အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အခန်း (၅၄၄) : ရေခဲကမ္ဘာ
ထို့နောက်ကျိုးဟောင်မှာ အဆုံးမရှိသောအာကာသအက်ကွဲကြောင်းစွမ်းအင်လှိုင်းများကြားထဲ နစ်မြုပ်သွားသလိုခံစားလိုက်ရလေသည်။ အဆုံးမရှိသောလေပြင်းများနှင့် ရေခဲလှိုင်းများက ဓားသွားများသဖွယ်တိုက်ဖြတ်နေသည်ကိုလည်းခံစားရလေသည်။
ကျိုးဟောင်မှာ သူ၏ကျင့်ကြံရေးကိုချက်ချင်းလှည့်ပတ်လိုက်ပြီး ထိုလှိုင်းဒဏ်များကိုခုခံရန်ပြင်ဆင်လိုက်လေသည်။သို့သော် သူ၏ကျင့်ကြံရေးများကိုထုတ်သုံး၍မရသောကြောင့် ကျိုးဟောင်တုန်လှုပ်သွားလေသည်။ထိုနေရာတွင်ကျင့်ကြံရေးများကို ကန့်သတ်ထားသည့်အတားအဆီးတခုခုရှိနေလေသည်။
ကျိုးဟောင်၏အမူအရာမှာလုံး၀ပျက်ယွင်းသွားလေသည်။သူဘယ်နေရာရောက်နေမှန်းမသိသော်လည်း ဘလူးကတော့သူ့အား သာယာသည့်နေရာတခုကိုတော့ပို့မည်မဟုတ်ပေ။
ထိုနေရာတွင်တိုက်ခတ်နေသောရေခဲလေပြင်းများမှာအလွန်ပြင်းထန်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ငှက်မွှေးတထောင်ချပ်၀တ်၏အကာအကွယ်ကြောင့် ဒဏ်ရာအနာတရတော့မဖြစ်ခဲ့ပေ။
သို့သော်ပိုင်ရန်ရွှယ်ကတော့ကံမကောင်းခဲ့ပေ။ သူမ၏ချပ်၀တ်မှာကျိုးဟောင်လောက်အဆင့်မမြင့်ပေ။ဒါ့အပြင်သူမ၏ကျင့်ကြံရေးများမှာလည်း ထိန်းချုပ်ခြင်းခံထားရလေသည်။
ဒါ့ကြောင့်ရေခဲလေပြင်းများတိုက်ခတ်လာချိန်တွင်သူမ၏အ၀တ်အစားများမှာစုတ်ပြဲသွားလေသည်။ လေပြင်းများကသူမ၏အသားရေနုနုလေးများကိုတိုက်ဖြတ်သွားပြီးသွေးများထွက်နေစေလေသည်။
"အားးးးး..."
ပိုင်ရန်ရွှယ်မှာနာကျင်မှုကြောင့်အော်လိုက်မိလေသည်။ဒီလိုအခြေအနေအရ သူမကို ကျိုးဟောင်သာမကူညီပါက ဒီနေရာတွင်သေသွားမည်ဖြစ်လေသည်။
ကျိုးဟောင်လည်းမျက်မှောင်ကြုတ်ကာခဏလောက်စဉ်းစားလိုက်လေသည်။ ထို့နောက် သူ့လက်ကိုဆန့်တန်းကာ သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုသုံးကာ ရေခဲလေပြင်းများ၏ဒဏ်ကို ကာကွယ်ပေးထားလိုက်လေသည်။
ကျိုးဟောင်မှာငှက်မွှေးတထောင်ချပ်၀တ်၏ အကာအကွယ်ရှိတာတောင်မှ ရေခဲလေပြင်းများ၏ရိုက်ခတ်ဒဏ်ကြောင့် ဒဏ်ရာရရှိလာလေသည်။ ကျိုးဟောင်မှာတောင့်မခံနိုင်တော့ပဲသွေးတဗွက်အန်ထွက်လာလေသည်။
ပိုင်ရန်ရွှယ်မှာလည်းခံစားချက်မကောင်းပေ။ ကျိုးဟောင်ကဖက်ထားခြင်းကြောင့်သူမမှာနေရထိုင်ရအဆင်မပြေဖြစ်နေလေသည်။ ဒါ့အပြင် အ၀တ်အစားများစုတ်ပြဲသွားခြင်းကြောင့် သူမ၏နူးညံ့သောအသားစိုင်လေးများမှာထင်ထင်ရှားရှားပေါ်လွင်နေလေသည်။ ထိုကဲ့သို့အခြေအနေတွင်ကျိုးဟောင်ကသူမအားဖက်ထားခြင်းကြောင့် အလွန်ရှက်နေလေသည်။
သူမမှာရုန်းကန်ဖို့ကြိုးစားလိုက်ချိန်တွင်ကျိုးဟောင်ကဒေါသတကြီးအော်ဟစ်လိုက်လေသည်။
"ငြိမ်ငြိမ်နေစမ်း သေသွားချင်လို့လား ဒီနှင်းမုန်တိုင်းထဲပစ်ထားလိုက်ရမလား..."
ကျိုးဟောင်၏တကိုယ်လုံးမှာ နှင်းမုန်တိုင်း၏ ရိုက်ခတ်ချက်ကြောင့် ဒဏ်ရာများပြည့်နှက်နေပြီး ပိုင်ရန်ရွှယ်ကပါရုန်းကန်နေသောကြောင့်ဒေါသထွက်လာလေသည်။
ပိုင်ရန်ရွှယ်လည်း ကျိုးဟောင်ဆူလိုက်သောကြောင့်နားလည်သွားပြီး တကယ်လို့ကျိုးဟောင်သာမကာကွယ်ပေးပါက သူမသေသွားနိုင်သည်ကိုသဘောပေါက်သွားလေသည်။
သူမသည်နင်ယွမ်ဖုန်းနှင့်စေ့စပ်ထားသော်လည်း လက်ထပ်ပြီးသားအမျိုးသမီးတဦးတော့မဟုတ်ပေ။ဒါ့အပြင်သူမမှာအလွန်ဖြူစင်သူဖြစ်ပြီး ဘယ်အမျိုးသားနှင့်မှမထိတွေ့ဖူးပေ။ထိုကဲ့သို့ အမျိုးသမီးလေးက ဒီလိုအခြေအနေတွင်အလွန်ရှက်နေသည်မှာမထူးဆန်းပေ။
"ကျိုးဟောင် ရှင့်စိတ်ကိုရှင်ထိန်းနော်မဟုတ်ရင် ကျွန်မရှင့်ကိုသတ်ရလိမ့်မယ်"
ပိုင်ရန်ရွှယ်ကနှုတ်ခမ်းလေးကိုကိုက်ကာ ချစ်စဖွယ်အကြည့်လေးဖြင့်ကြိမ်းဝါးနေလေသည်။
"ငါမင်းကိုစိတ်၀င်စားတယ်ထင်နေတာလား ။ တခြားလူတွေကမင်းကို သဘောကျချင်ကျလိမ့်မယ် ငါ့အတွက်တော့ မင်းက ၀က်တကောင် ဒါမှမဟုတ်ခွေးတကောင်လောက်တောင်အဖိုးမတန်ဘူး။ အခုမင်းကိုကယ်ရတာလား အခန့်မသင့်တဲ့အခြေအနေမို့လို့ပဲ။အရမ်းကိုယ့်ကိုယ်ကိုအထင်ကြီးမနေနဲ့ မကယ်ပဲပစ်ထားလိုက်ရမလား"
ကျိုးဟောင်မှာသူ၏ဒေါသကိုမထိန်းချုပ်နိုင်ပဲပြောလိုက်လေသည်။
နှင်းမုန်တိုင်းမှာလည်းပြင်းထန်စွာဆက်လက်တိုက်ခတ်နေပြီး သူတို့၏ခန္ဓာကိုယ်များမှာလည်း နှင်းထဲတဖြေးဖြေးနစ်မြုပ်လာလေသည်။
ကျိုးဟောင်၏ခန္ဓာကိုယ်မှာတစတစပိုမိုလေးလံလာပြီး နှင်းမုန်တိုင်းဒဏ်ကိုဆက်လက်တောင့်မခံနိုင်တော့ပေ။သူ၏မျက်လုံးများတဖြေးဖြေးလေးပြီးမကြာခင်မှောင်မဲသွားလေသည်။ကျိုးဟောင်နှင့်ပိုင်ရန်ရွှယ်တို့နှစ်ယောက်လုံးသတိလစ်သွားခဲ့လေသည်။
အချိန်တခုထိကြာမြင့်ပြီးနောက် ကျိုးဟောင်မှာဖြေးဖြေးချင်းမျက်လုံးများပွင့်လာလေသည်။သူ့တကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေပြီးနေရထိုင်ရအဆင်မပြေတော့ပေ။
ဒါ့အပြင်ငှက်မွေးတထောင်ချပ်၀တ်နှင့်လည်းအဆက်အသွယ်ပြတ်တောက်သွားလေသည်။ သူ၏ကျင့်ကြံရေးများကိုသုံးမရတော့သည့်အပြင်လုံး၀အားနည်းနေပြီးသာမန်လူတယောက်နှင့်မခြားနားတော့ပေ။ကျိုးဟောင်မှာစိတ်ပျက်လက်ပျက်နှင့်အားတင်းကာမတ်တပ်ထရပ်လိုက်လေသည်။
"ငါ့ဒဏ်ရာတွေကနည်းနည်းပြင်းတယ်။ ငါ့ရဲ့စွမ်းအင်အနှစ်သာရရော စကြ၀ဠာမူလသစ်ပင်အစွမ်းကိုရောသုံးမရတော့ဘူး။ ငါဘာဆက်လုပ်သင့်လဲ"
ကျိုးဟောင်မှာစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချလိုက်မိသည်။ဘေးပတ်၀န်းကျင်အားတချက်ကြည့်လိုက်ပြီး ကျိုးဟောင်အမူအရာများပြောင်းလဲသွားလေသည်။
ထိုနေရာမှာမျက်စိတဆုံးနှင်းများဖြင့်ဖြူဖွေးနေပြီး ရေခဲမြစ်ကြီးသဖွယ်ဖြစ်နေပေသည်။ ထိုနေရာတွင်သစ်ပင်များ၊မြက်များနှင့်ပန်းများရှိသော်လည်း အားလုံးအေးခဲနေကြလေသည်။
ထိုမြင်ကွင်းကြောင့်ကျိုးဟောင်မှာတုန်လှုပ်သွားရလေသည်။ ဒီနေရာသည် ကျင့်ကြံရေးနည်းစနစ်များကိုထိန်းချုပ်ကန့်သတ်ထားလေသည်။ ကောင်းကင်သို့မော့ကြည့်လိုက်သောနှင်းလေပြင်းများ စက်ဝိုင်းသဖွယ်တိုက်ခတ်နေလေသည်။
"လခွမ်း ဒါကဘယ်လိုနေရာမျိုးလဲ"
ကျိုးဟောင်မှာရေရွတ်လိုက်ပြီး ကြိုးစားကာထရပ်လိုက်လေသည်။ ကျိုးဟောင်မှာဖြေးဖြေးချင်းရှေ့သို့လျှောက်လာလေသည်။ ထိုနေရာမှတကယ့်ကိုကြီးမားကျယ်ပြန့်လေသည်။
ကျိုးဟောင်မှာဒီနေရာကို ပိုင်ရန်ရွှယ်နှင့်အတူရောက်လာခြင်းဖြစ်ပြီးသူမသေသလား ရှင်သလားသူမသိပေ။ သူ့အနေဖြင့်သူကိုယ်တိုင် အသက်ရှင်နိုင်ဖို့သာအရင်ကြိုးစားနေရလေသည်။
ဒီနေရာမှာရေခဲများဖုံးလွှမ်းနေသော်လည်း လှိုဏ်ဂူအနည်းငယ်တော့ရှိနိုင်ကြောင်းကျိုးဟောင်တွေးမိလေသည်။ သူ့အနေဖြင့်အနားယူနိုင်ရန်ထိုကဲ့သို့နေရာမျိုးကိုအရင်ရှာမည်ဖြစ်လေသည်။ ဒါ့အပြင်ယခုလိုဟင်းလင်းပြင်ထဲတွင်နေခြင်းက အန္တရာယ်တစုံတရာပေါ်လာပါက ရှောင်လွှဲရန်ခက်ခဲလေသည်။
ကျိုးဟောင်မှာတောထဲသို့ဖြေးဖြေးချင်းလမ်းလျှောက်၀င်လာခဲ့ပြီး ရုတ်တရက်ရှေ့တွင်လဲကျနေသောပိုင်ရန်ရွှယ်အားတွေ့လိုက်ရလေသည်။ သူမအခြေအနေဘယ်လိုရှိသလဲကျိုးဟောင်မသိသော်လည်း သူမအနားသို့လျှောက်သွားပြီးကြည့်လိုက်လေသည်။
သူမသည်နှင်းလေပြင်းများ၏အအေးဒဏ်ကြောင့် သူမ၏အသားလေးများမှာပန်းရောင်သမ်းနေလေသည်။ သူမ၏အ၀တ်အစားများမှာစုတ်ပြဲသွားခြင်းကြောင့် သူမ၏အဓိကနေရာများကိုလုံခြုံအောင်မဖုံးထားနိုင်တော့ပေ။
သို့သော်ကျိုးဟောင်မှာ အဲ့လိုအခြေအနေကိုစိတ်မ၀င်စားပေ။ သူ့လက်ဖြင့်ပိုင်ရန်ရွှယ်၏နှာခေါင်းနားသို့ကပ်ကာစမ်းသပ်ကြည့်လိုက်လေသည်။ အသက်ငွေ့ငွေ့လေးရှူနေသည်ကိုခံစားမိတော့မှ သက်ပြင်းချလိုက်လေသည်။
လက်ရှိတွင်သူတို့နှစ်ယောက်လုံးကျင့်ကြံရေးနည်းစနစ်များကိုသုံးမရသောကြောင့်သာမန်လူများနှင့်မခြားနားတော့ပေ။ ဒီလိုအနေအထားတွင်အမျိုးသမီးတယောက်ကအမျိုးသားတယောက်လောက်အားမကောင်းနိုင်တော့ပေ။ ဒါ့အပြင်သူမ ရရှိထားသောဒဏ်ရာများမှာ ကျိုးဟောင်ထက်ပြင်းထန်လေသည်။
ကျိုးဟောင်မှာခဏလောက်စဉ်းစားပြီးမှ သက်ပြင်းချလိုက်လေသည်။ သူ့အနေဖြင့် သူမအား ကယ်တင်သင့်ပေသည်။တကယ်လို့ ဒီအတိုင်းသာထားခဲ့ပါက နောက်နာရီအနည်းငယ်အေးခဲသွားမည်ဖြစ်လေသည်။
ထို့နောက်ကျိုးဟောင်ဟာသူမကိုပွေ့ချီလိုက်လေသည်။ထိုအချိန်တွင်သူမ၏လှပပြီးနူးညံ့သောခန္ဓာကိုယ်လေးမှာ ပိုမိုပေါ်လွင်လာသောကြောင့်ကျိုးဟောင်တယောက်တံတွေးတောင်သီးသွားလေသည်။ သူမကြည့်မိအောင်ထိန်းထားသော်လည်း သူမ၏နူးညံ့သောအသားအရေများက ဆွဲဆောင်နေလေသည်။
သို့သော်လည်းထိုအချိန်တွင် ပိုင်ရန်ရွှယ်မှာမျက်လုံးများပွင့်လာလေသည်။ သူမသည်ရုတ်တရက်သတိပြန်ရလာသော်လည်း တွေဝေနေခြင်းမရှိဘဲ သူမ၏ခြေထောက်များဖြင့် ကျိုးဟောင်၏လည်ပင်းကိုကန်လိုက်လေသည်။
ထို့နောက်သူမ၏လက်ဖြင့်ကျိုးဟောင်၏ခေါင်းကိုဆွဲကိုင်လိုက်လေသည်။ထို့နောက်သူမလက်ထဲတွင်ချွန်ထက်သောရေခဲအချွန်တခုပေါ်လာပြီး ကျိုးဟောင်၏လည်မျိုသို့ထိုးလိုက်လေသည်။
ကျိုးဟောင်လည်းအန္တရာယ်ကိုသတိထားမိသောကြောင့်ရှောင်တိမ်းလိုက်လေသည်။သို့သော်လည်းရေခဲအချွန်က သူ့မျက်နှာအားထိသွားပြီး ဒဏ်ရာတခုဖြစ်သွားစေလေသည်။
....................................................................................
အခန်း(၅၄၄)ပြီးပါပြီ။
အခန်း (၅၄၅) : အကျဥ်းထောင်နယ်မြေ
ကျိုးဟောင်၏မျက်နှာမှသွေးများစီးကျလာလေသည်။ ကျိုးဟောင်မှာ အမူအရာများခက်ထန်သွားပြီးအလွန်ဒေါသထွက်သွားလေသည်။ သူသာမကယ်တင်ခဲ့ပါက ဒီအမျိုးသမီးမှာအေးခဲပြီးသေသွားမည်ဖြစ်လေသည်။ဒါကိုသူမက ဘယ်လိုပြန်တုံပြန်လိုက်သနည်း။
ဒီအမျိုးသမီးမှာ သတိပြန်ရနေသည်မှာ အချိန်တခုကြာနေခဲ့ပြီဖြစ်လောက်သည်။ဒါ့ကြောင့် သူမမျက်လုံးဖွင့်လာသည်နှင့် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်လျင်မြန်စွာတိုက်ခိုက်နိုင်ခြင်းဖြစ်မည်လို့ကျိုးဟောင်တွေးမိလိုက်သည်။
တကယ်လည်း ပိုင်ရန်ရွှယ်က သတိရနေခဲ့တာကြာပြီဖြစ်ပြီး ကျိုးဟောင်လာနေသည်ကိုသူမမြင်လိုက်သောကြောင့် ပြန်လည်သတိမေ့ချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်လေသည်။ဒါ့အပြင်ရေခဲအချွန်တခုကိုလည်းဖွက်ယူခဲ့ပြီး ကျိုးဟောင်၏အသက်အားအဆုံးသတ်ဖို့ရည်ရွယ်ခဲ့လေသည်။
ဒီလိုနေရာမျိုးတွင်သူမ ဘယ်သူ့ကိုမှမယုံကြည်နိုင်ပေ။ အချက်ကျကျပြောရရင် ကျိုးဟောင်မှာယောကျာ်းတယောက်ဖြစ်ပြီးသူမက အမျိုးသမီးဖြစ်သောကြောင့် တကယ်လို့ကျိုးဟောင်ကသူမကိုမသတ်ရင်တောင်မှ မဖွယ်မရာလုပ်နိုင်သည်လို့တွေးထားလေသည်။ ဒါ့ကြောင့်သူမအနေဖြင့် အရင်တိုက်ခိုက်ခြင်းဖြစ်လေသည်။
ကျိုးဟောင်မှာ အလွန်ဒေါသထွက်သွားပြီး ညှာတာမနေတော့ပေ။ ကျိုးဟောင်မှာရှောင်းရှားပြီးနောက်သူမ၏ခြေထောက်ကိုကိုင်ကာ ဆွဲလွှင့်ပစ်လိုက်လေသည်။ သူမ၏ခန္ဓာကိုယ်လေးမှာ မြေပြင်ပေါ်သို့ပြင်းထန်စွာကျရောက်သွားလေသည်။
"ပိုင်ရန်ရွှယ် မင်းက ကျွေးတဲ့လက်ကိုပြန်ကိုက်တာလား"
ကျိုးဟောင်မှာ စော်ကားခံလိုက်ရသည်လို့ခံစားနေရလေသည်။
ဒီလိုနေရာမျိုးတွင်သူတတ်နိုင်သလောက်ကြိုးစားပြီးသူမအားကယ်တင်ခဲ့သော်လည်း သူမကတော့ သူ့ကိုသတ်ဖို့ကြံနေလေသည်။
"ဟမ် ရှင်တကယ်ပဲကျွန်မကိုကယ်ချင်ရင်တောင်မှ အဲ့အခွင့်အရေးကိုကျွန်မမလိုချင်ဘူး။ ကျွန်မကမိန်းမသားတယောက် ဒီလိုကျင့်ကြံရေးတွေကိုကန့်သတ်ခံထားရတဲ့နေရာမျိုးမှာ ကျွန်မရှင့်ကိုအနိုင်မယူနိုင်ဘူး။ ပြီးတော့ရှင့်ခန္ဓာကိုယ်ကိုကာကွယ်ပေးထားတဲ့ချပ်၀တ်လည်းရှိသေးတယ်။ တကယ်လို့ရှင်သာ မကောင်းတဲ့အကြံရှိနေရင် ကျွန်မဒုက္ခရောက်ပြီလေ။ ဒါကြောင့် အဲ့လိုအခြေအနေတွင်မဖြစ်လာခင် ကျွန်မအရင်ရက်စက်ထားတာအပြစ်မဟုတ်ဘူး"
ပိုင်ရန်ရွှယ်က ကြိုးစားပြီးမတ်တပ်ရပ်ကာ ကျန်နေသေးကာအ၀တ်စလေးများဖြင့်သူမ၏ခန္ဓာကိုယ်အားဖုံးကာပြောနေလေသည်။သို့သော်လည်းဘယ်လိုဖုံးဖုံး သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းလေးများကတော့ပေါ်နေစဲဖြစ်လေသည်။
ကျိုးဟောင်လည်းပိုင်ရန်ရွှယ်ကိုကြည့်ကာဒေါသတကြီးပြောလိုက်လေသည်။
"ဒီမှာငါပြောပြမယ်ပိုင်ရန်ရွှယ် ငါမင်းကိုကယ်ခဲ့တာကစိတ်ကောင်းစေတနာနဲ့ပါ။ ပြီးတော့မင်းကိုကယ်ဖို့လည်းငါ့မှာတာ၀န်မရှိခြင်း တကယ်လို့ငါ့မှာမကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်ထင်ရင် ထွက်သွားပြီး ကိုယ့်ဟာကိုယ်တယောက်ထဲရှင်သန်တော့"
ကျိုးဟောင်မှာပြောပြီးနောက် နောက်လှည့်မကြည့်ဘဲထွက်သွားလေသည်။ ကျိုးဟောင်ထွက်သွားတော့မှ ပိုင်ရန်ရွှယ်လည်းသက်ပြင်းချမိလေသည်။
သူမလည်းတယိမ်းတယိုင်ဖြင့်ဆန့်ကျင်ဘက်လားရာသို့လျှောက်သွားခဲ့လေသည်။ မကြာမီ ညအချိန်ရောက်ရှိလာလေသည်။ ကျိုးဟောင်လည်း ဂူတလုံးကိုရှာတွေ့ခဲ့လေသည်။ ထိုဂူမှာ လုံး၀အေးခဲမနေဘဲ အနည်းငယ်အနွေးဓာတ်ရှိလေသည်။
ကျိုးဟောင်မှာ အပြင်ကရေခဲနေသောသစ်ကိုင်းခြောက်တချို့ကိုယူလာပြီးရေခဲအရည်ပျော်အောင်စောင့်နေလေသည်။ ထို့နောက်ထိုသစ်ကိုင်းများကိုသုံးပြီးမီးမွှေးလိုက်လေသည်။ ဒီလိုဘာမှသုံးမရသောအခြေအနေဖြင့် ကျိုးဟောင်အနေဖြင့်မီးရအောင်မွှေးဖို့အရင်ဆုံးဆုံးဖြတ်ထားလေသည်။ သူ့ခန္ဓာကိုယ်နွေးထွေးသွားမှသာ ကျန်သည့်အရာများဆက်လုပ်နိုင်မည်ဖြစ်လေသည်။
နာရီအနည်းငယ်ကြာသောအခါ ကျိုးဟောင်မှာအနွေးဓာတ်ကိုခံစားရလာသောကြောင့်စိတ်အေးသွားလေသည်။ သူ၏ခန္ဓာကိုယ်တည်ဆောက်ပုံမှာ အလွန်ကောင်းမွန်ပြီး တတိယအဆင့်အသက်ခန္ဓာကိုရရှိထားသောကြောင့် လအနည်းငယ်အစာမစားဘဲ ရှင်သန်နိုင်လေသည်။
သူ့ကျင့်ကြံရေးများကန့်သတ်ခံထားရသော်လည်း သူ့ကိုယ်ခန္ဓာအရည်အသွေးက ဒီလိုအချိန်တွင်အသုံး၀င်လေသည်။ ကျိုးဟောင်မှာ ဂူထဲတွင်ထိုင်နေရင်း ဒီနေရာမှ ဘယ်လိုထွက်သွားရမလဲတွေးနေလေသည်။ထိုအချိန်တွင်ခြေသံတခုကြားလိုက်သောကြောင့် ဂူအ၀ကိုလှမ်းကြည့်လိုက်လေသည်။ ထိုသူမှာပိုင်ရန်ရွှယ်ဖြစ်နေသည်ကိုမြင်သောအခါ သူအံ့ဩသွားလေသည်။
ညရောက်လာသောကြောင့် အပြင်ဘက်ရှိရာသီဥတုမှာပိုမိုအေးစက်လာလေသည်။ သူမသည် ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ပြီးအထူးကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားရင်တောင်မှဒီလိုအခြေအနေဖြင့် အအေးဓာတ်ကိုအကြာကြီးတောင့်မခံနိုင်ပေ။
"ဟမ် အလွန်သန့်စင်မွန်မြတ်တဲ့မိန်းမပျိုလေးက ကျုပ်ရဲ့ခွေးလှောင်အိမ်လေးကို ကျက်သရေရှိအောင်လာလုပ်ပေးတာလား"
ကျိုးဟောင်ကဒေါသတကြီးပြောလိုက်လေသည်။ သူ့စကားကြောင့်ပိုင်ရန်ရွှယ်၏အမူအရာမှာလည်းခက်ထန်သွားလေသည်။
ကျိုးဟောင်၏စကားကြောင့်ဒေါသထွက်သွားသော်လည်း သူမမှာနှုတ်ခမ်းလေးကိုကိုက်ပြီးပြန်ပြောလာလေသည်။
"ငါ....ငါအချိန်အတော်အကြာအထိရှာခဲ့ပေမဲ့နေလို့ရတဲ့နေရာတခုမှမတွေ့ခဲ့ဖူး။ ဒါ...ဒါ့ကြောင့်ငါဒီကိုရောက်လာရတာပဲ"
ပိုင်ရန်ရွှယ်၏မျက်လုံးလေးများမှာရဲနေပြီး စိတ်မကောင်းသည့်လေသံဖြင့်ပြောလာလေသည်။
သူမသည်သဘောထားနူးညံ့သော်လည်း သန်မာသည့်မိန်းကလေးဖြစ်လေသည်။ ဒီလိုအခြေအနေဆိုးဖြင့်ကြုံတွေ့ရခြင်းကြောင့်သာယခုလိုဖြစ်နေခြင်းဖြစ်လေသည်။
"ဪ... မွန်မြတ်လှတဲ့မိန်းကလေးပိုင် မင်းလည်းအနွေးဓာတ်လိုချင်တယ်မှတ်လား။ ဒါဆိုကိစ္စတွေကိုတခါတည်းရှင်းအောင်ပြောထားမယ်။ ဒါကအခုငါ့ပိုင်နက်ပဲ မင်းလာနေပြီး မီးလှုံချင်တယ်ဆိုရင်တော့ငါ့ရဲ့စည်းကမ်းတွေကိုလိုက်နာရမယ် အဲ့လိုမှမဟုတ်ရင်မင်းဘာသာမင်းထွက်သွားရင်သွား ဒါမှမဟုတ်ငါမင်းကိုကန်ထုတ်ရလိမ့်မယ်"
ကျိုးဟောင်မှာသူမ၏မောက်မာမှုကိုဖိနှိပ်ရန်နှင့်အခြေအနေအမှန်ကိုသဘောပေါက်စေရန်အတွက်ပြောလိုက်ခြင်းဖြစ်သည်။
သို့သော်လည်းကျိုးဟောင်စကားကြောင့် ပိုင်ရန်ရွှယ်၏မျက်နှာလေးမှာပန်းရောက်သမ်းသွားလေသည်။ကျိုးဟောင်ကသူမကိုကြည့်ပြီးသူမဘာတွေးနေသလဲသဘောပေါက်သွားလေသည်။
"ဟေးဟေး....မိန်းကလေးပိုင် ငါကျိုးဟောင်က တဏှာရာဂတွေပြည့်နေတဲ့ကောင်မဟုတ်ဘူး။ မင်းကလှတာမှန်ပေမဲ့ ငါအဲ့တာကိုဂရုမစိုက်ဘူး။ တကမ္ဘာလုံးမှာ မင်းနဲ့ငါပဲကျန်ရင်တောင်မှ ငါမင်းကိုဘာမှလုပ်မှာမဟုတ်ဘူး။မင်းလူကြီးလူကောင်းတယောက်ကိုအထင်အမြင်သေးတဲ့စိတ်နဲ့အကဲဖြတ်မယ်ဆိုရင်တော့အခုထဲကထွက်သွားလိုက်တော့"
ကျိုးဟောင်ကမျက်မှောင်ကြုတ်ပြီးလေသံမြှင့်ပြောလိုက်လေသည်။ပိုင်ရန်ရွှယ်လည်းကျိုးဟောင်၏ စကားကိုကြားသောအခါ သဘောပေါက်သွားပြီး ကျိုးဟောင်အားအရိုအသေပေးလိုက်လေသည်။
" သဘောပေါက်ပါပြီ ငါ့အတွေးတွေမရိုးရှင်းခဲ့တဲ့အတွက်တောင်းပန်ပါတယ်"
ထိုစကားကိုကြားသောအခါကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီ လာအထဲ၀င်လာပြီး ခန္ဓာကိုယ်ကိုနွေးအောင်အရင်လုပ်လိုက်ဦး။ ပြီးတော့ဘာအရာမှအလကားရတာမဟုတ်တဲ့အတွက် မင်းခန္ဓာကိုယ်နွေးသွားရင် အပြင်ထွက်ပြီးထင်းချောင်းတွေကောက်ပေးရမယ်နော် နားလည်လား"
ကျိုးဟောင်စကားဆုံးသောအခါ ပိုင်ရန်ရွှယ်က ခေါင်းညိတ်ပြလိုက်လေသည်။
ကျိုးဟောင်က အမိန့်ပေးသည့်လေသံဖြင့်ပြောနေသော်လည်း ပိုင်ရန်ရွှယ်ကစိတ်အေးသွားသည့်ပုံပေါ်လာလေသည်။
သူမသည်ကျိုးဟောင်နှင့်မနီးမဝေးတွင်၀င်ထိုင်ပြီး မီးလှုံနေလေသည်။ သူမစိတ်တည်ငြိမ်သွားပုံရသည်ကိုမြင်လိုက်သောကြောင့် ကျိုးဟောင်လည်းစတင်မေးမြန်းကြည့်လေသည်။
"ဒါဘယ်နေရာလဲမင်းသိလား"
ပိုင်ရန်ရွှယ်ကသူ့အားပြန်ကြည့်ပြီးခေါင်းညိတ်ပြလိုက်လေသည်။
"ဒါက ကျွန်မထင်တာမမှားရင် မိုရိုတွေရဲ့ အကျဉ်းထောင်ပဲ"
ပိုင်ရန်ရွှယ်၏စကားကြောင့်ကျိုးဟောင်မျက်မှောင်ကြုတ်မိလိုက်လေသည်။ ဒါသည်နေရာကောင်းတခုတော့မဖြစ်နိုင်ပေ။
"မိုရိုမျိုးနွယ်ထဲက အမှားကြီးကြီးမားမားလုပ်တဲ့သူတွေကဒီကိုအပို့ခံရတယ်။ မိုရိုကအရမ်းစွမ်းအားကြီးတဲ့အားတခုကိုသုံးပြီး ဒီနေရာကိုပြုပြင်ထားတာ"
"ဒီကနေထွက်သွားနိုင်တဲ့နည်းလမ်းကောရှိလား"
ကျိုးဟောင်ကချက်ချင်းပြန်းမေးလိုက်လေသည်။
"ငါတို့ပြုတ်ကျလာတဲ့နေရာကနေပဲ ငါတို့ပြန်ထွက်ရမှာ ဒါပေမဲ့ ဒီမှာရှိနေတဲ့ သံလိုက်စက်ကွင်းကငါတို့ရဲ့ကျင့်ကြံရေးတွေကိုဖိနှိပ်ထားတယ်။ ဒါကြောင့်ငါတို့ပျံသန်းလို့မရဘူး အဲ့တော့ထွက်သွားလို့မရဘူးပေါ့"
ပိုင်ရန်ရွှယ်ကနာကျင်စွာပြောလိုက်လေသည်။
"ဒါဆိုငါတို့ဒီနေရာမှာပဲသေရမှာလား"
ကျိုးဟောင်ကရုတ်တရက်ပြန်မေးလေသည်။
"ဟုတ်တယ် ရှင်ပြောသလိုပဲ ကျွန်မတို့ဒီမှာပဲသေရတော့မှာ"
ပိုင်ရန်ရွှယ်က ခါးသက်စွာပြုံးရင်းပြန်ပြောလိုက်လေသည်။
....................................................................................
အခန်း(၅၄၅)ပြီးပါပြီ။
အခန်း (၅၄၆) : အဖြေ
ပိုင်ရန်ရွှယ်မှာ စိတ်ထဲအလွန်နာကျင်နေပုံရလေသည်။ အီတာယွီမိသားစုကသစ္စာဖောက်ပြီး ဒီလိုသေခြင်းတရားနယ်မြေသို့အပို့ခံရလိမ့်မည်လို့သူမ မထင်ထားခဲ့ပေ။
ထွက်ပေါက်ကလည်း ကောင်းကင်ပေါ်ရှိနေပြီး သူတို့၏ကျင့်ကြံရေးများကိုကန့်သတ်ထားခြင်းခံရသောကြောင့် ထွက်ဖို့ကလည်းမလွယ်ကူပေ။
ဒီနေရာတွင်အစားအသောက်နှင့်တူတာဘာမှမရှိဘဲ အကုန်အေးခဲနေလေသည်။ သူတို့မှာလေပြင်းများကြောင့်အေးခဲပြီး မသေရင်တောင်မှ စားစရာမရှိသောကြောင့် ငတ်ပြတ်ပြီးသေသွားနိုင်လေသည်။သူတို့တောင့်ခံနိုင်ရင်တောင်မှ အချိန်ဘယ်လောက်အထိတောင့်ခံနိုင်မလဲ သေချာမသိနိုင်ပေ။တစ်နှစ်လား ၂နှစ်လား မသိနိုင်ချေ။
သို့သော်ဘယ်ချိန်အထိဖြစ်ဖြစ်တောင့်ခံထားနိုင်ရင်တောင်မှ နောက်ဆုံးတွင်သေရမည်သာဖြစ်လေသည်။ အပြင်ဘက်ရှိလူများမှာလည်း သူတို့ဒီထဲရောက်နေသည်ကိုမသိကြပေ။
"သေရမယ်ဟုတ်လား ငါကျိုးဟောင် ဘ၀မှာရုန်းကန်လာခဲ့ရတာတွေက ဒီလိုနေရာမှသေဖို့မဟုတ်ဘူး"
ကျိုးဟောင်ကနှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။သူ့အနေဖြင့်ဒီလိုကံကြမ္မာမျိုးကိုလက်မခံချင်ပေ။
ပိုင်ရန်ရွှယ်ကလည်း ကျိုးဟောင်အားထူးဆန်းစွာကြည့်နေလေသည်။ သူမအနေဖြင့် ကျိုးဟောင်၏ သတ္တိကိုလေးစားသော်လည်း ဒီနေရာမှထွက်သွားနိုင်မည့်နည်းလမ်းကိုစဉ်းစားလို့မရသေးပေ။ကျိုးဟောင်ကတော့စတင်ပြီး အခြေအနေကိုဆန်းစစ်ကြည့်နေလေသည်။
"ငါတို့အနေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေကိုထိန်းချုပ်ခံထားရပေမဲ့ ဘယ်လိုလုပ်ရင်ပြန်သုံးလို့ရမလဲဆိုတာကိုအဖြေရှာရမယ်။ တကယ်လို့ငါတို့ကျင့်ကြံရေးတွေကိုသာပြန်သုံးနိုင်ခဲ့ရင် ကောင်းကင်ထွက်ပေါက်ကနေထွက်သွားလို့ရနိုင်တယ်မှတ်လား"
ကျိုးဟောင်ကပြောလိုက်လေသည်။
"ငါ့ကျင့်ကြံရေးရဲ့၃၀%ကိုသာပြန်သုံးလို့ရရင် ငါ့ရဲ့နေရာကူးပြောင်းရေးကိရိယာကိုအသုံးပြုလို့ရတယ်။ငါတို့အထူးအဖွဲ့အစည်းကလူတိုင်းက အန္တရာယ်အမျိုးမျိုးနဲ့ရင်ဆိုင်ရရင် ရှောင်တိမ်းဖို့နေရာကူးပြောင်းရေးကိရိယာတွေရှိကြတယ်"
ပိုင်ရန်ရွှယ်၏စကားကိုကြားသောအခါ ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။ သူတို့ဒီနေရာမှထွက်သွားနိုင်ရန် သူတို့၏ကျင့်ကြံရေးများကိုပြန်ဖွင့်ရန်လိုအပ်ပြီး ပိုင်ရန်ရွှယ်အနေဖြင့် ကျင့်ကြံရေး၃၀%လောက်အထိပြန်သုံးနိုင်ဖို့လိုအပ်လေသည်။
"ဒါဆို မင်းရဲ့ကျင့်ကြံရေး ၃၀%လောက်ကိုပြန်သုံးနိုင်မယ့်နည်းလမ်းရှိလား"
ကျိုးဟောင်ကမေးလိုက်လေသည်။
"မရှိဘူး"
ပိုင်ရန်ရွှယ်ကခေါင်းခါပြလိုက်လေသည်။
ကျိုးဟောင်လည်းသက်ပြင်းချလိုက်မိသည်။သို့သော်ဖားနှင့်ဂျယ်လီဖြူတို့မှာ အသိပညာကြွယ်၀သော ကြောင့် သူတို့နှစ်ယောက်အနေဖြင့်တခုခုတော့သိနိုင်လေသည်။
"ငါ့ရဲ့သိမ်းဆည်းရေးအိတ်ထဲမှာဝိညာဉ်သတ္တဝါနှစ်ကောင်ရှိတယ်။ ငါ့ရဲ့ကျင့်ကြံရေးနည်းနည်းလောက်ပြန်သုံးနိုင်ရင် ငါ့ရဲ့သိမ်းဆည်းရေးအိမ်ကိုဖွင့်လို့ရတယ်။ သူတို့ကအသိပညာကြွယ်၀တာကြောင့် ဒီနေရာကထွက်သွားနိုင်မယ့်နည်းလမ်းကိုသိလောက်တယ်"
ကျိုးဟောင်ကခဏလောက်စဉ်းစားပြီးနောက်ပြောလိုက်လေသည်။
"ရှင်တကယ်ပြောနေတာလား"
ပိုင်ရန်ရွှယ်မှာတကယ့်ကိုအံ့ဩသွားပြီးချက်ချင်းပြန်မေးမိလေသည်။
" ဒီလိုအခြေအနေမှာမင်းကိုလိမ်ပါ့မလား။ အဲ့တာက ငါတို့ဒီကနေထွက်သွားနိုင်မယ့်အဖြေလို့အာမမခံနိုင်ပေမဲ့ ခုချိန်မှာတော့ ငါတို့တတ်နိုင်တာဘာမှမရှိဘူးလေ"
ကျိုးဟောင်၏စကားအဓိပ္ပာယ်ကိုပိုင်ရန်ရွှယ်လည်းသဘောပေါက်လေသည်။
"ကျွန်မမှာနည်းလမ်းတခုတော့ရှိတယ်။ ကျွန်မတို့အထူးအဖွဲ့အစည်းမှာစွမ်းအင်အနှစ်သာရကိုဖွဲ့စည်းနိုင်တဲ့ကျင့်စဉ်တခုရှိတယ်။ စွမ်းအင်အနှစ်သာရတွေကိုအခြေအနေတခုထိစုစည်းနိုင်ရင် ကျွန်မရဲ့အထူးစွမ်းရည်ကိုသုံးလို့ရပြီ။ အဲ့ကျင့်စဉ်ကအရမ်းတော့မခက်ပေမဲ့ သူ့ကိုသုံးလို့ရအောင်လမ်းညွှန်ပေးမယ့်စွမ်းအင်အနှစ်သာရတော့လိုအပ်တယ်"
"အထူးစွမ်းရည်အသုံးပြုသူတယောက်ဖြစ်သည့်အလျှောက် ကျွန်မမှာ မီးစွမ်းအင်အနှစ်သာရရှိတယ်။ အဲ့တာ့က ကျွန်မရဲ့ ခန္ဓာကိုယ်၊အရိုးတွေနဲ့ အသွေးအသားထဲမှာစိမ့်၀င်နေတယ်။ ဒါ့ကြောင့် ရှင့်အနေနဲ့ကျွန်မရဲ့သွေးကိုသောက်ပြီး ကျွန်မရဲ့သွေးထဲမှာပါ၀င်နေတဲ့ အဲ့စွမ်းအင်အနှစ်သာရကိုထုတ်ယူရမယ်။ အဲ့လိုလုပ်ပြီး ရှင့်ရဲ့ကိုယ်ထဲမှာနစ်မြုပ်ဖုံးကွယ်နေတဲ့စွမ်းအင်အနှစ်သာရတွေကို နိုးထလာအောင်လုပ်နိုင်လိမ့်မယ်"
ပိုင်ရန်ရွှယ်ကကျိုးဟောင်အားကြည့်ပြီးပြောပြနေလေသည်။
"ဒီနည်းလမ်းက ရှင့်ခန္ဓာကိုယ်ထဲက အတားအဆီးတွေကိုချိုးဖျက်နိုင်ပြီး အထူးစွမ်းရည်အသုံးပြုသူတယောက်ဖြစ်လာစေလိမ့်မယ်"
ပိုင်ရန်ရွှယ်မှာဘာမှမကွယ်မဝှက်ဘဲအကုန်ရှင်းပြနေလေသည်။ သူမ၏အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရပြီဖြစ်သောကြောင့် သူမတတ်နိုင်သည်ကိုအကောင်းဆုံးလုပ်ရန်ဆုံးဖြတ်ထားလေသည်။
"ကောင်းပြီလေ ဒီလိုဆိုမှတော့စမ်းကြည့်ကြတာပေါ့"
ကျိုးဟောင်ကခေါင်းညိတ်လိုက်လေသည်။
"ဒီကျင့်စဉ်ကကျွန်မတို့အထူးအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဖြစ်တာကြောင့်ရှင်တခြားလူတွေကို ပြလို့မရဘူးနော်"
ပိုင်ရန်ရွှယ်ကချက်ချင်းပြန်ပြောလာလေသည်။
"စိတ်မပူပါနဲ့ ငါသဘောပေါက်ပါတယ်"
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်သည်။ပိုင်ရန်ရွှယ်လည်းနားလည်သွားပြီး သူမ၏လက်ညိုးလေးအား ဓားဖြင့်သွေးထွက်အောင်လုပ်လိုက်လေသည်။
"ကျွန်မလက်ချောင်းလေးကိုရှင့်ပါးစပ်ထဲထည့်ပြီး သွေးလိုသလောက်စုပ်ယူလိုက်...."
ပိုင်ရန်ရွှယ်မှာ မျက်နှာလေးရဲပြီးပြောလိုက်လေသည်။ သူမမှာ မလုံ့တလုံအ၀တ်အစားလေးဖြင့်ကျိုးဟောင်ရှေ့ထိုင်နေရပြီး ထိုအရာကိုကျိုးဟောင်ကသေချာမြင်နေရခြင်းကသူမအား ပိုရှက်နေစေလေသည်။
ကျိုးဟောင်လည်းချက်ချင်းပင် လက်ချောင်းလေးအားသူ့ပါးစပ်ဖြင့်ငုံလိုက်ပြီး သူ၏ကျင့်ကြံအားကိုစတင်လှည့်ပတ်လိုက်လေသည်။ဒီနည်းလမ်းကအကျိုးရှိမရှိကိုသူမသိသော်လည်း အစွမ်းကုန်ပြီးတော့လုပ်ဆောင်ပေးနေလေသည်။
ပါးစပ်ထဲမှသွေးများသူ့ခန္ဓာကိုယ်၀င်ရောက်လာပြီး ကျင့်ကြံအားအတက်မပြတ်လှည့်ပတ်နေလေသည်။ ထိုအချိန်တွင်သူ့ခန္ဓာကိုယ်ထဲ၌ပူပြင်းသည့်အားတခုကိုခံစားလိုက်မိလေသည်။
ဒီအထူးအဖွဲ့အစည်းမှာတကယ်တော့ အခြားသိုင်းပညာရှင်အဖွဲ့များနှင့်သိပ်မခြားပေ။ သူတို့၏အထူးစွမ်းရည်ဆိုသည်များမှာ မွေးရာပါလူ့ခန္ဓာကိုယ်တွင်ပါလာသောအစွမ်းသတ္တိများကို ဖွင့်ပေးနိုင်သည့်နည်းစနစ်တခုရှိနေခြင်းကြောင့်သာဖြစ်လေသည်။
အချိန်တခုကြာသည်အချိန်ကျိုးဟောင်မှာပိုင်ရန်ရွှယ်၏လက်ချောင်းမှတဆင့်သွေးများစုပ်ယူနေလေသည်။ ပိုင်ရန်ရွှယ်မှာ မျက်နှာလေးဖြူဖျော့လာပြီး မူးဝေလာသော်လည်းအံကြိတ်ကာတောင့်ခံနေလေသည်။
ထိုအချိန်တွင် ကျိုးဟောင်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖျော့ဖျော့လေးထွက်လာလေသည်။ထိုထူးဆန်းသည့်အရှိန်အဝါကြောင့် ပိုင်ရန်ရွှယ်မှာမှင်တက်သွားလေသည်။
"သတ္တု ၊ သစ်သား ၊ မီး ၊ ရေ နဲ့ မြေကြီးဆိုပြီး စွမ်းအင်အနှစ်သာရဒြပ်စင်၅ခုရှိတယ်။ ဒီလိုရွှေရောင်အလင်းဆိုတော့ သတ္တုစွမ်းအင်အနှစ်သာရများလား။ဒါပေမဲ့ ငါသတ္တုရဲ့အစွမ်းသတ္တိတွေကိုမခံစားမိဘဲ ဒီစွမ်းအင်က အရမ်းသန့်စင်ပြီးမြင့်မြတ်တယ်လို့ခံစားနေရတာလဲ"
အထူးစွမ်းအင်အနှစ်သာရများမှာ ဒြပ်စင်၅ခုပေါ်တွင်အခြေခံသော်လည်း ကျိုးဟောင်အထူးစွမ်းရည်မှာ ထိုဒြပ်စင်၅ခုနှင့်မတူကွဲထွက်နေသောကြောင့် ပိုင်ရန်ရွှယ်မှာ အံ့အားသင့်နေလေသည်။
"ကြည့်ရတာ သူ့စွမ်းအင်အနှစ်သာရကိုမနှိုးထနိုင်ခဲ့ဘူးထင်တယ်။ သူကျရှုံးသွားတာများလား"
ပိုင်ရန်ရွှယ်ကစိတ်ထဲကတွေးနေလေသည်။ ကျိုးဟောင်မှာ ဒီစွမ်းအင်အနှစ်သာရကိုမနှိုးထနိုင်ရင်တောင်မှ ဒီစွမ်းအင်အနှစ်သာရလက်ကျန်ကိုသုံးပြီး လှုပ်ရှားနိုင်မည်လို့တွေးထားလေသည်။
သို့သော်ကျိုးဟောင်မှာ အချိန်အတော်ကြာထိမလှုပ်ရှားလာခဲ့သောကြောင့်သူမကစိတ်ပျက်သွားလေသည်။ ထိုအချိန်တွင်ကျိုးဟောင်မှာ မျက်လုံးဖွင့်လာခဲ့ပြီးသူ့မျက်လုံးမှရွှေရောင်အလင်းများထွက်နေလေသည်။ဒါ့အပြင် သူ့ခန္ဓာကိုယ်၏ဗဟိုချက်နှင့် သွေးကြောများတွင် ထူးဆန်းသောစွမ်းအင်အနှစ်သာရများပြည့်နှက်နေလေသည်။
ကျိုးဟောင်လည်းထိတ်လန့်သွားလေသည်။ သို့သော်သူ့အနေဖြင့်စဉ်းစားနေဖို့အချိန်မရဘဲ သူ့သိမ်းဆည်းရေးအိတ်အား ချက်ချင်းဖွင့်ကာ ဂျယ်လီဖြူအားဆွဲထုတ်လိုက်လေသည်။
ဂျယ်လီဖြူမှာ ပြီးခဲ့သောတိုက်ပွဲတုန်းက စွမ်းအင်အများအပြားကုန်ဆုံးခဲ့သောကြောင့်ကျိုးဟောင်၏သိမ်းဆည်းရေးအိတ်ထဲတွင်အိပ်ပျော်နေလေသည်။ သူ့ဒဏ်ရာများကိုကုစားရန်အိပ်နေရခြင်းဖြစ်ပြီး ရုတ်တရက်ကျိုးဟောင်ကဆွဲထုတ်လိုက်သောကြောင့် ဒေါသတကြီးထကျိန်ဆဲလေသည်။
"လခွမ်း ကျိုးဟောင်ဘာတွေလျှောက်လုပ်နေတာလဲ"
ထိုဂျယ်လီဖြူကိုကြည့်ပြီး ပိုင်ရန်ရွှယ်အံ့အားသင့်နေလေသည်။ထိုဂျယ်လီကဲ့သို့ဖြူဖြူအရာလေးက စကားသာထမပြောပါက ကျိုးဟောင်အနေနဲ့ ရွံစရာတခုခုကိုထုတ်ခဲ့သည်လို့သူမ တွေးမိမည်ဖြစ်သည်။
"ညီအကို အရေးပေါ်အခြေအနေဖြစ်နေလို့ပါ"
ကျိုးဟောင်ကကူကယ်ရာမဲ့နေသောပုံစံဖြင့်ပြောလိုက်လေသည်။
....................................................................................
အခန်း(၅၄၆)ပြီးပါပြီ။