရှိလျှင်ပင် ကျိန်စာ၏တိုက်စားမှုအောက်တွင်အလျင်အမြန်ကုန်ဆုံးသွားမည်သာဖြစ်သည်။
"ဒါဘာလဲ"
ကျိုးဟောင်၏ကိုယ်တွင်းရှိပျက်စီးမှုကြောင့်ကျိုးဟောင်မှာခုခံရန်ပင်အားမရှိတော့ဘဲ ချက်ချင်းဆိုသလိုပင်မြေကြီးပေါ်သို့ပြုက်ကျသွားခဲ့သည်။ ဘလူးသည်လည်းအတူတူပင်။ သူသည်သက်တမ်း၏သုံးပုံပုံတစ်ပုံအားစတေးခဲ့ပေရာ ဒဏ်ရာအပြင်းအထန်ရထားပေသည်။
"ကျိုးဟောင် ဒီနေ့မင်းဘာပြောပြောသေရတော့မှာ မင်းသေဖို့အတွက် ငါ့သက်တမ်းရဲ့သုံးပုံပုံတစ်ပုံကိုစတေးဖို့ငါဆန္ဒရှိတယ် မင်းကအရမ်းစွမ်းအားကြီးပေမဲ့ စဖစ်ရဲ့ရှေ့မှာတော့ အားနည်းသေးတာပဲ"
ဘလူးမှာသွေးတစ်ပွက်အားအန်ထုတ်လိုက်သည်။ ဤစတေးမှုသည်သူ့သက်တမ်း၏သုံးပုံပုံတစ်ပုံအားစတေးခဲ့ရပေရာ သူ့အတွက်လည်းမသက်သာပေ။ သို့သော် သူသည်မရမကအားတင်းကာကျိုးဟောင်အားကြည့်နေပေသည်။ ကျိုးဟောင်သူ့ရှေ့တွင်သေဆုံးသွားသည်ကိုမြင်ရပါက သူကျေနပ်ပေသည်။
သူ၏အသက်ဓာတ်မှာတဖြည်းဖြည်းကုန်ဆုံးလာနေကြောင်းကို ကျိုးဟောင်ခံစားမိပေသည်။ထိုခံစားချက်အားသူသည်းမခံနိုင်ပေ။
ကျိုးဟောင်မှာလှည့်ကြည့်လိုက်ပေရာ ငိုကြွေးနေသောစုရှောင်းယွီအားမြင်တွေ့လိုက်ရသည်။ သူမသည်အားကုန်သုံးကာတစ်ခုခုအားအော်ပြောနေသော်ငြား ကျိုးဟောင်မှာဘာသံကိုမှမကြားနိုင်တော့ပေ။ သူ၏ဆံပင်များမှာကျွတ်ကျလာပြီး သွားများသည်လည်းကြွေကျလာခဲ့ကာ ချက်ချင်းပင်အဖိုးကြီးတစ်ယောက်သဖွယ်အိုမင်းလာခဲ့သည်။ ထိုသို့အိုမင်းလာမှုမှာရပ်တန့်မသွားခဲ့ပေ။
ထိုအချိန်တွင် အဝေးရှိအာကာသထဲရှိ အလွန်ရှေးကျသောလေ့ကျင့်ရေးခန်းမဆောင်တစ်ခုထဲရှိ အဖိုးကြီးတစ်ယောက်၏မျက်လုံးများမှာ ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။
"ကျိန်စာလား ဟဟ...... ကောင်းကင်ဘုံလမ်းကြောင်းကရွေးချယ်ထားတဲ့လူတစ်ယောက်ကဘယ်လိုလုပ်အလွယ်တကူသေလို့ရမှာလဲ သူကျိန်စာမိနေတယ်ဆိုမှတော့အတော်ပဲ ငါဒီအခွင့်အရေးကိုသုံးပြီး ငါ့ရဲ့သွေးမျိုးဆက်ကိုအသက်သွင်းရမယ်"
ပြောရင်း ထိုအဖိုးကြီးမှာသူ့ဘေးရှိစက်အားဖွင့်လိုက်သည်။ ချက်ချင်းပင်အာကာသတစ်ခုလုံးမှာလှုပ်ရှားသွားပြီး ရှေးဟောင်းစွမ်းအင်လှိုင်းတစ်ခုပျံ့နှံ့လာခဲ့သည်။
သူ့ရှေ့တွင် အစိမ်းရင့်ရောင်ရေကန်တစ်ခုပေါ်လာခဲ့သည်။သူသည်ရေအားကြည့်ကာပြုံးလိုက်ပြီး သေးငယ်သောရွှေရောင်ပုလင်းတစ်ခုအားထုတ်ကာ ထိုပုလင်းထဲမှရွှေရောင်အစက်တစ်စက်အားရေကန်ထဲသို့ချလိုက်သည်။
ထိုရွှေရောင်အစက်မှာအစိမ်းရောင်ရေကန်ထဲကျသွားပြီးနောက် ရေပြင်တစ်ခုလုံးမှာပွက်လာခဲ့သည်။ တဖြည်းဖြည်းအစိမ်းရောင်ရေများမှာကြည်လင်လာခဲ့ပြီး နောက်ဆုံးတွင်လုံးဝကြည်လင်သွားခဲ့သည်။ ထိုကြည်လင်မှုတွင် ရွှေရောင်စွမ်းအင်လှိုင်းတို့ကိုလည်းမြင်နေရပေသည်။
ထိုအချိန်မှာပင် ကျိုးဟောင်၏ခန္ဓာကိုယ်တွင်ရုတ်တရက်ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့သည်။ သူ၏ကိုယ်ထဲမှရွှေရောင်တောက်ပနေသောစွမ်းအားတို့ထွက်ပေါ်လာခဲ့သည်။ သူ၏အသွေးအသားအားဝါးမြိုနေသာကျိန်စာဖြစ်စေ ထူးဆန်းသောစွမ်းအားဖြစ်စေ အားလုံးမှာချက်ချင်းဆိုသလိုပင်တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ ဘလူး၏နောက်ရှိမံမီမှာလည်း ရုတ်တရက်ကြောက်လန့်တကြားအော်ဟစ်လာခဲ့ကာ ၎င်း၏ ခန္ဓာကိုယ်မှာလည်းတုန်ယင်လာခဲ့သည်။
"ဘာဖြစ်တာလဲ"
ဘလူး၏အမူအရာမှာပြောင်းလဲသွားခဲ့ပြီး ကျိုးဟောင်အားမယုံကြည်နိုင်သလိုကြည့်နေပေသည်။
အကြောင်းမှာလက်ရှိအချိန်တွင်ကျိုးဟောင်၏ခန္ဓာကိုယ်မှထွက်ပေါ်လာသောပိုမိုအားကောင်းသည့်စွမ်းအားအားခံစားမိလိုက်၍ဖြစ်သည်။ ထိုစွမ်းအားသည်တကယ်ပင် သူ၏ရှေးဟောင်းအီဂျစ်စဖစ်၏ကျိန်စာစွမ်းအားအားခုခံနိုင်ပေသည်။
ထိုအချိန်မှာပင်ကျိုးဟောင်၏မျက်လုံးများမှာပွင့်လာခဲ့သည်။ သူ့ကိုယ်သူဘာဖြစ်သွားမှန်းမသိသော်ငြား သူ၏ဒဏ်ရာများမှာတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခဲ့ပေသည်။
ဆံပင်အသစ်များပြန်ပေါက်လာကာ သွားအသစ်များလည်းပြန်ထွက်လာခဲ့သည်။ ညစ်ထေးနေသောသွေးအနှစ်သာရတို့မှာလည်းပြန်လည်ကြည်လင်လာကာ အသားများသည်လည်းအသစ်ပြန်လည်ဖြစ်တည်လာခဲ့သည်။
သူပြန်ကောင်းလာသည်ကိုကြည့်ပြီးနောက်ကျိုးဟောင်မှာစိတ်လှုပ်ရှားသွားကာ သက်ပြင်းချလိုက်မိသည်။
"ဘလူးမင်းရဲ့အီတာယွီမိသားစုကဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကိုငါဒီနေ့မြင်ခဲ့ရတယ် အပြန်အလှန်အနေနဲ့ ငါမင်းကိုသုံးစားမရအောင်လုပ်ပစ်မယ်"
ကျိုးဟောင်စကားဆုံးသောအခါခန္ဓာကိုယ်မှာရွေ့လျားသွားခဲ့ကာ စွမ်းအားကြီးသောအားတစ်ခုမှာ ဘလူး၏ ကိုယ်ပေါ်သို့ကျရောက်လာခဲ့သည်။ ထိုစွမ်းအားမှာချက်ချင်းဆိုသလိုပင် ဘလူးကိုယ်၏ တစ်ဝက်လောက်အားပျက်စီးသွားစေခဲ့သည်။
သို့သော်ဘလူးမှာနှုတ်မှတီးတိုးရွတ်ဆိုကာရုတ်တရက်ပေါက်ကွဲသွားပြီး အစိမ်းရောင်အငွေ့အဖြစ်ပြောင်းကာ ထွက်ပြေးသွားခဲ့သည်။
သို့သော်သူထွက်မသွားခင်ကျိုးဟောင်မှာ သူ၏ ကျောပိုးအိတ်အားယူထားလိုက်သည်။
ဘလူးထွက်ပြေးသွားသည်ကိုမြင်ပြီးနောက်ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်သည်။ ကျိုးဟောင်မှာစိတ်ပျော့၍ဘလူးအားမသတ်နိုင်ခဲ့ပေ။ သို့သော်သူအစောပိုင်းကအသုံးပြုလိုက်သောစွမ်းအားမှာ ဘလူး၏ရှေးဟောင်းသိုင်းကြောင့် အသက်ဝင်လာခဲ့ခြင်းဖြစ်နိုင်သည်။
ဘလူးအားဖြေရှင်းပြီးနောက်ကျိုးဟောင်မှာနင်ယွမ်ဖုန်းအားကြည့်ကာပြောလိုက်သည်။
"မင်းဒီနေ့လုပ်ခဲ့တာကိုငါမှတ်ထားမယ် နင်ယွမ်ဖုန်းငါမင်းကိုမသတ်ဘူး ဒါပေမဲ့အနာဂတ်မှာမင်းငါ့ကိုဆန့်ကျင်ရင် ငါမင်းကိုညှာနေမှာမဟုတ်ဘူး"
ပြောပြီးကျိုးဟောင်မှာလက်သီးဖြင့်တစ်ချက်ထပ်ထိုးလိုက်သည်။ နင်ယွမ်ဖုန်းမှာကျိုးဟောင်၏တိုက်ခိုက်မှုအားခုခံလိုက်သော်လည်း ခြေထောက်မှာကျိုးသွားခဲ့ပေသည်။
ထိုသို့လုပ်ပြီးနောက်ကျိုးဟောင်မှာစုရှောင်းယွီနှင့်အတူထွက်ခွာသွားတော့သည်။
အစောပိုင်းကစုရှောင်းယွီသည်သူ့ကြောင့်ဖြင့်ကျိန်စာမိတော့မလိုဖြစ်သွားသည့်မြင်ကွင်းအားမြင်လိုက်ချိန်တွင်ကျိုးဟောင်၏ရင်ထဲ၌လှုပ်ခတ်သွားခဲ့သည်။
"ခုနကကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါ နင်မိသားစု၊ အီတန်လီမိသားစု နဲ ချိုက်မက်မိသားစုကိုအပြစ်ပြုခဲ့ပြီးပြီး သူတို့ငါ့ကိုအလွတ်မပေးလောက်ဘူး မင်းငါနဲ့အတူရှိနေလို့မဖြစ်တော့ဘူး မြန်မြန်လေလံအိမ်တော်ကိုပြန်တော့ လေလံအိမ်တော်သာရှိနေရင် ငါတို့ကြားဆက်ဆံရေးကိုသူတို့သိရင်တောင် မင်းကိုလွယ်လွယ်ထိရဲမှာမဟုတ်ဘူး"
ကျိုးဟောင်မှာအလျင်အမြန်ပင်ပြောလိုက်ကာ စုရှောင်းယွီ၏လက်ထဲသို့ချစ်ပ်ပြားအားထည့်ပေးလိုက်သည်။
စုရှောင်းယွီမှာမှင်တက်သွားခဲ့သည်။ ယခုလိုအချိန်တွင်ပင်ကျိုးဟောင်သည်ဤပစ္စည်းအားသူမထံပေးရန်စဥ်းစားနေသေးပေသည်။ ဤကျိုးဟောင်၏စိတ်ထဲတွင်ဘာတွေများတွေးနေပါသနည်း။
"ရှင်...ရှင်....ရှင်ဘာလို့ဒီလောက်အရတာလဲ ဒါမရရင်တောင်ဘာမှမဖြစ်ဘူး ရှင်ဘာလို့ဒီလောက်ထိတဇွတ်ထိုး...လုပ်ရတာလဲ"
စုရှောင်းယွီမှာအော်လိုက်သော်ငြား ကျိုးဟောင်မှာပြုံးရင်းပြန်ဖြေလာခဲ့သည်။
"ငါကပြောပြီးသားစကားကိုပြောင်းတတ်တဲ့လူမဟုတ်ဘူး ငါမင်းကိုကတိပေးထားမှတော့ ကတိတည်အောင်လုပ်ရမှာပေါ့ ကောင်းပြီ ငါသွားပြီ"
ကျိုးဟောင်မှာပြောပြီးသည်နှင့်နေရာမှပျောက်ကွယ်သွားတော့သည်။
....................................................................................
အခန်း (၅၃၉) ပြီးပါပြီ။
အခန်း (၅၄၀) : ဂုဏ်သိက္ခာ
စုရှောင်းယွီမှာကျိုးဟောင်ထွက်သွားသည့်နေရာအားငေးကြည့်နေခဲ့ကာ နှလုံးသားမှာလည်းလှုပ်ရှားသွားခဲ့သည်။ ကျိုးဟောင်ဘာကြောင့်ဤမျှကြိုးစားခဲ့ကြောင်းသူမ မသိပေ။သူမတို့နှစ်ယောက်ကြားရှိမရေရာသောဆက်ဆံရေးကြောင့်ပေလော သို့တည်းမဟုတ် ကျိုးဟောင်သည်ပြောပြီးသားစကားအားမဖျက်တတ်သောလူတစ်ယောက်မို့ပေလော"
စုရှောင်းယွီမသိသော်လည်း အစောပိုင်းကသူမရှေ့မှထွက်သွားခဲ့သောယောက်ျားမှာ သူမ၏နှလုံးသားထဲသို့နက်နက်ရှိုင်းရှိုင်းဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်တွင် ကျိုးဟောင်မှာအာကာသထဲတွင်ခြေဦးတည့်ရာလျှောက်သွားနေပေသည်။
"ခုနကဘာဖြစ်သွားတာလဲ ငါဘာလို့ကျိန်စာမိပြီးနောက်ပိုင်းပြန်ကောင်းသွားတာလဲ ခုနကင့ါကိုယ်ထဲကထွက်လာတဲ့စွမ်းအားကဘာလဲ"
ကျိုးဟောင်မှာအလွန်ပဟေဠိဖြစ်နေခဲ့သည်။ သို့သော်သူ့အားအဖြေပေးနိုင်မည့်လူမရှိပေရာကျိုးဟောင်မှာစိတ်ထဲသိမ်းထားရုံသာတတ်နိုင်သည်။ ကျိုးဟောင်မှာပြန်လည်အားဖြည့်ရန့်လုံခြုံသောနေရာတစ်ခုအားရှာပြီးနောက် တစ်ရက်ကြာပြီးအချိန်မှသာဒဏ်ရာများမှပြန်လည်ကောင်းမွန်လာခဲ့သည်။
"ချီးပဲ ဒီတိုက်ပွဲကတကယ်ကိုခက်တာပဲ"
ကျိုးဟောင်မှာမတတ်နိုင်သလိုပြောလိုက်သည်။ အစပိုင်းတွင်ကျိုးဟောင်မှာအရေးသာခဲ့သော်ငြားကျိန်စာမိခဲ့ပေသည်။ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားမှာကျိန်စာစွမ်းအားအားဖြေရှင်းပေးခဲ့သော်ငြား ဒဏ်ရာရဆဲပင်ဖြစ်သည်။
"ဟင်း ငါဒီနေရာနဲ့မရင်းနှီးဘူး ဖားကဘယ်တော့မှနိုးလာမှာလဲမသိဘူး"
ကျိုးဟောင်မှာခိုကိုးရာမဲ့သလိုပြောလိုက်သည်။
"ကျစ် အဲဒီဖားနိုးလာတော့ဘာအသုံးဝင်လို့လဲ ကြွားတာကလွဲလို့သူဘာမှမသိဘူး"
ဂျယ်လီဖြူမှာဖားအားအလွန်အခဲမကျေပေ။ သူတို့ကြားရှိဆက်ဆံရေးမှာလည်းမရှင်းလင်းပေ။ သူတို့နှစ်ယောက်သည်အတူရှိနေသော်ငြား အမြဲတမ်းမတည့်ကြပေ။ ဂျယ်လီဖြူမှာဖားကိုတော့သေချာပေါက်မနိုင်ပေ။ လက်ရှိအချိန်တွင်ဖားမှာအိပ်ပျော်နေပေရာ သူ့မကောင်းကြောင်းပြောရန်အချိန်အများကြီးရနေပေသည်။
"ဟင်း သူဘယ်ချိန်နိုးလာမလဲဆိုတာမင်းသိလား"
ကျိုးဟောင်မှာမေးလိုက်သည်။
"အာ...အဲဒါကပြောဖို့ခက်တယ် သူဆုံးရှုံးသွားတဲ့သူတော်စင်စွမ်းအင်အနှစ်သာရက ပြန်ဖြည့်တင်းလို့ရတဲ့သာမန်စွမ်းအင်အနှစ်သာရမဟုတ်ဘူး အဲဒါကြောင့်.....အချိန်ခဏလေးနဲ့တော့ပြန်နိုးလာမှာမဟုတ်ဘူး"
ဂျယ်လီဖြူမှာဘာကိုမှဖုံးကွယ်မထားဘဲ ဂရုမစိုက်ဟန်ဖြင့်ပြောလာခဲ့သည်။
ကျိုးဟောင်မှာအားကိုးရာမဲ့စွာသက်ပြင်းချလိုက်သော်လည်း ဘာမှမတတ်နိုင်ပေ။
"ငါဝီလီယမ်ချိုက်မက်ရဲ့အတောင်ပံကိုလည်းဆွဲဖြဲခဲ့တယ် နင်ယွမ်ဖုန်းရဲ့ခြေထောက်နှစ်ဖက်လုံးကိုလည်းချိုးခဲ့တယ် ပြီးတော့ဘလူးကိုလည်းအသားကုန်ရိုက်ခဲ့သေးတယ် အဲဒီအဖွဲ့ကြီးသုံးဖွဲ့ကငါ့ကိုအလွတ်မပေးမှာကြောက်ရတယ် ကံကောင်းတာကငါကဒီနေရာမှာပြိုင်ဘက်မရှိလို့ ဒီကနေထွက်သွားပြီးရင် သူတို့ငါ့ကိုအပြစ်ရှာဖို့စစ်နတ်ဘုရားတပ်ရင်းကိုလာကြမလားမသိဘူး"
ကျိုးဟောင်မှာမတတ်နိုင်သလိုပြောလာပြီး ပို၍ပင်စိတ်ညစ်သွားခဲ့သည်။
သို့သော်သူသည်မကျေမနပ်ပြောနေခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ သူသည်ချစ်ပ်ပြားအားယူပေးပါ့မည်ဟုစုရှောင်းယွီအားကတိပေးခဲ့ပေရာ သူ့စကားအားတည်ရပေမည်။
ထို့အပြင် သူဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူမ၏အနမ်းဦးအားခိုးယူခဲ့ခြင်းအတွက်ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
ကျိုးဟောင်မှာသက်ပြင်းချကာဤကိစ္စအားမတွေးရန်ဆုံးဖြတ်လိုက်သည်။ သူသည်အခြားနေရာတစ်ခုရှာပြီးစိတ်လောကဖွင့်မည့်အချိန်အားစောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။
ယခုသူ့ထံတွင်ချစ်ပ်ပြားရှိနေပြီဖြစ်ပြီး ထိုလောကသို့ဝင်ရောက်ရန်အရည်အချင်မီနေပြီဖြစ်သည်။ အချိန်လည်းလိုသေးပြီး ဤနေရာဖြင့်လည်းမရင်းနှီးပေရာ ကျိုးဟောင်မှာလျှောက်သွားနေရန်မစဥ်းစားတော့ပေ။
ထိုအချိန်တွင်ကျိုးဟောင်မှာအဝေးမှပျံလာနေသောလူတစ်စုအားတွေ့လိုက်ရသည်။ ထိုအဖွဲ့မှာကျိုးဟောင်အားမြင်သောအခါချက်ချင်းပင်သတိကြီးကြီးထားကာကြည့်နေကြသည်။ ကျိုးဟောင်မှာသူ၏ ၉ဆင့်မြောက်မူလအဆင့်ကျင့်ကြံမှုအားထုတ်လိုက်သည်။ သူယခုလိုလုပ်ရသည့်ရည်ရွယ်ချက်မှာတစ်ဖက်မှသူ့အားရန်စလာမည်ကိုကြိုတင်ကာကွယ်ရန်ဖြစ်သည်။
ထိုအဖွဲ့မှာကျိုးဟောင်၏ကျင့်ကြံဆင့်အားမြင်ပြီးနောက် အားလုံးမှာစိတ်လှုပ်ရှားကာအလျင်အမြန်ပင်ပြောလာခဲ့သည်။
"မိတ်ဆွေ ဘာ....ဘာကိစ္စရှိလို့လဲ"
ခေါင်းဆောင်မှာကတုံးနှင့်ဝဝတုတ်တုတ်လူဖြစ်ပြီး ပုံစံမှာချစ်စရာကောင်းပေသည်။ ပုံမှန်အားဖြင့် ကတုံးနှင့်လူများမှာအလွန်ရက်စက်ပုံပေါ်သော်လည်း ဤလူမှာခင်စရာကောင်းသည့်ပုံပေါက်ပေသည်။ သူ၏ဗိုက်မှာအလွန်ကြီးမားလှပြီး ခေါင်းမှာလည်းအလွန်ကြီးပေရာလည်ပင်းပင်မမြင်ရပေ။ အဝေးမှကြည့်ပါကဗိုက်ပူပူဖြင့်နတ်ဘုရားနှင့်တူပေသည်။
"ဒီကမိတ်ဆွေစိတ်မပူပါနဲ့ ကျွန်တော်ကနေစရာနေရာရှာချင်လို့ပါ ဒီအနီးနားမှာအနားယူလို့ရပြီး သတင်းရနိုင်တဲ့နေရာများရှိလားမသိဘူး"
ကျိုးဟောင်မှာအလျင်အမြန်ပင်မေးလိုက်သည်။
ထိုစကားကြားမှထိုအဖွဲ့မှာသက်ပြင်းချလိုက်ကြသည်။
"သိပြီ လန့်လိုက်တာ ရှေ့ ၅၀ ကီလိုမီတာအကွာမှာ မိုရိုမြို့လို့ခေါ်တဲ့မြို့တစ်ခုရှိတယ် မိုရိုမျိုးနွယ်စုရဲ့ဗဟိုမြို့ပဲ သိုင်းပညာရှင်အများစုလည်းအဲဒီမှာပဲစတည်းချကြတာ ကျုပ်တို့သွားမဲ့နေရာဆိုလည်းဟုတ်တယ် ညီနောင်အတူလိုက်ခဲ့မလား"
ဝတုတ်မှပြောလာခဲ့သည်။
ကျိုးဟောင်မှာတွေဝေမနေဘဲခေါင်းညိတ်လိုက်သည်။
"လိုက်ခဲ့မယ်"
"ကောင်းပြီလေဒါဆိုအတူသွားကြတာပေါ့ ပြောရဦးမယ်ညီနောင် မင်းရဲ့ကျင့်ကြံရေးအဆင့်ကမဆိုးဘူး ဪ ဟုတ်သားပဲကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါရစေ ကျုပ်ကကျင်းရှောင်ပိုင် ရှေးဟောင်းသိုင်းပညာရှင်မိသားစုဖြစ်တဲ့ကျင်းမိသားစုရဲ့တပည့် ညီနောင်ကျုပ်ကို ဝတုတ်လို့ခေါ်လို့ရတယ် အားလုံးဒီလိုပဲခေါ်ကြတာ"
ဝတုတ်ကျင်းမှာ ငယ်ပေါင်များသဖွယ်ရင်းရင်းနှီးနှီးဖြင့်ပြုံးကာပြောလာခဲ့သည်။
ကျိုးဟောင်မှာငြင်းဆိုမနေပေ။ တစ်ခုခုဖြစ်လျှင်ပင် ဤအဖွဲ့ထဲရှိကျင့်ကြံဆင့်အမြင့်ဆုံးလူမှာ ၉ဆင့်မြောက်မူလအဆင့်သာရှိပေရာ တကယ်တမ်းတိုက်ခိုက်လျှင်ပင် ဤလူများသည်သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။
သူတို့အဖွဲ့မှာ လမ်းအတူလျှောက်လာခဲ့ကြပြီး လေးနာရီမျှကြာပြီးနောက် နေမည့်နေရာသို့ရောက်လာခဲ့သည်။ ဝတုတ်ကျင်းမှာအလွန်တက်ကြွနေပေသည်။
"ညီနောင် ဒါမင်းဒီနေရာကိုပထမဆုံးအကြိမ်ရောက်ဖူးတာ ငါမင်းကိုရိုးရိုးရှင်းရှင်းပဲမိတ်ဆက်ပေးမယ် ဒီမိုရိုမြို့မှာအားလုံးရှိတယ် ပြီးတော့အားလုံးကလည်းရတနာတွေအများကြီးရထားကြပြီးပြီဆိုတော့ တော်တော်များများကထုတ်ရောင်းနေကြပြီ ကျုပ်တို့ကတာဝန်ထမ်းဆောင်နေတုန်းဆိုတာသိပါတယ် ဒါပေမဲ့....ပိုက်ဆံပိုမရှိချင်တဲ့လူဘယ်သူရှိလို့လဲ"
"အဲဒါကြောင့် ဝါးဦးထုပ်တွေဆောင်းထားတဲ့လူတွေက သူတို့ရဲ့သရုပ်မှန်ကိုမဖော်ပြဘဲစျေးရောင်းနေတဲ့လူတွေ တကယ်လို့ခင်ဗျားလည်းရောင်းချင်တာတစ်ခုခုရှိရင်အဲဒီလိုလုပ်လို့ရတယ်"
ကျိုးဟောင်မှာနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီး ကျုပ်မှာလုပ်စရာလေးရှိသေးလို့ ညီနောင်နဲ့ထပ်မပြောတော့ဘူး ကံမကုန်ရင်ပြန်တွေ့ကြတာပေါ့"
ဝတုတ်ကျင်းမှာပြောရင်း သူ့လူများအားကျင်းမိသားစု၏ပိုင်နက်သို့ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
ကျိုးဟောင်မှာမိုရိုမြို့ထဲတွင်ဖြည်းညင်းစွာလမ်းလျှောက်နေခဲ့သည်။
ဝင်သွားသည်နှင့် လူအများအုပ်စုဖွဲ့ကာပြောနေသည့်ကိစ္စအားကြားလိုက်ရချိန်တွင် ကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။
"မင်းကြားပြီးပြီလား မနေ့ကတအားကြမ်းတဲ့လူတစ်ယောက်ပေါ်လာတယ်တဲ့"
"ကြမ်းတဲ့လူ ဘာသဘောလဲ"
"မင်းတကယ်မသိဘူးလား ဂရုမစိုက်တတ်လိုက်တာ ငါပြောပြမယ် ဒီကြမ်းတဲ့လူကပါရမီရှင်လေးယောက်ကိုသူတစ်ယောက်တည်းနဲ့တိုက်ခဲ့တာ"
ကျိုးဟောင်မှာထိုအဖွဲ့၏စကားများအားအတိုင်းသားကြားနေရပေသည်။
"လေးယောက်တစ်ယောက် တကယ်လား"
"တကယ်ပေါ့ ပြီးတော့အဲဒီလေးယောက်ကအားလုံးနာမည်ကြီးတွေကြီးပဲ နင်မိသားစုကနင်ယွမ်ဖုန်း၊ ချိုက်မက်မိသားစုက ဝီလီယမ်၊ အီတာယွီမိသားစုက ဘလူး နဲ့ ပြီးတော့စွန်းမိသားစုက ဖုန်းပိုင်ချွမ်း ဒီလူတွေဘယ်လောက်စွမ်းအားကြီးလဲဆိုတာတော့မင်းသိလောက်ပါတယ် ဟုတ်တယ်မလား"
ထိုစကားအားကြားသောအခါဘေးရှိလူများအားတအံ့တသြပြောလာကြသည်။
"မင်းပြောတာ.....အဲဒီလူကသူတို့လေးယောက်လုံးကိုအနိုင်ပိုင်းခဲ့တယ်လို့ပြေတာလား ဘုရားရေမင်းလိမ်နေတာမဟုတ်ဘူးမလား"
အများစုမှာထိုစကားအားမယုံကြပေ။
"ငါကဘာလို့လိမ်ရမှာလဲ လူတွေအများကြီးမြင်ခဲ့ကြတာကို ငါကြားတာတော့အဲဒီလူနာမည်ကကျိုးဟောင်တဲ့ စစ်နတ်ဘုရားတပ်ရင်းကပါရမီရှင်တဲ့ ၆ဆင့်မြောက်မူလအဆင့်ပဲရှိသေးတာ ဒါပေမဲ့သူကနင်ယွမ်ဖုန်းရဲ့ခြေထောက်နှစ်ဖက်လုံးကိုချိုးပြီး ဝီလီယမ်ရဲ့လင်းနို့တောင်ပံတွေကိုဖြဲပစ်ခဲ့တာတဲ့ ဘလူးကိုဆိုသူရှေးဟောင်းလျှို့ဝှက်သိုင်းကိုအသက်သွင်းရတဲ့အခြေအနေရောက်အောင်ရိုက်ပစ်ခဲ့တာတဲ့ ဖုန်းပိုင်ချွမ်းကတော့ ဒဏ်ရာမရဘူး"
ထိုစကားများအားကြားပြီးနောက်ဘေးရှိလူများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
"သေစမ်း ဒါကစောက်ရမ်းမကြမ်းလွန်းဘူးလား"
....................................................................................
အခန်း (၅၄၀) ပြီးပါပြီ။