← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃) : စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှု

ကျိုးဟောင်မှာအလွန်ဒေါသထွက်နေသော်ငြား သူလုပ်နိုင်သောအရာဘာမှမရှိပေရာ စကားတစ်ခွန်းမှမဆိုလာခဲ့ပေ။

"ဘာလို့စကားတစ်ခွန်းမှမပြောတာလဲ တကယ်လို့ဘာမှမပြောရင်တောင် အဲဒီအမျိုးသမီးနဲ့ သေချာပေါက်အတူအိပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်သိတယ် ဟုတ်တယ်မလား အဲဒီမိန်းမကလှတယ် သူ့ရဲ့အသားအရည်ကလည်းဖြူနေတာ ခြေထောက်ကလည်းရှည်တယ် အစ်ကိုကြီးစိတ်မယိုင်ဘူးဆိုတာကျွန်တော်တော့မယုံဘူး"

ဂျယ်လီဖြူမှာမမောနိုင်မပန်းနိုင်စကားပြောနေပြီး ကျိုးဟောင်မှာမကြားချင်ယောင်သာဆောင်နေသည်။

အချိန်အတော်ကြာပြီးနောက် အသံမှာအတော်လေးအားဖျော့သွားခဲ့သည်။ ထိုအချိန်မှသာကျိုးဟောင်မှာစကားပြောလာခဲ့သည်။

"ဖားဘယ်တော့နိုးလာမှာလဲ"

ဂျယ်လီဖြူမှာသက်ပြင်းချရင်းပြန်ဖြေလိုက်သည်။

"သူ့ရဲ့အနှစ်သာရစွမ်းအားကပျက်စီးသွားတယ် အများဆုံးဆိုနှစ်နည်းနည်းကြာတဲ့အထိအိပ်နေမှပြန်ကောင်းလာမှာ ဟင်း..."

ကျိုးဟောင်မှာထိုစကားအားကြားသောအခါမျက်မှောင်ကြုတ်သွားခဲ့သည်။ နှစ်နှင့်ချီကာအိပ်ပျော်နေမည်ဆိုပါက အနည်းငယ်ကြာနိုင်ပေသည်။

"ငါတို့လုပ်နိုင်တာဘာမှမရှိဘူးလား"

ကျိုးဟောင်မှာအလျင်အမြန်ပင်မေးလိုက်သည်။

"တကယ်လို့ကျွန်တော်တို့ စိတ်စွမ်းအားအနှစ်သာရကိုရှာနိုင်ရင်တော့ သူ့ကိုဒီထက်စောပြီးနှိုးလို့ရနိုင်တယ် ဒါပေမဲ့ဒီပစ္စည်းကအရမ်းရှားတယ်"

ဂျယ်လီဖြူမှာခဏမျှစဥ်းစားနေပြီးနောက် ပြောလာခဲ့သည်။

"အရမ်းရှားတာလား မိုရိုမျိုးနွယ်စုမှာရောရှိလား"

ကျိုးဟောင်မှထပ်မေးလိုက်သည်။

"ပြောကာမှသတိရတယ် တကယ်ကိုတစ်ခုရှိတယ် ဒါပေမဲ့....."

ထိုအချိန်တွင် ဂျယ်လီဖြူမှာတွေဝေနေခဲ့သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ"

ကျိုးဟောင်မှာမေးလိုက်သည်။

"အဲဒါကဒီတိုင်းအဲဒီနေရာကအန္တရာယ်နည်းတယ်ဆိုပေမဲ့ အန္တရာယ်လည်းများတယ် မိုရိုမျိုးနွယ်ရဲ့စိတ်စွမ်းအားကအရမ်းအားကောင်းတယ်ဆိုတာအစ်ကိုကြီးလည်းသိတာပဲ အဲဒီစိတ်စွမ်းအားအနှစ်သာရကစိတ်စွမ်းအားအကာအကွယ်ထဲထည့်ထားတာ တကယ်လို့အဲဒါကိုယူချင်တယ်ဆိုရင် အရမ်းအန္တရာယ်များလိမ့်မယ်"

ဂျယ်လီဖြူယခုလိုပြောပြနေရသည့်အကြောင်းအရင်းမှာ ကျိုးဟောင်အားမသွားစေချင်၍သာဖြစ်သည်။ သူတို့အတွက်နှစ်အနည်းငယ်မျှအိပ်စက်ရခြင်းသည်ဘာမှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည်နှစ်ပေါင်းဆယ်ချီ ၊ ရာချီ၊ သို့မဟုတ်ထောင်ချီအထိပင် အိပ်စက်ကြတတ်ပေသည်။

သို့သော်ကျိုးဟောင်မှာထိုသို့မတွေးပေ။ မည်သို့ပင်ဖြစ်စေဖားအိပ်ပျော်နေသည်မှာကြာလှပြီဖြစ်သည်။ ၎င်းသည်နှစ်ပေါင်းတစ်ရာကျော်အိပ်ပြီးသည့်နောက်တွင်ပင် ရက်ပိုင်းမျှသာနိုးလာနိုင်ခဲ့ပေရာ ကျိုးဟောင်မှာအလွန်တရားလွန်သည်ဟုခံစားရပေသည်။

"ကိစ္စမရှိဘူး ဘယ်နေရာလဲသာပြော အခုပဲအဲဒီကိုသွားပြီးယူကြမယ်"

ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။

"အာ အဲဒါကိုသွားယူမလို့လား တကယ်လား"

ဂျယ်လီဖြူမှာမယုံချင်ပေ။စင်စစ်တွင် မယုံကြည်ခြင်းမဟုတ်ဘဲ စိတ်ပူခြင်းသာဖြစ်သည်။

"ကိစ္စမရှိဘူး စိတ်မပူနဲ့ ဘာလုပ်ရမလဲဆိုတာသိပါတယ်"

ကျိုးဟောင်မှာချက်ချင်းပင်ပြောလာခဲ့သည်။

"ကောင်းပြီ သွားကြည့်ကြည့်ကြတာပေါ့ မဟုတ်လည်းပြန်လာလို့ရတာပဲ"

ဂျယ်လီဖြူမှာပြောရင်း ကျိုးဟောင်အားနေရာတစ်ခုအားပြလိုက်ပြီး ကျိုးဟောင်မှာလည်း အရှိန်တင်ကာထွက်ခွာသွားခဲ့သည်။

မိုရိုမျိုးနွယ်စု၏နေရာမှာအလွန်ကြီးမားလှပေရာ တစ်နေ့လုံးပျံသန်းလာပြီးမှအလွန်လျှို့ဝှက်သောအဆောက်အဦးတစ်ခုရှေ့သို့ရောက်လာခဲ့သည်။

ဤနေရာသည်အလင်းအကာအကွယ်တစ်ခု၏ဖုံးလွှမ်းခြင်းအားခံထားရသော ဥတစ်လုံးနှင့်ပုံစံတူပေသည်။

"ဒါကမိုရိုမျိုးနွယ်စုရဲ့ရတနာရှိတဲ့နေရာပဲ ဒီမှာစိတ်စွမ်းအားအနှစ်သာရရှိတယ် စိတ်စွမ်းအားသုတေသနကမိုရိုမျိုးနွယ်စုအတွက်အရမ်းအဖိုးတန်တယ် တကယ်လို့ကြီးမားတဲ့အကြောင်းကြောင့်သာမဟုတ်ရင် မိုရိုမျိုးနွယ်စုကဒါကိုထုတ်ပြမှာမဟုတ်ဘူး"

"ဒီပစ္စည်းကမိုရိုသက်ရှိတွေရဲ့အသက်ကိုကယ်ပေးနိုင်တယ် သေသွားတဲ့လူတွေကိုတွေ့ခဲ့တယ်မလား တကယ်လို့သူတို့ရဲ့စိတ်စွမ်းအားကုန်ဆုံးသွားတဲ့အချိန်မှာ စိတ်စွမ်းအားအနှစ်သာရကိုရမယ်ဆိုရင် အနည်းဆုံးနောက်ထပ် ၈ နှစ်ကနေ ၁၀ နှစ်အထိအသက်ရှင်နိုင်တယ် အဲဒီလူတွေကအားလုံးတန်ဖိုးအတော်ကြီးတဲ့သခင်ကြီးတွေပဲ သူတို့ရှိသမျှအကုန်သုံးရင်တောင် အနှစ်သာရတစ်စက်ရဖို့တောင်မလွယ်ဘူးဆိုတော့ ဒီပစ္စည်းဘယ်လောက်တန်ဖိုးကြီးလဲစဥ်းစားကြည့်လို့ရတယ်"

ဂျယ်လီဖြူမှာအလျင်အမြန်ပင်ပြောလာခဲ့သည်။ သူသည်ကျိုးဟောင်အားစိတ်ပိုင်းဆိုင်ရာအားကြိုတင်ပြင်ဆင်ထားရန်ပြောနေခြင်းလည်းဖြစ်သည်။ မိုရိုမျိုးနွယ်များမှာယခုလိုအဖိုးတန်အရာမျိုးအားတင်းကြပ်စွာစောင့်ကြပ်မည်မှာသဘာဝပင်ဖြစ်သည်။

"သိပြီ ဒါကိုဘယ်လိုယူကြမလဲ"

ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။

"မင်းဝင်လို့ရအောင်လုပ်ပေးလို့ရတဲ့နည်းလမ်းငါ့မှာရှိတယ် ဒါပေမဲ့မင်းအဲဒီစိတ်စွမ်းအားအနှစ်သာရကိုရဖို့ မိုရိုမျိုးနွယ်ရဲ့ အဆင်မြင့်ပညာရှင်တွေရဲ့ စိတ်စွမ်းအားစမ်းသပ်မှုကိုဖြတ်ကျော်ရမယ် တကယ်လို့ကျရှုံးရင် ကြောက်ရတာက....."

ထိုအချိန်တွင် ဂျယ်လီဖြူမှာအနည်းငယ်တွေဝေနေခဲ့သည်။

"ဘာတွေကြောက်နေတာလဲ"

ကျိုးဟောင်မှမေးလိုက်သည်။

"ငါကြောက်တာကပုံရိပ်ယောင်ထဲမှာထာဝရပိတ်မိသွားပြီး အဲဒီထဲမှာပဲသေဆုံးသွားမှာကိုပဲ"

ဂျယ်လီဖြူမှာသက်ပြင်ချရင်းလေးလေးနက်နက်ပြောလာခဲ့သည်။

ကျိုးဟောင်မှာထိုစကားအားကြားသောအခါခေတ္တမျှကြက်သေသေသွားပြီးနောက် ပြုံးကာပြောလာခဲ့သည်။

"သေမယ် ဟဟ စိတ်ဝင်စားစရာပဲ"

"ပြန်မစဥ်းစားတော့ဘူးလား"

ဂျယ်လီဖြူမှာချက်ချင်းပင်မေးလာခဲ့သည်။

ကျိုးဟောင်မှာသက်ပြင်းချပြီး ခေတ္တမျှတွေဝေနေပြီးနောက်ပြောလာခဲ့သည်။

"မင်းတို့တွေကငါ့ကိုမင်းတို့ရဲ့သခင်အနေနဲ့အသိအမှတ်ပြုပြီး ငါ့အတွက်တိုက်ခိုက်ပေးမှတော့ အန္တရာယ်များတယ်ဆိုတာနဲ့ပဲငါနောက်ပြန်မဆုတ်နိုင်ဘူး ငါကစွမ်းအားကြီးတဲ့လူမဟုတ်ပေမဲ့ ငါ့ဘေးနားကလူတွေအတွက်တော့ အားလုံးလက်လျှော့ဖို့ဆန္ဒရှိပါတယ် ငါမင်းတို့ကိုစိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးလေ"

ကျိုးဟောင်မှာပြုံးနေပြီးပုံစံမှာသက်သောင့်သက်သာပင်ရှိနေသော်လည်း သူ့စကားဆုံးသည်နှင့်ဂျယ်လီဖြူ၏မျက်နှာမှာ တကယ်ပင်ပြောင်းလဲသွားခဲ့သည်။ အချိန်တစ်ခုကြာပြီးနောက် သူသည်ကျိုးဟောင်အားကြည့်ကာချက်ချင်းပင်ပြောလိုက်သည်။

"တကယ်လို့....ဖားအစားကျွန်တော်ဆိုရင်ရော....ဒီလိုပဲလုပ်မှာလား"

"သေချာတာပေါ့"

ကျိုးဟောင်မှာတုံ့ဆိုင်းခြင်းမရှိဘဲဖြေလာပေသည်။ သို့သော်ဂျယ်လီဖြူမှာဘာမှမပြောသော်လည်းသူ၏ပုံစံမှာကျိုးဟောင်၏စကားအားနားထောင်ပြီးရင်ထဲထိသွားပုံပေါ်ပေသည်။

ထို့နောက်၎င်း၏ခန္ဓာကိုယ်မှထူးဆန်းသောအလင်းတန်းတစ်ခုပေါ်လာပြီး ကျိုးဟောင်အားဖုံးလွှမ်းသွားကာချက်ချင်းပင် ဘဲဥပုံစံအကာအကွယ်ထဲသို့ဝင်ရောက်သွားစေခဲ့သည်။

"ကျွန်တော်အစ်ကိုကြီးကို ဒီနေရာကိုဝင်ဖို့ကူညီပေးနိုင်တယ် ဒါပေမဲ့စိတ်စွမ်းအားစမ်သပ်မှုကိုတော့ ကူညီပေးလို့မရဘူး အဲဒါကိုကိုယ့်ဘာသာပြီးအောင်လုပ်ရမှာ မှတ်ထား သေချာပေါက်ဇွဲကောင်းရမယ်နော် နားလည်လား"

ဂျယ်လီဖြူမှာ သေချာမှာကြားနေပေရာ စိတ်ပူနေမှန်းသိသာပေသည်။

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီး စိတ်သက်သာရာရစေမည့်အပြုအမူမျိုးဖြင့်တုံ့ပြန်လိုက်သည်။

ကျိုးဟောင်မှာဝင်လိုက်သည်နှင့် ချိတ်ပိတ်ထားသောအနက်ရောင်အာကာသတစ်ခုထဲရောက်သွားခဲ့ပြီး ထို့နောက် အေးစက်သောအသံရှိသည့် အသိဉာဏ်ရှိသောစက်ရုပ်က စကားပြောလာခဲ့သည်။

"စိတ်စွမ်းအားစမ်းသပ်မှုအားလက်ခံပါတော့မလား"

ထိုအသံထွက်ပေါ်လာပြီးနောက် ကျိုးဟောင်မှာခေတ္တမျှမှင်တက်သွားပြီး ဂျယ်လီဖြူအားပြောလိုက်သည်။

"တကယ်တော့ ငါအမြဲတမ်းမေးချင်နေတာရှိတယ် ဒီမိုရိုမျိုးနွယ်စုတွေကသေသွားတာဒီလောက်ကြာနေပြီ ဘာလို့ဒီစက်ရုပ်တွေက ခုထိအလုပ်လုပ်နေသေးတာလဲ"

ဂျယ်လီဖြူမှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးကာပြောလိုက်သည်။

"အစ်ကိုကြီးရဲ့လက်ရှိလူသားမျိုးနွယ်က စက်ရုပ်တွေရဲ့စွမ်းအင်ကိုထိန်းသိမ်းဖို့ လျှပ်စစ်စွမ်းအင်အပေါ်အားကိုးနေရသေးတယ်လေ မိုရိုနဲ့တခြားမျိုးနွယ်စုတွေက လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့ အဏုမြူစွမ်းအားကိုအသုံးပြုနေနိုင်ကြပြီ ကျွန်တော်ပြောပြမယ် ပစ္စည်းတွေရဲ့သေးငယ်တဲ့လောကကမော်လီကျူးတွေ အမှုန်တွေနဲ့ဖွဲ့စည်းထားတာ သူတို့တွေက အဆုံးမရှိရွေ့လျားနိုင်ပြီးတော့ ဒီစွမ်းအင်ကိုမိုရိုမျိုးနွယ်စုကသူတို့ရဲ့စွမ်းအင်ရင်းမြစ်အနေနဲ့သုံးတာ အဲဒါကြောင့်စကြဝဠာကြီးမပျက်စီးသရွေ့ သူတို့ရဲ့စွမ်းအင်ကလည်းပြတ်တောက်သွားမှာမဟုတ်ဘူး သေချာပေါက်ဒီစွမ်းအင်ကသူတို့စက်ယန္တရားတွေရဲ့ လုပ်ဆောင်မှုတွေကိုထိန်းသိမ်းပေးနိုင်တာပေါ့ အားလုံးကိုတော့ဒီလိုသုံးလို့မရဘူးပေါ့ ဥပမာပြောရရင် အဲဒီအထူးစစ်ဘက်သုံးယာဥ်တွေဆို ဒီအဏုမြူစွမ်းအားကိုသုံးလို့မရဘူး"

"သူတို့ရဲ့လူသားမျိုးနွယ်မှာက စွမ်းအင်အနှစ်သာရဒုံးကျည်တစ်ခုပဲရှိတယ်လို့‌လူသိများတယ် တကယ်လို့အစ်ကိုကြီးရဲ့လက်ရှိလူသားမျိုးနွယ်က မစား၊မသောက်၊လျှပ်စစ်စွမ်းအင်မသုံးဘူးဆိုရင်တောင် ဒီဟာကိုလွှတ်တင်ဖို့လိုအပ်တဲ့စွမ်းအင်ထောက်ပံ့ပေးဖို့ဆို ၁၀ နှစ်လောက်ကြာနိုင်တယ်"

ဂျယ်လီဖြူ၏စကားဆုံးသည်နှင့် ကျိုးဟောင်မှာအတော်လေးထိတ်လန့်သွားခဲ့သည်။ ဤပမာဏသည်တကယ်ပင်ကြောက်စရာကောင်းပေသည်။ ကျိုးဟောင်သည်ဤအချက်အားသိထားပေသည်။ အကြောင်းမှာဤကိစ္စနှင့်ပတ်သက်ပြီး အထက်တန်းကျောင်းတွင်သင်ခဲ့ရပေသည်။

မိုရိုမျိုးနွယ်သည် ဤမျှလောက်တိုးတက်သောမျိုးနွယ်ဖြစ်မည်ဟုသူမထင်ထားခဲ့ပေ။

ထိုသို့တွေးရင်း ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာပြောလိုက်သည်။

"စမ်းသပ်ချက်ကိုလက်ခံပါတယ်"

"ကောင်းပါပြီ စမ်းသပ်မှုစတင်ပါပြီ ကျေးဇူးပြုပြီးစမ်းသပ်ရေးနေရာအားရွေးချယ်ပေးပါ"

"တစ် ခေတ်မီ မျိုးနွယ်"

"နှစ် စက်ယန္တရားမျိုးနွယ်"

"သုံး စိတ်ကူးယဥ်အကန့်အသတ်မျိုးနွယ်"

ကျိုးဟောင်မှာထိုစကားများအားကြားပြီးနောက်မှင်တက်သွားကာ မြေပြင်ပေါ်သို့ကြည့်လိုက်မိသည်။ ထို့နောက်ဘာဖြစ်နေမှန်နားမလည်နိုင်ဘဲ ကြက်သေသေနေခဲ့သည်။

....................................................................................

အခန်း (၅၃၃) ပြီးပါပြီ။

အခန်း (၅၅၄) : တာအိုပြိုင်ကွင်း

ကျိုးဟောင်မှာဘာဖြစ်နေမှန်းနားမလည်ပေရာ ခေတ္တမျှစဥ်းစားပြီးနောက်မေးလိုက်သည်။

"ဒါကငါဒီစမ်းသပ်ချက်မှာပထမဆုံးပါတာပဲ မင်းပြောသွားတဲ့ဒီနေရာတွေက ဘာအသုံးဝင်လို့လဲ"

ကျိုးဟောင်မှာအလွန်သိချင်နေပေသည်။ အသိဉာဏ်ရှိသောစက်ရုပ်၏အသံမှာထွက်ပေါ်လာခဲ့သည်။

"စမ်းသပ်မှုရဲ့တိကျမှုကိုအကောင်းဆုံးအနေအထားမှာထားဖို့အတွက် ဒီနေရာအနည်းအကျဥ်းကိုပြင်ဆင်ထားတာပါ နေရာတစ်ခုချင်းစီရဲ့ချိန်ညှိမှုတွေကမတူပါဘူး အလားတူပဲ တစ်ဖက်လူရဲ့စိတ်စွမ်းအားအခြေ‌အနေကိုလည်းထည့်တွက်ပါတယ် ဒါပေမဲ့ဘယ်နေရာပဲဖြစ်နေပါစေ အနှစ်သာရကတော့အတူတူပါပဲ စိန်ခေါ်သူ ကျေးဇူးပြုပြီးကိုယ်ဖြတ်သန်းချင်တဲ့နေရာကိုရွေးချယ်ပေးပါ"

ကျိုးဟောင်မှာစဥ်းစားနေပြီး မည်သည့်အရာအားရွေးချယ်ရမလဲမသိပေ။ ထိုအချိန်တွင် ဂျယ်လီဖြူမှပြောလာခဲ့သည်။

"လက်တွေ့ဆန်တာကအကောင်းဆုံးပဲ မဟုတ်ရင်ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိုပြီးနစ်မြှုပ်သွားလိမ့်မယ် စိတ်လောကရဲ့ ဖန်တီးထားတဲ့အရာတွေကိုယုံကြည်လိုက်တာနဲ့ ပြန်ထွက်မလာနိုင်ဖို့ကအရမ်းလွယ်သွားပြီ စိတ်ကူးယဥ်အကန့်အသတ်မျိုးနွယ်ကိုရွေးလိုက်"

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။

"ငါ....စိတ်ကူးယဥ်အကန့်အသတ်မျိုးနွယ်ကိုရွေးတယ်"

"ကောင်းပါပြီကျေးဇူးပြုပြီး စိတ်ကူးယဥ်ခေတ်မီမျိုးနွယ်နှင့် စိတ်ကူးယဥ်ရှေးဟောင်းမျိုးနွယ်အားရွေးချယ်ပေးပါ"

အသိဉာဏ်ရှိသောစက်ရုပ်မှာထပ်မံစကားပြောလာခဲ့သည်။

ယခုတစ်ကြိမ်တွင် ဂျယ်လီဖြူ၏သတိပေးမှုမပါဘဲကျိုးဟောင်မှာ ချက်ချင်းပင်ိစတ်ကူးယဥ်ရှေးဟောင်းမျိုးနွယ်အားရွေးလိုက်သည်။

ထိုအချိန်မှာပင်အလင်းရောင်မှာအထူးတောက်ပလာခဲ့ပြီး စူးရှသောအလင်းရောင်မှာကျိုးဟောင်မျက်လုံးမဖွင့်နိုင်သည်အထိထိုးဖောက်လာခဲ့ပေရာ ကျိုးဟောင်မှာမျက်လုံးများအားပိတ်လိုက်မိသည်။ မျက်လုံးများအားပြန်ဖွင့်လိုက်သည့်အချိန်တွင် ကျိုးဟောင်၏ပြင်ပလောကရှိခန္ဓာကိုယ်မှာ အိပ်မောကျသွားခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျိုးဟောင်၏စိတ်ထဲတွင်အထူးမြင်ကွင်းတစ်ခုမှာရုတ်တရက်ပေါ်လာခဲ့သည်။

ဂျယ်လီဖြူ၏မျက်လုံးများတွင်စိုးရိမ်မှုများဖြင့်ပြည့်နေပြီး တစ်ကိုယ်တည်းတီးတိုးရေရွတ်နေပေသည်။

"ကျိုးဟောင် အစ်ကိုကြီးဇွဲကောင်းမှရမယ် အဲဒီပုံရိပ်ယောင်လောကထဲမှာ ဘာကိုမှမဖြေရှင်းနိုင်ဘူး နားလည်လား"

အသံထွက်ပေါ်လာသော်လည်း ကျိုးဟောင်မှာလုံးဝမကြားတော့ပေ။ လက်ရှိအချိန်တွင်သူသည်မျက်လုံးများအားဖြည်းညှင်းစွာဖွင့်လိုက်ပြီးနောက်ထူးဆန်းသောနေရာတစ်ခုအားတွေ့လိုက်ရပေသည်။ ၎င်းမှာအနည်းငယ်ဟောင်းနွမ်းနေပုံပေါ်သည့်ပျက်စီးနေသောတာအိုပြိုင်ကွင်းတစ်ခုသာဖြစ်သည်။ ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်မှာ ကလေးငယ်လေးတစ်ယောက်နှင့်လမ်းလျှောက်လာပေသည်။

"ဟင်း....ဟောက်အာ မင်းကိုမွေးတဲ့အချိန်တုန်းက မင်းကဆိုးဆိုးရွားရွားရောဂါပါလာပြီးသား မင်းအသက် ၁၀ နှစ်တိုင်ခင်ထိအန္တရာယ်မရှိပေမဲ့ အဲဒီနောက်ပိုင်း မင်းရဲ့ခန္ဓာကိုယ်ကအားနည်းလာမယ်လို့ တာအိုပြိုင်ကွင်းထဲက တာအိုဘုန်းတော်ကြီးလေးပါးကပြောပြတာ အဖေအစကဒါကိုလုံးဝမယုံခဲ့ဘူး ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမင်းရဲ့ ၁၀ နှစ်ပြည့်မွေးနေ့ပြီးတဲ့နောက်ပိုင်းမင်းမကြာခဏသတိလစ်လာတယ် အဖေသမားတော်တွေအများကြီးနဲ့တွေ့ခဲ့ပေမဲ့ သူတို့အားလုံးကမင်းရဲ့ရောဂါကိုအဖြေမရှာနိုင်ကြဘူး ကြည့်ရတာနောက်ကိုတကယ်ကိုပဲ မင်းရဲ့ဘဝကိုတာအိုပြိုင်ကွင်းထဲမှာပဲ အဆုံးသတ်ရတော့မယ်ထင်တယ်"

"ငါ့သားအနေနဲ့ မင်း‌လောကကြီးကလူတွေအတွက်တိုက်ခိုက်ပေးရမှာ သဘာဝပဲ နှမြောစရာကောင်းတာက မင်းရဲ့အသက်ကိုတော်ဝင်နန်းတော်ကမပိုင်ဘူး ဒါကြောင့်အဖေ.....မင်းအသက်ကိုလျစ်လျူမရှုနိုင်ဘူး"

အမျိုးသားမှာချပ်ဝတ်အားဝတ်ဆင်ထားပြီစစ်သူကြီးတစ်ယောက်နှင့်တူပေသည်။ သူသည်ကလေးငယ်အားချီထားပြီး ထိုကလေး၏မျက်လုံးများမှာမှိတ်နေ‌ပေသည်။ ကလေးငယ်မှာအလွန်ချစ်စရာကောင်းသော်ငြား ဤမျက်နှာ၏အောက်တွင်ပုန်းကွယ်နေသောသေခြင်းတရား၏အငွေ့အသက်အား ထိုအမျိုးသားမှာခံစားမိပေသည်။ ကလေးငယ်၏အသက်ရှူသံမှာလည်းမတည်ငြိမ်ပေရာ အမျိုးသားမှာအလွန်စိုးရိမ်နေပေသည်။

"ငါ့ရဲ့ကျိုးမိသားစုကမျိုးဆက်အဆက်ဆက်တော်ဝင်ရုံးတော်အတွက်တိုက်ခိုက်လာခဲ့တာ ငါလောကကြီးအတွက်အများကြီးလုပ်ခဲ့ပါတယ်လို့ငါမပြောဘူး ဒါပေမဲ့ဘာလို့ငါ့သားကသာမန်မိသားစုတစ်ခုရဲ့ကုသမှုတောင်မရနိုင်တာလဲ အပြစ်ကင်းပြီးချစ်စရာကောင်းတဲ့ကလေးဘဝမှာတင် ဘာလို့ဒီလိုအခက်အခဲတွေနဲ့ကြုံနေရတာလဲ မင်းရဲ့အဖေတစ်ယောက်အနေနဲ့ အဖေမင်းကိုကျိုးဟောင်လို့နာမည်‌ပေးခဲ့ရတဲ့အကြောင်းအရင်းက မင်းကိုဖြောင့်မတ်မှန်ကန်ရဲရင့်ပြီး အနှောင်အဖွဲ့ကင်းစေချင်လို့ပဲ"

"ဒါပေမဲ့အဖေ ကောင်းကင်ဘုံရဲ့အလိုကိုမဆန့်ကျင်နိုင်သေးဘူး"

အမျိုးသား၏စကားများအားကလေးငယ်မှာ ကြားပုံပေါ်ပေသည်။ သူသည်ရှုပ်ထွေးနေသောအမူအရာမျိုးဖြင့် မျက်လုံးများအားဖွင့်လာခဲ့သည်။

သူသည် ၁၀နှစ်သာရှိသေးပေရာ ရှုပ်ထွေးသောစကားအများစုအားနားမလည်ပေ။ သူသည်တောင်ပေါ်တက်သည့်လမ်းကြောင်းကိုသာကြည့်လိုက်ပြီး ဆေးကုသမှုခံယူရန်နောက်ထပ်သွားရမည့်လမ်းဟုသာတွေးနေပေသည်။

ရက်ပိုင်းအတွင်း သူသည်ဆေးကုသသည့်နေရာပေါင်းစုံနှင့် နေရာပေါင်းများစွာအားသွားခဲ့ပေရာ ယခုတစ်ကြိမ်တွင်လည်းဆေးကုသမှုခံယူရန်ရောက်လာသည်ဟုသာရိုးရှင်းစွာတွေးနေပေသည်။

"အဖေ သားတို့ဘယ်ဆေးကုသဆောင်ကိုရောက်နေတာလဲ"

ကလေးမှမေးလိုက်ရာ အမျိုးသားဖြစ်သူ၏မျက်လုံးများမှာနီရဲသွားခဲ့သည်။

"သား သားရဲ့ရောဂါကကုသလို့ရမယ်မထင်ဘူး ဒါပေမဲ့ သားဒီမှာဆိုအသက်ရှင်လောက်တယ် ဒါပေမဲ့......သားလေးအဖေလျှောက်ခဲ့တဲ့လမ်းကိုမလျှောက်နိုင်တော့ဘူး အဖေစိုးရိမ်တာက ဒီဘဝမှာသားလေးဒီတာအိုပြိုင်ကွင်းမှာပဲအသက်ရှင်နိုင်ပြီး တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်လာမှာကိုပဲ"

အမျိုးသားဖြစ်သူမှာပြောနေသော်ငြား သူ၏ပုံစံမှာလိုလားပုံမရပေ။ တိုင်းပြည်၏စစ်သူကြီးတစ်ယောက်အနေနှင့်သူသည်သားဖြစ်သူအားသူ့လိုပင်ဖြစ်လာစေချင်ပြီး နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေချင်ပေသည်။ သို့သော် သူ၏အတွေးများမှာလက်တွေ့တွင်မဖြစ်နိုင်ပေ။ သားဖြစ်သူအသက်ရှင်ရန် သူသည်နာကျင်မှုအားသည်းခံပြီး သားဖြစ်သူနှင့်ခွဲနေရန်သာတတ်နိုင်ပေသည်။

သူသည်မူလကဤ ၁၀ နှစ်အရွယ်သားငယ်နှင့်ဤနေရာတွင်သာနေပြီး သားဖြစ်သူအရွယ်ရောက်လာသည်ကိုကြည့်လိုသော်ငြား တိုင်းပြည်နှင့်ပြည်သူများအတွက် သားဖြစ်သူအားစွန့်ပစ်ရုံသာတတ်နိုင်ပေသည်။

ဤအတွေးသည်လက်လျှော့လိုက်သည့်အတွေးမဖြစ်နိုင်ပေ။ သူသည်သားဖြစ်သူအားဘဝသစ်တစ်ခုအားစပေးခြင်းသာဖြစ်သည်။

ကျိုးဟောင်အားသူ့အသက် ၄၀ နီးပါးတွင်ရခဲ့ပြီး သူသည်တစ်ဘဝလုံးစစ်မြေပြင်တွင်သာအချိန်ကုန်လာခဲ့ပေသည်။ သားဖြစ်သူအားယခုလိုမြင်ရသည်မှာမိသားစု စုစုစည်းစည်းနေရန်မစဥ်းစားတော့ပေ။ သားဖြစ်သူကျန်းမာစွာဖြင့်ကြီးပြင်းလာရန်သာမျှော်လင့်တော့သည်။

မကြာမီသူတို့သည်တာအိုပြိုင်ကွင်းဆီသို့ရောက်လာခဲ့ကြပြီး တာအိုဘုန်းတော်ကြီးလေးပါးမှာလည်းကြာမြင့်စွာစောင့်နေခဲ့ပေသည်။ ထိုလေးပါးမှာမျက်နှာထားမတူကြသော်ငြားအလွန်ဖော်ရွေကြပေသည်။

"အကြီးအကဲတို့...."

အမျိုးသားမှာစကားတစ်ခုခုပြောချင်သော်ငြား တာအိုဘုန်းတော်ကြီး၏တားဆီးခြင်းအားခံလိုက်ရသည်။

"တကယ်လို့မင်းသူ့ကိုအသက်ရှင်စေချင်တယ်ဆိုရင် သူ့ကိုဒီမှာထားခဲ့လိုက်ပါ စိတ်ချပါသူတာအိုပြိုင်ကွင်းကိုရောက်လာပြီဆိုမှတော့ ငါတို့သူ့အသက်အတွက်တာဝန်ယူမှာပါ ၁၀နှစ်ကြာပြီးလို့ သူပြန်ကောင်းသွားရင် ငါသူ့ကိုတောင်ပေါ်ကဆင်းခွင့်ပြုမှာပါ"

အသက်ကြီးသောတာအိုဘုန်းတော်ကြီးမှာ ကျိုးဟောင်အားလက်လွှဲယူလိုက်သည်။ အမျိုးသား၏မျက်နှာပေါ်ရှိဝန်လေးမှုမှာလည်းပို၍ထင်ရှားလာခဲ့သည်။ သူ၏မျက်လုံးများမှာနီရဲနေသော်ငြားမျက်ရည်တစ်စက်မှကျလာခွင့်မပြုဘဲ ပြတ်သားစွာဖြင့်နေရာမှလှည့်ထွက်သွားခဲ့သည်။

ကျိုးဟောင်မှာဤအဓိပ္ပာယ်အားနားမလည်ပေ။ သူသိသည်မှာဤနေရာသို့ရောက်လာပြီးနောက်ပိုင်းနေရအတော်သက်သာသွားပေရာ အလွန်ပျော်နေပေသည်။

"တာအိုဘုန်းတော်ကြီးလေး မင်းရောက်လာပြီဆိုမှတော့ ဒီနေ့ကစပြီးဒီမှာနေရမယ် ဒါကမင်းရဲ့အစမှတ်လည်းဟုတ်သလိုအဆုံးမှတ်လည်းဟုတ်တယ် မှတ်မိပြီလား"

ကျိုးဟောင်မှာဤစကားအားဆယ်စုနှစ်တစ်ခုစာကြားခဲ့ရသော်ငြား အဓိပ္ပာယ်အားနားမလည်ပေ။

၁၀ နှစ်မှာလျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ ကျိုးဟောင်မှာတာအိုကလေးငယ်အနေနှင့်၁၀နှစ်တာအားဖြတ်သန်းခဲ့ပြီး ခြံဝန်းအားရှင်းသည့်အပြင် တာအိုဘုန်းတော်ကြီးလေးပါးအတွက်ချက်ပြုတ်ပေးပြီး သန့်ရှင်းရေးလုပ်ပြီးနောက် အမွှေးတိုင်ထွန်းပေသည်။

၁၀ နှစ်တာမှာတိတ်တဆိတ်ကုန်ဆုံးသွားပြီး ကျိုးဟောင်မှာလည်းမည်သည့်အထူးစွမ်းရည်ကိုမှမသင်ဘဲ နေ့စဥ်လုပ်နေကျကိစ္စများကိုသာလုပ်နေပေသည်။

၁၀ နှစ်ကြာပြီးနောက် သူ့အသက်သည် ၂၀ သို့ရောက်လာခဲ့ကာ မွေးနေ့ပြီးနောက် တာအိုဘုန်းတော်ကြီးလေးပါးမှာလည်းပစ္စည်းများအားထုတ်ယူကာ ကျိုးဟောင်အားအနားလာရန်ခေါ်လိုက်သည်။

"မင်းလွန်ခဲ့တဲ့ ၁၀ နှစ်ဒီကိုစရောက်လာတဲ့အချိန်ကတည်းက ဒီလိုနေ့ရောက်လာမယ်ဆိုတာ ငါတို့သိပြီးသားမင်းရဲ့သက်တမ်းရဲ့ပထမ ၁၀ နှစ်မှာမင်းကချမ်းသာဖို့ကံပါလာပြီးသား ပြီးခဲ့တဲ့ ၁၀ နှစ်မှာတော့ မင်းဒီမှာနေဖို့ကံပါလာတယ် နောက်ထပ် နှစ် ၄၀ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့သက်တမ်းအတွင်းမှာတော့ မင်းဘယ်လိုရွေးချယ်မလဲဆိုတာပေါ်မူတည်တယ် မင်းကမင်းရဲ့နောက်လေးဘဝကိုဆုံးဖြတ်ပေးရမဲ့လူပဲ"

လက်ရှိအချိန်တွင် တာအိုဘုန်းတော်ကြီးလေးပါးမှာကျိုးဟောင်အားမေတ္တာအပြည့်ဖြင့်ကြည့်နေကြပေသည်။

ကျိုးဟောင်မှာခေါင်းသာညိတ်ပြကာ များများစားစားမတွေးပေ။ လွန်ခဲ့သော ၁၀ နှစ်အတွင်း သူသည်တာအိုဘုန်းတော်ကြီးလေးပါး၏စကားအားနားထောင်ခဲ့ပြီး တစ်ခါတစ်လေပင်နားမထောင်တာမျိုးမရှိခဲ့ပေ။ တာအိုဘုန်းတော်ကြီးလေးပါးမှာလည်း ကျိုးဟောင်အားအလွန်ချစ်ကြပေသည်။

"ဒါကမင်းနဲ့သက်ဆိုင်တဲ့လောကကြီးမဟုတ်ဘူးဆိုတာငါမင်းကိုအကြိမ်ပေါင်းများစွာပြောခဲ့ပြီးပြီ ဒါပေမဲ့ မင်းမြင်‌အောင်ကြည့်နိုင်မကြည့်နိုင်ကတော့ မင်းအပေါ်ပဲမူတည်တယ် တကယ်လို့မင်းအနာဂတ်မှာဒီလမ်းကိုလျှောက်ဖို့ရွေးချယ်လိုက်ရင် ဒါကလည်းမင်းပေါ်ပဲမူတည်လိမ့်မယ် မင်းကိုရူးသွပ်စေမဲ့လမ်းကြောင်း၊ မင်းကိုလဲကျသွားစေလမ်းကြောင်း၊ ဒါမှမဟုတ် မင်းမုန်းတီးတဲ့လမ်းကြောင်းကိုရွေးချယ်သွားတာမျိုးတောင်ဖြစ်နိုင်တယ် အတိုချုံးပြောရရင် မင်းရဲ့ကျန်ရှိနေတဲ့လမ်းကြောင်းကိုမင်းဘာသာဆက်လျှောက်ရမယ်"

....................................................................................

အခန်း(၅၅၄) ပြီးပါပြီ။

အခန်း (၅၅၅) : ဘဝ

ကျိုးဟောင်မှာဤလောကကြီးနှင့်မသက်ဆိုင်ဘူးဟူသောစကားအား အကြိမ်ကြိမ်ကြားဖူးသော်ငြားသေချာနားမလည်ပေ။

သို့သော် ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးလေးပါးမှာပစ္စည်းလေးခုအားထုတ်ကာ ကျိုးဟောင်အားပေးလိုက်ကြသည်။

ပထမဆုံးတာအိုဘုန်း‌တော်ကြီးမှာကျိုးဟောင်အားစွမ်းအားကြီးပြီးထက်ရှသောလှံတစ်ချောင်းအားပေးပေသည်။ ဤလှံတံမှာလျှပ်စီးကြောင်းများတောက်ပနေပုံပေါ်ပေရာ ကျိုးဟောင်မှာအံ့သြသွားခဲ့သည်။ ဤလှံအားကိုင်လိုက်သည်နှင့် တစ်ကမ္ဘာလုံးအားစိန်ခေါ်နိုင်သလိုပင်ခံစားရပေသည်။

ဒုတိယတာအိုဘုန်းတော်ကြီးမှာ အကောင်းစားသေရည်အပြည့်ဖြည့်ထားသည့်သေရည်ထည့်သည့်ဘူးသီးခြောက်တစ်ခုပေးပေသည်။ ထိုဘူးသီးခြောက်အားဖွင့်လိုက်သောအခါ သင်းပျံ့သောရနံ့တစ်ခုထွက်လာခဲ့သည်။ သေရည်လုံးဝမသောက်ဖူးသောကျိုးဟောင်ပင် သေရည်၏အနံ့အားရပြီးနောက် သောက်ချင်စိတ်ဖြစ်လာပေသည်။

တတိယတာအိုဘုန်းတော်ကြီးမှာမက်မွန်ပန်းပုံစံရှိသောကျောက်စိမ်းဆွဲပြားတစ်ခုပေးပေသည်။ ၎င်းမှာအလွန်လှပသည်။ ထိုအရာအားခါး၌ချိတ်လိုက်ပြီးနောက် ကျိုးဟောင်၏အငွေ့အသက်မှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ ကျိုးဟောင်မှာ သေမျိုးလောကကြီးတွင်လှပသောကျောက်စိမ်းတစ်ခုဖြစ်လာသည့်အတိုင်း အလွန်ကျက်သရေရှိစေပေသည်။

နောက်ဆုံးတာအိုဘုန်းတော်ကြီးမှာမျက်နှာအားဖုံးသည့်အမဲရောင်မျက်နှာဖုံးတစ်ခုပေးပြီး ထိုမျက်နှာဖုံးမှာမျက်လုံးကိုသာမြင်ရပေသည်။ ဤမျက်နှာဖုံးဖြင့်ဆိုပါကကျိုးဟောင်မှာသူ့အားမည်သူမျှမသိနိုင်ဟုခံစားရသည်အထိ လုံခြုံ‌မှုပေးစွမ်းပြီး သူလုပ်ချင်တာလုပ်လို့ရသည်ဟုပင်ခံစားရပေသည်။

"ပစ္စည်းလေးခုကမင်းရဲ့ဘဝလေးခုပဲ တကယ်လို့မင်းလိုချင်ရင်ကိုယ့်ဘာသာတစ်ခုရွေးလို့ရတယ် တကယ်လို့မင်းပင်ပန်းလာရင်ဒီကိုပြန်လာခဲ့"

ပြောကြီးသည်နှင့် တာအိုဘုန်းတော်ကြီးလေးပါးမှာကျိုးဟောင်အားတောင်ပေါ်မှဆင်းခွင့်ပြုလိုက်သည်။ ကျိုးဟောင်သည်လည်းတောင်လမ်းတစ်လျှောက်ဆင်းလာရင်း‌လောကကြီးနှင့်ပတ်သက်ပြီးစူးစမ်းလိုစိတ်အပြည့်ရှိနေပေသည်။

ကျိုးဟောင်မှာပထမဆုံးအနေဖြင့် ဇာတိမြို့အားအရင်ပြန်သွားခဲ့သည်။ သူ၏ဖခင်ဖြစ်သူမှာပြည်နယ်တစ်ခုအားစောင့်ကြပ်နေရကာ အလွန်အာဏာကြီးပေသည်။ သို့သော်အသက်ရလာပြီဖြစ်ပေရာ လောဘကြီးသောမျိုးနွယ်ခြားများအားဟန့်တားနိုင်စွမ်းမှာ တစ်နေ့ထက်တစ်နေ့ အားနည်းလာခဲ့သည်။ ထို့အပြင်လက်ရှိဘုရင်မှာစဥ်းစားဉာဏ်မရှိပေရာ အဆုံးတွင်စိတ်ပူရသူမှာကျိုးဟောင်၏ဖခင်သာဖြစ်သည်။

"ငါ ကျိုးဖန်ယင်း တစ်ဘဝလုံးစစ်မြေပြင်မှာပဲအချိန်ကုန်လာခဲ့တာက မသင့်တော်တဲ့အရှင်သခင်တစ်ယောက်ကိုအမှုထမ်းဖို့ပဲလား ဆန္ဒမရှိဘူး ငါဆန္ဒမရှိဘူး"

ဤသည်မှာကျိုးဟောင်သူ့အဖေဖြစ်သူနှင့်ပထမဆုံးပြန်တွေ့သည့်အချိန်တွင် အဖေဖြစ်သူထံမှထွက်လာသောစကားဖြစ်သည်။ ထိုနေ့က နေရာအနှံ့တွင်စစ်ပွဲဖြစ်ပွားနေခဲ့သည်။

ကျိုးဟောင်မှာခဏမျှတွေဝေနေပြီးနောက် တာအိုဘုန်းတော်ကြီးပေးထားသည့်လှံအားဆုပ်ကိုင်လိုက်သည်။

လှံအားကိုင်လိုက်သည်နှင့်ကျိုးဟောင်မှာချက်ချင်းပင်အတွေးဝင်လာခဲ့ပြီး ဤလှံအားသူယခင်ကပိုင်ဆိုင်ခဲ့ဖူးကာ အလွန်ရင်းနှီးနေသလိုခံစားလိုက်ရပေသည်။ ဤလှံသည်နဂါးပုံစံပါရှိပြီး လုံးဝနက်မှောင်နေပေသည်။ ၎င်း၏ပုံစံမှာရှေးကျပြီးထူးခြားပေသည်။ အ‌ရေးကြီးဆုံးမှာဤပစ္စည်းအားကျိုးဟောင်တစ်ခါမှမမြင်ဖူးပေ။

"ငါဘာလို့ဒါနဲ့အရမ်းရင်းနှီးနေတာလဲ ဒီလှံကိုနဂါးနက်လှံလို့ခေါ်တာလား"

ကျိုးဟောင်မှာအလွန်ပဟေဠိဖြစ်နေခဲ့သည်။ ထိုသို့ပြောပြီးနောက်ကျိုးဟောင်မှာပို၍ပင်အံ့သြသွားခဲ့သည်။

သို့သော် သူသည်ဤကိစ္စအားထပ်မစဥ်းစားတော့ဘဲ လှံအားကိုင်လိုက်ပေရာ သူ၏ပုံစံမှာအလွန်အမင်းသူရဲကောင်းဆန်သွားခဲ့ပြီး စွမ်းအားကြီးသောအင်အားများမှာလည်းသူ၏ခန္ဓာကိုယ်ထဲတွင်ဖွဲ့စည်းလာခဲ့သည်။

၎င်းသည်ကျိုးဟောင်အားဆိုးယုတ်သည့်အရာအားလုံးကိုရှင်းပစ်နိုင်စွမ်းပေးသည့် အားကြီးသောအားတစ်ခုပင်ဖြစ်သည်။ ကျိုးဟောင်သည်လှံတစ်ချောင်းဖြင့်မြို့တော်သို့ပင်ဝင်ရောက်ကာ စဥ်းစားဉာဏ်မရှိသောဘုရင်အားသတ်ခဲ့ကာသာ့ကျိုးအင်ပါယာအားထူထောင်ခဲ့ပေသည်။

ယခင်မင်းဆက်အားဖျက်ဆီးပြီးနောက်ပိုင်း ထီးနန်းစိုးစံသည့်ဘုရင်အသစ်အား သာ့ကျိုးဧကရာဇ်ဟုလူသိများကြပေသည်။

ကျိုးဖန်ယင်းမှာဧကရာဇ်ဖြစ်လာခဲ့သည်။ သူသည်အသက်ကြီးနေပြီဖြစ်သော်ငြားအလွန်ပျော်ရွှင်နေပေသည်။ သို့သော်သားဖြစ်သူအားကြည့်ကာ မရင်းနှီးသည့်ခံစားချက်မျိုးခံစားနေရပေသည်။

"သား မင်းရဲ့ကိုယ်ပိုင်စွမ်းအားကိုသုံးပြီး မင်းဆက်အသစ်တည်ထောင်ခဲ့တယ်ဆိုပေမဲ့ အဖေဘာလို့မင်းဆီမှာအာဏာကိုတပ်မက်မှုနဲ့ ရက်စက်တဲ့အေးစက်မှုတွေကိန်းအောင်းနေတယ်လို့မြင်နေရတာလဲ"

ထိုစကားလုံးများမှာကျိုးဟောင်၏နားထဲမှထွက်မသွားခဲ့ပေ။ ကျိုးဖန်ယင်းသည်နောက် ၁၀ နှစ်နေပြီးပါကသေမည်ဖြစ်ကြောင်းကိုကျိုးဟောင်သိထားပေသည်။

ကျိုးဟောင်သည်လည်းအသက် ၃၀ တွင်ဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်။

အသက် ၃၀ ပြည့်ချိန်တွင်ဖခင်၏သေဆုံးမှုသည်ကျိုးဟောင်အားပိုမို‌အေးစက်သွားစေခဲ့သည်။ ကျိုးဟောင်သည်လှံအားကိုင်ရင်း စစ်ပွဲဆင်နွှဲကာတိုင်းပြည် ၆ ခု၏ဧကရာဇ်မျာအားသတ်ပစ်ခဲ့ပြီး လောကကြီးတွင်အသန်မာဆုံးဧကရာဇ် ဧကရာဇ်ကျိုးဖြစ်လာခဲ့သည်။

သူ၏ရူးသွပ်စွာနယ်မြေတိုးချဲ့မှုမှာ ကြည့်ရုံဖြင့်သိသာပေသည်။

လွန်ခဲ့သော ၅နှစ်အတွင်းကျိုးဟောင်မှာအမြဲတမ်းစစ်မြေပြင်မှာသာရှိနေခဲ့ပြီး လူပေါင်းများစွာအားသတ်ဖြတ်ခဲ့ပေသည်။

သို့သော်ကျိုးဟောင်မှာပို၍ရည်မှန်းချက်ကြီးလာခဲ့သည်မှာသိသာလှပေသည်။

နောက်ပိုင်းတွင်ကျိုးဟောင်မှာတိုင်းပြည် ၆ခုမှမင်းသမီးများအားဇနီးများအဖြစ်လက်ထပ်ခဲ့သည်။

အသက် ၃၅ နှစ်တွင်ပထမဆုံးကလေးအားရခဲ့ပြီး ကလေးမွေးဖွားလာသည်ကိုမြင်ပြီးကျိုးဟောင်မှာရုတ်တရက်အားလုံးအားငြီးငွေ့လာသလိုခံစားလိုက်ရသည်။

သူသည်ငြီးငွေ့လာသော်ငြား မြင့်မြတ်လှသောဧကရာဇ်၏အရှေ့တွင်မည်သူမျှ သူ့အားသစ္စာမရှိမလုပ်ရဲပေ။

ထို့နောက် နောက်ထပ် ၅ နှစ်မှာထပ်မံကုန်ဆုံးသွားခဲ့သည်။ ထိုငါးနှစ်ကြာပြီးနောက် ကျိုးဟောင်၏သားဖြစ်သူမှာသူငယ်စဥ်ကလိုပင်ရုတ်တရက်အပြင်းအထန်ဖျားနာလာခဲ့သည်။

ကျိုးဟောင်၏အမူအရာမှာပျက်ယွင်းနေခဲ့သည်။ ဤကလေးသည်သူ၏ပထမဆုံးနှင့်တစ်ဦးတည်းသောသားဖြစ်သည်။ သားဖြစ်သူ၏အသက်မဲ့နေသောပုံစံအားတွေ့ရချိန်တွင် သူ၏နှလုံးသားမှာအလွန်နာကျင်သလိုခံစားရပေသည်။

ထိုနှစ်တွင်သူသည်သားဖြစ်သူအားခေါ်ကာ အကူအညီတောင်းရန်ထွက်လာခဲ့သည်။ သို့သော်ဘာကြောင့်မှန်းမသိဘဲ တာအိုပြိုင်ကွင်းသို့သွားသည့်လမ်းအား သူရှာမတွေ့ခဲ့ပေ။

သူ့သားကိစ္စနှင့်ပတ်သက်ပြီး တာအိုဘုန်းတော်ကြီးလေးယောက်ထံတွင်သေချာပေါက်ဖြေရှင်းနည်းရှိမည်ဟုသူယုံကြည်ပေသည်။ သို့သော်သွားရမည့်လမ်းကြောင်းအားမမှတ်မိပေ။

သားဖြစ်သူ၏အခြေအနေမှာတစ်ရက်ထက်တစ်ရက်ပိုဆိုးလာသည်ကိုကြည့်ပြီး ကျိုးဟောင်မှာတကယ်ပင်စိတ်ညစ်လာခဲ့သည်။ နောက်ပိုင်းတွင်ကျိုးဟောင်မှာလက်လျှော့လိုက်ပြီး သားဖြစ်သူအားသမားတော်များနှင့်ပြသခြင်းမရှိတော့ဘဲ ဘဝအဆုံးသတ်ချိန်အထိပျော်ရွှင်စွာဖြတ်သန်းသွား နိုင်ရန်သာဆုံးဖြတ်ချက်ချလိုက်သည်။ သူသည်လှံအားလက်ထဲမှချကာတာအိုဘုန်းတော်ကြီးပေးထားသည့် ဘူးသီးခြောက်အားကောက်ယူလိုက်သည်။

သေရည်မှာလောကကြီးတွင်အကောင်းဆုံးသေရည်ပမာပင်။ ကျိုးဟောင်မှာသေရည်အားသောက်ရင်းသားဖြစ်သူအားခေါ်ကာနေရာအနှံ့ပျော်ရွှင်စွာလှည့်ပတ်သွာားလာနေခဲ့သည်။ ကျိုးဟောင် ထွက်သွားပြီး ၂နှစ်ကြာပြီးနောက်ကျိုးတိုင်းပြည်မှာရှုပ်ထွေးလာခဲ့သည်။ ခံတပ်အားထိန်းချုပ်နိုင်စွမ်းရှိသည့်ကျိုးဟောင်မရှိသော ကျိုးတိုင်းပြည်မှာပြိုလဲသွားခဲ့သည်။ ထိုမြင်ကွင်းအားမြင်သော်လည်းကျိုးဟောင်မှာစိတ်မဆိုးသလို ထိုကိစ္စနှင့်ပတ်သက်ပြီး လုံးဝလည်းမစဥ်းစားပေ။သူသည်သားဖြစ်သူနှင့်လျှောက်သွားပြီးပျော်ချင်သောဆန္ဒသာရှိပေသည်။

"အားလုံးကပြောကြတယ် ဧကရာဇ်လုပ်ရတာအရမ်းကောင်းတယ်တဲ့ ငါတော့အဲဒီလိုမထင်ဘူး"

ကျိုးဟောင်မှာ လှေပေါ်တွင်ထိုင်ကာလှပသောရှုခင်းများအားကြည့်ရင်းသေရည်သောက်နေပြီး သားဖြစ်သူမှာဘေးတွင်ပလွေမှုတ်နေပေသည်။ ယခုလိုဘဝမျိုးသည်ကျိုးဟောင်အားမကြုံဖူးလောက်အောင်စိတ်သက်သာရာရစေပေသည်။

သို့သော်အချိန်ကောင်းများမှာ ကြာကြာမခံတတ်ပေ။ ကျိုးဟောင်၏သားဖြစ်သူမှာအသက် ၁၀ နှစ်တွင်သေဆုံးသွားခဲ့သည်။ ကျိုးဟောင်၏စိတ်နှလုံးမှာနာကျင်နေခဲ့ရသည်။ သူသည်လောကကြီးတွင်စွမ်းအားအကြီးဆုံးလူဖြစ်သော်ငြား သားဖြစ်သူ၏အသက်ကိုတော့မဆွဲထားနိုင်ခဲ့ပေ။

ကျိုးဟောင်သည်နာကျင်နေပြီးအားလုံးအားငြီးငွေ့ နေပေသည်။

ထိုနှစ်တွင်သူသည်ထူးဆန်းသောတိုင်းပြည်တစ်ခုဆီရောက်သွားခဲ့သည်။ ဤနေရာတွင်မိန်းမလှများစွာရှိသော်ငြား ကျိုးဟောင်မှာပေါ့ပေါ့တန်တန်သဘောထားကာ အရေးမစိုက်ပေ။

မူလကသူသည်ဤကိစ္စများအားလုံးနှင့်ပတ်သက်ပြီး လုံးဝဂရုမစိုက်ပေ။ သို့သော်သူထပ်မူးလာပြီး‌နောက် ‌ဒေသခံလယ်သမားတစ်ဦး၏သမီးမှာသူ့အားအိမ်ခေါ်လာခဲ့သည်။ သူသည်ကျိုးဟောင်အားမုတ်ဆိတ်မွေးရိတ် ၊ ရေချိုးပေးကာအဝတ်အစားများအားလဲ‌ပေးထားပြီး မက်မွန်ပန်းပွင့်ပုံကျောက်စိမ်းဆွဲပြားကိုပင် ပြန်လည်ဆွဲပေးထားသည်။

ကျိုးဟောင်မှာအိပ်ရာမှနိုးလာပြီးမှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ်မြင်လိုက်ရသည်။ သူသည်အတော်လေးကြက်သေသေနေကာရုတ်တရက်မိမိ၏ယခုပုံစံမှာ အလွန်ကြည့်ကောင်းသည်ဟုခံစားလာရပေသည်။ကျိုးဟောင်သည်တစ်ဘဝလုံးစစ်ပွဲများသာဆင်နွှဲလာခဲ့ရပြီး တစ်ခါမျှမပျော်ရွှင်ခဲ့ရပေ။ လက်ရှိအချိန်တွင်သူ၏အဝတ်အစားများမှာသန့်ရှင်းနေပြီး ကြော့ရှင်းနေသောပုံစံဖြင့်ပေါင်းစပ်လိုက်ပါက ကျိုးဟောင်မှာမြောက်မြားစွာသောမိန်းကလေးများ၏စိတ်ကူးထဲမှ ဇာတ်လိုက်မင်းသားတစ်ယောက်ပမာပင်။

သူသည်မူလကငြင်းဆိုခဲ့သော်ငြား သူ့အားခန္ဓာပေးသည့် မိန်းမလှများမှာအများအပြားရှိပေရာ ကျိုးဟောင်သည်လည်းကြာကြာမခုခံနိုင်ပေ။

ကျိုးဟောင်သည်တဖြည်းဖြည်းချင်းစာရိတ္တပျက်ပြားလာခဲ့သည်။ သူရဲကောင်းတစ်ယောက်သည် မိန်းမလှတစ်ယောက်၏ဆွဲဆောင်မှုအားမလွန်ဆန်နိုင်ဟုလူတွေဆိုကြသည့်အတိုင်းပင် မည်သူမျှခြွင်းချက်မရှိပေ။

ထို့အပြင်ဤနေရာရှိမိန်းမလှအများစုမှာနတ်မိမယ်များပမာ အလွန်လှပကြပြီးအသက်ရှူမှားလောက်ပေသည်။

ကျိုးဟောင်မှာတဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့သည်။ သူ၏အသက်သည် ၄၀ ရှိနေပြီဖြစ်သော်ငြား သူ၏အငွေ့အသက်နှင့်ရုပ်ရည်တို့မှာလတ်ဆတ်ဆဲပင်ဖြစ်သည်။ အသက် ၂၀ ကျော်လူငယ်များပင်ကျိုးဟောင်အားကြည့်ပြီးမနာလိုဖြစ်ရပေသည်။

များစွာသောမိန်းကလေးများမှာကျိုးဟောင်အနောက်သို့လိုက်လိုကြပြီး ဒီနှစ်ထဲတွင်ကျိုးဟောင်တွဲခဲ့သောမိန်းကလေးအရေအတွက်မှာရေတွက်လို့ပင်မရပေ။

သူနိုးလာချိန်တိုင်းအိပ်ရာထဲတွင် မရင်းနှီးသောအမျိုးသမီးတစ်ယောက်အားတွေ့ရပြီး အတွေးများရပေသည်။ ထို့နောက်ဘေးရှိအမျိုးသမီးသည်မည်သူဖြစ်ကြောင်းသတိရလာချိန်အထိအချိန်တစ်ခုပေးကာစဥ်းစားရပေသည်။

....................................................................................

အခန်း (၅၅၅) ပြီးပါပြီ။

All Chapters