← Chapters

အခန်း (၁၁၁၄-၁၁၁၆)

Vol. 75 Ch. 1114-1116

အခန်း (၁၁၁၄-၁၁၁၆)

Vol. 75 Ch. 1114-1116

အခန်း (၁၁၁၄) ပထမမြောက်နတ်ကျွန်၏ သေဆုံးမှု

ထိုအချိန်၌ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်သည် ရွှေအမတေတစ်ဝက်အဆင့်သို့ ရောက်ရှိသွားသောကြောင့် ပထမမြောက်နတ်ကျွန်နှင့် ထူးမခြားနားတော့ပေ။ သူသည် ရွှေအမတေအဆင့်၏ တိုက်ခိုက်ရေးဆိုင်ရာ နိယာမတချို့ကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

"ကျုပ်ဆီက ဖိအားကိုသုံးပြီး မင်းရဲ့ အလားအလာတွေကို မြှင့်တင်နေတာလား"

ပထမမြောက်နတ်ကျွန်သည် ရုတ်တရက် အာရုံပြန်ကပ်လာသည်။ နောက်ဆုံးတွင် သူသည် အရာအားလုံးကို နားလည်သွားခဲ့သည်။ သူသည် အစွမ်းကုန်တိုက်ခိုက်ခဲ့ပါက ချူးယွင်ဖန်းကို သတ်ဖြတ်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဤအရာများသည် ချူးယွင်ဖန်း သူ့ကို ပေးအပ်ခဲ့သည့် ပုံရိပ်ယောင်များဖြစ်၍ ချူးယွင်ဖန်းသည် တိုက်ခိုက်ရေးစွမ်းအင်ကို ရွှေအမတေတစ်ဝက်အဆင့်အထိ ဖြတ်ကျော်သည့် လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် သူ့ကို အသုံးချနေခဲ့သည်။

"ဟုတ်တယ်။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ် ရွှေအမတေတစ်ဝက်အဆင့်ကို ဒီလောက်မြန်မြန်ဝင်နိုင်မှာ မဟုတ်ဘူး" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့ စွမ်းအင်များ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဤအဆင့်ကို အမှန်တကယ် လျှောက်လှမ်းပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်ရန် အခန်းကဏ္ဍရှိနေသေးကြောင်း သဘောပေါက်သွားခဲ့သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူ့ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်များပြားမှုသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဗြဟ္မာသစ်သီးကို စားသုံးခြင်းဖြင့် သူ၏ခန္ဓာကိုယ်ကို မပြုပြင်ပါက ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် ရွှေအမတေတစ်ဝက်အဆင့်သည် ကွာခြားလှသည်။ အနှစ်သာရအားဖြင့်၊ ၎င်းတို့သည် ပိုမိုထိရောက်သော နတ်စွမ်းအင် ထုတ်လွှတ်ရှိမှုကို တတ်မြောက်သွားသောကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင်သည် အခြားအဆင့်သို့ တိုးမြင့်လာခဲ့သည်။ ၎င်းတို့သည် ရွှေအမတေအဆင့်သို့ အမှန်တကယ် မရောက်ရှိခဲ့သော်လည်း ဤသည်မှာ နတ်အဆင့် အထွတ်အထိပ်များ တပ်မက်ခဲ့ရသည့် နယ်ပယ်ဖြစ်သည်။

"မဖြစ်နိုင်ဘူး" ပထမမြောက်နတ်ကျွန်က မယုံကြည်နိုင်ဖြစ်နေသည်။

"မင်း မိခင်ရဲ့ဝမ်းထဲမှာကကတည်းက ကျင့်ကြံခဲ့တာလား။ အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတာကို ဒီအဆင့်ထိ ဘယ်လိုလုပ်ရောက်လာနိုင်တာလဲ၊ နတ်အဆင့်ကနေ ဒီအဆင့်ကိုရောက်ဖို့ကို ကျုပ် အနှစ်နှစ်ဆယ်ကျော်လောက် အချိန်ယူခဲ့ရတာ"

ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်များ ရွှေအမတေတစ်ဝက်အဆင့်သို့ ရောက်ရှိသွားခြင်းနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် အချိန်တိုလေးအတွင်းမှာပင် ၎င်းကို အမှန်တကယ်ပြုလုပ်ခဲ့သည်အချက်ကို ပထမမြောက်နတ်ကျွန်က မယုံကြည်နိုင်ဖြစ်နေသည်။ နိယာမတချို့ကို နားလည်ပြီးနောက် သူ အနှစ်နှစ်ဆယ်ကျော်ကြာမျှ လျှောက်လှမ်းခဲ့သောလမ်းစဉ်ကို ချူးယွင်ဖန်းက နာရီဝက်အတွင်း လျှောက်လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ မယုံကြည်နိုင်ဖွယ်အကောင်းဆုံး အချက်ဖြစ်သည်။

ပထမမြောက်နတ်ကျွန်သည် ထိုလမ်းစဉ်ကို ပြီးဆုံးရန် အနှစ်နှစ်ဆယ်ကျော်မျှ ကြာမြင့်ခဲ့သော်လည်း သူသည် ဤလောကတွင် ပြိုင်ဘက်ကင်းသူတစ်ဦးဖြစ်နေပြီဖြစ်သည်။ နောက်ဆုံးတွင် လမင်းတံခွန်ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများသည် ၎င်းတို့၏ဘဝတွင် ဤနယ်ပယ်ထဲသို့ တစ်ခါမျှ မဝင်ရောက်ခဲ့ဖူးပေ။ ၎င်းအဆင့်၏ နိယာမများကို အသုံးချသောအခါ နားလည်ခြင်း နားမလည်ခြင်းဟူ၍သာဖြစ်ပေလိမ့်မည်။

သို့သော် သူ မသိခဲ့သည်မှာ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်ထံမှ မှတ်ဉာဏ်များရှိနေသောကြောင့် ကျင့်ကြံမှုအဆင့်၏ အမြင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် အကြောင်းအရာများစွာကို နားမလည်ခဲ့ခြင်းမဟုတ်ဘဲ ကိုယ်ပိုင် အတွေ့အကြုံမရှိခြင်းသာဖြစ်သည်။

ယခင်က နေမင်းပစ်ခတ်သူမှ ပစ်လွှတ်လိုက်သော မြှားချက်ကြောင့် ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်၌လည်ပတ်မှု နိယာမအချို့နှင့် အမှန်တကယ် ထိတွေ့ခွင့်ရခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ပြီးနောက် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိ အဓိကအချက်များနှင့်အတူ ချူးယွင်ဖန်း၏ကျွမ်းကျင်မှု အရှိန်အဟုန်သည် ဒုံးပျံကဲ့သို့ အလွန်မြန်ဆန်သွားပေသည်။

"အဲဒါ ခင်ဗျားက တုံးလို့လေ" ချူးယွင်ဖန်းသည် ပထမမြောက်နတ်ကျွန်ကို လှောင်ရယ်လျက် ကြည့်လိုက်သည်။

"ရွှေအမတေတစ်ဝက်အဆင့်ကို ရောက်နေလို့ ခင်ဗျားက တော်တော်လေး ဂုဏ်ယူနေတယ်မဟုတ်လား။ ခင်ဗျားရဲ့ အမြင်အာရုံ ကန့်သတ်ချက်က ဒီလောက်ပဲ။ ခင်ဗျားရဲ့ နတ်ဘုရားလို့ ခေါ်နေတဲ့ လူကလည်း ဘာမို့လို့လဲ၊ ကျုပ်မှာ အချိန်အလုံအလောက်ရှိသ၍ ခင်ဗျားရှေ့မှာတောင် သူ့ကို ခေါင်းဖြတ်ပြနိုင်မယ်"

သူ၏ အရှင်အကြောင်း ပြောသောအခါ ပထမမြောက်နတ်ကျွန်၏ မျက်နှာအမူအရာသည် စတင်တွန့်လိမ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များ သူ့မျက်လုံးများမှ ထွက်ပေါ်လာသည်။

"မင်းလို အရိုင်းအစိုင်းမျိုးကို အသက်ရှင်ခွင့်မပြုနိုင်ဘူး"

ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်အကောင်းဆုံးအရာသည် သူ၏လက်ရှိကျင့်ကြံမှုအဆင့်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော သူ၏ကျင့်ကြံမှု အရှိန်နှုန်းဖြစ်ကြောင်း သူ နားလည်သွားပြီဖြစ်သည်။ သူ့ဘက်မှ အောင်မြင်ဖြစ်ထွန်းရန် အနှစ်နှစ်ဆယ်ကျော်ကြာမျှ လုပ်ဆောင်ခဲ့ရသည်အရာများကို ချူးယွင်ဖန်းသည် နာရီဝက်အတွင်း ပြုလုပ်နိုင်ခဲ့သည့်အပြင် သူ့ဘက်မှ အနှစ်တစ်ရာကျော်မျှ ကြိုးစားခဲ့ရသည့်အရာများကို ချူးယွင်ဖန်းက အသက်နှစ်ဆယ်အတွင်း အောင်မြင်နိုင်ခဲ့သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ချူးယွင်ဖန်းသည် တစ်နေ့တွင် သူ၏စိတ်နှလုံးသားထဲက နတ်ဘုရားနှင့်အတူ ပုခုံးချင်းယှဉ် ရပ်တည်နိုင်သွားပေလိမ့်မည်။ သူသည် ထိုသို့ဖြစ်ပွားရန် လုံးလုံးလျားလျား ခွင့်မပြုနိုင်ပေ။

"ခင်ဗျား လုပ်နိုင်ပါ့မလား" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။

"ကျုပ် ပြောပြီးပြီပဲ။ မင်းရဲ့အမြင်တွေက မင်းရဲ့အနာဂတ်ကို ကန့်သတ်ထားတယ်"

"အား" ပထမမြောက်နတ်ကျွန်က အော်ဟစ်လိုက်သည်။ တခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်များ ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံး အေးခဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်မြေပြင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရစေသည်။ သတ်ဖြတ်ရန် ကြွေးကြော်သံများစွာ ထွက်ပေါ်လာ၍ ထောင်နှင့်ချီသော စစ်တပ်များ မြင်းတပ်များ ပေါ်ပေါက်လာကာ ချူးယွင်ဖန်းဆီ ချီတက်လာသည်။

ချူးယွင်ဖန်းသည် ဤစစ်မြေပြင်ဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ အရှေ့သို့ တစ်လက်မမှ မရွေ့လျားနိုင်ပေ။ ဤသည်မှာ ပထမမြောက်နတ်ကျွန် သိုင်းပညာစွမ်းအင်ဖြစ်၍ ၎င်းသည် ချူးယွင်ဖန်းကို ချက်ချင်း ဖုံးအုပ်လိုက်လိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အကန့်အသတ်မဲ့ မိုးကြိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏နတ်စွမ်းအင်များ မိုးကြိုးစွမ်းအင်အဖြစ် ချက်ချင်း ပြောင်းလဲကာ စစ်မြေပြင်တစ်ခုလုံးသည် တခဏချင်းမှာပင် လျှပ်စီးများ မိုးကြိုးများဖြင့် ပြည့်နှက်နေသည်။ မရေတွက်နိုင်သော မိုးကြိုးသွားများသည် မိုးကြိုးနဂါးများကဲ့သို့ လွင့်ထွက်သွားကာ ထောင်နှင့်ချီသော စစ်တပ်များနှင့် မြင်းတပ်များကို အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်နှင့်ချီသော စစ်တပ်များ မြင်းတပ်များ စုဝေးနေသည့် စစ်မြေပြင်တစ်ခုလုံး ကွဲအက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် တစ်လက်မမျှ မလှုပ်ရှားခဲ့သော်လည်း စစ်မြေပြင်တစ်ခုလုံး ပြိုကျသွားခဲ့သည်။ ပထမမြောက်နတ်ကျွန်၏ အလွန်ဂုဏ်ယူခဲ့ရသည့် ရွှေအမတေတစ်ဝက်အဆင့် တိုက်ခိုက်ရေးစွမ်းအင်သည့် ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

သို့သော် လှံတစ်စင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ချူးယွင်ဖန်း၏နဖူးဆီ ရောက်ရှိလာတော့မည်ဖြစ်သည်။ ယခင် သိုင်းပညာနည်းစနစ်အားလုံးသည် ချူးယွင်ဖန်းကို ထိန်းချုပ်ရန်သာဖြစ်၍ ဤသည်မှာ အမှန်တကယ် တိုက်ခိုက်မှုဖြစ်သည်။

"သေလိုက်"

နောက်ဆုံးတွင် ပထမမြောက်နတ်ကျွန်သည် ချူးယွင်ဖန်းအရှေ့တွင် ပေါ်ပေါက်လာသည်။ သူ၏မျက်လုံးများသည် အလွန်ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် ဟင်းလင်းပြင်မှ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအင်များကို ဆွဲထုတ်ပြီးနောက် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဓားရှည်သည် သူ့ဆီ ရောက်ရှိလာသော လှံကို ခုတ်ထစ်လိုက်သည်။

ဓားသည် ခဏလေးအတွင်းမှာပင် လှံကို ထိမှန်သွားကာ ၎င်း၏ ချီတက်မှုကို တားဆီးလိုက်သည်။ ပထမမြောက်နတ်ကျွန်သည် လှံမှ ထုတ်လွှတ်လာသည့် ထူးဆန်း၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ချက်ချင်းဆိုသလိုပင် ခံစားလိုက်ရသည်။ တခဏချင်းမှာပင် သူ၏လက်မနှင့် လက်ညှိုးကြားနေရာ ပေါက်ကွဲသွားကာ သူ၏လက်ဖဝါးတစ်ခုလုံး သွေးထွက်သံယိုဖြစ်သွားလေသည်။ ဤသည်မှာ ဤကြီးမားသော စွမ်းအင် တုန့်ပြန်မှု၏ ရလဒ်ဖြစ်သည်။

'ဘယ်လောက်တောင်ကြီးလိုက်တဲ့ ခွန်အားလဲ'

ဤသည်မှာ ချူးယွင်ဖန်းက မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို ပထမမြောက်နတ်ကျွန် ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။ ရွှေအမတေအဆင့် တိုက်ခိုက်ရေးနည်းပညာအချို့ကို အမှန်တကယ် နားလည်သွားပြီးနောက် သူ၏ စွမ်းအင်အပေါ်ထိန်းချုပ်နိုင်စွမ်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ချူးယွင်ဖန်း၏စွမ်းအင်သည် မပြောင်းလဲခဲ့သော်လည်း သူထုတ်လွှတ်လိုက်သည် စွမ်းအင်သည် အဆပေါင်းများစွာ တိုးမြင့်လာသည်။

သို့သော် ချူးယွင်ဖန်း၏ဓားရှည်သည် သူ့အရှေ့တွင် ပေါ်လာပြီဖြစ်သောကြောင့် ၎င်းကို စဉ်းစားရန် အချိန်မရှိပေ။ ပထမမြောက်နတ်ကျွန်က တုံ့ပြန်ရန် အခွင့်အရေးမရလိုက်မီ ချူးယွင်ဖန်း၏ဓားရှည်သည် သူ့ကို ခုတ်ထစ်လိုက်သည်။ ဓားရှည်သည် ကောင်းကင်ကို ထက်ပိုင်းခွဲထုတ်ပြီးနောက် မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားကာ ပထမမြောက်နတ်ကျွန်ကို ချက်ချင်းပင် ဖုံးအုပ်လာခဲ့သည်။

ဘန်း

ပထမမြောက်နတ်ကျွန်သည် စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် အနောက်ဘက်သို့ လွင့်ပျံသွားခဲ့သည်။ သူ၏ ချပ်ဝတ်တန်ဆာသည် တစ်စ တစ်စ ကွဲအက်စပြုလာသည်။ သူ၏ ချပ်ဝတ်တန်ဆာသည် ဤထိုးနှက်ချက်ကြောင့် ကွဲကြေသွားခဲ့သည်။ သူနှင့် ချူးယွင်ဖန်းအကြားရှိ ကွာဟချက်ကို နောက်ဆုံးတွင် သူ သဘောပေါက်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ မြင့်တက်လာသောကြောင့် ချူးယွင်ဖန်းနှင့် တိုက်ပွဲကို ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အနောက်သို့ပြန်ဆုတ်ခွာသွားခဲ့သည်။

သို့သော် ချူးယွင်ဖန်းက သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ပထမမြောက်နတ်ကျွန်အနောက်သို့ အရိပ်တစ်ခုကဲ့သို့ လိုက်ပါသွားသောကြောင့် ချက်ချင်းဆိုသလိုပင် လိုက်မှီသွား၏။ သူသည် သူ၏ နတ်စွမ်းအင်အားလုံးကို ထုတ်လွှတ်၍ ခုတ်ပိုင်းလိုက်သည်။ ပထမမြောက်နတ်ကျွန်၏အလောင်းသည် တစ်ဝက်ပြတ်ထွက်ပြီးနောက် လေထုထဲတွင် ပေါက်ကွဲသွားခဲ့သည်။

အခန်း (၁၁၁၅) စစ်မြေပြင်ထဲရှိ နတ်ဘုရား၊ နတ်ဆိုးတပ်ကို သုတ်သင်ခြင်း

ဤအရာအားလုံးသည် တခဏချင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သော ပထမမြောက်နတ်ကျွန်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။ ပထမမြောက်နတ်ကျွန်သည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာ၌ ပြန်လည်တိုက်ခိုက်ရန်ပင် စွမ်းအားမရှိသောကြောင့် လူအများကို အံ့အားသင့်သွားစေသည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင် ဒသည် ရွေအမတေဝက်အဆင့်သို့ ရောက်ရှိလာပြီးနောက် ဤမျှ အစွမ်းထက်လာမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ အရင်က သူ့ကို လုံးလုံးလျားလျား တိုက်ခိုက်နိုင်ခဲ့သည့် ပထမမြောက်နတ်ကျွန်သည် ယခုအခါ ချူးယွင်ဖန်းကို တွန်းလှန်ရန်ပင် ခွန်အားမရှိခဲ့ပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း အရူးအမူးအော်ဟစ်လိုက်ကြသည်။

"ကြီးမြတ်ခြင်းချူး"

"ကြီးမြတ်ခြင်းချူး"

"ကြီးမြတ်ခြင်းချူး"

အော်ဟစ်နေကြသူများသည် သာမန်လူများဖြစ်သော်လည်း ၎င်းတို့အားလုံးသည် မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသူများရှိကြသည်၊ အထူးသဖြင့် ၎င်းတို့သည် ကမ္ဘာပေါ်၌ အကောင်းဆုံးနေရာဖြစ်သည့် မြို့တော်သို့မဟုတ် ကမ္ဘာပေါ်ရှိ အထက်တန်းလွှာများစုရုံးမှု အများဆုံးနေရာတွင်ရှိနေကြသည်။ ကောင်းကင်မှ ပြုတ်ကျလာသော မွန်းစတားအများစုသည် ပိုက်ကွန်မှ လွတ်ထွက်သွားသော ငါးများဖြစ်ကြသည်။ ၎င်းတို့သည် ခံစစ်ဒုံးကျည်အလွှာများကြားတွင် ပျံသန်းနိုင်ခဲ့ကြသည်။

သို့သော်လည်း ၎င်းတို့သည် မြို့တော်၏ လက်ရွေးစင်ကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသည်။ ကျွမ်းကျင်သူများစွာသည် ဤဝေဟင် မွန်းစတားများကို သတ်ဖြတ်ချင်သည့်အတွက် ဝေဟင်ထဲသို့ ပျံသန်းရန် စိတ်အားထက်သန်စွာ ကြိုးစားနေကြသည်။ ယခုအခါ ချူးယွင်ဖန်းသည် ပထမမြောက်နတ်ကျွန်ကို အလွန်လျင်မြန်စွာ သတ်ဖြတ်လိုက်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့၏ ယုံကြည်မှုများ ရုတ်တရက် တိုးမြင့်လာခဲ့သည်။

ပထမမြောက်နတ်ကျွန်ကို တစ်ချက်တည်း သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းက သက်သာရာရသွားသည်။ မြို့တော်ရှိ ပြင်းထန်သော ခုခံကာကွယ်မှု အလွှာများဖြင့်ဆိုပါက နတ်အဆင့်ကျွမ်းကျင်သူလျှင်ပင် အလွယ်တကူ ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

ပထမမြောက်နတ်ကျွန်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသာ ဤခံစစ်အလွှာများကို လျစ်လျူရှုနိုင်သည်။ သိုင်းပညာနှင့် နည်းပညာတို့သည် ရောယှက်နေသော မျဉ်းနှစ်ကြောင်းနှင့်ဆင်တူသည်။ အစွမ်းထက်နည်းပညာများရှိသော နေရာများသည် သိုင်းပညာကျွမ်းကျင်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် နျူကလီးယားဗုံးများကဲ့သို့ပင်ဖြစ်လေသည်။

သို့သော် သိုင်းပညာကျွမ်းကျင်သူတစ်ဦးသည် လုံလောက်စွာ အစွမ်းထက်လာသောအခါ အဆိုပါ နည်းပညာဆိုင်ရာ လက်နက်များကို လျစ်လျူရှုနိုင်ကြသည်။ ချူးယွင်ဖန်းသည် အထက်ပါ ရောယှက်နေသော မျဉ်းကြောင်းနှစ်ခု၏ အရေးအကြီးဆုံးနေရာကို ရောက်ရှိနေပြီဖြစ်သည်။

ပထမမြောက်နတ်ကျွန်ကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် ကောင်းကင်ယံ၌ အဆုံးမဲ့လှသော ဝေဟင် မွန်းစတားများကို ချက်ခြင်း စတင်ရှင်းလင်းလိုက်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအင်သည် ရွေအမတေတစ်ဝက်အဆင့်သို့ ရောက်ရှိလာပြီးနောက် သူ၏သတ်ဖြတ်နိုင်စွမ်းသည် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

သူ၏ အရောင်အဝါအပေါ် ထိန်းချုပ်မှုသည်လည်း လက်များ ခြေများကို ထိန်းချုပ်နေသကဲ့သို့ ပြီးပြည့်စုံသည့် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဤတစ်ကြိမ်တွင် မြို့တော်ရှိ လူများသည် ယခင်က နတ်အဆင့်များနှင့်မတူညီသည့် ချူးယွင်ဖန်း၏နည်းလမ်းများကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ကြသည်။

ချူးယွင်ဖန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မရေတွက်နိုင်သော မိုးကြိုးသွားများ ထွက်ပေါ်လာကာ မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ မိုးကြိုးသွားများသည် သူ၏နောက်တွင် လက်နက်များအဖြစ် ပြောင်းလဲသွားကာ ထူထပ်သော တံတိုင်းကြီးတစ်ခုဖြစ်ပေါ်လာစေ၏။ ပြီးနောက် မရေတွက်နိုင်သော လက်နက်များသည် မုန်တိုင်းတစ်ခုကဲ့သို့ အရှိန်ပြင်းပြင်း လွင့်ထွက်လာသည်။

မိုးကြိုးများသည် ဝေဟင် မွန်းစတားများကို တိုက်ရိုက် ထိုးဖောက်သွားသောကြောင့် ၎င်းတို့အများအပြားသည် လေထုထဲတွင် ပေါက်ကွဲသွားကြသည်။ ချူးယွင်ဖန်း၏ အကြည့်များ ကျရောက်သွားသည့်နေရာတိုင်းရှိ ဝေဟင် မွန်းစတားများစွာသည် သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းသည် ၎င်းတို့ကြားတွင် နတ်အဆင့် မွန်းစတားတစ်ကောင်ကို တွေ့ရှိသွားသည်။

ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် လေထုကို ဆုပ်ကိုင်ခြင်းဖြင့် မိုးကြိုးလှံကို ဆွဲထုတ်လိုက်သည်။ လှံ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ရာနှင့်ချီသော ဝေဟင်မွန်းစတားများ အငွေ့ပျံသွားလေ၏။ ဝေဟင် နတ်အဆင့်မွန်းစတားသည် မိုးကြိုးလှံဖြင့် တိုက်ရိုက်ထိုးဖောက်ခံရပြီးနောက် ၎င်း၏ဧရာမ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ၎င်းသည် အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် မြေပြင်တွင် ထိုးစိုက်ခံရမှုကြောင့် သေဆုံးသွား၏။

ချူးယွင်ဖန်းသည် ဧရာမ လက်နက်တိုက်ကြီးအဖြစ် ပြောင်းလဲသွားပုံပေါ်သည်၊ သူ၏ အလွန်ကြွယ်ဝသော နတ်စွမ်းအင်သည် သူ၏အကြီးမားဆုံးသော အထောက်အပံ့ဖြစ်လာခဲ့သည်။ ၎င်းစွမ်းအင်များ ဖြတ်သန်းသွားတိုင်း ဝေဟင် မွန်းစတားများ၏ တိုက်ခိုက်မှုများ ချက်ချင်း ပြိုပျက်သွားလေသည်။ ၎င်းစွမ်းအင်သည် မြို့တော်၏ ကာကွယ်ရေးကွန်ရက်နှင့်အတူ အံ့မခန်းထိရောက်သော သတ်ဖြတ်မှုကို လုပ်ဆောင်နိုင်ခဲ့သည်။

ထိုနတ်အဆင့် မွန်းစတားများသည် ချူးယွင်ဖန်း၏ အချက်အချာတိုက်ခိုက်မှုဖြစ်ရာ၊ ချူးယွင်ဖန်း၏ အထူးတလည် ဂရုစိုက်မှုအောက်တွင် ဤဝေဟင် နတ်အဆင့် မွန်းစတားများအားလုံး မကြာမီ သုတ်သင်ခံခဲ့ရသည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် မယှဉ်ပြိုင်နိုင်ခဲ့ရာ၊ သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခုခံနိုင်ခဲ့ပေ။

ချူးယွင်ဖန်းသည် ဝေဟင်မွန်းစတားများ၏ ထက်ဝက်ကျော်ကို ရှင်းထုတ်ပြီးနောက် မြို့တော်မှ ပျံသန်းသွားခဲ့သည်။ မြို့အပြင်ဘက်တွင် ကြီးမားသော နတ်ဆိုးတပ်ကြီးကို တယ်လီပို့ဖွဲ့စည်းပုံမှတစ်ဆင့် ခေါ်ဆောင်နေကြသည်။

ပြင်းထန်သော အမြောက်များစွာသည် မြို့တော်ကို ချိန်ရွယ်ထားကြသည်။ ၎င်းတို့ကို တိုက်ခိုက်ခွင့်ပြုလိုက်သည်နှင့် မြို့တော်ကို ကြီးမားသော ခြိမ်းခြောက်မှုကြီးဖြစ်လာပေလိမ့်မည်။ ချူးယွင်ဖန်းသည် အနည်းငယ်မျှ မတွန့်ဆိုင်းခဲ့ပေ။ သူ၏နောက်ကျောတွင် မိုးကြိုးတောင်ပံတစ်စုံ ထွက်ပေါ်လာပြီးနောက် နတ်ဆိုးတပ်ကြီးထဲသို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။

နတ်ဆိုးတပ်ကြီးသည် ချူးယွင်ဖန်း ရောက်ရှိလာခြင်းကို ချက်ချင်းနီးပါးပင် တွေ့ရှိသွားခဲ့သည်။ မြို့တော်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော ၎င်းတို့၏ ပင်မအမြောက်များဖြင့် တစ်လုံးပြီးတစ်လုံး သူ့ဆီ ပစ်ခတ်လိုက်ကြသည်။ သို့သော် ချူးယွင်ဖန်းကို အနည်းငယ်မျှ မထိခိုက်နိုင်ခဲ့ပေ။ သူသည် လက်ညှိုးတစ်ချောင်းကို ညွှန်ပြလိုက်သည်နှင့် မီတာတစ်ထောင်ရှည်သော ဓားအလင်းရောင်များ လွင့်ထွက်သွားကာ ချူးယွင်ဖန်း၏လှုပ်ရှားမှုနှင့်အတူ ၎င်းဓားချက် ပြုတ်ကျသွားလေ၏။

ဘုံး

ကြီးမားသော စစ်သင်္ဘောတစ်စင်းသည် ထက်ပိုင်းပြတ်ထွက်ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် မရပ်တန့်သေးဘဲ ဆက်လက်၍ လှုပ်ရှားလိုက်ရာ၊ စစ်သင်္ဘောတစ်စင်းပြီး တစ်စင်းပြီး ပိုင်းဖြတ်ခံလိုက်ရလေ၏။ ၎င်းတို့၏ မာကျောသောသတ္တုခွံများသည် ချူးယွင်ဖန်း၏ဓားအလင်းရောင်ကို မတားဆီးနိုင်ခဲ့ပေ။

နတ်ဆိုးစစ်တပ်၏ တပ်မှူးသည် အလွန် ဒေါသထွက်နေသော်လည်း ချူးယွင်ဖန်းကို မတားနိုင်ခဲ့ပေ။ ထိုနတ်ဆိုးများသည် သူ့ကိုတားဆီးရန် ကြိုးစားသော်လည်း ရလဒ်သည် ထူးမခြားနားခဲ့ပေ။ ချူးယွင်ဖန်းသည် နတ်ဆိုးစစ်တပ်များ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရပ်တန့်နိုင်သောကြောင့် ၎င်းတို့အားလုံး ထပ်ခါထပ်ခါ ဆုတ်ခွာခဲ့ရသည်။

ချူးယွင်ဖန်းသည် ၎င်းတို့၏မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော သေမင်းနတ်ဘုရားတစ်ပါးဖြစ်လာသည်။ ၎င်းတို့၏ ပင်မအမြောက်များသည် နတ်ဆိုးစစ်တပ်ကြားတွင် လျှပ်စီးကဲ့သို့ ပျံသန်းနေသည့် ချူးယွင်ဖန်းကို မချိန်ရွယ်နိုင်ခဲ့ပေ။ နတ်အဆင့်များအပေါ် အသုံးပြုလေ့ရှိသည့် ထူထပ်သိပ်သည်းသော ပစ်ချက်များလျှင်ပင် ချူးယွင်ဖန်း၏ဝတ်ရုံထောင့်ကို မထိနိုင်ခဲ့ပေ။ ချူးယွင်ဖန်းကို တိုက်ခိုက်ရန်အတွက် မည်သည့် ပေးဆပ်မှုကိုမဆို ပေးဆောင်ရန်ဆန္ဒရှိသည့်အပြင် ၎င်းတို့၏ မဟာမိတ်များကိုပင် မရှောင်တိမ်းဘဲ ပစ်ခတ်ခဲ့လျှင်ပင် အသုံးမကျကြောင်း သက်သေပြခဲ့သည်။

ဆယ့်ငါးမိနစ်အတွင်းမှာပင် နတ်ဆိုးစစ်တပ်တစ်ခုလုံး ရှုံးနိမ့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် မြို့တော်ကို ဗုံးကြဲရန် ရည်ရွယ်ထားသည့် ရာနှင့်ချီသော စစ်တပ်များကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည်။ နည်းပညာအရ၊ နတ်ဆိုးများနှင့် ပြည်ထောင်စုကြားတွင် ကြီးမားသော ကွာဟချက်မျိုးရှိနေဆဲဖြစ်သည်။

ချူးယွင်ဖန်းသည် ဤစစ်တပ်ကြီးကို ရှင်းလင်းပြီးနောက် ထောင်ပေါင်းများစွာသော မွန်းစတားများစွာထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် အဆုံးမဲ့ မွန်းစတားများကို လျစ်လျူရှုပြီးနောက် မြေပြန့်ပေါ်တွင် စိမ်ပြေနပြေ လမ်းလျှောက်နေသကဲ့သို့ သွားလေနေရာရှိ မွန်းစတားများကို သတ်ဖြတ်လိုက်သည်။ သူသည် သန်းရာနှင့်ချီသော မွန်းစတားများကို သတ်ဖြတ်ခဲ့သောကြောင့် ၎င်းတို့အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ အဆုံးမဲ့ ကျရောက်လာသော မွန်းစတားတပ်များသည် ချူးယွင်ဖန်း၏ချီတက်မှုကို မရပ်တန့်နိုင်ခဲ့ရာ၊ သူသည် နောက်ဆုံးတွင် တယ်လီပို့စနစ်ဖွဲ့စည်းပုံနေရာထိပင် သတ်ဖြတ်နိုင်ခဲ့သည်။

ကြီးမားလှသော တယ်လီပို့စနစ်ဖွဲ့စည်းပုံ၏ ပတ်ပတ်လည်တွင် နတ်အဆင့် အဏ္ဏဝါသားရဲများနှင့် မွန်းစတားအကောင်နှစ်ဆယ်ကျော်ရှိနေသည်။ ၎င်းတို့အားလုံးသည် သတ္တမမြောက် နတ်အဆင့်အထက်ရှိ ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။ ချူးယွင်ဖန်း ချဉ်းကပ်လာကြောင်း တွေ့လိုက်သောအခါ သူ့ကို တားဆီးရန်အတွက် အရှေ့သို့ အမြန်ခုန်အုပ်လာကြသည်။

အခန်း (၁၁၁၆) သမ္မတကြီး၏ အခြေအနေ ဆိုးရွားဖွယ် အောင်ပွဲ

၎င်းတို့သည် တယ်လီပို့စနစ်ဖွဲ့စည်းပုံကို စောင့်ကြပ်နေသည့် မျိုးနွယ်စုနှစ်ခု၏ ကျွမ်းကျင်သူများဖြစ်ကြသည်။ ချူးယွင်ဖန်းကို တွေ့လိုက်ရသောအခါ ၎င်းတို့အားလုံး အံ့သြသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ တယ်လီပို့စနစ်ဖွဲ့စည်းပုံသည် အဆုံးမဲ့ မွန်းစတားစစ်တပ်ရဲ့ အနက်ရှိုင်းနေရာတွင်ရှိနေခဲ့သည်။ တစ်စုံတစ်ယောက်သည် ဤနေရာတွင် လျှပ်တစ်ပြက် တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်လိမ့်မည်ဟု ၎င်းတို့ မထင်ထားခဲ့ပေ။

သို့သော် ၎င်းတို့သည် ချူးယွင်ဖန်းထံ ချက်ခြင်းပင် ချီတက်လိုက်ကြသည်။ နတ်အဆင့်အယောက်နှစ်ဆယ်ကျော်သည် ချူးယွင်ဖန်း၏ ပတ်ပတ်လည်ကို အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပိတ်ဆို့ထားလိုက်သည်။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်း၏ အင်အားကို လျှော့တွက်ခဲ့ကြသည်။ ဤလူများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်း၏လက်သည် ကြောက်မက်ဖွယ် ဓားအလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာသည်။ ထိုအခါ ဓားအလင်းရောင်သည် မုန်တိုင်းကဲ့သို့ လွင့်ထွက်သွားလေ၏။

ဤနတ်အဆင့်များသည် ယခင်က ချူးယွင်ဖန်းသတ်ဖြတ်ခဲ့သော သာမန်နတ်ဆိုးများနှင့် ကွဲပြားခြားနားပုံမပေါ်ပေ။ သူသည် ၎င်းတို့အားလုံးကို အလျင်အမြန် သတ်ဖြတ်လိုက်သည်။ သတ္တမမြောက် နတ်အဆင့်သည် ချူးယွင်ဖန်း၏မျက်လုံးများတွင် ပါမွှားမျှသာဖြစ်သည်။ ချူးယွင်ဖန်းသည် ဤနတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် တယ်လီပို့စနစ်ဖွဲ့စည်းပုံကို ရှောင်တခင် ဖျက်ဆီးပစ်လိုက်သည်။ အဆက်မပြတ်ပေါ်ထွက်လာသော မွန်းစတားတပ်များသည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။

ချူးယွင်ဖန်းသည် မြို့တော်ဆီသို့ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုအချိန်တွင် ပြည်ထောင်စု၏ အစစ်အမှန် တန်ပြန်တိုက်ခိုက်ချိန်သို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။ မြို့တော်ရှိ ဒုံးကျည်စခန်းကို နတ်ဘုရားဟူသော ပုဂ္ဂိုလ်က လုံးလုံးလျားလျား ဖျက်ဆီးခဲ့သောကြောင့် ၎င်းသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ပဲ့ထိန်းဒုံးကျည်တပ်စခန်းတည်ရှိခြင်းသည် မြို့တော်တစ်ခုတည်းသာ မဟုတ်ခဲ့ပေ။ နျူကလီးယားဗုံး၏ သင်္ကေတများဖြစ်သော ပဲ့ထိန်းဒုံးကျည်များ ကောင်းကင်ကို ဖြတ်သန်းလာပြီးနောက် မွန်းစတားများကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။

ဘုံး ဘုံး ဘုံး

ဆက်တိုက်ဆိုသလိုပင် ဆူညံသံများနှင့်အတူ ကြီးမားသော မှိုတိမ်တိုက်များ တလိပ်လိပ်တက်လာကာ အကန့်အသတ်မဲ့ အပူလှိုင်းများ သယ်ဆောင်လာပြီးနောက် ၎င်းသည် မွန်းစတားအားလုံးကို ဝါးမြိုသွားခဲ့သည်။ သာမာန်မွန်းစတားတစ်ကောင်မဆိုနှင့် နတ်အဆင့်လျှင်ပင် နျူကလီယားဗုံးဖြင့် ထိမှန်ခဲ့ပါက သေဆုံးရပေလိမ့်မည်။ ၎င်းတို့သည် နျူကလီးယားဗုံး၏ နောက်ဆက်တွဲ သက်ရောက်မှုဖြင့် ထိခိုက်ခဲ့လျှင်ပင် သေဆုံးရပေလိမ့်မည်။

ကျရောက်လာသော နျူကလီယားဗုံးတိုင်းသည် မွန်းစတားကောင်ရေ သန်းပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်သည်။ မြို့တော်ပြင်ပတွင်ရှိသော်လည်း ပြည်ထောင်စုသည် ဤအခြေအနေထိ တွန်းအားပေးခံခဲ့ရသည်။ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်စွာ စတင်လုပ်ဆောင်ကာ သန်းရာနှင့်ချီသော မွန်းစတားများကို အကျယ်တဝင့် သုတ်သင်ရန်အတွက် နျူကလီးယားဗုံးများကို အသုံးပြုခဲ့ကြသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံမျိုးစုံကို ကြားနေရကာ မှိုတိမ်တိုက်များသည် အရာအားလုံးနီးပါးကို ဝါးမြိုသွားသကဲ့သို့ ထင်မှတ်ရစေသည်။ ပြည့်ကျပ်သိပ်သည်းနေသော မွန်းစတားများသည် အကောင်းဆုံးပစ်မှတ်များဖြစ်ကြသည်။ နျူကလီးယားဗုံးသည် မွန်းစတားများပေါ်တွင် ပေါက်ကွဲသွားသရွေ့ နောက်ဆက်တွဲလှိုင်းလုံးများသည် မွန်းစတားသန်းပေါင်းများစွာကို သေဆုံးစေလိမ့်မည်။

ရာနှင့်ချီသော မွန်းစတားများသည် ထိုကဲ့သို့ လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။ ၎င်းပေါက်ကွဲမှုများ၏ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများ ချူးယွင်ဖန်း၏ မျက်နှာသို့ လွင့်စဉ်လာသောအခါ သူ၏အဝတ်အစားများ လေထုထဲတွင် ကျယ်လောင်စွာ လွင့်ပျံသွားလေ၏။ ဤသည်မှာ ပြည်ထောင်စု၏ စစ်မှန်သော အကြွင်းမဲ့အာဏာဖြစ်သည်။

ပြည်ထောင်စုသည် ၎င်းစစ်လက်နက်များကို မြို့တွင် အသုံးပြုရန် အဆင်မပြေသော်လည်း ၎င်းတို့ကို မြေရိုင်းများတွင် အသုံးပြုရာတွင် အလွန်ပြတ်သားခဲ့ကြသည်။ မွန်းစတားစစ်တပ်သည် ၎င်းတို့၏နတ်အဆင့်များမပါရှိသောအခါ ဤနျူကလီးယားဗုံးများကို ရင်ဆိုင်ရန် ခွန်အားမရှိကြပေ။

မကြာမီပင် ဤရုတ်တရက်ပေါ်ပေါက်လာသော တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။ မြို့အပြင်ဘက်ရှိ အဆုံးမဲ့ မွန်းစတားများသည် နောက်ဆုံးတွင် ပြည်ထောင်စု၏ ဗုံးကြဲမှုအောက်တွင် ပျက်သုဉ်းသွားခဲ့သည်။ ကောင်းကင်ယံရှိ ဝေဟင် မွန်းစတားများသည်လည်း မရေတွက်နိုင်သော ပစ်ခတ်မှုများနှင့် နတ်အဆင့်များစွာတို့ ပူးပေါင်းရှင်းလင်းမှုအောက်တွင် သေဆုံးသွားလေ၏။

လူတိုင်းသည် ဤအချိန်၌ စိတ်သက်သာရာရသွားကြ၏၊ အထူးသဖြင့် နတ်ကုန်းမြေ၏ ကျွမ်းကျင်သူများသည် ပို၍ စိတ်သက်သာရာရနေကြသည်။ မြို့တော်ကို တိုက်ခိုက်နေသည့် မွန်းစတား သန်းရာနှင့်ချီပါဝင်သည့် ဤမြင်ကွင်းသည် နတ်ကုန်းမြေ၌ ၎င်းတို့ဘဝတစ်လျှောက်လုံး ကြုံတွေ့ရနိုင်ဖွယ်မရှိသည့် မြင်ကွင်းဖြစ်သည်။

လူများစွာက ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်မီ လုပ်ဆောင်ခဲ့သောကြောင့် မွန်းစတားစစ်တပ်၏ ချီတက်မှုကို ရပ်တန့်နိုင်ခဲ့သည်။ အကယ်၍ မွန်းစတားစစ်တပ်သာ မြို့တော်ထဲသို့ ဖောက်ဝင်ခဲ့ပါက နျူကလီးယားဗုံးများ အသုံးပြုလျှင်ပင် လွယ်ကူမည်မဟုတ်ပေ။ ၎င်းတို့သည် နောက်ဆက်တွဲဆိုးကျိုးများကို ကြောက်ရွံ့သောကြောင့် နျူကလီးယားဗုံးများကိုပင် အသုံးပြုခဲ့မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ မြို့တော်သည် ပင်းဟိုင်မြို့ကဲ့သို့ ဟုတ်ပေ။ မြို့တော်သာ နျူကလီးယားဗုံးဖြင့် ပြားချပ်သွားပါက မည်မျှ ရုတ်ရုတ်သဲသဲဖြစ်စဉ်များ ဖြစ်ပေါ်သွားမည်ကို တွေးကြည့်၍ပင် သိနိုင်သည်။

ချူးယွင်ဖန်းသည် ထိုအကြောင်းကိစ္စနှင့်ပတ်သက်၍ သိပ်စဉ်းစားတွေးတောခြင်းမရှိပေ။ သူ့မျက်လုံးများသည် ကောင်းကင်ယံရှိ နက်နဲရာသို့ စိုက်ကြည့်နေသည်။ ထိုနေရာ၌ လေထုတစ်ခုလုံးကိုကျော်လွန်၍ စကြဝဠာအစွန်းသို့ ဝင်ရောက်လုနီးပါးဖြစ်နေသော အံ့ဩဖွယ်စစ်ပွဲတစ်ခုရှိနေသည်။ ပြီးနောက် ထိုစစ်ပွဲသည် ရှုံးနိမ့်မှု အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။ ချူးယွင်ဖန်း အနိုင်ရခဲ့လျှင်ပင် ထိုစစ်ပွဲတွင် သမ္မတကြီး ရှုံးနိမ့်သွားပါက အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

ထိုအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် အလွန်အားနည်းလွန်းသည်။ အခြားလူများသည်လည်း ထိုအကြောင်းအရာကို ချက်ချင်း သဘောပေါက်ကြသောကြောင့် အားလုံးက ချူးယွင်ဖန်းထံမှ မျက်စိလွှဲပြီးနောက် စကြဝဠာအစွန်းသို့ ကြည့်လိုက်ကြသည်။

သို့သော် ၎င်းတို့၏ အမြင်အာရုံသည် ထိုနေရာအထိ မရောက်ရှိနိုင်သောကြောင့် အထက်ရှိအခြေအနေကို မမြင်တွေ့နိုင်ပေ။ ၎င်းတို့သည် အနီးနားနေရာသို့ လွှမ်းခြုံလာသည့် တိုက်ပွဲ၏ စွမ်းအင်များကို ရံဖန်ရံခါသာ ခံစားနိုင်ကြသည်။ ရုတ်တရက်ဆိုသလိုပင် ထိတ်လန့်ဖွယ် ပေါက်ကွဲသူများကို အားလုံး ကြားလိုက်ရသည်။ ကောင်းကင်ယံ၌ နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ထင်မှတ်ရစေသည်။

အောင်နိုင်သူကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်ကြောင်း လူတိုင်း နားလည်သွားသော်လည်း မည်သူ အနိုင်ရခဲ့သည်ကို ၎င်းတို့ မသိကြပေ။ ပြီးနောက် အလင်းတန်းတစ်ခုကို စီးနင်းနေသော သမ္မတကြီးသည် ကောင်းကင်ပေါ်မှ ယိမ်းယိုင်စွာ ဆင်းသက်လာကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ယခင်က စိတ်ဓာတ်မြင့်မားမှုနှင့် နှိုင်းယှဉ်ပါက ယခုအခါ သမ္မတကြီးသည် အလွန်ဆိုးရွားဖွယ် အခြေအနေတွင်ရှိနေသည်။

ပိုတိကျစွာပြောရမည်ဆိုလျှင် ဆိုးရွားဆုံးသော အခြေအနေတွင်ရှိနေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သူ၏သွေးများအပြင် ရန်သူ၏ သွေးများဖြင့်ပင် စိုရွှဲနေခဲ့သည်။ သူ့ရင်ဘတ်မှာ ဒဏ်ရာအကြီးကြီးတစ်ခုရှိနေ၍ ၎င်းသည် ရင်ဘတ်မှ စတင်ကာ သူ၏ဝမ်းဗိုက်အောက်ခြေတွင် အဆုံးသတ်သွားခဲ့သည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို နှစ်ခြမ်းခွဲလုနီးပါးဖြစ်စေမည့် ဒဏ်ရာတစ်ခုဖြစ်သည်။ သွေးများစိုရွှဲနေသည့်အပြင် ဒဏ်ရာသည် နက်နဲလွန်းသောကြောင့် အရိုးများကိုပင် မြင်တွေ့နိုင်သည်။ ထိုဒဏ်ရာသည် နောက်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် ကွဲထွက်တော့မည့်လောဟုပင် လူအများကို တွေးတောစေခဲ့သည်။

သူ၏လက်မောင်းတစ်ဖက်သည် ဖြတ်တောက်ခံခဲ့ရ၍ လက်ဖဝါးတစ်ခုလုံးနီးပါးပင် ပြတ်ထွက်သွားခဲ့ရာ၊ သူ၏ဦးခေါင်းတွင် နက်ရှိုင်းစွာ အက်ကွဲနေသောကြောင့် ဦးခေါင်းခွံကို မြင်ရနိုင်သည်။ သမ္မတကြီးသည် အံ့အားသင့်ဖွယ်တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရမည်မှာ သေချာသည်။

ဤအချိန်၌ မြို့တော်ရှိ မရေတွက်နိုင်သော လူများစွာ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သမ္မတကြီးသည် ၎င်းတို့အတွက် သေလုနီးပါးဖြစ်နေသည်။ ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုးဖြင့်ဆိုလျှင် သေဆုံးရမည်မှာ သေချာသည့်အပြင် ရှင်သန်နိုင်ခြေမရှိပေ။ သို့သော် သမ္မတကြီးသည် ဇွဲမလျှော့ခဲ့ပေ။

"အဆင်ပြေရဲ့လား၊ သမ္မတကြီး"

ချူးယွင်ဖန်းသည် ချက်ချင်းဆိုသလိုပင် သမ္မတကြီး အနားရောက်လာ၍ သူ့ကို အမှီပြုပေးလိုက်သည်။ သမ္မတကြီးသည် ဘဝ၏ အဆုံးသတ်သို့ ရောက်ရှိနေသည်ဟု ချူးယွင်ဖန်း ခံစားနေရသည့်အပြင် လေပြင်းတိုက်ခတ်ရုံဖြင့် လဲကျသွားနိုင်ပုံပေါ်သည်။ ခဏအကြာတွင် သူ၏နည်းပြဆရာ ကျန်းယွမ်ပင်သည်လည်း လေထုထဲမှ ပေါ်ပေါက်လာကာ သမ္မတကြီး၏ တစ်ဖက်ခြမ်းကို တွဲကူလိုက်သည်။

"အဆင်ပြေပါတယ်။ ဟားဟား၊ ကျုပ် သေရတော့မယ်လို့ ထင်ခဲ့ပေမယ့် မင်းရဲ့ နှလုံးသားကောင်းကင်ကာကွယ်ဆေးက ဒီလောက်အသုံးဝင်မယ်လို့ မထင်ထားဘူး။ ကျုပ်သာ မတောင့်ခံထားနိုင်လို့ သေချာပေါက် သေရလိမ့်မယ်" သမ္မတကြီးသည် ရယ်ချင်နေသေးသော်လည်း သူ၏ဒဏ်ရာများကို ဆွဲဆန့်သကဲ့သို့ဖြစ်သွားသောကြောင့် ရှုံ့မဲ့သွားလေသည်။

သမ္မတကြီးသည် အလွန်တုန်လှုပ်သွားခဲ့သည်။ သူသည် သေဆုံးရတော့မည်ဟု ထင်မှတ်ခဲ့သည်မှာ သေချာသည်။ ဤမျှ ပြင်းထန်သော ဒဏ်ရာကို ခံစားပြီးနောက် အလုံးစုံသော တတ်ကျွမ်းသော နတ်အဆင့်တစ်ဦးပင် သေဆုံးရပေလိမ့်မည်။

သို့သော် ထိုသို့သော အခြေအနေအောက်တွင် သူ့ခန္ဓာကိုယ်၏ နက်နဲသော အသက်ဓာတ်များ ပေါက်ကွဲထွက်လာ၍ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ထောက်ပံ့ထားခဲ့သည်။ ချူးယွင်ဖန်း သူ့အတွက် ပြင်ဆင်ပေးခဲ့သည့် နှလုံးသားကောင်းကင်ကာကွယ်ဆေးသည် သေခြင်းတရားမှ လွတ်မြောက်အောင် ကူညီပေးခဲ့၏။

All Chapters