← Chapters

အခန်း (၁၁၂၀-၁၁၂၂)

Vol. 75 Ch. 1120-1122

အခန်း (၁၁၂၀-၁၁၂၂)

Vol. 75 Ch. 1120-1122

အခန်း (၁၁၂၀) အနန္တနတ်ဆိုးတောင်တန်းထဲသို့ တောက်လျှောက် သတ်ဖြတ်သွား၍ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို သုတ်သင်ခြင်း

ပြည်ထောင်စုနှင့် အနန္တနတ်ဆိုးတောင်တန်းတို့သည် ဤမတိုင်မီက ၎င်းတို့အချင်းချင်း အတိုင်းအတာတစ်ခုအထိ ထိန်းညှိခဲ့ကြသည်။ ၎င်းတို့သည် အချင်းချင်း လုံးလုံးလျားလျား ရန်ငြိုးဖွဲ့ခြင်းမျိုး မဟုတ်ကြပေ။ မဟုတ်ပါက နှစ်ဦးနှစ်ဖက်စလုံး ဒုက္ခရောက်ရမည့် အခြေအနေမျိုး ဖြစ်သွားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် နှစ်ဖက်စလုံးအတွက် လွတ်လမ်းမရှိတော့ပေ။ အကယ်၍ ပြည်ထောင်စုသည် အနန္တနတ်ဆိုးတောင်တန်းကို တစ်ကြိမ်တည်း မဖျက်ဆီးနိုင်ခဲ့ပါက၊ နတ်ဆိုးများ၏လက်စားချေမှုသည် လူသားများကို အသေအပျောက်များစွာ ဖြစ်ပွားစေနိုင်သည်။ မျိုးစိတ်များ သုတ်သင်ရှင်းလင်းရေး တိုက်ပွဲတွင် အလွန်ကျယ်လောင်မြည်ဟည်းသော တိုက်ပွဲသံများ ထွက်ပေါ်လာသည်။ အနန္တနတ်ဆိုးတောင်တန်း၏ နက်နဲသောနေရာမှ ဒေါသဖြင့် ဟိန်းဟောက်သံများစွာကို ကြားနေရသည်။ ကျယ်လောင်သော ဟိန်းဟောက်သံများသည် အင်အားကြီး သားရဲများ၏ ဟိန်းဟောက်သံများကဲ့သို့ ထင်မှတ်ရစေသည်။

အနန္တနတ်ဆိုးတောင်တန်း၏ အဆုံးမဲ့ နက်နဲသော နေရာတွင် အားကောင်းသန်မာသော မွန်းစတားများသည် လေထုထဲသို့ ပျံဝဲလာကြသည်။ ၎င်းတို့အားလုံးသည် ဝေဟင် မွန်းစတားများဖြစ်ကြသည်။ မြေပြင်ပေါ်တွင်လည်း မွန်းစတားများစွာ ပြေးလွှားနေကြ၍ မပျံသန်းနိုင်ကြသော်လည်း ၎င်းတို့၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်၏အကူအညီဖြင့် ခုန်ပေါက်နိုင်ကြသည်။ ၎င်းတို့သည် လေထဲသို့ ခုန်တက်ပြီးသည်နှင့် ကောင်းကင်တွင် ခေတ္တရပ်တန့်၍ လူသားစက်လက်နက်များနှင့် တိုက်ခိုက်လိုက်ကြသည်။

ပြည့်ကျပ်နေသော မွန်းစတားများသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေကြ၍ လူအများကို ကြက်သီးထသွားစေသည်။ ကမ္ဘာပေါ်ရှိ သာမန်ဂြိုလ်တုမြို့တော်တွင် ပေါ်ပေါက်လေ့ရှိသော မွန်းစတားအုပ်သည် မွေးဖွားခြင်းနယ်မြေအဆင့် အနည်းငယ်သာပါရှိသော်လည်း ၎င်းဖြစ်စဉ်သည် ကာကွယ်ရေးတပ်ဖွဲ့များကို အကျပ်ရိုက်စေကြောင်း သိထားရပေလိမ့်မည်။

ယခုမူ၊ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများဖြစ်ကြ၍ အနန္တနတ်ဆိုးတောင်တန်းသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ရှင်းရှင်းလင်းလင်း ပြသနေသည်။ ထိုအချိန် နတ်အဆင့် မွန်းစတားတစ်ကောင် ခုန်ထွက်လာသော်လည်း ကြယ်တစ်စင်းကဲ့သို့သော အလင်းမျှားတစ်ခုသည် ကောင်းကင်ကိုဖြတ်သန်း၍ ၎င်းကို ထိုးဖောက်ဝင်ရောက်သွားသောကြောင့် မွန်းစတားသည် ၎င်း၏ စွမ်းအင်ကိုပင် မပြသနိုင်ခဲ့ပေ။

မြှားသည် ၎င်း၏လည်ချောင်းကို ထိုးဖောက်ဝင်ရောက်သွားသဖြင့် သွေးများ ပြန့်ကျဲလာသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ ချူးယွင်ဖန်းသည် မလှမ်းမကမ်းတွင် မိုးကြိုးစွမ်းအင်ဖြင့် ပြုလုပ်ထားသော လေးတစ်စင်းကို ကိုင်ဆောင်ထားသည်။ သူသည် မြှားကို ပစ်ခတ်ခဲ့သူဖြစ်သည်။ သူ့ခန္ဓာကိုယ်ရှိ မိုးကြိုးစွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှုသည် ပို၍ချောမွေ့လာသည်။ ချူးယွင်ဖန်းသည် စိတ်ထဲတွင် သက်ပြင်းချမိသွားသည်။ မိုးကြိုးကိုယ်ခန္ဓာကဲ့သို့ ထူးခြားသော ကိုယ်ခန္ဓာသည် အမှန်တကယ်ပင် ထူးကဲလှသည်။

ယခုအခါ သူသည် မိုးကြိုးစွမ်းအင်နှင့် မွေးဖွားလာသကဲ့သို့ သူ့ခန္ဓာကိုယ်ရှိ မိုးကြိုးစွမ်းအင်များကို ထိန်းချုပ်နိုင်နေသည်။ သူ၏ခြေများ လက်များကို လှုပ်ရှားနေသကဲ့သို့ လွယ်ကူလှ၏။ ဤသည်မှာ အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်ကို ကျင့်ကြံပြီးနောက် သူမ၏ နှင်းစွမ်းအင်ကို သာမန်လူများထက် ပို၍ ကျွမ်းကျင်စွာ အသုံးချနိုင်သွားသည့် တန်စီယုနှင့် ဆင်တူသည်။

သူ့နံဘေးရှိ တန်စီယုသည် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ခြေထောက်အောက်တွင် နှင်းကြာပန်းတစ်ခု ပေါ်ပေါက်လာသည်။ သူမသည် မွန်းစတားအုပ်စုထဲသို့ ပြေးဝင်၍ သတ်ဖြတ်လိုက်ရာ၊ သူမ၏ပုံရိပ်သည် အလွန်လျင်မြန်လှသည်။ အံ့ဩဖွယ် ဓားအလင်းရောင်များ တစ်ကြိမ်ပြီးတစ်ကြိမ် မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီးနောက် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေသည့် ထိုမွန်းစတားများကို သုတ်သင်ပစ်လိုက်သည်။

ချူးယွင်ဖန်းက ပြုံးလိုက်သည်။ သူသည် လုံးလုံးလျားလျား မစိုးရိမ်ပေ။ တန်စီယုသည် ပထမနတ်ဘုရားကျွန်နှင့် တိုက်ပွဲအပြီးတွင် သူမ၏ကိုယ်ပိုင်စွမ်းအင်ကို အလွန် ကျွမ်းကျင်လာခဲ့သည်။ သူမသည် ရွှေအမတေအဆင့်၏ နိယာမအချို့ကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် ရွှေအမတေအဆင့်သို့ ခြေလှမ်းတစ်ဝက်မျှ ဝင်ရောက်ရန် အချိန်အနည်းငယ်သာ လိုအပ်တော့သည်။

အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်သည် အမှန်တကယ် ရှေးဟောင်းလူသားများကာလကတည်းက နာမည်ကြီးခဲ့သည့် ထူးခြားသော သိုင်းပညာတစ်ခုဖြစ်သည်။ တစ်ချိန်က ဤထူးခြားသော ကိုယ်ခန္ဓာကျင့်ကြံမှုကို ပိုင်ဆိုင်ခဲ့သည့် ဧကရီတစ်ပါးရှိခဲ့ဖူးသည်။ ဤစစ်မြေပြင်တွင် တန်စီယု၏တိုက်ခိုက်ရေးစွမ်းအင်သည် အပြင်းထန်ဆုံးဖြစ်သည်။ သူမသည် သတိထားပြုမူနေသရွေ့ ပြိုင်ဘက်ကင်းနေမည်ဖြစ်သည်။

စကြဝဠာမှ ငုံ့ကြည့်မည်ဆိုလျှင် အချင်းချင်း တိုက်မိသွားသည့် ကြောက်မက်ဖွယ်ကောင်းသော ရေစီးကြောင်းတစ်ခုကဲ့သို့ မြင်တွေ့နိုင်ပေလိမ့်မည်။ သံမဏိကဲ့သို့ ဒီရေလှိုင်းနှင့် မွန်းစတား ဒီရေလှိုင်းများ လေထုထဲတွင် တိုက်မိသွားကြသည်။

သန်းပေါင်းများစွာသော စက်လက်နက်များသည် လူသားမျိုးနွယ်၏ လက်ရွေးစင်များဖြစ်ကြသော်လည်း မရေတွက်နိုင်သော မွန်းစတားများသည်လည်း နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။ တခဏချင်းမှာပင် လှပသော သွေးရောင်ပန်းပွင့်များ ပွင့်လန်းလာ၍ သွေးများ နေရာအနှံ့သို့ ပြန့်ကျဲသွားလေ၏။

စစ်မြေပြင်တွင် ကြောက်မက်ဖွယ် သတ်ဖြတ်မှုမျိုးစုံ ထွက်ပေါ်လာသည်။ တခဏချင်းမှာပင် နှစ်ဘက်စလုံးရှိ ထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများ ဆိုးရွားစွာ သေဆုံးသွားရသည်။ ပြည်ထောင်စုသည် လက်စားချေရန် ရည်ရွယ်ထားသောကြောင့် ရုတ်ချည်းရောက်ရှိလာကြသည်။ ထို့ကြောင့် အနန္တနတ်ဆိုးတောင်တန်းပေါ်ရှိ နတ်ဆိုးများသည် ကောင်းတကာ့ အကောင်းဆုံး ကျွမ်းကျင်သူများဖြစ်သော်ငြား အငိုက်မိသွားသောကြောင့် ချက်ခြင်း ထိုးဖောက်ခံခဲ့ရသည်။

မွန်းစတားများသည် ၎င်းတို့ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း သံမဏိတပ်များဖြင့် လျင်မြန်စွာ နင်းချေခံလိုက်ရ၏။ အနန္တနတ်ဆိုးတောင်တန်းသည် အချိန်ကြာမြင့်စွာ ငြိမ်းချမ်းခဲ့ကြ၍ မရေတွက်နိုင်သော အတားအဆီးများဖြင့် ကာကွယ်ထားကြသည်။ သာမာန်အခြေအနေအောက်တွင် သန်းချီသော တပ်ဖွဲများက ဝိုင်းရံထားလျှင်ပင် ၎င်းတို့ကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ပြည်ထောင်စု၏ လက်စားချေမှုသည် မြန်မြန်ဆန်ဆန် ရောက်လာဖြစ်လာလိမ့်မည်ဟု ၎င်းတို့ မတွေးခဲ့မိပေ။

နောက်ဆုံး အနန္တနတ်ဆိုးတောင်တန်းဘက်မှ ပြည်ထောင်စုကို ဆန့်ကျင်ရန် ကြံစည်မှုသည် ပထမဆုံးအကြိမ် မဟုတ်ရာ၊ ပြည်ထောင်စုသည် ၎င်းတို့၏ ဒေါသများကို အမြဲတစေ မျိုသိပ်ခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင် ကွဲပြားသွားလေသည်။ ပြည်ထောင်စုသည် အမှန်တကယ် လက်စားချေလိုသောကြောင့် ၎င်းတို့၏ မျိုးနွယ်စုအားလုံးကို သုတ်သင်ရှင်းလင်းမည့် စစ်ပွဲမျိုးစတင်ခဲ့သည်။

လူသားစက်လက်နက်များဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးသည် အနန္တနတ်ဆိုးတောင်တန်း၏အစွန်းပိုင်းကို အမြန်ဖြတ်သန်းသွားကြသည်။ မွန်းစတားစစ်တပ်သည် ၎င်းတို့၏ ထိုးနှက်ချက်တစ်ခုကိုပင် မခုခံနိုင်သည်အထိ အားနည်းလွန်းလှသည်။ မွန်းစတားများသည် စက်လက်နက်များ ဖြတ်သန်းသွားတိုင်း သွေးအိုင်များဖြစ်သည်အထိ နင်းချေခံလိုက်ရ၏။ ဤမျှ အံ့သြဖွယ်ကောင်းလှသော စစ်တပ်ကြီးနှင့် ရင်ဆိုင်ရာတွင် နတ်အဆင့်များပင် ရှောင်ရှားရပေလိမ့်မည်။

ချူးယွင်ဖန်းသည်လည်း စစ်တပ်ထဲတွင် ရောက်ရှိနေသဖြင့် စစ်တပ်တစ်ခုလုံး၏ သွေးများ ချီများသည် တိုက်ပွဲနှင့် တဖြည်းဖြည်း ပေါင်းစည်းသွားကာ ကြောက်မက်ဖွယ် အရောင်အဝါများအဖြစ် ထွက်ပေါ်လာကြောင်း ခံစားလိုက်ရသည်။ သာမာန်လူများသည် ပြင်းထန်သော အရှိန်အဟုန်ကိုသာ ခံစားနိုင်သော်လည်း အင်အားကြီး ကျင့်ကြံသူများသည် ယင်းကို ရှင်းလင်းစွာ ခံစားရနိုင်သည်။ ၎င်းသည် လည်ချောင်းထဲရှိ ငါးရိုးကဲ့သို့ဖြစ်နေ၍ သာမန်စစ်တပ်ဖွဲ့စည်းပုံအတွင်းရှိ နတ်အဆင့်များသည် ဤငါးရိုးကို အလေးအနက်မထားကြပေ။

လူပေါင်း ထောင်ချီသို့မဟုတ် သောင်းချီ ရောက်လာလျှင်ပင် နတ်အဆင့်များသည် အချိန်တိုင်း သတ်ဖြတ်ကြပေလိမ့်မည်။ သို့သော် ဤအဆင့်ရှိ သန်းချီသော လက်ရွေးစင်များသည် ၎င်းတို့ကို ချီတက်လာသော နတ်အဆင့်များကို နစ်မွန်းနိုင်ရန် လုံလောက်သည်။ တိုက်ပွဲ၏ သတ်ဖြတ်မှု အရောင်အဝါများ မြင့်တက်လာ၍ နတ်အဆင့်များ၏ အာဒိကပ္ပဝိညာဉ်များကို တိုက်ခိုက်လာသည်။ ထိုသို့သော စစ်တပ်နှင့် ရင်ဆိုင်ရာတွင် ရွှေအမတေအဆင့် ကျွမ်းကျင်သူပင် ၎င်းစူးရှမှုများကို ခေတ္တရှောင်တိမ်းရပေလိမ့်မည်။

ဤသည်မှာ နျူကလီးယားဗုံးများ၊ ကြယ်ဖျက်ဆီးသူနှင့် အလွန်အစွမ်းထက်သည့် သိုင်းပညာကျွမ်းကျင်သူများရှိနေသော်လည်း အမှန်တကယ် အဆုံးအဖြတ်ပေးမည့် အချက်အချာသည် နှစ်ဦးနှစ်ဖက်စလုံး၏ ထိပ်တန်းတပ်ဖွဲ့များဖြစ်နေရသည့် အကြောင်းအရင်းဖြစ်သည်။ ချူးယွင်ဖန်း၏နတ်အာရုံသည် ဤသွေးဆာနေသော လက်ရွေးစင်စစ်သည်များ၏ ခန္ဓာကိုယ်များပေါ်ရှိ ပွက်ပွက်ဆူနေသည့် သွေးနီရောင် စွမ်းအင်အလွှာများကိုပင် ခံစားရနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုစစ်တပ်ကြီးသည် ၎င်းတို့ဘက်တွင်ရှိနေခဲ့သည်။ ပြည်ထောင်စုဘက်မှ ဤနှစ်များအတွင်း စုဆောင်းခဲ့သည့် လက်ရွေးစင်များသည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပေါက်ကွဲသွားလေသည်။

ချူးယွင်ဖန်း၏ခြေအောက်တွင် အနက်ရောင်နဂါးဘုရင်ရှိနေသည်။ ထိုအချိန်တွင် အနက်ရောင်နဂါးဘုရင်သည် အရှိန်အဟုန်ဖြင့် ပျံသန်းနေသောကြောင့် ထိုတိုက်ခိုက်မှုများသည် သူ့အပေါ် မကျရောက်နိုင်ပေ။ ချူးယွင်ဖန်းသည် ၎င်းတို့ကို အလွယ်တကူ တားဆီးနိုင်သောကြောင့် သူ့ကို နာကျင်အောင်ပင် မပြုလုပ်နိုင်ပေ။

အနန္တနတ်ဆိုးတောင်တန်းတွင် ကျယ်လောင်သော အချက်ပေးသံများ ထွက်ပေါ်လာသည်။ အသံသည် မိုင်ထောင်ပေါင်းများစွာ ပျံ့နှံ့သွားခဲ့ရာ၊ သွေးထွက်သံယို တိုက်ပွဲကြီး အမှန်တကယ် ရောက်ရှိလာပြီဖြစ်သည်။ အနန္တနတ်ဆိုးတောင်တန်းရှိ မွန်းစတားများသည် ယေဘူယျအားဖြင့် ဉာဏ်ရည်မြင့်မားသော်လည်း ၎င်းတို့သည် တစ်နေ့နေ့တွင် ပြင်းထန်စွာ တိုက်ခိုက်ခံရခြင်း သို့မဟုတ် အသတ်ခံရမည်ဟု မတွေးခဲ့မိပေ။

၎င်းတို့၏ ယာယီစုဝေးထားသော ကာကွယ်ရေးစနစ်သည် ဤတိုက်ပွဲအတွက် ကာလကြာရှည် ကြံစည်ထားသည့် ပြည်ထောင်စု တပ်မတော်ကို မည်သို့မျှ တားဆီးနိုင်မည်နည်း။ ရှေ့တန်းတပ်များ ရောက်ရှိသွားသည်နှင့် ၎င်းခံစစ်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားကြသည်။ ပြည်ထောင်စုသည် ၎င်းတို့ကို အရှိန်အဟုန်ဖြင့် အနိုင်ယူလိုကြသည်။ ၎င်းတို့သည် အနီးနားရှိ အခြားသော မွန်းစတားများ လာရောက်မကယ်တင်ကြမီ အနန္တနတ်ဆိုးတောင်တန်းကို တစ်ဟုန်ထိုး သုတ်သင်ပစ်မည်ဖြစ်သည်။ နတ်ဆိုးများသည် ပြည်ထောင်စုဘက်တွင် နှစ်ပေါင်းများစွာကြာ ဆူးပင်များဖြစ်ခဲ့ကြသည်။

ချူးယွင်ဖန်းနှင့် အခြားနတ်အဆင့်များက ဦးဆောင်၍ အနန္တနတ်ဆိုးတောင်တန်း၏ နက်နဲရာသို့ ချီတက်သွားကြသည်။ ချူးယွင်ဖန်းသည် မွန်းစတားများ၏ သွေးအစာများဖြစ်လာသည့် မရေတွက်နိုင်သည့် လူသေအလောင်းများ မျောနေသည့် သွေးအိုင်များကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်နေသည်။ သူသည် အလွန်ဒေါသထွက်သွားသောကြောင့် သူ၏သတ်ဖြတ်ချင်စိတ်များ ဆူပွက်သွားလေ၏။

အခန်း (၁၁၂၁) နဝမမြောက် နတ်အဆင့်တဲ့လား၊ ခုတ်သတ်ပစ်လိုက်

"အနန္တနတ်ဆိုးတောင်တန်းက ဒီနေ့ သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်”

ချူးယွင်ဖန်း၏ ကျယ်လောင်သော အော်သံသည် တောင်တစ်ခုလုံးကို တုန်လှုပ်သွားစေ၍ တောင်ပေါ်ရှိ အင်အားကြီးသော မွန်းစတားများစွာသည်လည်း ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်း၏ စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သူ၏ သာမန်ကာလျှံကာ ဟိန်ဟောက်သံသည် ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ဖြစ်နေသည်။

"အကုန် သတ်ပစ်။ ဒီနှစ်တစ်ရာရှည်တဲ့ ရန်ငြိုးကို ဒီနေ့ အဆုံးသတ်လိုက်ရအောင်။ ကျုပ်တို့တွေ အနန္တနတ်ဆိုးတောင်တန်းကို သုတ်သင်ပစ်မယ်"

ဤသည်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း တစ်ကြိမ်တစ်ခါမျှ မအောင်မြင်ခဲ့ဖူးသည့် ပြည်ထောင်စု၏ ခမ်းနားသော စွမ်းဆောင်မှုတစ်ခုဖြစ်သည်။ ကောင်းကင်တွင် သွေးများနှင့်ပြည့်နှက်နေ၍ သတ်ဖြတ်သံများကို နေရာတိုင်းတွင် ကြားနေရသည်။ နေရာတိုင်းတွင် ဓားအလင်းရောင်များနှင့် ဓားသွား အရိပ်များရှိနေ၍ သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် အဆက်မပြတ် ဖြစ်ပွားနေသည်။

အနန္တနတ်ဆိုးတောင်တန်းမှ နတ်မွန်းစတားများစွာသည်လည်း တိုက်ခိုက်နေကြသည်။ ထိုအချိန် တောင်အတွင်းမှ ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့ရာ၊ ၎င်းသည် ကြီးကျယ်ခမ်းနားသည့် သွေးနှောနဂါးကြီးဖြစ်၍ တခဏချင်းမှာပင် အရပ်ရှည်သော လူလတ်ပိုင်းအမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။

သူသည် မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏ အင်အားကြီးသော တော်ဝင်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် အလွန်ကြောက်စရာကောင်းသည့်အပြင် သူ၏ ချီများနှင့် သွေးများသည် အလွန် များပြားလှသည်။ သူသည် ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် နဝမမြောက် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ အချိန်သာပေးအပ်ခဲ့ပါက အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

သူသည် တိုက်ခိုက်သည့်အချိန်တိုင်း အလွန်ကြောက်စရာကောင်းလှ၍ သူ၏စွမ်းအင်သည် ပြည်ထောင်စုတပ်မတော်ကို ခြိမ်းခြောက်မှုကြီးဖြစ်စေခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို အကဲခတ်လိုက်သော်လည်း မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏ ဤအင်အားကြီးမားသော တော်ဝင်မျိုးနွယ်ဝင်ကို သူ မမှတ်မိခဲ့ပေ။ ပြည်ထောင်စု၏ထောက်လှမ်းရေးကွန်ရက်တွင် ဤတော်ဝင်မျိုးနွယ်ဝင်နှင့် ပတ်သက်သည့်အကြောင်းကိုလည်း သူ မတွေ့ရှိထားပေ။ ဤအချက်အရ မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏အခြေခံအုတ်မြစ်သည် မည်မျှနက်ရှိုင်းသည်ကို စိတ်ကူးကြည့်ရန် လွယ်ကူသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချူးယွင်ဖန်းကို တွေ့ရှိသွားသည်နှင့် သူ၏မျက်လုံးများ နီရဲလာ၍ ချူးယွင်ဖန်းဆီ အလျင်အမြန် ချီတက်လိုက်သည်။

ဘုံး

လူလတ်ပိုင်းအရွယ် အမျိုးသာသည် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ သူ၏ လက်သီးစွမ်းအင်များ သိပ်သည်းလာပြီးနောက် ကြီးမားသော နဂါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုနဂါးကြီးသည် ၎င်း၏မေးရိုးကိုဖွင့်ဟကာ ချူးယွင်ဖန်းကို တစ်ချက်တည်း မျိုချရန်ဟန်ပြင်လိုက်သည်။

ချူးယွင်ဖန်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် သူ၏လက်ကို ဓားသွားအဖြစ် အသုံးပြုကာ ကြောက်မက်ဖွယ် နဂါးကြီးကို နှစ်ခြမ်းခွဲထုတ်လိုက်သည်။ သူ၏ ဓားစွမ်းအင်သည် အရှိန်မလျော့သွားဘဲ လူလတ်ပိုင်းလူရွယ်အမျိုးသားဆီ ပျံသန်းသွားလေ၏။

ထိုသို့မြင်သောအခါ သက်လတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ ချူးယွင်ဖန်း၏လက်ဓားသွားသည် အလွန်ရိုးရှင်းသော သိုင်းပညာတစ်ခုမျှသာဖြစ်၍ ရှုပ်ထွေးသော သိုင်းစွမ်းအင်များမပါဝင်ကြောင်း သိသာထင်ရှားသည်။ သို့သော် ဤသည်မှာ သူ့အတွက် ဆိုးရွားသော ခြိမ်းခြောက်မှုဖြစ်စေသည့် လှုပ်ရှားမှုမျိုးဖြစ်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုသည် လူသားများကြားတွင် မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် တောင်ပေါ်မှ မထွက်ခွာဖူးသောကြောင့် ပြည်ထောင်စုတွင် မှတ်တမ်းတင်ခံရခြင်း မရှိခဲ့ပေ။ သူသည် လုံ့လစိုက်ထုတ်၍ ကျင့်ကြံနေသောကြောင့် ပြည်ထောင်စုကို တိုက်ခိုက်ရာတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးပေ။

ပြည်ထောင်စုသည် ပြည်ထောင်စုကို တိုက်ခိုက်ခဲ့သော နတ်အဆင့် ကျွမ်းကျင်သူများကို မှတ်တမ်းတင်ရန် ကြိုးစားခဲ့သော်လည်း ဤနတ်ဆိုးသည် တစ်ခါမျှ ပေါ်ပေါက်မလာဖူးသောကြောင့် ပြည်ထောင်စုသည် သူ့အကြောင်းနှင့်ပတ်သက်၍ မသိခဲ့ကြပေ။ ဤသက်လတ်ပိုင်းအရွယ်အမျိုးသားသည် အခြားသော စွန့်စားရေးအဖွဲ့ကို တာဝန်ယူထားသူဖြစ်သည်။ အနန္တနတ်ဆိုးတောင်တန်းသည် နတ်ဆိုးနိုင်ငံဟု လူသိများသော်လည်း လက်အောက်ခံရန်ဆန္ဒမရှိသည့် အခြားသော နတ်ဆိုးမျိုးနွယ်များစွာလည်း ရှိနေဆဲဖြစ်သည်။ တော်ဝင်မျိုးနွယ်သုံးစုအတွက် ခွန်းလွန်နယ်မြေကို တိုက်ခိုက်ရာ၌ ပြည်ထောင်စုသည် တစ်ခုတည်းသော ဦးတည်ချက်ဖြစ်သည်။

ဤသည်မှာ ပြည်ထောင်စုက အနန္တနတ်ဆိုးတောင်တန်း၊ အဏ္ဏဝါမျိုးနွယ်စုများနှင့် ကမ္ဘာပေါ်ရှိ မွန်းစတားမျိုးနွယ်စုများကို ရင်ဆိုင်ရခြင်းနှင့် ဆင်တူသည်။ ၎င်းအနက် အခြားသော ပြဿနာများစွာလည်းရှိနေသည်။ အနန္တနတ်ဆိုးတောင်တန်းအတွက်၊ ပြည်ထောင်စုသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သော်လည်း ၎င်းသည် တစ်ခုတည်းသော ပြဿနာမဟုတ်ပေ။ ထို့အပြင် အနန္တနတ်ဆိုးတောင်တန်းသည် ကျွမ်းကျင်သူအချို့ကို တမင်တကာ ဖုံးကွယ်ထားသောကြောင့် ပြည်ထောင်စုလျှင်ပင် ၎င်းတို့ကို သတိမပြုမိခဲ့ပေ။

ထိုအမျိုးသားသည် ပြည်ထောင်စုကို တိုက်ခိုက်ရာတွင် တစ်ခါမျှ မပါဝင်ဖူးသည်အတွက် ချူးယွင်ဖန်းနှင့်ပတ်သက်၍ သိပ်မသိခဲ့ပေ။ ချူးယွင်ဖန်း၏ နာမည်ကို ကြားဖူးခဲ့သော်လည်း လူကိုယ်တိုင် မမြင်တွေ့ဖူးပေ။ ၎င်းတို့နှစ်ဦး စတင်တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သဘောပေါက်သွားသည်။ ယခုသည် ယခင်အခြေအနေနှင့် လုံးလုံးလျားလျား မတူညီပေ။ သူ၏ပြည်ထောင်စုအပေါ် နားလည်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များနှင့် တူညီနေဆဲဖြစ်သည်။ ကျွမ်းကျင်သူအချို့ရှိခဲ့လျှင်ပင် သူသည် ၎င်းတို့အားလုံးကို ကိုယ်တိုင် သတ်ပစ်နိုင်မည်ဟု ထင်မြင်ခဲ့သည်။

သက်လတ်ပိုင်းအရွယ်အမျိုးသား အမှန်တကယ် ကြောက်ရွံ့ရသောအရာသည် ပြည်ထောင်စု၏ နည်းပညာမြင့်လက်နက်များဖြစ်သည်။ ပြည်ထောင်စု၏ ကျွမ်းကျင်သူများဟု တင်စားခေါ်ဝေါ်ခံရသူများသည် မိမိတို့၏ ထိုးနှက်ချက်တစ်ခုကို ခံနိုင်ရည်ရှိရန်ပင် အားနည်းလွန်းလှသည်။ နဝမမြောက် နတ်အဆင့်။ ပြည်ထောင်စုသည် ထိုသို့သောဖြစ်တည်မှုမျိုးကိုပင် စိတ်ကူးဝံ့မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ယခင် ထင်မြင်ချက်များများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ယခုအချိန်မှသာ သူ သဘောပေါက်သွားသည်။ ပြည်ထောင်စုသည် ဤတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်၍ ရောက်ရှိလာခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူတစ်ဦးတည်းကပင် သူ့ကို ထိတ်လန့်စေနေပြီဖြစ်သည်။

ဤအရေးကြီးသော အခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ သူသည် သူ့အရှေ့တွင် အတားအဆီးတစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်သည်။ သို့သော် ဤအတားအဆီးသည် စက္ကူဖြင့် ပြုလုပ်ထားသည့်အတိုင်း ချူးယွင်ဖန်းက သူ၏လက်ဓားသွားဖြင့် အလွယ်တကူ ဖြတ်တောက်လိုက်သည်။ ထိုလက်ဓားသွားသည် လူလတ်ပိုင်းအရွယ်အမျိုးသား အရှေ့သို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိသွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏လက်များကို ပိတ်ဆို့ရန် အသုံးပြုခဲ့သောကြောင့် နောက်ဆုံးတွင် ချူးယွင်ဖန်း၏ လက်ဓားသွားကို ချေဖျက်နိုင်ခဲ့သည်။ သို့သော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်မောင်းများသည် အရိုးကွဲအက်သံနှင့်အတူ ပြတ်တောက်သွားကာ သွေးများ နေရာအနှံ့သို့ လွင့်စဉ်သွားခဲ့သည်။ သူသည် အလွန် ဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ နတ်ဆိုးကျွမ်းကျင်သူအများအပြားသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ဦးပြီး တစ်ဦး အော်ဟစ်လိုက်ကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို တားဆီးလိုသည့်ဟန်ဖြင့် အပြေးနှင်လာကြသည်။

ချူးယွင်ဖန်းသည် ၎င်းတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူ၏ခြေထောက်အောက်ရှိ အနက်ရောင်နဂါးဘုရင်သည် အနက်ရောင်မီးတောက်များကို မှုတ်ထုတ်ခြင်းဖြင့် ထိုနတ်ဆိုးများကို သတ်ပစ်လိုက်သည်။ ထိုနတ်ဆိုးအများစုသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ရောက်ရှိနေကြ၍ နတ်အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့သော်လည်း သတ္တမမြောက်နတ်အဆင့်သို့ ဝင်ရောက်ပြီးဖြစ်သော အနက်ရောင်နဂါးဘုရင်နှင့် ရင်ဆိုင်ရာတွင် အနည်းငယ်မျှ ခုခံနိုင်စွမ်းမရှိကြပေ။

ချူးယွင်ဖန်းသည် သက်လတ်ပိုင်းအမျိုးသား၏လက်မောင်းများကို လက်ဓားသွားဖြင့် ခုတ်ထစ်လိုက်သည်။ သူသည် မရပ်တန့်ခဲ့ဘဲ လက်များကြားမှ နောက်ထပ် ဓားအလင်းရောင်ကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။ သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်နှင့် လူလတ်ပိုင်း အမျိုးသား၏ လည်ပင်းသည် ချက်ချင်းဖြတ်တောက်သွားခဲ့သည်။

လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများသည် မသေဆုံးမီ သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ မယုံကြည်နိုင်သော အကြည့်များဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သူ၏စိတ်ကူးစိတ်သန်းထက် ကျော်လွန်သွားခဲ့သည်။ သူကဲ့သို့သော ကျွမ်းကျင်သူသည် ကမ္ဘာပေါ်တွင် ထိပ်တန်း ကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော်လည်း ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခုခံနိုင်သေးပေ။

ထိုအချိန်တွင် တန်စီယု၊ သက်ရှည်ယုံကြည်ခြင်းဂိုဏ်း၊ လမင်းတံခွန်ဂိုဏ်းနှင့် အဆုံးမဲ့စခန်းတို့၏ ဂိုဏ်းခေါင်းဆောင်များနှင့် အခြားသော ကျွမ်းကျင်သူအချို့သည် အနန္တနတ်ဆိုးတောင်တန်း၏ ထိပ်တန်း ကျွမ်းကျင်သူများနှင့် ကြုံတွေ့ခဲ့ရသည်။ နတ်အဆင့် အထွတ်အထိပ်တွင်ရှိနေသည့် နတ်ဆိုးကျွမ်းကျင်သူများလျှင်ပင် ပျံသန်းလာ၍ ၎င်းတို့၏လမ်းကြောင်းကို တားဆီးနေကြသည်။

အနန္တနတ်ဆိုးတောင်တန်း၏ အမွေအနှစ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် လူသားကျွမ်းကျင်သူများအားလုံး အစွမ်းကုန် ကြိုးစားနေချိန်၌ပင် အားနည်းချက်မရှိခဲ့ပေ။ နတ်အဆင့် မွန်းစတားများနှင့် နတ်ဆိုးအများအပြားသည် ခွန်းလွန်နယ်မြေတစ်လျှောက်တွင် ပြန့်ကျဲနေသောကြောင့် ၎င်းတို့ကို ကယ်တင်ရန် အချိန်မှီရောက်မနိုင်ကြပေ။ မဟုတ်ပါက၊ ၎င်းတို့အားလုံးစုရုံးမိသွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယို တိုက်ပွဲကြီး ဖြစ်ပေါ်သွားပေလိမ့်မည်။

ထို့ကြောင့် ချူးယွင်ဖန်းသည် ဤဘေးဆိုးကြီးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန်အတွက် အနန္တနတ်ဆိုးတောင်တန်းကို အငိုက်ဖမ်းရန် စီစဉ်လိုက်သည်။ ချူးယွင်ဖန်းက သက်လတ်ပိုင်းအရွယ် အမျိုးသားကို သတ်ဖြတ်ပြီးသည်နှင့် ခြေထောက်အောက်ရှိ အနက်ရောင်နဂါးဘုရင်သည် အတောင်ပံများကို လှုပ်ခတ်ကာ ပို၍ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် တောင်ထဲသို့ ပျံသန်းသွားလေသည်။

မရေတွက်နိုင်သော မွန်းစတားများသည် ခုန်ပေါက် တိုက်ခိုက်နေကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ကြောက်မက်ဖွယ် အသံလှိုင်းများသည် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှ နေရာအရပ်ရပ်သို့ ပြန့်ကျဲသွားလေသည်။ ကောင်းကင်ယံရှိ မရေတွက်နိုင်သော မွန်းစတားများသည် လေထုထဲတွင် ပေါက်ကွဲထွက်ကာ သွေးမြူများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ချီတက်မှုကို မရပ်တန့်နိုင်သည့်အပြင် သူ၏ သတ်ဖြတ်မှုကြောင့် အဆုံးသတ်သွားခဲ့သည်။

"ချူးယွင်ဖန်း၊ မင်းက သေကြောင်းကြံစည်နေတာပဲ"

အခန်း (၁၁၂၂) ငွေလမင်းဘုရင်

ချူးယွင်ဖန်းသည် အထိန်းအကွပ်မရှိဘဲ သတ်ဖြတ်လိုက်သည်။ ရာနှင့်ချီသော မွန်းစတားများသည် အခိုက်အတန့်တိုင်းတွင် သူ့လက်ချက်ဖြင့် သေဆုံးသွားကြသည်။ ဤသာမန်မွန်းစတားများအတွက်မူ သူသည် အလွန် အစွမ်းထက်လွန်းသည်ဟု ဆိုနိုင်သည်။ သူ့ထံမှ ကျယ်လောင်သော အော်ဟစ်သံသည် မွန်းစတားအုပ်ကြီးများကို သေဆုံးရန် သို့မဟုတ် ဒဏ်ရာရရှိစေရန် လုံလောက်ပေသည်။ သူ၏ သတ်ဖြတ်မှုနှုန်းသည် စစ်တပ်တစ်ခုနှင့်ညီမျှသောကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

အထူးသဖြင့် ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်၏ လျှို့ဝှက်ချက်များကို မြင်တွေ့ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် ရွှေအမတေအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်သွားသောကြောင့် ချူးယွင်ဖန်း၏ သတ်ဖြတ်မှုစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏လမ်းကြောင်းတွင် နတ်ဘုရားများ ဘုရားသခင်များရှိနေလျှင်ပင် အားလုံးကို သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။ ဤအချိန်၌ ချူးယွင်ဖန်းသည် အနန္တနတ်ဆိုးတောင်တန်း၏ နက်ရှိုင်းသော နေရာရှိ ဖြစ်တည်မှုများကို နောက်ဆုံးတွင် နိုးကြားသွားစေသည်။

ကျယ်လောင်သော ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် မီတာရာနှင့်ချီမြင့်မားသော ကြောက်မက်ဖွယ် စစ်သတ္တဝါကြီးများကို ထိန်းချုပ်နေသည့် ပုံရိပ်တစ်ခုသည် အလျင်အမြန် ပျံသန်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးများသည် တိုက်စားလွှမ်းမိုးလာသကဲ့သို့ ထင်မှတ်ရစေသည်။ ချူးယွင်ဖန်းအနောက်သို့ လိုက်ပါသော စက်လက်နက်တပ်ဖွဲ့သည် ထောင်နှင့်ချီသော စစ်သတ္တဝါကြီးများကြောင့် အပိုင်းပိုင်း ပြတ်ထွက်ကာ လွင့်ပျံသွားကြ၏။

ဤစစ်သတ္တဝါများသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့တစ်ကောင်ချင်းစီသည် ကြီးမားသော စစ်လွန်းပျံယာဉ်ကြီးတစ်စင်းနှင့် ဆင်တူ၍ ထောင်ပေါင်းများစွာတို့သည် အရပ်ရပ်ကို ချီတက်နေသည့် ကြောက်မက်ဖွယ် စစ်လွန်းပျံယာဉ်များကဲ့သို့ပင် ထင်မှတ်ရစေသည်။ စစ်မြေပြင်၌ ၎င်းတို့ကို မည်သူမျှ မတားဆီးနိုင်ပေ။

ဤသည်မှာ မျိုးစိတ်စစ်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းမှုဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အနန္တနတ်ဆိုးတောင်တန်းသို့ မရောက်ရှိခဲ့ပါက၊ နတ်ဆိုးများကြားတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးအင်အားစုများရှိနေသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။ အများအားဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားအုပ်ကြီးများ၏ ဝိုင်းရံတိုက်ခိုက်မှုတွင် ဒါဇင်နှင့်ချီသော မွန်းစတားများ ပါဝင်ကြသည်။

ယခုအခါ ထောင်ပေါင်းများစွာသော မွန်းစတားများသည် တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာကြသည်။ ဤစစ်သတ္တဝါကြီးများသည် အလွန် ကြီးမားသည့်အပြင် အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားကြသည်။ ၎င်းတို့၏ဦးခေါင်းများသည် ကျားများနှင့် ဆင်တူသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်သည် ဆင်များကဲ့သို့ ထင်မှတ်ရစေသည်။ ၎င်းသတ္တဝါအများအပြားအနက် အချို့၏ပါးစပ်ထောင့်များတွင် လူသားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အကြွင်းအကျန်များပင်ရှိနေကြသည်။

လူသားများစွာသည် ဤစစ်သတ္တဝါများ၏ဗိုက်ထဲသို့ ရောက်ရှိသွားကြ၍ ဤစစ်သတ္တဝါများသည် ရှင်သန်ရန်အတွက် နေ့စဉ်နေ့တိုင်း လူသားအများအပြားကို စားသုံးခဲ့ရသည်။ ဤစစ်သတ္တဝါများ၏ အထက်တွင် ပုံရိပ်တစ်ခုရှိနေ၍ ၎င်းသည် အရှေ့သို့ ချီတက်လာကာ မျှားဖြင့် ပစ်ခတ်လိုက်သည်။ ထောင်ပေါင်းများစွာသော ကြောက်မက်ဖွယ် မြှားချက်များသည် ကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်တံခွန်များကဲ့သို့ ချက်ချင်း လွင့်ထွက်သွားကြသည်။ ၎င်းတို့သည် ချက်ချင်းပင် စက်လက်နက်များကို ထိုးဖောက်သွားကြောင့် လေထုအလယ်တွင် ပေါက်ကွဲသွားကြသည်။

ချူးယွင်ဖန်းသည် ထိုပုံရိပ်ကို အေးစက်စွာ ကြည့်လိုက်သည်။ ၎င်းသည် ငွေရောင်ဝတ်ရုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်၍ ကမ္ဘာကို အုပ်စိုးသည့် ဘုရင်တစ်ပါးကဲ့သို့သော အရောင်အဝါများရှိနေသည်။ ချူးယွင်ဖန်းသည် ထိုအမျိုးသားကို ချက်ချင်း မှတ်မိသွားသည်။ သူသည် ပြည်ထောင်စု၏ အမျိုးမျိုးသော အလိုရှိသူစာရင်းအနက် ထိပ်တန်းအလိုရှိသူ တစ်ဦးဖြစ်သည်။ သူသည် ငွေရောင်လမင်း ဝံပုလွေများ၏ လက်ရှိ ငွေလမင်းဘုရင်ဖြစ်သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူဖြစ်သည့်အပြင် တာအိုလမ်းစဉ်မှ ထွက်ခွာပြီးကတည်းက လူသားများနှင့် တိုက်ပွဲတွင် အလွန်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ နတ်အဆင့်များအပါအဝင် မရေတွက်နိုင်သော လူသားများသည် နှစ်ပေါင်းရာနှင့်ချီ၍ သူ၏လက်တွင် သေဆုံးခဲ့ကြသည်။ ၎င်းတို့သည် လူသားတို့၏ ကမ္ဘာရန်သူများဟု လူသိများကြသည်။

"အနှိုင်းမဲ့သော အရှင်မင်းကြီး"

"အနှိုင်းမဲ့သော အရှင်မင်းကြီး"

"အနှိုင်းမဲ့သော အရှင်မင်းကြီး"

ငွေလမင်းဘုရင်၏ အသွင်အပြင်သည် စစ်မြေပြင်ရှိ မွန်းစတားများကို အလွန် အားတက်သွားစေသည်။ ဤမွန်းစတားများသည် ရက်စက်ကြမ်းကြုတ်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် သေခြင်းတရားကို မကြောက်ရွံ့ကြသူများ မဟုတ်ပေ။ ပြည်ထောင်စု၏ အစွမ်းကုန် တိုက်ခိုက်မှုအရ ပြည်ထောင်စုသည် ၎င်းတို့ကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ နားလည်ထားကြသည်။ အကယ်၍ ၎င်းတို့သာ သတိမထားပါက၊ အနန္တနတ်ဆိုးတောင်တန်းသည် ၎င်းတို့၏မျိုးဆက်တွင် အမှန်တကယ် ပျက်သုဉ်းသွားနိုင်သည်။

သို့သော်၊ ငွေလမင်းဘုရင်၏ အသွင်အပြင်သည် အနန္တနတ်ဆိုးတောင်တန်း၏ နက်ရှိုင်းသောနေရာသို့ ချီတက်နေသည့် ပြည်ထောင်စုစစ်တပ်ကို ရှုံးနိမ့်မှုများ ခံစားရစေသည်။ သူနှင့် ယှဉ်ပြိုင်နိုင်သူ မရှိပါက၊ သူ့၏ သတ်ဖြတ်မှု အရှိန်အဟုန်အရ ပြည်ထောင်စုတပ်မတော် တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့်ပင် ချေမှုန်းနိုင်ပေလိမ့်မည်။

ဤသိုင်းပညာကျွမ်းကျင်သူများသည် အလွန် မြန်ဆန်သောကြောင့် အမျိုးမျိုးသော လက်နက်ကြီးများသည် ၎င်းနှင့် တိုက်ခိုက်ရာတွင် ချိန်ရွယ်ရန် ခက်ခဲလှသဖြင့် အသုံးမဝင်နိုင်ပေ။ နျူကလီယားဗုံး အသုံးပြုခဲ့လျှင်ပင် ၎င်းကို လျင်မြန်စွာ အာရုံခံနိုင်သောကြောင့် ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဆုံးရှုံးမှုများကို လျစ်လျူရှု၍ အတူတူအပျက်စီးခံမည်ဆိုလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

"ငွေလမင်းဘုရင်၊ ခင်ဗျား အရင်တုန်းက လူသားကျွမ်းကျင်သူတွေ အများကြီးကို သတ်ခဲ့တယ်၊ အခု ပေးဆပ်ဖို့ အချိန်တန်ပြီ" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။

"ဟားဟားဟား၊ ဟာသပဲ။ ချူးယွင်ဖန်း၊ ဒါက မျိုးစိတ်နှစ်ခုကြားက နောက်ဆုံးတိုက်ပွဲပဲ။ ဒီမျိုးစိတ်နှစ်ခုက ဘာအတွက် တိုက်ပွဲဝင်နေကြတယ်လို့ မင်း ထင်လဲ၊ ဒီနေရာမှာ မှားတာတွေ မှန်တာတွေ မရှိဘူး။ သေမလား ရှင်မလားဆိုတာပဲရှိတယ်" ငွေလမင်းဘုရင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မင်းတို့ လူသားတွေလည်း ကျုပ်တို့ကို ဖမ်းမိတဲ့အခါ အရေခွံခွာပြီး ဆေးလုံးတွေ ဖော်စပ်ဖို့ ကျုပ်တို့ အတွင်းအူတွေကို ထုတ်ယူကြတယ် မဟုတ်ဘူးလား"

"ဟုတ်တယ်၊ ခင်ဗျား ပြောတာမှန်တယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

တစ်ဖက်ခြမ်းရှိ သူရဲကောင်းသည် အခြားတစ်ဖက်တွင် ရန်သူဖြစ်ခဲ့သော်ငြား ချူးယွင်ဖန်းသည် ပြည်ထောင်စုတွင် မွေးဖွားလာသောကြောင့် အရာအားလုံး သတ်မှတ်ပြီးပြီဖြစ်သည်။

"ဟား" ငွေလမင်းဘုရင်က လှောင်ရယ်ပြီးသည်နှင့် သူ၏လက်ထဲရှိ လေးသည် တစ်ဖန်လင်းလက်လာပြန်သည်။ ချက်ခြင်းပင်၊ မြှားချက်များ မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်သွားကာအပေါ်မှ ချီတက်နေသော စက်လက်နက်များကို တိုက်ရိုက် ဦးတည်လိုက်သည်။

"ခင်ဗျားက ကျုပ်ရှေ့မှာ ဒီလိုလှည့်ကွက်မျိုး ကစားရဲတယ်ပေါ့လေ" ချူးယွင်ဖန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူသည် ကနဦးတွင် အငိုက်မိသွားသောကြောင့် ငွေလမင်းဘုရင်သည် လူပေါင်းများစွာကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။ သို့သော် သူသည် ဤတစ်ကြိမ်တွင် ပြင်ဆင်ပြီးပြီဖြစ်သည်။

သူသည် မိုးကြိုးစွမ်းအင်ကို အသုံးပြု၍ လေထုထဲတွင် မိုးကြိုးလေးတစ်စင်းကို ဖန်တီးပြီးသည်နှင့် မြှားတစ်စင်းကို ချက်ခြင်း ပစ်လွှတ်လိုက်သည်။ ဤမြှားတစ်စင်းသည် လေထုထဲတွင် မရေတွက်နိုင်သော မြှားများအဖြစ် ကွဲထွက်သွားပြီးနောက် ငွေလမင်းဘုရင်၏ မြှားမိုးရွာသွန်းမှုကို လုံးလုံးလျားလျား ဖုံးအုပ်သွားလေသည်။

ဘုံး၊ ဘုံး၊ ဘုံး

မရေတွက်နိုင်သော မြှားချက်များသည် ဝေဟင်အလယ်တွင် ရောယှက်လျက် အချင်းချင်း ထိမှန်သွားသောအခါ အနီးနားတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုဇုန်တစ်ခု ဖြစ်ပေါ်သွားစေသည်။ ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို အမှန်တကယ် ပိတ်ဆို့ထားလိုက်သည်။ မရေတွက်နိုင်သော ပေါက်ကွဲသံများကြားတွင် မြှားတစ်စင်းသည် ချူးယွင်ဖန်းထံ အလွန်လျင်မြန် ပစ်ခတ်လာသည်။ ထိုအချိန်တွင် ငွေလမင်းဘုရင်၏တိုက်ခိုက်မှုသည် တစ်ဖန်ရောက်ရှိလာပြန်သည်။

"အသေးအဖွဲလှည့်ကွက်တွေ"

ချူးယွင်ဖန်းသည် မြှားချက်ကို တားဆီးရန်အတွက် သူ၏လက်ကို အသုံးပြုခဲ့သည်။ ချူးယွင်ဖန်းသည် မြှားချက်ကို လက်ဖြင့် တားဆီးနိုင်ခဲ့သော်လည်း ငွေလမင်းဘုရင်၏ သန်မာမှုကို သူ ခံစားရနိုင်သည်။ သူသည် သာမန်နတ်အဆင့်များထက် သန်မာသည့်အပြင် တန်စီယုနှင့်ပင် ပခုံးချင်းယှဉ် ရပ်တည်နိုင်သောကြောင့် ဆိုလိုရင်းမှာ နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်ခဲ့သော ချူးယွင်ဖန်း၏စွမ်းအင်နှင့် ဆင်တူနေသည်။

ချူးယွင်ဖန်းသည် ဆဌမမြောက် နတ်အဆင့်တွင်သာရှိသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအင်သည် နတ်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် သာမန်နတ်အဆင့်များထက် များစွာပို၍ အင်အားကြီးမားသည်။

ငွေလမင်းဘုရင်၏ စွမ်းအင်သည် သူ့ထက် မနိမ့်ကြလှပေ။ သူသာ ယခင်အချိန်က ငွေလမင်းဘုရင်နှင့် ကြုံတွေခဲ့လျှင် အလွန် ပြဿနာဖြစ်သွားပေလိမ့်မည်။ သို့သော်၊ ယခုအခါ အရာအားလုံး ကွဲပြားသွားလေသည်။ သူ၏တိုက်ခိုက်ရေးစွမ်းအင်နှင့် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်တို့ကြားက ကွာခြားချက်သည် အလွန်ကြီးမားလှသည်။

ငွေလမင်းဘုရင်သည် တစ်ဖက်တွင် ထိတ်လန့်သွားကြသည်။ သူသည် ကနဦး မြှားချက်တွင် သူ၏ ရှိသမျှခွန်အားများကို အသုံးချခဲ့သည်။ ချူးယွင်ဖန်းသည် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလျှင်ပင် ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ချူးယွင်ဖန်းကို ရင်ဆိုင်ရာတွင် သူ၏စွမ်းအင်များကို မထိန်းချုပ်ခဲ့သည့်အပြင် မည်သည့်အချိန်မျှ ထိန်းချုပ်ထားမည် မဟုတ်ပေ။ သို့သော် အင်အားကြီးမားသည်ဟု သူ ထင်မှတ်ထားသည့် မြှားချက်သည် ဤသို့အဆုံးသတ်သွားမည်ဟု မည်သူ သိမည်နည်း။

"ငွေလမင်းဘုရင်၊ ခင်ဗျား တက်နိုင်တာ ဒါပဲလား၊ ဒါဆို ခင်ဗျားအသက်ကို ကျုပ် နှုတ်ယူပစ်မယ်" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။

သူ၏လက်ထဲရှိ မိုးကြိုးလေးသည် ထိတ်လန့်တုန်လှုပ်ဖွယ် အလင်းရောင်ဖြင့် ပေါက်ကွဲထွက်ပြီးနောက် မိုးကြိုးမြှားတစ်စင်း လွင့်ထွက်သွားလေသည်။ ၎င်းသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွားပြီးနောက် တခဏချင်းမှာပင် ငွေလမင်းဘုရင်ကို ထိမှန်သွားလေ၏။

ဘန်း

ငွေလမင်းဘုရင်၏ ခန္ဓာကိုယ်သည် မြှားဖြင့် ထိုးဖောက်ခံလိုက်ရသောကြောင့် စူးရှစွာ အော်ဟစ်လိုက်လေသည်။

All Chapters