← Chapters

ကျောက်စိမ်းကဲ့သို့အလှ

Vol. 30 Ch. 437

ကျောက်စိမ်းကဲ့သို့အလှ

Vol. 30 Ch. 437

ရွှီဖန်းသည် စွန်းဖေးဖေးကို ပွေ့ဖက်၍ သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ နံရံပေါ်မှာ နင်းခြေခံထားရ၍ သနားစရာကောင်းစွာ အော်ဟစ်နေသော မန်နေဂျာအစ်ကိုကျန်းကို သူ လှည့်တောင်မကြည့်ခဲ့ပေ။ သူ ဓာတ်လှေကားစီးရင်းသာ လှေကားကနေ ဆင်းသွားခဲ့၏။

အတော်ကြာပြီးနောက် မန်နေဂျာအစ်ကိုကျန်း၏ အော်ဟစ်သံများက တဖြည်းဖြည်း အားနည်းသွားခဲ့သည်။ ထိုအခါကျမှ အခန်းတစ်ဖက်ရှိ တံခါးမှာ ဖြည်းဖြည်းချင်းပွင့်လာပြီး ခေါင်းတစ်ခုလုံး ချွေးများဖြင့် ပြည့်နေသော သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက် ထွက်ပေါ်လာခဲ့၏။

ထိုသက်လတ်ပိုင်းအရွယ်ယောက်ျားသည် နက်နဲခြင်းအဆင့်၏နောက်ဆုံးအဆင့်မှာရှိသော ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်သည်။ သူ၏ ကိုယ်ရည်ကိုယ်သွေးမှာ များသောအားဖြင့် ပေါ့ပေါ့ပါးပါးနေတတ်ပြီး ရန်သူများနှင့် တွေ့သောအခါမှာလည်း အလွယ်တကူ တုံ့ပြန်တတ်၏။

မတိုင်ခင်က စွန်းဖေးဖေး၏ အခန်းထဲသို့ ရွှီဖန်း အတင်းအကြပ်ဝင်ရောက်ပြီး မန်နေဂျာအစ်ကိုကျန်းကို ထိုးကြိတ်ခဲ့ပြီးနောက်ပိုင်း မန်နေဂျာအစ်ကိုကျန်းသည် သူ၏ဘေးကင်းရေးပြဿနာများနှင့် ပတ်သက်၍ သတိထားခဲ့သည်။ သို့သော် မန်နေဂျာ အစ်ကိုကျန်းသည် စွန်းဖေးဖေးအား ရွှီဖန်းမှ တိုက်ခိုက်ခဲ့သောကိစ္စကို စွန်းမိသားစုထံ အသေးစိတ် သတင်းပို့ရန် သတ္တိမရှိခဲ့ပေ။ ထိုအစား သူ၏ စိုးရိမ်မှုများကိုသာ မပြတ်မသား ထုတ်ပြောပြခဲ့၏။

ထို့ကြောင့် ပေါင်ကျီကိုသာ မန်နေဂျာအစ်ကိုကျန်းနှင့်အတူ အလုပ်လုပ်ရန် စေလွှတ်လိုက်တာ ဖြစ်သည်။ နက်နဲခြင်းအဆင့်၏နောက်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်က ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူလောက် တန်ဖိုးမရှိရင်တောင် သူသည် မိသားစုထဲမှာ အတော်လေးမြင့်မားသော ရာထူးတစ်ခုရှိနေသေးသည့် လူတစ်ယောက်ပင် ဖြစ်၏။ မိသားစုထဲမှ မျိုးရိုးတူညီသော သားသမီးများကတောင် နက်နဲခြင်းအဆင့်၏ နောက်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ကျယ်လောင်စွာ အမိန့်ပေးရန် သတ္တိမရှိပေ။

အထူးသဖြင့် ထိုကဲ့သို့ ပေါင်ကျီလိုမျိုး ကျွမ်းကျင်သူများသည် ဘယ်အချိန်မဆို ကမ္ဘာမြေအဆင့်ကို ရောက်ရှိနိုင်သောကြောင့်ပင်။ မိသားစု၏အကြီးအကဲတောင်မှ သူတို့နှင့် ယဉ်ကျေးစွာ စကားပြောရသည်။ စွန်းဖေးဖေး အန္တရာယ်ရှိနေတာကို ကြားသောအခါ မိသားစုကလည်း ပေါင်ကျီကို စေလွှတ်လိုက်လေ၏။ ဒါကြောင့် စွန်းမိသားစုက စွန်းဖေးဖေးကို ဘယ်လောက်အထိ တန်ဖိုးထားလဲဆိုတာကို ပြသနေလေသည်။

ပေါင်ကျီက ရန်သူကို ရင်ဆိုင်သောအခါ စိတ်လိုက်မာန်ပါဖြစ်လွယ်သော်လည်း ထိုအရာက ပြိုင်ဘက်သည် သူ့ထက် အားနည်းနေသည့်အခါမှသာ ဖြစ်၏။ ဒီနေ့မှာတော့ ပေါင်ကျီသည် ရွှီဖန်းနှင့် တွေ့ခဲ့ရသည်။

ရွှီဖန်းမှ စွန်းဖေးဖေးကို ပြန်ခေါ်လာပြီးနောက်မှာ စွန်းဖေးဖေးနှင့် မျက်နှာချင်းဆိုင်အခန်းရှိ ပေါင်ကျီသည် ရွှီဖန်း၏ တည်ရှိမှုကို ခံစားမိခဲ့၏။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူပဲ!

ထို့ကြောင့် ပေါင်ကျီလည်း သူ့အော်ရာကို ချက်ချင်းပင် ဖုံးကွယ်လိုက်ကာ အမှောင်ထဲမှာ မလှုပ်ရှားဘဲနေခဲ့သည်။ မန်နေဂျာအစ်ကိုကျန်း၏ အော်ဟစ်သံကို ကြားတာတောင်မှ သူအနေဖြင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။

နက်နဲခြင်းအဆင့်၏ နောက်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ကမ္ဘာမြေအဆင့်၏ အစောပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ရရန်မှာ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပေ။

တစ်ချက်တည်းဖြင့် လုံးလုံလောက်လောက် သတ်နိုင်ခဲ့လျှင် နဂါးကဲ့သို့ ကောင်းကင်အဆင့်ကျွမ်းကျင်သူများကလွဲပြီး ကမ္ဘာမြေအဆင့်၊ အစောပိုင်းကျွမ်းကျင်သူပင် သေသွားနိုင်၏။

မန်နေဂျာအစ်ကိုကျန်းက အော်ဟစ်နေသောအခါ ပေါင်ကျီသည် ထောင့်မှာ ပုန်းကွယ်နေပြီး သူ၏အသက်ရှူသံကို ထိန်းထားခဲ့သည်။

စွန်းဖေးဖေးနှင့် မန်နေဂျာအစ်ကိုကျန်းတို့ စကားပြောနေတုန်းမှာ ပေါင်ကျီသည် ရွှီဖန်းဆီကနေ ဒေါသလှိုင်းနှုန်းများကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။ သို့သော်လည်း ပေါင်ကျီမှာ စိတ်မပူဘဲ တိုက်ခိုက်ရန်အတွက် အကောင်းဆုံးအခွင့်အရေးကို စောင့်နေရင်း ထောင့်မှာ တိတ်တိတ်လေး ပုန်းနေခဲ့သည်။

ရွှီဖန်းက ပြန်ဝင်လာပြီး မန်နေဂျာအစ်ကိုကျန်းအား နံရံထဲသို့ နင်းထည့်ခဲ့သည့်အချိန်မှာတောင် ပေါင်ကျီက မလှုပ်ရှားခဲ့ပေ။ 

ရွှီဖန်းက မန်နေဂျာအစ်ကိုကျန်းကို ရိုက်နှက်နေတုန်းမှာ သူ့ခန္ဓာကိုယ်ထဲကနေ ဓားကဲ့သို့ ရက်စက်ခြင်းအော်ရာက အမှတ်တမဲ့ထွက်ပေါ်လာခဲ့ပြီး ပေါင်ကျီအား စွန်းဖေးဖေး ခေါ်ထုတ်ခံသွားရတာကို ကူကယ်ရာမဲ့စွာ ကြည့်နေစေခဲ့၏။

အချိန်ကြာမြင့်စွာ ကြာပြီးနောက် မန်နေဂျာအစ်ကိုကျန်းအနေနှင့် သေလုနီးပါးဖြစ်တော့မှသာ ပေါင်ကျီသည် ရွှီဖန်း၏လုပ်ဆောင်မှုကြောင့် သူ့နှလုံးသားထဲ၌ ကြောက်ရွံ့မှုကို ခံစားနေခဲ့ရသည်ဆိုတာကို သိခဲ့ရသည်။

ထိုကဲ့သို့ အော်ရာမျိုးကို ရင်ဆိုင်လိုက်ရသောအခါ ပေါင်ကျီသည် သူ့အနေနှင့် အနိုင်ရရန် မဖြစ်နိုင်ဘူးဆိုတာကို နားလည်ခဲ့၏။

သူ့နှလုံးသားထဲမှ ပြိုင်ဘက်ကင်းစိတ်ဓာတ်များလည်း ပျောက်ကွယ်သွားခဲ့သည်။

ပေါင်ကျီသည် အစ်ကိုကျန်းဘက်ကို လမ်းလျှောက်လာရင်း လှောင်ပြောင်နေမိ၏။

အဲ့ဒီလူက သူ့(ရွှီဖန်း)အော်ရာတစ်ခုတည်းကိုပဲ အားကိုးပြီး ဒီနှစ်တွေအတွင်း သူ့(ပေါင်ကျီ)နှလုံးသားထဲမှာ မွေးမြူထားခဲ့တဲ့ချီကို ဖျက်ဆီးနိုင်မှာတဲ့လား။

စွန်းမိသားစုထံ၌ နက်နဲခြင်းအဆင့်၊ နောက်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက်သာ ရှိနေခြင်းမဟုတ်ပေ။

အဲ့ဒီခန့်ချောလူငယ်လေးကတော့ အရမ်းကို သနားစရာကောင်းတာပဲ!

ရွှီဖန်းသည် စွန်းဖေးဖေးအား ဟိုတယ်ကနေ ခေါ်ထုတ်လာပြီး အိမ်ကို ပြန်လာခဲ့၏။

လက်ရှိအချိန်မှာ ညဉ့်နက်နေလေပြီ။ ဒီနေ့ စွန်းဖေးဖေးသည် အရာများစွာကို ခံစားခဲ့ရတာကြောင့် သူမလည်း ပင်ပန်းနွမ်းနယ်နေလေပြီ။

သို့သော်လည်း ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားခဲ့တာကြောင့် သူမအနေဖြင့် စိတ်အေးလက်အေး အိပ်ပျော်ရန် မလွယ်ကူလှပေ။  စွန်းဖေးဖေးအနေဖြင့် စိတ်အေးလက်အေး အိပ်ပျော်ရန် ပိုပြီးခက်ခဲစေသောအရာမှာ ဤနေရာသည် ရွှီဖန်း၏အခန်း ဖြစ်နေသောကြောင့်ပင်။ 

ခေါင်းအုံးပေါ်မှာရော ကုတင်ပေါ်မှာပါ ရွှီဖန်း၏ယောက်ျားဆန်သောအနံ့များဖြင့် ပြည့်နေခဲ့

၏။ စွန်းဖေးဖေးသည် ယောက်ျားတစ်ယောက်နှင့် ဒီလောက်ထိ နီးနီးကပ်ကပ်နေဖူးတာမျိုး တစ်ခါမှ မရှိခဲ့ပေ။ ထို့ကြောင့် ဤယောက်ျားဆန်သောအနံ့က သူမအပေါ်၌ ကြီးမားစွာ သက်ရောက်မှုရှိနေပေသည်။

"ကျွန်မ ရေချိုးလိုက်ဦးမယ်"

ရွှီဖန်းမှ တံခါးကို ပိတ်၍ ကုတင်ဘက်သို့ လျှောက်လာတာကို မြင်သောအခါ မူလက ကုတင်ပေါ်မှာ လဲလျောင်းနေသည့် စွန်းဖေးဖေးသည် ချက်ချင်းပင် ထရပ်၍ မျက်နှာနီရဲစွာဖြင့် ရေချိုးခန်းထဲသို့ ပြေးဝင်သွားခဲ့၏။

ရွှီဖန်းလည်း အခုမှသာ ညသန်းခေါင်၌ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က အခန်းထဲတွင် အတူတူရှိနေတာကို သတိရလိုက်မိသည်။

ရွှီဖန်းသည် စွန်းဖေးဖေးအား ပထမဆုံးအကြိမ် နမ်းခဲ့ပြီးပြီဖြစ်သော်လည်း ဒီနေ့ စွန်းဖေးဖေးဆီမှာ အရာများစွာ ဖြစ်ပျက်ခဲ့၏။ သူမသည် ပွဲထဲမှာ စိတ်ရှုပ်ထွေးနေခဲ့ရုံသာမကဘဲ သူမ၏ ပရိသတ်များရှေ့မှာလည်း ရွှီဖန်းနှင့် သူမကြားမှ ဆက်ဆံရေးကို ကြေညာခဲ့ပြီး နောက်ဆုံးမှာ ဟိုတယ်တွင် သူမမိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့သည်။

ကိစ္စအားလုံးတွင် သူမ၏ သတ္တိနှင့် ခိုင်မာသော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေခဲ့၏။

ထို့ကြောင့် စွန်းဖေးဖေးသည် အခုဆိုလျှင် ပင်ပန်းနွမ်းနယ်နေလိမ့်မည်။

ရွှီဖန်း စဉ်းစားပြီးနောက် စွန်းဖေးဖေးကို နှစ်သိမ့်ရန်အတွက် အခန်းထဲမှာပင် နေသေးရန် ဆုံးဖြတ်လိုက်သည်။ စွန်းဖေးဖေး ရေချိုးနေတုန်းမှာ သူ ကုတင်ကို ရှင်းလင်းပြီး စောင်အသစ်ကို ပြောင်းခဲ့၏။ ထို့နောက် သူ့စောင်ကို သယ်ကာ အပြင်က ဆိုဖာဘက်ကို လျှောက်သွားခဲ့သည်။

ယောက်ျားလေးများအတွက် တစ်ခါတလေ ဆိုဖာပေါ်မှာ အိပ်တာကလည်း ပျော်စရာတစ်မျိုးပင်။ သို့သော် ရွှီဖန်းအတွက် အိပ်ခြင်းက အချိန်ဖြုန်းသည်နှင့် တူ၏။ 

ကမ္ဘာပေါ်ရှိလူများသည် ပါရမီရှင်များ၏ အောင်မြင်မှုကို အံ့သြကြသော်လည်း ထိုပါရမီရှင်များက ချွေးများ၊ အထီးကျန်မှုများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ကို သူ

တို့ မသိခဲ့ကြပေ။

ဘယ်လိုနေရာမှာပင်ဖြစ်စေ၊ ဘယ်အချိန်မှာပင်ဖြစ်စေ ရွှီဖန်းသည် ကျင့်ကြံရန်အတွက် အနည်းငယ်သော အခွင့်အရေးကိုတောင် မဖြုန်းတီးခဲ့ပေ။

အခု သူ စောင်နှင့်အတူ ဆိုဖာပေါ်မှာ ရှိနေတာလည်း စွန်းဖေးဖေးအနေဖြင့် စိတ်အေးလက်အေး ခံစားရစေရန် ဖြစ်သည်။

ဧည့်ခန်းနှင့် ရေချိုးခန်းကို ချိတ်ဆက်ထားသည့် တစ်ခုတည်းသောအရာမှာ ပါးလွှာသည့် ဖန်တံခါးသာ ဖြစ်၏။

ရွှီဖန်းက ဆိုဖာပေါ်မှာ ထိုင်နေခဲ့သည်။ ရေချိုးခန်းထဲရှိ မှိန်မှိန်ဝါဝါအလင်းရောင်နှင့် ဝေဝါးကာ လှပသော ရုပ်သွင်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်လေ၏။

စီးဆင်းနေသောရေက ထိုလှပသောခန္ဓာကိုယ်ကို ဖြတ်ကျော်ပြီး မြေပြင်ပေါ်သို့ ကျရောက်ကာ ရွှီဖန်း၏နှလုံးသားကို ခေါက်နေခဲ့သည်။

ရွှီဖန်းသည် ထူးချွန်သော်လည်း သူ၏ အားကောင်းသောခွန်အားကိုတော့ သူ မရပ်တန့်နိုင်ခဲ့ပေ။ ထိုပါးလွှာသည့် ဖန်တံခါးက မျက်လုံးနှင့် နားများ ထက်မြက်နေပြီဖြစ်သော ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်လိုလုပ် ပိတ်ဆို့နိုင်မည်နည်း။

သူမ၏ဖြူဖွေးသော အသားအရေက ပန်းပွင့်တစ်ပွင့်လိုမျိုး မြူခိုးများကြားမှာ ပွင့်လန်းနေခဲ့၏။ သူမ၏ အနက်ရောင်ဆံပင်များက ရေတံခွန်တစ်ခုကဲ့သို့ သူမ၏ပခုံးပေါ်မှာ ကျဆင်းနေပြီး သူမ၏ပြီးပြည့်စုံသော နောက်ကျောကို ဖုံးလွှမ်းနေခဲ့သည်။ သူမ၏ခါးမှာ ဖြူစင်သောသစ်မွှေးပင်ကဲ့သို့ပင်။ သူမ၏ ခြေထောက်များကမူ ကျောက်စိမ်းကဲ့သို့အလားရှိကာ ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး အနုပညာလက်ရာလိုမျိုး လှပနေခဲ့သည်။ 

လက်ရှိအချိန်မှာ ရွှီဖန်းကတော့ ကမ္ဘာပေါ်တွင် အနုပညာစွမ်းရည်အရှိဆုံး ပန်းချီဆရာတစ်ဦးကဲ့သို့ပင်။ သူသည် သူ့အရှေ့မှ အနုပညာလက်ရာကို ကြည့်ရင်း မူးယစ်နေခဲ့၏။

နောက်ဆုံးမှာ စီးကျနေသည့်ရေသံက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဘာအသံမှ မထွက်လာတော့ပေ။ ရွှီဖန်းလည်း ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး သူ့မျက်နှာကို လျင်မြန်စွာ လှည့်လိုက်သည်။

စွန်းဖေးဖေး၏မျက်လုံးထဲမှာ သူက လူကြီးလူကောင်းတစ်ယောက်ပင်။ ဤကိစ္စကြောင့် သူမမျက်လုံးထဲရှိ သူ့ပုံရိပ်ကို မပျက်စီးစေချင်ပေ။

သို့သော်ငြား အချိန်အတော်ကြာပြီးတာတောင် စွန်းဖေးဖေးသည် ရေချိုးခန်းထဲကနေ ထွက်မလာသေးပေ။ ရွှီဖန်းတစ်ယောက် စိတ်ထဲ၌ ထူးဆန်းသလို ခံစားနေရသောအချိန်မှာ စွန်းဖေးဖေး၏ အလွန်ရှက်ရွံ့နေသောအသံက ရေချိုးခန်းထဲကနေ ထွက်ပေါ်လာခဲ့

သည်။

"ရွှီဖန်း...ရေချိုးခန်းထဲမှာ ရေသုတ်ပဝါ မရှိဘူး၊ ရှင် ကျွန်မအတွက် တစ်ခုလောက် သွားယူပေးလို့ရမလား။"

*********************

All Chapters