တည်ငြိမ်သောနှလုံးသား
Vol. 30 Ch. 438
စွန်းဖေးဖေး၏ နူးညံ့လှသော အကူအညီတောင်းသံကိုကြားသောအခါ ရွှီဖန်း၏နှလုံးသားက လှုပ်ရှားသွားခဲ့သည်။
စွန်းဖေးဖေးက ရေချိုးခန်းထဲကနေ မထွက်လာတာ အံ့သြစရာ မရှိတော့ပေ။ သူမသည် ရေသုတ်ပဝါယူရန် မေ့သွားခဲ့တာကြောင့် သူမ အဝတ်အစားလဲလျှင် ရေချိုးထားတာကြောင့် စိုစွတ်သွားလိမ့်မည်။
သို့သော်ငြား လက်ရှိအခြေအနေက ရွှီဖန်းကို အမှားပြုလုပ်ရန် တောင်းဆိုနေတာပင်။
ရွှီဖန်းက စွန်းဖေးဖေး ရေချိုးနေသောမြင်ကွင်းကို ကြည့်နေခဲ့တာကြောင့် သူ့နှလုံးသားမှာ အဖမ်းခံလိုက်ရသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ ခံစားနေရ၏။ ယခု စွန်းဖေးဖေး၏ နူးညံ့ပြီး အားနည်းနေသော အသံကို ကြားလိုက်ရသောအခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ စွန်းဖေးဖေးသည် သူတို့၏ ဆက်ဆံရေးကို ဝန်ခံထားပြီးသား ဖြစ်၏။ ရေသုတ်ပဝါမရှိတာက အကြောင်းပြချက်တစ်ခုများ ဖြစ်နေမလား။
စွန်းဖေးဖေးက ငါနဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးရှိလာဖို့အတွက် ဒီဟာကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးချင်တာလား။
ရွှီဖန်းတစ်ယောက် သူ၏စိတ်ကူးယဉ်အတွေးထဲ ကျေနပ်နေတုန်းမှာ စွန်းဖေးဖေး၏ ငိုသံအနည်းငယ် ပါဝင်နေသည့် အသံက ထပ်ပြီး ထွက်ပေါ်လာခဲ့၏။
"ရွှီဖန်း ရှင် ဘယ်မှာလဲလို့... ကျွန်မ ရေသုတ်ပဝါယူဖို့ မေ့သွားတယ်"
စွန်းဖေးဖေး၏တောင်းပန်နေသောအသံက ရွှီဖန်း၏လောင်ကျွမ်းနေသည့် နှလုံးသားပေါ်ကို ရေအေးပုံးတစ်ပုံး လောင်းချလိုက်သလိုပင်။
စွန်းဖေးဖေးသည် ဒီနေ့မှာ ကိစ္စအများကြီးကို ဖြတ်သန်းခဲ့ရပြီး ယခုအချိန်က ပြိုလဲလွယ်နေသည့်အချိန်ဖြစ်သည်။ သူမကို အခွင့်ကောင်းယူရန် သူဘယ်လိုလုပ် စဉ်းစားနိုင်မည်နည်း။
သူတို့နှစ်ယောက်စလုံးက သူတို့၏ဆက်ဆံရေးကို အတည်ပြုပြီးသား ဖြစ်၏။ ထိုအရာက အချိန်လိုသည်၊ ဘာကိစ္စ ဒီလောက်အထိ အလျင်လိုရမည်နည်း။
ထိုသို့စဉ်းစားရင်း ရွှီဖန်းသည် စွန်းဖေးဖေးအား ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဒီမှာပါ...ခုနက မကြားလိုက်လို့၊ ရေသုတ်ပုဝါ ချက်ချင်းယူလာခဲ့ပေးမယ်"
ရေချိုးခန်းထဲမှာရှိသော စွန်းဖေးဖေးသည် ရွှီဖန်း၏အသံကိုကြားမှသာ စိတ်သက်သာရာရသွားခဲ့၏။
ရွှီဖန်း တွေးထားသလိုပင်။ ဒီနေ့မှာ ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ စွန်းဖေးဖေး ရေချိုးသောအခါ သတိလက်လွတ်ဖြစ်ပြီး သူမ၏အဝတ်အစားများက မတော်တဆ စိုစွတ်သွားခဲ့၏။ ရေချိုးပြီးမှသာ သူမ သတိပြုမိခဲ့သည်။ ထိုအခါကျမှသာ စွန်းဖေးဖေးလည်း ရေချိုးခန်းထဲမှာ ရေသုတ်ပဝါ မရှိမှန်း သိလိုက်ရ၏။
စွန်းဖေးဖေးမှာ ရွှီဖန်းအား ရေသုတ်ပဝါတောင်းရန်ကလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။ ယောက်ျားတစ်ယောက်နှင့် ရင်းနှီးသည့် ထိတွေ့မှုမျိုး မရှိခဲ့ဖူးသော စွန်းဖေးဖေးအတွက် ဤအဖြစ်မှာ သူမ၏ ကန့်သက်ချက်အစွန်သာဖြစ်သည်။
သို့သော်လည်း ရွှီဖန်းက ချက်ချင်းပြန်မဖြေခဲ့ပေ။ ထိုအရာက စွန်းဖေးဖေးကို ကျယ်လောင်စွာ ငိုလုနီးပါး ဖြစ်စေခဲ့၏။
စွန်းဖေးဖေးသည် ရွှီဖန်းက သူမအား တစ်ခုခုလုပ်မည်ကို မကြောက်ခဲ့ပေ။ ရွှီဖန်းက သူမအား အထင်လွဲသွားမှာကိုသာ ကြောက်ခဲ့ပြီး သူမအား သူ့ကို ဖျားယောင်းရန် ကြိုးစားနေသည့် မကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိသူ မိန်းမတစ်ယောက်အဖြစ် ထင်သွားမည်ကို ကြောက်ခဲ့သည်။
စွန်းဖေးဖေးသည် အမြဲတမ်း မျက်နှာပူတတ်သောသူ ဖြစ်၏။ ထိုအကြောင်းကို စဉ်းစားရင်း သူမသည် အလွန်ရှက်ရွံ့နေခဲ့တာကြောင့် အော်ငိုလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် ရွှီဖန်းက ဒီတစ်ကြိမ်မှာ ပြန်ဖြေခဲ့လေ၏။ ထိုအခါကျမှသာ စွန်းဖေးဖေးလည်း အနည်းငယ် စိတ်အေးသွားရသည်။
ခြေသံများက နီးလာခဲ့လေ၏။ ရွှီဖန်းပင်ဖြစ်စေ စွန်းဖေးဖေးပင်ဖြစ်စေ သူတို့နှစ်ယောက်စလုံး၏ နှလုံးများက အလွန်ပြင်းထန်စွာ ခုန်နေခဲ့သည်။
ဂလု!
ရွှီဖန်းသည် တံတွေးမျိုချကာ တုန်ယင်နေသော လက်တစ်စုံဖြင့် ရေချိုးခန်း၏ ဖန်တံခါးကို ခေါက်လျက် ပြောလိုက်၏။
"ဖေးဖေး ကျွန်တော်ရောက်ပြီ၊ မဟုတ်...ကျွန်တော် ဒီကို ရေသုတ်ပဝါ ယူလာခဲ့တယ်"
"အို"
စွန်းဖေးဖေး၏ပြန်ဖြေသံကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။
ရွှီဖန်းသည် အချိန်အကြာကြီး စောင့်ခဲ့သော်လည်း ရေချိုးခန်းတံခါးပွင့်လာတာကို မမြင်ခဲ့ရပေ။ သူ ခဏတာ ကြောင်သွားပြီးနောက်မှာ စွန်းဖေးဖေးလည်း အခုအချိန်မှာ အလွန်စိတ်လှုပ်ရှားနေမည်ဆိုတာကို သတိရသွားခဲ့၏။
"ဖေးဖေး တကယ်လို့ မင်း တံခါးမဖွင့်ရင် ကျွန်တော် ဒီရေသုတ်ပဝါကို ဘယ်လိုထားခဲ့ပေးရမလဲ"
စွန်းဖေးဖေး၏မျက်နှာက သွေးထွက်တော့မလိုမျိုး နီရဲနေခဲ့သည်။ သူမသည် လက်တစ်ဖက်ကို ဖန်တံခါးပေါ်မှာ တင်ထားခဲ့ပြီး သူမ၏နှလုံးသားကမူ သမင်ငယ်လေးတစ်ကောင်ကဲ့သို့ ခုန်နေခဲ့၏။ တံခါးကို ဆွဲဖွင့်ရန် သတ္တိမရှိခဲ့ပေ။
ဂလု
ရွှီဖန်းမှာတော့ တံတွေးကို ထပ်မျိုချကာ ခိုင်မာသော စိတ်ဓာတ်ဖြင့် တစ်ဖက်ကို လှည့်လိုက်သည်။
"ဖေးဖေး ကျွန်တော် တံခါးဝမှာ၊ ကျွန်တော် တစ်ဖက်ကို လှည့်ထားပြီးပြီ၊ မြန်မြန် တံခါးဖွင့်ပြီး ရေသုတ်ပဝါကို ယူလိုက်ပါ...အအေးမမိစေနဲ့"
ဖြူစင်သောအမျိုးသမီးတစ်ယောက်အား ဆွဲဆောင်ရန် လွယ်ကူသော်လည်း လူကြီးလူကောင်းအနေဖြင့် လုပ်သင့်သည့်အရာများနှင့် မလုပ်သင့်သောအရာများ ရှိသည်။
အခုအချိန်မှာတော့ ရွှီဖန်းသည် ပထမဆုံးအကြိမ်အဖြစ် လူကြီးလူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူ့လက်ထဲတွင် ရေသုတ်သဘက်ကို ကိုင်ထားလျက် ညင်သာစွာဖြင့် တစ်ဖက်ကို လှည့်ကာ သူ့မျက်နှာချင်းဆိုင်မှ ဆိုဖာလက်ရန်းပေါ်ရှိ ရောင်ပြန်ဟပ်နေသောပုံရိပ်ကို ကြည့်နေခဲ့သည်။
"ဒါဆို ဒါဆို ကျွန်မ တံခါးဖွင့်လိုက်မယ်"
စွန်းဖေးဖေး၏အသံက ကြောက်နေပုံရ၏။
စွန်းဖေးဖေးသည် ဖန်တံခါးကို အနည်းငယ်ဖွင့်ကာ ရှက်ရွံ့စွာဖြင့် ခေါင်းလေး ထုတ်လာသည်။
ရွှီဖန်းက တကယ်လှည့်နေတာကို မြင်သောအခါ စွန်းဖေးဖေးလည်း နောက်ဆုံးမှာတော့ သတ္တိမွေးထုတ်လိုက်လေ၏။ သူမ၏ ဖြူဖွေးနေသောလက်တစ်စုံက ရွှီဖန်းလက်ပေါ်ရှိ ရေသုတ်ပုဝါကို ထိလိုက်သည်မှာ ရေကိုထိတွေ့နေသော ပိုးကောင်လေးတစ်ကောင်ကဲ့သို့ပင်။ ထို့နောက် သူမလည်း နှင်းကဲ့သို့ ဖြူဖွေးနေသော မျက်နှာသုတ်ပဝါကို ယူလိုက်သည်။
ဂလု!
ရွှီဖန်းမှာ တံတွေးထပ်မျိုချလိုက်ရ၏။ ဆိုဖာလက်ရန်းပေါ်ရှိ ရောင်ပြန်ဟပ်မှုသည် အနည်းငယ်ဝါးနေတာကြောင့် စွန်းဖေးဖေး၏မျက်နှာကို သူ ခုနက မမြင်ခဲ့ရပေ။ သို့သော်ငြား သူမလက်ချောင်းများ၏ နူးညံ့သောထိတွေ့မှုက ရွှီဖန်း၏စိတ်ကူးများကို ထပ်မံ ထွက်ပေါ်လာစေခဲ့သည်။
သို့သော် စွန်းဖေးဖေးက ရေသုတ်ပုဝါကို ယူသွားခဲ့လေပြီ။ အခု ထိုအရာနှင့် ပတ်သက်ပြီး စဉ်းစားနေလည်း အသုံးမဝင်တော့ပေ။ ရွှီဖန်းသည် ရေချိုးပြီးနောက် ရေသုတ်ပဝါဝတ်ထားသော စွန်းဖေးဖေး၏မြင်ကွင်းကို တွေးကာ တိတ်တဆိတ်ပင် ဆိုဖာပေါ်မှာ ထိုင်စောင့်နေခဲ့၏။
မကြာခင်မှာပင် ဖန်တံခါးက တစ်ဖန် ပြန်ပွင့်လာခဲ့သည်။ စွန်းဖေးဖေးသည် ခေါင်းငုံ့လျက် မျက်နှာနီရဲစွာဖြင့် ရေချိုးခန်းထဲကနေ ထွက်လာခဲ့လေ၏။ ရွှီဖန်းသည် စွန်းဖေးဖေး၏အလှကို မြင်ဖူးပြီးသားဖြစ်သော်လည်း သူ့မျက်လုံးများက လင်းလက်သွားဆဲပင်။
သန့်စင်သောတိမ်များက လကို ဖုံးအုပ်ထားသလိုမျိုး၊ နှင်းမှုန်လေးများကို လေက သယ်ဆောင်သွားသလိုမျိုးပင် လက်ရှိအချိန်မှာ စွန်းဖေးဖေးသည် ပန်းချီကားတစ်ချပ်ထဲကနေ ထွက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။ သူမသည် မျက်နှာနီရဲစွာဖြင့် ရွှီဖန်းဘက်ကို လျှောက်လာခဲ့၏။
ပခုံးသားမှာပေါ်လွင်နေပြီး လည်ပင်းကို ဆန့်ထားကာ အဖြူရောင်အသားကို ပြသနေလေသည်။ ကျက်သရေရှိကာ တိတ်ဆိတ်ပြီး တည်ငြိမ်အေးဆေးသောအလှပင်။
မယှဉ်နိုင်သောအလှ၊ ထိုအရာက သူမပင်။
"ရွှီဖန်း ကျေးဇူးတင်ပါတယ်"
စွန်းဖေးဖေးသည် လက်ရှိအချိန်မှာ ရေချိုးဝတ်စုံကို ဝတ်ထားသော်လည်း ရွှီဖန်း၏လောင်ကျွမ်းနေသော အကြည့်ကို မြင်သည့်အခါ သူမ ပို၍ရှက်ရွံ့လာခဲ့သည်။
စွန်းဖေးဖေး၏ရှက်ရွံ့နေသောအမူအရာကို ကြည့်ရင်း ရွှီဖန်းလည်း ခဏတာ အံ့အားသင့်သွားခဲ့၏။ နောက်ဆုံးမှာ သူ ထိန်းသိမ်းရမည့် လူကြီးလူကောင်းဖြစ်ခြင်းကို သတိရသွားခဲ့သည်။ သူ ရယ်မောကာ စွန်းဖေးဖေးကို လက်ပြလိုက်လေ၏။
"ဖေးဖေး ညဉ့်နက်နေပြီ၊ မင်းလည်း တစ်နေကုန် ပင်ပန်းခဲ့ရပြီ၊ ဒီည အိပ်ခန်းထဲမှာပဲ အိပ်လိုက်ပါ၊ ကျွန်တော်ကတော့ အပြင်က ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်"
စွန်းဖေးဖေးက ရှက်ရွံ့စွာဖြင့် ရွှီဖန်းကို ခေါင်းညိတ်ပြလေသည်။
"အင်း..ကျွန်မရဲ့အဝတ်အစားတွေက စိုနေပြီ၊ ရှင့်ရဲ့အဝတ်အစားတစ်စုံလောက် ကျွန်မကို ငှားပေးလို့ရမလား"
ဒါကြောင့် သူမ ရှက်နေတာပဲ။
ရွှီဖန်းနှင့် စွန်းဖေးဖေးတို့ ပြည်နယ်ဟိုတယ်ကနေ ထွက်လာခဲ့တုန်းက မန်နေဂျာအစ်ကိုကျန်း၏ အနှောင့်အယှက်ကို ခံခဲ့ရ၏။ သူတို့ ထွက်လာသောအခါ ကိုယ်ပိုင်ပစ္စည်းတချို့သာ ယူသွားခဲ့ပြီး အဝတ်အစားနှင့် တခြားအရာအားလုံးကို မေ့သွားခဲ့သည်။
ရွှီဖန်းလည်း သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
"ကျွန်တော့်အခန်းထဲမှာ လျှော်ပြီးမီးပူတိုက်ထားတဲ့ ညအိတ်ဝတ်စုံတွေ အများကြီး ရှိတယ်၊ မင်း ကြိုက်တာဝတ်လို့ရတယ်... ဒီညတော့ အဲ့ဒါပဲ ဝတ်လိုက်ပါ၊ မနက်ဖြန်ကျမှ ကျွန်တော်တို့ သွားဝယ်ကြမယ်"
ရွှီဖန်း၏ စကားဆုံးသည်နှင့် စွန်းဖေးဖေးသည် လေပြေတစ်ဝေ့ကဲ့သို့ သူ့အရှေ့ကို ပြေးလာလေသည်။ သူမသည် ရေကိုထိတွေ့နေသော ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ရွှီဖန်း၏နဖူးကို ညင်သာစွာ နမ်းလာ၏။
"ရွှီဖန်း ကျေးဇူးတင်ပါတယ်၊ ရှင်က တကယ်ကို လူကောင်းတစ်ယောက်ပဲ"
ထို့နောက် စွန်းဖေးဖေးသည် အိပ်ခန်းထဲသို့ အပြေးလေးဝင်သွားကာ တံခါးကို ပိတ်လိုက်လေသည်။
ရွှီဖန်းကတော့ ထွက်ခွာသွားသော စွန်းဖေးဖေး၏ ပုံရိပ်ကို ငေးကြည့်နေခဲ့၏။ သူ သူ့နဖူးကို သုတ်ကာ ခုနက ဖြစ်ပျက်ခဲ့သည့် နူးညံ့မှုကို အရသာပြန်ခံနေခဲ့သည်။ သို့သော်ငြား သူ့မျက်နှာပေါ်၌ ခါးသက်သော အပြုံးတစ်ခု ရှိနေခဲ့၏။
"ငါတော့ သွားပြီ၊ ဒီမိန်းကလေးက ငါ့ကို နောက်ထပ် 'လူကောင်းကတ်' တစ်ခု ထပ်ပေးလိုက်ပြန်ပြီ..."
အိပ်ခန်းထဲတွင် စွန်းဖေးဖေးသည် ရွှီဖန်း၏ ညအိတ်ဝတ်စုံကို ပြောင်းဝတ်ကာ ကုတင်ပေါ်မှာ လဲလျောင်းလိုက်သည်။ သူမ၏မျက်လုံးများက ကျယ်နေပြီး သူမ၏မျက်နှာကလည်း နီရဲနေခဲ့၏။
ရွှီဖန်းနှင့် ပတ်သက်၍ စွန်းဖေးဖေးသည် သူနှင့်ကမ္ဘာအဆုံးထိ သွားမည်ဟု ပြောခဲ့သော်လည်း သူမတို့ တကယ်ပင် အတူတူရှိနေသောအခါ သူမအနေနှင့် အင်မတန်ရှက်နေမိသည်။
ရွှီဖန်း၏ ကျန်ရှိနေသော ယောက်ျားဆန်မှုကို ရှူသွင်းရင်း စွန်းဖေးဖေးသည် မျက်လုံးများကို မှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။
သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့ပြီး အရင်က တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးသော ငြိမ်းချမ်းမှုတစ်မျိုးကို ခံစားခဲ့ရသည်။
*************************