အခန်း (၁၀၉၉-၁၁၀၁)
Vol. 74 Ch. 1099-1101
အခန်း(၁၀၉၉) ရန်သူတစ်ေထာင်ကို သုတ်သင်ခြင်း
နေ့ရောညပါ ကုန်ဆုံးသွားပြီးနောက် ရူးသွပ်သတ်ဖြတ်မှုများ ရပ်တန့်သွားခဲ့သည်။
လူသားများသည် မွန်းစတားများကို သတ်ကြကာ မွန်းစတားများက လူသားများကို သတ်ကြသည်။ အချင်းချင်းသတ်သည်။ နေ့ရောညပါ အသတ်ခံရပြီးနောက် အသေအပျောက်အရေအတွက်ကို ရိုးရိုးရှင်းရှင်းပင် မရေတွက်နိုင်ပေ။ နဂိုက ကြီးပွားချမ်းခဲ့သည့် လမ်းတိုင်းတွင် အလောင်းများ တောင်ပုံနှယ် စုဝေးနေသည်။
သန့်ရှင်းရေးလုပ်ရန် မည်မျှကြာမည်ကို မည်သူ သိမည်နည်း။
တစ်ရက်နှင့်တစ်ည တိုက်ခိုက်ပြီးနောက် ချူးယွင်ဖန်း၏ နတ်စွမ်းအားသည် သမုဒ္ဒရာကဲ့သို့ ကြီးမားနေသေးသော်လည်း သူ အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ဤအဖြစ်အပျက်က ရုတ်တရက် ဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် ချက်ခြင်းဆိုသကဲ့သို့ပင် ပြင်ဆင်မှုလည်း မရှိခဲ့ကြပေ။
နောက်ဆက်တွဲ ကိစ္စရပ်များအား ကာကွယ်ရေး စည်းကို တာဝန်ယူရန် ရောက်ရှိလာသော ပြည်ထောင်စု၏ ထိပ်တန်း တပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဤလက်ရွေးစင်တပ်များသည် ပြည်သူများကို ကယ်ဆယ်ရန် တာဝန်ရှိသည်။ တိုက်ပွဲပြီးသွားသော်လည်း မြို့ထဲတွင် ပုန်းအောင်းနေသည့် ပြန့်ကျဲနေသော သတ္တဝါများကို ရှင်းထုတ်နေကြဆဲဖြစ်သည်။
ထို့အပြင်၊ အထူးသဖြင့် ပင်းဟိုင်မြို့တော်သည် ပင်လယ်ကမ်းစပ်တွင်ရှိကာ မရေမတွက်နိုင်သော အဏ္ဏဝါမျိုးနွယ်စုများ အချိန်မရွေး ပြန်လည်ရောက်ရှိလာနိုင်သောကြောင့် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများ ပြန်လာမည်မဟုတ်ကြောင်း မည်သူမှ အာမခံနိုင်မည်မဟုတ်ပေ။
တိုက်ပွဲအပြီးတွင် ချူးယွင်ဖန်းနှင့် အခြားသူများသည် အထပ်မြင့်အဆောက်အအုံတစ်ခု၏ခေါင်မိုးပေါ်တွင် စုရုံးခဲ့ကြသည်။ အားလုံးက အနည်းငယ် ပင်ပန်းနေပုံရသည်။ နေ့ရောညပါ သတ်ဖြတ်ပြီးနောက် လူတိုင်း၏ မျက်နှာများသည် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့သည်။
မိုးကြိုးတောင်ပံသားရဲက ဘေးနားက အရိပ်တွင် ကွေးနေသည်။ အစွမ်းထက်ပုံပေါက်သော်လည်း အရွယ်ရောက်ပြီးသားမဟုတ်သဖြင့် ကလေးဖြစ်နေဆဲဖြစ်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။ ငါ ဒီအတိုင်း ဆက်သတ်ရင် အကျိုးအကန်းဖြစ်ကုန်တော့မယ်”
ချူးဟောက်ယွဲ့က သူ့တစ်ကိုယ်လုံး အပိုင်းပိုင်းကွဲသွားတော့မည်ဟု ခံစားလိုက်ရသည်။
"တခြားမြို့နှစ်မြို့မှာ ဘယ်လိုအခြေအနေရှိလဲ။" ချူးယွင်ဖန်းက မေးသည်။
နတ်အဆင့်များကို မတူညီသောမြို့များတွင် တာဝန်ပေးအပ်ခဲ့သည်။
"အခြေအနေက ဆိုးတယ်။"
ထိုအချိန်တွင်၊ ချူးယွင်ဖန်းနှင့် အခြားသူများသည် ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာများပေါ်ရှိ ၎င်းတို့ထံ ပေးပို့သော မက်ဆေ့ချ်များကို စစ်ဆေးခဲ့သည်။
ချူးယွင်ဖန်း၏မျက်နှာသည် အခြားမြို့နှစ်မြို့မှသတင်းကိုမြင်ပြီးဖြစ်သောကြောင့် အရုပ်ဆိုးသွားသည်။ ပင်းဟိုင်မြို့နှင့်မတူဘဲ အခြားမြို့နှစ်မြို့သည် ပြည်ထောင်င်စုက နျူကလီယားဗုံးများအသုံးပြုထားသောကြောင့် ပျက်စီးသွားခဲ့သည်။
နျူကလီးယားဗုံးကြောင့် မြို့နှစ်မြို့ရှိ မွန်းစတားများ လုံးဝ ပျက်သုဉ်းသွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် အချိန်မီဆုတ်ခွာရန် မစွမ်းဆောင်နိုင်ခဲ့သူများမှာလည်း ထို ဗုံးများအောက်၌ ဘဝဆုံးသွားခဲ့ကြရသည်။
အခြားမြို့နစ်မြို့သည် ချူးယွင်ဖန်းကိုယ်တိုင် ချီတက်ကာ မွန်းစတားကျွမ်းကျင်သူများကို တာဝန်ယူခဲ့သည့် ပင်းဟိုင်မြို့နှင့်မတူပေ။
ကျန်တဲ့နှစ်မြို့က ကံမကောင်းကြပေ။ ကျွမ်းကျင်မွန်းစတား အများအပြား ရုတ်တရက် ပေါ်လာသည်။ မြို့ကြီးများတွင် တပ်စွဲထားသော တပ်များ လုံးလုံး ပျက်ဆီးသွားသည်သာမက တန်ပြန်တိုက်ခိုက်မှုကို ပံ့ပိုးရန် အပြေးအလွှား ချီတက်လာသော တပ်ဖွဲ့များကိုလည်း ဖျက်ဆီးခဲ့သည်။
ကူညီရန် ပြေးလာကြသော နတ်အဆင့်များပင် ရှုံးကြလေသည်။
ဗီဒီယိုတွင် နတ်အဆင့်များစွာသည် အခြားမြို့နှစ်မြို့သို့ ထောက်ပံ့ကူညီရန် သွားကြသည်ကို ချူးယွင်ဖန်းက မြင်ခဲ့သည်။ နတ်ကုန်းမြေမှ ကျွမ်းကျင်သူများ အပါအဝင် ပြည်ထောင်တွင် နတ်အဆင့် အရေအတွက်သည် အခြေခံအားဖြင့် တိုးများလာခဲ့သည်။
ချူးယွင်ဖန်းသည် ပင်းဟိုင်မြို့တော်တွင်ရှိသောကြောင့် ကျွမ်းကျင်သူများစုသည် အခြားမြို့နှစ်မြို့သို့သွားခဲ့ကြသည်။ ဤပညာရှင်တို့သည် ပြိုလဲသွားသောမြို့သို့ ရောက်ကြသည်နှင့် ကောင်းကင်မှ ပြုတ်ကျလာသော လက်အောက်တွင် ရှုံးနိမ့်ခဲ့ကြသည်။
ဒါဇင်ပေါင်းများစွာသော နတ်အဆင့်များသည် ဤကြောက်မက်ဖွယ်ကောင်းသော လက်ကို မခံနိုင်ကြပေ။ ၎င်းတို့အားလုံး ရှုံးနိမ့် ဆုတ်ခွာသွားကြသည်။ ပြည်ထောင်စုတပ်မတော်ကမူ ပြောစရာပင်မလိုပေ။
၎င်းတို့က တိုက်ပွဲပင်မတိုက်နိုင်ကြခင်၌ ရှုံးနိမ့်ခဲ့ကြသည်။
ဤသို့သော အခြေအနေမျိုးတွင် ပြည်ထောင်စုက တခြားရွေးချယ်စရာ မရှိတော့ပေ။ နောက်ဆုံးတွင် ပြည်ထောင်စု၏ ထိပ်တန်းအရာရှိများက နျူကလီးယားဗုံး အမြောက်အမြားကို အသုံးပြုကာ ပြိုလဲနေသောမြို့တစ်ခုလုံးကို ပြာအဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထူထပ်စွာ ထုပ်ပိုးထားသော နျူဗုံးများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ နောက်ဆုံးတွင် လက်ကြီး၏ သုတ်သင်မှုမှ လွတ်မြောက်သွားကြသည်။ စစ်တပ်က ပြိုကျလုနီးပါး အခြေအနေတွင် ဆုတ်ခွာနိုင်ခဲ့သည်။
အခြေအနေတစ်ခုလုံးသည် အလွန်ဝမ်းနည်းဖွယ်ကောင်းသည်။ ပြည်ေထာင်စုတပ်မတော်မှ မရေမတွက်နိုအောင်များပြားသော လက်ရွေးစင်စစ်သည်များဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးခဲ့ရကာ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များသည် သင်္ချိုင်းနေရာမရှိဘဲ သေဆုံးသွားခဲ့ကြသည်။ နတ်အဆင့်များကပင် ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။
တခြားမြို့များတွင်လည်း အလားတူ အခြေအနေများရှိသည်။ ကျွမ်းကျင်သူများစွာသည် မြို့ထဲသို့ဝင်ခါနီးတွင် လျှို့ဝှက်ဆန်းကြယ်သော လက်ကြီးတစ်ဖန်ပေါ်လာပြန်သည်။ ပေါ်လာသည်နှင့်တပြိုင်နက် နတ်အဆင့်များစွာကို အနိုင်ယူခဲ့သည်။ ပြည်ေထာင်စုတပ်မတော်ပင် ပြိုလဲကာ စစ်သင်္ဘောအများအပြား ပျက်ဆီးခဲ့သည်။
ယခင်မြို့၏ အတွေ့အကြုံအရ ပြည်ထောင်စု၏ ထိပ်တန်းအရာရှိများသည် တုံ့ဆိုင်းမနေတော့ဘဲ မရေမတွက်နိုင်သော နျူကလီးယားဗုံးများကို ပစ်လွှတ်လိုက်ကြသည်။ ထောင်ပေါင်းများစွာသော မွန်းစတားများကို ဖျက်ဆီးနေစဉ်တွင် ၎င်းတို့သည် နောက်ကွယ်မှ ချုပ်ကိုင်သူကို တားဆီးနိုင်ခဲ့သည်။
ဤကိစ္စကို ဖုံးကွယ်၍မရသဖြင့် အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ မရေမတွက်နိုင်သောလူများက ဤကိစ္စကို ဆွေးနွေးကြသည်။
အထူးသဖြင့် ၎င်းတို့တည်ရှိရာ အခြေစိုက်စခန်းမြို့များတွင် နျူကလီယားဗုံးများ အကြီးစားအသုံးပြုမှုအတွက် ဖြစ်သည်။ မရေမတွက်နိုင်သော မွန်းစတားများနှင့် လူသားများကို ဖျက်ဆီးပစ်ခဲ့သည်။ အထူးသဖြင့် ဤမြို့နှစ်မြို့ရှိ လူများစွာတွင် သူငယ်ချင်းများနှင့် ဆွေမျိုးများ ရှိသောအခါ မရေမတွက်နိုင်သော လူများကို အသည်းကွဲစေခဲ့သည်။
မွန်းစတားတွေများ၏ ဝမ်းဗိုက်ထဲတွင် မြှုပ်နှံခံရနှင့်ပြီးဖြစ်နိုင်သော်လည်း ရှင်သန်ရန် အခွင့်အလမ်း ရှိနေဆဲဖြစ်သည်။ သို့သော်၊ အဏုမြူဗုံးများကို အသုံးပြုပြီးသည်နှင့် အသက်ရှင်ရန် အခွင့်အလမ်းရှိလျှင်ပင် အလုံးစုံ ပျောက်ကွယ်သွားမည်ဖြစ်သည်။
ရန်သူ ၁၀၀၀ ကိုသတ်၍ ၈၀၀ ကျဆုံးခဲ့သော ဤတိုက်ပွဲသည်ပြည်ေထာင်စု တည်ေထာင်သည့် အစောပိုင်းကာလများတွင် မကြာခဏ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း သို့မဟုတ် နှစ်တစ်ရာအတွင်း ပြည်ထောင်စုသည် ခွန်းလွန်နယ်မြေတွင် အခိုင်အမာခြေကုပ်ယူခဲ့သည်။ ပုံမှန်အခြေအနေအရ ပြည်ထောင်စုတွင် ထိုသို့သောနည်းလမ်းကို အသုံးပြုရန် အလွန်ရှားပါးသည်။
ပြည်ထောင်စုအစိုးရကို ပြစ်တင်ရှုံ့ချမှုများသည် အင်တာနက်ပေါ်တွင် လှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာသည်။ အထူးသဖြင့် လူသားများသည် မိမိတို့နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အမြဲတစေပြောနေသည့် ပြည်ထောင်စုအစိုးရက ထိုသို့လုပ်ဆောင်ခဲ့သည်ကို လူအများက လုံးဝလက်မခံနိုင်ပေ။
သို့သော်လည်း ပြည်ထောင်စု အစိုးရ၏ လုပ်ဆောင်ချက်များကို နားလည်သူ အများအပြား ရှိခဲ့သည်။ ထိုအချိန်က အခြေအနေသည် အလွန်အန္တရာယ်များသည်။ အကယ်၍ နျူ ကလီးယားဗုံးများကို အသုံးမပြုပါက အတွင်းလူများကို ကယ်တင်ခြင်း မပြုနိုင်ရုံသာမက ကယ်ဆယ်ခြင်းသို့ လိုက်ပါသွားသော နတ်အဆင့်များနှင့် လက်ရွေးစင် တပ်ဖွဲ့ဝင်များစွာလည်း သတ်ဖြတ်ခံရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မြို့နှစ်မြို့တွင် ပိတ်မိနေသူများ အများစုက ထွက်ပြေးလွတ်မြောက်သွားကြရာ အခြေခံအားဖြင့် မလွတ်မြောက်နိုင်သူများက မလွတ်မြောက်နိုင်ကြပေ။
ဤသည်မှာ လက်ခံနိုင်သော အခြေအနေဖြစ်သည်။
သို့သော် မရေမတွက်နိုင်သောလူများ ပို၍ပင်လက်မခံနိုင်သည့်အချက်မှာ အားကောင်းသည့် ကာကွယ်ရေးစနစ်များရှိသည့် မြို့သုံးမြို့သည် နေ့ချင်းညချင်း ပြိုကျသွားခြင်းပင်ဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ချုပ်ကိုင်သူက နောက်ကွယ်တွင် ပေါ်လာသောကြောင့် လူများစွာ ထိတ်လန့်စပြုလာသည်။
ထိုသို့သောအခြေအနေများအောက်တွင် ချူးယွင်ဖန်းက ကယ်ဆယ်ရေးတာဝန်ယူနေသည့် ပင်းဟိုင်မြို့တော်သည် မရေမတွက်နိုင်သောလူများ၏နှလုံးသားထဲတွင် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာခဲ့သည်။ အနည်းဆုံးအနေဖြင့် မြို့တော်ကို နျူကလီယားဗုံးဖြင့် မဖျက်ဆီးခဲ့ပေ။
တစ်ခုခုဖြစ်လာခဲ့ပါက ၎င်းတို့ကိုလည်း နျူကလီးယားဗုံးဖြင့် ရှင်းပစ်မည်ကို လူများက စိုးရိမ်လာကြသည်။
ပြည်ထောင်စုက အလွန် ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင် ရှိနေသည်။
အခန်း(၁၁၀၀)ေရွှအလင်းဆေးကို သောက်ပြီး ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲရှိရမယ်
“ထင်ထားတဲ့အတိုင်းပဲ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ဝင်နှောက်ယှက်နေတယ်” ချူးယွင်ဖန်း၏ အမူအရာက အလွန်လေးနက်သွားသည်။ အခြားမြို့နှစ်ခုမှ ကြားရသောသတင်းများသည် သူခန့်မှန်းထားသည့်အရာများနှင့်ထပ်တူပင်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများကြားမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် ပြောရန်ပင်မလိုဘဲ လက်ရှိ လူသားပြည်ထောင်စုအတွက် ဖိအားက အလွန်ကြီးမား၏။ ပြည်ထောင်စုတွင် နတ်အဆင့် နတ်ဆိုးနှင့် ပထမဆုံးရင်ဆိုင်ရသကဲ့သို့ပင်ဖြစ်ရာ ၎င်းကို မသတ်နိုင်သေးခင်၌ပင် နည်းလမ်အားလုံး ကုန်ဆုံးသွားပြီဖြစ်သည်။
ထိုအချိန်၌ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်အထက်၌ နတ်အဆင့်ရှိနေသေးကြောင်း ပထမဆုံးအကြိမ်သိခဲ့ကြရခြင်းဖြစ်သည်။ ထိုစဥ်က နတ်အဆင့်မဆိုနှင့် မွေးဖွားခြင်းနယ်မြေအဆင့်များပင် အလွန်နည်းပါးသေး၏။
ထို့အပြင် မိမိတို့မကြားခဲ့ဖူးသော နတ်အဆင့်က ဤမျှစွမ်းအားကြီးလိမ့်မည်ဟု မထင်ခဲ့ကြပေ။
လက်ရှိအခြေအနေသည် ယခင်ကနှင့်အတူတူပင်ဖြစ်သည်။
သိုင်းပညာအရာ နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများသည် ပြည်ထောင်စုသို့ ရှေ့တစ်လှမ်းတိုးခဲ့သည်။ ဘိုးဘေးကြီးချူးနှင့် အခြားသူများ၏ အမူအရာများက လေးနက်သောပုံပေါ်နေသည်။ ထို့နောက် အားလုံးက ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြသည်။
ချူးယွင်ဖန်းက ၎င်းတို့၏ အတွေးများကို သိသည်။
“တကယ်လို့ ငါသာဆိုရင် အဲ့လူကို ငါ ယှဥ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ချက်တည်းနဲ့ အားလုံးကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"
ဘိုးဘေးကြီးချူးနှင့် ချူးဟောက်ယွဲ့အပါအဝင် အခြားသူများအားလုံး အနည်းငယ် စိတ်ပျက်သွားကြသည်။ ချူးယွင်ဖန်းသည် လူသားမျိုးနွယ်၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည်။ ချူးယွင်ဖန်းပင် မစွမ်းဆောင်နိုင်ခဲ့ပါက ထိုလူ၏ စွမ်းအားသည် နတ်အဆင့်ကို ကျော်လွန်နေခြင်းဖြစ်နေပေလိမ့်မည်။
“ဒီလိုကျွမ်းကျင်သူမျိုးကို ကျုပ်တို့ ကိုင်တွယ်ဖြေရှင်းလို့မရဘူး။ တကယ်တော့ နျူကလီးယားဗုံးက သူ့ကို
ခြိမ်းခြောက်နိုင်ပါသေးတယ်။ အကောင်းဆုံး သက်သေအနေနဲ့ ဒါက သူ့ကို တွန်းလှန်နိုင်တယ်။ ဒါပေမယ့် သိုင်းပညာကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက တခြား သိုင်းပညာရှင်တစ်ယောက်ပဲ။ နည်းပညာမြင့်လက်နက်တွေမဟုတ်ဘူး” ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောသည်။
သိုင်းပညာကျွမ်းကျင်သူတစ်ဦး၏ အသိစိတ်က အလွန်ထက်မြက်သဖြင့် နူကလီးယားဗုံး၏တိုက်ခိုက်မှုကို ရှောင်ရှားရန် နတ်အဆင့်တစ်ယောက်သည် သူ၏အာရုံများကို အားကိုးနိုင်သည်။ ၎င်းတို့ သတိထားနေသရွေ့ နတ်အဆင့်ထက် ကျော်လွန်သူများကို နူကလီးယားဗုံးတစ်လုံးကမှ မထိခိုက်စေနိုင်ပေ။
သို့သော်လည်း ပြည်ထောင်စုသည် အဆင့်မြင့်ပညာရှင်များအလွန်နည်းပါးလွန်းလှသည်။ အနှစ်သာရအားဖြင့်၊ အရေအတွက်ပြောင်းလဲမှုတစ်ခုသာ အရည်အသွေးပြောင်းလဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ပြည်ထောင်စုတွင်ရှိနေသော နတ်အဆင့်ပမာဏက ထိုသို့လုပ်ဆောင်ရန် မလုံလောက်ပေ။
ဤသည်က အခြေခံခြားနားချက်တစ်ခုပင်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုတို့၏ အမွေအနှစ်များသည် ကနဦး နတ်အဆင့်မှ နတ်အဆင့်အထွတ်အထိပ်အဆင့်အထိ ရှိနေသည်။ နတ်အဆင့်ကို ဖြတ်ကျော်သွားခဲ့သည့် ပညာရှင်တစ်ဦးသည် ၎င်းတို့ထဲမှ ပထမဆုံး ထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။
ဤအဖြစ်အပျက်ပြီးနောက် ချူးယွင်ဖန်းသည် ပြည်ထောင်စုတွင် နတ်အဆင့်အရေအတွက်ကို တိုးမြင့်စေမည့်နည်းလမ်းကို တွေးတောနေခဲ့ရသည်။
သူသည် နတ်ကုန်းမြေရှိ ဂိုဏ်းခွဲများမှ ကျင့်ကြံရေးစာအုပ်များ၊ သီးသန့်လေ့ကျင့်ခြင်းနည်းလမ်းများကို ပြန်လည်ယူဆောင်လာခဲ့သည်။ ၎င်းတို့ကို စတင်ဖြန့်ဝေခဲ့သော်လည်း ၎င်းသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူများကြားတွင် ရူးနှမ်းသော ပြိုင်ဆိုင်မှုများဖြစ်လာစေခဲ့သည်။
မှန်သည်။ ဤစာအုပ်များကို ငှားပေးသည်မှာ အလကားမဟုတ်ပေ။ ၎င်းတို့က အလွန်စျေးကြီးကာ ဤစာအုပ်များက ချူးယွင်ဖန်းကို များစွာချမ်းသာလာစေခဲ့သည်။ သို့သော် ဤနည်းလမ်းက အလွန်နှေးကွေး၏။အကယ်၍များ ငြိမ်းချမ်းသော ကာလတွင် ရှိခဲ့ပါက၊ ထို မွေးဖွားခြင်းနယ်မြေအဆင့်ရှိသူများက မိမိတို့ကိုယ်မိမိတို့ တိုးတက်စေရန် ဤနည်းလမ်းကို အမှန်တကယ် အသုံးပြုရန် ဖြစ်နိုင်သည်။ ယခုမူ အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများက သူ့ကို တိုက်ခိုက်တော့မည်ဖြစ်သောကြောင့်၊ ချူးယွင်ဖန်းသည် နတ်စွမ်းအင်ဆေးကဲ့သို့သော ပိုမိုထိရောက်သောနည်းလမ်းအချို့ကို အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
နတ်အဆင့် မွန်းစတားများစွာကို သုတ်သင်ခဲ့ခြင်းကြောင့် သူ့တွင် နတ်မွန်းစတားအူတိုင်များစွာရှိသည်။ အကယ်၍ သူသာ ၎င်းတို့အားလုံးကို နတ်စွမ်းအင်ဖြည့်တင်းဆေးအဖြစ် ပြုပြင်နိုင်လျှင် ပြည်ထောင်စုတစ်ခုလုံးစာလုံလောက်သော နတ်အဆင့်ပုဂ္ဂိုလ်များကို ဖန်တီးနိုင်မည်ဖြစ်သည်။
ဤသည်က အရေးပေါ်ကိစ္စဖြစ်သည်။ သူ၏ အလုံးစုကြံ့ခိုင်မှုတိုးတက်လာရန်အပြင် အရေးအကြီးဆုံးမှာ လက်ကြီး၏ နောက်ကွယ်ရှိ ဖြစ်တည်မှုကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည်ကိုပင်ဖြစ်သည်။
“ယွင်ဖန်း နတ်အဆင့်အထက်မှာ ဘာအဆင့်ရှိလဲဆိုတာ သိလား” ဘိုးဘေးကြီးချူးက ချူးယွင်ဖန်းကို မေးသည်။
ပြည်ထောင်စုသည် နတ်အဆင့်အကြောင်းပင် များများစားစားမသိရာ ထိုအဆင့်အထက် ပုဂ္ဂိုလ်များနှင့် ပတ်သက်၍မူ ပို၍ ရှုပ်ထွေးသည်။
အခြားလူများမသိသော်လည်း ချူးယွင်ဖန်းကောင်းစွာသိသည်။
"နတ်အဆင့်အထက်အဆင့်ကို ရွှေအမတေအဆင့်လို့ခေါ်တယ်” ချူးယွင်ဖန်းက ပြောသည်။
“ရွှေအမတေအဆင့်ကျင့်ကြံရေးကို မျက်မှောက်ခေတ်က မြောက်ပိုင်းစုန်မင်းဆက် ကျန်းပေါ့သွမ်ရေးတဲ့ ‘ဉာဏ်အလင်း’ဆိုတဲ့ စာအုပ်ကနေ နားလည်သဘောပေါက်နိုင်ပါတယ်”
“အတိုချုပ်ပြောရရင် ရွှေဆေးလုံးကို မျိုချလိုက်တာနဲ့ ခင်ဗျားတို့ရဲ့ ကံကြမ္မာက ခင်ဗျားတို့လက်ထဲမှာပဲရှိမယ်ဆိုတာ သိရလိမ့်မယ်”
"ရွှေဆေးလုံးကို သောက်ပြီးရင် ငါ့ကံကြမ္မာက ကိုယ့်လက်ထဲမှာပဲ။ ကောင်းကင်လက်ထဲ မဟုတ်ဘူးဆိုတာ ငါသိမှာလား။" ဘိုးဘေးကြီးချူးက ထိုစကားကိုကြားပြီးနောက် အံ့အားသင့်သွားသည်။
“ငါ့ကံကြမ္မာကို ငါထိန်းချုပ်မယ် ကောင်းကင်က မထိန်းချုပ်ရဘူး” ဤသည်က လူအများ ပြောလေ့ရှိသောအရာဖြစ်သည်။ သို့သော် မည်သူကမျှ ယင်းကို မည်သို့လုပ်ရမည်ကို မသိကြပေ။ ‘လိုက်လျောညီထွေနေ’ခြင်းနှင့် ‘လိုက်လျောညီထွေမနေခြင်း’ဆိုသောအရာတို့အားလုံးသည် ကောင်းကင်အလိုကျပင်ဖြစ်သည်။
“ကျင့်ကြံရေးခရီးရဲ့ ခြေလှမ်းတိုင်းက ကိုယ်တိုင်အသွင်ပြောင်းတဲ့ဖြစ်စဥ်တစ်ခုပဲ။ မွေးဖွားခြင်းနယ်မြေအဆင့်ကနေ မွေးရာပါ စစ်မှန်တဲ့အင်အားတွေ ပေါက်ဖွားလာတယ်။ အဲ့နောက်မှာ စစ်မှန်တဲ့ စွမ်းအားတွေကနေ နတ်စွမ်းအင်တွေအဖြစ်ပြောင်းလဲသွားတဲ့ နတ်အဆင့်လာတယ်”
“တကယ်တော့ ရွှေအမတေအဆင့်ဆိုတာ နတ်အဆင့်ရဲ့ နတ်စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး ရွှေအမတေအဖြစ်ပေါင်းစည်းလိုက်တဲ့အချိန်ပဲ” ချူးယွင်ဖန်းက ဆက်လက်ပြောပြသည်။
"တကယ်တော့ ကျင့်ကြံသူအဖြစ် ကျုပ်တို့အသုံးပြုလေ့ရှိတဲ့ ဒန်ထျန်က စစ်မှန်တဲ့စွမ်းအင်ကို သိုလှောင်ဖို့ အသုံးမဝင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးရွှေအမတေကတော့လုပ်နိုင်တယ်။ ဒါကို လူတော်တော်များများမသိကြဘူး”
"ဒီရှုထောင့်ကနေကြည့်ရင် လူတွေဟာ ကျင့်ကြံဖို့ သင့်တော်တဲ့ ကိုယ်ခန္ဓာ မပိုင်ဆိုင်ထားဘူး။ ကိုယ်ကာယမရှိရင် အားနည်းလွန်းတော့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ရမယ်။ ချီမရီးဒျန်တွေ မရှိရင် အဲ့တာအရင်ဖွင့်ရမယ်။ ရွှေအမတေမရှိရင် ကျင့်ကြံရမယ်။ ဒါပေမယ့် ဒါတွေက နတ်ဆိုးမျိုးနွယ်စုဝင်ဖြစ်ဖို့အတွက် မွေးရာပါလိုအပ်ချက်တွေပဲ။ နတ်ဆိုးတွေက တကယ်ပဲ ကျင့်ကြံဖို့ သင့်တော်အောင် မွေးလာကြတာလား” တန်စီယုကပြောသည်။
ဤသည်ကိုကြားသောအခါ ဘိုးဘေးကြီးချူးနှင့် ချူးဟောက်ယွဲ့တို့က ဤအရာက အမှန်တရားပင်ဖြစ်သည်ဟု ထင်လိုက်ကြသည်။ နတ်ဆိုးများသည်ကျင့်ကြံရန် လိုအပ်သည့် အခြေအနေအားလုံးဖြင့် မွေးဖွားလာသော်လည်း လူသားများတွင်မူ ဘာမှမရှိပေ။ ၎င်းတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးကာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာစေရန် လုပ်ရမည်။ ဤသည်ကိုတွေးကြည့်ပါ အနည်းငယ်ဝမ်းနည်းဖွယ်ကောင်း၏။
သို့သော် ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
“အဲ့လိုလည်းမဟုတ်ပါဘူး။ ဉာဏ်ပညာဆိုတာ လူသားတွေအတွက် ကြီးမြတ်တဲ့တာအိုကို စူးစမ်းလေ့လာစေတဲ့ အဓိက အစွမ်းအထက်ဆုံး ကိရိယာတစ်ခုပါပဲ။ လူသားတွေက အသန်မာဆုံးလမ်းကြောင်းဆို လျှောက်နိုင်တာနဲ့မဆိုင်ဘူး။ နတ်ဆိုးတွေက သူတို့ ဘယ်အဆင့်ကို ရောက်နိုင်မလဲဆိုတာ ဆုံးဖြတ်ဖို့ သူတို့ရဲ့သွေးသားနဲ့ ကန့်သတ်ချက်တွေကို အားကိုးတယ်။ ဒါပေမယ့် လူသားတွေရဲ့ အလားအလာက အဲ့ထက် ပိုဝေးတယ်။ ဒါပေမယ့် လူသားတွေမှာ ဘာမှမရှိဘူးလို့ မဆိုလိုဘူး။ အတိတ်မှာတုန်းက လူသားတွေရောက်နိုင်တာက ခေတ်လူတွေထက် အများကြီးသန်မာတဲ့ မရီးဒျန်သန့်စင်ခြင်းအဆင့်အထိပဲ”
"အဝါရောင်အင်ပါယာ၏ အတွင်းစာတမ်းများ" မှာ ရှေးခေတ်က လူတွေဟာ နွေဦးနဲ့ ဆောင်းဦးအထိ နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ကြပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ ဘယ်တော့မှ နှေးကွေးမသွားပါဘူး။ အဲ့တာ ဟုတ်မဟုတ်ဆိုတာ ရှာရခက်ပါတယ်၊ ဒါပေမယ့် ဒီကနေပြီးတော့မှ လူသားမျိုးနွယ်ရဲ့ အစွမ်းအစတွေကို ကျွန်တော်တို့ မြင်တွေ့နိုင်တယ်”
"ရွှေအမတေအဆင့်က တကယ်ပဲ အစွမ်းထက်တာလား" ချူးဟောက်ယွဲ့က ချူးယွင်ဖန်းကို မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်သည်။
“အရမ်းပဲပေါ့။ ရွှေအမတေအဆင့်ကျွမ်းကျင်သူရဲ့စွမ်းအားကို ရွှေအမတေအဖြစ်ပေါင်းစပ်ထားတယ်။ သူတို့ရဲ့ စွမ်းအင်ထိန်းချုပ်မှုက အရမ်းအံ့သြဖို့ကောင်းတဲ့အဆင့်ကိုရောက်နေပြီ။ ခွန်အားအနေနဲ့ဆို… ခင်ဗျားတို့ ဗီဒီယိုထဲမှာ မြင်ရသားပဲ” ချူးယွင်ဖန်းက ပြောသည်။
လူအုပ်က စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ရွှေအမတေအဆင့်ဟူသည် ၎င်းတို့ တွေးထားသည်ထက် များစွာအစွမ်းထက်၏။
အခန်း(၁၁၀၁) ပြည်ထောင်စုက နတ်စွမ်းအင်ဖြည့်တင်းဆေးတွေကြောင့် ရူးကုန်ပြီ
သို့သော် ရွှေအမတေကျွမ်းကျင်သူတစ်ယောက်၏ ဖြစ်တည်မှုကိုကိုင်တွယ်ရန် မဖြစ်နိုင်ခြင်းမဟုတ်ပေ။ သို့ထိတိုင် လက်ရှိ ပြည်ထောင်စုက ၎င်းတို့ကို မည်သည့်အရာကိုမဆို လုပ်နိုင်ရန် မလွယ်ကူပေ။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် နောက်ကွယ်မှကြိုးကိုင်သူမှာ နတ်ကျွန်အဖွဲ့အစည်းတွင် ‘အရှင် ’ဟု သိကြသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ နတ်အဆင့်အထွတ်အထိပ်တွင်ရှိသော အရှင် တစ်ဦးကပင် ဤပုဂ္ဂိုလ်ထံတွင် လက်အောက်ခံရမည်မှာ အံ့သြဖွယ်တစ်ခုမဟုတ်ပေ။ နတ်အဆင့်နှင့် နှိုင်းယှဥ်ပါက ရွှေအမတေအဆင့်၏ ခွန်အားက အလွန် လွှမ်းမိုးနိုင်စွမ်းပြင်းသည်။ မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်အဆင့်အကြားခြားနားချက်နှင့် ဆင်တူသည်၊ သို့မဟုတ် ထို့ထက်ပင် ပို၍ ကြီးနိုင်သည်။
သို့သော် ချူးယွင်ဖန်းက ဤအရှင် ဆိုသူမှာ ရွှေအမတေဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် ပြဿနာရှာရန် အချိန်ဆွဲနေမည်မဟုတ်ကြောင်း ကောက်ချက်ချနိုင်သည်။ အကြောင်းပြချက်က ရိုးရှင်းပါသည်။ သူအစကတည်းက ရွှေအမတေအဆင့်တွင်ရှိခဲ့ပါက သူ၏ လုပ်ရပ်များကို အခြေခံကြည့်လျှင် သူထွက်လာပြီးသည်မှာ ကြာနှင့်ပြီဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းကနည်းလမ်းရှိသေးသည်ဟု ပြောခြင်းဖြစ်သည်။ အကယ်၍ ၎င်းသည် ဝါရင့်ရွှေအမတေအဆင့်ကျွမ်းကျင်သူဖြစ်ပါက အမှန်တကယ်ပင် ပြဿနာကြီးဖြစ်မည်ဖြစ်သည်။
သို့သော် သူက အချိန်လိုအပ်ခဲ့သည်။
ချူးယွင်ဖန်းက ဤအရှင် ဆိုသူအကြောင်းကြားသောအခါ အလွန်အရေးကြီးမှုကို ခံစားလိုက်ရသည်။ သူက ဘိုးဘေးကြီးချူးနှင့် အခြားသူများနှင့်အတူ ပြန်လာခဲ့သည်။ သို့သော် မေပယ်လ်ရွက်မြို့တော်သို့ မပြန်ဘဲ ခွန်းလွန်မြို့သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။
ပြည်ထောင်စုက အလွန်ဆိုးရွားသောအခြေအနေတွင်ရှိနေသည်။ တကယ်တမ်းတွင် ခွန်းလွန်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီးကတည်းက ပြည်ထောင်စုက ထိတ်လန့်တကြားမဖြစ်ခဲ့ရသည့်နေ့မရှိသလောက်နည်းပါးသည်။ နောက်ဆုံးတွင်မူ အခြေစိုက်မြို့တော်များအပြင်တွင် အဆုံးမဲ့သော မွန်းစတားများရှိနေသည်။ ဆိုလိုသည်မှာ ပြည်ထောင်စုကို အဆုံးမရှိ မွန်းစတားများဖြင့် ဝိုင်းရံထားသည်ပင်ဖြစ်၏။
ဂရုစိုက်ခြင်းမရှိပါက ၎င်းတို့အားလုံး မွန်းစတားများလက်ထဲတွင် သုတ်သင်ခြင်းကို ခံရပေလိမ့်မည်။
ထိုသို့သော အခြေအနေများအောက်တွင် ပြည်ထောင်စုသည် စိုးရိမ်ပူပန်မှုကို ခံစားခဲ့ရကာ ယခုအခါ အဆိုပါစိုးရိမ်မှုများသည် လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အင်တာနက်ပေါ်တွင် လူအချို့က ပြည်ထောင်စုအစိုးရ၏ လူမဆန်သော နည်းလမ်းများကို ရှုတ်ချကြသည်။ အချို့က အနာဂတ်တွင် တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခံရမည်ကို စိုးရိမ်ကြကာ ပြည်ထောင်စုအစိုးရအနေဖြင့် ပိုမိုကောင်းမွန်သော အဖြေတစ်ခုဖြင့် ထွက်ပေါ်လာနိုင်မည်ဟု မျှော်လင့်ကြသည်။
အချိန်တစ်ခုကြာသည်အထိ ထိုနတ်ဆိုးများနှင့် ဤဆွေးနွေးမှုများက နေရာတိုင်းတွင်ရှိနေမည်ကို ပြောနိုင်သည်။ ပြည်ထောင်စုအဆင့်မြင့်အရာရှိများအတွက်မူ ချူးယွင်ဖန်း ထုတ်လိုက်သည့် သတင်းများကြောင့်သာ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ သူသည် နတ်စွမ်းအင်ဖြည့်တင်းဆေးဟုခေါ်သော ဆေးကို ဖန်တီးနိုင်ခဲ့ကာ ဤဆေး၏ တစ်ခုတည်းသော အကျိုးသက်ရောက်မှုမှာ လူတို့ကို နတ်အဆင့်သို့ ဝင်ရောက်နိုင်ရန် ကူညီပေးခြင်းဖြစ်သည်။
ဤဆေး၏ အဓိကပါဝင်ပစ္စည်းမှာ နတ်မွန်းစတား၏ အတွင်းအူတိုင်ဖြစ်ကာ ချူးယွင်ဖန်းတွင် နှစ်ရာကျော်ရှိသောကြောင့် ၎င်းသည် နတ်စွမ်းအင်ဖြည့်တင်းဆေးနှစ်ရာကျော်ကို ဖန်တီးနိုင်သည်ဟု ဆိုလိုသည်။ သို့သော်လည်း ဆေးလုံးများစွာရှိသည့်တိုင် ပြည်ထောင်စု၏မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် အများအပြားနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် နည်းလွန်းလှသည်။
ဆေးတစ်လုံးစီ၏စျေးနှုန်းသည် ပြည်ထောင်စုဒေါ်လာ ဘီလီယံ ၂၀ ဖြစ်သော်လည်း အရင်းအနှီးအနေဖြင့် ၎င်းတို့က နတ်စွမ်းအင်ဖြည့်တင်းဆေးအတွက်ပါဝင်ပစ္စည်းများကို ကိုယ်တိုင်စုဆောင်းကြရမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် နတ်မွန်းစတားများ၏ အတွင်းအူတိုင်များကို ပေးကာ ဆေးပြုလုပ်ပေးရန်မှတပါးအ ခြားတာဝန်မယူပေ။ သတင်းထွက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စုမှ အထက်အရာရှိများကြား တုန်လှုပ်သွားခဲ့သည်။ ပြည်ထောင်စုတွင် နတ်အဆင့်အများအပြားမရှိပေ။ သို့သော် အမှန်မှာ နတ်အဆင့် အထွတ်အထိပ်တွင် ပိတ်မိနေသူအရေအတွက်က ဆယ်ဆ သို့မဟုတ် အဆတစ်ထောင်ပိုသည်။
မွေးဖွားခြင်းနယ်မြေအဆင့်များမဆိုနှင့် မွေးဖွားခြင်းနယ်မြေအဆင့်ပမာဏသည် သာမန်လူများ စိတ်ကူးနိုင်သည်ကို ကျော်လွန်နေသည်။ ဆေးတစ်လုံးအတွက် ဘီလီယံ ၂၀ တန်ကြေးသည် စျေးမပေါလှသည့်အပြင် ဆေးအတွက် ပါဝင်ပစ္စည်းများကိုလည်း ကိုယ်တိုင်စုဆောင်းရန် လိုအပ်သည်။ ထို့ကြောင့် သီးသန့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ဒေဝါလီခံသွားစေရန် လုံလောက်သည်။
သို့သော် နတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဥ်လျှင် ဘီလီယံနှစ်ဆယ်မျှသာ ပမာဏက အရေးမကြီးလှသောကြောင့် ရူးသွပ်သွားကြသည့် မရေမတွက်နိုင်အောင် များပြားသောလူများလည်းရှိသည်။
ထို့အပြင် ယခင်က ၎င်းတို့သည် နတ်အဆင့်သို့ တက်လှမ်းခွင့်ရရန် အခွင့်အရေးကို ငွေဖြင့်ပင် မဝယ်နိုင်ခဲ့ပေ။ ယခုမူ ချူးယွင်ဖန်းသည် ထိုသို့သောအခွင့်အရေးကို ပေးနေသည်။ မည်ကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်ကို တွေးကြည့်ရန် လွယ်ကူသည်။
လူတိုင်း ရူးသွားကြသည်။ ချူးယွင်ဖန်းသည် ဖြည့်စွက်ဆေးဖက်ဝင်အပင်များစာရင်းကို ကြေငြာပြီးနောက်တွင် အဆိုပါဆေးပင်များ၏စျေးနှုန်းများသည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် မြင့်တက်လာခဲ့သည်။ မချမ်းသာသော မွေးဖွားခြင်းနယ်မြေအဆင့်ပုဂ္ဂိုလ်များက မတတ်နိုင်ကြတော့ဘဲ စာရင်းကိုသာကြည့်၍ သက်ပြင်းသာချလိုက်ကြသည်။ သို့သော် ချူးယွင်ဖန်းက ဤအရာများကိုဂရုမစိုက်ပေ။ သူလိုချင်သည်မှာ ပြည်ထောင်စု၏ အင်အားက အရှိန်အဟုန်ဖြင့်တိုးလာရန်သာဖြစ်သည်။ သို့သော် ဤလူများထဲတွင် မည်သူက နတ်အဆင့်သို့တက်လှမ်းနိုင်မည်ကို သူဂရုမစိုက်ပေ။
တကယ်တမ်းတွင် တစ်ယောက်တည်းနေထိုင်ကြသည့်ပုဂ္ဂိုလ်များက ဤမျှ ပမာဏကို တတ်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၏ နည်းပြဆရာကျွန်းယွမ်ပင်က သူ့အပေါ် ကျွေးဇူးကျွေး များစွာတင်နေပြီဟု ပြောခဲ့ခြင်းဖြစ်သည်။
ဖြည့်စွက်ဆေးဖက်ဝင်အပင်များကို ဝယ်ယူလိုက်ရုံဖြင့် ကျန်းယွမ်ပင်သည် ဒေဝါလီခံသွားခဲ့ရသည်။
ချူးယွင်ဖန်းသည် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ရာ ၎င်းက ပြည်ထောင်စု၏ အထက်အရာရှိ အများအပြားကို ချက်ချင်း သတိပေးခဲ့သည်။ သူ၏ အဖိုးဖြစ်သူ ယန်ဖေးယန်သည်ပင် ဒဏ်ရာမှသက်သာသေးခြင်းမရှိဘဲ ချူးယွင်ဖန်းနှင့်တွေ့ရန် ခွန်းလွန်သို့ ယာဥ်ပျံစီးလာခဲ့သည်။
"ယွင်ဖန်း၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ မင်းပြည်ထောင်စုကို နတ်အဆင့်တွေ ပြည့်လာစေချင်တာလား” ယန်ဖေးယန်က ချက်ချင်းမေးလိုက်သည်။
ပြည်ထောင်စုအစိုးရအတွက် နတ်အဆင့်ဟူသည် ရက်စက်သော တည်ရှိမှုများဖြစ်ကာ ထိန်းချုပ်ရန် အလွန်ခဲယဥ်းသည်။ ချူးယွင်ဖန်းသည် တစ်ကြိမ်တည်းတွင် နတ်ဘုရားပေါင်း နှစ်ရာကျော်ကို ဖန်တီးချင်နေသည်။ ပြည်ထောင်စု၏ ထိပ်တန်းအရာရှိ အများအပြားက ရူးသွပ်သွားကြသော်လည်း လူများက ပို၍ပင် ရူးသွပ်ကြသည်။ နောင်တွင် နတ်အဆင့် နှစ်ရာကျော် ရှိလာပါက ကိစ္စများကို မည်ကဲ့သို့ စီမံခန့်ခွဲကြရမည်နည်း။ နတ်ကုန်းမြေမှ နတ်အဆင့် ၂၀၀ကျော်အပါအဝင်ဆိုပါက ပြည်ထောင်စုအတွက် စီမံခန့်ခွဲရန် ပိုမိုခဲယဥ်းပေလိမ့်မည်။
"အမှန်ပဲ အဘိုး၊ အဘိုး လက်ရှိအခြေအနေကို မြင်ပြီးပါပြီ။အဏ္ဏဝါမျိုးနွယ်စုနဲ့ နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုနှစ်ဆကို ရင်ဆိုင်နေရတဲ့ ပြည်ထောင်စုမှာ လူသားကျွမ်းကျင်သူ နည်းပါးလွန်းတယ်။ နတ်ကုန်းမြေက ပြည်ထောင်စုနဲ့ ပေါင်းစည်းလိုက်ပြီဆိုပေမယ့် သူတို့က ကိုယ့်လူလောက်တော့ စိတ်မချရဘူးမလား။ နောက်ပြီး သားက အပြင်လူတွေပဲဝယ်လို့ရတယ်လို့ မပြောထားပါဘူး။ တကယ်တော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုတပ်မတော်ကလည်း ဝယ်လို့ရတာပဲမလား”
ချူးယွင်ဖန်း၏ စစ်မှန်သော ဖောက်သည်ကြီးများမှာ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဖြစ်နေဆဲပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ စကားကြောင့် ယန်ဖေးယန်၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။ မှန်သည်။ ၎င်းတို့လည်း ဝယ်၍ရသည်။ အဘယ်ကြောင့် ပြင်ပလူများသာ ဝယ်နိုင်လိမ့်မည်နည်း။ အပြင်ဘက်ရှိလူများနှင့် နှိုင်းယှဥ်ပါက ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့၏ ဏ္ဍာရေးအရင်းအမြစ်များကို ချူးမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုကြီးများကပင် ယှဥ်နိုင်မည်မဟုတ်ပေ။
တကယ်တမ်းတွင် ဤအရာက ၎င်းတို့အတွက် ကောင်းမွန်သောအရာတစ်ခုပင်ဖြစ်သည်။ ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စုတပ်မတော်တို့သည် ဤအခွင့်အရေးကို အသုံးချ၍ ၎င်းတို့၏ ကျွမ်းကျင်သူအရေအတွက်ကို တိုးမြှင့်နိုင်သည်။ ထိုသို့ဖြစ်လာပါက နတ်အဆင့်များကို ကြောက်နေရန် မလိုအပ်တော့ပေ။
ပြည်ထောင်စု၏ ထိန်းချုပ်မှုအောက်တွင် နတ်အဆင့်များကိုထည့်သွင်းလာခြင်းသည် ပြည်ထောင်စု၏ အကြီးမားဆုံး ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သည်။ အတိတ်က မတွေးဝံ့ခဲ့ကြခြင်းမျှသာဖြစ်ရာ နောက်ဆုံးတွင်မူ ဤကျွမ်းကျင်သူများကို ထိန်းချုပ်ရန် မဆိုနှင့် နတ်အဆင့် အနည်းငယ်ကိုပင် ချည်နှောင်နိုင်ရန် ခဲယဥ်းသည်။
ယခု ချူးယွင်ဖန်းက ၎င်းတို့ကို ထိုသို့သော အခြေအနေမျိုးပေးနေခြင်းဖြစ်သည်။
“မင်းပြောတာမှန်တယ်။ ငါ… တစ်ရာ… မဟုတ်ဘူး ဆေးလုံး နှစ်ရာကို ပြည်ထောင်စုကိုယ်စားမှာမယ်” ယန်ဖေးယန်က သူရဲကောင်းဆန်စွာပြောလိုက်သည်။