← Chapters

အခန်း (၁၁၀၅-၁၁၀၇)

Vol. 74 Ch. 1105-1107

အခန်း (၁၁၀၅-၁၁၀၇)

Vol. 74 Ch. 1105-1107

အခန်း(၁၁၀၅) သမ္မတ၏လျှို့ဝှက်ချက်

ကျန်းယွမ်ပင်ပြန်လာပြီးနောက် ချူးယွင်ဖန်း၏ အကြောင်းများကို သိရှိခဲ့ရသည်။ သူနှင့်ဝေးကွာသွားသည့်နှစ်များတွင် ချူးယွင်ဖန်းသည် အံ့မခန်းအရှိန်ဖြင့် ကြီးထွားလာခဲ့သည်။ သမ္မတကြီး အနားတွင် မရှိသော်လည်း ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူအဖြစ် လူသိများလာခဲ့သည်။

ဤအရာသည်နတ်အဆင့်သို့ တက်လှမ်းရုံဖြင့် နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။ တကယ်တမ်းတွင် နတ်အဆင့် အများအပြားရှိသော်လည်း အကောင်းဆုံး အတော်ဆုံးဟု တင်စားခေါ်ဝေါ်နိုင်သူ အနည်းစုသာ ရှိသေးသည်။

ပြည်ထောင်စုကို စည်းရုံးနိုင်သူ နှစ်ဦးသာရှိသည်။ တစ်ယောက်က သမ္မတဖြစ်၍ နောက်တစ်ဦးမှာ ချူးယွင်ဖန်းဖြစ်သည်။

နည်းပြတစ်ဦးအနေဖြင့် ကျန်းယွမ်ပင်သည် ထိုကဲ့သို့သော ကျောင်းသားကို သင်ကြားနိုင်ခဲ့သည့်အတွက် သူ့ဘ၀တွင် နောင်တရစရာမရှိတော့ပေ။ သူ့တွင် ကြီးမားသော ရည်မှန်းချက် မရှိတော့ပေ။

“သမ္မတကြီးက သိပ်သဘောကောင်းတာပဲ၊” ချူးယွင်ဖန်းက ပြုံး၍ပြောသည်။

သူ့အမြင်တွင် သမ္မတက သူ၏ ကျင့်ကြံရေးအဆင့်ကို ကောင်းစွာဖုံးကွယ်ထားသော်လည်း သူ့ထံမှ ဖုံးကွယ်၍ မရပေ။ သမ္မတသည် နတ်အဆင့် အထွတ်အထိပ်တွင်ရှိနေခဲ့ရာ ယခင်က ချူးယွင်ဖန်း၏ ခန့်မှန်းချက်များနှင့် လုံးဝမတူပေ။ ရှေးယခင်က ပြည်ထောင်စုရှိ နတ်အဆင့်များ၏ အစွမ်းသတ္တိကို အခြေခံ၍ သမ္မတကြီး၏ ကျင့်ကြံမှုသည် နတ်အဆင့် သတ္တမအဆင့်တွင်သာ ရှိလိမ့်မည်ဟုခန့်မှန်းခဲ့သည်။ ထို့အဆင့်ထိရောက်နိုင်ခဲ့ခြင်းကပင် သမ္မတအတွက် အလွန် အထင်ကြီးဖွယ်ကောင်းနေပြီဖြစ်သည်ဟုထင်ခဲ့သည်။

ယခု ချူးယွင်ဖန်းသည် သူ၏ယခင်ကြိုတင်ခန့်မှန်းချက်များနှင့် ခန့်မှန်းချက်များအားလုံး မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့သည်။ သမ္မတ၏ ကျင့်ကြံရေးအဆင့်သည် သူတွေးနိုင်သည့်အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်သည်။ ချက်ချင်းပင် မယုံမကြည်နိုင်သကဲ့သို့ဖြစ်သွားရသည်။ ချူးယွင်ဖန်းကဲ့သို့ မယုံနိုင်ဖွယ်ကောင်းလောက်သော အမွေများကို လက်ခံရရှိခဲ့ခြင်းမဟုတ်ပါက သာမန်အခြေအနေတွင်၊ လူတစ်ယောက်သည် မည်မျှပင် ကြံ့ခိုင်ပါစေ၊ ဤအဆင့်နှင့် ဤအဖွဲ့၏ ကန့်သတ်ချက်များကို လုံးလုံးကျော်ဖြတ်ရန် ခက်ခဲသည်။

နှစ်ရာဂဏန်းမျှသာ ဖွံ့ဖြိုးလာခဲ့သည့် ပြည်ထောင်စု၏သိုင်းပညာသည် အမှန်တကယ် အကန့်အသတ်ရှိသည်။ ဘိုးဘေးချူးနှင့် အခြားသူများကို ကြည့်ရုံဖြင့် ဤအရာကို မြင်နိုင်သည်။ ချူးယွင်ဖန်းပင်လျှင် ဤကန့်သတ်ချက်ကို မကျော်လွန်ခဲ့ပေ။

သို့သော် သမ္မတကြီးသည်မူ လုံးဝ ကွာခြားနေ၏။

ချူးယွင်ဖန်းက သမ္မတနှင့်ပတ်သက်သည့် အချက်အလက်များကို ပြန်တွေးကြည့်လိုက်သည်။ အခြာ းသူများနှင့် ယှဥ်ပါက သမ္မတကြီးသည် ရုတ်ချည်းပေါ်လာခဲ့ခြင်းဖြစ်ရာ လေဟာနယ်ထဲမှပင် ပေါ်လာသည်ဟု ပြော၍ရသည်။

သမ္မတက တာအိုကျင့်ကြံမှုမှ ထွက်လာခဲ့ပြီးစဥ်ကတည်းက သူက အလွန်အမင်း ကြံ့ခိုင်နေခဲ့ပြီးဖြစ်ရာ အချိန်မကြာလိုက်ဘဲ နတ်အဆင့်ကျွမ်းကျင်သူဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူက ကျွမ်းကျင်သူများစွာကို အနိုင်ယူကာ ပြည်ထောင်စု၏ ထိပ်တန်းကျွမ်းကျင်သူဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် သူသည် ပြည်ထောင်စု၏ သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတဖြစ်လာပြီးနောက်၊ ၎င်းသည် သူ၏ဒဏ္ဍာရီလာ ဘဝ၏အစဖြစ်သည်။ သူ့ရှေ့တွင် ဤမျှ သြဇာကြီး၍ အာဏာစက်သက်ရောက်သော သမ္မတ တစ်ခါမျှ မရှိခဲ့ဖူးပေ။ မကြာသေးမီကပင် ပြည်ထောင်စု၏ ယခင်သမ္မတက ပစ်မှတ်ထားခံရကာ အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ထိုအချိန်က သမ္မတက နတ်အဆင့်ဖြစ်ရန် မဖြစ်နိုင်သော်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးသည်။ သို့သော် လက်ရှိ သမ္မတက တာဝန်လွှဲပြောင်းယူခဲ့သောအချိန်မှစ၍ အခြေအနေက လုံးလုံးလျားလျား ပြောင်းပြန်လှန်သွားခဲ့သည်။

သူတိုက်ချင်သော မည်သူ့ကို မဆို သူတိုက်ခိုက်မည်ဖြစ်ရာ သူတာဝန်ယူခဲ့စဥ်ကာလတစ်လျှောက် ပြည်ထောင်စု၏ ပြည်တွင်းပြည်ပ ပဋိပက္ခများကို ပိုင်းခြားကာ အဖွဲ့အားလုံးကြား ပဋိပက္ခများကို ကိုင်တွယ်ခဲ့သည်။

ဤနည်းလမ်းအားလုံးသည် ချူးယွင်ဖန်း၏မကြာသေးမီက ပြုလုပ်ခဲ့သော နည်းလမ်းများနှင့် ပြည်ထောင်စု၏ ပြည်တွင်းပြည်ပ ကွဲလွဲမှုများကို ခွဲထုတ်ရာတွင် တစ်ထပ်တည်းတူညီလုနီးပါးပင်ဖြစ်သည်။ မယုံကြည်သူတိုင်းကို ရိုက်နှက်ဆုံးမလိုက်ပါက အားလုံးအဆင်ပြေသွားပေလိမ့်မည်။

သို့သော်လည်း ဤမူဝါဒသည် အလွန်ခိုင်မာသောကျင့်ကြံရေးအခြေခံရှိရန် လိုအပ်သည်။ ကြည့်ရသည်မှာ သမ္မတကြီးတွင် ဤကဲ့သို့ ခွန်အားမျိုးရှိခြင်းဖြစ်သည်။ နတ်အဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူတစ်ဦးသည် အမှန်စင်စစ်ပင် ကမ္ဘာ၏ ထိပ်ဆုံးတွင်ရှိသည်။ ထိုစဥ်က ပြည်ထောင်စုအတွင်းရော အပြင်ကပါ ကျွမ်းကျင်သူများ၏ ခွန်အားကို ကြည့်ပါက သမ္မတနှင့် ယှဥ်နိုင်သောသူမရှိပေ။

ဤကိစ္စတွင် သမ္မတ၏ အာဏာအတွက် ရှင်းလင်းချက်တစ်ခု ရှိသည်။ သူ့၏ ခွန်အားနှင့် ပြည်ထောင်စုအတွင်းနှင့် အပြင်တွင် လူဆိုးများကို ကောင်းချင်ယောင်ဆောင်နေရန် မလိုအပ်ပေ။ ချူးယွင်ဖန်းကဲ့သို့ပင် သူသည် ဤလူဆိုးများအပေါ် ကောင်းချင်ယောင်ဆောင်နေမည်မဟုတ်ပေ။ သူ၏ ပုံမှန်ဗျူဟာမှာ ခုန်ချလာသူမှန်သမျှကို သတ်ပစ်ရန်ပင်ဖြစ်သည်။ ချူးယွင်ဖန်းက ဤအဆင့်အထိ သမ္မတကြီး မည်သို့ ကျင့်ကြံခဲ့သည်ကို မသိသော်လည်း ၎င်းနောက်ကွယ်တွင် မသိသည့်အရာတစ်ခုရှိကြောင်း ထင်ရှားလှသည်။

"ငါမင်းကိုချီးကျူးတာမဟုတ်ဘူး ကျွတ် ကျွတ် မင်း တစ်နေ့ ဒီလောက်ကြီး တိုးတက်လာလိမ့်မယ်လို့ ငါမမမျှော်လင့်ထားဘူးကွ။ မင်းက နတ်အဆင့်မ အထွတ်အထိပ်ကို မရောက်သေးပေမယ့် တိုက်ခိုက်ရေးစွမ်းအားအရ၊ သာမန်နတ်အဆင့်တွေက မင်းနဲ့မယှဥ်နိုင်မှာစိုးမိတယ်”

ချူးယွင်ဖန်းက ရိုးရှင်းစွာ ပြုံးကာ ယင်းကို မငြင်းဆိုလိုက်ပေ။

“မေးစရာလေးရှိတယ်။ ဆရာကျန်းက ဘာလို့ သမ္မတနဲ့ အတူရှိနေတာလဲ” ချူးယွင်ဖန်းက ရိုးသားစွာမေးလိုက်သည်။

“ငါ့ကို လိုက်ဖမ်းတုန်းက သမ္မတက ငါ့ကို ကယ်ခဲ့တာလေ။ မဟုတ်ရင် ငါသေသွားလောက်တာ ကြာပဲီ။ တကယ်တော့ ငါတို့ အလုပ်ရှုပ်နေလို့ လွန်ခဲ့တဲ့ နှစ်တွေက သတင်းသိပ်မကြားကြရတာ”

ချူးယွင်ဖန်းက သူ့ဆရာက သမ္မတကကယ်တင်လိုက်ခြင်းဖြစ်ကြောင်း ရုတ်တရက် သိလိုက်သည်။ ကျန်းယွမ်ပင်၏ ရုတ်တရက် ဖြတ်တောက်ခံလိုက်ရသော လက်ကို လှမ်းကြည့်လိုက်သောအခါ ဇီဝနည်းပညာဖြင့် အစားထိုးထားသည်ကို သူမြင်လိုက်ရသည်။ အခြားလက်တစ်ဖက်နှင့် နှိုင်းယှဥ်ပါက ချူးယွင်ဖန်းသည် ဤဇီဝစက်ရုပ်လက်တွင် စွမ်းအင်အဆင့်က များစွာ နိမ့်ကျနေသည်ကို ခံစားသိရှိနိုင်သည်။

“မှန်တယ်။ ကျုပ်တို့ အရမ်းအန္တရာယ်များတဲ့ လူတစ်ယောက်ကို လိုက်ရှာနေကြတာ” သမ္မတက လေးနက်သောအမူအရာဖြင့် ပြောသည်။

“ပိုပြီးတိတိကျကျပြောရရင် ငါတို့ နှစ်ယောက် သူ့ကို သတ်ချင်ပေမယ့် အခွင့်အရေးကို မရှာတွေ့သေးဘူး”

“အဲ့လူက သူ့ကိုယ်သူ ‘နတ်ဘုရား’လို့ခေါ်လား” ချူးယွင်ဖန်းက မေးသည်။

“အမှန်ပဲ အဲ့တာသူပဲ။ မင်း သူ့ကို သိမယ်လို့ ငါမထင်ထားဘူး” သမ္မတက အံ့သြတကြီးပြောသည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နတ်ကျွန်အဖွဲ့အစည်းနှင့် တိုက်ခိုက်ခဲ့သည့် အကြိမ်အနည်းငယ်အကြောင်းကို ချက်ချင်းပြောပြခဲ့သည်။

"ဟားဟား၊ ကောင်းတယ်" သမ္မတကြီးက လက်ခုပ်တီး၍ ရယ်မောလိုက်သည်။

“မင်း သူ့ကို အရမ်းစိတ်ဆိုးအောင်လုပ်လိုက်မိတာ သေချာတယ်။ အဲ့ နတ်ကျွန်တွေကို သူကိုယ်တိုင် ရွေးချယ်ထားတာကွ။ သူတို့က နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားပို့ချပေးထားတဲ့ အရမ်းထက်မြက်တဲ့လူတွေပဲ။ ပြီးတော့ မင်းက သူတို့ကို ရိုးရိုးရှင်းရှင်းလေးသတ်ပစ်လိုက်တယ်လေ။ အဲ့အဘိုးကြီး ဆွေ့ဆွေ့ခုန်နေတော့မှာ သေချာတယ်။ မင်းကောင်းကောင်းလုပ်လိုက်တာပဲ”

ချူးယွင်ဖန်းက ပြုံးလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း လက်စားချေရမည့်အစား ပြီးခဲ့သော နှစ်အနည်းငယ်တွင် နတ်ကျွန်အဖွဲ့က သူ့ကို ပြဿနာရှာနေခဲ့ရုံသာလုပ်ဆောင်ခဲ့သည်ကို နားလည်သွားသည်။

နောက်ဆုံးတွင် နတ်ကျွန်အဖွဲ့တွင် လက်ရှိအင်အားဖြင့် ထိုအချိန်က သူ့ကို ဖျက်ဆီးရန် ခက်ခက်ခဲခဲကြိုးစားရမည်မဟုတ်ပေ။ သို့သော် နတ်ကျွန်အဖွဲ့အစည်းက လှုပ်ရှားခြင်းမပြုခဲ့ပေ။

နတ်ကျွန်အဖွဲ့နှင့် သမ္မတတို့ ရောယှက်နေခြင်းဖြစ်ကြောင်း ယခု သူနားလည်သွားရသည်။ သူနှင့်ဆက်ဆံရန် အချိန်မရှိကြောင်း အံ့သြဖွယ်မရှိပေ။ သို့သော် နှစ်အနည်းငယ်အတွင်း ဤအတိုင်းအတာအထိ တိုးတက်လာလိမ့်မည်ဟု အခြားတစ်ဖက်က မျှော်လင့်ထားမည်မဟုတ်ပေ။

ဘေးတွင်ရပ်နေသော ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို တအံ့တသြကြည့်နေသည်။ သူသည် သမ္မတနှင့်အတူ နတ်ကျွန်အဖွဲ့အစည်းနှင့် တစ်ကြိမ်ထက်ပို၍ တိုက်ပွဲဝင်ခဲ့သောကြောင့် ထို နတ်ကျွန်များ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သဘာဝကျကျ နားလည်သဘောပေါက်ခဲ့သည်။ ယခုမူ ထိုနတ်ကျွန်များသည် ချူးယွင်ဖန်း၏လက်ထဲတွင် တယောက်ပြီး တယောက် လဲကျသွားခဲ့ပြီဖြစ်သည်။

သူ့တပည့်၏ အောင်မြင်မှုများသည် ကောလဟာလများမှကြားရသည်ထက် ပိုမိုကြီးမားသည်။

“ဒါပေမယ့် ကျုပ် နတ်ကျွန်ဘယ်လောက်သတ်ခဲ့သလဲဆိုတာ အရေးမပါတော့ဘူး။ အဲ့ နတ်ဘုရားဆိုတဲကောင်က အသာစီးရနေတုန်းပဲ။ ဒါက ရွှေအမတေအဆင့်ကို တက်လှမ်းပြီးသွားလို့ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ယူဆနေတဲ့သူပဲ။ ဒီကမ္ဘာမှာ သူ့ကိုယ်သူ နတ်ဘုရားလို့ ခေါ်ဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး” ချူးယွင်ဖန်းက သက်ပြင်းချလိုက်သည်။

အခန်း(၁၁၀၆) သမ္မတနှင့် နတ်ဘုရား၏ မူလအစ

ချူးယွင်ဖန်းက နတ်ကျွန်ပေါင်းမည်မျှကို သတ်ခဲ့စေကာမူ နတ်ဘုရားကို မသတ်နိုင်ပါက အရာအားလုံးက အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။ နတ်ဘုရားသည် နောက်ထပ် နတ်ကျွန်အနည်းငယ်ကို အချိန်မရွေး မြှင့်တင်နိုင်သောကြောင့်ပင်ဖြစ်ကာ အရေးအကြီးဆုံးမှာ သူကိုယ်တိုင်က နတ်ဘုရားဖြစ်နေခြင်းကြောင့်ဖြစ်၏။

ရွှေအမတေအဆင့်ခွန်အားဖြင့် သူသည် ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသည်။ သူ့ကိုယ်သူ နတ်ဘုရားဟု ခေါ်၍ မဖြစ်နိုင်ခြင်းမျိုးမဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သူ့ကို ၎င်းတို့ မတိုက်ခိုက်နိုင်ကြပေ။

"မှန်ပါတယ်။ အဓိကက အဲ့အဘိုးကြီးပဲ” သမ္မတကြီးက လေးနက်သောအမူအရာဖြင့်ပြောကာ ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ ငါသူ့ကို ချေမှုန်းပစ်မလို့ ပြန်လာခဲ့တာ”

“ငါလုပ်ခဲ့တဲ့ ပြဿနာကို ငါကိုယ်တိုင်ရှင်းပါ့မယ်” သူက ခပ်တိုးတိုးရေရွတ်သည်။

ချူးယွင်ဖန်းသက်ပြင်းချလိုက်သည်။ သမ္မတသည် နှစ်အတော်ကြာ ပျောက်ကွယ်သွားခဲ့သော်လည်း ပြည်ထောင်စုအတွက် ထိုနတ်ဘုရားကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။ အကယ်၍ နတ်ဘုရားသာ လွန်ခဲ့သော နှစ်အနည်းငယ်က ရုတ်တရက် တိုက်ခိုက်လာပါက ချူးယွင်ဖန်းတွင် မျှော်လင့်ချက် လုံးလုံးရှိတော့မည်မဟုတ်ပေ။

“ဆရာ… နတ်ဘုရားကို ကိုင်တွယ်နိုင်လား” ချူးယွင်ဖန်း၏ မျက်လုံးများ အရောင်တောက်လာသည်။

"ငါ အကောင်းဆုံး ကြိုးစားနေပါတယ်။ ငါ ပြန်မလာခင် ပြည်ထောင်စုရဲ့ အနာဂတ်ကို စိတ်ပူခဲ့တယ်။ အခု မင်းလို ထူးချွန်တဲ့ ဂျူနီယာတစ်ယောက်ကို တွေ့လိုက်ရတော့ ငါ စိတ်သက်သာရာ ရသွားပြီ" သမ္မတက သက်ပြင်းချလိုက်သည်။

"ဆရာ နတ်ဘုရားက ခင်ဗျားနဲ့ဆိုင်တယ်လို့ ပြောနေတာလား” ချူးယွင်ဖန်းက သမ္မတပြောခဲ့သမျှကို ပြန်တွေးကြည့်သည်။

သမ္မတက ခေါင်းညိတ်လိုက်၏။

“အခု ကိစ္စတွေက ဒီအခြေအနေထိရောက်လာမှတော့ ငါ ဖုံးကွယ်နေစရာမရှိတော့ပါဘူး။ ငါမင်းကို ဘာဖြစ်ခဲ့လဲဆိုတာ မြန်မြန်ရှင်းပြမယ်”

သမ္မတ၏အမြင်တွင် ချူးယွင်ဖန်းကို တစ်နည်းတစ်ဖုံဖြင့် ဆက်ခံသူဟု သတ်မှတ်နေသောကြောင့် မူလက လူသိရှင်ကြားမကြေညာလိုသော လျှို့ဝှက်ချက်အချို့ကို ပြောပြချင်စိတ်ဖြစ်လာခြင်းဖြစ်သည်။

“အမှန်တရားက နတ်ဘုရားနဲ့ ငါဟာ ခွန်းလွန်နယ်မြေက မဟုတ်ဘူး” သမ္မတကဤအကြောင်းကို အေးဆေးတည်ငြိမ်စွာ ပြောပြခဲ့သည်။

“သူနဲ့ ငါ နှစ်ယောက်လုံးက ဝိဉာဥ်နယ်မြေကလာခဲ့ကြတာ။ အဲ့တုန်းက ငါ အရမ်းငယ်သေးတယ်။ နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားတဲ့ ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို ငါ မတော်တဆ တွေ့ခဲ့တယ်။ အဲ့တာကို ပြောင်းပြန်ပို့ဆောင်ရေးစနစ်အဖြစ် အဆင့်မြှင့်ကြည့်လိုက်ပြီးတော့ ငါတို့ ခွန်းလွန်နယ်မြေကိုရောက်လာကြတာ။ အဲ့တုန်းက အဲ့အဘိုးကြီးလည်း ငါနဲ့လိုက်လာတယ်”

"သူနဲ့ငါက ဝိဉာဥ်နယ်မြေမှာတည်းက ရန်သူတွေဖြစ်ခဲ့တာ အခု ခွန်းလွန်နယ်မြေအထိ ငါတို့ရဲ့ရန်စက မြဲနေခဲ့တယ်။ ငါ သူ့ကို နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့အကြောင်းကို ငါသိရပြီး သူ့ကိုလိုက်ရှာခဲ့တယ်။ ပြီးတော့ ထောင်ချောက်ထဲကျပြီး ပိတ်မိသွားတာပဲ” သမ္မတကြီးက ဆက်ပြောသည်။

“ငါ သူ့ကို အဲ့မှာတည်းက ရှာနေတာ။ ဒါပေမယ့် သူက ငါ့ထပ်အရင် ရွှေအမတေအဆင့် ရောက်သွားတယ်”

ရုတ်တရက်ဆိုသကဲ့သို့ပင် သမ္မတက ချူးယွင်ဖန်းကိုကြည့်၍ ခပ်ပါးပါးပြုံးလိုက်သ်ည။

“ခွန်းလွန်နယ်မြေမှာ ရွှေအမတေအဆင့်အကြောင်းသိတဲ့လူ များများစားစားမရှိဘူး။ ကြည့်ရတာ မင်း ကံကြမ္မာကောင်းတစ်ခုခု ကြုံခဲ့တယ်ထင်တယ်”

သို့သော် လူတိုင်းတွင် ၎င်းတို့၏ လျှို့ဝှက်ချက်များရှိသောကြောင့် သမ္မတက ထပ်မေးရန် ရည်ရွယ်ချက်မရှိပေ။ နတ်အဆင့်သို့ဝင်ရောက်ရန် လူတိုင်းတွင် စွန့်စားခန်းများစွာရှိရမည်။

"သူက ငါရှာခဲ့တဲ့ ပြဿနာမို့လို့ ငါဖြေရှင်းရမယ်။ ပြည်ထောင်စုက ငါ့အိမ်မဟုတ်ပေမယ့် ပြည်ထောင်စုရဲ့ သမ္မတဖြစ်ခဲ့တာ နှစ်တွေကြာခဲ့ပြီ။ ငါ့အမြင်မှာတော့ ပြည်ထောင်စုက ငါ့အိမ်ပဲ၊ အဲ့အဘိုးကြီးက ပြည်ထောင်စုကို ဖျက်ဆီးပစ်ချင်နေတာ။ ငါသေရင်တောင်မှ သူ့ကိုတားမယ်”

သမ္မတက အံကိုကြိတ်လိုက်သည်။ သူ၏ စိတ်ဆန္ဒက ခိုင်မာကာ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် တောက်ပလာသည်။

"ပြည်ထောင်စုရဲ့ အနာဂတ်အတွက် ငါစိတ်ပူမိတယ်။ ဒါပေမယ့် အခု မင်း၊ ချူးဟောက်ယွဲ့နဲ့ တန်စီယုတို့က အားလုံး အံ့ဩစရာကောင်းလောက်အောင် ကြီးပြင်းလာကြတော့ နောက်ဆုံးတော့ စိတ်လျှော့နိုင်ပါပြီ"

"ဆရာ ကျုပ်မှာ နတ်ဘုရားကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိတာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျုပ် အချိန်လိုတယ်။ ကျုပ်ကို အချိန်နည်းနည်းလောက်ပိုပေးရင် သူ့ကို တိုက်ဖို့ နည်းလမ်းရှိလာလိမ့်မယ်” ချူးယွင်ဖန်းက ပြောသည်။

သမ္မတသည် ချူးယွင်ဖန်းကို အံ့သြတကြီးကြည့်လိုက်သည်။

“အဲ့လိုဆို အရမ်းကောင်းတယ်” ကျန်းယွမ်ပင်က ကမန်းကတန်းပြောလိုက်သည်။

သမ္မတက သူ့လျှို့ဝှက်ချက်ကို ပြောခဲ့စဥ်က ကျန်းယွမ်ပင်ကို မရှောင်ခိုင်းခဲ့ပေ။ ထင်ရှားသည်မှာ၊ သူ့ကို ပြီးပြည့်စုံသော လူယုံအဖြစ်သတ်မှတ်ထားခြင်းပင်ဖြစ်လိမ့်မည်။

"စကားမစပ် ဆရာ ဝိညာဉ်နယ်မြေဆိုတာ ဘယ်လိုနေရာလဲ" ချူးယွင်ဖန်းက မေးသည်။

ချူးယွင်ဖန်းသည် သာမန်လူများနှင့် မတူပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရရှိပြီးနောက် ဤကမ္ဘာရှိ မြင်ကွင်းများက ခွန်းလွန်နယ်မြေနှင့်ကွာခြားကြောင်း သူသိခဲ့သည်။ ရှေးဟောင်းလူသားကာလတွင် ခွန်းလွန်နယ်မြေကို အဓိကအဖြစ်အသုံးချကာ နယ်မြေအားလုံးကို သိမ်းပိုက်ရန် အသုံးပြုခဲ့ကြဖူးသည်။

“ဒါက ဇာတ်လမ်းရှည်တယ်။ ဒါပေမယ့် မင်းအဆင့်မှာ ရှေးဟောင်းလူသားကာလရဲ့ နောက်က လျို့ဝှက်ချက်တစ်ချို့ကိုသိနေလောက်ပြီပေါ့။ မဟုတ်လား။ ပြီးတော့ ဒီလျှို့ဝှက်ချက်ထဲမှာ၊ တက်ကြွမှုဆိုတဲ့ စကားတစ်ခွန်းရှိတယ်လေ။"

“ဟုတ်တယ် အဲ့တာတွေအားလုံးကို ကျုပ်သိတယ်။၊ ဒါပေမယ့် အဲ့ရှေးစာအုပ်တွေမှာ ပြထားတဲ့ ကမ္ဘာတက်ခြင်းဆိုတဲ့အရာက အမှန်ပဲလား” ချူးယွင်ဖန်းက အံ့သြစွာပြောသည်။

လူတစ်ယောက်က ကန့်သတ်ချက်များကို အတိုင်းအတာတစ်ခုထိ ကျော်ဖြတ်ရန် အလွန်အမင်း မခက်ခဲနိုင်ပေ။ သို့သော် ယဉ်ကျေးမှုတစ်ရပ်လုံး တက်လှမ်းရန်မှာမူ အလွန်ကြောက်စရာကောင်းသော အရာတစ်ခုဖြစ်သည်။ ဤအရာသည် လက်ရှိ ပြည်ထောင်စုက စိတ်ကူးယဥ်နိုင်သည့်အရာတစ်ခုမဟုတ်ပေ။

"အရမ်းကြာနေပြီဆိုတော့ အဲ့နှစ်က ဘာဖြစ်သွားမှန်းတော့ အတိအကျမသိပေမယ့် ဖြစ်သွားပြီလို့ ပြောလို့ရတယ်။" သမ္မတသည် ချူးယွင်ဖန်းကိုကြည့်ကာ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်သည်။ "ဒါပေမယ့် ရှင်းပါတယ် အဲ့တာက မအောင်မြင်ဘူး။ အနည်းဆုံးတော့ ငါသိသလောက်တော့ သူတို့ မအောင်မြင်ဘူး။ အဲ့တုန်းက ဝိဉာဥ်နယ်မြေမွေးဖွားလာခဲ့တယ်။ အဲ့ဝိညာဉ်နယ်မြေမှာ ရှေးခေတ် ပို့ဆောင်ရေးစည်းချိပ်တစ်ခုကို ငါ အမှတ်တမဲ့ ရှာတွေ့ပြီး ပြောင်းပြန်လှန်လိုက်တယ်။ ဒီလိုနဲ့ ငါ ခွန်းလွန်နယ်မြေကို ရောက်လာတယ်။ ခွန်းလွန်နယ်မြေနဲ့ ဝိဉာဥ်နယ်မြေကြားမှာ ဆက်စပ်မှု ရှိမှာ သေချာတယ်။"

ချူးယွင်ဖန်းသည် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲမှ တုန်လှုပ်ချောက်ချားမှုသည် ဖော်ပြ၍မရနိုင်ပေ။ ကမ္ဘာတစ်ခုလုံး တက်လှမ်းမှုက ထိုစဥ်က အမှန်ပင်ဖြစ်ခဲ့သည်။ အဆုံးတွင် ဘာကြောင့် ကျရှုံးခဲ့ရသည်ကို သူမသိသော်လည်း၊ ဤသည်မှာ အံ့သြဖွယ်ကောင်းသော စွမ်းဆောင်မှုဖြစ်သည်ကို သံသယဖြစ်စရာ မရှိပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှတစ်ဆင့် ဤ ကြီးကျယ်ခမ်းနားသော အခါသမယကို သူမြင်ခဲ့ရသောကြောင့် ၎င်းသည် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်ဟု သူခံစားရသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းယွမ်ပင်က ယင်းကို များများစားစားမစဥ်းစားပေ။ သူ့တွင် ကမ္ဘာတက်လှမ်းခြင်းဟုခေါ်သောအရာနှင့်ပတ်သက်၍ အနည်းငယ်သော အသိရှိသော်လည်း အတိအကျကိုမူ သူမသိခဲ့ပေ။

“အဲ့ ပို့ဆောင်ရေးစည်းချိပ်က အဲ့နေရာမှာ ရှိနေတုန်းလား” ချူးယွင်ဖန်းက မေးသည်။

“ငါတို့ ဒီကိုလာပြီးတော့ ပို့ဆောင်ရေးစည်းက ပျက်သွားပြီ။ အစကတော့ သိပ်မတည်မငြိမ်ဖြစ်နေတာ အဲ့တာကို ပြောင်းပြန်ပို့ဆောင်ရေးစည်းအဖြစ်ပြောင်းပြီးတော့ ပျက်ဆီးသွားတယ်” သမ္မတက ခေါင်းခါ၍ ပြောသည်။

“ဒါပေမယ့်၊ ငါသိတာက ဒီနတ်ဘုရားအိုကြီးက တစ်နှစ်ပတ်လုံး အဲ့တာကို ပြန်ပြင်နေခဲ့တာ။ သူ ဝိဉာဥ်နယ်မြေကိုပြန်သွားချင်နေတယ်ထင်တယ်”

သမ္မတက ခဏမျှ စဉ်းစားပြီးနောက် ချူးယွင်ဖန်းကိုကြည့်၍ ပြောလိုက်သည်။

“ဒီပို့‌ဆောင်ရေးစနစ်က အဆုံးမဲ့ပင်လယ်ရဲ့ အတွင်းပိုင်းက ကျွန်းတစ်ကျွန်းပေါ်မှာပါ။ မင်းအတွက် အရမ်းအရေးကြီးတယ်လို့ ငါထင်တယ်"

အခန်း(၁၁၀၇) နတ်ဘုရားကို ပိုင်းဖြတ်ပစ်ရန် ရည်ရွယ်ချက်

"ရေထဲမှာ နဂါးအစစ်ကို မွေးမြူလို့ မရဘူး။ မင်းရဲ့ ကျင့်ကြံရေးအဆင့်အရ မင်းဟာ ကမ္ဘာရဲ့ ထိပ်ပိုင်းကို ရောက်နေပြီ။ မင်းဆက်ပြီး ကျင့်ကြံမယ်ဆို တစ်နေ့မှာ ရွှေအမတေအဆင့်ကို ရောက်နိုင်ပေမယ့် အဲ့တာက မင်းနဲ့ သိပ်မကိုက်ညီဘူး" သမ္မတက ဆက်ပြောသည်။ " ငါပြန်လာကတည်းက မင်းအကြောင်း အများကြီး လေ့လာပြီးပြီ။ အရည်အချင်းနဲ့ အမွေဆက်ခံမှုကို ယှဉ်ကြည့်ရင် မင်းလိုမျိုး ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး”

သမ္မတက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ ချူးယွင်ဖန်းသည် ထူးထူးခြားခြား အမွေအနှစ်တစ်ခုကို အမွေဆက်ခံထားခြင်းဖြစ်ကြောင်းသူသိသည်။ ထို့ကြောင့် သူသည် သူ၏အထက်တန်းကျောင်း တတိယနှစ်တွင် ကြီးမားသောပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ယင်းက အရေးမကြီးလှပေ။ အရေးကြီးသည်မှာ ချူးယွင်ဖန်းက ဤမျှ အံ့သြဖွယ်ကောင်းသော အရည်အချင်းများကိုပြသခဲ့ခြင်းပင်ဖြစ်သည်။

"ဒါကြောင့် ဝိညာဉ်နယ်မြေက မင်းအတွက် အသင့်တော်ဆုံးနေရာလို့ ငါ လုံးဝယုံကြည်တယ်” သမ္မတက သက်ပြင်းချကာ ပြောလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သမ္မတက ဝိညာဉ်နယ်ပယ်အကြောင်း ပြောသောအခါ သူ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ခွန်းလွန်နယ်မြေက သူ့အတွက် လုံလုံလောက်လောက် မကြီးမားကြောင်း သူခံစားမိနေပြီဖြစ်သည်။ ဤတွင် ရွှေအမတေအဆင့် ကျွမ်းကျင်သူများပင်လျှင် ပြိုင်ဘက်ကင်းဖြစ်နေပေလိမ့်မည်ဖြစ်၏။

ထို့အတူ နှစ်နှစ်ရာ သို့မဟုတ် တစ်ထောင်အတွင်း ဤနေရာသည် ရှေးဟောင်းလူသားကာလ၏ ဘုန်းအသရေကို ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ချူးယွင်ဖန်းအတွက်မူ ထိုအချိန်သည် ရှည်လွန်းလှသည်။

ဝိဉာဥ်နယ်မြေသည် ချူးယွင်ဖန်းကို ပို၍ကြီးမားသေစင်မြင့်တစ်ခုရောက်စေနိုင်မည်မှာ သေချာသည်။ ယင်းက သူ့ကို ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ၏ ရှေ့မှ ဘိုးဘေးများ၏ ခြေရာကို လိုက်နိုင်မည်ဖြစ်သည်။

ကမ္ဘာတစ်ခုလုံး တက်လှမ်းခြင်းအကြောင်းကို သူသိနိုင်မည်ဟုထင်ခဲ့သော်လည်း သမ္မတကြီးသည်လည်း ထိုအကြောင်းကို မသိသည်မှာထင်ရှားသည်။ တက်လှမ်းမှုက အချိန် ကြာမြင့်ခဲ့ပြီဖြစ်ကာ ထို ဝိဉာဥ်နယ်မြေတွင်ရှိခဲ့စဥ်က သမ္မတကြီးပင်လျှင် ငယ်ရွယ်သေး၍ နတ်အဆင့်တွင်မရှိသေးပေ။ ထို့ကြောင့် ဤသို့သော လျို့ဝှက်ချက်များကို သူ မည်သို့ ထိတွေ့နိုင်မည်နည်း။

တက်လှမ်းခြင်း၏လျှို့ဝှက်ချက်နှင့်ပတ်သက်၍ ချူးယွင်ဖန်းသည် ၎င်းကိုစူးစမ်းလေ့လာရန် ဝိဉာဥ်နယ်မြေသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရမည်ဖြစ်သည်။

“ယွင်ဖန်း ငါ ဆုံးဖြတ်ချက်ချပြီးပြီ။ နတ်အဆင့် ညီလာခံကျင်းပပြီး နတ်ကုန်းမြေနဲ့ ခွန်းလွန်မြေက နတ်အဆင့်တွေအားလုံးကို ခေါ်လိုက်မယ်”

“ဘယ်လို” ချူးယွင်ဖန်းက ထိတ်လန့်သွားသည်။

“ဆရာ နတ်အဆင့်တွေက အခွင့်အရေးကို လွယ်လွယ်နဲ့ လက်လွှတ်မခံမှာကိုစိုးတယ်”

သမ္မတက သူ့နာမည်ကိုသုံး၍ နတ်အဆင့်ညီလာခံခေါ်ကာ ပြည်ထောင်စုတစ်ခုလုံးက နတ်အဆင့်များကိုစုစည်းစေချင်သည်။ ဤသည်မှာ နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများအတွက် အခွင့်ကောင်းတစ်ခုလည်းဖြစ်သည်။ ပြည်ထောင်စုတစ်ဝှမ်းမှ ကျွမ်းကျင်ပညာရှင်များအားလုံးကို တစ်ရှိန်ထိုး ဖမ်းဆုပ်နိုင်စေမည့် အခွင့်အရေးဖြစ်သည်။

ချူးယွင်ဖန်းသာ နတ်ဘုရားဟုခေါ်သောသူဖြစ်မည်ဆိုပါက၊ ဤအခွင့်အရေးကြီးကို လက်လွှတ်ခံမည်မဟုတ်ပေ။ အကယ်၍ နတ်ဘုရားသည် ခွန်းလွန်နယ်မြေကို ပေါင်းစည်းရန် ရည်ရွယ်ချက်ရှိလျှင် ဤသည်မှာ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် လွှမ်းမိုးနိုင်သောစွ်းအားရှိနေသောကြောင့်ဖြစ်သည်။ သူ့ရှေ့တွင် နတ်အဆင့်များက မည်သည့်အဆင့်မျှမရှိပေ။ နျူကလီးယားဗုံးများမဆိုနှင့် မြို့တော်သည် အကြီးစားလက်နက်များစွာကို အသုံးမပြုနိုင်‌သော ကမ္ဘာ့အကောင်းဆုံးနေရာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အလွန်သတိထားရပေမည်။

ထိုသို့သောနေရာမျိုးတွင်တိုက်ခိုက်ခြင်းက ကိုယ့်ခြေကိုယ့်လက်များကို ကြိုးဖြင့်ချည်လိုက်ခြင်းနှင့် ထူးမခြားနားပင်ဖြစ်သည်။ ပင်းဟိုင် နှင့် အခြားမြို့နှစ်မြို့ တွင် ယခင်တိုက်ပွဲများမှ၊ ချူးယွင်ဖန်းသည် နတ်ဘုရားက မြို့၏ ခံစစ်ကို ဖြတ်ကျော် နိုင်စွမ်းရှိကြောင်း ပြောပြနိုင်သည်။ မြို့တော်၏ ခံစစ်သည် ဘင်ဟိုင်းမြို့ထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း ချူးယွင်ဖန်းသည် နတ်ဘုရား၏ တိုက်ခိုက်မှုကို ရပ်တန့်နိုင်မည်ဟု ယုံကြည်ခြင်းမရှိပေ။

ဤသည်က အန္တရာယ်များသော အခိုက်အတန့်ဖြစ်လိမ့်မည်မှာ သံသယဖြစ်နေရန်ပင်မလိုအပ်ပေ။

“မှန်ပါတယ် အဲ့တာက သူ့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်မယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒါက ငါ့အတွက်လည်း အခွင့်ကောင်းတစ်ခုပဲ” သမ္မတက ပြောခဲ့သည်။

“ယွင်ဖန်း အခြေစိုက်မြို့တစ်ခုမှာ လူဦးရေ သန်းတစ်ရာ သို့မဟုတ် သန်းနှစ်ရာကျော်ရှိတာ မင်းသိလား။ အခု အခြေစိုက်မြို့သုံးမြို့ဖျက်ဆီးခံလိုက်ရတာ သန်းရာနဲ့ချီတဲ့ ပြည်သူတွေ အိပ်နေရင်း အသတ်ခံလိုက်ရတယ်”

“ငါ မဆုံးဖြတ်ခင် သူ့ရဲ့နောက်ထပ်လှုပ်ရှားမှုကိုလုပ်ဖို့ မစောင့်နေနိုင်တော့ဘူး။

သူလုပ်တိုင်း လူသန်းရာနဲ့ချီပြီး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရတယ်။ ပြည်ထောင်စုမှာ သူဒီလို ညှဉ်းပန်းနှိပ်စက်ခံရမယ့်သူ ဘယ်လောက်ရှိလဲ”

"ငါ သူ့အာရုံကို စွဲဆောင်ရမယ်။ သူ့အကျင့်ကို ငါနားလည်ပါတယ်။ ဒီတိုက်ခိုက်မှုက သက်သေပဲလေ။ သူထပ်ပြီး တိုက်ခိုက်ရင် အခြေခံမြို့သုံးမြို့လောက်ပဲဖြစ်တော့မှာမဟုတ်ဘူး။ သူ့ရဲ့ ကျင့်ကြံရေးအဆင့်အရဆို ဒီလိုလုပ်ဖို့ သူ့အတွက် အရမ်းလွယ်တယ်” သမ္မတကပြောလိုက်သည်။

"အဲ့အချိန်ရောက်ရင် အသေအပျောက် တစ်ဘီလီယံလောက် ရှိနိုင်တယ်။ သူ့ကို ထပ်တိုက်ခိုက်ဖို့ အခွင့်အရေးကိုမပေးနိုင်တော့ဘူး။ အဲ့ရည်မှန်းချက်ကို ငါ ဒီမှာပဲ ဖြတ်ပစ်လိုက်မယ်”

ချူးယွင်ဖန်းသည် သေခြင်းတရားကို ရင်ဆိုင်နေရတော့မည့်အခိုက်၌ပင် သမ္မတ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို သူခံစားနိုင်သည်။

"မင်း အခုပြောလိုက်တဲ့ဟာက ယုံကြည်မှုအပြည့်ရှိမှန်း ငါမြင်နိုင်တယ်။ မင်းအချိန်လိုတယ်မဟုတ်လား" သမ္မတက ချူးယွင်ဖန်းကို ကြည့်သည်။ "ငါ မင်းကို အချိန်ဝယ်ဖို့ ကူညီပေးနိုင်တယ်"

နတ်ဘုရားကို နှောင့်နှေးစေရန် သမ္မတသည် သူ့ကိုယ်သူ စတေးရန် စီစဉ်နေကြောင်း ချူးယွင်ဖန်းနားလည်ခဲ့သည်။ သို့သော် သမ္မတပြောသကဲ့သို့ပင် တစ်စုံတစ်ယောက်က သူ့ကို အရှိန်လျော့သွားအောင်လုပ်ရန်လိုအပ်သည်။ မဟုတ်ပါက အကျိုးဆက်များကို မှန်းဆ၍ မရနိုင်ပေ။ သန်းရာနှင့်ချီသော လူပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် နောက်ထပ် အခြေစိုက်မြို့တစ်မြို့ရှိလာခွင့်မပြုနိုင်တော့ပေ။

"စိတ်မပူပါနဲ့။ ငါကံကောင်းရင် မင်းမရှိဘဲ ငါသူ့ကိုသတ်ပစ်နိုင်တယ်။ ဒီတစ်နှစ်တာလုံး ငါ့အချိန်တွေကို မဖြုန်းတီးထားပါဘူး။" သမ္မတက မတ်တပ်ထရပ်ကာ ချူးယွင်ဖန်း၏ ပုခုံးကို ပုတ်လိုက်သည်။

ပြည်ထောင်စုက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့သော သမ္မတကြီး ပြန်ရောက်လာသည်။ ဤသည်က အားလုံးအတွက် သတင်းကောင်းတစ်ပုဒ်ပင်ဖြစ်သည်။ သို့သော် သမ္မတကြီး ရုတ်တရက် ပြန်ပေါ်လာခြင်းတွင် လူတိုင်းနှစ်မြုပ်နေချိန်၌ သူသည် နတ်ညီလာခံတစ်ခုကျင်းပမည်ဟု လူသိရှင်ကြားကြေညာ၍ နတ်အဆင့်များအားလုံးကို ခေါ်ထားကြောင်း သိလိုက်ကြရသည်။

ဖိတ်စာများပို့လိုက်သည်နှင့် နတ်အဆင့်များအားလုံးက ချက်ချင်းလက်ခံကြသည်။ နတ်အဆင့် ညီလာခံကို ဆယ်ရက်အတွင်း ကျင်းပမည်ဖြစ်သည်။

အထူးသဖြင့် နတ်ကုန်းမြေမှ ပညာရှင်များပင်ဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စု၏သမ္မတနှင့် ယခင်က အမှန်တကယ် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့သဖြင့် ဒဏ္ဍာရီမျိုးစုံမှ သူ့အကြောင်းကိုသာ သိခဲ့ကြသည်။

ပြည်ထောင်စုကို ပေါင်းစည်းချင်ပါက သမ္မတက ရှောင်လွှဲ၍မရပေ။ သူ၏ ခွင့်ပြုချက်မရှိဘဲ ချူးယွင်ဖန်း၏ ခွင့်ပြုချက်ဖြင့်ပင် ပြည်ထောင်စုထဲသို့ပေါင်းစည်းရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် နတ်အဆင့်အများအပြားက ကိုယ်တိုင်ကိုယ်ကျ ညီလာခံတက်မည်ဟု ကြေညာခဲ့ကြသည်။ ထို့အပြင် ဤညီလာခံက လာမည့် ရက်အနည်းငယ်အတွက် လူတိုင်း၏ ဆွေးနွေးမှုအဓိက အကြောင်းအရာဖြစ်လာမည်မှာ သံသယဝင်ရန်ပင်မလိုပေ။

ညီလာခံတွင် မည်သို့သော သဘောတူညီမှုများကို လုပ်ဆောင်ကြလိမ့်မည်နည်း။

အထူးသဖြင့် သမ္မတကြီး ပြန်လည်ရောက်ရှိလာခြင်းသည် ပြည်ထောင်စု၏ စိတ်ဓာတ်ကို များစွာမြှင့်တင်ပေးကာ ပြည်သူကို စည်းလုံးစေမည်မှာ သေချာသည်။

ချူးယွင်ဖန်းပင်လျှင် ဤကဲ့သို့ မလုပ်နိုင်ပေ။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကြာသွားသည်။ အချိန်အတော်ကြာပျောက်ကွယ်သွားသော သမ္မတထံ အလည်လာရန် နတ်အဆင့်များက မြို့တော်တွင် စုဝေးခဲ့ကြသ်ည။

ထိုနေ့တွင် လူတိုင်း၏ အာရုံက ဤနေရာသို့ရောက်လာခဲ့သည်။

သမ္မတကြီး၏ နတ်အဆင့်ညီလာခံကို နောက်ဆုံးတွင် ကျင်းပခဲ့ပြီဖြစ်သည်။

All Chapters