← Chapters

ရှင် ဘာလို့ ဒီလောက်တောင်မိုက်မဲရတာလဲ။

Vol. 30 Ch. 436

ရှင် ဘာလို့ ဒီလောက်တောင်မိုက်မဲရတာလဲ။

Vol. 30 Ch. 436

ထိုပြင်းထန်သောရိုက်ချက်က မန်နေဂျာအစ်ကိုကျန်းအား သူ၏တည်ငြိမ်မှုကို နောက်ဆုံးမှာ ပြန်လည်ရရှိစေခဲ့သည်။ သို့သော်လည်း မန်နေဂျာအစ်ကိုကျန်းသည် နတ်ဆိုးကဲ့သို့ပုံစံဖြင့် လှောင်ပြောင်နေသော ရွှီဖန်းကို ကြည့်လိုက်ပြီး ကြောက်ရွံ့သောအမူအရာကို မထုတ်ပြခဲ့ပေ။

မန်နေဂျာအစ်ကိုကျန်းသည် သူက စွန်းဖေးဖေး၏နောက်ကွယ်မှ မိသားစုကို ကိုယ်စားပြုမှန်း ရှင်းရှင်းလင်းလင်း သိထား၏။

ဒီလူငယ်လေးက တိုက်ခိုက်နိုင်ခဲ့ရင်တောင် သို့မဟုတ် သူ့နောက်ခံက ဘယ်လောက်အထိ အာဏာရှိနေပါစေ စွန်းမိသားစုထက် ပိုပြီးအစွမ်းထက်နိုင်မည်လား။ 

လက်ရှိအချိန်မှာ မန်နေဂျာအစ်ကိုကျန်းသည် သူ့မျက်နှာကို ဖုံးအုပ်ထားပြီး သားရဲတစ်ကောင်ကဲ့သို့ လှောင်ပြောင်လာသည်။

"နိမ့်ကျတဲ့အရပ်သား! ငါ့ကို ရိုက်ရဲတယ်လား! မင်း ဘာလုပ်ခဲ့တာလဲဆိုတာကို မင်း သိရဲ့လား"

ရွှီဖန်း ခေါင်းခါယမ်းမိ၏။ ဒီလိုလူမျိုးက သူ ရိုက်ပေးရန် မတန်ပေ။ သို့သော် ဒီလူက လုံးဝ အရိုက်မခံလိုက်ရသလိုမျိုး ပြုမူနေသည်။ သူ  စိတ်မသက်မသာ ခံစားနေရ၏။ သူ ဒီလူကို မရိုက်ဘူးဆိုလျှင် သူတို့ကို ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။ 

နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ ရွှီဖန်းသည် မန်နေဂျာအစ်ကိုကျန်း၏အရှေ့ကို တိုက်ရိုက်လျှောက်သွားခဲ့သည်။ မန်နေဂျာအစ်ကိုကျန်း၏ ထိတ်လန့်နေသောမျက်လုံးအကြည့်

အောက်မှာ ရွှီဖန်းသည် မန်နေဂျာအစ်ကိုကျန်း၏ လှပသော ဝတ်စုံကော်လာကို တိုက်ရိုက်ဆုပ်ကိုင်၍ မြှောက်တင်လိုက်၏။

ဖြောင်း! ဖြောင်း! ဖြောင်း!

ရွှီဖန်းသည် မန်နေဂျာအစ်ကိုကျန်းအား တိုက်ရိုက်ထိုးကြိတ်ရန် မရွေးချယ်ခဲ့ပေ။ ထိုအစား မန်နေဂျာ၏ နူးညံ့ကာ ယဉ်ကျေးသောမျက်နှာကို တစ်ကြိမ်ပြီးတစ်ကြိမ် စော်ကားနေသောပုံစံမျိုးဖြင့် ရိုက်နေလိုက်သည်။

ဒီတစ်ကြိမ်မှာ မန်နေဂျာအစ်ကိုကျန်းက အလွန်ခေါင်းမာနေခဲ့၏။ သူ ဒူးထောက်ကာ သနားပေးပါရန် မတောင်းပန်ခဲ့သလို နာကျင်မှုကြောင့် အော်ဟစ်ခြင်းလည်း မရှိခဲ့ပေ။ ထိုအစား သူ ရွှီဖန်း၏အနောက်မှာ ရပ်နေသော စွန်းဖေးဖေးကိုသာ သူ၏ အလွန်ရက်စက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ဆက်တိုက်ခြိမ်းခြောက်နေခဲ့သည်။

"စွန်းဖေးဖေး မင်းတော့ အဆုံးသတ်သွားပြီ၊ မိသားစုဆီကနေ အရိုက်ခံရဖို့ သတ္တိရှိနေပြီလား၊ မင်း အဆုံးသတ်သွားပြီ!"

"စွန်းဖေးဖေး၊ ဒီလုပ်ရပ်ရဲ့အကျိုးဆက်တွေကို မင်း နားလည်ထားသင့်တယ်၊ ဒီနိမ့်ကျတဲ့အရပ်သားကို အခုလုပ်နေတာ ရပ်ခိုင်းပြီး ငါ့ရှေ့မှာ ဒူးထောက်ခိုင်းလိုက်၊ အတိတ်ကအရာတွေကို ငါ အတိတ်မှာပဲ ထားခဲ့နိုင်တယ်"

"မင်း နိမ့်ကျတဲ့အရပ်သား! မင်းမှာ သတ္တိရှိရင် ငါ့ကို သေအောင်သာ ထိုးလိုက်! မင်း ငါ့ကို သေအောင် ထိုးခဲ့ရင်တောင် မင်းကတော့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး! စွန်းဖေးဖေး! ယုတ်မာလိုက်တဲ့မိန်းမ! အတိတ်က ဆက်ဆံရေးတွေကိုတောင် ဂရုမစိုက်တော့ဘူးလား"

ရွှီဖန်း၏မျက်နှာက အေးစက်နေပြီး မန်နေဂျာအစ်ကိုကျန်း၏ မျက်နှာပေါ်ရှိ အမူအရာများကိုလည်း တိတ်တဆိတ် လေးစားနေမိ၏။ ပထမဆုံး သူ့မျက်နှာမှာ ဒေါသများဖြင့် ပြည့်နေခဲ့ပြီး နောက်တော့ ကြောက်ရွံ့မှုများ ပေါ်လာခဲ့ကာ နောက်ဆုံးမှာ စိတ်ရူးပေါက်သွားခဲ့သည်။

လက်ရှိအချိန်မှာ မန်နေဂျာအစ်ကို၏ ဖူးယောင်နေသောမျက်နှာသည် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ဖြည်းဖြည်းချင်း ပြည့်လာခဲ့၏။

"ဖေးဖေး! ငါ့ကို ကယ်ပါ!"

"ဖေးဖေး! ငါ သေမှာကို မင်းလည်း မလိုချင်ဘူး မဟုတ်လား၊ ငါ သေသွားရင် ဒါက ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်လာတော့မှာ!"

"ဖေးဖေး! ဒီနှစ်တွေတစ်လျှောက် ငါ မင်းရဲ့အနောက်ကို လိုက်ခဲ့တယ်၊ ငါ မင်းရဲ့ကောင်းကျိုးအတွက် အများကြီးတော့ ကြိုးစားပေးခဲ့ရတယ် မဟုတ်လား၊ မင်း ဒီလောက်အထိ ရက်စက်ရလား!"

စွန်းဖေးဖေးသည် မန်နေဂျာအစ်ကိုကျန်း၏ ဝက်ခေါင်းနှင့် တူနေသောမျက်နှာကို ရုန်းကန်တွေဝေနေရသည့် အမူအရာဖြင့် ကြည့်လိုက်မိသည်။

စွန်းဖေးဖေးက မန်နေဂျာအစ်ကိုကျန်း၏ စကားများကြောင့် သူမ၏အတွေးကို မလှုပ်ခတ်စေခဲ့ပေ။

"ကောင်းကျိုးလား...ကြိုးစားမှုလား။" 

ဒီနှစ်တွေတစ်လျှောက်မှာ စွန်းဖေးဖေးကို မန်နေဂျာ အစ်ကိုကျန်းက အနီးကပ်စောင့်ကြပ်ခဲ့လေ၏။ သူ ဆိုလိုသော ကောင်းကျိုးများနှင့် ကြိုးစားမှုများကို သူမ ဘယ်လိုလုပ် ဂရုစိုက်နိုင်မည်နည်း။ 

အမှန်တရားတစ်ခုသာ ရှိသည်။

မန်နေဂျာအစ်ကိုကျန်းသာ ရွှီဖန်းဆီက ရိုက်နှက်ခံရပြီး သေသွားခဲ့လျှင် ဒီနေ့ကိစ္စက နန်းတော်ထဲတွင် ဘဝကို စိတ်ကုန်နေသည့် မင်းသမီးတစ်ပါး၏ ဇာတ်လမ်းတစ်ပုဒ် မဟုတ်တော့ဘဲ အချစ်နှင့် လွတ်လပ်ခွင့်ကို ရှာဖွေရင်း အရပ်သားနှင့် အိမ်ထောင်ပြုကာ ကလေးများယူရန် တိတ်တဆိတ် ထွက်ပြေးတာမျိုး ဖြစ်သွားလိမ့်မည်။

ဒါက သစ္စာဖောက်မှုပင်။

မိသားစုထဲရှိ လူများက သူမကို ဒီလိုဆက်ဆံခဲ့ရင်တောင်မှ စွန်းဖေးဖေးသည် ဒီအချိန်မှာ မိသားစုနှင့် အပြီးအပိုင် လမ်းခွဲရန် စိတ်မရှိသေးပေ။ 

အနည်းငယ် တွေဝေပြီးနောက်မှာ စွန်းဖေးဖေးသည် နောက်ဆုံးမှာ ထရပ်လိုက်ပြီး မန်နေဂျာအစ်ကိုကျန်းအတွက် ခွင့်လွှတ်ပေးရန် တိတ်တဆိတ်တောင်းပန်လိုက်သည်။

"ရွှီဖန်း ထားလိုက်ပါတော့၊ သွားကြစို့"

ရွှီဖန်းလည်း စွန်းဖေးဖေးကို ခေါင်းညိတ်ပြလိုက်၏။ မန်နေဂျာအစ်ကိုမှ ပျော်ရွှင်စွာဖြင့် အံ့သြနေသော အမူအရာကို ထုတ်ဖော်လိုက်သောအခါ ရွှီဖန်းသည် သူ့မျက်နှာကို ထပ်ရိုက်လိုက်သည်။

လေဖြတ်ချင်သလိုဖြစ်နေသော မန်နေဂျာအစ်ကိုကျန်း၏ အဆိပ်ရှိမျက်နှာကို ကြည့်ကာ သူ ပေါ့ပါးစွာ ပြောလိုက်၏။

"ဖေးဖေးက ထွက်သွားဖို့ ပြောနေတာဆိုတော့ ငါ သူမရဲ့စကားကို နားထောင်လိုက်မယ်၊ ခွေးတစ်ကောင်အတွက် ဒီလောက်အထိ အားထုတ်နေစရာ မလိုတော့ဘူးပေါ့"

ရွှီဖန်းသည် တစ်ဖက်ကို လှည့်ကာ စွန်းဖေးဖေး၏ လက်ကို ကိုင်လျက် ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

"မကြောက်ပါနဲ့ ကျွန်တော် ဒီမှာ ရှိတယ်"

စွန်းဖေးဖေးကလည်း ရွှီဖန်း၏ လေးနက်သောအမူအရာကို ကြည့်ကာ ခေါင်းအနည်းငယ်ညိတ်

၏။ သူမမျက်လုံးထဲရှိ ရုတ်တရက်ပေါ်လာသော မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။ 

"သွားကြစို့"

ရွှီဖန်းမှ စွန်းဖေးဖေးကို ဆွဲခေါ်၍ ထွက်ခွာရန် ပြင်လိုက်သောအခါ သေနေသည့်ခွေးတစ်ကောင်ကဲ့သို့ဖြစ်နေသော မန်နေဂျာအစ်ကိုကျန်းသည် တစ်ဖန် ထထိုင်လာပြီး မျက်လုံးထဲရှိ ရက်စက်မှုများနှင့်အတူ စွန်းဖေးဖေးအား ကြည့်နေခဲ့၏။ 

"စွန်းဖေးဖေး မင်းက စွန်းမိသားစုဝင်တစ်ယောက်ပဲ၊ သေရင်လည်း စွန်းမိသားစုက တစ္ဆေတစ်ကောင်ပဲ ဖြစ်ရမှာ၊ မင်း မလွတ်မြောက်နိုင်ဘူး! မင်း ကမ္ဘာအဆုံးအထိ ထွက်ပြေးရင်တောင် စွန်းမိသားစုက မင်းကို ပြန်ဖမ်းပြီး ခေါ်လာလိမ့်မယ်!"

ပြင်းပြင်းထန်ထန် အသက်ရှူနေရင်း မန်နေဂျာအစ်ကိုကျန်းသည် ရွှီဖန်း၏ ဓားကဲ့သို့ မျက်လုံးများကို မကြောက်မရွံ့ဘဲ ဆက်လက်ခြိမ်းခြောက်ခဲ့သည်။  

"အဲ့ဒီအချိန်ကျ မင်း အပြစ်ပေးခံရမှာတော့ မဟုတ်ပါဘူး၊ အများဆုံးတော့ အခန်းကျဉ်းထဲမှာ နှစ်နှစ်လောက် ပိတ်လှောင်ခံရပြီး ပြီးရင် မင်းကို လက်ထပ်ပေးကြမှာပဲ"

ထိုစကားကိုကြားတော့ ရွှီဖန်းသည် သူ့ခြေလှမ်းများကို ရပ်လိုက်၏။

မန်နေဂျာအစ်ကိုကျန်းက ဆက်တိုက်ပြောကာ ခြိမ်းခြောက်နေခဲ့သည်။

"စွန်းဖေးဖေး မင်းရဲ့ချစ်သူကိုတော့ စွန်းမိသားစုက ဘယ်လိုနည်းလမ်းနဲ့ ဆက်ဆံမယ်လို့ မင်း ထင်လဲ၊ လှောင်အိမ်ထဲ ထည့်ထားမှာလား ဒါမှမဟုတ် အရေခွံခွာပြီး မြစ်ထဲပစ်ထုတ်မှာလား၊ စွန်းဖေးဖေးရာ စွန်းဖေးဖေး...မင်းကတော့ ယုတ်မာတဲ့မိန်းမတစ်ယောက်ပဲ၊ ဒါက မမျှတဘူးလို့ ငါ ပြောချင်တယ်၊ မင်းရဲ့ချစ်သူက ဒီလိုအပြစ်ပေးခံရမှာကို မင်း ရှင်းရှင်းလင်းလင်းသိနေရဲ့သားနဲ့ မင်းရဲ့ချစ်သူကို ချောက်ထဲ တွန်းချနေတုန်းပဲ..."

ရွှီဖန်းက သတ်ဖြတ်ချင်စိတ်များ မထိန်းနိုင်ဖြစ်နေစဥ်မှာ  စွန်းဖေးဖေး၏မျက်လုံးထဲမှ မျက်ရည်များက နောက်ဆုံးမှာ စီးကျလာခဲ့၏။ သူမ မန်နေဂျာအစ်ကိုကျန်း၏အရှေ့သို့ ပြေးသွားကာ အသံအကျယ်ကြီးဖြင့် အော်ပြောခဲ့သည်။

"ကျွန်မ မွေးဖွားလာကတည်းက ဘာလို့ စွန်းမိသားစုဝင်ဖြစ်နေခဲ့ရတာလဲ၊ ဘာလို့ စွန်းမိသားစုရဲ့ တစ္ဆေဖြစ်ရမှာလဲ! ကျွန်မ တကယ်ချစ်တဲ့သူနဲ့ တွေ့လို့ရှိရင် ဘာလို့ အချစ်နောက်ကို လိုက်ဖို့ အခွင့်အရေးမရှိရတာလဲ! ဘာလို့များ ကျွန်မရဲ့ဘဝတစ်သက်တာ၊ ကံကြမ္မာတစ်ခုလုံးကို စွန်းမိသားစုက စီစဉ်ပေးနေရတာလဲ"

စွန်းဖေးဖေးသည် သူမ၏မျက်ရည်များကို သုတ်ရင်း ထိုလှပသောမျက်လုံးများထဲတွင် ခိုင်မာသော စိတ်ဓာတ်များဖြင့် ပြည့်နေခဲ့၏။

"သူတို့ကို ပြောလိုက်...ဒါတွေအားလုံးက ကျွန်မရဲ့အတိအကျပြောချင်နေတဲ့စကားတွေပဲ၊ ရှင်တို့တွေ ရွှီဖန်းရဲ့ခေါင်းပေါ်က ဆံပင်တစ်မျှင်ကို ထိခိုက်ရဲရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်!"

ဟားဟားဟား!

မန်နေဂျာအစ်ကိုကျန်းက အရူးတစ်ယောက်လိုမျိုး ရယ်မောနေသည်။ သူက ငိုနေသော စွန်းဖေးဖေးကို ကြည့်နေရင်း သူ့မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နေခဲ့၏။

"မင်းမေးတဲ့မေးခွန်းတွေကို ငါ ပြန်ဖြေစရာတောင် မလိုနေဘူး၊ ငါ ပြောနိုင်တာတစ်ခုကတော့ သူတို့က စွန်းမိသားစုက ဖြစ်နေလို့ဆိုတဲ့ အချက်ပဲ"

လက်ရှိအချိန်မှာ မန်နေဂျာအစ်ကိုကျန်းသည် သေနေသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသော်ငြား သူ့မျက်နှာကတော့ အကြီးအကျယ် ဂုဏ်ယူနေလေသည်။ သူ့မျက်လုံးများက မာန်မာနများဖြင့် ပြည့်နေခဲ့ပြီး စွန်းဖေးဖေး၏ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိနေသကဲ့သို့ပင်။

စွန်းဖေးဖေး၏မျက်နှာက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နေခဲ့သည်။ မှန်၏... သူတို့က စွန်းမိသားစုဖြစ်နေ၍ပင်။

ထိုအချိန် ရွှီဖန်းက ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာခဲ့၏။ သူ မန်နေဂျာအစ်ကိုကျန်း၏ ဆံပင်ကို ဆုပ်ကိုင်ကာ သူ့ကို မြှောက်လိုက်သည်။ နံရံကို မှီခိုင်းကာ မန်နေဂျာအစ်ကိုကျန်း၏ လက်မောင်းကို သူ နင်းလိုက်၏။

"အား!!"

ထိုအော်ဟစ်သံ မရပ်သေးနိုင်ခင်မှာပင် နောက်ထပ်တစ်သံက ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်စာအတွင်းမှာ မန်နေဂျာအစ်ကိုကျန်း၏ လက်နှင့်ခြေလေးဖက်စလုံးကို ရွှီဖန်းသည် နံရံထဲသို့ နင်းထည့်ခဲ့၏။ 

ဒီတစ်ကြိမ်မှာ မန်နေဂျာအစ်ကိုကျန်းသည် တခြားသူများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော စွမ်းရည် မရှိတော့ပေ။ ပြင်းထန်သည့်နာကျင်မှုက မန်နေဂျာအစ်ကိုကျန်းကို မေ့တစ်ချက်နိုးတစ်ချက် ဖြစ်လာစေခဲ့သည်။ သူ၏ညည်းတွားသံများသည် မတိုင်ခင်က ယုံကြည်မှုရှိခဲ့ပုံနှင့် လုံးဝကွဲပြားနေခဲ့၏။

ရွှီဖန်း၏နောက်မှာ စွန်းဖေးဖေးကလည်း ရွှီဖန်း၏နောက်ကျောကို ကြည့်ကာ ငိုနေခဲ့သည်။

"ရွှီဖန်း ရှင် ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ..."

ရွှီဖန်းသည် တစ်ဖက်ကိုလှည့်ကာ စွန်းဖေးဖေးကို ပွေ့ဖက်၍ နူးညံ့စွာ နှစ်သိမ့်ပေးခဲ့၏။

"ဘာလို့လဲဆိုတော့ ကျွန်တော်က မင်းရဲ့ခင်ပွန်းဖြစ်နေလို့လေ"

**********************

All Chapters