← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁): ပိုင်ရန်ရွှယ်

ဘေးပတ်၀န်းကျင်ရှိလူအားလုံးမှာ မယုံကြည်နိုင်‌ သောအမူအရာများဖြင့်အံ့အားသင့်နေကြလေသည်။

ထိုအကြောင်းကို ကျိုးဟောင်ကြားသောအခါ ချက်ချင်းမျက်နှာဖုံးကိုထုတ်ပြီး သူ့မျက်နှာအားဖုံးကွယ်လိုက်လေသည်။ သူဘယ်သူလဲဆိုသည်ကို သတိမထားမိစေလိုပေ။

"ငါကြားတာကတော့ နင်မိသားစုကတော်တော်လေးဒေါသထွက်နေတယ်ကြားတယ်။ နင်ယွမ်ဖုန်းကခြေထောက်ကျိုးသွားရုံသာမက ခန္ဓာကိုယ်ကလည်းပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်တဲ့။ သူ့ဒဏ်ရာတွေက တော်တော်နဲ့ပျောက်မှာမဟုတ်ဘူးကြားတယ်"

ကျိုးဟောင်မှဘာသံမှမထွက်ဘဲ မသိသလိုသာနားထောင်နေရလေသည်။

"မင်းတို့ကဒါကိုပဲဂရုစိုက်နေကြတာလား။ ငါတော့အထူးအဖွဲ့အစည်းက ပိုင်ရန်ရွှယ်ကိုပဲစိတ်ပူမိတယ်။ သူမက နင်မိသားစုရဲ့ ချွေးမလောင်းလေ။ တကယ် လို့နင်ယွမ်ဖုန်းသာပြန်မကောင်းရင် ဟီးဟီး.....သူမက တယောက်ထဲအထီးကျန်နေရတော့မှာပဲ"

"ဟားဟား....အဲ့တာတော့ဟုတ်တယ်။ တကယ်လို့နင်ယွမ်ဖုန်းသာသူ့ရဲ့ယောကျာ်းပီသမှုကိုဆုံးရှုံးသွားရရင် ငါတို့အတွက်အခွင့်အရေးရှိလာနိုင်တယ်"

ထိုလူများမှာ ရယ်မောရင်းယုတ္တိမရှိသောစကားများကိုပြောနေလေသည်။

သို့သော်လည်းထိုအချိန်မှာပင် ကြီးမားသောစွမ်းအားတခုကပေါက်ကွဲသွားပြီး ထိုသူများ၏အနားတွင်အဖြူရောင်မီးတောက်များပေါ်လာလေသည်။

"ဒီလိုစကားမျိုးကိုပြောထွက်ရဲတယ်ပေါ့ ငါ...ပိုင်ရန်ရွှယ်ကဒေါသမထွက်တတ်ဘူးထင်နေတာလား...."

ထိုစကားသံကြောင့် ကျိုးဟောင်လှမ်းကြည့်လိုက်သောအခါ အဖြူရောင်ကိုယ်ကြပ်ချပ်၀တ်ကို၀တ်ဆင်ထားသည့် အမျိုးသမီးတယောက်ကိုတွေ့လိုက်ရလေသည်။ သူမအမူအရာမှာခက်ထန်နေသော်လည်း သူမ၏အလှအပကမြင်သူတိုင်းမျက်စိမလွှဲနိုင်အောင်ဖြစ်နေလေသည်။

သူမ၏လက်ထဲတွင်‌အဖြူရောင်မီးလုံးတလုံးကိုကိုင်ဆောင်ထားပြီးထိုအရာဆီမှအေးစက်စက်အငွေ့အသက်များထွက်နေလေသည်။ထိုအရာမှာ မီးတောက်ဖြစ်သော်လည်း အေးစက်နေခြင်းက ကျိုးဟောင်အားတုန်လှုပ်သွားစေလေသည်။

ထိုအမျိုးသမီးမှာ အထူးအဖွဲ့အစည်းမှ ပိုင်ရန်ရွှယ်ဖြစ်ကြောင်းကျိုးဟောင်သိလိုက်ရလေသည်။ သူမသည်အလွန်လှပပြီးနှင်းကဲ့သို့ဖြူဖွေးသောအသားအရည်ရှိလေသည်။ လက်ရှိတွင်သူမမှာ အလွန်ဒေါသထွက်နေသော်လည်း ရင်မောရှုမောဖွယ်လှပနေသေးလေသည်။

သူမမှာလှပသော်လည်း သူမ၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှလေသည်။ သူမမှာတုံ့ဆိုင်းနေမဘဲ ထိုရိုင်းစိုင်းသောလူတစုအားအဖြူရောင်မီးလုံးများဖြင့်တိုက်ခိုက်လေသည်။ ချက်ချင်းပင်ထိုသူများမှာ သွေးများအန်ထွက်လာကြလေသည်။

"အစ်မ.....အစ်မတော် ပိုင်....ပိုင်ရန်ရွှယ် ကျွန်တော်‌တို့မှားသွားပါတယ်။ ကျွန်တော်တို့ကိုသွားခွင့်ပြုပါ"

သူတို့လူစုမှာ အလွန်ကြောက်လန့်နေကြပြီး ပိုင်ရန်ရွှယ်ကသူတို့အားအလွယ်တကူသတ်ပစ်နိုင်စွမ်းရှိလေသည်။သို့သော်လည်း ပိုင်ရန်ရွှယ်က သူတို့အားမသတ်ခဲ့ပေ။ သူတို့အားသင်ခန်းစာကောင်းကောင်းပေးပြီးနောက် သူမကလျစ်လျူရှူလိုက်လေသည်။

"ငါ နင်ယွမ်ဖုန်းအတွက်လက်စားပြန်ချေပေးမယ် ငါကျိုးဟောင်ကိုတွေ့အောင်ရှာမယ်"

ထိုကဲ့သို့ပြောပြီးနောက်သူမကထွက်ခွာသွားလေသည်။

ထိုအမျိုးသမီးမှာ နင်ယွမ်ဖုန်းထက်ပင်ပိုပြီးစွမ်းအားကြီးသောကြောင့် ကျိုးဟောင်မှာ အနည်းငယ်တုန်လှုပ်သွားလေသည်။ ထိုအမျိုးသမီးတွင်ကောင်းကင်ဘုံအဆင့်တ၀က်ကျင့်ကြံရေးသာမက အထူးစွမ်းရည်မျိုးလည်းရှိသေးပေသည်။ သူမ၏မီးကိုထိန်းချုပ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းကြောင်းကျိုးဟောင်ခံစားမိလေသည်။

"အဟမ်း အဟမ်း ကြည့်ရတာ ခဏလောက်တော့သိုသိုသိပ်သိပ်နေရမယ့်ပုံပဲ။ သူမခင်ပွန်းအရိုက်ခံလိုက်ရတာကြောင့် သူမသိပ်ဒေါသထွက်နေပုံပဲ"

ကျိုးဟောင်လည်း စိတ်ပျက်လက်ပျက်ပြောလိုက်ပြီး မြို့ထဲသို့ဖြေးဖြေးချင်းလမ်းလျှောက်သွားလေသည်။

သူသည်မြို့ထဲတွင်လှည့်လည်သွားနေပြီး သတင်းများစုံစမ်းနေရုံသာမက ပစ္စည်းများကိုလည်းရောင်းချနေလေသည်။ ထိုအထဲတွင်သူ့ပစ္စည်းများသာမက ဘလူး၏ပစ္စည်းများလည်းပါဝင်လေသည်။

ဒါ့အပြင်ကျိုးဟောင်မှာ ဘလူး၏ချိပ်စ်ပြားကိုလည်းရရှိထားခဲ့ပြီဖြစ်နေသောကြောင့် သူ့အနေဖြင့်လှည့်လည်ပြီးချပ်စ်ပြားရှာနေဖို့မလိုတော့ပေ။

ကျိုးဟောင်မှာရတနာပစ္စည်းများကိုလှည့်လည်ရောင်းချရင်းပျော်ရွှင်နေလေသည်။ ထိုအချိန်တွင်အလွန်ကောင်းမွန်သောချပ်၀တ်တခုကိုသူတွေ့လိုက်‌ရလေသည်။

ထိုချပ်၀တ်မှာ အမျိုးသမီးများအတွက်ကိုယ်ကြပ်ချပ်၀တ်တန်ဆာဖြစ်ပြီး အလွန်လည်းကောင်းမွန်လေသည်။ သေချာမကြည့်ရသေးပဲနှင့်တောင် ထိုချပ်၀တ်မှာသာမန်မဟုတ်ကြောင်းကျိုးဟောင်ခံစားမိလေသည်။ထိုချပ်၀တ်မှာ ရှုလင်အတွက်အသင့်တော်ဆုံးဖြစ်လေသည်။

ကျိုးဟောင်လည်း လျှောက်သွားပြီး ထိုချပ်၀တ်အတွက်မေးမြန်းရန်ပြင်ဆင်လိုက်လေသည်။

"သူဌေး ဒီချပ်၀တ်က....."

ထိုအချိန်မှာပင် သူ့နံဘေးမှ အသံလေးတခုထွက်လာသောကြောင့် ကျိုးဟောင်၏အမူအရာများပြောင်းသွားလေသည်။

"ဒီချပ်၀တ်ကဘယ်လောက်လဲ"

ထိုအသံကိုသူရင်းနှီးလေသည်။ ထိုအသံပိုင်ရှင်မှာ အခြားလူမဟုတ်ဘဲ ပိုင်ရန်ရွှယ်ဖြစ်နေလေသည်။ထိုအချိန်တွင်သူမသည်လည်း ကျိုးဟောင်အားတွေ့လိုက်လေသည်။ သို့သော်ကျိုးဟောင်မှာ မျက်နှာဖုံးထားသောကြောင့် ဘယ်သူမှန်းသူမ မသိချေ။

ကျိုးဟောင်မှာလည်းသူမလို ချပ်၀တ်အားမေးနေသည်ကိုတွေ့လိုက်သောကြောင့်ပိုင်ရန်ရွှယ်တယောက်မှင်တက်သွားလေသည်။

"မိတ်ဆွေ ဒီချပ်၀တ်ကအမျိုးသမီးတွေအတွက်ပါ။ ဒါကိုငါ့အတွက်ပေးလိုက်ပါလို့ပြောချင်ပါတယ်"

သူမမှာအရမ်းကိုလှပပြီး ယခုလိုယဉ်ယဉ်ကျေးကျေးခွင့်တောင်းနေပုံကပို၍ပင်ဆွဲဆောင်မှုရှိလေသည်။ သူမသည်နဂိုကတည်းကနူးညံ့သိမ်မွေ့သူဖြစ်လေသည်။ ကျိုးဟောင်ကသူမအားတချက်ကြည့်လိုက်လေသည်။ ဒီချပ်၀တ်အားသူတကယ်ပဲလက်မလျော့ချင်ပေ။

"မိန်းကလေးက ဒီချပ်၀တ်ကိုကျုပ်ကောင်မလေးအတွက်၀ယ်ပေးချင်လို့ပါ။ ဒါ့ကြောင့်ညှာတာပေးပါလို့တောင်းဆိုချင်ပါတယ်"

ကျိုးဟောင်၏စကားကြောင့် ပိုင်ရန်ရွှယ်မှာ ခဏလောက်မှင်တက်သွားလေသည်။ပြီးမှ သူမ ပြုံးလာခဲ့လေသည်။

"ဒီချပ်၀တ်ကဈေးမပေါဘူး။ကောင်မလေးအတွက်ဒီလောက်ပိုက်ဆံအများကြီးသုံးတယ်ဆိုတော့ ရှင်သူ့ကိုတကယ်ချစ်လို့ပဲဖြစ်ရမယ်။တကယ်လို့ကျွန်မသာရှင်နဲ့ပြိုင်လုနေရင် မကောင်းသလိုဖြစ်နေမှာပေါ့။ ကဲကျွန်မလက်လျော့ပေးလိုက်ပါ့မယ်။ ရှင်နဲ့ရှင့်ကောင်မလေးအတွက်ဂုဏ်ပြုပါတယ်"

ပိုင်ရန်ရွှယ်ကပြုံးပြီးပြောလာလေသည်။ သူမဒီလောက်မျှမျှတတတွေးပေးတတ်မည်လို့ကျိုးဟောင်မထင်ထားခဲ့ပေ။

"အာ ကျေးဇူးတင်ပါတယ်ဗျာ။ မိန်းကလေးပိုင်ကတကယ့်ကိုစိတ်ထားမြင့်မြတ်တာပဲ။ ဒီချပ်၀တ်က တန်ဖိုးကြီးပေမဲ့ မိန်းကလေးပိုင်အတွက်တော့အကောင်းဆုံးမဟုတ်ပါဘူး သူငယ်ချင်းအတွက်၀ယ်ပေးချင်တာများလား"

ကျိုးဟောင်က စပ်စုကြည့်လိုက်လေသည်။ပိုင်ရန်ရွယ်ကတုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်လေသည်။

"ငါ့ညီမလေးက သိုင်းလောကထဲကိုစတင်၀င်ရောက်လာပြီး သူမကဆရာသခင်အဆင့်ပဲရှိသေးတယ်။သူ့မွေးနေ့ကမကြာခင်ရောက်တော့မှာဖြစ်လို့ ဒီချပ်၀တ်ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးချင်လို့ပါ။ ဒါပေမဲ့ ရှင်က ကောင်မလေးအတွက်ရည်ရွယ်ထားတာမို့ ကျွန်မပြိုင်မလုတော့ပါဘူး။ ညီမလေးကိုတခြားလက်ဆောင်တခုပဲပေးလိုက်ပါ့မယ်"

ထိုစကားကိုကြားသောအခါ ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်"

"ရပါတယ်ရှင်"

ပိုင်ရန်ရွှယ်ကပြန်ပြုံးပြပြီး ထွက်ခွာသွားလေသည်။ ကျိုးဟောင်လည်း သူမ ထွက်သွားတော့မှသက်ပြင်း ချမိလေသည်။

"ပိုင်ရန်ရွှယ်ကမျှတပြီးရေလိုပဲ သိမ်မွေ့လွန်းတယ်။ ဒါ့အပြင်သူမအရမ်းလည်းလှပတယ်။ နင်ယွမ်ဖုန်းလိုလူနဲ့အတူရှိနေတာ နှမြောစရာပဲ"

"နင်ယွမ်ဖုန်းကတကယ့်ကိုစက်ဆုပ်ဖို့ကောင်းတဲ့လူ။ သူမနဲ့တောင်မတန်ဘူး။ သူမကို ဒါကိုမနာကျင်ရခင် အချိန်မှီသိမြင်သွားဖို့မျှော်လင့်ပါတယ်"

ကျိုးဟောင်က‌တယောက်ထဲရေရွတ်နေမိလေသည်။ထို့နောက်ကျိုးဟောင်ကဈေးကြီးပေးပြီးထိုချပ်၀တ်အား၀ယ်ယူခဲ့လေသည်။

ကျိုးဟောင်မှာ သူ့သိမ်းဆည်းရေးအိတ်ထဲရှိ အသုံးမ၀င်သောပစ္စည်းများကို တချက်ကြည့်လိုက်လေသည်။ခဏလောက်စဉ်းစားပြီးနောက်ထိုပစ္စည်းများအားရောင်းချလိုက်လေသည်။

ဒီနေရာရှိပစ္စည်းများမှာဈေးကြီးပြီး ပြင်ပလောကရှိပစ္စည်းများနှင့်ယှဉ်နိုင်လေသည်။ ဒါ့ကြောင့် ကျိုးဟောင်လည်း သင့်တော်တာနှင့်လဲလှယ်နိုင်ရန် သူ့ပစ္စည်းများကို စတင်ခင်းကျင်းရောင်းချလေသည်။

....................................................................................

အခန်း(၅၄၁)ပြီးပါပြီ။

အခန်း (၅၄၂) : အတိတ်နမိတ်မကောင်းသော

ကျိုးဟောင်မှာ သူရရှိလာသောပစ္စည်းများကိုခင်းကျင်းပြင်ဆင် ပြီးနောက်စတင်ရောင်းချနေလေသည်။

သို့သော် ပစ္စည်းများကိုတော့ အကုန်ထုတ်ပြမထားပေ။ လူအများကို အာရုံစိုက်ခြင်းကို ခံရနိုင်သောပစ္စည်းများရှိသောကြောင့် သူ့အနေဖြင့် အနည်း အကျဉ်းသာခင်းကျင်းထားလေသည်။

ကျိုးဟောင်မှာ ပျော်ရွှင်စွာရောင်းချနေရင်း ရုတ်တရက်သတ်ဖြတ်လိုသောအငွေ့အသက်တခုကိုခံစားလိုက်မိလေသည်။ သူလှည့်ကြည့်လိုက်သောအခါ သူ့အားအဝေးတနေရာမှအေးစက်စွာကြည့်နေသောအကောင်ကြီးကြီးလူမဲတယောက်ကိုတွေ့လိုက်ရလေသည်။

ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားလေသည်။ထိုသူ၏သတ်ဖြတ်လိုစိတ်မှာ ဘလူးနှင့်ဆင်တူနေသည်။ သူသည်လည်းအီတာယွီမိသားစုမှလူတယောက်ဖြစ်နိုင်လေသည်။

ကျိုးဟောင်မှာမျက်မှောင်ကြုတ်လိုက်ပြီး အီတာယွီမိသားစုမှလူတယောက်နှင့်ထပ်ဆုံသည့်အပေါ်ကံမကောင်းဘူးလို့တွေးနေလေသည်။ အီတာယွီမိသားစုမှလူများအနေဖြင့် သူဘယ်လောက်ပဲကွယ်ဝှက်နေပါစေ အာရုံခံနိုင်ပုံရလေသည်။ ဒါ့ကြောင့် ဘလူးသည် သူ့ညီကူရုအား သူသတ်ခဲ့ကြောင်းသေချာလွန်းနေခြင်းဖြစ်လေသည်။

ကျိုးဟောင်မှာ အသက်၀၀ရှူလိုက်ပြီး ထိုအီတာယွီမျိုးနွယ်မှလူလို့ထင်ရသူအား စိုက်ကြည့်လိုက်သည်။ ထိုသူလည်းနေရာမှထလာပြီး သူ့ဆီဖြေးညှင်းစွာလမ်းလျှောက်လာလေသည်။

"မိတ်ဆွေ ဒီပစ္စည်းကဘယ်လောက်လဲ"

ထိူလူမဲကြီးက ကျိုးဟောင်အားကြည့်ကာ ပစ္စည်းတခုကိုကောက်ယူပြီးမေးလိုက်လေသည်။

ထိုလူမဲကြီး၏ကျင့်ကြံဆင့်မှသိပ်မမြင့်ဘဲ ၈ဆင့်မြောင်မူလပညာရှင်အဆင့်သာရှိလေသည်။သူသည်ကျိုးဟောင်အတွက်ပြိုင်ဘက်မဟုတ်ပေ။

"၁၀၀မီလီယံ"

ကျိုးဟောင်က မထူးဆန်းသလိုပင်ပြောလိုက်လေသည်။

"၁၀၀မီလီယံကတော့ နည်းနည်းဈေးကြီးလွန်းတယ်"

ထိုလူမဲကြီးကပြန်ပြောလေသည်။

"မင်းမ၀ယ်ဘူးဆိုရင် သွားလိုက်တော့ ငါ့စီးပွားရေးကို မနှောင့်ယှက်နဲ့"

ထိုလူမဲအမျိုးသား၏ပုံစံကိုကျိုးဟောင်သိပ်သဘောမကျသောကြောင့် ယဉ်ကျေးမနေတော့ပေ။

"ဟားဟား မိတ်ဆွေက တကယ့်ကိုခက်ထန်တာပဲ။ ကျုပ်သတင်းတခုပြောစရာရှိလို့ပါ။ ငါတို့အစ်ကိုကြီးကသေချာပေါက်လက်စားချေလိမ့်မယ်။ မင်းကသူ့ကိုဒဏ်ရာရစေခဲ့ရုံသာမက သူ့ညီလေးကိုလည်းသတ်ခဲ့သေးတယ်လေ။ အီတာယွီမိသားစုကမင်းကိုဒီအတိုင်းထားမှာမဟုတ်ဘူး"

ထိုကဲ့သို့ပြောပြီးနောက်ထိုလူမှာ တုံ့ဆိုင်းမနေဘဲထိုနေရာမှထွက်ခွာသွားလေသည်။ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်မိလေသည်။

သို့သော်လည်း စိတ်ရှုပ်ခံမနေတော့ဘဲ ဈေးသာဆက်ရောင်းနေလေသည်။ သူ့စိတ်ထဲတခုခုမှားနေကြောင်းကိုတော့ခံစားနေမိလေသည်။ အီတာယွီမိသားစု၏ ခြေလှမ်းများကို သေချာပြန်တွေးနေလေသည်။ ဘာကြောင့်သူ့အားဒီလိုလာပြောခဲ့သနည်း။ ကျိုးဟောင်မှာ စဉ်းစားမရဘဲဖြစ်နေလေသည်။

ကျိုးဟောင်မှာ ထိုလူကောက်ကြည့်သွားသောပစ္စည်းကိုယူကြည့်လိုက်သောအချိန်တွင် သူ့အမူအရာများလုံး၀ပျက်ယွင်းသွားလေသည်။ ထိုပစ္စည်းဆီမှ အားကောင်းသောစိတ်စွမ်းအင်များထွက်နေပြီး ထိုစွမ်းအားများမှာ ခုနကလူမဲအမျိုးသားချန်ခဲ့ခြင်းဖြစ်လေသည်။

ထိုအချိန်မှာပဲ အဝေးတနေရာဆီမှ ပေါက်ကွဲသံတခုကိုကြားလိုက်ရလေသည်။ ထိုသူမှာ အဖြူရောင်ချပ်၀တ်ကို၀တ်ဆင်ထားသည့် ပိုင်ရန်ရွှယ်ဖြစ်လေသည်။

သူမသည်အာရုံခံသည့်ကိရိယာတမျိုးအားကိုင်ဆောင်ထားပြီး တခုခုကိုရှာဖွေနေပုံပေါ်လေသည်။စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် ကျိုးဟောင်ရှိရာသို့လှမ်းကြည့်လိုက်လေသည်။

ကျိုးဟောင်လက်ထဲရှိပစ္စည်းဆီမှ အစိမ်းရင့်ရောင်အငွေ့များထွက်လာလေသည်။

"ချီးပဲ ငါတော့လှည့်စားခံရပြီ"

ကျိုးဟောင်မှာဒေါသတကြီး ကျိန်ဆဲလိုက်မိလေသည်။ အီတာယွီမျိုးနွယ်မှလူသည်သူ့အားလှည့်စားသွားခဲ့လေသည်။ ထိုသူသည်လှည့်ကွက်သုံးကာ သူ့ပစ္စည်းအားထားခဲ့ပြီး ပိုင်ရန်ရွယ်ထံလက်စားချေဖို့သတင်းပေးခဲ့ပုံရလေသည်။

ကျိုးဟောင်လည်း သူ့ပစ္စည်းများကိုချက်ချင်းသိမ်းပြီး မြို့ထဲမှထွက်ပြေးလေသည်။ ပိုင်ရန်ရွှယ်လည်း ကျိုးဟောင်ကိုမြင်သောအခါ သူမတို့ခုနကဆုံခဲ့တာကိုသတိရသွားပြီး မှင်တက်သွားလေသည်။ ခနကြာသောအခါ သူမ၏မျက်လုံးထဲတွင်ဒေါသရိပ်များပြည့်နှက်လာပြီး အေးစက်စွာအော်ဟစ်လိုက်ပြီး အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းကာ နောက်ကလိုက်လေသည်။

ကျိုးဟောင်မှာအလွန်ဒေါသထွက်နေလေသည်။ သူသည် ပိုင်ရန်ရွှယ်နောက်မှလိုက်လာသည်ကိုအာရုံခံမိလေသည်။

" ချီးပဲ ဒီအီတာယွီမိသားစုတကယ်ကိုဉာဏ်နီ ဉာဏ်နက်များတာပဲ"

ကျိုးဟောင်မှာကျိန်ဆဲနေမိလေသည်။

" မိတ်ဆွေ ကျွန်မကိုတွေ့မှဘာလို့ထွက်ပြေးတာလဲ။ ကျွန်မတို့တခါပဲဆုံဖူးပြီး တယောက်နဲ့တယောက်သေချာမသိဘူးလေ။ ရှင်ဒီလိုထွက်ပြေးတာက တခုခုအပြစ်လုပ်ထားတာရှိလို့များလား"

ပိုင်ရန်ရွယ်က နောက်ကလိုက်ရင်းစကားနာထိုးနေလေသည်။ သူမကပြောနေရင်း သူမ၏အိတ်ထဲမှာ ဒုံးပျံကဲ့သို့ပစ္စည်းလေးတခုကိုထုတ်ပြီး ခြေထောက်တွင်တပ်ဆင်လိုက်လေသည်။ ရုတ်တရက်ပင် ထိုပစ္စည်းဆီမှ အဖြူရောင်အလင်းတန်းများထွက်လာပြီး သူမ၏အရှိန်မှာလည်းတဟုန်ထိုး တိုးတက်လာလေသည်။

ကျိုးဟောင်ကဘာမှပြန်မပြောဘဲ ဆက်သာပြေးနေလေသည်။ သူ့တွင် အကြောင်းပြချက်ကောင်းရှိနေရင်တောင်မှ ပိုင်ရန်ရွှယ်ကသူ့အား အလွတ်ပေးမည်မဟုတ်ကြောင်း သူသေချာသိလေသည်။

"ဟမ် ကျိုးဟောင် ရှင်ဘယ်သူမှန်း ကျွန်မ မသိဘူးထင်နေတာလား။ ရှင်က နင်ယွမ်ဖုန်းကို ထိခိုက်အောင်လုပ်ခဲ့တယ်။ အဲ့ကိစ္စကို ဒီနေ့ ရှင်နဲ့ကျွန်မရှင်းမယ်"

သူမ၏သတ်ဖြတ်လိုစိတ်မှာ ထွက်ပေါ်လာခဲ့လေသည်။ ကျိုးဟောင်မှာ နင်ယွမ်ဖုန်းအားထိခိုက်အောင်လုပ်ခဲ့သည့်အတွက် သူမ ကျိုးဟောင်နောက်သို့ အသည်းအသန်လိုက်နေခဲ့လေသည်။။

အထူးအဖွဲ့အစည်း၏ စွမ်းအားကြီးပညာရှင်ဖြစ်သည့်အလျှောက် ပိုင်ရန်ရွှယ်၏တိုက်ခိုက်ရေးစွမ်းအားမှာ မြင့်မားလေသည်။ ဒါ့အပြင်မီးကိုထိန်းချုပ်နိုင်သောအထူးစွမ်းအားလည်းရှိသေးပေသည်။ သူတို့နှစ်ယောက်တကယ်တိုက်ခိုက်ပါက ဘယ်သူအနိုင်မရဆိုသည်ကို ကျိုးဟောင်တောင်သေချာမသိပေ။ ဒါ့ကြောင့် လွတ်မြောက်အောင်လုပ်ခြင်းကသာအကောင်းဆုံးအဖြေဖြစ်နေလေသည်။

ကျိုးဟောင်မှာ ဌက်မွှေးတထောက်ချပ်၀တ်ကို၀တ်ဆင်လိုက်လေသည်။ သူဘယ်သူလဲသိသွားပြီဖြစ်သောကြောင့် ဆက်ဖုံးကွယ်မနေတော့ပေ။ ကျိုးဟောင်မှာရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးပြီး သူ့အရှိန်ကိုမြင့်တင်လိုက်လေသည်။ပိုင်ရန်ရွှယ်မှာ ထိုအခြင်းအရာကြောင့်တုန်လှုပ်သွားလေသည်။

" ဒီအမြန်နှုန်း..... ဒါ့ကြောင့် ယွမ်ဖုန်းသူ့ကိုအနိုင်မယူနိုင်တာကိုး။ ယွမ်ဖုန်းက သူ့ကိုတကယ်ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ငါ့အတွက်တော့ အသုံးမ၀င်ဘူး"

ပိုင်ရန်ရွှယ်ကပြောပြီးနောက် သူမ၏မျက်လုံးများကိုမှိတ်လိုက်လေသည်။ ထို့နောက်ပြန်ဖွင့်လိုက်သောအခါ သူမ၏မျက်လုံးထဲတွင် အဖြူရောင်မီးတောက်အမှတ်တခုပေါ်လာလေသည်။ထိုအမှတ်ပေါ်လာသည်နှင့် သူမခန္ဓာကိုယ်တွင်အဖြူရောင်မီးတောက်များရစ်ပတ်သွားလေသည်။

ကျိုးဟောင်မှာ အရှိန်မြင့်တင်ပြီးနောက် သူမ၏ပုံရိပ်ကိုနောက်တွင်မမြင်ရတော့သောကြောင့် မျက်ခြေဖြတ်နိုင်ခဲ့လို့တွေးပြီးပြုံးမိလိုက်သည်။

" ဒီအမျိုးသမီးက ပုံမှန်ဆိုနူးညံ့သလောက် ဒေါသထွက်လာရင်ကြောက်ဖို့ကောင်းတာပဲ။ နင်ယွမ်ဖုန်းအရင်ဘ၀က ကမ္ဘာကြီးကိုပဲကယ်တင်ခဲ့လေသလား။ဒီလိုမိန်းကလေးမျိုးကိုပိုင်ဆိုင်ခွင့်ရတာ တော်တော်ကံကောင်းတဲ့ကောင်ပဲ"

ကျိုးဟောင်မှာတယောက်ထဲရေရွတ်နေလေသည်။

သို့သော်ထိုအချိန်တွင်ဘေးပတ်၀န်းကျင်ရှိ အပူချိန်မှာရုတ်တရက်မြင့်တက်လာသောကြောင့် ကျိုးဟောင်၏အမူအရာများပြောင်းလဲသွားလေသည်။နောက်စက္ကန့်အနည်းငယ်အကြာတွင် ကျိုးဟောင်အရှေ့၌ထူးခြားသောစွမ်းအင်အတက်အကျလှိုင်းများပေါ်ပေါက်လာလေသည်။

"ကျိုးဟောင် ရှင် မလွတ်နိုင်ပါဘူး"

ကျိုးဟောင်ရှေ့ကို လေထုမှာ မီးပွားလေးများပေါ်လာပြီး ထိုအထဲမှ ပိုင်ရန်ရွှယ်ကလမ်းလျှောက်ထွက်လာလေသည်။ ကျိုးဟောင်၏အမူအရာမှာလည်း လုံး၀ပျက်ယွင်းသွားလေသည်။

"လခွမ်း မင်းရဲ့အမြန်နှုန်းကဘယ်လိုလဲဟ..."

ကျိုးဟောင်မှာပြောရင်းနောက်သို့ဆုတ်သွားလေသည်။မရမတွက်နိုင်သောမီးတောက်များက ကျိုးဟောင်ဆီသို့ဦးတည်လာလေသည်။

"ဒီလောက်ဆိုရှင့်ကိုမှီဖို့လုံလောက်ပါပြီ"

ပိုင်ရန်ရွှယ်ကပြောပြီးနောက်သူမ၏လက်ဝါးနှစ်ခုကိုပူးကပ်လိုက်လေသည်။ သူမ၏မျက်လုံးထဲရှိအမှတ်မှာပျောက်ကွယ်သွားပြီး အဖြူရောင်မီးကျီးကန်းများကောင်းကင်တခုလုံးပြည့်နှက်သွားကာ ကျိုးဟောင်အားတရစပ်တိုက်ခိုက်တော့မည့်ဟန်ပြင်နေလေသည်။

"ဒါက သူမရဲ့ ရတနာပစ္စည်းတခုခုက ရှုထောင့်တွေကိုဖြတ်သန်းသွားလာနိုင်ပုံပဲ ဒါမှမဟုတ် ဒါကသူမရဲ့အထူးစွမ်းရည်နောက်တခုပဲလား။ မဟုတ်ရင် သူမဒီလောက်အထိမြန်မြန်လိုက်မှီလာမှာမဟုတ်ဘူး"

ကျိုးဟောင်ကတိတ်တဆိတ်ခန့်မှန်းကြည့်နေလေသည်။ သို့သော်ချက်ချင်းပင် ကျိုးဟောင်က အရိပ်ဓား၇ချောင်းသိုင်းကိုသုံးပြီး ထိုအဖြူရောင်မီးကျီးကန်းများအားဖျက်စီးလိုက်လေသည်။ ထိုမီးကျီးကန်းများမှာ အားပျော့နေသကဲ့သို့ဖြစ်သောကြောင့် ကျိုးဟောင်မှင်တက်သွားလေသည်။

ထိုအချိန်တွင် ပိုင်ရန်ရွှယ်က ရုတ်တရက်ပြုံးလာသောကြောင့် ကျိုးဟောင်ထိတ်လန့်သွားလေသည်။

"လခွမ်းငါတော့လှည့်စားခံလိုက်ရပြီ"

သူ့စကားမဆုံးခင်မှာပဲ ပိုင်ရန်ရွှယ်ကသူ့အား လက်သီးဖြင့်ပြင်းထန်စွာထိုးရင်း သစ်ခွာပန်းအနံ့ကဲ့သို့အငွေ့အသက်တခုကိုမှုတ်ထုတ်လိုက်လေသည်။

"ခဲစမ်း"

....................................................................................

အခန်း(၅၄၂)ပြီးပါပြီ။

အခန်း (၅၄၃) : လှည့်စားခြင်း

ကျိုးဟောင်မှာ တုန်လှုပ်သွားခဲ့လေသည်။ သူဖျက်စီးခဲ့သောမီးတောက်များမှာ ကြီးမားသောလှောင်အိမ်ကြီးအဖြစ်ပြောင်းလဲသွားပြီး သူ့အားပိတ်လှောင်လိုက်လေသည်။

ကျိုးဟောင်မှာ သူ့အားပိတ်လှောင်ထားသောအဖြူရောင်မီးတောက်များဖြင့်ပြည့်နှက်နေသည့်လှောင်အိမ်ကြီးအားကြည့်ပြီး အမူအရာများခက်ထန်နေလေသည်။

"ကျိုးဟောင် ရုန်းကန်မနေပါနဲ့တော့ ငါ့မီးတောက်တွေက အားကြီးတိုင်းဖျက်စီးလို့ရနိုင်တဲ့အရာတွေမဟုတ်ဘူး။မီးစွမ်းအင်အနှစ်သာရကို ကျွမ်းကျင်မှသာ ဒါတွေကိုချိုးဖျက်နိုင်မှာ။ ငါ့ရဲ့မီးတောက်တွေကငါ့ရဲ့ချိတ်ပိတ်တဲ့ကျင့်စဉ်ကိုသုံးပြီးအဆင့်မြှင့်ထားတာမို့ သူတို့တွေကိုချိုးဖျက်ဖို့ဆိုတာမလွယ်ကူဘူး"

ပိုင်ရန်ရွှယ်ကအောင်နိုင်သူတယောက်ရဲ့ယုံကြည်ချက်မျိုးဖြင့်ကျိုးဟောင်အားကြည့်ရင်းပြောနေလေသည်။ ကျိုးဟောင်ကလည်း မျက်မှောင်ပြီး ခက်ထန်စွာကြည့်နေလေသည်။ သူဘယ်သူလဲဆိုသည်မှာပေါ်သွားပြီဖြစ်သောကြောင့် မျက်နှာဖုံးအားဆွဲချွတ်လိုက်လေသည်။

"ပိုင်ရန်ရွှယ် မင်းနဲ့ငါ့ကြားမှာ ဘာရန်ငြိုးမှမရှိပါဘူး။ ဒီလိုမျိုးတွေသုံးပြီးတိုက်ခိုက်ရတဲ့အထိ မင်းရဲ့ဂုဏ်သိက္ခာတွေကျဆင်းသွားတာလား"

ကျိုးဟောင်က ပိုင်ရန်ရွှယ်အား မခံချင်အောင်ပြောနေလေသည်။ သူ့အနေနဲ့ အနည်းငယ်အားစိုက်ထုတ်ရုံဖြင့် ထိုမီးတောက်လှောင်အိမ်မှ လွတ်မြောက်နိုင်ချေရှိလေသည်။

ထို့အပြင်ကျိုးဟောင်မှာ ပိုင်ရန်ရွှယ်အားမထိခိုက်စေလိုပေ။သူမသည် အကျင့်စာရိတ္တကောင်းသောမိန်းကလေးဖြစ်လေသည်။ ပိုင်ရန်ရွှယ်သည်လည်း ကျိုးဟောင်အား တကယ်မသတ်လိုပေ။ သူမအနေဖြင့်သင်ခန်းစာပေးချင်ရုံသက်သက်သာဖြစ်လေသည်။

"ဟမ် ရှင်ကကျွန်မတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူးလို့ပြောတယ်ပေါ့။ ရှင်က နင်ယွမ်ဖုန်းရဲ့ခြေထောက်ကိုချိုးပြီး သူ့ကိုဒဏ်ရာအပြင်းအထန်ရအောင်လုပ်ခဲ့တာလေ။ဒါကြောင့် ငါကသူ့အတွက်လက်စားချေပေးမှဖြစ်မှာပေါ့"

ပိုင်ရန်ရွှယ်ကပြန်ပြောလာလေသည်။ ကျိုးဟောင်လည်းဘာပြန်ပြောရမှန်းမသိဖြစ်သွားရလေသည်။သူ့အနေဖြင့် တိုက်ခိုက်ဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ပေ။

"ပိုင်ရန်ရွှယ် မင်းတကယ်ပဲဒီလှောင်အိမ်နဲ့ငါ့ကို အကျဉ်းချထားနိုင်မယ်ထင်နေတာလား။ မင်းငါ့ကိုအထင်မှားနေပြီ"

ကျိုးဟောင်ကအေးစက်စွာပြောလိုက်လေသည်။ထို့နောက်သူ၏ကောင်းကင်ဘုံအဆင့်တ၀က်ကျင့်ကြံရေးကိုလည်ပတ်လိုက်ပြီး လက်သီးဖြင့်ပြင်းထန်စွာထိုးလိုက်လေသည်။

ကျိုးဟောင်၏အင်အားမှာ ကောင်းကင်ဘုံအဆင့်အောက်တွင်သူ့အားယှဉ်နိုင်သည့်သူမရှိပေ။ဒီလိုမီးတောက်လေးများကသူ့အားတားနိုင်လိမ့်မည်လို့ မယုံကြည်ချင်ပေ။

ထိုလက်သီးချက်ကြောင့် မီးလှောင်အိမ်မှာ တုန်ဟီးသွားပြီး အက်ရာများပေါ်လာလေသည်။ သူတို့နှစ်ယောက်လုံး၏အမူအရာများပြောင်းလဲသွားလေသည်။

ကျိုးဟောင်အမူအရာပြောင်းရသည့်အကြောင်းအရင်းမှာ ဒီလက်သီးချက်ဖြင့် နင်ယွမ်ဖုန်းအား အနိုင်ယူနိုင်သော်လည်း ဒီမီးလှောင်အိမ်ကိုတော့ မဖျက်ဆီးသည့်အချက်ကြောင့်ဖြစ်လေသည်။

ပိုင်ရန်ရွှယ်ကတော့ ကျိုးဟောင်၏ကြောက်မက်ဖွယ်ကောင်းသောအင်အားကြောင့် တုန်လှုပ်သွားလေသည်။ ဒီမီးလှောင်အိမ်မှာ သူမ၏အထူးစွမ်းရည်ဖြင့်ဖန်တီးထားသည့်ကောင်းကင်ဘုံအဆင့် ချိတ်ပိတ်သည့်ကျင့်စဉ်တခုဖြစ်လေသည်။

ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်၃ယောက်ပေါင်းရင်တောင်မှ ဒီမီးလှောင်အိမ်အား ဖျက်စီးဖို့မလွယ်ကူပေ။ ဒါ့ကြောင့်လည်း သူမ၏အထူးစွမ်းရည်ရှိသူများဖြင့်ဖွဲ့စည်းထားသည့် အထူးအဖွဲ့အစည်းမှာ အရမ်းစွမ်းအားကြီးနေရခြင်းဖြစ်လေသည်။

အထူးစွမ်းရည်ရှိသူများမှာ သာမန်သိုင်းပညာရှင်များနှင့်မတူပေ။ သူတို့မှာ စွမ်းအင်အနှစ်သာရများပိုင်ဆိုင်ကြလေသည်။ ဥပမာပြောရရင်ပိုင်ရန်ရွှယ်၏ မီးစွမ်းအင်လိုမျိုးဖြစ်လေသည်။ ထိုမီးစွမ်းအားမှာ ကမ္ဘာ့အသန်မာဆုံးလို့မဆိုနိုင်သော်လည်း ဒုတိယနေရာလောက်တွင်တော့ရှိလေသည်။

သို့သော်ကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပြင်းထန်ပြီး ဒီလိုသာဆက်တိုက်ခိုက်နေပါက မီးလှောင်အိမ်အား ချိုးဖျက်နိုင်သွားမည်ဖြစ်လေသည်။

ပိုင်ရန်ရွှယ်လည်း ထိုအချက်ကိုစဉ်းစားမိလိုက်သောကြောင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူမလည်းထိုမီးလှောင်အိမ်ထဲသို့၀င်လာလေသည်။

"ဒီလှောင်အိမ်ကို ကျွန်မက ရှင့်ရဲ့ ကျင့်ကြံရေးစွမ်းအားတွေချုပ်နှောင်ထားချင်လို့ဖန်တီးခဲ့တာ။ ဒီရေခဲနဲ့မီးပေါင်းစပ်ထားတဲ့ လှောင်အိမ်ထဲမှာတော့ ရှင် ကျွန်မကိုနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး"

ဒီလှောင်အိမ်မှာ ပိုင်ရန်ရွှယ်၏အသန်မာဆုံးကျင့်စဉ်တခုဖြစ်ပြီးထိုလှောင်အိမ်ထဲတွင်သူမကိုအနိုင်ယူဖို့လုံး၀မလွယ်ကူပေ။

အဖြူရောင်မီးတောက်များမှာကျိုးဟောင်အား ဆက်တိုက်လောင်ကျွမ်းနေပြီး ကျိုးဟောင်အနေဖြင့်ထိုမီးတောက်များကိုဖြေရှင်းရန်အတွက်စွမ်းအင်အနှစ်သာရကိုဆက်တိုက်သုံးစွဲနေရလေသည်။

ပိုင်ရန်ရွှယ်အတွက်ကတော့ထိုမီးတောက်များကိုဂရုစိုက်စရာမလိုဘဲ သူမ၏တိုက်ခိုက်ရေးစွမ်းအားများကိုပင် တိုးမြှင့်ပေးလေသည်။

ကျိုးဟောင်အနေဖြင့် ဒီလိုအခြေအနေမျိုးကိုမနှစ်သက်ပေ။ ပိုင်ရန်ရွှယ်ကသူမ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး မီးတောက်များကို ဓားတချောင်းအဖြစ်ပြောင်းလဲကာ ကျိုးဟောင်အားခုတ်လိုက်လေသည်။

ကျိုးဟောင်လည်း သူ၏လှံကိုထုတ်လိုက်ပြီးသူမအားပြန်လည်တိုက်ခိုက်လေသည်။ ထိုမီးလှောင်အိမ်အား အဝေးမှကြည့်ပါက အဖြူရောင်မီးတောက် လှောင်အိမ်တခုအနေနဲ့သာတွေ့ရပြီး အထဲသို့မမြင်နိုင်ပေ။သို့သော်လည်း ထိုလှောင်အိမ်ထဲမှ ပြင်းထန်သောအရှိန်အဝါများဆက်တိုက်ထွက်နေသည်ကိုတော့ခံစားနိုင်လေသည်။

ကျိုးဟောင်၏အမူအရာမှာပျက်ယွင်းနေပြီး ဒီအတိုင်းဆက်သွားပါက သူ့အနေဖြင့် ပိုင်ရန်ရွှယ်အားယှဉ်ဖို့မဖြစ်နိုင်ကြောင်းရိပ်မိလေသည်။ ဆက်တိုက်လောင်ကျွမ်းနေသောမီးတောက်များက ဒဏ်ရာကြီးကြီးမားမားမဖြစ်စေသော်လည်း စွမ်းအင်အနှစ်သာရများကို ဆက်တိုက်ကုန်ခမ်းစေလေသည်။

ထိုကဲ့သို့ဆက်တိုက်ကုန်ခမ်းနေပါက စကြာ၀ဠာမူလသစ်ပင်၏အထောက်အပံ့ရှိနေတာတောင်မှ ကျိုးဟောင်တယောက်မောပန်းလာမည်ဖြစ်လေသည်။ဒါ့ကြောင့်ကျိုးဟောင်အနေဖြင့်တိုက်ပွဲအား မြန်မြန်အဆုံးသတ်ဖို့လိုလာလေသည်။

ကျိုးဟောင်ကအသက်၀၀ရှူသွင်းလိုက်ပြီး သူတို့အားဘယ်သူမှမမြင်နိုင်သည်ကိုသိသောကြောင့် ရှေးဟောင်းကျောက်စာအားအသုံးပြုဖို့စဉ်းစားလိုက်လေသည်။ ထိုသို့စဉ်းစားပြီးနောက်ကျိုးဟောင်မှာသူ၏လှံအားဘေးသို့ပစ်ချလိုက်လေသည်။

" ဟမ် ရှင်လက်လျော့လိုက်ပြီလား"

ပိုင်ရန်ရွှယ်ကအံအားသင့်စွာမေးလိုက်လေသည်။သူမမှာ ကျိုးဟောင်နှင့်အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက်ကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းရည်အားထိတ်လန့်နေလေသည်။ သူမအ‌နေဖြင့်ဒီလှောင်အိမ်ထဲတွင်တိုက်ခိုက်နေခြင်းကြောင့်သာ ကျိုးဟောင်၏ ခွန်အားကိုယှဉ်နိုင်ခြင်းဖြစ်လေသည်။ဒါ့ကြောင့်လည်းနင်ယွမ်ဖုန်းကဒီလူအားရှုံးနိမ့်ခဲ့ခြင်းဖြစ်လေသည်။သို့သော်လည်းကျိုးဟောင်ကလှံကိုလွှတ်ပစ်လိုက်ခြင်းကြောင့် သူမ‌ ဇဝေဇဝါဖြစ်သွားလေသည်။

"မင်းတယောက်ထဲ ချိတ်ပိတ်တဲ့ကျင့်စဉ်တွေသိတာမဟုတ်ပါဘူး ငါလည်းသိတယ်။ ကဲဘယ်သူ့နည်းစနစ်က ပိုသန်မာလဲကြည့်ကြတာပေါ့"

ကျိုးဟောင်စကားဆုံးသွားသောအခါ သူ့လက်ဖဝါးပေါ်တွင် "ချိတ်ပိတ်ခြင်း" ဆိုသည့်စာသားတခုပေါ်လာခဲ့ပြီး ပိုင်ရန်ရွယ်ဘက်သို့လှည့်ကာသုံးလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် မမြင်ရသောအားတခုလေထုထဲတွင်ပေါ်လာပြီး မီးတောက်များကိုဖြိုခွဲကာ ပိုင်ရန်ရွှယ်ဆီသို့ကျရောက်သွားလေသည်။သူမသည် ရှေးဟောင်းကျောက်စာဖြင့်ထိန်းချုပ်ခြင်းကိုခံလိုက်ရလေသည်။

"ဟမ်...."

သူမအမူအရာများပြောင်းလဲသွားပြီး သူမနားမလည်သည့် ထူးဆန်းသည့်တွန်းအားတခုကိုခံစားလိုက်ရလေသည်။ သူမလည်းချက်ချင်းလက်ဖဝါးနှစ်ခုကိုပူးကပ်လိုက်ပြီး မီးတောက်များကြားထဲ ၀င်ရောက်ပျောက်ကွယ်ရန်ကြိုးစားလိုက်လေသည်။

သို့သော်လည်းသူမအနေဖြင့်ကျိုးဟောင်လက်မှလွတ်အောင်မပြေးနိုင်တော့ပေ။ ကျိုးဟောင်ကလည်း သူ့စွမ်းအားအကုန်အားထုတ်မသုံးဝံ့ပေ။ ရှေးဟောင်းကျောက်စာအားစောင့်ကြည့်နေသူတယောက်ရှိ‌လေသည်။ထိုလူသာရိပ်မိသွားပြီး ဒီနေရာသို့ရောက်လာပါက သူ့အားသတ်ပြီးအရာအားလုံးသိမ်းယူသွားမည်ဖြစ်လေသည်။

ထိုအချိန်တွင် ကျိုးဟောင်နှင့်ပိုင်ရန်ရွှယ်အား ရန်တိုက်ပေးခဲ့သည့် အီတာယွီမိသားစုမှလူမှာ လှောင်အိမ်နားသို့ရောက်နေသည်ကိုတော့ သူတို့နှစ်ယောက်လုံးမသိခဲ့ပေ။

ထိုလူ၏ဘေးတွင်ဖြူဖျော့နေသောဘလူးကရပ်နေပြီး လေထဲမှမီးလှောင်အိမ်ကြီးအားသတ်ဖြတ်လိုစိတ်များဖြင့်ကြည့်နေလေသည်။

"မင်းကောင်းကောင်းလုပ်ခဲ့နိုင်တာပဲ။ အခုသူတို့နှစ်ယောက်လုံးကိုသတ်လိုက်ရအောင်အဆင်သင့်ပဲလား"

ဘလူးကတုန်ရီနေသောအသံဖြင့်ပြောလာလေသည်။

"အက်ကွဲကြောင်းတွင်းနက်ကြီးကိုဖန်တီးပြီးပါပြီ။ အဲ့နေရာကိုရောက်သွားရင်တော့ စစ်နတ်ဘုရားတောင်ရှင်သန်နိုင်မှာမဟုတ်ဘူး"

အဇွန်ကပြောလိုက်ပြီး အိတ်ထဲမှခလုတ်တခုကိုထုတ်ကာနှိပ်လိုက်လေသည်။ရုတ်တရက်သူ့ပတ်လည်တွင်စက်ယန္တရား၁၀ခုပေါ်လာခဲ့ပြီး အက်ကွဲကြောင်းစွမ်းအင်အတက်အကျများထုတ်လွှတ်နေလေသည်။

ထိုစွမ်းအင်အတက်အကျများမှာ အလင်းတန်းကွန်ရက်များအဖြစ်ပြောင်းသွားပြီး မီးလှောင်အိမ်ကြီးအားဝါးမျိုသွားလေသည်။

လှောင်အိမ်ထဲတွင်တိုက်ခိုက်နေသောပိုင်ရန်ရွှယ်နှင့်ကျိုးဟောင်လည်း ထိုအခြင်းအရာကိုခံစားလိုက်မိလေသည်။ ပိုင်ရန်ရွှယ်ကလက်ကိုဝှေ့ယမ်းလိုက်သောအခါ အဖြူရောင်မီးတောက်များမှာ ကွယ်ပျောက်သွားပြီး အပြင်သို့မြင်လိုက်ရလေသည်။

"ဒါ...ဒါက အာကာသအက်ကွဲကြောင်းနေရာကူးပြောင်းရေးစက်ပဲ"

ပိုင်ရန်ရွှယ်မှာ တုန်လှုပ်သွားလေသည်။ ဘလူးနှင့်အဇွန်ကိုမြင်လိုက်သောအခါ သူမ၏မျက်လုံးထဲတွင်ဒေါသရိပ်များပြည့်နှက်သွားလေသည်။

"ဟားဟား....ပိုင်ရန်ရွှယ်ရေ ကျိုးဟောင်ကိုသတ်ချင်တာကြောင့် မင်းကိုပါစတေးရမှာပဲ"

ဘလူးကရယ်မောရင်းပြောလိုက်လေသည်။ ကျိုးဟောင်၏အမူအရာမှာလည်းခက်ထန်သွားလေသည်။ ခဏအကြာတွင် အာကာသအက်ကွဲကြောင်းကူးပြောင်းရေးစက်မှ အသံတခုမြည်လာပြီး လှောင်အိမ်ကြီးမှာ ကွယ်ပျောက်သွားလေသည်။

....................................................................................

အခန်း(၅၄၃)ပြီးပါပြီ။

All Chapters