← Chapters

ဖုတ်ကောင်သိုးထိန်း

Vol. 4 Ch. 53

ဖုတ်ကောင်သိုးထိန်း

Vol. 4 Ch. 53

လင်းရှန်၏ အကြည့်သည် မြင်ကွင်းတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ယာဉ်အများစုပေါ်တွင် အနီရောင်အများ ထွက်နေသည်မှာ သေချာသည်၊ သို့သော် ၎င်းမှာ ဆေးသုတ်ခြင်းဖြစ်သလား၊ သွေးများဖြစ်သလားဟူ၍ မရှင်းလင်းပေ။

လူသားယဉ်ကျေးမှုသည် ထူးခြားသောမျိုးစိတ်တစ်ခုဖြစ်သည်။ စည်းကမ်းဥပဒေများပျက်ပြားသွားသည့်အခါ၊ ၎င်းသည် သူ့အလိုလို စည်းကမ်းသစ်များကို ဖြစ်ပေါ်စေတတ်သည်။ အမှောင်ထုအတွင်း၊ ဤပျက်စီးလွယ်သော စည်းကမ်းစနစ်များသည် မီးတောက်များကဲ့သို့ တောက်လောင်ကာ ကျန်ရစ်သော လူသားအကြွင်းကျန်များကို လျင်မြန်စွာ စုစည်းပေးသည်။

‌ပတ်ဝန်းကျင်နေရာစိမ်းတွင်၊ သူတစ်ပါးကို လုယက်ရန်ကြိုးစားသူတိုင်းသည် ပြန်လည်လုယက်ခံရရန် ပြင်ဆင်ထားရပေမည်။ အိုအေစစ်ယာဉ်တန်းကဲ့သို့ လမ်းဘေးတွင် ချုံခိုတိုက်ခိုက်မှုများကို ချက်ချင်းပြုလုပ်သည့် ယာဉ်တန်းများသည် ဤပျက်စီးလွယ်သော စည်းကမ်းသစ်ကို ဖျက်ဆီးသူများအဖြစ် အမည်တပ်ခံရသည်။

“လူတွေ ဒီလောက်များများ စုဝေးရင် မွန်းစတားတွေကို ဆွဲဆောင်မိမှာမဟုတ်ဘူးလား’’

လင်းရှန်က စမ်းသပ်သည့်အနေဖြင့်မေးလိုက်သည်။

“အာ၊ မင်း ဝိညာဉ်လှိုင်းရှာဖွေကိရိယာတွေကို ပြောနေတာလား၊ အဲ့ဒါတွေက ခက်ခဲတယ်။ အနီရောင်ပဲစေ့တွေရဲ့ စွမ်းအားလိုတယ်၊ ပြီးတော့ တစ်ကြိမ်သုံးပစ္စည်းတွေပဲ။ ဖီးနစ်ဖက်ဒရေးရှင်းက အရင်က ရိုးရှင်းတဲ့ လှိုင်းထောက်လှမ်းကိရိယာတစ်ခုရဲ့ ပုံကြမ်းကို မျှဝေခဲ့ဖူးတယ်၊ အသက်ရှင်ကျန်ရစ်သူတွေ အလွယ်တကူတည်ဆောက်နိုင်ဖို့ပေါ့။ ကျွမ်းကျင်တဲ့ စက်ပြင်ဆရာတွေထဲမှာ တချို့က ဒါကို တည်ဆောက်နိုင်ခဲ့တယ်။ ငါတို့ရဲ့ လေမုဆိုးယာဉ်တန်းမှာလည်း တစ်ခုရှိတယ်၊ ဒါကရဖို့ ဒီလောက်မခက်ပါဘူး”

ထိုစကားကြောင့် ကီကီသည် လင်းရှန်ဘက်သို့ သူမ၏တောက်ပသောမျက်လုံးများဖြင့် ကြည့်ကာ သူ့ကို တံတောင်ဖြင့် ဖွဖွထိုးလိုက်သည်။

“ဟေး..”

လင်းရှန်၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်။ သူမနှင့် အကြည့်ချင်းဖလှယ်လိုက်ရင်း သူမပေးပို့လိုက်သော သတင်းစကားကို နားလည်လိုက်သည်။

ယန္တရားထုတ်လုပ်မှု….

၎င်းသည် သူ၏အထူးကျွမ်းကျင်မှုဖြစ်သည်။ လက်ဖြင့်ပြုလုပ်ထားသော ကိရိယာများကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း၊ သူတွင် သင့်လျော်သောပစ္စည်းများနှင့် ပုံကြမ်းများရှိလျှင် စက်မှုလုပ်ငန်းဆိုင်ရာ တိကျမှုကို ရရှိနိုင်သည်မဟုတ်လား၊၊

“ဒါဆို ဒီရှာဖွေကိရိယာတွေကို ရောင်းဝယ်လို့ရလား’’

လင်းရှန်က မေးလိုက်သည်။

“သေချာပေါက်ရတာပေါ့’’

လူငယ်က မျက်လုံးများကျယ်သွားကာ ပြောလိုက်သည်။

“ဒါတွေက လူတိုင်းလိုချင်တဲ့ပစ္စည်းတွေ၊ တန်ဖိုးမဖြတ်နိုင်ဘူး။ မြို့ကြီးတစ်ခု ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဗဟိုဌာနတစ်ခုအနီးမှာမရှိရင်၊ တောထဲမှာ ဒီလိုရှာဖွေကိရိယာတွေ တည်ဆောက်နိုင်တဲ့ ပါရမီရှင်စက်ပြင်ဆရာကို ဘယ်မှာရှာမှာလဲ’’

“ပြီးတော့ ဒါက ကိရိယာတွေအကြောင်းတင်မဟုတ်ဘူး။ ထောက်ပံ့ရေးပစ္စည်းတွေက ရှားပါးတယ်၊ အခု အအေးဒဏ်ကြောင့် အပူပေးစနစ်တွေ၊ ရေသန့်စင်စက်၊ ရေဒီယိုနဲ့ ဆေးဝါးတွေလို အရင်းအမြစ်တွေက လိုအပ်ချက်များတယ်။ အမှောင်ဒီရေတွေအောက်မှာ မိုးရေက သောက်လို့မရဘူး၊ သေစေနိုင်တယ်’’

“အပူချိန်ကလည်း ဆက်ပြီးကျဆင်းနေတယ်။ ဒီလိုဆက်သွားရင် ဖုတ်ကောင်တွေက မသတ်နိုင်ရင်တောင် ငါတို့ အေးခဲပြီးသေရလိမ့်မယ်’’

လူငယ်၏ စကားသံသည် နှင်းထုအတွင်း ဖြတ်လျှောက်သွားရင်း ဆက်လက်ထွက်ပေါ်လာသည်၊ သူတို့သည် စက်ရုံတံခါးဝသို့ ရောက်ရှိလာသည်အထိဖြစ်သည်။

“ရောက်ပြီ။ အစ်ကိုယွမ်က အထဲမှာ။ သူနဲ့စကားပြောလို့ရတယ်။ ငါတော့ ကင်းစောင့်ဖို့ ပြန်သွားရမယ်’’

သူက စက်ရုံအတွင်းသို့ ညွှန်ပြလိုက်သည်။

တစ်ခါက အလုပ်လုပ်နိုင်ခဲ့သော အလုပ်ရုံများသည် ယခုအခါ အပျက်အစီးများဖြစ်သွားပြီဖြစ်သည်။ အလယ်တွင် တစ်စုံတစ်ယောက်က မီးပုံတစ်ခုထွန်းထားပြီး၊ နွေးထွေးသော လိမ္မော်ရောင်အလင်းသည် အပျက်အစီးများပေါ်တွင် ဖြာကျနေသည်။ လူဒါဇင်ကျော်ခန့်၏ အရိပ်များသည် မီးအလင်းထဲတွင် ကခုန်နေသည်။

အမျိုးသားရော အမျိုးသမီးပါ အသက်ရွယ်အမျိုးမျိုးရှိသူများဖြစ်သော ထိုအုပ်စုသည် လင်းရှန်နှင့် ကီကီ ချဉ်းကပ်လာသည်နှင့် လှည့်ကြည့်လိုက်သည်။ အချို့က ရပ်နေပြီး၊ အချို့က မြေပေါ်တွင်ဖြစ်စေ၊ အပျက်အစီးများပေါ်တွင်ဖြစ်စေ ထိုင်နေကြပြီး၊ တစ်ယောက်ကမူ ပုလင်းတစ်လုံးမှ သောက်နေသည်။

သူတို့ထဲတွင် ကျန်းယွမ်က လင်းရှန်ကို မြင်လိုက်ပြီး ပြုံးလိုက်သည်။

“ဒီကိုလာပါ။ ဒါနဲ့ ဘယ်လိုခေါ်ရမလဲ’’

“လင်းရှန်၊ ကီကီ’’

လင်းရှန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ မင်းတို့ရဲ့ ယာဉ်တန်းကရော’’ ကျန်းယွမ်က သူတို့ယာဉ်တန်း၏ အမည်ကို ရည်ညွှန်းပုံရသည်။

ခဏစဉ်းစားပြီးနောက် လင်းရှန်က ဖြေလိုက်သည်။

“အနန္တယာဉ်တန်း’’

ရထားဖြင့်ပြေးလွှားနေသော အနန္တယာဉ်တန်းတစ်ခု…

“ဟုတ်ပြီ”

ကျန်းယွမ်က လင်းရှန်နှင့် ကီကီကို အုပ်စုထဲသို့ ဝင်ရောက်လာရန် အမူအရာဖြင့် ဖိတ်ခေါ်လိုက်သည်။

“အေးအေးဆေးဆေးနေပါ။ ဒီမှာ စည်းမျဉ်းသိပ်မရှိဘူး။ မင်းလိုအပ်တာကို ပြောလိုက်၊ စိတ်ဝင်စားတဲ့သူတွေက မင်းနဲ့ ရောင်းဝယ်ကြမယ်။ သေချာပေါက် တခြားသူတွေလည်း အတူတူပစ္စည်းကို လိုချင်နိုင်ပေမယ့် ရွေးချယ်မှုက မင်းလက်ထဲမှာပဲ’’

“ဒါ့အပြင်၊ ဒီလိုစုဝေးမှုတွေက ရှားပါးတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အန္တရာယ်တွေ၊ သတင်းအချက်အလက်တွေကို မျှဝေဖို့ အခွင့်အရေးတစ်ခုပဲ။ အနာဂတ်မှာ လမ်းချင်းဆုံရင်၊ ရင်းနှီးထားတာ ပိုကောင်းတယ်မဟုတ်လား’’

“ဥပမာအားဖြင့်၊ မင်း ကျန်းယုကနေ ယူပေမြို့ကို သွားမယ်ဆိုရင်၊ ဒီမှာရှိတဲ့ တချို့သူတွေက အဲ့လမ်းကြောင်းကို သွားကြတယ်။ တချို့က ဖေးမြို့တော် ဒါမှမဟုတ် ရှင်းမြို့တော်ကို ဦးတည်ကြတယ်။ ငါတို့အားလုံး အရှေ့ဘက်ကို ဦးတည်နေပေမယ့် လမ်းကြောင်းတွေက မတူကြဘူး’’

လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့ ရထားတစ်စင်းနဲ့ သွားနေတယ်ဆိုတာ ကြားတယ်’’

ကျန်းယွမ် ပြောလိုက်ပြီး၊ လင်းရှန်ပြန်ဖြေခြင်း မပြုခင်၊ အသက်သုံးဆယ်ကျော်ခန့်ရှိ ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦးက စကားထဲဝင်လာသည်။

“ရှုချင်း၊ Bigfootယာဉ်တန်းက’’

သူမက သူမကိုယ်ကို မိတ်ဆက်ပြီး ဆက်ပြောသည်။

“တစ်မျိုးမထင်နဲ့ဦး၊ ငါတို့ ဖက်ဒရယ်ရထားတစ်စင်းကို တာ့လိုတောင်နားမှာ ကြီးမားတဲ့ စက်ကိရိယာတွေ တင်ပို့သွားတာကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ခဲ့တယ်။ သူတို့က ထူးဆန်းတဲ့ ဇုန်တစ်ခုဒါမှမဟုတ် ထူးဆန်းတဲ့ အရာတစ်ခုကို သွားဖြေရှင်းမယ့်ပုံပဲ။ မင်း ကျန်းယုလိုင်းကို ဖြတ်သွားမယ်ဆိုရင် အဲ့ဒီနေရာကို ဖြတ်ရလိမ့်မယ်၊ သတိထားပါ’’

လင်းရှန်၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

“ကောင်းပါပြီ၊ ကျေးဇူးပဲ’’

ရှုချင်း၏ သတိပေးချက်က သူ့အပေါ်ထားရှိသော မီးပုံအုပ်စုအပေါ် သတိထားမှုကို လျှော့ချစေခဲ့သည်။ သူမအပေါ် အနည်းငယ် ရင်းနှီးမှုတစ်ခုလည်း ခံစားလိုက်ရသည်။

“ကောင်းပြီ၊ ဆက်ပြောကြပါ’’

ကျန်းယွမ်၏ လေသံသည် ပို၍တည်ငြိမ်လာကာ လင်းရှန်ကို လှည့်ပြောလိုက်သည်။

“ဒီမှာ မျက်နှာသစ်တစ်ယောက်ရောက်လာတာမို့ အရေးကြီးတဲ့ သတင်းအချက်အလက်တချို့ကို ထပ်ပြောပြမယ်။ ဒီအချက်အလက်တွေက အသက်ရှင်သန်ရေးနဲ့ သေဆုံးခြင်းကြားမှာ ခြားနားမှုဖြစ်စေနိုင်တယ်။ ဒါက ငါတို့ ဒီလိုအန္တရာယ်ရှိတဲ့ စုဝေးမှုကို ပြုလုပ်ရတဲ့ အကြောင်းရင်းပဲ’’

“ရှုချင်းရဲ့ သတင်းအပြင်၊ နောက်ထပ် အဓိကသတင်းနှစ်ခုရှိတယ်’’

‘’ပထမတစ်ခုက၊ ပိုင်အာရေကန်၊ တောင်တန်းတွေ၊ ပိုင်ဝမ်နဲ့ တာ့လိုတောင်တဝိုက်မှာ ထူးဆန်းတဲ့ ကြိမ်နှုန်း 1542ကို တွေ့ရှိခဲ့တယ်လို့ သတင်းရရှိထားတယ်။ ဒီမှာရှိတဲ့ ယာဉ်တန်းသုံးခုက ညဘက်မှာ ဒီကြိမ်နှုန်းကို လက်ခံရရှိခဲ့တယ်၊ ပြီးတော့ လူတွေ ပျောက်ဆုံးနေတယ်လို့ သတင်းတွေလည်း ရှိတယ်။ ဒါက ရှုချင်းပြောခဲ့တဲ့ ထူးဆန်းတဲ့ဇုန်နဲ့ ဆက်စပ်နေတယ်လို့ ထင်ရတယ်’’

“လူတွေ ပျောက်ဆုံးနေတယ်’’

“ရှင်က အနီရောင်ပဲစေ့တွေနဲ့ ပြုပြင်ထားတဲ့ ရေဒီယိုတွေကို ပြောနေတာလား’’

ကီကီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကျန်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ “အတိအကျပဲ။ မင်းတို့လည်း တစ်ခုရှိထားသင့်တယ်။ ဒါမရှိရင် တခြားယာဉ်တန်းတွေဆီက အရေးကြီးသတိပေးချက်တွေ၊ အာဏာပိုင်တွေဆီက သတင်းတွေကို လွဲချော်လိမ့်မယ်။ အနီရောင်ပဲစေ့တွေ လိုချင်ရင် ဒီမှာရှိတဲ့သူတွေမှာ အများကြီးရှိတယ်။ နောက်မှ တစ်ခုနဲ့ လဲလှယ်လိုက်’’

“ဒုတိယသတင်းကရော’’

လင်းရှန်က ဆက်မေးလိုက်သည်။

ကျန်းယွမ်က သက်ပြင်းကိုဖြည်းညှင်းစွာ ချလိုက်ပြီး လင်းရှန်ကို မသာယာသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“တွင်းနက်ဇုန်နံပါတ် ၃ အတွင်းက ဝင်ရိုးစွန်းညအမှောင်ထဲမှာ ဖုတ်ကောင်သိုးထိန်းတွေကို တွေ့မြင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်’’

သူ၏စကားများ ထွက်ပေါ်လာသည်နှင့် အပူချိန်သည် တစ်ဒီဂရီခန့် ကျဆင်းသွားပုံရသည်။ အခြားယာဉ်တန်းခေါင်းဆောင်များက ဤသတင်းကို ကြားဖူးပြီးဖြစ်သော်လည်း၊ သူတို့၏မျက်နှာများသည် ထပ်မံမှောင်မိုက်သွားသည်။

“ဖုတ်ကောင်သိုးထိန်းတွေလား’’

လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ့ခန္ဓာကိုယ်တစ်လျှောက် ရှင်းပြမရသော အေးစက်မှုတစ်ခု ဖြတ်သန်းသွားသည်။

“ဟုတ်တယ်’’

“သူတို့က လူသားတွေလား’’

ကီကီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ကျန်းယွမ်က ခေါင်းခါပြလိုက်သည်။

“ဘယ်သူမှ မသိဘူး။ အားလုံးက အနက်ရောင်ကြိမ်နှုန်းလိုင်းတွေကနေ လာတဲ့ သတင်းတွေပဲ၊ အနီးနားဒေသတွေက ထုတ်လွှင့်လာတာ’’

သူက မီးပုံတစ်ဖက်ရှိ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို ဝင်ပြောသည်၊၊

“ငါတို့ရဲ့ လေမုဆိုးယာဉ်တန်းနဲ့ သူတို့ရဲ့ အနက်ရောင်ဓားစီးနင်းသူယာဥ်တန်းတွေက ဝင်ရိုးညအမှောင်ထဲကနေ လွတ်မြောက်လာခဲ့တယ်။ ဖက်ဒရေးရှင်းရဲ့ ဖုတ်ကောင်သိုးထိန်းရဲ့ ငရဲဆန်တဲ့ အော်သံတွေကို အနက်ရောင်ကြိမ်နှုန်းမှာ ကြားခဲ့တယ်လို့ အတည်ပြုခဲ့တယ်။ အဲ့ဒါက ဖုတ်ကောင်သိုးထိန်းရဲ့ ရောက်ရှိလာမှုကို ဖော်ပြတယ်လို့ ပြောကြတယ်…’’

ငရဲဆန်တဲ့ အော်သံတွေ….

လင်းရှန်၏ နှလုံးသည် တဒင်္ဂရပ်တန့်သွားသည်။ သူတို့က အနက်ရောင်မြူခိုးအနီးရှိ အနီရောင်ကင်းခြေများကို သတ်ဖြတ်စဉ်က သူကြားခဲ့ရသော ထူးဆန်းပြီး အရိုးထဲထိ အေးစက်စေသော အော်သံများကို ပြန်လည်သတိရလိုက်သည်။ ထိုစဉ်က သူသည် ၎င်းကို ဂရုမစိုက်ခဲ့သော်လည်း၊ ကျန်းယွမ်၏ စကားများက ၎င်းကို ပြန်အမှတ်ရသွားစေသည်၊၊

“ဖုတ်ကောင်သိုးထိန်းတွေကို တွင်းနက်ရဲ့ ထူးဆန်းတဲ့ သက်ရှိတွေလို့ ပြောကြတယ်။ ပထမဝင်ရိုးစွန်းညအမှောင်မှာ သူတို့မပေါ်လာခဲ့ဘူး၊ ဒုတိယအကြိမ်မှာမှ စတင်ပေါ်ထွက်လာခဲ့တယ်။ တွင်းနက်အနီးတဝိုက်မှာ သတင်းတွေ အများကြီးထွက်ပေါ်ခဲ့တယ်။ တစ်ကြိမ်က ဒရုန်းတွေ၊ သံချပ်ကာတွေ၊ ရွေ့လျားလက်နက်တွေနဲ့ လက်နက်ကိုင်ထားတဲ့ သံအစောင့်တပ်ဖွဲ့တစ်ခုက တွင်းနက်ကို ထောက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ သူတို့အားလုံး ဖျက်ဆီးခံလိုက်ရတယ်။ ပြန်လာတာက အနက်ရောင်ကြိမ်နှုန်းတွေကနေ ထုတ်လွှင့်လာတဲ့ ငရဲဆန်တဲ့ အော်သံတွေပဲ။ အသက်ရှင်ကျန်ရစ်သူတွေက သိုးထိန်းတွေဟာ လူသားပုံစံရှိတဲ့ သတ္တဝါတွေနဲ့ တူတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် အတည်မပြုနိုင်သေးဘူး။ ဖီးနစ်က သူတို့ကို ဖုတ်ကောင်သိုးထိန်းတွေလို့ ခေါ်တယ်…’’

“ဟူး… အဲ့လောက်ကြောက်စရာကောင်းလား၊ ယန္တရားတွေတောင် အလုပ်မလုပ်ဘူးလား’’ ကီကီက ထိတ်လန့်ကာ ပြောလိုက်သည်။

“မိန်းကလေး၊ ယန္တရားတွေသာ အလုပ်လုပ်ရင် ငါတို့ ဒီလိုပြေးနေရမှာလား’’

မုတ်ဆိတ်မွှေးနှင့် ခန္ဓာကိုယ်ကြီးမားသော အမျိုးသားတစ်ဦးက ခါးသီးစွာ ရယ်လိုက်သည်။

“ဖီးနစ်တောင် ဝင်ရိုးစွန်းအမှောင်ညထဲမှာ ဘာတွေရှိတယ်ဆိုတာ အမှန်တကယ်မသိဘူး။ တွေ့မြင်မှုတွေ၊ တိုက်ခိုက်မှုတွေရဲ့ သတင်းတွေက ကြိမ်နှုန်းတွေပေါ်မှာ နေ့တိုင်းရောက်လာတယ်။ မင်း ဂျယ်လီဖစ်ငါးတစ်ကောင်ကို တွေ့ဖူးလား’’

“ဂျယ်လီဖစ်ငါးက ဘာကြောက်စရာရှိလဲ’’

ကီကီက မျက်မှောင်ကြုတ်လိုက်သည်။

“တောင်တစ်လုံးလောက်ကြီးတဲ့ ဂျယ်လီဖစ်ငါးကို ပြောနေတာ’’

အမျိုးသားက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောကာ အပေါ်သို့ လက်ညွှန်ပြလိုက်သည်။

“ပြီးတော့ အဲ့ဒါက ကောင်းကင်မှာ ရှိနေတယ်’’

“ပိုင်အာရေကန်အနီးက အသက်ရှင်ကျန်ရစ်သူတွေက အဲ့ဒါကို တွေ့မြင်ခဲ့တယ်လို့ ပြောကြတယ်’’

ရှုချင်း၏မျက်နှာသည် ဖြူဖျော့လျက်ရှိနေသည်၊၊ “အရမ်းကြောက်စရာကောင်းတယ်…’’

လင်းရှန်၏ မျက်နှာအမူအရာ မှောင်မည်းသွားသည်။ “တောင်တစ်လုံးလောက်ကြီးတဲ့ ဂျယ်လီဖစ်တစ်ကောင်လား၊ အဲ့ဒါကို အဓိကထူးခြားဆန်းကြယ်တဲ့အရာလို့ ခေါ်တာလား’’

“ဟုတ်တယ်’’

ကျန်းယွမ်က အတည်ပြုလိုက်သည်။

“အမှောင်ထုက ထူးဆန်းတဲ့ အန္တရာယ်တွေအားလုံးကို ဖုံးကွယ်ထားတယ်။ အင်းဆက်တွေ၊ မွန်းစတားတွေက အမျိုးစားတစ်ခုပဲ၊ တကယ့်အန္တရာယ်က ဖော်ပြမရတဲ့ အရာတွေပဲ’’

‘’ဖော်ပြမရတဲ့ အရာတွေ’’

အုပ်စု၏ အာရုံစူးစိုက်မှုသည် လင်းရှန်ဆီသို့ ပြောင်းလဲသွားပြီး၊ သူတို့၏အကြည့်များသည် စိုးရိမ်မှုဖြင့် လေးလံနေသည်။ ကျန်းယွမ်က တိုးညှင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။

‘’ဥပမာ… သရဲတစ္ဆေတွေလိုမျိုး’’

ရုတ်တရက် အေးစက်မှုတစ်ခုသည် ဧရိယာတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ မီးပုံသည် လှုပ်ခါသွားပြီး ၎င်း၏မီးတောက်များ ကျုံ့သွားကာ၊ အမှောင်ထုသည် သူတို့ပတ်လည်သို့ ကျလာပြီး၊ လေထုကို ဖိနှိပ်သော တိတ်ဆိတ်မှုဖြင့် ဖုံးလွှမ်းသွားသည်။

All Chapters