← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇) : ချိုးဖျက်ခြင်း

ကျိုးဟောင်၏စကားကြောင့်ဂျယ်လီဖြူမှာ မှင်တက်သွားလေသည်။ ၎င်းမှာသတိပြန်၀င်လာပြီး ဘေးပတ်၀န်းကျင်အား တချက်ကြည့်ပြီးနောက် အမူအရာမှာလုံး၀ပြောင်းသွားလေသည်။

"ချီးပဲ... ဒါ....ဒါက...."

ဂျယ်လီဖြူမှာ တုန်တုန်ရီဖြင့် အပြင်ဘက်ရှိရေခဲ တောင်ကြီးအားငေးကြည့်ကာပြောလိုက်လေသည်။

"ဒါမိုရိုတွေရဲ့အကျဉ်းထောင်လား။ ဟဲဟဲကျိုးဟောင် မင်းအရှက်ရစရာတခုခုလုပ်ခဲ့တာလား။ ကောင်းကင်ဘုံကိုမင်းကို အပြစ်ပေးဖို့ဒီနေရာကိုပို့လိုက်တာလား"

ဂျယ်လီဖြူက စတင်အပြစ်တင်လေသည်။ သို့သော်လည်းပိုင်ရန်ရွှယ်ကိုမြင်လိုက်သောအခါ အံ့ဩသွားလေသည်။

"ဟမ် မင်းရဲ့အရှိန်အဝါကအလွန်ထူးခြားတာပဲ။ မင်းမှာစကြ၀ဠာစွမ်းအင်အနှစ်သာရတွေရှိတာပဲ။ ဒါ့အပြင်ရေခဲကြာပန်းရဲ့အမွေအနှစ်တွေလည်းဆက်ခံထားသေးတယ်။ မိန်းကလေး မင်းရဲ့အဘွားက ပိုင်ရှန်းလျန်လား"

သူ့စကားကြောင့် ကျိုးဟောင်နှင့် ပိုင်ရန်ရွှယ်တို့နှစ်ယောက်လုံး မှင်တက်သွားကြလေသည်။

ဒီဂျယ်လီဖြူမှာ ယောကျာ်းနှင့်မိန်းမအားသေချာခွဲခြားနိုင်စွမ်းမရှိပေ။ သို့သော်ယခုမှန်မှန်ကန်ကန်ခေါ်လိုက်ခြင်းကကျိုးဟောင်အား မှင်တက်သွားစေလေသည်။

ပိုင်ရန်ရွှယ်ကတော့ ဂျယ်လီဖြူ၏စကားမှာ မှန်နေသောကြောင့်အံ့ဩနေလေသည်။ သူမတို့မိသားစုမျိုးရိုး၏ထိပ်ဆုံးက လူမှာ ပိုင်ရှန်းလျန်ဖြစ်လေသည်။

"မင်းငါ့ရဲ့ ဘိုးဘေးဘီဘင်ကိုသိတာလား"

ပိုင်ရန်ရွှယ်မှာ သိလိုစိတ်ပြင်းပြသောအမူအရာဖြင့်မေးလာလေသည်။

"ဒါပေါ့ မင်းအဘွားရဲ့အလှက အဲ့ခေတ်တုန်းက ကမ္ဘာမှာနာမည်ကြီးပဲလေ။လူတိုင်းက မင်းအဘွား ပိုင်ရှန်းလျန်ကိုတွေ့ချင်ခဲ့ကြတာ။အဲ့အချိန်တုန်းက ငါနဲ့ဖားမှာ သူမရေချိုးတာချောင်းကြည့်ခွင့်ရဖို့ အတော်အားစိုက်ထုတ်ခဲ့ရတာ။ သေချာပြန်စဉ်းစားကြည့်မှပဲ မိန်းကလေးရဲ့သွင်ပြင်ဆိုတာဘယ်လိုလဲ ပြန်မှတ်မိတော့တယ် သူမရဲ့အသားအရေ၊ကိုယ်လုံးကိုယ် ပေါက်က ‌နှင်းလိုဖြူဖွေး....."

ဂျယ်လီဖြူမှ စိတ်အားထက်သန်စွာပြောနေရင်း ရပ်တန့်သွားလေသည်။ ကျိုးဟောင်နှင့်ပိုင်ရန်ရွှယ်ကသူ့အားထူးဆန်းစွာကြည့်နေသောကြောင့် ချောင်းတချက်ဟန့်လိုက်လေသည်။

" အဟမ်း.... တကယ်တော့ ငါကသူမ ရေချိုးတာကို မကြည့်ပါဘူး ဖားကအတင်းခေါ်လို့ပါသွားတာပါ။ ခုသေချာကြည့်တော့မှ မင်အဘွားရဲ့ စွမ်းအားအမွေကို ၇၀% -၈၀%အထိရထားတာပဲ။ မဆိုးဘူး"

ဂျယ်လီဖြူကပြောရင်း ပိုင်ရန်ရွှယ်အားသေချာကြည့်လိုက်သည်။ သူမ၏အ၀တ်အစားများစုတ်ပြဲနေပြီး သူမ၏ခန္ဓာကိုယ်လေးမှာ ဟိုပေါ်ဒီပေါ်ဖြစ်နေသည်ကိုမြင်သောအခါ အမူအရာပြောင်းသွားပြီး ဒေါသတကြီး ကျိန်ဆဲလေသည်။

"ကျိုးဟောင် သူတောင်းစားလေး။ မင်းပြီးခဲ့တဲ့ရက်ပိုင်းတုန်းက စုရှောင်းယွီရဲ့အနမ်းဦးလေးကိုလည်းခိုးခဲ့တယ်။ အခုကျပြန်တော့လည်း ဒီမိန်းကလေးနဲ့ ဒီလိုအခြေအနေဖြစ်နေပြီ။ မင်း....မင်း...တကယ်ကိုအရှက်မရှိတာပဲ။ မင်းသခင်မျိုးကိုငါဘာကြောင့်ရခဲ့ရတာလဲ"

ထိုစကားများကိုကြားသောအခါ ပိုင်ရန်ရွှယ်မှာဒေါသထွက်သွားပြီး ကျိုးဟောင်အားစိုက်ကြည့်လိုက်လေသည်။ သူမသည် စုညီအစ်မများအကြောင်းကိုသိသူဖြစ်ပြီး စုရှောင်းယွီမှာတကယ့်ကိုအေးစက်သူဖြစ်ကြောင်းသူမ သိလေသည်။ ကျိုးဟောင်ကထိုကဲ့သို့မိန်းကလေးဆီမှ အနမ်းဦးအား ဘယ်လိုခိုးယူခဲ့သနည်း။

မိန်းကလေးများမှာ အတင်းအဖျင်းစကားကိုယုံတတ်သည်မှာသဘာ၀ပင်ဖြစ်‌သောကြောင့်ပိုင်ရန်ရွှယ်ကဂျယ်လီဖြူပြောသည်ကိုယုံသည်မှာမထူးဆန်းပေ။ သို့သော် ကျိုးဟောင်ကထိုစကားများကြောင့် ဒေါသထွက်သွားလေသည်။

"အဓိပ္ပာယ်မရှိတာတွေပြောနေတာရပ်လိုက်တော့ ငါတို့အခုထောင်ချောက်ထဲပိတ်မိနေတာ။ မင်းမှာဒီနေရာကနေထွက်သွားဖို့နည်းလမ်းရှိလား"

ကျိုးဟောင်က‌ချက်ချင်းပြောလိုက်လေသည်။

"ရှင် သိမ်းဆည်းရေးအိတ်ထဲကို လွတ်လွတ်လပ်လပ်၀င်ထွက်နိုင်တယ်မှတ်လား ကျွန်မအတွက်၀တ်စရာလေးတခုခုယူပေးနိုင်မလား"

ပိုင်ရန်ရွှယ်ကဂျယ်လီဖြူအားချိုသာစွာမေးလိုက်လေသည်။ သူမသည် အမျိုးသားနှစ်ယောက်ကြားတွင်ရှိနေခြင်းကြောင့် ရှက်နေလေသည်။ဒီဂျယ်လီဖြူမှာ ပါးစပ်ဖွာခြင်းကြောင့်သူမ မကြိုက်သော်လည်း ယခုအခြေအနေတွင်တော့လျစ်လျူရှုထားဖို့စဉ်းစားထားလေသည်။

" ဟုတ်တယ် သိမ်းဆည်းရေးအိတ်ထဲပြန်သွားပြီး စားစရာတချို့နဲ့ သူမအတွက်အ၀တ်အစားတွေယူပေးဦး"

ကျိုးဟောင်ကလည်းပြောလိုက်လေသည်။

ဂျယ်လီဖြူကာခေါင်းညိတ်ပြလိုက်ပြီးနောက်ပျောက်ကွယ်သွားလေသည်။ခဏအကြာတွင် ဂျယ်လီဖြူမှာ ရှပ်အင်္ကျီအဖြူတထည်ကိုကိုင်ပြီးပြန်ပေါ်လာလေသည်။

ထိုရှပ်အင်္ကျီမှာကျိုးဟောင်၏ရှပ်အင်္ကျီဖြစ်လေသည်။ ထိုအရာထက်ပိုကောင်းသောအခြားအ၀တ်အစားများအိတ်ထဲတွင်ရှိသော်လည်း ဂျယ်လီဖြူကထိုအရာကိုတမင်ရွေးယူခဲ့လေသည်။

ဂျယ်လီဖြူကအဖြူရောင်ရှပ်အင်္ကျီကိုပိုင်ရန်ရွှယ်ဆီပေးလိုက်သောအခါ သူမ၏မျက်နှာလေးမှာနီရဲသွားလေသည်။

"ရှင်....ရှင်...."

"ဘာလဲ ဒါကသူ့အိတ်ထဲရှိတဲ့တခုတော့အ၀တ်ထဲ တကယ်လို့မကြိုက်ရင် မ၀တ်ဘဲဒီအတိုင်းနေလေ"

ဂျယ်လီဖြူကပြန်ပြောလိုက်သည်။ ၎င်းသည်တကယ့်ကိုဉာဏ်များသောသတ္တဝါဖြစ်လေသည်။ပိုင်ရန်ရွှယ်မှာစိတ်ညစ်သွားသော်လည်းဘာမှမရှိတာထက်စာရင်တော်သေးသည်လို့တွေးကာ၀တ်လိုက်လေသည်။

ကျိုးဟောင်မှာ အရပ်၁.၉မီတာ ရှည်သူဖြစ်ပြီး ပိုင်ရန်ရွှယ်က ၁.၇မီတာရှည်လေသည်။ ထိုရှပ်အင်္ကျီမှာသူမအတွက်ကြီးပြီး သူမ၏ပေါင်အထိဖုံးလေသည်။

သူမ၏အပေါ်ပိုင်းမှာလုံခြုံသွားသော်လည်းထိုရှပ်အင်္ကျီကို၀တ်လိုက်တော့မှပို၍ပင်ဆွဲဆောင်မှုရှိသွားလေသည်။

ကျိုးဟောင်မှာထိုမြင်ကွင်းကြောင့် ချက်ချင်းပင်မျက်နှာလွှဲလိုက်မိလေသည်။ ပိုင်ရန်ရွှယ်၏အလှကတကယ့်ကိုရူးသွပ်စရာပင်ဖြစ်သည်။ သူမအနေဖြင့်ဘာမှမလုပ်နေသော်လည်း သူမအလှကတကယ့်ကိုဆွဲဆောင်နိုင်စွမ်းရှိလေသည်။

ပိုင်ရန်ရွှယ်လည်းကျိုးဟောင်၏အပြုအမူကြောင့် သူမ၏မျက်နှာလေးနီရဲသွားလေသည်။

"အမ် မင်းမှာဒီကနေထွက်ဖို့နည်းလမ်းရှိလား"

ကျိုးဟောင်ကဂျယ်လီဖြူအားမေးရင်း အာရုံလွှဲလိုက်လေသည်။

"ငါတို့မထွက်နိုင်ဘူး ဒီနေရာကတကယ့်ကိုတားမြစ်‌နယ်မြေပဲ။ မင်းလာခဲ့တဲ့နေရာကိုပြန်သွားနိုင်ဖို့မလွယ်ဘူး။ ဒီနေရာကိုလေပြင်းတွေနှင်းမုန်တိုင်းတွေနဲ့ကာရံထားတာ။ မင်းအတင်းအားသုံးပြီးထွက်ဖို့လုပ်ရင် လေပြင်းတွေ နှင်းမုန်တိုင်းတွေရဲ့ပွတ်တိုက်ဖျက်စီးခြင်းကိုခံရလိမ့်မယ်"

ဂျယ်လီဖြူကခေါင်းခါပြီးပြောလိုက်လေသည်။ ကျိုးဟောင်က ထွက်သွားမည့်နည်းလမ်းထက် သူ၏ကျင့်ကြံရေးနည်းစနစ်များကိုပြန်သုံးနိုင်ဖို့ကပိုအရေးကြီးလေသည်။ဒါမှနေရာကူးပြောင်းသည့်နည်းကိုသုံးနိုင်မည်ဖြစ်လေသည်။

"ဒါဆိုငါတို့ရဲ့ကျင့်ကြံရေးတွေပြန်ရအောင်ကူညီပေးနိုင်လား။၃၀%လောက်ပဲဆိုရင်တောင်အဆင်ပြေတယ်"

ကျိုးဟောင်ကအလျင်အမြန်ပင်ပြောလိုက်လေသည်။ ဂျယ်လီဖြူကအချိန်အတော်ကြာစဉ်းစားပြီးနောက် သူတို့နှစ်ယောက်အားတချက်ကြည့်ကာပြုံးပြီးပြောလာလေသည်။

"ငါ့မှာမင်းတို့ရဲ့ကျင့်ကြံရေးကို ၃၀%လောက်ပြန်ရစေနိုင်မယ့်နည်းတခုတော့ရှိတယ်။ "

ထိုစကားကိုကြားသောအခါ ကျိုးဟောင်နှင့်ပိုင်လင်းလုံမှာ စိတ်လှုပ်ရှားစွာဖြင့် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။

"တကယ်လား ဘယ်လိုကျင့်စဉ်မျိုးလဲ ငါတို့ကိုပြောပြပါလား"

ကျိုးဟောင်က အလျင်အမြန်မေးလိုက်လေသည်။

"မင်းတို့နှစ်ယောက်တကယ်ရောကျင့်ကြံချင်ရဲ့လား"

ဂျယ်လီဖြူကသူတို့နှစ်ယောက်လုံးကိုကြည့်ပြီးမေးလိုက်လေသည်။

"ငါတို့ရဲ့ကျင့်ကြံရေးတွေကိုပြန်ရနိုင်မယ်ဆိုရင်လုပ်နိုင်တာပေါ့ အဓိပ္ပာယ်မရှိတာတွေမမေးစမ်းနဲ့။ အမြန်ပြောပြစမ်းပါ ငါဒီနေရာမှာ တစ်မိနစ်လေးတောင်မှမနေချင်‌ဘူး"

ပိုင်ရန်ရွှယ်ကချက်ချင်းပြောလာလေသည်။

"ကောင်းပြီ မင်းတို့နှစ်ယောက်ဒီလောက်ထွက်ချင်နေမှတော့ ပြောပြမယ် ဒါပေမဲ့ ရှင်းအောင်ပြောထားမယ်နော် ငါ မင်းတို့ကိုအတင်းဖိအားမပေးဘူး"

ဂျယ်လီဖြူ၏စကားကြောင့် ပိုင်ရန်ရွှယ်နှင့်ကျိုးဟောင်တို့နှစ်ယောက်လုံးမှင်တက်သွားကြလေသည်။ သူတို့နှစ်ယောက်လုံးမှာငတုံးမဟုတ်သောကြောင့် ထိုစကား၏နောက်ကွယ်ကအဓိပ္ပာယ်ကိုအနည်းငယ်ရိပ်စားမိကြသည်။

"ကဲပြောစမ်းပါဦး ငါတို့ကအဲ့ကျင့်စဉ်ကိုဘယ်လိုကျင့်ရမှာလဲ"

ကျိုးဟောင်ကစိုးထိတ်စွာမေးလိုက်လေသည်။

"ဟဲဟဲလွယ်ပါတယ် အမျိုးသားတွေမှာ ယန်စွမ်းအင်ရှိပြီး အမျိုးသမီးတွေမှာယင်စွမ်းအင်ရှိတယ်။ အဲ့ယင်ယန်စွမ်းအင်နှစ်ခုကို မျှတအောင်ပေါင်းစပ်နိုင်ရင် သန့်စင်တဲ့စွမ်းအင်တခုထွက်လာလိမ့်မယ်"

ဂျယ်လီဖြူ၏စကားကြောင့် ကျိုးဟောင်နှင့်ပိုင်ရန်ရွှယ်တို့နှစ်ယောက်လုံး အမူအရာများပျက်ယွင်းသွားကြလေသည်။

....................................................................................

အခန်း(၅၄၇)ပြီးပါပြီ။

အခန်း (၅၄၈) : နေလနတ်ဘုရားသိုင်း

ထိုစကားကြောင့်ကျိုးဟောင်မှာထိတ်လန့်သွားသော်လည်းလက်ခံဖို့အဆင်ပြေသေးသည်။သို့သော်ပိုင်ရန်ရွှယ်၏လှပသောမျက်နှာလေးကတော့နီရဲသွားလေသည်။

သူမအနေဖြင့် မျှော်လင့်တကြီးစောင့်စားခဲ့သော်လည်း နောက်ဆုံးတွင်ဒီလိုကျင့်စဉ်မျိုးဖြင့်ကြုံရလေသည်။ သူမအနေဖြင့်ထိုကျင့်စဉ်အားဘယ်လိုကျင့်ကြံရမည်နည်း။

"တော်ပြီ တော်ပြီ...."

‌ပိုင်ရန်ရွှယ်ကပြောပြီးနောက် တုတ်တချောင်းအားကောက်ယူကာ ကျိုးဟောင်အားတိုက်ခိုက်လေသည်။သူမ၏ကျင့်ကြံရေးများမရှိသော်လည်း သူမ တွင်အခြေခံတိုက်ခိုက်ရေးနည်းစနစ်များကျန်သေးလေသည်။

"ကျိုးဟောင်နှာဘူးကောင်.... ရှင်ပြောတော့ ရှင့်ဝိညာဉ်သတ္တဝါဆီမှာအဖြေရှိတယ်ဆို။ ကျွန်မမှာအဲ့အကောင်ထွက်လာနိုင်ဖို့စွမ်းအင်အနှစ်သာရတွေအကုန်ခံပြီး အားစိုက်ထုတ်ထားရတာလေ။ နောက်ဆုံးပြန်ရခဲ့တာက ရှင့်သတ္တဝါက အဲ့ကျင့်စဉ်ကိုကျင့်ခိုင်းတာတဲ့လား"

"ရှင်ဒါကိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခိုင်းတာမှတ်လား ကျိုးဟောင်ရှင်ကတကယ့်ကိုအောက်တန်းကျပြီးအရှက်မရှိတဲ့လူပဲ။ ဒီနေ့ရှင့်ကိုကျွန်မသတ်မှဖြစ်မယ်"

ပိုင်ရန်ရွှယ်ကတကယ့်ကိုဒေါသတကြီးပြောဆိုနေလေသည်။တကယ်လို့အဲ့ကျင့်စဉ်ကသာ အပြင်ပြန်ထွက်နိုင်ဖို့တခုတည်းသောနည်းလမ်းဖြစ်နေရင်တောင်မှ သူမ အနေဖြင့်ဒီနေရာတွင်သာအသေခံလိုက်မည်ဖြစ်လေသည်။

"အစ်မ အစ်မ စိတ်လျော့ပါဦး။ ဒီလိုအဖြေထွက်လာလိမ့်မယ်လို့ကျွန်တော်တကယ်မသိခဲ့တာပါ။ တခြားနည်းလမ်းတခုကိုပြောင်းစဉ်းစားကြတာပေါ့"

ကျိုးဟောင်မှာလည်းမျက်နှာကြီးနီရဲနေရင်းပြောလေသည်။ ပြီးခဲ့သောနှစ်ရက်အတွင်းကျိုးဟောင်မှာလူကြီးလူကောင်းဆန်စွာပြုမူနေထိုင်ခဲ့သော်လည်း မိနစ်အပိုင်းတွင် ဒီဂျယ်လီဖြူက သူ့ပုံရိပ်အားဖျက်စီးလိုက်လေသည်။

ပိုင်ရန်ရွှယ်ကကျိုးဟောင်၏စကားအားလျစ်လျူရှုအားနောက်ကလိုက်တိုက်ခိုက်နေလေသည်။ ကံကောင်းစွာဖြင့်ကျိုးဟောင်မှာ ငှက်မွှေးတထောင်ချပ်၀တ်၀တ်ထားသောကြောင့် သူ့အားမထိခိုက်နိုင်ပေ။

"စိတ်.....စိတ်မဆိုးပါနဲ့ မိန်းကလေးပိုင် ကျုပ်လည်းအဲ့ကျင့်စဉ်ကိုမကျင့်ချင်ပါဘူး ဘုရားကိုတိုင်တည်ပြီးပြောရဲပါတယ်"

ကျိုးဟောင်မှာ အလန့်တကြားတိုင်တည်ပြောဆိုနေလေသည်။ ပိုင်ရန်ရွှယ်လည်း ကျိုးဟောင်အား အကြိမ်‌ရေအတော်များများလိုက်ရိုက်ပြီးနောက် စိတ်လျော့သွားပုံရလေသည်။

ထို့နောက်သူမမှာ တုတ်ချောင်းကိုလွှင့်ပစ်လိုက်ပြီး မီးပုံရှေ့တွင် စိတ်ပျက်လက်ပျက်ဖြင့်သွားထိုင်နေလေသည်။

ထိုအချိန်မှာပဲ ကျိုးဟောင်မှာ ဂျယ်လီဖြူအားကြိမ်းဝါးလေတော့သည်။

"မင်းကတကယ့်ကိုမကောင်းဆိုးဝါးပဲ။ ဒီလိုအခြေအနေမှာ မင်းပိုပြီးယုတ္တိရှိတာ‌ပဲပြောလို့မရဘူးလား။တကယ်ကိုအားကိုးလို့မရတာပဲ။ ဘာလို့ဒီလိုအဖြေမျိုးကိုထုတ်ပြောရတာလဲ။ အဲ့ဒါဘာအဓိပ္ပာယ်လဲ"

"ဘာလဲ ငါက လိုက်လျောညီထွေကျင့်စဉ်ကိုပြောတာလေ မင်းတို့ကဘာလို့ညစ်ပတ်‌တာတွေတွေးနေတာလဲ။ ပြီးတော့ငါကအားမကိုးလို့ပြောတယ်ပေါ့ မင်းတို့ကသာအတွေးတွေညစ်ညမ်းနေတာ"

ဂျယ်လီဖြူကလည်း ပြန်ရန်တွေ့လေသည်။

"မင်းဘာကိုပြောချင်တာလဲ လိုက်လျောညီထွေကျင့်စဉ်ကငါတို့နားလည်ထားသလိုမဟုတ်ဘူးလား"

ကျိုးဟောင်ကလည်းပြန်မေးလေသည်။

"မင်းငါ့ကိုဘယ်လိုထင်နေတာလဲ။ အရင်တုန်းက ဖားနဲ့ငါက အဲ့ကျင့်စဉ်ကိုရဖို့ ကြိုးစားပြီးလိမ်ယူ အဲမှားလို့ ဝယ်ယူခဲ့ရတာ။ သည်းခံပြီးကျင့်လို့မရတဲ့အရာမဟုတ်ရင် ငါတို့၀ယ်ခဲ့ပါ့မလား"

ထိုစကားကြောင့်ကျိုးဟောင်မှာသက်ပြင်းချလိုက်မိသည်။

"မိန်းကလေးပိုင် ကြည့်ရတာ ဒီကျင့်စဥ်ကကျုပ်တို့ထင်သလိုမဟုတ်ဘူးထင်တယ်။ အသေးစိတ်ကိုတချက်လောက်နားထောင်ကြည့်ရအောင်"

ကျိုးဟောင်ကသေချာဂရုတစိုက်ပြောလိုက်လေသည်။

ပိုင်ရန်ရွှယ်မှာ ကျိုးဟောင်နှင့်ဂျယ်လီဖြူအားတချက်ကြည့်လိုက်လေသည်။ သူမမှာ ဒီနှစ်ယောက်ပြောသည့်အရာများကိုနားမထောင်လိုသော်လည်း ဒီနေရာကနေတော့ထွက်သွားချင်ပေသည်။သူမထင်နေသလိုကျင့်စဉ်မဟုတ်ပါကနားထောင်ပေးလို့ရလေသည်။

"ကဲ ဒါဆို ‌ရှင်တို့ကိုနောက်ဆုံးတကြိမ်ထပ်ယုံပေးလိုက်မယ်"

ပိုင်ရန်ရွှယ်က နှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။

ကျိုးဟောင်ကတော့ ဒီမိန်းကလေး၏အထင်လွဲနေမှုကိုဖြေဖျောက်ပေးလိုက်နိုင်သောကြောင့်စိတ်အေးသွားလေသည်။သို့သော်ဂျယ်လီဖြူက မပျော်ရွှင်သည့်အမူအရာဖြစ်နေလေသည်။

"မိန်းကလေး ဒါဘာသဘောလဲ။ မင်းကငါ့ကိုမယုံဘူးပေါ့ဟုတ်လား။ ဒီကျင့်စဉ်က သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ကျင့်စဉ်လို့ငါမပြောခဲ့ပါဘူး မင်းကသာ အဲ့လိုတွေးပြီး ကိုယ်ထင်ရာစိုင်းခဲ့တာမဟုတ်ဘူးလား။ မင်းအတွေးတွေကသာမဖြူစင်နေတာမဟုတ်ဘူးလား။ ပြီးတော့ မင်းက ဒီလို အဝတ်အစားမျိုးကို၀တ်ထားပြီး သူတော်ကောင်းယောင်ဆောင်နေသေးတယ်"

ဂျယ်လီဖြူကတကယ့်ကို စကားအပြောမတတ်ပေ။ထိုစကားက ပိုင်ရန်ရွှယ်၏စိတ်ကိုထပ်ဆွမိပြန်လေသည်။

"ရှင့်ကိုကျွန်မသတ်မယ်"

ကျိုးဟောင်က ပိုင်ရန်ရွှယ်အားအသည်းအသန်၀င်တားရလေသည်။

"အစ်မစိတ်လျော့ပါ ဒီလိုအရာနဲ့ဖက်ပြီးရန်ဖြစ်မနေပါနဲ့။ ကိုယ့်အဆင့်ကိုဒီလိုအရာကြောင့်အကျမခံပါနဲ့။ ကျုပ်တို့အတွက် ဒီကထွက်နိုင်ဖို့ကသာ အရေးကြီးတာပါ။ တကယ်လို့အဲ့အရာတကယ့်ကိုမကောင်းတဲ့ကျင့်စဉ်ဖြစ်နေပါက ကျွန်တော်ကျိုးဟောင်ကိုယ့်ကိုယ်သတ်သေပေးပါ့မယ်"

ထို့နောက်ကျိုးဟောင်ကဂျယ်လီဖြူအားကြည့်ပြီး ပြောလိုက်လေသည်။

"မြန်မြန်ပြောစမ်း ကျင့်စဉ်ကဘယ်လိုကျင့်ကြံရတာလဲ"

"ဒီကျင့်စဉ်ကတကယ့်ကိုသန့်စင်တဲ့ကျင့်စဉ်ပဲ။ အဲ့တာကိုနေလနတ်ဘုရားကျင့်စဉ်လို့ခေါ်တယ်။ မင်းကျင့်စဉ်ကိုကျွမ်းကျင်သွားရင် အမျိုးသားတွေက ယန်စွမ်းအင်အနှစ်သာရကိုထုတ်လွှတ်နိုင်ပြီး အမျိုးသမီးတွေက ယင်စွမ်းအင်အနှစ်သာရကိုထုတ်လွှတ်လာနိုင်လိမ့်မယ်။ အဲ့ယင်ယန်စွမ်းအင်ကိုအထင်မသေးနဲ့ အခြားစွမ်းအင်အနှစ်သာရတွေအကုန်လုံးကသူတို့ဆီကနေဆင်းသက်လာတာပဲ။ ဒီကျင့်စဉ်ကစကြ၀ဠာကြီးထဲက ရှေးကျတဲ့မျိုးနွယ်တခုရဲ့ကျင့်စဉ်ပဲ သူတို့ကမရေမတွက်နိုင်လောက်အောင်ကျယ်ပြောတဲ့နယ်မြေတွေကိုပိုင်ဆိုင်ကြတယ်။ မင်းကမ္ဘာကြီးဆိုတာသူတို့ရဲ့ အိမ်သာလောက်တောင်မကြီးမားဘူး"

ဂျယ်လီဖြူက မကျေမနပ်လေသံဖြင့်ပြောလာလေသည်။ သူ့စကားကြောင့် ပိုင်ရန်ရွှယ်မှာအံ့ဩသွားရလေသည်။

"ကဲကဲရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့တော့ ဘယ်လိုကျင့်ရမလဲဆိုတာသာပြောပြတော့"

ကျိုးဟောင်မှာ အချိန်ထပ်မဖြုန်းလိုတော့ပေ။

"ကျင့်စဉ်ကရိုးရှင်းပါတယ် ဒါကိုကျင့်ဖို့ လူနှစ်ယောက်ကသူတို့ရဲ့နှလုံးသားတွေကိုရောယှက်ဖို့လိုတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကအဲ့တာကိုလုပ်နိုင်တဲ့အဆင့်မှာမရှိသေးဘူး။ဒါ့‌ကြောင့်မင်းတို့ကျင့်ကြံဖို့မဖြစ်နိုင်ဘူး"

ထိုစကားကြောင့်ကျိုးဟောင်ပေါက်ကွဲသွားလေသည်။

"ချီးပဲ မကျင့်ကြံနိုင်ဘူးဟုတ်လား မင်းဘာတွေပြောနေတာလဲ"

"ဘာလို့လောနေတာလဲ ငါပြောတာက မင်းတို့အခုတော့မကျင့်ကြံနိုင်ဘူးဆိုပေမဲ့နောက်ကျကျင့်ကြံနိုင်မှာပေါ့။ အဲ့ကျင့်စဉ်ကအမျိုးသားရော အမျိုးသမီးရော အတူပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်တယ်။ မင်းတို့နှစ်ယောက်ကြားမှာ မပြောဘဲအပြန်အလှန်သိတဲ့နားလည်မှုမျိုးတည်ဆောက်ရမယ်။ အဲ့တာမှာ အားစိုက်ထုတ်မှုတ‌၀က်လောက်သုံးပြီး ၂ဆလောက်မြန်အောင်ကျင့်နိုင်မှာ"

"ဒါ့အပြင် ယင်ယန်စွမ်းအင်က အရမ်းထိန်းချုပ်ရခက်ခဲတယ်။ တခုခုမှားသွားတာနဲ့ မင်းတို့နှစ်ယောက်အပြင်းအထန်ထိခိုက်ပြီး သေသွားနိုင်တယ်"

ဂျယ်လီဖြူ၏စကားများကမှန်ပေသည်။ ထိုကဲ့သို့ကျင့်စဉ်များမှာ ကျင့်ကြံသူနှစ်ယောက်လုံး လိုက်လျောညီထွေရှိဖို့လိုလေသည်။ တယောက်ယောက်က အမှားလုပ်မိပါက နှစ်ယောက်လုံးအသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ကြီးမားလေသည်။

"ဒါဆို ဒီကျင့်စဉ်ကိုကျင့်ဖို့ငါတို့ဘာလုပ်ဖို့လိုလဲ"

ကျိုးဟောင်ကမေးလိုက်လေသည်။

"ရိုးရှင်းပါတယ် မင်းတို့တယောက်နဲ့တယောက်နားလည်အောင်အရင်လုပ်ပေါ့"

ဂျယ်လီဖြူကပြန်ပြောလေသည်။

"အကျိုးအရှိဆုံးနည်းလမ်းကတော့ တယောက်နဲ့တယောက်ကျောချင်းကပ်ပြီး တယောက်နဲ့ရင်ခုန်သံ တွေ အသက်ရှူတာတွေနားလည်အောင်လုပ်တာပဲ။ အဲ့တာကိုကျွမ်းကျင်သွားရင်တော့ မင်းတို့ ယင်ယန်စွမ်းအင်တွေကိုစတင်ဖွဲ့စည်းလာနိုင်လိမ့်မယ်"

ဂျယ်လီဖြူက လုပ်သင့်သည်များကိုသေချာပြောပြီးနောက် ဘေးသို့လှည့်သွားလေသည်။

ကျိုးဟောင်ကကျင့်စဉ်အကြောင်းကိုတချက်စဉ်းစားပြီးနောက်ပိုင်ရန်ရွှယ်အားတချက်ကြည့်လိုက်လေသည်။

ပိုင်ရန်ရွှယ်ကဘာမှပြန်မ‌ပြောသော်လည်း ဟိုဘက်သို့လှည့်ကာသူ့အားကျောပေးလာလေသည်။ကျိုးဟောင်လည်းသဘောပေါက်သွားပြီး အနောက်မှာ၀င်ပြီးကျောခင်းကပ်ထိုင်ကာမျက်လုံးများမှိတ်ထားလိုက်လေသည်။

သူတို့နှစ်ယောက်မှာ တယောက်ရင်ခုန်သံတယောက်နားထောင်ရင်း အသက်ရှူနှုန်းများလိုက်လျောညီထွေဖြစ်လာအောင်ခံစားကျင့်ကြံနေလေသည်။ ဂျယ်လီဖြူကတော့ ထိုအချင်းအရာကိုကြည့်ပြီး သူ့အားသရုပ်ပြနေသကဲ့သို့ပြုံးကာကြည့်နေလေသည်။

"တကယ်တော့ ဒီနေလနတ်ဘုရားကျင့်စဉ်က ခန္ဓာကိုယ်တွေရောယှက်ပြီးမကျင့်ကြံရပေမဲ့ အဲ့တာထက်ပိုမိုပြင်းထန်ပြီး ကပ်ငြိလွယ်တဲ့စိတ်တွေကို ရောယှက်ပြီးကျင့်ကြံရတာပဲ ဟီးဟီး....."

....................................................................................

အခန်း(၅၄၈)ပြီးပါပြီ။

အခန်း (၅၄၉) : ခွဲခြမ်းစိတ်ဖြာခြင်း

သူတို့နှစ်ယောက်လုံးမှာတဖြေးဖြေး လမ်းကြောင်းအမှန်ပေါ်ရောက်လာပြီး ထူးခြားသောအခြေအနေသို့ရောက်လာကြလေသည်။သူတို့နှစ်ယောက်လုံးမှာ ပါရမီရှင်များဖြစ်ကြသောကြောင့် ကိစ္စများကိုလေ့ကျင့်ရာတွင်ထူးချွန်ကြလေသည်။

ထိုအခိုက်အတန့်တွင် နှစ်ယောက်လုံးမှာ တယောက်စိတ်ထဲ တယောက် နစ်၀င်သွားကြပြီး မျှခြေတခုစိတ်ထဲတွင်ပေါ်ပေါက်လာလေသည်။ ထိုခံစားမှုကိုရလိုက်သည်နှင့်တပြိုင်နက် သူတို့နှစ်ယောက်လုံးသူတို့၏ကျင့်ကြံရေးများကိုစတင်လှည့်ပတ်‌လိုက်လေသည်။

ထိုအချိန်တွင် ထူးဆန်းသောအားတခုမှာ သူတို့၏ ၀မ်း‌ဗိုက်ပိုင်းဆီမှတလိပ်လိပ်တက်လာလေသည်။ ထိုစွမ်းအားက သံလိုက်ပမာ အရာအားလုံးအားဆွဲငင်နေလေသည်။ ထိုအခိုက်အတန့်တွင် လိုက်လျောညီထွေမှုခံစားချက်များကသူတို့၏နှလုံးသားများတွင်ပေါ်ပေါက်လာလေသည်။ထိုစွမ်းအားမှာအလွန်ထူးဆန်းသော်လည်း နူးညံ့ပြီးသက်တောင့်သက်သာဖြစ်စေမှုပေးစွမ်းလေသည်။

ပိုင်ရန်ရွှယ်မှာ အချစ်ခံနေရသလိုခံစားနေရလေသည်။သူမသည်ကျိုးဟောင်၏ရင်ခွင်ထဲ၀င်ပြီး သူ့၏ကြွက်သားအပြည့်နှင့်ရင်ခွင်ထိတွေ့နေသကဲ့သို့ ထိုစွမ်းအားက ခံစားရစေလေသည်။

ကျိုးဟောင်မှာလည်း ပိုင်ရန်ရွှယ်မှာသူ့လက်မောင်းပေါ်တွင်မှီနေသကဲ့သို့ခံစားနေရလေသည်။ ပိုင်ရန်ရွှယ်၏မျက်နှာလေးမှာတဖြေးဖြေးနီမြန်းလာလေသည်။

ဒီကျင့်စဉ်မှာ ခန္ဓာကိုယ်တွေရောယှက်ပြီးကျင့်ကြံရသည်မဟုတ်သော်ငြား စိတ်စွမ်းအားများကိုစေလွှတ်ပြီး ယင်ယန်စွမ်းအားအားကျင့်ကြံရခြင်းဖြစ်လေသည်။ သို့သော် ခန္ဓာကိုယ်ချင်းပူးကပ်မရောယှက်နေပေမဲ့ စိတ်ချင်းကတော့ ရောယှက်မှုရှိလေသည်။

ထိုခံစားချက်ကြောင့်ပိုင်ရန်ရွှယ်မှာ ဒေါသထွက်သွားပြီး ထိုကျင့်စဉ်အားရပ်ကာ ကျိုးဟောင်အားထားသွားချင်လာလေသည်။သို့သော် အကြောင်းတချို့ကြောင့် သူမမှာ ထိုအရာအားချိုးဖျက်ကာထားမသွားနိုင်ဖြစ်နေလေသည်။

ဒါသည်ယင်ယန်စွမ်းအင်၏အဖိုအမသဘောတရားဖြစ်ပြီး သဘာ၀၏နိယာမဖြစ်သောကြောင့် သက်ရှိတိုင်းလွန်ဆန်ဖို့မဖြစ်နိုင်ပေ။ သူတို့နှစ်ယောက်အားကြည့်ရင်း ဂျယ်လီဖြူက လူယုတ်မာအပြုံးဖြင့်ပြုံးနေလေသည်။

သိပ်မကြာမီပင် သူတို့နှစ်ယောက်ကြားရှိယင်ယန်စွမ်းအားမှာတဖြေးဖြေးအားကောင်းလာပြီး တစတစစုစည်းလာလေသည်။ထိုအချိန်တွင် ပိုင်ရန်ရွှယ်မှာသူမ၏ကျင့်ကြံရေးပြန်လည်ပွင့်လာသည်ကိုခံစားမိလိုက်သည်။

ဘာတခွန်းမှာမပြောတော့လဲ ပိုင်ရန်ရွှယ်မှာ သူမ၏ အိတ်ထဲမှနေရာကူးပြောင်းကိရိယာကိုထုတ်ကာ သူမ၏စွမ်းအင်အနှစ်သာရကိုသုံးပြီးဖွင့်လိုက်လေသည်။ အာကာသကူးပြောင်းရေးရောင်ခြည်များသူတို့နှစ်ယောက်၏အထက်တွင်ပေါ်လာလေသည်။

ထိုအလင်းတန်းများပေါ်လာသည်နှင့် ပိုင်ရန်ရွှယ်က ကျိုးဟောင်အားထားပြီး ချက်ချင်းထွက်သွားလေသည်။ ကျိုးဟောင်လည်း အချိန်ဆွဲမနေဘဲ ဂျယ်လီဖြူအားသူ့အိတ်ထဲပြန်ထည့်ကာ အာကာသကူးပြောင်းရေးအလင်းတန်းထဲလိုက်၀င်လိုက်လေသည်။

ထိုအချိန်တွင် မိုရိုမြို့ထဲတွင်ရှိနေသောအထူးအဖွဲ့အစည်းမှလူများမှာအလွန်စိုးရိမ်နေကြလေသည်။ ပိုင်ရန်ရွှယ်မှာ ကျိုးဟောင်နောက်သို့လိုက်လံတိုက်ခိုက်ပြီး ပြန်ရောက်မလာသည်မှာ ၂ရက်ခန့်ရှိ‌ပြီဖြစ်လေသည်။ သူတို့အားလုံးကြောက်ရွံ့နေကြပြီး ကျိုးဟောင်က ပိုင်ရန်ရွှယ်အားသတ်လိုက်မည်ကိုစိုးရိမ်နေကြလေသည်။

အိုးယမ်ထင်းရွှမ်ကတော့ စိတ်ပူသည့်ပုံမပေါ်ပေ။

"ဂျူနီယာညီမလေးက ကျိုးဟောင်အား အနိုင်မယူနိုင်ရင်တောင်မှထွက်ပြေးဖို့အတွက် ပြဿနာကြီးကြီးမားမားမရှိ‌ဘူး။ပြီးတော့ငါကျိုးဟောင်ကိုတွေ့ခဲ့ဖူးတယ် သူက စက်ဆုပ်ယုတ်မာတတ်သူမဟုတ်ဘူး။ ဒါကြောင့် ဂျူနီယာညီမလေး တခုခုဖြစ်ခဲ့ရင်တောင်မှ အဲ့တာ ကျိုးဟောင်ကြောင့်မဖြစ်နိုင်ဘူး"

အိုးယမ်က‌ထိုနေရာတဝိုက်အားရှာဖွေရင်း ခန့်မှန်းပြောဆိုနေလေသည်။အထူးအဖွဲ့အစည်းကလူများသာမက နင်မိသားစုကလူများကပါ ကူညီပြီးရှာပေးနေကြလေသည်။

"မိန်းကလေးပိုင်က အစ်ကိုနင်နဲ့စေ့စပ်ထားတဲ့မိန်းကလေးပဲ။ ဘာတွေဖြစ်ဖြစ်ငါတို့သူမကိုတွေ့အောင်ရှာရမယ်"

နင်မိသားစုမှလူများမှာစိုးရိမ်တကြီးရှာဖွေနေကြလေသည်။ နင်ယွမ်ဖုန်းမှာလည်း အခန်းငယ်တခုထဲတွငမဖြူဖျော့သောမျက်နှာနှင့်ထိုင်နေပြီး ပိုင်ရန်ရွှယ်အားရှာ‌မတွေ့သေးသောကြောင့် အမူအရာများဆိုးဝါးနေလေသည်။

"ဆက်ရှာကြ ငါသူမကို သေသေရှင်ရှင် မြင်ချင်တယ်"

နင်ယွမ်ဖုန်းမှာအလွန်ဒေါသထွက်နေသော်လည်း သူတတ်နိုင်တာဘာမှမရှိပေ။

မိုရိုမြို့နှင့်ငါးမီတာလောက်ကွာဝေးသော တောင်ပေါ်တွင် ဖက်တီးကျင်းမှာ ကျင်းမိသားစုမှသူ့တပည့်များအား သင်ကြားပြသနေလေသည်။

"ဟေး မိန်းကလေးပိုင်ဘယ်ရောက်သွားတယ်ထင်လဲ။ သူမကတကယ်ပဲကျိုးဟောင်သတ်တာခံလိုက်ရတာလား"

" အဲ့ကျိုးဟောင်ဆိုတဲ့သူက တကယ့်ကိုမှန်းဆမရတဲ့သူပဲ။ သူ့ကိုနင်ယွမ်ဖုန်းတို့လေးယောက်ပေါင်းတိုက်တာတောင်မှ မနိုင်ခဲ့ဖူး။ ပိုင်ရန်ရွှယ်လည်းသူ့ကိုဖြေ‌ရှင်းနိုင်မှာမဟုတ်ဘူး။ သူမလည်းသေသွားလောက်ပြီ"

"တကယ့်မိန်းမလှလေးတယောက်ဆုံးရှုံးသွားတာ နှမြောစရာပဲ"

"ကျိုးဟောင်ကဘယ်ကလာတာလဲပြောပြစမ်းပါ။ သူကအရမ်းစွမ်းအားကြီးလွန်းတယ်။ စုရှောင်းယွီနဲ့လည်းဆက်ဆံရေးကောင်းရှိတယ်ကြားတယ်။ ပြီးတော့ ဟိုလေးယောက်နဲ့တိုက်ပြီးရခဲ့တဲ့ ချိစ်ပ်ပြားကိုလည်းစုရှောင်းယွီကိုပေးခဲ့တယ်ကြားတယ်"

ကျင်းမိသားစုမှပညာသင်များမှာ တယောက်တခွန်းဆွေးနွေးနေကြလေသည်။

ဖက်တီးကျင်းကတော့ ထိုစကားများကို ဘေးတွင်ကြက်ကင်စားရင်းနားထောင်နေလေသည်။

"ကျွတ်.... ဘယ်လိုယူဆချက်တွေတုန်းဟ ပိုင်ရန်ရွှယ်ကကျိုးဟောင်နဲ့ကြိုက်ပြီး ထွက်ပြေးသွားတာရောမဖြစ်နိုင်ဘူးလား"

ဖက်တီးကျင်းကရုတ်တရက်ပြောလိုက်လေသည်။

"အာ... အကိုကျင်းရယ် အဓိပ္ပာယ်မရှိတာတွေမပြောပါနဲ့။ နင်မိသားစုကသာ ဒီစကားကိုကြားရင် ကျွန်တော်တို့ကိုပြဿနာရှာနေပါဦးမယ်"

ကျင်းမိသားစုမှပညာသင်များမှာ အလန့်တကြားလက်ကာပြရင်းပြန်ပြောကြလေသည်။

" ငါတို့ကျင်းမိသားစုရော နင်မိသားစုရောက ရှေးဟောင်းသိုင်းပညာရှင်မိသားစုတွေပဲ။ ဘာကိုကြောက်နေရမှာလဲ။ ပြီးတော့ ဘာလို့အဓိပ္ပာယ်မရှိရမှာလဲ ကျိုးဟောင်နဲ့ နင်ယွမ်ဖုန်းက ဘယ်သူပိုသန်မာလဲပြောစမ်းပါ"

"ကျိုးဟောင်ကပိုသန်မာပါတယ်"

"ကဲဒါဆိုမင်းတို့ကိုမေးမယ်။ မိန်းမတွေက ချမ်းသာပြီး ရုပ်ချောအရပ်ရှည်တဲ့ယောကျာ်းတွေကိုသဘောကျကြတယ်မှတ်လား။ ငါတို့သိုင်းလောကမှာဆိုရင်တော့သိုင်းပညာပိုအဆင့်မြင့်ပြီး‌သန်မာတဲ့ယောကျာ်းတွေကိုရွေးချယ်ကြတယ်မှတ်လား"

ဖက်တီးကျင်းကမေးလိုက်လေသည်။

" ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ ကျိုးဟောင်ကဘယ်လောက်ချောသလဲဆိုတာ ကျုပ်တို့မကြားဖူးဘူး"

ကျင်းပညာသင်တယောက်ပြန်ပြောလေသည်။

"လခွမ်းမင်းကငတုံးပဲ ကျိုးဟောင်ကရုပ်ဆိုးရင် စုရှောင်းယွီကနောက်ကတကောက်ကောက်လိုက်နေပါ့မလား။ ပြီးတော့ သူက အရပ် ၁.၉မီတာရှည်ပြီး ရုပ်ချောတယ်လို့လည်းငါကြားတယ်"

ဖက်တီးကျင်းကပြုံးပြီးပြောလေသည်။

"အဲ့တာအမှန်ပဲလား ဒါပေမဲ့ ပိုင်ရန်ရွှယ်ကအပေါစားမိန်းကလေးမဟုတ်ဘူးလေ။ သူမက နင်ယွမ်ဖုန်းနဲ့တောင်စေ့စပ်ထားတာမှတ်လား"

ပညာသင်များက ‌ဇဝေဇဝါဖြင့်ပြန်ပြောလေသည်။

"မင်းတို့ကွာ ၀က်ဦးနှောက်လေးတွေပဲ။ သူတို့စေ့စပ်ထားတော့ရောဘာဖြစ်လဲ သူတို့အတူအိပ်ကြလို့လား။ သူတို့အတူမအိပ်သရွေ့အခြေအနေတွေကပြောင်းလဲနိုင်တယ်။ ပြီးတော့ ဒီစေ့စပ်ပွဲကလည်းနင်မိသားစုကစကမ်းလှမ်းတာ။ နောက်ကွယ်ကအကြောင်းအရာတွေမင်းတို့သိလို့လား"

"ကဲ အမှန်တရားကိုငါပြောပြမယ်။ ပိုင်ရန်ရွှယ်တို့ရဲ့ပိုင်မိသားစုက နင်မိသားစုအပေါ်မှာအကြွေးတင်ထားရှိတယ်။ အဲ့တာကြောင့်နင်မိသားစုကစေ့စပ်ဖို့ကမ်းလှမ်းလာတဲ့အခါ ပိုင်ရန်ရွှယ်ကအဲ့အကြွေးကိုဆပ်ဖို့ စေ့စပ်ပွဲကိုသဘောတူခဲ့တာပဲ။ မင်းတို့နားလည်ပြီလား ပိုင်ရန်ရွှယ်ကနင်ယွမ်ဖုန်းကိုမကြိုက်ဘူး အကြွေးပြန်ဆပ်ဖို့အတွက်သာစေ့စပ်ခဲ့တာ"

ဖက်တီးကျင်းကထိုအကြောင်းအရာများကိုသေချာသိသောကြောင့်ပြောပြနေလေသည်။

ထိုအချိန်တွင်အာကာသကူးပြောင်းရေးတွင်းပေါက်ကြီးမှာ ဖက်တီးကျင်းနှင့်မီတာတနေရာအကွာအဝေးတွင်ပေါ်လာလေသည်။

ထိုအထဲမှအေးစက်သောအရှိန်အဝါများထွက်ပေါ်လာပြီးနောက် အမျိုးသားနှင့်အမျိုးသမီးတယောက်လမ်းလျှောက်ထွက်လာလေသည်။

....................................................................................

အခန်း(၅၄၉)ပြီးပါပြီ။

All Chapters