အခန်း (၁၀၉၆-၁၀၉၈)
Vol. 74 Ch. 1096-1098
အခန်း(၁၀၉၆) အပျက်အဆီးများကြားမှ မျှော်လင့်ချက်
သတိပေးခြင်းမရှိဘဲ တိုက်ပွဲက စတင်တော့သည်။ မည်သူမျှ မမျှော်လင့်ထားကြသည့်အချိန်တွင် သတင်းတစ်ပုဒ်က ပြည်ထောင်စုထဲသို့ ပျံ့နှံ့သွားသည်။
စစ်ပွဲကြီးဖြစ်ပြီ!
ညတွင်းချင်းပင် အခြေစိုက်မြို့တော်များဖြစ်သော ပင်းဟိုင်မြို့၊ ခိုင်ပင်မြို့နှင့် အန်းယွမ်မြို့တို့နှင့် စီရင်စုမြို့ရိုးများတွင် နတ်ဆိုးများနှင့် ပင်လယ်မျိုးနွယ်စုများ ထိုးဖောက်ဝင်လာကြသည်။ ဤသတင်းက ရုတ်တရက်ပျံ့နှံ့လာသောကြောင့် လူအများက ဟာသတစ်ခုသာဖြစ်လိမ့်မည်ဟု ယူဆကြသည်။ တစ်ညတည်းအတွင်းတွင် အခြေစိုက်မြို့တော်ကြီးများ ပြိုကျခဲ့ကာ သန်းရာနှင့်ချီသော လူများ
သေဆုံးခဲ့သည်။
သို့သော်လည်း ရှေ့တန်းမှပေးပို့သော မရေမတွက်နိုင်သော ဓာတ်ပုံနှင့် ဗီဒီယိုများသည် ၎င်းကို အတည်ပြုခဲ့သည်။ အခြေစိုက်မြို့တော်သုံးခု ရုတ်ချည်း တိုက်ခိုက်ခံခဲ့ရသည်။ လူများစွာတို့သည် အိပ်စက်နေကြချိန်အတွင်း မွန်းစတားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် မွန်းစတားများက ဒီရေကဲ့သို့ အကာအကွယ်စည်းကို ချီတက်ဖောက်ဖျက်ဝင်ရောက်ခဲ့ကြရာ သန်းရာနှင့်ချီသော မွန်းစတားများ၏ လက်အောက်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရသည်။
အခြေစိုက်မြို့သုံးခုလုံးသည် တည်ငြိမ်အေးချမ်းနေရာမှ ငရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ သွေးများက နေရာအနှံ့သို့ စွန်းထင်းကာ အလောင်းများက တောင်ပုံနှယ်စုပုံနေသည်။ လူများစွာက မွန်းစတားများ၏ ဝါးမြိုမှုကြောင့် အရိုးများပင် မကျန်ခဲ့ကြပေ။ အခြေစိုက်စခန်းသုံးခုတွင် တပ်စွဲထားသော တပ်များသည် ၎င်းတို့၏ အခြေစိုက်မြို့များကို ခုခံကာကွယ်နိုင်ခြင်း မရှိပေ။ ၎င်းတို့အား အဆုံးမဲ့နတ်ဆိုးတောင်တန်းနှင့် ပင်လယ်နတ်ဆိုးများက ခြုံခိုတိုက်ခိုက်ခဲ့ကြသည်။
ကာကွယ်ရေးစည်းတစ်ခုလုံး ပြိုကျသွားသည်။ ထိပ်တန်းကျွမ်းကျင်သူများရှေ့တွင် သာမန်တပ်များက လုံးလုံးလျားလျား အသုံးမဝင်ပေ။ ၎င်းတို့က ထိုသားရဲများနှင့် လုံးဝမယှဉ်နိုင်ကြပေ။ ပြည်ထောင်စုရှိလူများအားလုံးက ကျင့်ကြံထားကြသော်လည်း လူတိုင်းကစစ်သားများမဟုတ်ကြပေ။ လူအများစုသည် မိမိတို့၏ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် သို့မဟုတ် အသက်ရှည်စေရန်အတွက်သာ ကျင့်ကြံခဲ့ကြခြင်းဖြစ်သည်။
အသက်ရှင်ရန်အတွက် တိုက်ခိုက်နေကြသော ဤမွန်းစတားများနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့က လုံးလုံးလျားလျား စွမ်းအားမရှိကြတော့ပေ။ သို့တည်းမဟုတ် ခုခံရန်ပင် ခွန်အားမရှိကြတော့ပေ။
ထို့အပြင် ထောင်ပေါင်းများစွာသော မွန်းစတားများ၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ သာမန်လူများသည် စစ်တပ်၏အကူအညီမပါဘဲ ခုခံရန်နည်းလမ်းမရှိပေ။ တစ်ညတည်းတွင် မြို့သုံးမြို့ကျရှုံးကာ လူများ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရသည်။ ဤသည်က ပြည်ထောင်စုတစ်ခုလုံးကို ထိတ်လန့်စေ၏။
ပြည်ထောင်စုတပ်မတော်က ထောင်ပေါင်းများစွာသော မွန်းစတားများနှင့်ရင်ဆိုင်ရသောအခါတွင် လုံးလုံးလျားလျားရှုံးနိမ့်သွားခဲ့ကြသည်။ ပြီးပြည့်စုံသော ကာကွယ်ရေးစည်းတစ်ခု၏အကူအညီမပါဘဲ၊ ပြည်ထောင်စုသည် ရာနှင့်ချီသော မွန်းစတားများကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ပြည်ထောင်စုတပ်မတော်တွင် မည်မျှပင် လက်ရွေးစင်ဖြစ်နေစေကာမူ အရေအတွက်က လုံးလုံးလျားလျား လွှမ်းခြုံပေလိမ့်မည်။ ချူးယွင်ဖန်းနှင့် တန်စီယုတို့က ညသန်းခေါင်တွင် ထိုသတင်းကို ရရှိခဲ့ကြသည်။
ထို့ကြောင့် ၎င်းတို့က အဝတ်အစားများကို အမြန်ပြန်ဝတ်ကာ ထွက်လာကြ၏။
ဗီလာတွင် မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးလေယာဥ်ကို ပြင်ဆင်ထားပြီးဖြစ်ရာ လေယာဉ်ပေါ်တွင် အကြီးအကဲကြီး ချူးနှင့် ချူးဟောက်ယွဲ့တို့စောင့်နေသည်မှာ ကြာပြီဖြစ်သည်။
ချူးယွင်ဖန်းသယ်ဆောင်လာခဲ့သည့် အနက်ရောင်င်နဂါးဘုရင်နှင့် မိုးကြိုးတောင်ပံသားရဲတို့အပြင် နတ်အဆင့် ငါးယောက်လည်း စုရုံးရောက်ရှိလာခဲ့ကြသည်။ မိုးကြိုးတောင်ပံသားရဲသည် ပြီးခဲ့သောနှစ်ဝက်တွင် နတ်အဆင့်လေးဆင့်ကို တက်လှမ်းနိုင်ခဲ့သော်လည်း အနက်ရောင်င်နဂါး၏ ကျင့်ကြံရေးအဆင့်က ဆဌမအဆင့်မှ သတ္တမအဆင့်သို့ ခုန်တက်သွားခဲ့သည်။ ထိုသို့သော တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်မြင့်သည်ဟု ယူဆနိုင်သည်။
"ဘာတွေဖြစ်နေတာလဲ၊ ခံစစ်စည်းက ဘယ်လိုပျက်သွားတာလဲ။" ချူးယွင်ဖန်းက မယုံကြည်နိုင်စွာ မေးလိုက်သည်။
နူကလီးယားဗုံးများကို အပြင်းအထန် အသုံးပြုမည်ဆိုလျှင်ပင် ထိုအခြေစိုက်မြို့များကို အနိုင်ယူရန် ခဲယဥ်းသည်။ တစ်ညအတွင်း အခြေစိုက်စခန်း သုံးမြို့လုံး ပျက်သုဥ်းခြင်းကို မဆိုနှင့် တစ်မြို့တည်း ကျရှုံးသွားခြင်းကပင် အလွန်ကြီးမားသော ကိစ္စဖြစ်သည်။
"လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ငါသိပ်မသေချာဘူး၊ ဒါပေမယ့် ပြင်းထန်တဲ့တိုက်ပွဲဖြစ်မှာစိုးတယ်" ဘိုးဘေးကြီးချူးက သက်ပြင်းချလိုက်သည်။
မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ချူးယွင်ဖန်းနှင့် အခြားသူများကို မေပယ်လ်ရွက်မြို့တော်မှ အနီးဆုံးမြို့ ပင်းဟိုင်မြို့တော်သို့ ပို့ဆောင်ရန် နှစ်နာရီသာကြာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံက ပိုမို တောက်ပလာကာ မွန်းစတားများ၏ ကြုံးဝါးသံများကို နေရာတိုင်းလိုလိုက ကြားနေရသည်။
ကောင်းကင်ယံတွင် ရာနှင့်ချီသော မွန်းစတားများ ပျံသန်းနေကြသဖြင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များပင်လျှင် ရှေ့သို့ ကောင်းကောင်းမတိုးနိုင်ကြပေ။
ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင်ရှိနေသောလူများသည် သာမန်လူများ မဟုတ်ပေ။ အားလုံးက နတ်အဆင့်တွင်ရှိကြသည်။ ယာဉ်တံခါးကိုဖွင့်ကာ ပြေးထွက်လာကြပြီးနောက် သယ်ယူပို့ ဆောင်ရေးလေယာဉ်သည် အရှိန်အဟုန်ဖြင့် ထွက်ခွါသွားခဲ့သည်။
ဘမ်း ဘမ်း ဘမ်း
ချူးယွင်ဖန်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သောအခါ ပေထောင်ချီရှည်လျားသော ဓားအလင်းသည် ကမ္ဘာကြီးကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်သည်။ ၎င်းဖြတ်သွားသောနေရာတစ်လျောက် မွန်းစတားများအားလုံးကို သုတ်သင်ပစ်လိုက်သည်။
ဘိုးဘေးကြီးချူးနှင့် အခြားသူများသည်လည်း လှုပ်ရှားခဲ့ကြသည်။ နတ်အဆင့်များ၏ တိုက်ခိုက်မှုများသည် သဘာဝအားဖြင့် အလွန်ပြင်းထန်လှသည်။
၎င်းတို့အနက် ချူးယွင်ဖန်းမှလွဲ၍ တန်စီယု၏ ကျင့်ကြံမှုသည် အမြင့်ဆုံးဖြစ်သည်။ သူမ၏ ကျင့်ကြံမှုသည် နတ်အဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်သည်။ သူမလက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်လျက် ပေါ့ပါးစွာ ခုတ်ထစ်ကာ ရာနှင့်ချီသော မွန်းစတားကောင်များကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။
လူလေးယောက်နှင့် သားရဲနှစ်ကောင်သာရှိသော်လည်း ဤအဖွဲ့ငယ်လေး၏ ခွန်အားကို သံသယဝင်၍မရပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် အနီးနားရှိ လေထုထဲမှ သတ္တဝါအားလုံးကို သတ်ပစ်လိုက်သည်။
သို့သော် မြေပြင်ပေါ်ရှိ မွန်းစတားများသာမက နောက်ထပ် မွန်းစတားများလည်း ခုန်ဆင်းနေသေးသည်။ ၎င်းတို့အားလုံးက မြေပြင်ပေါ်သို့ ခုန်ဆင်းကာ သွေးသံတရဲရဲပါးစပ်ကြီးများကိုဟ၍ အဖွဲ့ကိုကိုက်ရန်ပြင်လိုက်သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး လွင့်ပျံလာသော ပြင်းထန်သော နတ်ဆိုးစွမ်းအင် ကျည်ဆန်များလည်းရှိသေး၏။
စွမ်းအားကြီးမားသော ဘိုးဘေးကြီးချူးပင် ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသကဲ့သို့ခံစားလိုက်ရသည်။ မွန်းစတား အရေအတွက်က များပြားလွန်းလှသည်ဖြစ်ရာ
ဤတွင်ရှိသော မွန်းစတားအရေအတွက်နှင့် နှိုင်းယှဉ်ပါက၊ ပင်လယ်ရေနက်ပိုင်းပျက်စီးမှုတွင် ကြုံတွေ့ခဲ့ရသော မွန်းစတားအရေအတွက်သည် ကလေးကစားနေသကဲ့သို့သာဖြစ်သည်။ ၎င်းတို့က တူညီသော အဆင့်တွင် ရှိမနေပေ။
၎င်းတို့၏ ပမာဏက အလွန်များလွန်းလှကာ ချူးယွင်ဖန်း၏ အရှိန်ဖြင့်ပင် ၎င်းတို့အားလုံးကို ရှင်းလင်းရန် မဖြစ်နိုင်ပေ။
ဘမ်း
ချူးယွင်ဖန်းက လက်သီးတစ်ချက်တည်းဖြင့် စတုရန်းမီတာ ရာပေါင်းများစွာကျယ်သော နေရာကို ရှင်းထုတ်လိုက်သည်။ အောက်ကိုငုံ့ကြည့်လိုက်သောအခါ အနီးနားတွင်ရှိသော ပြည်ထောင်စုစစ်တပ်ရောက်လာ၍ ပြည်သူများကို ကယ်ဆယ်ရန် အကောင်းဆုံးလုပ်ဆောင်နေသည်ကို မြင်လိုက်ရသည်။
မရေမတွက်နိုင်သော လူများသည် ညအိပ်ဝတ်စုံများဝတ်ဆင်ထားလျက်ဖြင့် ပင်းဟိုင်မြို့မှ ပြေးထွက်လာကြသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော မွန်းစတားများ၏ ပြင်းထန်သောတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးပြည့်စုံသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ခဲ့သည်။
မှောင်ပိန်းနေသော ညသန်းခေါင်၏ လမ်းမထက်၌ အမျိုးသမီးတစ်ဦးသည် အလွန်ကြောက်လန့်တကြားအမူအရာဖြင့် ကလေးတစ်ယောက်ကို ရင်ခွင်ထဲပိုက်ချီကာ လွတ်လမ်းပေါ်တက်ပြေးနေသည်။ များစွာသော မွန်းစတားများက တဖြည်းဖြည်း သူမကို ဝိုင်းရံလာကြသည်။ အမျိုးသမီးက တုန်လှုပ်နေချိန်၌ ကလေးက သူမ၏လက်ထဲမှ ပြုတ်ကျသွား၏။
အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သော မွန်းစတားကြီးက ကလေးကို ခုန်အုပ်လိုက်သည်။
“ငါ့ကလေး… ငါ့ကလေး”
အမျိုးသမီးက ကျယ်လောင်စွာငိုကြွေးလျက် မျက်ရည်ဝဲနေသော မျက်လုံးကြီးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပျောက်ဆုံးသွားသည်။ သူမဘေးရှိ များစွာသောလူများကလည်း မတတ်နိုင်ကြပေ။ ၎င်းတို့ ဤအမျိုးသမီးကို မကူနိုင် မကယ်နိုင်ကြပေ။
မည်သူက လွတ်လမ်းပေါ်ရောက်နေခါမှ တပါးသူကို ကယ်လိမ့်မည်နည်း။
ရုတ်တရက် များစွာသော ဓားများက ကောင်းကင်ယံမှ မိုးကဲသို့ ရွာချလာသည်။ ဓားအလင်းတိုင်းက မွန်းစတားပေါ်သို့ ရောက်သွားကာ ၎င်းတို့ကို ချေမှုန်းပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့ကို ဝိုင်းရံကာ စိတ်ပျက်စေခဲ့သော ရာနှင့်ချီသော မွန်းစတားများက ကြေကွဲဖွယ်ကောင်းစွာ ခေါင်းများပေါက်ကွဲလျက် သေဆုံးသွားကြတော့သည်။
"ငါ့ကလေး!"
အမျိုးသမီးက ကလေးနားသို့ လျင်မြန်စွာတွားသွားကာ ကလေးကို လက်နှစ်ဖက်ဖြင့် ပိုက်ထားလိုက်သည်။
“ချူးယွင်ဖန်း” လူတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
“အဲ့တာ ချူးယွင်ဖန်းပဲဟေ့”
အခန်း(၁၀၉၇) မင်းတို့အားလုံး သေရမယ်
လူအများက ခေါင်းများမေ့ကာ ကြည့်လိုက်ကြသည်။
တကယ်ကို ချူးယွင်ဖန်းပဲ။ ဤ စိတ်ပျက်အားငယ်နေသည့်အချိန်တွင် ပြည်ထောင်စု၏ စစ်နတ်ဘုရားကို တွေ့ဆုံနိုင်ခဲ့ခြင်းအတွက် လူများစွာက အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ချူးယွင်ဖန်းက ဂိုဏ်းခေါင်းဆောင်ကို သတ်ခဲ့ပြီးစဥ်မှစ၍ သူ၏ နာမည်ပြောင်မှာ ပြည်ထောင်စု၏ နံပါတ်တစ်ကျွမ်းကျင်သူမှ ပြည်ထောင်စု၏ စစ်နတ်ဘုရားသို့ ပြောင်းလဲသွားခဲ့သည်။
“မြန်မြန် စစ်တပ်က ခင်ဗျားတို့ကို အပြင်မှာ စောင့်နေတယ်။ ကျုပ် ခင်ဗျားတို့ကို ကာထားပေးမယ်။ မြန်မြန်သွားကြ” ချူးယွင်ဖန်းက လက်ကို ဝှေ့ယမ်းကာ လှမ်းအော်လိုက်သည်။ ဤဓားများသည် မွန်းစတားများကို ထိပ်တိုက်တိုက်ခိုက်သောအခါ မျက်လုံးများပေါက်နေသည့်အလားထင်ရသည်။ ထိုနေရာ၌ များစွာသော မွန်းစတားများရှိသော်လည်း မသန်မာလှပေ။ ချူးယွင်ဖန်း၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် သူသည် ဓားအလင်းများဖြင့် ၎င်းတို့ကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် သူ့ဝန်းရံနေသော မွန်းစတားအားလုံးကို ချက်ချင်းသတ်ပစ်လိုက်သည်။
ထိုအချိန်တွင်၊ ပြည်ထောင်စု တပ်မတော်၏တပ်များသည် ကောင်းကင်မှဆင်းသက်လာကာ ပင်းဟိုင်မြို့သို့ အဆက်မပြတ်စုရုံးလျက် ချီတက်နေကြသည်။ သို့သော် ဤမွန်းစတားများက ပမာဏများလွန်းလှသဖြင့်
သာမာန်စစ်တပ်တစ်ခုသည် ၎င်းတို့သွားရာလမ်းကို ပိတ်ဆို့နေသော မွန်းစတားများကို ချေမှုန်းရန် အလွန်ခက်ခဲနေပြီဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပေ။
မွေးဖွားခြင်းနယ်မြေအဆင့်အချို့ဖြင့် ဖွဲ့စည်းထားသည့် လက်ရွေးစင်အသင်းအနည်းငယ်သာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း ၎င်းတို့သည်လည်း ပိတ်မိနေခဲ့သည်။ ချူးယွင်ဖန်းကဲ့သို့ အလွယ်တကူ ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပေ။ ကံကောင်းထောက်မစွာပင် ပြည်ထောင်စုသည် မကြာသေးမီနှစ်များအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ ကျင့်ကြံရေးမူဝါဒကို အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့် လူတိုင်းက ထူးခြားသော ကျင့်ကြံရေးအဆင့်ရှိကြကာ သွက်လတ်ကြသည်။ ပင်းဟိုင်မြို့တော်တစ်ခုလုံးပြိုလဲသွားသည့်တိုင် မရေမတွက်နိုင်အောင် များပြားသောလူများက လွတ်မြောက်ခဲ့ကြသည်။
မျက်မှောက်ခေတ်တွင်သာ ဤကဲ့သို့ဖြစ်ပါက အရာအားလုံး အဆုံးသတ်သွားပြီးလိမ့်မည်မှာ ကြာပြီဖြစ်သည်။ ဤလူများက ချူးယွင်ဖန်းကို ကျေးဇူးများစွာတင်ကြကာ အမြန်ထွက်ပြေးသွားကြသည်။ သို့သော် ဤလူများကို ဂရုစိုက်ရန် သူ့တွင်အချိန်မရှိပေ။ သူက မြို့ထဲသို့ ပိုမိုနက်နဲလာသည်။ ပင်းဟိုင်မြို့တော်၏ အလယ်ဗဟိုသို့ နီးကပ်လာလေလေ မွန်းစတားအရေအတွက် ပိုမို များပြားလာလေလေဖြစ်နေသည်။ အချို့ မွန်းစတားများက အရွယ်ပမာဏအလွန်ကြီးမားကြသဖြင့် ချူးယွင်ဖန်းသည် မီတာရာနှင့်ချီမြင့်သော အမွေးအတောင်များကိုပင် မြင်နိုင်သည်။
ပင်းဟိုင်မြို့တော်တွင် အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ စစ်ပွဲသုံးစက်များ ပျံ့နှံ့လာခဲ့သည်။ တချို့က မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်၌ပင်ရှိကြကာ အထပ်မြင့်အဆောက်အဦများကို ဖျက်ဆီးပစ်ကြသည်။
ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့မျက်လုံးများက အလွန်အေးစက်လျက်ရှိ၏။ သူက လက်ကိုမြှောက်လိုက်ရာ မရေမတွက်နိုင်အောင် များပြားလှသော မိုးခြိမ်းသံများ၊ ဓား၊ လှံ၊ ဓားရှည်များနှင့် အခြား လက်နက်များစွာတို့ ပေါ်လာသည်။
မီတာရာပေါင်းများစွာ ကျယ်ဝန်းသော လက်နက်နံရံတစ်ခုသည် သူ့နောက်တွင် ဖြစ်ပေါ်လာသည်။
ဝူးရှ်
ဝူးရှ်
ဝူးရှ်
ဤလက်နက်များက လက်နက်မိုးများရွာချနေသည့်အလား လွင့်စင်လာကြသည်။ မျက်လုံးများပေါ်နေသကဲ့သို့သော ဤလက်နက်များအောက်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် မွန်းစတားများ ခေါင်းဖြတ်ခံခဲ့ရပြီးနောက် အသက်ဆုံးရှုံးခဲ့ကြရသည်။ ချူးယွင်ဖန်းက ဤသိုင်းကွက်ကို အသုံးပြုသည့်အခါတိုင်း သားရဲအမြောက်အမြား သေဆုံးသွားမည်ဖြစ်ရာ ဤအခိုက်အတန့်တွင် သူသည် မရေမတွက်နိုင်အောင် များပြားလှသည့် သားရဲများကို သတ်ပစ်သည့် ရက်စက်ကြမ်းကြုတ်သော ကောက်ရိတ်သိမ်းသူတစ်ဦးနှင့်တူသည်။
သို့သော် ချူးယွင်ဖန်း၏ စွမ်းအားက ဤမွန်းစတားများအားလုံးကို သတ်ရန် မလုံလောက်သေးပေ။ စစ်မှန်သော စစ်မြေပြင်တွင်သာဖြစ်ခဲ့ပါက ကိုင်တွယ်ရပိုမိုလွယ်ကူပေလိမ့်မည်။ မရေမတွက်နိုင်အောင် များပြားသော နျူ ကလီးယားဗုံးများ လွှတ်တင်လိုက်ပါက ထောင်ပေါင်းများစွာသော မွန်းစတားကောင်များရှိနေစေကာမူ သေရမည်ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ ကြီးမားသော ရှုပ်ထွေးသော တိုက်ပွဲတွင် ပြည်ထောင်စုသည် သတိကြီးစွာထား၍ နျူကလီးယားဗုံးများအပါအဝင် အစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်သည့် လက်နက်များကို မသုံးဝံ့ခဲ့ပေ။
အဝေးတွင် တန်စီယုက သူနှင့်အတူ တိုက်ပွဲဝင်လျက်ရှိသည်။ သူမသည် သူမ၏ ဓားလှိုင်းတစ်ခုတည်းဖြင့် မီတာထောင်ပေါင်းများစွာ ရှည်လျားသော ရေခဲမြစ်များကို ဖန်တီးနိုင်ခဲ့သည်။ လမ်းတလျှောက်တွင် ယင်းကို ကြုံတွေ့ခဲ့ရသည့် မွန်းစတားများအားလုံး ရေခဲတုံးများအဖြစ် အေးခဲသွားကြသည်။ အကြီးအကဲကြီး ချူး၊ ချူးဟောက်ယွဲ့၊ မိုးကြိုးတောင်ပံသားရဲ၊ နဂါးနက်ဘုရင်နှင့် အခြားအရာများသည် ထိုနတ်ဆိုးများကို အရူးအမူး ရှင်းထုတ်နေကြသည်။
အထူးသဖြင့် မိုးကြိုးတောင်ပံသားရဲသည် ကောင်းကင်ကို ပျံတက်နေသော မိုးကြိုးနတ်ဘုရားနှင့် တူသည်။
သို့သော်လည်း အခြားသူများသည် တန်စီယုကဲ့သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်နိုင်စွမ်းမရှိပေ။ ဧရာမ သတ္တဝါများ အလွန်များပြားလှေသာကြောင့် ၎င်းတို့သည် အဝေးမှ ပြေးနေသော သာမန်လူများကိုသာ ကယ်တင်နိုင်၍ ပတ်ဝန်းကျင်ရှိ မွန်းစတားများကို ရှင်းလင်းကာ ၎င်းတို့အတွက် ရှေ့လမ်းကို ရှင်းပစ်နိုင်ခဲ့သည်။
"အဲ့ ဝိုင်းထားတဲ့သားရဲတွေကို အရင်သတ်ကြရအောင်" ချူးယွင်ဖန်းက တန်စီယုကို စိတ်ထဲမှ ပြောလိုက်သည်။
ဤသာမန်မွန်းစတားများသည် နတ်ဆိုးများအတွက် အမြောက်စာသာဖြစ်၍ ၎င်းတို့ကို အချိန်မရွေး ခေါ်ယူနိုင်သည်။ သို့သော် ဝိုင်းထားသော သားရဲများသည် ကွဲပြားသည်။ နတ်ဆိုးများသည် ၎င်းတို့ကို ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ကာ တစ်ကောင်ကိုဆုံးရှုံးခြင်းသည် ကြီးမားသောဆုံးရှုံးမှုဖြစ်သည်။
မှန်သည်။ ချူးယွင်ဖန်းအတွက်မူ တစ်ခုတည်းသော ကွာခြားချက်မှာ သားရဲများက အနည်းငယ်ပို၍ ကြီးနေခြင်းသာဖြစ်သည်။
သူက တုံ့ဆိုင်းခြင်းမရှိဘဲ အမြန်ပြေးဝင်သွားကာ တစ်ခဏချင်း၌ပင် သူ့ခန္ဓာကိုယ်က မိုးကြိုးတစ်ခုအဖြစ်ပြောင်းလဲ၍ အနီးကပ်လာသော သတ္တဝါအားလုံးက မီးသွေးအဖြစ်သို့ ပြောင်းလဲသွားကာ အနားပင် မကပ်နိုင်ကြတော့ပေ။
တန်စီယုသည်လည်း အလားတူပင်ဖြစ်သည်။ သူမကို ရေခဲပင်လယ်ကြီးဖြင့် ဝန်းရံထားသည်။ မွန်းစတားများ သူမထံ ချဉ်းကပ်လာသောအခါ ၎င်းတို့အားလုံး ရေခဲအဖြစ် အေးခဲသွားကြသည်။ သူမသည် ရေခဲနတ်ဘုရားမတစ်ပါးနှင့်ပင်တူသည်။
“ဝေါင်း”
ချူးယွင်ဖန်းက ပင်းဟိုင် မြို့ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ကြီးမားသော သားရဲ၏ ဦးခေါင်းက သူ့ကို ချက်ချင်းကိုက်လိုက်သည်။
ယင်းက အလွန်ကြီးမားသော သားရဲတစ်ကောင်ဖြစ်ကာ သူ့မျက်လုံးများသည် ချူးယွင်ဖန်းနှစ်ယောက်စာကြီးမားသည်။
"မင်း သေချင်နေတာလား”
ချူးယွင်ဖန်းသည် လက်ထဲသို့ လျှပ်စီးဓားတစ်ချောင်းကို ဆင့်ခေါ်ကာ မီတာတစ်ထောင်ရှည်သော ဓားအလင်းကို ထုတ်လွှတ်လျက် သားရဲ၏ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။
ဘမ်း
ကျယ်လောင်သော အသံနှင့်အတူ သားရဲ၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုသားရဲကြီး၏ ခေါင်းဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် မရပ်တန့်ခဲ့ပေ။ သူသည် မြို့ကို တိုက်ခိုက်နေသော သားရဲအုပ်ကြီးများဆီသို့ ချက်ချင်းချီတက်လိုက်သည်။ တစ်ချိန်တည်း၌ပင် မရေမတွက်နိုင်အောင်များပြားသော မွန်းစတားများက ဝေဟင်ထက်မှ သူ့ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
မှန်သည်။ အဆုံးတွင် ခြွင်းချက်မရှိ၊ အားလုံး အသတ်ခံခဲ့ရသည်။
ချူးယွင်ဖန်းသည် ပင်းဟိုင်မြို့တော်၏ ကြေကွဲဖွယ်အခြေအနေကို နောက်ဆုံးတွင် မြင်လိုက်ရသည်။ မရေမတွက်နိုင်အောင်များပြားသော အလောင်းကောင်များက လမ်းမများပေါ်တွင် လဲလျောင်းနေကာ မွန်းစတားများသည် လူသေအလောင်းများကို စားသောက်နေကြသည်။
လမ်းထောင့်တိုင်း၌ ခုခံရန် ထကြွလာသော လူသားများစွာလည်း ရှိသည်။ သို့သော်၊ ၎င်းတို့သည် မရေမတွက်နိုင်သော မွန်းစတားများနှင့် ရင်ဆိုင်ရသောအခါတွင် ပို၍ပို၍ အစွမ်းထက်လာသည်။
"ချူးယွင်ဖန်း၊ ဒါ ချူးယွင်ဖန်း”
တစ်စုံတစ်ယောက်သည် ချူးယွင်ဖန်းကောင်းကင်ယံတွင် ပျံဝဲနေသည်ကို မြင်လိုက်ရကာ ချူးယွင်ဖန်း၏တည်ရှိမှုက ၎င်းတို့အား လုံးဝသက်တောင့်သက်သာဖြစ်စေနိုင်သကဲ့သို့ ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ဒီနေရာက မွန်းစတားတွေကို ကျုပ်ရှင်းလိုက်မယ်။ ခင်ဗျားတို့ မြန်မြန်ထွက်သွားရမယ်။ စစ်တပ်က ခင်ဗျားတို့ကို အပြင်မှာ စောင့်နေတယ်" ချူးယွင်ဖန်းကပြော၍ မွန်းစတာများကို အရူးအမူးသတ်ပစ်လိုက်သည်။
တစ်ကြိမ်တိုက်ခိုက်ရုံဖြင့် ရာနှင့်ချီသော သားရဲကောင်များ သေဆုံးခဲ့ရသည်။ ချူးယွင်ဖန်း၏ သတ်ဖြတ်မှုစွမ်းရည်သည် ဤလူများကို အံသြသွားစေသည်။ ထိုကြီးမားသော ဝိုင်းရံထားသော သားရဲများပင် သူ့ကို မယှဉ်နိုင်ကြပေ။
မကြာမီတွင် ချူးယွင်ဖန်းသည် ဝိုင်းရံထားသော သားရဲကောင်ရေ တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
သို့သော် ချူးယွင်ဖန်း၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် နတ်ဆိုးပညာရှင်များ၏အာရုံကို လျင်မြန်စွာဆွဲဆောင်ခဲ့ကာ နတ်ဆိုးတစ်ဒါဇင်ကျော်က သူ့ကို နေရာပေါင်းစုံမှ ဝိုင်းရံထားသည်။
ချူးယွင်ဖန်းက လှမ်းကြည့်လိုက်သောအခါ နတ်အဆင့် နတ်ဆိုးများနှင် နတ်အဆင့် ရေနတ်ဆိုးများပင်ရှိသည်။
သို့သော် သူ့အတွက်မူ ကွာခြားချက် ကြီးကြီးမားမားမရှိပေ။
အဘယ်ကြောင့်ဆိုသော်… ၎င်းတို့အားလုံး သေရမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
အခန်း(၁၀၉၈) နတ်အဆင့်အထက် ကျွမ်းကျင်သူလား
ဒါဇင်နှင့်ချီသော နတ်အဆင့် မွန်းစတားများက ခုန်အုပ်ကာ ချူးယွင်ဖန်းကို ဝိုင်းရံလိုက်ကြသည်။
ဤမွန်းစတားများက ရူးသွပ်သောအကြည့်များရှိနေသည်။ အများစု၏ နှုတ်ခမ်းထောင့်များတွင် သွေးများပေနေဆဲဖြစ်သည်။ ၎င်းတို့က မည်မျှ များပြားသော လူများကို ကိုက်ဖြတ်စားသောက်ထားကြသည်ကို မသိရသေးသော်လည်း လတ်တလောတွင် စားနေကြဆဲဖြစ်သည်။
ရလဒ်အနေဖြင့် ချူးယွင်ဖန်းရောက်ရှိနေခြင်းသည် ဤနတ်ဆိုးများနှင့် ရေနေမွန်းစတားများ၏ အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့ကာ ၎င်းတို့အားလုံးက ခုန်ပေါက်လာကြသည်။
“မင်းတို့ ခွေးမသားတွေ အားလုံး သေကြရတောမ့ယ်” ချူးယွင်ဖန်းက ဟိန်းဟောက်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်အောင်များပြားသော သွေးရောင်မီးတောက်များ ပွက်ပွက်ဆူ တောက်လောင်လာကာ ကြီးမားသော သွေးနီရောင် အရိုးစုကြီးဖြစ်ပေါ်လာသည်။ ၎င်းသည် သူကိုယ်တိုင် ခေါ်ဆောင်ခဲ့သည့် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားပင်ဖြစ်သည်။
“ငရဲကိုသွား”
ကြီးမားသော အရိုးစုကြီးက ချူးယွင်ဖန်းကို ဝိုင်းရံကာ အရပ်ကို ရာချီ ရှည်သွားစေခဲ့သည်။
ထို့နောက် ယင်းက ခုန်အုပ်လာသည့် မွန်းစတားကို လက်ဝါးဖြင့် အုပ်ချလိုက်၏။
ဘမ်း အလွန်လျင်မြန်လှသည့် နတ်ဆိုးကြီးကို တိုက်ရိုက် ထိမှန်ခဲ့၏။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးက လွင့်ပျံသွားကာ လေထုအလယ်တွင် ပြုတ်ကျသွားသည်။ သူ့တစ်ကိုယ်လုံးပေါ်သို့ သွေးမိုးများရွာချသည့်နှယ် ဖြစ်သွားသည်။
ချူးယွင်ဖန်း၏ လက်အောက်၌ ချက်ချင်း အသတ်ခံခဲ့ရ၏။
ပင်းဟိုင်မြို့တော် အဖြစ်ဆိုးကိုမြင်သောအခါ ချူးယွင်ဖန်း၏ ဒေါသများ ပေါက်ကွဲသွားကာ ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။
နောက်ဆုံးတွင် ကျန်ရှိသော နတ်မွန်းစတားများနှင့် အဏ္ဏဝါမျိုးနွယ်စုများသည် ၎င်းတို့၏ အသိတရားများ ရရှိလာကြသည်။ မိမိတို့နှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်သော ဤလူသားတွင် မည်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုး ရှိနေသနည်း။
သို့သော် ယခုအချိန်တွင် ဒေါသအမျက်ထွက်နေသော ချူးယွင်ဖန်းသည် ၎င်းတို့ကို မည်သို့လွတ်မြောက်ရန် အခွင့်အရေးပေးနိုင်မည်နည်း။ ကြီးမားသော သွေးနီရောင် အရိုးစုသည် လျှပ်စီးကြောင်းများ၏အလျင်ဖြင့် တိုက်ခိုက်ခဲ့သည်။
ချူးယွင်ဖန်း၏လက်ရှိကျင့်ကြံမှုနှုန်းနှင့် သူ့လက်ထဲတွင်ရှိသော နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ စွမ်းအားသည် ယခင်ကမည်သူမျှ မအောင်မြင်နိုင်သောအဆင့်သို့ တိုးမြင့်သွားသည်။
ကြီးမားသော သွေးနီရောင်အရိုးစုသည် နတ် မွန်းစတားများနှင့် အဏ္ဏဝါမျိုးနွယ်စုများနောက်သို့ လိုက်ကာ စတင်တိုက်ခိုက်ခဲ့သည်။
ဘမ်း
ဘမ်း
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ပေါက်ကွဲသံ တစ်ခုစီဖြင့် ချူးယွင်ဖန်းသည် နတ်မွန်းစတား သို့မဟုတ် အဏ္ဏဝါမျိုးနွယ်စုတစ်ကောင်ကို သုတ်သင်ပစ်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ဤအဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ဆိုးများ၏ ထက်ဝက်ကျော်သည် ချူးယွင်ဖန်းသတ်ဖြတ်ခံခဲ့ရသည်။ ကျန်မွန်းစတားများက နောက်ဆုံးတွင် မိမိတို့၏ကြောက်ရွံ့မှုကို ကျော်လွှားကာ လွယ်လွယ်ကူကူ လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။ ချက်ချင်းပင် သွေးစွန်းသော မျက်လုံးများဖြင့် သူ့ကို စူးစူးရဲရဲ ကြည့်ကြသည်။
သို့သော် ဤအရာအားလုံးသည် လုံးဝအသုံးမဝင်ပေ။ ခွန်အားကွာခြားချက်မှာ ကြီးမားကာ ၎င်းတို့သည် ချူးယွင်ဖန်း၏လက်ထဲတွင် တစ်ကောင်ပြီးတစ်ကောင် ဝိညာဉ်များဖြစ်လာကြသည်။ ရိုးရှင်းစွာပင် ၎င်းတို့က သူနှင့် မယှဉ်နိုင်ကြပေ။
ခဏအတွင်း၌ပင် ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို သတ်ပစ်လိုက်သည်။ သူ့အတွက် ဤနတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများသည် ကိုင်တွယ်ရန် အနည်းငယ်သာ ခက်ခဲသော်လည်း အနှစ်သာရအားဖြင့် ကွာခြားမှုမရှိပေ။
ဤနတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် ပင်းဟိုင် မြို့လယ်ခေါင်သို့ ချီတက်လိုက်သည်။
မြို့လယ်ခေါင်မှ မွန်းစတားများကို သူ လှမ်းမြင်နေရသည်။
သို့သော် သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မစတင်မီတွင် တကယ့်ရန်သူနှင့် ကြုံတွေ့ခဲ့ကြရ၏။ ချူးယွင်ဖန်းသည် ရူးသွပ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့သူဖြစ်သည်။
ဤမွန်းစတားများက အုပ်စုလိုက်စုရုံးနေကြသဖြင့် ချူးယွင်ဖန်း၏ အကောင်းဆုံးပစ်မှတ်များဖြစ်လာသည်။ သွေးနီရောင် အရိုးစုသည် မွန်းစတားများစွာကို အလွယ်တကူ နင်းမိသောကြောင့် လှုပ်ရှားရန်ပင် မလိုအပ်ပေ။ အချို့ အရွယ်အစားကြီးမားသော မွန်းစတားများကလည်း သွေးနီရောင်အရိုးစုအောက်တွင် လွယ်လင့်တကူ စုတ်ဖြဲခံလိုက်ကြရသည်။ ၎င်းတို့သည်လည်း လုံးဝအသုံးမဝင်ခဲ့ပေ။
နောက်ပိုင်းတွင် ချူးယွင်ဖန်းက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ထားခဲ့ကာ သွေးနီရောင်အရိုးစုကြီးကို အကာအကွယ်အဖြစ်အသုံးပြု၍ ဤမွန်းစတားများ ကျူးကေျာ်လာခြင်းကို တားဆီးပေးထားသည်။ ထိုအချိန်၌ သူသည် မြို့ထဲသို့ သွားရာလမ်း၌ လူများကို သုတ်သင်နေကြဆဲဖြစ်သော မွန်းစတားမျိားကို သတ်ပစ်တော့သည်။ သူနှင့်အတူ တန်စီယုလည်းပါသည်။ ၎င်းတို့နှစ်ဦးသည် ပူးပေါင်းကာ ရူးသွပ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဖွဲ့စည်းခဲ့သည်။
စက္ကန့်တိုင်းတွင် ရာနှင့်ချီသော မွန်းစတားကောင်များ သေဆုံးနေကြသည်။ ဤကဲ့သို့သော အဆင့်မြင့် ကျွမ်းကျင်သူများ၏ သတ်ဖြတ်ခြင်းကို ရင်ဆိုင်ရသောအခါ ဤသာမန်မွန်းစတားများက ခုခံရန် နည်းလမ်းမရှိပေ။ ချူးယွင်ဖန်းက ၎င်းထို့အနက်မှ နတ်အဆင့်အားလုံးကို သုတ်သင်ပစ်ခဲ့သည်။
ဤနတ်ဆိုးများကို သတ်လိုက်သည့်အခါတိုင်း ချူးယွင်ဖန်း၏ အမူအရာက နက်နဲလာသည်။ ဤနေရာ၌ မရေမတွက်နိုင်သော မွန်းစတားများ ရှိသော်လည်း၊ နတ်အဆင့် နည်းပါးလွန်းသည်ကို သူတွေ့ရှိခဲ့သည်။ သူသည် ၎င်းတို့ထဲမှ တစ်ဒါဇင်မျှသာ သတ်ဖြတ်ခဲ့ကာ၊ ယင်းမှာ အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများအတွက် အလွန်နည်းပါးလွန်းလှသည်။
တကယ်တမ်းတွင် ဤကဲ့သို့တပ်ဖြန့်မှုအဆင့်နှင့် ပင်းဟိုင်မြို့တော်၏ ခံစစ်စည်းကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို ဆင်နွှဲ၍ နျူကလိယဗုံးများကို အသုံးပြုခဲ့မည်ဆိုလျှင်ပင် ပင်းဟိုင် မြို့ကဲ့သို့ အခြေစိုက်မြို့ကို လုံးလုံး သိမ်းပိုက်ရန် မလုံလောက်ပေ။
ချူးယွင်ဖန်းသည် မြို့ရိုးရှိအပေါက်ကို စောင့်ကြည့်ခဲ့သည်။ ၎င်းတွင် ကြောက်မက်ဖွယ် စွမ်းအင် အကြွင်းအကျန် ရှိနေသည်။ ထို ကျူးကေျာ်ပေါက်သည် နည်းပညာလက်နက်တစ်ခုမှမဟုတ်ဘဲ တစ်စုံတစ်ဦး၏လက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
လက်အမှတ်အသားသည် သိသာထင်ရှားကာ အချင်းဝက် အနည်းဆုံး မီတာတစ်ထောင်ရှိသည်။ ဤသည်မှာ မရေမတွက်နိုင်သော မွန်းစတားများ ဝင်ရောက်လာစေနိုင်ခဲ့သည့် ဝင်ပေါက်ကြီးပင်ဖြစ်သည်။
ချူးယွင်ဖန်းက မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ပြည်ထောင်စုနှင့် နတ်ဆိုးများ အချင်းချင်း တိုက်ခိုက်သည်မှာ ဤသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် ပြည်ေထာင်စုက မည်ကဲ့သို့ မပြင်ဆင်ထားဘဲ နေလိမ့်မည်နည်း။
မြို့တော်အပြင်ဘက်ရှိ မြို့ရိုးသည် အနည်းဆုံး မီတာဆယ်ဂဏန်းရှိကာ နောက်ဆုံးပေါ် နည်းပညာမြင့်ပစ္စည်းများဖြင့် သွန်းလုပ်ထားသည်။ နတ်အဆင့်ရှိလျှင်ပင်ဖျက်ဆီးနိုင်မည်မဟုတ်ပေ။ သို့သော် အလွန် ခက်ခဲပေလိမ့်မည်။
ယင်းကို တဖြည်းဖြည်းချင်း ဖျက်ဆီးရန်က ပြဿနာမရှိပေ။ သူဆိုလျှင်ပင် ဤနံရံကိုဖောက်ရန် အချိန် အတော် ယူရပေလိမ့်မည်။ ဤကဲ့သို့ အချိန်အတော်ကြာပါက နယ်မြေခံတပ်များက တုံ့ပြန်ရန် လုံလောက်ပေမည်။
ထိုအချိန်တွင်၊ နည်းပညာမြင့်လက်နက် အမျိုးအစားအားလုံးကို တစ်ပြိုင်နက် ပစ်လွှတ်နိုင်မည်ဖြစ်သည်။ အနာဂတ်ရန်သူများ သတ်ဖြတ်ခံရသောအခါ၎င်းတို့ အနည်းဆုံး ပြန်ဆုတ်ရပေမည်။ သို့သော် ဤတစ်ခါ အခြေအနေက မတူပေ။ တစ်ချက်တည်းနှင့် ဖန်တီးလိုက်သည့် ကြီးမားသော အပေါက်ကြီးဖြစ်ကာာ ချူးယွင်ဖန်းပင်လျှင် ဤသို့မလုပ်နိုင်ပေ။
လောလောဆယ် မဖြစ်နိုင်ဟု ပြောရပေမည်။
တစ်နည်းဆိုရသော် ၎င်းသည် အဏ္ဏဝါမျိုးနွယ်စုများ သို့မဟုတ် နတ်ဆိုးများကြားတွင်ပင် ပြိုင်ဘက်ကင်းသော ဆရာတစ်ဆူပေါ်လာနိုင်ဖွယ်ရှိသည်။ နတ်အဆင့်များကို ဖိနှိပ်နိုင်သော ပြိုင်ဘက်ကင်းကျင့်ကြံသူ ဖြစ်နိုင်သည်။
ဤအဆုံးသတ်သို့ရောက်လာသောအခါ ချူးယွင်ဖန်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤကဲ့သို့သာ တကယ်ဖြစ်ခဲ့ပါက ပြည်ထောင်စုကို ပိုဆိုးသွားစေမည်မှာ သေချာသည်။
ရုတ်တရက်ပင် သူ၏ ကြံ့ခိုင်မှု တိုးတက်လာစေရန် ပြင်းပြင်းထန်ထန် ဆန္ဒရှိနေသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတိုက်ပွဲသည် မိုးကုတ်စက်ဝိုင်းတွင် ရှိနေသည်။
သို့သော် ချူးယွင်ဖန်းသည် ၎င်းကို စဉ်းစားရန် အချိန်မရှိပေ။ ယခု အရေးကြီးဆုံးအချက်မှာ ပင်းဟိုင်မြို့တော်ရှိ သတ္တဝါအားလုံးကို ရှင်းပစ်ရန်ဖြစ်သည်။ သွေးနီရောင်အရိုးစုသည် အပေါက်ကို ပိတ်ဆို့ထားသဖြင့်၊ များပြားလှသော မွန်းစတားများ ထပ်မရောက်လာတော့ပေ။
ချူးယွင်ဖန်းသည် ငြိမ်သက်စွာ ဝင်ရောက်တိုက်ခိုက်၍ ကျန်နိုင်ငံသားများကို ကယ်တင်ကာ မွန်းစတားများကို ရှင်းထုတ်နိုင်ခဲ့သည်။ နှစ်ဖက်စလုံးမှ တိုက်ခိုက်ခြင်းမှ စွမ်းအင်သုံးစွဲမှုသည် အလွန်ကြီးမားသော်လည်း၊ နတ်စွမ်းအင်များ ပင်လယ်ကဲ့သို့နက်ရှိုင်းသော သူ့အတွက် ကြီးမားသောကိစ္စမဟုတ်ပေ။
ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် ဘိုးဘေးကြီးချူးနှင့် အခြားသူများ၏အကူအညီဖြင့် နယ်ပယ်အသီးသီးမှ မွန်းစတားများကို စတင်ရှင်းလင်းခဲ့ကြသည်။
နောက်ပိုင်းတွင် ပြည်ထောင်စု၏ လက်ရွေးစင် တပ်ဖွဲ့ဝင် အများအပြားလည်း ပါဝင်လာကြသည်။ သို့တိုင် မရေမတွက်နိုင်သော မွန်းစတားများ ပြန်လည်ဆုတ်ခွာသွားကာ မြို့တွင်းရှိ မွန်းစတားများကို ရှင်းထုတ်လိုက်ရာ နေ့ရောညပါ ကုန်လွန်သွားခဲ့သည်။