← Chapters

အဆုံးမရှိသော စက်ဝန်း

Vol. 4 Ch. 47

အဆုံးမရှိသော စက်ဝန်း

Vol. 4 Ch. 47

ထန်ဟိုင်သည် မြူခိုးနှင့် အမှောင်ထုအတွင်း ဤမျှကြာရှည်စွာ လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ သူ့အား မွန်းစတားများက ထိခိုက်အောင် မကြိုးစားခဲ့ပေ... လင်းရှန် တီးတိုးရေရွတ်ရင်း နောက်ဆုံးတွင် အကြောင်းအရင်းကို နားလည်လိုက်သည်။ ယခုမှ အဓိပ္ပာယ်ရှိလာသည်—ထန်ဟိုင်၏ ဒဏ်ရာမှ သွေးများ ထွက်လာသဖြင့် ဖုတ်ကောင်များကို ဆွဲဆောင်ခဲ့ပြီး သူ့အား တိုက်ခိုက်ခံရစေခဲ့သည်။ သို့သော် ၎င်းက သူ့ကို သန္ဓေပြောင်းဖြစ်စဉ်သို့ ဦးတည်သွားစေခဲ့သည်။

ဤအကြောင်းကို တွေးရင်း လင်းရှန် စိတ်ထဲတွင် မချင့်မရဲဖြစ်သွားသည်၊၊ ထန်ဟိုင်ကို ထိုနေရာတွင်ပင် အဆုံးသတ်လိုက်သင့်သည်ဟု တွေးမိသည်။ ယခုတော့ ဖြစ်နိုင်ချေရှိသော အန္တရာယ်တစ်ခုကို ကျန်ရစ်ခဲ့ပြီဖြစ်သည်။

သို့သော်၊ သူသည် CIWS ကို အချိန်မီပြုပြင်ထားခဲ့သည့်အတွက် ကျေးဇူးတင်မိသည်—ထိုဆုံးဖြတ်ချက်သည် ရှင်သန်ရေးအတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်ခဲ့သည်။ ထိုအချိန်က ကီကီ သတိလစ်နေခဲ့သဖြင့်၊ လင်းရှန်တစ်ဦးတည်းဖြင့် မြူခိုးပင့်ကူ၊ ဖုန်းယူမင်နှင့် လွှမ်းမိုးလာသော ဖုတ်ကောင်ဒီရေတို့ကို တပြိုင်နက် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာ၊ ထန်ဟိုင်နှင့် ဖုန်းယူမင်တို့သည် CIWS စနစ်၏ အရေးပါသော အစိတ်အပိုင်းများကို ဖျက်ဆီးမထားခဲ့သဖြင့်၊ ယနေ့ညသည် သေရေးရှင်ရေးအလှည့်အပြောင်းဖြစ်လာနိုင်ခဲ့သည်။

စကားဝိုင်းသို့ ပြန်လည်ရောက်ရှိလာပြီး၊ လင်းရှန်သည် ကီကီဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဒါဆို မင်းရဲ့ စွမ်းအားရှင်စွမ်းရည်က ဘယ်လိုသန္ဓေပြောင်းလဲလဲဆိုတာ မင်း သိလား’’

ကီကီက မသိမသာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။

“ကျွန်မ အကြမ်းဖျင်းသိထားတာရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ဝိညာဉ်စွမ်းအားအမျိုးအစားထဲ ပါတာပဲနေမှာ။ ဒေတာအရ ဒီအမျိုးအစားက ရှားပါးတယ်တဲ့။ ဒါပေမယ့် ဘယ်လိုသန္ဓေပြောင်းရမလဲ၊ ဒါမှမဟုတ် ‘ထုံးတမ်းစဉ်လာ’ တစ်ခုခုကို ဘယ်လိုပြီးမြောက်ရမလဲဆိုတာ ကျွန်မလည်းမသိဘူး’’

ထို့နောက် သူမသည် လင်းရှန်ကို စိုက်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ရှင့်ကိုကြည့်ရတာ...အရိုးသားဆုံးပြောရရင် ရှင်က ဘယ်အမျိုးအစားထဲ ပါလဲဆိုတာ ကျွန်မ မသိဘူး။ ရှင်က စက်တွေကို ထိန်းချုပ်နိုင်တယ်၊ ဒါကြောင့် ရှင်က Functional အမျိုးအစားထဲ ပါမယ်ထင်တယ်။ ဒီအမျိုးအစားက ဝိညာဉ်လှိုင်းတန်ဖိုး အမြဲမြင့်မားနေစရာမလိုပေမယ့်၊ အိန်ဂျယ်စီမံကိန်းက ဒီအမျိုးအစားကို ‘ဗျူဟာမြောက်တန်ဖိုးကြီးအဆင့်’ လို့ အဆင့်သတ်မှတ်ထားတယ်။ Type-27: သက်မဲ့အရာများကို ချယ်လှယ်ခြင်း နဲ့ ဆင်တူပုံရပေမယ့်၊ ရှင်က ဒြပ်စင်စွမ်းရည်တွေကိုလည်း သုံးနိုင်တာကရော’’

သူမ၏ မျက်ခုံးများ တွန့်ကွေးသွားကာ လင်းရှန်ကို စိုက်ကြည့်လိုက်သည်၊၊

“ရှင့်မှာ စွမ်းရည်တစ်ခုထက်ပိုရှိတာလား’’

‘’မင်းပဲပြောကြည့်...’’

လင်းရှန်သည် ခံစားချက်မပါသော လေသံဖြင့် ပြန်ဖြေလိုက်သော်လည်း၊ စိတ်ထဲတွင် စိုးရိမ်မှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သံသယဖြစ်စေသည့် အတွေးတစ်ခု ပေါ်လာသည်—ဤအရာသည် စွမ်းရည်တစ်ခုမဟုတ်ပါက ဘာဖြစ်နိုင်မည်နည်း၊၊

အဆုံးတွင်၊ တိုးတက်မှုဘားများနှင့် အဆင့်ပြညွှန်ကိန်းများပါသော စွမ်းရည်မျိုးသည် မည်သည့်အရာမျိုးဖြစ်နိုင်မည်နည်း၊၊

‘’နောက်ထပ်တစ်ခုရှိသေးတယ်’’

ကီကီက ထပ်ပြောသည်။

“ရှားပါးပေမယ့်၊ စွမ်းအားရှင်တချို့က သူတို့ရဲ့စွမ်းရည်တွေကို လုံးဝဆုံးရှုံးသွားတယ်လို့ သတင်းတွေထဲမှာ ဖော်ပြထားတယ်။ ဒါထဲမှာ သန်မာအဆင့်က သူတွေတောင် ပါတယ်’’

‘’လုံးဝဆုံးရှုံးသွားတာလား၊ ဘာကိုဆိုလိုတာလဲ’’ လင်းရှန်က မေးလိုက်သည်။

“ကျွန်မက ဘယ်လိုသိနိုင်မှာလဲ’’

ကီကီက ပြန်ပက်လိုက်သည်။

“အစီရင်ခံစာတွေမှာ ရှင်းမပြထားဘူး။ အဲဒီဖြစ်ရပ်တွေဟာ ပြင်ပဝင်ရောက်စွက်ဖက်မှုမရှိဘဲ ဖြစ်ပွားခဲ့တာလို့ပဲ ဖော်ပြထားတယ်။ သုတေသီတွေက ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားမှုအခြေအနေတွေနဲ့ ဆက်စပ်နေမယ်လို့ ခန့်မှန်းထားပေမယ့်၊ အကြောင်းရင်းအမှန်ကို သူတို့ မသိခဲ့ဘူး’’

ကီကီ၏ သတင်းအချက်လက်များသည် လင်းရှန်အား ကမ္ဘာကြီးအပေါ် အမြင်သစ်တစ်ခုပေးခဲ့သည်။ ယဉ်ကျေးမှုပြိုလဲပြီး လပိုင်းအကြာတွင်ပင်၊ စွမ်းအားရှင်များသည် လူသားတို့၏ ရှင်သန်မှုလမ်းကြောင်းကို အခြေခံကျကျ လွှမ်းမိုးနိုင်သည့် များပြားသော လူဦးရေအဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

ညအမှောင်ထု၏ ဒုက္ခများကြောင့် ပင်ပန်းနွမ်းနယ်နေသော လင်းရှန်သည် ရထားအား တစ်နာရီလျှင် ၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ဆက်လက်မောင်းနှင်ရန် ညွှန်ကြားလိုက်သည်။ ချန်ဆီရွှမ်သည် ယာဉ်မောင်းခန်းတွင် ထိန်းကျောင်းနေရင်း၊ လင်းရှန်သည် အနီးတွင် အနားယူလိုက်သည်။

‘’ကီကီမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိပုံရတယ်’’

ချန်ဆီရွှမ်က လင်းရှန် အနားယူနေစဉ် တစ်ချက်ကြည့်ကာ မှတ်ချက်ပြုသည်။

‘’လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိတယ်။ သူ့ရဲ့လျှို့ဝှက်ချက်တွေက ငါတို့အတွက် အကူအညီဖြစ်နေသရွေ့၊ အရမ်းနက်နက်နဲနဲ စူးစမ်းစရာမလိုဘူး’’

လင်းရှန်က မျက်လုံးများကို မဖွင့်ဘဲ ပြန်ဖြေသည်။

‘’သူမက ရှင့်ကို ဘာပြောလိုက်တာလဲ’’ ချန်ဆီရွှမ်သည် စိတ်ဝင်စားမှုကို မထိန်းနိုင်ဘဲ တုံ့ဆိုင်းစွာ မေးလိုက်သည်။

လင်းရှန်က ခပ်တိုးတိုးရယ်လိုက်သည်။

“ဘာဖြစ်ရမှာလဲ၊ သူက သူ့ခွင့်ပြုချက်မရှိရင် သူ့ကို မနမ်းဖို့ ငါ့ကို ကတိပေးခိုင်းတာပဲ’’

ချန်ဆီရွှမ်၏ မျက်နှာအမူယာပြောင်းသွားကာ “အော်... ဟုတ်လား’’

သူမစိတ်ထဲတွင် စိတ်ခံစားမှုများ ရှုပ်ထွေးသွားသည်၊ သူမသည် လင်းရှန်နှင့် မည်သည့်အနေအထားတွင် ရှိနေသည်ကို မသိရှိခဲ့ပေ၊၊ ယခင်တွေ့ဆုံမှုများတွင် သူမသည် ဆန္ဒရှိခဲ့သလား၊ မရှိခဲ့သလားဟု မသိခဲ့ပေ။ သူမသိသည်မှာ သူမကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်နေမိသည်။ ဤအချိန်တွင် လင်းရှန်သည် သူမအတွက် တစ်ဦးတည်းသော မှီခိုရာဖြစ်နေသည်။

သူသည် သူမအတွက် မဆိုးလှပေ၊၊ သူ၏ ကိုယ်ရည်ကိုယ်သွေးသည် သူမနှစ်သက်သည့်ပုံစံနှင့် ကိုက်ညီလေသည်။ သူတို့ကြားဖြစ်ပွားခဲ့သည်များကို သူမသည် ဂရုမစိုက်ပုံရသည်။ ဤသည်ကို ကြိုးတံတားအကျိုးသက်ရောက်မှုဟု ခေါ်သလား၊၊

ငါဘာတွေ တွေးနေတာလဲ...

သူမသည် စိတ်ထဲတွင် ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်သည်၊၊

‘’မနေ့က နေထွက်ချိန်က ၁၆:၂၆ မှာဖြစ်တယ်။ ငါတို့ဟာ ပိုင်ဝမ်ဘူတာရုံဆီ ၅၀ ကီလိုမီတာလောက် တိုးတက်လာခဲ့တယ်။ မနက်ဖြန် ၁၆:၀၀ မှာ ဦးတည်ရာကို ရောက်ဖို့ဆိုရင်၊ အနည်းဆုံး ၃၇၀ ကီလိုမီတာကို ဖြတ်ကျော်ရမယ်’’

ချန်ဆီရွှမ်သည် မှတ်တမ်းစာအုပ်ကို လှန်လှောရင်း တွက်ချက်ပြောဆိုသည်။

“ဒါပေမယ့် JY3365 အပိုင်းက ချုကွမ်နဲ့ ယုချီတို့ကို ပတ်သွားရတယ်။ တွင်းနက်ဇုန်နံပါတ် ၃၊ လုချန်းနဲ့ တင်းကျိုးတို့ရဲ့ တည်နေရာကို ထည့်တွက်ပြီး၊ ကျိအန်းမြို့ကနေ ငါတို့ရဲ့ လမ်းကြောင်းအဖြောင့်နဲ့ နှိုင်းယှဉ်ကြည့်ရင်...’’

“ဆရာမချန်’’

လင်းရှန်က မျက်လုံးများမဖွင့်ဘဲ စကားဖြတ်ပြောလိုက်သည်။

“တွင်းနက်ဇုန်နံပါတ် ၃ က အမှောင်ဒီရေရဲ့ ရင်းမြစ်မဟုတ်နိုင်ဘူးလို့ မင်းထင်လား’’

သူမသည် တွက်ချက်မှုများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ခန်းအတွင်း တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

“ကျွန်မလည်း... မသိဘူး’’

ချန်ဆီရွှမ်သည် နောက်ဆုံးတွင် ဝန်ခံလိုက်သည်။

ဂျီဩမေတြီအမြင်ဖြင့်ကြည့်လျှင်၊ တွင်းနက်များသည် အမှောင်ဒီရေကို ထုတ်လုပ်ပြီး အပြာရောင်ကြယ်ပေါ်တွင် တူညီသော အမြန်နှုန်းဖြင့် ချဲ့ထွင်နေပါက၊ ၎င်းတို့၏ အချင်းဝက်များသည် အချိန်နှင့်အမျှ ဖြည်းညှင်းစွာ ကြီးထွားလာသည်ဟု ဆိုလိုသည်။

‘’တွင်းနက်တစ်ခု၏ လွှမ်းမိုးမှုအတိုင်းအတာသည် ပုံသေဖြစ်နေပါက၊ လူသားများအတွက် ရှင်သန်ရန် ကျဉ်းမြောင်းသော ထောင့်နေရာများ ကျန်ရှိနေနိုင်သည်။ သို့သော် ပထမဆုံး ဝင်ရိုးညသည် အဆုံးမဟုတ်ဘဲ၊ ဒုတိယဒီရေများ၏ အတိုင်းအတာသည် ဆက်လက်ချဲ့ထွင်နေပါက၊ ဝင်ရိုးညသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားရန် အချိန်တစ်ခုမျှသာဖြစ်သည်’’

ဝင်ရိုးစွန်းညပြီးနောက်၊ ကွန်ရက်များနှင့် ဆက်သွယ်ရေးများ ပြိုလဲသွားသဖြင့်၊ သူတို့ကဲ့သို့ သာမန်လူများသည် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည်များကို သိရှိနိုင်ရန် နည်းလမ်းမရှိခဲ့ပေ။ ရေဒီယိုထုတ်လွှင့်မှုများမှ သဲလွန်စများကိုသာ စုစည်းနိုင်ခဲ့သည်။

ကီကီ မရှိခဲ့လျှင်၊ ဖက်ဒရယ်အစိုးရသည် စွမ်းအားရှင်များကို အမျိုးအစားများအဖြစ် ခွဲခြားသတ်မှတ်ပြီး စံပြစနစ်တစ်ခု တီထွင်ထားသည်ကို သူတို့ပင် မသိရှိခဲ့ပေ။

လင်းရှန်သည် ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်မှုတစ်စ ပေါ်လွင်လာသည်။ ဤသည်မှာ မှန်ကန်ပါက၊ ထွက်ပြေးရန် နေရာမရှိတော့ဟု ဆိုလိုသည်။ လူသားများ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ အမှောင်ထဲတွင် ရှင်သန်နိုင်ရန် သင်ယူရန်သာဖြစ်သည်။

ချန်ဆီရွှမ်သည် လင်းရှန်၏ စိုးရိမ်ထိတ်လန့်သော မျက်နှာအမူအရာကို သတိပြုမိပြီး ရုတ်တရက် ပြောလိုက်သည်။

“လင်း၊ ကျိအန်းတက္ကသိုလ်ရဲ့ ဆောင်ပုဒ်ကို ရှငိ မှတ်မိလား’’

လင်းရှန်သည် သူမကို ကြည့်လိုက်ပြီး၊ ပြိုင်တူ ပြောလိုက်မိသည်။

“လူသားတို့၏ မဆုတ်မနစ်ကြိုးစားမှုများသည် အာရုဏ်ဦးမှ စတင်လေသည်”

အတန်ကြာ တိတ်ဆိတ်သွားပြနောက် သူတို့သည် အပြုံးများဖလှယ်လိုက်ကြသည်။

ရထားဘီးများ လှည့်ပတ်နေစဉ်၊ ရထားပေါ်ရှိ လူတိုင်းသည် အမှောင်ထဲမှ ထွက်ပြေးကာ အာရုဏ်ဦးဆီသို့ ဦးတည်နေကြသည်။ နောက်ဆုံးတွင် ညအခါ၌ သေဆုံးရလျှင်တောင်မှ၊ သူတို့သည် ရှင်သန်မှု၏ နောက်ဆုံးမီးပွားကို ဆုပ်ကိုင်ထားပြီး ဘယ်သောအခါမှ ခုခံမှုကို ရပ်တန့်မည်မဟုတ်ပေ။

လင်းရှန်သည် စိတ်တည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ပိုမိုသန်မာလာနိုင်လျှင်၊ ညအခါသည် အဆုံးမရှိပုံပေါ်သော ပတ်ဝန်းကျင်တွင်ပင်၊ ရှင်သန်မှုသည် ဖြစ်နိုင်နေဦးမည်ဖြစ်သည်။ ဤယုံကြည်ချက်သည် မည်သည့်မုန်တိုင်းကိုမဆို ခံနိုင်ရည်ရှိသော အနန္တရထားတစ်စီးကို တည်ဆောက်ရန် သူ၏ သန္နိဋ္ဌာန်ကို ပိုမိုခိုင်မာစေသည်။

ဟူးးးးးး

ရှေ့မှ မြူခိုးများ ပါးလျလာပြီး၊ ရထားရှေ့မီးများသည် ပိုမိုကျယ်ပြန့်သော မြင်ကွင်းကို လင်းထိန်လာသည်။ လင်းရှန်သည် ထလိုက်ပြီး၊ ဝေးကွာသော တောင်တန်းများနှင့် လယ်ကွင်းများ၏ အရိပ်အယောင်ကို ကြည့်ရင်း အကြည့်များ နူးညံ့လာသည်။ တဖြည်းဖြည်း၊ သူသည် ရထားကို ဥမင်တစ်ခုအတွင်း ရပ်တန့်လိုက်သည်။

“ဘာလို့ ရပ်လိုက်တာလဲ’’

ချန်ဆီရွှမ်သည် အံ့ဩစွာ မေးလိုက်သည်။

သူမလှည့်ကြည့်လိုက်ချိန်တွင်၊ လင်းရှန်သည် သူမကို ညင်သာစွာ ပွေ့ချီလိုက်ပြီး၊ မျက်နှာပေါ်တွင် ကျီစယ်သောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်၊၊

“ဆရာမချန်၊ လူသားတွေ အာရုဏ်ဦးက စပြီး ‘မဆုတ်မနစ်’ ပြုလုပ်ခဲ့တဲ့အရာ နောက်ထပ်တစ်ခုရှိသေးတယ်’’

‘’……’’

မထင်မှတ်ထားဘဲ၊ ချန်ဆီရွှမ်၏ မျက်နှာသည် နီမြန်းလာသည်။ သူမသည် ရှက်ရွံ့စွာ အကြည့်လွှဲလိုက်ပြီး၊ သူမနှင့် နားရွက်များသည် နွေဦးမက်မွန်ပန်းများကဲ့သို့ လှပသော ပန်းရောင်အဖြစ် ပြောင်းလဲသွားသည်။

“ရှင် မပင်ပန်းဘူးလား’’

လင်းရှန်သည် သူမကို ပထမရထားတွဲရှိ အိပ်ရာဆီသို့ သယ်ဆောင်သွားပြီး၊ သူ၏ စွမ်းအားသည် ပြန်ပြည့်လာသလို ခံစားလိုက်ရသည်၊၊

“ရုတ်တရက် ငါ အားပြည့်လာသလိုပဲ’’

ရထားတွဲတံခါးများကို ပိတ်ထားပြီး၊ ပထမရထားတွဲသည် လင်းရှန်၏ သီးသန့်နေထိုင်ရာနေရာအဖြစ် ပြောင်းလဲသွားသည်။

ချန်ဆီရွှမ်၏ မျက်နှာသည် နီရဲလာပြီး တိုးညင်းစွာ ရေရွတ်သည်။

“အင်း... အဲဒါက...’’

“အဆင်မပြေဘူးလား’’

“မဟုတ်ဘူး... အဲဒီလိုမဟုတ်ဘူး...’’

သူမ၏ ချောမွတ်သော ကျောက်စိမ်းကဲ့သို့ အသားအရေသည် နီရဲနေလေသည်၊၊ ကမ္ဘာပျက်ကပ်ကြီးအတွင်းမှာပင်၊ လင်းရှန်သည် သူမထံမှ ထူးခြားသော မွှေးရနံ့တစ်ခုကို ရရှိနိုင်သေးသည်—သိမ်မွေ့သော်လည်း စိတ်လှုပ်ရှားစရာကောင်းသော ရနံ့တစ်ခုဖြစ်ပြီး၊ နှလုံးခုန်သံကို မြန်လာစေသည်။

သူ၏ အသက်ရှူသံသည် သူမအသားအရေပေါ်သို့ ဖြတ်သန်းသွားစဉ်၊ ချန်ဆီရွှမ်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး၊ကြက်သီးထလာကာ တဆတ်ဆတ်တုန်ခါမှုများကို ဖြစ်ပေါ်စေသည်။

မျက်နှာတစ်ခုလုံး နီမြန်းလာပြီး၊ သူမသည် စောင်ကို မျက်နှာပေါ်ဆွဲတင်ကာ တိုးတိုးရေရွတ်သည်။

“ရှင်…ကျွန်မအိတ်ကို ယူပေးလို့ရမလား၊ အဲဒီထဲမှာ... အဲဒါရှိတယ်’’

“ရတယ်လေ’’

“အင်း... အာ့... နည်းနည်းလေး ညင်ညင်သာသာ... အင်း...’’

လေးလံသော ရထားသည် အမှောင်ဥမင်အတွင်း တိတ်ဆိတ်စွာ ရပ်နားထားပြီး၊ ၎င်း၏ သံချပ်ကာအခွံသည် အပြင်ဘက်ရှိ ကြောက်မက်ဖွယ်တွင်းနက်များမှ ကာကွယ်ထားသည်။ အတွင်းတွင်၊ နွေးထွေးသော အဝါရောင်အလင်းရောင်သည် နူးညံ့သော အိပ်ယာပေါ်တွင် သက်တောင့်သက်သာနှင့် လုံခြုံမှုကို ပေးစွမ်းနေသည်။

နှစ်ဦးသည် ရင်းနှီးစွာ ပွေ့ဖက်လျက်၊ သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်များကြား အဆီးအတားများကို ဖယ်ရှားလိုက်သည်။ တစ်ဦးသည် ရှည်လျားပိန်သွယ်ပြီး၊ အခြားတစ်ဦးသည် သိမ်မွေ့ဖြူစင်သည်။ သူတို့၏ လှုပ်ရှားမှုများသည် တက်ကြွစွာ စီးဆင်းလျက်၊ ပြိုင်ကားတစ်စီးကဲ့သို့လည်းကောင်း၊ လှိုင်းလုံးများကို ဖြတ်သန်းသွားသော အင်အားကြီးမားသော သင်္ဘောတစ်စီးကဲ့သို့လည်းကောင်း...

ညအခါသည် ပိုမိုနက်ရှိုင်းလာသည်။ ရထားတွဲ ၂ တွင်၊ လို့ရှားရှားသည် အပေါ်ထပ်အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး၊ ကီကီသည် အောက်ထပ်တွင် ခေါင်းအုံးအောက်တွင် ခေါင်းမြှုပ်ထားရင်း မျက်နှာတစ်ခုလုံး နီရဲနေသည်၊၊ နောက်ရထားတွဲမှ ထူးဆန်းသော စည်းချက်ညီညီအသံများသည် လျစ်လျူရှုရန် မဖြစ်နိုင်ပေ။

သူမသည် သွားများကို တင်းတင်းကြိတ်ထားရင်း၊ စိတ်ထဲတွင် တစ်ဦးတစ်ယောက်ကို ကျိန်ဆဲနေသည်၊၊

မနက်ဖြန်တွင်၊ သူမသည် ရထားတွဲ ၂ တွင် အသံလုံပြားများကို တပ်ဆင်ရန် သန္နိဋ္ဌာန်ချလိုက်သည်—ထပ်မံ၍ သံမဏိအလွှာတစ်ခုကို ဂဟေဆက်ထားမှ ပိုသေချာပေမည်၊၊

All Chapters